You are on page 1of 1

ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီ မိတ်ဆွေများခင်ဗျာ

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့၏ တစ်ဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ


အခြေခံဥပဒေကို အခြေခံသည့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် နိုင်ငံတစ်ကာ
အ၀န်းအ၀ိုင်းတို့မှအသိအမှတ်မပြုသော၂၀၁၀ ရွေးကောက်ပွဲကို အတင်းအဓမ္မ ကျင်းပပြုလုပ်ရန် စီစဉ်နေကြပါသည်။

၁၉၉၀ပြည့်နှစ် မေလ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာတစ်နိုင်ငံလုံး အပြတ်အသတ် အနိုင်ရခဲ့ကြပါသည်။

ယခုအချိန်တွင် စစ်အာဏာရှင်တို့သည် မြန်မာပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ဖြစ်သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို


လုံဝအသိအမှတ် မပြုတော့သည့်အပြင် ပြည်သူလူထု၏ ဆန္ဒများကို မျက်ကွယ်ပြုကာ ၁၉၉၀ ခုရွေးကောက်ပရ
ွဲ လဒ်နှင့်
အနိုင်ရသော တရားဝင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားသော ဥပဒေများဖင့် အပြီးတိုင်
ချေမှုန်းနေပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ

o ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ အသိအမှတ်ပြု ထောက်ခံရန်။

o ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ဖြစ်သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု

ထောက်ခံရန်။

o စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန်။

အထက်ပါ သဘောထားဆန္ဒများကို ဖော်ထုတ်ကြရန်နှင့် ၂၀၁၀ခုနှစ် မေလ(၂၇)ရက်နေ့တွင်

ကျရောက်သော ၁၉၉၀ပြည့် ရွေးကောက်ပွဲ အောင်မြင်ခြင်း နှစ(် ၂၀)ပြည့် အထိမ်းအမှတ်ပွဲနှင့် ဆန်ဖရန်စစ္စကို

စီးတီးမှ တရားဝင်အသိအမှတ်ပြုလိုက်သော မြန်မာ့ဒီမိုကရေစီနေ့ (မေလ-၂၇ရက်နေ့) ကိုပါ တစ်ပြိုင်တည်း

ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ပူးပေါင်းပါဝင် ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၂၀၁၀ခုနှစ်၊မေလ(၂၇)ရက် (ကြာသပတေးနေ့)

အချိန်။ ။ နံနက်(၁၁)နာရီမှ နေ့လည်(၁)နာရီအထိ

နေရာ။ ။ (in front of) Federal Building, At the Corner of Larkin and Golden Gate Ave, San Francisco.
ဆက်သွယ်ရန်- ( ၆၅၀-၈၃၄-၀၁၈၄၊ ၄၁၅-၄၂၄-၅၈၁၁၊ ၄၁၅-၅၇၁-၆၄၀၁)

You might also like