You are on page 1of 8

Basic usage of Cpanel

Cpanel

Cpanel ဆိုတာကတော့ ကျွန်တော်တို့ hosting အများစုမှာ အသုံးပြုထားတဲ့ control panel ပါ။ Cpanel ကို ဝင်လိုက်ရင် အပေါ်:က
ပုံလိုမျိုးမြင်ရမှာပါ။ ကျွန်တော်ကတော့ lunarpages က cpanel နဲ့ပြသွားမှာပါ။

Addon Domains

အခြား source က domain တွေကို ထည့်ချင်ရင်တော့ Addon Domains ကနေ တဆင့် ထည့်သွင်းရပါတယ်။ hosting တစ်ခုမှာ
မူရင်းပေးထားတဲ့ domain တစ်ခု free ရပါတယ်။ အဲဒါအပြင် အခြား name.com ,godaddy
ကနေဖြစ်ဖြစ်ဝယ်ပြီး ကိုယ့် host ထဲကို လာထည့်လို့လည်းရပါတယ်။

Saturngod (www.saturngod.net) Page 1


Basic usage of Cpanel

Addon Domains ထဲမှာ Current Addon Domains တွေပြထားတာရှိတယ်။ ကိုယ်က အသစ်ထည့်ချင်ရင်တော့ New Domain
Name မှာ ကိုယ့် domain ထည့်ပါ။ username/directory/subdomain Name: ထဲမှာတော့ သူက ကိုယ့် domain
အလုပ်လုပ်မယ့်နေရာပေါ့။ ဥပမာ ကိုယ့် domain name က hahatesting.com ဆိုရင်သူက /public_html/hahatesting လို့
ဖော်ပြပါလိမ့်မယ်။ hahatesting.com ကို ခေါ်:တဲ့အခါမှာ တက်ဖို့ file တွေကို /public_html/hahatesting ထဲမှာ
သွားထည့်ရမှာပါ။ ပုံမှန် hosting က ဝယ်ထားတဲ့ domain အတွက် file တွေကိုတော့ /public_html ထဲမှာ သွားထည့်ရမှာပါ။ file
manager ကို နောက်ပိုင်းမှာ ပြောပြပါမယ်။

MySQL Database

website တစ်ခုကို ဆောက်ပြီဆိုရင် database ကမဖြစ်မနေ ပါဝင်တတ်ပါတယ်။ wordpress ပဲ


ဆောက်ဆောက် joomla ပဲ ဆောက်ဆောက် database နဲ့ ချိတ်ဆက်ပေးရပါတယ်။ အဲဒီအတွက် Cpanel မှာ
MySQL Database ဆိုတာရှိပါတယ်။

Saturngod (www.saturngod.net) Page 2


Basic usage of Cpanel

Current Databases ကတော့ လက်ရှိ ကိုယ်ဆောက်ထားတဲ့ database တွေကို ဖော်ပြထားမှာပါ။

Database အသစ်ဆောက်ခြင်ရင်တော့ New Database နဲ့ဆောက်ရမှာပါ။ Database ဆောက်ပြီးရင် user account


တစ်ခုဆောက်ပြီး ချိတ်ဆက်ဖို့လိုပါတယ်။

Username နဲ့ password ကိုထည့်ပြီး create user လုပ်ဖို့လိုပါတယ်။ ပြီးရင် Add User to Your Databases ကနေတဆင့်
ကိုယ်အသုံးပြုမယ့် Users: ကိုရွေးပြီး ထည့်ချင်တဲ့ databases ကို ရွေးပါ။ ပြီးရင် Add User To Database ကို နှိပ်လိုက်ရုံပါပဲ။

File Manager

Saturngod (www.saturngod.net) Page 3


Basic usage of Cpanel

သူကတော့ file တွေကို upload တင်ဖို့အတွက်ပါ။ file manager ကနေ ကျွန်တော်တို့ file
တွေကို တင်ရပါတယ်။ file manager ထဲမှာ /public_html/ ကတော့ မူရင်း domain
အတွက်ဖြစ်ပြီး အခြား domain တွေကိုတော့ addon domain ဆောက်ခဲ့တဲ့ နေရာမှာ
ထည့်သွင်းရမှာပါ။

File Mangaaer ကို ဝင်လိုက်ရင် အထက်ပါ ပုံအတိုင်းတွေ့ရမှာပါ။ စာကို နှိပ်ရင်တော့ လုပ်ချင်တဲ့ action ကို ညာဘက်က
sidebar မှာ ပေါ်:လာမှာပါ။ အထဲကို ဝင်ချင်ရင်တော့ folder icon လေးကို
နှိပ်ရပါတယ်။ File Manager ရဲ့ folder,file list တွေအပေါ်:နားမှာ Upload
File(s) ဆိုတာလေး ပါပါတယ်။ အဲဒါကတော့ ကိုယ်အခုဖွင့်ထားတဲ့ directory
အောက်မှာ File တွေ upload တင်ဖို့ပါ။ Create New Folder ကတော့ Folder
အသစ်ဆောက်ဖို့ပေါ့။

တကယ်လို့ zip file တွေကို တင်ပြီးမှ extract ပြန်လုပ်ရင်လည်း ဖြစ်ပါတယ်။ wordpress , joomla တို့ကတော့ zip file
အရင်တင်။ ပြီးရင် filename ကို click လုပ်။ ညာဘက် sidebar မှာ extract ဆိုတာ ပါလာပါတယ်။ အဲဒါလေးကို နှိပ်လိုက်ရင်
extract လုပ်သွားပါတယ်။ ဒါကြောင့် တစ် file ခြင်းဆီ folder တစ်ခုခြင်းဆီ လိုက်ဆောက်ပေးနေဖို့မလိုပါဘူး။

Subdomain

ကျွန်တော်တို့ domain တစ်ခုသာ ပိုင်ဆိုင်ထားပြီး အခြားသူတွေကို sub domain


ခွဲပေးခြင်ရင်တော့ Subdomain ဆိုတဲ့ နေရာကနေ အသုံးပြုနိုင်ပါတယ်။ ဥပမာ saturngod.net ,
en.saturngod.net မှာဆိုရင် en.saturngod.net က saturngod.net ကို sub domain ခြွဲ ပီး

Saturngod (www.saturngod.net) Page 4


Basic usage of Cpanel

ယူထားတာပါ။ ဒါကြောင့် domain တစ်ခုရှိရင် အခြား အရာတွေအတွက် sub domain ကို ခွဲပေးလို့ရပါတယ်။

ကိုယ်ပေးချင်တဲ့ sub domain name ကို ရှေ့မှာရေးပြီးတော့ domain name ကို ရွေးကာ add လုပ်လိုက်လို့ရပါတယ်။ sub
domain တွေအတွက်လည်း /public_html/ အောက်မှာ ကိုယ်ယူထားတဲ့ sub domain name နဲ့ folder လေးတစ်ခု
သွားပေါ်:နေမှာပါ။ အဲဒီအထဲကို ကိုယ့် file တွေ ထည့်ပေးရပါတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ sub domain တွေကို redirection
တွေ လုပ်လို့ရပါတယ်။ ကိုယ် redirect လုပ်ချင်တဲ့ sub domain ကို ရွေးပြီး setup redirection လုပ်လို့ရပါတယ်။
လုပ်ထားတာကို ပြန်ဖြုတ်ချင်ရင်တော့ remove redirection လုပ်လို့ရပါတယ်။ delete ကတော့ ကိုယ့် sub domain ကို
ပြန်ဖျက်ဖို့ပါ။

Setup redirect ကို လုပ်လိုက်ရင် အပေါ်:က form လိုမြင်ရမှာဖြစ်ပြီး ကိုယ် redirect လုပ်ချင်တဲ့ လိပ်စာထည့်ပြီး save
လုပ်လိုက်ရုံပါပဲ။

Saturngod (www.saturngod.net) Page 5


Basic usage of Cpanel

PHP 5 Enable

PHP 5 ကို support လုပ်ချင်ရင်တော့ Enable/Disable PHP 5 ကနေ တဆင့်


လုပ်လို့ရပါတယ်။

PHP 5 ကို Install လုပ်လို့ရပါတယ်။ အခု ကျွန်တော့် host မှာတော့ PHP 5 enable လုပ်ထားပြီးသားမို့ PHP 5 is installed! လို့
ဖော်ပြထားပါတယ်။

Cron Jobs

Cron jobs ကတော့ ကိုယ့် data တွေ backup လုပ်ဖို့ပါ။ windows မှာဆိုရင်တော့ schedule ပေါ့။
ဘယ်အချိန်ဘာလုပ်မလဲဆိုတာကိုတောပါ့။ ပုံမှန်အားဖြင့် standard နဲ့ပဲ လုပ်တာများပါတယ်။

Saturngod (www.saturngod.net) Page 6


Basic usage of Cpanel

Command to run ကတော့ ကိုယ် run ဖို့ code ပေါ့။ ဘယ်အချိန် ဘယ်နေ့တွေမှာ အဲဒီ command run ဖို့အတွက်ပေါ့။

Redirection
Redirection

Redirects ကတော့ ကိုယ့် domain ကို redirect လုပ်ဖို့ပါ။

Saturngod (www.saturngod.net) Page 7


Basic usage of Cpanel

FTP Manager

FTP Manager ကတော့ ကိုယ့် site ကို FTP ကနေ အသုံးပြုဖို့ပါတယ်။ ပုံမှန်အားဖြင့် FTP ကို ကိုယ့် main
domain , cpanel username နဲ့ cpanel password နဲ့ကနေ ဝင်လို့ရပါတယ်။အခြားသူတွေ ခွဲဝေသုံးစွဲ
စေချင်ရင်တော့ FTP Manager ကနေ တဆင့် account တွေ ခွဲလို့ရပါတယ်။

Saturngod (www.saturngod.net) Page 8

You might also like