You are on page 1of 3

ဦးအောင်တင်ခင်ဗျား

ကျနော့ကိုပြန်လည်ဆွေးနွေးခွင့်ပြုပါ။ ဦးအောင်တင် တင်ပြခဲ့တ့သ


ဲ ဘောထားတွေကိုမူအားဖြင့်ငြင်းခုန်စရာမရှိပါ။ ဒီအချက်တွေကို ၂၀၀၃ ခုနှစ် ဖို့ဝင်းညီလာခံမှာကတည်းက
ချမှတ်ခဲ့ပြီးသားဖြစ်သလို၊ ကိုယ့်ရဲ့မိတ်ဆွေအဖွဲ့အစည်းတွေကိုနည်းပေါင်းစုံနဲ့တိုက်ဖို့ကြိုးစားလာခဲ့သူတွေကိုကာကွယ်ပေးခဲ့တယ်။ သစ္စာရှိခဲ့တယ်။
ဘယ်သူတွေက အမုန်းခံခံချပေးခဲ့တယ်ဆိုတာကိုအမေရိကန်ပြည်ထောင်စုမှာရှိတဲ့မိတ်ဆွေတွေကိုမေးကြည့်နိုင်ပါတယ်။
စကားလုံးတွေကိုပြန်ပြီးအနက်အဓိပ္ပါယ်ဖွင့်ပါမယ်။

(၁) “ဘုံရန်သူကိုတိုက်ရမယ်”ဆိုတ့စ
ဲ ကားကိုကျနော်နားလည်တာကဒီလိုပါ။
ဘုံရန်သူဆိုတာ ဒီကနေ့မြန်မာပြည်ကိုမတရားဖိနှိပ်နေတဲ့စစ်ဝါဒီတွေန့သ
ဲူ့တို့လိုအကျင့်စရိုက်ရှိနေသူတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။
စစ်တပ်ကိုတိုက်ရင်းစစ်တပ်လိုအကျင့်စရိုက်ရှိနေသူတွေကိုတွေ့နေရလို့၊ ကျနော်တို့ဝေဖန်နေခြင်းဖြစ်တယ်။
ဒီလိုအကျင့်စရိုက်တွေစည်းဝိုင်းထဲမှာလှိုက်စားနေသရွေ့၊ လှုပ်ရှားမှုကိုလုပ်ဖို့ဆိုတာသမင်မွေးရင်းကျားစားရင်းဖြစ်ယုံကလွဲပြီးဘာထိရောက်မည်မဟုတ်ပါ။
ပြည်ပမှာအသက်ကြီးသေသွားယုံကလွလ
ဲို့ဘာမှမဖြစ်ပါ။

(၂) “တိုက်ခြင်း” ဆိုတဲ့နည်းပရိယာယ်ကိုထပ်ပြီးဆွေးနွေးပါမယ်။ ဖဆပလ နဲ့ ဗကပ အဖွဲ့တွေလိုဥပမာပေးတာကကောင်းပါတယ်။


ဒါပေမဲ့၊ ပြည်ပမှာဘယ်အဖွဲ့မှ ဖဆပလ လို နိုင်ငံရေးသဘောထားပြည့်ဝပြီးခိုင်မာတောင့်တင်းတဲ့တပ်ပေါင်းစုမရှိသလို၊
ဘယ်အဖွဲ့မှလည်းဗကပလိုတိုက်မယ်ဆိုတ့လ
ဲုပ်ရပ်မျိုးမရှိပါ။ ဒါကြောင့်အ့ဒ
ဲီဥပမာမှာပါတဲ့အဖွဲ့တွေလိုကျနော့်အနေနဲ့တွေးမထင်မိပါ။ ဆိုတော့ သမိုင်းမှာ“ဖဆပလ”
ကမ်းလှမ်းခဲ့တဲ့တွေ့ဆုံဆွေးနွေးရေးဘာကြောင့်ဖြစ်ခ့သ
ဲ လဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့မှာခိုင်မာတဲ့တပ်မတော်ရှိပါတယ်။ တော်လှန်တဲ့ပြည်သူ့စစ်တွေရှိတယ်။
ဖဆပလ က တွေ့ဆုံဆွေးနွေးရေးလုပ်တယ်ဆိုတာ ဗြိတိရှ်ရဲ့အကျပ်အတည်းဟာတွေ့ဆုံဆွေးနွေးရေးလုပ်ရတော့မယ်ဆိုတာကိုသိနေတဲ့အတွက်
ထပ်အကျပ်ကိုင်တဲ့တိုက်ကွက်အဖြစ်အသုံးချခြင်းဖြစ်တယ်။ ဗကပ က ကိုယ့်ဘာသာသိတ်အထင်ကြီးလွန်းပြီး၊ Radical အရမ်းဆန်လွန်းလို့ပြည်တွင်းစစ်
ထဖြစ်ကြတဲ့ကိစ္စ၊ ကျနော့အထင်ယခုအခြေအနေနှင့် “ ဖဆပလ၊ ဗကပ” ဥပမာအပ်စပ်မည်မထင်ပါ။

(၃) ဟုတ်ပြီ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေးလုပ်ချင်တယ်ဆိုတဲ့အယူအဆရှိသူတွေကိုလေ့လာကြည့်ရအောင်။


ဖို့ဒ်ဝင်းညီလာခံမှာတုံးက ကျနော်တို့ဟာ ဘုံရန်သူကိုတိုက်ဖို့အတွက် NCUB & NCGUB ကိုခေါင်းဆောင်တင်ခဲ့တယ်။ ( ကျနော်ကတော့ ကျနော့ဆန္ဒမပါကြောင်း
တရားဝင်ကန့်ကွက်ခဲ့တယ်။ သို့သော်ဒီမိုကရက်တစ်ဆုံးဖြတ်ချက်ကိုလက်ခံကျင့်သုံးခဲ့တယ်။) ကျနော်တို့မတည်ထားတဲ့ကိုယ်ပိုင်ရံပုံငွေနဲ့ငွေကြေးထောက်ပံ့ခဲ့တယ်။
တချို့ဆိုကျွန်မဖြစ်ရုံတမယ်လုပ်ပေးကြရတယ်။
အဲ့ဒီအဖွဲ့တွေဘာလုပ်တယ်ထင်ပါသလဲ။
အမျိုးသားညွန့်ပေါင်းအစိုးရ က သူ့စကားနားထောင်မ့ေ
ဲ ကာင်လေးနှစ်ယောက်လောက်ကိုဆွဲထုတ်သွားတယ်။ ကိုယ်ပိုင်ရံပုံငွေကို Burma Fund အောက်မှာသွပ်သင
ွ်းတယ်။
သူတို့စိတ်တိုင်းကျသုံးတယ်။ ပြဿနာမရှိသေးဘူး။ ပြဿနာကညီလာခံကိုသုံးပြီး အမေရိကန်ပြည်ထောင်စုမှာရံပုံငွေကောက်တယ်။ NCGUB အတွက်တဲ့။
အခုအဲ့ဒီကောင်လေးတွေက NCGUB ဝန်ထမ်းဖြစ်သွားပြီး၊ ငွေစာရင်းရှင်းတမ်းမရှင်းဘူး။
(အခုတော့လည်း၊ NCGUB နဲ့ကွာပြဲသွားပြီးနယ်စပ်မှာတခြားအုပ်စုတွေန့သ
ွဲားနေနေတယ်)
NCGUB က အစည်းအဝေးကိုလုံးဝမလာဘူး။ သူတို့ပဲအရေးကြီးတဲ့နိုင်ငံရေးလုပ်နေတာလိုလို၊
ဒါဟာ ကိုယ်ခေါင်းဆောင်လို့တာဝန်ယူထားတဲ့မဟာမိတ်တွေကိုစော်ကားတာပဲ။ ပိုက်ဆံကျတော့သောက်ရှက်မရှိသုံးတယ်။

ကဲ၊ ကိုမောင်မောင်ရဲ့ NCUB ကိုကြည့်ကြည့်ရအောင်။

လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဖက်ဒရယ်အစိုးရဖွ့မ


ဲ ယ်။ ဖက်ဒရယ်တပ်မတော်ထောင်မယ်ဆိုပြီးဖို့ဝင်းညီလာခံကလူတွေကိုချည်းကပ်တယ်။
ပိုက်ဆံနည်းနည်းလောက်ပေးပြီးဖို့ဝင်းညီလာခံကလူ(၃) ယောက်ကို NCGUB လုပ်သလိုပခ
ွဲထုတ်စည်းရုံးတယ်။ နောက် ဇွတ်အတင်းညီလာခံလုပ်ခိုင်းတယ်။
ဦးစိန်ဝင်းတို့အစိုးရကိုကန်ချပစ်ရမယ်ဆိုပြီး၊ ကျန်တ့သ
ဲူတွေကိုလှုံ့ဆော်တယ်။ ဦးစိန်ဝင်းတို့ကလက်နက်ကိုင်မတိုက်လို့၊ သူတို့ လက်နက်ကိုင်တိုက်မယ်ပေါ့။
ကျနော်က ကာယကံရှင်တွေတာဝန်ရှိရှိလာဆွေးနွေးကြပါ။ ကြားစကားတွေ၊ ပွဲစားစကားတွေမလိုဘူးလို့ခေါ်ခဲ့တယ်။
ဖို့ဝင်းညီလာခံကို ဦးစိန်ဝင်းက နေ့ရက်သတ်မှတ်ရွေးတယ်။ တကယ်လည်းလုပ်ရော၊ ကိုမောင်မောင်လည်းမလာဘူး၊ ဦးစိန်ဝင်းလည်းမလာဘူး။ ကျနော်က
တက်ရောက်တဲ့သူတွေကိုညှိပြီး၊ နှစ်ဖ့စ
ွဲ လုံးကိုဖြုတ်ချပစ်လိုက်တယ်။ မဟာမိတ်တွေစုစည်းထားတဲ့ညီလာခံဆိုတာလည်းတနှစ်ထက်တနှစ်လူကလျော့လျော့။
အလုပ်ကမလုပ်ကျတော့ပိုဆိုးကုန်တယ်။

နောက်---မကြာဘူး။ ကိုမောင်မောင်က “ ကုလသမဂ္ဂကနေဗမာအစိုးရကိုဆွဲထုတ်မယ်”တဲ့။


ခုန၊ လူမွေးထားတဲ့ကောင်လေးတွေကို ဦးစိန်ဝင်းတို့ရဲ့မကောင်းသတင်းတွေဖြန့်ခိုင်းတယ်။
တဘက် NCGUB ကလည်း မောင်မောင်ဟာငွေပေးပြီးနိုင်ငံရေးသမားတွေကိုဝယ်နေတယ်။ ဒီကောင့်ကိုရှင်းပစ်ရမယ်လို့ဖြန့်တယ်။
ကျန်တဲ့သူတွေကရန်ဖြစ်လိုက်ရတာ။ ရှုပ်ရှက်ကိုခပ်နေတယ်။ အမေရိကားမှာ
ညီညွတ်ရေးကပိုပျက်လာတယ်။ တချို့ကျောင်းသားခေါင်းဆောင်ဆိုသူများကလည်း ငွေလေး (၃-၄) ထောင်လောက်ရတာကိုသွားတပည့်ခံတယ်။ ဘာဖြစ်သလဲ။
အလုပ်သမားသမဂ္ဂ ဆီကဒေါ်လာ (တသိန်း)ခွဲလောက်ပိုက်ပြီးကိုမောင်မောင်ပျောက်သွားတယ်။ ဘယ်သူဘယ်လောက်ရသလဲ။ ကျနော့်အလုပ်မဟုတ်ပါဘူး။
ဒါပေမဲ့လူတိုင်းအချဉ်မဟုတ်ဘူးဆိုတာတော့သိဖို့လိုတယ်။

အခုဖြစ်သွားပြန်ပြီ။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” တဲ့။ ဘယ်လောက်စုတ်ပြတ်အောက်တန်းကျတဲ့နိုင်ငံရေးလဲ။


အခုပဲ ဖက်ဒရယ်စစ်တပ်ထောင်မယ်ပြောတယ်။အခုပက
ဲုလသမဂ္ဂ က ဆွထ
ဲုတ်မယ်ပြောတယ်။ အခုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်မယ်လို့ဆိုတယ်။
ကျနော်သာစစ်အစိုးရဘက်ကစဉ်းစားမယ်ဆိုရင်တော့၊ဆွေးနွေးပွလ
ဲုပ်ဖို့နေနေသာသာ၊
အဲ့ဒီလူတွေကိုတန်းစီပြီးဂျပန်ကင်ပေတိုင်စခန်းမှာ ပါးရိုက်သလိုရိုက်ပစ်ချင်တယ်။ ( ဆောရီးပဲ)

အဲ့ဒီတော့ ဒီလို ဗလောင်းဗလဲကြွေးကြော်သံတွေန့လ


ဲုပ်စားနေတဲ့သူတွေကို ဖဆပလ လိုအဖွဲ့နဲ့မနှိုင်းစေချင်ပါ။
ဖဆပလ က အင်္ဂလိပ်အစိုးရနဲ့ ဆွေးနွေးပွလ
ဲုပ်နေတုံး သခင်တင်၊ ဦးနုတို့ဘာလုပ်သလဲသိလား။
မြေအောက်ကနေ လက်နက်ကိုင်တိုက်ပွဲဆက်လုပ်ဖို့ပြင်ထားခဲ့တယ်။ ဒါကိုအင်္ဂလိပ်အစိုးရကလည်းသိနေတော့၊ ဆုတ်ရတာခြင်းအတူတူ၊
ညီညွတ်ရေးပြိုကွဲခဲ့အောင်လုပ်မယ် ဆိုပြီး၊ ဗကပ က ဖဆပလ အပေါ်မှာပိုပြီးအမြင်လွဲအောင်ကြံဆထားခဲ့တယ်။
( ဗိုလ်ချုပ်အောင်ဆန်း က အဲ့ဒီအချက်ကို မန္တလေးဆေးရုံမှာတက်နေတဲ့သခင်ဗဟိန်းသွားကြည့်ရင်း၊သဘောပေါက်ခဲ့ရတယ်။)
ဗိုလ်ချုပ်အောင်ဆန်း၊က ကိုဗဟိန်းရဲ့ဈာပနမှာ ဗကပ တွေကိုဘာတွေဂတိပေးပြီးဘာတွေဆုံးဖြတ်ခဲ့တယ်ဆိုတာသိချင်ရင်ဆရာကြီးဒဂုန်တာရာကိုမေးကြည့်ပါ။
သက်ရှိထင်ရှားရှိနေသေးတာပဲ၊ သူမသေခင်မှာတိတ်ခွေတွေထားခဲ့ဖို့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကတောင်းဆိုထားတာ ဦးအောင်တင်သိပါလိမ့်မယ်)
ဒါကြောင့် နယ်ချဲ့ က ဦးစော ကိုမြှောက်ပေးပြီး ဗိုလ်ချုပ်ကိုလုပ်ကြံခိုင်းခဲ့တယ်။ အထူးသဖြင့်၊ ဗိုလ်ချုပ်နဲ့ သခင်သန်းထွန်းတို့ညီညွတ်သွားမှာကိုအလိုမရှိခ့ဘ
ဲူး။

ဦးအောင်တင်က ဒီအချက်တွေကိုသာသိမယ်ဆိုရင်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းကိုကျော်ပြီးမြင်လိမ်မယ်လို့ထင်ပါတယ်။


ကျနော်လည်းအရှည်ကြီးရေးပြစရာမလိုပါဘူး။

ဒီကနေ့ဖြစ်ပျက်နေတဲ့အခင်းအကျင်းတွေကို ဖဆပလ နဲ့ နှိုင်းရလောက်အောင်မတန်ဘူးလို့ထင်ပါတယ်။


ကောင်းပြီး ဖဆပလ လိုဖြစ်ချင်သလား။ ခိုင်မာတဲ့တပ်ပေါင်းစုဆိုတာ အနိမ့်ဆုံးအဆင့်ရိုးသားမှုရှိရပါတယ်။
ဒီကနေ့ ဂျာကာတာမှာလုပ်တဲ့အဖွဲ့ (၇) ဖွ့က
ဲိုမေးကြည့်ပါအုံး။SYCB ရဲ့ ဥက္ကဌ က ကိုကျော်သန်း၊ သူ့ကိုမဖိတ်ဘူး။
NCGUB ကိုဝေဖန်တော့ချန်ထားခဲ့တယ်။ SYCB အခုအစည်းအဝေးမှာပြဿနာတက်နေတယ်။ ကျန်တဲ့လုပ်ရပ်တွေကလည်း အဲ့သလိုမျိုးပဲ။
AAPP အပြင် နောက်ထပ်အဖွဲ့ရှိသေးတယ်။ ချန်ထားခဲ့တယ်။ နှစ်ဖ့လ
ွဲုံးက ကျနော်တို့သူငယ်ချင်းတွေ၊ ရင်ဖွင့်သံတွေကြားနေရတယ်။

အဖွဲ့တဖွဲ့ခြင်းဆီအနေနဲ့ ကိုယ့်ဘာသာကြိုက်သလိုအော်နိုင်ပါတယ်။
ဒါပေမဲ့ စင်ပြိုင်အစိုးရ တို့၊ အမျိုးသားကောင်စီ တို့ စတဲ့ခေါင်းစဉ်တပ်ထားသူတွေဟာ ကိုယ့်ရဲ့ပြည်သူကိုလေးစားရပါတယ်။
မလေးစားရင်စစ်အုပ်စုနဲ့ဘာထူးသလဲ။ နယူးယောက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင်ဆရာမောင်စွမ်းရည်လိုပုဂ္ဂိုလ်ကမေးတဲ့မေးခွန်းတွေကို
တောင်ဖြတ်ဖြတ်ချပြီး၊ မခန့်လေးစားနဲ့ ကျနော်တို့ရှင်းပြလို့မရသေးပါဘူး--ဘာညာဆိုပြီး လူပါးဝသွားသေးတယ်။ အဖိုးကြီးတွေက
စိတ်မကောင်းလွန်းလို့ဖုံးဆက်ရင်ဖွင့်တယ်။ မဆလ တိုက်ခ့ပ
ဲါတယ်ဆိုမှ မဆလ လိုကောင်တွေနဲ့လာတွေ့နေတယ်တဲ့။

ဦးအောင်တင်ခင်ဗျား

ဦးအောင်တင် ရဲ့ ဆန္ဒတွေဟာ အလွန်ကောင်းပါတယ်။ ကျနော်တို့လည်း ၁၉၈၈ အရေးတော်ပုံမှာကတည်းက အဲ့သလိုစိတ်ထားခဲ့တာပါ။ အခုမှမဟုတ်ပါဘူး။


သို့သော်၊ ညီညွတ်ရေးလုပ်တယ်ဆိုတာမူရှိရပါတယ်။ စည်းကမ်းရှိရပါတယ်။ ထို့အတူပဲနားလည်မှုပေးတယ်ဆိုတာ၊နိုင်ငံရေးမှာ မူ နဲ့ပေးရပါတယ်။
ဒါမှမဟုတ်ရင် သာရေးနာရေးအဖွဲ့တွေထက်မပိုနိုင်ပါဘူး။

(၄) လုပ်နည်းလုပ်ဟန်တွေ၊ တိုက်ပပ


ွဲုံသဏ္ဍန်တွေကိုလိုအပ်ရင်လိုအပ်သလိုပြောင်းလဲရတ
ဲ့၊ တာဝန်ခံပြောင်းလဲရဲတဲ့သဘောသဘာဝ နဲ့ ဗလောင်းဗလဲကြွေးကြော်သံ
ဆိုတဲ့ စကားနှစ်ခုကိုခွဲခြားသိဖို့လိုပါတယ်။ အသံတွေပစ်၊ ပိုက်ဆံတွေခိုးထည့်ပြီး-ကိုယ်က သူခိုးအဆင့်လောက်နဲ့တော့ သူရဲကောင်းလိုလိုခေါင်းဆောင်လိုလို
လုပ်လို့မရပါဘူး။( အသေးစိတ်အချက်အလက်တွေရေးရင် ဒီထက်ပိုပြီးစုတ်ပြတ်သွားမှာစိုးလို့မရေးတော့ပါ)

(၅) တိုက်ပွဲသဏ္ဍန်မတူဘူးဆိုတာလက်ခံပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်လုပ်မဲ့သူက ကိုယ့်ရဲ့အင်အားစုကို မလောက်လေးမလောက်စားတွေလို


သဘောထားကြမယ်ဆိုရင်တော့ အဲ့ဒီလူတွေသွားမဲ့တိုက်ပပ
ွဲုံသဏ္ဍန်ဟာဘာလဲ၊ ဘယ်လောက်ထိယုံကြည်မှုရှိမလဲဆိုတာစမ်းစစ်ဖို့လိုပါလိမ့်မယ်။
ကိုယ်က တစက်မှအနစ်နာမခံပဲ လေထဲမှာလွင့်နေတဲ့ခေါင်းတွေကိုတော့ စစ်အာဏာရှင်တွေက လေတံခွန်လောက်တောင်ရင်ခုန်မည်မဟုတ်ပါ။

(၆) စစ်အစိုးရနဲ့စေ့စပ်ညှိနှိုင်းရေးဟာပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုတွေရဲ့အသံဆိုတာကိုရှင်းပြပါရစေ။
အသံတိုင်းကို အဓိပ္ပါယ်တခုတည်းဖြစ်သွားအောင်ရောပစ်လိုက်လို့မရပါဘူး။ အသံတိုင်းမှာ နောက်ကွယ်က အဆင့်တွေရှိပါတယ်။
ဒေါ်စု က ဒီကနေ့အမျိုးသားဒီမိုကရေစီအဖွ့ခ
ျဲုပ်ကလူတွေကိုဘာပြောခဲ့သလဲ။
စေ့စပ်ဆွေးနွေးရေးအော်ပြီးထိုင်စောင့်ခိုင်းခဲ့ပါသလား။ ပြတ်ပြတ်သားသားလုပ်ဖို့ပြောနေတာမဟုတ်ဘူးလား။

ဆိုတော့-- စင်ပြိုင်အစိုးရလို့ပြောနေတဲ့သူတွေ၊ ဖက်ဒရယ်တပ်မတော်ထောင်မယ်ဆိုတဲ့သူတွေကစာတမ်းလေးတင်လိုက်၊ ဆီမီနာလေးလုပ်လိုက်နဲ့မရှက်ကြဘူးလား။


အတိုက်အခံဆိုတာ အဆင့်တန်းရှိရှိလုပ်ရပါတယ်။ ( နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ဘူးသူတိုင်း
သံတမန်ဆက်ဆံရေးဟာဘယ်လောက်ထိပထ
ဲိရောက်တယ်ဆိုတာလူတိုင်းသိပါတယ်။ ဒီလူတွေဒါလေးတောင်နားမလဲပဲနဲ့ဘာလို့မျှော်လိုက်နေတာလဲ)
ဂါဇာကမ်းမြောင်မှာ ငြိမ်းချမ်းရေးရချင်တဲ့ ( ဟားမတ်န့မ
ဲ ဆက်သယ
ွ်တဲ့ ) ပါလက်စတိုင်းပြည်သူတွေ၊ဘာလုပ်ခဲ့ကြသလဲ။
ထိုင်ပြီး အဆိုပြုလွှာတွေတင်နေလို့လား။ ဘူဒိုဇာနဲ့ထိုးခံရတဲ့ ပြည်သူတွေဘာကြောင့်လို့ထင်ပါသလဲ။

အခုပြောနေတာတွေက ပုဂ္ဂိုလ်ရေးတခုမှမပါပါ။ ပုဂ္ဂိုလ်ရေးအရ ကိုသောင်းထွန်း၊ ကိုမောင်မောင် ၊ ဒေါက်တာဆန်းအောင်၊တို့ဟာ ကျနော်နဲ့ အင်မတန်ရင်းနှီးတဲ့သူတွေ၊


တအိမ်နဲ့တအိမ်အပြန်အလှန်တည်း၊ ထမင်းအတူစားနေသူတွေ၊နောင်လည်းခင်မင်လျှက်ပဲ။ ( ဝေဖန်လို့မဆက်ဆံချင်ရင်တော့လည်းဆောရီးပဲပေါ့)

သို့သော် နိုင်ငံရေးအရလုပ်ပုံကိုင်ပုံတွေမဟုတ်လို့ထောက်ပြနေခြင်းဖြစ်တယ်။
မှန်တာပေါ့ ဦးအောင်တင်ရယ်။ တပ်ပေါင်းစုဖြစ်ပေါ်ဖို့အတွက်အားလုံးမှာတာဝန်ရှိတယ်ဆိုတာတိအကျပေါ့။
ကျနော့ ရဲ့ နှစ်ကာလတချို့ဆီက အတွေ့အကြုံအရ၊ အဲ့ဒီစကားတွေကို NCUB & NCGUB ကလူတွေပိုသဘောပေါက်အောင် ဦးအောင်တင်ကြိုးစားကြည့်သင့်တယ်လို့
ထင်ပါတယ်။ ကျနော်တို့ဘက်ကတော့ မိတ်ဆွေတွေကိုဘယ်တုံးကမှလည်းသစ္စာမဖောက်ခံဘူး။ မူကိုမချိုးဖောက်ခဲ့ဘူး။
အဲ့သလိုပဲ ခေါင်းဆောင်လို့ကြွေးကြော်ထားတဲ့သူတွေကလည်း ကိုယ့်ရဲ့စကားတွေကိုတန်ဘိုးထားစေချင်တယ်။

အော်---ဦးအောင်တင်ရယ်။ ကန်ရေပြင်ထက
ဲိုဘယ်သူကမှခလ
ဲုံးပစ်မချပါဘူး။ ဒီအတွက်မစိုးရိမ်ပါနဲ့။
ဖြစ်နိုင်ရင်-- ကိုခင်ဝမ်းသီချင်းထဲကလို၊ “ ကန်ရေပြင်မှာ--ဟိုတုံးက တို့နှစ်ဦးရဲ့အပြုံးရိပ်လေးထင်၊ ကြင်နာသူမရှိသောအခါ---- ဝမ်းနည်းမိတဲ့အခါ၊ ငိုမိတယ်--”
ဆိုတဲ့သီချင်းလို ချစ်သူတွေကိုလမ
ွ်းချင်နေသူပါ။ ဒါပေမဲ့ ကန်ရေပြင်က အင်တန်ကူးစက်တတ်တဲ့ ရောဂါဆိုးတွေရှိနေတယ်ဆိုရင် ဦးတင်အောင် ဘယ်လိုလုပ်ဖို့
စိတ်ကူးထားမလဲ။ ကျနော့အထင်တော့ ပိုးသတ်ဆေးဖြန်းနေတာထက်၊ အဲ့ဒီရေကန်ကိုဖောက်ထုတ်ဆေးကြောလိုက်ရင်မကောင်းဘူးလား။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကိုဘယ်သူက သတ္တိရှိရှိမလုပ်ရတ
ဲာလဲ။
ကျနော့်အထင်တော့ ဗိုလ်ချုပ်သန်းရွှေကလည်းမလုပ်ရဲသလို၊ NCGUB & NCUB ကလည်း အတိုက်အခံတွေကိုယ့်ရဲ့မဟာမိတ်အုပ်စုတွေနဲ့မလုပ်ရဲဘူးဗျ။
( ဆရာမွေးတပည့်မွေးကောင်တွေလောက်သာအနားမှာထားချင်တာ)။

တချို့လူတွေက အားလုံးနဲ့အဆင်ပြေအောင်နေဖို့၊ ဘုံရန်သူမပျောက်ဖို့ပြောကြတယ်ဗျ မှန်တာပေါ့ဗျာ။


ကျနော်နားလည်တဲ့ဘုံရန်သူဆိုတာ စစ်အစိုးရလိုအကျင့်စရိုက်ရှိသူတွေလည်းပါတယ်ဆိုတာပါပဲ။
ကျန်းမာကြပါစေဗျာ။

လေးစားခင်မင်စွာဖြင့်

အောင်မိုးဝင်း

You might also like