You are on page 1of 6

တနေ့ကဆရာလူထုဦးစိင်းရဲ့နှစ်သစ်ကူးစကားကို ဖတ်လိုက်ရတော့ ကျွန်တော်ပါဝင်ပတ်သက်ခဲ့ဘူးတဲ့

ပါရာဖတ်လွှတ်တော်အကြောင်းတွေကို ဟိုတစဒီတစပြန်အမှတ်ရလာမိပါတယ်။
ကောက်ပွဲနဲ့ပတ်သက်ပီး လူထုမျက်နှာမကြည့်သူများ၊ငယ်စဉ်ကလေးဘဝကဆိုခဲ့တဲ့ အပျိုလိုချင်
ခေါင်းငြိမ့်ဆိုတာနဲ့ခေါင်းလေးငြိမ့်ပြတတ်တဲ့ ပုတ်သင်ညိုလိုသူများတွက် ရည်စူးပီးပြောခဲ့တာလို့ခံ
ယူမိပါတယ်။ဆရာပြောခဲ့တာသိပ်ကိုရှင်းပါတယ်။
ဆရာက

လို့မှန်ကန်စွာပြောသွားခဲ့တာဖြစ်ပါတယ်။
ပါရာဖတ်လွှတ်တော်ကို သူပြောငါပြောနဲ့သိကြတာရှိသလိုကိုယ်တိုင်တွေ့ကြုံသိသူများလည်းရှိကြ
ပါတယ်စာရေးသူဟာ တခေတ်တချိန်က ပါရာဖတ်လွှတ်တော်စသည် ၁၉၇၄ ခုနှစ် မတ်လ ၂
ရက်နေ့မှာသည် ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ ရက် စစ်တပ်မှအာဏာသိမ်းလို့ ပါရာဖတ်လွှတ်တော်
ပျက်သွားသည်အချိန်ထိ ဆက်စပ်ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်ကျွန်တော်မှာမကောင်းတဲ့ဥာဉ်ဆိုးရှိခဲ့တယ်။ဒါဘာလဲဆိုတော့မှတ်တမ်းမရေးတတ်တာပဲ။
မိမိရဲ့မှတ်ဥာဏ်ကိုသိပ်အထင်ကြီးခဲ့တယ်။ဇရာကိုမေ့နေခဲ့တယ်။ဒီတော့အခုချိန်မှာခုနှစ်ရက်လနဲ့တိတိ
ကျကျပြောဖို့ အခက်ခဲဖြစ်ရတယ်။ဒါကြောင့်မှတ်မိသမျှအနေပဲပြောရတာပါ။ဘာကြောင့်ဆိုတော့
၂၀၁၀ ရွေးကောက်ပွဲကို space အခွင့်အလမ်းလိုမြင်နေသူတွေ မိမိကိုယ်ကျိုးစီးပွားတွက်လှေခါးထစ်
လို့မြင်နေသူတွေကိုအသိတရားလေးရစေလိုတဲ့စေတနာနဲ့ပြောပြတာပါ။
ပါရာဖတ်လွှတ်တော်ကိုအားလုံးက ၁၉၇၄ ခုနှစ်ပြည်သူလွှတ်တော်ပေါ်လာမှပေါ်လာသည်ဟု
အလွယ်မှတ်ယူခဲ့ကြပါတယ်။အမှန်တော့ ၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့ အာဏာသိမ်းပြီးကျင်းပခဲ့တဲ့
ဒူးယား၊ခပေါင်း၊အုန်းတောနှီးနှောဖလှယ်ပွဲတွေထဲကစခဲ့တာပါ။၁၉၇၁ခုနှစ်အမြုတေပါတီကနေ
ပြည်သူပါတီပြောင်းလဲတဲ့အချိန်မှာ ပြည်သူလွှတ်တော်နဲ့သဏ္ဍာန်တူတဲ့ တော်လှန်ကောင်စီအတိုင်ပင်ခံ
အဖွဲ့ကိုဖွဲ့စည်းပေးခဲ့တယ်။
ဥက္ကဌကမန္တလေးကဦးကြည်မြ၊
ဒု-ဥက္ကဌ-၁ ကဦးသိန်းဖေမြင့်၊
(၂)ကတောင်တွင်းကြီးကျောင်းဆရာကြီးဦးဖြေ
တို့ဦးဆောင်စေပီးအဖွဲ့ဝင် ၃၀ဆယ် နဲ့ဖွဲ့စည်းခဲ့တာပါ။
ဦးနေဝင်းကအလွန်ပါးနပ်ပါတယ်။
အဖွဲ့ဝင်သုံးဆယ်မှာပြည်နယ်တခုချင်းစီကတစ်ဦးစီပါအောင်ဖွဲ့ခဲ့တယ်။
ကချင်ကဦးဂျီဘောင်ရင်း၊
ကယားက ဦးဘူးရယ်၊
ကရင်က ဦးစောဟန်သိန်း၊
ချင်းကသ္ခင်အောင်မင်း။
ရခိုင်ကဦးဦးသာထွန်း၊
ရှမ်းကဦးတော်မီဟန်၊
မွန်ကမမှတ်မိပါ၊
နောက်တော်လှန်ရေးရဲဘော်ဟောင်းကြီးတွေဖြစ်တဲ့ ဦးထွား၊
ဦးသန်း၊
ဦးချစ်၊
ဦးသာဒင်တို့နဲ့အတူဦးသိန်းဖေမြင့်နဲ့ဆန့်ကျင်ဖက်လယ်ဝေးအေးမောင်ကိုပါထည့်ဖွဲ့ပေးခဲ့တယ်။
တော်လှန်ရေးကောင်စီအတိုင်ပင်ခံအဖွဲ့ရဲ့အလုပ်က ဘဏ္ဍာငွေ အရအသုံးစာရင်းကိုအတည်ပြု
ပေးရတာပါ။
အဲဒီချိန်ကဘဏ္ဍာရေးနှစ်ဟာအောက်တိုဘာမှစပြီးစက်တင်ဘာမှာဆုံးပါတယ်။
အတိုင်ပင်ခံအဖွဲ့ဟာပုံမှန်သြဂုတ်လမှာအစည်းဝေးကျင်းပပြီး တော်လှန်ရေးကောင်စီရဲ့ဘဏ္ဍာရေး
အစီရင်ခံစာကိုဆွေးနွေးအတည်ပြုပေးရတာပါ။သူတို့ခေါ်ယူမေးမြန်းလိုသည့် ဝန်ကြီး၊အတွင်းဝန်
ကိုခေါ်ယူမေးမြန်းနိုင်ပါတယ်။မေးမြန်နိုင်တာပဲရှိတာပါ။အကြံပေးလို့ပဲရတာပါ။ပြင်ဆင်စေခြင်း၊
ကန့်ကွက်ခြင်းမလုပ်နိုင်ပါ။
ကြားဖြတ်ပြောရရင်အဲဒီတုန်းကအကြံပေးလို့ပြင်တာတခုတော့ရှိခဲ့တယ်။ဘာလဲဆိုတော့
အမျိုးသားစာပေဆုဝထ္ထုရှည်တတိယဆုကိုဆရာငွေလင်းရေးတဲ့ “ပင်းမြို့သူ” ကရခဲ့တယ်၊
ကြေးမုံသတင်းစာနဲ့တွေ့ဆုံမေးမြန်းခဏ်းမှာဆရာငွေလင်းကအမျိုးသားစာပေဆုအနေနဲ့ချီးမြှင့်ခံရတဲ့
သူဝထ္ထုဟာရုပ်ရှင်ဇာတ်လမ်းစိစစ်ရေးကခွင့်မပြုခဲ့ကြောင်းပြောကြားချက်ကို ရုံးအဖွဲ့ကကွမ်းခြံကုန်း
ဦးချစ်ကတဆင့်တင်ပြအကြံပြုခဲ့လို့ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ပါတယ်။ဒီဖြစ်ရပ်မှန်ကိုသေချာကြည့်တတ်ရင်
အာဏာရှင်တွေရဲ့သဘောသဘာဝကိုတွေ့ရမှာပါ။
အတိုင်ပင်ခံအဖွဲ့ဟာ၁၉၇၁ ခုသြဂုတ်လ ၉ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပီး ၁၉၇၄ ခုပထမ
အကြိမ်ပြည်သူလွှတ်တော် ပထမအစည်းအဝေးစတဲ့နေ့ ၁၉၇၄ ခု၊မတ်လ ၂ ရက်နေ့မှာပဲ
တော်လှန်ရေးကောင်စီနဲ့အတူပျောက်ကွယ်ခဲ့ပါတယ်။အတိုင်ပင်ခံအဖွဲ့ဟာသက်တမ်းလေးနှစ်တာ
ကာလတလျောက်လုံး ဦးနေဝင်းရဲ့ နိုင်ငံရေးလှည့်ကွက်အနေနှင့်အပြဖွဲ့စည်းခဲ့တဲ့အဖွဲ့ပီပီ တင်ပြတာကို
တနှစ်မှာတကြိမ်အစည်းဝေးထိုင်ပီးအတည်ပြုပေးခဲ့ရသည်သာဖြစ်ပါတယ်။
စုစုပေါင်းအစည်းဝေးသုံးကြိမ်သာထိုင်ခဲ့ရတဲ့ တကယ်ရုပ်ပြအဖွဲ့သာပဲဖြစ်ပါတယ်။
ရင်နာဖို့အကောင်းဆုံးဖြစ်ရပ် နှစ် ရပ်ရှိပါတယ်။တခုက ပြည်သူ့လွှတ်တော်ကိုတင်သွင်းခဲ့တဲ့
တော်လှန်ရေးကောင်စီသက်တမ်း ၁၂ နှစ်တာကာလဆောင်ရွက်ချက်အစီရင်ခံစာကိုအတည်ပြု
ပေးခဲ့ရတာပါ။ဒုတိယအချက်ကတော့ ၁၉၇၄ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့လိုက်ဝေဖန်ဆွေးနွေး
အကြံပြုခွင့်ကို အပြည့်အဝမရခဲ့တာပါ။
အဲဒီအချိန်ကာလရဲ့အနေအရတော်လှန်ရေးကောင်စီကအစိုးရဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီအတိုင်ပင်ခံအဖွဲ့ကတော့အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေကိုစိစစ်အကြံပြုအ
တည်ပြုပေးရတဲ့လွှတ်တော်အငယ်စားအသွင်ဖြစ်ပါတယ်။ဖွဲ့စည်းထားတာကိုကသူပြောသမျှလိုက်နာ
မည့်သူတွေကိုအခြေခံဖွဲ့တာပါ။

ဦးနေဝင်းဟာ ပါရာဖတ်လွှတ်တော်ဖြစ်နိုင်ဖို့တွက် တပါတီအာဏာရှင်စနစ်အရ တာဝန်ထမ်းဆောင်


ဆဲစစ်မှုထမ်းများကို စစ်တိုင်းစည်းရုံးရေးကော်မတီကိုကိုယ်စားပြု၍လည်းကောင်း၊
ဘောင်ဘီချွတ်များကြီးစိုးသည့်ဒေသပါတီနှင့်မြို့နယ်ပါတီယူနစ်တို့ကိုကိုယ်စားပြု၍လည်းကောင်း၊
အရပ်ဖက်မှပါတီဗဟိုကော်မတီဝင်ဖြစ်သူများကိုလည်းကောင်းရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်
အဖြစ်ဖန်တီးပြီစစ်တပ်ကိုယ်စားပြုကိုယ်စာ်းလှယ်ထက်ဝက်အခြေခံဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။
ဦးနေဝင်းဟာပါးနပ်သလိုနိုင်ငံရေးနားလည်သူလည်းဖြစ်ပါတယ်။

တိုင်းပြည်အပေါ်လည်းအထိုက်အလျောက်ချစ်သူဖြစ်ပါသည်။
တပ်ချုပ်ကြီးသန်းရွှေကဲ့သို့ကောက်ကျစ်ယုတ်မာသူမဟုတ်ပါ။

အခုတပ်ချုပ်ကြီးက ၂၀၀၈ အခြေခံဥပဒေမှာကို ပါရာဖတ်လွှတ်တော်ဖြစ်နိုင်ရေးအတွက်


အကွက်ချဖန်တီးပြီးဖြစ်ပါသည်။သူ့ဆရာဦးနေဝင်းလက်ထက်က တပါတီအာဏာရှင်စနစ်ဖြစ်
တဲ့အတွက် ပါရာဖတ်လွှတ်တော်တည်ဆောက်ရန်လွယ်ကူသော်လည်း သူလက်ထက်မှာ
ပါတီစုံစနစ်ဖြစ်နေသည့်တွက်အခက်ခဲရှိပါသည်။
ဒါကြောင့်ပါရာဖတ်အများစုပါစေတဲ့ အမျိုးသားညီလာခံကိုကျင်းပပြီး ပါရာဖတ်လွှတ်တော်တွက်
ရေခံမြေခံကောင်းစေမယ့်၊ ၂၀၀၈ အခြေခံဥပဒေကို ကလိန်ကကျစ်နည်းမျိုးနှင့်ရေးဆွဲအတည်ပြု
ခဲ့ခြင်းဖြစ်ပါသည်။သို့ပေမယ့်လုံလောက်ပြည့်စုံမှုမရှိသေးသည်ကိုနာလည်သိမြင်တော့ ဖြစ်ပေါ်လာ
မယ့်ပါရာဖတ်လွှတ်တော်မှာလက်ညှိုးထောင်ခေါင်းညိမ့်တွေပါဝင်နိုင်ဖို့ နိုင်ငံရေးအချောင်သမားတွေ
ကို အရိုးပြတော့တာပါပဲ။ထိုထိုပုဂ္ဂိုလ်အပေါင်းကလည်းအရိုးလိုက်ဟပ်ကြတော့တာပါပဲ။
ပြည်တွင်းကသူတွေလားဆိုတော့မဟုတ်သေးပါ။တော်လှန်းရေးအကျိုးအပွင့်ကိုရရှိခံစားပြီး
ဒီမိုကရေစီအခြေခံကောင်းရရှိပြီးသာနိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ မဟာဘွဲ့တွေယူနိုင်ခဲ့ကြတဲ့
သူတွေရဲ့ ကိုယ့်နိုင်ငံနဲ့လက်တွေမကျတဲ့ သီအိုရီတွေထုတ်ပြကာတော်လှန်ရေးအင်အားစုအတွင်း
တွေဝေယိမ်းယိုင်စေခဲ့တာပါပဲ။
ဗမာပြည်ကွန်မြူနစ်ပါတီဟာတချိန်ကအလွန်အင်အားကြီးတဲ့အဖွဲ့ဖြစ်ပေမယ့် နိုင်ငံရပ်ခြားက
တော်လှန်ရေးကိုအတင်းသွတ်သွင်းခဲ့မှုအမှားကြောင့် ယခုအနေကိုရောက်ခဲ့ရတာလို့မှတ်ယူမိပါတယ်။
ဒါကြောင့်အနောက်နိုင်ငံကြီးများရဲ့သူတို့နိုင်ငံကမ္ဘာကြီးကိုဘယ်လိုချုပ်ကိုင်ထားရမယ်ဆိုတာကို
ငွေကုန်ကြေးကျအမြောက်များခံပြီးသုတေသနပြုခဲ့တဲ့ သီအိုရီတွေကိုဒီနိုင်ငံမျိုးတွေမှာစမ်းသပ်
အသုံးပြုတယ်ဆိုတာကိုလည်းတော်လှန်ရေးအသီးအပွင့်ခံ မြန်မာဂရုကြီးများသတိထားစေလိုပါတယ်။

ပြောနေတဲ့အကြောင်းအရာဦးတည်ချက်လွဲသွားသည်တော့မဟုတ်ပါ။
ပါရာဖတ်လွှတ်တော်ပေါ်ပေါက်ရေးမှာသိ၍သော်လည်းကောင်း မသိ၍့်သော်လည်းကောင်းအားပေး
အားမြှောက်ထဲပါနေသူများကို အချိန်မီရပ်စေချင်တဲ့ဆန္ဒကောင်းနှင့်အသိပေးတာပါ။
ဆက်ပါမည်။
ဦးနေဝင်းဟာ ပါရာဖတ်လွှတ်တော်ရဲ့အကြို “ပါရာတည်” တော်လှန်ရေးကောင်စီအတိုင်ပင်ခံအဖွဲ့ကို
ဖွဲစည်းပြပီး ပါတီဝင်တွေနဲ့ပြည်သူကိုမျက်လှည့်ပြခဲ့ပြီ၊၁၉၇၄ မှာ ပါရာဖတ်လွှတ်တော်ကြီး
ကိုစတင်ခဲ့ပြီ၊နိုင်ငံတကာနှင့်ပြည်သူတွေကိုလိမ်လည်တဲ့မျက်လှည်ပြပွဲကို ၁၄ နှစ်တိုင်ပြခဲ့တာ
ကမ္ဘာအဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရတယ်ဆိုတာကိုမမေ့သင့်ပါ၊
ပါရာဖတ်လွှတ်တော်လို့စတင်အမည်တွင်ခဲ့တာကတတိယအကြိမ်ပါတီညီလာခံအပီးအရေးပေါ်ပါတီညီ
လာခံထပ်မံကျင်းပကာ ပါတီအတွင်းရေးမှူးတွေဖြစ်တဲ့ဗိုလ်မှူတင်ဝင်းညို(စာရေးဆရာမ မြနှောင်းညို
ရဲ့ဖခင်)ဗိုလ်မှူးထွန်းလင်း၊ဗိုလ်မှူးကျော်ဇော်၊ဗိုလ်မှူသန်းစိန်(ရခိုင် တို့နှင့်ပါတီရေးရာအတွင်းရေးမှူးများ
လည်းဖြစ်၊ပြည်သူလွှတ်တော်ရေးရာအတွင်းရေးမှူးများလည်ဲးဖြစ်တဲ့ဗိုလ်မှူတင်အေးကျော်၊
ဗိုလ်မှူးတင်ဖေ၊ဗိုလ်ကြီးဇော်ဖေစသူတို့အရေးယူခံရပြီးနောက်မှပေါ်ပေါ်ထင်ထင်ပြောလာ
ကြတာဖြစ်ပါသည်။စတင်ပြောဆိုခဲ့စဉ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုသာ
ခေါ်ပြောကြခြင်းဖြစ်ပါသည်။
ထိုပုဂ္ဂိုလ်များသည်လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး တိုင်းပြည်ကိုတစ်ဦးတယောက်ထဲရဲ့ချုပ်ကိုင်
ထားမှုကို ပါတီတွင်းဒီမိုကရေစီအရလည်းကောင်း၊ပြည်သူ့လွှတ်တော် ဥပဒေနဲ့နည်းဥပဒေတွေမှာပါ
တဲ့ လွှတ်တော်တွင်းဒီမိုကရေစီအရလည်းကောင်းပြုပြင်ချင်းတဲ့သူတွေဖြစ်ပါတယ်။

ပါရာဖတ်လွှတ်တော်ရဲ့ပထမသက်တမ်းမှာ ထင်ရှားတဲ့ဖြစ်ရပ်နှစ်ခုရှိပါတယ်။ဖြစ်ရပ်တခုကတော့
၁၉၇၄ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့အလုပ်သမားဆန္ဒပြမှုစုံစမ်းရေးကော်မရှင်ရဲ့ဖြစ်ရပ်ပါ။
ဒုတိယဖြစ်ရပ်ကတော့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များရဲ့ပိုင်ဆိုင်မှုကိုတင်ပြတဲ့
ဥပဒေရေးဆွဲရေးဖြစ်ရပ်ပါ။
ပထမဖြစ်ရပ်ကိုပြောပါမယ့်၊ ၁၉၇၄ ခုနှစ်မေလမှာ
အလုပ်သမားများဟာကုန်ဈေးနှုန်းကြီးမြှင့်မှုနဲ့အလုပ်သမားအစည်းရုံးရဲ့တာဝန်မကျေမှု၊
အလုပ်သမားထုကိုကိုယ်စားမပြုတဲ့အပေါ်တည်မှီပြီး မြန်မာနိုင်ငံအနှံ စက်ရုံအလုပ်ရုံတွေမှာ
ဖြစ်ပေါ်ခဲ့ပါတယ်။အလုပ်သမားအင်အားထုထည်ကြီးမားလှတဲ့ သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ
၊မြန်မာနိုင်ငံဆေးဝါးစက်ရုံ၊အုတ်ကျင်းဂုံနီစက်ရုံ၊ဆင်မလိုက်သင်္ဘောကျင်း။
အင်းစိန်မီးရထားစက်ရုံ၊ကျွန်းချောင်းဓာတ်မြေသြဇာစက်ရုံ စသည်တို့ကိုအင်းအားသုံး
ဖြိုခွင်းပြီးနောက် ရွှေဘိုအေးမောင်ဦးဆောင်တဲ့စုံစမ်းရေးကော်မရှင်ဖွဲ့ ပါတယ်။
အဲဒီကော်မရှင်ရဲ့အစီရင်ခံစာကိုပြည်သူလွှတ်တော်မှအတည်ပြုပေးရမှာဖြစ်ပါတယ်။
ဒါပေမယ့်ပထမဆုံးအတည်ပြုပေးသူကဦးနေဝင်းပါ။
သူလက်ခံအတည်ပြုပေးပြီးမှသာရုပ်သေပြည်သူ့လွှတ်တော်ကအတည်ပြုရတာပါ။
ဦးနေဝင်းအတည်မပြုတာဆိုအတည်ပြုလို့မရပါဘူး။
အဲဒီအစီရင်ခံစာကိုဦးနေဝင်းထံတင်ပြဖို့လုပ်တဲ့အခါအဖွဲ့ဝင်ဦးတင်အောင်ဟိန်းနှင့်ကျန်အဖွဲ့ဝင်များ
အငြင်းပွားကြရပါတော့တယ်။

အငြင်းပွားရတဲ့အကြောင်းအရင်းကတော့အစီရင်ခံစာရဲ့နောက်ဆုံးကောက်ချက်အပေါ်မှာဖြစ်တာပါ။
ကျန်အဖွဲ့ဝင်အများစုက အလုပ်သမားဆန္ဒပြမှုဖြစ်ပွားခဲ့တာ
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့မြေပေါ်အဖျက်သမားများရဲ့သွေးထိုးလှုံ
ဆော်မှုကြောင့်လို့ အမှန်တရားကိုဖုန်းကွယ်ပြီးဦးနေဝင်းအကြိုက်ရေးသားခြင်းကို
ဦးတင်အောင်ဟိန်းကလက်မခံချင်းပဲ
ဖြစ်ပါတယ်။သူက အလုပ်သမားထုရဲ့လစာငွေနဲ့မလုံလောက်မှု၊ကုန်ဈေးနှုန်းကြီးမြှင့်မှု၊
အလုပ်သမားအစည်းရုံးရဲ့ညံဖျင်း
မှုတွေကြောင့်ပေါ်ပေါက်ရခြင်းအပေါ်နိုင်ငံရေးပရောဂ
ကပ်ပါလာခြင်းဖြစ်တယ်လို့အငြင်းပွားကြခြင်းဖြစ်ပါတယ်။ ဦးတင်
အောင်ဟိန်းကယင်းအစီရင်ခံစာကိုလက်မှတ်မထိုးပဲနေသည့်အတွက်နောက်ဆုံးဦးနေဝင်းကိုယ်တိုင်
ညှိနှိုင်းပေးပြီးနှစ်ဦး
နှစ်ဖက်လက်ခံနိုင်သည့်ကောက်ချက်ကိုပြင်ဆင်ပြီ လွှတ်တော်မှာအတည်ပြုခဲ့ရခြင်းဖြစ်ပါတယ်။
ဦးနေဝင်းဟာ အခြား
သူများကိုသာအရေးယူခဲ့ပေမယ့် ဦးတင်အောင်ဟိန်းကိုအရေးယူခြင်းငြိုငြင်ခြင်းမရှိခဲ့ပါ။
စဉ်းစားမိသည်မှာအရပ်သား
အမှန်ကိုရဲဝင့်စွာပြောတတ်တဲ့
ဦးတင်အောင်ဟိန်းကိုပြကာသူသည်အမှန်တရားကိုလက်ခံသူအဖြစ်ပုံဖော်ခဲ့ခြင်းဖြစ်ပါ
တယ်။

ထိုဖြစ်ရပ်ကိုကြည့်ရုံနှင့်
အဲဒီပြည်သူလွှတ်တော်ဟာဘယ်လိုပြည်သူ့လွှတ်တော်ဆိုတာခန့်မှန်းလို့ရပါတယ်။
ဒီလိုဖြစ်ဖို့ ဦးနေဝင်းဟာ ၁၀ စုနှစ် တစ်စုကျော်တည်ဆောက်ခဲ့တာပါ။
အမြုတေပါတီကနေပြည်သူပါတီပြောင်းတဲ့အခါသူလူတွေဟာလေ့ကျင့်ပီးဖြစ်နေလို့ မလိုတော့တဲ့
ပမညတကူးပြောင်းတွေ၊ကွန်မြူနစ်ကူးပြောင်းတွေကိုပါတီသန့်စင်ရေးနဲ့အတူမြေမြှုပ်သင်္ဂြီုလ်
ခဲ့တာကိုမမေ့စေချင်ပါ။အခုတပ်ချုပ်ကြီးက ၁၀ စုနှစ် နှစ်ခု လေ့ကျင့်ပျိုးထောင်ပေးထာတာပါ။
ဒါကြောင့်ပွဲလန့်တုန်းဖျာဝင်ခင်းပြီး ပါရာဖတ်လွှတ်တော်တွင်းကနေအပြောင်းအလဲကိုဖန်တီး
လို့ရမယ်ဆိုတဲ့စိတ်ကူးယဉ်မှုကိုချေဖျက်ကြစေလိုပါတယ်။မိမိရဲ့ပြည်သူ့ကိုယုံကြည်ပါ။
ပြည်သူကိုအားကိုးပါ။
ပြည်သူကိုစည်းရုံးပါ။ပြတ်သားတဲ့တော်လှန်ရေးကိုဖော်ဆောင်ကြပါ။
မြန်မာနိုင်ငံနဲ့အံဝင်ခွင်မကျသေးတဲ့အဆင့်သင့်မဖြစ်သေးတဲ့ နိုင်ငံခြားလုပ်အတွေးအခေါ်တွေကို
သွင်းကုန်အနေနဲ့တင်သွင်းနေမှုကိုရပ်ကြပါ။ NGO နိုင်ငံရေးကရှုန်းထွက်နိုင်အောင်ကြိုးစားပါ။
ညီညွတ်ကြပါလို့
တိုက်တွန်းပါရစေ။

နောက်ဖြစ်ရပ်နှင့်အတူ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တပါတီစနစ်အောက်ကပါရာဖတ်လွှတ်တော်အကြောင်းကိုအလျဉ်းသင့်သ
လိုဆက်လက်တင်ပြပေးသွားပါမယ်။ယခုတင်ပြချက်ကိုကြည့်ပီး ၂၀၁၀ ရွေးကောက်ပွဲကိုလက်ခံပေးပြီး
၉၀ ခုရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ခဲ့ကြရင် ပေါ်ပေါက်လာမယ့် ပြည်သူလွှတ်တော်ဟာ မ.ဆ.လ
လက်ထက်ကပေါ်ခဲ့တဲ့ ပါရာဖတ်လွှတ်တော်ထက်ဆိုးမည့်လွှတ်တော်၊
စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးကိုအထောက်အကူပြုမည့်လွှတ်တော်ဆိုတာ ထင်ထင်ရှားရှား
မြင်နိုင်ပါသည်။
ထိုကြောင့် ၂၀၁၀
ရွေးကောက်ပွဲကတဆင့်ပြည်သူကိုအကျိုးမဲ့စေမည့်စစ်အာဏာရှင်ကိုအကျိုးရှိစေမည့်
ပါရာဖတ်လွှတ်တော်မပေါ်ပေါက်ရေးကို ဝိုင်းဝန်းကြိုးစားကြပါလို့ မေတ္တာရပ်ခံ
တိုက်တွန်းလိုက်ရပါသည်။

ငြိမ်းမြတ်စု

You might also like