You are on page 1of 4

ညီညွှတ်သောတိုင်းရင်းသားများအစည်းအရုံး အစည်းအဝေးမှတ်တမ်း

စာအမှတ်။ ။ညတစ၊၀၀၀၂

၂၇ရက်၊ဒီဇင်ဘာ၊၂၀၀၉ခုနှစ်

၂၀၀၉ခုနှစ်၊ဒီဇင်ဘာလ၊၂၇ရက်နေ့တွင် ညီညွှတ်သောတိုင်းရင်းသားများအစည်းအရုံး အစည်းအဝေးကို


ပူဖြောင်းမြို့ မြန်မာသူကြီးဆိုင်တွင် အောက်ပါအတိုင်း သဘောတူဆုံးဖြတ်ဆွေးနွေးကြပါသည်။

တက်ရောက်သူများ

၁။စိုင်းမောင်မောင်ဝိုင်း ၂။စောကက်နက်မိုး ၃။ဆလိုင်းကျော်ကျော် ၄။ဦးညဏ်ထွန်း ၅။မိုင်အက်စတာမွေးသဲ


၆။ဆလိုင်းပါချွန်း ၇။စောကျော်သက်ထွန်း ၈။စောဝင်းအောင် ၉။စောထွန်းထွန်း ၁၀။စော စကျော်ကျော်ဝင်း
၁၁။ဦးကျော်စွာလင်း

မတက်ရောက်နိုင်သူများ

၁။ကိုတင်မွန် ၂။ကိုမြတ်သူရ ၃။မန်းတင်ယဉ် ၄။ဆလိုင်းပီတာခါခတ် ၅။နိုင်သန့်ဇင်ဦး ၆။ဆလိုင်းပါဆန်း


၇။ကိုဌေး ၈။နိုင်ကောင်းချမ်း

ဆွေးနွေးဆုံးဖြတ်ချက်များ

ဆွေးနွေးချက်(၁) ပြည်ထောင်စုအခမ်းအနားပြုလုပ်ရန်။

ဆုံးဖြတ်ချက်(၁) ပြည်ထောင်စုအခမ်းအနားကို ၂၀၁၀ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် မြန်မာအသင်း ခန်းမတွင်


နေ့လည် ၂နာရီမှ၅နာရီအထိပြုလုပ်သွားရန် သဘောတူဆုံးဖြတ်သည်။

ဆွေးနွေးချက်(၂) ဘဏ္ဍာရေးသုံးစွဲခြင်း

ဆုံးဖြတ်ချက်(၂) ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံးတွင် ပါဝင်နေကြသော တိုင်းရင်းသားများ၏တဖွဲ့


လျှင် ဝမ် ၂သိန်းစီထည့်ဝင်ကြရန် သဘောတူဆုံးဖြတ်သည်။(ဇန်နဝါရီလ၂၄ရက်နောက်ဆုံးပေးသွင်းကြရန်
ဘဏ္ဍာရေးမှူးထံသို့)

ဆွေးနွေးချက်(၃) အစားအသောက်အစီ
အစီအစဉ်

ဆုံးဖြတ်ချက်(၃) အစားအသောက်အစီအစဉ်ကို ရှမ်းခေါက်ဆွဲ၊သုတ်ဘူးကြော်ဖြင့်ကျွေးမွေးဧည့်ခံရန် သဘော


တူဆုံးဖြတ်သည်။

UMEO
ဆွေးနွေးချက်(၄) ဖျော်ဖြေရေးအစီအစဉ်

ဆုံးဖြတ်ချက်(၄) ဖျော်ဖြေရေးအစီအစဉ်တွင် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၏ ရိုးရာအကနှင့်ရိုးရာသီချင်း


(မိမိဘာသာစကားဖြင့်)သီဆိုသွားကြရန် သဘောတူဆုံးဖြတ်သည်။(ရခိုင်၊မွန်၊ချင်း၊ကရင်၊ရှမ်း)ဧည့်သည်တော်
အဖြင့် ဗမာအက/ဗမာသီချင်း

ဆွေးနွေးချက်(၅) အခမ်းအနားအစီအစဉ်

ဆုံးဖြတ်ချက်(၅) အခမ်းအနားအစီအစဉ်ကို အောက်ပါအတိုင်း ဆွေးနွေးထားပါသည်။

(က)အခမ်းအနားမှူး မိုင်အက်စတာမွေးသဲ

(ခ)အဖွင့်သီချင်း တိုင်းရင်းသားများသီဆိုရန်

(ဂ)အဖွင့်အမှာစကား ဥက္ကဌ စိုင်းမောင်မောင်ဝိုင်း

(ဃ)ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ ဒုဥက္ကဌ စောကက်နက်မိုး

(င) ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၏သဝဏ်လွှာ

(စ) ကျေးဇူးတင်စကား နိုင်တင်မွန် တွဲဘက်အတွင်းရေးမှူး(၁)

(ဆ) စည်းလုံးခြင်းသီချင်းတစ်ပိုဒ်

(ဇ) ကြွေးကြော်သံဖြင့် ရုတ်သိမ်းရန်

ဆွေးနွေးချက် (၆) အခမ်းအနားအပြင်အဆင်

ဆုံးဖြတ်ချက်(၆) ပြည်ထောင်စုကျောက်တိုင်ကိုအလည်တွင်ထားပြီး တိုင်းရင်းသားများဝိုင်းရံပုံဖြင့် နောက်ခံ


ပိတ်ကားကို ဆလိုင်းပါဆန်းမှ ပြုလုပ်တာဝန်ယူပေးရန် သဘောတူဆုံးဖြတ်သည်။အခမ်းအနားအပြင်အဆင်
အားလုံးကို ဒုဥက္ကဌ စောကက်နက်မိုးမှဦးဆောင်ပြီး မိမိအဖွဲ့အစည်းအသီးသီးကလည်းပူးပေါင်းလုပ်ဆောင်ကြ
ရန် သဘောတူဆုံးဖြတ်သည်။ပြည်ထောင်စုအလံကိုငှါးရန် ဆလိုင်းကျော်ကျော်မှတာဝန်ယူသွားရန်။

အခမ်းအနားပြီးဆုံးပြီး တွဲဘက်အတွင်းရေးမှူး(
း(၂) ကိုညဏ်ထွန်း ဦးဆောင်ပြီး အဖွဲ့ဝင်များမှ
ျားမှ အတူတကွပူးပေါင်း
ဆောင်ရွက် သန့်ရှင်းရေးများလု
ရေးများလုပ်ကြရန် သဘောတူဆုံးဖြတ်ကြပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန မှ ဇန်နဝါရီလ(၃၀)ရက်နောက်ဆုံးထားပြီး ကြေငြာစာများကို မြန်မာဆိုင်များတွင်


ကပ်ထားရန်နှင့်အခမ်းအနားအစီအစဉ်တစ်ခုလုံးတွင် ဓါတ်ပုံ/ဗွီဒီယိုများ မှတ်တမ်းတင်ယူရန်။

UMEO
ဆွေးနွေးချက်(၇) ပြည်ထောင်စုအလံသယ်ဆောင်ခြင်း

ဆုံးဖြတ်ချက်(၇) ပြည်ထောင်စုအလံကို တိုင်းရင်းသားဝတ်စုံအပြည့်နှင့် တိုင်းရင်းသားများမှ စဉ်မြင့်ပေါ်သို့


သယ်ဆောင်လာရန် ကချင်၊ကရင်၊ကယား၊ချင်း၊မွန်၊ရခိုင်၊ရှမ်း၊ဗမာ၊များမှ မိမိသတ်မှတ်ထားသောနေရာအထိ
လက်ဆင့်ကမ်းသယ်ဆောင်ကြရန် ဆွေးနွေးဆုံးဖြတ်ကြပါသည်။ထိုနောက် တိုင်းရင်းသားများလက်တွဲ၍ အဖွင့်
သီချင်းသီဆိုရန်။

၂၀၁၀ခု
၂၀၁၀ခုနှစ်၊ဇန်နဝါရီလ ၂၄ရက်
၂၄ရက်နေ့တွင် နောက်ဆုံးအပြီးသတ်ဆွေးနွေးမည် ဖြစ်ပါသဖြင့် အလုပ်အမှုဆောင်များ
မပျက်မကွက် တက်ရောက်ကြပါရန်
ကြပါရန် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ။ယနေ့ အစည်းဝေးတွင် တွဲဘက်အတွင်းရေးမှူး(၂) ကိုညဏ်ထွန်းမှအဆိုတင်သွင်းရာတွင် ကိုသာ


ထွန်း(ရခိုင်)စည်းရုံးရေးမှူးနေရာတွင် ကိုကျော်စွာလင်း(ရခိုင်)ကို အစားထိုးပေးရန်ပြောဆိုရာ တက်ရောက်လာ
သော ညီအစ်ကိုများမှ ကန့်ကွက်သူမရှိဘဲ စည်းရုံးရေးကော်မတီတွင် ထည့်သွင်းလိုက်ပါကြောင်း အသိပေး
အကြောင်းကြားအပ်ပါသည်။

မှတ်တမ်းတင်

ဆလိုင်းကျော်ကျော်

ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး

ကိုရီးယား

UMEO

You might also like