Professional Documents
Culture Documents
Where We Go (Pathi U Ko Ko Lay)
Where We Go (Pathi U Ko Ko Lay)
ပသီဦးကိုကိုလေး
- ဘယ်က လာခဲ့ကြသလဲ …… ?
- ဘယ်မှာနေခဲ့ကြသလဲ ……… ?
- ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
- ဘယ်ကိုသွားကြမှာလဲ ……… ?
“အတိ တ် ကဖြစ် ရ ပ် များကို ရေလည်ေ အာင် ပြောကြသူ တို့  စဉ်း စားသုံး သပ် နို င်ြ ခင်း ငှာ ” လို့ လမ်းညွှန်
ဗျာဒိတ်တော် မူထားတာရှိပါတယ်။
1
(၂) ဘယ်မှာ နေခဲ့ကြသလဲ ……… ?
လူ့  အ စု အ ဝေးကြီး (၃)ရပ်
(၁) မွန်ခမာအုပ်စု
(၂) တိဘက်မြန်မာအုပ်စု
(၁) သက်(ချင်း)၊ (၂) ရခိုင်၊ (၃) ထားဝယ်၊ (၄) ဗရဲတောင်သူ၊ (၅) ပျော့၊ (၆) ပျူ၊ (၇) ကမ်းယံ … စသည့် လူမျိုး(၇)မျိုး
ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာတယ်လို့ဆိုကြောင်း လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က ပေါ်ပေါက်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်မှာ
တွေ့ရှိရပါတယ်။
“ သက် နှ င့် ရ ခို င်
နှို င်းြ ပို င် ထား ၀ ယ်
2
ဗရဲေ တာင် သူ
ခု နှ စ် တန်
ထူး ခြား မှု များ
3
၁၇-ရာစုနှစ်များအတွင်း ညောင်းရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း(၁၆၁၂-၁၆၂၈)လက်ထက်၌ ငဇင်ကာနှင့်
စစ်ဖြစ်ပွားပြီး သင်္ဘော (၄)စီးပါ အိန္ဒိယစစ်သား(၃၀၀၀)ကျော်ဖမ်းဆီးရမိရာ မွတ်စလင်မ်များပါဝင်ခဲ့တယ်လို့ ‘မှန်နန်းရာဇ၀င်’
တတိယအတွဲ စာမျက်နှာ (၁၇၂)မှာ တွေ့ရပါတယ်။
4
=====================
ဒီခေါင်းစဉ်ကို တင်ပြပါမယ်။
5
ကုန်းဘောင်ခတ်အဆက်ဆက်အတွင်း ဗဒုံမင်းလို့ခေါ်တဲ့ ဘိုးတော်ဦးဝိုင်း(၁၈၇၁-၁၈၁၉)ခေတ်မှာ
အစ္စလာမ်သာသနာဝင်တို့သည် အထက်ပါနေရာဒေသတိှု့မှာ အတည်တကျလည်းရှိနေကြပြီး ဘုရင့်သစ္စာတော်ခံများလည်း
ဖြစ်ကြတယ်။ ဒေသများမှာ လည်း ပြန့်ကျဲနေထိုင်ကြတယ်။ အဲဒီလူတွေအပေါ်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအရ
ဆုံးဖြတ်ရမယ့်ပြဿနာတို့လည်းရှိလာတာကြောင့် ဘာသာတရားဓမ္မနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တို့ကိုပေးနိုင်ရန်
သာသနာ့ပညာရှိကြီးဖြစ်တဲ့ ‘အာဗိရှားဟ်ဟိုစိုင်နီသခင်ကြီး’ကို အစ္စလာမ်ဓမ္မသတ်မှူးကြီးအဖြစ် ခန့်အပ်တယ်လို့ အမိန့်တော်
ပြန်တမ်းထုတ်ခဲ့တယ်။
=====================
6
(၃) ဘာတွေ လု ပ် ခဲ့ြ ကသလဲ
ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး တင်ပြပါ့မယ်။
8
(၁၉၃၈)ခု ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ‘ဗမာမွတ်စလင်မ်နိုးကြားရေးအဖွဲ့’ပေါ်ခဲ့တယ်။ ‘တို့ဗမာအစည်းအရုံး ’
ကြွေးကြော်သံ ‘ဗမာပြည် - တို့ပြည်၊ ဗမာစာ - တို့စာ၊ ဗမာစကား - တို့စကား’ဆိုတဲ့ ကြွေးကြော်သံကို ထပ်တူလက်ခံပြီး
တို့ဗမာအစည်းအရုံးနဲ့လက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြတယ်။
9
(၃) ဦးခင်မောင်လတ် (မြောင်းမြ၊ ကျေးလက်တောင်ပိုင်း)
=====================
ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး နည်းနည်းရှင်းချင်ပါတယ်။
10
စာဆိုရှင်ကြီး ‘မုဟမ္မဒ်ကာစင် (ခေါ်) ဆရာကြီးဦးနု’ဟာ (၅၅)ပိုဒ်ပါတဲ့ လင်္ကာ ကြီးကို ခရီးသွားမှတ်တမ်းအဖြစ်
ရေးစပ်ခဲ့တယ်။ အပိုဒ်တိုင်းက အစ္စလာမ်သာသနာကို အခြေခံခဲ့တယ်။ ရောက်ရာအရပ်မှာ မွေးမြူဖန်ဆင်းရှင် အလ္လာ ဟ်
အရှင်ကိုအမြဲတမ်းသတိရနေရမယ်။
‘စာပေ၊ ၀တ္ထု၊ ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာ နှင့် သာသည့်သီချင်း အဲစောင်းညှင်းကို မကင်းမပြတ် ဖတ်ရွတ်လေ့ကျက်
တီးမှုတ်လျက်သာနေကောင်းစွာ တည်း’လို့ ၀န်ကြီးပဒေသရာဇာက ဆိုခဲ့ပါတယ်။
11
အနယ်နယ်အရပ်အရပ်မှ လူမျိုးစုခေါင်းဆောင်တို့နဲ့ ရင်းနှီးမှုရခဲ့ကြတယ်။ ဒီရင်းနှီးမှုက ဘယ်မှာအကျိုးရှိခဲ့သလို
ဆိုတော့ နိုင်ငံတော်ဘာသာပြုလုပ်ရေးကန့်ကွက်ကြတော့ အဲဒီလူမျိုးပေါင်းစုံတို့နှင့် လက်တွဲမိခဲ့ကြတယ်။ ပိုမိုရင်းနှီးခဲ့ကြ
တယ်။ ခုတော့ သေကုန်တဲ့လူတွေများပါပြီ။ အသက်မသေကျန်နေကြသူတို့နဲ့ ဒီနေ့အထိ ချစ်ခင်ရင်းနှီးမှုရှိကြပါတယ်။
12
ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အခမ်းအနားများမှာ သ၀ဏ်လွှာ ပေးခြင်း၊ မိန့်ခွန်းပြောကြားခြင်းတို့မှာ
အဆိုပါအချက်အလက်များထည့်သွင်းဖော်ပြဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။
ပသီဦးကိုကိုလေး
============================
13
ဆရာတို့အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ရဲ့ရည်ညွှန်းချက်ဖြစ်တဲ့ ‘မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသား
ပီသရေး’ဆိုတာကို အဓိကထားတာဖြစ်ပါတယ်။
14
အတည် တ ကျ လု ပ်ေ မြနေမြေပေးခြင်း
15
“အရ င် ကရှိ ခဲ့  သူ တို့  ကို အ လ္လာ ဟ် အ ရှ င်ြ မ တ် ေ န ရာေ ပး ခဲ ့ သည် ။ ထို့  နောက် အု ပ် စု တစ် စု ကို
ဖန် ဆင်း ခဲ့  သည် ။ ” (ကုရ်အာန် - ၆း၆)
16
ရေးရာကောင်စီဌာနချုပ် ဗဟိုအမှုဆောင်၊ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်ခဲ့သူ ဟာဂျီဦးသန်းညွန့်၏ ဖခင် ယခု
ပြင်ဦးလွင်မြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီခွဲဥက္ကဌ ဦးခင်မောင်သန်းညွန့်၊ အကောက်ခွန်ဦးစီးဌာနအရာရှိ(ငြိမ်း)၏
အဘိုးဖြစ်ပါတယ်။
17
ဝိုင်အမ်ဘီဘေ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို (၁၉၀၆)ခုမှာ ဖွဲ့စည်းခဲ့ကြတယ်။ (၁၉၀၉)ခုမှာ ဘားမားမွတ်စလင်မ်
ဆိုဆိုက်ယီတီဆိုတဲ့အဖွဲ့ပေါ်လာတယ်။ အဖွဲ့နှစ်ခု ရည်ရွယ်ချက်တော့ ထပ်တူမဖြစ်ပေမယ့် တူညီတာတွေရှိကြတယ်။
အိန္ဒိယသားတို့ရဲ့ သြဇာလွှမ်းမိုးနိုင်ရေးအတွက် (၁၉၁၅)ခုနှစ်မှာ မွတ်စလင်မ်ပညာရေးအဖွဲ့ချုပ်ဆိုတာပေါ်ခဲ့ပြီး
မြန်မာစာမသင်ရ၊ အူရဒူစာပေအဓိကထားသင်ရမယ်ဆိုတဲ့စနစ်ကို မူချပြီး တစ်နိုင်ငံလုံးမြို့တွေမှာ သူတို့ထောက်ပံ့တဲ့
ကျောင်းတွေဖွင့်ပြီး ဆရာတို့မူလမျိုးချစ်စိတ်တွေပျောက်အောင်လုပ်ခဲ့ကြတယ်။
တိုင်းပြည်အုပ်ချုပ်တဲ့နယ်ချဲ့အစိုးရကလည်း တက္ကသိုလ်ပညာသင်ရေးမှာ ငွေကြေးတတ်နိုင်သူတို့ရဲ့ သားသမီးများ၊
သူ့ကျွန်လုပ်မယ့် လူတို့ကိုသာ တက္ကသိုလ်ပညာသင်နိုင်မယ့်ပြဋ္ဌာန်းချက်တစ်ရပ်ကို ဘုရင်ခံက အတည်ပြုကြေညာလို့
တက္ကသိုလ်ကျောင်းသားများသပိတ်မှောက်တိုက်ပွဲဝင်ရန် (၁၁)ဦးပါဝင်တဲ့ အစုတစ်စုပေါ်လာတယ်။ အဲဒီ(၁၁)ဦးထဲမှာ
ဦးဘရှင်(သံတွဲ)ဟာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်ပါ။ တိုက်ပွဲမှာ နောက်မဆုတ်တမ်းတိုက်ခိုက်ကြဖို့ သစ္စာ
ဆိုကြတယ်။ (မှတ်စု - ၁၇ ကိုကြည့်ပါ။)
ရန်ကုန်တက္ကသိုလ်များတိုက်ပွဲကြောင့် အမျိုးသားကျောင်းတွေ မြန်မာနိုင်ငံမြို့ကြီးတွေမှာ ဖွင့်ခဲ့ကြတော့ မန္တလေးမြို့
မှာ အမျိုးသားကျောင်းပေါ်လာတယ်။ ဆရာကြီးဦးရာဇတ်က ကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့တယ်။
(၁၉၃၀)ခုမှာ ဆိပ်ကမ်းအလုပ်သမား တေလဂူတွေနဲ့ မြန်မာအလုပ်သမား စိတ်ဝမ်းကွဲမှုဖြစ်ကြရတဲ့ ပထမကြိမ်
ကုလား - ဗမာ အဓိကရုဏ်းဖြစ်ခဲ့တော့ နိုင်ငံခြားသားချင်းတူတဲ့ အိန္ဒိယသားမွတ်စလင်မ်အချို့က တေလဂူတွေဘက်က ပါခဲ့
ကြလို့ ဆရာတို့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တို့နှင့် မြန်မာလူမျိုးတို့ကြား စိတ်ဝမ်းကွဲမှုဖြစ်လာကြတယ်။ အဲဒီ
ပြဿနာဟာ ဒီနေ့အထိ ရှင်းလို့ မပြီးနိုင်သေးပါဘူး။
အဲဒီလိုအချိန်အတွင်းမှာ ဂျီစီဘီအေ ဗုဒ္ဓဘာသာအသင်းချုပ်ကြီးနဲ့ ဂျီစီဘီအမ်အေဆိုတဲ့ ဗမာမွတ်စလင်မ်အသင်းချုပ်
ကြီး ဆိုတာလည်း ပေါ်နေပြီး လုပ်ငန်းတူ ပူးပေါင်းဆောင်ရွက်ကြတာလဲရှိကြတယ်။
(၁၉၃၀)ခုနှစ်မှာ တော့ ဆရာစံခေါင်းဆောင်တဲ့ လယ်သမားအရေးတော်ပုံကြီးပေါ်လာတယ်။ အင်္ဂလိပ်နယ်ချဲ့ကို
လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ လယ်သမားသူပုန်ကြီးပါ။ အဲဒီဆရာစံလယ်သမားသူပုန်ကြီးမှာ ‘က’တပ်သားကြီးအဖြစ်နဲ့
ဦးဒူဒူးဆိုတဲ့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်ကြီးပါခဲ့ပြီး ဆရာစံသူပုန်ကြီးတည်ရာနဲ့ ၄-၅ မိုင်ကွာတဲ့ မွတ်စလင်မ်ရွာကြီး
က လယ်သမားတို့ သူပုန်အဖွဲ့မှာ ပါခဲ့ကြတယ်။ (မှတ်စု - ၁၈ ကို ကြည့်ပါ။)
(၁၉၃၀)ခု ဆရာစံလယ်သမားသူပုန်ကြီးပြီးပြီးချင်းဆိုသလို သခင်လူငယ်များခေါင်းဆောင်တဲ့ တို့ဗမာအစည်းအရုံး
ပေါ်လာတယ်။ တို့ဗမာအစည်းအရုံးကြီးက ဗမာပြည် တို့ပြည်၊ ဗမာစကား တို့စကား၊ ဗမာစာ တို့စာတို့တဲ့ ကြွေးကြော်သံ
ထုတ်ပြီး တိုင်းပြည်တစ်ဝန်းလုံးနယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြတယ်။ အဲဒီအဖွဲ့ဝင်တွေကို ‘သခင်ပေါက်စ ထောင်ခြောက်လ’ လို့
သတ်မှတ်ခဲ့ကြတာလဲရှိတယ်။ အဲဒီအဖွဲ့ထဲပါရင် ထောင်ခြောက်လကျရမယ်ဆိုတဲ့အထဲမှာ သခင်အဖွဲ့ဝင်အဖြစ်
တိုင်းရင်းသားအစ္စလာမ်သာသနာဝင်လူငယ်တွေပါခဲ့ကြတယ်။
နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင်ကြတဲ့အထိ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်လူထုကြီး ပါဝင်လာရေးအတွက်
တို့ဗမာအစည်းအရုံးကြွေးကြော်သံသုံးရပ်ကိုအခြေခံပြီး မန္တလေးကိုဗဟိုပြုပြီး (၁၉၃၈) ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ မြန်မာ
မွတ်စလင်မ်နိုးကြားရေးအဖွဲ့ဆိုတာ ဖွဲ့ခဲ့ကြတယ်။ အဲဒီအဖွဲ့ကို ပုဂ္ဂိုလ်တစ်ချို့က ကုလားသခင်အဖွဲ့လို့ခေါ်ခဲ့ကြတာလည်း
ရှိတယ်။ ဘယ်သူဘာပြောပြော နယ်ချဲ့ဆန့်ကျင်ရေးအတွက် နိုးကြားရေးအဖွဲ့က ဦးတည်လုပ်ခဲ့ကြတာမို့ တစ်ပြည်လုံး
အတိုင်းအတာဆောင်ခဲ့တယ်။ မြို့နယ်တစ်ခုရဲ့အဖွဲ့မှာ ဆရာလည်း ပါခဲ့ရတယ်။
နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေတိုးလာလို့ နယ်ချဲ့အင်္ဂလိပ်အစိုးရက မြန်မာပြည်အုပ်ချုပ်ရေးအဆင့်တိုးပေးဖို့
အင်္ဂလန်နိုင်ငံမှာ (၁၉၃၀)ခု နိုဝင်ဘာလ(၂၇)ရက်ကနေ (၁၉၃၁)ခု ဇန်န၀ါရီလ(၁၂)ရက်ထိတိုင် ကျင်းပတဲ့ ‘ရောင်းတေဘဲလ်
ကွန်ဖရင့်’ (စားပွဲဝိုင်းကွန်ဖရင့်)တက်ဖို့သွားကြတဲ့အုပ်စုထဲမှာ ဦးအောင်သင်း(တိုင်းရင်းသားအစ္စလာမ်သာသနာဝင်)ပါခဲ့
ရတယ်။
(၁၉၃၈)ခု (၁၃၀၀-ပြည့်အရေးတော်ပုံကြီး)လို့သမိုင်းတွင်နေတဲ့ ရေနံမြေအလုပ်သမားသပိတ်ကြီးပေါ်လာလို့
ရန်ကုန်သို့ ချီတက်ရာမှာ ဘာသာယုံကြည်မှုမခွဲခြားပဲ ဘ၀တူအလုပ်သမားတို့နဲ့အတူ တိုက်ပွဲဝင်ကြရာမှာ လဲ တိုင်းရင်းသား
အစ္စလာမ်သာသနာဝင်အလုပ်သမားတွေ ပါခဲ့ကြတယ်။
18
(၁၉၄၃-၄၅)ခုနှစ်တို့ကတော့ ဂျပန်ဖက်ဆစ်တို့အုပ်စိုးတဲ့ကာလပါ။ ဂျပန်ကိုတော်လှန်ရေးအတွက် ဘီိဒီအေအဖွဲ့
ဗမာ့ကာကွယ်ရေးတပ်မတော်ထဲမှာ တပ်သားတွေအဖြစ် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တို့လဲ ပါဝင်ထမ်းဆောင်ခဲ့ကြ
တယ်။ ဂျပန်ခေတ် ဗိုလ်သင်တန်းတက်ခဲ့ရသူတို့လဲရှိခဲ့ကြတယ်။
ဂျပန်ခေတ်အတွင်းဖွဲ့စည်းတဲ့ ဗလငါးတန်အခြေခံမယ်ဆိုတဲ့ အာရှလူငယ်အဖွဲ့ပေါ်ခဲ့တော့ တစ်ပြည်လုံးအတိုင်း
အတာနဲ့ အမျိုးသား၊ အမျိုးသမီးတို့ ပါခဲ့ကြတယ်။ အာရှလူငယ်အစည်းအရုံးက လျှို့ဝှက်အစီအစဉ်နဲ့ ဂျပန်တော်လှန်ရေးလုပ်
ကြဖို့စီစဉ်တော့ ဆရာလည်းပါခဲ့ရတယ်။ တိုင်းပြည်တစ်ရပ်လုံး အမျိုးသား အမျိုးသမီးထောင်ဂဏန်းမကပါခဲ့ကြပြီး
ဂျပန်တော်လှန်ရေးလုပ်ကြတယ်။ တစ်ချို့ ဂျပန်အဖမ်းခံရပြီး အသက်ပေးသွားကြရသူတို့လဲရှိခဲ့ကြတယ်။
(၁၉၄၅)ခုနှစ်အစောပိုင်းမှာ ပဲ ဂျပန်တို့လက်နက်ချလိုက်ကြတယ်။ မဟာမိတ်တပ်ပေါင်းစုကလဲ မြန်မာနိုင်ငံကို
ပြန်လည်သိမ်းပိုက်လိုက်ကြပြီး (၁၉၃၉)ခုနှစ်က ကျင့်သုံးခဲ့တဲ့ ဒိုမီနီယံအုပ်ချုပ်ရေးစနစ်နဲ့ (၃)နှစ်အုပ်ချုပ်မယ်၊
(၃)နှစ်ကြာတဲ့အခါ (၉၁)ဌာနအုပ်ချုပ်ရေးစနစ်ပြန်ပေးမယ်ဆိုတဲ့ စက္ကူဖြူစာတမ်းဆိုတာ ကိုင်လာတယ်။ အမျိုးသား
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး)အဖွဲ့
တပ်ပေါင်းစုက လက်မခံဘူး။ လုံးဝလွတ်လပ်ရေးပေးရမယ်ဆိုတဲ့ ကြွေးကြော်သံနှင့် တပ်ပေါင်းစုကြီးကို ကျယ်ပြန့်လာအောင်
စည်းရုံးတယ်။ အလုပ်သမား လယ်သမားတို့နဲ့ လူမျိုးစုတို့တပ်ပေါင်းစုမှာ ပါလာအောင်ကြိုးပမ်းတယ်။ ဗမာမွတ်စလင်မ် ဆိုတဲ့
အစုအဝေးကလည်း အဖွဲ့ဖွဲ့ပြီး တပ်ပေါင်းစုမှာ ပါကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းခဲ့တယ်။
အဲဒီတော့ ဒုတိယကမ္ဘာ စစ်မဖြစ်ခင်ကရှိခဲ့တဲ့ ဂျီစီဘီအမ်အေ ဗမာမွတ်စလင်မ်ပညာရေးအဖွဲ့ချုပ်နဲ့ နိုးကြားရေးအဖွဲ့
ခေါင်းဆောင်များစုပေါင်းပြီး ညီလာခံကြီးတစ်ရပ်ကျင်းပခဲ့ကြတယ်။ အဲဒီလို ပြည်လုံးဆိုင်ရာညီလာခံကြီးဖြစ်အောင် ကြိုးပမ်း
ကြသူတို့ကတော့ ဃာဇီမုဟမ္မဒ်ဟာရှင်(ကွယ်လွန်)၊ ဟာဂျီဦးအောင်စိန်-ရန်ကုန်(ကွယ်လွန်)နဲ့ ဆရာကြီးဦးသန်းဖေ-ပျဉ်းမနား
(ကွယ်လွန်)တို့ပါ။ အဲဒီပုဂ္ဂိုလ်ကြီးသုံးဦးရဲ့ကြိုးပမ်းချက်နဲ့ ပျဉ်းမနားမှာဆုံကြတဲ့ ခေါင်းဆောင်တွေက အရင်ရှိခဲ့တဲ့ အဖွဲ့တွေ
ပြန်မဖွဲ့ကြတော့ပဲ ‘ဗ မာနို င် ငံ လုံး ဆို င် ရာ ဗ မာမွ တ် စ လင် မ် ကွ န် ဂ ရ က် (ဗ မ က)’ ကို (၁၉၄၅)ခု ဒီဇင်ဘာလ
နောက်ဆုံးအပတ်မှာ ဖွဲ့ခဲ့ကြတယ်။ ညီလာခံဆုံးဖြတ်ချက်အရ ဖတပလတပ်ပေါင်းစုနဲ့လည်း ဆက်သွယ်ကြတယ်။
ဖတပလတပ်ပေါင်းစုက လူမျိုးစုအဖွဲ့အဖြစ်နဲ့ လက်ခံခဲ့တယ်။ (၁၉၄၆)ခု ဇန်န၀ါရီလ(၁၈ မှ ၂၁)ထိ ရွှေတိဂုံအလယ်ပစ္စယံမှာ
ညီလာခံကြီးကျင်းပ တော့ ဖတပလ(ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး)အဖြစ်မှ ဖဆပလ(ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်လပ် ရေး)လို့ နာမည်ပြောင်းခဲ့တယ်။
ဖဆပလတပ်ပေါင်းစုမှာ ဦးစီးကိုယ်စားလှယ်များအဖြစ် ဆရာကြီးဦးရာဇတ်(ဗမကဌာနချုပ်ဥက္ကကြီးအဖြစ် တာဝန်ယူ
ရသူ)၊ ဦးဖေခင်(သံအမတ်ကြီး-ငြိမ်း)နှင့် ကိုကြွယ်ဝတို့ ပါခဲ့ကြပြီး တိုးချဲ့ဦးစီးအဖွဲ့ဝင်များအဖြစ် ဦးညီညီ(နိုးကြားရေး)-မန္တလေး၊
ဟာဂျီဦးအောင်စိန်-ရန်ကုန်၊ မစ္စတာရာမန်း၊ ရန်ကုန် ဦးဘတင်(ခ)မစ္စတာရာရှစ်တို့ပါဝင်ခဲ့ကြတယ်။
အလယ်ပစ္စယံညီလာခံကြီးမှာ အဆိုများအဖြစ်တင်သွင်းဆုံးဖြတ်ကြတော့ အဆိုအမှတ်(၁) လုံးဝလွတ်လပ်ရေးအဆို
ကို သခင်မြက တင်သွင်းပြီး ထောက်ခံကြသူတို့တော့ သခင်စိုး၊ ဦးအောင်စိန(် ဗမက)နှင့် မြင်းခြံကိုယ်စားလှယ်ဦးကြည်လွင်
တို့ဖြစ်ကြတယ်။
ဘိလပ်သွားကိုယ်စားလှယ်ရွေးချယ်ရေးအဆိုကို ဦးဘသီ(မန္တလေး)က တင်သွင်းပြီး ဦးညီညီ(ဗမက)မန္တလေးနှင့်
ဦးကြည်လွင်(မြင်းခြံ ကိုယ်စားလှယ်)တို့က ထောက်ခံကြတယ်။ ကန့်ကွက်သူမရှိ။
တိုင်းရင်းသားလူနည်းစုများအရေးအဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းပြီး ကိုဘဆွေ(ဖျာပုံ)၊ မွန်ဘိုချိုနှင့်
ကိုဘသိန်း(ပြည်)တို့က ထောက်ခံကြတယ်။
ပြည်နယ် ပြည်မ မခွဲခြားပဲ ပူးပေါင်းလွတ်လပ်ရေးတိုက်ပွဲဝင်ကြရန်အဆိုကို ဦးဖေခင်(ဗမက)က တင်သွင်းခဲ့တယ်။
ကန့်ကွက်သူမရှိ။
နိုင်ငံတကာရေးရာအဆိုကို ဦးသိန်းဖေကတင်သွင်းပြီး ဆိုရှယ်လစ်တပ်ဦး အယ်ဒီတာဦးကိုကိုကြီးနှင့် ကိုကြွယ်ဝ
(ဗမက)ကိုယ်စားလှယ်က ထောက်ခံခဲ့တယ်။
ဒီးဒုတ်ဦးဘချိုတင်သွင်းတဲ့အဆိုအမှတ်(၆)မှာ ဗမာမွတ်စလင်မ်လူထုသည် အိန္ဒိသားများနှင့်လမ်းခွဲကြပြီး မြန်မာများ
အဖြစ် ခံယူလာကြသည်ကိုကြိုဆိုကြောင်း၊ ၎င်းတို့ကိုလူနည်းစုများရသင့်ရထိုက်သည့် အခွင့်အရေးများတန်းတူပေးရန်
ဖဆပလမှ တာဝန်ယူကြောင်းလို့ ပါရှိခဲ့တယ်။ (မှတ်စု - ၁၉(က၊ ခ၊ ဂ၊ ဃ) တို့ကိုကြည့်ပါ။)
19
(၁၉၄၆)ခုနှစ် ဒီဇင်ဘာလမှာ ဗမက အဖွဲ့ချုပ်နှစ်ပတ်လည်ညီလာခံကြီးနဲ့အတူ ဗမာမွတ်စလင်မ်လူငယ်များ
အစည်းအရုံး(ဗမလ)၊ ဗမာမွတ်စလင်မ်အမျိုးသမီးအဖွဲ့(ဗမအ)တို့ရဲ့ ညီလာခံကိုလည်း ရန်ကုန်မြို့ စတော့ကိတ်လမ်း (ယခု
သိမ်ဖြူလမ်းနဲ့ လူအိုရုံလမ်းထောင့်) ဇိနသ်အစ္စလာမ်မိန်းကလေးကျောင်းမှာ ကျင်းပကြတယ်။
ဗမကညီလာခံကို ဆရာကြီးဦးရာဇတ်က သဘာပတိအဖြစ်ဆောင်ရွက်တယ်။ မန္တလေးခရိုင်ကိုယ်စားလှယ်အဖြစ်
ဆရာပါခဲ့တယ်။
ညီလာခံကြီးမှာ ထူးခြားတာက ဆရာကြီးဒီးဒုတ်ဦးဘချိုရဲ့ အဆိုအမှတ်(၆)မှာ ပါလာတဲ့
‘ဗ မာမွ တ် စ လင် မ် ဆို သူ တို့  ကို လူ နည်း စု များ ရ သင့် ရ ထို က် တဲ့  အ ခွ င့် အေ ရး မ် ား ေ ပးရ န် ဖ ဆပ လ
အဖွဲ့  ချု ပ်ြ ကီး က တာဝ န် ယူ မ ယ် ’ ဆို တာကို အကြောင်းပြုပြီး လူ န ည်း စု အ ခွ င့် အေ ရး
ယူ ရ မ ယ် / မ ယူ သင့် ဘူး ဆို တဲ့  အစု နှ စ် စု ကွဲြ ကတယ် ။ ညှိနှိုင်းမရလို့ မဲခွဲကြရတယ်။
သဘာပတိ ဆရာကြီးဦးရာဇတ်က ပထမလူနည်းစုအခွင့်အရေးယူချင်သူများကို မတ်တပ်ရပ်စေပြီး ရေတွက်တော့
(၃၇)မဲဖြစ်တယ်။
ဒုတိယလူနည်းစုအခွင့်အရေးမယူချင်သူများကိုရေတွက်တော့လည်း (၃၇)မဲ။ မဲချင်းတူနေတယ်။
လူ န ည်း စု အ ခွ င့် အ ရေး ယူ သင့် တယ် ဆို တဲ့  ဘက် က ဆန္ဒ မဲေ ပြး ကတဲ့  (၃ ၇) ဦး ထဲ မှာ
မောင် လာနာဃာဇီ မု ဟမ္မ ဒ် ဟာရှ င် (ေ နာင် အစ္စ လာမ် သာသနာရေးရာေ ကာင် စီ ဌာနချု ပ် ဥ က္က ဌြ ကီး ၊
ကွ ယ် လွ န် ) ပါ ခဲ့  တယ် ။ မယူသင့်တဲ့ဘက်က ဆရာပါခဲ့တယ်။
မဲချင်းတူနေလို့ သဘာပတိအဆုံးအဖြတ်မဲကို ဆရာကြီးဦးရာဇတ်က မယူသင့်တဲ့ဘက်ကို မဲပေးဆုံးဖြတ်ခဲ့တယ်။
မဲရှုံးသူတို့က ညီလာခံကို သပိတ်မှောက်ထွက်သွားကြတယ်။
(၁၉၄၇)-ခုနှစ် ဇူလိုင်လ(၁၉)ရက်မှာ ဆရာကြီးဦးရာဇတ်နဲ့သက်တော်စောင့် ရဲဘော်ကိုထွေးတို့ တိုင်းပြည်အတွက်
အသက်ပေးခဲ့တယ်။
နယ်ချဲ့ခေတ် (၉၁)ဌာန အုပ်ချုပ်ရေးနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲနဲ့ ဒုတိယအကြိမ်ရွေးကောက်ပွဲတို့မှာ
မင်းတိုင်ပင်အမတ်၊ ပြည်သူ့လွှတ်တော်အမတ်၊ လူမျိုးစုလွှတ်တော်အမတ်အမတ်များအဖြစ် ရွေးချယ်ခံကြရပြီး တိုင်းပြည်
တာဝန်ထမ်းဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် တာဝန်ယူခဲ့ကြတာတွေလည်းရှိတယ်။ (မှတ်စု - ၂၀ ကို
ကြည့်ပါ။)
ဗမက ပထမဆုံးနှစ်ပတ်လည်ညီလာခံမှာ လူနည်းစုယူသင့်မယူသင့်မဲခွဲကြတော့ ရှုံးတဲ့ဘက်က ညီလာခံကို
သပိတ်မှောက်ထွက်သွားကြလို့ ဆရာတို့လူငယ်ပိုင်းက ဗမာကို ဗမာကသိရေးကြွေးကြော်သံနဲ့ဗမကကို ဆက်တာဝန်ယူခဲ့
ကြတယ်။ စည်းရုံးရေး ကျယ်ပြန့်လာတယ်။ ကျစ်လစ်တဲ့အဖွဲ့ဖြစ်လာတယ်။ ဒါကို ဖဆပလက မလိုလားဘူး။ (၁၉၅၂)ခုမှာ
ဗမက မရှိသင့်ဘူးဖျက်ရမယ်လို့ ဖဆပလမှာ ပြဿနာပေါ်လာတယ်။ ခေါင်းဆောင်တို့က ဖျက်လို့မရသေးဘူး။ ဗမကအဖွဲ့
ဟာ ဘာသာရေးမဟုတ် နိုင်ငံရေးအဖွဲ့ဖြစ်တယ်။ ဗမာကို ဗမာကသိလာတဲ့အခါ ဗမက မလိုတော့တဲ့အချိန်ဖြစ်မယ်လို့ ဗမက
ပန်းတိုင်ကြေညာစာတမ်း (၁၉၅၂)-ခုနှစ်မှာ ထုတ်ခဲ့ကြတယ်။ ဒါဆို ဖဆပလက မကျေနပ်လို့ တရားရုံးချုပ်တင်ခဲ့တယ်။
တရားသူကြီးချုပ် ဒေါက်တာဦးအေးမောင်က ဒီပြဿနာကို တရားရုံးချုပ်ကဆုံးဖြတ်တာထက် နိုင်ငံရေးအရ ညှိနှိုင်း
ဆောင်ရွက်ကြပါလို့ ပြန်ကြားခဲ့တယ်လို့ သိရပါတယ်။
(၁၉၅၃)ခုနှစ်အတွင်းမှာ ဒီပြဿနာ ထပ်မပေါ်ခဲ့ဘူး။
(၁၉၅၄)ခုနှစ်လယ်ပိုင်းမှာ ဗမက မရှိသင့်တော့ဘူးဆိုတာ ပြန်ပေါ်လာလို့ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များနဲ့ ဗမက
ဌာနချုပ်ခေါင်းဆောင်များ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြရပြန်တယ်။
ဗမက ဌာနချုပ်ခေါင်းဆောင်တို့က အစ္စလာမ်သာသနာသက်ဝင်ယုံကြည်ကြတဲ့ လူ့အဖွဲ့အစည်းကြီးအတွင်း ဘာသာ
ယုံကြည်ကိုးကွယ်မှုကို အကြောင်းပြုပြီး ပေါ်ပေါက်နေတဲ့ ပြဿနာတွေရှိနေတာကို တင်ပြကြလို့ သာသနာနဲ့ဆိုင်တဲ့ ကိစ္စေ တွ
ဖြေရှင်းပေးကြဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ကြပါ။
ဒါကို ဗမကဌာနချုပ်က သဘောတူခဲ့ကြလို့ (၁၉၅၄)ခု ဒီဇင်ဘာလ(၅)ရက်နေ့မှာ အစ္စလာမ်သာသနာရေးရာကောင်စီ
အဖွဲ့ကြီးပေါ်ခဲ့တာဖြစ်တယ်။ အစ္စလာမ်သာသနာအရေးကိစ္စတို့ကို ဖြေရှင်းကြဖို့ ရန်ပုံငွေအဖြစ် နှစ်စဉ်ထောက်ပံ့ကြေးကို
လည်း ဖဆပလအစိုးရက ထောက်ပံ့မယ်လို့လဲ ကတိပြုခဲ့တယ်။ ဗမကကိုတော့ မဖျက်ရသေးဘူး။
20
(၁၉၅၅)ခု ဒီဇင်ဘာမှာ ပြုလုပ်ကြတဲ့ ညီလာခံကြီးအဖွင့်နေ့မှာ ဖဆပလအဖွဲ့ချုပ်ကိုယ်စား ၀န်ကြီး ဦးကျော်ငြိမ်း
တက်ရောက်လာပြီး ‘ဒီညီလာခံက ဗမကဖျက်သိမ်းဖို့ ဆုံးဖျက်ကြပါ။ မဖျက်ကြရင် ဖဆပလနဲ့ စိတ်ဝမ်းကွဲမှုတွေ ပေါ်လာနိုင်
တယ်’ဆိုတဲ့စာတမ်းဖတ်ပြပြီး ညီလာခံသဘာပတိ ဦးခင်မောင်လတ်ကို ပေးအပ်သွားပြန်တယ်။
ဗမကညီလာခံကြီးမှာ ဖျက်ရေး/မဖျက်ရေး အကြိတ်အနယ်ဆွေးနွေးကြရတယ်။ တစ်ချို့ဒေသတွေမှာ ဗမာကို
ဗမာက သိနေကြလို့ မလိုတော့သလို မသိသေးတဲ့ဒေသတွေလည်းရှိနေတာမို့ တစ်စ တစ်စ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြ
တယ်။
ညီလာခံကြီးပြီးနောက်နေ့ (၁၉၅၅)ခု ဒီဇင်ဘာလ(၃၀)ရက်နေ့ ဖဆပလဥက္ကဌလည်းဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်လည်း
ဖြစ်တဲ့ ဦးနုတက်ရောက်လာပြီး နာရီဝက်ခန့် မိန့်ခွန်းပေးခဲ့တယ်။
လိုရင်းကတော့ ‘ဗမကဖျက်ရင်ဖျက်ပါ မဖျက်ကြဘူးဆိုရင် နိုင်ငံတော်တရားလွှတ်တော်ချုပ်တင်ပြီး အဆုံးအဖြတ်
ခံယူမယ်။ ဖျက်ကြမယ်ဆိုရင် (၁၀)လအချိန်ပေးမယ်’လို့ ပြောပြီးပြန်သွားတယ်။
လူထုရှင်းလင်းပွဲမှာ ဗမကဥက္ကဌကြီးအဖြစ်တာဝန်ယူရတဲ့ ဦးခင်မောင်လတ်(ထိုစဉ် တရားရေးဝန်ကြီးဌာန၀န်ကြီး)က
ကြားဖြတ်ညီလာခံခေါ် အရေးပေါ်ညီလာခံခေါ်ခေါ် ဒီည(၈)နာရီမှာ ညီလာခံပြန်လုပ်မယ်လို့ ကြေညာလိုက်တယ်။
အဲဒီနေ့ဟာ (၁၉၅၅)ခု ဒီဇင်ဘာလ (၃၀)ရက်ပါ။
ညပိုင်းညီလာခံပြန်စတော့ တစ်ခြားပြဿနာမရှပါဘူး။ ဗမကကို (၁၉၅၆)ခု စက်တင်ဘာ(၃၀)ရက်နေ့မှာ အပြီးအပိုင်
ဖျက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်။
ဆုံးဖြတ်ချက်အရ (၁၉၅၆)ခု စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ(၅)နာရီ နောက်ဆုံးထားပြီး ဆိုင်းဘုတ်များဖြုတ်ချ၊
ဗမက ဌာနချုပ်ရုံးခန်း၊ ရုံးသုံးပစ္စည်း၊ ငွေစာရင်းအားလုံး အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ကို လွှဲပေးခဲ့ကြတယ်။
(၁၉၅၆)ခု အောက်တိုဘာလ(၁)ရက်နေ့မှာ ဦးသန်းမြင့(် မော်လမြိုင်)က ဥက္ကဌအဖြစ်တာဝန်ယူပြီး ဆရာက
အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူကြတဲ့ ပုဂ္ဂိုလ်(၁၃)ဦးက နံနက်(၈)နာရီမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဗမကကို
ဆက်ဖွဲ့ခဲ့ကြတယ်။ ဗမက(သစ်)လို့ နာမည်တွင်ခဲ့တယ်။ ဗမက(အသစ်)အနေနဲ့ ‘ဗမာကို ဗမာကသိရေး’ဆိုတဲ့ ကြွေးကြော်သံ
ကိုလည်းပြင်လိုက်တယ်။
အစ္စလာမ်ကောင်စီပေါ်လာတော့ လုပ်ကြရမယ့်တာဝန်တွေက သာသနာ့ကိစ္စရပ်တွေပဲဖြစ်လို့ သာသနာရေးနဲ့ဆိုင်တဲ့
ဗမာမွတ်စလင်မ်အိုလမာအဖွဲ့၊ ဗမာမွတ်စလင်မ်အမျိုးသမီးများအဖွဲ့ချုပ်(ဗမအ)နဲ့ ဗမကတို့ ပူးပေါင်းဖွဲ့ခဲ့ကြတယ်။ နိုင်ငံတော်
အစိုးရထောက်ပံ့ငွေကိုလည်း ညှိနှိုင်းသုံးစွဲကြတယ်။ သာသနာရေးကိစ္စတို့ကို ဇောင်းပေးလုပ်ကြတယ်။ နိုင်ငံတော်အစိုးရ
ထောက်ပံ့ငွေကိုလည်း သာသနာရေးအဖွဲ့များပါဝင်တဲ့ အစ္စလာမ်သာသနာရေးရာကောင်စ(ီ တစ်ဖွဲ့တည်း)က လက်ခံခဲ့တယ်။
သိပ်မကြာတဲ့ကာလ ဖဆပလနှစ်ခြမ်းကွဲတော့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှာလည်း ကွဲခဲ့ကြတယ်။
အစ္စလာမ်သာသနာရေးရာကောင်စီမှာ ဦးခင်မောင်လတ်ကဥက္ကဌဖြစ်ပြီး ဒု-ဥက္ကဌဖြစ်တဲ့ ဦးရာရှစ်က ဘီအမ်အိုဆိုပြီး အဖွဲ့သစ်
ထောင်လိုက်တယ်။ ဘီအမ်အိုမှာ ဦးရာရှစ်က ဥက္ကဌဖြစ်တယ်။ အဖွဲ့ချပ်နှစ်ခုဖြစ်လာလို့ နိုင်ငံတော်အစိုးရ ထောက်ပံ့ငွေလည်း
ခွဲဝေယူကြဖို့ဆိုတဲ့ ပြဿနာပေါ်လာတယ်။ သာသနာကိစ္စဆောင်ရွက်ကြတဲ့ တစ်ခြားအဖွဲ့လေးဖွဲ့ ကလည်း
သူတို့ပါခွဲဝေယူကြဖို့ တောင်းဆိုလာလို့ နိုင်ငံတော်ရဲ့ သာသနာထောက်ပံ့ငွေကို (၆)ဖွဲ့ပေါင်းပေးမယ်လို့ ဆုံးဖြတ် ခဲ့တယ်။
အစ္စလာမ်ကောင်စီက မူလအတိုင်း အစ္စလာမ်ကောင်စီကိုသာပေးဖို့ ဆောင်ရွက်ခဲ့တာ မအောင်မြင်ခဲ့။ အစိုးရက
ပေးမယ့်ငွေလက်ခံယူရေးအစီအစဉ်ကို ကောင်စီက လက်မခံနိုင်တဲ့အတွက် နိုင်ငံတော်အစိုးရထောက်ပံ့ငွေကို လက်ခံယူရေး
(၃)နှစ် ရပ်ဆိုင်းခဲ့တယ်။ အစ္စလာမ်ကောင်စီက လက်မခံလို့ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့ အပြစ်ပုံချကြတာတွေလည်း ပေါ်
လာတယ်။
ထောက်ပံ့မှုကရတဲ့ငွေကို ဘာသာရေးကျောင်း၊ ဗလီ စတာတွေကို ခွဲဝေထောက်ပံ့မှုအစီအစဉ်ရပ်ဆိုင်းပြီး ကုရ်အာန်
ဘာသာပြန်ကိစ္စနဲ့ သာသနာ့စာပေထုတ်ဝေရေးမှာ သာ သုံးစွဲမှုလုပ်ကြမယ်။ တစ်ခြားသီးခြားထောက်ပံ့မှုတို့ကို မလုပ်ကြဘူး
ဆိုတဲ့ မူကို လက်ခံကြရင် အစ္စလာမ်သာသနာရေးရာကောင်စီက ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူမှုရခဲ့လို့ အခု
နိုင်ငံတော်အစိုးရထောက်ပံ့ငွေကို ပူးပေါင်းလက်ခံနေခဲ့ကြတာဖြစ်တယ်။
21
အစ္စလာမ်သာသနာရေးရာကောင်စီစတင်ဖွဲ့စည်းစဉ်က အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ရေးလုပ်ခဲ့နိုင်ကြပေမယ့်
အခု တစ်ဖွဲ့ထဲတော့ ဖြစ်မလာတော့ဘူး။ (၆)ဖွဲ့ထဲက (၂)ဖွဲ့ကို ဖျက်သိမ်းရလို့ အခု(၄)ဖွဲ့ပေါင်းလုပ်နေကြရတယ်။ (ယခု ၅-
ဖွဲ့ဖြစ်ပါသည်။)
အစ္စလာမ်သာသနာရေးရာကောင်စီစတင်ဖွဲ့ကြတုန်းက အုတ်မြစ်ချခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ တစ်ယောက်မှ မရြှိ က
တော့ဘူး။ ဆရာလည်း အုတ်မြစ်ချခဲ့သူတွေထဲပါခဲ့သူမဟုတ်ဘူး။ တစ်စတစ်စကွယ်လွန်ကုန်တော့ ပုခုံးပြောင်းယူခဲ့ကြတာပါ။
ရွက်ဟောင်းတွေကြွေကျတာကို ပူဆွေးတမ်းတနေလို့ အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။ ရွက်သစ်တွေဝေလာတာကို
ဆီးကြိုကြရမှာ ပါ။ ဒီကနေ့ပေးနေတဲ့ သင်တန်းဟာလဲ ရွက်သစ်ဝေလာဖို့ လုပ်နေကြတာပါ။
သမိုင်းဖြစ်စဉ်တို့ကို အကျဉ်းချုံးပြီး ပို့ချခဲ့တာ နိဂုံးချုပ်ပါမယ်။
နောက်ဆုံး မောင်တို့ မယ်တို့ကို အမှာ တစ်ခုပြုချင်တယ်။ ဆရာပို့ချခဲ့တဲ့ အစ္စလာမ်သာသနာရေးရာကောင်စီရဲ့
ရည်မှန်းချက်ဖြစ်တဲ့ ‘မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသားပီသရေး’တို့အတွက် မောင်တို့ မယ်တို့ ပုခုံးပြောင်းယူကြရမယ်။
မိမိတို့ကိုယ်တိုင် တာဝန်ယူကြရလိမ့်မယ်။
“ဧ ကန် မု ချ အ လ္လာဟ် အ ရှ င်ြ မ တ် သည် မည် သည့် လူ မျိုး ကို မှ မိ မိ တို့  ကို ယ် တို င်
မိ မိ တို့  ဘ၀ အေ ခြ အ နေ များ ကို မ ပြု ပင် မြေ ပာင်း လဲ သမျှ အ လ္လာဟ် အရှ င် မြ တ် သည်
ပြု ပ င်ြေ ပာင်း လဲေ ပး မ ည် မ ဟု တ် ။ ” ( ကု ရ် အာန် - ၁၃း၁ ၁)
ပသီဦးကိုကိုလေး
=================
မှ တ် စု များ
22
၂။ (၁၈၇၉)ခုနှစ်ထုတ် ဗြိတိသျှဘားမားဂေဇက်အဆိုအရ ရမ်းဗြဲကျွန်းအနီးပျက်စီးသော အာရဗ်သင်္ဘော ပေါ်ပါ မွတ်စလင်မ်
တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်း၌ နေထိုင်ကြကြောင်း သိရှိရ၏။ (ဦးဘိုးချယ်ရေး၊ ဗမာမွတ်စလင်မ်ရှေးဟောင်း
အတ္ထုပ္ပတ္တိစာအုပ်၊ စာမျက်နှာ ၂၅)
23
၈။ ညောင်ရမ်းခေတ်လွန် အင်းဝခေတ်ကအစ စနေမင်း(၁၆၉၈-၁၇၁၄)တွင် အစ္စလာမ်သာသနာဝင်တို့ကို မြို(့ ၁၂)မြို့တွင်
လုပ်မြေ နေမြေပေး၍ အတည်တကျနေထိုင်စေခဲ့သည်။ ၎င်းမြို့(၁၂)မြို့မှာ (၁) တောင်ငူ၊ (၂) ရမည်းသင်း၊ (၃)
ညောင်ရမ်း၊ (၄) ယင်းတော်၊ (၅) မိတ္ထီလာ၊ (၆) ပင်းတလဲ၊ (၇) တဘက်ဆ၊ွဲ (၈) ဘောဓိ၊ (၉) စည်သာ၊ (၁၀)
စည်ပုတ္တရာ၊ (၁၁) မြေထူး၊ (၁၂) ဒီပယ
ဲ င်း (၁၁၆၃-ခုနှစ်၊ နယုန်လပြည့်ကျော် (၂)ရက်နေ့တွင် အမရပူရဘုရင် ပိဋကတ်
တိုက်မှ ကျောက်တစ်လုံးဗိုလ် မင်းရဲလှကျော်ထင် ရွှေပုရပိုဒ်မှတ်တမ်းတွင် တွေ့ရှိရကြောင်း) (ဦးဘိုးချယ် ရေး၊
ဗမာမွတ်စလင်မ်တို့၏ ရှေးဟောင်းအတ္ထုပ္ပတ္တိစာအုပ်၊ စာမျက်နှာ ၃၇-၄၀)
၁၁။ အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က နိုင်ငံတော်အတွင်း အရပ်ရပ်မြို့ရွာ များမှာ နေသည့် ပသီကုလား
တို့ကို ၎င်းတို့နိုင်ငံတော်အတွင်းရှိသည့်အရပ်ရပ် အာဗိဟ်ရှားဟ်ဟိုစိုင်နီတပည့်တို့ပြသရာနာခံကြစေ။ ရခိုင်ပြည် လေးမြို့
ကျေးရွာ များမှာ ရှိနေကြသည့် ပသီကုလားတို့တွင် ဘာသာတရားစကားများကို ပသီကုလားတို့နည်းတူ
အာဗိရှားဟ်ဟိုစိုင်နီတပည့် စစ်ကြောစီရင်စေ။ (သက္ကရာဇ် ၁၁၆၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်၊ နာခံတော်
ဘယကျော်ထင်တွင်ပြန်သည်။) (ဘိုးတော်မင်းတရားကြီးရာဇသတ်ကြီး၊ စာပေဗိမာန်ထုတ်၊ စာမျက်နှာ ၁၇၆)
24
၁၃။ မာလာမွန်ခေါ် ဦးပွင့်ကို ယမ်းချက်ဝန်အဖြစ် ခန့်ခဲ့သည်။ စက်မှုလုပ်ငန်းတို့တွင် ဗမာမွတ်စလင်မ(် ပသီ)များပါဝင်ခြဲ့ က
သည်ကို တွေ့ရှိရသည်။ (ဦးမောင်မောင်တင် - မဟာဝိဇ္ဇာပြုစုသည့် မြန်မာမင်းလက်ထက်တော်စာတမ်းများ၊ စာမျက်နှာ
၆၆၊ ၇၁-၇၂)
25
၁၉။ ပဏာမပြင်ဆင်မှုညီလာခံကြီးတွင် အဆိုများတင်သွင်းထောက်ခံကြရာတွင် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်*များ
ပါဝင်ခဲ့ကြသည်။
26
၉၁-ဌာန အုပ်ချုပ်ရေးခေတ်တွင် မင်းတိုင်ပင်အဖြစ်တို့အဖြစ် …….
(၁) ဦးဘိုးခိုင် (ရခိုင်)
(၂) ဟာဂျီဦးပို (မန္တလေး)
(၃) ဦးအောင်သင်း (ရန်ကုန)်
ပသီဦးကိုကိုလေး
============================
27