You are on page 1of 2

သာသနာ ၂၅၅၃

ကောဇာ -၁၃၇၁ သီကုံး ရေးစပ် ပူဇော်အပ်သော ဗုဒ္ဓနေ့ ပူဇာ ( ဂ ) လုံးဖွဲ့ကဗျာများ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ခရစ် -၂၀၁၀

သတ္တမအကြိမ်မြောက် အင်္ဂလန်နိုင်ငံရောက် ရဟန်းရှင်လူ စုပေါင်းပူဇော်သည့် ဗုဒ္ဓနေ့ ပူဇော်ပွဲ အခန်းအနားတွင်

၁။

ဗုဒ္ဓဘုရား - ညွတ်တွားခြေစုံ ရှင်တော်ဟောကြား - တရားမြတ်ဂုဏ် သံဃာခပ်သိမ်း - စောင့်ထိမ်းယုံယုံ ပူဇော်နေ့ - လပြည့် နွေကဆုန်။

၉။

သူငါရွှင်ပြုံး - မြတ်ဘုန်းခိုလှုံ မဟာသက္ကရာဇ်- ခြောက်ရှစ်နြဲ့ ကုံ မာယာမယ်ဖျား - ပတ္တမြားကြာငုံ ဖွားမြင်နေ့ - လပြည့် နွေကဆုန် (ဘုရား ဖြစ်သောနေ့)

၂။

သက်တော်ထင်ရှား - ဘုရားသည်ပုံ နိဗ္ဗူစံလည်း - ရှိမြဲသို့ယုံ သမေစိတ္တ - ဖလတူစုံ ပူဇော်ကြ - ဗုဒ္ဓ နွေကဆုန်။ ၁၀။

မဇ္ဈိမလမ်း - ကျင့်စွမ်းမှန်ပုံ မဂ္ဂင်ရှစ်ရပ် - ရှုမှတ်ခိုက်ကြုံ အစွန်းနှစ်ဖက် - ရှောင်ထွက်ဉာဏ်ဟုန် သစ္စာတွေ့ - လပြည့်နွေကဆုန်။

၃။

ဒါနသီလ - အစခိုလှုံ ပါရမီများ - ဆယ်ပါးပြည့်စုံ လေးသင်္ချေကိန်း- တသိန်းကျော်ပုံ ကြည်ညိုတွေ့ - လပြည့် နွေကဆုန်။ ( ဗျာဒိတ် ယူသောနေ့ ) ၁၁။

သူ ငါ မသိ - ဇာတိ လည်ပုံ တဏှာ၏နောက် - နင်းလျှောက်ခဲ့ပုံ တဏှာပြတ်ကင်း - မဂ်သွင်းလေပုံ ဉာဏ်မှာတွေ့ - လပြည့်နွေကဆုန်

၎။

ပါမီတော်ပြည့် - ချမ်းမြေ့ဤဘုံ ဖြစ်နိုင်ဘုရား - သနားငဲ့ပုံ ကိုယ်တော်ထည်းထည်း - မြိုက်ထီးမလှူံ ကြည်ညိုပွား - ညွတ်တွားနွေကဆုန်။

၁၂။

တရာ့သုံးခု - ရတုချွေလှုံ နတ်လူကောင်းကျိုး - ပွားတိုးဘို့ယုံ ပု-ဒိ-အာ နှင့် - ရွှန်းတင့် ဉာဏ်ဟုန် သစ္စာတွေ့ - လပြည့် နွေကဆုန်။ ( နိဗ္ဗူ စံ သောနေ့ )

၅။

ဒီပင်ဗုဒ္ဓ - သံဃတူစုံ ဆွမ်းခံကြွငြား - ရွှံ့များဗွက်ကြုံ သူ့ကျောပေါ်မှ - နင်းကြွလှူပုံ ဂုဏ်မမေ့- လပြည့်နွေကဆုန်။ ၁၃။

ဝါလေးဆယ့်ငါး - တရားစုံစုံ ရှစ်ဆယ်အသက် - ယွင်းပျက်ဘြို့ ကုံ ခန္ဓာ ဆင့်ဆင့် - ပျက် လွင့်ကျွေကုန် နိဗ္ဗူနန်း - စံမြန်း လကဆုန်။

၆။

ဒီပင်ဗုဒ္ဓ - နှုတ်ဟချွေပုံ သုမေဓာစိတ် - ဗျာဒိတ်ပြည့်စုံ နောင်တွင်ဂေါတမ - ဗုဒ္ဓမည်တုံ ဗျာဒိတ်ထား - ပြည့် ငြား နွေကဆုန်။ ( ဖွားတော်မူသောနေ့ ) ၁၄။

ရာလေးဆယ်ရှစ် - သက္ကရာဇ် ရယ်ကြုံ မလ္လာအင်ကြင်း - တောတွင်းလှိုက်တုန် နိဗ္ဗူမြန်းကြွ - ဘဝ စုံစုံ သိမ်းသောနေ့ - လပြည့်နွေကဆုန်။

၇။

သန့်စင်မီးရှူး -ကြည်နူးစုံစုံ လုမ္ဗိနီတွင်း- ပြန့်သင်းလှိုက်တုန် ဗြဟ္မာနတ်များ - ခစားခိုလှူံ ဖွားမြင်နေ့ - လပြည့်နွေကဆုန်။

၁၅။

နိဗ္ဗူချိန်နီး - ခရီးသော်ကြုံ ပင်ပန်းနေမှု - မရှုခဲ့တုံ ကရုဏာမြတ် - သုဘဒ်ခိုလှုံ ကိလေငြိမ်း - ဇာတ်သိမ်း လကဆုန်

၈။

ရွှေကြာပွင့်ချပ်- လှမ်းအပ်ခြေစုံ ခုနှစ်ကြိမ်ထိ - မြေ၏လှိုက်ခုံ အဂ္ဂသေဋ္ဌ - ဇေဋ္ဌခြွေပုံ ကမ္ဘာဖုံး - ရွှင်ပြုံး လကဆုန်။

၁၆။

သာသနာအစ - မဂ္ဂ ချွေပုံ အလယ်တွင်လည်း - မဂ်စွဲပြည့်စုံ ဆုံး သုဘဒ္ဒ - မဂ္ဂ ညွှန်ပုံ မူ မ လွဲ - ယူမြဲ လကဆုန်။

သာသနာ ၂၅၅၃

ကောဇာ -၁၃၇၁ သီကုံး ရေးစပ် ပူဇော်အပ်သော ဗုဒ္ဓနေ့ ပူဇာ ( ဂ ) လုံးဖွဲ့ကဗျာများ

ခရစ် -၂၀၁၀

သတ္တမအကြိမ်မြောက် အင်္ဂလန်နိုင်ငံရောက် ရဟန်းရှင်လူ စုပေါင်းပူဇော်သည့် ဗုဒ္ဓနေ့ ပူဇော်ပွဲ အခန်းအနားတွင်

၁၇။

ကဆုန်လပြည့် - မမေ့တူစုံ ဗျာဒိတ် ယူထား - မွေးဖွားရက်ကြုံ သစ္စာသိမှု - နိဗ္ဗုခိုလှုံ တနေ့ ထဲ - တူမြဲ လကဆုန်။

၁၈။

ထိုသို့ တူမြဲ - စိတ်စွဲထိုဂုဏ် ဦးခိုက်ညွတ်တွား - လေးစားလို့ယုံ လန်ဒန်ရွှေမြို့ - ဆွေတို့စုံစုံ ပူဇော်ပွဲ - ဆင်နွှဲ လကဆုန်။

၁၉။

မေလ ၂-ရက် - ဘုန်းတက်ရောင်စုံ နှစ်ထောင်ဆယ်နှစ် - ရွှန်းသစ်ကြိုက်ကြုံ ဗုဒ္ဓါမြတ်စွာ့ - ဓမ္မ ဂုဏ်ဂုဏ် ကြည်ညိုတမ်း - ရွှင်လန်း မြတ်ကဆုန်။

၂၀။

နောင်လာနောက်သား - မှတ်သားစေကုန် ဦးသီလိဋ္ဌ - ထေရ်ရဘွဲ့ဂုဏ် ကဗျာရှစ်လုံး - သီကုံး ဉာဏ်ဟုန် ပူဇော် ပွဲ - လှူမြဲ လကဆုန်။

၂၁။

ယနေ့တူပြု - ကောင်းမှုစုံစုံ ပေးဝေအမျှ - တူရကြကုန် ဗြဟ္မာလူနတ် - ငြိမ်းဓာတ်ခိုလှူံ ခေါ်သာဓု - ယခု နွေ ကဆုန်။

၂၂။

သာဓုသာဓု - ခေါ်ပြုသံစုံ ဗောဓိဉာဏ်တွက် - ပန္နက်စုပုံ ပါရမီဆင့် - ရင့်ရင့်လျှံထုံ ဆုဆိုလွှမ်း - အေးချမ်းနွေကဆုန်။ သာဓု - သာဓု - သာဓု (ကဗျာ ) ဘုန်းသီ ( လန်ဒန် )

You might also like