You are on page 1of 1

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေ

သွေးစည်းညီညတ
ွ်ရေး အဖွဲ့ချုပ်

စာအမှတ် ။ ။ ၄/၂၀၁၀ ( WFSLB )


ရက်စွဲ ။ ။ ၈ - ၃ - ၂၀၁၀ (တနင်္လာနေ့)

အလုပ်သမားသပိတ်တိုက်ပွဲများ အရှိန်မြှင့်နေရခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁) ယနေ့ ၂၀၁၀ ခုနှစ် မတ်လ ၈ ရက် တနင်္လာနေ့တွင် မနက်(၈)နာရီခန့်ကတည်းက လှိုင်သာယာ စက်မှုဇုံအမှတ် (၂) Lucky Shoes ဖိနပ်စက်ရုံမှ
အလုပ်သမားအင်အား ၅၀၀ ခန့်သည် လုပ်ခလစာလောက်ငစွာရရှိရေး ဆန္ဒပြသည့်အနေဖြင့် ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်တွင် စုရုံးထိုင်နေခဲ့ကြ
ပါသည်။ အာဏာပိုင်များက ထိုအလုပ်သမားများကို ဗိုလ်ချုပ်လမ်းထဲသို့ သွင်းပြီး၊ စက်ရုံဝင်းထဲသို့ ချော့ကာ ခြောက်ကာ ၀င်ခိုင်းခဲ့ပါသည်။ လမ်းကြီး
ပေါ်တွင် ရဲကား ၁စီး၊ ဗိုလ်ချုပ်လမ်းထဲတွင် နီဆန်းပက်ထရို ရဲကား ၃ စီးနှင့် အရပ်ဝတ်ဆိုင်ကယ်အများအပြား စောင့်ကြပ်နေပါသည်။

၂) ယခုလ ၆ ရက် စနေနေ့ကလည်း လှိုင်သာယာ စက်မှုဇုံ ၅ ရှိ ငွေကံကော် အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လစာတိုးတောင်းသည့် ဆန္ဒ
ပြပွဲကို ပြုလုပ်ခဲ့ကြပါသည်။

၃) ယခုလ သောကြာနေ့ ၅ ရက်နေ့က ရက်စ်ဝမ်း (Yes1) အထည်ချုပ်စက်ရုံမှ အလုပ်သမများ ၁၀၀ ကျော်ခန့်သည် စက်ရုံဆင်းချိန်တွင်
ဆန္ဒပြသည့်အနေဖြင့် လမ်းလျှောက်ပြန်ခြဲ့ ကပါသည်။ ရက်စ်ဝမ်း အထည်ချုပ်စက်ရုံသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ဆန္ဒပြပြီး ဖြစ်သော်လည်း ယခု
ထပ်မံဆန္ဒပြရသည့်အကြောင်းမှာ လစာ ၅၀၀၀ သာ တိုးပေးသည့်အတွက် မလောက်ငှသောကြောင့် လကုန်သည့်အခါ ဆက်လက် ဆန္ဒပြကြခြင်း
ဖြစ်သည်။ စက်ရုံတာဝန်ရှိသူများနှင့် အာဏာပိုင်များက န၀ဒေးမှတ်တိုင်နှင့် ဘုရားလမ်းမှတ်တိုင်ကြားတွင် အတင်းအကြပ် ကားများပေါ်တင်၍
အိမ်များသို့ ပြန်ပို့ ပေးခံခ့ရ
ဲ ပါသည်။

၎) ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကလည်း လှိုင်သာယာစက်မှုဇုံ ၁ ရှိ မိုင်းနပ်စ်အထည်ချုပ်စက်ရုံတွင် ဆန္ဒပြခဲ့ကြရာ လစာ ၅၀၀၀ တိုးပေးမည်ဟု စက်ရုံ ပိုင်
ရှင်များက ကတိပေးခဲ့သော်လည်း လခထုတ်သည့်အခါ အရင်ရသည့်လခအတိုင်း၂၃၀၀၀ ပဲရကြောင်း၊ စက်ရုံမှ အလုပ်သမများက ရင်ဖွင့်ပါသည်။

၅) ယခုကဲ့သို့ စက်ရုံ အလုပ်သမားများ၏ ဘ၀ပြဿနာများကို မှန်မှန်ကန်ကန်ဖြေရှင်းမပေးဘဲ ပြီးစလွယ် ဖြေရှင်းနေလျှင် ဆက်လက်ဖြစ်ပေါ်လာမည့်


အခြေအနေများနှင့် ပတ်သက်၍ ရွှေပြည်သာစက်မှုဇုံရှိ အလုပ်သမတဦးလည်းဖြစ်၊ မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညတ
ွ်ရေး
အဖွဲ့ချုပ်မှ အမျိုးသမီးခေါင်းဆောင် တဦးလည်းဖြစ်သူ မရီရီရှိန်က ယခုလို ပြောကြားခဲ့ပါသည်။
“ အခု ဖြေရှ
ဖြေရှင်းနည်းက မမှန်ဘူး။ တကျောင်းတဂါထာ ဖြစ်
ဖြစ်နေတယ်။ အလုပ်သမားတွေရဲ့ဘ၀ကို ပြီးစလွယ်ဖြေရှင်းနေပြီး ကျမတုကု
ိ့ကို နားလှည့်ပါးရိုက်
လုပ်နေတာဟာ ပြသနာေ
ပြသနာတွေ
ပသနာတွေကု
ကို အမှန်တကယ် ပြေလည်
ပြေလည်နိုင်မှာမဟုတ်ဘူး။ တကယ်တော့ အခုဆန္ဒပြပွဲတွေက အလုပ်သမားတွေဟာ တိုင်းပြည်မှာ
အမှန်တကယ် ဆင်းရဲဒုက္ခရောက်နေတာ ထင်ရှားနေတာကြောင်
းနေတာကြောင့် အစိုးရက တာဝ
တာဝန်ယူပြီးတော့ လုပ်ခလစာတွေ၊ အလုပ်ချိန်တွေကို တပြေးညီ
သတ်မှတ်ပေးရမှာဖြစ်တယ်။ အဲသလို အစိုးရကိုယ်တိုင် တာဝ
တာဝန်ယူ မဖြေရှင်းပေးဘဲ ရတဲ့စက်ရုံကရ။
ရ။ မရတဲ့စက်ရုံက မရ၊ ရမယ်ပြောပြီး မရ၊
ဒီအတိုင်းသာဆိုရင် ကျမတို့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်သမားထုကြီးတရပ်လုံးက ဆန္ဒပြပွဲတွေကို ဆက်လက်ပြုလုပ်သွားကြမှာဖြစ်တယ်။”

“အဖိ
“အဖိနှိပ်ခံ အလုပ်သမား လယ်သမားအပေါင်းတို့ သွေ
သွေးစည်းညီညတ
ွ်ကြ”
က”

မြန်
မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေ
သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်
ရန်ကုန်မြို့၊ မြန်
မြန်မာနိုင်ငံ ။
ဆက်သွယ်ရန် ။ ။ wfslb2009@gmail.com

You might also like