You are on page 1of 1

အားလုံးသတိထားရမယ့်ကိစ္စ

၂၁ - ၁၁ - ၂၀၀၉

(၁) NLD ၏ ကိစ္စသည် ဒီမိုကရေစီအင်အားစုအားလုံး၏ကိစ္စ ဖြစ်သည်ဟု မှတ်ယူပါသည်။ ထို့ကြောင့် အားလုံးသတိထားရမယ့် ကိစ္စကို


တင်ပြပါသည်။

(၂) ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်သန်းရွှေထံပေးစာ အချိန်မကျမီ ပေါက်ကြားသွားခဲ့သည်မှာ အတော်မကောင်းသည့်ကိစ္စ ဖြစ်သည်။


သို့သော် တဖက်က လှည့်တွေးတော့ မိမိတို့အားလုံးကို သတိပေးလိုက်သလို ဖြစ်သွားလို့ ကောင်းပါသည်။ ကိုယ့်အတွင်းက သတင်းပေးကို
သတိထားကြဖို့ န8ှိုးဆော်သလို ဖြစ်သွားလို့ပါ။

(၃) သတင်းပေးဆိုသည်မှာ အသိရှိရှိ သတင်းပေးရှိသလို အသိကင်းမဲ့စွာ သတင်းပေးလည်း ရှိတတ်ပါသည်။


စိတ်ဓာတ်စစ်ဆင်ရေးဌာနဆိုပြီး စတင်ဖွဲ့ စည်းစဉ်ကတည်းက စစ်အုပ်စုသည် 'သတင်းပေးမွေးမြူရေး' ကို စီမံကိန်းချ
ဆောင်ရွက်ခဲ့သည်။
• လက်နက်ချပြီးမှ စစ်အုပ်စုအလိုကျ ရေးကြသူများက အန္တရာယ်မရှိပါ။ သူ့အကြောင်း ကိုယ်ကသိပြီးဖြစ်လို့ အန္တရာယ်
ကြီးကြီးမားမား မပေးနိုင်ပါ။
• ကိုယ့်အတွင်းမှာ မြှုပ်ထားတဲ့ သတင်းပေးကပဲ အန္တရာယ်ကြီးကြီး ပေးတတ်ပါသည်။

(၄) ကိုယ့်အတွင်း သတင်းပေးမြှုပ်သည့်နည်းတွေ စစ်အုပ်စုမှာ အများကြီးရှိသည်။


 သိမ်းကြုံးပြီးဖမ်း၊ စစ်ကြောရေးလုပ်၊ 'စာမေးပွ'ဲ ဖြေခိုင်း၊ အဖြေလွှာကိုကြည့်ပြီး သတင်းပေးအဖြစ်
'မြှုပ်' ထားဖို့ စီစဉ်သည့်နည်း။
 သိမ်းကြုံးဖမ်းတဲ့အထဲမှာ တမင်မဖမ်းဘဲ ချန်ထားသည့်နည်း။ သူ့ကိုတော့ 'တည်ကြက်' အဖြစ်
သုံးတတ်သည်။ ငါ့ကို သူတို့မသိသေးဘူးဆိုပြီး ပေါ့ပေါ့ဆဆ လုပ်မိလျှင် ရန်သူကို
သတင်းပေးသလိုဖြစ်ကာ သူ့ကြောင့် ဒုက္ခရောက်တတ်သည်။
 သတင်းပေးကို လူအုပ်ထေ
ဲ ရာပြီး ထည့်ပေးလိုက်သည့်နည်း။ ဒီနည်းကို အသုံးများသည်။ A/S
ကာလမှာ တောခိုသူတွေထဲ ရောထည့်သည်။ လူထုလ8ှုပ်ရှားမ8ှုကာလမှာ လ8ှုပ်ရှားမ8ှုထဲ
ရောထည့်ပေးသည်။
ဒါတွေက ဗကပ အတွေ့အကြုံပါ။ ဗကပ မှာက O/G ဘဝအတွေ့အကြုံ ၃ နှစ်သာရှိပါသည်။ ကျန်တာက U/G ဘဝနဲ့ A/S
ဘဝပဲရှိတာ ဖြစ်သည်။ ပြည်တွင်းမှာ O/G လုပ်နေသည့် NLD နဲ့ ပြည်ပမှာ O/G ဆန်ဆန်လုပ်နေသည့် အဖွဲ့ အစည်းများ၏
အတွေ့အကြုံကို မသိပါ။
IT ခေတ်၊ ကွန်ပျူတာခေတ်ဖြစ်လို့ ပိုပြီးသတိရှိကြသင့်ပါသည်။ 'ပရောဂျက်' တင်၊ 'ဒိုနာ' ရှာသည့် နိုင်ငံရေးလုပ်သည့်
ကာလလည်းဖြစ်လို့ ရောထည့်လိုက်ဖို့ သိပ်လယ
ွ်ပါသည်။ လစ်ဘရယ်ဒီမိုကရေစီခေတ် ဖြစ်လို့လည်း လျှို့ဝှက်ရေးကို ထိန်းသိမ်းရ
ခက်ပါသည်။ ကိုယ့်အတွင်းမှာ 'သတင်းပေး' ရှိနေလျှင် လျှို့ဝှက်ရေးကို ဘယ်လိုမှ ထိန်းထားနိုင်မှာ မဟုတ်ပါ။

(၅) ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်သန်းရွှေထံပေးစာကိစ္စမှာ နအဖ ကို သတင်းပေးသည့်ကိစ္စ မဟုတ်ပါ။ သတင်းဦးသတင်းထူး


သိချင်ကြသူများကိုပေးတဲ့သတင်း ဖြစ်သည်။ ပြီးတော့ လျှို့ဝှက်ရေးမဟုတ်။ ရက်ပိုင်းကလေး ထိန်းရမယ့်ကိစ္စပါ။ ဒါတောင်
ပေါက်ကြားသည်ဆိုတော့ အတော်ကြီး စဉ်းစားရကျပ်ပါသည်။

www.cpburma.org

You might also like