You are on page 1of 1

ပြည်တွင်းကမိတ်ဆွေများ သူတပါးကွန်ပျူတာ (သိ)ု့ ဆိုင်ဘာမှာသုံးရင်

သိထားသင့်တဲ့အချက်တစ်ချို့
ဖြန့်ဝေခြင်း - သတိပေးတားမြစ်ချက်
Written by မျိုးချစ်
Sunday, 04 January 2009 11:25
မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သိ)ု့ အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့်ဆော့ဖ်ဝဲများထည့်သွင်းထားပြီး
လာရောက် သုံးစွဲနေသူေ တွအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပဆက်သွယ်နေကြတဲ့
ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး
ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအားဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။
keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊
mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ
မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။
(All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့်အစစအရာရာအားအတိအကျပင်
၎င်းကမှတ်သားထားပေးနိုင်တဲ့ေ ဆာ့ဖ၀်ဲဖြစ်ပါသည်။)
ထိုကဲ့သို့သောဆော့ဖ၀်ဲမျိုးအား ကွန်ပျူတာတွင်သွင်းထားပြီး လာရောက်သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ
ထောက်လှမ်းထား နိုင်၍ မိမိတို့အနေဖြင့်ဆိုင်ဘာကဖီးသိ့မု ဟုတ်တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့်
ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု
အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။

မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားသူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့် နည်းလမ်းမှာ


အောက်ပါအတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။
Task manager ၀င်းဒိုးတက်လာပါက
Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger
အသုံးပြုထားပြီဖြစ်ပါသည်။
ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။
ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ်ဆောင်နေသည့်လုပ်ငန်းတွေအားလုံး
ပြီးဆုံးသွားပြီးမိမိလုပ်ကငိုနေသည်များကိုလဲမှတ်ထားတော့မည်မဟုတ်တော့ပါ။ (ဆက်ဖတ်ရန်)

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး
ခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့်
gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ရိုးရိုးယူဆာတွေအနေနှင့် ဘယ်လိုဖိုင်အမျိုးအစားက
အချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုခြင်းကိုမ သိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab
ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။
အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့ေ သာ အင်တာနက်ကဖီးမျိုးကို
ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသောအင်တာနက်ဆိုင်ကိုသာ သွားရောက်အသုံးပြုစေချင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့်အတန်းငှင်းဆိုင်တွင်အသင့်အတင့်မြင့်နေပြီဖြစ်၍
တော်ရုံမ ဟုတ်ေ တာ့ဘူးဟူ၍ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့်
keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end
process ပေးလိုက်လျှင်ေ တာင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။
ယခုပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့တစ်ရ က်ကပဲ
ကျွန်တော့်ကိုပြည်တွင်းမှတတ်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ေ ယာက်မှနေ၍
ရန်ကုန်ုမြို့တာမွေမြို့နယ်ကျောက်ေ မြာင်းအရပ်တွင်ရှိသောအင်တာနက်ဆိုင်တစ်ဆိုင်တွင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်
ပြည်ပနှင့်အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့်တကွ အဖမ်းခံရတယ်ဟုေ ပြာပြခဲ့၍
အခြားသောပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ
အနှေနှင့်နည်းပညာပိုင်းအရရှောင်လွှဲလို့ရနိုင်တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူ ဖြစ်စေချင်လို့ပဲ
ဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကို ပြောပြရင်းး သူတို့ရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အထောက်အကူ
ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။

You might also like