Professional Documents
Culture Documents
Bty Bur Korea
Bty Bur Korea
တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်အစိုးရသံရုံးကနေပြီး တောင်ကိုရီးယားနေ
မြန်မာနိုင်ငံသားများထံ ၂၀၁၀ မေ ၁၇ ရက်နေ့ ရက်စွဲနဲ့ စာများ ပေးပို့ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မဲစာရင်း
ပေးပို့ရန် အကြောင်းကြားခဲ့ပါတယ်။ ထိုသို့ အကြောင်းကြားစာများကို ယနေ့ (မေ ၂၀ ရက်နေ့) မှာ
ကိုရီးယားရောက် မြန်မာနိုင်ငံသားများ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီစာထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကိုရီးယားရောက် မြန်မာများ၊
ဓါတ်ပုံ ရိုက်တာ မှီခိုသူများဖြစ်ကြတဲ့ ဇနီး၊ ခင်ပွန်း၊ သားသမီး စာရင်းကို ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး
မြန်မာသံရုံးကို ပြန်လည် ပေးပို့ရမယ့်အကြောင်း ရေးသားထားပါတယ်။ ထိုသို့ ရေးသား ပေးပို့ရာမှာ
မြန်မာနိုင်ငံမှာ နေထိုင်တဲ့ သန်းခေါင်စာရင်းရှိလိပ်စာကိုလည်း ထည့်သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။
အခုလို ပေးပို့တဲ့စာများတွင် သံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန်ဆိုသူ ဝေဇင်ထွန်းက လက်မှတ်
ရေးထိုးထားပါတယ်။ အလားတူစာမျိုးကို မြန်မာပြည်တွင် နာဂစ်စ်မုန်တိုင်း တိုက်ခိုက်ပြီးချိန် ၂၀၀၈
မေလအတွင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရန်ဆိုပြီး ပေးပို့ခဲ့ဘူးပါတယ်။
အဲဒီစာကို လက်ခံရရှိတဲ့ ကိုရီးယားနိုင်ငံ၌ ပညာတော်သင်အဖြစ် ရောက်ရှိနေသူ
မြန်မာကျောင်းသားတဦးကို မေးမြန်းကြည့်ရာ “ဟုတ်ကဲ့။ ကျွန်တော့်ဆီကို ဒီလိုစာမျိုး
ဒီနေ့ညနေကပဲ ရောက်လာပါတယ်။ အစ်ကိုရယ်၊ ကျွန်တော်တို့ အခြေအနေကတော့
မချစ်သော်လည်း အောင့်ကာနမ်း အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီလိုစာမျိုး
ရောက်လာချိန်မှာ ကျွန်တော်ကိုယ်တိုင်ကိုယ်က ဒီစာရင်းကို မပေးဘူးဆိုပြန်ရင်
ကျွန်တော့်ကို စစ်အုပ်စုက အမျက်တော်ရှဦးမယ်။ အမျက်တော်ရှရင် ကျွန်တော်
ပညာသင်ကြားတဲ့ အခြေအနေ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ကိစ္စရပ်တွေမှာ
ကျွန်တော် အတော်ဒုက္ခရောက်သွားပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့
သူတို့ခိုင်းတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးရမှာပါ။ ဒါပေမယ့် စိတ်ထဲကတော့ သူတို့ကို အားပေး ထောက်ခံချင်လို့ မဟုတ်ပါဘူး“ လို့
ပြောပါတယ်။
အခြား မြန်မာနိုင်ငံသားတဦးက “ကိုရီးယားနိုင်ငံမှာ ၀မ် ၂၅၀ ဆိုတာ အစိုးရ စာပို့စားရိတ်ပေါ့ဗျာ။ အဲဒီလို ဈေးအနည်းဆုံးနဲ့ ပို့တာဗျ။ စာက
မေ ၁၇ ရက်နေ့က ပို့လိုက်တာ။ ကိုရီးယားမှာက ဒီနေ့စာပို့ရင် ဒီနေ့ ရောက်တယ်ဗျ။ ဒါပေမယ့် သူတို့က ဈေးအသက်သာဆုံးနဲ့
ရောက်ရင်ပြီးရောဆိုပြီး ပို့လိုက်လို့ ဒီနေ့မှ ရောက်တာ။ ပြည်သူတွေဆီက မဲကိုတော့ လိုချင်တယ်၊ တန်ဖိုးတော့ မထားဘူးပေါ့ဗျာ“ လို့
ယနေ့မြန်မာကို ရှင်းပြပါတယ်။
ကိုရီးယားက မြန်မာ့အရေးလှုပ်ရှားသူတဦးကတော့ “နအဖစစ်အုပ်စုကတော့ သူတို့ လုပ်ချင်တဲ့အတိုင်း ဖြစ်မြောက်အောင်လုပ်ဖို့ သူတို့
လုပ်နေကြတယ်။ ကျွန်တော်တို့အတိုက်ခံတွေကရော ဘာ လုပ်မှာလဲ။ နအဖ လျှောက်နေတဲ့ ခြေလှမ်းတွေကို ရိုက်ချိုးမလား၊ ဒါမှမဟုတ်
သူတို့လုပ်ပြီးမှပဲ ပြီးသွားပြီကွဆိုပြီး စောင့်ကြည့်နေကြမလား“ လို့ မေးခွန်းထုတ်သွားပါတယ်။