You are on page 1of 2

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး

၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။ ။ ၄/၂၀၁၀(မဃတ+၈၈+ဗကသ)
ရက်စွဲ။ ။ မတ်လ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

နိုင်ငံရေးပါတီ
ရးပါတီများမှ
များမှတ်ပုံတင်ခြင်းကို
များ
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆန့်ကျင်ကြ

(၁) ယခုလာမည့် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပဥ


ွဲ ပဒေများအောက်တွင် ပါတီ
မှတ်ပုံ တင်ရေး မတင်ရေးကို ဆုံးဖြတ်ကြတော့မည်ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီတရပ်
အနေဖြင့် မိမိတို့ပါတီတွင်းကိစ္စကို မိမိတို့ဖာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည်သာဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေတွင် ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံကြီးနှင့်အတူ ပေါ်ပေါက်လာ
ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ သက်သက်နှင့်သာ သက်ဆိုင်သည့်
ပါတီ မဟုတ်ဘဲ၊ မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး
ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အပြင် ပြည်သူလူထုကြီးတရပ်လုံးနှင့် သက်ဆိုင်နေသည့် ပြည်သူ့ပါတီဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကောင်းကျိုး ဆိုးကျိုးအားလုံးကို ပြည်သူတရပ်လုံးကပါ အတူခံစားကြရမည်ဖြစ်ပါသည်။

(၂) ထို့ကြောင့် ယနေ့အချိန်တွင် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများ နှင့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မည်သို့သဘောထား၍ မည်သို့ရင်ဆိုင်ဖြတ်သန်းမလဲဆိုသောကိစ္စသည် မြန်မာပြည်သူ လူထု
တရပ်လုံး တာဝန်ရှိရှိ ၀ိုင်းဝန်းစဉ်းစား၍ တာဝန်ရှိရှိ သဘောထားပေးကြရမည့်အချိန်ဖြစ်နေပါသည်။

(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ မိမိတို့၏ လူထုခေါင်းဆောင်လည်းဖြစ်သည့်


ဒေါ်အောင်ဆန်းစုကြည်က ယခုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် သဘောထားများကို အောက်ပါအတိုင်း
ပေးခဲ့ပြီးဖြစ်ပါသည်။
မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့်အစီအစဉ်တွင် -
“ဒေါ်အောင်
ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။
အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊
စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို
ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို
ဖြစ်ပေါ်စေတယ်တဲ့။” ဟူ၍လည်းကောင်း၊
မတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့်အစီအစဉ်တွင်
စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း ကန့်ကွက်လိုက်ပါတယ်။
ဟူ၍လည်းကောင်း ရှေ့နေဦးဥာဏ်ဝင်းမှတဆင့် အမျိုးသားဒီမိုကရေစီအဖွ့ခ
ျဲုပ်နှင့်တကွ မြန်မာပြည်သူလူထုကြီး တရပ်လုံးသို့
သူ၏ သဘောထားကို ပြောကြားခဲ့ပြီးဖြစ်ပါသည်။

(၄) လူထုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဖြင့် ပြည်သူ့ကိုယ်စားလှယ် (mandate) ပေးထားသောပါတီ ဖြစ်သည့်အတွက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးအရ တရားဝင်ဖြစ်မှုသည် ပြည်သူလူထု၏ အဆုံးအဖြတ်ပေါ်တွင်သာ တည်မှီပြီး၊
နအဖ စစ်အစိုးရအပေါ်တွင် လုံးဝမတည်မှီပါ။ ပြည်သူလူထုက အသိအမှတ်ပြု ထောက်ခံနေသရွေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ်သည် ပြည်သူ့ပါတီအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး၊ နအဖစစ်အစိုးရကအသိအမှတ်ပြုလျှင် ထားရာနေ စေရာသွား နအဖ
စစ်အစိုးရပါတီအဖြစ်သာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။

(၅) ထို့ကြောင့် ယနေ့အချိန်ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့်


အညီ

၁) ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက်ဆုပ်ကိုင်ပြီး


၂) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို နာခံကြောင်း လက်မှတ်ထိုးရသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို လုံးဝ
ပြတ်ပြတ်သားသား ငြင်းပယ်ရန်သာ ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် ပြည်သူ့ပါတီဖြစ်သည့်အတိုင်း ပြည်သူ လူထု


၏ထောက်ခံမှုနှင့်အတူ ပြည်သူလူထုကြားတွင် ဗမာတပြည်လုံး ကိုယ့်ပါတီရုံးခန်းအဖြစ် သဘောထားပြီး စစ်အစိုးရထံတွင် လုံးဝ
ပါတီမှတ်ပုံတင်ခြင်း မလုပ်ဘဲ ပြည်သူနှင့်လက်တွဲ၍ ဆက်လက်ရပ်တည်လှုပ်ရှားသွားရန် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့
တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈မျိုးဆက်ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့မှ အလေး အနက်
တိုက်တွန်းလိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး


၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

You might also like