You are on page 1of 1

သာသနာ - ၂၅၅၃ ကောဇာ - ၁၃၇၂ ခရစ်- 2010

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ သတ္တမအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲတွင် သီကုံးရေးစပ်ပူဇော်အပ်သော

(၈၀-ပေါ် တေးထပ်)

မြတ်ဗုဒ္ဓဂုဏ် - မှန်စွာတွေ့စေဘို့
မြန်မာဓလေ့ - ပွဲထူးဆင်
သံဃာမမေ့ - ဇွဲမှူးတင်သည်
သဲဦးဘဝင် - ကြည်ကြည်နူး။
ဘေးရန်အားလုံး - လွတ်ကင်းကျော်အောင်
ဝတ်စင်းကော်ရော်- ဦးခိုက်လို့ဖူး။ ။
ဝိသာခါဓါတ် - နက္ခတ်မြင်သည်
ထက်နတ်တခွင် - လျံဂုဏ်ထူး
ရက်မြတ်သဘင် - သံစုံကြူးပါလို့။
နဘံဘုံဦး - ခြိမ့်ခြိမ့်ငြာ
ဖွား ပွင့် ဝင်စံ - အစ ဗျာဒိတ်ရယ်နဲ့
အလှဖြာဖိတ် - ပြည့်ဖြိုး ကဆုန်လ ခါ။ ။
သက်ရှိထင်ရှား - မြတ်ဘုရားပမာလို
အမြတ်ထားသာသနာ - ရောင်ဝေရွှန်းစေဘို့
ညောင်ရေချွေသွန်း - တွေးဆလှူသည့်သွင်
အေးမြ ဖြူအိလွင်။
ခုနှစ်ကြိမ်ပွဲ - စုပေါင်းယဉ်သည်
မှုကောင်းသဘင် - သာဓုလှိုင်တည့်လေး။ ။
နှစ်ထောင်ဆယ်ခု - မေနှစ်ရက်တွင်သည်
သပြေခက်အလွင် - လှူမျှဝေတည့်လေး။ ။
ဗြိတိန်ရွှေမြို့- လန်ဒန်တွင်သည်
ကံဉာဏ်အမြင် - ထက်ကြောင်းသာဓုလေး။ ။

သာဓု-သာဓု-သာဓု

(ကဗျာ) ဘုန်းသီ - (လန်ဒန်)

You might also like