You are on page 1of 43

ဒုက္ခသည်..

ထီပေါက်စဉ် ဂဏန်းတွေထဲမှာ
ငါ့တို့ အိပ်မက်တွေမပါခဲ့
ဘယ်လို အရုပ်တွေ ဖြစ်လာမှာမှန်း မသိရတဲ့
အနာဂတ်မီးခိုးတိမ်တွေ နဲ့အတူ
ေ၀၀ါးနေတဲ့ ယုံကြည်ချက်
မျှော်လင့်ချက်တွေကြား
မလွတ်လပ်မှုတွေနဲ့
အထီးကျန် အားငယ်မှု
အားမလို အားမရဖြစ်မှုတွေရဲ့ ကြားမှာ
လူးလွန့် လှုပ်ရှားနေရသူတွေ....
အကွက်ကျကျ သစ်ကိုင်းကြီးတွေ
အုပ်မိုးထားလို့ ခြောက်ကမ်းပါးနှစ်ခုကြားက
မိုးကောင်းကင်ကြီးကိုတောင်
မြင်ခွင့်မရတဲ့ မနုဿတ္တဘ၀တွေပါ
အဲဒါ….
လူသားချင်းစာနာမှု လို့ အော်ကြီးဟစ်ကျယ်
တွန်းကြူးနေတဲ့ ဟောဒီ ဘဒ္ဓကမ္ဘာကြီးရဲ့ တနေရာက ကျုပ်တို့တွေပေါ့ဗျာ
ကျုပ်တို့တွေပေါ့

ယောလေး
လူကြမ်းကြီးဖြစ်ပါစေ

သဒ္ဒါတရားမပါပဲ
သဘောထားကောင်းပြတဲ့
သူတွေကို လောကကြီးက
ကောင်းချီးပေးမယ်ဆိုရင်
ကျုပ်ကတသက်လုံး
ဓားပြကြီးဗိုလ်အောင်ဒ င်ပဲ ဖြစ်ချင်တယ်....

ယောလေး ...

အခုတလော.....

အခုတလော ငါတို့စိတ်တွေဟာ အရိုးပေါ်အရေတင်နေတယ်....


အခုတလော ငါ့တို့ အနာဂတ်တွေဟာ သောင်ပြင်မှာ ရေးဆွဲထားတဲ့ အရုပ်တွေလိုဖြစ်တယ်..
အခုတလော ငါတို့အိမ်တွေဟာ နောက်ပိတ်ခွေးတွေ စောင့်နေတဲ့ တံတိုင်းကြီးထဲမှာ
ခြောက်ကပ်နေတယ်...
အခုတလော
အခုတလော ငါတို့ပါးစပ်တွေဟာ ယမမင်းတွေထွက်လာတတ်တဲ့ သေနပ်ပါးစပ်ပေါက်တွေကို
ကျီးကန်းတောင်မှောက် ကြည့်နေရတယ်...
အခုတလော ငါတို့လျှာတွေဟာ အရသာမရှိတဲ့ အရသာတွေကို အတင်းအကြပ် လက်ခံနေရတယ်...
အခုတလော ငါတို့တတွေရဲ့ အာရုဏ်ခံအင်္ဂါငါးပါးဟာ အဓမ္မပြုကျင့်ခံနေရတယ်....
အခုတလော ငါတို့စိတ်တွေဟာ အရိုးပေါ်အရေတင်နေကြတယ်...
အခုတလော...
အခုတလော...
အခုတလော...
အခုတလော...
အခုတလော ငါတို့တွေဟာ တရားခံကိုသေဒဏ်ပေးဖို့ သံချောင်းခေါက်သံ နားစွန့်နေကြတယ်...

ယောလေး...

မှန်တချပ်....

ငါ...
မှန်တချပ်လို ကျင့်ချင်တယ်...
မင်းပြုံးပြရင် ငါလည်းပြုံးပြမယ်...
မဲ့ပြရင် အလိုလို ပြန်မဲ့ပြမယ်..
မင်းငိုနေရင် ငါလည်းလိုက်ငိုမယ်...
မင်းကျောခိုင်းသွားရင်လည်း
ငါလည်းအလိုလို ကျောခိုင်းသွားမယ့်
မှန်တချပ်လို ငါဖြစ်ချင်တယ်....

ယောလေး…

ကိုယ့်ကိုယ်ကို ရွေးချယ်ကြခြင်း (၁)

ယုံကြည်ချက်တွေ
ဘုန်းဘုန်းလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့
အဲဒီထဲက ပွတူးမနပ် အိုးမည်းကြီးထဲမှာ
ပဒေသရာဇ် အတွေးမြစ်တွေ ခြေရှုပ်
ဟိုနားတအုပ် ဒီနားတအုပ် မခေါ်တမ်းကစားကြ
တချို့ က ပွကြ
တချို့ က တူးနေကြ
တချို့ က နှပ်နေကြ

ချစ်မြတ်နိုးလှချီရဲ့ ဆိုပြီး
အခုတော့ သွားရတော့မယ် အချစ်ရေ တဲ့
ဝပြီအီပြီလေ
ဥတုရာသီကလည်း
မသာတော့ပြီမို့
စခမ်းသာကြတုန်းကလို တော့
ဘယ်ဟုတ်ကြတော့မလဲ
အားလုံးဟာ ပရမ်းပတာ
ကြမ်းခွာသူကခွာ ဖြာလိပ်သူလိပ်
ကိုယ့်အိတ် သူ့အိတ် ဖူးဖူးသိပ်ကြ
တိုးကြ ကြိတ်ကြ ဆိတ်ကြ လိမ်ကြ
ခဲထိထားတဲ့ မှန်တချပ်လိုပေါ့
ကွဲပြာကျနေတာ အားလုံးအသိ
ကြိတ်ကြံနေကြသေးတယ်
ခနော်ခနဲ့ ကျားအိုတွေက
နောက်ဆုံးတချီ ပွဲတော်တည်ဖို့တဲ့…

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့
ယုံကြည်ချက်တွေ
ဘုန်းဘုန်းလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့….

ယောလေး
ကိုယ့်ကိုယ်ကို ရွေးခြယ်ကြခြင်း [2]

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့
ယုံကြည်ချက်တွေ
ဘုန်းဘုန်းလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့….

ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့
အားလုံးကထင်နေကြ
အပေါ်ယံ ဖုံးတဲ့သကြားလုံးစက်ကြီးတွေကလည်း
ထုနဲ့ထည်နဲ့ ထုတ်လုပ်နေကြ

ချောတိုင်ထိပ်က သူရဲကောင်း အလံတော်ကြီးကို


အလုအရက် စာခွက်လုကြရင်း
တောကြီးမျက်မဲထဲ
မြို့ကြီးပြကြီးထဲ
ချော်လဲရောထိုင် မျက်စိလည်ကြရင်း
ဒိတ်အောက် သံလိုက်အိမ်မြှောင်ကြီးတွေကို
တပ်မက်စွာ တွယ်ဖက်လို့
တိုက်ပွဲလမ်းမှာ နားနှစ်ဖက်ကို ကိုယ့်မျက်စိနဲ့
မမြင်နိုင်သလို နီးရက်နဲ့ ဝေးခဲ့

အဖြုံး အဖျင်းတွေဟာ
လေလေ့စရာမလို
သူ့အလိုလို ရွက်လွင့်ကျောခိုင်းသွားကြ
စကာတင်ရွေးစရာ မလိုတဲ့ပွဲပေါ့

တိုင်းပြည်နဲ့ လူမျိုးထက်
ပါတီ နဲ့ဝါဒီ ၊ ဂုဏ်ဓန နဲ့ ပကာသနကို
ဦးစားပေးခဲ့ကြပါသလား…………….

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့
ယုံကြည်ချက်တွေ
ဘုန်းဘုန်းလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့

ယောလေး…

သုံးရောင်ခြယ်

သုံးသားညီလျှောက်
ဘုန်းမီးတောက်မည်
နေမျိုးသာကီ မြန်မာပြည်

ယောလေး…

မင်းသိထားဖိ…
ု့

အရောင်းခန်းက ပစ္စည်းတော့ မဟုတ်ဘူး..

မင်းစိတ်မ၀င်စားရင်လည်း ပဲများမနေနဲ့တော့

ဒီထက် လျှော့မပေးနိုင်တော့ဘူး..

ငါ့ရှေ့က အမြန်ထွက်သွားပါ….
နောက်မှာ customers တွေ တန်းစီနေတယ်…

စော်ကားတာ မဟုတ်ဘူး..

မင်းလှုပ်ရှားမှုအတိုင်း ပြန်လာတဲ့

တန်ပြန်သက်ရောက်မှုပဲ…

ယောလေး..

ဖြစ်စဉ်

ဒီလိုဖြစ်ဖို့ အကြောင်းရှိခဲ့တယ်ဆိုရင်

ဘယ်သူမှ မပြုပြင်နိုင်မှတော့

ငါက ဘာလိဝ
ု့ မ်းနည်း နေရမှာလဲ …

ဒါဟာ ..မင်းအမှားမဟုတ်သလို ငါ့အမှားလည်း မဟုတ်ဘူး…

ဒီဖြစ်စဉ်က ရှိပြီးသားပဲ …

ငါဟာ ပုထုဇဉ်ဖြစ်တဲ့အတွက်

ငါတန်ဖိုးထားပါလျက်နဲ့ အပြန်အလှန်တုံ့ပြန်မှုမရှိရင်

ဆောရီးပါ ….

ဒါဟာ ..မင်းအမှားမဟုတ်သလို ငါ့အမှားလည်း မဟုတ်ဘူး…

ဒီဖြစ်စဉ်က ရှိပြီးသားပဲ….

ယောလေး..
ကိစ္စတော့ မရှပ
ိါဘူး

မျက်နှာဖုံး ထက်

အသက်ဝင်တဲ့

မိမွေးတိုင်း အတုမျက်နှာကြီး

ဒီတိုင်းပဲ နေဦးမှာလား

ကိစ္စတော့ မရှိပါဘူး.....

ယောလေး…
မခေါ်တမ်း ကစားခြင်း

ရေးသူ- ကြည်အောင်

တမင်စိမ်းပြီပေါ့....

မကြင်လို့ တိမ်းချင်လဲတိမ်းပါ

ယိမ်းသလို ရှောင်သလိုနဲ့

ဟန်ဆောင်ကာမျက်မာန်တင်း

မြင်ပြင်းကပ်ဟန်တူရဲ့

ငြူစူစူခင့်နှုတ်ခမ်းက

ပန်းနှင်းဆီ မုန်းယောင်သန်း

မခေါ်တမ်း ကစားရအောင်လေ။

နောင်တော့မှ...

မောင်တော့သတိထား

ဟိုသွားဒီလာနဲ့

ကဗျာဆရာ လူတေကြီး

ဆံမဖီးမသင်နဲ့

မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့

ယောင်ချာချာမနေပါနဲ့

ခင်ကလေ... မောင့်ကိုမုန်းပါဘု

ရှက်ပြုံးကာ လာမချော့လှာနှင့်

မောင့်မှာလေ... တအားလျော့ပြီ

ခုတော့ တေပေ။

မောင်ရယ်.... လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလဲသူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ....
မျက်ရေနဲ့ ခင့်စကား။

ချစ်သူကပြောတော့...
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ယင် မောင်မသောက်ပါ
နောက်တော့သာ... မခေါ်ချင်သလိုနဲ့
ခင်... တမင် ငြိုငြင်တိမ်းပြီး
စိမ်းနဲ့ သိလား။

၁၉၆၃ ခု။
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပထမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိဝ
ု င်ဘာ မှ
ကူးယူဖော်ပြပါတယ်။}
မွေးမေမှာတမ်း

မေမေ့ရင်သွေး သားလူလေးကို

ပိုက်ထွေးချီထား ဤစကားဖြင့်

နင်းငြားမြေကို သုံးကြိမ်ဆို၏။

တမိုးအောက်မြေ သင်ရောက်လေပြီ၊

မျိုးဆွေဘာသာ သာသနာနှင့်

ပြည်ရွာတိုင်းကျိုး သင်သယ်ပိုးဖို့

တန်ခိုးအင်အား ဖြစ်စေသားတည့်။

ခမ်းမဟာ

သူ့တို့ တာဝန်

ပင်ကိုယ်ဗီဇကကို

စပ်တတ်တဲ့ငြုပ်သီး တွေကို
စပ်ရမလားကွ ဘာလားကွ

ညာလားကွ သွားပြောမိတာ

ကျုပ်အမှားပါကွယ် .....

ယောလေး…

လိုင်စင် ရ တောကြောင်များ

သြော် ခက်ပါဘိ ကွယ်

ညီညွှတ်ဖို့ အချိန်တန်ပြီ ဆိုတဲ့

သင်တို့ရဲ့ နုတ်ခပတ်တော်တွေ

အကြိမ်ကြိမ်ကြားရပါ့

ကျုပ် နား ပသာဒ ရှိလေစွ


နှလုံးရွှင် အားရ တက်ကြွမိတယ်
ဖြစ်ပြီး ပျက်တတ်တဲ့ တရားသဘော ကြောင့်လားမသိ
ချက်ခြင်းဆိုသလို စိတ်ပျက် မိပြန်တယ်

သြော်သူတို့ သူတို့
တကယ်တော့ ခင်းဗျားကြီး တို့တွေဟာ
တိုင်းပြည်ကို တကယ်မချစ်ပါဘူး
နှစ်နေတာပါ

အရေခြုံထားတဲ့ ခင်ဗျားတို့ မျက်နှာကြီးတွေ


ရွံတယ် …..
ခင်ဗျားကြီးတို့ ကြောင့်
တော်လှန်ရေး ကြယ်ပွင့်တွေ
တဖြုတ်ဖြုတ် ကြွေလွင့်ခဲ့ရ
ကြွေလွင့်နေကြရ

ဒေါ်လာသံ ပေးရင်
အိနြေ္ဒဟန် ပျက်ယွင်း
နားရွက်ခတ် အမြီးနှံ့ခြင်း
တွန်ကြူး ခွာရစ်ခြင်း

အမြီးမြောက် အီးပေါက်ရင်း
ခင်ဗျားတို့ ဖူးဖူးမုတ် ချစ်ရပါတဲ့
တိုင်းပြည်နဲ့ လူထုကို
လက်ညိုးထိုးပြတယ် မဟုတ်လား

ရှေ့လည်း မသွား
နောက်လည်း မဆုတ်
ဘေးလည်း မထွက်

ယောင်တိယောင်တောင်
မရောင်ရာ ဆီလူး
အတောင်တရာ မြေတူးပြီး
မိုက်ချေးလူးတဲ့ တောကြောင်တွေ

လေးစားပါတယ်ဗျာ …
လေးစားပါတယ် ….
အူထဲ ချေးထဲကကို
လေးစားပါတယ်

လပြည်…

…… ထွတ်ပြေးနယ်မြေ ကောင်းဘွိုင်တို့ မှာ…..

အင်တာနက်မှာ လေကြီးလေကျယ်

တိုးတိုးတမျိုး။ ကျယ်ကျယ်တသံ

ဆရာကြီးဟန်နှင့်….

မိတ်အင် ဘားမား

Talking is ငပိ +British စကား

NGOs များကြား People သုံးပြီး

ကုန်း ဖြီးတက်ရင်

အလုံးကြီးနဲ့ ဒေါ်လာများ

မစင်လောက်စား တဖွါးဖွါးသို့ 

လေးခွမသုံး သေနတ်မသုံး

ကျကုန်၏။
မြင်းလည်းမစီး၊ နွားမစီး
လိပ်တတ်မော်ဒယ်ကားစီး။ ချိကိုဝါးပြီး
ဖိုက်စတားမှာ ဂျော်နီဝါးကား
အငှါးမယားနဲ့  …..
မြတ်ဗုဒတရား
ရတနာသုံးပါး
မိဘ၊ သားမယား
ဒေါ်စု၊ … များ
ပြည်သူပြည်သား
ကာလသုံးပါး …
ခါတပါးတွင်
ရှိ၏၊ မရှိ၏။
NGOs ဂုဏော ……
NGOs ….. ဂစ ၦာမိ
အၿမဲရွိ၏။

ထွတ်ပြေးနယ်မြေ ကောင်းဘွိုင်များလည်း
သေနတ်မပစ်ပါ။

By AKN

ခြင်္သေ့ဂူထဲ ကျင်းပမယ့်ပွဲ

တသွင်သွင်စီးလာတဲ့

သွေးပြန်ကြောကြီး ရုတ်တရက်ဆုတ်သွားတော့

ဇီဝဗေဒ ခန့်မှန်းချက်အရ

ထောင့်စုံ အကွက်စုံ လုံဝ ၀လုံး

အခြေနေမကောင်း

သို့သော်ငြား

မင်းသားကြီး သီချင်းဆို
ခေါင်းစဉ်က ဟန်ကိုယ့်ဖို့

ရို့…………ရို့

၂၀၁၀ ရွေးကောက်ပွဲ

ဗြဲ …. ….ဗြဲ

ခေါင်းမည်းကြီးက
ခေါင်းဖြူကြီးတွေကို
နုတ်ခမ်းလေး တွန့်ပြ
ရ……… .ရ
ခံတွင်းပျက်နဲ့ တောင်ပံကျိုး
ရိုး……….ရိုး

ကွေးသုံးကွေး

ကူးစက်လွယ်တတ်သော ရောဂါများအနက်

ကြက်ကွေး ငှက်ကွေး ၀က်ကွေး

ဤသုံးကွေးသည် လန့်စရာကောင်း၏

၎င်း သုံးကွေးအနက်

ကြက်ကွေးကား အမြန်ကူးစက်လွယ်၏

သာဓကပြရချေသော်
အချို့သောသူများသည်

ကွေးသော မကွေးသောနားမလည်

ကြက်များကို စနစ်တကျ အရေခွန်ဆုတ်၍

ကင်စားကြလေသည်တမုံ့။

ကြက်ကင်နံ့များ လေသင့်လာရာ

ရူမိသူတိုင်း သရေမြားမြားကျ၍

အူယားလာကြသောကြောင့်တည်း။

ယောလေး…
သက်ဆိုင်သူ မောင့်ကိုပဲ

ရှင်တို့ လုပ်ခဲ့ကြပါတယ်

ရှင်တို့ ပဲစွန့်ခဲ့ကြပါတယ်

ရှင် တို့ ပဲ တိုင်းပြည်ချစ်ခဲ့ကြတယ်နော်

ရှင်တို့ပဲ တာဝန်သိ ခဲ့ကြတာပါ

ရှင်တို့ပဲ တော်လှန်ခဲ့ကြပေါ့

ရှင့်တို့ပဲ စည်းလုံးခဲ့ကြပေါ့နော်

ရှင်တို့ ပဲ အဆင်းရဲခံခဲ့ကြတာပေါ့နော်

ပြီးတော့ ရှင်တို့ပဲ …………………….

ဘာပဲဖြစ်ဖြစ်လေ ရှင်တို့က
လူစွမ်းကောင်းကြီးပေါ့နော်
ကျမတို့တော့ မလုပ်ခဲ့ကြပါဘူးရှင်
ကျမတို့ မစွန့်နိုင်ခဲ့ကြဘူးလေ( သက္ခာ)
ကျမတို့ တိုင်းပြည်ကြီး ကို မချစ်ခဲ့ပါဘူး … ရှင်တို့ နှစ်ပေါင်းနှစ်ဆယ်ကျော် ချစ်ခဲ့ကြသလိုပေါ့ရှင်…..
ကျမတို့ တာဝန်မသိတတ်တဲ့ သူတွေပေါ့ရှင်…
ကျမတို့ တော်လှန်ရေး မလုပ်ခဲ့ကြပါဘူး
ကျမတို့ မစည်းရုံးနိုင်ခဲ့ကြလို့ပေါ့ (အခု ရှင်တို့တွေကို စည်းလုံးညီညွှတ်စွာ တွေ့ရတော့
သေချင်လိုက်တာရှင်)
ကျမတို့ သုခစည်းစိမ်ကို မသိခဲ့ကြပါဘူးရှင်
ကျမတို့ ဘာဆိုဘာမှ မသိခဲ့ကြပါဘူး
ဒါပေမယ့်လေ ကျမတို့က ဆင်းရဲပေမယ့်
သပ်သပ်ရပ်ရပ်နေတော့ သိပ်ရွံတတ်တယ်ရှင့် (အစစ အရာရာ မညစ်ပတ်ဘူးလေ)
တခြားတော့ ဟုတ်ပါဘူးရှင်
ငို့ဘ စားဖား ဘေးလွယ်အိတ်ကြီးတွေနဲ့
ကျီးပါးစပ် နှမ်းဖြူးလက်ကြီးတွေကိုလေ…
ဘာပဲဖြစ်ဖြစ်ပေါ့ရှင်
ရှင်တို့က လူစွမ်းကောင်းကြီးတွေဆိုတော့
လူးစွမ်းကောင်းကြီးတွေ ……ပဲ… ပေါ့ ….နော် …..

ယောလေး…

မေ့မရသောည

ကမ္ဘာကြီးရဲ့

ရာစုသစ် ခရီးအစ

အမှတ်တရ ညမှာပဲ

သားလေးကို

ဝါးရုံဘေးမှာ ထားခဲ့ရတယ်။
သားလေးကို
တို့ သိပ်ချစ်ပါတယ် ဆရာမရယ်
ဒါပေမယ့် ဒီသားလေးအတွက်
တို့မှာ ကျယ်ကျယ်လောင်လောင်လေးတောင်
ကြေကွဲခွင့် မရခဲ့ပါဘူး။

ဒီညမှ
ဆောင်းကလည်း ပီသလိုက်တာ
နှုတ်ခမ်းလေးတွေပြာနေတဲ့ သားက
အပါး ငါ ကြွေးဥတွေ မစားချင်တော့ဘူး
အမိုး ငါတို့ဘယ်တော့ အိမ်ပြန်ရမလဲဟင်
ခြေဖျား လက်ဖျားတွေလည်း
မီးကင်ချင်တာ အရမ်းဘဲ
ဒုက္ခသည် စခန်းရောက်ရင်
ငါ့ကို ထမင်း၀၀ ကျွေးရမယ်နော် တဲ့။

ဒီစကားဟာ
ကယောင်ကတမ်း မဟုတ်မှန်း
အပါးပဲ သိပါတယ်
ငါ့သားရယ် …

အဲဒီညက
သူတို့ ဘ၀အတွက်
မီးဖိုလေးတဖိုလောက်သာ
ဖိုခွင့် ရခဲ့ရင် … ။ ။

ခိုင်မာကျော်ဇော

သစ္စာပန်းများနဲ့ မေလ

သစ္စာပန်းများနဲ့ မေလ

တစ်ဘ၀ ကဗျာဆရာ

မဟုတ်ခဲ့တာ သေချာပြီ။
ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာ

နောက်ထပ် ဘာမဆို ပေးလိုက်ရပြန်တဲ့ မေလမှာ

အဆင်မပြေမှုတွေ

အစီအစဉ်ကျနလွန်းတဲ့ မေလမှာအလကားရတဲ့ ညနေခင်းကတောင်

မထေမဲ့မြင်ပြုခံရတဲ့ မေလမှာ

ဒုက္ခတွေ အဆုပ်လိုက် အဆုပ်လိုက်


ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီပွချင်တိုင်း ပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
အဆုပ်ပွပွ ညတွေရသူ မေလမှာ
သလိပ်ဖတ်လို
လမင်းကြီးကို မြင်မိသူ မေလမှာ
အပ်တစ်ဖျားထောက်စရာ မလပ်အောင်ဘဲ
ဒဏ်ရာအပြည့်ခန္ဓာနဲ့ မေလမှာ
မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ
အချိန်မှန်အတွင်း
လူနာအဖြစ် တင်ပို့ခံရသူ မေလမှာ
အပ်ဖျားတစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း
ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ
အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ
မေလက မေလကို
အသေသာ ပြန်ရလိုက်တဲ့ မေလမှာပေါ့။
ချော်ရည်ပူ ကျိချွဲချွဲ နေ့လည်စာတွေ
ငါးမန်းတောင် ဆူးကြမ်းပြင်တွေ
ဆာတေးရီးယန်း မြက်ပင်ရှည်လက်တွေ
လူအဖြစ် သရုပ်ဆောင်ရသူ မေလ
လောကဘရိတ်သွားပေါ်
တွားသွားသတ္တ၀ါဖြစ်ရသူ မေလ
တစ်နေ့ထဲ
သင်္ဘောအကြိမ်တစ်ရာ မှောက်ရတဲ့ မေလ
တောအလှူတစ်ခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲ ဖိတ်ကျတဲ့
အသားတုံး အကျလေးတောင်မှ မစားရသူ မေလ
မနက်လင်းရင်
ကိုယ့်အသုဘကိုချပြီး
မြို့ကြီးထဲ ထွက်ခွာသွားသူ မေလ
သူတစ်ပါးရဲ့ အသုဘမှာ
အငှားလိုက်ငိုရတဲ့ ငိုချင်းသည်မ မေလ
သူ့ကလေးတွေကို မုန့်ဝယ်မကျွေးနိုင်လို့
သူ့လက်မောင်းသွေးတွေ ဖောက်တိုက်ရရှာသူ မေလ
နေ့ပြန်တိုးတွေ ၀က်အူစုပ်ခံရသူ မေလ
ဘ၀ရဲ့ ဘက်ထရီအိုးတွေ
တော်တော်များများ ဖျက်ဆီးခံရသူ မေလ
အင်မတန် အကြွေရဲတဲ့ ငုပင်တွေအပေါ်
သူ့အသက်ရှူငွေ့ကလေး
သွားတင်ထားမိတဲ့ မေလပေါ့။

မေလထဲကနေ
အသည်းနှလုံးကို ဆတ်ကနဲ ဆွဲထုတ်ပြီး
ဖဲသမားတစ်ယောက် ဖဲချပ်ကိုဆွဲထုတ်
လက်ဝါးထဲထည့်
ဖျန်းခနဲ ရိုက်ချလိုက်သလိုမျိုး
ရိုက်ချကြည့်လိုက်တဲ့အခါ
မေလရာသီဟန်ဆောင်နေတဲ့ မေလကိုသာ
တွေ့ရတဲ့ မေလပေါ့၊
ဖြူတစ်ကောင်လို ခါချလိုက်လို့
ဖြူဆူးတွေ အကုန်ကွာကျသွားမယ့်
ဖြူဘ၀ရောက်ပြီ။
မေလရာ
ခါချလိုက်ပါဆိုရင်တောင်
အကြိမ် ၂ သိန်း ၄ သောင်းခါမှ
တစ်ကြိမ်သာ သူ့ဒုက္ခဖြူဆူးများ ကွာကျနိုင်မယ့် မေလပေါ့။ ။

မောင်ချောနွယ်

နွေငြီးခြင်း

မီးမလာရေပြတ်ပါလို့

အနေကြပ်ကာ

ဝေဒနာ ထိပ်ကပ်တယ်

မွေးရာပါ ပကတိနဲ့

အရှိ အရှိတိုင်းသာ နေလိုက်ချင်တော့တယ်

အိုက်လိုက်တာဗျိုး……….

လပြည့်
စည်းဖောက်သူ

တားမြစ်ထားတဲ့ ပန်းသီးကိုစားပီး

ငါသာလျှင်အချစ်တတ်ဆုံးလူသားလို့
အရှက်မရှိမပြောပါနဲ့
ခင်ဗျားအဲဒီအချိန်ဆာလောင်မွတ်သိပ်လို့
စားလိုက်တာ ကျုပ်သိတယ်......

PS: လိုအပ်ချက်တခု ဖြည့်ဆည်းဖို့အချစ်ကိုခုတုံး မလုပ်ပါနဲ့(ကဗျာဆရာ အမည် မမှတ်မိပါ)


သစ္စာဖောက်

ကွေးနေသလား

ကောက်နေတာလား

ဖြောင့်နေရဲ့ လား ။

သုံးရာသီ ရေစိမ်ခံရဲ့ လား


အနစ်နာခံရဲလား
ဝန်ချတောင်းပန်နိုင်ပါ့မလား ။

ဦးဆောင်ချင်တာလား
နောက်ကလိုက်ချင်တာလား
ဘေးတိုက်သွားနေတာလား ။

သစ္စာရှိရဲ့ လား
သစ္စာဖောက်မှာလား
နှစ်ဖက်ချွှန်တော့မှာလား ။

နောက်ကြော ဓါးနဲ့ ထိုးမှာလား


ရှေ့ ကနေ မျက်စိထဲ သဲနဲ့ ပက်မှာလား
သွားပုပ် လေလွှင့် ပလဲပနံသင့်နေမှာလား ။

အာဏာရူးတို့ ရဲ့ မစင်နံ့ မှာ


မြူးတူးပျော်ပါး
အရှက်မရှိသူများအတွက်
မေးခွန်းများက အဆိပ်ရည်များသဖွယ်
ပြေးစရာမြေမရှိသလို
ပြည်သူလူထုရဲ့  တံတွေးခွက်မှာ
မင်းတို့ ရဲ့ သမိုင်း
ရိုင်းစိုင်းအကျည်းတန်လာလိမ့်မယ် ။ (ကဗျာဆရာ အမည် မမှတ်မိပါ)
“အတော်လေးမှန်သွားတဲ့အိပ်မက်မူးသမား”

အိပ်မက်သစ်ကို

ရေမရောပဲ တချိုက်တည်းမော့ချ

ပြီး... ချဉ်စပ်စပ်လှောင်ရယ်သံတချို့ကို
လျာဖျားပေါ်တင် အရသာခံမြည်း

ကမ္ဘာကြီးတိမ်းစောင်းမှုသီအိုရီကို

လက်တွေ့ကျကျ ပစ်စလက်ခတ်ထောက်ခံ

အမူးလွန်သွားရင်တော့

အတိတ်အန်ဖတ်တွေ အန်ထုတ်ပစ်လိုက်ရုံပေါ့။

အဲ့ဒီမှာ နောင်တဆိုတဲ့အရာမရှိဘူး
မင်းဟာ ကမ္ဘာမြေရဲ့ ကနဦးလူသားမဟုတ်လေတော့
ဇော်ဝင်းထွဋ်သီချင်းလို “မင်းတယောက်တည်းမဟုတ်ဘူး”
ငါနေထိုင်ရာ အရပ်သည် ငါ့တိုင်းပြည်ဖြစ်သည်တဲ့
ကဲဆိုစမ်းပါဦး မွန်ဆီယာ ယန်းပေါလ်ဆတ်
ငါကတော့ ဒီကနေ့ပဲ
ဒီမြေကြီးမှာ လေးရက်ပိုနေမိလို့ အဖိုးအခပေးခဲ့ရချေပေါ့
ဒင်းက ဖြစ်တည်မှုတွေနဲ့ ကိုင်ပေါက်ပြန်လေပြီ။

ငါတို့အားလုံးသည်လူသားများဖြစ်သည်
.....................................................
အဲ့ဒါ မျဉ်းတားတာမဟုတ်ဘူး
ရေငုံနှုတ်ပိတ်နေတာ
အဖြူ၊ အမဲ၊ အ၀ါ
အဲ့ဒါ ကာလာသက်သက်တွေမဟုတ်ကြောင်း
ဥခွံထဲက ခုန်ထွက်သွားမှ ရင်ဘတ်ကိုထိမယ်။

ငါ့အိပ်မက်တွေထဲမှာ
ချစ်ခြင်းကလွဲလို့ ဘာမှမရောချင်ဘူး
ခါခါး၊ ချိချို ၊ အေးအေး ၊ ပူပူ
ဘာဖြစ်ဖြစ် အဲ့ဒါကိုပဲ ငါသောက်မယ်
ရာသီက ပူအိုက်လောင်မြိုက်လွန်းတယ်
ရေခဲသေတ္တာထဲက အချစ်နေ့စွဲတချို့
လျာပေါ်တင်ပြီး ငုံထားလိုက်ရင်ကောင်းမယ်
(ပြီးတော့)
အိပ်မက်နောက်တခွက်
နောက်တခွက် ပြီးတခွက်
တခွက်ပြီးတော့ နောက်တခွက်
အဲ့ဒီတော့မှ
လောကကြီးက မှန်သွားလိုက်တာ
ပက်ပက်စက်စက်မှန်သွားပြီဗျာ။

ရဲဝင်သ
ူ့

မညီမျှခြင်း

ခေတ် သမုဒ္ဒရာမှာ

နစ်မြုပ်တာခြင်း အတူတူတောင်

သူတို့မှာတော့ မေခလာတွေရှိ

ကိုယ့်မှာတော့ ဝေဒနာတွေပိ ။

ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း


လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။

အဆိုးပဲရောက်ရောက်လာလို့ 
တမိုးတည်းအောက်မှာ
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။

ကောင်းကင်ကို

ငတ်မွတ်ခြင်း

လရောင်တစ်စက်

ပန်းသီးတစ်ခြမ်း

ခြေလှမ်း တ၀က်နဲ့

ငါ .....

ဘ၀ကို ဘယ်လိုလူပျိုလှည့်ရပါ့ ။ ။

ငြိမ်းဝေ ၇၊၆၊၉၄
နှင်းဆီ ပျို မဟုတ်သာ ပန်း (သု)ိ့ ကျဆုံးခန်းရဲ့ နိဒါန်း

သိပ်မကြာခင်က

နုပျို လတ်ဆတ်နေသေးတဲ့

ဖူးပွင့် ခက်ရွက်တွေ

လျော့ရဲ ပြေကျ

တချို့ မြေမှာ ခ

ပြာခွက်ထဲ က

စီးကရက် အစီခံဘ၀........

ယောလေး

ကျွန်

ရှေးရှေးတုန်းကတော့

နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။

ဒီဘက်ခေတ်မှာတော့

ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။

လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။


ကျွန်တော့် အဖြစ်က

အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ ခြုံငုံေ ခ်ါနေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

(ကောင်းကင်ကို)

သစ္စာ၏နိဂုံး

သစ္စာပျောက်၍

သစ္စာ ရှာဖို့ထွက်ခဲ့သည်…

နေ့ ရက် တွေ ပြောင်း


သစ္စာ အကြောင်း မကြားရ….

နောက်ရက်မှာ တော့
အမောင်သစ္စာ အရှေ့ရွာမှာ
နေထိုင် နေကြောင်း ကြားရသည်…

သစ္စာ နေရာ အရှေ့ရွာအသွား


လမ်းတံထားမှာ
ဒဏ်ရာ ဗရပွ
လဲကျနေတဲ့ မောင် သစ္စာ
ဖေးကူတွဲမ ပြုစုစတွင်
“အိ…
ု . အကို.. “ဒုက”္ခ
လူတို့ ညှင်းပန်း
နှိပ်စက်ရမ်း၍
မရဏ လမ်းသို့
ညီလေး သစ္စာ မြန်းရတော့မည်”

ဟု ယောက်ရမ်း ရေရွက် ခန္ဓာပျက်ကာ


အမောင်သစ္စာ သေရွာလားခဲ့ပြီ.....

သြော် သစ္စာ … သစ္စာ


ဒီ လောကကြီးကနေ
အပြီးတိုင် ထွက်ခွာသွားပြီလား……….

လပြည့်
ဖဲသုံးချပ်သမား

သဟောက်သဟတွေနဲ့

ခြောက်ပြနေပေမယ့်

အောက်ကျနောက်ကျလုပ်ရပ်လို့

သိတတ်သူတွေ မရှား။

လူ့အကြော လူ့မနောကို

နောကြေအောင် သိပြီးမို့

ခပ်ဖြီးဖြီး ခပ်ရွှီးရွှီးနဲ့

ပတ္တီးရိုက်စားနေတာကိုလည်း

အထာပေါက်ပြီးသား။

ကိုယ့်လိမ်ဆင် ကိုယ်ယုံပြီး
အများက နုံတုံတုံ
အထုံ အအ တွေမို့
ယုံကြမှာ ဧကန်လို့
ဉာဏ်နီဉာဏ်နက်နဲ့ တွက်တတ်ကြတယ်။

ဖဲသုံးချပ်သမားဟာ
အမြဲသုံးသပ်မှားနေလို့
လိမ်စားမြဲ လိမ်စားနေရတာ မဟုတ်လား။ ။

တင်မိုး

မျှော့ကုထုံး

မျှော့တွေဖြစ်သွားကြပြီ

ထွားကြိုင်းပြည့်ဖြိုး နေကြ တာပေါ့

ထွားကြိုင်းပြည့်ဖြိုးဖို့ ကြိုးစားနေကြတာပေါ့

အသိဥာဏ်ရှိဖို့မလိုတော့ဘူး
သွေးနွေးသတ္တ၀ါတွေ ကုတ်ပိုးပေါ် ခုန်ချနိုင်ဖို့ ပဲလိုတယ်

သွေးနွေးသတ္တ၀ါတွေ ရဲ့
လစ် ဟာပေါက်ပြဲနေတဲ့
မရှိတော့တဲ့ ...
နွမ်းရိ စုတ်ပြတ်နေတဲ့ အကာအရံတွေကို
တွားတက် ..
ကုတ်ကပ်.....
သွေးစုတ်နိုင်ဖို့ အားကောင်းချက်ယူတတ်ဖို့ ပဲလိုတယ်

အဲဒီအတွက် ကျင့်ဝတ်တွေမလိုတော့ဘူး
အသိဥာဏ်မလိုတော့ဘူး
သွေးညှီနံ့ကို အာရုံခံတတ်ဖို့ ပဲလိုတယ်
ဒါကလဲ ဗီဇ အဖြစ် အဲဒီ မျိုးရိုး ဇီဝမှာ ထည့်သွင်းပေးလိုက်ခဲ့ပြီ။

အဲဒီမှာ .... အားလုံးဟာ မျှော့တွေပေါ်မျှော့တွေတွယ်လို့ 


မျှော့တွေပဲ မြင်နေရ
မျှော့သံတွေပဲကြားနေရ
မျှော့တွေ ပဲ လမ်းသလားနေကြ
မျှော့တွေပဲ ခမ်းနားနေကြ
မျှော့တွေပဲ အသံကောင်းဟစ်နေကြ
မျှော့တွေပဲ ရင်ကြားစေ့ နေကြ
မျှော့တွေပဲ မျက်လုံးလေးစင်း ခေါင်းကလေးငြိမ့်လို့  ဘေးတီးနေကြ
မျှော့တွေပဲ ပညာရှိ ယောင်ဆောင်ကြ
မျှော့တွေပဲ ရေဒီယို စကားထောက် ဧည့်ကြိုလုပ်ကြ
မျှော့တွေပဲ အရေးဆိုကြ
မျှော့တွေပဲ ခြေအေးဝမ်းယောင်လုပ်ကြ
မျှော့တွေပဲ ဗျူဟာခင်းကြ
မျှော့တွေပဲ စီမံကိန်းဆွဲကြ
မျှော့တွေပဲ ရှေ့ ကြို တွက်ကြ
မျှော့တွေပဲ လေသံပစ်ကြ
မျှော့တွေပဲ အတည်ပြုကြ
မျှော့တွေပဲ မြင်နေရတော့တဲ့ 
အဲဒီမျှော့ ထွေးကြီးဟာ ဧရာဝတီနဲ့သံလွင်တလွှား
ချင်းတွင်း ဒုဌ၀တီ တလွှား
ဘယ်သူမှ ပိုင်နက်သတ်မှတ်မထားတဲ့ လေထုတွေကြား
ဘယ်သူမှ ခြံစည်းရိုး ခတ်မထားတဲ့ နယ်ပါယ်တွေကြား
မျှော့တွေဟာ တာသွားလို့ 
မျှော့တွေကြားမှာ
မျှော့ကြမ်းမရှိဘူး

မျှော့မင်းသား
မျှော့သုခမိန်
မျှော့ဘုရင် မျှော့ဝန်ကြီး
မျှော့ ကျွမ်းကျင်သူ
မျှော့ပေါ်မျှော့ရောင်းသူ
မျှော့ ကဲခတ်သူ မျှော့ ထဲ မျှော့သွေးစမ်းသူ နဲ့
ဟော ကြည့်နေရင်းပဲ ..
မြင့်မြင့်မားမား မောက်မောက်မာမာ
မျှော့တွေဟာ မျှော့တွေပေါ် တွယ်လို့ 
မျှော့တွေ ဟာ မျှော့လို ကပ်နေကြတယ်
မျှော့တွေဟာ မျှော့အာမခံချက်နဲ့
သံပြိုင် တခွန်းပဲ
မျှော့သံ ပေးလိုက်တယ်
ကမ္ဘာကြီး တုန်ယင်တောင်သွားနိုင်ရဲ့
နေကောင်းသွားမှာ ပါ တဲ့.......................။

ငြိမ်းဇေဦး

မီးခိုးတိမ်အိမ်ဖွဲ့

တခါတုန်းကတော့

ပါးစပ်ဖျားကမချကြဘူး

မက်မက်မောမော

အခုတော့
အငွေ့မသေသေးရင်တောင်
ဖိနပ်ဦးနဲ့နင်းချေသွားတတ်တယ်။

လမ်းပေါ်၌
ကျနော်ကြည့်ငေးနေမိသော
စီးကရက်အစီခံကလေးများ..။ ။

ဆရာ နှင်းခါးမိုး၏ ကဗျာလေးပါ။ ခံစားတတ်သူတွေ အတွက် ၀င်သက် ထွက်သက်ပါပဲ။


မျက်မှန်တပ်ထား

မျက်နှာထားတော့ တည်ပါရဲ့

မျက်လုံး အရောင်တွေတော့

ကောက်ကွေးနေတယ်

သြော်…

မိတ်ဆွေ

မဟုတ် တာလုပ်တော့မလား

မျက်မှန်တပ်ထားနော်

ခနနော် ….ခနလေးပါ…..
မသိချင်ယောင် ဆောင်နေမလို့

ယောလေး…
အမှန်နှင့်အမှား

အမှန်တရားမှာ

အဖြူရောင် ဦးခေါင်းတလုံးရှိခဲ့တယ်။

အမှားကတော့

အဲဒီဦးခေါင်းရဲ့ ဦးနှောက်ကို ဖောက်စားပြီး

ပဉ္စလက်အတတ်နဲ့ ဖုတ်သွင်းထားခဲ့တယ်။

အမှန်တရားဟာ

ဦးနှောက်မပါတဲ့ သူ့ဦးခွံနဲ့

သိက္ခာတွေအဖတ်ဆယ်ရင်း
အမှားရဲ့ စားကြွင်းစားကျန်တွေထဲ
ခွေးဝဲစားတစ်ကောင်ဖြစ်သွားခဲ့တယ်။

အမှန်တရားဟာ
နှစ်ချို့အဘိဓမ္မာဟောင်းတွေနဲ့
ဂန္တ၀င်သစ်ပဲ့တင်စေရင်း
အမှားရဲ့ခေတ်ပေါ်ဗန်းစကားကြောင့်
လေဟာနယ်တွေသာ ပိုင်ဆိုင်ခဲ့တယ်။

အမှန်တရားဟာ
လောကရဲ့သဘာဝရေစီးကြောင်းထဲ
အပြင်းစားစိတ်ကူး၊အိပ်မက်တွေ
ပေါလောမျောပါခဲ့။
အမှားရဲ့အဖတ်ဆယ်တင်မှုကြောင့်
အမျှင်မပြတ်တဲ့ အသက်ရှူငွေ့တွေ
သွေးသားယိုစိမ့် ချိနဲ့လာခဲ့တယ်။

ဒီလိုနဲ့
အမှန်တရားဟာ
အမှားကို အကြိမ်ကြိမ် ရှုံးနိမ့်ခြင်းကြောင့်
အမှားကို အထင်ကြီးစွာနဲ့
အမှားကို အမှန်ဖြစ်စေခဲ့တယ်။

အမှားကတော့
အမှန်တရားကို ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီး
အမှန်တရားရဲ့ ညံ့ဖျင်းမှုကို ကဲ့ရဲ့ရင်း
အမှားတွေ ဘယ်လိုအောင်မြင်လာရတယ်ဆိုတာ
အခန့်သားရှင်းပြနေလေရဲ့။

နေဆူးသစ်

(၁၉၉၄၊ဇန်န၀ါရီလထဲ ရန်ကုန်တက္ကသိုလ်မှာ ထုတ်ခဲ့တဲ့


တမိုးထဲအောက်မှာ လက်ကမ်းကဗျာစာအုပ်မှ)

……လူ ဟာ လူပါပဲ….

အမှန် တရားတိုင်းကို လူတွေ

မသိနိုင်ဘူး …..

တရားခွင်မှာ နိုင်တဲ့ လူတွေတိုင်း

မှန်ပါတယ်လို့ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး


လူတွေ မရှိ ခင်ကတည်းက

အမှန်တရား ဆိုတာ ရှိပြီးသားပါ

စစ်မှန်တာတွေ နည်းလာတဲ့ အခါ

အတုတွေ တွင်ကျယ်လာတယ်

အတုမပါရင် ဆားမပါတဲ့ ဟင်းလို

လူလိမ်တွေ များလာတော့

မလိမ်တတ်သူတွေ ငတုံး ငအ ဖြစ်သွား

ဇာတ်တူသား စားသူတွေလည်း
တပုံတခေါင်း
ဟင်းပေါင်း ပေါင်းသူကပေါင်း

တချို့လူတွေ စောက်သုံးမကျလို့
လူတွေ သွေးခွဲခံရ
ကွဲကြ ပြဲကြ
အမြင်မတူ အသွင်မတူတာနဲ့
ရန်သူတွေ လို ဖြစ်သွားကြ

ငါ့အမျိုးက ဘယ်လို
မင်းအမျိုးက ဘာ
သူတို့ အမျိုးက ညာ
လာမပြောနဲ့ ……..
ဘယ်မှာ မွေးမွေး ဘယ်မှာပဲ သေသေ
လူ ဟာ လူပဲ
ခေါင်းတလုံးထက်ပိုပါ တဲ့ သူ
လောကမှာ မရှိဘူး

လူပီ သတဲ့ လူတွေကို


လူဆိုး ၊ သူခိုး ၊ တေလေ
ဂျပိုး ကအစ လေးစားရတာပဲ မဟုတ်လား..

ယောလေး…

You might also like