You are on page 1of 192

မြသီလာအလွမ်းပြေ (၁)

တခါတလေကျတော့လည်း အနာတရတွေ ဘေးဒုက္ခတွေ အလွမ်းတွေ အမှတ်တရတွေဟာ ငါ့ကျမှပဲ


ကြုံရလွန်းလေသလား.. လို့ တွေးမိတတ်သလို စာရေးဆရာမို့ပဲ အခံစားလွန်နေတာလား.. လို့လည်း တွေးမိနေတတ်ပါတယ်။

"ကြေကွဲချိန"်

ပန်းတွေကြွေ
လေပြေမတိုက်
မှောင်မိုက်တဲ့ည
ရှတတအချစ်... လွင့်နေ။
ခြောက်သွေ့ မြက်ခင်း
ပူပြင်းတလင်းပြင်
တေးသီခြင်းကင်းလို့
ငြိမ်ဆိတ်ခြင်းနဲ့အနားသတ်
မြတ်သောနှလုံးလည်းမဲ့
ပြာလဲ့တဲ့ကောင်းကင်
ရင်ခွင်ပေါ်ပိသလို
ပီဘိ အကျည်းတန်....။
စိုးရွံ့ ဆဲအသွေးသား
မြားသွားနဲ့ငြိ
ကြမ်းရှတဲ့အတွေ့ အထိမှာ
ငါ...အနာတရနဲ့ ..။ ။

အဲဒက
ီ ဗျာလေးကို ကျမရေးတာ ၁၉၈၆လောက်ကတည်းကပါ။ အဲဒီ အသက် ၂၁နှစ်မှာ အသည်းက
ကွဲဖူးပြီးသား။ အရာရာဟာ ကျမအတွက် အဓိပ္ပါယ်မဲ့တယ်လို့ချည်းထင်တာပဲ။ ဒါပေမဲ့ နောက်တော့လည်း တွေးမိပါတယ်။
ကြေကြေကွဲကွဲခံစားရတဲံအခါတွေမှာတော့ လူတိုင်း အဲလိုရှိမှာပါပဲဆိုပြီးး ဒီကဗျာလေး ရေးဖြစ်ခဲ့တာ။ ခု 'မနော်ဟရီ'က
'ရာစုသစ်မြစ်ကျဉ်း'ကဗျာတွေ တင်ပေးရင်း ဒီကဗျာလေးကို ပြန်တင်ပေးမှပဲ မေ့တေ့တေ့ ဖြစ်နေတဲ့ အဲဒီကဗျာလေးကို
ပြန်တွေ့ရတာ။ ('မနော်'ကို ကျေးဇူးတင်လိုက်တာ)။

ဒီကဗျာလေးကို ပြန်တွေ့ရတော့ ကျောင်း(ရန်ကုန်တက္ကသိုလ်ထဲမှာ)တုန်းက ဘ၀တွေကို မှတ်မှတ်ရရ


ပြန်တွေးမိတယ်...။ ပြီးတော့ ကျောင်းလွမ်းချင်းတွေ ရေးချင်လာတယ်။ ကျမက ဆယ်စုနှစ် ၂စုစာကျော်ကျော်ကို
သူ့ဝန်းကျင်မှာ တကယ် တန်အောင် နေခဲ့ရတာမို့ရော.. ပြီးတော့ အဲဒီကာလလေးတွေကို မှတ်တမ်းလေးလည်း
ဖြစ်စေချင်တာမို့ရော၊ နောက် ကျမက ကံကောင်းထောက်မစွာ နာမည်ကျော်သူ တော်တော်များများနဲ့ နီးနီးကပ်ကပ်
ရှိခဲ့ဖူးတာကြောင့် မှတ်တမ်းတင်ချင်တာရော ဆိုပါတော့။ (ဟဲဟ.ဲ . ကျမနဲ့အတူ မဟုတ်တာလုပ်ခဲ့တဲ့ ဘော်ဘော်တွေတော့
မျက်ခမ်းလှုပ်နေရော့မယ်။ ဒါပေမဲ့ မရဘူး၊ ရေးမှာပဲ)။

အဲဒဝ
ီ န်းကျင်မှာ ကျမ ကျင်လည်ခဲ့တာ နှစ်ကာလ အရှည်အကြာ (၁၉၈၀-၈၁ ကနေ ၂၀၀၅
ဖော်ဝါရီလအထိ)။ ကျောင်းသူဘ၀ ပြီးတော့ ဆရာမဘ၀.. သူ့ရင်ခွင်နဲ့ တခါမှ ၃လထက်ပို မဝေးခဲ့ဖူး..။ တခါက
ကျောင်းနဲ့ပတ်သက်ပြီး post တခုတင်တော့ 'ပန်ဒိုရာ' မှတ်ချက်ပေးတာလေး သတိရတယ်။ ကိုယ့်အိမ်လို နေခဲ့တဲ့နေရာလေး..
တဲ့။ တကယ့်ကိုပါပဲ.. ကျမအတွက်တော့ ရန်ကုန်တက္ကသိုလ်က တကယ့်ကို ကျမရဲ့ အိမ်တလုံး။ (တကယ်တော့
ဖေဖေ့ကျေးဇူးလည်း ပါပါတယ်။ ဖေဖေက သူကိုယ်တိုင် ရန်ကုန်တက္ကသိုလ်ကို အစွဲအလန်းကြီးခဲ့လေတော့ ကျမ
တက္ကသိုလ်ရောက်ချိန်မှာ စိတ်ကြိုက်ပေးနေခဲ့တာ။ မိုးလင်းကနေ မိုးချုပ်ထိ ကျမ ကျောင်းဝန်းကျင်မှာနေခဲ့သမျှ ဖေဖေ တခါမှ
မဆူဖူးတဲ့အပြင် ညမိုးသိပ်ချုပ်ရင် လာတောင် ကြိုပေးတာပါ)။

ကျမ တက္ကသိုလ်စတက်တော့ RC-3 (ရန်ကုန်တက္ကသိုလ်၊ ကြည့်မြင်တိုင်နယ်မြေ)မှာ။ လူနေရပ်ကွက်တွေ


ကြားထဲက ကျောင်းဝင်း ကျဉ်းကျဉ်းလေး။ ပြီးတော့ မြို့လယ်ခေါင်က ကျောင်းသူကျောင်းသားတွေ တက်ရတဲ့ ကျောင်းမို့
ကိုယ့်မျက်နှာသိတွေချည်း.. တက္ကသိုလ်နဲ့တောင် မတူ။ ဒါပေမဲ့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ပျော်ခဲ့တာပါပဲ။
အထူးသဖြင့်ပျော်တာကတော့ သူငယ်ချင်းတွေနဲ့ ကျောင်းကနေ Main ထဲကို လမ်း လျှောက်လျှောက်ပြီး တကူးတက
သွားသွားလည်တာ။ ပြီးတော့ လူပြောများလှတဲ့ RC-2 ထဲက 'ဗကပ ကင်တီး' လို့ ခေါ်ကြတဲ့ ဆိုင်တန်းရှည်ကလေးမှာ
သွားသွားထိုင်ရတာ အမော။ မိန်းထဲကိုတော့ ပန်းချီပြပွဲတွေ.. တိုင်းရင်းသားရိုးရာ အစားအစာရောင်းပွဲတွေ
အဆောင်ဒင်နာတွေကို အရောက် သွားရတာပေါ့။

တကယ်တော့ တတိယနှစ်ရောက်လို့ တောင်ငူဆောင်မှာ တက်ရတော့မှ ဖေဖေ ပြောပြောပြတတ်တဲ့


မြကျွန်းသာရဲ့ အရသာကို တကယ်ခံစားရတာပါ။ အဲဒီမှာ ' ကြည်အေး'ရဲ့ 'မောင် ကိုကို နဲ့ မြနန္ဒာ'ကို ပို ခံစားရတာ။
'ကေဖွဲ့ဆိုသီ'ကို တွေ့တာ။ နွမ်ဂျာသိုင်းရဲ့ 'တခါတုန်းက တက္ကသိုလ်မှာ' နဲ့ 'ငြိမ်းကျော်' ရဲ့ ဇာတ်ကောင်တွေ.. 'မောင်ဝဏ္ဏ' နဲ့
'မင်းလူ'တို့ရဲ့ ဇာတ်လိုက်တွေကို ပိုသိသွားရတာ။ ဘာပဲဖြစ်ဖြစ် 7 July အရိပ်တွေအောက်မှာပဲ ကျမတို့ တက္ကသိုလ်ရင်ခွငထ
်ဲ
ပျော်ဝင်ခဲ့တာပါပဲ။ အဲဒီတုန်းက ကျမ ပေါင်းတဲ့ အပေါင်းအသင်းတွေက ကျမလိုပဲ ကဗျာဆရာရူး စာရေးဆရာရူး
အနုပညာသမားရူးတွေပေါ့... (ထုံးစံအတိုင်း ယောက်ျားလေး များတာပေါ့)။ ကျမတို့မှာ ချမ်းသာသမျှ (ပိုက်ဆံ နာရီ
(တခါတလေ) ရွှေလက်စွပ်ပါပါသေး) တွေကို ဦးချစ်ဆိုင်ရဲ့ ငှက်ပျောတောအုပ်လေးထဲက လက်ဘက်ရည်စားပွဲပေါ် ပုံချကြပြီး
(ကိုမင်းလူတို့ သူငယ်ချင်းတစု ကဗျာစာအုပ် ထုတ်တုန်းကလိုပ)ဲ လက်ရေးကဗျာ စာအုပ်လေးတွေ ထုတ်ခဲ့ကြတာ။ ညကြီး
မိုးချုပ် အထိ။

အဲဒီ ငှက်ပျောတောအုပ်လေးထဲမှာ.... ယောကျာ်းလေးတွေကြားထဲ ကဗျာအကြောင်း စာအကြောင်း


ရည်းစားအကြောင်းတွေ ငြင်းရင်းခုန်ရင်း..၊ တခါတလေ သူတို့ ယောကျာ်းလေး တတွေက ဘာဘာညာညာ ကောင်းရင်း
ငြိမ်နေကြ၊ ကျမက ဂစ်တာတလက်နဲ့ 'စစ်ကိုင်းလမ်း' တို့ 'သိ.ု့ .. တရံတခါဆီ' တို့ 'နောက်ဆုံးအိပ်မက်'တို့ အဲဒီ
ကျမသိပ်ကြိုက်တဲ့ ခိုင်ထူးရဲ့သီချင်းတွေကို ညည်းတီးလေး တီးနေရတာ သိပ်စိတ်ချမ်းသာစရာကောင်းတဲ့ အချိန်တွေပေါ့။
အဲသလို ကျမက ကိုယ့်ဘာသာ ပျော်နေတဲ့ အချိန်။ ကျမကို ကြည့်မရတဲ့သူတွေကတော့ အပုံပေါ့။

ကျမကတော့ မသိပါဘူး။ ဘယ်တော့မှသိလဲဆိုတော့ ကျမ စတုတ္ထနှစ(် နောက်ဆုံးနှစ်)မှာ Qualify


ဖြစ်တော့မှ အောင်စာရင်းက ကျမနာမည်ဘေးမှာ 'ရစရာလား လမ်းသူရဲမ' ဆိုတာတွေ၊ 'မဟာဝိဇ္ဇာတန်းတော့ ပျက်ပါပြီ'
ဆိုတာတွေ၊ 'အကောင်သားသမီးဆိုတော့ ရမှာပေါ့..' ဆိုတာတွေ ရေးထားတာတွေ့မှပဲ ကိုယ် လူချစ်လူခင် များမှန်း
သိတော့တာ။ (တော်သေးတာက ခုခေတ်လို ခိုးချတဲ့ခေတ်မဟုတ်တော့ ခိုးချပြီး ရတာလို့တော့ မပြောကြ)။ ကျမကတော့
ပျော်တာ အလွန်ပေါ့။ ကျမ သိပ်နှစ်ခြိုက်တဲ့ ဘာသာရပ်တွေကို ဆက်သင်ခွင့်ရမှာရယ်.. ကျမ စွဲလန်းလှတဲ့ ကျောင်းထဲ
ကြာကြာနေရဦးမှာအတွက်ရယ်ပေါ့။
မြသီလာအလွမ်းပြေ (၂)

ကျမအပျော်ဆုံးကလည်း နောက်ဆုံးနှစ်နဲ့ ဂုဏ်ထူးတန်းတက်တဲ့နှစ်တွေမှာပါပဲ။ ၁၉၈၄ ကနေ ၁၉၈၈ ထိပေါ့။


အဲဒီအချိန်ကျတော့ ကိုယ်တိုင်လည်း နည်းနည်း လူကြီးဖြစ်လာတော့ အရာရာက မှတ်မှတ်သားသား ရှိလာ တယ်။ ၁၉၈၄
တုန်းကတော့ မေငြိမ်းမဖြစ်သေး။

စတုတ္ထနှစ်မတိုင်ခင်ကတော့ သူငယ်ချင်းတွေနဲ့ တရုန်းရုန်း.. ကန်ပေါင်ပေါ် အာပူလျှာပူ တကူးတက


သွားစား..။ အင်းဝလမ်းထိပ်က 'ခေမရဋ္ဌ်ရှမ်းစားသောက်ဆိုင'် မှာ တို့ဟူးနွေးတွေ ရှမ်းခေါက်ဆွဲတွေ ထမင်းချဉ်သုတ်တွေ သွား
သွား စား.. ဘုတ်ကလပ်က ဘူးသီးကြော်ဆိုင်မှာ သီချင်းတွေအော်ဆို.. စုံတွဲတွေကို စကြ နောက်ကြ။

"တနေ့လုံးပဲကွယ.် . ဒီနေရာလေးမှာ.. ပျော်ရွှင်စွာကျောင်းတက်ရတာ အကောင်းဆုံးဘ၀ပဲ.. ချစ်သူချင်းတွေ..


တို့သူငယ်ချင်းတွေ ဒီလိုသာအမြဲတမ်းနေချင်တယ်.. အေးမြတဲ့ ကျောင်းအရိပ်ကို ခွဲရမယ့်အချိန.် .
တက္ကသိုလ်မြေနေ၀င်မှာကို စိုးတယ်.."
ဘာ.. ညာ.. နဲ့ပေါ့။

နောက် စာကြည့်တိုက်ရှေ့ရောက်ရင်တောင် 'လိုင်ဘရီသာ စကားပြောတတ်ခဲ့ရင် ကိုယ် ဘယ်လို မင်းကို


ချစ်တာ သူအသိဆုံး မောင့်အချစ်ဆုံးရေ့' ဆိုတာတွေ အော်ဆိုတဲ့ အရွယ်ပေါ့။ အပူအပင်ဆိုတာလည်း ကြီးကြီးမားမား မရှိခဲ့ပါ။

စတုတ္ထနှစ်ရောက်တော့ ဂုဏ်ထူးတန်း တက်ချင်စိတ်က ပြင်းပျလာပြီ။ ပြီးတော့ တကယ်ပဲငြိမ်ငြိမ်သက်သက် (မှန်တာပြောရရင်


တော်တော် အထိနာပြီး အသည်းကွဲထားတဲ့အရှိန်လည်း ပါတာပေါ့ :P )။ အဲဒီ စတုတ္တနှစ် မှာပဲ ကဗျာတွေ တော်တော်
ရေးဖြစ်ခဲ့တာ။
အေးမြထိရ.ှ ..
ဟေမန္တတဲ့။

နှင်းပွင့်ချပ်တွေ
လှပ်လှပ်ပြေးဆော့
လေအနော့မှာ
ကလူမူနွဲ့
ဟန်ပန်ဖွဲ့လို့
ကိုယ့်ထံလာ..။

ကံ့ကော်ပွင့်ဦး
နှင်းလူးမနက်
ကြင်ဖက်နဲ့ဆို
ချိုတဲ့ရသ
ဘ၀မှာဝေ........။

ခုထိ အဲဒီကဗျာလေး မှတ်မိနေသေးတယ်။ စတုတ္ထနှစ်ကျောင်းသူဘ၀... ကျောင်းတွေ ဖွင့်ရက်အစ..


နိုဝင်ဘာ ဒီဇင်ဘာ..။ တောင်ငူဆောင် အရှည်ကြီး လက်ဘက်ရည်ဆိုင်ရဲ့ တောင်ပိန္နဲပင်တွေအောက်က စားပွဲတွေမှာ
ထိုင်မယ့်သူ နည်းနေတတ်တယ်။ နှင်းတွေ စိုနေတာကိုး။ ကျမကတော့ ထိုင်တာပဲ... အဲဒီစားပွဲမှာ ရေးခဲ့တဲ့ ကဗျာလေးပေါ့။
နှင်းစက်တွေ တောင်ပိန္နဲရွက်တွေပေါ် တဖောက်ဖောက်ကျနေတုန်း လဘက်ရည်ပူပူ နဲ့ အီကြာကွေးစားရင်း ကဗျာရေးဖို့
စိတ်ကူးယဉ်နေရတာ အရသာသိပ်ရှိတာလေ။

(နာဂစ်အပြီး တောင်ငူဆောင်ကင်တီးမြင်ကွင်း၊ အရှည်ကြီးဆိုင်က ခေါင်မိုးပြာပြာလေးနေရာပဲ)

အရှည်ကြီးဆိုင်က အဲဒီတုန်းက သီချင်းဖွင့်လို့ ရသေးတယ်။ အဲဒီတုန်းက ဆောင်းမနက်ခင်းနဲ့ အလိုက်ဆုံးနဲ့


ပွဲအတောင်းခံရဆုံးက ခင်မောင်တိုး ခိုင်ထူး မွန်းအောင်နဲ့ ခင်ဝမ်းသီချင်းတွေပေါ့။ နောက်တော့ ဂျေမောင်မောင် ရဲ့ အချစ်ရေ့
စီးရီးပေါ့။ အချစ်ရေ့.. သနပ်ခါးလေး လှအောင်လူးပြီးရင် ကိုယ့်အကြောင်းတွေးနေပေါ့ကွယ.် . ဆိုတဲ့ သီချင်းတစ လွင့်လာရင်
သနပ်ခါးတွေဖွေးနေတဲ့ ကျမက ရင်ခုန်ချင်သေးတာ။

အဲဒီ ဆောင်းမနက်တွေမှာပဲ တောင်ငူဆောင်တ၀ိုက်မှာ တောင်းရမ်းစားသောက်နေတဲ(့ ခုတော့ လူကြီးဖားဖား


ဖြစ်ပြီ) ကုလားလေး စန်းမောင်က ကျမဆီပြေးလာပြီး သူခူးထားတာလို့ပြောတဲ့ ကံ့ကော်ပန်းတွေ လာ လာ ရောင်းတာ (ဟီဟ.ိ .
ရည်းစားက လာပေးတာမျိုး မဟုတ်ခဲ့တာ စိတ်နာတယ် :D)။ ဒါပေမဲ့ အဲဒီဆောင်းမနက် ကျောင်းထဲမှာ ကံကော်ပွင့်တချို့
ငုံတချို့ကို ခေါင်းမှာပန်ရတာလောက် စိတ်ကြည်နူးစရာ ကောင်းတာ မရှိ။ အဲသည်တုန်းက ကျောင်းထဲမှာ မိန်းကလေး
အများစုနဲ့ ဆရာမအများစုခေါင်းမှာ ကံကော်တွေ ဝေလို့.. တကျောင်းလုံး ကံကော့်ပန်းနံ့က မွှေးနေရော..။ ကျမလည်း
ပါတာပေါ့.. ခါးလယ်ကျော်တဲ့ ဆံပင်ရှည်ရှည်ရဲ့ နားသယ်စပ်မှာ ကံကော်တွေပန်ပြီး.. အိုက်တင်များ နေတတ်တာပေါ့။
(ကိုယ့်ကိုယ်ကို ငြိမ်းကျော်ဇာတ်ကောင်လိုလို ဘာလိုလိုပေါ့.. အဟဲ)။

အဲ့ဒီကာလမှာတော့ သူငယ်ချင်းတွေကလည်း တအားညီတော့ ကျမက ကဗျာတွေရေးဖိ.ု့ .. ကဗျာစာအုပ်တွေ


ထုတ်ဖ.ို့ .. သူငယ်ချင်းတွေနဲ့ ပျော်ဖ.ို့ . နောက်.. ဂုဏ်ထူးတန်း တက်နိုင်အောင် ကြိုးစားဖို့ပဲ ပိုပြီး အားသန်နေခဲ့တယ်။ ညနေ
နေချိုပြီဆိုရင်.. အင်းလျားကန် နဘေးက သစ်ပင်အောက်မှာ ဘူးသီးကြော်စားရင်း သီချင်းတဆိုဆိုနဲ့ စာကျက်ကြတယ်။
အဲ့ဒီအချိန.် ..

'စိန်ပန်းနဲ့ ကံ့ကော်ပွင့်တွေ ခင်းသည့်လမ်းမှာ လျှောက်ခဲ့ဖူးပါသည်.. အချစ်ဆုံးရဲ့ အပြုံးအရယ်လေးတွေ


စိတ်ကြည်နူးစရာ ပြန်မြင်ယောင်နေသည်.. မှုန်ရီရီ မျက်ဝန်းဝေသီ အတိတ်ရဲ့ပန်းချီ အိမ်မပြန်ချင်ပြီ.. ရင်နာစွာ
ပြန်လည်တွေးတိုင်းသတိရမိ နှစ်ကိုယ်တူညီ တချိန်တုန်းက တက္ကသိုလ်ဆ.ီ ..'

ဆိုတဲ့ ကိုင်ဇာရေးပြီး မေခလာဆိုတဲ့ သီချင်းလေးကို အင်းလျားကန်နဘေးမှာ ညည်းရတာ သိပ်အဓိပ္ပါယ်ရှိတာပေါ့။

ပြီးတော့

'ကျောင်းဖွင့်ချိန.် . စိန်ပန်းတွေလည်း မြေမှာ ကျဲပြန့်နေ.. ကံကော်ပန်းတွေနဲ့အတူ သူနဲ့ တွေ့ရာမြေ.. တက္ကသိုလ်


သို့မဟုတ် မြကျွန်းသာ အင်းလျားကန်နယ်မြေ..'

ဆိုတဲ့သီချင်း...

'ချစ်တဲ့သူရယ်.. ဒီလိုရှုခင်း မြင်ရခြင်းကိုက ရွှင်ပျအားရလှပါတယ်.. တက္ကသိုလ်မှာ ဝေတဲ့နှင်းရယ်..


နှင်းလေးတွေမှ ဟုတ်ရဲ့လား.. နှင်းလေးတွေမှ ဟုတ်ပါရဲ့လားကွယ.် .' ။

ဆိုတဲ့ သီချင်းတွေ.. ဆိုလို့ အလွန်ကောင်းပေါ့။

ညနေတော်တော်စောင်းလို့ လမ်းမီးတွေ လင်းလာရင်တော့ အိမ်ပြန်ချိန်ရောက်ပြီ။ အဲဒီအခါ


အင်းလျားကန်နဘေးကနေ ပြည်လမ်းပေါ်က မာလာမှတ်တိုင်ဆီကို နော်လီဇာရဲ့ 'မာလာဆောင် မောင်မလာဘူး' သီချင်းကို
ဆိုရင်း လမ်းလျှောက်ဆင်းပြီး မာလာဆောင်ရှေ့ ကားမှတ်တိုင်ကနေ မြို့ထဲကို ဘတ်စ်ကားစီး ပြန်ပေါ့..။
(အဲဒီလမ်းတလျှောက်မှာပဲ ၁၉၈၈ မတ်လ ၁၆ရက် ဗုဒ္ဓဟူးနေ့ (တံတားနီနေ့) မှာ ကျမ အသည်းအသန် ပြေးခဲ့ရတာပေါ့..)။

တကယ်တော့ တက္ကသိုလ်ကျောင်းသားအရွယ်ဆိုတာ သိပ်ကြီးမတရားသဖြင့် စိတ်ဒုက္ခတွေ မရောက်ရရင်..


နိုင့်ထက်စီးနင်းတွေ မကြုံရရင်.. တင်းတင်းမာမာဖိနှိပ်အုပ်ချုပ်တာတွေ မလုပ်ခဲ့ရင်.. ကျောင်းသားဘာဝ အချစ်တွေ
အပျော်တွေ အလွမ်းတွေ ကျောင်းစာတွေနဲ့ နပမ်းလုံးပြီး အေးရာအေးကြောင်းနေချင်တဲ့ အရွယ်တွေပါ။
မြသီလာအလွမ်းပြေ (၃)

အဲသည် စတုတ္ထနှစ်တုန်းက တောင်ငူဆောင်အပေါ်ဆုံးထပ်က အခန်းအမှတ် ၂၁၂ မှာ ကျမ အတန်းတက်


ရပါတယ်။ ကျမထိုင်တတ်တဲ့ နေရာက ဒဂုံဆောင်ရှေ့က လမ်းသွယ်လေးကို ဆီးမြင်ရတဲ့ ဘယ်ဘက်ခြမ်း
နောက်ဆုံးခုံတန်းမှာ..။ (ဒဂုံဆောင်ကတော့ နာမည်ကျော် Geology ကျောင်းသားများ ရဲ့အဆောင်ပေါ့..။ တခါတုန်းက ကျမ
ကိုယဝ
် န်ကြီးနဲ့ အဆောင်ရှေ့က ဖြတ်အသွားမှာ ဆရာမမှန်းသိသိနဲ့ "တရားခံ ဘသူလဲဟေ့.. ပြော.. တရားခံဘယ်သူလဲဟေ့"
လို့ လှမ်းအော်စတာကို သတိရသေး) lecture တွေနားထောင်ရင်း သစ်ပင်ထိပ်ပိုင်းတွေကို ဖြတ်ကြည့်ရတာ သိပ်
စိမ်းလန်းအေးချမ်းတာ။ သစ်ပင်တွေကို ဖြတ်ပြီး ကျမတို့ဆီရောက်ရောက်လာတတ်တဲ့လေကလေးက အေးလို့။ မျှော်ကြည့်ရင်
ဂျပ်စင်ထိပ်ပိုင်းကိုတောင် လှမ်းမြင်နိုင်ပါတယ်။ ပြီးတော့ ဒဂုံဆောင်နောက်က မိုးပိတောက်ပင်တွေကိုရောပေါ့။

နွေဦးများပေါက်ရင် ရှင်မဟာရဋ္ဌသာရရဲ့ ရွှေစက်တော်သွားတောလားထဲက "သစ်ရွက်ရော်ရီ ဣန္ဓနီဝယ်


သိင်္ဂီတ၀က် ဖက်၍ ဆေးစုံခြယ်သောပုံသ"ို့ ဆိုတဲ့အတိုင်း တကယ်ကို ရွှေဝါရောင် နီညိုရောင်တွေ ဆေးရောင်ခြယ်သလို
လှချင်တိုင်း လှနေတာ ခုထိ မေ့မရ။

ပြီးတော့ တောင်ငူဆောင်အ၀င်လမ်းနဘေးက ကျမ အင်မတန်စွဲလန်းတဲ့ ရှားရှားပါးပါး


စိန်ပန်းပြာပင်ပုပုလေးကို ငေးရင်း ကျမစိတ်တွေ လန်းဆန်းနေကျ..။ အဲဒီအခါ စာသင်ခန်းမှာ အိပ်မငိုက်ဘဲ သင်သမျှစာ
အကုန်လိုလိုကို လိုက်နိုင်ခဲ့တာ။

(ချစ်တဲ့ စိန်ပန်းပြာ)

(တကယ်တော့ အဲဒါလည်း ဖေဖေ့ကျေးဇူးကြောင့်ပါပဲ.. အများတကာမိဘတွေက သားသမီးကို ဆေး ရမှ..


စက်မှု ရမှ.. အီကို ရမှ.. Law ရမှ.. လို့ တွန်းနေတဲ့ ခေတ်ထဲမှာ ကျမက မြန်မာစာပဲ သင်ချင်တယ်လို့ ပြောတာကို ဖေဖေက
တချက်ကလေးမှ မတွန့်ဆုတ်ဘဲ အားပေးခဲ့တာ..။ ကျမ၀ါသနာပါတာကို သင်ခွင့်ရလို့ပဲ ထူးချွန်ခွင့်ရခဲ့တာ ထင်ပါတယ်..
ဒါကြောင့် ခု ကိုယ့်သားသမီးကိုလည်း သူတို့ ၀ါသနာပါတာပဲ လုပ်ဖို့ အားပေးထားပါတယ်)။

စတုတ္ထနှစ်မှာ နောက်ထပ် အမှတ်တရဖြစ်စရာကတော့ Farewell Dinner ဖျော်ဖြေပွဲပါပဲ။ ကျမတို့စိတ်ထဲ


နှမျောတသဖြစ်ရတဲ့ ခံစားချက်တွေနဲ့ ကျင်းပရတဲ့ ပွဲပေါ့။ ( ကျမဖြင့် အဲဒီတုန်းကဆိုရင် ဒီနှစ် Final year လို့
ဘယ်တော့မှမပြော.. Forth year လို့ပဲ ပြောတယ်.. Final ဆို နိမိတ်မကောင်းဘဲ ကျောင်းဆက်မတက်ရမှာ ကြောက်လို့လေ
:D) ။ အဲလိုနှစ်မှာမှ Farewell ကလည်း စည်လိုက်တာ။ အဲဒီအချိန်မှာ နာမည်ကြီး အဆိုတော်တွေဖြစ်နေတဲ့ မြန်မာစာ
ကျောင်းသူဟောင်း 'မေခလာ' ရယ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ဟောင်း 'ကိုင်ဇာ' ရယ်၊ နောက် 'ခင်မောင်ထူး' နဲ့
'လွှမ်းမိုး' လာတယ်။ ပျော်စရာကြီးပေါ့...။ စတုတ္ထနှစ် ကျောင်းသူဘ၀မှာ နောက်ထပ်အမှတ်ရစရာကတော့ တကျောင်းလုံး
ပတ်ပြီး ဓာတ်ပုံရိုက်ကြတာပဲ။ ဓာတ်ပုံရိုက်လို့ကို မ၀..။ ဓာတ်ပုံဖိုးနဲ့ကို မွဲမတတ်။ (ခုတော့ ဆေးသားတွေပျက်လို့ တပုံမကျန်
လွှင့်ပစ်လိုက် ရပြီ)။

ကျမတို့စိတ်ထဲ ကျောင်းကို ချစ်တာ တကယ့်ကို နင့်နင့် သီးသီး။

မြသီလာရေ..
ချစ်သူကိုတောင်မင်းရင်ခွင်မှာမှ
ပိုချစ်တယ်ထင်ရဲ့..။

မင်းသာမရှိရင်
'ချစ်တယ်'ဆိုတာတွေလည်းမပြည့်စုံ။
မင်းရင်ခွင်မှာမှသူ့အနမ်းတွေကတောင်
ယဉ်ကျေးချိုမြိန်ရဲ့..။

မခွဲနိုင်လို့ မခွာရက်တာပါ မြသီလာ..။

ကံ့ကော်ပန်းတွေကတောင်
မြသီလာဆီကခွာရင်
မမွှေးပျံ့တတ်တော့ဘူးဆိုတဲ့နောက်
ကောက်ကောက်ပါအောင်သာ
လိုက်ပရစေတော့.. တသက်စာ။

အဲလို ကဗျာလိုလို စာလိုလိုနဲ့ ဘာမှန်းမသိတဲ့ စာတွေကို lecture လိုက်နေရင်းကနေ စာအုပ်နောက်ဆုံးက


စာမျက်နှာတွေမှာ ပွနေအောင် မျက်ရည်တလည်လည်နဲ့ ရေးခဲ့ဖူးတာလည်း စတုတ္ထနှစ်ကျောင်းတက်ကာလရဲ့
နောက်ဆုံးရက်တွေမှာပါပဲ။

တကယ်ပဲ တက္ကသီလာ မြကျွန်းသာကို ချစ်သူထက် စုံမက်ခဲ့ဖူးပါတယ်။

အဲသည်တုန်းက တောင်ငူဆောင်မှာ မြန်မာစာနဲ့ အင်္ဂလိပ်စာအတန်းတွေ..။ အမရဆောင်မှာက သမိုင်းတန်း


တွေ။ ရာမညဆောင်မှာက ဥပဒေနဲ့ စိတ်ပညာတန်းတွေ။ မန္တလေးဆောင်မှာက ဘူမိဗေဒတန်းတွေ။ အဲသည် ပတ်ပတ်လည်
အတန်းတွေအချင်းချင်း သူငယ်ချင်းတွေ ဖြစ်ကြ။ စုံတွဲတွေ ဖြစ်ကြပေါ့။ ရန်ကုန်တက္ကသိုလ် ၀င်းထဲမှာ အီကိုပြီးရင်
တောင်ငူဆောင်ကတော့ အချောအလှပေါတာ နာမည်ကျော်ပေါ့။ တကယ်ပြောတာပါ..။ (ကျမတော့ မပါပါဘူး :P)

မန္တလေးဆောင်နဲ့ ပတ်သက်ရင်တော့ ကျမအမြဲသတိရတာ ဆရာမ ဒေါ်စ၀်ယဉ်နွယ် ပဲ။ ဆရာမကိုတွေ့တိုင်း


ကျမ အမြဲငေးမိတာ။ (ကြည့်ကောင်းလွန်းလို့ ဆရာမစာမေးပွဲခန်းစောင့်တာနဲ့ ကိုယ်ဖြေရတာကြုံရင် မကြာမကြာကြည့်မိတာနဲ့
စာဖြေရတာတောင် မဖြောင့်)။ ဆရာမရဲ့ အသားအရည်က ကြည်ပြီး စင်နေတာ.. သလင်းကျောက်လိုပဲ။ အထူးခြားဆုံးက
တောက်နေတဲ့ မျက်လုံးတွေပဲ။ ပြီးတော့ အ၀တ်အစားဝတ်တာမှာ အင်္ကျီက ဘယ်တော့မှ ပါးပါးမ၀တ်။ ပြီးတော့ တော်ရုံလူ
မ၀တ်ရဲတဲ့ အပွင့်အခက်မပါတဲ့ ပြောင် အရောင် ဖျော့ဖျော့တွေကို ထက်အောက်ဆင်တူ ၀တ်သေးတာ။ ထူးခြားတာ
နောက်တခုက ဆရာမရဲ့ အင်္ကျီလက် တွေက အဖျားမှာ ပွတဲ့ ခေါင်းလောင်းလက်ပုံစံတွေ။ ဆရာမက အရပ်မြင့်မြင့် ကိုယ်လုံး
သွယ်သွယ် တောင့်တောင့်နဲ့ ဘိနပ်အမြင်(့ Pencil heel)တွေ စီးတာမို့ သိပ်လိုက်တာပဲ။

(ကျမကတော့ ကိုယ့်ဆရာမလည်း မဟုတ်ပါဘဲနဲ့ ဆရာမကို ဘယ်လောက် သဘောကျခဲ့လဲဆိုရင်


ဆရာမလိုပဲ ကိုယ့်ဘာသာရပ်မှာ တော်ချင်ခဲ့တယ်။ ပြီးတော့ ကိုယ်တိုင် ဆရာမလည်းဖြစ်ရော အင်္ကျီတွေကို ဆရာမလိုပဲ
အသား ပျော့ပျော့ နဲ့ မပါးတာတွေ ၀တ်တယ်၊ ပြီးတော့ လက်ကို ခေါင်းလောင်းလက်ဝတ်တယ်၊ ဟီးး ဒါမဲ့ ကိုယ်က
အရပ်မမြင့်ဘဲ ကိုယ်ခန္ဓာကလည်း ပြားပြား.. ဒီကြားထဲ ခုံမြင့်ဘိနပ်လည်း မစီးတတ်ဆိုတော့ ကားတား ကားတား
ပုတက်ပုတက်နဲ့.. လှလည်းမလှတဲ့အပြင် ရယ်စရာတောင် ကောင်းနေခဲ့မလားပဲ :) )။
ဆရာမကလည်း အရှည်ကြီးဆိုင်အဖျား တောင်ပိန္နဲပင်တွေအောက်က စားပွဲပဲ ထိုင်လေ့ရှိပါတယ်။
ဘူမိဗေဒဌာနကမို့ ဆရာမ ကင်တီးလာရင် အမြဲတမ်း မိတ်ဆွေဆရာတွေ ပတ်ပတ်လည်နဲ့။ ဆရာမကို ကြည့်တာနဲ့ တော်တာ
ထက်မြက်တာပေါ်လွင်နေသလို တကယ်လည်း စာသင်ကောင်းတယ် တော်တယ်လို့ သတင်းမွှေးတယ်။

နောက်တခု သတိထားမိတာက ဆရာမက အဲဒီအချိန်တုန်းက ဦးဖြိုးေ၀၀င်းရဲ့ ဇနီးပါ။ ဖြိုးေ၀၀င်းဆိုတာက


ဗမာပြည်မှာ နံပါတ်ဝမ်းကြီးလို့ အများခေါ်တဲ့ ဦးနေ၀င်းရဲ့ သားတယောက်ပေါ့။ အဲဒီ နံပါတ်ဝမ်းကြီးရဲ့သားက ကျောင်း
ကင်တီးစုတ်စုတ်လေးမှာထိုင်ရင်း လက်ဘက်ရည်သောက်ရင်း ဇနီးသည်ဆရာမ ကျောင်း အဆင်းကို အမြဲ
လာစောင့်ကြိုပါတယ်။ သူတို့စီးတဲ့ကားလေးက အဲဒီတုန်းက 323 လို့ခေါ်တဲ့ အမျိုးအစားပါ။ နံပါတ်တောင် မှတ်မိသေး က-
၄၄၄၄ ။ ဒီနေရာမှာ ပြောချင်တာက ဆရာမက နံပါတ်ဝမ်းရဲ့ ချွေးမနဲ့ မတူသလို ဦးဖြိုးေ၀၀င်းကလည်း နံပါတ်ဝမ်းရဲ့သားနဲ့
မတူလှတာပါပဲ။ အခါများစွာမှာ ဆရာမတို့ရဲ့သားကလေး (၅နှစ်သားလောက်ရှိမယ်ထင်ပါရဲ့) ပါလာရင်လည်း ကင်တီးက
မုန့်တွေပဲ မှာစားတာပါပဲ။ သူကလေးကလည်း ခုကာလတွေမှာ တွေ့ရတဲ့ စစ်ဗိုလ်သားသမီးမြေးမြစ်တွေနဲ့ မတူပါဘူး။ သူတို့ဟာ
ကျောင်းဝင်းထဲမှာတော့ ကျမတို့နဲ့ တန်းတူ လိုပါပဲ။ အဲဒါကိုကပဲ ဆရာမရဲ့ ချစ်စရာကောင်းမှုလို့ ထင်ပါတယ်။

(နာဂစ်မတိုင်ခင် ခေတ်သစ်တောင်ငူဆောင်ကင်တီး- pti ဆီက ယူပါတယ်)

အဲဒီတုန်းက ကျမတို့ မြန်မာစာမှာ ၀န်ကြီးသားတွေရှိပါတယ်။ မှတ်မှတ်ရရ ၃ယောက်တောင်။


(နာမည်တွေတော့ ပြောတော့ပါဘူး)။ သူတို့ကတော့ ဆရာမတို့နဲ့ ကွာပါ့။ ကျောင်းကင်တီးတောင် လှည့်မကြည့်တဲ့အပြင်
အတန်းထဲမှာတောင် ဆောင့်ကြွားကြွားမို့ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်.. ဆိုပြီးတော့ ကျမတို့ ကြည့်မရ ဖြစ်ခဲ့ကြတာလည်း
သတိရပါတယ်။ ဒါပေမဲ့ ၈၈ နောက်ပိုင်းကာလ... စစ်တပ်က တန်ခိုးထွားလာတော့ သူတို့ရဲ့ တူသားရင်းမြစ်တွေ တက္ကသိုလ်
ပညာရေးဝန်းကျင်လို နေရာလေးမှာတောင် ဘယ်လောက် ဘောင်ဘင်ခတ်ကြ.. ရမ်းကားကြတယ်ဆိုတာ
ကိုယ်တွေ့ကြုံရတာလေးတွေ ပြောဦးမှပါ။

သေချာတာကတော့ ၈၈ မတိုင်ခင် တက္ကသိုလ်ကျောင်းဝန်းကျင်မှာ အနည်းဆုံး ချစ်စရာကောင်းတဲ့ ရိုးသားမှု


လေးတွေတော့ ရှိခဲ့တယ်ဆိုတာလေးတွေကို ပြောပြချင်တာပါပဲ။

(အချိန်ရတုန်းလေးတော့ ဆက်တိုက်တင်ပါ့မယ်.. မအားရင်လည်း နားမှာပေါ့... နော..။


လောလောဆယ်တော့ ဆက်ပါဦးမည်...)

မှတ်ချက်.. ဆရာမ ဒေါက်တာဒေါ်စ၀်ယဉ်နွယ်ကို ကျမက တလျှောက်လုံး အဲလိုပဲ မှတ်လာခဲ့တာ ခု ဘူမိသမားတွေက


ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်လို့ အမှားပြင်ပေးကြပါတယ်။
မြသီလာအလွမ်းပြေ (၄)

ကျောင်းနဲ့ ပတ်သက်ရင် လွမ်းလို့ကောင်းတာလေးတွေကိုပဲ ရေးချင်ပါတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးဆန်တဲ့


အာဃာတတွေ... ဒေါသသင့်စရာတွေကိုတော့ တမင်တကာကို ထားခဲ့ချင် ပါတယ်။ ဥပမာ.. ကျမနဲ့ ပတ်သက်တဲ့
ကိုယ်ရေးကိုယ်တာတွေဆို သိတဲ့သူတွေ အများကြီး ရှိမှာပေါ့..။ ဒါပေမဲ့ အကျိုးမရှိဘဲ တစုံတယောက် ထိခိုက်နစ်နာသွားမယ့်
ကိစ္စမျိုးတွေ မရေးချင်ပါဘူး။ ကျမက ချစ်စရာကောင်းတဲ့ လွမ်းခြင်းမျိုးကိုသာ ပြန်ပြီး တူးဆွချင်တာ။ ပြီးတော့
ယေဘုယျဆန်ဆန် အကျိုးရှိစေမယ့် အပျော်လေးတွေ အကောင်းလေးတွေ ချစ်စရာလေးတွေကိုသာ လှလှပပလေး
မျှဝေချင်တာပါ။

တကယ်တော့ ကျောင်းနဲ့ ပတ်သက်လို့ ကျမရေးရင် ကျမရဲ့ လုံးချင်းဝတ္ထုတွေ ဖတ်ဖူးထားတဲ့


သူတွေအတွက်တော့ သိပီးသားတွေလို ဖြစ်နေလိမ့်မယ်ထင်ပါရဲ့။ ကျမ ၀တ္ထုတွေထဲ ကျောင်းအရိပ်တွေနဲ့ ကျမကြုံခဲ့ဖူးသမျှ
ထည့်ထည့်ရေးနေကျလေ..။ ကျောင်းသူဘ၀မှာ အမှတ်မထင်လို့ ကြုံခဲ့ဖူးတာလေးတွေက စာရေးဆရာဘ၀မှာ
စာတွေရေးတော့ အမှတ်ထင်ထင် ထည့်မိတာ။ တခါတလေ ပြုံးစရာလေးတွေပေါ့။ အဲဒီထဲမှာ အရိုးသားဆုံး ရေးခဲ့တာတော့
'သီချင်းနှင်းဆီ' ပါပဲ..။ အဲဒီဝတ္ထုရေးတုန်းက အသက်ကလည်း ငယ်သေး.. ပြီးတော့ ပထမဆုံးလုံးချင်းလည်းဖြစ်တော့
ပင်ပန်းလိုက်တာ။ (နောက်ပိုင်း ပြန်ဖတ်ကြည်ေ
့ တာ့ အားနည်းချက်တွေ အပုံလိုက် တွေ့ရပါတယ်။ )

၈၈အပြီး ကျောင်းရက်ရှည် အပိတ်ထဲ ကျောင်းနဲ့ ကွဲနေရတဲ့ သူငယ်ချင်းတွေကို လွမ်းလွမ်းနဲ့ ရေးခဲ့တာပေါ့။


တကယ့် ကိုယ့်ရဲ့ တက္ကသိုလ်ကျောင်သူးဘ၀အတွေ့အကြုံလေးတွေ ပါတဲ့ ၀တ္ထုလည်းဖြစ်ခဲ့ပါတယ်။ အဲဒီ ၀တ္ထုလေး
မြစ်ဖျားခံတာကိုက ကျောင်းသူဘ၀တုန်းက တကယ့် ခံစားချက်တွေကိုး။ ကျောင်းသူဘ၀မှာ ကျမ တမင် မေ့ထားခဲ့တဲ့
အဖြစ်ဆိုးတွေ အတွေ့အကြုံဆိုးတွေကတော့ ၀တ္ထုတွေမှာ မပါခဲ့ဘူးပေါ့လေ။

ကျမတို့ခေတ်က မြန်မာစာမေဂျာမှာ ဂုဏ်ထူးတန်းဝင်ဖို့ဆိုတာ တကယ့်ကို ဘုရားတခဲ့ရတဲ့ အခြေအနေပါ။


ဘယ်လောက်ကိုယ်က ဖြေနိုင်တယ်ထင်ပေမဲ့ ကိုယ့်အရေးအသားကို ဆရာတွေက တကယ်ကြိုက်ဦးမှလေ။ ပုံသေကားကျ
ကျက်ရတာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာ စာပြင်ပြီးဖြေရတာမို့ အမှတ်ကိုလည်း ခန့်မှန်းမရ။ ကျမတသက်မှာတော့ အဲဒီ
စတုတ္ထနှစ် စာမေးပွဲအတွက် ကြိုးစားရတာ နဲ့ စိတ်မောရတာက အပင်ပန်းဆုံးပါပဲ။ ဆယ်တန်းတုန်း ကတောင်
အဲလောက်မပင်ပန်းခဲ့။ ဒါပေမဲ့ ပင်ပန်းရကျိုးနပ်တဲ့အခါကျတော့လည်း အရူးအမူး ပျော်ရတာပေါ့။

အောင်စာရင်းထွက်တဲ့နေ့က .. အဲဒီ အောင်စာရင်းကပ်တဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ .. သူငယ်ချင်းတွေ


ကျမနဲ့အတူ ဂုဏ်တူးတန်တက်ခွင့် မရကြတာကို စိတ်မကောင်းတဲ့ကြားကပဲ ကျမ ကျောင်းဆက်တက်ရမှာကို ၀မ်းသာလွန်းလို့
ကျမ ပြုံးနေရင်းကနေ တကယ် မျက်ရည်ကျခဲ့ပါတယ်။ ကျမကို ဂုဏ်ထူးတန်းအတွက် ရွေးချယ်ခဲ့တဲ့ ဆရာဆရာမတွေကိုလည်း
လှမ်းပြီးကျေးဇူးတင်နေမိပါတယ်။ နောက်တော့ ကန်ပေါင်ပေါ်သွားပြီး အင်းလျားကို နေပူပူအောက်မှာပဲ ငြိမ်ငြိမ်လေး
အကြာကြီး ထိုင်ကြည့်နေမိခဲ့ပါတယ်။ စိတထ
်ဲမှာ 'စိတ်ချမ်းသာလိုက်တာ... စိတ်ချမ်းသာလိုက်တာ' လို့ ပြောနေမိတယ်။
(တကယ်ပါ.. ဖတ်ကောင်းအောင် ရေးနေတာမဟုတ်ပါ.. ကျမကိုက စိတ်ခံစားချက်နောက် လိုက်တတ်တာပါ)။

(အင်းလျား - အင်တာနက်ထဲက ယူတာပါ)

ပြီးတော့ ကျောင်းထဲ ပြန်ဝင်ပြီးတော့ သစ်ပုပ်ပင်ကြီးကို မော့ကြည့်ပြီး ကြည်နူးနေခဲ့ပါတယ်။ ငါ ဒီမှာ


ဆက်နေရပြီ လို့လည်း တဖွဖွ တွေးနေမိပါတယ်။
(သစ်ပုပ်ပင်ကြီး - pti ဆီက ယူပါတယ်)

ညနေ အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကျမ အင်မတန်ကြိုက်တဲ့ ဆရာအောင်ပြည့်ရဲ့ "နေရစ်တော့မြသီလာ"


ကဗျာစာအုပ်ကို ပြန်ထုတ်ဖတ်တယ်။ ကျမ ချစ်တဲ့မြသီလာမှာ ဆက်နေခွင့်ရပြီ ဆိုတဲ့ အသိက စိတ်ချမ်းသာစရာ
ကောင်းလိုက်တာ။ အဲဒီအပျော်နဲ့ပဲ ဂုဏ်ထူးတန်းဆက်တက်ဖို့ စောင့်နေရတဲ့ ကျောင်းပိတ်ရက်ထဲမှာ ကျမ ၀တ္ထုတိုတွေ
စရေးကြည့်ဖြစ်ခဲ့တာပါ။ ရေးဖြစ်အောင်နှိုးဆွတဲ့ အကြောင်းရင်းတွေ ထဲမှာ စာရေးဆရာမ 'ကြည်အေး' 'ဂျူး'နဲ့ ကဗျာဆရာမ
'မအိ'တို့ရဲ့ စာတွေ ပါတာပေါ့။

၁၉၈၄မှာ 'ဂျူး' က ရှုမ၀မဂ္ဂဇင်းမှာ ကဗျာတွေ ၀တ္ထုတိုတွေ စရေးနေပြီ။ နောက် မအိ (အသံအက်သွားတဲ့


ခေါင်းလောင်းလေးကဗျာနဲ့ လူသိများ) ရဲ့ ၀တ္ထုတိုတွေက ကျမကို လွှမ်းမိုးတယ်။ ကြည်အေး ကတော့ အထူးသဖြင့်ပေါ့။
ကဗျာနဲ့ ၀တ္ထုက ဆက်စပ်နေမြဲမို့ ကျမ အလွယ်တကူပဲ ၀တ္ထုရေးဖြစ်သွားတယ်။ အဲဒီပထမဆုံးဝတ္ထု.. ကျမ ဘယ်ကိုမှ မပို့ဘူး..
ဘာလို့ဆို .. 'ကြည်အေး'လိုလ.ို . 'ဂျူးး'လိုလ.ို . 'မအိ'လိုလို ဖြစ်နေလို့ ။ ဟုတ်သေးပါဘူးဆိုပြီး ပြန်ရေးတယ်.. မကြိုက်သေးဘူး။
အဲလိုနဲ့ တပုဒ်မှ သေချာမပြီးဘဲ ကျောင်းဖွင့်ရက်တွေ ပြန်ရောက်လာ ပါတယ်။

မှတ်မိနေပါသေးတယ်။ ကျောင်းပြန်ဖွင့်တဲ့ မနက်ကိုက ၁၉၈၄ရဲ့ နှင်းတွေဝေတဲ့ ဆောင်းဦး နိဝ


ု င်ဘာမှာပါ။
ထုံးစံအတိုင်း အရှည်ကြီးလက်ဘက်ရည်ဆိုင်မှာ တယောက်တည်း ထိုင်နေတုန်း မြကျွန်းသာကံ့ကော်တောဆီကို
စောစောလာနေကျ ဥသြတွန်သံ ကြားနေရပြီဆိုတာ မှတ်မိတယ်။ ကံကော်တွေတော့ မတွေ့သေး။

(ဟိုးတုန်းက မြကျွန်းသာ ကံ့ကော်တောအုပ)်

အဲဒီအချိန် ကျမနဲ့အတူ ရှိမနေနိုင်ကြတဲ့ သူငယ်ချင်းတွေကို လွမ်းတယ်။ ပြီးတော့ ဘ၀မှာ သေသေချာချာ


ချစ်ခဲ့မိဖူးပြီး ဘယ်လိုမှ သက်ဆိုင်ခွင့် မရခဲ့ဖူးတဲ့ ချစ်ရသူတယောက် (အချစ်နှင့် နေထိုင်ခြင်းထဲက ဇာတ်လိုက်ပေါ့ :) )ကို
လွမ်းနေမိတယ်။ ပြီးတော့ သူလည်း ဂုဏ်ထူးတန်းတက်ရမှာမို့ ပြန်တွေ့ကြရဦးမှာကိုလည်း တွေးပြီးတော့ ၀မ်းနည်းသလိုလို
ဖြစ်နေသေး။ ဒါပေမဲ့ အဲဒီတခါ အလွမ်းမှာတော့ ခါတိုင်းလို ၀မ်းနည်း သိမ်ငယ်မှုတွေ ပါမနေခဲ့ဘူး။ ကျမစိတ်တွေ လန်းဆန်း
အားရှိနေခဲ့တာ မှတ်မိပါတယ်။ (တကယ်တမ်းမှာလည်း အဲဒီ ဂုဏ်ထူးတန်းကျောင်းသူဘ၀ ၁၉၈၄-၈၅-၈၆ နှစ်များက
ကျမဘ၀အတွက် အထင်ကရ အမှတ်တရတွေ အများကြီး ကြုံတွေ့ရတဲ့ စိတ်အားရှိစရာကာလတွေ ဖြစ်ခဲ့ပါတယ်)။

အမှန်အတိုင်း ၀န်ခံရရင်တော့ အဲဒီမနက်မှာ ကျမ စိတ်ကြီးဝင် ကျေနပ်နေခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ်မို့


သွေးကလည်း ကြွနေတယ်ထင်ပါ့။ အဲဒီတုန်းက ဂုဏ်ထူးတန်းကျောင်းသားက ၅၂ယောက်။ စတုတ္ထနှစ်တုန်းက စာအတူတူ
ကျက်တဲ့အုပ်စုထဲက ကျမတယောက်ပဲ ဂုဏ်ထူးတန်းတက်ခွင့် မီတာကြောင့် ကျမတယောက်တည်း ဘာလုပ်ရမှန်းမသိသေးဘဲ
သင်ရတော့မယ့် ဘာသာရပ်တွေကိုပဲ လောဘတကြီး စိတ်ဝင်စားနေမိတယ်။ န၀ဒေးရတု ပေါင်းချုပ်.. တဲ့။ (သေချာတယ် ..
ဒီဘာသာရပ် ငါအမှတ်ကောင်းမယ်ပေါ့။) ကျမက နတ်သျှင်နောင်ထက် န၀ဒေးကို ကြိုက်တယ်။ ဦးယာ၏အဲချင်းများ..တဲ့။
(အမလေး.. သင်ချင်လှပြီပေါ့)။ ဦးယာကတော့ ခေတ်ဟောင်း 'ကြည်အေး' ပဲ။ သိပ်သစ်တာ သူ့အတွေးတွေက။ သူ့ရဲ့
မင်းနန်ပျို့မှာဆို 'ညီတော်မင်းနန်'က 'ဇနပဒကလျာဏီ'ကို ချစ်တဲ့အခန်းရေးတာ လှမှလှ။ ခေတ်သစ်စာပေ..တဲ့။
စာပေဝေဖန်ရေးတဲ့။ ရာမရကန်တဲ့။ အာသံနိုင်မော်ကွန်း.. (ဒါတော့ သိပ်မကြိုက်)။ ခေတ်ဝတ္ထုများ..တဲ့။ ခေတ်ကဗျာများ..တဲ့။
ဒီလိုနဲ့ ကျမက မြန်မာစာကို ကျောင်းစာလို့မထင်ဘဲ စိတဝ
် င်စားခဲ့တာ။ စာတွေကို ကျက်လိုက်ရတာလို့ကို မထင်။ ဒါကြောင့်ပဲ
စာမေးပွဲရဲ့ ခြောက်လှန့်မှုကို မခံခဲ့ရတာထင်ပါရဲ့။

(နောင် ဆရာမ ဖြစ်လို့ ကိုယ့်အတန်းမှာ ကျောင်းသားတွေကို အဲဒီခံစားချက်ကို ပြန် ပြန် ပြောပြရင် သူတို့
ကောင်းကောင်း နားလည်ပုံမရ။ သူတို့အတွက်တော့ ကျောင်းစာက ခက်တာပါပဲ..တဲ့။ ဒါဖြင့် မြန်မာစာကို
ဘာလို့ယူတာလဲမေးကြည့်တော့ ဒါပဲရတာကိုးတဲ့။ ကျမ ငိုချင်သလို ဖြစ်သွားခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလ ဒီလို
ကျောင်းသားတွေ အတွေ့များလာတော့ ကျမ အဲလို မမေးတော့ပါဘူး)

သင်မယ့်ဆရာတွေ နာမည်စာရင်းကြည့်တော့လည်း ကိုယ်တွေ့ချင်တဲ့ဆရာတွေ။ အထူးသဖြင့်တော့


စာရေးဆရာ ဇော်ဇော်အောင်တို့ တက္ကသိုလ်မင်းမော်တို့ တက္ကသိုလဝ
် င်းမွန်တို့ မောင်ခင်မင်(ဓနုဖြူ) တို့ပေါ့။
အတန်းတက်ရမယ့် အခန်းနံပါတ်ကြည့်တော့ T- 212 တဲ့။ ကျမရင်တွေ ခုန်လာတာမှ ငြိမ့်ငြိမ့်လေး။ ကျမ စတုတ္ထနှစ်တုန်းက
တက်ခဲ့ရတဲ့အခန်းပဲလေ...။ ဒါဖြင့် ကျမထိုင်နေကျ နောက်ဆုံးခုံတန်းလေးရဲ့ ဘေးနံရံမှာ မနှစ်က ကျောင်းပိတ်ကာနီး ကျမ
ရေးထားခဲ့တဲ့ "မြကျွန်းသာရေ... လွမ်းလို့ ကျန်ခဲ့မှာကိုလည်း အားနာပါတယ်လေ" ဆိုတဲ့ စာတန်းလေးမှ ရှိသေးရဲ့လား...။
မြသီလာအလွမ်းပြေ (၅)

ကျမဘ၀မှာ နေရတာ အတန်ဆုံးကာလက အဲဒီ ၁၉၈၅-၈၆ တ၀ိုက် တက္ကသိုလ်ကျောင်းသူ ဘ၀ပဲ


ဖြစ်လိမ့်မယ် ထင်ပါတယ်။ မနက်ဆိုရင် အတန်းတွေက ၉နာရီမှာစပါတယ်။ အမှန်အတိင
ုးဝန်ခံရရင် ကျမ အတန်းမတက်တာ
များပါတယ်။ ကျမ စိတ်ဝင်စားတဲ့ အတန်းချိန်တွေကိုပဲ ရွေးတက်တာမို့ ကျမအများဆုံးရှိတာက အရှည်ကြီးလဘက်ရည်ဆိုင်ရဲ့
တောင်ပိန္နဲပင်တွေအောက်မှာပေါ့။ မနက် ၈နာရီဆိုရင် ကျမ ကျောင်းရောက်ပြီ။ တောင်ပိန္နဲပင်အောက် စားပွဲတခုမှာထိုင်ရင်း
ရာမညဆောင်ဘက် လမ်းသွယ်လေးကနေ နေရောင်အောက်မှာ လျှောက်လာတဲ့သူတွေကို ကြည့်ရတာ ဘယ်တော့မှ ပျင်းစရာ
မကောင်းဘူး။ ကျောင်းသူတွေက အလှအပ သေချာပြင်လို့။ ကျောင်းသားတွေကလည်း တက်ကြွလန်းဆန်းလို့။
အများစုကတော့ အတန်းမတက်ခင် ကင်တီးလာတာပဲပေါ့။

နောက်ထပ် စိတ်ကျေနပ်စရာတခုက တောင်ငူကင်တီးကိုမှ လာလာထိုင်တတ်တဲ့ ကဗျာဆရာတင်မိုး..


မောင်စွမ်းရည်.. ဒေါက်တာသန်းထွန်း... စာရေးဆရာငြိမ်းကျော်.. ဇော်ဇော်အောင်.. တက္ကသိုလ်မင်းမော်..
တက္ကသိုလဝ
် င်းမွန်တို့အနားမှာ ထိုင်ပြီးတော့ သူတို့ပြောတဲ့ စကားတွေကို တမေ့တမောနားထောင်ရတာက ကျမအတွက်
သိပ်ကြီးမားတဲ့ တန်ဖိုးပေါ့။ ဆရာကြီးတွေ... သူငယ်ချင်းအချင်းချင်း ငြင်းကြ ခုန်ကြ စကြနောက်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ
ပြောကြ..။ အဲဒဝ
ီိုင်းတွေမှာ ငေးမောရင်းကနေ ကျမ စာတွေပို ဖတ်ချင်လာတာ ပိုဖတ်ဖြစ်လာတာကြောင့်
အဲဒီအချိန်တွေဟာလည်း တန်ဖိုးဖြတ်မရတဲ့ အချိန်တွေပေါ့။

နောက်ထပ် ကျမမှာ ကံကောင်းတာက တူတူကဗျာရေးဖက် သူငယ်ချင်းတွေ ကင်တီးထိုင်ဖက် ရှိနေတာပဲ။


သူ့အကြိုက် ကိုယ့်အကြိုက် အယူအဆတွေ ငြင်းကြခုန်ကြနဲ့ တကယ့်ကို ပျော်စရာ..။ အဲဒီတုန်းက ကျမသိပ်ကြိုက်တဲ့
ကဗျာဆရာက မောင်လင်းရိပ် (ညွှတ်ကွေးစဉ် ကျနော် ဆယ့်နှစ်စိတ်)။ (နောက် ၁၀နှစ်လောက်အကြာကျမှ
ဆရာမောင်လင်းရိပ်ကို လေထန်ကုန်းမှာ ဆုံခွင့်ရတော့ ကျမက ဆရာ့ကို တွေ့တွေ့ချင်း "အမလေးဆရာရယ်.. ခုမှတွေ့ရတယ်..
ဆရာ့ကို ကျမသိပ်ကြိုက်တာ"လို့ ပြောတော့ အင်မတန်ရိုးတဲ့ဆရာက ရှက်အမ်းအမ်းကြီး ဖြစ်သွားတယ်.. ကျမဆိုတဲ့ကောင်က
အဲလို)။ နောက် ကျမ ကြိုက်တာ ဇေယျာလင်း(အခု နာမည်ကြီး မော်ဒန်ကဗျာဆရာ)..။ အဲဒီတုန်းက ကျောင်းလောကမှာ
ထုတ်တဲ့ ကဗျာစာအုပ်တွေထဲမှာ တကယ့်အဆင့်မီ ကဗျာတွေ.. ကဗျာဆရာတွေ အများကြီး ရှိခဲ့တာပေါ့။ မှတ်မှတ်ရရ
ခင်မြဇင်... ခင်အောင်အေး... သြဂက်စ်လင်း... စန်းဦး.. တို့တွေလည်း လက်ရေးကဗျာ စာအုပ်ရေစီးကြောင်းထဲ ပါခဲ့ကြတာ။
နောက်.. မြန်မာစာအုပ်စုတွေ.. မောင်သာချို.. ဇောင်းထက်.. ယမံ.ု .. နေစိမ့် .. ခင်လွန်းတို့အဖွဲ့က "ငါ့ကို ဇန်န၀ါရီပြန်ပေး..."
လို့ ကဗျာစာအုပ်ကလေး ထုတ်ပြီး တောင်းနေချိန်ပေါ့။

အဲဒီအခါ ကဗျာတွေမတောက်တခေါက်ရေးနေတဲ့ ကျမရဲ့ အိပ်မက်ကလည်း အဲလို ကဗျာစာအုပ်တွေ


ထုတ်ဖို့ပေါ့။ အမှန်အတိုင်းဝန်ခံရရင် ပထမဆုံးကဗျာစာအုပ်လေး(အာရုံရိပ)် ထုတ်တုန်းက တသသနဲ့ ပျော်ခဲ့ရတာ။
တူတူရေးဖက်တွေက တယောက်က မင်းသခင်.. တယောက်က ကိုတင်အေး... နောက်တယောက်က မောင်သံချောင်း။ ကျမ
ကဗျာကတော့ ၃ပုဒ်ပါခဲ့တာ မှတ်မိတယ်။ အဲ့ဒီမှာ ပါတဲ့ ကဗျာတပုဒ်မှာ ကျမက

ဖြန့်ထားတဲ့လက်ဖ၀ါး
ကမ်းထားကိုက.ို .
ပြီးရင်
ဘ၀ဆိုတဲ့တ လင်းကိုဖြတ်ဖို့
အချစ်ဆိုတဲ့ဘိနပ်ကိုစီးလို့
လျှောက်စို့..။

လို့ ရေးခဲ့တဲ့အတွက် မှတ်မှတ်ရရ (အဲဒီတုန်းက တက္ကသိုလ်ကဗျာလောကရဲ့ ဥသျှောင်ကြီး) ဇေယျာလင်းက "အချစ်ကို


ဘိနပ်နဲ့ တင်စားတာ မကျေနပ်ဘူးကွာ"လို့ လာပြောခဲ့ပါတယ်။ (အဲလိုပြောပြီးနောက်မှာတော့ ကျမတို့ သိပ်ချစ်တဲ့
ကဗျာမောင်နှမတွေ ဖြစ်သွားခဲ့ကြပါတယ်။)

အဲဒီတုန်းက ဇေယျာလင်း တခုတ်တရ လာပြောတာဟာ ကျမအတွက်တော့ သိပ်ကျေနပ်စရာ ဝေဖန်ခံရမှု


ပေါ့..။
နောက် ကဗျာတပုဒ်က "ပြည့်စုံခြင်း"... (နောက်ပိုင်း ပေဖူးလွှာမှာ ပါခဲ့တဲ့ ပထမဆုံး မဂ္ဂဇင်း ကဗျာ)

ပြည့်စုံခြင်း

သည်ဒေသ
မြနှင်းဝေေ၀
နေခြည်တပြောက်
နှင်းသောက်တဲ့ပန်းတွေ
လန်းစွင့်နေ။

သည်မြေ
စိုပြေမြက်ခင်း
ထင်းရှူးနံ့သင်းလို့
ချစ်ခြင်းနဲ့ခင်းတဲ့
တို့များရဲ့ဘ၀အိမ်။

သည်အိမ်တွင်း
ချစ်ခြင်းနဲ့သပ်လျှို
အပိုဂုဏ်မရှိစွာ…
အာလူးတအိတ်
ဆန်တအိတ်နဲ့
သိပ်သည်းတဲ့ရေ..
ချိုမြိန်သစ်သီး
မီးလင်းတဖိန
ဲု့
လိုချင်ခြင်းတွေကင်းတယ်။
ပြီး…
ချစ်ဇနီးအလှဝမ်းဝဖို့
ကြိုးပမ်းရတဲ့ချစ်သူ
သူနဲ့အတူကူညီရုန်းကန်
အားမာန်ဖြည့်တင်း
ပြိုင်ဘက်ကင်းစွာ
လိမ္မာတဲ့အိမ်သူကျမ
သည်ဘ၀ထဲမှာရှိတယ်။

သည်ဘ၀....လှပသာယာတယ်…။

အားလပ်တဲ့အခါ...
ကဗျာတွေစပ်စာတွေဖတ်နဲ့
သဘာဝမှာမျက်နှာအပ်
စိတ်ဓါတ်ဟာလတ်ဆတ်နေမယ်။

ညနေခင်း....
လေညင်းအလာ
ပြတင်းမှာလက်တင်
ချစ်သူရဲ့ရင်ခွင်ခဝ
ို င်လို့
ချိုမြိန်တဲ့ကဗျာ
သာယာစွာဆိုညည်းမယ်။

ချစ်သူ့ပခုံးဖျား
ခိုနားရင်းလည်း
အင်အားများစွာရလာမယ်။

အဲဒီအခါ
ကမ္ဘာဟာ...
တို့များရဲ့
ရိုးသားတဲ့ချစ်ခြင်းကို
နှစ်လိုခြင်းများစွာနဲ့
ကောင်းချီးသြဘာပေးလိမ့်မယ်…
ကဲကွယ်..။

နောက် ကဗျာတပုဒ်က "ငှက်ကလေးရေ"....။

ငှက်ကလေးရေ..
လွမ်းတေးဖွဲ့ဆို
အဖော်လိုလား
ပြောပြပါကွယ်
ငှက်ကလေးရယ်...

လို့ စတာ မှတ်မိတယ်။ နောက်အပိုဒ်တွေကျတော့ မမှတ်မိတော့ပြီ။ (အဲဒီကဗျာလည်း ပေဖူးလွှာမှာ ပါခဲ့တယ်)။

အဲဒီ ကဗျာစာအုပ်တွေ ထုတ်ချိန်မှာပဲ မေငြိမ်းဆိုတဲ့ နာမည်ကို ယူဖြစ်ခဲ့တာ။ ကိုယ့်နာမည်ရင်းက


မာဆတ်ဆတ် နိုင်တာမို့ ကလောင်နာမည်မဆန်ဘူးလို့ ထင်နေချိန.် . ကျမရဲ့ ဆရာလိုဖြစ်နေတဲ့ အကို တယောက်က
မေငြိမ်းဆိုတာလေး ရွေးပေးတော့ ပေါ့ပေါ့ပါးပါး အလွယ်တကူပဲ ကောင်းသားလို့ ရွေးခဲ့တာ.. ခုလောက်တွင်သွားမယ်တောင်
မထင်ခဲ့။ နောက်တော့ ကဗျာစာအုပ်တွေ လိုက်ရောင်းရင်း.. တခါတလေ.. ကဗျာစာအုပ်တွေလဲလယ
ှ်ယူကြရင်း
ကဗျာသူငယ်ချင်းတွေအများကြီး တိုးတိုးလာ..။ ဒီလိုနဲ့ တက္ကသိုလ်ထဲ ထွက်သမျှ ကဗျာစာအုပ်တွေထဲ ကျမ ၀င်ဝင်ပါဖြစ်ခဲ့တာ
အများကြီး။ မနက်စောစော တောင်ပိန္နဲပင်အောက်မှာ ထိုင်ရင်း ရေးဖြစ်သမျှ ကဗျာတွေဟာ စာအုပ်တွေထဲ ပါသွားတာချည်း..။

အဲဒီအခါ ကဗျာအဖွဲ့တွေ.. အရှည်ကြီးတလှည.့် . ဂျပ်စင်ကင်တီးက ယင်းမာလက်ဘက်ရည်ဆိုင်မှာတလှည.့် .


မာလာကင်တီးတ၀ိုက်မှာ တလှည့်.. အီကိုကင်တီးက ယမ်းဘီလူးမှာတလှည့် ထိုင်ကြ။ မေဂျာစွဲမရှ.ိ . အဆောင်စွဲမရှ.ိ .
နယ်စည်းမခြား ကဗျာသမားတွေ စုမိလာ..။ အဲဒီမှာပဲ ကိုသူရ(ဇာဂနာ)တို့ ကိုအောင်ကျော်ဦး (ပိန်ပိန)် တို့ တက်တူ
(ဆုံးရှာပြီ)တို့ စာရေးဆရာ ဇော်ဇင်တို့တွေကလည်း ဂျပ်စင်ကင်တီးက ယင်းမာ လဘက်ရည်ဆိုင်မှာ လာ လာ ထိုင်။
ကျမတို့ကဗျာအုပ်တွေနဲ့ ပေါင်းမိပြီး တ၀ါးဝါး တဟားဟား..။ ဇာဂနာ့ရဲ့ လက်တမ်း ပြက်လုံးတွေအောက်မှာ ဂျပ်စင်အောက်က
ညနေတွေ ဘယ်လို စောင်းကုန်မှန်း မသိခဲ့ကြ။
(အဲဒီ ဂျပ်စင်ဘုရားကျောင်း နောက်ဘက်စကြံင်္လေးရဲ့ ဘယ်ဘက်ကို ချိုးလိုက်ရင် ယင်းမာ
လဘက်ရည်ဆိုင်လေးကို တန်းကနဲ ရောက်ပါတယ်)

ခက်တာက မိန်းကလေးက ရှားရှားပါးပါး ကျမတယောက်ပဲ ပါတာ။ ကံ့ကော်ရွာပန်းချီခန်းမှာ ၀င်းမော်ဟန်တို့


ကေမြိုးတို့ ကိုစန်းဦးတို့ မမွှေးတို့ ပန်းချီရေးနေကြတာကို သွားသွားငေးလည်း အဲဒီယောက်ျားတွေကြားထဲမှာ ကျမ
တယောက်တည်း ကန့်လန့် ကန့်လန့်ပေါ့..။ ဂျပ်စင်ခန်းမမှာ ကံ့ကော်ရွာပန်းချီပြပွဲလုပ်လည်း ကျမက ထိပ်ဆုံးက။ အဲဒီကျမက
မိန်းထဲ.. RIT ထဲ.. လှိုင်နယ်မြေထဲ.. ကဗျာစာအုပ်တွေ လိုက်ရောင်း..။ ဆံပင်ရှည်ရှည်နဲ့.. ဗမာအင်္ကျီ သေသေချာချာ
သပ်သပ်ယပ်ယပ် ၀တ်ထားတတ်တဲ့ ဂုဏ်ထူးတန်းကျောင်းသူ မိန်းကလေးတယောက်က လွယ်အိတ်ကြီး လွယ်ပြီး
ယောက်ျားလေးတွေနဲ့ ဟိုဟိုဒီဒီ လျှောက်သွားနေတာဟာ မသင့်တော်ဘူးလို့ ကျမ တခါမှ မတွေးမိခဲ့ဖူးပါ။ ကျမမိဘကလည်း
အဲဒါ မသင့်တော်ဘူးလို့ တခါမှမပြောဖူးပါ။ (အဖေကဆို သဘောတောင် ကျနေတာ.. သူ့တုန်းကလည်း အဲလို
ကဗျာစာအုပ်တွေ ထုတ်ခဲ့တာ.. ဆဲဗင်းဂျူလိုင် နောက်ပိုင်းမှာပေါ့လို့ တသသ ပြောသေးတာ.. အဲဒီအချိန်ထိတောင် သူ့ကဗျာ
စာအုပ်လေးတွေ သိမ်းထားတုန်း)။ (ဒါပေမဲ့ အဲလို အနေအထိုင်မျိုးက မြန်မာစာဌာနအနေနဲ့တော့ ပြဿနာရှိခဲ့ပါတယ်..
နောက်ပိုင်းမှ ပြောပြပါဦးမယ်)။

အဲလိုနဲ့ ကဗျာစာအုပ်တွေ လည်ရောင်းရင်း.. ကဗျာအကြောင်းတွေနဲ့ ရန်ဖြစ်ရင်းကပဲ ကဗျာသမားတွေရဲ့


အချိတ်အဆက်နယ်ပယ်လေးက ကျယ်ပြန့်လာပါတယ်။ (ခု ဘလော့ဂါ ၀န်းကျင်လေးလိုပေါ့)။ ကျမအတွက်ကတော့
အဲဒီအချိန်ဟာ ဘ၀မှာ တော်တော် အဓိပ္ပါယ်ရှိတဲ့ အချိန်ကာလတခု ဖြစ်ခဲ့တာပါ။ အဲဒီ ကာလတွေထမ
ှဲာပဲ နောက်ထပ်
ဘ၀လေးတခု စဖို့ အကြောင်းပါခဲ့တာလေ..။
မြသီလာအလွမ်းပြေ (၆)

အဲဒီ ၁၉၈၅ပညာသင်နှစ်အစမှာပဲ ကျမတို့ မေ့မေ့ပျောက်ပျောက်နေခဲ့တဲ့ အနာဟောင်းကလေးက


တက္ကသိုလ်ကျောင်းဝန်းကျင်ကို နည်းနည်း ပြန်လှုပ်ခတ်သွားစေခဲ့တာလည်း ဒီနေရာမှာတော့ ထည့်မပြောလို့ မရ။
ကျောင်းတွေပြန်ဖွင့်ပြီး သိပ်မကြာခင်မှာ ၁၉၈၃-၈၄အတွက် ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေ ထွက်လာပါတယ်။
အဲဒီမဂ္ဂဇင်းက ကျမတို့ ကျောင်းသားတွေ ကြားထဲမှာ တော်တော် အလုပ်များ သွားစေခဲ့ပါတယ်။

ဟောဒီမှာ လက်သီးဆုပ်တွေ့လား.. သွေးတွေ စီးကျနေသလိုပ.ဲ .တဲ့။ ဒီမှာက ဗိုလ်အောင်ကျော့် ဂူ..။


ကျောင်းသားတွေ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ၀ိုင်းထိုင်နေကြတာပေါ့။ ဒီမှာ ကျောင်းသားအလောင်းကို ထမ်းလာတာ။
ဆဲဗင်းဂျူလိုင်ပေါ့...။ ကောင်မလေးပုံကလည်း အမိန့်ပြန်တမ်း ဖတ်နေသလိုပဲ..။ ဘွဲ့ဝတ်စုံ ကလည်း သွေးတွေ စွန်းနေသလို...။
ဒါ... ငါတို့ အပြစ်မဲ့ ကျောင်းသားတွေကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ သမိုင်းပဲ..။ ပန်းချီဆရာက မောင်မြင့်ဌေး.. တဲ့။
လှိုင်က ကျောင်းသားပဲ.. တဲ့။ ရုတ်တရက်.. ကျမ ၀န်းကျင် တ၀ိုက်မှာ သွေးနွေးတဲ့ ကဗျာသမားတွေမို့ထင်ရဲ့.. အဲဒီ ကိစ္စက
လေးနက်သွားတယ်။

ကျမက အချစ်တွေ အလွမ်းတွေ အပျော်တွေနဲ့သာ တက္ကသိုလ်ကို ခံစားနေခဲ့ချိန.် .. တက္ကသိုလ်ဆိုတာ


အမှန်တရားအတွက် သွေးစွန်းခဲ့တဲ့နေရာတခု၊ ကျောင်းသားအခွင့်အရေးအတွက် တောင်းဆိုခဲ့ရတဲ့ နေရာတခု..
ကျောင်းသားတွေရဲ့ တာဝန်ဆိုတာထဲမှာ နိုင်ငံမှာ တရားမျှတမှုထွန်းကားရေးလည်း ပါတယ်... ဆိုတာတွေကို ပြန်
သတိရလာစေခဲ့တယ်။ နောက် အဖေပြောတဲ့ ဆဲဗင်းဂျူလိုင.် .။ အဲ့ဒီအခါကျတော့ ငါ့ကို ဇန်န၀ါရီပြန်ပေး.. ဆိုတဲ့
ကဗျာစာအုပ်ခေါင်းစဉ်ကတောင် တကယ့် လွတ်လပ်ရေးအစစ်ကို ပြန်တောင်းလေသလားလို့ စဉ်းစားမိလာစေခဲ့တယ်။

နောက်တော့ အဲဒီ မျက်နှာဖုံးရေးတဲ့ ပန်းချီဆရာလေး အဖမ်းခံရတယ်တ.ဲ့ .။ ကျမစိတ်ထဲ တော်တော်


မကောင်း ဖြစ်သွားတယ်။ အဲဒီ မဂ္ဂဇင်းမျက်နှာဖုံးသရုပ်ဖော်ပုံက ဖမ်းရ ဆီးရ လောက်အောင် သက်သေ
အထောက်အထားလည်း မခိုင်လ.ုံ .။ ပြီးတော့ ဒါဟာ အနုပညာ လွတ်လပ်ခွင့်လည်း ဖြစ်သေးတယ်။ အဲဒီအချိန်မှာ ကျမ
နည်းနည်း လေးနက်လာတယ်။ (ဒါပေမဲ့ နောက် ၁၀နှစ်အကြာမှာတော့ ထောင်က လွတ်လာတဲ့ အဲဒီ မောင်မြင့်ဌေးနဲ့
ခင်သွားပြီး သူ့ကို ကျမရဲ့ "အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင"် ဆိုတဲ့ RITနောက်ခံ လုံးချင်းဝတ္ထုအတွက် မျက်နှာဖုံးပန်းချီ
အပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမျက်နှာဖုံးကို ကျမ သိပ်ကြိုက်ပါတယ်.. Scan ဖတ်ပြီး တင်ပေးချင်ပေမဲ့ အဲဒီစာအုပ် လောလောဆယ်
လက်ထဲမှာ မရှိဖြစ်နေလိ)ု့ ။ ဒါပေမဲ့ နောက်တော့လည်း လူငယ်သဘာဝအတိုင်း မေ့မေ့ပျောက်ပျောက် ပါပဲ..။

မေ့မေ့ပျောက်ပျောက်ဆို.. အဲဒီတုန်းက တက္ကသိုလ်ရဲ့ အချိန်တွေကလည်း ကျောင်းသူ ကျောင်းသားလူငယ်


တွေကို ဖမ်းစားနိုင်နေသေးတာကိုး။ ဘာပဲဖြစ်ဖြစ်.. ကဗျာစာအုပ်လေးတွေ ထုတ်ခွင့်ရတယ်.. ပန်းချီပြပွဲလေး တွေ
လုပ်ခွင့်ရတယ်... ကျောင်းထဲ လွတ်လွတ်လပ်လပ် သွားခွင့်ရတယ်။ အဆောင်ရှေ့မှာ ညည "အဆောင်သ.ူ .. အဆောင်သူ..
အလွမ်းပြေ.. ရောက်လာတယ်..." လို့ သွား သွားအော်လို့ရသေးတယ်။ မိုးချုပ်မှ အင်းလျားကန် ပေါင်ပေါ်ကနေ
လမ်းလျှောက်ဆင်းပြီး ရိုးမရိပ်သာရှေ့မှာ ကိုတရုတ်ကြီးရဲ့ ၀က်သား တုတ်ထိုးကို ဇိမ်ဆွဲပြီး စားနိုင်ခဲ့သေးတယ်။ (အဲဒီအချိန်က
ဝက်သားတုတ်ထိုး တချောင်း တမတ်)။ ပြောချင်တာက.. ကျောင်းအရိပ်မှာ အေးချမ်းနေခဲ့ပါသေးတယ်..ဆိုတာပါ..။
၁၉၈၆ဆန်းစ.. ဇန်န၀ါရီလထဲလို့ ထင်တာပဲ..။ မာလာမှတ်တိုင်နောက်က ယုဒသန်ခန်းမမှာ
ကံ့ကော်ရွာအဖွဲ့ရဲ့ ပန်းချီပြပွဲရှိတယ်။ ထုံးစံအတိုင်း နေ့လယ် အတန်းအားချိန.် .. ပန်းချီပြပွဲ အပြေးအလွှား သွားကြည့်ရတယ်။
ပန်းချီဆရာတွေ တော်တော်များများပါတဲ့ ပွဲပဲ။ ပန်းချီကားတွေ လိုက်ကြည့်နေတုန်း .. မှတ်မှတ်ရရ ကျမ အဲဒီပမ
ွှဲာ တော်တော်
သဘောကျ တာက ညိုဝင်းမောင်ရဲ့ "ခင်ချိုအေး၏အိပ်မက်" ဆိုပြီး ၁..၂..၃.. တပ်ထားတဲ့ ဆာရီယယ် (Surrealism)
ကားတွေ။ နောက် ကေမြိုးနဲ့ ဆရာကြီးမြင့်စော..။ နောက် ထုံးစံအတိုင်း ကိုမျိုးမြင်.့ . မမွှေး.. ခင်မြဇင်... ခင်ဆွေဝင်း..
ဝင်းသိန်း.. တီးတိ.ု . ကျမသိတဲ့ ပန်းချီဆရာတွေများပါတယ်။ (တချို့ ကျန်နေခဲ့ရင် ခွင့်လွှတ်ပါ)။ ပန်းချီကားတွေ
ရပ်ကြည့်နေတုန်း "အမ.. ကဗျာစာအုပ် ၀ယ်ပါလား ဟင်" လို့ ကြားလိုက်တာနဲ့ လှည့်ကြည့်လိုက်တော့ ကောင်လေး
လေးငါးယောက် တအုပ်စ.ု .။ လက်ထဲမှာ ကဗျာစာအုပ်လေးတွေနဲ့။ ဘယ်လောက်လဲဆိုတော့ ၁ကျပ်တဲ့ (အဲဒီတုန်းက
လက်ဘက်ရည် တခွက်လည်း တစ်ကျပ်)။ ကျမက ရယ်လိုက်ပြီး "အတော်ပ.ဲ .. တို့မှာလည်း ကဗျာစာအုပ်
ရောင်းစရာရှိတယ်"လို့ ပြန်ပြောပြီး ကျမရဲ့ လွယ်အိတ်ကြီးထဲက ကဗျာစာအုပ်တွေကို ထုတ်လိုက်တော့ သူတို့
စိတ်ညစ်သွားတာပေါ့။ ကျမကို ရောင်းရင် တအုပ်တည်း ရောင်းရပြီး သူတို့က အနည်းဆုံးငါးအုပ်လောက် ပြန်ဝယ်ရမှာကိုး။

အဲဒီနေ့က ကျမတို့ ကဗျာစာအုပ်တအုပ်စီ အပြန်အလှန် လက်ဆောင်ပေးပြီး ကျမဆီက နောက်ထပ်


ကဗျာစာအုပ၃
် အုပ် သူတို့ ၀ယ်ပါတယ်။ (ဒါပေမဲ့ သူတို့က ဖိတ်တာနဲ့ သူတို့အဖွဲ့ထိုင်နေကျဆိုတဲ့ ယင်းမာမှာ
လဘက်ရည်လိုက်သောက်တော့ ကျမပဲ ပိုက်ဆံရှင်းလိုက်ရတာ ပိုတောင်ကုန်သွားသေး)။ သူတို့က လှိုင်နယ်မြေက
အောင်လာတဲ့ တတိယနှစ်ကျောင်းသားတွေ... တဲ့။ သူတို့ ကဗျာအုပ်က အတောင့်သား။ ၁၀ယောက်လောက် ရှိတယ်တဲ့။
(အဲဒီနေ့ကစပြီး အဲဒီအုပ်နဲ့ ကျမ အဖွဲ့ကျသွားလိုက်တာ နောက်ပိုင်းမှာ သူတို့နဲ့ ကဗျာစာအုပ်တွေအများကြီး ထုတ်ဖြစ်ခဲ့တဲ့
အထိပါပဲ။) သူတို့ ကဗျာစာအုပ်က ဒီဇိုင်းလှလှကလေး။

ကောင်လေး၅ယောက် အသီးသီး လက်မှတ်ထိုးကြတယ်။ အာကာ... သုထက်ကျော်.. ရွက်နုသစ်... ကိုချို..


ကိုဂျက်... ဟိန်းသစ်ရည်သိမ်း.. တဲ့။ ဟိန်းသစ်ရည်သိမ်း.. ဆိုတဲ့ကောင်လေး လက်မှတ်ထိုးတော့ ကျမက "မင်းနာမည်က
ခေါ်ရ မှတ်ရ ခက်ပါ့.." လို့ ပြောတော့ သူက ကဗျာစာအုပ်ကို ပြင်ဆင်တဲ့ ဒီဇိုင်းနဲ့ ဖယောင်းလက်ရေး ရေးတာ သူပါဆိုပြီး
လက်မှတ်ကို ပြတယ်။ (တကယ်တော့ သူက ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ သရုပ်ဖော် ပန်းချီတွေ ဆွဲနေတဲ့သူပါ)။
အဲဒီတော့မှ ပိုဆိုးတာပဲ.. ဗမာစာလို ပီပီသသ စာလုံးတွေပေမဲ့ ဖတ်မရ..။ ကျမက "ဟာ... ဘာကြီးလဲ..." လို့ တမင်
ပြောတော့မ.ှ . "အမကလည်း မှန်ထောင်ဖတ်ပေါ့" ဆိုပြီး ရယ်နေတယ်။ လက်မှတ်ထိုးတာကိုက ပြောင်းပြန်ဇောက်ထိုး။ (အဲဒီ
သူ့ရဲ့ လက်မှတ်ကို အဲဒီခေတ် တက္ကသိုလ်က တော်တော်များများ သိကြပါတယ်)။ (အဲဒီလို အတွေးကိုက ခွကျကျနိုင်တဲ့
လူမျိုးကို ရည်းစားလုပ်ရမယ်.. အိမ်ထောင်ဖက်အဖြစ် ရွေးရမယ်လို့များ အဲဒီအချိန်လေးမှာ တယောက်ယောက်က
နိမိတ်ဖတ်သလို လာပြောခဲ့ရင် ကျမ ရယ်မိခဲ့မှာ ထင်ပါရဲ့)။

အဲဒီနောက်မှာတော့ ဂုဏ်ထူးတန်းကျောင်းသူတယောက်အနေနဲ့ဆိုရင် ကျမ အတန်းလစ်တာက နည်းနည်း


များလာပါတယ်။ လှိုင်နယ်မြေထဲက ဗကပကင်တီးမှာ သွား သွား ထိုင် ရတာကို သဘောကျလာတာလည်း ပါပါတယ်။
နောက်တကြောင်းက ကျမရဲ့ ကျောင်းစာတွေကို သိပ်မကြောက်တာလည်း ပါပါတယ်။ နောက်ထပ် အရေးပါတဲ့
တကြောင်းကတော့ ကျောင်းမှာ စာအုပ်စာတမ်း ၀ယ်ရတာတွေ များလာတော့ အမေက ပိုက်ဆံ မတတ်နိုင်တော့လို့
"သမီးရယ်... ဂုဏ်ထူးတန်းပြီးရင် အမေ့ကျောင်းမှာပဲ SAT (အထက်တန်းပြ) ၀င်လုပ်တော့ နော်.. အမေ မဟာဝိဇ္ဇာတန်းထိ
ဆက်ထားမနိုင်တော့ဘူး.. ပြီးရင် Thesis ကလည်း ပိုက်ဆံကုန်မှာ" တဲ့။ အဲဒီတုန်းက B.A(Hons;) ဆိုရင်
အထက်တန်းပြဆရာမ ဖြစ်ပြီလေ။ တကယ်လည်း ကျမတို့ အဖေက အရာရှိပေမဲ့ လူမှန်မို့ ကျမတို့မိသားစုက အင်မတန်
ကျပ်တည်းတာလေ။ ဒါကြောင့် သေချာနေတာက ကျမ ဒီတနှစ်ပဲ ကျောင်းတက်နိုင်တော့မယ် ဆိုတာပါပဲ။ သိပ်
ဝမ်းနည်းခဲ့ရပေမဲ့ ကိုယ့်အခြေအနေကို အသိဆုံးမို့ နေလို့ရတုန်း ကျောင်းမှာ တန်အောင်နေမယ်ဆိုတဲ့ ညစ်ကျယ်ကျယ်
စိတ်နဲ့သာ ပျော်အောင် နေပစ်လိုက်တာ လည်း ပါခဲ့တာပေါ့လေ။

အဲဒီထဲမှာ အမြတ်ရတာကတော့ တကယ့် ဆရာသမားတွေ.. စာသမားပေသမားဆိုတဲ့သူတွေ.. အနုပညာ


တကယ်ခုံမင်တဲ့သူတွေ.. ၀ါသနာတူသူငယ်ချင်းတွေကို အချိန်တိုလေးအတွင်းမှာ တွေ့ခွင့်ရလိုက်တာပါပဲ။ အဲဒီတုန်းက
ရန်ကုန်တက္ကသိုလ်ထဲမှာ ကဗျာအသိုင်းအ၀ိုင်းကြီးက ကြီးလာလိုက်တာ.. တောင်ငူဆောင် ကင်တီးတ၀ိုက်ဟာ
ကဗျာစာအုပ်တွေ ပလူပျံထွက်တဲ့ နေရာလို ဖြစ်နေခဲ့တာပါပဲ. ..။
မြသီလာအလွမ်းပြေ (၇)

တက္ကသိုလ်ဆိုတာက တက္ကသီလာ... မြင့်မြတ်သောအကျင့်တို့ ရှာဖွေဆည်းပူးရာအရပ် ဆိုပါတော့။


ဒါ့ထက်ပိုတဲ့ အနက်ဆိုရင်တော့ ကျယ်ပြောတဲ့ ဗဟုသုတတွေ ရှာဖွေရာအရပ်ပေါ့။ ဒါကြောင့်ပဲ တကယ်လည်း
တက္ကသိုလ်ဆိုတာက တင်းကျပ်တဲ့ နယ်ပယ်အကန့်အသတ်တွေ... စည်းမျဉ်းပေါင်တွေကနေ ကင်းလွတ်ပြီး လိုအပ်တဲ့
စည်းကမ်းလေးတွေန.ဲ့ .. ကျောင်းသားတွေ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်န.ဲ့ . ပညာဆည်းပူးနိုင်ရမယ့်
နေရာပဲ ဖြစ်ရမှာလေ..။

နောက်ပိုင်းကျတော့ "သီရိသူအချစ်ဆုံးမိန်းကလေးအတွက် ကိုယ်ရည်ရွယ်သီချင်းတပုဒ် ဆိုမယ်.." ဆိုတဲ့


မြိတ်သား အဆိုတော်အောင်နိုင်လည်း ကဗျာအုပ်ထဲရောက်လာ..။ ပြက်လုံးတွေ ပြက်တဲ့နေရာမှာ ကင်တီးမှာတင် ပွဲခွင်တခွင်
ဖြစ်သွားစေတဲ့ လူရွှင်တော် ဖြတ်ထုံး(Law) ကလည်း ပြက်လုံးတင်ရတာမဟုတ်၊ ကဗျာမှာလည်း နရီ(မြိတ)် ဆိုပြီး အပျံစား။
နောက် ကျမကြိုက်တဲ့ ကဗျာဆရာ ရဲနန္ဒာမိုးဆိုတာကလည်း ခုန လှိုင်နယ်မြေထွက် ကဗျာအုပ်ထဲက တယောက်ပေါ့။
သူကလည်း သိပ္ပံကျောင်းသားကနေ တောင်ငူကင်တီး လာ လာ ထိုင်။ နောက်တော့ မိုးမောင်မောင်... နွယ်သာကီ(မိုးခိုင)် ..
မင်းထက်ကိုကို.. မောင်သ.ူ . Hယင်းမာ၊ အက်စ်ခိုင်ငြိမ်း။ မိဆူးပွင့။် နောက်တော့ မောင်နှမအရင်းလို ချစ်သွားရတဲ့
အံ့ဘွယ်ကျော် (စာရေးဆရာ မင်းကျော်ရဲ့သား.. မြန်မာစာကျောင်းသား..၊ ခုတော့ စစ်ဘီလူးတွေရဲ့ ထောင်ထဲမှာ ၃ခါပြန်
ဝင်နေရပြန်ပါပြီ)။ သီချင်းရေးတဲ့ ညီညီသွင.် .။ အဲ့ဒီအပြင် ခုထိ စာနယ်ဇင်းလောကထဲ မားမားမတ်မတ် ရပ်နေဆဲဖြစ်တဲ့
ကဗျာဆရာ မင်းထက်မောင်(သူက အဲဒီတုန်းကတည်းက စာနယ်ဇင်းကဗျာဆရာဖြစ်နေပြီ)..။ ပြီးတော့ အဲဒီတုန်းကတည်းက
ဘာသာပြန်တွေ ကြိုးစားရေးနေပြီဖြစ်တဲ့ ဖေသက်န.ီ .။ တခါတလေ.. အဲဒီတုန်းက ဘဲဥလို့ခေါ်တဲ့ ကိုကျော်မြင့်လွင်
(ထူးအိမ်သင်)။ သူတို့တွေလည်း အရှည်ကြီးဆိုင်မှာ ပျော်ဝင်ခဲ့ ကြဖူးပါတယ်။

ဘာရယ်မဟုတ် ရောက်တတ်ရာရာ ဖတ်ထားသမျှတွေ ပြောကြ ငြင်းကြ ဆွေးနွေးကြ..။


အဲဒီအချိန်တွေထဲမှာပဲ အင်းလျားကန်ပေါင်အောက် တံတားဖြူမှတ်တိုင်က ခရမ်းပြာ လက်ဘက်ရည်ဆိုင်လေးထိ..
ခြေဆန့်ဖြစ်ခဲ့ကြတာပေါ့။ အဲဒီ လက်ဘက်ရည်ဆိုင်မှာ အကိုနှစ်ယောက်ရှိတဲ့ ဆယ်တန်းကျောင်းသူလေး ရီရီနဲ့
သူ့အချစ်ဆုံးသူငယ်ချင်း မိုးမိုးဆိုတဲ့ ကောင်မလေးနှစ်ယောက်က ချောချောလေးတွေ.. မျက်နှာချိုချိုလေးတွေနဲ့။ ကျမတို့က
ရီရီ့ကို နာမည်ပေး ထားတယ်.. ချိုစိမ့်လို့။ (နောက်တော့ ကျမနဲ့ ညီအမတွေလို ချစ်သွားခဲ့ကြတာ... နှစ်ပေါင်းများစွာတိုင.် .)။

သူ့အကို နှစ်ယောက်မရှိရင် ကျမတို့က "ရီရီ.. မိုးရဲရင် ဆောင်းရဲရမယ်.." လို့ ဆိုပြီး စကြတယ်။ အဲဒီတုန်းက
ခရမ်းပြာမှာ မဇ္ဈိမလှိုင်းက ကိုရဲလွင်ကို တွေ့ရတတ်တယ်.. နောက် ကိုနေ၀င်း၊ ကိုခင်ဝမ်း...။ ကျမကတော့ ဆိုင်ထဲမှာ
သူတို့ရှိရင် ပျော်နေတာပဲ..။ တခါတုန်းမှာ ကိုခင်ဝမ်းက စားပွဲအစွန်းမှာ ဖန်ခွကတ
် ခွက်ကို ကျလုကျခင် တင်ပြီး
ငြိမ်ကြည့်နေတော့ ကျမက "အား...ကိုခင်ဝမ်း ဖန်ခွက်ကျတော့မယ်.."လို့ စိတ်ပူပြီး လှမ်းပြောမိတယ်။ အဲဒီမှာ ကိုခင်ဝမ်းက
"ဟော.. တွေ့လား... ဖန်ခွက်ကလေးရဲ့ အော်သံကို ခင်ဗျားတယောက်ပဲ ကြားတယ်.. အဲဒါ Sense ပဲ " လို့ ပြောဖူးတာကို
အမြဲ သတိရတယ်။

ခရမ်းပြာလက်ဘက်ရည်ဆိုင်လေးနဲ့ ပတ်သက်ပြီးး ကျမ ဘလော့မှာ တခါ ရေးခဲ့ဖူးပါတယ်။ ဆိုင်နံရံက


သစ်သားချောင်းလေးတွေ ခပ်ကျဲကျဲကာထားတာမျိုးမို့လို့ အပြင်ကို ချောင်းကြည့် သလို မြင်နေရတာ..။ နောက်
အင်းလျားကန်ပေါင်ရိုးကို လှမ်းမြင်နေရတာ..။ ချိန်းထားတဲ့ သူငယ်ချင်းတွေ ကန်ပေါင်လှေကားထစ်တွေကနေ
ဆင်းလာကတည်းက မြင်နေရပြီ။ ပြီးတော့ အဲဒီဆိုင်လေးမှာက သီချင်းငြိမ့်ငြိမ့်လေးတွေပဲ ဖွင့်တာ များတယ်လေ..။ ခရမ်းပြာက
တံတားဖြူမှတ်တိုင်နဲ့ကလည်း နီးနီးလေးမို့ ပြန်ဖို့လည်း အဆင်ပြေတယ်..။ ခရမ်းပြာ မှာကတော့ ကဗျာမရေးဖြစ်။ (ဒါပေမဲ့
နောက်ပိုင်း ကျမ ၀တ္ထုရေးတော့ ခရမ်းပြာကနေ inspiration ရလာတဲ့ ဇာတ်လမ်းတွေ ရေးဖြစ်ခဲ့ပါတယ်)။

အဲလိုနဲ့ ကဗျာရပ်ဝန်းကြီးဖြစ်လာတော့ ကျမလည်း ကဗျာတွေ တော်တော် ရေးဖြစ်လာတာပေါ့။


နောက်ပိုင်းကျတော့ ကဗျာစာအုပ်လေးတွေကို ၀ယ်ချင်စဖွယ်ဖြစ်အောင် လုပ်တာတို့ RC(အပန်းဖြေခန်းမ)မှာ တင်တာတို့ပါ
လုပ်လာနိုင်ကြပါတယ်။ ကဗျာစာအုပ်မှာ တကယ့် ပန်းအစိုလေးတွေကို အရာထင်အောင် ကပ်တာတိ.ု့ . ဒီဇိုင်းလှလှလေး
ဆွဲတာတို့ လုပ်ကြပါတယ်။

နောက်ထပ်သတိရစရာကတော့ အဲဒီတုန်းက ကျောင်းအပြန် အချိန်ရပြီဆိုရင် ကျမက တကူးတကပဲ..


မဂိုလမ်း (ရွှေဘုံသာလမ်း) အလယ်ဘလောက်မှာရှိတဲ့ လမင်းတရာစာအုပ်ဆိုငက
ို ၀င်ပြီး ဖတ်ချင်တဲ့ စာအုပ်တွေ ငှားရတယ်။
အဲဒီဆိုင်က ကိုအေးဝင်းက ခပ်အေးအေး..ပြီးတော့ စာဖတ်ချင်တဲ့သူကို သူစိတ်ချပြီဆိုရင် သူသိမ်းထားတဲ့ စာအုပ်တွေ
ထုတ်ထုတ်ငှားတာ..။ မှတ်မှတ်ရရ.. ကြည်အေးဝတ္ထုတွေ.. ဒဂုန်တာရာ့စာတွေ.. စုံအောင်ဖတ်ရတာ သူ့ဆီက။ ရှုမ၀မဂ္ဂဇင်းတွေ
အတွဲလိုက်ဖတ်ရတာလည်း သူ့ဆီက..။ နိုင်ငံရေးစာအုပ်တွေ ဖတ်ရတာလည်း သူ့ဆီက..။ သူပြောတဲ့ စာအုပ်အကြောင်းတွေ
နားထောင်ပြီးမှ အောက်ဘလောက်မှာရှိတဲ့ ကျမရဲ့ အိမ်ကို ပြန်ဖြစ်တာ။ ကျမက ကျောင်းစာထက် အပြင်စာအုပ်တွေပဲ
ဖတ်ချင်နေတဲ့အချိန်ဆိုတော့ လမင်းတရာနဲ့အကိုက်ပေါ့။

ကျမ ကဗျာစာအုပ်တွေထုတ်ဖြစ်တော့ ကိုအေးဝင်းကို ကြွားတာပေါ့။ မှတ်မိသေးတယ်။ ကိုအေးဝင်းက


ကျမကို ကဗျာတွေ မဂ္ဂဇင်းတွေဆီကို ပို့ပါလားလို့ စပြီး ပြောတဲ့သူ။ ဒါပေမဲ့ ကျမစိတ်ထဲတော့ မဂ္ဂဇင်းဆိုကြီးက ကိုယ်နဲ့
အလှမ်းဝေးလှတယ်ပဲ ထင်ပါတယ်။ တခါမှလည်း စိတ်မကူးဖူးဘူး။ ကိုအေးဝင်းကို "မဖြစ်ပါဘူးအကိုရာ.. ကြောက်ပါတယ်.."
လို့ ပြန်ပြောခဲ့တာ..။ အဲဒီအချိန် ဂျူးတို့ မအိတို့လက်ရာတွေနဲ့ ကိုယ့်မတောက်တခေါက် ကဗျာတွေ ယှဉ်တွေးရင်ကို
မဖြစ်နိုင်ပါဘူးလို့ပဲ တွေးမိတာလေ။ (ဒါပေမဲ့ အဲဒီအချိန်တုန်းက စိတ်ထဲမှာ နည်းနည်းတော့ အားရှိသွားတာ တကယ်ပါ..
ကိုအေးဝင်းလို စာဂျိုး(စာချိုး)ကြီးက ပြောတာဆိုတော့) ။ (ဒါကြောင့် တကယ် မဂ္ဂဇင်းတွေကို ပို့ဖို့ စိတ်ကူးကြည့်မိစေခဲ့တာ
ကတော့ ကိုအေးဝင်းက စတယ်ဆိုပါတော့၊ နောက်အနားမှာရှိတဲ့ ကဗျာအတူရေးဖက် သူငယ်ချင်းတွေ အားပေးတာလည်း
ပါတာပေါ့)။

တခါတလေမှာတော့ လူတွေ ကိုယ့်ဝန်းကျင်လေးကို စွဲလန်းတယ်ဆိုတဲ့ နေရာမှာ ကိုယ့်ဘ၀ကြောင်းနဲ့လည်း


အများကြီး ဆက်စပ်နေမယ် ထင်ပါတယ်။

အဲလိုနဲ့ပဲ ၁၉၈၆ ရဲ့နွေဦးကို ရောက်လာတယ်။ မှတ်မှတ်ရရ နွေကျောင်းပိတ်ရက်(Mid term) နီးလာချိန်


မတ်လထဲမှာပေါ့။ ထုံးစံအတိုင်း မနက်စောစော လက်ဘက်ရည်ဆိုင် ထိုင်နေတုန်း ... အဲဒီရက်တွေထဲ ကံ့ကော်တွေလည်း
ပွင့်နေကြတုန်း... ကျမ ရည်းစားစကား အပြောခံ ရပါလေရော။ ဟို ခွကျကျကောင်လေး... ဆိုတာပေါ့။ ပန်းချီလည်း ဆွ.ဲ .
ကဗျာလည်းရေး.. လူလေးက ဖြူဖြူပျော့ပျော့ မျက်မှန်လေးနဲ့၊ ကျမထက်လည်း ၁၁လ ငယ်သေးတယ်။ ပြီးတော့
အဲဒီကောင်လေးက အဖွဲ့ထဲမှာ ကျမနဲ့ စကားပြောမတည့်ဆုံး... ။ သူက မော်ဒန်.. ပို့စ်မော်ဒန်ကမှ တကယ်ကောင်းတဲ့
အနုပညာလို့ တရားလွန် ငြင်းတတ်သ.ူ .။ သူက စာဖတ်ကလည်း နာတော့ ငြင်းပြီဆို အကိုးအကားနဲ့၊ ကပ်တီးကပ်ဖဲ့။ ကျမက
စွာကလည်း စွာ.. ပြီးတော့ ကိုယ်ကြိုက်တဲ့အနုပညာဟာ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အနုပညာလို့ သတ်မှတ်သူ။ ဆိုတော့ သူနဲ့
ထိပ်တိုက်တွေ့ရနေကျ..။ (အဲဒါကလည်း မြသီလာနဲ့ ကျမရဲ့ ဘ၀မှာတော့ အရေးပါတဲ့ ဇာတ်ကွက်တကွက် ဖြစ်ခဲ့ပါတယ်)။

တကယ်တမ်းမှာ အဲဒီအချိန်တုန်းက ကျမက ကဗျာနဲ့ ပတ်သက်ရင် မောင်လင်းရိပ.် . ဇေယျာလင်း.. စန်းဦး


တို့ ပြီးရင် သူ့ကဗျာတွေကိုတော့ အကြိုက်ဆုံးလေ..။ သူရေးတာတွေက သူများနဲ့ မတူဘူး.. အတွေးက သစ်တယ်။ အများစုက
အချစ်ကို ရိုးရိုးလေးရေးတဲ့အရွယ်မှာ သူက "မီးလျှံဖြူ" ဆိုပြီး အိပ်မက်ထဲကို ရောက် ရောက် လာတတ်တဲ့ နတ်သမီးတပါးကို
စွဲလန်းမိတဲ့ အချစ်ကို ရေးတယ်.. အဲလိုမျိုး။ အဲဒီတုန်းက အသက် ၂၀အရွယ် ကောင်လေးတယောက် အနေနဲ့တော့
သူရေးတာလေးတွေကို တော်တော် ကောင်းတယ်လို့ ကျမ သတ်မှတ်ခဲ့ပါတယ်။ ကျမမှာ ရှိနေတဲ့ သူ့ကဗျာလေးနှစ်ပုဒ်ကို သူ
စာစီခဲ့တဲ့အတိုင်း တင်ပေးလိုက်ပါတယ်။
မိုးတနေ့ရဲ့ မိုးပုံပြင်

မိုးစက်တွေသစ်ရွက်ပေါ်ကျတော့
သစ်ရွက်တွေမြူးတူးစွာကခုန်
လေပြေက အဲဒီပုံပြင်ကိုပြော
နေ့တကြောလုံး မဆုံးတော့ချေ။

တစက်ကျလာလိုက.် .
ကကြိုးတခုဖန်ဆင်းလိုက်
နောက်ထပ်တစက်ကျလာလိုက်
နောက်ထပ်ကကြိုးတခု ဖန်ဆင်းလိုက်...။

(ဟေ့ လေပြေလေညင်းရေ...

မင့်ပုံပြင်ကမဆုံးသေးဘူးလား...)

အို...မဆုံးနိုင်ပါဘူး.....
မိုးစက်တွေအများကြီး
သစ်ရွက်တွေကလည်း အများကြီး...။ ။

(ဟိန်းသစ်ရည်သိမ်း- ၁၉၈၅ )

နောက်တပုဒ်....

တမ်းတမိုး

လေအငြိမ်
လှုပ်တိမ်းယိမ်းမြက်တို့
ခေါင်းမတ်ထူမော့ချိန်မှာ

မိုးမည်းတို့ ကျလာပြန်ပေါ့။

ကလေးရေ...
ဆယ်စုနှစ်တစ်ခုရဲ့
ဝေးခဲ.့ ..တေလေသာ
ငါ့စိတ်တွေသာရောက်ပြန်ပေါ့
သူ့ဆီ။

မိုးမပီတဲ့မိုးကိုမုန်းတယ်။
သစ်ရွက်တွေကိုရင်ချင်းကပ်
သိတတ်သူတို့အပါးမှာ..။

မင်းဟာ
ငါပျောက်ဆုံးခဲ့တဲ့ကဗျာ
မာရ်နတ်ခိုးယူသွားခဲ့
အရွယ်နဲ့အတူ။
ဘုရားသခင်သိမ်းယူသွားခဲ့
နာကျည်းမှုနဲ့အတူ။
ငလျင်တို့ထူပြောတဲ့
ဘ၀ထဲ
ခဏလေးပဲအငြိမ်။

မင်းဖို့အိမ်ကလေးဆောက်ခဲ့
ပြိုခဲ့ရှာ
စိမ်းသစ်စွာသောခေါင်မိုးများ
နံရံများ၊ကြမ်းခင်းများ
အရောင်မဲ့ သစ်ပင်တို့ကြားမှာ။

ပြာလွင်သောကောင်းကင်ကိုရှာခဲ့
ဟောဒီလိုစိမ်းတဲ့မိုးညမှာ
ခမျာသူဟာအရောင်ဆွံ့ရှာတယ်
တိတ်ဆိတ်ကြေကွဲစွာ
ထီးတည်းအခန်းငယ်မှာတမ်းတ
နှစ်လည်ညမို့ မဟုတ်ပါ။

ဟောဒီမှာ..မင်းနှုတ်ခမ်းက
မျိုးယူပျိုး၊လှူတဲ့ပန်း..သစ္စာတွေ
မိုးရေထဲ
အအေးမိ၊နာဖျား၊တဆတ်ဆတ်တုန်
လမ်းအကြုံ
ငါမြတ်နိုးတဲ့အကြည့်တစုံ
မဆုံချင်လိုက်နဲ့ ကလေးရေ။

ဆယ်စုနှစ်တခုရဲ့
တခုသောဇူလိုင်ရဲ့လွမ်းညမှာ
မိုးခါးများ သွန်းချပြန်ပြီ။ ။

(ဟိန်းသစ်ရည်သိမ်း-၁၉၈၆)
မြသီလာအလွမ်းပြေ (၈)

အဓိကပြောပြချင်တာကတော့ ကျမတို့ခေတ် တက္ကသိုလ်ဝန်းကျင်ဟာ ဆရာငြိမ်းကျော် ရေးသလိ.ု .


မောင်ဝဏ္ဏတို့ ကိုမင်းလူတို့ ရေးသလိ.ု . နွမ်ဂျာသိုင်းရေးသလိ.ု . မောင်စိနဝ
် င်း(ပုတီးကုံး)ရေးသလိ.ု . တကယ်ပဲ
နူးညံ့ခဲ့တယ်ဆိုတာကိုပါပဲ..။ ကျမတို့ခေတ်တွေမှာ ကဗျာရေးတဲ့သူတွေ... စာဖတ်တဲ့သူတွေ... ကျောင်းပျော် တွေကို
နားလည်တဲ့သူတွေ ရှိပါသေးတယ်။ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ငြိမ်းချမ်းလို့ပေါ့။ ကိုယ့်အဖွဲ့ထဲမှာ ချစ်သူရည်းစားတွေ
ဖြစ်သွားကြလည်း အဖွဲ့ကတော့ အတူ သွားလာမပျက်..။ ရည်းစားတွေပါ အသီးသီး ခေါ်လာပြီး ကင်တီးမှာ စားကြ
သောက်ကြ။

သူငယ်ချင်းတစု လကုန်ကာနီး မုန့်ဖိုးတွေ ကုန်လုပြီဆိုရင် တောင်ငူကင်တီး.. အန်းကျိတ်ဆိုင်က


ကန်စွန်းပလိန်းကြော်နဲ့ ကြက်ဥမွှေကြော် မှာပြီး.. အလကားရတဲ့ မှန်ရောင်ဟင်းချို ချဉ်စပ်နဲ့ ထမင်း ၀ိုင်း စားလိုက်ကြတာပဲ။
အဲဒီတုန်းက ထမင်းကြော်ကြက်ဥဆောင်း (ရှယ)် တပွဲမှ ၃ကျပ်လေ..။ ကျမက အဖွဲ့ထဲမှာ ဆင်းရဲတဲ့အထဲ ပါတယ်။ တလမှ
မုန့်ဖိုး ၁၀၀ ရတာကို စာအုပ်ပါ ၀ယ်ရသေးတာ။ (အဲဒီတုန်းက အဖေ့အရာရှိလစာကမှ ၁၇၀၀..)။ ရည်းစားလုပ်သူကကျတော့
တပတ် ၁၀၀ တောင်ရတာ။ ကျမတို့ထဲမှာ ၄ယောက်လောက်က ပိုက်ဆံရှိပြီးတော့ ၈ယောက်လောက်က ငမွဲတွေ.. ဒါပေမဲ့
သာတယ် နာတယ် မရှိ.. ဒီလိုပဲ ၀ိုင်းပြီး စားကြ သောက်ကြတာပါပဲ..။

ကျမကတော့ အဲဒီရက်တွေမှာ ကဗျာရေး စာရေးလို့တော့ ပိုကောင်းလာသလိုလို ရှိသား..။ အရင်က


မပြီးမပြတ်ရှိနေခဲ့တဲ့ ကဗျာတွေတောင် အဆုံးတွေ ဘာတွေ သတ်လို့။ ၀တ္ထုတွေဘာတွေတောင် ရေးဖြစ်သေး။ တနေ့...
ခါတိုင်းလို မနက်စောစော.. နွေဦးမှာ နှင်းတွေ မကုန်သေးသလိုလို.. မြူတွေပဲ ဝေနေသလိုလ.ို .။ အဲဒီမနက်မှာ
ကံကော်တွေလည်း ပွင့်ကောင်းတုန်း..။ ကံ့ကော်အရှည်ကြီး ဆိုင်ရဲ့ တောင်ပိန္နဲပင်တွေ အောက်မှာ ထိုင်ရင်း.. စိတ်ထဲ
သာသာယာယာနဲ့ အရင်က မပြီးပြတ်တဲ့ ကဗျာလေးတောင် အဆုံးသတ် နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအတွက်
သုံးတတ်ရင် အချစ်ဟာ မောင်းနှင်အားတမျိုး ဖြစ်တယ်ဆိုသလို ထင်ပါရဲ့။

တမ်းချင်း

နှင်းပွင့်ထိရှ
ဟေမန္တတ.ဲ့ ..
ရင်ဝလာရိုက်
စိုက်လိုက်မတ်တတ်
လှပ်လှပ်ပြေးဆော့
လေအနော့မှာ...။

နှင်းကြားလေအေး
ဟိုးအဝေးက
ဖွဖွပြေးအလာ
ရင်မှာတမ်းဖြစ်
ကံ့ကော်သစ်နဲ့
ချစ်သူ့ပုံရိပ်
တိတ်တိတ်လေး ဝေ

နှင်းတွေနဲ့အတူ
ကလူမူနွဲ့
ဟန်ပန်ဖွဲ့လို့
ကိုယ့်ထံလာ...။

ဆန္ဒကိုမြှူ မွှေးကြူရနံ့

ကံ့ကော်အကူနဲ့
ချစ်သူ့ကိုယ်ပွား
ရင်ကြားတိုးဝင်
ကြင်သူရေ လာခဲ့

ပြည့်စုံတဲ့ ဆောင်းမနက်

တသက်တာ စွဲမက်စရာ

အမှတ်သညာချန်ထား
ဝေးသွားတဲ့အခါ.. လွမ်းရအောင်..။

နှင်းစွက်ကံ့ကော်
မေ့ကို မော်ဖူး

နှင်းလူးမနက်
ကြင်ဖက်နဲ့ဆို
ပိုညက်တဲ့ရသ
ကံ့ကော်ရွာဘဝ
တမ်းတမပြေ
လွမ်းမြဲ.. လွမ်းနေရစေမယ်..။ (၁၉၈၆)

တကယ်တမ်းတော့ သူနဲ့ ကျမက ၀ါသနာတူချစ်သူတွေဆိုပြီး ကိုယ်စာရေးတာ သူဖတ်ပေး သူရေးတာ


ကိုယ်ဖတ်ပေးနဲ့ နေမှာလို့ တွေးခဲ့ဖူးသမျှ..။ သူက ကျမ ကဗျာတွေကို မကြိုက်ပါ။ ကျမရေးတာကို ဖတ်ပြီး ပြုံးတာပဲ..
ဘာမှမပြော..။ သူရေးတာက အနုအရွပေမဲ့ သူဖတ်တာက သိပ္ပံဝတ္ထုတွေနဲ့ မင်းသိခ.င်္ ..။ ၀တ္ထုတိုမှာ ကျော်စွာထက်နဲ့ နိုင်ဇော်ကို
ကြိုက်တာလေးတူလို့သာ တော်သေး။ စိတ်ချမ်းသာစရာကောင်းတာတခုက ကျမတို့နှစ်ယောက်က အရင်လိုပဲ သူငယ်ချင်းတွေ
အတိုင်း စာတွေ ပေတွေ ကဗျာတွေ ကိစ္စနဲ့ ပတ်သက်ရင် ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြတုန်းပဲ။ ဆိုတော့ တွေးစရာ ခေါ်စရာ
မှတ်စရာအသစ်တွေတော့ ရတာပေါ့လေ..။ ၀တ္ထုတိုရေးချင်စရာ အကြောင်းအရာတွေ အများကြီးရခဲ့တဲ့ အချိန်တွေပါပဲ။

အဲဒီရက်တွေထဲမှာပဲ သူငယ်ချင်းတွေက မြှောက်ပေးလို့ သူတို့နဲ့အတူ မဂ္ဂဇင်းတိုက်တွေ လိုက်ကြည့်ရင်း


ရှုမ၀ရယ်.. ပေဖူးလွှာရယ်ကို ကဗျာတွေ ၀တ္ထုတွေ ပို့လိုက်သေးတယ်။ (ရည်းစားလုပ်သူက မလိုက်ပါ.. သူက
စိစစ်ရေးကိုဖြတ်ပြီးမှ စာရေးရတယ်ဆိုတာမျိုးကို မကြိုက်တာမို့ မဂ္ဂဇင်းတွေကို ဘယ်တော့မှ မပတ်သက်ဘူးလို့
ပြောနေတဲ့သူလေ)။ အဲဒီရက်တွေထဲမှာပဲ ကျမက ကျောင်းဝန်းကျင်ထက်ကျော်ပြီး စာပေလောကဆိုတာကြီးကို ခေါင်းပြူ
ကြည့်မိသွားတော့တာ။ အဲဒီတုန်းက စာရေးဆရာတွေအထိုင်များတဲ့ မုတ်ဆိတ်လက်ဘက်ရည်ဆိုင် ထိင
ုရတာကိုပဲ
သဘောတွေကျလို့ပေါ့။
အဲဒီရက်တွေထဲမှာပဲ စိတ်လှုပ်ရှားစရာကိစ္စတခုကို ကျမ ထပ် ကြုံရတာပါ။ တက္ကသိုလ်အဆင့်အတွက်
နည်းပြဆရာမတွေလိုလို့ အလုပ်စာမေးပွဲဖြေဖို့ ခေါ်တဲ့သတင်းပါ။ တကယ်တော့ ကျမတို့အတန်းက သိပ်ငယ်သေးတာပါ။
ဒါပေမဲ့ ကျမတို့ အတန်းသားတွေပါ လျှောက်လွှာ တင်နင
ိုတယ်...တဲ့။ ကျမအတွက်တော့ နောက်ထပ် အိပ်မက်တခုပေါ့။
ဖြစ်နိုင်ချေ နည်းလှပေမဲ့ တကယ်တမ်းသာ အလုပ်ရခဲ့ရင် ကျမ မဟာတန်း ဆက်တက်နိုင်မှာ.. ဆိုတဲ့ အိပ်မက်ပါ
ပေါင်းလိုက်တော့ ကျမတယောက် အလုပ်ရှုပ်ရတော့တယ်။ ကြည့်လိုက်တော့ ရေးဖြေဖြေဖို့ တလကျော်လေးပဲ
လိုပါတော့တယ်။ ဖြေရမှာ မေလဆန်း..။

အဲဒီတုန်းက နွေကျောင်းပိတ်ရက်ဆိုတာက တရားဝင်ပေးလိုက်တဲ့ အတန်းနားရက်တွေသာဖြစ်ပြီး


ကျောင်းတံခါးကြီး ပိတ်ပစ်လိုက်တာမျိုး မရှိပါ။ ဒါကြောင့် ကျမတို့ ဂုဏ်ထူးတန်း ကျောင်းသူကျောင်းသားတွေ Term Paper
ရေးဖို့ နဲ့ အလုပဝ
် င်စာမေးပွဲဖြေဖို့ ကျောင်းကို ခါတိုင်းလိပ
ဲု လာနေကြရပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ နွေပိတ်ရက်မှာ
ထူးခြားတာကတော့ ဆယ်တန်းစာမေးပွဲအမှတ်တွေ စစ်တာမို့ ကင်တီးတွေကလည်း ပိတ်တယ်လို့ မရှိပါဘူး။ အဲဒီ နွေတလ..
ကျမနဲ့ အတန်းဖော် သူငယ်ချင်းတသိုက် (၇ယောက်တဖွဲ့) အုပ်စုလိုက် Term Paper ရေးရတာ တဘက်..
အလုပ်ဝင်စာမေးပွဲအတွက် ပြင်ဆင်ရတာ တဘက်နဲ့ တော်တော် ကြိုးစားလိုက်ကြရပါတယ်။

ကျမအနေနဲ့ အတန်းထဲက သူငယ်ချင်းတွေနဲ့ သေသေချာချာ ခင်သွားတာလည်း အဲဒီ ကာလမှာပါပဲ..။


တကယ်တမ်းးကျတော့ ကျမက လူဆိုးလိုဖြစ်နေပေမဲ့ ကျမရဲ့ အတန်းဖော်တွေက ကျမကို ချစ်ကြသားပါပဲ။ အထူးသဖြင့် ချို ..
အေး နဲ့ လေးလေး..။ ကျမ ဘယ်တော့မှ မမေ့မယ့် သူငယ်ချင်းတွေ.. ကျမထက် အသက်နည်းနည်းပိုကြီးကြတော့ ကျမကို
အငယ်လိုသဘောထားပြီး အမြဲအလိုလိုက်ကြတဲ့ သူတွေပေါ့။ အဲလို အလိုလိုက်ခဲ့ကြတာ.. နှစ်ပေါင်းများစွာ...။ သူတို့ကို ကျမ
ခွဲချန်ထားခဲ့တဲ့ ၂၀၀၅ ဖေဖော်ဝါရီလအထိ ဆိုပါတော့။ (ဘ၀မှာ အဲလို အပေးအယူသဘော လုံးဝမပါဘဲ သိပ်ချစ်ကြတဲ့
သူစိမ်းတွေ ကိုယ့်မှာရှိတာဟာ ဘယ်လောက် ကြည်နူးကျေနပ်စရာ ကောင်းတယ်ဆိုတာကို ကျမ ဘယ်တော့မှ မေ့နိုင်မှာ
မဟုတ်ပါ။)

ဒီလိုနဲ့ မေလဆန်းထဲက ရက်တရက်မှာ ရေးဖြေစာမေးပွဲ ဖြေပါတယ်။ တရက်တည်းကို အထွေထွေ


ဗဟုသုတ.. အင်္ဂလိပ်စာနဲ့ မြန်မာစာ ဖြေတာပါ။ ရည်းစားနဲ့အတူ ကျမတို့နှစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်း Hယင်းမာက
ကင်တီးမှာ ထိုင်စောင့်နေပေးပါတယ်။ စာမေးပွဲဖြေအပြီး အပြင်ရောက်တော့ စောင့်နေတဲ့ နှစ်ယောက်က အိုကေလား..တဲ့။
ကျမက "အင်းး မဆိုးပါဘူး.. ဒါပေမဲ့ ခက်တာက အားလုံးက ဖြေနိုင်တဲ့သူချည်းပဲ.. ဖြေတဲ့သူက မြန်မာစာမေဂျာတခုထဲတောင်
ထောင်ကျော်တာ..။ အတန်းကြီးတွေလည်း အများကြီးပဲ.. တို့တွေ မရနိုင်ဘူးထင်ပါတယ်.." လို့ ဖြေမိတယ်။ ဟုတ်တယ်..
အားလုံးဖြေနိုင်ကြတာပဲ..။ ဒါနဲ့ပဲ ဖြေပြီးထွက်လာတဲ့ အတန်းဖော်သူငယ်ချင်းတွေနဲ့အတူ ထုံးစံအတိုင်း ကန်ပေါင်ပေါ်တက်..
ကျောက်ဖြူရခိုင်မုန့်တီဆိုင်မှာ ထိုင်။ ဗူးသီးကြော်စား.. အာပူလျှာပူသောက်ရင်း အင်းလျားရဲ့ ညနေကို အပူပင် ကင်းကင်း
ခံစားလိုက်တော့တယ်။

(ခုခေတ် အင်းလျားက ဗူးသီးကြော်ဆိုင်.. ကျမတို့ခေတ်တုန်းကတော့ သစ်သားခုံပုလေးတွေနဲ့ပါ)

(အဲဒီ မေလမှာပဲ ကျမရဲ့ ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်.. ပထမဆုံးဝတ္ထုတိုကို ပေဖူးလွှာက ဖော်ပြခဲ့ပါတယ်..


ကျမ မျက်ရည်လည်ရလောက်အောင် ၀မ်းသာခဲ့ရတဲ့ မေလပေါ့.. အဲဒီတုန်းက စာမူခ ၁၀၀ ရတာ.. သူငယ်ချင်းတွေကို
အကုန်ကျွေးပစ် လိုက်တာပေါ့။ ဒါပေမဲ့ ရှုမ၀မဂ္ဂဇင်းကို ပို့ခဲ့တဲ့ 'အမရဒဏ္ဍာရီ'ဆိုတဲ့ ၀တ္ထုလေးကတော့ အပယ်ခံရပါတယ်.. )

ဒီလိုနဲ့ မေလဆန်းမှာ ဒုတိယနှစဝ


် က် ကျောင်းဖွင့်ရက်တွေပြန်ရောက်..။ ဒီနှစ်ဝက်ကတော့ ကျောင်းစာတွေနဲ့
နပမ်းလုံးရတော့တယ်။ ကျမက Literature မှာသာ ချွန်ပေမဲ့ Phonetics & Linguistics ကျတော့ ညံ့တယ်။
အဲဒီအခါကျတော့လည်း အဲဒါကို အားစိုက်ရတာ တဘက်.. ကဗျာစာအုပ်တွေ ထုတ်တဲ့ အရှိန်က တက်လာတာ တဘက်ပေါ့။
ဘာပဲဖြစ်ဖြစ် ဂုဏ်ထူးတန်းမှာ စာမေးပွဲကျရင် ရိုးရိုးတန်း ပြန်ဆင်းရသလိုပဲမို့လား..။ ပိုက်ဆံတွေ ကုန်ထားရတာ.. အမေ့ကို
သနားတာပေါ့။

အဲဒီလို ကျောင်းစာနဲ့ စိတ်ပင်ပန်းနေတဲ့ကြားကပဲ ဇူလိုင်လရဲ့ မိုးရေစက်လက် ရက်တွေထဲမှာ ကိုဂျက်နဲ့ ကျမ


နှစ်ယောက်တွဲပြီး ကဗျာစာအုပ်လှလှလေးတအုပ် လုပ်ဖြစ်ပါသေးတယ်။ (စာအုပ်နာမည်တော့ မေ့သွားပြီ)။ တမ်းချင်း
ကဗျာလေးကို အဲဒီစာအုပ်မှာ ထည့်ဖြစ်တာပေါ့။ အဲဒီစာအုပ်ကလေးရဲ့ ထူးခြားချက်က ကျောင်းထဲမှာတင် အုပ်ရေ
၅၀၀လောက် ကုန်သွားတာပဲ။ ခါတိုင်းဆို အုပ်ရေ ၂၀၀လောက်ပဲ ကုန်လေ့ရှိတာ။ ကျမတို့မှာ ပျော်လိုက်ရတာ..။ အဲဒီ
ဇူလိုင်လမှာပဲ ကျမရဲ့ ပြည့်စုံခြင်းကဗျာကို ပေဖူးလွှာမဂ္ဂဇင်းက ဖော်ပြပါတယ်။ အဲဒီဇူလိုင်လရဲ့ တမနက်ခင်းမှာပဲ ကျမတို့
ဖြေထားခဲ့တဲ့ အလုပဝ
် င် ရေးဖြေစာမေးပွဲရဲ့ အောင်စာရင်း ထွက်လာပါတယ်။ ဘုရားရေ.. ကျမ အောင်တယ်..တဲ့။ အေး နဲ့
ချိုတော့ မပါဘူး.. တဲ့။ ပြောလာတဲ့ သူငယ်ချင်းကို သေချာပြန်ကြည့်ပြီး 'ဟေ့... မနောက်နဲ့နော်'လို့ ကျမ
ပြန်ပြောလိုက်သေးတာ..။

ဒါပေမဲ့ တကယ်ပ.ဲ . ကျမ ရေးဖြေအောင်ခဲ့ပါတယ်..။ နောက်လာမယ့် ၂ပတ်မှာ နှုတ်ဖြေ အင်တာဗျူး...တဲ့။


အဲဒီနေ့က ကျမ သိပ်ပျော်မယ်ထင်ပေမဲ့ ကြောင်တောင်တောင်ကြီး ဖြစ်နေပါတယ်။ ကျမထက်ကြိုးစားတဲ့ ချို နဲ့ အေး
မပါတာကို လက်မခံနိုင်သလိုဖြစ်နေပြီး ကျမတို့ထက်အတန်းကြီးတဲ.့ . စာကြိုးစားတဲ(့ ကျမအသိ) အမကြီးတွေ
မအောင်တာကိုလည်း နားမလည်နိုင် ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပဲ ဖြေတဲ့သူ ထောင်ကျော်မှာ ၂၅၀ နီးပါး
အောင်ပါတယ်။ အဲဒီထဲကမှ အင်တာဗျူးနဲ့ ပြန်ရွေးဦးမှာတဲ.့ .။ ဒီလိုနပ
ဲ့ ကျမ အင်တာဗျူး ၀င်ရပါတော့တယ်။

အင်တာဗျူးအတွက် ကျမတို့ ဆံထုံးတွေ ထုံးရ..၊ ဗမာအကျီင်္ ရင်ဖုံးလက်ရှည် ချုပ်ဝတ်ရ..၊။ စိတ်တွေ


လှုပ်ရှားရ..၊ ပြီးတော့ ကျမတို့က ကိုယ့် ဘာသာရပ်နဲ့ ပတ်သက်တာတွေ ဖတ်သွား ကျက်သွားလိုက်ရတာ..
တကယ်တမ်းကျတော့ ဘာမှလည်း မမေး..။ ငယ်ငယ်လေး ကတည်းက လူကြီးတွေနဲ့ တွေ့ရင် ကျမနာမည်နဲ့ ပတ်သက်ပြီး
အမြဲ ဖြေရ ရှင်းရတတ်ပါတယ်။ ခုနစ်တန်းကစပြီး လူရည်ချွန်အတွက် နှုတ်ဖြေဖြေရတဲ့ အခါတွေမှာ ဆရာကြီးတွေက
"သမီးနာမည်က အဆန်းပဲ.. ဘသူပေးတာလဲ.. ဘာလို့ အဲလိုပေးတာလဲ.." ဆိုတဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်။
(ကောင်းသား.. တခြားမေးခွန်းသိပ်မမေးဖြစ်တော့ဘူးပေါ့။ ဒီတော့ နာမည်ပေးတဲ့ အဖေ့တောင်ကျေးဇူးတင်ရသေး) ခု ဆရာမ
အလုပ် ၀င်ရမယ့် အင်တာဗျူးလည်း ဒီနာမည်ကို အမေးခံရပြန်တာပဲ..။

ဒါပေမဲ့ ကျမမှာ ခွကျတာ တခုတည်း။ မင်း လမ်းစဉ်ပါတီဝင်ပြီးပလား..ဆိုတဲ့ မေးခွန်း..။ ဟင့်အင်း.. ပေါ့။


((အဖေတောင်မှပဲ ပြန်တမ်းဝင်အရာရှိဖြစ်နေပြီး ပါတီဝင်မဟုတ်ရုံမက ပါတီ့မိတ်ဆွေ ဆိုတာတောင် မဟုတ် (ဒါကြောင့်
ရာထူးဆက်မတက်))။ ဆရာကြီးတွေက ဆက်မေးတယ်.. လမ်းစဉ်လူငယ်ရော.. ဟင့်အင်း..။ သူတို့ ပြုံးကြတယ်။ ပြီးမှ
အလုပ်ရရင် ၀င်လိုက်နော် သမီး.. တဲ့။ ဟုတ်က.ဲ့ .ပေါ့။ (ကြည့်ပါဦး.. တကယ်မေးရမယ့် ဘာသာရပ်ဆိုင်ရာတွေကိုတော့ မမေး..
တကယ်တော့ အဲဒါကိုက တက္ကသိုလ်တွေမှာ စညံ့လာရတဲ့ အကြောင်းရင်းတွေ ဖြစ်ခဲ့တယ်ဆိုတာကို ကျမ တော်တော်
နောက်ကျမှ သိခဲ့ရပါတယ်)။ နောက်တော့.. "ကဲ .. ညည်းကို အလုပ်ခန့်ရင် ဘယ်ဒေသ သွားချင်လ.ဲ ." တဲ့။ ကျမက
"သမီးကတော့ ရန်ကုန်မှာပဲ လုပ်ချင်တာပေါ့.. ဒါပေမဲ့ နယ်သွားရမယ်ဆိုလည်း သွားရမှာပါပဲ.. ဒါပေမဲ့ အညာဘက်တော့
မသွားချင်ဘူး.. ပူတယ်"လို့ ပြန်ဖြေတာ..။ ဟီဟိ..။ သူများတွေကတော့ အလုပ်လိုချင်လွန်းလို့ ဘယ်ပို့ပို့ သွားပါ့မယ်... လို့
ပြောတာတဲ့။ ပြီးတော့ ပါတီဝင်မဟုတ်တာလည်း ကျမတယောက်တည်း။ ဒီတော့ ကျမခမျာ.. အောင်စာရင်းကို မမျှော်ရဲ
မျှော်ရဲပေါ့..။

ဒါပေမဲ.့ ...... ကျမဘ၀မှာ အမက်မောဆုံး အမြတ်နိုးဆုံး တက္ကသိုလ်က မြန်မာစာဆရာမဘ၀ကို


ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ဆိုတဲ့ ရွှေအိုရောင်နယ်မြေမှာ စခွင့် ရခဲ့ပါတယ်။
(တခါက ပျော်စရာအင်မတန်ကောင်းခဲ့တဲ့ ကျောင်းကြီးပါ - ဓာတ်ပုံက မြန်မာကျူးပစ်ကရတာပါ)

၁၉၈၆... ဟာ ကံတရားက ကျမကို ပေးတဲ့ လက်ဆောင်ထုပ်လေး တထုပ်ပါပဲ။ ၁၉၈၆ မှာ တကယ့်


ဘ၀အတွကလ
ို့ ရည်ရွယ်မိတဲ့ သူတယောက်နဲ့ ဆုံရတယ်..။ အိပ်မက်ဆန်ဆန်ပဲ မဂ္ဂဇင်းစာမျက်နှာတွေအပေါ်
စာရေးဆရာတယောက်အဖြစ် ရောက်သွားတယ်..။ တကယ့်ကို အိပ်မက်ဆန်ဆန်ပဲ အသက် ၂၁နှစ် ကျော်ကျော်လေးမှာပဲ
တက္ကသိုလ်က ဆရာမဆိုတဲ့ မယုံနိုင်စရာကောင်းလှတဲ့ အကောင်းဆုံး လက်ဆောင်ထုပတ
် ခုကို ထပ်ပြီး ရခဲ့ပြန်တယ်..။
တကယ့်ကို ကျမအတွက် ကံတရားက ရွှေရောင်နေ့ရက်တွေ ပေးခဲ့တယ်လို့ ဆိုရမှာပါပဲ..။

(မြသီလာအလွမ်းပြေမှာ ကျမအကြောင်းကို အသေးစိပ်ရေးသလိုဖြစ်နေတာက ကျမတို့ ကျင်လည်ခဲ့ရတဲ့


ဘ၀တွေကို မြင်စေချင်တာရယ်.. ခုခေတ်နဲ့ မတူတဲ့ အရင်က ခေတ်တခေတ်ကို ရေးပြချင်တာရယ်ကြောင့်ပါ.. နောက်ပိုင်း
ဆရာမဘ၀ကို ဆက်ရေးပါဦးမယ်)
မြသီလာအလွမ်းပြေ (၉)

လှိုင်တက္ကသိုလ်ဟာ ကျောင်းသူဘ၀တုန်းက ကဗျာစာအုပ်တွေ လိုက်ရောင်းခဲ့တဲ့ နေရာ။


အဆောင်ကင်တီးက ပန်းဝတ်ရည်စာအုပ်ဆိုင်မှာ ကျောက်ချထိုင်ပြီး ကျောင်းဝင်းနဲ့ အဆောင် ကင်တီးကြား နေပူပူအောက်က
ခြောက်သွေ့သွေ့ ကွင်းပြင်ကျယ်ကိုတောင် ချစ်စရာလို့ မြင်ခဲ့ရတဲ့ ကျောင်း။ အဲဒီကျောင်းကို ဆရာမအဖြစ်
ရောက်သွားတော့ရော...။ ကျမအတွက်တော့ ဘာမှ မပြောင်းလဲပါဘူး။ ဒါဖြင့် ဘာတွေက ပြောင်းသွားရသလဲ..။

ဆရာကြီး ဆရာမကြီးတွေက ဆရာမပေါက်စတွေ ငယ်လွန်းလို့ ဆံထုံးထုံးရမယ်တဲ့။ ဒါမှ ကျောင်းသားတွေ


ဟန့်မယ်တဲ့။ ဒီလိုနဲ့ ကျမမှာ ဆံထုံးတခါထုံးရင် လက်မြှောက်ရတာ ညောင်းတောင် ညောင်းပါရဲ့။ ဆံညှပ်ကလစ်က လည်း
တဒါဇင်လောက် ကုန်တယ်။ ကျမဆံပင်က အထူကြီး.. ပြီးတော့ ခါးလယ် တော်တော် ကျော်တာမို့ ဆံပင်ကို ဆံထုံးလို သိမ်းလို့
တော်တော်နဲ့ မရ။ နောက်ဆုံးတော့... အမေရော အဖွားပါ စိတ်ညစ်ပြီး ဆံပင်သာ ဖြတ်တော့ဆိုလို့ ဆံပင်တွေ
ဖြတ်လိုက်ရတာ.. ဖြတ်မယ့်ဖြတ်တော့ ပခုံးလောက်ပဲ ကျန်ရော။ အဲဒါကတော့ ဆရာမဘ၀မှာ ကျမ
ပထမဆုံးပေးဆပ်လိုက်ရတဲ့အဖြစ်။ ဆံပင်တိုသွားတော့ ဖြတ်ကနဲခေါက်ပြီး ပိုက်ကလေးနဲ့ ဆွဲအုပ်လိုက်တော့ ဆံထုံးဖြစ်ရော..။
အေးတော့ အေးသွားတာအမှန်။ (တကယ်တမ်းမှာ ကျောင်းသားတွေ ဟန့်တာက ဆံပင်ပုံစံနဲ့ မဆိုင်မှန်းသိတော့
နောက်ကျခဲ့ပြီ။) :(

နောက်တဆင့်.. ကျမ အင်မတန်ချစ်တဲ့ ကျောင်းလွယ်အိတ်ကို မလွယ်ရတော့ဘူး။ ပခုံးသိုင်းအိတ်


ပြောင်းလွယ်ရတော့တယ်။ အမလေး... တကယ့် အဖွားကြီးအို ပေါက်စ လေးလိုပေါ့..။ နောက်ထုတ်တဲ့ စည်းကမ်းက အရင်လို
ကင်တီးမှာ ကြာကြာမထိုင်ရ.. တဲ့။ ဌာနမှူးက ကျမကို စောင်းပြောနေသလိုပ.ဲ . ဟီး.။ (တိုက်တိုက်ဆိုင်ဆိုင် အဲဒီဌာနမှူးက
ကျမ နည်းပြဆရာမ စဖြစ်တဲ့ ကာလဦး လှိုင်တက္ကသိုလ်မှာ ၁၉၈၆ ကနေ ၁၉၉၅ထိ ၁၀နှစ်နီးပါး အတူ လုပ်ခဲ့ရပြီး ကျမ
ဆရာမဘ၀ထဲက ထွက်တော့မယ့် ၂၀၀၅ ကျတော့လည်း ဒဂုံတက္ကသိုလ်မှာ သူက ပါမောက္ခ.. ကျမက ကထိကဘ၀နဲ့
တွဲလုပ်ခဲ့ရတာ.. ထူးခြားတဲ့ တိုက်ဆိုင်မှုပါပဲ)။

၁၉၈၆ ဒီဇင်ဘာ(၅ရက်နေ့ထင်တာပဲ)မှာ နှစ်သစ်စာသင်တန်းတွေ ပြန်ဖွင့်တော့ ကျမတို့တွေ ဆရာမအသစ်


ချပ်ချွတ်တွေအဖြစ် စာသင်ခန်းတွေထဲ ၀င်ရပြီပေါ့။ ကျောင်းမဖွင့်ခင် နိဝ
ု င်ဘာ ဒီဇင်ဘာ နှစ်လလုံး သင်ကြားရေးအတွက်
မွမ်းမံသင်တန်းတွေ တက်ထားပေမဲ့ ကျမတို့တွေ အတန်းဝင်ဖို့ ကြောက်နေခဲ့ကြပါတယ်။ ပိုဆိုးတာက ကျောင်းဖွင့်စမှာ
စသင်ရမှာက သဒ္ဒါပိုင်း..။ ကျမ အပျင်းဆုံး အပိုင်းပေါ့။ ပြီးတော့ ကျောင်းးသားတွေကို ဆွဲဆောင်ရခက်တဲ့ သင်ခန်းစာတွေ..။
ဝါကျဟူသည်အဘယ်နည်း..တို့၊ နောက်ဆက်တို့... ပစ္စည်း..တိ.ု့ . ။ အိုးး စိတ်ညစ်ပါ့။ မှတ်မှတ်ရရ ရှိတာက ကျမ
တာဝန်ယူရမယ့် အတန်းတွေက ရူပဗေဒ တန်းခွ(ဲ ၁) နဲ့ သတ္တဗေဒ တန်းခွ(ဲ ၁)။ (တချို့တပည့်တွေကို ခုထိမှတ်မိသေးတယ်)။
အဲဒီ အစောပိုင်း စာသင်ရက်တွေဟာ တော်တော်ကို မသေမသပ်နဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ရက်တွေပါပဲ..။ ခုချိန်မှာ
ပြန်တွေးကြည့်ရင် အဲဒီရက်တွေအတွက် မကြာခဏ စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။ (ဒါပေမဲ့ အချိန်တိုတို စာသင်သက်
တလကျော် လောက်မှာပဲ ကျမက စာသင်ခန်း တွေနဲ့ အံဝင်ခွင်ကျဖြစ်သွား ခဲ့ပါတယ်)။

(မြန်မာစာဌာနရဲ့နောက်နားမှာ ရှိပြီး တချိန်က အင်မတန်စည်ကားခဲ့တဲ့ ကန်သာယာစားသောက်ဆိုင်-


မြန်မာကျူးပစ်ကရတဲ့ ပုံပါ)

ဘာလို့လဲဆိုတော့ ကိုယ်တိုင်က ကျောင်းသူတပိုင်းမို့ မိန်းထဲက ကိုယ်တက်ရမယ့် အတန်းတွေနဲ့ လှိုင်က


ကိုယ်ပြန်သင်ပေးရမယ့်အတန်းတွေကြား ပြေးလွှားမောပမ်းခဲ့ရတာ။ အဲဒီကြားထဲ ရည်းစားဖြစ်သူကလည်း ဖိုင်နယ်
ကျောင်းသားမို့ သူ့ကိုလည်း အချိန်ခွဲပေးရ သေးတာလေ။ ငယ်စဉ်ဘ၀မှာတော့ အဲဒါကလည်း တာဝန်တခုလို ဖြစ်တာကိုး..
နော်။ ပိုဆိုးတာက ကိုယ်က ဆရာမဖြစ်သွားတော့ သူနဲ့ နည်းနည်း ကွာဟသလို ဖြစ်သွားမှာစိုးလို့ နည်းနည်း
ပိုဂရုစိုက်ရတာလည်း ပါပြန်တယ်။ အဲဒီအချိန်တွေမှာ စိတ်ပင်ပန်းရတာကတော့ တကယ့် အမှတ်တရပါပဲ။

အဲဒီရက်တွေထဲမှာ ကဗျာတွေလည်း မရေးဖြစ်..။ သင်ကြားရေးအတွက် ပြင်ဆင်ရတာရယ်..


ကိုယ်သင်ယူရတဲ့ စာတွေကို ပြင်ဆင်ရတာရယ်..။ ခုပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက သေသေချာချာမှ စာသင်ပေး
နိုင်ခဲ့ရဲ့လားဆိုတာကိုပဲ မသေချာတော့။ (အင်း အဲဒီ ၁၉၈၆-၈၇ စာသင်နှစ်က တပည့်တွေ ဖတ်မိရင်တော့
ခွင့်လွှတ်တန်ကောင်းပါရဲ့)။ သေချာတာတခု ကတော့ ကျမ တတ်နိုင်သလောက်တော့ သင်ပေးဖြစ်ခဲ့မယ် ဆိုတာပါ။
ဘာလို့လဲဆိုတော့ ကျမက သိပ် စာသင်ကောင်းချင်တာ။ ပြီးတော့ သူများနားမလည်မှာ စိုးရိမ်စိတ်နဲ့ သေချာ
သင်ပေးချင်စိတ်လည်း ရှိလို့ပါ။

ဖြစ်ချင်တော့ ၁၉၈၆-၈၇ စာသင်နှစ်ဟာ ၁၀တန်းစနစ်ဟောင်းတွေရဲ့ နောက်ဆုံးနှစ်အဖြစ် အအောင်များခြဲ့ ကတာမို့


ကျောင်းသားထဲမှာ အသက်၂၀ တော်တော် ကျော်နေတာတွေ ပါလာပါတယ်။ အဲဒီအခါ ကျမတို့ ဆရာမပေါက်စတွေက
ငယ်ငယ် .. (ပြောလို့ပြောတာမဟုတ.် . ဆရာမလေးတွေက ငယ်ဂုဏ်ကြောင့်ထင်ပါရဲ့.. ကြည့်ကောင်းတာ များတယ်..
တကယ်ပြောတာပါ :))။ ကျောင်းသားတွေထဲမှာလည်း ဆရာမတွေထက် အသက်ပိုကြီးတာတွေတောင် ရှိလာပါတယ်။
လှိုင်တက္ကသိုလ်ရဲ့ ကော်ရစ်ဒါ တလျှောက်မှာ .. "သဒ္ဓါက ပိုသည်... ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ" ဆိုတာတွေ၊
"အို... ဆရာမရယ် အိမ်ကိုပြန်မလွှတ် နဲ့ အရင်နေရာက နည်းနည်းနာလာတယ်.." ဆိုတာတွေ..ခဏခဏ ကြားနေခဲ့ရတဲ့
အချိန်တွေပေါ့။

ကျမအတွက် ကဗျာပိုးကို ပိုတိုးစေတာကတော့ ကဗျာဆရာ(စာရေးဆရာ) (ရွှေမြိုင်) မင်းသိုက်မွန် က


တဌာနတည်းမှာ ရှိနေလို့ပါပဲ။ သူကတော့ နည်းနည်းပိုပြီး မော်ဒန်ကို လိုက်စားနေချိန်ပေါ့။ ကြည်အေးကို Existentialist လို့
သူက ပြောတော့ ကျမက "မဟုတ်ပါဘူး... Realist ပါ" လို့ ငြင်းခဲ့ကြရာက ကျမက "ကြည်အေးရဲ့ သရုပ်မှန် စာပေ"
ဆိုတဲ့ခေါင်းစဉ်နဲ့ ဌာနတွင်း စာတမ်းဖတ်ပွဲမှာ စာတမ်းတစ်စောင် ဖတ်ဖြစ်ခဲ့တာ မှတ်မိနေပါသေးတယ်။ သူနဲ့ကျမလည်း
တကယ့် ပြောမနာဆိုမနာ မောင်နှမအရင်းလိ.ု .၊ သူ့ဇနီး မတူးမာနဲ့ ကျမနဲ့လည်း ညီအမအရင်းလိ.ု . ခုတော့ အကို့ခမျာလည်း
ဆုံးရှာပါပြီ။ သူဟာ တကယ်တော်တဲ့ မြန်မာစာဆရာတယောက်၊ ပြီးတော့ ကဗျာသမား..၊ ပြီးတော့ အေးအေးနုနုလေး
နေချင်တဲ့သူ။ မူးရင်တော့ စိတ်ကျတတ်တဲ့သူ။ ဒါပေမဲ့ ဘ၀ကတော့ ထုံးစံအတိုင်း ရုန်းကန်ပင်ပန်းရ..။ သူက ပြောဖူးတယ်..
"မြန်မာစာဆရာများ ဘာမှ လုပ်စားမရ.. ကဗျာဆရာလည်း ဘာမှ လုပ်စားမရ.. မေငြိမ်းရာ... ငါတို့ဘ၀တွေ အနည်းဆုံး
လူလေးစားခံရရင်တောင် တော်တော် နေလို့ ကောင်းဦးမှာနော် "တဲ့။ သူဆုံးတော့ အသက် ၄၅.. (ထုံးစံအတိုင်း
အသည်းရောဂါပဲပေါ့)။ အဲဒီတုန်းက ဌာနမှာ နောက်ထပ် ကျမလေးစားရတဲ့တယောက်က ဆရာ
ဦးတိုးတင့်(ပါဠိပါရဂူဦးအောင်မိုးရဲ့သား)။ အဲလိုပဲ သိပ်အေးချမ်းနူးညြံ့ ပီး စာဖတ်နာသလောက် စာသင်ကောင်းတဲ့
ဆရာတယောက်။ သူတို့က ရွယ်တူတွေ။ သူတို့တွေက ကျမထက် အသက်ကြီးကြတော့ ၀ါသနာတူ အကိုတွေလို။ ခုတော့
သူလည်း ဆုံးရှာပြီ။ (အင်းး အသည်းရောဂါပါပဲ)။

အဲဒီတုန်းက မနက်ပိုင်းကို ကျမတို့ တောင်ငူဆောင်မှာ အတန်းတက်ရပါတယ်။ နေ့လယ်မှာတော့


လှိုင်ကိုလာပြီး ကိုယ့်အတန်းတွေ ၀င်ရပါတယ်။ ကျမက သူများထက် ပိုတဲ့တာဝန်က ညနေ၅နာရီလောက်မှာ Practical ပြီးမယ့်
ရည်းစားကို မိန်းထဲမှာ ၀င်ကြိုရတာပါပဲ။ (သူက နေ့လယ် လှိုင်ကို လိုက်ပို့ရတော့ ကိုယ်က ကြိုရတာပေါ့)။
နောက်တကြောင်းက သူ့ကို ကြိုရင်း ကျမတို့ ကဗျာအုပ်တွေ စုကြ ဆုံကြတာပါပဲ။ အဲဒီတုန်းက ကဗျာသမားစုံတွဲတွေဖြစ်တဲ့
ကိုမိုး(မိုးမောင်မောင်)နဲ့ မပူစူးတို့စုံတ.ွဲ . သက်မောင်ခိုင်နဲ့ ခိုင်တို့စုံတ.ွဲ . ကျမတို့စုံတ.ွဲ . အဲလိုကလည်း ဆုံချင်ကြသေးတာလေ..။
ဘာရယ်လည်း မဟုတ်.. တောင်ငူကင်တီးမှာပဲ စကားတွေ စုပြောကြ။ စုံတွဲအချင်းချင်း စိတ်ကောက်ကြရင်လည်း
သူငယ်ချင်းတွေကပါ ၀င်ကူချော့ပေးကြ။ တခါတလေ.. ကန်ပေါင်ပေါ် လမ်းလျှောက်.. နေ၀င်ချိန်ကို ထိုင်ကြည့်ကြ.. အဲလို။
(အင်းလျား)

အဲဒီတုန်းကတော့ ကဗျာအယူအဆတွေ ငြင်းရင်း ရန်ဖြစ်ရတာကလွဲလို့ တခြားသောကတွေ မရှိခဲ့ကြ။ ဆင်းရဲ


ကျပ်တည်းတာတောင် အထူးအဆန်း မဟုတ်ခဲ့ကြ။ လူတန်းစားကွာဟမှုကလည်း သိပ်မရှိသေး။ ကျမတို့ အဖွဲ့ထဲမှာ အများစုက
ညွှန်ကြားရေးမှူးသားသမီးတွေ... ပါမောက္ခ သားသမီးတွေဆိုပေမဲ့ အားလုံးလိုလိုက ပိုက်ဆံကို တိုင်းတိုင်းတာတာနဲ့
သုံးနေကြရသူတွေချည်းပါ။ သူဌေးသားသမီးဆိုသူတွေကတောင် သိပ် ပပ လွှားလွှား မရှိခဲ့ကြသေး။ (အဲဒါက ၈၈
နောက်ပိုင်းခေတ်နဲ့ မတူတာတွေပါ..။ ၈၈နောက်ပိုင်းကို ရေးတဲ့အခါမှာ ပြောပါဦးမယ်..)။

ဒီတော့ ကဗျာကိစ္စနဲ့ ငြင်းကြရင်ကို အသည်းအသန် ရန်ဖြစ်ကြတော့တာ။ အဲဒီ အငြင်းအခုန်က


ကျမအတွက်တော့ နောက်ပိုင်း ကျမရဲ့စာသင်ခန်းတွေမှာ စာပေဝေဖန်ရေးဘာသာကို သင်ပေးရတော့ ဖြန့်ထွက် တွေးစရာ
အမြင်တွေအဖြစ် သုံးနိုင်ခဲ့ပါတယ်။ အဲဒီရက်တွေထဲမှာ ကျမ ဆရာမ ဖြစ်သွားတဲ့အတွက် ပတ်ဝန်းကျင်က ပိုကြီးလာပါတယ်။
ဆေးတက္ကသိုလ်က ကျောင်းသားတွေက လှိုင်ကိုလာပြီး ကဗျာတောင်းလို့ ကဗျာစာအုပ် စုထုတ်တဲ့အထဲလည်း ကျမ
ပါခဲ့ပါတယ်။ ကျမကတော့ ခြေထောက်မှာပဲ ဗွေပါသလား.. ဒါမှမဟုတ.် . ကဗျာရေးတယ်လို့ ကြားလိုက်ရင်ကို
သွေးနီးသလိုဖြစ်ပြီးတော့.. နောက်ပြီး ဆေး(၂)က သူငယ်ချင်းတွေ အားကိုးနဲ့လည်း ပါပါတယ်။ ကဗျာသမားတွေနဲ့
တွေ့ဖို့ဆိုပြီး... ဆေး(၂)ထိ သွား သွား လည်သေးတာ။ အဲသည်တုန်းက ထိုင်ခဲ့တာ မင်္ဂလာဒုံ ဆေး(၂)ကျောင်းဝင်းရှေ့က
"Blue Bird" ဆိုတဲ့ ဆိုင်ကလေး ထင်ပါ့.. ။ (မှားရင် ပြင်ပေးကြပါ) ။

အဲဒီ စိတ်အင်အားတွေနဲ့ .. နောက်တော့ inspiration ရတာတွေနဲ့ ကျမ ၀တ္ထုတိုတွေတော့ တော်တော်


ရေးနိုင်ခဲ့တာ။ ၁၉၈၆၊၈၇ မှာကို ၁၀ပုဒ် ကျော်သွားတယ်။ နောက်ပိုင်းမှာ လုံးချင်းဝတ္ထုတွေ ရေးနိုင်ခဲ့တာလည်း အဲဒီလို
ကျောင်းသူ ကျောင်းသားတွေနဲ့ နီးစပ်ခဲ့တဲ့ အနေအထားကြောင့် လို့ ပြောရမှာပါ။ (အထူးသဖြင့် "သီချင်းနှင်းဆီ"ပေါ့)။

တကယ်တော့ ဆရာမတယောက်အနေနဲ့ ပြောရရင် ကျမဟာ တော်တော် မတည်ငြိမ်တဲ့ ဆရာမတယောက် ဖြစ်ခဲ့ပါလိမ့်မယ်။


ကျောင်းသားတွေနဲ့ ကင်တီးထိုင.် . ကဗျာစာအုပ်ကိစ္စတွေ လုပ်..။ ဆရာမဖြစ်တဲ့အထိ ကဗျာစာအုပ်တွေလည်း
လိုက်ရောင်းနေသေး။ အင်း... ဆရာမတာဝန်ကို ကျေလို့သာ.. ဘာမှ ပြဿနာမဖြစ်ခဲ့ပေမဲ့ လူကြိုက်တော့ တော်တော်
နည်းခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကျောင်းသားတွေရဲ့ စိတ်နဲ့ပဲ နီးစပ်လို့လားမသိ.. စာသင်ခန်းတွေမှာတော့ ကျမရဲ့ ဆရာမဘ၀က
အောင်မြင်ခဲ့တယ်လို့ ရဲရဲ ပြောရဲပါတယ်။ နောက်ထပ် ကျေနပ်စရာကောင်းတာကတော့ အဲလို ရှုပ်ထွေးတဲ့
ကိစဝ
္စိစ္စတွေကြားကပဲ ကျမက ဂုဏ်ထူးတန်းစာမေးပွဲကို အောင်ခဲ့သေးတာပါပဲ။

ဘာပဲဖြစ်ဖြစ် "မြသီလာ" ဆိုတာဟာ.. အေးမြတဲ့ အရိပ်အာဝါသကိုပေးတဲ့ ကျောင်းတော်။


ဆိုရင်... ကျမအတွက်တော့ လှိုင်တက္ကသိုလ်ဟာလည်း ကျမရဲ့ ဒုတိယ မြသီလာ..။
မြသီလာအလွမ်းပြေ (၁၀)

(လှိုင်ရဲ့ အထိမ်းအမှတ်တခုဖြစ်တဲ့ အင်းလျားကန်သာယာ)

ကဗျာဆရာသစ်ကောင်းအိမ်ရဲ့စကား ငှားပြောရရင်တော့... ကျမဟာ မြသီလာကို စစ်မြေပြင်မှာ စွန့်ထားခဲ့ပြီး


ကိုယ်လွတ်ရုန်းပြေးခဲ့တ.ဲ့ .. သူရဲဘောကြောင်တဲ့... ရဲဘော် တယောက်များ ဖြစ်နေသလား... လို့ ခဏခဏ တွေးမိခဲ့ဖူးပါတယ်။

ကျောင်းတကျောင်းအနေနဲ့ ကျောင်းပီပီသသ အေးချမ်းပျော်ရွှင်စရာကောင်းဖို့ဆိုတာ အုပ်ချုပ်တဲ့ အကြီးအကဲ


တွေပေါ်မှာ အများကြီး မူတည်တယ် ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် လှိုင်တက္ကသိုလ် အကြောင်းပြောရင်
ကျောင်းအုပ်ဆရာကြီး ဦးကောင်းညွန့်နဲ့ မော်ကွန်းထိန်းဆရာမကြီး ဒေါ်သိန်းကို မေ့ထားလို့ မရနိုင်ပါဘူး။ ဆရာကြီးနဲ့
ဆရာမကြီး ဟန်ချက်ညီညီ ထိန်းသိမ်းမွမ်းမံခဲ့လို့ပဲ လှိုင်ဟာ တက္ကသိုလ်ပပ
ီသသ လွတ်လပ်ပျော်ရွှင် ပညာသင်ရာအရပ်
ဖြစ်ခဲ့ဖူးတာပါ။

ဆရာကြီးဦးကောင်းညွန့်ရဲ့ လက်အောက်မှာ ၁၀နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့တလျှောက် ကျမတခါမှ


ဆရာကြီးကြောင့် စိတ်အနှောက်အယှက် မကြုံခဲ့ရဖူး.။ ဆရာကြီး စိတ်တိုတာ တခါမှ မမြင်ခဲ့ရဖူး..။ ဆရာကြီးဆူတာ တခါမှ
မခံခဲ့ရဖူးပါ။ ဆရာကြီးဟာ သူ့မျက်နှာ ကြည့်နေရတဲ့ ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရောအပေါ်မှာ အမြဲ
စိတ်ရှည်ရှည်နဲ့ အေးအေးချမ်းချမ်း ဆက်ဆံ တုံ့ပြန်တတ်တဲ့သူ။ (ဆရာကြီးက မှတ်မှတ်ရရ.. တခါမှာ အင်မတန်ရွှတ်နောက်တဲ့
ဆော့တဲ့ ကျောင်းသားတအုပ်စု (ဘယ်သူတွေပါလဲဆိုတာ ခုထိ မှတ်မိနေသေး :))က ကျောင်းသားရေးရာ အဆောက်အဦး
ရှေ့မှာ ကျောင်းအုပ် ကြီး ပူဇော်ပွဲဆိုပြီး ကျောင်းရဲ့ စဥ့်အုတ်တလုံးကို ပန်းတွေ အမွှေးတိုင်တွေထွန်းပြီး ကန်တော့ကြတာ။ အဲဒါ
သူသိသွားတော့ သူ့ရုံးခန်း(အဆောင်တစ်) အပေါ်ထပ်ကနေ လှမ်းကြည့်ပြီး တော်တော်ဆော့တဲ့ ကလေးတွေ ကြံကြံဖန်ဖန်...
လို့ ပြောပြီး ရယ်နေတဲ့ သူမျိုးပါ။ (ဆရာကြီး တော်လို့ ၈၈ကာလမှာ လှိုင်တက္ကသိုလ်ထဲ စစ်ဖိနပ်တွေ ခြေချခွင့်မရခဲ့တာလည်း
နောက်ပိုင်းမှာ ပြောပြပါ ဦးမယ်)။

ဆရာမကြီးဒေါ်သိန်းနဲ့ကတော့ သိပ်ကြာကြာ မဆုံဖူးလိုက်ရပါဘူး။ ဆရာမကြီး မိန်းထဲ ပြောင်းသွားရလို့ပါ။


ဒါပေမဲ့ ဆရာမကြီး အမြဲ ပြုံးနေတတ်ပြီး သိမ်မွေ့တာ မှတ်မိပါတယ်။ ဆရာမကြီးရဲ့ နောက်ပိုင်း မော်ကွန်းထိန်းတွေကိုဆို
သိပ်တောင် မှတ်မှတ်ထင်ထင် မရှိတော့တဲ့ အထိပါပဲ။ ၀န်ထမ်းတွေ လက်အောက် ငယ်သားတွေက အထက်အရာရှိတွေ..
အုပ်ချုပ်သူတွေကို ချစ်တယ်.. လေးစားတယ်.. ရိုသေတယ်ဆိုတာ အင်မတန် ရှားပါးတာပါ.. ဖြစ်တောင့်ဖြစ်ခဲပါ။ ဒါပေမဲ့ အဲဒီ
မေတ္တာကို ဆရာကြီးနဲ့ ဆရာမကြီးတို့က ရခဲ့ကြပါတယ်။။

အဲဒီတုန်းကလို့ ပြန်တွေးလိုက်ရင်.. ကျမအနေနဲ့ လွမ်းစရာထဲမှာ ကျောင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့


ယဉ်ကျေးမှုကလည်း ထိပ်ဆုံးက ပါပါတယ်။ သူတို့အရွယ်အရ ဆရာမတွေကို ခပ်ဝေးဝေးကနေ မကြားတကြား သီချင်းစောင်း
ဆိုတာမျိုးလေးတွေ ရှိပေမဲ့ ရိုင်းပျတဲ့ အကြည့်မျိုးနဲ့တောင် မကြည့်ခဲ့ကြတဲ့ ခေတ်ပါ။

မှတ်မှတ်ရရ.. တနေ့.. ကျမတို့ ဆရာမတသိုက် မိန်းထဲမှာ အတန်းတက်ပြီး နေ့လယ် လှိုင်ကို


အတန်းပြန်ဝင်ဖို့ ၄၅ဒတ်ဆန်းကားနဲ့ အလုအယက်ပြန်လာကြရပါတယ်။ (အဲဒီတုန်းက ဆရာမတွေ ကားဂိတ်မှာ ရှိလို့ကတော့
ကားထဲက ယောက်ျားလေးတွေက အပြင်ထွက် တွယ်စီးပြီး ဆရာမတွေကို နေရာဖယ် ပေးကြတာပါ)။ အဲဒီတနေ့ကျတော့
ကားအရပ်မှာ ဆင်းမယ့်အုပ်နဲ့ အင်းစိန်ဘက်လိုက်ဖို့ တက်မယ့် လူအုပ်ကလည်းများတော့ ကျမတို့ ကားထဲက လူတွေ
အမြန်ဆင်း.. ဒရိုင်ဘာကလည်း လောနေ။ ကျမတို့ဆရာမတွေ ဆွဲခြင်းတောင်း တဘက် အိတ်တွေတဘက်နဲ့ ဆင်းနေတုန်း
ရုတ်တရက် ကားက ထွက်မလို ဖြစ်သွားပါတယ်။ ကျမက ခြေနင်းခုံမှာတန်းလန်း..။ ကျမ ပြုတ်ကျတော့မလို ဖြစ်သွားပြီး
အော်မိတာပေါ့။ တော်တော်လည်း လန့်သွားတာ။

(အဲဒီနေရာလေးမှာပေါ့.. ကားစောင့်စီးကြရတာ)

အဲဒီအချိန် ချက်ချင်းပဲ ကျောင်းသားတွေက စပယ်ယာကို ဆွဲ..၊ ကားကို ၀ိုင်းလိုက်ပြီး ဒရိုင်ဘာကို


အပြင်ထွက်စမ်း.. ခဗျားဘယ်လိုလုပ်တာလဲ.. ဒီမှာ ဆရာမတွေ ဆင်းတုန်း မမြင်ဘူးလား.. ပြုတ်ကျရင် ခင်ဗျားအသေပဲ.. လို့
အော်ကြရော။ ကျမတို့မှာ အပြေးအလွှားနဲ့ အဲဒီကလေးတွေကို တားရတယ်.. သားတို့ရယ်.. ဘာမှမဖြစ်ဘူး.. ဆရာမတို့ ဘာမှ
မဖြစ်ပါဘူး.. နဲ့။ (အဲဒီကလေးတွေက ကိုယ့်မေဂျာ ကိုယ့်အတန်းက ကလေးတွေလည်း မဟုတ်ကြပါဘူး)။ ကျောင်းကားဂိတ်က
တာဝန်ကျလုံခြုံရေးတွေလည်း ပြေးလာကြပေါ့။ ကလေးတွေက မရဘူး။ ဒရိုင်ဘာနဲ့ စပယ်ယာတွေ.. ဆရာမတွေကို
တောင်းပန်ရမယ်တို့ ထိုင်ကန်တော့ ရမယ်တို့.. အိုးးး။ နောက်ဆုံး တကယ်ပဲ ဒရိုင်ဘာရော စပယ်ယာရော ကျမတို့ကို
ကန်တော့ပါမယ်လုပ်လို့။ ကျမတို့က ပြန်ပြောရတယ်..။ ရပါတယ်.. နောက်ကိုသာ အဲလိုမဖြစ်ပါစေနဲ့ပေါ့။ အဲဒီတော့မှ
ပြီးသွားတာ။ (အဲဒီတုန်းက ကျမတို့က ဆရာမအနေနဲ့ သိပ်ငယ်တာမို့ ကျောင်းသားတွေကို ကိုယ့်ထက်ကြီးတယ်
ထင်ရင်တောင် ကျမတို့က သား...တို့၊ ကလေး...တို့လို့ တမင် ခေါ်ကြပါတယ်)။

(ဒီနေရာမှာ ဖြတ်ပြောပြချင်တာကတော့.. ကျမ ၂၀၀၃မှာ ဒဂုံတက္ကသိုလ်ကို ကထိကအဖြစ်နဲ့ ရောက်တော့


၂၀၇ အဲကွန်းဘတ်စ်ပေါ်မှာ နေရာမရလို့ အပေါ်လက်တန်းက လက်ကိုင်ကွင်းကို မမီမကမ်း လှမ်းဆွဲကိုင်ရင်း
ဆွဲခြင်းတောင်းတဘက်နဲ့ ကားပေါ်မှာ ဒယိမ်းဒယိုင် ကို့ရို့ကားယား ဟန်ပျက်နေတာကြည့်ပြီး ထိုင်နေကြတဲ့ ကျောင်းသား
ကျောင်းသူတွေက ရယ်ကြပါတယ်။ အသက်ကြီးကြီးဆရာမကြီးတယောက် ဖြစ်ပျက်နေတာဟာ သူတို့စိတ်ထဲ ရယ်စရာလို့
မြင်တယ် ထင်ပါရဲ့။ အဲဒီအချိန်မှာ ကျမစိတ်ထဲ တချိန်တုန်းက ကျောင်းသားတွေကို သတိတရနဲ့ မျက်ရည်တောင်
လည်မိခဲ့ပါတယ်..။ ဒဂုံတက္ကသိုလ်မှာ အဲလိုအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတာပါ။ ကျမက အတန်းဝင်ဖို့ အပြေးအလွှား
သွားနေတုန်း မျက်နှာချင်းဆိုင်မှာ Mobile phone ပြောရင်း လျှောက်လာတဲ့ ကျောင်းသားက ၀င်တိုက်သွားပြီးတော့
ဆောရီးလို့တောင် လှည့်မပြောတာ..။ ဖဲဝိုင်းလုပ်နေတာကို ဂျူတီအရ ၀င်ဖမ်းရတဲ့ ဆရာမကို မကျေနပ်လို့ သူ့ကျောင်းသားက
ပြန်ပြီး Rape လုပ်တယ်ဆိုတာတွေဟာ.... တက္ကသိုလ်ကျောင်းသားလား.. အဲဒါကရော တက္ကသိုလ်ရဲ့ နိမိတ်ပုံလား....။
နောက်ပိုင်းမှာ အများကြီး ပြောပါဦးမယ်..။ ပြောရရင် ကျမ အဲဒီဘ၀ထဲက ထွက်ပြေးခဲ့ရတဲ့ အကြောင်းတွေ ပေါ့)။

ကျမရဲ့ မိန်းထဲက ကျောင်းသူဘ၀ကတော့ နည်းနည်းပိုပြီး စိတ်ညစ်စရာ ကောင်းလာပါတယ်။


မဟာဝိဇ္ဇာတန်း မှာ စာတွေ များလာပါတယ်။ ပြီးတော့ အဲဒီတုန်းက ကျမက ဆရာ မောင်ခင်မင်-ဓနုဖြူ သင်တဲ့ Modern
literary Theory ချိန်တွေ စကားပြေ အရေးအသားချိန်တွေ စာပေဝေဖန်ရေးတွေပဲ တက်ချင်နေတတ်တယ်။ Assignment
ရေးခိုင်းရင်လည်း အဲဒီ Paper တွေကို ကျမရေးရတာ လက်အတွေ့ဆုံး။ ပြီးတော့ လက်ဘက်ရည်ဆိုင်မှာ
အဖွဲ့ကျပြီဟေ့ဆိုလည်း ဆရာဇော်(ဇော်ဇော်အောင်)တို့ တက္ကသိုလ် မင်းမော်(ဆုံးရှာပြီ) တို့နဲ့လေ။ ဆရာနှစ်ယောက်က
စကားနိုင်လုကြရင် သိပ်ရယ်ရတာ။ ပြီးတော့ သူတို့ခေတ်က သူငယ်ချင်းတွေ အကြောင်း... နာမည်ပြောင်တွေအကြောင်း..
နောက်.. ချစ်စရာကောင်းတဲ့ ကြည်နူးစရာကောင်းတဲ့ အတင်းတွေရော.. ပြောကြရင် သိပ်ရယ်ရတာ။ ကျမမှာ
ဆရာတွေကြားထဲ အမြဲ တခိခိနဲ့ ရယ်နေရ တာပေါ့။

တကယ်တော့ ကျမက ဆရာတက္ကသိုလ်မင်းမော်ကို ကြောက်ရတာ။ ကျမက သူ့ဘာသာရပ် (Phonetics &


Linguistics)မှာ ညံ့လို့ ဆရာက နည်းနည်းမှ မကျေနပ်။ ဆရာက စကားပြောရင်လည်း သူ့ကဗျာတွေလိုပဲ သရော်တော်တော်
သိပ်ပြောတတ်တာ။ နောက်တနှစ်မှာ ကျမ အိမ်ထောင်ကျသွားတော့ ဆရာပြောတာ မှတ်မိနေသေးတယ်။ "မေငြိမ်း.
နင်ကတော့လေ Linguistics တော့ မရဘဲ လင်ယူလိုက်တော့ လင်ပဲ ရပြီး ဂွစ်စတစ် ကျန်နေဦးမှာ မြင်ယောင်သေးတယ်.."
တဲ့။ ဟီဟိ.. အဲလို ဆရာမျိုး။

ဆရာဇော်ကကျတော့ စကားပြောရင် လေသံအေးအေးလေးနဲ့ ရုပ်ကလေးက မလှသလောက် (စိတ်ဆိုးမှာ


ကြောက်ပါဘူး.. ကိုယ့်အဖေပဲ.. ဟဲဟ)ဲ နှလုံးသားကတော့ အင်မတန် ခံစားတတ်။ အိမ်မှာ ညအိပ်မပျော်ရင်
မောင့်လပြည့်ဝန်းနဲ့ လိမ်မော်ချိန် သီချင်းနှစ်ပုဒ်တည်းကိုပဲ တခြမ်းဆီ သွင်းထားတဲ့ အခွေကို နားထောင်တယ်ဆိုတဲ့ ရိုမန်တစ်
(romantic) အဘိုးကြီး... သူ့ရဲ့ ယုဇနမခင်ပျိုထဲက စာသားတွေကို ကျမက သူ့ရှေ့မှာ ရွတ်ပြရင် တော်စမ်းပါဟာ.. ဆိုပြီး
ရှက်နေတတ်တဲ့ မော်ဒန်အဘိုးကြီးပေါ့။ ကျမက တချို့ ဆရာ ဆရာမတွေကို ဝေဖန်ရင် အင်းး အဲလိုကတော့
ကြုံရမှာပါပဲဟာ...လို့ ရွှေပြည်အေး လေသံနဲ့ ပြောတတ်သေး။ ဆရာဇော်ကတော့ မေငြိမ်း... ဟိုလို မရေးနဲ့ ဒီလိုရေး.. လို့
တခါမှ မပြောဖူးပါ။

ဆရာတို့ဆီက ရသမျှ ဗဟုသုတတွေကို ကျမ လောဘတကြီး စုပ်မျိုယူနေတဲ့ ကာလတွေပေါ့။ ဟဲဟဲ..


အဲဒီအချိန်တုန်းက ကျမတို့ဝိုင်းကို ဌာနကခေါ်တာ ဒန်ဒန်အုပ်စုတဲ့။ (မော်ဒန်ကို ပြောတာ)။

အဲဒီအချိန်မှာ ကိုသာချိုတို့ ကိုဇောင်းထက်တို့ကို မော်ဒန်ကဗျာရေးလို့ဆိုပြီး ဌာနက တချို့သော ရှေးရိုးစွဲ


ဆရာကြီး ဆရာမကြီးများက ခေါ်ဆူတာတို့ မျက်နှာသာမပေးတာတို့ လုပ်နေချိန်။ ကျမခမျာလည်း ခရီးသွားဝတ္ထုလို
ပြည့်တန်ဆာအကြောင်း ရေးလိ.ု့ . နောက် မိန်းကလေးက ချစ်တဲ့အကြောင်းတွေရေးလို့ ဆရာမတယောက်အနေနဲ့
မြန်မာစာမဟာဝိဇ္ဇာ ကျောင်းသူ တယောက်အနေနဲ့ မရေးသင့်ဘူး.. တို့၊ အရေးရဲလွန်းတယ်တို့ ခေါ် ခေါ်ပြောခံရ..
နေအထိုင်ကလည်း မတတ်တော့ မျက်စေ့စပါးမွှေး စူးခံရ။ (တကယ်တော့ အြံ့ သစရာပါပဲ.. မြန်မာစာလို ဌာနကြီးမှာ
အနုပညာလွတ်လပ်ခွင့်ဆိုတာကို နားမလည်တဲ့ လူကြီးတွေ ရှိနေတာ.. အဲဒါတွေလည်း မမေ့)။

တကယ်တော့ အဲဒီ မဟာဝိဇ္ဇာနှစ်အတန်းမှာ ကျမ မပျော်ခဲ့ပါဘူး။ ကျောင်းမှာသာ ပျော်တာ။ စာသင်ချိန်တွေ


ကိုလည်း စိတ်တိုင်းမကျ။ ကျမကလည်း ကပ်ကပ်သပ်သပ် ခံစားသလားမသိ။ ကျမက မော်ကွန်းဆိုလည်း မော်ကွန်းတွေရဲ့
အရေးအသားအဖွဲ့အနွဲ့ကို အသေးစိပ် လိုက်ချင်တာ..။ မော်ကွန်းရေးရခြင်းအကြောင်းတို့ သမိုင်းနောက်ခံတို့ဆိုတာတွေက
မြန်မာစာ မဆန်ဘူးလို့ ထင်။ နောက် ရှေးကဗျာဆိုလည်း အဲဒီတုန်းက ဘယ်လိုတွေးလဲ.. ဘယ်လိုရေးလဲ.. ဘယ်လို
ခံစားချက်မျိုး ရှိလ.ဲ . ဆိုတာတွေ အသေးစိတ် လိုက်ချင်တာ။ န၀ဒေးဆိုလည်း သူ့အဖွဲ့အနွဲ့ကို အသေးစိတ် လိုက်ချင်..
နတ်သျှင်နောင်ဆိုလည်း သူ့စကားလုံးအသုံးတွေ နောက်ကိုပဲ လိုက်ကြည့်ချင်။ စာပေတွေရဲ့ သမိုင်းကြောင်းဆိုတာ ကတော့
စာအုပ်ထဲ ရှာဖတ်ဖို့ပဲလို့ ထင်တာပဲ။ ဒီလိုနဲ့ Tutorial တွေမှာ ဖြေတဲ့ ကျမရဲ့အဖြေတွေက ပြဿနာ စ ဖြစ်လာတယ်။
(ကျမရှေ့မှာ အင်မတန် ချွန်တဲ့ ကျောင်းသားကြီးနှစ်ယောက် အဲလို ထော်လော် ကန့်လန့်နိုင်မှုကြောင့် မဟာဝိဇ္ဇာကနေ
အဝေးကြီးကို လွင့်သွားခဲ့ရဖူးတဲ့ သာဓကလည်း ရှိပါတယ်)။ ဒါပေမဲ့ ဖောက်ထွက်တွေးတာကို ခွင့်မပြုတဲ့... တသွေး တသံ
တမိန့် ဆန်တဲ့ စနစ်မျိုးကိုတော့ ကျမ ဘယ်လိုမှ မလိုက်နာချင် ခဲ့ပါ။

ပြောသာ ပြောရတယ်.. ကျမကလည်း သိပ်တော့ အလုပ်မဟုတ်လှ။ ရကန်ရဲ့ အကန်အကျောက်ဖွဲ့တွေကို


ဖြေရင်း အကန်အကျောက်တွေကောင်းပေမဲ့ တခြားသူတွေကို အသားလွတ် အပုပ်ချတဲ့ ယဉ်ကျေးမှုမျိုး ဖြစ်တယ်။ ဒါဟာ
မကောင်းတဲ့ စိတ်နေစိတ်ထားရဲ့ နိမိတ်ပုံဖြစ်တယ်။ အဲဒါဟာ ယဉ်ကျေးမှုတခု စာပေသမိုင်းတခုထိ တာသွားတယ်
ဆိုတာတွေပါ ဝေဖန်သုံးသပ်ချက်အဖြစ် ရေးတာလေ။ ငယ်စိတ် ငယ်မာန်နဲ့ပေါ့။

ဒါနဲ့ပ.ဲ . ကိုယ်ကလည်း paper တခုဖြေတာမှာ အားနည်း.. (သူများတွေလည်း တခုစီမှာတော့ အားနည်းတယ်


ပြောတာပဲ)။ အင်းး ကျမကတော့ ခေါင်းမာတာကိုလည်း လျှော့မပေးချင်တဲ့ အခိုက်။ ဘ၀မှာ ပထမဆုံးအဖြစ် စာမေးပွဲ
ကျပါတော့တယ်။ မဟာဝိဇ္ဇာတန်းစာမေးပွဲမှာ ကျမ သေသေချာချာ ကျပါတော့တယ်။ ပြောရရင်တော့ ၁၉၈၇ ဟာ
မြန်မာစာဆရာမဘ၀ တိုက်ပဝ
ွဲ င်ကာလတွေရဲ့ အစပျိုးချိန်တွေ ဖြစ်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့
ကိုယ့်အားနည်းချက်ကြောင့် ကျတာမို့ ကျမ ၀မ်းပမ်းတနည်းတော့ မရှိခဲ့ပါဘူး။ ပြီးတော့ ကျမချစ်တဲ့ တက္ကသိုလ်ရင်ခွင်မှာ..
ဘယ်လောက် ကြာကြာ နေရ နေရပေါ့ ....။
မြသီလာအလွမ်းပြေ (၁၁)

ဖြစ်နိုင်ရင် ၁၉၈၈ ကြီးကို ကျော်သွားလိုက်ချင်ပါတယ်။ ခုချိန်မှာ ကျမစိတဝ


် င်တစားတွေးနေမိတာတခုက
ဗမာပြည်က ကျမတို့အရွယ်တွေရဲ့ ကိုယ်ပိုင်ဘ၀တွေထဲမှာ ၈၈ က ဘယ်လောက် လွှမ်းမိုး အရေးပါခဲ့သလဲ ဆိုတာပါပဲ။ ၈၈
ထဲမှာ ကျမတို့ အရွယ်တွေထဲမှာ အတော်များများ ဘ၀တွေ တိုက်ရိုက် ပြောင်းပြန်လှန်လိုက် သလို ပြောင်းလဲသွားခဲ့ကြရတယ်။
တိုက်ရိုက် မပြောင်းလဲဘူး ဆိုရင်တောင်မှပဲ အဆိုးဘက်ကို ဦးတည်တဲ့ အပြောင်းအလဲတွေဟာ ၈၈ ကနေ စခဲ့တယ်လို့
ပြောနိုင်ပါတယ်။

၁၉၈၇ ရဲ့ သီတင်းကျွတ်မှာ ကျမတို့ နှစ်ဘက်မိဘရှေ့မှာ စေ့စပ်ပါတယ်။ လာမယ့် ၁၉၈၈ မေမှာ


လက်ထပ်မယ်ပေါ့။ အကြောင်းရင်းးကတော့ သူက ဖိုင်နယ် စာမေးပွဲပြီးပြီ။ ဘွဲ့ရတော့မယ်။ ကျမက ကျောင်းမှာ ဆရာမ
ငယ်ငယ်လေး။ (သူက စိတ်မချဘူးလို့တော့ မပြောပါဘူး)။ ဒါပေမဲ့ နှစ်ဘက်မိဘ သိတော့ အိနြေ္ဒရတယ်ပေါ့။ ကျမကလည်း
မဟာဝိဇ္ဇာနောက်ဆုံးနှစ်စာမေးပွဲ ဖြေအပြီး.. ကျမယ်လည်း မထင်သေး။ ဒီလိုနဲ့ စေ့စပ်ကြ.. နှစ်အိမ့်တအိမ် ၀င်ထွက်ကြပေါ့။
အဲဒီအချိန်မှာပဲ ကျမက ကျမရဲ့ နောက်ထပ်မြသီလာဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကြီးနဲ့ ပတ်သက်ရပြန်တာလေ..။
ရန်ကုန်တက္ကသိုလ်ကို ကံကော်ရိပ.် . ရေတမာရိပ်လို့ တင်စားသလိ.ု . လှိုင်ကို ကုက္ကိုရိပ်လို့ တင်စားသလိ.ု . RIT ကိုတော့
စွယ်တော်ရိပ်လို့ တင်စားကြပါတယ်။

သူက စက်မှုတက္ကသိုလ်က ပါမောက္ခတယောက်ရဲ့သားမို့ အဲဒီကျောင်းဝင်းထဲမှာ နေရပါတယ်။


စက်မှုတက္ကသိုလ် ဆင်ဝင်ရှေ့ကနေ ဗိသုကာဌာနဆီဆင်းတဲ့ စင်္ကြံ အမိုးလမ်းလေးအတိုင်း ဆင်း..(ပုံထဲက
လမ်းလေးအတိုင်းပေါ့)။

ပြီး.. ဂျီဟောဆောင်ရှေ့က ဖြတ်.. တည့်တည့်ဆက်လျှောက်.. ဘောလုံးကွင်း အဆုံး ညာဘက်ခြမ်းက


ခြံကျယ်ကြီးတွေရဲ့ တတိယမြောက်ခြံထဲမှာ ကျမ ၁၀နှစ်နီးပါး နေခဲ့တာပေါ့။ အဲဒီ ခေတ်အဆက်ဆက် နိုင်ငံရေးသမိုင်းတင်ခဲ့ရာ
အဲဒီကျောင်းဝင်းထဲမှာ သိပ်မကြာခင်.. ကမ္ဘာပျက်တော့မယ်လို့ ကျမတို့ လုံးလုံး မထင်ခဲ့ကြပါဘူး။ အဲဒီ စွယ်တော်ရိပ်
မြသီလာကတော့ ကျမရဲ့ တတိယအိမ်။ နွေးအေး.. မေတ္တာပေါင်းကူး.. မော်လမြိုင်ဆိုင.် .။ ကျောင်းရှေ့က ရေပန်းစင်လေးဟာ
ကျမ ညနေ ညနေ လမ်းလျှောက်လာရင်း ထိုင်တဲ့နေရာ။ ကျောင်းရှေ့က ကိုထိန်ရဲ့ နေ၀န်းနှင်းဆီ စာအုပ်ဆိုင်လေးဟာ ကျမရဲ့
ဒုတိယ လမင်းတရာ..။
အဲလိုနဲ့ စက်တင်ဘာမှာ မဆလအစိုးရက ငွေစက္ကူတချို့ တရားမ၀င် ကြေငြာပါတယ်။ နှစ်ဘက်မိဘ
ရှိသမျှလေး မည်းကုန်။ ပိုဆိုးတာ ယောက္ခမလောင်းတွေခမျာ ကျမတို့အတွက်သုံးဖို့ ရွှေရောင်းထားတဲ့ ပိုက်ဆံတွေ မည်းကုန်။
နောက်တော့ ကျမတို့ အောင်စာရင်းထွက်တာမှာ ကျမ ကျပါတယ်။ နောက်ထပ် အံ့သြစရာကောင်းတာက ကျောင်းပျော်လို့
ကျောင်းတောင် မပြီးချင်သေးပေမဲ့ မိန်းမ ယူချင်လို့ စာမေးပွဲ သေချာ ဖြေခဲ့တယ်ဆိုတဲ့ သူလည်း စာမေးပွဲ ကျပါလေရော။
(တကယ်တော့ တော်တော် နိမိတ်မကောင်းတဲ့ ၈၈ ပါပဲ)။ နှစ်ဘက်မိဘလည်း ဘာလုပ်ရမှန်းမသိတွေ ဖြစ်ကုန်တာပေါ့။
မင်္ဂလာဆောင် ဖို့ကလည်း အားလုံး စီစဉ်ပြီး။ ဒုက္ခ..။ နောက်ဆုံးတော့ စာမေးပွဲပဲ ရှေ့နှစ်တော့ အောင်မှာပေါ့ ဆိုပြီး
ရှေ့ဆက်တိုးလို့သာ ပြင်ရတော့တာပေါ့။

မတ်လ ၁၃ရက်... မှတ်မှတ်ရရကိုပဲ အဲဒီနေ့က တနင်္ဂနွေနေ့။ တနင်္ဂနွေဆို ကျမက သူတို့အိမ်မှာ တခုခု


လုပ်စားတတ်လို့ တနေကုန် ရှိနေတတ်တယ်။ ပြီးတော့ တနင်္ဂနွေဆို စွယ်တော်ရိပ်က ပိုပျော်စရာ ကောင်းသလိုပဲ။
ကျောင်းဝင်းထဲမှာ လူအများစုက စိတ်အေး လက်အေး ပုံစံလေးတွေနဲ့ စည်ကားနေ တတ်တယ်လေ။ ကျမက မဂိုလမ်း
(ရွှေဘုံသာလမ်း) ပြန်မှာမို့ အပြန်ဆို အင်းစိန်ဆူးလေကားတွေက ချောင်တယ်။ ဒါကြောင့် ကျမက အေးအေးဆေးဆေးမှ
ပြန်နေကျ။ အဲဒီညမှာလည်း ကျမ ညနေစောင်းမှ ပြန်လာတာပါ။ ဘာတခုမှ မထူးခဲ့။ ဒါပေမဲ့ ကျမ အိမ်ပြန်ရောက်ပြီး
မကြာခင်မှာပဲ သူ့ဆီက ဖုန်းလာပါတယ်။ ကျောင်းသားတွေ ပြဿနာဖြစ်တယ် .. စစ်တပ်က ၀င်ပစ်ကုန်ပြီတဲ့။

အဲဒီည.. သူတို့ တအိမ်လုံး အိမ်ဘေးခြံဝင်းထဲက ငှက်ပျောပင်တွေကြားထဲ ၀င်ပုန်းနေရတဲ့ ကျောင်းသားတွေ


အတွက် ဘုရားစာတွေ တတွတ်တွတ်ရွတ်ရင်း.. ကျောင်းနောက်ဘက် ကနေ ကိုးမိုင်တရုတ် သင်းချိုင်းဘက်ထိ
ပြေးထွက်သွားရတဲ့ ကျောင်းသားတွေအတွက် ဆုတောင်းရင်း... ဒဏ်ရာရထားတဲ့ ကိုစိုးနိုင်အတွက် ဆုတောင်းရင်း...
အိမ်တွေမှာ ရေစင်တွေထဲပါမကျန် လှန်လှော ရှာဖွေနေတဲ့ ယူနီဖောင်းဝတ် တွေကို တုန်တုန်လှုပ်လှုပ် ကြည့်ရင်း.... တာဝန်နဲ့
ကျောင်းပေါ်ရောက်နေတဲ့ သူတို့အဖေကို စောင့်ရင်း... တညလုံး ငုတ်တုတ် မိုးလင်းသွား ခဲ့ရတယ်... တဲ့။

အဲဒီညမှာ စစ်တပ်လက်ချက်နဲ့ ကိုဖုန်းမော် ကျဆုံးတာကိုပဲ ကျမတို့ သိလိုက်ရတယ်..။ အဲဒါဟာ


အဲဒီနေ့ရက်ကစလို့ စစ်တပ်လက်ချက်နဲ့ ကျောင်းသားတွေရဲ့ ဘ၀တွေ ကျဆုံးဖို့ရဲ့ အစဖြစ်တယ်လို့ ကျမတို့ မသိခဲ့ကြသေးဘူး။
စစ်တပ်လက်ချက်နဲ့ မြန်မာတပြည်လုံး ကျဆုံးဖို့ရဲ့ အစဖြစ်တယ်ဆတ
ိုာလည်း ကျမတို့ မသိခဲ့ကြသေးဘူး။ ခု နှစ် ၂၀ကျော်မှာ
ပြန်လှည့်ကြည့်တော့ အဲဒီ ၁၃ရက်မှာပဲ ဗမာပြည်တပြည်လုံး ညှင်းပမ်းနှိပ်စက်ခံရတာတွေ.. အသတ်ခံရခြင်းတွေ စခဲ့တယ်
ဆိုတာကို သိနေခဲ့ရပါပြီ။

နောက်တနေ့ ၁၄ရက်နေ့မနက် အိမ်ကို ဌာနမှူးက ဖုန်းဆက်ပါတယ်..။ အရေးပေါ် အစည်းဝေး..တဲ။့ လှိုင်မှာ


တော်တော်များများက သတင်းတွေ သိပြီး ဖြစ်နေပါပြီ။ တောက်တခေါက်ခေါက်နဲ့ပေါ့။ ကျမတို့ ဆရာဆရာမ အားလုံး
စပယ်ရှယ်ဂျူတီ..တဲ့။

ဒါပေမဲ့ အဲဒီ ၁၄ရက် တနင်္လာနေ့မှာ RIT ကျောင်းသားတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ လှိုင်တက္ကသိုလ်မှာ ကျမတို့


မျှော်လင့်ထားသလို လှုပ်ရှားမှုသသ
ိသာသာ မဖြစ်သေးတာ တွေ့ရပါတယ်။ (တကယ်တော့ RIT မှာ အာဏာပိုင်တွေနဲ့
အပေးအယူလုပ်နေကြတုန်းမို့ အခြေနေကြည့်နေကြတဲ့သဘောဆိုတာ နောက်မှ ရိပ်မိပါတယ်)။ အဲဒီတနေ့ဟာ တခုခုကို
စောင့်ကြည့်ကြရင်းနဲ့ အချိန်ကုန်သွားပါတယ်။ RIT ကျောင်းဝင်းကိုတော့ ၀င်ပေါက်တွေ အားလုံး ပိတ်လိုက်ပြီး အစောင့်တွေ
တင်းတင်းကျပ်ကျပ်ချထားပြီလို့ သူက ဖုန်းဆက်ပြီး လှမ်းပြောပါတယ်။ ကျောင်းသားတချို့ အဖမ်းခံရပြီး တချို့ကတော့
ရှိနေကြတုန်းပဲ.. တဲ့။

ကျောင်းကအပြန် ညနေ၃နာရီလောက်မှာ အိမ်မပြန်သေးဘဲ ကျမ RIT ဘက် ထွက်ခဲ့ပါတယ်။


ဆင်းရဲသားဂိတ်ကလေးမှာ ကျောင်းလုံခြုံရေးတွေန့.ဲ .။ ဆရာကြီးတွေနဲ့။ ကျမကို သိနေတဲ့ သူတွေရှိနေတာမို့
ဝင်ခွင့်ပေးပါတယ်။ အဲဒီ ဆင်းရဲသားဂိတ်ကလေးနောက်က မြက်ခင်းပြင်မှာ ကျောင်းသားတွေက အမှတ်တရ
အုတ်ဂူလုပ်မယ်ဆိုလား..။
ကျောင်းဆင်ဝင်အောက်နဲ့ ရေပန်းစင်တ၀ိုက်မှာလည်း ကျောင်းသားတွေ ရုံးစု ရုံးစု..။

ကျောင်းသားတွေရဲ့ မျက်နှာတွေက တင်းမာ အုံ့မှိုင်း နေကြပါတယ်။ RIT ဟာ စစ်ပွဲပြီးစ စစ်မြေပြင်လိုပဲ..။


ကျမ သူ့အိမ်ရှိရာဆီကိုပဲ တောက်လျှောက်လာခဲ့ပါတယ်။ သူကတော့ ကျမကို ဘာလို့လာသလဲလို့ ဆူပါတယ်။ ကျမကတော့
အခြေနေသိချင်တာပါပဲ။

အဲဒီနေ့မှာပဲ အာဏာပိုင်တွေက ကိုဖုန်းမော်ကိစ္စကို ရပ်ကွက်ရန်ပွဲကနေ ကျောင်းသား တွေဘက်က


လွန်ကျူးလို့ ဖြေရှင်းရာကပဲ လက်လွန်သွားသယောင် သတင်းလိမ်လိုက်တဲ့အတွက် စက်မှုတက္ကသိုလ် ကျောင်းသားတွေကို
ဆွပေးလိုက်သလို ဖြစ်သွားပါတယ်။ အဖေကတော့ ပွဲမသေးတော့ဘူးလို့ ပြောနေပြီ။ အမှန်အတိုင်းပြောရရင် ကျမကတော့
စစ်တပ် မိုက်ရိုင်းတယ်ဆိုတာလောက်ပဲ တိမ်တိမ်လေး တွေးနေခဲ့တာပါ။

မတ်လ၁၅ရက်နေ့ကျတော့ ကျောင်းထဲမှာ သိသိသာသာ လှုပ်လှုပ်ရှားရှား ရှိလာတယ်။ နေ့လယ်လောက်


ကျတော့ စာတွေဝေတာ ကပ်တာတွေ ရှိလာပြီ။ ဆရာဆရာမတွေက မသိချင်ယောင် ဆောင်နေကြတယ်။ ရုံးစုရုံးစုလေးတွေ
ရှိလာပြီ။ မွန်းလွဲကျတော့ မိန်းထဲမှာ ကျောင်းသားတွေ တရားဟောတယ်တဲ့..။ ဆရာတချို့ ဆရာမတချို့ အိတ်တွေပြင်.. လစ်ဖို့
ချောင်း။ ကျမထိပ်ဆုံးကပေါ့။

မတ်လ၁၅ရက်ရဲ့ နေ့လယ်မှာပဲ တောင်ငူကင်တီး အရှည်ကြီးဆိုင်ရဲ့ နောက်ဘက် (ဦးချစ်ဆိုင်နဲ့


အရှည်ကြီးကြား) ငှက်ပျောပင်အုပ်အောက်မှာ အံ့ဘွယ်တို့ လေးငါးယောက် ကျိတ်ကျိတ် ကျိတ်ကျိတ.် .။ ဖယောင်းစက္ကူမှာ
စာတွေလည်း ရေးကြ။ လှည့်ထုတ်ထားတဲ့ လတ်လတ်ဆတ်ဆတ် စာရွက်တွေရော..။ ဒီတခါတော့ ကဗျာတွေမဟုတ်..။
ကျောင်းသားသတင်းကို လိမ်ကြေငြာတာ ကျောင်းသားထုကြီးအနေနဲ့ လက်မခံဖို့.. ကျောင်းသားတွေကို တမင်သက်သက်
ပစ်သတ်တာဖြစ်တဲ့ အကြောင်း..။ နောက် ကျောင်းသားအခွင့်အရေးတွေ..။ မဆလရဲ့ မတရားမှုတွေ..။ ဆဲဗင်းဂျူလိုင်ကို
သတိတရ ထည့်ပြောထား တာလည်း ပါတယ်။ အဲဒီနေ့မှာ ကျောင်းသားတွေစ စုပြီပေါ့။ နေရာ ကွက်ကွက်ပြီး
တရားဟောတာတွေ ရှိတယ်ပြောပေမဲ့ ကျမက ဘွယ်တို့နားမှာ ရှိနေလို့ မသိခဲ့။ အဲဒီနေ့ အိမ်အပြန်မှာ သူတို့်ရေးခိုင်းတဲ့
စာတချို့ ရေးဖို့ ပါလာတယ်လေ။ ကျမဆီမှာက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကဗျာစာအုပ်တွေ ရှိနေတာမို့ အဲဒီထဲက
ကဗျာတွေ စာစုတွေ ရေးထားဖို့။ နက်ဖန် နံရံတွေမှာ ကပ်မယ်ပေါ့။ ဖြစ်နိုင်ရင် မြို့ထဲတွေအထိတဲ့။

မတ်လ ၁၆ရက်နေ့ .. ဗုဒ္ဓဟူးနေ့။

အိမ်က ထွက်ကတည်းက ကျမ လှိုင်ကို လုံးဝ မသွားတော့ဘဲ မိန်းထဲပဲ သွားဖို့ ဆုံးဖြတ်ထားတယ်။ RIT ထဲ
ပိတ်မိနေတဲ့ သူကတော့ နကိုတည်းက ခပ်အေးအေးသမားမို့ ကျမကိုလည်း အိမ်မှာပဲ နေရမတဲ့။ ကျမနဲ့သူ
အချေအတင်ဖြစ်ရသေးတယ်။ ကျမ မိန်းထဲရောက်တော့ ကျောင်းသားတွေ တရားဟောတာ RC ရှေ့မှာတဲ့။ နေရာတိုင်းမှာ
ကျောင်းသူကျောင်းသားးတွေ ရုံးစု.. ရုံးစု..။ ကျမ တောင်ငူဆောင်ရှေ့နေ RC ဘက် လျှောက်ထွက်လိုက်တယ်။ RC ရဲ့
ရှေ့ဘက် အမိုးပြားလေးပေါ်မှာ ကျောင်းသားတွေ ကျောင်းသူတွေ.. တကယ်ပဲ တရားဟောနေကြတာ။ ဒေါနဲ့ မောနဲ.့ . ဟန်နဲ့
မာန်နဲ့..။ အဲဒီအချိန်ကျမှ ကျမ ကြက်သီးတွေ ထလာတယ်။ တယောက်က ကျမကို လက်မောင်း လာဆွဲတယ်။
သူငယ်ချင်းတယောက်။ နင့်ကို ဘွယ်စောင့်နေတယ်တ.ဲ့ .။ သူ့နောက်လိုက် သွားတော့ RC ရဲ့ ဘယ်ဘက်ခြမ်းအခန်းလေးထဲမှာ
အံ့ဘွယ်... ရှေ့မှာ စာကူးစက်တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ သူ့ဘေးမှာလည်း သူငယ်ချင်း တယောက် wax ရေးလက်စ..။
ကျမပါလာတဲ့ စာရွက်တွေ ထိုးပေးလိုက်တယ်။ သူတို့ နောက်ထပ်ပို အလုပရ
ှ်ုပ်သွားတယ်။ အံ့ဘွယ်က ထွက်လိုကဝ
် င်လိုက.် .။

အဲဒီတုန်းမှာပဲ.. စစ်တပ်လာတယ်..တဲ့။ ဒိုင်းတွေ ဒုတ်တွေကိုင်တဲ့သူတွေလည်း ပါတယ်..တဲ့။ အဲဒီတုန်းက


လုံထိန်းလို့ မသေချာကြသေး။ ကျောင်းရှေ့မှာ နေရာယူထားကြပြီတဲ့။ ဘာလုပ်ကြမလဲ.. ဘာလုပ်ကြမလဲ.. ခွေးတွေ..
ခွေးတွေ.. စစ်ခွေးတွေ.. ၀င်လာပြီ... တဲ့။ နည်းနည်း အော်ကြ ဟစ်ကြ ရှိလာတယ်။ တချို့ကလည်း မလာသေးပါဘူးတဲ့။
ကန်ပေါင်ဘက်သွားတယ်တဲ့။ စာကြည့်တိုက်ရှေ့ကို ပါမောက္ခချုပ် ဒေါက်တာဘသန်းဟက် ရောက်လာတယ်တဲ့။ ကျမကတော့
အဲဒီအခန်းထဲမှာပဲ စာရွက်တွေ စီနေတယ်။ အဲဒီအချိန်မှာပဲ အံ့ဘွယ်က ကျမကို စာကူးစက်အတွက် မင်လိုတယ်..
လှည်းတန်းမှာ သွားဝယ်တဲ့။ နင်က ဆရာမဆိုတော့ အေးဆေးပဲ..တဲ့။ ဒါနဲ့ ကျမ ပြန်ထွက်ရတယ်။ ဂျပ်စင်ဘက်ကနေ..
အဲဒီမှာတော့ လုံထိန်းတွေ မတွေ့။ နောက် စံရိပ်ငြိမ်ထဲက ဆိုင်တဆိုင်မှာ ရတယ်။ ၀ယ်ပြီးပြန်လာတော့လည်း
အဲဒီလမ်းအတိုင်း..။

ကျမ RC ပြန်အရောက်... လာကုန်ပီ... လာကုန်ပ.ီ . ရိုက်တယ်.. ရိုက်တယ်..။ ငိုသံတွေ။ ဘွယ်ရောက်လာပြီး


ကျမကို လက်မောင်းကိုဆွဲပြီး နင်လစ်တော့ .. နင်ကဆရာမ .. မိလို့မဖြစ်ဘူး...တဲ့။ မလစ်ဘူး... ဒီမှာပဲ နေမယ်.. လို့
ကျမပြောနေတုန်း.. ကျောင်းသား တယောက် ပြေးဝင်လာတယ်။ ငှက်ကြီးတောင်ဓါးတလက် ဘယ်က ရလာတယ် မသိ။ သူက
ငိုလည်းကငိုနေတယ်။ ခွေးတွေ ရိုက်ကုန်ပီဗျ.. ဆရာမ.. ကျနော်တို့ ကျောင်းသားတွေ... ။ ဆရာမ ဒီဓါးယူထား.. ဒီခွေးတွေ
လာရင် ခုတ်ပစ်တဲ့။ ခွေးလိုကောင်တွေ..ဆိုပြီး ကျမလက်ထဲ ဓါးထိုးပေးပြီး သူ စကားဆက်မပြောဘဲ ငိုတယ်။ ကျမ ဓါးကိုင်ပြီး
ဆတ်ဆတ်တုန်နေတယ်။ ပြီးတော့ ကျမလည်း ငိတ
ုာပဲ။ (အဲဒီကျောင်းသား.. ခု ဘယ်ရောက်နေပြီမသိ.. ကျမ အမြဲ
သတိရတယ်)။

အပြင်မှာ ကျောင်းသားတွေ ပြေး လွှား။ အံ့ဘွယ်က ကျမကို ဆွဲပြီး ပထ၀ီဌာနဘက် တွန်းလွှတ်တယ်။


နင်သွားတော့..တဲ့။ အော်လည်းအော်သေး။ နောက်တော့ ကောင်လေးနှစ်ယောက် ကျမလက်ကို ဆွဲပြီး.. ဆရာမ လာ..
ချကုန်ပြီဆိုပြီး ပြေးကြတာ။ ဘွဲ့နှင်းသဘင်ရဲ့ ညာဘက်ခြမ်းက သံတိုင်လေးကွေးနေတဲ့ အပေါက်ထ.ိ . သူတို့ ကျမကို
တွန်းထည့်။ ဆရာမ ရိုးမရိပ်သာဘက်ပြေး..တဲ့။ (နောက်ပိုင်း အဲဒီအပေါက်လေးကို ပြန်လာဝင်ကြည့်တော့ လွယ်လွယ်နဲ့
ဝင်မရ)။

(ကျမ ပြေးခဲ့တဲ့ သံတိုင်အကွေးအပေါက်ကလေးက အဲဒီနားမှာပါ)

အဲဒေ
ီ န့က ကျမ ငိုရင်းပြေးရင်း ရိုးမရိပ်သာထဲကနေ ဘယ်လို စံရိပ်ငြိမ်ရောက်လာလည်း မမှတ်မိတော့။
လှည်းတန်းလမ်းမကြီး ပိတ်ထားလို့.. ကျမ ရသလောက် လမ်းလျှောက်တာ.. သမိုင်းလမ်းဆုံ မှတ်တိုင်ထိ။ အဲဒီကျမှ
အင်းစိန်ဘက်သွားမယ့် ကားတစီးတွေ့ရလို့ မြို့ထဲမပြန်ရဲဘဲ RIT ဘက်ပြန်ခဲ့ပါတယ်။ သူ့အိမ်ရောက်မှ ကြည့်လိုက်တော့
ကျမထမီက ဒေါင်လိုက်ကြီးပြဲလ.ို့ .။ အဲသလို ကျမ ပြန်နေချိန်မှာပဲ.. စီးပွားရေးတက္ကသိုလ်ရှေ့မှာ မြန်မာစာနောက်ဆုံးနှစ်
ကျောင်းသားနှစ်ယောက် (ကိုတင်အေးနဲ့ ကိုညိုထွန်း)က ခွပ်ဒေါင်းအလံကို ကျောင်းသားအုပ်ထဲ ပစ်သွင်းလိုက်ပြီးတော့
တက္ကသိုလ်မြေမှာ ခွပ်ဒေါင်းအလံကို ပထမဆုံး ပြန်ထူစေနိုင်ခဲ့တာ။ ပြီးတော့ အင်းလျားရဲ့ တံတားဖြူက တံတားနီ
ဖြစ်သွားခဲ့ရတာ။ အံ့ဘွယ်အပါဝင် ကျောင်းသားတွေ အဖမ်းခံခဲ့ရတာ..။ ကျောင်းသားတွေ ထပ်ပြီး အသက်ပေးခဲ့ကြရတာ..။
(နောက်အပိုင်း တွေမှာ အဲဒီကျောင်းသားနှစ်ယောက်အကြောင်း ရေးပါဦးမယ်။ ရှေ့မှာ ကျမတမင်ချန်ခဲ့တဲ့ သူငယ်ချင်း
နှစ်ယောက် ပေါ့)။
မြသီလာအလွမ်းပြေ (၁၂)

ရှေ့အပိုင်းတွေမှာ ကျမ တမင်ချန်ထားခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်... ကိုတင်အေးနဲ့ ကိုညိုထွန်းဆိုတာ....။


စစ်အစိုးရက ၁၉၈၉ ဇူလိုင်လမှာ ကွန်မြူနစ်ယူဂျီဆိုပြီး ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရတဲ့သေ
ူ တွပေါ့။ အဲဒီထဲက ကိုတင်အေး
ဆိုတာက ကျမ မေငြိမ်းဆိုတဲ့ နာမည်ကို စသုံးပြီး ထုတ်တဲ့ ပထမဆုံးကဗျာစာအုပ်ထဲက ရေးဖော်သူငယ်ချင်း။ နောက်..
ပထမဆုံး မဂ္ဂဇင်းတိုက်တွေကို အတူတူ သွားခဲ့တဲ့ သူငယ်ချင်း။ ပြီးတော့ စာနယ်ဇင်းသမားတွေထိုင်ရာ မုတ်ဆိတ်
လက်ဘက်ရည်ဆိုင်မှာ အတူတူ ပထမဆံုး ထိုင်ခဲ့တဲ့ သူငယ်ချင်း။ ကျမနဲ့ တက္ကသိုလ်ဘ၀မှာ ရှားရှားပါးပါး အဖွဲ့အကျဆုံး
အရင်းနှီးဆုံး ရဲဘော် သူငယ်ချင်းလည်း ဖြစ်ပါတယ်။ သူ ထောင်ထဲမှာ ၁၆နှစ်နီးပါးနေခဲ့ရပြီး အပြင်ထွက်လာတော့ ကျမက
ဗမာပြည်မှာ မရှိတော့။ မနှစ်က... သူ ဘယ်လိုမှ နေမဖြစ်တော့လို့ ဗမာပြည်ထဲက ထွက်လာရပါတယ်။

အဲဒီနောက်... ကျမတို့ သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ကြတော့ ဘ၀တွေ အချိန်တွေ အများကြီး


ပြောင်းသွားကြပေမဲ့ ကျမတို့ သူငယ်ချင်းနှစ်ယောက်ကြားမှာ ဘာမှ ကွာဟမသွားခဲ့တာ အံ့သြစရာ..။ ကျမ မြသီလာ...
ရေးနေတော့ သူ အားပေးတယ်။ တချို့ ကျမ မေ့နေတာတွေ သူပြန်ပြောပြတယ်။ သတိပေးတယ်။ ကျမက အပြင်မှာ
ဘ၀တွေအစုံ ဖြတ်သန်းခဲ့ရတော့ တချို့အချိန်တွေကို မေ့ကုန်ပြီ။ သူကတော့ ၁၇နှစ်လုံးလုံး နံရံလေးဘက်ကြားမှာ
တယောက်ထီးတည်းဖြတ်သန်းခဲ့ရတော့ သူ့ဘ၀မှာ သတိရအမှတ်ရစရာ အဲဒီ နာကျင်စရာ အဖြစ်အပျက်တွေက အမြဲ အသစ်
ဖြစ်နေတာလေ..။ ခု သူရေးထားတဲ့ မတ်လ၁၃ရက်နေ့ဝန်းကျင်ကို အမှတ်ရစေမယ့် စာလေးတပုဒ် တင်ပေးချင်ပါတယ်။
ကျမရေးတာထက် ပိုအသေးစိတ် သိခွင့် မြင်ခွင့် ရအောင်ပေါ့။

ကျောင်းသုံးဗလာစာရွက်ပေါ်က ရှင်သန်နေတဲ့ နိုင်ငံရေးအဓိပ္ပါယ်

တော်လှန်ရေးရဲ့ မျက်စိကျတတ်တဲ့လ တော်လှန်ရေးနဲ့ယဉ်ပါးနေတဲ့လ၊ မတ်လ။ ၁၉၈၈ ခုနှစ် မတ်လ(၁၃)ရက်၊


အဲဒီနေ့က တနင်္ဂနွေနေ့။

“မနေ့ကကြားလား။ “
“ဘာဖြစ်လို့လဲ။”
“အာအိုင်တီမှာ ကျောင်းသားတွေကို အစိုးရက သေနတ်နဲ့ပစ်သတ်တာ ကျောင်းသားတစ်ယောက်ပွဲချင်း ပြီးသေသွားတယ်။
တချို့လည်းဒဏ်ရာအပြင်းအထန်ရသွားကြတယ်...တဲ့။”
“ဟင်....စစ်မြေပြင်မှာမဟုတ်ဘဲ။”

တနင်္လာနေ့ ကျောင်းပြန်ဖွင့်တအ
ဲ့ ခါ ရန်ကုန်တက္ကသိုလ်ထဲမှာ ဒီသတင်းဟာ ဓာတ်ဆီ လှောင်ထားတဲ့
ရပ်ကွက် မီးထလောင်သလို တမဟုတ်ချင်း ပျံနှံသွားပါတော့တယ်။ အာအိုင်တီက ကျောင်းသားတွေ၊
အာစီတူးကကျောင်းသားတွေ၊ ပုသိမ်ကောလိပ်ကကျောင်းသားတွေ၊ မော်လမြိုင် တက္ကသိုလ်က ကျောင်းသား
တွေ...ဘယ်ကကျောင်းသားဖြစ်ဖြစ်၊ ကျောင်းသားဆိုတာ ငါတို့သွေးသားတွေပဲ။ အဲဒီအချိန်က အဲဒီလိုခံစားခဲ့ကြတဲ့အတိုင်း...
ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ၊ ဒေသကောလိပ်လို့ခေါ်ခဲ့တဲ့ နယ်မြေတက္ကသိုလ်တွေက ကျောင်းသားတွေ၊
ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကျောင်းသားတွေဟာ သူတို့ ညီအစ်ကို တွေရှိရာ အာအိုင်တီလို့ခေါ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ဆီ
ကိုယ့်အစီအစဉ်နဲ့ကိုယ် ဦးတည်ခဲ့ကြပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲမှာ ကိုဖုန်းမော်ကျဆုံးခဲ့တဲ့နေရာတ၀ိုက် သွေးကွက်တွေ၊ ဖိနပ်တွေ၊


ကျောင်းစာအုပ်တွေ... စတဲ့ ဖရိုဖရဲဖြစ်နေတဲ့အခြေအနေတွေကို ကြယ်ပုံအုတ်ရိုးလေး ခတ်ပြီး ပြသထားပါတယ်။ အားလုံးရဲ့
မျက်နှာ၊ အားလုံးရဲ့စကားသံတွေမှာ ကိုယ့်ဆွေမျိုးသားချင်း တစ်ယောက် အသေဆိုးနဲ့ သေလိုက်ရ သလို
နာကျည်းမှုအရောင်တွေ လွှမ်းလို့ပေါ့။

ဒါပေမဲ.့ .. ရန်သူစစ်အစိုးရဟာ ဒီအခြေအနေကို လက်ပိုက်ကြည့်မနေပါဘူး။ မတ်လ(၁၅)ရက် နေ့


ညနေစောင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်ထဲက ဘော်ဒါဆောင်တွေကို စစ်မြေပြင် စခန်းသိမ်း သလို ၀ိုင်းထားလိုက်ပြီး၊
အဆောင်နေကျောင်းသားတွေကို ဓါတ်ပုံတွေနဲ့တိုက်စစ်ပြီး၊ အချုပ်ကားတွေပေါ် ဆွဲတင် သွားပါတော့တယ်။
နောက်တစ်နေ့ မတ်လ(၁၆)ရက်နေ့၊ ရန်ကုနဝ
ိဇ္ဇာသိပ္ပံတက္ကသိုလ(် ရာဇူး)ထဲမှာ မနေ့က အာအိုင်တီကို
စစ်အစိုးရက ၀င်သိမ်းလိုက်ပြီဆိုတဲ့သတင်းက ဟိုးလေးတကြော်ကြော်။ ရက်စက်ပါပေ့။ မတရားလည်း ပစ်သတ် သေး၊
ဘာတာဝန်မှလည်း မယူ၊ ဖြစ်ပျက်ခဲ့တဲ့သတင်းတွေကိုလည်းလိမ်ကြေညာ၊ အခု ငါတို့ ကျောင်းသားတွေ ကို ဖမ်းသွားပြန်ပြီ...

“တောက်...ဒါလုံးဝမတရားဘူး။”

မတရားမှုကို ကျောင်းကင်န်တင်းမှာ လက်ဘက်ရည်နဲ့ ထိုင်မမြည်းတတ်တဲ့ ကျောင်းသူ


ကျောင်းသားတွေဟာ...

“အာစီတူးနဲ့သွားပေါင်းမယ်၊အာအိုင်တီကိုချီတက်မယ်ဟေ့...”

အဲဒီလိုနဲ့ အဲဒီနေ့က ချီတက်လာတဲ့ ကျောင်းသားသပိတ်တပ်ကြီးရှေ့ဆုံးကနေ ဗမာနိုင်ငံရေးသမိုင်းမှာ


နှစ်ပေါင်းများစွာ ငုတ်လျှိုးနေခဲ့ရတဲ့ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံဟာ အင်လျားကန်ပေါင်ရိုးမှာ မိုးယံဆီ တလူလူပြန်လည်
လွင့်ပျံ့လာခဲ့ပါတော့တယ်။

ခွပ်ဒေါင်းကို ပြန်မြင်လိုက်တဲ့ အဲဒီအချိန်က ဗိုလ်နေ၀င်း စစ်အစိုးရဟာ သွေးထဲက စိမ့်ကြောက်


သွားပုံရပါတယ်။ ဘယ်လိုမှ ကြာကြာကြည့်မနေနိုင်တော့ပါဘူး။ အာစီတူးအထိ အရောက်မခံ၊ ရန်ကုန်တက္ကသိုလ်
ကျောင်းဝင်းထဲ ကအထွက် အင်လျားကန်ပေါင်ရှေ့မှာတင် ချီတက်လာတဲ့ ကျောင်းသူကျောင်းသား သပိတ်တပ်ကြီးကို
ကန်ပေါင်အဆုံး ရှေ့ကစစ်တပ်က သံဆူကြိုးတွေနဲ့ပိတ်၊ နောက်ကနေ လုံထိန်းတပ်က အဓိကရုဏ်း နှိမ်နှင်းရေး
အချုပ်ကားကြီးနဲ့တိုက်သတ်၊ လုံထိန်း တပ်သားတွေအလုံးအရင်းနဲ့နံပါတ်တုတ်တွေနဲ့ဝင်ရိုက်ပါတော့တယ်။

ဒါကြောင့် မတ်လ(၁၆)နေ့ဟာ ကိုဖုန်းမော်တိုက်ပွဲမှာ ဒုတိယအကြိမ် ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့


နေ့ပါပဲ။ အဲဒီနေ့အဖြစ်အပျက်တွေကြောင့် အင်လျားကန်ပေါင်က တံတားဖြူကို အမည်ပြောင်းပြီး တံတားနီလို့
တွင်သွားခဲ့တာပါ။

အဲသလို စစ်ပုလိပ်ရဲ့ဒဏ်ကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ရပြီး နောက်တနေ့၊ ရန်ကုန်တက္ကသိုလ်


အမရ ဆောင်ရှေ့၊ ကျောင်းဝင်းအ၀င်အုတ်တိုင်လေးနှစ်ခုမှာ ဗလာစာရွက်ကို ဆုတ်ဖြဲပြီး လက်ရေးအသော့လေး တွေနဲ့
ရေးပြီးကပ်ထားတဲ့ စာရွက်လေးနှစ်ရွက်ကို ကျောင်းသူ ကျောင်းသားတွေဝိုင်းဖတ်နေကြပါတယ်။ နောက်ကျောက
တက္ကသိုလ်ဓမ္မာရုံထဲမှာတော့ စစ်ရောင်တွေ၊စစ်ကားတွေအပြည့်။

တချို့ကျောင်းသူ ကျောင်းသားတွေဆို ကိုယ့်စာအုပ်လေးတွေထုတ်ပြီး၊ ကူးတောင် ကူးနေကြ ပါတယ်။ အဲဒီ


ဗလာစာရွက်နဲ့ရေးထားတဲ့ထဲက ပထမတစ်ရွက်က ကဗျာလေးတစ်ပုဒ်ပါ။ ရေးတဲ့သူက ဇာနည်မော် တဲ့။

ကဗျာခေါင်းစဉ်က အကြွေစောတဲ့ကြယ်တစ်ပွင့်။ ကဗျာစာသားလေးတွေကို မှတ်မိသလောက် ပြန်ပြောရရင်

ဘုန်းမော် ပြုံးပျော်ကာသေခဲ့၊

......
......
ကျောင်းသားနဲ့ကျောင်းသူ
ပေါင်းကူကာလက်တွဲ
......
......
ရမ်းကားသူ ဒီပုလိပ်ကို နှိပ်ကြစို့လား။
....တဲ့။
နောက်တစ်ရွက်ရဲ့ ခေါင်းစဉ်က သတင်းမှန်ကြေညာချက်။ အစိုးရက ကိုဖုန်းမော် အရေးအခင်းနဲ့
ပတ်သက်ပြီး၊ ရေဒီယိုကကြေညာခဲ့တာဟာ မမှန်မကန် လုပ်ကြံဖန်တီးထားတာသာ ဖြစ်တယ်။ တကယ် အဖြစ်အပျက်
သတင်းမှန်က ဒီလိုပါဆိုပြီး ရေးသားထားတာပါ။

အခုပြန်ကြည့်တော့ ဒါတွေဟာ အနှစ(် ၂၀)ကြာခဲ့ပြီ။ ဒါပေမယ်.့ .. ကျနော်တို့ ရင်ထဲမှာ ခုနလေးတင်


ဖြစ်သွားခဲ့သလို စစ်အာဏာရှင်ဆန့်ကျင်ရေးသွေးတွေဟာ နွေးထွေးနေဆဲပါ....

ဒီအကြောင်းတွေကို ပြန်တွေးရင်း၊ ကျနော်ဖတ်ခဲ့ရတဲ့ လက်ရေးကသောကမျောနဲ့ ဒီကနေ့အထိ


ဘယ်သူမှန်း မသိရတဲ့ ကျောင်းသူ သို့မဟုတ် ကျောင်းသား တစ်ယောက်စီက ရေးထားတဲ့ အဲဒီဗလာ စာရွက်နှစ်ရွက်မှာ
ဖော်ပြနေတဲ့ နိုင်ငံရေးအဓိပ္ပါယ်တွေကို ဖော်ကြည်ေ
့ နမိပါတယ်။
သတင်းမှန်ကြေညာချက်လို့ ဗလာစာရွက်လေး နဲ့ရေးပြီး၊ အမရဆောင်ရှေ့အုတ်တိုင်လေးမှာ ဘာကြောင့်
လာကပ်ထားရတာလဲ.ဲ .. ဒီမိုကရေစီမဲ့တာ၊ သတင်းတွေပိတ်ဆို့ထားခံရတာ၊ အမှန်တရားကို ဖုံးကွယ်ထားခံရတာတွေ ကို
ကျောင်းသုံးဗလာစာရွက်လေးတစ်ရွက်၊ ဘောပင်န်လေးတစ်ချောင်းနဲ့ ဆန့်ကျင်ပြလိုက်တာပဲ မဟုတ်လား...
ပြီးတော့ ဇာနည်မော်ရဲ့ ကဗျာလေးထဲမှာပါတဲ့ ကဗျာစတွေကို ကြည့်ပါဦး...

ဘုန်းမော် ပြုံးပျော်ကာသေခဲ.့ ..
ဖိနှိပ်မှုကို မကြောက်မရွံ့ရင်ဆိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်။

ကျောင်းသားနဲ့ ကျောင်းသူ ပေါင်းကူကာလက်တ.ွဲ ..


ဒါ ညီညွတ်ရေးကို ဖော်ဆောင်ဖ့မ
ို ဟုတ်ဘူးလား...

ရမ်းကားသူ ဒီပုလိပ်ကို နှိပ်ကြစို့လား....တဲ့

လွန်ခဲ့တဲ့အနှစ(် ၂၀)က ဗလာစာရွက်အကြမ်းလေးပေါ်က လက်ရေးသော့သော့လေးတွေမှာ တွေ့ခဲ့ရတဲ့


ကဗျာ စာသားထဲက နိုင်ငံရေးအဓိပ္ပါယ်တွေကို ပြန်ဖေါ်ကြည့်လိုက်တော့...

ရမ်းကားသူ စစ်အာဏာရှင်ကို ကျနော်တို့ဆက်လက် နှိပ်ကပ


ွ်ကြရဦးမယ်၊ တိုက်ပဝ
ွဲ င်သွားကြရ ဦးမယ်...
ဆိုတာပဲ ဖြစ်နေပြီ။ ။

တင်အေး
(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)
မြသီလာအလွမ်းပြေ (၁၃)

တခါက (၁၉၉၆အစောပိုင်းလောက်မှာ) ကျမ ဗိုလ်မှူးတယောက်နဲ့ စကားအချေအတင် ပြောဖူးတာလေးကို


ဒီနေရာမှာ ဖြတ်ပြီးပြောပြချင်ပါတယ်။ သူက မြန်မာစာတတိယနှစ် အဝေးသင်ကျောင်းသားအဖြစ် ဘားအံကောလိပ်မှာ
လာတက်ချိန်။ ကျမက ဘားအံကောလိပ် မှာ ယာယီ တာဝန်ခံ ဌာနမှူးလုပ်နေချိန်။ သူက ကျမကိုပြောပါတယ်။
ကျောင်းသားတွေက ကိုယ့်အလုပ်ကို မလုပ်လို့ ကျနော်တို့က ထိန်းနေရတာတဲ့။ ကျမကသူ့ကို ဆရာမကလည်းဖြစ်နေတော့
ချက်ချင်း ပြန်ပြောလိုက်တယ်။ ဒါဖြင့် ရှင်တို့အလုပ်ကရော လက်နက်မဲ့ကျောင်းသားတွေကို ပစ်သတ်ပြီး ထိန်းဖို့ပေါ့..
ဟုတ်လား.. ပြီးတော့ ကျောင်းသားဆိုတာ ဖြစ်နိုင်ရင် ပျော်ပျော်ပါးပါးနဲ့ ကျောင်းသားဘ၀ကို ဖြတ်ကျော်ချင်တဲ့ သူတွေချည်းပဲ..
မတရားလွန်းလိ.ု့ . အနိုင်ကျင့်လွန်း လို့သာ အုံကြွကြရတာ... လို့။

(အဲဒီအချိန်တုန်းက သူက တပည့်၊ ကျမက ဆရာမမို့သာ ကျမ အဖမ်းမခံရတာ ဖြစ်ပါလိမ့်မယ်။ အဲဒီ


ဗိုလ်မှူးနာမည် ခုထိ မှတ်မိတုန်း... ပိုပြီး မှတ်မိစရာကောင်းတာက သူ့မိန်းမက RIT က ကျောင်းပြီးတာတဲ့။ ဂျီဟောမှာ
နေခဲ့တာတဲ့။ ၁၉၉၄မှာ ကျောင်းပြီးတာတဲ့။ ကျမက ပြောလိုက်သေးတယ်။ ရှင့်မိန်းမက ချီးကျူးစရာပဲ..
ကိုယ့်သူငယ်ချင်းတွေကို ပစ်သတ်ခဲ့တဲ့ စစ်တပ်က လူကို လက်ထပ်နိုင်တာလို့။ သူ ရှူးရှူးရှားရှား ဖြစ်သွားတယ်။ ပြီးတော့
ဆရာမ ဒီနေရာမှာ ကျနော်မို့လ.ို့ . တဲ့။ တခြား ဗိုလ်မှူးတွေကို အဲလို မပြောမိပါစေနဲ့တဲ့။ အဲဒီတုန်းက ဘားအံကောလိပ်မှာ
ဗိုလ်မှူး ၃ယောက် အဝေးသင်တက်နေတာလေ)။

ကျမ ဒါလေးကို ဖြတ်ပြောရတာ အကြောင်းရှိပါတယ်။ မြသီလာနဲ့ ပတ်သက်ပြီးရေးရင်.. ပျော်စရာတွေ..


လွမ်းမောစရာကောင်းတာတွေ.. ချစ်စရာကောင်းတာတွေပဲ ရေးချင်တာပေါ့။ အထူးသဖြင့် ကျမက ၀တ္ထုတောင်
အချစ်အကြောင်းပဲ ရေးချင်တဲ့ စာရေးဆရာ။ ဒါပေမဲ.့ . အချစ်အကြောင်းတွေထဲ ဘ၀အမောတွေပါသလိ.ု .. မြသီလာကို
လွမ်းးရင်လည်း သူ့ရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုပါ ထည့်လွမ်းရပေလိမ့်မယ်။ မတရားသဖြင့် နှိပ်စက်ဖျက်ဆီး ခံခဲ့ရတဲ့ဘ၀တွေကို
ထည့်ပြီး သတိရရပါလိမ့်မယ်။ ဒါမှပဲ မြသီလာအတွက် တာဝန်ကျေမယ် ထင်ပါတယ်။

တကယ်တော့ စစ်တပ်က RIT ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာဟာ ဦးနေ၀င်းရဲ့


ကျောင်းသား(အထူးသဖြင့် တက္ကသိုလ်ကျောင်းသား)ဆိုတာအပေါ် မကျေနိုင်တဲ့ ရန်ငြိုးကြောင့်ဖြစ်သလို ၁၉၈၇
စက်တင်ဘာ၅ရက် စနေနေ့ကြီးမှာ ၂၅ကျပ်တန်.. ၃၅ကျပ်တန်.. ၇၅ကျပ်တန် ငွေစက္ကူတွေ ဒုတိယအကြိမ်
တရားမ၀င်ကြေငြာခဲ့စဉ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဆူဆူပူပူ အလုပ်ခဲ့ဆုံးမို့လည်း ဖြစ်နိုင်ပါတယ်။
အဲဒီစက်တင်ဘာတုန်းကလည်း အဆောင်ကျောင်းသားကျောင်းသူတွေဆိုရင် ထမင်းစားဖို့ ပိုက်ဆံ မကျန်တော့တဲ့ အထိ
ဖြစ်သွားကြရတာပါ။

အဲဒီတုန်းက အင်းစိန်ဈေးဘက်မှာလည်း လုတာယက်တာတွေဖြစ်ပြီး သမ၀ါယမဆိုင်တဆိုင် မီးရှို့ခံရပါတယ်။


မရှေးမနှောင်းမှာပဲ မဆလအစိုးရရဲ့ တာဝန်မဲ့မှုကို မကျေနပ်တဲ့ RIT ကျောင်းသားတချို့က အစိုးရပိုင် မာဇဒါဂျစ်တစီးကို
ကျောင်းရှေ့မှာ မီးတင်ရှို့ပစ်ခဲ့ကြပါတယ်။ အဲဒီဂယက်ကြောင့် မန္တလေးမှာပါ ဆန္ဒပြတာတွေ ရှိလာတဲ့အတွက်
စာမေးပွဲဖြေနေတုန်း တန်းလန်း ကျောင်းပိတ်လိုက်ရတာလေ။ အဲဒါကိုလည်း ဦးနေ၀င်းက တေးမှတ်ထားခဲ့ပုံ ရပါတယ်။
ဒါကြောင့်ပဲ ခု မတ်လ၁၃ရက်ကိစ္စမှာ ကျောင်းသားတွေရဲ့ အလွန်လည်း မဟုတ်ဘ.ဲ . ပါမောက္ခချုပ် ဖြေရှင်းရင်တောင် ရနိုင်တဲ့
ကိစ္စလေးကို အကြောင်းပြပြီး အပြစ်မဲ့တဲ့ ကျောင်းသား တွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာ..။ မေ့နိုင်ပါရိုးလားးးး။

မတ်လ၁၆ရက်ပြီးနောက်ရက်မှာတော့ ကျောင်းတွေက တစပြင်လိုဖြစ်သွားတယ်။ ဆရာဆရာမတွေက


ကျောင်းဝင်း လုံခြုံရေးတာဝန်ယူရမယ် တဲ့။ RIT ကိုတော့ စစ်တပ်က ၀င်စီးလိုက်ပြီ။ ကျောင်းသားတွေကို
အိမ်တွေပြန်ခိုင်းတယ် တဲ့။ ဒါပေမဲ့ ကျောင်းပိတ်တယ်လို့တော့ မကြေငြာသေး။ ကျောင်းတွေကိုတော့ စစ်တပ်နဲ့ လုံထိန်းတွေက
ဝိုင်းထားပြီ။ ကျမတို့တွေ စစ်သားတွေကြားကနေ ကျောင်းထဲဝင်ကြရတယ်။ ဒီနေရာမှာ RIT လိုပဲ စစ်တပ်က လှိုင်ကျောင်းထဲပါ
တပ်စွဲဖို့ လုပ်တာ.. တဲ့။ ဆရာကြီးဦးကောင်းညွန့်က "ကျနော့် ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို တာဝန်ယူတယ်..
ဘာမှမဖြစ်စေရဘူး.. တကယ်လို့ စစ်တပ်သာ ကျောင်းထဲရောက်လာရင်တော့ ကျနော် သူတို့ကို ထိန်းနိုင်မယ်လို့ အာမ မခံဘူး"
လို့ တပ်က တာဝန်ရှိသူကိုပြောတယ်လို့ ကျမတို့ အစည်းဝေးကတဆင့် သိရပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ စစ်တပ်က လက်ခံပြီး
ကျောင်းကွေ့လို့ခေါ်တဲ့ ပြည်လမ်းထောင့် ကျောင်းအ၀င်လမ်းမှာပဲ စစ်တပ်က စောင့်ပါတယ်။ အဲဒီရက်တွေမှာ မသင်္ကာတဲ့
ကျောင်းသားကျောင်းသူတွေရဲ့ လွယ်အိတ်တွေကိုတော့ လှန်လှောရှာဖွေပါတယ်။

အဲဒီရက်တွေမှာပဲ ရန်ကုန်မြို့လယ်ခေါင်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ နဲ့


မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ရဲ့ ပူးတွဲကြေညာချက်တွေ ပျံ့နှံ့ကုန်ပါတယ်။ ကျောင်းသားသမဂ္ဂတွေ ပြန်
ဖွဲ့စည်းကြဖို့ လှုံ့ဆော်ထားတဲ့ စာတွေပေါ့။ တကယ်တော့ အဲဒီစာတွေက စက်တင်ဘာ ငွေစက္ကူပြဿနာ
နောက်ပိုင်းကတည်းက တဖြည်းဖြည်း ပျံ့နေခဲ့ တာပါ။ ခုရက်ပိုင်းမှာတော့ အရှိန် တော်တော် မြင့်လာတာပေါ့။

မတ်လ၁၇ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို စစ်တပ်က ၀ိုင်းပြီး တပ်စွဲထားပြီ။ ကျောင်းသားကျောင်းသူ


တချို့ကတော့ ထီမထင်တဲ့ မျက်နှာပေးတွေနဲ့ စစ်သားတွေရှေ့မှာပဲ ဖြတ်သွားဖြတ်လာ လုပ်နေကြပါတယ်။ ကျောင်းဝင်းထဲ
အဓိပတိလမ်းမနဲ့ ဂျပ်စင်မှာတော့ ကျောင်းသားတချို့က တရားပွဲတွေလုပ်နေကြသေးတယ်။ လှိုင်မှာလည်း ကျမတို့
ဆရာမတွေ စစ်သားတွေရှေ့က ဖြတ်ပြီး ကျောင်းထဲဝင်ရတာပေါ့။ ညနေ ၃နာရီလောက်မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးကို
ဝင်ပေါက်ထွက်ပေါက် အကုန်ပိတ်ပစ်လိုက်ပြီး ကျောင်းထဲမှာ မိသမျှ ကျောင်းသားကျောင်းသူတွေကို ဖမ်းပါတယ်။ ပြီးတော့
ထောင်ကားနဲ့တင်ခေါ်သွားပါတယ်။ အဲဒီညမှာပဲ ကျောင်းတွေရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကြေငြာတယ်
ထင်တာပဲ။ အဲဒီနေ့မှာပဲ ပိတ်သွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ၀င်းတံခါး တော်တော်များဟာ ဒီနေ့ထက်ထိ
ပြန်ပွင့်မလာကြတော့တာပါ။

တံခါးတွေ အပိတ်ခံထားရတဲ့အထဲ နာဂစ်ကပါ ဒုက္ခပေးတာ ခံထားရတဲ့ မြသီလာ

၁၈ရက်နေ့ သောကြာနေ့မှာ ကျောင်းသားတွေကို ဓာတ်ပုံတွေနဲ့တိုက်စစ်ပြီး ဖမ်းခေါ်တယ် ဆိုတဲ့ သတင်းတွေ


ကြားနေရပါတယ်။ နောက်တော့ ၁၆ရက်နေ့တုန်းက ကျောင်းထဲကနေ အလုံပိတ်ကားနဲ့ အပြည့်အသိပ် ဖမ်းခေါ်သွားခံရတဲ့
ကျောင်းသားကျောင်းသူတချို့ အသက်ရှူကျပ်ပြီး သေဆုံးကုန်တယ်ဆိုတာတွေ ကြားလာရတယ်။ (အဲဒီသတင်းဟာလည်း
အမှန်ပါပဲ)။ ကျောင်းဝန်းကျင်မှာ တဖြည်းဖြည်းနဲ့ သွေးပျက်လာ ကြတယ်။ နေ့လယ်ခင်းကျတော့ မြို့ထဲ ဆူးလေတ၀ိုက်နဲ့
မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတချို့ ဆန္ဒပြတယ်.. စာဝေတယ်.. စာကပ်တယ်.. တရားဟောတယ်လို့ အိမ်က ကျမဆီ
ဖုန်းဆက်ပြောတယ်။ (ကိုတင်အေးကတော့ မြို့တော်ခန်းမရှေ့မှာ တရားဟောတာ တက္ကသိုလ်ကျောင်းသူ မိုင်နီနီအောင်လို့
ပြောပါတယ်။) နောက်တော့ ပြည်သူ့ကုန်တိုက်ကို မီးရှို့တယ်လို့လည်း ပြောပါတယ်။ ကျမ ညနေ အိမ်ပြန် ရောက်ချိန်မှာတော့
မြို့ထဲ မြင်မြင်သမျှ လူငယ်တွေကို ဖမ်းပြီး ထောင်ကားနဲ့ ခေါ်သွားတယ်ဆိုတာ ကြားရတော့တာပါပဲ။

အဲလိုနဲ့ တနင်္လာနေ့မှာ ဂျူတီအရ ကျမကျောင်းကိုလာတော့ ကျောင်းဝန်းကျင်မှာ အိပ်ငိုက်နေတဲ့


စစ်သားတစုနဲ့ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ကျောင်းဝင်းကြီးကိုသာ ကျမ တွေ့ရပါတော့တယ်။ ကိုဖုန်းမော်အရေးအခင်းဟာ
အဲဒီရက်တွေထဲမှာတော့ တိတ်ဆိတ် ပြီးဆုံးသွားခဲ့ပါတယ်။ အဲသလိုပဲ ကိုဖုန်းမော်ရဲ့ ဈာပနဟာလည်း တိတ်ဆိတ်
ခြောက်ကပ်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ်။ (မြန်မာနိုင်ငံကျောင်းသားတွေ အဲလိုနဲ့ အမှန်တရားနဲ့ တရားမျှတမှု အတွက်
ပေးဆပ်ခဲ့ကြရတာ.. ၆၂၊ ၇၄၊ ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ စက်တင်ဘာ)

ဒါပေမဲ့ ကိုဖုန်းမော်ကတော့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှုတက


ိုပွဲသမိုင်းထဲမှာ ကျည်ကျည်
လောင်လောင် မြည်ဟီး ထင်ကျန်ခဲ့တယ်ဆိုတာကတော့ ခုချိန်ထိ အထင်အရှား ပါပဲလေ။

အဲလိုနဲ့ ကျောင်းထဲမှာ ဆရာဆရာမတွေချည်းပဲ ကျန်ခဲ့ပြီး ပုံမှန် ရုံးးတက်ရမယ်.. စာတမ်းတွေ ဖတ်ရမယ်..


သင်ကြားရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းတွေ လုပ်ရမယ်ဆိုတာတွေ ရှိလာပါတယ်။ စိတ်မကောင်းစရာ
ကောင်းတာကတော့ ကိုဖုန်းမော်ရဲ့ ပြဿနာတောင် မှိန်ဖျော့သွားခဲ့တာပါပဲ။ RIT ကျောင်းကြီးတောင် ရုံးသမားတွေ
ဆရာဆရာမတွေနဲ့ ပုံမှန်လည်ပတ်နေသယောင်။ ဒါပေမဲ့ ပုံမှန်မဟုတ်တာကိုတော့ ကျောင်းနဲ့မဆိုင်တဲ့ စစ်တပ်ကို ကျောင်းနဲ့
ပူးတွဲတွေ့နေရတာက သက်သေပါပဲ။ ဒါကိုက အလွယ်တကူ မေ့ပျောက်မရဘူးဆိုတဲ့ အမှတ်အသားပဲ မဟုတ်လား။ အဲလိုနဲ့
ဆရာမတွေအတွက် နွေရာသီနားရက် Vacation ကာလ ရောက်လာပါတယ်။ အသီးသီး ကိုယ့်အိမ်ကိုယ်ယာတွေဆီ
ပြန်ကြပေါ့။

ဒီနေရာမှာ ပြဿနာကတော့ ကျမပါ။ စီစဉ်ထားတဲ့အတိုင်း မေလမှာ မင်္ဂလာက ဆောင်ရတော့မှာ..။ ဒါပေမဲ့


စိတ်ထဲမှာက လေးလေးလံလ.ံ . ဘာလို့မှန်းလဲ မသိပါဘူး။ နောက်ဆုံးတော့ ပြောထားဆိုထားတဲ့အတိုင်း မင်္ဂလာဆောင်မယ်
ပေါ့။ ကျမက ကျောင်းတွေ ဇွန်မှာတော့ ပြန်ဖွင့်မှာပါ... အဲဒီအခါ သူငယ်ချင်းတွေစုံမှာဆိုပြီး ဇွန်လမှာ မင်္ဂလာပွဲလုပ်ဖို့
ဆုံးဖြတ်ပါတယ်။ ပြီးတော့ မင်္ဂလာဆောင်အတွက် ပြင်ဆင်ပေါ့.. (ခုပြန်တွေးရင်တော့ စိတ်ထဲ မသက်သာ.. အားတုံ့အားနာ)။

အဲဒီသင်္ကြန်တရက် ကျမမြို့ထဲရောက်တုန်း ကျမအတွက် သတို့သမီးအင်္ကျီချုပ်ပေးတဲ့ အန်တီအေး


(အဲဒီတုန်းက ဆရာမင်းသိင်္ခရဲ့ ဇနီးပါ) ဆီ ၀င်ပါတယ်။ သူတို့က ဗိုလ်ချုပ်ဈေးရှေ့နားက လေးထပ်တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ
နေပါတယ်။ ကျမ အိမ်ပေါ်ရောက်တော့ ဆရာက ၀ရံတာမှာ ရပ်နေပါ တယ်။ ကျမတို့ သူငယ်ချင်းတွေ အန်တီအေးနဲ့
စကားပြောနေတုန်း ဆရာက ကျမတို့ကို နှုတ်ဆက်ရင်း ဒီနှစ် သင်္ကြန်ထူးတယ် ဆရာမတိ.ု့ .တဲ့။ ဟုတ်လားဆရာ.. ဘယ်လို
ထူးတာလဲလို့ ကျမတို့က ပြန်မေးတော့ ဆရာက.. သင်္ကြန်လည်တဲ့ကားတွေမှာ လူငယ်တွေက နဖူးစီးတွေနဲ့ အော်ဟစ်ပြီး
အလံတွေလည်း အမျိုးမျိုးထောင်ကိုင်ကြတယ်... နဖူးစီးတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် အနီကဲတယ်... ကျနော် အဲဒါကို
သဘောမကျဘူး... အဲဒါ တိုက်ပွဲဖြစ်နေတာနဲ့ တူနေတယ်... နိမိတ်တခုလို ဖြစ်နေတယ်... တိုင်းပြည်အရေးကလည်း
အေးသေးတာမဟုတ်ဘူး... တဲ့။ အမှန်အတိုင်းပြောရရင် ကျမက အဲဒီတုန်းက ပေါ့ပေါ့ပါးပါးပဲ ဟုတ်လား ဆရာပေါ့.. ။

ဒါပေမဲ့ ပြောရရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ ၈၈ ဟာ မြန်မာတပြည်လုံး အော်ဟစ်ကြွေးကျော်.. အလံတွေ


စာတန်းတွေကိုင်ဆွဲ.. နဖူးစီးတပ်ထားတဲ့ လူငယ်တွေက ဦးဆောင်တဲ့ တော်လှန်ရေးတိုက်ပွဲ နွှဲရတဲ့ သမိုင်းဝင် နှစ်ကာလ
ဖြစ်ခဲ့ပါရောလား..။
မြသီလာအလွမ်းပြေ (၁၄)

၈၈ရဲ့ သင်္ကြန်ကို ကြည့်ပြီး အားလုံးငြိမ်းပြီလို့ ယူဆသလား မသိပါဘူး။ မေလ နောက်ဆုံးပတ် လောက်မှာပဲ


ကျောင်းဖွင့်ရက်တွေ ပြန်ရောက်လာပါတယ်။ ဇွန်လဆန်းမှာတော့ ကျမလည်း မင်္ဂလာဆောင်ပြီးပြီမို့လို့ သူတို့အိမ်ကို
ရွှေ့နေပါပြီ။ ဒီလိုနဲ့ စွယ်တော်ရိပ်သူ ဘ၀ ရောက်ခဲ့ပါတယ်။

စွယ်တော်ရိပ်သူဖြစ်စ ကာလတွေမှာပဲ ဇာတ်လမ်းဆန်ဆန် ပြန်ပြောစရာတွေ တွေ့လာရပါတယ်။


အဲဒါကတော့ တိတ်ဆိတ်နေတဲ့ RIT ကျောင်းဝင်းထဲက ညတွေမှာ ခွေးတွေ ဆွဲဆွဲငင်ငင် အူတာပါပဲ။ ကျမတသက်လုံး တခါမှ
မကြားဖူးတဲ့ အူသံမျိုး။ အူသံက ဟိုးကျောင်းကြီးပေါ်ကနေ လက်ဆင့်ကမ်းအူလာသလိုမျိုး... အဲသလို တရွေ့ရွေ့အူလာတဲ့
အသံဟာ ကျောင်းဝင်းနောက်ဘက်အဆုံးထိ လွင့်သွားတာ..။ ကျမဆို ကြားတိုင်း ကြက်သီးထလို့ အဲဒီအချိန်ဆို ပြတင်းပေါက်
ထ ထ ပိတ်မိတဲ့အထိပါပဲ။ အဲဒါကို ပြောမိတော့ ၀င်းထဲမှာ လူတိုင်း အဲလို ခံစားကြရပါတယ်တဲ့။ အများစုကတော့
ကျောင်းသားတွေ မကျွတ်ဘူးလို့ ပြောကြတာပေါ့။ လုံခြုံရေးဝန်ထမ်းတွေကလည်း ကျောင်းကြီးပေါ်မှာ သိပ်ခြောက်တယ်ပေါ့။
စဉ်းစားကြည့်တော့ အဲဒါဟာ ကြေကွဲစရာကောင်းလှတဲ့ သတိရ စရာပါ...။ ဒါဟာ ကွယ်လွန်သူ၊ ကျဆုံးသူတွေရဲ့ လွမ်းဆွတ်မှု..
ဒါမှမဟုတ.် . မမေ့နိုင်မ.ှု .. ဒါမှမဟုတ.် . ကျန်ရစ်သူတွေ မေ့မနေရလေအောင် သတိပေးမှုပေါ့။ (အဲဒီလို ခွေးအူသံဟာ ရက်တွေ
အကြာကြီး ဖြစ်နေလို့ နောက်တော့ ပရိတ်ရွတ်လိုက်ကြပါတယ်)။

မေ့မေ့ပျောက်ပျောက်လို့ ထင်ခဲ့ကြပေမဲ့ ကျောင်းပြန်ဖွင့်ချိန် RIT မှာကတော့ အရင်လို စည်စည်ကားကား


မရှိတဲ့အပြင် သိသိသာသာ တိတ်ဆိတ် ခြောက်သွေ့နေပါတယ်။ ကျောင်းသားတွေ မစုံခဲ့ပါဘူး။ တကယ်တော့ ကိုဖုန်းမော်၊
ကိုစိုးနိုင်နဲ့ ကိဝ
ု င်းမြင့်တို့ အသက်ပေး သွေးမြေကျခဲ့ရတဲ့မြေဟာ စည်ကားသိုက်မြိုက်စရာ အကြောင်းလည်း မရှိပါဘူး။ ကျမတို့
လှိုင်မှာလည်း သိပ်မထူးခြားသလိုရှိပေမဲ့ ကျောင်းသားတွေကြားထဲမှာ တော့ မကျေနပ်ချက်တွေက တအုံနွေးနွေး တီးတိုး
တီးတိုး။ ပြီးတော့ စာတွေဝေကြ.. စာတွေ ကပ်ကြ။ အဓိကကတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေး...။
ကိုဖုန်းမော်တို့ ကျဆုံးရတဲ့ကိစ္စ သတင်းအမှန် ထုတ်ပြန်ပေး...။ နောက်တော့ ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးတွေ
ပါလာပါတယ်။ ဗကသ(ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ)လို့ နာမည်ခံပြီး ထုတ်ပြန်တဲ့ စာတွေလည်း ပါတယ်လို့
ထင်ပါတယ်။

နောက်တော့ အသံတွေ ကြားလာရပါတယ်။ ကိုဖုန်းမော် ၃လပြည့် လုပ်မှာတဲ့။ မိန်းထဲ တရားပွဲလေးတွေ


အသံကြားလာရ..။ အဲဒီရက်တွေထဲမှာပဲ ကျောင်းသားတွေ သိပ်အင်အားကောင်းလာ တယ်။ ရုံးစုရုံးစုလေးတွေ ရှိလာတယ်။
မပျော်တော့တဲ့ မျက်နှာလေးတွေ ကျောင်းထဲမှာ အများကြီး တွေ့လာရတယ်။ စာသင်ခန်းတွေကလည်း အဓိပ္ပါယ်မရှိတော့။
ဒီလိုနဲ့ ဖမ်းထားတဲ့ ကျောင်းသားတအုပ်စု ပြန်လွှတ်တယ်လို့ ကြားတယ်။ ကျောင်းထဲမှာ ပိုပြီး အုပ်အုပ် အုပ်အုပ်
ဖြစ်လာတယ်လို့ ထင်နေချိန.် ..။ ၀ုန်းဝုန်း ၀ုန်းဝုန်း ဖြစ်လာ။ နောက်တော့ တရားပွဲတွေ...။ ကျမထင်တာတော့
အဲဒီရက်ပိုင်းတွေမှာ မိုးသီးဇွန်ဆိုတာကို စကြားလာရတာ။ စာဝေတာတွေကတော့ မြို့ထဲထိ ပလူပျံ။ နောက်ဆုံးတော့
ဇွန်လ၂၀ရက်မှာ ကျောင်းတွေ ပြန်ပိတ်လိုက် ရပြန်ပါတော့တယ်။
ကျောင်းတွေပိတ်လိုက်ရပြီး နောက်တရက် ဇွန် ၂၁... မြေနီကုန်းမှာ အခြေခံကျောင်းသားလေးတွေ
အပစ်ခံရတဲ့ ပြဿနာ... ရွှေတိဂုံရင်ပြင်ပေါ်မှာ ကျောင်းသားတွေနဲ့ ဘုရားဖူးတွေကို အကြမ်းဖက်ဖြေရှင်းလိုက်တဲ့ ပြဿနာ...
ပဲခူးမှာ လူထုထဲကို သေနတ်နဲ့ပစ်ပြီး ဖြေရှင်းတဲ့ ပြဿနာ... နောက်တော့ မန္တလေး မော်လမြိုင် တောင်ကြီးတွေမှာပါ
ဆန္ဒပြကုန်ပြီဆိုတဲ့ သတင်းတွေကနေ စလိုက်တာ ရှစ်လေးလုံးလို့ ခေါ်တဲ့ ၈ရက် ၈လ ၈၈ ထိ ဆိုပါတော့။ လူတွေ
လှိုင်းလုံးတွေလို လိမ့်ပြီး အုံကြွခဲ့ကြတဲ့အထဲ ကျမက ရေတစက်ပေါ့။ အဲဒီနောက်ပိုင်းရက်တွေဆီက အဖြစ်အပျက်တွေကိုတော့
ကျမ မရေးတော့ပါ။ စိတ်ဝင်စား လေ့လာချင်သူတွေ လေ့လာကြည့်ပါတော့။ အဲလိုနဲ့ ကျမတို့တိုင်းပြည်ရဲ့ သံသရာထဲမှာ
သူခိုးလက်က သူဝှက်လုသလို စစ်တပ်က ထပ် အာဏာသိမ်းတဲ့အထိပေါ့။

သေချာတာကတော့ ၈၈ဟာ ကျမတို့ မြသီလာရဲ့သမိုင်းထဲက ဖျောက်မရနိုင်တဲ့ အိုင်းအနာ..


အမာရွတ်ကြီးတခု ဖြစ်သလိုပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းထဲထေ
ိ ရာက်အောင် ပို့လိုက်နိုင် တဲ့ ကျောင်းသားတွေက စခဲ့တဲ့
တော်လှန်ရေးကြီး တခု ဖြစ်ခဲ့ပြီ။

ကျောင်းပိတ်ရက်ရှည်ကာလတွေထဲမှာ RIT ကင်တီးမှာ ကျောင်းမိသားစုဖြစ်တဲ့ နွေးအေး ရယ်..


မေတ္တာပေါင်းကူး ရယ်.. မော်လမြိုင်ဆိုင် ရယ်ပဲ ဖွင့်ပါတယ်။ ကျမကတော့ အချိန်ရရင်ရသလို RIT မြန်မာစာဌာနနဲ့
သင်္ချာဌာနက သူငယ်ချင်း(ဆရာဆရာမ)တွေနဲ့ ကင်တီးမှာထိုင်။ တခါတလေ သူတို့ဆီ အလည်လာတဲ့ ကျောင်းသားတွေနဲ့
ထိုင.် .. စိတ်ကျရသမျှတွေ အပြန်အလှန် ရင်ဖွင့်ကြ။ လှိုင်မှာဆိုလည်း လူငယ်ကင်တီးတခုတည်းပဲ ခြောက်ခြောက်သွေ့သွေ့
ဖွင့်တယ်။ အဲဒီမှာပဲ ကျောင်းကို လာချင်လို့ အကြောင်းရှာပြီး ကျမဆီ လာ လာ လည်တဲ့ သူငယ်ချင်းတွေ... ကျောင်းသားတွေနဲ့
ထိုင်။ သူတို့တွေကလည်း စိတ်လေသမျှတွေ ရင်ဖွင့်ကြ။ ပြီးတော့ ပျောက်နေတဲ့သူငယ်ချင်းတွေအကြောင်း ပြောကြ။
တောခိုတဲ့အထဲ ပါသွားသလား..။ သေဆုံးသွားကြတဲ့အထဲမှာလား..။ မကြေငြာဘဲ အဖမ်းခံထားရတဲ့ အထဲမှာပဲလား.....။
တကယ်ကိုပဲ... "သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ.. (လွမ်းမိတယ်) ဂျပ်စင်ထိပ်က လရိပ်ပြာရယ်.." ဆိုသလို...... ကျမတို့
ခံစားနေခဲ့ကြရပါတယ်။ ဘယ်လောက် ခြောက်ခြား ကြေကွဲစရာ ကောင်းလိုက်ပါသလဲ..။

အဲဒီကာလတလျှောက် ကျမတို့ဆီမှာ စိတ်ကျခံစားချက်တွေ ဖိစီးတာမှာ တူနေကြတာ.. ပိုတွေ့လာရ။


ပြီးတော့ ကိုယဝ
့် န်းကျင်က စာပေလောကသားတွေဆီအထိ လေလွင့်စိတ်ကျမှုတွေ လေးလေးလံလံ ဖိစီးနေခဲ့ကြပါတယ်။
ဒီလိုနဲ့ ကျောင်းပိတ်ရက်တွေ ကြာလာခဲ့။ (ဖြစ်ချင်တော့ အာဏာသိမ်းပြီး မရှေးမနှောင်းမှာ ကျမအဖေ..
ကုန်တိုက်ကြီးများကော်ပိုရေးရှင်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးရာထူးကနေ ပြုတ်သွားပါတယ်.. အကြောင်းက သပိတ်တုန်းက
ဝန်ထမ်းသမဂ္ဂမှာ ဥက္ကဋ္ဌလုပ်မှုပါ.. (အဖေကတော့ အဲဒီအချိန် လက်ထဲ ပိုက်ဆံတပြားမှ မရှိအောင် ဆင်းရဲပေမဲ့
စိတ်ကျပုံမရလှပါ...) အဲလို ရာထူးကနေ ပြုတ်သွားရတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်)။ ကျမရင်ထဲ ဘာမှန်းမသိတဲ့
အစိုင်အခဲတခု တဖြည်းဖြည်း တည်လာခဲ့။

၁၉၈၉ မတ်လ ၁၃ရက် (တနင်္လာနေ့)။

မှတ်မှတ်သားသား တခုတော့ RIT ကျောင်းဝင်းထဲ ထင်ကျန်ခွင့် ရခဲ့ပါတယ်။


ကိုဖုန်းမော်တို့ ကျဆုံးတာ ၁နှစ်ပြည့်တဲ့ အခမ်းအနား။ အဲဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး အထိမ်းအမှတ်နေ့
သတ်မှတ်ခဲ့ပါတယ်။ ကျမ မှတ်မိသလောက် အဲဒီပဲက
ွို အန်တီစုနဲ့ ဘဘဦးတင်ဦး၊ ဘဘဦးကြည်မောင်တို့ လာတယ်။
ကိုမိုးသီးဇွန် လာတယ်။ နောက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး ပြီးတော့ စက်မှုတက္ကသိုလ်က ထင်ထင်ရှားရှားရှိတဲ့
ကျောင်းသားတွေ.. (မှတ်မိသလောက် ကဗျာရေးတဲ့ ဒတ္ထနဲ့ ချိုတူးဇော်)။ အဲဒီနေ့က ကော်မီတီလေးတခု ဖွဲ့တာလည်း
မှတ်မိတယ်။ ၁၃ဦးကော်မီတီလို့ သူငယ်ချင်း တယောက်က အတည်ပြု ပြောပြပါတယ်။ နိုင်ငံရေး ခေါင်းဆောင်ပိုင်းထဲက
တော်တော်များများလည်း တက်ကြပါတယ်။ ခြောက်သွေ့ တိတ်ဆိတ် နေခဲ့တဲ့ RIT ကျောင်းဝင်းရှေ့ မျက်နှာစာမှာ စစ်တပ်
စောင့်ကြည့်နေတဲ့ ကြားကပဲ လူပင်လယ်ကြီး ဖြစ်သွားရတဲ့နေ့။ ရုံးဖွင့်ရက်မို့လည်း လူပိုများသွားခဲ့တယ် ထင်ပါတယ်။
ကျမကိုယ်တိုင် ကျောင်းသွားမယ်လို့ အိမ်ကထွက်လာပြီး ကျောင်းမသွားဖြစ်ခဲ့တဲ့နေ့။ ကြက်သီးဖြန်းဖြန်းထပြီး မျက်ရည်
ပြန်ကျခဲ့ရတဲ့ နေ့ပေါ့။ အဲဒီနေ့မှာ သွေးတွေ ပြန်နွေး...။ ကမ္ဘာမကြေဘူးးး သီချင်းကို မျက်ရည်တွေနဲ့ ဆိုခဲ့ကြတဲ့နေ့။

ကျမစိတ်ထင်တော့ စစ်သွေးကြွအာဏာပိုင်တွေဟာ သူတို့ ၆၂ကတည်းက ကြုံခဲ့ရတဲ့ ကျောင်းသားတွေရဲ့


အမှန်တရားမြတ်နိုးမှု၊ ရဲရင့်မှုနဲ့ စုစည်းညီညွတ်မှုတွေကို တကြိမ်ပြီးတိုင်း ပို ပို တင်းကျပ်ပြီး နှိပ်ကွပ်တယ်..။ ချုပ်ချယ်တယ်..။
ဖျက်ဆီးတယ်လို့ မြင်ပါတယ်။ ဒါကြောင်ပ
ဲ့ ၈၈ စက်တင်ဘာ၁၈မှာ အာဏာသိမ်းပြီးနောက် ၁၉၈၉ရဲ့ ဇွန်လထဲမှာ တက္ကသိုလ်က
ဆရာတွေ ကျောင်းသားတွေ အများဆုံးပါတဲ့ လူဖမ်းပွဲ လုပ်ပါရော။ ဇာတ်လမ်းတွေခင်း။ ကွန်မြူနစ်တွေလို့ ကြေညာာ။
ရာဇ၀တ်သားတွေလို နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်ပါတယ်။ ကျမဖြင့် သတင်းတွေကြည့်ရင်း မျက်ရည်တလည်လည်ပေါ့။

ကြည့်ပါဦး.. ကျမတို့ရဲ့ သိပ်ချစ်တဲ့ သူငယ်ချင်း... အင်မတန်မှ အေးချမ်းပြီး လူတဘက်သားကို


ချစ်ခင်လေးစား တတ်လှတဲ့သူ ယင်းမာကလည်း တိုင်းပြည်ကို ချောက်ထဲ ကျအောင် လုပ်တဲ့အထဲ ပါသတဲ့။ နောက်..
ကိုတင်အေး.. ကိုညိုထွန်း..၊ နောက် မြန်မာစာဌာနကဆရာပဲ ဖြစ်ပြီး ကျမ အင်မတန် လေးစားချစ်ခင်တဲ့ အကိုတယောက်..၊
နောက် ကဗျာရေးဖက် သူငယ်ချင်း အောင်ကျော်ဆန်း(မြင်းခြံ)- ခုတော့ နာဂစ်ကိစ္စမှာ အလောင်းတွေကောက်ပြီး
မြေမြှုပ်ပေးမိလို့ ထပ်အဖမ်းခံရပြန်ပြီ။ ဘာအမှုမှန်းလဲ မသိ။ အဲလိုပဲ RIT ရှေ့က နေ၀န်းနှင်းဆီစာအုပ်ဆိုင်ရှေ့
ဗာဒံပင်လေးအောက်က စကားဝိုင်းမှာ အကြမ်းတအိုးနဲ့ ထိုင်ရင်း ငြိမ်နေတတ်တဲ့ ဒေါက်တာဇော်မင်း၊ RIT ချည်ထည်ဌာနက
ဆရာတယောက်လည်း ပါသေး (ပါပါက အံ့သြပြီးတော့... သူက သိပ်အေးတဲ့ ဆရာလေး.. လို့ တဖွဖွ ပြောတယ်)။
နောက်တော့ ကျမနဲ့အတူတူ စာဖတ်ဖက် ညီအမလိုခင်တဲ့ တယောက်(သူလည်း အင်မတန်အေးချမ်းတာ.. ကျမလိုတောင်
မစွာ)လည်း ပါနေပြန်တယ်..။ ဘုရားရေ.. တိုင်းပြည်ကို ချောက်ထဲချမယ့်သူတွေကလည်း ပညာတတ်.. လူအေး.. စာဖတ်သန်
ပညာဥာဏ်ရှိသူတွေ ချည်း..။ ပြီးတော့ ကျမရဲ့ သူငယ်ချင်းနဲ့ မိတ်ဆွေတွေ အများကြီးပါတာ..။ ဇူလိုင်လ -၂၀ရက်မှာကျတော့
အန်တီစုကို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ပါသတဲ့။

အဲဒီရက်တွေထဲမှာ ကျမ တကယ်ပဲ တုန်တုန်လှုပ်လှုပ် ခံစားခဲ့ရပါတယ်။ တချိန်လုံး စိတ်တွေနာ.. ဒေါသတွေ


ဖြစ်..။

အဲဒီရက်တွေထဲမှာပဲ ကျမတို့ ဆရာ ဆရာမတွေ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါတယ် မပါဘူး.. ဆိုတဲ့


၃၃ချက်လို့ အလွယ်ခေါ်ကြတဲ့ ပုံစံတခု ဖြည့်ကြရပါတယ်။ ကျမတို့အဖွဲ့အားလုံး ဖြည့်တာကတော့ ပါခဲ့တယ်... ပဲ။
ဘယ်နှကြိမ်လဲဆို မမှတ်မ.ိ ... ပဲ..။ ကိုမင်းသိုက်မွန.် . ဆိုရင် တရားဟောတာပါ ထည့်ဖြည့်လိုက်သေး။ တချို့တွေ အဲဒ၃
ီ ၃ချက်နဲ့
အလုပ်ပြုတ်ကြပါတယ်။ အံ့သြစရာကောင်းတာက ကျမတို့ တယောက်မှ အလုပ်မပြုတ်ခဲ့ကြပါ။

အဲဒီရက်ပိုင်းတွေ ကျောင်းသွားတော့လည်း ကျမ လွမ်းလွမ်းဆွတ်ဆွတ် ခံစားရတာတွေပဲ များနေပါတယ်။


ကျောင်းရက်ရှည်ပိတ်ရက်ထဲ အလုပ်က မရှိ။ အဲဒီရက်ပိုင်း ပြန်ဖတ်သမျှ စာအုပ်တွေကလည်း အရှေ့က
နေ၀န်းထွက်သည့်ပမာ..၊ သပိတ်မှောက်ကျောင်းသား..၊ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်...၊ တို့ခေတ်ကိုတော့
ရောက်ရမည်မှာ မလွဲပါ...၊ ကေဖွဲ့ဆိုသီ..၊ ကက်စထရိ.ု .၊ အောင်သန်းရဲ့ အောင်ဆန်း..၊ ရုပ်ပုံလွှာ..၊ ပြိုမှာလေလားမိုးရဲ့..၊
ပန်းတွေနဲ့ဝေ..၊ မြိုင်..၊ မျိုသိပ်စိတ.် . စုံနေရော..။ စိမ်ပြီး ဖတ်ဖြစ်တာက တော့ ပြိုမှာလေလားမိုးရဲ့ နဲ့ နေရစ်တော့ မြသီလာ..
ပေါ့။

အဲဒီ ဖတ်သမျှစာတွေရဲ့ သွယ်ဝိုက်တဲ့ တွန်းအားကြောင့်ထင်ပါရဲ့။ ကျမ ကဗျာတွေ ရေးဖြစ်.. ၀တ္ထုတိုမဖြစ်တဲ့


စာအတိုအစတွေ ရေးဖြစ်။ အနားမှာ ရှိနေတဲ့သူက ဘာတွေရေးလဲလို့မေးတော့ "သိတော့ပါဘူးကွာ..
ငါ့သူငယ်ချင်းတွေကိုရော.. ကျောင်းကိုရော လွမ်းတာတွေ" လို့ ဖြေမိတယ်။ သူက ယူဖတ်ပြီး ထူးထူးဆန်းဆန်း.. "မင်း
လုံးချင်းရေးပါလား.. " တဲ့။ "ဖြစ်ပါဘူး.. မရေးတတ်ဘူးထင်တယ်.." လို့ ဖြေမိတယ်။ တရက်ကျတော့ ကျမတို့အကိုတယောက်
ရောက်လာတယ်။ သူက စာအုပ်ထုတ်ဝေရေး လုပ်နေတာ။ အကိုက ကျမကို မေးတယ်.. လုံးချင်းလုပ်မလား..တဲ့။

ဒီတော့မှ ကျမ နည်းနည်း စိတ်ကူးမိသွားတယ်။ စမ်းကြည့်မယ်..ပေါ့။ အိမ်ထောင်ဖက်ကလည်း ဒီတခါတော့


အားပေးတယ်။ ငါကူပါ့မယ်ကွာ..တဲ့။ သူက ကျမရေးထားတာတွေကို သေချာ ထပ်ပြီး.. ဒီမှာကြည့်စမ်း.. မင်း ဇာတ်ကောင်
ထည့်လိုက်ရင် ဒါ ဇာတ်လမ်းဖြစ်ပြီတဲ့။ အဲဒါနဲ့ လုံးချင်းစရေးတော့တာပဲ.. နေ့နေ့ ညည...။ စိတ်ထဲ ကျပ်သိပ်နေတာတွေ
ဖောက်ချလိုက်ရသလိုပဲ..။ ကျမအနားဝန်းကျင်က လူငယ်တွေရဲ့ ကျောင်းအလွမ်းတွေ.. စိတ်ကျအနာတွေ...
ရေးချင်တာတွေအားလုံး ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ရေးပစ်လိုက်တာ။ ရေးနေတုန်း မဟေသီမဂ္ဂဇင်းမှာ ကိုဟိန်းလတ်က
အင်တာဗျူးလုပ်တော့ အဲဒီလုံးချင်းအကြောင်း ထည့်ပြောလိုက်သေး။ (အဲဒီတုန်းက ကိုဟိန်းလတ်က
ကြည်အေး=ဂျူး=မေငြိမ်းလို့ လုပ်ချလိုက်တာ.. တော်တော် အပြောခံလိုက်ရပါသေးတယ်။ တကယ်တော့ အားနာစရာ။
ကျမက ပေါက်စန။ (ဒေါ်)ကြည်အေးနဲ့ (မ)ဂျူးက ကိုယ့်ထက် အများကြီး ပညာ သမ္ဘာကြီးသူတွေ..။ ကျမ အကျပ်ရိုက်
ခဲ့ရပါတယ်။ ပြီးတော့ မဖြေချင်လည်း ငြင်းလို့ရရက်နဲ့။ မသိနားမလည်ခဲ့တာပေါ့လေ။ မာယာက အဲဒီ အင်တာဗျူး ပထမပိုင်း
တင်ပေးခဲ့ဖူးပါတယ်)။

အဲလို အင်တာဗျူးထဲ ကြော်ငြာဝင်သလို ထည့်ပြောလိုက်မိတော့ သေသေချာချာ ပြီးဆုံးအောင် လုပ်ရတော့တာ..။


ဒါနဲ့ပ.ဲ ... သီချင်းနှင်းဆီ.. ဖြစ်ခဲ့။ ၁၉၉၀ ဧပြီလမှာ သီချင်းနှင်းဆီ လုံးချင်းဝတ္ထု ထွက်နိုင်ခဲ့ပါတယ်။ (သီချင်းနှင်းဆီထဲ
မှတ်မှတ်ရရ တခုက ဇာတ်လမ်းထဲမှာ Great Depression in 1988 ဆိုတာလေး ထည့်ရေးတာကို စိစစ်ရေးက
မဖြုတ်လိုက်တာကို မှတ်မှတ်ရရ)။ သီချင်းနှင်းဆီဝတ္ထုကို မဂ္ဂဇင်းတွေထဲမှာ ကြော်ငြာတော့ စာသားက...

ဒါဟာ .. မောင်ဖန်ဆင်းတဲ့ သီချင်း …

နှင်းဆီ ဆုပ်ကိုင်ပိုင်စိုးလိုတဲ့ အရာ .. ။

(ပန်းချီ မြင့်မောင်ကျော်ပါ)

ပြောရရင်တော့ အိမ်ထောင်ဖက်ရဲ့ အားပေးမှုကြောင့်ပါပဲ..။ မေငြိမ်းရယ်လို့ လုံးချင်းလောကထဲ ရောက်လာတာ။


သီချင်းနှင်းဆီလေးက မသပ်မယပ်နဲ့ပေမဲ့ မေငြိမ်းကို လုံးချင်းလောကထဲ ဆက်ရပ်တည်လို့ ရလောက်တဲ့
အောင်မြင်မှုလေးတော့ ပေးခဲ့ပါတယ်။ အမြတ်ဆိုလို့ အဲဒီကာလထဲ အားလပ်နေတာမို့ စာပေလောက ၀န်းကျင်ထဲ ပိဝ
ု င်ဖြစ်ပြီး
သူငယ်ချင်းအသစ်တွေ ရလာတာပါပဲ။ ထိုင်စရာ "လေထန်ကုန်း" တိုးလာတဲ့ အချိန်ပေါ့။ (တကယ်တော့ ကျမက
လုံးချင်းရေးနေရတာကို ပျော်ပိုက်ပေမဲ့ ထုတ်ဝေတဲ့အပိုင်းကို စိတ်ညစ်လို့မို့ လုံးချင်းလောကကို စိတ်ပျက်ပါတယ်)။
မြသီလာအလွမ်းပြေ (၁၅)

၁၉၉၀။

အဲဒီနှစ်ကတော့ ကျမအတွက် ပြန်ပြီး လှုပ်လှုပ်ရှားရှားရှိလာတဲ့ နှစ်ပါ။ ၉၀ နှစ်ဆန်း ဆောင်းရက်တွေထဲမှာပဲ


မဟာဝိဇ္ဇာတက်နေဆဲ ဆရာဆရာမတွေအတွက် မဟာဝိဇ္ဇာတန်းတွေ ပြန်ဖွင့်ပေးပါတယ်။ မိန်းထဲမှာ သွားတက် ရမယ်။ On
Duty ပေးမယ်တဲ့။ (ကျမအကြိုက်ပေါ့)။ ဆရာ ဆရာမ မဟုတ်ရင်တော့ တက်ခွင့်မရပါဘူး။ (အခွင့်ထူးခံတွေပေါ့.. အဲလို
အခွင့်အရေးယူရတာမျိုးကိုတော့ မကြိုက်ပါဘူး)။ ကျောင်းသားတွေ မရှိဘဲ ဆရာဆရာမတွေချည်းသာရှိတဲ့
ကျောင်းကြီးကတော့ အတန်းတချို့ ပြန်ဖွင့်တယ်ဆိုပေမဲ့လည်း ခြောက်ခြောက် ကပ်ကပ်ပါပဲ။

ကျောင်းပြန်တက်ရမယ်ဆိုတော့ မနှစ်က စာမေးပွဲကျထားတဲ့ ကျမရယ်.. ဂုဏ်ထူးတန်း အောင်ထားတဲ့


သူငယ်ချင်း ဆရာတယောက် (ကျမတို့က အရှည်ကြီးလို့ ခေါ်တယ်)ရယ်.. မဟာဝိဇ္ဇာ နားထားပြီးမှ ပြန်တက်တဲ့ ဌာနက
ဆရာမ(မနွဲ့)ရယ်.. သုံးယောက်... မဟာဝိဇ္ဇာ ပြန်တက်ရပါတယ်။ ကျမဘ၀တလျှောက် စာသင်သား လုပ်ခဲ့ရသမျှထဲမှာ
အဖိုးတန်ဆုံး သင်ယူရတဲ့ နှစ်ပါပဲ။ ဆရာဆရာမတွေနဲ့ နီးနီးကပ်ကပ်.. သုံးယောက်တည်း။ ကြိုးလည်း သိပ်ကြိုးစားရတာပေါ့။
သင်ရိုးတွေက မနှစ်ကနဲ့မတူတော့ ပိုကောင်းသွားပါတယ်။ ကျမ မသင်ရသေးတာတွေမို့ စိတဝ
် င်စားစရာပေါ့။ ကျမက Paper
one ကို အကြိုက်ဆုံး။ ရှေးစကားပြေအရေးအဖွဲ့၊ စကားပြေသဘောတရား စကားပြေအတတ်ပညာ၊ စာပေဝေဖန်ရေး နဲ့
ခေတ်သစ်စာပေ သဘောတရား(Modern Literary Theory)။ အဲဒီ Paper One က ဆရာတွေက Reference တွေ ပေးပြီး
ကိုယ့်ဘာသာ စာပြင်ရတဲ့ ဘာသာတွဲပါ။ စာမေးပွဲမှာဖြေရင် မေးခွန်းက Unseen လာတာပါ။ ဒါကြောင့် ဂုဏ်ထူး ထွက်ဖို့
အင်မတန် ခဲယဉ်းပါတယ်။ ထွက်လေ့လည်း မရှိပါဘူး။ (ဒီနေရာမှာတော့ တကယ် ကြွားချင်ပါတယ်.. အဲဒီနှစ်မှာ ကျမ Paper
One ဂုဏ်ထူးထွက်ပါတယ် :P )။

စိတ်အ၀င်စားဆုံးကတော့ ဆရာဇော်(ဇော်ဇော်အောင်)နဲ့ သင်ရတာပဲ။ အဲဒီအချိန် စာ နယ် ဇင်းတွေမှာ


စာရေးရတာကလည်း အားရပါးရ မရှိတဲ့အချိန်။ ဆရာက Post Modern နဲ့ ပတ်သက်ပြီး စာတွေ ရေးနေချိန်... ကျမတို့ကို
သင်ရတာကလည်း Modern Literary Theory... ဆိုတော့ အကိုက်ပေါ့။ ဆရာ့အတန်းချိန်ဆိုရင် ဆရာက ကျမတို့ထိုင်တဲ့
ခုံတန်းနားမှာ ကုလားထိုင်ချ။ လက်ဘက်ရည်ဆိုင်မှာ ထိုင်သလိုပဲ ပေါ့ပေါ့ပါးပါး တစောင်းမကျတကျလေးထိုင်ပြီး
ပြောတော့တာ.. အများကြီးး (နောက်ပိုင်း ဇော်ဇော်အောင် ဖတ်စာ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေပေါ)့ ။ Lecture
ပေးနေတာနဲ့ မတူဘဲ အခါတိုင်း လက်ဘက်ရည်ဆင
ိုမှာ ပြောသလိုပဲ... လေအေးအေးလေးနဲ့ ပြောသွားတာ။ အများကြီး..။
ကျမတို့က အဲဒါကို lecture လိုက်ရတာပေါ့။ ကျမ သူငယ်ချင်းနှစ်ယောက် အတွက်တော့ နည်းနည်း ခက်တယ်တဲ့။
ကျမအတွက်လည်း ခက်တော့ ခက်တာပါပဲ..။ ဒါပေမဲ့ ကျမက စိတဝ
် င်စားတာကိုးး။ နောက် ကျမ စိတ်ပါလက်ပါအရှိဆုံး
အချိနက
် ဆရာအေး(မောင်ခင်မင်-ဓနုဖြူ)ရဲ့ စကားပြေသဘောတရား စကားပြေအတတ်ပညာ.. အချိန်။

ကျမသူငယ်ချင်း အရှည်ကြီးကတော့ ကျောက်စာနဲ့ ဘာသာဗေဒမှာ အားသန်တယ်။ နောက် မနွဲ့ကတော့


ကဗျာ အားသန်တယ်။ ဒီတော့ ကျမတို့ သုံးယောက် Assignment တွေရေးတဲ့အခါ.. စာတွေပြင်ဆင်တဲ့အခါ သိပ်
အဆင်ပြေတာပေါ့..။ ကိုယ်သန်တဲ့ဘာသာရပ် ကိုယ်တာဝန်ယူပြီးပြင်ကြတာ..။ ကျမဘ၀မှာ ကံကောင်းတာ တခုက အနားမှာ
အပေါင်းအသင်းကောင်း အမြဲတွေ့ရတာပဲ။ စိတ်ပုပ်ပြီး စာလျှိုထားတတ်တယ်ဆိုတဲ့သူမျိုး မတွေ့ရတတ်ပါ။ အဲဒီတုန်းကလည်း
ကျမတို့ သုံးယောက်မှာ မနွဲ့က အသက်အကြီးဆုံး.. ကျမက အငယ်ဆုံး။ တကယ့် မောင်နှမတွေလိုပဲ။ ဆိုတော့ ကျမကို
အလိုလိုက်ကြတယ်။ ညှာကြတယ်။ သိပ် စိတ်ချမ်းသာစရာ ကောင်းခဲ့တဲ့ ကျောင်းတက်ချိန်တွေပါပဲ။ ကျမအတွက်
အဲဒီကာလမှာ ပိုတန်ဖိုးရှိတာကတော့ ကျောင်းတက် ရင်းနဲ့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ရတာကိုပါ။

ခါတိုင်းလိုပဲ မနက်ခင်း ကျောင်းချိန်၉နာရီမထိုးခင် ကျောင်းကို စောစောလာ။ ကင်တီးမှာ ထိုင်။


လက်ဘက်ရည်သောက်။ ကိုယ့်လိုပဲ ကျောင်းစောလာတတ်တဲ့ မိတ်ဆွေတွေကို မျှော်။ အဲဒီတုန်းက ကျမနဲ့ အစောကြီး
လက်ဘက်ရည်ဆိုင်ထိုင်ဖက်က ကျောင်းစောစောလာတတ်တဲ့ ဆရာဦးထွန်းမြင့် (တက္ကသိုလ်မင်းမော်)၊ ကျမတို့က 'ဗိုလ်တိုး'
လို့ ခေါ်တဲ့ ဆရာ ဦးအောင်ကျော်တိုး(နုနုရည်-အင်းဝ ရဲ့ ခင်ပွန်း)၊ နောက် အတန်းဖော် အရှည်ကြီးရယ်..။ မိန်းထဲက
ဆရာသူငယ်ချင်းတချို့ရယ်။ နေ့တိုင်း စကားတွေက ပြောမကုန်။ စကားလက်စ မသတ်ခင် အတန်းချိန်ရောက်လို့ ထ ထ
ပြေးရရင်တောင် နောက်ဆံတငင်ငင် နဲ့ပေါ့။
အဲဒီ စကားဝိုင်းတွေကနေပဲ ကျမ ၀တ္ထုရေးစရာ Inspiration တွေ အများကြီးရခဲ့တာ..။ အထူးသဖြင့်
ဗိုလ်တိုးဆီက။ ဗိုလ်တိုးက စိတ်ပညာဌာနက ဆရာ။ စကားပြောကလည်း ကောင်း။ ကျမကလည်း စိတ်ပညာပိုင်းကို
စိတ်ဝင်စားတော့ ဗိုလ်တိုးပြောတဲ့ အကြောင်းအရာတွေက ၀တ္ထုရေးချင်စရာ ကောင်းနေတတ် တယ်။ နောက်ပိုင်းမှာ
ဗိုလ်တိုးဆီက ကြားရတဲ့ အထဲကနေ Character ရပြီး ရေးဖြစ်ခဲ့တဲ့ လုံးချင်းဝတ္ထုနှစ်ပုဒ် (မီးခိုးငွေ့ မီးခိုးမျှင် နဲ့
ကောင်းကင်နိဒါန်း)အကြောင်း ပြောပါဦးမယ်။ အဲဒဝ
ီ တ္ထုနှစ်အုပ်က ကျမရေးခဲ့သမျှထဲမှာ အကြိုက်ဆုံး ဖြစ်ပြီးတော့
ပရိသတ်ကတော့ သိပ်မတုံ့ပြန်ခဲ့တဲ့ ၀တ္ထုတွေပေါ့။

ညနေဆိုရင်တော့ အတန်းပြီးတဲ့ ၃နာရီကနေ ၄နာရီခွဲ ရုံးဆင်းချိန်အထိ ကင်တီးမှာ ထိုင်ကြ။ ရုံးဆင်းချိန်ကျမှ


ဌာနရုံးခန်းမှာ အဆင်းလက်မှတ် သွားထိုးပြီး ပြန်ကြပါတယ်။ ပြန်ရင်တော့ အားလုံးက အိမ်ပြန်တာပါ။ ကျမကတော့
အိမ်မှာလည်း ဘာမှလုပ်စရာမရှိတဲ့သူမို့ အပြန်လမ်းမှာ အင်းစိန်လမ်းမကြီးပေါ် လှည်းတန်းဈေးနားက
ပြုံးပန်းတရာလက်ဘက်ရည်ဆိုင်ဘက် ၀င်ချောင်းသေးတာ.. အဲဒီ လက်ဘက်ရည်ဆိုင်အ၀င်ဝ လမ်းနဲ့ကပ်နေတဲ့ စားပွဲလေးမှာ
ကိုစိနဝ
် င်း(မောင်စိနဝ
် င်း-ပုတီးကုန်း) ထိုင်နေကျလေ။ ကိုစိန်ဝင်းရောက်နေပြီ ဆိုရင်တော့ ကျမက ရုံးဆင်းချိန်
ကားအကျပ်ကိုရှောင်ဖို့ စောင့်ရင်း.. စကားလည်းပြောရင်းပေါ့.. လက်ဘက်ရည်ဝင်သောက်တာပဲ၊ ကိုစိန်ဝင်းကလည်း
ကျမအတွက်တော့ တိုင်ပင်ဖော်တိုင်ပင်ဖက် အကို တယောက် ပါပဲ... ။

ကိုစိနဝ
် င်းနဲ့ကလည်း စကားပြောလို့ သိပ်ကောင်းတာ။ သူနဲ့ ကျမက အရောင်အသွေး အတော်တူတယ်။
ရေးချင်တာလည်း အချစ်ဝတ္ထု.. ကြိုက်လိုက်ရင်လည်း ခံစားချက်အခြေခံတဲ့ စာအမျိုးအစားတွေ.. သီချင်းတွေ
ပန်းချီတွေဆိုလည်း ကြိုက်တဲ့အမျိုးအစား ပုံစံတွေ တူတယ်။ ဒါပေမဲ့ ကိုစိနဝ
် င်းက Realism ကို ပိုအားသန်ပြီး ကျမက
Romanticism ကို ပိုအားသန်တာတော့ ရှိတာပေါ့လေ။ အဲဒီအခါ ၀တ္ထုတိုတွေမှာ Message ပါသင့် မပါသင့်ဆိုတာမျိုးတွေ
ပြောဖြစ်တယ်။ ကိုစိနဝ
် င်းရဲ့ ထူးခြားချက်က အငြင်းမထူဘူး။ သူယုံကြည်ရာကို လေအေးအေးနဲ့ ပြောတတ်တယ်။ ပြီးတော့
သူများအကြောင်း ဘယ်တော့မှမပြောဘူး။ ပြီးတော့ စကားပြောရင် အင်မတန် ရိုးသားတယ်။ ဟန်မရှိဘူး။ အထူးသဖြင့်
သမားဂုဏ် ပြတာမျိုး မရှိဘူး။ သူနဲ့စကားပြောရင် ကျမကချည်း ပြောတာများတယ်။ သူက ကျမမေးမှ ပြောတာမျိုး..
တိုက်ဆိုင်မှ ၀င်ပြောတာမျိုး။ သူနဲ့ လက်ဘက်ရည်ဆိုင်ထိုင်လည်း သူပြောသမျှ သူတို့ခေတ် ကျောင်းသားဘ၀နဲ့
စက်မှုတက္ကသိုလ်ကို ကြားရ တွေ့ရတယ်။ အနည်းဆုံးတော့ ဒါဟာ ခေတ်တခေတ်ရဲ့ တက္ကသိုလ်သမိုင်းတခုပဲ မဟုတ်လား။

တခါတလေတော့ နေ့လယ်ပိုင်းမှာ အတန်းတွေ မရှိ ဖြစ်တတ်တယ်။ တပတ်မှာ ၁ရက် ၂ရက်လောက်။


အဲဒီအခါ ကျမက BED(ပညာရေးတက္ကသိုလ်)ကင်တီးမှာ သွားထိုင်တယ်။ အဲဒီမှာက ကိုဟိန်းလတ်(အခု... ပေါ်ပြူလာ
ဂျာနယ်.. ရတီမဂ္ဂဇင်းတွေရဲ့ အယ်ဒီတာချုပ်) ရှိတယ်လေ။ မဟေသီအင်တာဗျူးနောက်ပိုင်းမှာ ကျမက ကိုဟိန်းလတ်နဲ့
ခင်သွားတယ်။ ကိုဟိန်းလတ်က အဲဒီတုန်းက ပညာရေးသုတေသနဗျူရိုမှာ ရှိနေတဲ့အချိန်။ နေ့လယ် ထမင်းစားချိန်မှာ
ကိုဟိန်းလတ်ရယ်.. ပညာရေးတက္ကသိုလ်က သူငယ်ချင်းဆရာမ တချို့ရယ်.. ထိုင်တတ်တယ်။ အဲဒီဝိုင်းတွေမှာတော့
ကိုဟိန်းလတ်က ဦးဆောင် စကားပြော သူ။ ကိုဟိန်းလတ်က စာဖတ်နာ.. အပေါင်းအသင်းစံ.ု .. အတွေ့အကြုံ စုံတဲ့သူဆိုတော့
သူဖြတ်သန်းခဲ့တာတွေကို ပြော။ ကျန်တဲ့သူ တွေက နားထောင်သူတွေ။

BED မှာ သွားထိုင်ရင် ကျမ သဘောကျတာတခုက ကင်တီးနောက်ပေါက်ကနေထွက်ပြီး TTC ကျောင်းတွေ


ဆေး(၁)တွေ နောက်ဘက်က ပိတောက်လမ်း(သထုံလမ်း)အတိုင်း တက္ကသိုလ်ရိပ်သာလမ်းဘက် လျှောက်ထွက် ရတာကိုပါ။
(RC-3 မှာ ကျောင်းတက်တုန်းက မိန်းထဲကို လာလည်ရင် လျှောက်နေ ဖြတ်နေကျ လမ်းအတိုင်းပေါ့)။ ဝေးပေမဲ့ လျှောက်လို့
ကောင်းတယ်။ လမ်းမှာ BOC ကောလိပ်နေရာကို ဖြတ်ကျော်ခ.ဲ့ .. ဘောလုံးကွင်းကို ဖြတ်ကျော်ခဲ့... လိုင်းပေါက် ၀န်ထမ်း
အိမ်ရာကို ဖြတ်ကျော်ခ.ဲ့ .။ တက္ကသိုလ်ဆေးရုံဝင်းကို ဖြတ်ခဲ့။ ကျောင်းပိတ်ကာလမို့ လမ်းတလျှောက်မှာ လူရှင်း ကားရှင်း
ရှိနေတတ်တော့ ပိုကောင်းတာပေါ့။ ဟိုငေးဒီငေး ဟိုတွေးဒီတွေး... ဘ၀အမောတွေတောင်မှ အဲဒီအချိန်မှာ
ပြေပျောက်သွားသလို ခံစားရသေး။ ပြီးတော့ လုံးချင်းရေးဖို့ ဇာတ်လမ်းတပုဒ် စိတ်ကူးရတာလည်း အဲဒီ လမ်းပေါ်
လျှောက်ရင်းနဲ့ပါပဲ။ ဒုတိယအုပ် ပကတိမြားပေါ့။ အဲလိုနဲ့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရောက်ရင် ပုဂံလမ်းမှတ်တိုင်ကနေ
၄၅ကား စောင့်စီးပြီး အိမ်ပြန်။

အဲဒီတုန်းကတော့ အိမ်ပြန်ရောက်ဖို့အရေးလည်း လျှောက်ရသေးတာပဲလေ။ ဘီပီအိုင်မှတ်တိုင် မှာဆင်းတော့


ကျောင်းဝင်းရှေ့က ဆင်းရဲသားဂိတက
် လေးက ပိတ်လိုက်ပြီမို့ အရင်လို အလွယ်လေး ကျောင်းထဲ မရောက်တော့။
ဂိတ်မကြီး(ဦးလူပေါဂိတ်လို့ ခေါ်ကြတယ်)ဆီကို တပတ်ကြီးလျှောက်ပြီး ကျောင်းထဲဝင်.. Block တွေကို အလျားလိုက်ဖြတ်..
ရေပန်းစင်ရှိတဲ့ အ၀ိုင်းလေးကိုဖြတ်.. ကင်တီးကနေဆင်း.. ဘောလုံးကွင်း ဘေးကနေ ဂျီဟောရှေ့ကိုဖြတ်... အင်းး
တော်တော်တော့ ဝေးတာ။ ကျမကတော့ လမ်းလျှောက်တာ ကြိုက်တဲ့သူမို့ လျှောက်တာပဲ..။ တခါတလေတော့လည်း
မောတာပေါ့လေ။ အဲဒီအခါ ကဗျာဆရာ မောင်ရန်ပိုင(် ခုတော့ ဦးရန်ပိုင)် ရေးတဲ့ ကဗျာထဲကလို "နှလုံးသားသန်သူ
ခြေထောက်သန်သတဲ့".. ဆိုတာ လေးပဲ တွေးရသေး..။

တခါတလေကျတော့ နေ့လယ်ပိုင်းအားပြီဆို မြေနီကုန်း မပိုလမ်းမှာ ရုံးခန်းဖွင့်ထားတဲ့


စံပယ်ဖြူမဂ္ဂဇင်းတိုက်ကို သွား သွား ထိုင်တယ်။ အဲဒီမှာ မမိုး(မိုးမိုး-အင်းလျား)က ရုံးထိုင်တယ်။ ပြီးတော့ မေဦး(ဒေါ်ခင်ဆွေဦး)
ရှိတယ်။ မပုလဲ(ဒေါ်ခင်ဆွေဦးသမီး) ရှိတယ်။ အဲဒီမှာ ထိုင်ရင်း စကားတွေ ပြောကြ။ ကျမက မမိုးကို သိပ်ချစ်တယ်။
စိတ်ထားအင်မတန်လှပြီး ဖြူစင်ရိုးသားတဲ.့ . မမိုးဟာ ကျမကိုစာရေးဆရာလုပ်ချင်စိတ်ပေါ်အောင် တွန်းအားပေး ခဲ့ဖူးတဲ့
စာရေးဆရာလည်း ဖြစ်တယ်လေ။ မမိုးရဲ့ "နာမကျန်းသည်.. အိုနှင်းဆီ" ကို ဖတ်ပြီး ကျမ စာရေးဆရာ လုပ်ချင်စိတ်
ပေါ်ခဲ့တာ..။ ပြီးတော့ "ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား..." မှာ တုန်လှုပ်ခဲ့တာ။ "ပွင့်တချို့ ကြွေတချို့"၊ "ကြွေမလိုနဲ့
ဝေ.. ဝေမလိုနဲ့ကြွေ"၊ "ငြိမ်းကိုရှက်ပါ" တွေမှာ အံ့သြချီးကျူးခဲ့ရတာလေ။ ( နောက်တော့ အဲဒ၉
ီ ၀ထဲမှာပဲ မထင်မှတ်ပါဘဲနဲ့
မမိုးကို ကျမတို့ ဆုံးရှုံးခဲ့ရတာပေါ)့ ။ မြသီလာနဲ့ မဆိုင်လှပေမဲ့ ဒါဟာ မြသီလာကိုချစ်တဲ့သူတယောက် လွင့်ကြွေသွားရတာမို့
ထည့်ရေးပါရစေတော့။

(အဲသလိုပဲ မြသီလာနဲ့ မဆိုင်လှပေမဲ့ နောက်တခု မမေ့နိုင်စရာ သမိုင်းတခုအဖြစ် ထည့်ရေးချင်တာက ၁၉၉၀


မေလ ၂၇ရက်မှာ ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့တဲ့
အကြောင်းပါပဲ)။

မဟာဝိဇ္ဇာပြန်တက်ရတဲ့ အဲဒီ ၁၉၉၀ဟာ ပင်ပန်းပေမဲ့ ကျမအတွက်တော့ အနှစ်သာရ အများကြီးရှိတဲ့


ကာလတခုပါ။ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ရင်း ၀တ္ထုတွေ အများကြီး ရေးဖြစ်ခဲ့တဲ့ နှစ်လည်း ဖြစ်တယ်။
စိတ်မကောင်းစရာတခုကတော့ ၀တ္ထုတွေ ရေးဖြစ်လာသလောက် ကဗျာရေး မထွက်တော့တာပါပဲ။ ကိုစိန်ဝင်းစကားနဲ့
ပြောရရင်.. ဒါတောင် အချစ်ဦးက ကဗျာ...။ အဲဒီကာလမှာပဲ သီချင်းနှင်းဆီက ကျောင်းပိတ် ရက်ရှည်နဲ့ တိုက်ဆိုင်လို့ထင်ပါရဲ့။
ဈေးကွက်ထဲမှာ ခပ်မှန်မှန်လေး သွားနေသတဲ့။ မဆိုးဘူးဆိုပါတော့။ ဒါနဲ့ အကိုက နောက်တအုပ်လုပမ
် လားတဲ့။

အမှန်အတိုင်းဝန်ခံရရင် အဲဒီတုန်းက ကျောင်းတက်နေရတော့ ပိုက်ဆံလည်း လိုနေတဲ့အချိန်။ ကိုယ်တိုင်က


လည်း စာပဲ ရေးချင်နေတဲ့အချိန်။ ရေးချင်နေတဲ့ ဇာတ်လမ်းလေးတပုဒ်ကလည်း ရှိထား..။ ဒီတော့ ကျောင်းစာ လုပ်နေတဲ့
ကြားထဲကပဲ နောက်တအုပ်ကို အလွယ်တကူပဲ ရေးနိုင်ခဲ့တယ်။ အဲဒါ ပကတိမြား... ပေါ့။

(ပန်းချီ မြင့်မောင်ကျော် ပါပဲ)

ပကတိမြားထဲက ဇာတ်လိုက်က ကိုယ် အင်မတန် ပိုင်တဲ့ ဇာတ်ကောင်လေ။ ဒါကြောင့် ရေးခဲ့ရတဲ့ ၀တ္ထုတွေ


ထဲမှာ လက်အတွေ့ဆုံးနဲ့ ရေးရတာ အမြန်ဆုံးပါပဲ။ ဈေးကွက်မှာလည်း စွံသား.. မဆိုးပါဘူး။ (ကျမမှာ ကြောင်တဲ့တချက်က
လူကသာ ပိုက်ဆံမရှိတာ အဲဒဝ
ီ တ္ထုကို ရုပ်ရှင်ရိုက်ဖို့လို့ လာဝယ်တော့ မင်းသားက ကိုယ်မကြိုက်တဲ့သူမို့ ကိုယ့်ဇာတ်ကောင်
နေရာမှာ အစားမထိုးနိုင်ပါဘူးဆိုပြီးတော့ မရောင်းခဲ့ဘူး :D )။
၁၉၉၀နှစ်ကုန်ချိန်မှာတော့ ကျမက မဟာဝိဇ္ဇာတန်း နောက်ဆုံးနှစ်ကို အောင်ခဲ့ပြီ။ Thesis ရေးဖို့ပဲ
ကျန်တော့တာပေါ့။ ပြီးတော့ လုံးချင်းဝတ္ထုနှစ်အုပ်လည်း ထွက်နိုင်ခဲ့ပြီ။ ၀တ္ထုတိုတွေလည်း အပုဒ် ၃၀ကျော်ခဲ့ပြီ။ အဲဒီ ၁၉၉၀
ထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ သားကြီးကို ကိုယဝ
် န်ရှိလာတာပါပဲ။ သားကြီးကိုယဝ
် န်နဲ့တုန်းက ပုံလေးတွေ
အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဗိုက်ထဲမှာ မောင်ထူးမြတ်ပေါ့။

အဲဒီအချိန်လောက်မှာပဲ တက္ကသိုလ်တွေ ပြန်ဖွင့်တော့မလိုလို ကြားလာရတာ....။


မြသီလာအလွမ်းပြေ (၁၆)

၁၉၉၁နှစ်ဆန်းစ နေ့ရက်တွေဟာ ကျမအတွက်တော့ စိတ်လှုပ်ရှားစရာပါပဲ။ ကျောင်းကနေ


မီးဖွားခွင့်လည်းရပြီ။ သားဖွားမီးယပ် အထူးကုဆရာဝန်မကြီး ဒေါက်တာဒေါ်စမ်းရီက Due Date ပေးတာ ဖေဖော်ဝါရီ ၂၇။
ကျမက Ultra Sound မရိုက်။ အနားမှာ ရှိတဲ့ သူငယ်ချင်း ဆရာဝန်လောင်း တွေက အားပေးတယ်။ မရိုက်နဲ့ ကောင်းတယ်တဲ့။
ကျမဗိုက်ကြီးက အကြီးကြီးပဲ..။ ဒါပေမဲ့ ကျမ သိပ် နေလို့ ကောင်းတယ်။ ကျန်းမာရေး သိပ်ကောင်းတယ်။ အဲဒီ
မီးဖွားခွင့်ကာလထဲမှာပဲ ကျမ မီးခိုးငွေ့မီးခိုးမျှင်ကို အပြီး ရေးတာပါ။ ညနေဆို ကျောင်းတပတ် လမ်းလျှောက်.. ကျောင်းရှေ့က
ရေပန်းစင်မှာ တမေ့တမောထိုင်ရင်း တွေးရင်း မီးခိုးငွေ့ မီးခိုးမျှင်ကို အပြီးသတ်နိုင်ခဲ့တာပါပဲ။

(မျက်နှာဖုံးဒီဇိုင်း- မောင်သီဟ ပါ)

ပြောသာပြောတာ.. ကျမက မီးခိုးငွေ့မီးခိုးမျှင်ကို ရေးရတာ စိတ်အပင်ပန်းဆုံး။ ပြီးတော့ ကိုယ့်ဘာသာ ပြန်ပြီး


အကြိုက်ဆုံး ဖြစ်တဲ့ ၀တ္ထု။ အဲဒီထဲက ဇာတ်ကောင်က Psychosis Character... ကျမသူငယ်ချင်း အက်စ် ခိုင်ငြိမ်း
စိတ်ဆိုးလောက်တဲ့ ဇာတ်ရုပ်ပေါ့.. သူကတော့ စိတ်မဆိုးရှာပါဘူး။ အဲဒီထဲက ဇာတ်လိုက်နာမည်က ခိုင်ငြိမ်းလေ.. :P ။
(နောက်ပိုင်း အဲဒဝ
ီ တ္ထုကို ဒါရိုက်တာ တယောက်က ရုပ်ရှင်ရိုက်ဖို့ စီစဉ်ဖူးတယ်.. ဒါပေမဲ့ စိစစ်ရေးက တကယ့် Theme ကိုမှ
ပြင်ခိုင်းတာ.. ပြင်မပေးနိုင်လို့ မရိုက်ဖြစ်ခဲ့တော့ပါဘူး)။ အဲဒီ ၀တ္ထုပြီးတော့ ဖေဖော်ဝါရီ လလယ်..။ ဒီလိုနဲ့ Due date
ဖေဖော်ဝါရီ ၂၇ရက်နေ့ကို ရောက်လာတယ်။ မှတ်မှတ်ရရ Due date က တပေါင်းလပြည့်ည...။ အဲဒီနေ့မှာ ကျမက
နည်းနည်းလေးမှတောင် သရိုးသရီမဖြစ်။ ပြီးတော့ ရွှေတိဂုံဘုရားသွားချင်နေတာလည်း အလွန်အမင်း...။

မာမာ(ယောက္ခမ)က မလုပ်ပါနဲ့ သမီးရယ်လို့ တား..။ ကျမက သွားချင်..။ သူကတော့ ထုံးစံအတိုင်း


ကိုယ့်ဘာသာ ရင်ဆိုင်နိုင်ရင် တာဝန်ယူနိုင်ရင် ကြိုက်တာလုပ်ပေါ့..။ အဲလ.ို .။ နောက်ဆုံးတော့ ကျမတို့ ရွှေတိဂုံဘုရား
တက်ဖြစ်သွားပါတယ်။ တက်တာမှ ဓာတ်လှေကားနဲ့ မဟုတ.် .။ ရိုးရိုးလှေကားနဲ့။ ကိုယဝ
် န်က နေ့စေ့လစေ့..။
တခုခုဖြစ်လို့ကတော့ ဘယ်သူမှ သနားမှာမဟုတ်တဲ့ အလုပ်ပေါ့။ ဘုရားဖူးပြီး အနောက်ဘက်မုခ်ကနေ ပြန်ဆင်း..
အုန်းစိမ်းရည်သောက် (ကိုယဝ
် န်ဆောင်က အုန်းစိမ်းရည် သောက်ရတယ် ဆိုလို့)။ အိမ်ပြန်...။

ဒီနေရာမှာ ကျမနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကို ကျမ ပြောပြဖူးလို့ သိနေတဲ့ အဖြစ်အပျက်လေးတခု


ပြောပြချင်ပါတယ်။ အိမ်အပြန် ကျောင်းဝင်းဝရောက်တော့ ည ၁၀နာရီကျော်ပြီ။ ကျောင်းဝင်းက အမြဲတမ်းကလိုပဲ
လူရှင်းနေတာပေါ့။ နှစ်ယောက်သား ထုံးစံအတိုင်း Block ရှေ့ကနေဖြတ်... ရေပန်းအ၀ိုင်းကို ဖြတ်ထွက်.... ပြီးတော့
ဗိသုကာဌာနဘက်ဆင်းတဲ့ စကြံ င်္လှေကားဆီ အလာ..။ သီရေတာတွေရှိရာ အမှောင်ဘက်ကနေ ခရေပင်တန်း
လမ်းလေးအတိုင်း ရုပ်ရည်သန့်သန့် လူငယ်လေး တယောက် လမ်းလျှောက်လာနေတာ တွေ့လိုက်ရပါတယ်။ ကျမတို့
နှစ်ယောက်လုံး ဘသူများပါလိမ့်လို့ တွေးမိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ RIT ၀င်းလေးက ၀န်ထမ်းတွေရဲ့
ရွာလေးတရွာလို ဖြစ်နေတာမို့လို့ ၀င်းထဲမှာ နေတဲ့သူတွေအချင်းချင်း တယောက်နဲ့ တယောက် သိပ်သိကြပါတယ်။ ခု
လမ်းလျှောက်လာတဲ့ လူငယ်လေးကိုတော့ ကျမတို့ နှစ်ယောက်လုံး မသိကြပါဘူး။ ကျောင်းပိတ်ရက်မို့ ကျောင်းသားလည်း
မဖြစ်နိုင်ပါဘူး။ ပြီးတော့ ထူးခြားတာက သူက ကျမတို့နဲ့ ခဲတပစ်သာသာလောက်ပဲ ဝေးပေမဲ့ ကျမတို့ကို နည်းနည်းမှ
လှမ်းမကြည့်ဘူး။ သူ့မျက်နှာကလည်း နည်းနည်း နွမ်းနေသလိုပဲ။ သူ့အမူအယာက ကျမတို့ကို မမြင်ဘဲ သူ့စိတ်ကူးနဲ့သူ
လျှောက်သွားနေသလိုမျိုး။
အဲဒီခဏလေးမှာပဲ ရုတ်တရက် ကျမတကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ထသွားပါတယ်။ ပြီးတော့
ခန္ဓာကိုယ်ထဲ စိမ့်ကနဲ...။ တမျိုးကြီးပဲ.. ကျမ တခါမှ အဲလို မခံစားရဖူးပါ။ ဆောင်းညမို့ ရုတ်တရက် ချမ်းသွားသလားလို့တောင်
ကျမတွေးလိုက်ပါသေးတယ်။ ကျမတို့ နှစ်ယောက် လည်း အဲဒီအချိန်လေးအတွင်းမှာ စကားမပြောဖြစ်ပါဘူး။ အဲဒီအချိန်မှာပဲ
ခုန လူငယ်လေးက ခရေလမ်းကလေးကနေ မီးတွေလင်းနေတဲ့ ပင်မဆောင်ကြီးဆီ ၀င်တဲ့ တံခါးပေါက်လေးဘက်ကို
ချိုးဝင်လိုက်ပါတယ်။ အော.. အစောင်ဝ
့ န်ထမ်း အသစ် ဖြစ်မယ် လို့ ကျမ တွေးလိုက်ပါသေးတယ်။ သူကတော့ ပင်မဆောင်ထဲ
ဝင်သွားပါပြီ။ ကျမတို့နှစ်ယောက် လည်း စကြံ င်္ လေးအောက် ရောက်ပါပြီ။ အဲဒီအချိန်မှာပဲ ကျမတို့ နှစ်ယောက်
တိုင်ပင်ထားသလို ၀င်ပေါက်တံခါး လေးဆီ နောက်ပြန်လှည့်ကြည့်လိုက်မိချိန်မှာတော့ ကျမတို့နှစ်ယောက် လက်ဆွဲပြီး
လှေကားကနေ အပြေးတပိုင်း ဆင်းခဲ့ကြတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ၀င်ပေါက် သံဘာဂျာတံခါးက သော့ခတ်ပိတ်ထား
လျက်ကြီး ရှိနေပြီး အထဲမှာ လျှောက်ဝင်သွား တဲ့ သူလည်း တယောက်မှ ရှိမနေလို့ပါပဲ..။

တကယ်တော့ လူတယောက်ဝင်မယ်ဆိုရင် တံခါး သော့ဖွင့်ရမယ်.. သံတံခါးကို ဆွဲဖွင့်ရ ဦးမယ်.. ပြီးတော့


ဝင်သွားတဲ့သူ လမ်းလျှောက်သွားတာကို စကြံ င်္တလျှောက် မြင်ရဦးမယ်...။ အမလေး... ခုတောင် ကြက်သီးထ လာသေး။
ကျမတို့နှစ်ယောက် ဘာစကားမှမပြောနိုင်ဘဲ အပြေးတပိုင်းလာခဲ့ကြတာ အိမ်ရောက်တဲ့ အထိပါပဲ။ ကျမတကိုယ်လုံး ချွေးတွေ
ရွှဲလို့..။ အိမ်က လူတွေက အံ့သြလို့။ ဒီနှစ်ယောက် ဘာဖြစ်လာလဲပေါ့။ ကျမတို့ နှစ်ယောက်ပြောပြတော့ အိမ်က အဖွားက
အဲဒါကြောင့် ကိုယဝ
် န်ဆောင် ညမထွက်ပါနဲ့ ပြောတာ.. ငြိမ်းက နားမထောင်ဘူး.. ဘာ.. ညာ.. ပေါ့။ အိမ်က အလုပ်လုပ်တဲ့
ကောင်မလေး ကတော့ လူတွေပြောနေတာပဲ... ညည သရဲခြောက်တယ်ပေါ့..။ ကျမကတော့ အံ့သြနေတာ ပါပဲ..။ သူက
ပိုဆိုးသေး.. ဒါမျိုး အယုံအကြည်မရှ.ိ . ကြောက်လည်း မကြောက်တတ်တဲ့ သူတွေက ဖြစ်စရာလားပေါ့...။ အမောပြေမှ
ကျမတို့နှစ်ယောက် စိမ်ပြေနပြေ ပြန်ပြောဖြစ်ပါတယ်။ ကောင်လေးက ဖြူဖြူသွယ်သွယ်လေးပေါ့..။ လည္ကတံုးအက်ႌအျဖဴ
ပလေကပ် ပုဆိုး အပြာကွက်လေးနဲ့ပေါ့။ အမလေး မျက်စေ့ထဲက မထွက်ဘူး.. ပေါ်တင်ကြီး ပေါ့..။ နှစ်ယောက်လုံး မြင်တာ
အကုန်တူတူ..။ တကယ် စင်းစင်းကြီး။ ကျမ စိတ်ထဲ ခုထိ အဲဒီမြင်ကွင်းကို မမေ့ပါ။ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲကို
နောက်မှာ ဆက်ပြောပါ့မယ်။

ဒီလိုနဲ့ မတ်လထဲရောက်လာတဲ့အထိ အထဲက မောင်ထူးမြတ်က တုတ်တုတ်မှ မလှုပ.် .။ ဗိုက်ကြီးကလည်း


ကြီးလှပြီ။ လမ်းလျှောက်လို့တောင် မကောင်းချင်တော့။ ဒီလိုနဲ့ Due Date ကျော်တာ နှစ်ပတ်ရှိလာတော့ ပြဿနာက ကျမ
ဗိုက်အပ်ထားတဲ့ အိုဂျီက ခွင့်ယူသွားပါတယ်။ ကိုယ်ဝန်ကလည်း Over Due ဖြစ်လာပြီ။ နောက်ဆုံးတော့ သူငယ်ချင်း(ဆိုပေမဲ့
ကျမထက်တော့ အသက်ကြီးပါတယ်) စာရေးဆရာ လင်း-ဆေး(၁)(ဒေါက်တာသန်းထွဋ)် ကို တိုင်ပင်ရပါတယ်။ ကိုသန်းထွဋ်က
ဆေးရုံတက်လိုက်တော့တဲ့။ ဒါနဲ့ ကိုသန်းထွဋ်တာဝန်ကျတဲ့ အရှေ့ပိုင်းဆေးရုံမှာ ဆေးရုံတက်ရပါတော့တယ်။ အဲဒီနေ့က
မတ်လ၁၁ရက် တနင်္လာနေ့၊ ၁၀တန်းစာမေးပွဲတွေ စလို့ မြန်မာစာဖြေတဲ့ နေ့ပါ။ ဆေးရုံးရောက်တဲ့အထိလည်း ဗိုက်က
ဘယ့်နှယ်မှမနေသေးတာမို့ ကိုသန်းထွဋ်က ဓားပြင်နေပြီ။ (သူက Surgery တက်နေတာဆိုတော့ :P)။ ခွဲမယ်ပေါ့..။ ကျမက
ရိုးရိုးပဲ မွေးချင်..။ ဘုရားစာတွေ ဆို.. ဆုတွေ တောင်းပေါ့..။ ဒါပေမဲ့ ဗိုက်ကနာရိပ်တောင်မပြတော့ ခွဲမယ့်စာရင်းထဲတောင်
ထည့်ထားပြီ။

ညနေ ၄နာရီလောက်ကျတော့ ဗိုက်က နာချင်သလိုလို ဖြစ်လာပါတယ်။ ကိုသန်းထွဋ်ရေ.. နာပြီဗျ.. ဆိုတော့


ကိုသန်းထွဋ်က ဟုတ်လို့လား..တဲ့။ ဒီလောက်နဲ့တော့ မရသေးဘူး..တဲ့။ နောက် နည်းနည်းပိုနာလာ..။ တကယ်နာတာလို့
ကျမပြောတော့ ကိုသန်းထွဋ်က အမလေး ဒီလောက်နဲ့လည်း မရသေးဘူးတဲ့... ပြုံးစပ်စပ်နဲ့စတယ်။ ပြီးတော့
မောင်ထူးမြတ်အဖေနဲ့ လက်ဘက်ရည်ဆိုင် သွားထိုင်ဦးမတဲ့။ အဲဒီအချိန်မှာပဲ ၁၀တန်းစာမေးပွဲ စောင့်ပြီးအပြန် ညနေစောင်းမှာ
ကျမဆီ ၀င်လာကြတဲ့ မေမေနဲ့ မာမာ ရောက်လာတယ်။ အဲဒီခဏလေးမှာပဲ ကျမ တကယ် သိသိသာသာ ဗိုက်နာလာတယ်။
မေမေက အားပေးတယ်.. ချွေးပြိုက်ပြိုက်ကျပြီး ဒူးအချင်းချင်းရိုက်လောက်အောင် နာမှ မွေးမှာ.. တဲ.့ . အမလေးလေ...
အားရှိစရာပါပဲ....။ အင်းး တကယ်ပါပဲ... နှစ်နာရီလောက် အချိန်အတွင်းမှာ ငါတော့ သေတော့မှာပါပဲလို့ ဘယ်နှကြိမ်မှန်းမသိ
တွေးမိလောက်အောင် နာပြီး ည ၇နာရီခွဲမှာတော့ ကျမ သားကြီးကို မွေးထုတ်လိုက်နိုင်ပါတော့တယ်။ ကျမ တကယ်
မွေးခန်းထဲ ရောက်သွားတော့ လက်ဘက်ရည်ဆိုင် သွားနေတဲ့သူတွေတောင် ပြန်မလာကြသေးပါ။ သားကို
ဒေါက်တာသီတာဦးခင် ဆိုတဲ့ တာဝန်ကျ ဆရာဝန်မလေးက ညှပ်ဆွဲပြီး မွေးပေးခဲ့ရပါတယ်။

ပြဿနာကတော့ ကျမက အရပ်၅ပေ၂လက်မမှာ သားဦးက ၈ပေါင်ခွဲ ရှိပြီး အရပ်လည်း


၂၂လက်မဖြစ်နေတော့ ကလေးကြီးလွန်းတာမို့ ကျမ သိပ်ပင်ပန်းသွားတာကြောင့် အချင်းကျတဲ့ အချိန်မှာ
သတိလစ်သွားတာပါပဲ..။ ကျမ သတိလစ်သွားချိန် အောက်စီဂျင် ပေးတာ လက်ဦးလို့ တော်သေးတာလို့ သိရပါတယ်။
(အပြင်မှာတော့ မေမေပါ စိတ်ပူပြီး သတိလစ်မလိုဖြစ်သွားလို့ မေမေ့ကို ပြန်ထိန်းရသေးတယ်လို့ မာမာက ပြောပါတယ်)။
ကျမပြန်သတိရလာတော့ ကိုသန်းထွဋ်က မွေးခန်းထဲ ရောက်နေပါပြီ။ ကိုသန်းထွဋ်က ရယ်ပြီး "မေငြိမ်းတို့က တော့ကွာ..
ကလေးမွေးတာတောင် အကယ်ဒမီရှော့တ.ဲ့ .။ အဲဒါ သင်္ကြန်မိုးထဲက သီတာသိမ့်သေတဲ့ အကွက်မျိုး.." တဲ့။ ကျမမှာ
ရယ်ရသေးတယ်။ အဲလိုနဲ့ မောင်ထူးမြတ်ကြီး လူ့လောကထဲ ရောက်လာတာပါပဲ..၊။ (မြသီလာနဲ့တော့ သိပ်မဆိုင်..ဒါပေမဲ့
သားမွေးတာကြောင့် မြသီလာဘ၀မှာ ဘာတွေ ထူးလဲ ဆက်ပြောမှာမို့ပါ)။

နောက်တနေ့ ၁၂ရက်နေ့ ညနေ...။ ကျမရဲ့ ကျန်းမာရေးအခြေနေက အလွန်ကောင်းနေပါ တယ်။ ဆေးရုံမှာ


ကလေးတချို့ အသားဝါဖြစ်နေကြတယ်.. တဲ့။ သားကတော့ ဘာမှမရှိ.. သိပ်ကောင်းတယ်တဲ့။ သားကို Nurse တွေက
ဗလကြီးလို့ ခေါ်ကြတယ်။

ကိုသန်းထွဋ်က ဆေးရုံဆင်းချင်လား.. တဲ့။ ဆင်းလို့ရရင် ဆင်းချင်တာပေါ့လို့ ကျမဖြေလိုက်တော့ အိုကေ


..ရတယ်..တဲ့။ ဒါနဲ့ ကျမ ဆေးရုံကဆင်းပါတယ်..။ နောက်တနေ့က ဗုဒ္ဓဟူးနေ့ မတ်လ ၁၃ရက်နေ့။ ကျမက
ပါပါ့ကိုပြောလိုက်သေးတယ်။ ကိုဖုန်းမော် ၃နှစ်ပြည့် ကျောင်းက ဘာမှမလုပ်ဘူးလား.. လို့။ ပါပါက လာမယ့် ရုံးပိတ်ရက်
စနေနေ့မှာ ဘုန်းကြီးပင့်မယ်... ဆွမ်းကျွေးကြမယ်.. တဲ့။

စနေနေ့မှာတော့ တအိမ်လုံး ကျောင်းပေါ်သွားကြတယ်..။ ဆင်ဝင်အောက်မှာ ပရိတ်လည်း ရွတ်ကြမှာ...တဲ့။


ခဏကြာတော့ ကျမကို သူက လာခေါ်တယ်။ ကျောင်းပေါ် ခဏ လိုက်ကြည့်ပါလား..တဲ့။ ဘာလို့လဲဆိုတော့ ..
လိုက်ကြည့်စမ်းပါ.. တဲ့။ ဒါဆိုရင်တော့ တခုခုပဲ ပေါ့...။ တကယ်ဆို ကလေးမွေးထားတာ တပတ်တောင် မပြည့်သေး..။
ကျမကလည်း အပြင်ထွက်ချင်ချင်..။ သားက အိပ်နေတုန်း။ ကောင်မလေးနဲ့ ခဏထားခဲ့ပြီး ကျောင်းပေါ်တက်ခဲ့တော့တာပဲ။
ကျောင်းပေါ်တီကိုအောက် ကျောင်းသားရေးရာဌာနဘေးမှာ ဓာတ်ပုံတွေ အုန်းပွဲငှက်ပျောပွဲ ကန်တော့ပွဲတွေ စီချထားတယ်။
သူက ကျမကို ဓာတ်ပုံတွေရှေ့ ရောက်အောင် ဆွဲခေါ်သွားတယ်။ အဲဒီမှာ မောင်အောင်မွန(် ဇွန် ၂၁ မြေနီကုန်းမှာ အပစ်ခံရလို့
ဆုံးသွားတဲ့ RIT ကျောင်းသား။ ကျမဆရာ တက္ကသိုလဝ
် င်းမွန်ရဲ့သား) ပုံ၊ နောက် ကိုစိုးနိုင်၊ နောက် ကိုဝင်းမြင်.့ . နောက်..
ကိုဖုန်းမော်..တဲ့။ အဲဒီ ကိုဖုန်းမော်ဆိုတဲ့ ဓာတ်ပုံထဲမှာ လူငယ်လေးတယောက် မတ်တပ်ကလေး ရပ်လို့..
လည်ကတုံးအင်္ကျီအဖြူ၊ ပလေကပ်ပုဆိုး အပြာကွက်ကလေးနဲ့။ ဘုရားရေ... အဲဒါ.. ပြီးခဲ့တဲ့ တညသားမှာ ကျမတို့
နှစ်ယောက်တွေ့ခဲ့ရတဲ့ လူငယ်လေးနဲ့ တူလှချည်လား...။ ဒါဖြင်.့ . သူ ကိုဖုန်းမော်..လား ဟင်..။ ကျမ ကြက်သီးဖြန်းကနဲထပြီး
မျက်ရည်တွေ လည်လာမိတယ်။ ကျမစိတ်ထဲ အဲ့ဒီခဏချင်းမှာ ထိခိုက်သွားလိုက်တာ..။ သူ့ခမျာ ကျောင်းကို
စွဲလန်းရှာတယ်..ဆိုပြီး။ အဲဒီညနေမှာ ကျမ ခေါင်းတွေကိုက်နေခဲ့တဲ့အထိပါပဲ။ တကယ်ဆို ကျမက ဒါမျိုးတွေ
သိပ်မယုံတတ်တဲ့သူ။ ခုထိလည်း အဲဒီအဖြစ်ကို မကြာခဏ သတိရဆဲ..။ ခုတော့ အတူတူ မြင်ခဲ့တဲ့သူလည်း လူ့လောကထဲမှာ
မရှိတော့ပြီ။

သားရှိလာတဲ့ နောက်ပိုင်းကာလမှာ ကျမရဲ့အချိန်တွေ တော်တော် အကုန်မြန်ကြသလိုပါပဲ..။ အဲဒီ


ရက်ပိုင်းထဲမှာပဲ မီးခိုးငွေ့ မီးခိုးမျှင်.. စိစစ်ရေးက ကျပါတယ်။ အဲဒီရက်တွေထဲမှာပဲ ပရုဖ်ဖတ်။ သားတောင် ရက် ၅၀
မပြည့်ခင်မှာပဲ... ၁၉၉၁ မေလပထမပတ်မှာ... တက္ကသိုလ်တွေ ပြန်ဖွင့်မယ်လို့ ကြေငြာပါတယ်။ ကလေးတဘက်နဲ့
ပင်ပန်းမှာပေမဲ့ အမှန်အတိုင်း ၀န်ခံရရင် ကျမ ပျော်သွားပါတယ်။ ကျမရဲ့ ပျောက်နေတဲ့ သူငယ်ချင်းတွေ.. တပည့်တွေ... ကျမ
ပြန်ရှာရတော့မယ်။ ကွဲကွာနေသူတွေ ပြန်တွေ့ရတော့မယ်။ ကျမ တခုခု သိရတော့မယ်..။

အဲဒီအခါ ကျောင်းဖွင့်ရက်မှာ ကျမ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အဲဒီကျောင်းတွေ ပြန်ဖွင့်တဲ့ နေ့မှာမှပဲ ကျမတို့


ကျောင်းသားစာရင်းတွေ ခွဲပြီး အတန်းတွေ ခွဲကြပါတယ်။ အတန်းခွဲတဲ့အစည်းအဝေးမှာ ဆရာမကြီးက တယောက်ကို
ပထမနှစ်တခန်း ဒုတိယနှစ်တခန်း စီ ယူရမယ်တဲ့။ အတန်းတွေ ခွဲကြတော့... မေငြိမ်းက ဘူမိတန်း(Geology) ကို ယူ..
အဲဒီအခန်းက ယောက်ျားလေး အယောက် ၂၀၀ မိန်းကလေး အယောက်၂၀.. ဘယ်နှယောက် ပြန်တက်မလဲတော့ မသိဘူး။
ယောက်ျားလေးများတော့ နည်းနည်းတော့ ဆိုးတယ်..။ ဒီတော့ မေငြိမ်းက ကလေးအမေလည်း ဖြစ်ပြီ။ စွာလည်း စွာတော့
ထိန်းနိုင်မှာ..။ ကျန်တဲ့ ဆရာမအပျိုလေးတွေဆို ထိန်းနိုင်မှာ မဟုတ်ဘူး... တဲ့။ ဒုတိယနှစ်အတွက်တော့ အီးမေဂျာ(English
Major)ကို ယူရမယ်တဲ့။ ပြီးရင် ကိုယ်ယူရတဲ့ မေဂျာ ဌာနတွေကို သွားပြီး ကျောင်းသားစာရင်း ယူကြရမယ်.. တဲ့။ ညနေမှာ
Time table တွေ ကပ်မယ်။ နက်ဖြန်က စပြီး အတန်းဝင်ကြရမယ်တဲ့။
အဲဒါက ကျမနဲ့ ကျမရဲ့ မျောက်ကလေးတွေ တွေ့ခဲ့ရတဲ့ အစပျိုးပေါ့။ တက္ကသိုလ်က ကျောင်းသားတွေက
သူတို့နဲ့ ဘယ်လောက်မှ အသက်မကွာတဲ့ ဆရာမတယောက်ကို အတန်းတွေ ကြီးသွားတဲ့အထိ... အပြင်လောက
ရောက်သွားတဲ့အထိ... အသက်တွေ အများကြီး ကြီးသွားတဲ့ အချိန်တွေအထိ.. ချစ်ခင်ရိုသေသွားတယ်ဆိုတာ ဒီဘက်ခေတ်မှာ
မရှိတော့ဘူးလို့ ပြောမယ်ဆိုရင်.. အဲဒီ စကားကို ကျမ သေသေချာချာ ပြန် ငြင်းနိုင်ပါတယ်။ အဲလိုငြင်းဖို့အတွက်
အကောင်းဆုံးသက်သေအဖြစ် ကျမဘ၀မှာ ခုထိ တပည့်တွေ အများကြီး ရှိနေသေးလို့ ပါပဲ..။ အဲဒီထဲမှာ ဘူမိဗေဒက
ကလေးတွေလည်း ပါတာပေါ့..။ မြသီလာမှာ သူတို့လေးတွေ အကြောင်းတွေ ပြောသွားပါဦးမယ်..။
မြသီလာအလွမ်းပြေ (၁၇)

၁၉၉၁ မေက ပြန်စတဲ့ ကျောင်းဖွင့်ရက်တွေမှာတုန်းကတော့ စစ်အစိုးရက ကျောင်းဝန်းကျင်မှာ


နဂိုပုံမှန်အတိုင်း ပြန်လည် ပျော်ရွှင်လည်ပတ်နေသယောင်ယောင် ဖန်တီးပေးခဲ့သားပါ။ ဒါပေမဲ့ ကော်ရစ်ဒါတွေမှာ ကျောင်းဝင်း
လုံခြုံရေးဂျူတီ ထိုင်နေရတဲ့ ဆရာ ဆရာမတွေနဲ့ အင်အား တိုးမြှင့်ထားတဲ့ လုံခြုံရေးဝန်ထမ်း ဆိုသူများရဲ့
စောင့်ကြည့်နေမှုတွေအောက်မှာ တကယ်တော့ ကျောင်းဟာ မလုံခြုံတော့တာကို တွေ့နေရပါတယ်။ ကျမတို့
ဆရာဆရာမတွေအတွက် ကတော့ အပင်ပန်းဆုံးကာလတွေပါပဲ..။ ကျောင်းဝင်းလုံခြုံရေး ဂျူတီဆိုတာလည်း ရှိရဲ့။
ဆရာမတစ်ယောက်က ကျောင်းသားအယောက်၂၀စီကို ဘာမှ ဆူဆူပူပူ မရှိအောင် တာဝန်ယူ အာမခံ ထိန်းရမယ်ဆိုတဲ့
guardianship ဆိုတာလည်း လုပ်ရရဲ့။ အတန်းတွေ အပြေးအလွှားဝင်.. ကျူတိုရီယယ်တွေ အပြေးအလွှားစစ်..
အမှတ်တွေလည်း အပြေးအလွှား ထည့်ရသေး။ ဘယ်လောက် ပင်ပန်းတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။

(မှတ်မိသေးတယ်။ အဲဒီတုန်းက ကျမတို့ ကျူတာတွေရဲ့ လစာက ၁၂၀၀..။ သားအတွက် နို့မှုန့်က တဗူး


၃၅၀...။ မောင်ထူးမြတ်က တစ်လကို အနည်းဆုံး ၄ဗူးလောက် ပုံမှန် သောက်နေတဲ့အချိန)် ။ ကျမရဲ့ အလုပ်တာဝန်ချိန်
စုစုပေါင်းက မနက် ၈နာရီကနေ စလိုက်တာ ညနေ ၅နာရီအထိ.. ကျောင်းမှာ တနေကုန် တောက်လျှောက်..။ အဲဒီ လစာလေးနဲ့
ကျမတို့ အဆင်းရဲခံပြီး လုပ်ခဲ့ကြရတာ.. မတန်တဆ။ အဆိုးဆုံးကတော့ ကျမက သားကလေး တောင် ၂လသားမရှိခင် အဲလို
လုပ်ရတာမို့ ပင်ပန်းကြီးလှတာပါပဲ။ အဲဒီ ခံစားချက်လေးကို ၀တ္ထု တောင် ရေးဖူးပါသေးတယ်။

အဲဒီလို ကာလမှာပဲ ဘူမိဗေဒတန်းကို ကျမ တာဝန်ယူရတာပါ။ အဲဒီတုန်းက ဘူမိဗေဒတန်း ဆိုတာက


ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာတော့ တော်တဲ့ကလေးတွေ ရှိတတ်တဲ့ မေဂျာတခုထဲမှာ ပါတာပေါ့။ ပြီးတော့ ပြောခဲ့သလိုပဲ
မိန်းကလေးကို ယောက်ျားလေးအရေအတွက်ရဲ့ ၁၀ရာခိုင်နှုန်းပဲ ခေါ်တာမို့ တော်တော် မာကျောတဲ့ မိန်းကလေးတွေသာ
ဘူမိကို ရောက်တယ်ပေါ့။ ကျမက အဲလို တော်တဲ့ အတန်းကို စာသင်ရတာမျိုး ကြိုက်ပါတယ်။ တခုပဲ စိတ်မကောင်းစရာ
ကောင်းတာက ဌာနက စီနီယာများက ဘူမိတန်းက ကလေးတွေကြောင့် ဆရာမတချို့ ငိုရတယ်ဆိုတာမျိုး ပြောကြတာပါပဲ။
ကျမကတော့ အဲလို စိန်ခေါ်ချက် ရှိတာမျိုးကို စိတ်ဝင်စားတတ်ပါတယ်။

(တကယ်တော့ နည်းနည်း ပိုပိုသာသာပြောတာလည်း ပါတာပါ.. ဌာနမှာဆို စီနီယာတချို့က ကျမကို


ကြည့်မရဘူး။ ကျမက စွာတယ်ပေါ့.. ဒီတော့ ကျမယူရမယ့်အတန်းကို ဆိုးတယ်လို့ ကျမစိတ်ညစ်သွားအောင် သာသာထိုးထိုး
ပြောတာမျိုး :P ။ နည်းနည်းပိုဆိုးတာက ကျမကို မြန်မာစာဆရာမနဲ့ မတူဘူးလို့ သူတို့က အမြဲ အပြစ်တင်တယ်။
အဓိကပြဿနာက ကျမက ဆရာမအလုပဝ
် င်ကာစတုန်းက ဆရာမအင်္ကျီပေါ်မှာ ကုတ်အင်္ကျီလေးတထည် ထပ် ထပ်
ဝတ်တတ်တယ်။ ဘာလို့လဲဆိုတော့ ခါးတို ဗမာအင်္ကျီဝတ်ရတာ စိတ်ထဲ မလုံခြုံလို့။ ခါးသားကြီးပေါ်ပေါ်နေတာ ကျမ
မကြိုက်ဘူး။ နောက်တခုက ကျမက ထမီတိုတို ၀တ်လို့။ အဲဒါလည်း အကြောင်းရှိတယ်။ ကျမလမ်းလျှောက်ရင် ခြေထောက်
နည်းနည်း ကားပြီး မြန်မြန်လည်း လျှောက်တတ်တော့ ထမီရှည်ရင် ထမီစတရွှမ်းရွှမ်းနဲ့မို့ ခပ်တိုတိုဝတ်တာ။ အဲဒါလည်း
လူကြီးတွေက သိပ် သဘောမကျဘူး။ ဒါ့ထက်ပိုဆိုးတာက ကျမက သိပ်ကန့်လန့်တိုက်တယ်လို့ သူတို့က ထင်ကြတယ်။ ဥပမာ
ကျောင်းသားတွေကို Roll sheet ယူရမယ်ဆိုတာမျိုးကို ကျမက မလိုဘူးလို့ ထင်တယ်။ တက္ကသိုလ်ဆိုတာ အဲလို
လုပ်စရာမလိုဘူး။ ကျောင်းသားတွေက သူတို့အတန်းက တက်မှဖြစ်မယ့် တန်ဖိုးရှိတဲ့ အတန်းလို့ ထင်ရင် တက်မှာပဲလို့ ကျမက
ငြင်းတတ်တယ်.. အဲဒါမျိုးတွေပေါ့)။

ဒီလိုနဲ့ အတန်းယူရမယ့် မနက်မှာ ကျမယူရမယ့် ပထမနှစ်တန်းခွဲကို အသွားမှာ အတန်းနဲ့ ကပ်လျက်မှာ


ရှိနေတဲ့ ဌာနကို အရင်ဝင်သွားပါတယ်။ ဌာနကို အသွား ကျမ၀င်ရမယ့်အတန်းဘက်လှည့်ကြည့်တော့ တခန်းလုံး
ကျောင်းသားတွေ အပြည့်ရှိနေတာ တွေ့ပါတယ်။ ဆူဆူညံညံတော့ မရှိပါဘူး။ အဲဒီတုန်းက ဘူမိဗေဒရဲ့ ဌာနမှူးက ကျမတို့က
ဗိုလ်ကျော်လို့ခေါ်တဲ့ ဆရာဦးကျော်ထင်(စာရေးဆရာမောင်ထင်ရဲ့သား)... ပါ။ ဆရာက ပိန်ပိန်သေးသေးညှက်ညှက်လေး။
(ခုတော့ ဆုံးရှာပြီ)။ ဒါပေမဲ့ ဂျူဒိုခါးပတ်နက် ရထားတာတဲ့ဗျ.. (တကယ်ပဲလား.. နောက်တာလားတော့ မသေချာ...
သေချာတာတခုကတော့ ဆရာက တက္ကသိုလ်များ ဂျူဒိုအသင်းရဲ့ ဥက္ကဋ္ဌ)။ ကျောင်းသားတွေက သူ့ကို ချစ်လည်းချစ်
ကြောက်လည်းကြောက် ကြတယ်။
ကျမ ဘူမိဗေဒဌာနထဲဝင်သွားတော့ ဗိုလ်ကျော်က "ဒေါ်ငြိမ်း ကျောင်းသားစာရင်း လာယူတာလား" တဲ့..။
"ဟုတ်တယ်ဆရာ" ဆိုတော့... "ပြီးရင် ကျနော် ဌာနမှာ လာပေးမယ်..." တဲ့။ "ဆရာကလည်း ကျမ ကူးသွားပါ့မယ်.." ဆိုတော့
"နေပါစေ.. ကျနော် တယောက်ကူးခိုင်းထားပြီ.. လူဆိုးစာရင်းရောပါတယ်.. ဟဲဟဲ.." တဲ့။ ကျမက "ဒါဆိုလည်း
လူဆိုးထိန်းလုပ်ရတာပေါ့ ဆရာရယ်"လို့ ပြန်ပြောပါတယ်။ အဲဒီကျတော့ ဆရာက "ကျနော့ မျောက်တွေက အဲလိုဆိုးတာတော့
မဟုတ်ပါဘူးဗျာ.. ယောက်ျားလေးများတော့ နည်းနည်းတော့ သောင်းကျန်းတာပေါ့.." တဲ့။ ဆရာ့လေသံက
ကိုယ့်သားသမီးဘက်က ရှေ့နေလိုက်တတ်တဲ့ မိဘရဲ့ အသံမျိုး။ ကျမ ပြန်ပြောလိုက်တယ်.. "ဆရာရယ်.. ကျမ
အဆင်ပြေမှာပါ.." လို့။ ဆရာက "အမလေး... ယုံပါတယ် ဒေါ်ငြိမ်းရယ်.." တဲ့။ တကယ်ပဲ အဲဒီအချိန်ကစလို့ ဆရာက ဘူမိဗေဒ
ဘောလီဘောပွဲတွေ ပိုက်ကျော်ခြင်းပွဲတွေ ရှိပြီဆိုရင် "ဒေါ်ငြိမ်း.. ခဗျားမျောက်တွေကို လာကူထိန်းပေးဗျာ .." လို့ ဌာနမှာ လာ
လာ ခေါ်တာ။ ကလေးတွေ တခြားမေဂျာက ကလေးတွေနဲ့ ပြဿနာပေါ်လို့ ရုံးခန်းရောက်လည်း ကျမက ကန့်လန့် ကန့်လန့်
ပါသေးတာလေ...။ အဲလိုနဲ့ ဆရာ မကွယ်လွန်ခင် နောက်ဆုံးတွေ့ခဲ့ရတဲ့ ၂၀၀၄ နှစ်ကုန်ပိုင်းအထိ ဆရာက ကျမနဲ့ တွေ့ရင်
ကျမကို ဘူမိဗေဒမိသားစုဝင်တယောက်လိုပဲ သူ့တပည့်ဟောင်းတွေအကြောင်း ဘယ်သူ့ တွေ့သေးလား.. ဘယ်သူ့သတင်း
ကြားသေးလား..နဲ့။ ကျမနဲ့ ပြောမကုန်.. မေးမကုန် ရှိတော့တာ။

တကယ်တမ်း ဘူမိဗေဒတန်းဝင်ပြီဆိုတဲ့အခါကျတော့ ကျမ မျှော်လင့်ထားတဲ့ ဆူဆူညံညံ အသံတွေ


မကြားရဘဲ ငြိမ်နေတဲ့ ကလေးတွေကို တွေ့လို့တောင် အံ့သြသွားရပါသေးတယ်။ ကလေးတွေဆိုလို့ ပြောရရင် အရပ်ရှည်ရှည်
အကောင်ကြီးကြီးတွေတောင် များသေးတာ။ သူတို့ မျက်လုံးတွေကလည်း ကျမကို အကဲခတ်တဲ့ မျက်လုံးတွေ။
တခန်းလုံးပြည့်က ယောက်ျားလေးတွေ။ မိန်းကလေးတွေက အယောက် ၂၀တည်း ရှိတာမို့ ရှေ့ဆုံးက ၂တန်းမှာ ထိုင်လိုက်ရင်
ကုန်ပြီ။ အလယ်တန်းနားက နေရာလွတ်မှာ ၀င်ဝင်ထိုင်တတ်တဲ့ မိန်းကလေး ၄ယောက်လောက်တော့ ရှိတယ်။ အဲဒီ
၎ယောက်လုံးက သိသိသာသာ ချောချောလေးတွေ...။ သူတို့လေးတွေကတော့ မိုးချိုသင်းလေး နဲ့ အပေါင်းအပါတစုပေါ့.. :) ။
အံ့သြစရာ ကောင်းလောက်အောင်ပဲ အဲဒီ ကျမနဲ့ သူတို့ရဲ့ ပထမနေ့မှာကတည်းက သူတို့လေးတွေက ကျမစာသင်တဲ့အပေါ်
ငြိမ်ငြိမ်သက်သက် စိတ်ဝင်တစား တုံ့ပြန်ခဲ့တာပါ။

နောက်နေ့ ဗိုလ်ကျော် ဌာနကိုလာတော့ ကျောင်းသားစာရင်း လူဆိုးစာရင်း.. ကျမကို ပြတယ်။ ကျမက


"သူတို့က ဘယ်လိုဆိုးသလဲဆရာ" လို့ မေးတော့ ဆရာက ရယ်ပြီး "အမေးအမြန်း ထူတာ အတွန့်တက်တာပါ..." တဲ့။
"အမလေး... ဒီလောက်များတော့" လို့ ကျမ ပြန်ပြောဖြစ်ခဲ့သေး။ ဒါပေမဲ့ တချို့ဆရာ ဆရာတွေကတော့ အဲလို
ကျောင်းသားမျိုးတွေကို မကြိုက်တာ ကျမလည်း တွေ့ဖူးပါတယ်။

မှတ်မှတ်ရရ ဘူမိက ကလေးတွေနဲ့ ပတ်သက်ရင် ကျမ တခါ ပတ်ချာရိုက်ဖူးတာ မှတ်မိနေသေးတယ်။


မြန်မာစာအဖွဲ့က အက္ခရာစဉ်စံနစ်တချို့ ပြောင်းလိုက်ပါတယ်။ ဗျည်းတွဲ တူတွေ စဉ်ရာကနေ ဗျည်းအုပ်စုတူ စဉ်တဲ့
စနစ်ပြောင်းလိုက်တာပါ။ ကျမတို့ ဆရာအငယ်တွေ ပတ်ချာရိုက်ကုနပ
်ါတယ်။ ကိုယ်တိုင် သေချာ လေ့ကျင့်ချိန်လည်း မရှိ။
သိပ်လည်း နားမလည်သေး။ အဲလိုနဲ့ ဘူမိတန်းက အမေးအမြန်းထူတဲ့ ကလေးတွေကြားထဲ ကျမ တခါတလေမှာ
ပတ်ချာလည်။ တချို့ကလေးတွေက အဖြေရတာ ကျမထက်တောင် မြန်သေး။ နောက်ဆုံး ကလေးတွေက ရပြီ ဆရာမ..
နောက်မှ ဆက်လုပ်တော့မယ် နော်... စိတ်မပူနဲ့... လို့ ပြန်လျှော့ပေးခဲ့တာ မှတ်မိသေးတယ်။

သူတို့ဆီက အတန်းအပြီးမှာ နောက်အတန်းဆက်တိုက် မရှိတာမို့ သူတို့ စာသင်ချိန်ပြီးပြီဆိုရင်


အတန်းထဲကနေ တအုပ်ကြီး ကျမနဲ့အတူ လိုက်ထွက်လာပြီး ကင်တီးထိုင်ကြတာပါပဲ။ တခါတလေ... သင်ခန်းစာထဲက
ဆွေးနွေးစရာတွေ ကင်တီးမှာ ဆက်ပြောကြ..။ ဥပမာ... သူရဲကောင်း လဂွန်းအိမ်စကားပြေ သင်ပြီး ထွက်လာတဲ့နေ့ဆို
မွန်မြန်မာစစ်ပွဲ ကိစ္စ ဆက်ပြောဖြစ်ကြတာမျိုး..။ တခါတလေတော့ ကဗျာအကြောင်း စာအကြောင်း။ တခါတလေ သူတို့
နှလုံးသားရေးရာတွေအကြောင်း။ သူတို့က မောင်ထူးမြတ်အဖေနဲ့ကလည်း ခင်ကြတော့ တခါတလေ အိမ်ထိ
လိုက်လည်ကြပေါ့။ ကျမနဲ့ ကင်တီးအတူထိုင်နေကျ ပုံမှန်တအုပ်စု ရှိနေတဲ့အထိပေါ့။ များသောအားဖြင့် နယ်ကနေ
ကျောင်းလာတက်တဲ့ ကလေးတွေက မိဘနဲ့ ဝေးနေတာမို့ ကျမနဲ့ ပို နီးနီးနေတယ်ထင်ပါတယ်။

အဲဒီထဲမှာ ထွန်းထွန်းမြင်(့ လပွတ္တာကပါ.. ခုတော့ ဆုံးသွားရှာပြီလို့ ကြားတာပဲ)က စိတ်အပျော့ဆုံး။


ကျမကိုလည်း တော်တော် အားကိုးတယ်။ သူက စခေါ်တာ ကျမကို အမေ... လို့။ (အဲလိုနဲ့ နောက်နှစ် ဘူမိတွေထိ
တချို့ကလေးတွေက ကျမကို အမေ... လို့ လိုက်ခေါ်ကြတော့တာ့)။ အဲဒီ ကျမနဲ့ ဘယ်လောက်မှ အသက်
သိပ်မကွာပါဘူးဆိုတ.ဲ့ . အင်မတန် ဆိုးတယ်ဆိုတဲ့.. ကျမနဲ့ ကင်တီးအတူထိုင်ဖက် ယောက်ျားလေး တွေကပဲ စာမေးပွဲအပြီး
နွေကျောင်းပိတ်ရက် အိမ်ပြန်တော့ မြန်မာစာဌာန ကျဉ်းကျဉ်းလေးထဲက ကြမ်းပြင်မှာ ထိုင်ပြီး ကျမကို ကန်တော့ခဲ့ကြတာ။
ကျမ ခု ပြန်တွေးရင် မျက်ရည်လည်မိတုန်းပါ။ အဲဒီတုန်းကလည်း ကလေးတွေ ကန်တော့တဲ့အချိန်မှာ ဆုပေးရင်း ငိုခဲ့ရတာပဲ။
(အဲဒီလိုကလေးမျိုးတွေကို အများကြီး ကြုံခဲ့ရဖူးလို့လည်း ၂၀၀၃မှာ ဒဂုံတက္ကသိုလ်ရောက်တော့ အဲဒီက ကျောင်းသူ
ကျောင်းသားတွေကို ကြည့်ပြီး ကျမ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရတာပေါ့လေ)။

လှိုင်မှာ တချို့ဆရာမတွေကဆိုရင် ကျမကို ဘူမိဗေဒဌာနကလို့ ထင်တာတောင် ရှိသေးတာ။ ကျမက


ဘူမိဗေဒက ဘောလီဘောပွဲတွေ.. ပိက
ုကျော်ခြင်းပွဲတွေမှာ အမြဲ အသည်းအသန် အော်ဟစ် အားပေး နေတတ်လို့လေ။
(စိတ်ထိခိုက်စရာကောင်းတာက ကျမသင်ခဲ့ရတဲ့ ၄နှစ်ဆက်တိုက် ဘူမိဗေဒတန်းတွေထဲက ကလေးတွေချည်းပဲ ၃ယောက်က
လူ့လောကမှာ မရှိကြတော့ဘူး။ အဲဒီထဲမှာ ကဗျာဆရာဦးတင်မိုးရဲ့ တဦးတည်းသောအငယ်ဆုံးသား၊ ချိုသင်းရဲ့ မောင်လေး
ဥာဏ်မိုးလေးလည်း ပါတာပေါ့။ ဥာဏ်မိုးက ကျမရဲ့ နောက်ပိုင်းနှစ်တွေမှာ သင်ရတဲ့ ဘူမိတန်းက တပည့်ပေါ့.. ကျမ
အင်မတန်ချစ်တဲ့ ကလေးလည်း ဖြစ်ပါတယ်..)။

မှတ်မှတ်ရရ ပြောရရင် အဲဒီ ၉၁ဘူမိတန်းထဲမှာ မိုးသွင်သွင်ကလည်း ကျမနဲ့ အနီးဆုံးကလေးတယောက်ပေါ့။


(သူလည်း ဆုံးရှာပြီ)။ သူ့ကို ကျမက မိုးမိုးလို့ ခေါ်တယ်။ မိုးမိုးက စာရေး သိပ်ကောင်းတယ်။ ကဗျာ သိပ်ကောင်းတယ်။ မိုးမိုးက
ခေါ်လာပြီးတွေ့ပေးလို့ "သုမှူးငြိမ်း" ဆိုတဲ့ နာမည်နဲ့ ၀တ္ထုတိုလေးတွေ ရေးနေတဲ့ သမီးလေးတယောက်လည်း ကျမ
ကောက်ရဖူးတယ်..။ ကျမရဲ့ တကယ့် သမီးနဲ့ အမေလို သူနဲ့ ချစ်ခဲ့တာ၊ ကျမ ဒီဘက်ကို ထွက်မလာခင်ထိ နှစ်ပေါင်းများစွာ..
တိုင်ပင်ဖော် တိုင်ပင်ဖက်။

အဲလိုမျိုးနဲ့ပဲ ကျောင်းပြင်ပလောကကနေ ကျမဆီ လာ လာ လည်တဲ့ ကျမမိတ်ဆွေတွေနဲ့ပါ သူတို့လေးတွေနဲ့


ခင်သွားကြတာမျိုးတွေ ရှိသလိုပဲ တခြားကျောင်းကနေ လာလာလည်တဲ့ သူတို့ သူငယ်ချင်းတွေနဲ့လည်း ကျမနဲ့ တသားတည်း
ခင်သွားရတာမျိုးတွေ ရှိလာတာပေါ့။ အဲဒီမှာ ပြဿနာက သူတို့ရဲ့ RIT က သူငယ်ချင်းတွေကလည်း ကျမအတန်းထဲ ၀င်ထိုင်..
လက်ဘက်ရည်ဆိုင်အတူထိုင.် . ကဗျာစာအုပ် တူတူ ထုတ်ကြ... သူတို့က တီချယ်ကြီးလို့ ကျမကို ခေါ်။ ဆိုတော့
အဲဒီကလေးတွေကို သူများနဲ့ ကျမ ပြန်မိတ်ဆက်ပေးရရင် ခွကျရော.. တပည့်လို့လည်း ပြောမရ.. သူငယ်ချင်းလည်း မဟုတ်။
ဟဲဟ.ဲ . အဲဒီတော့ ကျမက အနိုင်နဲ့ ပိုင်းပြီး ကျမရဲ့ ကလေးတွေလို့ မိတ်ဆက်ပေးရတော့တာပဲ.. (ဟုတ်တယ်မို့လား..
ငထက်ရေ..)။

အဲဒီနှစ်က ဘူမိဗေဒ ကလေးတွေမှာ ထူးခြားတာက စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ရှိတာ။ နောက်


ကျမလုပ်သက်တလျှောက် မှတ်မှတ်သားသားရှိရတဲ့ တပည့်ကလေးတွေကို အဲဒီနှစ် ဘူမိတန်းကနေ စဆုံရတာ။ နေလင်း..
တွတ်ပ.ီ . မိုးဇက်.. ဇော်မိုးမြင်.့ . မိုးသွင်သွင.် . ထွန်းထွန်းမြင့်.. ထူးမြတ်.. ဇော်မင်းအေး... သီဟဇော်... ချိုသင်း.. နိုင်နိုင.် ..
မိချော... ထားထား... အေမီ... သန္တာ...။ တချို့လည်း ကျောင်းမှာပဲ ဆရာ ဆရာမတွေ ပြန်ဖြစ်နေပြီ။ တချို့ ခုချိန်ထိ
အဆက်အသွယ် မပြတ်သေး။ ကျမ ဒီဘက်ကို ထွက်မလာခင် ဆရာဆရာမ ပြန်ဖြစ်နေတဲ့ ကလေးတွေနဲ့ မိန်းထဲမှာတွေ့ကြရင်
သူတို့က ကျမကို ခုထိ ရိုရိုသေသေ ရှိတုန်း.. သိပ်ချစ်စရာကောင်းတဲ့ ကလေးတွေပါ။ (အဲဒီနှစ် ကျောင်းပြန်အဖွင့်မှာ ကျောင်း
ဆက်မတက်တော့လို့ တပည့်မဖြစ်လိုက်ရတဲ့ ဘူမိဗေဒ ကျောင်းသားက မျိုးကျော့မြိုင် ပေါ့ .. နောက်ပိုင်း သူနဲ့ ကျမ တွေ့ပြီး
ခင်သွားတော့တောင် သူက ကျမကို သူ့သူငယ်ချင်းတွေရဲ့ ဆရာမ.. ဂျီအော်လော်ဂျီရဲ့ ဆရာမအနေနဲ့ ဆက်ဆံတာ)။ အဲဒီ
၉၁ကနေ ပထမနှစ် ဒုတိယနှစ် ဘူမိတန်းတွေကို အလျဉ်းသင့်သလို ၀င်သင်ရတာ စလိုက်တာ ၉၅ ထိ တောက်လျှောက်ပါပဲ..။
အဲဒီနှစ်တွေမှာလည်း ဘူမိနဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ ကြုံခဲ့ရတာ အပုံပေါ့။

တခု စိတ်မကောင်းစရာ ကောင်းတာက အဲဒီတုန်းက ကျမက အသက် ၂၆.. သူတို့လေးတွေက ၁၉.. ၂၀..။
ဆိုတော့ သူတို့လေးတွေနဲ့ ကျမက အသက် ၆နှစ်ကျော် ၇နှစ်လောက်ပဲ ကွာတာမို့ တချို့က ကျမနဲ့ သူတို့လေးတွေကြားက
သံယောဇဉ်ကို နားမလည်တာပါပဲ။ ဒါကို ကျမက ဂရုမစိုက်တတ်ပေမဲ့ ဆရာနဲ့ တပည့်ကြားက မိသားစုဆန်တဲ့
မေတ္တာတရားဆိုတာကိုတော့ နားလည်တတ်ကြစေချင်တာပါ။ ဒါနဲ့ပဲ သူတို့လေးတွေအကြောင်း ၀တ္ထုတိုလေးတပုဒ်
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ ရေးဖူးပါသေးတယ်။ (ကျမဆိုးတာတခုကတော့ ကာယကံရှင်တွေကို မပြောဘဲ
သူတို့နာမည်ရင်းတွေနဲ့ ရေးခဲ့တာ.. သူတို့ခမျာ ဘာမှမပြောရှာပါဘူး)။ ၀မ်းသာစရာကောင်းတာကတော့ အဲဒီ ၀တ္ထုလေး
ဖတ်ပြီးတော့ ကျမအနားက ဆရာဆရာမတွေက ကျမ ရည်ရွယ်တာကို နားလည်ပြီး ကျမရဲ့ မျောက်ကလေးတွေကို
သဘောပေါက် သွားပါတယ်။ အခု အဲဒဝ
ီ တ္ထုလေး တင်ပေးလိုက်ပါတယ်။

တကယ်တမ်းကျတော့ အဲဒီ ၁၉၉၁ မေမှာ ပြန်ဖွင့်တဲ့ အတန်းက စာသင်ချိန် ၂လတည်းရပြီး ဇူလိုင်လမှာ


စာမေးပွဲ စစ်လိုက်တာပါ။ အဲဒီ နှစ်လတာကလေးသာ စာသင်လိုက်ရပေမဲ့ ခုချိန်ထိ တသက်လုံး အဲဒီ ကလေးတွေနဲ့ ကျမ
ဆက်စပ်နေခဲ့ကြတာ ၁၇နှစ်ရှိပြီ။ ခုနောက်ပိုင်းခေတ် ဆရာတပည့် ယဉ်ကျေးမှုထဲမှာတော့ ရှားရှားပါးပါး တန်ဖိုးရှိမှုတခုလို့
ကျမကတော့ ခံစားရပါတယ်။

၁၉၉၁ မေမှာ ပြန်ဖွင့်တဲ့ တက္ကသိုလ်တွေက ဒီဇင်ဘာလထိသာ ခံလိုက်ပြီး ထပ်ဖြစ်လာတဲ့ အန်တီစု


နိုဗယ်ဆုရတဲ့ အထိမ်းအမှတ် ကျောင်းသားလှုပ်ရှားမှုကြောင့် ပြန်ပိတ်လိုက်ရပြန်ပေမဲ့ ကျမအတွက်ကတော့ ပြောစရာတွေ
အများကြီး ရှိခဲ့ရတဲ့ နှစ်ပါပဲ။

အမေတစ်ယောက်ရဲ့ ရင်ခုန်သံ

အမေ
ကျွန်တော် ကန္တာရ မိုးရေတစ်စက် သောက်မိခဲ့ပြီ။
သား - နေလင်း

ထိုစာကို သားနေလင်း၏လက်ရေးဖြင့် ဖတ်လိုက်ရသောအခါမှာ မျက်ရည်တို့ပင် လည်လာခဲ့ရသည်။


ဘာပဲဖြစ်ဖြစ်... သားနေလင်း၏ အသိအမှတ်ပြုမှုကို ခံစားရတာကိုပဲ ကျမက ကျေနပ်သွားခဲ့ပြီ။ တွေ့ရင်
ဆူပစ်လိုက်ဖို့တွေးထားသမျှတို့ ပျောက်ကာ “ဒါမျိုးတော့ အတော် တတ်တဲ့ ကောင်လေး” ဟု ရေရွတ်ကာ
သားအပေါ် ခွင့်လွှတ် ဖြစ်ခဲ့ပြီ။

ကြည့်စမ်း... ဒါဟာ အမေပဲမဟုတ်လား။ ဒါဖြင်.့ .. အဲဒသ


ီားရဲ့ အမေအရင်းကရော ဘယ်လို
ခံစားနေမလဲ...။ အဲသလိုပဲ... ကျမမွေးထားရတဲ့ သားအရင်းနဲ့ ပတ်သက်လာရင်ကော ကျမ ဘယ်လို
ခံစားလိမ့်မလဲ...။ ဒါပေမဲ.့ .. သေချာတာကတော့ ကျမက ခွင့်လွှတ်အားကြီးတဲ့ အမေတစ်ယောက်တော့
ဖြစ်နိုင်ခြင်းပင်။

ကျမသည် လူကြီးများနှင့်ပတ်သက်လျှင် ခွတ်မလွှတ်နင


ိုခြင်း များပြားသလောက်... လူငယ်များ
ကလေးများနှင့် ပတ်သတ်လျှင်မူ ခွင့်လွှတ်လွယ်လွန်းသူ ခွင့်လွတ်နိုင်လွန်းသူသာ ဖြစ်ပါသည်။

ကျမ၏မောင်နှမအပါအဝင် ကျမ၏ရင်သွေး သားကလေးနှင့်တကွ ကျမ၏တပည့်များအားလုံးကို ကျမ


အမြဲတမ်း ခွင့်လွှတ်လွယ်ခဲ့သည်။ ကျမ၏ လက်အောက်ငယ်သားလေးများ စိတအ
် နှောက်အယှက် ဖြစ်မည်ကို
ကျမ မကြည့်နိုင်ပါ။ ခင်ပွန်းသည်ကတော့ “ဒါဟာ ခေါင်းဆောင်ကောင်းရဲ့ လက္ခဏာ မဟုတ်ဘူး...
ခေါင်းဆောင်ကောင်းဆိုတာ အကောင်းကို ညွှန်ပြရသလိုပဲ စည်းကမ်းနဲ့ပတ်သက်ရင်လည်း တင်းကျပ်
တိကျရတယ်”ဟု ပြောဖူးသည်။

ကျမကတော့ ကလေးတွေကို ချော့ပြောရတာပဲ သဘောကျသည်။ ဒါကြောင့်ပဲ ဖြစ်ပါလိမ့်မည်။


ကျမကို ကျမ၏မောင်ငယ် ညီမငယ်များနှင့် တပည့်များက ချစ်ခင်ကြ၏။ တကယ်တော့ သူတို့အချစ်ခံရဖို့
ရည်ရွယ်ခဲ့ခြင်းတော့ မဟုတ်ပါ။ ကျမကိုယ်တိုင်ကိုက နူးနူးညံ့ညံ့ ဖေးဖေးမမ အပြောခံရတာကို သဘော
ကျခြင်းကြောင့်သာ ဖြစ်သည်။ ပြီးတော့ ကျမ၏ဝမ်းနှင့်လွယ်မွေးရသည့် သားကို ချစ်ခဲ့ရပြီး နောက်ပိုင်း မှာတော့
ကျမ ကျမ၏တပည့်များကို ကျမ၏ဝမ်းနှင့် လွယ်ေ မွးရသော သားသမီးများလို သဘောထားကာ
ချစ်နိုင်ခဲ့ခြင်းကလည်း ကျမ၏ခွင့်လွတ်နိုင်စွမ်းအားကို ပိုများစေခဲ့တာဖြစ်သည်ဟု ကျမက ယူဆသည်။

သားကလေးနှစ်လသားမှာ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ကျမ ယူရသည့် အတန်းက ဘူမိဗေဒ


ပထမနှစ် ဖြစ်သည်။ ယောကျာ်းလေး ဦးရေ၂ဝဝ၊ မိန်းကလေးဦးရေ ၂၅ ယောက်။ ယောက်ျားလေးများသော
မေဂျာမို့ ခပ်ဆိုးဆိုးကိုင်တွယ်ရမည်ဟု အားလုံးက မှတ်ချက်ချသော အတန်း လည်း ဖြစ်သည်။ ကျမကတော့
ကျမရှေ့မှာထိုင်နေကြသော အရပ်ရှည်ရှည်ထွားထွားကြီးများနှင့် မျက်နှာကျတော့ နုနုကလေးသာရှိကြသော
တပည့်များကို ကြည့်ကာ... ကျမ၏ သုံးလသား သားကလေးနှင့် ထပ်တူပင် မြင်နေမိသည်။ တကယ်လည်း
ကလေးတွေလို ပျော်ရွှင်လွယ်ကာ... တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်ရင်းနှီးကြသော အပြစ်ကင်းသည့်
လူငယ်လေးတွေပါ။ ထို့ကြောင့်ပင် သူတို့နှင့် ကျမက အဆင်ပြေလွယ်နိုင်ခဲ့သည်။ သူတို့ကို ကျမက သားသမီးလို
သဘောထား၏။ သူတို့က လည်း ကျမကို အမေလို သဘောထား၏ ။

အဲသည့်စာသင်နှစ်မှာ အံ့သြစရာကောင်းလှစွာပင် ကျမနှင့် ထိုဘူမိဗေဒ ကလေးများနှင့်


တသားတည်းကျကာ ထိုစဉ်က ကျမ၏ လုပ်သက် ခုနစ်နှစ်အတွင်း အဆင်ပြေဆုံး... ပျော်စရာ အကောင်းဆုံး
စာသင်နှစ် ဖြစ်ခဲ့သည် ။

ကျမ၏ဆရာမ ဘဝတသက်တာ အမှတ်တရ တပည့်သားသမီးများစွာရှိသည့်အထဲမှာတော့


သားနေလင်းက အထင်ရှားဆုံး စာရင်းထဲမှာ ပါဝင်ခဲ့ပါသည်။ ကျမကိုက လိမ်မာသော ကလေးထက်
ဆိုးသည်ဆိုသောကလေးတွေကို အမှတ်တရရှိမိတာလည်း ပါပါလိမ့်မည်။ သားနေလင်းကို ဆိုး
သည်ဟုပြောကြတော့ ကျမမှာ သူ့ကို ဆက်ဆံဖို့ အတော်အားတင်းခဲ့ရတာ မှတ်မိသေးသည် ။

တကယ်တမ်းကျတော့ ကျမရဲ့သားနေလင်းက လူငယ်ပီပီ မဟုတ်မခံ၊ မှန်တာပြော၊ လွတ်လပ် ပေါ့ပါး၊


ထက်မြက် တက်ကြွ၊ ပျော်ပျော်ပါးပါး နေတတ်ပြီး တဘက်မှာတော့ လူကြီးသူမကို ရိုသေရ ကောင်းမှန်း သိသော၊
နာခံတတ်သော၊ သူ့အမှားကို သူတာဝန်ယူ တတ်သော အရည်အချင်းရှိသည့် ကလေးသာ ဖြစ်နေခဲ့သည်။
သိုပေမဲ့ အမှန်တရားကိုက ခါးသက်သည်မို့ သားနေလင်းကို ဆိုးသည်ဟု အလွယ်တကူ အမည်တပ်ခဲ့ကြခြင်း
ဖြစ်ပါလိမ့်မည်။

ကျမကတော့ မေတ္တာပေးခြင်းဖြင့် မေတ္တာသာပြန်ရနိုင်သည်ကို ယုံကြည်လှသူသာ ဖြစ်ပါသည် ။

အဲသည့်နှစ်မှာတော့ဖြင့် ကျမက သားဆိုးတွေ အများကြီးရခဲ့သည်ဟုပင် ဆိုရပါမည်။


တကယ်စစ်စစ်မှာတော့ အလွန်ချစ်စရာကောင်းသော ထက်မြက်သည့် ကလေးတွေသာ ဖြစ်ပါသည်။
အဲသည့်ထဲမှာမှ ကျမအပေါ်ချစ်ခင်လေးစားသော၊ ကျမဆုံးမသမျှကို ခွန်းတုံ့မပြန် နာခံတက်သော
ကျမဆဲဆိုသမျှ မနာဘဲ ရယ်နေတတ်သော၊ တခါတရံ ကျမ မဆုံးဖြတ်နိုင်သည့် အရေးအရာပြဿနာ တို့ကိုပင်
ကူညီစဉ်းစားပေးတတ်သော၊ ကျမသဘောကျ စာဖတ်နာသော သားနေလင်းကိုတော့ ကျမကိုယ်တိုင်က
မွေးထုတ်ထားရသော သားလိုပဲ မြင်ခဲ့သည် ။

ကျမ ကလေးတွေ မူးလို့... ဖဲရှုံးလု.ိ့ .. အသည်းကွဲလ.ို့ .. ဘာဖြစ်လို့ ညာဖြစ်လို့တွေအပေါ် ကျမပူပန်လို့ ။


ကိုယ်တိုငမ
် မြင်ဖူးသော သူ့အမေနှင့်ထပ်တူ ကိုယ်ချင်းစာ ခံစားခဲ့၏ ။

အဲသည့်နှစ်မှာပဲ... ကျော်သီဟ၊ ဇော်မိုးမြင့်၊ မိုးဇက်၊ ထွန်းထွန်းမြင့်၊ မိုးသွင်သွင် တို့လို


တစ်ယောက်တစ်မျိုး ထူးခြားသည့် ကလေးတွေကိုလည်း ကျမက ကျမသားနှင့်ထပ်တူ မြင်ခဲ့တာပါပဲ ။

ကျော်သီဟကျတော့ လူကြီးလေးလို စကားပြောတတ်လို့

ဇော်မိုးမြင့်ကျတော့ ရိုးရှင်းလို့

မိုးဇက်ကျတော့ ကျမကို အမြဲတခုတ်တရ နှုတ်ဆက်တတ်လို့

ထွန်းထွန်းမြင့်ကျတော့ ချွဲတတ်လို့
မိုးသွင်သွင်ကျတော့ အနေရှင်းသလောက်... ကျမကိုတော့ အထူးချစ်ခင်လေးစားကာ ရိုသေလု.ိ့ ..
အများကြီးပါပဲ... ချစ်စရာကလေးတွေ။ အနေအေးပြီး ကျမနဲ့ဝေးသော်လည်း ကျမအပေါ် ဂါရဝရှိသော
ကလေးတွေကိုလည်း ကျမ အမြဲ အမှတ်ရပါသည်။

အဲသည်ကလေးတွေ ပထမနှစ်အောင်ပြီး... ဒုတိယနှစ.် .. တတိယနှစ.် .. နောက်ဆုံးနှစ်...။

ကျမဘဝတလျှောက်မှာတော့ ပထမနှစ်ပြီးသွားလျှင် ထိုပထမနှစ်တုန်းကဆရာမကို မေ့ပစ်လိုက်


တတ်သော တပည့်များ၊ မေ့မသွားလျှင်သော်မှ အလှမ်း ဝေးသွားသော တပည့်များသာ တွေ့ခဲ့၏ ။

ခု ဘူမိဗေဒ(၁၉၈၈-၉၃) ကလေးများကတော့ သူတို့ဘယ်နှစ်တန်းရောက်ရောက်... ကျမထံ


အလည်လာမပျက်။ မုန့်အတူစားဖို့ မမေ့မလျော့ ခေါ်မပျက်။ ပြီးတော့ ကျမချစ်သောသားများက ကျမကို အမေတဲ့

အသက်သုံးဆယ်ပင်မပြည့်ချင်သေးသော မိန်းမတစ်ယောက်အနေဖြင့် ကိုယ့်ထက် ခြောက်နှစ်


ခုနစ်နှစ်ထက် ပို မငယ်သောလူငယ်များ၏ အမေတစ်ယောက်အနေဖြင့် ကိုယ့်ထက် ဘယ်လောက်မှ
မငယ်လှသော လူငယ်များ၏အမေတစ်ယောက် ဖြစ်ခွင့်ရခြင်းအပေါ် ဘယ်လို သဘောထားမလဲ... ကျမ
မတွေးတတ်ပါ ။

ကျမကတော့ အဲဒီလို အမေဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူကျေနပ်စွာ မျက်လုံးများစွာကို ဖြတ်ကျော်


အောင်နိုင်ခဲ့ပါသည် ။

သူတို့ကလေးတွေက ကျီးကန်းတွေလိုပဲ ညီညွတ်ကြ၏။ တစ်ယောက်ထိလို့ကတော့ ဝိုင်း ‘အာ ’လို့


မဆုံးကြတော့။ တကယ်တမ်းကျတော့ဖြင့် ရက်စက်ရိုင်းစိုင်းလွယ်ကြသူတွေလည်း မဟုတ်ကြပြန်။ ပြီးတော့
လိုအပ်လျှင် ဖြေရှင်းရဲသော သတ္တိတော့လည်း ရှိကြ၏။ သူတို့က ‘ကျနော်တို့က ဆိုးတာပါ အမေရ...
မိုက်ရိုင်းတာမဟုတ်ဘူး’ ဟုလည်း ပြောတတ်၏ ။ ကျမကတော့

သားယောက်ျားလေးဆိုတာ ထက်မြက်ရမယ်.. ရဲရင့်ရမယ်.. အမှန်တရားကိုပဲ ရွေးရမယ်..


လွတ်လပ်ပေါ့ပါးရမယ်.. လောကမှာ အားလုံးကို သိထား ကြုံထားဖူးရမယ်ဟု ခံယူထားသူမို့ သားတွေကို
ထောက်ခံတာပါပဲ။ ကျမကတော့ ကျမသားကိုပင်... သိပ် မချုပ်ချယ်(မထိန်းချုပ်)ဘဲ လွတ်လွတ်လပ်လပ်
ကြီးပြင်းစေသူ ဖြစ်ပါသည်။ ပြီးတော့ “ဆိုးတဲ့ကလေးဟာ တချိန်မှာ လိမ်မာဖို့ပဲရှိတော့တယ်” တလျှောက်လုံး
လိမ်မာတဲ့ ကလေးသာ ဘယ်အချိန်ဆိုးမလဲ ပူရပြီးတော့ မတွေ့ဘူး မှုးမြစ်ထင်မှာစိုးရတယ်" ဟု ကျမက
ယုံကြည်ပြန်ရာ ကျမ၏အမြင်မှာတော့ သားများက ဘယ်လိုမှ လူဆိုးမဖြစ်တော့ပေ။ ကျမက
သိပ်စိတ်တိုလာရင်တော့ သူတို့ကို "မျောက်တွေ" ဟုသာ ဆဲရေးဖြစ်သည်။ တကယ်ပဲ မျောက်ကလေး တွေလို
စပ်စပ်စုစု စူးစမ်းပြီး အငြိမ်မနေနိုင်ကြသည့်သတ္တဝါကလေးတွေပဲ မဟုတ်လား ။

ကျမကတော့ အဲသည့် မျောက်ကလေးတွေနှင့်ပတ်သက်လျှင် ဘိနပ်ပျောက်တာအစ


ရည်းစားကွဲတာအထိ သိရနေကျမို့ သူတို့ကလည်း ကျမကို အမြဲအတိုင်အတောလုပ်တတ်ကြသည် ။

ဆရာမ... ဘယ်သူတော့ဘာဖြစ်ပြန်ပြီ... ဟူသော အတိုင်စကားလုံးတွေကို အမြဲကြားနေရကျ။


တကယ်တော့ ဘယ်လောက်မှ ကြီးမားသော အပြစ်များတော့မဟုတ်။ ကျမကလည်း အမြဲပဲ
ကူဖြေရှင်းပေးနေကျ။ သူတို့များ အောင်စာရင်းထွက်လျှင် ကျမမှာ ပြေးကြည့်ရတာအမော...။ သူတို့
ဂုဏ်ထူးထွက်လျှင် ကျမ စွေ့စွေ့ ခုန်ပျော်ရသလို သူတို့နာမည်မပါတော့လည်း ကြွေးကျန်သလား... ကျသလား
ပူရတာ... ။
ဒါတွေ သူတို့ကတော့ အလုံးစုံ သိမည်မထင်။ သိဖို့လည်း မလိုလှပါ။ လိုအပ်သည်က ကျမ၏
နိုင်စွမ်းသလောက်သော မေတ္တာတရားဖြင့် သူတို့ကလေးတွေ စိတ်ချမ်းသာဖို့... ဘဝမှာနေပျော်ဖ.ို့ .. အရာရာ
အောင်မြင်ဖို့ပဲ မဟုတ်လား ။

ကျမကို အမေလု.ိ .. မိတ်ဆွေလို... ညီအစ်ကိုလ.ို .. တိုင်ပင်ရင်ဖွင့်တတ်သော သူတို့လေးတွေ...


ပင်မတက္ကသိုလ်ထဲ ရောက်သွား...။

“အမေရေ... ဘယ်သူတော့ စွံသွားပြီ”

“ဘယ်သူတော့ ဘယ်လောက်ကဲနေတယ်”

“ဘယ်သူ အတန်းမတက်ဘူး”

“ဘယ်သူရယ်... ဖဲတွေချည်း ရိုက်နေလို့”

“ဘယ်သူ အရက် အရမ်းသောက်နေလို့”

“ဘယ်သူ အသည်းကွဲလ”ို့ ဆိုသောစကားများကတော့ ကြားနေရဆဲ။ ကျမကလည်း အဲလိုအသံတွေ


ကြားနေရခြင်းမှာပဲ သာယာ နာပျော်သူ ။ ငါ့သားသမီးတွေ ငါ့ကိုမမေ့ကြသေးဘူးပေါ့ ။

ပြီးခဲ့တဲ့အပတ်ကတော့ သားနေလင်းက

“အမေ... ကျနော်တို့လည်း နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီ... အချိန်ယူစဉ်စားခဲ့တဲ့ ကိစ္စတွေ


လုပ်မှထင်တယ်”ဟု ပြောခဲ့သည်။သူ့ မျက်နှာကိုကြည့်တော့ ရှက်စနိုးရိပ်ဖြင့် ရယ်ဟဟ။ “အမယ်..
ဘာတွေတုံးဟဲ.့ .. ” ဟု ကျမကပြောမှ “ရည်းစားထားတော့မလု.ိ့ .. အမေရေ့”ဟု ပြောသည်။

“ အမယ်.... ” ဟုရေရွတ်ပြီး ကျမက တဟားဟား ရယ်တော့ သားက မျက်နှာတွေ နီလို့ ။


အတူပါလာသော သား ကျော်သီဟက “တကယ်... အမေရဲ့” ဟု ထပ်ပြောမှ ကျမက အရယ်ရပ်ကာ “အေးပါ...
ဟုတ်ပါတယ်... ဒါပေမဲ့ နင်တို့ကြည့်ရတာ ရည်းစားထားမယ့်သူနဲ့မတူဘဲ စာမေးပွဲဖြေမယ့် သူတွေနဲ့ တူနေလို့”
ဟု ရယ်သွမ်းသွေးမိသည် ။

“အမေမသိလ.ို့ .. အမေ့သားနေလင်း... ကောင်မလေးအဆောင်ရှေ့ သွားသွားကြွေနေတာ...


ကံကောင်းလို့ နမိုးနီးယား မဖြစ်တာ” ဟုလည်း သား ထွန်းထွန်းမြင့်က ထပ်ချွန်သည် ။

ကျမကတော့ ရင်ထဲမှာ... “အမယ် ငါ့သားက ချစ်တတ်နေပြီပ”ဲ ဟု ရေရွတ်မိသေးသည်။


ကိုယ့်တုန်းကဆို ခု သူတို့အသက်မှာ အိမ်ထောင်သည်ပင် ဖြစ်ခဲ့ပြီ မဟုတ်လား ။

သားတွေကတော့ ပျော်လ.ို့ .. ကြည်နူးလို့၊ ကျမကတော့ သားတွေ ငါ့ကိုမေ့ရောပေါ့၊ ဒါဖြင့်... သူတို့ရဲ့


မွေးအမေတွေကိုရော...။ ကျမရင်ထဲမှာ ဟာတာတာ ဖြစ်သွားသေး၏။ တကယ်တော့ သားသမီး ဆိုတာဟာ
မိဘရင်ကို စုံကန်ထွက်သွားကြမယ့်သူတွေပဲဟု ဖြေတွေးမိသေး၏။ သို့ပေမဲ့ ပျော်နေမည့် သားတို့မျက်နှာကို
မြင်ယောင်တော့လည်း ကျေနပ်သားပင် ။

သားက သူ့မိန်းကလေးဘယ်သူဆိုတာကို ပြောပြတော့ ကျမမှာ ပိုလို့ပင် စိတ်ကြည်နှုးရသေး၏။


အင်မတန် အေးချမ်းလိမ်မာခြင်းဖြင့် ပြီးပြည့်စုံသော ပြီးတော့ သူစိမ်းထဲကမဟုတ်ဘဲ သားရဲ့အတန်းဖော်၊ ကျမ၏
သမီးတစ်ယောက်လည်းပဲ ဖြစ်ပြန်သည်။

“ကောင်းတယ်... ဒါမှ မင်း လိမ်မာမှာ”


ကျမ၏ကောက်ချက်ကို သားက သဘောတကျ ပြုံး၏။ ပြီးတော့“ မသေချာသေးပါဘူး အမေရ...” ဟု
မပွင့်တပွင့် ပြော၏။ ဟော... ကျမက စိတ်ပသ
ွူားရပြန်သည်။ ဟုတ်ပ... တော်ကြာငြင်းလိုက်မှ
ငါ့သားအသည်းကွဲရဦးမှာ... ဒုက္ခ... ဟု တွေးပြီး စိုးရိမ်နေမိပြန်သည် ။

နောက်တော့သားတွေပျောက်နေကြသည်။ ကျမမှာကလည်း ကိုယ်ရေးကိုယ်တာကိစ္စတွေ


အလုပ်တွေများလို့... သားတွေနှင့် အဆက်ပြတ်လို့ ။

နောက်တော့... သားနေလင်းက ကောင်မလေးကို ပရိုပို့စ်လုပ်တာ... နောက်... မထင်မှတ်ပ.ဲ ..


လက်ခံအဖြေကို ပြန်ရတာ...။ သားက သိပ်ပျော်နေတယ်ဆိုပ.ဲ ..။ သူ့မှာရည်းစားကလေးကို
ဘယ်လိုထားရမှန်းတောင် မသိလောက်အောင် တန်ဖိုးထား မက်မောလို့ ... အရူးအမူးပျော်လ.ို့ .. တဲ့ ။

“အမေ့သားနေလင်းတော့ ပျော်လို့ဆိုပြီး ညလုံးပေါက် ကောင်မလေးအဆောင်ရှေ့ ဂစ်တာတီး...


မအိပ်မစားနဲ့အမေ... စာလဲမဖတ်ဘူး” တိုင်တောသံတွေ ထူလာပြန်သည်။

“ဒီကောင်လေးဟာ... ဒါ... အဲလောက် ဖြစ်စရာလား” ဟု ကျမ မာန်လိုက်သည် ။ ကျမက သားတွေကို


Mature ဖြစ်စေချင်သည်။ တကယ်တော့ကျမ မတရားတာ... အတိတ်ကို မေ့သွားတာပါ ။

နောက်တော့... ကျမဆီ အကြာကြီး မလာဘဲ သားက ပျောက်နေပြီး အပျော်တွေ


လွန်ကဲနေသည်ဆိုသော သတင်းတွေ ကြားလာသည်။ အားလုံးပေါင်း ဆယ်ရက်လောက် ထင်ပါရဲ့...
သားနေလင်းနှင့် ကျမ အဆက်ပြတ် သွားတာ ။

တရက်တော့... သားဆိုးပုံက သူ့ကောင်မလေး၏စိတ်ကို ထိခိုက်စရာဖြစ်သွားသည်ဟူသော သတင်း


ကျမဆီ ရောက်လာသည်။ အဲဒီသတင်းမှာ ကျမကိုယ်တိုင်လည်း စိတ်ဆိုးသွားရသည်။ သည်တော့
လူကြုံများစွာနှင့် အဲသည့်နေ့မှာ “နေလင်းကို ပြောလိုက်စမ်း... ဆရာမက သိပ် ဆူချင်နေတယ်လ”ို့ ဟု
မှာမိတော့သည်။ အဲသည်နေ့ရဲ့ ညမှာပဲ ဖြစ်သည် ။ သားနေလင်းရဲ့ “အမေ... ကျနော် ကန္တာရမိုးရေ တစ်စက်
သောက်မိခဲ့ပြီ” ဟူသော စာကလေးကို ဖတ်ခဲ့ရတာ။ ကျမသားရဲ့ ကျမအပေါ် မမေ့မလျှော့မှုအတွက်
ကျေနပ်ပီတိ ရှိသွားရတာ...။ သားရဲ့ အမေရင်းကို သား မေ့မနေမှာကိုလည်း သဘောပေါက်
ကျေနပ်သွားရတာ...။ ပြီးတော့ ကျမသား တကယ့်အချစ်ကို တွေ့ခဲ့ပြီ။ ထိုအခါမှာတော့ သားနေလင်းအတွက်
ကျေနပ်စွာ... ကျမ စိတ်ချလက်ချဖြစ်သလို ပေါ့ပါးသွားရသည်။ ပြီးတော့.. ကျမ ဝမ်းနှင့် လွယ်ကာ
မွေးထုတ်ခဲ့ရသော သားနှင့်ကျရင်လည်း ကျမ ခုလို ကိုယ်ချင်းစာ ပီတိဖြစ်တတ်လျှင် ကောင်းမည်ဟုလည်း
တွေးမိသေးသည်။ သည့်အတွက်တော့ဖြင့် သိပ် စိတ်ပူစရာလိုမည်မထင်။ ကျမက ခွင့်လွှတ်လွယ်သော အမေပဲ
မဟုတ်လား ။

ကျမ ဆုတောင်းနေမိသည်။ ကျမ၏သားသမီးများအားလုံး ဘဝမှာ အချစ်ရေးမှအစ... အစစ အရာရာ


စိတ်ခံစားချက်များတွင်... ကန္တာရမိုးရေစက်များစွာ သောက်သုံးကြရပါစေ... လို့ပေါ့ ။

“ချစ်သော သားများနှင့် သမီးများသို့ အမှတ်တရ”

(၁၉၉၄-၉၅ ရန်ကုန်တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း)


မြသီလာအလွမ်းပြေ (၁၈)

မြသီလာအကြောင်း တွေးသမျှ ရေးရသမျှ လွမ်းစရာ တမ်းတစရာတွေဆိုပေမဲ့ ရင်နာရတာတွေလည်း


အများသားမို့ ဆက်မရေးချင်တော့ဘဲ ဖြစ်ဖြစ်နေတာ ခဏခဏပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ဘ၀ရဲ့အကောင်းအဆိုး
အကြောင်းအကျိုးတွေက မြသီလာနဲ့ ခွဲမရ..။ တကယ်တော့ ကျောင်းသားတိုင်းရဲ့ ဘ၀တွေကိုက မြသီလာရဲ့ ကံကြမ္မာနဲ့
တထပ်တည်း ကျနေရတာပါ။ မြသီလာ သာမှ... မြသီလာ လှမ.ှ .. မြသီလာ ကောင်းမှ... မြသီလာ ငြိမ်းချမ်းမှ ..
ကျောင်းသားလူငယ်အရွယ်တွေရဲ့ ဘ၀ ဘ၀တွေကလည်း သာမှာ.. လှမှာ.. ကောင်းမှာ.. ငြိမ်းချမ်းမှာ မဟုတ်လား...။
ဒါကြောင့်ပဲ ဆရာအောင်ပြည့်ရဲ့

မြကျွန်း...
သာနေပါ၏။
စိုနေတဲ့ ခေါင်းအုံးလေးနဲ့
ရှိုက်သံတွေ
ဘယ်မှာ ဖွက်ထားခဲ့သလဲ.. ပြော။

ဆိုတဲ့ ကဗျာလေးကို ကျမ ငြိခဲ့တာ။

တခါတလေ.. ကျမက အတိတ်နဲ့ ပတ်သက်ရင် အတိတ်မေ့ရောဂါ (Amnesia) ဖြစ်ချင်မိတယ်။ ဥပမာ..


၁၉၉၁ ထဲမှာဆိုရင် ဘ၀အမောထဲ ပင်ပင်ပန်းပန်း လက်ပစ်ကူးခဲ့ရတဲ့ အချိန်တွေကို အတိတ်မေ့ချင်တယ်..။ ကျောင်းကင်တီးထဲ
ကျောက်ခေတ်ဆိုတဲ့ အအေးဆိုင်လေး ဖွင့်ခဲ့ဖူးတာကိုလည်း မေ့ချင်တယ်..။ ကိုယ့်လခက သားလေးရဲ့ တလစာ
နို့မှုန့်ဗူးဖိုးတောင် အနိုင်နိုင်ရှိခဲ့တာကို မေ့ချင်တယ်...။ ကျူရှင်သင်ရတာကို ကလေးတွေရဲ့ ပိုက်ဆံတွေအတွက် အားနာပြီး
မသင်ခဲ့တဲ့အတွက် စားဝတ်နေရေးအတွက် အမြဲ ပူပန်နေခဲ့ရဖူးတာကို မေ့ချင်တယ်..။ ဆင်းဆင်းရဲရဲ ဆရာမမို့
တချို့သောကျောင်းသား ကျောင်းသူတွေက မခန့်လေးစား လုပ်တာမျိုး ရှားရှားပါးပါး ကြုံရဖူးတာတွေကို မေ့ချင်တယ်။
သားကလေး တဘက်.. အလုပ်တာဝန်တွေ တဘက်ကြားက စိတ်လည်း ချမ်းသာ ၀င်ငွေလည်းရတဲ့ လုံးချင်းဝတ္ထုရေးတဲ့
အလုပ်ကို အချိန်ယူပြီး ပင်ပင်ပန်းပန်းလုပ်ခဲ့ရလို့ အိပ်ယာထဲ တလလောက် ပစ်လဲသွားခဲ့ဖူးတာကိုလည်း မေ့ထားချင် တာပါပဲ။
ပြီးတော့ မြသီလာနဲ့ပဲ ဆက်နွယ်နေခဲ့တဲ့ အနာတရတချို့ကလည်း မေ့ထား ချန်ထား ခဲ့ချင်တဲ့အထဲ ပါခဲ့တာပေါ့လေ။

ဒီတော့ မြသီလာရဲ့ အချိန်ကာလတွေနဲ့ ပတ်သက်ရင် ရှေ့မှာပြောခဲ့သလို ကိုယ့်အပေါ် မေတ္တာထားတာ


သက်သက်နဲ့ အနားမှာ ရှိခဲ့ကြတဲ့ တပည့်လေးတွေအကြောင်းပဲ သတိရချင် တယ်။ ဆရာကန်တော့ပွဲတွေ ခမ်းနားအောင်
အပြိုင်အဆိုင်လုပ်ကြပြီး တကယ့်ကို ရိုရိုသေသေ ထိုင်ကန်တော့ကြတဲ့ အဲဒီတုန်းက တက္ကသိုလ် ကျောင်းသားကျောင်းသူလေး
တွေကိုပဲ သတိရချင်တယ်။ (၂၀၀၃ခုနှစ်မှာ ဒဂုံတက္ကသိုလ်ရောက်တော့ ဆရာကန်တော့ပွဲကို ဆရာဆရာမတွေက အစဉ်အလာ
မပျက်စေချင်လို့ တိုက်တိုက်တွန်းတွန်းနဲ့ စီစဉ်ကြရတာ တဲ.့ .။ ကန်တော့ပွဲ လုပ်ဖို့ အလှူငွေကို ကျောင်းသားတချို့ဆီက
ကြိုးစားပမ်းစား ကောက်ရတယ် တဲ့.. ကျမ ရှက်နေခဲ့မိဖူးပါတယ်)။ ပြီးတော့ တပည့်တွေနဲ့ အတူတူ မရှိအတူရှိအတူ
မုန့်ဆိုင်ထိုင်ကြတာတွေ.. စာအကြောင်း ပေအကြောင်း ထွေရာလေးပါး ပြောကြတာတွေ.. ကဗျာစာအုပ် ထုတ်ကြတာတွေ...
အဲဒါတွေကိုပဲ ပြန်သတိရချင်ပါတယ်။

၉၁ ရဲ့ ဇူလိုင်မှာပဲ စာမေးပွဲတွေ စစ်.. ဆက်တိုက်ပဲ အမှတ်တွေ ခြစ်ကြရ .. ။ စက်ရုပ်တွေလိုပ.ဲ .။ သြဂုတ်မှာ


အောင်စာရင်းအထွက.် .. တဲ့..။ စက်တင်ဘာမှာ ကျောင်းတွေ ပြန်ဖွင့်မှာ.. တဲ့။ အဲဒီ ကြားပိတ်ရက်လေးမှာပဲ
၃နှစ်တာရက်ရှည်ကျောင်းပိတ်ရက်ထဲမှာ စုပုံသွားတဲ့ ၁၀တန်းအောင် တွေကို ၆လ တသုတ်နှုန်းနဲ့ ကျောင်းဖွင့်သွားမှာတဲ့။
Academic Year ကို ၆လစီ သတ်မှတ်မတဲ.့ .။ အဲဒီတုန်းကလည်း ကျမ ဘုရားတမိပါတယ်။ တက္ကသိုလ်ပညာရေးရဲ့ တနှစ်စာ
သင်ရိုးကို ဘယ်လိုများ ၆လနဲ့ တတ်အောင် သင်မလဲပေါ့..။ အဲဒီကတည်းက တက္ကသိုလ်ပညာရေးရဲ့ အဆင့်အတန်းကို
ကျမတို့တိုင်းပြည်မှာ လက်လွတ်ဆုံးရှုံးရတော့မယ် လို့ ကျမအပါအ၀င် ဆရာအများစုကြီးက ထင်ခဲ့ကြပါတယ်..။ ဒီလိုနဲ့ ၉၁-၉၂
မှာပဲ ဆူလွယ်နပ်လွယ် ပညာရေးစနစ် စခဲ့တယ် ဆိုရမှာပါပဲ..။

ကျမကတော့ သြဂုတ်လ ခဏ တဖြုတ်လေး အနားရခိုက်မှာ လုံးချင်းဝတ္ထုတအုပ် ပြီးအောင် ရေးခဲ့ပါတယ်။


"အဆိပ်ဖြင့်... မြက်ခင်းများဆီ" ဆိုတဲ့ ပေါ့ပေါ့ပါးပါး ၀တ္ထုလေးပါ..။ ၈လေးလုံးအပြီး ကျောင်းပိတ်ရက်ရှည်
ကာလထဲမှာတုန်းက.. အဖေ့ရဲ့ Free Bird Tour Company နဲ့ ခရီးတွေ လိုက်ထွက်ရင်းက ရလာဖူးတဲ့ inspiration ကို
ကျောင်းဝန်းကျင်နဲ့ ယှက်နွယ်ပြီး ပြန်ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ (စာအုပ်လက်ခံမရှိလို့ မျက်နှာဖုံးပုံလေး တင်မပေးနိုင်ပါ)။

အဲဒီရက်တွေထဲမှာပါပဲ... ကျမတို့ မဟာဝိဇ္ဇာ ဘွဲ့အတွက် ကျမ်းပြုဖို့ ကျမ်းခေါင်းစဉ်တွေ တင်ရမယ်.. တဲ့။


အဲဒီခေတ်တုန်းက ရွှေဈေး တကျပ်သား ၁သောင်းကျော်ကျော်လောက် ရှိချိန်မှာ Thesis ရေးဖို့အတွက်က စရိတ်စက ဘာဘာ
ညာညာက အနည်းဆုံး ၅သောင်းလောက် ကုန်မှာ..။ ကျမ ရတဲ့ လုံးချင်း တအုပ် စာမူခက ၃သောင်း..။ အင်မတန်
စိတ်နှလုံးကောင်းပြီး ကျမကို သမီးရင်းလို သဘောထားတဲ့ ယောက္ခမတွေကတော့ အားပေးတယ်.. "သမီး စိတ်မပူနဲ့ ..
ပညာရေးအတွက် လုပ်စရာရှိတာ ဆက်သာ လုပ်.. မာမာတို့ ရှိတယ်.." တဲ့။ ကျမအနားက ကျမလို ဘိုင်ကျတဲ့ သူငယ်ချင်း
တချို့လည်း ကျမလိုပဲ စိတ်ညစ်ကြတာပါပဲ..။ ဒါပေမဲ့ ဒါက ကြိုသိထားပြီးသား ကိစ္စမို့ ပြင်ဆင် ရင်ဆိုင်ကြရတာပါပဲ..။ (အဲဒီ
ရက်တွေထဲမှာပေါ့.. "ရင်ကွဲနာ" ကို ရေးဖြစ်တာ)။

အဲလိုနဲ့ပဲ ၁၉၉၁ ရဲ့ စက်တင်ဘာမှာ ၁၉၉၁-၉၂ ပညာသင်နှစ်အတွက် အတန်းသစ်တွေ ပြန်ဖွင့်ပါတယ်။


အဲဒီနှစ်မှာတော့ ကျမတို့ ဆရာဆရာမတွေကို တာဝန်ပိုင်း နှစ်ချိန် ခွဲလိုက်ပါတယ်။ ကျမက မနက်ပိုင်းဆို သားဝေယျာဝစ္စ
လုပ်ချင်တာမို့ နေ့လယ်ပိုင်း ၁၁နာရီကနေ ၄ နာရီကို ယူလိုက်ပါတယ်။ မနက်ပိုင်းသမားတွေက မနက်၇နာရီကနေ နေ့လယ်
၁နာရီအထိပါ။ အဲဒီအခါ ၉၁-၉၂ ဘူမိတန်းတွေနဲ့ လွဲသွားရပြီး (ဘလော့ဂါ ကေသွယ်တ.ို့ .. ခု Myanmar geology Friend
Website လုပ်နေတဲ့ (ကဗျာရေးတဲ)့ နေဆူးသစ်တို့ နှစ်ပေါ့..။ သူတို့ကတော့ အဲလို ကျမနဲ့ လွဲသွားတာ ကံကောင်းလို့လို့
ပြောတာပဲ) :) :( ။ ပထမနှစ် ဓာတုဗေဒတန်းခွ(ဲ ၁)ရယ်... ဒုတိယနှစ် ဒဿနိကအတန်းရယ်ကို အတန်းပိုင် ယူရပါတယ်။ အဲဒီ
ဒုတိယနှစ် ဒဿနိက အတန်းမှာတော့ စာရေးစာဖတ် ၀ါသနာပါပြီး ကျမနဲ့အတူ ကဗျာစာအုပ်ထုတ်ဖြစ်ခဲ့ဖူးတဲ့ မောင်လွမ်းဝေ(ခု
ပေါ်ပြူလာဂျာနယ်၊ ရတီမဂ္ဂဇင်း)က ကျောင်းသား ပေါ့။ ခုတော့ သူလည်း ဆရာပြန်ဖြစ်နေတာမို့ ခုလောက်ရှိ
လက်ထောက်ကထိက လောက်တောင် ဖြစ်နေပလား မပြောတတ်ပါဘူး။

ပြီးတော့ ကျောင်းဝင်းလုံခြုံရေး ဂျူတီတွေကလည်း ယူရမပျက်ပါပဲ..။ ဂျူတီစောင့်တဲ့ ခုံတန်းရှည်ပေါ်မှာ ကျမ


အိပ်ပျော် ပျော်နေတာကို အဖော်ဆရာမတွေက စောင့် စောင့်ပေး နေရတဲ့ အချိန်တွေပေါ့။ သားက ၇လသား။
လူကောင်အကြီးကြီးက အမေနို့ရော နို့မှုန့်ရော တွယ်တဲ့ အရွယ်။

ကျမ ခမျာ ပိန်ညှောင်ညှောင်နဲ့ တကယ့်ကို ပူပုံပန်း ဖြစ်နေရတဲ့အချိန်...။ ပုံထဲမှာသာ ကြည့်ပါတော့။


တပည့်မလေးတွေတချို့နဲ့ မိန်းထဲမှာ တွေ့တုန်း ရိုက်ထားတဲ့ပုံ။ အဲဒီနေ့က ကျမ ကျောင်းက ခွင့်ယူပြီး မိန်းထဲက
စာကြည့်တိုက်ကို Thesis ကိစ္စသွားရင်း ရိုက်ထားတဲ့ပုံမို့ ဆရာမလို ၀တ်မထားတာပါ..။ :P

အဲဒီတုန်းကဆို အလုပ်တွေက ပိ..။ ကျမ်းပြုဖို့က တဘက်..။ အဲဒီရက်တွေထဲမှာ ကျမ မေ့ထားလိုက်ချင်တဲ့


အိမ်ထောင်ရေး အက်ကြောင်းကလည်း ပေါ်လာ... ။ အိုး ရူးမသွားတာတောင် ကံကောင်း..။

အဲဒီ ကျောင်းပြန်ဖွင့်ရက်တွေကတော့ ကျမတို့ ဆရာဆရာမတွေအတွက် တော်တော် အပြေးအလွှား


နိုင်ကြရပါတယ်။ စာသင်နှစ်ကို လျှော့ချပြီး သင်ရိုးကိုတော့ မလျှော့ဘူးတဲ့။ ဒါဖြင့် ဘယ်လိုသင်ကြမလဲဆိုတော့ ဌာန အလိုက်
Notes ရိုက်ရောင်းမယ်.. တဲ့။ အဲဒါကို ကိုင်ပြီးသင် တချိန် တပုဒ်နှုန်းတဲ့။ အဲဒီမှာ ပြဿနာက ကျမနဲ့ တွေ့ကြတော့တာပဲ..။
ကျမက စာတပုဒ်ကို ၂ချိန်လောက် ယူသင်တာ။ အမတ်ကြီး သိင်္ဃသူရ် ကျောက်စာအကြောင်း သင်ရင်..
သိင်္ဃသူ့သမီးကျောက်စာ နဲ့ ဖွားစောကျောက်စာလေးတော့ ထည့်ပြောလိုက်ချင်သေးတာ။ ပုဂံခေတ်သူ ခေတ်သားတွေရဲ့
စိတ်နေသဘောထားနဲ့ ပုဂံမြို့ အခင်းအကျင်း လေးတော့ ထည့်ပြောလိုက်ချင်သေးတာ။ ပုဂံနောက်ခံ ဗမာဆိုတဲ့ စရိုက်
လက္ခဏာလေးတွေကို တပည့်တွေနဲ့ အတူ စိတ်ကူးပြီး မှန်းကြည့်ချင်သေးတာ။ ဒါပေမဲ့ မဖြစ်နိုင်တော့ပြီ။ စာတကြောင်းစီ
ဖတ်ပြ ရှင်းပြရုံနဲ့တောင် အချိန်က လောက်ဖို့ မလွယ.် .။

ပိုဆိုးတာကတော့ ကျောင်းသားတွေ သိသိသာသာ စာမလိုက်နိုင် ဖြစ်လာကြတာပါပဲ။ အဲဒီ အကျိုးဆက်


ကတော့ ကျူရှင်တွေ ခေတ်စားလာတာပါ..။ ဆရာဆရာမတွေခမျာလည်း စားဝတ်နေရေးဒုက္ခက ကြီးလာကြ..။ ဒီလိုနဲ့ပဲ
ကျမအနေနဲ့တော့ ဘယ်လိုမှ လက်မခံချင်တဲ့ အဲဒီအလုပ်ကိုပဲ လက်ခံလိုက်ရ။ ကျောင်းသားဘက်က လည်း
တောင့်တောင့်တတ.. ဆရာဆရာမတွေဘက်ကလည်း ကြောင့်ကြောင့်ကျကျနဲ့ပဲ ကျူရှင်ရေစီးကြောင်းကြီး တွင်ကျယ်
လာလိုကတ
်ာ..။ ကျမခမျာလည်း တောင့်မထားနိုင်ရှာတော့ဘဲ မျောပါသွား ခဲ့ရပါတယ်။ အဲဒီအခါ ကျောင်းရက် တချို့
ညနေပိုင်းတွေမှာ ကျူရှင်လိုက်သင်တာမျိုး လုပ်လာရပါတယ်။ ကျူရှင်ယူတာကတော့ ကျမအတန်းက ကလေးတွေ
မဟုတ်ပါဘူး။

စနေ တနင်္ဂနွေတွေမှာတော့ သားအတွက် အချိန်ပေးရတာရယ်... မြို့ထဲက မိဘအိမ် သွားရတာရယ်..


စာရေးဆရာဘ၀အတွက် မဂ္ဂဇင်းတိုက်တွေ လျှောက်.. လက်ဘက်ရည်ဆိုင် ထိုင်တာတွေရယ်ကို ဝေပုံကျ လုပ်။
အိမ်ပြန်ရောက်တော့ သားဝေယျာဝစ္စ.. (ကလေးကိစ္စကို ယောက္ခမတွေနဲ့ ယောက်မလေးက အချိန်ပြည့် ကူပေးနေကြလို့သာ
တော်သေးတာပါ)။ သားက အမေကို မျှော်တတ်တဲ့ အရွယ်လည်း ရောက်လာ ပြီလေ။ အဲဒီတုန်းက ဘယ်လောက် ပင်ပန်း
ပင်ပန်း ကျမက ၀တ္ထုတိုလေးတွေတော့လည်း ရေးဖြစ်နေခဲ့ပါသေးတယ်။

အဲဒီ အချိန်တွေထဲမှာပဲ ကျမ Thesis ခေါင်းစဉ်တင်လိုက်ရပါတယ်။ ကံကြမ္မာက ကျမကို ဒီတချီတော့


အလှည့် ပေးသားပါ..။ ကျမ တင်တဲ့ "အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ သီချင်းများကို ရသစာပေရှုထောင့်မှ
လေ့လာခြင်း.." ဆိုတဲ့ ခေါင်းစဉ်အတိုင်း အတိအကျ မရပေမဲ့ "အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ ဘ၀နှင့် ဂီတစာပေ"
ဆိုတဲ့ ခေါင်းစဉ်တော့ ကျလာပါတယ်။ (မြန်မာစာမှာက Thesis ခေါင်းစဉ်တင်ရင် ကိုယ်လုပ်ချင်တဲ့ ခေါင်းစဉ်ကျဖို့
မသေချာတတ်လို့ပါ.. ဘယ်လုထ
ိုံးစံလဲတော့ မသိ)။ ကျမက ကံကောင်းချင် တော့ ဆရာအေး (မောင်ခင်မင်-ဓနုဖြူ)က
အပြည့်အ၀ ထောက်ခံချက် ပေးလိုက်လို့ပါပဲ။ ပိုပြီး ကံကောင်းတာက ဂီတနဲ့ ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့အပြင်
တပည့်အပေါ် ကိုယ်ချင်းစာ သက်ညှာ တတ်တဲ့ ဆရာ ဦးညွန့်သောင်းက Supervisor ဖြစ်လာလို့ပါပဲ..။ အဲဒီအခါ Thesis
ရေးချိန်မှာ ကျောင်းသားအများစု ကြုံရတတ်တဲ့ စိတ်ရှုပ်ထွေးပူပန်ရမှုတွေ အခက်အခဲတွေကို ကျမ သိပ်မကြုံရတော့ ဘူးပေါ့။
ဒီတော့ ၁၉၉၂ ကနေ ၁၉၉၄ အထိ ၂နှစ်အတွင်း Thesis အပြီး ရေးရန်... ပေါ့။

လှိုင်မြသီလာရဲ့ ၁၉၉၁-၉၂ ပညာသင်နှစ်အစ ၉၁နှောင်းပိုင်းရက်တွေကတော့ ကျမအတွက် ပင်ပန်းပေမဲ့


ကိုယ့်ဘာသာတော့ ပျော်ပျော်နေနေရတဲ့ ရက်တွေပါပဲ။ အဲဒီနှစ်မှာ ကျမရဲ့ ဘူမိက မျောက်ကလေး တွေကလည်း
ဒုတိယနှစ်ကို ညနေပိုင်းတက်ရတာမို့ ကျမ ကော်ရစ်ဒါ ဂျူတီ ကျပြီဆို သူတို့လည်း အတန်းအားတာနဲ့ ကြုံပြီဆိုရင်
ကင်တီးသွားဖို့ လာခေါ်တော့တာပဲ။ ကျမကတော့ ဂျူတီစောင့်ရင်း အိပ်ပျော်မနေဘူးဆိုရင် ကျမ တာဝန်ကျတဲ့ ခုံတန်းမှာ
ဧည့်သည်တွေမပြတ်ပေါ့။

အဲဒီတုန်းက လှိုင်မှာ ကျမနဲ့ ကင်တီး လာ လာ ထိုင်တတ်တဲ့သူတွေက RIT ကနေ လာကြတဲ့... ငထက်


(ကဗျာရေးတဲ့ တင်မင်းထက်)... သူရ(ကဗျာရေးတဲ့ သားမွှန်း) နဲ့ ဇော်ကြီး(ချိုတူးဇော်-စတုတ္ထနှစ်မြို့ပြ ကျောင်းသူရိုက်တဲ့
ဒါရိုက်တာ)ရယ်... ဗလ(ဗိသုကာ) ရယ်... တခါတလေ မောင်အံ့ (ကဗျာရေးတဲ့ မောင်နန္ဒ) ပါပါလာတယ်။
ဆေးတက္ကသိုလ်ကနေ လာ လာ လည်တတ်တာက မင်းခိုက်စိုးစန်၊ လှိုင်မှာ ကျောင်းတက် နေကြတဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့
ဧထက်.. ရှင်ဒေ၀ီနဲ့ ရာစုသစ်မြစ်ကျဉ်း ကဗျာအုပ်စုတွေ..၊ ပြီးတော့ အဲဒီအချိန်မှာ စာတွေ စရေးနေပြီဖြစ်တဲ့ လူပန့်ငယ်...။
သူငယ်ချင်းဆရာမတွေကတောင် ပြောယူရတယ်။ ငါတို့ကိုလည်း အချိန်ပေးပါဦးတဲ့။

ကျောင်းမှာလည်း အားကစားပွဲတွေန.ဲ့ ..။ ကျမ မိန်းဘက်တောင် သိပ်မရောက်ဖြစ်တော့တဲ့ အချိန်တွေပေါ့။


အဲဒီ ၁၉၉၁ရဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာတော့ အန်တီစုအတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို သားနှစ်ယောက်က
နေအိမ်အကျယ်ချုပ်ခံ အမေရဲ့ ကိုယ်စားအဖြစ် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လက်ခံယူနေတဲ့အချိန.် .။ ရန်ကုန်တက္ကသိုလ်
ပင်မထဲမှာတော့ အာဏာရှင်တွေကို အမြဲ ခြိမ်းခြောက်နိုင်တဲ့ တက္ကသိုလ်ကျောင်းသားတွေက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကို
လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေ ထင်သလို ကျောင်းသားတွေက တရားမျှတမှုနဲ့
လွတ်လပ်မှုတွေအတွက် မေ့မေ့ပျောက်ပျောက် နေတတ်ကြသူတွေ မဟုတ်ကြောင်း သက်သေပြလိုက်တာပါပဲ။ ဒီဇင်ဘာ
၁၀ရက်နေ့ကစတဲ့ ဆန္ဒပြမှုက ဒီဇင်ဘာ၁၁ရက်မှာ ကျောင်းသားတွေကို ၀င်ဖမ်းမှပဲ ရပ်သွားခဲ့တာပါ။ (တိုက်တိုက်ဆိုင်ဆိုင် အဲဒီ
ဒီဇင်ဘာမှာပဲ အန်တီစုရေးတဲ့ Freedom from Fear စာအုပ်ကို Penguin စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်)။

ပြီးတော့ အဲဒီ ဆန္ဒပြပွဲမှာ ပါခဲ့တဲ့ အမှုနဲ့ ကျောင်းသားတွေကို အဆောင်တွေမှာ ၀င်ဖမ်းတာ အယောက်


၂၅၀ကျော်ပါသွားပြီး ဒဂုံဆောင်မှာနေတဲ့ Geology က ကျောင်းသားတွေကို ၀င်အဖမ်းမှာတော့ အယောက် ၅၀ကျော်
အဖမ်းခံလိုက်ရပါတယ်။ အဲဒီထဲမှာ ကျမသား နေလင်းအပါအ၀င် Geology က ကျောင်းသား ၁၀ယောက်လောက်ဟာလည်း
ထောင်ဆယ်နှစ် အမိန့်ချ ခံခဲ့ရပါတော့တယ်။ အဲဒီ လှုပ်ရှားမှုနဲ့ပဲ စာရေးဆရာမ ခက်မာလည်း အဖမ်းခံရ.. ထောင်ဒဏ်
အနှစ်၂၀ဆိုပြီး အမိန့်ချခံခဲ့ရတာပါ။ အဲဒီလှုပ်ရှားမှုကို နိုင်ငံရေးအသိုင်းအ၀ိုင်းက 10D လို့ ခေါ်ကြပါတယ်။ ကျောင်းသားတွေရဲ့
မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတွေပေါ့ ........................ ဒီလိုနဲ့ပဲ ကျောင်းတွေ ပြန်ပိတ်သွားရပြန်ပါတော့တယ်။
မြသီလာအလွမ်းပြေ (၁၉)

၉၁ ရဲ့ ဆောင်းနှောင်းမှာလည်း မြသီလာက တိတ်ဆိတ်နေခဲ့ရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာပိုင်


စစ်အစိုးရက ကျောင်းသားတွေကိုသာမက အုပ်ချုပ်သူလို့ သူတို့ သတ်မှတ်ထားတဲ့ ဆရာဆရာမများအပေါ်ကိုပါ မျက်မာန်တော်
ရှပါတော့တယ်။ ကျောင်းတွေ ပိတ်လို့များတော့ အေးအေးဆေးဆေးနေဖို့ မစဉ်းစားလေနဲ့ ဆိုတာမျိုးပေါ့။ ၉၂ရဲ့ ဇန်န၀ါရီလမှာပဲ
အသံကြားလာရပါတယ်။ ဆရာဆရာမတွေကို အထူး ပုံသွင်းဖို့ လိုတယ်.. ဖောင်ကြီးမှာ အထူးမွမ်းမံသင်တန်း တစ်လ
တက်ရမယ်တဲ့။ သူတို့ဖြစ်စေချင်တဲ့အတိုင်း အတိအကျ ပါပဲ.. ဆရာ ဆရာမတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကန
ုကြပါတယ်။
တယောက်မှ မတက်လိုက်ရဆိုတာ မရှိစေရဘူးတဲ့။ အသုတ်လိုက် ခွဲတက်နိုင်တယ်တဲ့။ တကယ်တော့ ကျမက ကလေးတောင်
နို့ သေသေချာချာ မဖြတ်ရသေး။ သားကြီး ၁၀လသား မပြည့်တပြည့်။

နောက်ဆုံးတော့ ၁၉၉၂ ဇန်န၀ါရီလ ၂၁ရက်နေ့စပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ ပြီးမယ့် ပထမအသုတ်ကို


ကျမတက်ဖို့ စာရင်းပေး လိုက်ရပါတယ်။ အဲဒီအသုတ်မှာက ကျမသူငယ်ချင်းအားလုံး အတူတူ တက်မှာဖြစ်တဲ့အပြင်
နောက်ပိုင်းဆို Thesis တဘက်နဲ့ အဆင်ပြေဖို့ မသေချာလို့ပါပဲ။ ဒါနဲ့ပဲ ကျမ စိတ်ပင်ပန်း ကိုယ်ပင်ပန်းကြားကပဲ
ပြင်ဆင်ရပါတော့တယ်။ ဖောင်ကြီးသင်တန်းကို မြန်မာတနိုင်ငံလုံးက တက္ကသိုလ် အစုံက ဆရာဆရာမတွေ လာကြရတာပါ။
ကျမကတော့ နို့ဖြတ်ပြီးထားခဲ့ရတဲ့ သားဆီတလွမ်းလွမ်းနဲ့ ငိုရတာ တရွှဲရွှဲပေါ့။ ညနေဆို သားက အမေကို အိမ်ပေါက်ဝလေးမှာ
ထိုင်ပြီးမျှော်တတ်ပြီလို့ တွေးတွေးပြီး ငို..။

သူတို့တွေ ဘာတွေ သင်တယ်လဲ မသိ။ စာမေးပွဲပြန်စစ်မှာဆိုလား..။ စစ်လည်း စစ်.. တတ်နိုင်ဘူးပေါ့..။


နောက်တော့မှ ဘေးဘီကြည့်လိုက်တော့ ကိုယ့်လိုပဲ အားလုံးက အဲဒီသင်တန်း ဂရုကို မစိုက်ကြတာ။ ပျော်စရာ
ကောင်းတာတခုကတော့ စည်းကမ်းကျန တိကျသေ၀ပ်တဲ့နေရာမှာ နာမည်ကျော်ခဲ့တဲ့ ဖောင်ကြီးက အဲဒီကာလမှာ
သွက်သွက်ခါအောင် ပျက်သွားခဲ့တာပါပဲ။ ဖောင်ကြီးသင်တန်းကဆရာတွေ စိတ်ဆင်းရဲခဲ့ကြရ တဲ့ သင်တန်းပေါ့။
ဆရာဆရာမတွေ တမင်တကာ ညစ်ပြီး စည်းပျက်ကမ်းပျက်ဖြစ်အောင် လုပ်ခဲ့ကြတဲ့ကာလ..။ တွေးကြည့်ရင် အားရစရာ။
နာမည်ကျော် တက္ကသိုလ်ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁) ပေါ့။ ရှေ့မှာ စစ်တပ်နဲ့
ဗဟိုနိုင်ငံရေးတက္ကသိုလ်က အကြီးအကဲများက ဟောပြော..။ ဆရာမတွေက ခုံတွေပေါ် အိပ်ပျော်။ ကျမတို့ဆို
ရှေ့နားထိုင်ရတာတောင် အိပ်ပစ်လိုက်တာ နှစ်နှစ်ခြိုက်ခြိုက်။ မအိပ်လည်း စာအုပ်တွေ ဖတ်နေလိုက်တာပဲ။

အဲဒီသင်တန်းမှာပေါ့.. ကျမ ဘယ်တော့မှ မေ့သွားမှာ မဟုတ်တဲ့ မေ့စရာမဟုတ်တဲ့ ကိစ္စတခု


ပြောပြချင်ပါတယ်။ အဲဒီတုန်းက တရက်သားမှာ တပ်မတော်မော်ကွန်းတိုက်မှာ ညွှန်ကြားရေးမှူး လုပ်နေတဲ့
ဗိုလ်မှူးကြီးရဲထွဋ်ဆိုသူက လာစကားပြောပါတယ်။ သူတို့ကတော့ ပို့ချတယ်လို့ သုံးတယ်။ အဲဒီမှာ သူက အာဇာနည်နေ့ဆိုတာ
မဆလက မြန်မာ့သမိုင်းအတွက် မကောင်းတတ်လို့ သတ်မှတ်ပေးထားရတာ ဖြစ်တယ်..။ တကယ်ကတော့
ဗိုလ်ချုပ်အောင်ဆန်း သေတဲ့ကိစ္စက နိုင်ငံတော်အတွက် အသက်စွန့်သွားရတာ ဆိုတာထက် ဗိုလ်ချုပ်အောင်ဆန်းနဲ့
သူ့မယားညီအကို သခင်သန်းထွန်းတို့ အာဏာကုလားထိုင်လုရာကနေ ဖြစ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စ သက်သက်သာ ဖြစ်တယ်...
ဒါကြောင့် သမိုင်းအမှန်ကို မှတ်တမ်းတင်နိုင်ဖို့အတွက် သမိုင်းကော်မရှင်က ကြိုးစားပြုစုနေပါတယ်... လို့ တရားဝင်
ပြောသွားတာပါ။ (ကျမ ပြန်ရေးပြတာတွေက သူ့အသုံးအနှုန်း အတိုင်းပါ..။ ကျမတို့ ပြည်သူလူထုတွေက ဗိုလ်ချုပ်တို့နဲ့
ပတ်သက်ရင် ဘယ်တော့မှ သေတယ်လို့ သုံးနှုန်းလေ့ မရှိပါဘူး။ ကျဆုံး တယ်... ဒါမှမဟုတ် လုပ်ကြံခံရတယ်ဆိုတာပဲ
သုံးကြတာလေ။ အဲဒီတန
ုးက ပြောနေတဲ့ သူ့မျက်နှာပေးကို ကျမဖြင့် ခုထိ မြင်ယောင်နေပါသေးတယ်။ ရုပ်က ရိသဲ့သဲ့န.ဲ့ .
သူ့ကိုယ်သူပဲ မြန်မာ့သမိုင်းပြုစုရေးအတွက် တာဝန်ရှိနေသူလိုလို။ အောက်မှာ နားထောင်နေရတဲ့ ဆရာဆရာမ
အများစုကတော့ လူပါးဝလိ.ု့ .. ဆိုပြီး ကျိတ်ဆဲကြတာပေါ့)။ အဲလို မဟုတ်မဟတ် အကြံအစည်တွေကြောင့် ထင်ပါရဲ့။ ခုထိ
အဲဒီစာအုပ် ထွက်မလာ နိုင်တာ။

နောက်ပြီး သူကပဲ ထပ်ပြောတာ... ဒေါက်တာ(ပါရဂူ)ဆိုတာ နိုင်ငံခြားကို အလည်အပတ် သွားသလို သွား..


ပိုက်ဆံစု.. စာတွေ ကူးချ ကျမ်းရေးပြီး ပြန်လာရုံပ.ဲ . တကယ်မေးတော့ ဘာမှလည်း သိကြတာမဟုတ်ဘူးလို့ စင်ပေါ်ကနေ
စော်စော်ကားကား မခန့်လေးစား အမူအယာနဲ့ ပြောပါတယ်။ အဲဒီမှာ သူပြောအပြီး ပြန်လှန် ဆွေးနွေးမယ့် သူတွေကိုလည်း
ဖိတ်ခေါ်ရော ပါရဂူဘွဲ့ရ ဆရာကြီး ဆရာမကြီးတွေ စင်ပေါ်ကို တန်းစီတက်သွားပြီး ဒေါက်တာဖြစ်အောင် ဘယ်လောက်
ကြိုးစားအားထုတ်ရတာ... ပညာတော်သင်ရတဲ့ ငွေကို လောက်အောင် ဘယ်လိုသုံးရတာ... ပြန်လာတဲ့အခါမှာလည်း
ဘယ်လိုအနစ်နာခံပြီး လုပ်ရတယ်ဆိုတာတွေကို ကိုယ်တွေ့ အဖြစ်အပျက်တွေနဲ့ တန်းစီပြီး သေသေချာချာ တက်ပြောကြတာ..
အောက်ကနေ ဆရာဆရာမတွေက လက်ခုပ်တွေ တီးကြပေါ့။

နောက်ဆုံး သဘာပတိက မျက်နှာအပျက်ပျက်နဲ့ တောင်းပန်ယူရရော။ မှတ်မှတ်ရရ အဲဒီထဲမှာ


ရှေ့ဆုံးကတက်သွားတာက သင်္ချာဌာနက ဆရာကြီးဒေါက်တာခင်မောင်ဝင်းပါ။ (အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်နဲ့
စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ရဲ့ သား။ မိုးမခ (ကိ)ု မောင်ရစ်ရဲ့ အဖေပေါ့)။ မှတ်မှတ်ရရ.. အဲဒီနောက်တနေ့
ဆက်ပြောရမယ့် တချိန်ကျန်တာမှာ ဗိုလ်မှူးကြီးရဲထွဋ် ရောက်မလာတော့ ပါဘူး။ နေမကောင်းလို့ပါတဲ.့ .။ ကျမတို့
ဆရာဆရာမတွေ ဆိုတာ သဘောကျလွန်းလို့ မေတ္တာတွေ ပို့လိုက်ကြတာ..။ တခါတည်းသေမှာ.. ဘာ.. ညာ.. ပေါ့.. ။ အဲဒီ
အဖြစ်အပျက်က ဖောင်ကြီးသမိုင်းမှာ နာမည်ကို ကြီးကျန်ခဲ့ရော။

တကယ်တော့ အဲဒီဖောင်ကြီးသင်တန်းဟာ တက္ကသိုလ်က ဆရာဆရာမတွေကို အမိန့်နာခံအောင်


ရည်ရွယ်ပြီး လုပ်တာပါပဲ။ တနည်းအားဖြင့်တော့ ဦးချိုးတာပေါ့။ ကျောင်းသားတွေ မပြောနဲ့ မင်းတို့ဆရာဆရာမတွေတောင်
ငါတို့ခိုင်းရင် လုပ်ရတယ်ဆိုတဲ့ အပေါက်မျိုး ချိုးတာ။ ဒါပေမဲ့ အဲဒီတုန်းက န၀တ (ဗိုခင်ညွန)့် က အပျော့ဆွဲလေ။ စေတနာတွေ
ပရပွနဲ့ပဲ လုပ်ပေးသယောင်ယောင်... ။ ပြီးတော့ တစ်လဆိုတဲ့ အချိန်ကလည်း မသိမသာ ကုန်သွားတာမျိုးဖြစ်ပြီး ၀န်ထမ်းနဲ့
ဖောင်ကြီးသင်တန်းဆိုတာကလည်း သူစိမ်းတွေ မဟုတ်ကြလေတော့ ဆရာဆရာမတွေလည်း ဘယ်သူကမှ ကန့်ကွက်တာတွေ
ဘာတွေ မလုပ်ခဲ့ကြပါဘူး။ (ဆရာ ဆရာမတွေက ကျောင်းသားတွေလောက် သတ္တိမရှိတာ... အမှန်တရားမျက်နှာကို
မကြည့်တာ... ကိုယ်ကျိုး မစွန့်နိုင်တာလည်း အမှန်ပါပဲ... ဒါကြောင့်လည်း ကျမတို့ နိုင်ငံအတွက် အရေးကြီးဆုံး
လိုအပ်ချက်ဖြစ်တဲ့ ပညာရေးစနစ်ကြီးကို ကျမတို့ ဆုံးရှုံးနေရတာ... ဘယ်လောက် အတိုင်းအတာထိ ဆုံးရှုံးခဲ့ပြီလဲဆိုတာကို
၂၀၀၀ နောက်ပိုင်းကာလ မြသီလာအကြောင်းတွေ မှာ ထည့်ပြောမှာပါ )။

ဒါပေမဲ့ ဆရာဆရာမတွေအများစုကတော့ အမိန့်အာဏာတွေကို လက်မခံချင်ဘူးဆိုတာ အဲဒီ


ဖောင်ကြီးသင်တန်းက သက်သေပါပဲ။ ညနေဆို အားကစားချိန်လို့ စည်းကမ်းလုပ်ထားလည်း မသွားကြဘဲ လမ်းလျှောက်ပြီး
မတူတဲ့ တပ်ခွဲတွေမှာ ရှိနေတဲ့ သူငယ်ချင်းတွေဆီ လျှောက်လည်ကြတာပဲ။ ဆရာတွေဆိုလည်း ဖောင်ကြီးနားက
ရွာရိုးကိုးပေါက်ကို လျှောက်လည်နေကြတာပဲ။ အဲဒီမှာမှ ဆရာ ဆရာမ အပျိုကြီး လူပျိုကြီးတွေ စွံသွားတာလည်း ရှိသေး။
ညဘက် Night Study လို့ပြောလည်း ဂစ်တာတီးကြ သီချင်းဆိုကြ လုပ်နေတာပဲ။ ဆရာဆရာမအများစုက အသက်၃၀တောင်
မပြည့်ကြသေးတာမို့ လူငယ်တွေလိုပဲ စိတ်လွတ်ကိုယ်လွတ် အာခံကြတာလေ။ ရသလောက် ဆန့်ကျင်ကြတာ။ စစ်ရေးပြမှာ
ဘယ်လှည့်ဆိုရင်လည်း ညာတွေ လှည့်ကြ။ ဘယ်ညာ ဘယ်ညာ ရိုက်ခိုင်းတော့လည်း... "ပဲ-ညား... ပဲ- ညား" လို့ တမင်
အော်ကြတာ။ ဟုတ်တယ်လေ.. နေ့တိုင်း ပဲဟင်းနဲ့ ညားရတာကိုး။

နောက်ဆုံးတော့ စစ်သင်တန်းလည်း ဖြုတ်လိုက်ရတာပဲ။ နေမကောင်းချင်ယောင်ဆောင်ပြီး ဆေးနား..


ခွင့်တွေ ယူကြ။ နောက်ဆုံးတော့ စာမေးပွဲပြန် စစ်မယ်ဆိုတာတောင် တက်တဲ့သူတွေ ထောင်ကျော်မှာ သွားဖြေတဲ့သူ
ရာဂဏန်းတောင် မရှိတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ သင်တန်းဆင်းပွဲမှာ လည်း ရုပ်ပျက်ဆင်းပျက်ပေါ့။ ဗိုလ်ခင်ညွန့်က
ရယ်စရာလုပ်ပြောရင် ၀ါးကနဲရယ်တာ တော်တော်နဲ့ မရပ် .. အကြာကြီး တမင် လုပ် ရယ်ကြတာ။ ဗိုခင်ညွန့်မှာ စကား
ဆက်ပြောဖို့အရေး ရယ်သံတွေငြိမ်အောင် အကြာကြီး စောင့်နေရတာပေါ့။ အဲလို သူတို့ကို မခန့်လေးစား လုပ်ရတာများ
ပျော်စရာကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက ကျမတို့ လုပ်တာက ထိရောက်သားပါ။ ဘာလို့လဲဆိုတော့
နောက်အသုတ်တွေလည်း ကျရော စည်းကမ်းတွေ မတရားကျပ်ပြီး အမိန့်တွေလည်း အလွန်ပေးတော့တာ.. လေ။
ကျမကတော့ ပြောမိသေးတယ်။ ခံနိုင်တဲ့သူတွေ ခံကြပေါ့လို့။

ဖောင်ကြီးက ပြန်လာအပြီးမှာ သိသာတာတခုကတော့ သားနဲ့ ခွဲကျင့် ရှိသွားတာပါပဲ။ ဒီလိုနဲ့


မတ်လတစ်လတောင် ကောင်းကောင်းမှ မနားရခင် ကျမတို့ တက္ကသိုလ်က ဆရာမတွေမှာ ပြီးခဲ့တဲ့ ၁၀တန်း စာမေးပွဲရဲ့
အဖြေလွှာတွေကို အမှတ်ခြစ်ရပြန်ပါတယ်။ အဲသလိုနဲ့ပဲ ဧပြီ တစ်လက လွယ်လွယ်လေး ကုန်သွား။ ဒီလိုနဲ့ ၉၂ ရဲ့ မေလ က
စလို့ ကျမက Thesis အတွက် ပြင်ဆင်ရပြန်ပါတယ်။ အဲဒီတော့လည်း ရန်ကုန်တက္ကသိုလ်ကြီးထဲနဲ့ တောင်ငူဆောင်
စားသောက်တန်းဆီ ပြန်ပြီး တ၀ဲလည်လည် ခြေဦးလှည့်ရတဲ့ ရက်တွေပေါ့။ နေ့တိုင်း ရုံးချိန်လိုပဲ လာရတာကတော့
ဗိုလ်တိုး(ဆရာဦးအောင်ကျော်တိုး-စိတ်ပညာ)နဲ့ အရှည်ကြီးဆိုင်မှာ ဆုံဖို့ပေါ့။ မြို့မငြိမ်းအကြောင်းနဲ့ မြို့မငြိမ်းသီချင်းတွေကို
အများကြီး သိထားတဲ့ ဗိုလ်တိုးနဲ့ စကားပြောရင် ကျမ အချက်အလက်တွေ အများကြီးရတယ်။ တချို့တိမ်မြုပ်နေတဲ့
သီချင်းတွေဆိုရင် ဗိုလ်တိုးက ပါးစပ်ဆိုင်းတီးပြီးဆိုပြတာ.. နောက်ပိုင်း ကျမ သီချင်းရလို့ နားထောင်ကြည့်တဲ့အခါကျတော့
အတောကအစ ကွက်တိ။ ဗိုလ်တိုးက အဲလို ပါရမီပါတာပါ။

ကျမကို Thesis နဲ့ ပတ်သက်ပြီး ကူတဲ့ နောက်တယောက်ကတော့ ကိုအောင်ကျော်ဆန်း (ဆရာကြီး


ရွှေပြည်ဦးဘတင်ရဲ့ မြေးကြီး၊ စာရေးဆရာ ပန်းချီဆရာ ဒါရိုက်တာ ဦးဝင်းဖေရဲ့ သားကြီး၊ အဆိုတော် မီမီဝင်းဖေရဲ့ အကိုကြီး၊
သူကိုယ်တိုင်ကလည်း အနုပညာသမားဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာ အောင်ကျော်ဆန်း-မန္တလေး)ပေါ့။ ကိုအောင်ကျော်ဆန်းနဲ့
ကျမ ဘားလမ်း မူစလင်ဆေးရုံဘေးက လမ်းဘေး အုတ်ခုံလေးမှာ ဖွင့်တဲ့ ကိုထွန်းရီ လက်ဘက်ရည်ဆိုင်မှာ ညနေညနေ
ထိုင်ပြီဆိုရင် ကိုအောင်ကျော်ဆန်း ပြောပြတဲ့ အကြောင်းအရာတွေက ကျမအတွက် မြို့မငြိမ်းလေ့လာချက်ရေးဖို့ Reference
တွေ အများကြီး ရစေပါတယ်။ မြို့မငြိမ်းသီချင်းတွေထဲမှာပါတဲ့ စာကိုးတွေကို ဘယ်စာအုပ်က ယူရမယ်ဆိုတာကအစ
ကိုအောင်ကျော်ဆန်းက ပြောပြတာ။ သူက လက်ဘက်ရည်ဆိုင်မှာ ထိုင်ရင်းသားကနေ ပေါ့ပေါ့ပါးပါးပဲ ပြောသွားတာ။
"တနာရီထဲ ချစ်" သီချင်းထဲက စာသားတွေကိုရေးဖို့ မြို့မငြိမ်းက အာဒိကပ္ပကျမ်းထဲက ယူတာဆိုပြီး အဲဒီစာသားတွေကို
ဒီတိုင်းအလွတ် တထိုင်းတည်း ရွတ်ပြသေးတာ။ "မဟာဂီတထဲကလေ.. မေငြိမ်းရယ်.. ဟောဒီအပိုဒ"် ဆိုပြီး မဟာဂီတထဲက
မူရင်းသီချင်းကို ဆိုပြလိုက် မြို့မငြိမ်း ယူစပ်ထားတဲ့ အပိုဒ်ကို ဆိုပြလိုက်ပေါ့။ ဥပမာ မြင်းခင်းတော်သီချင်းပေါ့။ ကျမမှာ ပါးစပ်
အဟောင်းသားနဲ့ ငေးလိုက.် . မှတ်စုထဲမှာ ချမှတ်လိုက်နဲ့ ဖြစ်နေရတယ်။ ကိုအောင်ကျော်ဆန်းက အဲလို တော်တာ။ သူ အဲလို
ပြောပြနေတာတွေကို စိတ်ပါဝင်စားပြီး ကျမနဲ့ အတူတူ တကူးတက ၀ိုင်းနားထောင်ကြတာက စာရေးဆရာမ မိုချာ့ရယ်..
ဒါရိုက်တာ ဒီဇိုင်းဆရာ မျိုးဆွေသန်း(ဆရာကျောင်း)ရယ်.. ကိုအရိုင်းရယ်.. တခါတလေ ချိုတူးဇော်လည်း ပါတာပေါ့။

အဲဒီ ညနေ ညနေတွေမှာ ကိုထွန်းရီဆိုင်မရောက်ခင် ၃၃လမ်းထဲက လေထန်ကုန်းမှာ ထိုင်နေတုန်း ရောက်


ရောက်လာတတ်တာက ဇာတ်လိုက်ကျော် ဒေါ်ခင်မင်းဇော်ပေါ့။ သူက စာအုပ်ထုတ်ဝေရေး တခု လုပ်နေချိန်ပါ။
ကျမတို့အတူထိုင်တတ်တဲ့ တ၀ိုင်းလုံးကလည်း သူ့သူငယ်ချင်းတွေချည်းပဲလေ။ မင်းထက်မောင်ကအစ ကြွက်နီ(သိမ်းတင်သား)
အဆုံး.. ပုသိမ်သားတွေ ခပ်များများပေါ့။ ဒေါ်ခင်မင်းဇော်က ကျမတို့ ထိုင်နေတဲ့ စားပွဲလေးဆီ သုတ်သုတ် သုတ်သုတ်နဲ့
ဝင်လာတတ်တယ်... ပြီးတော့ စကားတွေ အလုအယက် ပြောကြရ...။ အဲဒီအချိန်လေးတွေဟာ ကျမအတွက်တော့
ဘ၀အမောထဲက ခဏထွက်ရာ အနှစ်သာရလည်းရှိတဲ့ ကာလလေးပါပဲ။

အဲဒီကြားကာလထဲမှာပဲ နောက်လုံးချင်းတအုပ် ရေးပါတယ်။ "ချစ်သူ့မျက်နှာစာ"... ပါ။

(ပန်းချီ မြင့်မောင်ကျော်..ပါ)

တကယ်တော့ ကျောင်းသားတွေက တာဝန်ကျေကျေနဲ့ ဆင်းရဲဒုက္ခခံ အနှိပ်စက် အညှင်းပမ်းခံပြီး


တရားမျှတရေးကို လုပ်ခဲ့ကြ.. ထောင်ကျ တန်းကျ... ခံကြရတဲ့ အချိန်မှာ ကျမတို့ကတော့ ဆင်းရဲပင်ပန်းပေမဲ့ ကိုယ့်
အသိုက်အ၀ိုင်းလေးထဲမှာ တော်သလို နေလို့ ရနေခဲ့သေးတာပါ။ ကျမဆို အဲဒီဘ၀လောက်ကိုတောင် ဆင်းရဲပင်ပန်းလှချည့်လို့
ထင်ခဲ့တာ။ ဒီလိုနဲ့ ဇွန်လမှာတော့ ဘာစိတ်ကူးပေါက်တယ်မသိ။ 10 D သမားတော်တော်များများကို ပြန်လွှတ်ပါတယ်။ ဒါပေမဲ့
ခံဝန်ချက်တွေနဲ့ပါ။ အပြီးလွှတ်တာမဟုတ်ပါ.. တဲ့။ အကြွေးကျန် ပါတယ်.. တဲ့။ နောက်တခါ ထပ်ဖြစ်ရင် ပို ကြီးလေးတဲ့
အပြစ်ကို ခံရမယ်ဆိုလား။ အဲဒီမှာ ကျမသူငယ်ချင်း စာရေးဆရာမ ခက်မာနဲ့ မောင်နေလင်းတို့လည်း ပြန်လွတ်လာကြပါတယ်။
အဲဒီ နောက်ပိုင်းရက်တွေမှာတော့ ကျမက Thesis အတွက် မန္တလေး တက်လိုက် ဆင်းလိုက်။ Thesis
ကျုံးရေးလိုက်။ အချိန်ရတုန်းလေးမှာ Thesis ကို အကြမ်းပြီးအောင် တွန်းရေးရ ပါတယ်။ ကျမ Thesis လေး ရုပ်လုံး
မပေါ့်တပေါ်မှာပဲ စစ်အစိုးရက ကြေငြာပါတယ်။ ၁၉၉၂ သြဂုတ်လ ၂၄ရက်နေ့မှာ တက္ကသိုလ်တွေ ပြန်ဖွင့်မယ်.. တဲ့။ ဆရာ
ဆရာမတွေကတော့ သက်ပြင်းသာ ချရတာပါပဲ။ တကယ့် လိုအပ်ချက်တွေကို တကယ့်တောင်းဆိုမှုတွေကို ဖြည့်မပေးဘဲနဲ့
မိပ်ကပ်လိမ်းပြီးဖွင့်တဲ့ ကျောင်းက ဘယ်လောက်ကြာကြာ ခံမှာလဲဆိုတာပဲ ပြောဖြစ်နေကြ ပါတယ်။ ပိုဆိုးတာကတော့
မယောင်ရာဆီလူး ကိစ္စတွေနဲ့ ဆရာဆရာမတွေ ပို ပိုပြီး စိတ်ညစ်ကြရမယ်.. ပင်ပန်းကြဦးမယ်လို့ မျှော်လင့်ပြီးသား
ဖြစ်နေခဲ့ကြတာပါပဲ။

ဒီလိုနဲ့ ကျောင်းပြန်ဖွင့်ရက် သြဂုတ်လ ၂၄ရက်နေ့ကို ရောက်လာခဲ့ပါတော့တယ်။


မြသီလာအလွမ်းပြေ (၂၀)

မြသီလာကို စရေးဖို့ ဘယ်လိုစိတ်ကူးမိတာလဲလို့ တပည့်ဟောင်းတယောက်က မေးပါတယ်။ အဲဒီအချိန်


လွန်ခဲ့တဲ့ ၂လလောက်တန
ုးက ကျမမှာ ကိုယ်ရေးကိုယ်တာသောကတခု အင်မတန် ဖိစီးနေတဲ့အချိန.် .။ ပြီးတော့
မြန်မာပြည်ထဲမှာတုန်းကလိုပဲ အချစ်ဝတ္ထုလေးတွေ ရေးချင်နေမိခဲ့တယ်။ (ကျမက စိတ်ကျရင် အဲလိုပ)ဲ ။ တကယ့်တော့
မြသီလာကို အချစ်ဇာတ်လမ်းဆန်ဆန် အလွမ်းနောက်ခံ Auto-Biography ဆန်ဆန် ၀တ္ထုလို ရေးဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့
နောက်ပိုင်းကျတော့ ခေတ်က ပါလာတော့ ရှောင်မရပြီ။ ကျမ သေချာရေးမှ ဖြစ်တော့မယ်လို့ တွေးမိလာရာကနေ.. ကျမလိုပဲ
နိုင်ငံအပြင်ရောက်နေကြတဲ့ တပည့်ဟောင်း မိတ်ဟောင်းတွေ ကို လှမ်းလှမ်းမေးပြီး သမိုင်းဝင် အချက်အလက်တွေကို
တိတိကျကျလေး ဖြစ်အောင် ကြိုးစားရတော့တယ်။ ဒီတော့လည်း ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ လျော့ရတော့တာပေါ့။

၉၂.. ၉၃.. ၉၄.. ၉၅ နှစ်များက ကျောင်းသူကျောင်းသားတွေအတွက်တော့ ရန်ကုန်တက္ကသိုလ်


လှိုင်နယ်မြေမှာ ရွှေရောင်လွှမ်းသယောင်ရက်များလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့
ရွှေရည်စိမ်ရက်တွေပဲါ။ ကျောင်းထဲမှာ အားကစားပွဲတွေ.. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ.. အာစရိယပူဇော်ပွဲတွေ..
နှုတ်ဆက်မိတ်ဆုံစားပွဲတွေ.. မိတ်ဆုံပျော်ပွဲစားခရီးတွေနဲ့ ပြန်ပြီး လှုပ်လှုပ်ရှားရှား ရှိလာပါတယ်။ နာတာရှည်ရောဂါသည်ကို
မိတ်ကပ်လိမ်းတော့လည်း ကြည့်ပျော်ရှိပျော်တော့ အရှိသား ဆိုသလောက်ပေါ့။ ဒါကလည်း အဲဒီတုန်းက ပညာရေးကောင်စီရဲ့
ဥက္ကဋ္ဌရာထူး ယူထားတဲ့ ဗိုခင်ညွန့်ရဲ့ မျက်လှည့်ပြကွက်တွေပေါ့။ သင်္ကြန်တွေမှာ "အဆင့်မြင့်ပညာဝန်ကြီးဌာန တက္ကသိုလ်များ
မဏ္ဍပ်"ဆိုပြီး ဆောက်ခိုင်း.. ဆရာမတွေက န၀တအာဏာပိုင်တွေကို ပန်းကုံးတွေ စွပ်ရ။ တနှစ်ဆို ကျမတောင် ပါသွားရသေး။
ဗိုခင်ညွန့်က ပြုံးပြုံး ပြုံးပြုံးနဲ့ နှုတ်ဆက်လိုက်ရင် တချို့ ဆရာမတွေများ ပီတိတွေဖြစ်လို့။ သူ နာမ်နှိမ်နှိပ်စက်ခဲ့တဲ့ ဖောင်ကြီး
သင်တန်းကာလကို မေ့ကုန်ကြတယ်ထင်ပါရဲ့။

အဲသလိုပဲ တချို့ ဆရာကြီး ဆရာမကြီးတွေကလည်း ဒီလိုတော့လည်း အတွင်းရေးမှူး-၁ က မဆိုးပါဘူးလို့


သိသိသာသာ အသံထွက်နေခဲ့ပြီ။ အဲလိုပြောခဲ့ကြတဲ့ ဆရာကြီးဆရာမကြီး တော်တော်များများ ကျမ မမေ့ပါ။ နာမည်နဲ့တကွ..
မှတ်ထားတယ်။ ခုထိ သူတို့ သက်ရှိထင်ရှားရှိနေဆဲ..။ ပင်စင်တွေတော့ သွားကြရှာပါပြီ။ အဲဒီဆရာကြီး ဆရာမကြီးတွေက
ခင်ညွန့်ရဲ့ စစ်ကြောရေးစခန်းတွေထဲမှာ သေရာပါဒဏ်ရာအနာတရတွေ ရသွားကြတဲ့.. အသက်ပေးသွားရတဲ.့ .. ကျောင်းသား
တွေ။ ဗိုခင်ညွန့်စနက်နဲ့ ထောင်နှစ်ရှည် ကျခံနေရတဲ့ နိုင်ငံရေးသမားတွေနဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့
ဒေါ်အောင်ဆန်းစုကြည် တို့ကို မေ့မေ့လျော့လျော့ ဖြစ်နေကြပုံပဲ။ အဲဒီ ဗိုခင်ညွန့်က လာမယ့် ၁၉၉၅မှာ ကျရောက်မယ့်
ရန်ကုန်တက္ကသိုလ် ၇၅နှစ်ပြည့်မွေးနေ့ စိန်ရတုသဘင်ပျော်ပွဲရွှင်ပွဲကိုလည်း ကြီးကျယ်ခမ်းနား သိုက်မြိုက်စွာ ၀ှဲခြီး ကျင်းပ
ပေးဦးမှာ ဆိုပ.ဲ .။

အဲဒီ ရွှေရည်စိမ်ခန်းစီးရဲ့ နောက်ကွယ်က မြသီလာရင်ခွင်ထဲမှာတော့ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊


မူးယစ်ဆေး ဆိုတာတွေက မလိုချင့်အဆုံး လွယ်လွယ်လေး ၀ယ်လ့ရ
ို လာတာတွေ။ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်
ရှေ့က ကံ့ကော်ပင်အုပ်တွေ အောက်မှာ ဆေးရောင်းသူ ဆေးဝယ်သူတွေ..။ နောက်တော့ အင်မတန် လှပပျိုမျစ် ချစ်ချင့်စဖွယ်
ကျောင်းသူလေးတွေက အခကြေးငွေပေးပြီး ခေါ်လို့ရသတဲ့။ ကျမကြည့်သမျှတော့ တကယ့်ပြစ်မျိုးမှည့်မထင်လေးတွေ..။
ဒါ့ထက်ပဆ
ိုးတာကတော့ ယူနီဖောင်းမ၀တ်သော (စစ်ထောက်လှမ်းရေး) စစ်ဗိုဆိုသူတွေက မြသီလာထဲကို
တွင်တွင်ကျယ်ကျယ် ၀င်လာပြီး မြသီလာရဲ့ သမီးပျိုတွေကို ခေါ် ခေါ် သွားတယ်ဆိုတဲ့ သတင်းတွေ ကြားလာရတာပါပဲ။
မြသီလာဟာ ဗိုခင်ညွန့်ရဲ့ ပြကွက် ကစားကွက်ေ အာက်မှာ တကယ်ပဲ မျောပါနေခဲ့သလိုလို..။ ကျမကတော့
စစ်ထောက်လှမ်းရေး ဆိုသူတွေကို ဘယ်တော့ ဘယ်တော့မှ မယုံ။ သူတို့ဟာ သူတို့ အခွင့်အရေးတခုရဖို့အတွက် လိုအပ်ရင်
လိုအပ်သလို ဟန်လုပ်သောအတတ်မှာ တဘက်ကမ်းခတ်အောင် လေ့ကျင့်ထား သူတွေ။

အမှန်အတိုင်းပြောရရင်တော့ ၉၂နောက်ပိုင်း မြသီလာဟာ ကျမအတွက်တော့ နှစဝ


် င် ပျော်မောစရာ ၀န်းကျင်
တခု မဟုတ်တော့သလိုပါပဲ။ ကျမရဲ့ ပုံမှန်ဖြစ်တဲ့ တပည့်လေးတွေနဲ့ ချစ်တဲ့ သူငယ်ချင်းတွေသာ ရှိမနေခဲ့ရင်... မြသီလာဆိုတာ
ဘာမှအဓိပ္ပါယ် ရှိတော့မှာ မဟုတ်ပါ။ အဲဒီ ကာလတွေထဲမှာပဲပေါ့ ချယ်ရီမဂ္ဂဇင်းအတွက် ကျော်သီဟ(ဟင်္သာတ)က ကျမကို
ဝန်ထမ်းစာရေးဆရာတယောက်အနေနဲ့ အင်တာဗျူးလုပ်တော့ အဲဒီမှာ ကျမ ပြောဖြစ်ခဲ့တာ။ ကျမကို ကျောင်းသူ
ကျောင်းသားတွေက လိုအပ်နေသေးသရွေ့တော့ ကျမ ကျောင်းဆရာမ အလုပ်ကို ဆက်လုပ်သွားဖြစ်မှာပါ... လို့။ အဲဒီ
ကာလတွေထဲမှာ ကျမက ကိုယ့်ရဲ့ ဆရာမအလုပ်အပေါ် တော်တော် သံသယဖြစ်လာတာလေ။ ၆လတတန်းနဲ့ တက္ကသိုလ်
ပညာရေးတစ်နှစ်ကို အပြီးလို့ ဆုံးဖြတ်ရတာတွေ..။ သင်ရိုးကုန် သင်ဖို့ထက် စာမေးပွဲမှာ မေးမယ့် အပုဒ်ရေလောက်
မှန်းပြီးသင်ရတာတွေ.. ကျူရှင.် . ကျူရှင်.. ကျူရှင်.. တွေ။ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်း။ အဖိစီး လွန်နေတဲ့ မဆီမဆိုင်
အလုပ်တာဝန်တွေ..။

အဲဒီတလောလေးမှာပဲ ကျောင်းပြီးသွားတဲ့ ကလေးတွေက အလုပ်မရကြတဲ့ ပြဿနာတွေ အများကြီး


ကြားလာရတယ်။ လူငယ်လေးတွေရဲ့ အနာဂတ်တွေ စပြီး မှိန်ဖျော့လာတဲ့ အချိန်ကာလပေါ့။ အလုပ်လုပ်ဖို့အရေး
နိုင်ငံခြားထွက်ဖို့သာ စဉ်းစားကြရတော့တဲ့အခြေနေက အဲဒီကာလမှာပဲ သိသိသာသာ စလာတာ။ အဲဒီတုန်းက အများစု သွားဖို့
ရည်မှန်းကြတာ ဂျပန် နဲ့ စင်္ကာပူ။ ချစ်သူချင်းတွေ ခွဲကြရ.. မိဘနဲ့ သားသမီးတွေ ခွဲကြရ။ ဘ၀တွေက တကယ့်ကို ရုန်းလေ
နစ်လေဆိုတာမျိုး ဖြစ်လာတယ်။ လူငယ်လေးတွေကြားထဲ စိတ်ကျ.. ဆိုတဲ့ စကားလုံးတလုံး ဗြုန်းဆို တွင်ကျယ်လာတာလည်း
အဲဒီ ၉၃.. ၉၄.. ကာလတွေထဲမှာပါပဲ။ ပညာရေးကို ကျောင်းသားတွေကိုယ်တိုင် အထင်မကြီးတော့တာတွေ စလာတဲ့
ကာလဦးပေါ့။

၉၃ထဲက တရက်မှာတော့ ကျမ သားလို ချစ်ရတဲ့ တပည့်လေးတယောက် စင်္ကာပူသွားပြီး အလုပ်


လုပ်ရတော့မယ်လို့ ကျမကို လာနှုတ်ဆက်တယ်။ ကျမသမီးလေးလို ချစ်ရတဲ့ သူ့ရည်းစားလေးကလည်း တရှုံ့ရှုံ့ ငိုလို့။
ကျမစိတ်ထဲ ထိခိုက်နေမိတယ်။ သူတို့နှစ်ယောက်က သိပ်ချစ်ကြတာ။ ပြီးတော့ နှစ်ဘက်မိဘသဘောတူခွင့်ပြုပြီးသား
စုံတွဲလေး။ သူတို့လေးတွေဟာ ချို့ချို့တဲ့တဲ့ကြီးထဲက မဟုတ်ပေမဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ လုပ်ငန်းမျိုး
လုပ်နိုင်လောက်အောင်တော့လည်း မရှိပြန်။ ဒီတော့ သူတို့နှစ်ယောက်ရဲ့အနာဂတ်အတွက် ပိုက်ဆံစုနိုင်ဖို့အရေး.. တဲ့။ ပြီးတော့
မိဘတွေကို ကူနိုင်ဖို့အရေး.. တဲ့။ ကျမတပည့်လေးခမျာ မသွားချင်ရှာဘူး...။ သူများနိုင်ငံမှာ ကျွန်လုပ်ရမှာ ဆရာမရယ်..တဲ့။
ကျမမှာ အားပေးရတာတောင် အဆွံ့ဆွံ့ပါ။ အဲဒါနဲ့ပဲ အဲဒီ ကလေးနှစ်ယောက် ကို ခံစားပြီး ၉၃ ထဲမှာ "ချစ်သူတို့ရဲ့ မနက်ဖြန်"
ကို ရေးဖြစ်ခဲ့ပါတယ်။

(အဖုံးဒီဇိုင်း မောင်သီဟ .. ပါ)

မြသီလာရဲ့ ၉၃၊ ၉၄ ရွှေရည်စိမ်နေ့ရက်တွေထဲမှာ ကျမကတော့ ဆရာမဘ၀တလျှောက်လုံး ကျမရဲ့


စိတ်ချမ်းသာရာဖြစ်တဲ့ ၀ါသနာတူ အိပ်မက်တူ ဘာသာစကားတူ တပည့်တွေ သူငယ်ချင်းတွေနဲ့ စကားဝိုင်း
ဖွဲ့နေရတာတွေကိုသာ သတိတရ ရှိရတာပါပဲ။ အဲဒီ ကာလ ၉၄ထဲမှာ "အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင"် ဆိုတဲ့ လုံးချင်း
တအုပ်ကို ထပ်ရေးဖြစ်ပါတယ်။ အဲဒီစာအုပ်လေးက RIT ကျောင်းနောက်ခံ။ Civil က ကျောင်းသား နဲ့ Architecture က
ကျောင်းသူရဲ့ အချစ်ဇာတ်လမ်းလေးပါ။ တချို့ အချက်တွေက ဗိသုကာဘက်ကနေ ဘက်လိုက်မှုပါသွားလို့ နည်းနည်း
ပိုပိုသာသာ ဖြစ်သွားတာတွေလည်း ပါတဲ့ ၀တ္ထုလေးပေါ့။ (ဘာလို့ဆို အဲဒီတုန်းက ဗိသုကာကျောင်းသား ချိုတူးဇော်.. ဗလ နဲ့
လင်းသန့် (သူလည်း စာရေးပါသေးတယ်၊ လယ်တွင်းသားစောချစ်ရဲ့သားပါ)တို့တွေက မောင်လေးတွေလို ဖြစ်နေတာကိုး။
ပြီးတော့ သူတို့ မိတ်ဆက်ပေးလို့ ဒေါ်ချိုချို ဆိုတဲ့ ဗိသုကာဆရာမလေးနဲ့ကလည်း ခင်ကြတော့ ဗိသုကာဘက်ကနေ
လိုက်မိသွားတာ :D)။ ပြီးတော့ အဲဒီတုန်းက Popular Guy လို့ စာတန်းကပ်ထားတတ်တဲ့ ပစ်ကပ်ကား လေးနဲ့ကျောင်းတက်တဲ့
"ဥာဏ်သာ"ကို စချင်တာနဲ့ ကျမဇာတ်လိုက်ကို Popular Guy စာတန်းကပ်တဲ့ကားတွေ ပေးစီးလိုက်တာ။ နောက်ပိုင်း
"ဥာဏ်သာ" လှိုင်ကိုလာလည်ရင် တချို့ကောင်မလေးတွေက စတယ်ဆိုပဲ။
အဲဒီတုန်းက စနေပိတ်ရက်ဆိုရင် ဗိသုကာဌာနမှာ စာအုပ်တွေလာဖတ် ပုံတွေလာဆွဲ လုပ်တဲ့
ချိုတူးဇော်တို့တွေနဲ့ နွေးအေးမှာ ထိုင်ပြီး တညနေခင်းလုံး စကားပြောကြ။ ကင်တီးမှာ ထိုင်ရင်းသားကနေ ဆင်ဆာက
မလွတ်နိုင်မယ့် ဇာတ်တွေ.. ခဲရာခဲဆစ်ရိုက်ရမယ့် ဇာတ်တွေ ရှာကြ။ စိတ်ကူးနဲ့ ဇာတ်ညွှန်းခွဲကြ။ သရုပ်ဆောင်တွေ ရွေးကြ..။
ချိုတူးဇော်က ပါးစပ်နဲ့ ရုပ်ရှင်တွေ ရိုက်..။ ဥပမာ စာရေးဆရာကြီး လင်းယုန်သစ်လွင်ရဲ့ "ဓမ္မ၀ိလာသ" ကိုပေါ့..။ ပုလဲ နေရာမှာ
ဘယ်သူ့ကို ထည့်မယ်။ ဘုန်းတော်ကြီးက ဘယ်သူပေါ့။ ညောင်တုန်းကမ်းပါးတွေ ပြိုတာနဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေတာကို
ဘယ်လိုနိမိတ်ပုံတွေနဲ့ ရိုက်မယ်..။ ဧရာဝတီမြစ်ထဲ ပုလဲ မုဒိမ်းကျင့်ခံရတာကိုရော ဘယ်လိုပြမယ်ပေါ့..။ ပြီးတော့လည်း The
little Buddha နဲ့ Mahatma Gandhi ကို အကြိမ်ကြိမ် ကြည့်ပြီး ကြိုက်နေကြတဲ့သူတွေမို့ ဗုဒ္ဓကို မြန်မာမှုပြုပြီး ရိုက်ရင်
ဘာတွေ ထပ်ထည့်မယ်.. ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို မဟတ္တမဂန္ဓီလိုမျိုး ရိုက်ချင်တာလည်း ပါတယ်။ အိုး.. ကျမတို့
မောင်နှမတစု အဲလို ရိုက်ခဲ့ကြတာ သုံးလေးကားလောက် ပြီးတယ်။ ဇော်ကြီးရော.. ကျမရော ကြိုက်တဲ့ "The thing called
LOVE" ဆိုတဲ့ ရုပ်ရှင်လေးလို သိမ်မွေ့တဲ့ အချစ်ကားလေးကနေ... လကာင်္ဒီပချစ်သ.ူ .. နှင်းကေသရာချစ်တဲ့ သူရဲကောင်း..။
ဆဲဗင်းဂျူလိုင် နဲ့ ၈လေးလုံးနောက်ခံ တက္ကသိုလ် ဇာတ်လမ်းတွေထိ .. စုံရော။ အဲဒါဟာ လက်ရှိခေတ်အပေါ်
မကျေနပ်နိုင်သမျှတွေ အတွက် ထွက်ပေါက်ပေးတာလည်း ဖြစ်တယ်လေ။

အဲဒီအချိန်မှာတော့ ၂နှစ်ကျော်၃နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ သားက ကျမကို ကောင်းကောင်း အဖော်လုပ်နေပြီ။

ကျမ သွားလေရာ သူပါပြီ။ ကျမတို့ စကားဝိုင်းတွေ ကောင်းနေချိန် မောင်ထူးမြတ်က လူရှင်းနေတဲ့ ကင်တီးထဲ


ပြေးလွှားဆော့ပေါ့။ တခါတလေ ရောင်စုံခဲတံတွေ ပုံဆွဲစက္ကူတွေနဲ့ သားက သူ့ဘာသာ သူ အလုပ်တွေများ..။ ကျမတို့က
စကားတွေများ..။ ဟန်ကို ကျလို့။ ညနေစောင်းဆို ကျောင်းရှေ့ လမ်းလျှောက်..။ ဘ၀ဆိုတာထဲ ဥစ္စာပစ္စည်း
ဘယ်လောက်ငတ်ငတ်.. ထမင်းဝပြီး စိတ်ချမ်းချမ်းသာသာ နေရရင် တော်ပြီလို့ပဲ အောက်မေ့ခတ
ဲ့ အချိန်တွေပါ။ အဲဒီ
ကာလတွေမှာပဲပေါ့.. တချို့ညတွေမှာ ကိုငှက်က စိတ်ရှုပ်လို့ဆိုပြီး ပြေရာပြေကြောင်းရယ်လို့ ညမှောင်မှောင် ဂျီဟောရှေ့
ဘောလုံးကွင်းစပ်မှာ သီချင်းလာ ဆိုတာ။ ပြီးရင် အင်းလျားဆောင်ဘက် သွားဦးမှာလို့ ချင်ခြင်းတွေနဲ့ ဆိုခဲ့တဲ့ ညတွေ။
အဲဒီတုန်းက ဂျီဟောအဆောင်ပေါ်က ဂျင်းသုပ်၊ လက်ဘက်သုပ်၊ ပုဇွန်ခြောက်သုပ် နဲ့ ရေနွေးကြမ်းဓါတ်ဗူး အစိမ်းကွက်လေး
ချချပေးတာ ခု ဘလော့ဖတ်နေတဲ့သူတွေထဲက ဘယ်သူတွေပါလဲ သိချင်ပါဘိ။

အဲဒီကာလတွေထဲမှာပဲ RITထဲက ကဗျာရေးတဲ့ ကျော်ဇောခိုင်.. ညလယ်မိုး.. လူသွေး.. ကျော်မိုးထက်တို့နဲ့


တိုင်ပင်ဖော်တိုင်ပင်ဖက် မောင်နှမတွေလို ခင်သွားခဲ့တာပါ..။ သူတို့နဲ့ဆိုလည်း ကဗျာကိစ္စ စာကိစ္စတွေရော..
ဘ၀အမောတွေပါမကျန် တိုင်ပင်ကြ.. အကြံပေးကြ အားပေးကြ။ (နောက်ပိုင်း ၁၉၉၈ထဲမှာ အရှုံးခံရဖို့များတဲ့ ကဗျာစာအုပ်
တစ်အုပ် (၉၈အချစ်ကဗျာ.. အချစ်ကဗျာ၉၈) ထုတ်ပြန်တော့လည်း ကျမကို ပိုက်ဆံချေးကြရတဲ့ အထိပေါ့.. ဟဲဟ)ဲ ။
ဒီတော့လည်း ကျမမှာက ရန်ကုန်တက္ကသိုလ်ထွက် ကျောင်းသူဟောင်း.. လှိုင်တက္ကသိုလ်ရဲ့ ဆရာမ.. စက်မှုတက္ကသိုလ် ရဲ့
အိမ်သားတယောက်အဖြစ်.. မြသီလာနွံထဲပဲ တ၀ဲလည်လည်..။ ဒါကြောင့်ပဲ ဘ၀မှာ ဘယ်လောက်ပဲ အခါခါ လဲကျခဲ့ပေမဲ့
အကြိမ်ကြိမ်ပြန်ထနိုင်တဲ့အားတွေ ရှိခဲ့တာလို့ ထင်ပါတယ်။

ကျမအတွက် နောက်ထွက်ပေါက်တခုကတော့ အချစ်ဝတ္ထုချိုချိုလေးတွေရေးနေရတာပဲ ဖြစ်ပါတယ်။


အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာဖြစ်ရခြင်းအပေါ်မှာလည်း ကျမ အမြဲပဲ ကျေနပ်ခဲ့ပါတယ်။ (ဒါပေမဲ့ ကျမရဲ့ ရေးဖော်
သူငယ်ချင်းဖြစ်တဲ့ ဘ၀သရုပ်ဖော်ရေး စာရေးဆရာမ တယောက်က "မမေငြိမ်းက တယောက်တည်း အပေါ် ချစ်တာကို
အားသန်တယ်.. ကိုယ်ကတော့ လူသားသန်းပေါင်း ၅၀ကို ချစ်တဲ့အချစ်ပဲ ရေးတတ်တယ်.." လို့ ကျမကို ပြောတုန်းကတော့
စိတ်မကောင်းဖြစ်သွားခဲ့မိဖူးပါတယ်)။ တကယ်တော့လည်း ကျမက ချစ်ခြင်းမေတ္တာနဲ့သာ တကယ်ကျင့်ကြံနေထိုင်ကြရင်
ကမ္ဘာကြီးက တကယ်အေးချမ်းမှာလို့ ယုံတာပါ။

ဒီတော့ ၉၃ ၉၄ ကာလရဲ့ မြသီလာမှာ ပြောစမှတ်ဖြစ်စရာဆိုရင်တော့ အဲဒီ ၉၃-၉၄ ကနေ ၉၅ထိ


ပညာသင်နှစ် ၃နှစ်ဆက်တိုက်လည်း ဘူမိဗေဒတန်းတွေကိုပဲ သင်ရတာ။ အဲဒီထဲက တပည့်ကျော်တွေထဲမှာလည်း သူတို့နဲ့
ပတ်သက်ပြီး မှတ်မှတ်သားသားဖြစ်စရာလေး တွေပါပေမဲ့ ကိုယ်ရေးကိုယ်တာလေးတွေ နွယ်ပြီးပါလာတော့ သိပ်ရေးလို့
မရတာတွေ ရှိလာ။ ကျမက ဆရာမဆိုပေမဲ့ စာရေးဆရာမို့လို့လားမသိ နည်းနည်းတော့ ဘက်လိုက်တယ်လေ.. ဥပမာ..
ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ခန့်နိုင်က Geology က တပည့်ပေါ့.. လို့ ပြောချင်ပေမဲ့ မောင်ဝိတ်ကလည်း တပည့်ပဲလေလို့တော့
မပြောချင်တာမျိုး :P ။ ဒါပေမဲ့ ကျမနဲ့ တခါ နှစ်ခါလားပဲ ကင်တီးထိုင်ဖူးတဲ့ Geologyက တပည့်လေးတယောက်နဲ့
စကားပြောရင်းကနေ သီချင်းတွေကြိုက်တတ်ပြီး အဆိုတော်ဖြစ်ချင်ပေမဲ့ အလှမ်းဝေးရရှာတဲ့ နယ်မြို့က ရွက်ပုန်းသီး
အဆိုကောင်းလူငယ်လေးတယောက်အကြောင်း ၀တ္ထုတိုလေးရေးဖြစ်သွားတာ..၊ အဲဒဝ
ီ တ္ထုလေးကို သုခမိန်လှိုင် ရေးပြီး
ဇော်ဝင်းထွဋ်ဆိုခဲ့တဲ့ အိမ.် . သီချင်းလေးနဲ့ စပ်ရေးထားလို့ ၀တ္ထုနာမည်ကိုလည်း "အိမ်" လို့ပဲ နာမည်ပေးပြီး မြန်မာ့ဓနမဂ္ဂဇင်းကို
ပေးခဲ့ဖူးတာ။ အဲဒဝ
ီ တ္ထုလေးကို ဆရာအောင်သင်းက အကြိုက်ဆုံး ၀တ္ထုတိုအဖြစ် ရွေးခဲ့ဖူးတာလေးတွေ ကျတော့
ပြောပြချင်ပြန်တယ်။ နောက်တော့ ခု ကျမ ပြည်ပရောက်မှ အဲဒီတပည့်လေး စင်္ကာပူမှာရှိနေလို့ အဆက်အသွယ်ပြန်ရတော့
ကျမမှာ အံ့သြ၀မ်းသာရတာလေးကျတော့လည်း ပြောပြချင်ပြန်ပါသေးတယ်။ ပြီးတော့ အဲဒီသားကိုပဲ ခုထိ ကျမနဲ့
အလှမ်းဝေးလှတဲ့ ကွန်ပျူတာာနဲ့ ပတ်သက်တာတွေ လှမ်း လှမ်း မေးရ.. သီချင်းတွေ ရှာရှာခိုင်းရ လုပ်နေရတာ။

အဲလိုပဲ အဲဒီနှစ်တွေထဲမှာ "ရာစုသစ်မြစ်ကျဉ်း"ကဗျာစာအုပ်တွေ လုပ်ဖြစ်ခဲ့တာ...၊ ၁၉၉၄မှာတော့


အမှတ်ရစရာ "တမိုးတည်းအောက်မှာ" ဆိုတဲ့ ကဗျာစာအုပ်လေးတအုပ် လုပ်ဖြစ်ပါတယ်။ YIT, MASU, နဲ့ လှိုင်တက္ကသိုလ်၊
ကြည့်မြင်တိုင်တက္ကသိုလ်က ကျောင်းသားတွေ ပါတဲ့ ကဗျာစာအုပ်လေးပေါ့။ အဲဒီ စာအုပ်ကလေးကို Geology က
နေလင်းကျော်သီဟ နဲ့ နေဆူးသစ်.. ပြီးတော့ RITက ဒတ္ထ နဲ့ တင်မင်းထက်တို့ လောဆော်ပြီး အားလုံး ၀ိုင်းစီစဉ်ကြတာ
(ကျမကလွဲရင်ပေါ့ :) )။ ပြောရရင်တော့ အဲဒီကဗျာစာအုပ် ထွက်ချိန် က ကျောင်းထဲမှာ ကဗျာစာအုပ်ထုတ်တာတွေကို
တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရတဲ့ အချိန်ပေါ့။ စာအုပ်ကလေးဖြစ်အောင် ခက်ခက်ခဲခဲ လုပ်ခဲ့ကြရတယ်။

ဘယ်လောက်ပဲ စောင့်ကြည့်ကြည်.့ .. တက္ကသိုလ်ပေါင်းစုံမှာ ကဗျာစာအုပ်တွေကတော့ ထွက်နေတာပါပဲ။


ကျမတောင် ၉၄တနှစ်တည်းမှာတင် ကျောင်းသားတွေနဲ့အတူ ကဗျာစာအုပ် ၄အုပ်လောက် ထွက်ဖြစ်ခဲ့တာ။ အဲဒီတုန်းက မျိုးမျိုး
(အဆိုတော်၊ နွဲ့ယဉ်ဝင်းသား)လည်း ကဗျာစာအုပ် ထုတ်သေးတယ်။ သူ့ကဗျာလေးတွေက လွတ်လပ်တယ်။
ရော့ခ်သီချင်းဆန်ဆန် ခုန်ပေါက်တယ်။

နောက်ထပ် ၉၂၊ ၉၃၊ ၉၄ မှာ မြသီလာရင်ခွင်ထဲ ထူးခြားချက်က Celebrity တွေဖြစ်လာမယ့်


အလောင်းအလျာလူငယ်လေးတွေ အများကြီးကို အဲဒီ နှစ်တွေထဲမှာ မွေးထုတ်ခဲ့တာပါပဲ။ အဲဒီလိုပဲ မူးယစ်ဆေးရဲ့
သားကောင်တွေကိုလည်း ၉၃၊ ၉၄ မြသီလာဝန်းကျင်ထဲမှာ အများကြီး တွေ့ခဲ့ရတာပါပဲ။ ဒီနေရာမှာ ကျမကတော့
မူးယစ်ဆေးရဲ့ သားကောင်ဆိုတာဟာ သုံးစွဲတဲ့သူတွေသာမကဘဲ သုံးစွဲသူတွေရဲ့ မိသားစုဝင်တွေပါ ဒုက္ခဆင်းရဲ
ရောက်ကြရတာမို့ သူတို့ကိုလည်း သားကောင်လို့သာ သတ်မှတ်ချင်တော့တာပါပဲ။ အဲလိုဆိုရင်တော့ အဲဒီ သားကောင်တွေထဲ
ကျမတယောက်လည်း အပါအ၀င်ဖြစ်ခဲ့တယ် ဆိုရမှာပေါ့။

တကယ်တော့ မဆလ လက်ထက်ကတည်းကပဲ လူငယ်တွေနဲ့ မူးယစ်ဆေးက နည်းအမျိုးမျိုးနဲ့


ဆက်စပ်ခဲ့ကြတာပါ၊ အထူးသဖြင့် ဘိန်းဖြူပေါ့။ အင်မတန်ငွေရလွယ်သလောက် လူမျိုးတမျိုးလုံး ပျက်သုဉ်း
သွားနိုင်လောက်အောင် အစွမ်းထက်တဲ့ ဘိန်းလုပ်ငန်းကို အစိုးရကိုယ်တိုင်က အလိုတူအလိုပါ လုပ်နေမှတော့ ကျမတို့
တိုင်းပြည်မှာ လူငယ်အများစု ဘိန်းစွဲ ဆေးစွဲနဲ့ မိသားစုလိုက် ဘ၀တွေ ပျက်ကုန်ကြရတာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။
ကိုယ့်မိသားစုဝင်တယောက် ဆေးနဲ့သေ.. ဘိန်းနဲ့သေ လို့မှ ထုတ်မပြောရဲကြ.. ထုတ် မပြောနိုင်ကြတဲ့ မြန်မာပြည်အတွင်းမှာ
အဲလို သေသွားရတဲ့ လူငယ်တွေ.. နာလန်မထူနိုင် အောင် ဘ၀ပျက်သွားရတဲ့ လူတော်တွေလည်း အများကြီးပါ။ ကျမတို့
ဘယ်သူ့ကို အပြစ်တင်ရမလဲ..။

အဲဒီ မူးယစ်ဆေးဂယက် ဘိန်းဖြူဂယက်က ၉၁ကျောင်းပြန်အဖွင့်မှာ မသိမသာ ခေါင်းထောင်လာခဲ့တာ..။


၁၉၉၂ နောက်ပိုင်း တချီ ကျောင်းပြန်အဖွင့်မှာတော့ ကျောင်းဝန်းကျင်ထဲမှာ တကယ်ကပ
ိဲု သိသိသာသာ ပြန့်နှံ့သွားခဲ့တာ။
တက္ကသိုလ်တွေဟာ မူးယစ်ဆေးဝါးဝယ်ဖို့ အလွယ်ဆုံးနေရာ... ဖြန့်ဖို့အလွယ်ဆုံးနေရာ ဖြစ်ခဲ့တာ။ ကျောင်းလုံခြုံရေး
ဆိုသူတွေအထဲက မျက်နှာစိမ်းတွေဆီမှာ ဆေးဝယ်ရတာ အလွန်လွယ် သတဲ့။ တကယ်တော့ ကျောင်းဝင်းတွေထဲမှာလည်း
မျက်နှာစိမ်းတွေ အများကြီး.. ကြားရသလောက်တော့ informer တွေ.. အရပ်ဝတ်ထောက်လှမ်းရေးတွေဆိုပဲ..။
သေချာတာကတော့ အဲဒီ ထောက်လှမ်းရေးဆိုတဲ့ သတ္တ၀ါတွေက ဒီလောက် ပေါ်ပေါ်ထင်ထင် လုပ်နေတဲ့
ဘိန်းအရောင်းအ၀ယ်ကိုတော့ မဖမ်းနိုင်ဘဲ တက္ကသိုလ်သဘာဝအလျောက် ကဗျာစာအုပ်လေးတွေရေးထုတ်တဲ့
ကျောင်းသားလေးတွေကိုတော့ ခေါ်မေးရ တာနဲ့ သတိပေးရတာနဲ့။ မြသီလာဝန်းကျင်ဟာ ပိုပိုပြီး ညစ်နွမ်းလာခဲ့ရပြီ။

အနာဂတ်မှာ ဘာမှလုပ်မရနိုင်တော့... ဘ၀ကြီးက အဓိပ္ပါယ်မရှိဘူး..။ ကိုယ်လုပ်လည်း ဖြစ်မလာဘူး..။


ဖြစ်ချင်ရာတွေဖြစ်လာတာပဲဆိုတဲ့ ခံစားချက်တွေ သိပ်ဖိစီးတဲ့အခါ ထွက်ပေါက်မှားလေ့ ရှိတတ်ပါတယ်။ အထူးသဖြင့်
လူငယ်လေးတွေမှာပေါ့။ ဒါပေမဲ့ ဘယ်လို ရုန်းထွက်ကြမလဲဆိုတာကတော့ တဦးချင်းရဲ့ အယူအဆနဲ့ ခံစားပုံပေါ် မူတည်မှာပါ။
ကျမတို့ မမီလိုက်တဲ့ Virginia Woolf, Vincent Vangogh, Marilyn Monroe , Elvis Presley, ဟဲမင်းဝေး.. မြို့မငြိမ်း...။
တကယ်တမ်း သူတို့ ရွေးတဲ့လမ်းကို ဘာကြောင့် ဒီလို ရွေး လိုက်ရသလဲ.. သူတို့ပဲ သိပေလိမ့်မယ်။ ဒီနေရာမှာ အဲဒီ
ထွက်ပေါက်မှားသူတို့ရဲ့ ဒဏ်ကို ခံကြရတဲ့ နံဘေးက သူတွေကတော့ ဓားစာခံပေါ့လေ။ ပြောရရင်တော့ ဓားစာခံဖြစ်ရတာက
တော်တော် မလွယ်တဲ့ ပင်ပန်းဆင်းရဲတဲ့ ကိစ္စပေပဲ။

တကယ်တော့ အဲဒီ ဂယက်ကလည်း ၉၁ ကျောင်းတွေပြန်အဖွင့်မှာကတည်းက မြသီလာဝန်းကျင်ကနေ


အစပျိုးခဲ့တာပါပဲ။ မြသီလာဝန်းကျင်မှာ မူးယစ်စရာတွေ အလွယ်တကူ ရှိနေတဲ့အချိန.် ..။ ကျမက ကျောင်းတာဝန်တွေ
တဘက်.. သားတဘက်.. Thesis တဘက်.. စာရေးတဲ့အလုပ်တဘက် ရှိနေခဲ့တဲ့ အချိန်တွေ...။ နောက်ဆုံး ၁၉၉၄ကို
ရောက်လာတဲ့အခါမှာတော့ ပေါက်ကွဲချင်နေတဲ့ မီးတောင်လေးက အရှိန်ရ နေခဲ့ပြီ။ ၁၉၉၄မှာ ကျမ ကျမ်းပြုအပြီး
မဟာဝိဇ္ဇာဘွဲ့ရချိန်မှာတော့ အောင်မြင်မှုတခုနဲ့အတူ ပြင်းထန်တဲ့ ဆုံးရှုံးမှုတခုကို ကျမ လက်ခံလိုက်ရပါတော့တယ်။

"ဘာမှ အဓိပ္ပါယ်မရှိတဲ့ ဘ၀ထဲမှာ ကိုယ်လုပ်ချင်တာကို လုပ်ပြီး သေသွားရတာသာ အမြတ်ပဲ... မင်းလည်း


မင်းယုံကြည်ရာကို လုပ်လို့ရပြီပ.ဲ ..။ ကျေးဇူးပြုပြီး... ငါ တယောက်တည်းပဲ လွတ်လွတ်လပ်လပ် နေပါရစေတော့" လို့
ကိုယ့်ဘ၀ရဲ့ တသက်တာ လက်တွဲဖော် ဆိုသူက ကိုယ့်ကို ပြောလာခဲ့ရင် ဘယ်လို ဆုံးဖြတ်ကြမလဲ...။ ဒါဟာ...
ကျမအတွက်တော့ သိပ်ကို ပူပြင်း လောင်မြိုက်စရာ... ရှက်ရွံ့ကြေကွဲစရာပါပဲ။
မြသီလာအလွမ်းပြေ (၂၁)

ပြီးခဲ့တဲ့ အပိုင်း(၂၀)ကို သော့ရေးသလိုဖြစ်သွားတယ်လို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ တကယ်လည်း


သော့ရေးခဲ့တာ..။ အဲဒီကာလတွေဟာ ကိုယ်ရေးကိုယ်တာအတွက်ရော.. ခေတ်အတွက်ရော.. မြသီလာ အတွက်ရော...
မေ့လို့ကလည်း မရ.. မေ့လည်း မေ့ထားလိုက်ချင်တဲ့ ကာလတွေပဲကိုး။ ဒါပေမဲ့ အီမေလ်တွေ ပို့ကြတယ်.. Comment
တွေမှာလည်း ပြောကြတယ်.. ခေတ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ သေချာလေး ရေးပေးပါ.. တဲ့။ ဟုတ်ပါတယ်..။ ကျမ
ရေးသင့်တယ်.. ရေးရမယ်..။ ဒါကြောင့် ကျမ တတ်နိုင်သလောက် ပြန် အသေးစိတ်ပါဦးမယ်..။

၉၃၊ ၉၄၊ ၉၅ ခုနှစ်တွေရဲ့ မြသီလာနေ့ရက်တွေကို ပြန်ကြည့်ရင် ကျမဘာကို သတိရမိလဲ ဆိုတော့ ရတနာပုံ


မန်းနေပြည်မှာ သီပေါမင်းကို နန်းတင်ပြီးတဲ့နောက် မင်းညီမင်းသားတွေ.. ပုန်ကန်မယ်လို့ ထင်ရသူတွေကို အစုလိုက်
အပြုံလိုက် သတ်တဲ့အခါ အသတ်ခံရသူတွေရဲ့ အော်ဟစ်တိုင်တည်သံတွေကို မကြားရအောင် မြို့ရဲ့ လေးပြင်လေးရပ်မှာ
ပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲအောင်ကျင်းပနေစေခဲ့တယ်..ဆိုတဲ့အဖြစ်အပျက်ကိုပါပဲ။

တကယ်ပါပဲ.. အဲဒီနှစ်တွေထဲမှာ မြသီလာရဲ့ ရင်ခွင်အနှံ့ (လှိုင.် . ကြည့်မြင်တိုင.် . ဗိုလ်တထောင်. ပင်မ


တက္ကသိုလ်ကြီး) ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေ ကျင်းပပေးတယ်...။ အနုပညာခန်းမ တွေထဲ တူရိယာသံ ဂီတသံ တွေ ပြန်ပြီး
လွင့်ပျံ့လာတဲ့ ကာလ။ ကျောင်းတွင်း အာစရိယ ပူဇော်ပွဲတွေ.. အဆောင်တွေရဲ့ နှုတ်ဆက် မိတ်ဆုံ ညစာစားပွဲတွေမှာ
အပြင်ရောက်သွားပြီ ဖြစ်တဲ့ ကျောင်းသားဟောင်းအဆိုတော်တွေ ကျောင်းမှာ ဘာသာရပ် အလိုက် ဖိတ်ပြီး
သီချင်းတွေလာဆိုကြ... ကျောင်းသားတွေလည်း သီချင်းတွေ အပြိုင် ဆိုကြ နဲ့..။ မြသီလာဟာ တကယ်ပဲ
အသက်ဝင်နေသယောင်..။ အဲဒီအချိန် စစ်အစိုးရက တွက်ပုံရပါတယ်။ ၈၈မျိုးဆက်တွေ ကုန်သလောက်ရှိပြီဖြစ်တဲ့ နှစ်တွေလို့။
တကယ့် မျိုးဆက်သစ်တွေကို သူတို့ မွေးယူမယ်လ.ို့ . တွေးပုံရပါတယ်။

အဲဒီနှစ်တွေထဲမှာ ကျောင်းပညာရေးပိုင်းကို သိသိသာသာ ဖြစ်သလိုလုပ်လာတာတွေလည်း စခဲ့တာပေါ့။


ကျောင်းသားလူငယ်တွေကတော့ သူတို့အရွယ်ရဲ့ သဘာဝအတိုင်း စာ နည်းနည်း ပဲ သင်ရတာကို ကြိုက်တယ်.. စာမေးပွဲ
လွယ်လွယ်အောင်တာကို ကြိုက်တယ်.. အပျော်အပါးနဲ့ နေရတာကို ကြိုက်တယ်... နောက် လူငယ်တွေရဲ့
စိတ်အဆာဖြစ်တတ်တဲ့ မူးယစ်ဆေးဝါးနဲ့ လိင်ကိစ္စတွေ ဖောဖောသီသီဖြစ်လာတာကို သဘောကျကြမယ်။ ဒါဟာ
အဲဒီအရွယ်တွေမှာ ဖြစ်တတ်.. ရှိတတ်တဲ့ သဘာဝပဲ။ ဒါတွေကို စစ်အစိုးရက သေသေချာချာ အသုံးချတော့တာပါပဲ။
တဘက်မှာကလည်း မိဘတွေ ဆရာတွေရဲ့ စားဝတ်နေရေး အကျပ်အတည်း.. နောက် အလုပ်အကိုင်ရှားပါးမှုပြဿနာ... ။
ဒါတွေကို တမင်မဖြေရှင်းဘဲ ထားတာဟာလည်း အာဏာရှင်အုပ်ချုပ်ရေးအတွက် သော့ချက်ပဲလေ။ ဒါမှပဲ လူတွေက
စားဝတ်နေရေးနောက် လိုက်ရင်း နိုင်ငံရေးဘက် စိတ်မရောက်နိုင်တော့မှာလို့ အာဏာရှင်တွေက တွက်တာကိုး။

အဲဒီအခါ စာသင်ချိန်ကာလတွေကို လျှော့ချ.. သင်ရိုးတွေကို လျှော့ချ... စာမေးပွဲတွေကို ဗုံးပေါလအော


အအောင်ပေး၊ ဒီလိုနဲ့ ပညာရေးအဆင့်အတန်း စကျလာ..။ ဆရာဆရာမတွေ ထမင်းငတ်လာတော့ ကျူရှင်တွေ
အပြိုင်အဆိုင်ပေးကြ..။ အဲဒီဂယက်ကြောင့် အဂတိ လိုက်စားတာတွေ များလာ..။ အချင်းချင်း ကျူရှင်လု ကြတယ်ဆိုတဲ့
ဆရာဆရာမ ကိုယ်ကျင့်သိက္ခာနဲ့ တန်ဖိုးကို ထိခိုက်စေတဲ့ ပြဿနာတွေ ပေါ်လာ..။ ကျောင်းသားတွေက ငွေမက်တဲ့
ဆရာဆရာမအများစုကို ကြည့်ပြီး ဆရာဆိုတာအပေါ် အထင်သေးစ ပြုလာတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့
ကျောင်းသားတွေက ဘယ်ဆရာက ငွေမက်တယ်.. အဂတိလိုက်တယ်.. ဘယ်ဆရာကတော့ မှန်ကန်တယ်ဆိုတာတွေကို ခွဲသိ
ခွဲမြင်နေပါသေးတယ်။ ဒါပေမဲ့ ဆရာ တပည့် ဆက်ဆံရေး တွေကတော့ သွေးကွဲ စိမ်းပျက်စ ပြုလာပြီလို့ ပြောနိုင်တဲ့
အချိန်တွေပါ။

အဲဒီကာလမှာပဲ ကျောင်းပြီးသွားတဲ့ လူငယ်တွေ အလုပ်မရကြ။ အပြင်လောကမှာ တော်ရုံ ဘာလုပ်လုပ်


အဆင်မပြေ..။ မြန်မာပြည်ထဲမှာ သိသိသာသာ ရှိလာတဲ့ လူတန်းစား အလွှာ သုံးရပ်ကို စတွေ့လာရတဲ့ ကာလ။
စစ်ဘက်အကြီးပိုင်း မိသားစုတွေက တလွှာ(ချမ်းချမ်းသာသာ လူပါး၀၀..တွေ)၊ လူချမ်းသာမိသားစုတွေက တလွှာ
(ပပလွှားလွှား ထောင်ထောင်ကြွားကြွား တွေ)၊ ၀န်ထမ်း မိသားစုတွေ အပါအ၀င် အခြေခံလူတန်းစား တွေက
တလွှာ(စိတ်ဓာတ်ကျပြီး သုံးလုံးချဲတွေ.. အစိုးရထီတွေသာ စောင့်ပြီး လှိမ့်ထိုးနေတဲ့ လူကြီးပိုင်းတွေ.. မျှော်လင့်ချက်မဲ့နေတဲ့
လူလတ်ပိုင်းတွေ... အပျော်ရှာချင်ရင် လွယ်သလောက် အနာဂတ်ကျတော့ မရေရာ၊ ကိုယ်ပိုင်တန်ဖိုးရယ်လို့လည်း
မရှိကြရရှာတဲ့ လူငယ်ပိုင်းတွေပါတဲ့ အလွှာပေါ့)။

အဲဒီကာလတွေထဲမှာပဲ ဘီယာဆိုင်ယဉ်ကျေးမှုတခု ခေါင်းပြူစ ပြုလာ..။ နောက်တော့ အပိုင်း(၂၀)မှာတုန်းက


ပြောခဲ့သလို ဘိန်းဖြူအပါအ၀င် မူးယစ်ဆေးဝါးပေါင်းစုံက ချိုချဉ်ဝယ်ရသလို လွယ်လွယ်လေး ၀ယ်လို့ရတဲ့ အချိန.် .။
အဲဒီအချိန်မှာ ပညာတတ်လူငယ်တချို့ကတောင် မူးယစ်ဆေးတွေက လက်တွေ့ဘ၀ကို မေ့ပစ်ဖို့
အကောင်းဆုံးထွက်ပေါက်ပဲလို့ ပြောလာတဲ့ အချိန.် ..။ အဲဒီကာလထဲမှာပါပဲ လူလ တ်ပိုင်းတွေက သေရည် အရက်
ရေစီးကြောင်းထဲ သိသိသာသာ ပျော်ဝင်လာ..။ တဘက်မှာတော့ မိန်းကလေးတွေရဲ့ လောကမှာ အလှအပတွေ ဖက်ရှင်တွေ
ခေတ်စားလာပြီး မော်ဒယ်(Model) ဆိုတဲ့ လမ်းကြောင်းတစ်ခု ပေါ်လာ။ အဲဒီအပြင် မြို့ထဲလမ်းမတွေပေါ်မှာ ည ညဘက်
မိတ်ကပ်ရောင်စုံခြယ်မိန်းမငယ်တွေ လမ်းသလားနေတာ ပို ပိုများလာ...။ အဲဒီကာလမှာပဲ တိုးတိုးတိတ်တိတ် နိုက်ကလပ်
ဆိုတာတွေ ရှိနေပြီ...တဲ့။ စားသောက်ဆိုင်တွေမှာ ညဘက် စင်မြင့်ဖျော်ဖြေပွဲတွေက လူငယ်တွေအတွက် အလုပ်တခုလို
ဖြစ်လာ..။

ဒါတွေအားလုံးဟာ အမှတ်တမဲ့ မတော်တဆဖြစ်လာတာတွေ မဟုတ်..။ စစ်အစိုးရက အကွက်ကျကျ


ဖော်ဆောင်ခဲ့တာတွေသာ ဖြစ်ပါတယ်။ ဘာလို့ဆို အဲဒီကိစ္စတွေအားလုံးကို နောက်ကနေ ကြိုးကိုင် လုပ်ဆောင်ခဲ့တာက
ခင်ညွန်ရဲ့ စစ်ထောက်လှမ်းရေးအုပ်စုတွေ ဖြစ်နေတာကြောင့်ပါပဲ။ ဆိုတော့ ၉၂၊ ၉၃၊ ၉၄ ကာလတွေဟာ လူငယ်တွေ
လူလတ်တွေက.ို . တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ခြေတွေ လက်တွေ ဦးနှောက်တွေကို.. တနည်းအားဖြင့် နိုင်ငံရဲ့ အနာဂတ်က.ို .
စနစ်တကျ စပြီးဖျက်ဆီးခံခဲ့ရတဲ့ အချိန်တွေလို့ ပြောကို ပြောရမှာပါပဲ။

လူငယ်ဆိုတာကတော့ ပလေးဘွိုင်သန်းနိုင်ဆိုတဲ့ သီချင်းတပုဒ်ထဲကလိုပဲ "လူငယ်ဆိုတော့ကာ အမှားလည်း


ရှိကြမှာပေါ့.. အချိန်တန်ရင်တော့ မနေပါဘူး ပြောင်းလဲဖို့ရှိမှာ" ဆိုသလိုပါပဲ၊ မှားတတ်တဲ့ အရွယ်မှာ မှားဖို့ အခွင့်အရေး
များများပေးလိုက်ရင် မှားတဲ့လမ်းကို ပိုရွေးမိသွားကြတာ.. လူငယ်တွေရဲ့ အပြစ်ချည်း သက်သက် မဟုတ်ပါ။ အဲဒီကာလထဲ
အဲဒီဂယက်တွေထဲမှာ ကျမတို့ဆုံးရှုံးလိုက်ရတဲ့လူငယ်လူရွယ်တွေအများကြီး...........

ကျမရဲ့ အိမ်ထောင်ရေးဘ၀ဟာလည်း အဲဒီလို ဂယက်ထဲ မျောခဲ့တာပဲပေါ့။ အနုပညာထဲမှာ


အရည်အချင်းရှိတဲ့ တော်တ.ဲ့ . ရပ်တည်မယ်ဆို ရပ်တည်နိုင် အောင်မြင်နိုင်ပါလျက်နဲ့။ ခေတ်ရဲ့ အခြေအနေမပေးမှုတွေ..
ကမ္ဘာနဲ့ ယှဉ်ရင် နောက်ကျကျန်နေခဲ့တဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေ... ပတ်ဝန်းကျင်ရဲ့ ကျဉ်းမြောင်းနေသေးတဲ့
အမြင်အယူအဆတွေကလည်း ရိုက်ခတ်တဲ့အခါ....။ ကျမတို့ရဲ့ အိမ်ထောင်ရေးဘ၀ထဲမှာ 'လိုချင်တာမိဖုရား ညားတော့
ဘုရင်မ' ဆိုတာတွေ..၊ 'နံရံကို လက်သီးနဲ့ ထိုးမိမယ်..' ဆိုတာတွေ၊ တခါတလေတော့လည်း 'ခြင်္သေ့လည်ပြန်' ဆိုတာတွေ...၊
'မကျေနပ်ဘူး.. လုံးဝမကျေနပ်ဘူး..' ဆိုတာတွေကိုလည်း ဟစ်အော်လို့ ကောင်းလာတတ်တဲ့ အချိန်တွေ။ ကျမကကလည်း
"လွတ်လမ်း".. တွေ၊ "မှန်ကြည့်သူရဲ့ည".. တွေ ရေးဖြစ်။
အဲဒီရက်တွေထဲမှာ သူက စိတ်ကျမူးယစ်.. ကျမက ကဗျာတွေ ရေး။ ကဗျာတွေက မလှမပ....

ဟောဒီလမ်းမှာ
နှစေ
် ယာက်အတူပေါ့လှမ်းခဲ့တာ။
ဘာလို့များမှားယွင်းခဲ့သလဲမောင်...
ကြယ်ရောင်ဖြိုးဖျညတွေ
အုံ့ဆိုင်းမှိုင်းဝေနေ့တွေ
လက်တွဲဆင်နွှဲခဲ့ကြတာ
ရာသီများစွာ...
ဘယ်တုန်းကမှလမ်းမမှားခဲ့ဖူးပါဘဲ။
ခုကျတော့
အသည်းကွဲအက်ဘ၀မှာ
ကြေကြေမွမွကျန်ရစ်
စွန့်ပစ်မရတဲ့ကြိုးတွေခိုင်ခိုင်တုပ်
ပုပ်ပွတဲ့ဂုဏ်သိက္ခာနဲ့
ဖွင့်ချပြလို့လည်းမရ
နောက်ဆုံးကျ
ဟော့ဒီလမ်းမှာပြာချသဂြိင်္ုဟ်လို့
ကိုယ့်ကိုယ်ကိုယ်စတေးရတော့တယ်။

ဆိုတာမျိုးတွေ...။ စိတ်ထိခိုက်သမျှ အလုပ်တွေ ဖိလုပ်။ သားဆီပဲ စိတ်နှစ.် .။ ကောင်းတာကတော့ အလုပ်တွေ အများကြီး


အောင်အောင်မြင်မြင် ပြီးကုန်တာ။ နောက်တချက်ကတော့ လုပ်သက်ကလည်း ၈နှစ်ပြည်.့ . မဟာဝိဇ္ဇာဘွဲ့လည်းရပြီမို့
promotion ရပြီး လက်ထောက်ကထိကအဖြစ် ရာထူးတက်သွားပါတယ်။ မကောင်းတာကတော့ အိမ်ထောင်ဖက်နဲ့ ပို ပို
အလှမ်းကွာသွားတာပါ။ မာနတွေလည်း ပါတာပေါ့။ ငါလို မိန်းမကိုများပေါ့..။ ဟိုတဘက်ကလည်း ဒီလိုမိန်းမမျိုး.. ပေါ့။ ကျမတို့
နှစ်ယောက်လုံး တနည်းနည်းနဲ့တော့ မှားခဲ့ လွန်ခဲ့ကြတာပါပဲ။ ဒီအထဲ ခေတ်စနစ်ကလည်း လမ်းလွဲစရာတွေ ၀ိုင်းဝိုင်းလည်..။
ဒီလိုနဲ့ ကျမတို့အရွယ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ သားကောင်ဘ၀ ရောက်ခဲ့ရတော့တာပါ။ တကယ်တော့ နှစ်ယောက်ဘဝ
ဆိုတာကြီးတခုဟာ စာရွက်တရွက်ပေါ် လက်မှတ်ထိုးပြီး စခဲ့..။ ပြီး... စာရွက်တရွက်ပေါ် လက်မှတ်ထိုးပြီးတော့ပဲ ဆုံးခဲ့။
လွယ်လွယ်လေးရင်ဆိုင်နိုင်ခဲ့တာတော့မဟုတ်ပါ။

ကျမဘ၀က မြသီလာနဲ့ ပတ်သက်ရင် ၉၅ထဲမှာတော့ သိသိသာသာ... လှုပ်လှုပ်ခတ်ခတ်။ အဲဒီနှစ်မှာလည်း


ကျမက ရှေ့နှစ်တွေရဲ့ ထုံးစံအတိုင်း ဘူမိဗေဒအတန်းကိုပဲ အစဉ်အဆက် တာဝန်ယူ ရတာပေါ့။ အဲဒီ ၉၄-၉၅
ပညာသင်နှစ်ကတော့ ဘူမိဗေဒကို ဆက်တိုက်သင်ခဲ့ရတဲ့ ကာလတွေရဲ့ နောက်ဆုံးနှစ်ပေါ့။ အဲဒီတုန်းကတော့
နောက်ဆုံးနှစ်ဆိုတာ မသိပါဘူး။ အဲဒီ နှစ်က သားတွေ သမီးတွေကလည်း ဘူမိဗေဒရဲ့ အစဉ်အလာမပျက် ကျမကို ချစ်ကြတာ
ပဲပေါ့။ အဲဒီအချိန်မှာ မောင်နေလင်းတို့ ချိုသင်းလေးတို့ Batchတွေက မိန်းထဲမှာ နောက်ဆုံးနှစ် စီနီယာကြီးတွေပေါ့။
ဘူမိဗေဒက စီနီယာ ဂျူနီယာ အစဉ်အဆက် လက်ဆင့်ကမ်းထိန်းကြတဲ့ အစဉ်အလာက ရှိလေတော့ အဆင့်ဆင့်
လက်ဆင့်ကမ်းပြောကြလေတော့ ကျောင်းစတက်ကတည်းက ကျမကို အမေခေါ်တဲ့ ကလေးတွေ ရှိနေပြီ။
အဲဒီကလေးတွေထဲက တချို့အကြောင်း နောက်ပိုင်းမှာ ပြောစရာ ရှိပါသေးတယ်။

အဲဒီနှစ်မှာ ကျမက မဟာဝိဇ္ဇာလည်းပြီးပြီဆိုတော့ ဖိစီးမှုတခု လျော့သွားပြီ။ အဲဒီအချိန်မှာပဲ Today


စာအုပ်တိုက်က အလုပ်အပ်လို့ ဇော်ဝင်းထွဋ်ရဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ရေးဖို့ လက်ခံထားတဲ့အချိန်။ ဇော်ဝင်းထွဋ်နဲ့ မေခိုင်အုံး
ကလည်း ကိုယသ
့်ူငယ်ချင်း ၀န်းကျင်ထဲကပဲမို့ သူတို့နဲ့ ပြန်နီးစပ်ဖြစ်တဲ့ အချိန်တွေပေါ့။ သူတို့က ကိုယ့်ကို တကယ့်
ညီမလေးလို အားပေးတန် အားပေး.. စောင့်ရှောက်တန် စောင့်ရှောက်နေခဲ့တဲ့ အချိန်။ "အသံသစ်ပြတိုက"် ရေးနေတဲ့
အချိန်တွေပေါ့။ ကျောင်းမှာ ကလေးတွေလုပ်တဲ့ ဆရာကန်တော့ပွဲ ပျော်ပွဲရွှင်ပွဲတွေမှာ စိတ်ပါလက်ပါ ကူညီ။ ဇော်ဝင်းထွဋ်တို့
မျိုးကျော့မြိုင်တို့ သီချင်းတွေ လာဆိုကြ။ အဲဒီတုန်းက သီရိဂျေမောင်မောင်တို့ စည်သူလွင်တို့ မျိုးမျိုးတို့က လှိုင်မှာ
ကျောင်းတက်နေတုန်းကာလ။ ကျမနဲ့ တပည့်တွေရဲ့ စည်းလုံးညီညွတ်မှုက ပိုပိုပြီး သိပ်သည်းလာ။ ကျမက လက်ရှိဘ၀ကို
မေ့ချင်ယောင်ဆောင်။ အင်မတန် ချစ်စရာကောင်းတဲ့ ငဲ့ညှာတတ်တဲ့ ယောက္ခမတွေကြောင့် သူတို့အရိပ်အောက်က
စွယ်တော်ရိပ်သူ ဘ၀ထဲမှာပဲ ဆက်ပြီး လုံလုံခြုံခြုံ အိနြေ္ဒရရနဲ့ မြသီလာဝန်းကျင်ထဲ ဖြတ်သန်းနေနိုင်ခဲ့။

အဲဒီအချိန်တွေမှာပဲပေါ့... ၉၄-၉၅ ပညာသင်နှစ်ထဲမှာ ကျမနဲ့ စစ်အစိုးရရဲ့ အာဏာစက် ထိပ်တိုက်တွေ့တဲ့


ပြဿနာတခု ဖြစ်ခဲ့ရတာ။ အဲဒီနှစ်တွေဟာ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ဘတို့ အလယ်ပိုင်းတိုင်းမှူး
ဗိုလ်ချုပ်ထွန်းကြည်တို့ တန်ခိုးထွားနေချိန်။ ကျမရဲ့ ၉၄-၉၅ ပညာသင်နှစ်ရဲ့ ဘူမိဗေဒတန်းမှာ ကျော်ဘသား ပါလာပါတယ်။
သူက အတန်းလည်း မတက်.. Tutorial လည်း တချိန်မှ မဖြေခဲ့လို့မို့ စာမေးပွဲစစ်တဲ့အခါမှာတော့ ကျမက သူ့ကို
ပယ်စာရင်းထဲတောင် ထည့်ထားတာပါ။ ဒါကြောင့် စာမေးပွဲဖြေအပြီး သူ့ Answer paper တက်လာတော့ Tutorial marks က
zero percent... Attendance ကလည်း zero percent...။ ဆိုတော့ သူက စာမေးပွဲ ကျကို ကျရမှာပါ။ ပိုဆိုးတာက Answer
paper မှာလည်း သူက ၁၂မှတ်ဖိုးပဲ ဖြေထားနိုင်ပါတယ်။ မြန်မာစာအတန်းပိုင်အနေနဲ့ ကျမ ဘူမိဗေဒတန်းရဲ့
မြန်မာစာဘာသာရပ် အတွက် အောင်စာရင်းကို လုပ်နေချိန်မှာပဲ အထက်က ဆိုပြီး အမိန့်လာပါတယ်။ အဲဒီ ကျော်ဘသားကို
စာမေးပွဲအအောင်ပေးရမယ်... တဲ့။
ဌာနမှူးက ကျမကို ခေါ်တွေ့ပြီး အဲဒီကိစ္စကိုပြောပါတယ်။ ကျမက လုပ်မပေးနိုင်ပါဘူး.. အဲဒီကလေးက
စာသင်နှစ်တနှစ်လုံး ကျမကို တကြိမ်မှလာတွေ့တာမျိုး ခွင့်တိုင်တာမျိုးလည်း မလုပ်ပါဘူး.. ဒါကြောင့် ဒီလိုကျောင်းသားမျိုးက
ဘယ်သူ့သားပဲဖြစ်ဖြစ် ကျမ အအောင် မပေးနိုင်ပါဘူး.. လို့ ပြန်ပြောလိုက်ပါတယ်။ ဌာနမှူးကတော့ နည်းနည်း
ကြောက်နေပါတယ်။ ကျမကတော့ ဌာနမှူးကို "မမ ကျမက အတန်းပိုင်အနေနဲ့ အအောင်မပေးဘူးလို့သာ ပြောလိုက်ပါ.." လို့ပဲ
နောက်ဆုံးစကား ပြောလိုက်ပါတယ်။ ကျမ တော်တော်လည်း ဒေါသထွက် ခံပြင်းနေမိပါတယ်။ အောင်စာရင်းမှာ သူ့ခုံနံပါတ်ကို
သေချာ မင်နဝ
ီိုင်း.. ကျမ လက်မှတ်ထိုးပြီး တင်ပေးလိုကပ
်ါတယ်။ ပြီးတော့ ကျမ ဗိုလ်ကျော်(ဘူမိဗေဒဌာနမှူး
ဆရာဦးကျော်ထင်)ဆီ ထွက်လာ လိုက်ပါတယ်။ ဆရာက ဌာနမှာပဲ ရှိနေလို့ ဆရာ့ကို ကျမ အဲဒီကိစ္စ ပြောပြလိုက်ပါတယ်။
ကျမ အအောင်မပေးနိုင်ဘူးဆရာ.. လို့။

ဆရာက ရယ်ပြီးတော့ 'အမလေး...ဒေါ်ငြိမ်းရာ.. သေချာတာပေါ့.. မေဂျာဘာသာတွေမှာလည်း အဲလိုပဲလေ..


Practical မရှ.ိ . အတန်းမတက်... ပြီးတော့ ကျနော့ကိုလည်း အအောင်ပေးရမယ်လို့ လာပြောတာ.. ဒါမျိုး ဆောရီးပဲ ..
Geology ကို ဒီလို လွယ်လွယ်လုပ်လို့ ရမလား.. ကျော်ထင့်ကိုလည်း ဒီလိုလာလုပ်လို့ ဘယ်ရမလဲ' တဲ့။ ကျမ
ကျေနပ်သွားပါတယ်။ နောက်ဆုံးတော့ အဲဒီ သကောင့်သား ပထမနှစ် ဘူမိဗေဒမှာ စာမေးပွဲ ကျလေသတည်း.. ပေါ့။
နောက်နှစ်မှာတော့ Physics Major ကို ပြောင်းသွားတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေ ဖြစ်အပြီးမှာပဲ
ကျမဆီကို Transfer form ရောက်လာပါတယ်။ တကယ်တော့ လှိုင်မှာလည်း နေလာတာက ၉နှစ်ကျော်ပြီမို့ နယ်ထွက်ဖို့လည်း
အချိန်တန်နေပါပြီ။ ကျမအနေနဲ့လည်း ဒီဝန်းကျင်ထဲ ပျော်နေပေမဲ့ တနေရာရာကို စိတ်ပြေလက်ပျောက် မေ့လိုမေ့ငြား...
ရှောင်သွားချင်စိတ်မျိုး ဖြစ်နေတာမို့ Transfer form ကို ဖြည့်လိုက်ပါတယ်။

ကျမကိုယ်တိုင် ဘယ်သွားချင်လဲ မသေချာပေမဲ့ ခပ်ဝေးဝေးတော့ သွားချင်တာ..။ အဲဒီအချိန်မှာပဲ


ကိုညီထွဋ်က ဘားအံ မြ၀တီ Stage show က ပြန်လာကာစ...။ သူကပြောတယ်.. "ဘားအံဘက်သွားပါလား.. အရမ်း
သာယာတယ်.. ပန်းချီရေးချင်စရာ အရမ်းကောင်းတယ်..။ ပြီးတော့ အဲဒီက ကရင်တိုင်းရင်းသားတွေရဲ့ မျက်လုံးတွေက
တကယ် သဘာဝဆန်တယ်.. ရိုးသားတဲ့ သစ္စာရှတ
ိဲ့ အရိပ်တွေ သိပ်ပေါ်တာပဲ.. သံလွင်မြစ်လည်း ရှိတယ်... မိုက်တယ်က.ွ ..
အဲဒီမှာဆို မေငြိမ်း ပန်းချီတွေတောင် ပြန်ဆွဲဖြစ်လာမှာ.." တဲ့။ မေခိုင်ကတော့ "ဘားအံက အညိုရောင်နယ်မြေမို့လား.." လို့
စိတ်ပူသေးတယ်။ ကိုညီထွဋ်ကတော့ "မြင်ရတာတော့ အေးအေးချမ်းချမ်းပါပဲ".. တဲ့။ တကယ်လည်း အဲဒီအချိန်တုန်းက
ဘားအံကောလိပ်မှာ အမြောက်ဆံကျလို့ ကျောင်းအုပ်ဆရာကြီးဦးမန်းကြည်ရှိန် ထိမှန်ကွယ်လွန်ထားတာ ပူပူနွေးနွေးလေ။
ဒီတော့ ဘားအံကောလိပ်ဆို ဘယ်သူမှ မသွားချင်ကြ။ အဲဒီကို Transfer ကျတယ်ဆိုရင် ဆရာမတွေဆို ငိုကြတာ။ ဒါပေမဲ့
ညစ်တွန်းတွန်းချင်နေတဲ့ ကျမကတော့ ဘယ်သူမှ မသွားချင်တဲ့ အဲဒီဒေသလေးကို အညိုရောင်ဆိုတော့လည်း အညိုပေါ့လို့
ပေါ့ပေါ့ပါ့းပါးပဲ ဆုံးဖြတ်လိုက်ပြီး Transfer form မှာ တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိသောနေရာ.. ဆိုတာမှာ
ဘားအံကောလိပ်လို့ ဖြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ်.. အဲဒီမှာ ဇွဲကပင်တောင်.. သံလွင်မြစ်.. သာမညတောင် ဆရာတော်ကြီးနဲ့
ချစ်စရာတိုင်းရင်းသားတွေ ရှိတယ်... လို့ပဲ တွေးထားလိုက်ပါတယ်။

(ဘားအံတ၀ိုက်)

၁၉၉၅ မေလ၂ရက်နေ့မှာတော့ Transfer တွေ ထွက်လာပါတယ်။ ကျမ ဘားအံကောလိပ်ကို ပြောင်းရွှေ့ခွင့်


ကျပါတယ်။ အဲဒီအချိန်မှာပဲ အချိန်မကျသေးပါဘဲနဲ့ ဆရာဦးကျော်ထင်ကို ရန်ကုန်နဲ့ အလှမ်းဝေးလှတဲ့
တောင်ကြီးတက္ကသိုလ်ကို ပို့လိုက်ပါတယ်။ နောက်တော့မှ ပြန်ကြားတယ်.. ကျမကို order ထုတ်တော့ အထက်ကဆိုသူတွေက
အဲလောက် စွာတဲ့မိန်းမ သူပုန်နယ်ပို့ပစ်လိုက.် . လို့ ပြောတယ်ဆိုပဲ။ ကျမကတော့ သိပါဘူး.. ကိုယ် လျှောက်တဲ့နေရာ
ကိုယ်သွားရတယ်လို့ သဘောတောင် ကျနေသေး။ ဆရာဦးကျော်ထင် ခမျာကတော့ ရင်ကျပ်ရောဂါ ရှိသူမို့ အေးတဲ့ဒေသကို
သွားရတာ ဒုက္ခရောက်တာပေါ့။ ပြီးတော့ သူသွားရမယ့် အချိန်လည်း မကျသေးဘဲလေ။ ဆရာ့ကိုလည်း တကယ်တော့
အပြစ်ပေး တာပါပဲ..။ အဲဒီတုန်းက လှိုင်မှာ ဟိုးလေးတကျော်ပေါ့.. ကျော်ဘသားကို စာမေးပွဲ အအောင် မပေးလို့
ဆရာဦးကျော်ထင်နဲ့ မေငြိမ်း နယ်စွန်နယ်ဖျား လွင့်သွားတယ်ပေါ့။ ကျမကတော့ အဲဒီလွင့်ရတာထဲမှာ ကျေနပ်လို့။ ကဗျာတပုဒ်
တောင် ရေးဖြစ်လိုက်ပါသေးတယ်။

နာရီတွေလွင့်မျော...
လေညင်းတွေလွင့်မျော..
သက်တံတွေလွင့်မျော...
အပြုံးတွေလွင့်မျော...
ပြက္ခဒိန်တွေလွင့်မျော...
ခြေရာတွေလွင့်မျော...
လွင့်မျောနေတာကလွဲလို့
ဘာကမှခံစားမရ..။
ဘ၀ဆိုတာလွင့်မျောရာ.........
လွင့်မျောခြင်းနောက်
ကောက်ကောက်ပါအောင်လိုက်
မောင့်ကိုမေ့ချင်လို့ပါကွယ.် ..
ဟောသမှာတောင်ပံတစ်စုံ...
လေဟုန်နဲ့မျောလွင့်
လွှင့်လိုက်စမ်း..
ရွက်တွေကိုဖွင.့် .
တံခါးတွေကိုဖွင့်...
လဟာပြင်ကိုဖွင့်...
လွင့်မျောခြင်းရဲ့အဆုံးကိုရှာ..
ဒီမှာ..
အာကာသရေ...
လေမဲ့ပေါ့ပါးခြင်းထဲပျံဝဲလို့
အပြင်းထန်ဆုံး ပေါက်ကွဲစမ်းပါရစေ..။

ဒီလိုနဲ့ ဘ၀ရဲ့ ထွက်ပေါက် ခိုလှုံရာကို ရှာတော့လည်း မြသီလာကိုပဲ ကျမက အသုံးချခဲ့တာ..။ ဒီလိုနဲ့ ၁၉၉၅
မေမှာတော့ ကျမက ဘားအံတက္ကသိုလ်ဆိုတဲ့ နောက်ထပ်မြသီလာရဲ့ အရိပ်တခုဆီကို ရောက်သွားရပြန်ပါ တော့တယ်။

(ဆည်းဆာချိန် ဘားအံနဲ့ ဇွဲကပင်တောင်တန်း)


မြသီလာအလွမ်းပြေ (၂၂)

ဘားအံ.. တဲ့။ ကျမ တခါမှမရောက်ဖူးတဲ့ ဒေသလေး။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘားအံက


သာမညဆရာတော်ကြီး ကြောင့် ဂုဏ်သတင်းကျော်စော စည်ကားစပြုနေတဲ့ အချိန်။ အဲသည် ၁၉၉၅မှာတုန်းက ဘားအံကို
သွားမယ် ဆိုရင် စော်ဘွားကြီးကုန်း ကားဂိတ်ကနေ မြိုင်ကလေးထိ ကားစီး။ မြိုင်ကလေးရောက်ရင် သံလွင်မြစ်ကို
ဇာက်သင်္ဘောတို့ ပဲ့ထောင်တို့နဲ့ ဖြတ်ကူးမှ တဘက်ကမ်းက ဘားအံမြို့ကလေးဆီကို ရောက်ပါတယ်။ အဲဒီ
ဘားအံမြို့ကလေးဆီ စလာရတဲ့ နေ့က တနင်္ဂနွေနေ့ပါ။ နက်ဖန် တနင်္လာဆို တာဝန်ကျရာကျောင်းမှာ အလုပ်စ၀င်ပါပြီလို့ Duty
report လို့ခေါ်တဲ့ သတင်းပို့စာ တင်ရမှာလေ။ အဲဒီ တနင်္လာနေ့မှာပဲ ၁၉၉၅-၉၆ ပညာသင်နှစ်ရဲ့ အတန်းတွေ စဖွင့်မှာလည်း
ဖြစ်ပါတယ်။

တခါမှမရောက်ဖူးတဲ့ဒေသကို လာရတာမို့ သားကို သူ့အဖိုးအဖွား(ယောက္ခမတွေ)နဲ့ ထားခဲ့ရပါတယ်။ သားကို


လွမ်းတဲ့ အလွမ်းတွေကို ပွေ့ပိုက်ပြီး ထွက်လာရတဲ့ ခရီးက လွမ်းစရာကောင်းသလို စိတ်အားငယ်စရာလည်း ကောင်းတာတော့
အမှန်ပါပဲ။ ဒါပေမဲ့ ဘ၀ကို တယောက်တည်းရင်ဆိုင်နိုင်ဖို့ ကျမ ကျင့်ယူရတော့မယ့်ခရီးလည်း ဖြစ်တာမို့
အားမွေးနေရတာကိုလည်း ခုထိ သတိရနေပါသေးတယ်။ လမ်းခရီးမှာ အားငယ်စိတ်ပေါ်လာတိုင်း ကျမ ဘားအံကို
ပြောင်းရမယ်ဆိုတာ သိရတော့ "အမေတယောက်တည်း ဖြစ်ပါ့မလား.. ကျနော်တို့လိုက်ပို့မယ်" ဆိုတဲ့ ၉၄-၉၅
ဘူမိဗေဒပထမနှစ်က သားတွေကို ခေါ်ခဲ့ရကောင်းသားလို့လည်း တွေးမိတယ်။ ဒါပေမဲ့ အညိုရောင် နယ်မြေဆိုတဲ့ ဒေသကို
သူများသားသမီးလေးတွေ မခေါ်သင့်တာနဲ့ တမင် ထားခဲ့ရတာလေ။

အဲဒီနေ့မှာ... ကျမစီးလာတာက မနက် ၈နာရီမှာ စထွက်တဲ့ Hilux အမြန်ကားကို ခေါင်းခန်းက။ လမ်းမှာ


ဖြတ်ခဲ့သမျှကတော့ ကျမနဲ့ မစိမ်းတဲ့ ၀န်းကျင်တွေ..။ ကျမက နှစ်တိုင်းလိုလို ကျိုက်ထီးရိုးဘုရား ဖူးနေကျဆိုတော့
ကျိုက်ထိုထိက ကျမသိတဲ့ နေရာတွေ..။ အဲဒီနေ့မှာတော့ ကျိုက်ထိုကို ကျော်ပြီး စသွားဖူးတဲ့ ခရီးပေါ့။ ကျိုက်ထ.ို . ဘီးလင်း
သထံ.ု ..။ သထုံကနေ လမ်းခွဲပြီး ချိုးမှ ဘားအံလမ်းပေါ် ဦးတည်တာ။ လမ်းတလျှောက် သစ်ပင်သစ်ရိပ်တွေ စိမ်းစိမ်းစိုစ.ို .
စပါးခင်းတွေ ၀ါဝါ၀င်းဝင်း..။ အဲလိုနဲ့ တနေရာရောက်တော့ ခပ်ဝေးဝေးမှာ တောင်ကြီး တစ်လုံးကို လှမ်းမြင်လိုက်ရ တယ်။
သိပ်ထင်ရှားတဲ့ ရှားရှားပါးပါး ပုံသဏ္ဍန်က ထင်းလို့။ ဘယ်သူမှ လာပြောပြစရာမလိုဘဲ သိနိုင်တဲ့ ဇွဲကပင်တောင်ကြီးပေါ့..။
အဲလိုနဲ့ သိပ်မကြာခင်မှာပဲ မြိုင်ကလေးကိုရောက်ပြီ.. တဲ့။ နာရီကြည့်တော့ ၁၁နာရီခ.ွဲ .။ မြန်လိုက်တာပေါ့။

မြိုင်ကလေးကနေ မြစ်ကူးရမယ်လို့တော့ သိပြီးသားပါ။ ကျမအရင် ဘားအံမှာ တာဝန်ကျတဲ့


ကိုမင်းသိုက်မွန်က သေချာပြောပြပြီးသားလေ။ မြိုင်ကလေးရဲ့ ကမ်းနဖူးမှာ ရပ်ရင်း ဟိုတဘက်ကမ်းဆီမှာရှိတယ်ဆိုတဲ့
ဘားအံမြို့ဆီ လှမ်းကြည့်ကာမှပဲ ကျမက အဲဒီမြင်ကွင်းမှာ မင်သက်သွားတော့တာ။ တောတန်း.. တောင်ကုန်း တောင်တန်း..
မြစ်ကမ်း.. ထန်းပင်မြင့်မြင့်တွေ အစီအရီ...။ သံလွင်မြစ်အနားသတ်နဲ့။ နောက်မှာ ဇွဲကပင် တောင်ကြီးက မားမားကြီး
ကာရံအုပ်မိုးလို့။ ရင်သွေးကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ရင်း ငုံ့ကြည့်နေတဲ့ မိခင်လို..။ အဲဒီမြင်ကွင်းဟာ ကျမ ဘယ်တော့မှ
မေ့မရတော့တဲ့ ဘားအံပေါ့။

သံလွင်မြစ်ကိုကူးဖို့ မြစ်ကမ်းနဖူးကနေ ဆင်းတဲ့အခါမှာတော့ ရန်ကုန်သူ ကျမ အခက်တွေ့တော့တယ်။


လက်ဆွဲသေတ္တာ တဘက်.. လွယ်တဲ့ အိတ်တဘက်နဲ့။ ဆင်းရမယ့် သောင်ခြေက ရွှံ့သက်သက်။ ဆင်းတဲ့သူတွေက ဖိနပ်တွေ
ချွတ်ပြီးဆင်းကြတာ။ ကျမက မရွံပေမဲ့ ချော်လဲမှာကို ကြောက်တယ်။ ဒါပေမဲ့ ဒါ.. ကျမ မဖြစ်မနေ ရင်ဆိုင်ရမယ့် ကိစ္စ။
ကျမလည်း ဖိနပ်ချွတ်ပြီး ရွှံ့ထဲ စွပ်ကနဲ စွပ်ကနဲ နင်းရင်း ရေစပ်ထိ ဆင်းရပါတော့တယ်။ ရေစပ်ရောက်တော့
သံလွင်မြစ်ရေအေးအေးမှာ ခြေထောက်မှာ ကပ်နေတဲ့ ရွှံ့တွေကို ဆေးကြရပါတယ်။ ဟော.. ကျမ သံလွင်နဲ့ မိတ်ဆက်ခဲ့ပြီ။

ဘေးဘီကို အကဲခတ်တော့ ပြောသံကြားပါတယ်။ ခုပဲ ဇာက်က ထွက်သွားတာတဲ.့ .။ နာရီဝက်ကြာမယ်တဲ့။


စက်လှေနဲ့ ကူးမလားတဲ့။ ကျမက ရေလုံးဝ မကူးတတ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲမသိ.. တဟဲဟဲစီးနေတဲ့ သံလွင်ကို ကျမစိတ်ထဲ
နည်းနည်းမှ ကြောက်မနေခဲ့ပါ။ အိုကေ.. သွားမယ်ပေါ့.. စက်လှေနဲ့ပဲ..။ စက်လှေပေါ် လူတွေ တက်တာ အယောက်၂၀
မကဘူး ထင်ပါတယ်။ ကျမကြားဖူးတာ လှေအဆင်း မြင်းအတက်.။ ခက်တယ်ပေါ့.. အန္တရာယ်ရှိတယ်ပေါ့။
ကျမအတွက်ကတော့ လှေအတက်လည်း ခက်တာပါပဲ။ ဘေးနားက လူတွေက ကျမရဲ့ အထုပ်အပိုးတွေ
ကူသယ်ပေးတာတောင် ကျမက အယိုင်ယိုင် အထိုးထိုးနဲ့ လှေပေါ်တက်ရပါတယ်။ (နောက်ပိုင်းတော့ အရမ်းကျွမ်းသွားတာ)။
စက်လှေထွက်တော့ ကျမ စိတ်တွေ ပေါ့ပါးသွားလိုက်တာ။ မြင်မြင်ရသမျှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး လှလိုက်တာ..
လှလိုက်တာနဲ့။ သောင်ပြင်တွေ.. စိုက်ခင်းတွေ.. ငါးဖမ်းလှေတွေ.. ကျောက်တောင်တွေ.. ထုံးဖြူဖွေးဖွေး စေတီလေး တွေ..။
ကျမဖြင့် ရေမကူးတတ်ပါဘဲနဲ့လည်း ကြောက်ဖို့ သတိမရ။ အဲသလို.. ချစ်တဲ့ ဘားအံက ကျမကို သာတောင့်သာယာ
ကြိုခဲ့တာပါ။

မေလရဲ့ နေ့လယ် မွန်းတည့်နေအောက်မှာ ဘားအံက သိပ်မပူသလိုပဲလို့ ကျမ ခံစားရပါတယ်။ တဘက်ကမ်း


ရောက်တော့ ဆိုက်ကားနဲ့ မြင်းလှည်းတွေ ရပ်ထားပါတယ်။ မြင်းလှည်းက ဈေးကြီးတယ်လို့ ဆရာမင်းသိုက်မွန် က
မှာလိုက်ပေမဲ့ အင်မတန်စိတ်ကူးယဉ်တဲ့ ရန်ကုန်သူ ကျမက ဒီတခါတော့ မြင်းလှည်းပဲ စီးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဟော...
လှေအဆင်းပြီး မြင်းအတက်ပေါ့။ ဒါပေမဲ့ လှည်းဆိုတော့ မခက်လှပါဘူး။ ဘားအံကောလိပ်ကို ဘယ်လောက်ပေးခဲ့ရလဲတောင်
မမှတ်မိတော့ပါဘူး။ လမ်းတလျှောက် သတိထားမိတာ ကတော့ ကုန်းတက်ကုန်းဆင်း လမ်းကလေးတွေ.. မြို့ပြမဆန်တဲ့
တိုက်တာအိမ်ခြေကလေးတွေနဲ့ မြို့ရဲ့ တစင်းတည်းသော ဗဟိုလမ်းပေါ်မှာ ကုန်အပြည့်တင်လာတဲ့ ကားအမျိုးမျိုး
သွားလာနေတာ...။ "သာမည" ဆိုတဲ့ စာတမ်းပါ ဟိုင်းလတ်ကားလေးတွေ ဖြတ်သွားချိန်ကလွဲရင် မြို့ကလေးက လူခြေ
တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်သွေ့သွေ့ ရှင်းရှင်း လင်းလင်း ရှိနေတာ။

ဘားအံကောလိပ်.. တဲ့။ မြင်းလှည်းပေါ်ကအဆင်းမှာပဲ အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ ကျောင်းဝင်း လေးကို တန်းကနဲ


မြင်ရပါတယ်။ ခြံစည်းရိုးက ပုဏ္ဏရိပ်ကြီးနဲ့ စက္ကူပန်းရောင်စုံတွေ..။ ကျောင်းပိတ်ရက်မို့ ကျောင်းဝင်းကလည်း
တိတ်ဆိတ်နေပါတယ်။ ဦးဆုံးသွားရမှာက ကျောင်းအုပ်ကြီး 'ဦးစောလောရင့်စ်သော်' ဆီက.ို .။ အင်မတန် အေးချမ်းနူးညံ့တဲ့
ဆရာကြီးပေါ့။ ဆရာကြီးက ချက်ချင်းပဲ ကျမကို နေဖို့ အိမ်ကလေး စီစဉ်ပေးပါတယ်။ မြန်မာစာဌာနက ဌာနမှူးဆရာတွေ
အစဉ်အဆက်နေခဲ့တဲ့ အိမ.် .တဲ့။ ဒီတော့မှပဲ ကျမက ဘားအံကောလိပ်မှာ မြန်မာစာဌာနမှူး အနေနဲ့ တာဝန်ယူရမှာလားလို့
မေးရပါတယ်။ ဆရာကြီးက ပြန်ပြောပါတယ်။ Transfer ကျလို့ ရောက်မယ့် ၃ယောက်မှာ ကျမက စီနီယာမို့ ဌာမှူးတာဝန်
ယူရမယ်.. တဲ့။

(တကယ်တော့ ကျန်တဲ့ တာဝန်ကျဖော် နှစ်ယောက်ကလည်း အတန်းတူသူငယ်ချင်းတွေပါ..။ လက်ထောက်


ကထိက ရာထူးတူ ဆရာမတယောက်နဲ့ နည်းပြဆရာတယောက်.. နောက်ပိုင်း မောင်နှမတွေလို ဖြစ်သွားကြ ရပြီး
တက်ညီလက်ညီရှိလှတဲ့လုပ်ဖော်ကိုင်ဖက်တွေ)။

ကျမ ဒုက္ခပဲ.. လို့ တ-လိုက်မိပါတယ်။ ကျမ လုပ်နိုင်ပါ့မလား။ တခါမှလည်း အုပ်ချုပ်ရေးကို မကိုင်ဖူးတဲ့အပြင်


အသက် ၃၀ ဆိုတာကလည်း ဌာနမှူးလုပ်ဖို့အတွက် ငယ်လွန်းပါတယ်။ ဆရာကြီးက တော့ စိတ်မပူပါနဲ.့ . အဆင်ပြေမှာပါတဲ့။
ဘားအံကောလိပ်က မော်လမြိုင်တက္ကသိုလ်ရဲ့ လက်အောက်ခံမို့ မော်လမြိုင်တက္ကသိုလ်က ပါမောက္ခရဲ့ ညွှန်ကြားချက်အတိုင်း
လုပ်ရုံပါပဲ..တဲ့။ ပြီးတော့ ဘားအံကောလိပ်မှာ အရင်က ပထမနှစ် ဒုတိယနှစ် ရှိခဲ့ပြီးတော့ ကျောင်းသားအားလုံးပေါင်းမှ
တသောင်းကျော်ပဲ ရှိပါတယ်.. တဲ့။ ခုနှစ်မှ တတိယနှစ်တွေကို ဒီမှာပဲ ဆက်တက်ရမှာတဲ့။ ဒါပေမဲ့ ၃နှစ်ပေါင်းတောင်
မြန်မာစာမေဂျာကျောင်းသား အယောက် ၃၀မပြည့်ပါဘူးတဲ.့ ..။ ဆရာကြီးတို့လည်း ၀ိုင်းကူမှာပေါ့.. တဲ့။ ဒီလိုနဲ့ပဲ
ယောင်တိယောင်ကမ်း နဲ့ မြန်မာစာဌာနမှူး လုပ်ရပါလေရောပေါ့။

အဲဒီနေ့က ကျမနေရမယ့် ကျောင်းရှေ့ အောင်နန်းလမ်းသွယ်ထဲက အိမ်ကလေးဆီကို လာတော့ ကျောင်းက


စာရေးတယောက်က လိုက်ပို့ပေးပါတယ်။ ဆရာမတွေနေတဲ့ အိမဝ
် င်းလေးက ခြံတံခါးလေး အသာစေ့လို့။ ခြံဝင်းထဲမှာ
ခေါင်နိမ့်နိမ့် အုတ်တိုကဝ
်ါဝါလေးတွေ ၅လုံးတွဲ မျက်နှာချင်းဆိုင် ၂တန်း ရှိနေပါတယ်။ တိုက်ကလေးတွေ ရှေ့မှာ
သရက်ထည်ပန်းပင်လေးတွေ.. လေးနာရီပန်းပင်လေးတွေ.. ပန်းအိပင်ပုလေး တွေ..။ တိုက်ခန်းတွဲ နှစ်တန်းကြားက
လမ်းကလေးအတိုင်းဝင်သွားတော့ လမ်းအဆုံးမှာ ဂိုဒေါင်ပုံစံ အုတ်တိုက်ရှည်ကြီး တစ်လုံး။ အဲဒီ အုတ်တိုကဝ
် မှာတော့
ပြူတစ်ပြူတစ်နဲ့ ကျမကို ချောင်းကြည့်နေတဲ့ မိန်းကလေးတွေ.. ကျောင်းသူလေးတွေပေါ့။ နောင်တော့ ကျမကိုယ်တိုင်
မွေးထားတဲ့ သမီးတွေလို ချစ်ရတဲ့ ကလေးတွေ ဖြစ်လာ တာပေါ့။

အဲဒီ အုတ်တိုက်ရှေ့နားရောက်မှပဲ အုတ်တိုက်ရဲ့ညာဘက်မှာ ရှိနေတဲ့ ရေနံချေးဝနေတဲ့ သစ်သားအိမ် နိမ့်နိမ့်


စုတ်ချာချာကလေးတစ်လုံးကို သစ်ပင်တွေကြားထဲမှာ တွေ့လိုက်ရတာ။ နဘေးမှာက ငှက်ပျောပင်တွေ သင်္ဘောပင်တွေ..
အိမ်ဝမှာက ရွက်လှကျားကျားနဲ့ ဇော်စိမ်းတွေ..။ အိမ်ရှေ့ မျက်နှာစာမှာက ဂမုန်းတွေ..။ အိမ်နောက်ဘက်မှာက ငှက်ပျောပင်နဲ့
ပေါက်ပန်းဖြူပင်... ပွေးမဲဇလီပင်တွေ..။ ကျမနေရမယ့် အိမ်ကလေးတဲ.့ .။ အဲဒီ ညစ်ပတ်ရှုပ်ပွနေတဲ့ အိမ်ကလေးကို
ဘေးကျောင်းသူဆောင်(နောက်တော့ မြမဉ္ဇူဆောင်လို့ နာမည်ပေးလိုက်ပါတယ်)ထဲက သမီးတွေကပဲ အိမ်ကို
ရေတွေဆေးချကြ.. ၀ိုင်းရှင်းလိုက်ကြတာ ခဏလေး။ အဲဒီညနေမှာပဲ တတိယနှစ်မြန်မာစာအဓိကတန်းတက်မယ့် ကျောင်းသား
၃ယောက်က ကျမကို လာတွေ့ပါတယ်။ အင်မတန် လိမ်မာယဉ်ကျေးပြီး သိမ်မွေ့တဲ့ ယောက်ျားလေးတွေပါပဲ။ တတိယနှစ်
မေဂျာ ကျောင်းသား ကျောင်းသူက ၇ယောက်တဲ့။ ကျမ ပြုံးမိသွားခဲ့ပါတယ်။ မိန်းကလေး ၂ယောက် ယောက်ျားလေး
၅ယောက်တဲ့။ လာတွေ့တဲ့ ကျောင်းသား၃ယောက်က နယ်ခံ ဘားအံဇာတိတွေ..။ အဲဒီ ကလေးတွေ ကျေးဇူးနဲ့ပဲ ကျမရဲ့
မြန်မာစာဌာန တာဝန်ခံဌာနမှူးဆိုတဲ့ တာဝန်ကို သေသေချာချာ ကျေနိုင်ခဲ့တာလို့ ပြောရမယ့် အဖြစ်လေးတွေ ကိုလည်း
ရေးဦးမှာပါ။

အဲဒီညနေမှာပဲ ကလေးတွေက ကျောင်းဝင်းထဲ လိုက်ပြပါတယ်။ လှိုင်ကလာတဲ့ ကျမအတွက်တော့


ဘားအံကျောင်းဝင်းကို ကြည့်ပြီး ကလေးတွေကို သနားနေမိပါတယ်။ ဘားအံကောလိပ်ဆိုတဲ့ ကျောင်းဝင်းက ရန်ကုန်က
အထက်တန်းကျောင်းဝင်း တ၀င်းစာ လောက်တောင် မကျယ်ပါဘူး။ လေးထောင့် စတုရန်းပုံကျကျ မျက်နှာချင်း ဆိုင်ထားတဲ့
အဆောက်အဦးတွေက တန်းလျားဆန်ဆန်..။ အဲဒီ လေးထောင့်တန်းလျားတွေထဲမှာမှ စာသင်ဆောင် နှစ်ဆောင်ပဲ ရှိပြီး
စာသင်ခန်းအားလုံးပေါင်း ၇ခန်းပဲ ရှိပါတယ်။ practical ခန်း ၂ခန်းပါမှ ၉ခန်းပါ။ နောက် အဲဒီ တန်းလျားအဖွဲ့အစည်းထဲမှာပဲ
အဆောင်နေကလေးတွေအတွက် ကျောင်းသားဆောင် ၃ဆောင်နဲ့ ကျောင်းသူဆောင် တဆောင်ပဲ ရှိတဲ့ ကောလိပ်လေးပါ။
ကျန်တဲ့ အခန်းလေးတွေက ဘာသာရပ်ဆိုင်ရာ ဌာန အခန်းတွေ..။ ဒါတောင် တချို့ ဘာသာကလေးတွေဆို ဌာနပေါင်းပြီး
ထိုငြ် ကရပါတယ်။ ဥပမာ... ပါဠိ (အရှေ့တိုင်းပညာ) ဆိုရင် မြန်မာစာဌာနမှာ လာပြီး ပေါင်း ထိုင်ရပါတယ်။ ကျမတို့ရဲ့
မြန်မာစာဌာနက ကျောင်းအ၀င် ညာဘက်ခြမ်းလေးမှာ။ ကျောင်းရှေ့ဘက် လမ်းမက ကြည့်ရင် လှမ်းမြင်နေရတဲ့
အခန်းလေးပေါ့။ စားပွဲလေး ၅လုံးနဲ့ မတ်ရပ်ဘီဒိုတလုံးပဲ ရှိတဲ့ ဌာနလေး။ ကျောင်းဝင်းခြံစည်းရိုးအပြင်ဘက်မှာ လှမ်းမြင်နေရတဲ့
လယ်ကွင်းတွေ (စိုက်ပျိုးရေးကျောင်းပိုင)် နဲ့ ကြာအင်းတောင်သွယ်လေးကလွဲလို့ တက္ကသီလာမြကျွန်းသာ ဆိုတဲ့ နာမည်မျိုးနဲ့
လိုက်ဖက်တဲ့ မျက်စေ့အေးစရာ မျက်စေ့ပသာဒ ဖြစ်စရာ ဘယ်လို ရှုမျှော်ခင်းမျိုးမှ ရှိမနေတဲ့ အဲဒီ ကျောင်းဝင်း လေးဟာ ကျမ
ခံစားချက်ထဲမှာတော့ သနား ကရုဏာ သက်စရာပါပဲ..။

ဘားအံကောလိပ်ဝင်းရဲ့ ညာဘက်ကတော့ စိုက်ပျိုးရေးကျောင်းပါ။ ဘယ်ဘက်ခြမ်းကတော့


မြို့ပတ်လမ်းပေါ့။ မြို့ပတ်လမ်းလေးအတိုင်း ၀င်သွားရင် စိုက်ပျိုးရေးဌာနပိုင် စိုက်ခင်းတွေ လယ်ကွင်းတွေ.. ငါးမွေးကန်တွေနဲ့
သဘာဝအတိုင်းဖြစ်နေတဲ့ ကြာကန်တွေ တွေ့မယ်။ အဲဒီကနေ ဆေးရုံကုန်းဘက်ကို ထွက်နိုင်တာပေါ့။ နောက်ပိုင်း
ညနေတွေမှာ စိတ်တူကိုယ်တူ သူငယ်ချင်းဆရာမတွေနဲ့ ကျမ မကြာခဏ ထွက်လျှောက်တဲ့ လမ်းလေးပေါ့။ အဲဒီ
လမ်းတလျှောက်မှာတော့ ကရင်လူမျိုးတို့ရဲ့ ဓလေ့အတိုင်းဆောက်ထားတဲ့ ခြေတံရှည် အိမ်မြင့်လေးတွေကိုလည်း
တွေ့နိုင်ပါတယ်။ အေးချမ်းတဲ့ လမ်းကလေးပေါ့။ အင်မတန် ရိုးစင်းပေမဲ့ ဘားအံဟာ ကျမအတွက်တော့ ရိုးသားရောင့်ရဲခြင်းနဲ့
ဖမ်းစားနိုင်တဲ့ မြို့ကလေးပေါ့။ ဆရာမဘ၀တလျှောက် အင်မတန် ချစ်စရာကောင်းတဲ.့ .. သစ္စာရှိတဲ့.. နောင်ကာလ
အကြာကြီးအထိ ကျမကို ချစ်ခဲ့တဲ့ တပည်ေ
့ လးတွေနဲ့ တွေ့ခဲ့ ကြုံခဲ့ရတဲ့ မြို့ကလေးလည်း ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ ကျမနဲ့အတူ တာဝန်ကျတဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာ ကြပါတယ်။ ဆရာမက


ကျမထက် အသက်ကြီးတာမို့ ကျမက "အစ်မ'လို့ ခေါ်ပါတယ်။ နောက်တော့ တကယ့် ညီအမလိုချစ်သွားပြီး
သူ့မောင်နှမတွေခေါ်သလို အမကြီးလို့ပဲ ခေါ်တော့တာ။ နောက်တယောက် ဆရာကတော့ တကယ့် ပြောမနာ ဆိုမနာ
သူငယ်ချင်း..။ သူကလည်း ကျမထက် အသက် နည်းနည်း ကြီးတယ်။ သူနဲ့ ကျမကတော့ ဆရာ ဆရာမတောင် မခေါ်။
တယောက်နဲ့တယောက် နာမည်ပဲ ခေါ်ကြတာ။ ကျမတို့ ၃ယောက် ဘားအံကောလိပ်မှာ နေခဲ့ကြရတဲ့ ၃နှစ်လုံး တခါမှ
စိတ်ဝမ်းမကွဲဘဲ ကောင်းတိုငပ
် င် ဆိုးတိုင်ပင် ချစ်ချစ်ခင်ခင်ရှိခဲ့ကြတာ သိပ် စိတ်ချမ်းသာစရာ ကောင်းတာပါပဲ။ (ခုတော့
သူတို့နှစ်ယောက်လုံး လည်း အလုပ်ထွက်သွားကြရပါပြီ။)

အဲဒီ တနင်္လာနေ့မှာပဲ ကျမတို့ဆီကို မော်လမြိုင်ဌာနချုပ်က စာရောက်လာပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လုပ်မယ့်


သင်ရိုးညွှန်းတန်းအစည်းအဝေးကို တက်ဖို့ မော်လမြိုင်တက္ကသိုလ်ကို အင်္ဂါနေ့မှာ အရောက်လာပါတဲ့။ ဘုရားရေ.. နက်ဖန်ပဲ
အဂါၤ..။ သူငယ်ချင်း၃ယောက် ခေါင်းချင်းဆိုင်ကြ..။ ဘယ်လိုလုပ်ရပါ့ပေါ့..။ တယောက်မှ မော်လမြိုင်ကို မရောက်ဖူး..။
တကယ်တမ်းကျတော့ ကျမတို့ မြန်မာစာဌာနတခုတည်း သင်ရိုးအစည်းဝေးမဟုတ်ဘဲ ဘာသာရပ်ဆင
ိုရာဌာနမှူးတိုင်း သူတို့
ဌာနချုပ်တွေဆီ သွားရတာပါ။ ဒီတော့ ပါဠိဌာနက ဆရာမ မဝေ(အင်မတန် ချစ်စရာကောင်းတဲ့ စိတ်ထားဖြူစင်တဲ့
ကရင်အမျိုးသမီး)က သူနဲ့ တူတူသွားမှာပေါ့.. တဲ့။ မြန်မာစာဌာနအရောက် သူလိုက်ပို့ပေးပါ့မယ်.. တဲ့။ (နောက်တော့မှ အဲလိုပဲ
မော်လမြိုင်ကို ခဏခဏ သွားရမယ်ဆိုတာကို သိတာပါ)။ ကျမတို့သာ တဌာနလုံး ၃ယောက်တည်းရှိလို့ ၃ယောက်လုံးကို
ခေါ်တာလေ။ အဲဒီ အင်မတန်အားကိုးရတဲ့ မြန်မာစာ တတိယနှစ်က ကလေးများက ကျမတို့ရဲ့ ပထမဆုံး ဘားအံ - မော်လမြိုင်
ခရီးစဉ်အတွက် သင်္ဘောလက်မှတ် ၀ယ်တာက အစ သင်္ဘောဆိပ်ဆင်းတဲ့အထိ စီစဉ်ပေးပါတယ်။ ဒါနဲ့ပ.ဲ . နောက်တနေ့
အင်္ဂါနေ့ရဲ့ မနက်၇နာရီထွက်မယ့် အထူးသင်္ဘောနဲ့ မော်လမြိုင်တက္ကသိုလ်ကို သွားခဲ့ကြရပါတယ်။ ကျမကို ဖမ်းစားခဲ့တဲ့
နောက်ထပ် မြို့ကလေးတမြို့ဆီ..................
မြသီလာအလွမ်းပြေ (၂၃)

ပြည်သာယာ နှစ်ထပ် ဇက်သင်္ဘောက ဘားအံကနေ မနက် ၇နာရီမှာ စထွက်ပါတယ်။ ကလေးတွေက


ဆရာမတွေဖို့ အပေါ်ထပ်က အထူးခန်းတွေမှာ လက်မှတ်ဝယ်ပေးထားပေမဲ့ ကျမကတော့ ဘားအံက စထွက်ကတည်းက
ကုန်းပတ်ပေါ်မှာပဲ ရပ်ပြီး လိုက်ဖြစ်ခဲ့ပါတယ်။ အဲလို လိုက်ရလောက်အောင်လည်း သံလွင်က လှလွန်းတာကိုး။ ဧရာဝတီကို
သင်္ဘောနဲ့ တနံတလျား မသွားဖူးပေမဲ့ ပုဂံညောင်ဦးကမ္ဘားကနေ ငေးဖူးတယ်။ ပြည်ကနေ တဘက်ကမ်းကို ကန့်လ န့်ဖြတ်
ကူးဖူးတယ်။ ခု သံလွင်မှာတော့ လိုက်ပါစီးမျောဖူးပြီ။ မေလရဲ့ သံလွင်ရေက ကြည်စိမ်းနေတယ်။ အောက်ဘက်
တော်တော်နက်နက်ထိတောင် မြင်ရသား။ ပြီးတော့ မဟာဇွဲကပင်ကို ဘေးတိုက်ဖြတ်ချိန်နေမှာ မြင်ကွင်းက ရင်သပ်ရှုမော။
ဘေးတိုက်ကြည့်တော့ ဇွဲကပင်က မြင့်မားရှည်လျားတဲ့ တောင်တန်းကြီး။ မြိုင်ကလေးကနေ လှမ်းမြင်ရတုန်းကလို
ထီးတည်းရှိနေတဲ့ ပုံသဏ္ဍန်မျိုးမဟုတ်တော့။ ဆန်းပါတယ်။ တနေရာ ရောက်တော့ ပါဠိဆရာမ မဝေက လှမ်းပြတယ်..
ဇွဲကပင်တောင်ရဲ့ နံရံမှာ ကရင်အမျိုးသားနဲ့ အမျိုးသမီးပံ.ု . တဲ့။ လှမ်းကြည့်တော့ တကယ်ပဲ တူလှတာ တွေ့ပါတယ်။ မဝေက
ပြောပြတယ်။ အဲဒီ ကရင်မလေးနဲ့ ကရင်ကောင်လေးက ဇွဲကပင်တောင်ပေါ်ကနေ လက်တွဲပြီး ခုန်ချသွားခဲ့တဲ့ ချစ်သူနှစ်ဦးလို့
ပြောစမှတ်ရှိတယ်..တဲ့။ ဘာပဲဖြစ်ဖြစ် လူနှစ်ယောက် ရပ်နေတာနဲ့ တူတာတော့ အမှန်ပါ။

သံလွငဝ
် န်းကျင်တလျှောက် အလှဆုံးကတော့ ကျောက်တောင်တွေပါပဲ။ ရေပြာပြာထဲ တလံုး စီ တမင်
အလှဆင် စီချထားသလို။ အစိမ်းရောင်.. နီညိုရောင်.. အဖြူဖျော့ဖျော့ ကျောက်တောင်တွေ။ ကျောက်တောင်တွေပေါ်မှာ
စေတီဖြူဖြူလေးတွေက ဟိုတဆူ ဒီတဆူ။ ပြီးတော့ မနက်စောစော မြစ်ရေပြင်ပေါ်က မြူထုတန်းတန်း..။ ကောင်းကင်ပြာပြာမှာ
ငှက်တွေက အုပ်လိုက်ဖွဲ့ ပျံသန်းနေတာကလည်း.. တိမ်တိုက်တွေနဲ့အတူ မျောနေသလို။ မြစ်ပြင်လေက
တဟူးဟူးတိုက်နေတော့ အေးအေးမြမြပေါ့။ ကျမရင်ထဲမှာ ဘာအပူသောကမှ မရှိတော့သလို အေးငြိမ်းနေခဲ့ပါတယ်။ ခင်ဝမ်းရဲ့
ဧရာဝတီကိုတောင် ညည်းနေဖြစ်ခဲ့ပါသေးတယ်။

မနက် ၈နာရီလောက်ကျတော့ ရွာတရွာကို သင်္ဘောကပ်တယ်။ ကုက္ကိုပင်တွေ စိမ်းညို့နေတဲ့ ရွာကလေး။


တကယ်တော့ အိမ်ခြေ လေးထောင်ကျော်ရှိတဲ့ ရွာကြီးပါ။ ဆိပ်ခံဗောတံတားပေါ်မှာ လူတွေ ခဲလို့။ ဈေးသည်တွေရော..
မော်လမြိုင်လိုက်မယ့် ခရီးသည်တွေရောပေါ့။ ဆိုင်းဘုတ်မှာ ရေးထားတာက ထုံးအိုင.် .. တဲ့။ ပါဠိဆရာမက ပြောပြတယ်။
အဲဒီတရွာလုံး မွန်လူမျိုးတွေတဲ့။ အဲဒီရွာက ကလေးတွေ ကျောင်းမှာ အများကြီးရှိတယ်တဲ့။ နောက်ဆို
လာလည်ကြတာပေါ့..တဲ့။ ဘားအံကနေ ကုန်းလမ်းနဲ့ သွားလည်းရတယ်.. ၁၀မိုင်သာသာပဲ ဝေးတယ်... တဲ့။ (အဲဒီရွာလေးက
နောင် ကျမရွာ ဖြစ်လာမှာလို့များ နည်းနည်းမှ မထင်ခဲ့ပါဘူး)။ ကျမတို့တွေ အဲဒီ ရွာကနေ တက်လာပြီး သင်္ဘောပေါ်
လိုက်ရောင်းတဲ့ မုန့်ဟင်းခါး ၀ယ်စားကြတယ်။ ဟင်းရည်က ငါးနိုင်းချင်း ကြက်သွန်နိုင်းချင်းနဲ့။ ဆန်းတာက မုန့်ဟင်းခါးထဲမှာ
ဂွေးချိုသီးတွေ ပဲပင်ပေါက်တွေ ရှမ်းနံနံတွေ ထည့်စားကြတာပဲ။ ကျမလည်း စမ်းစားကြည့်တော့ စားကောင်းသား။ နောက်တော့
မြေပဲပြုတ်တွေ.. ပြောင်းဖူးပြုတ်တွေ ၀ယ်စားကြ တယ်။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် ထူးထူးကဲကဲ
ချိုတဲ့အရသာကို သိသိသာသာ ရတဲ့ အစားအစာတွေ။ ထုံးအိုင်ကိုကျော်တော့လည်း သံလွင်မြစ်ရဲ့ ဟိုဘက် ဒီဘက်မှာ
ရွာကလေးတွေ လယ်တွေ ကိုင်းတွေ သာသာယာယာ... မြစ်ရဲ့ အလှနဲ့ ဟာမိုနီဖြစ်လို့။ လွမ်းမောစရာ ခေါင်းဆေးကျွန်းကို
ဖြတ်ကျော်လာပြီး ချစ်စရာကောင်းတဲ့ မော်လမြိုင်ဟိုတယ် ပုပြားပြားလေးတွေကို လှမ်းမြင်လိုက်ရပြီး စင်ရော်တွေ
ကျမတို့အနား ဥဒဟို ပျံဝဲ ရောက်လာ...။ နောက် မကြာခင်... ၁၁နာရီ ကျော်ကျော်မှာတော့ မော်လမြိုင်ကို ရောက်ပါပြီ။

မော်လမြိုင်မြို့ထဲကတော့ ဘားအံနဲ့ယှဉ်ရင် နည်းနည်း ပို ဆူပွက် လှုပ်ခတ်တဲ့ မြို့ပါ။ ရုံးစိုက်ရာ မြို့တော်တခု


လည်း ဖြစ်တာကိုး။ တချိန်က မှောင်ခိုပစ္စည်းတွေကြောင့် ကျော်ကြားခဲ့တဲ့ မြို့.. မိုးမိုး(အင်းလျား)ရဲ့ 'ဂျိုး' ၀တ္ထုလေး
အခြေတည်တဲ့ မြို့.. ဂျူးက 'မိန်းမတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်'ထဲမှာ ဆွတ်ဆွတ်ပျံ့ပျံ့ ထည့်ရေးခဲ့ရတဲ့ မြို့..။ ကျမအတွက်
စိတ်ဝင်စားစရာဆိုရင်တော့ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ပါမောက္ခချုပ် အဖြစ် အုပ်ချုပ်ရာ
တက္ကသိုလ်ကျောင်းတော်ကြီး ရှိနေတဲ့ မြို့ပေါ့။ ကျမတို့က အဖွဲ့တောင့်တော့ Taxi ငှားစီးရင် တန်ပါတယ်ဆိုလို့
သဘောတူကြပြီး ပါဠိဆရာမက ဦးဆောင်လို့ ကားငှားပါတယ်။ ကျမတို့ သွားရမှာက တောင်ဝိုင်း ကျောင်းထဲ တဲ့...။

မော်လမြိုင်ကလည်း နဘေးမှာ တောင်ညိုတောင်တန်းတွေ ရှိတာမို့ မြင်ကွင်းက ဘားအံနဲ့ ခပ်ဆင်ဆင်ပါပဲ။


လမ်းတွေကလည်း ကုန်းတက်ကုန်းဆင်းတွေပဲ။ မော်လမြိုင်ရဲ့ ထူးခြားချက်က အဆောက်အဦး တော်တော် များများက
မေမြို့ဆန်ဆန် အနောက်ဟန် ပါတာပါပဲ။ ပြီးတော့ မော်လမြိုင်ရဲ့ နေ့လယ်ခင်းက ဘားအံလို ရှင်းလင်း ခြောက်သွေ့
မနေပါဘူး... သက်ဝင် ဆူညံပါတယ်။ နောက်တော့.. ကျမတို့ ငေးရင်းမောရင်းမှာပဲ လမ်းမရဲ့ ညာဘက်ခြမ်းမှာ
မော်လမြိုင်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကြီး တွေ့လိုက်ရပြီး ကားက ချိုးဝင်လိုက်ပါတယ်။ ဒါက အဓိပတိလမ်းမကြီးပေါ့...။
မျှော်ကြည့်လိုက်တော့ လမ်းမကြီးရဲ့ အဆုံးမှာ ကန့်လန့်ဖြတ် လျက်သား ရှိနေတဲ့ အဖြူရောင် သုံးထပ် အဆောက်အဦးကြီး...။

အဲဒီ အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးတတိယထပ်က အဓိပတိလမ်းမကြီးကို ဆီးကြည့်နိုင်တဲ့ မျက်နှာစာ


ဘက်ခြမ်းမှာ မြန်မာစာဌာန ရှိနေတာပါ။ ဌာနမှာ ရောက်ကြောင်း သတင်းပို့ပြီး ကျမတို့ တည်းဖို့ ဆရာမများဆောင်က
သူငယ်ချင်းတွေဆီမှာ နေရာယူကြပါတယ်။ အိုးး ဆရာမဆောင် တ၀င်းလုံး ရန်ကုန်က ကိုယ့်သူငယ်ချင်းတွေချည်းပဲ...။
ညနေစောင်း ကျောင်းဝင်းထဲ လမ်းလျှောက်တော့မှ တကယ့် သဘာဝနဲ့ နီးစပ်လှတဲ့ မော်လမြိုင်တက္ကသိုလ်ကိုလည်း
သဘောကျမိတော့တာ။ သစ်ပင်အုပ်အုပ်တွေ... ပြီးတော့ ကျောင်းရဲ့ ပင်မ အဓိပတိလမ်းမ နဘေးက ရေတဝေါဝေါစီးနေတဲ့
လျှိုကလေး။ တထပ် စာသင်ဆောင် လေးတွေ...။ ခန့်ညားတဲ့ ဓမ္မာရုံကြီး။ တကယ်တော့ တောကျကျ တက္ကသိုလ်တခုပါပဲ..။
ဒါပေမဲ့ ပန်းခင်းအလှလေးတွေနဲ့ တိတ်ဆိတ်အေးချမ်းမှုကို အတိတွေ့နေရတဲ့ ဒေသလေး။ ဥသြသံလေးတောင် ကြားနေရတာ
မှတ်မိနေပါသေးတယ်။ နဘေးမှာ တောင်ဝိုင်းတောင်ကြီးက ကာဆီးလိ.ု့ .. အရိပ်ပေးထား သလိုလို။ အင်းးး မြသီလာတော့
မြသီလာပါပဲလေ..။

ဗုဒ္ဓဟူးနေ့ အစည်းအဝေးပြီး နောက်တနေ့ ကြာသပတေးနေ့လယ် ၁၂နာရီထွက်မယ့် ပြည်သာယာသင်္ဘောနဲ့


ဘားအံပြန်ဖို့ စီစဉ်ပါတယ်။ ကြာသပတေးမနက် ကျောင်းကင်တီးမှာ လဘက်ရည်သောက်ပြီး မြို့ထဲဆင်းမယ်..
ဈေးကြီးဝင်မယ်..လို့ စီစဉ်တော့ ဌာနက မမသင်းက သူ့ဆိုင်မှာ နေ့လယ်စာ ထမင်းစားပါတဲ့။ သူ့ဆိုင်က ဒေါ်ပု ထမင်းဆိုင.် .တဲ့။
ကျမတို့ ဝေးကနဲ အော်ကြပါတယ်။ မော်လမြိုင်မှာ နာမည်အကြီးဆုံး ထမင်းဆိုင်ပေါ့.. (ဂျူးဝတ္ထုထဲလည်း ပါဖူးတဲ့ ဆိုင)် ။
နာမည်ကြီးလောက်အောင်ပဲ အဲဒီနေ့က စားကောင်းလိုက်တာ..။ (အဲဒီ မမသင်းက နောက်ပိုင်း ကျမ မော်လမြိုင် တက္ကသိုလ်မှာ
တာဝန်ယူရတော့ အချစ်ဆုံးသူငယ်ချင်းတအုပ်စုတည်း ဖြစ်သွားတာ)။

ကျမအတွက်တော့ သူငယ်ချင်းတွေနဲ့တူတ.ူ . အသစ်အဆန်းတွေနဲ့မို့ သားကို လွမ်းတဲ့အလွမ်းကတောင်


သက်သောင့်သက်သာ ရှိနေခဲ့သလို။

သောကြာနေ့မှာတော့ ကျမ ကျောင်းအုပ်ကြီးလုပ်တဲ့ ဌာနမှူးအစည်းဝေး တက်ရမယ်တဲ့..။ ကျမကတော့


အစ်မကြီးကို ရအောင်ခေါ်တာပဲ။ အစ်မကြီးကလည်း လိုက်ခဲ့ရှာပါတယ်။ အဓိက ကတော့ Fresher welcome လုပ်ဖို့ကိစ္စပါ။
ဒီတော့မှ လှိုင်တက္ကသိုလ်နဲ့ မတူတာကို သတိထားမိပါတယ်။ ဘားအံကောလိပ်မှာက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို သေချာ
အကျအန လုပ်တာတဲ့။ ကျောင်းအနေနဲ့ရော ဌာနအလိုက်ရော လုပ်ရတာတဲ့။ အစည်းဝေးမှာ အစီအစဉ်တွေ အသေးစိတ်
ဆွေးနွေးကြ တိုင်ပင်ကြပါတယ်။ ဌာနအလိုက် ကတော့ ကိုယ်အဆင်ပြေသလို လုပ်ကြပါ..တဲ့။

ဒီတော့ အစည်းဝေးလည်းပြီးရော ကျမတို့ သူငယ်ချင်း၃ယောက် ဌာနထဲမှာ ခေါင်းချင်းဆိုင်


ကြရပါတော့တယ်။ ကျမက ဌာနမှူး မလုပ်ချင်ဘူး ဆိုတော့ အစ်မကြီးက "မရဘူးလေ.. ညီမလေးကလည်း .. လိုရင် အစ်မကြီး
ကူမှာပေါ့" တဲ့။ နောက်ဆုံးတော့ အဆင်ပြေသလို ကြုံသလို လုပ်ကြတာပေါ့လို့ အတည်ပြုလိုက်ကြပါတယ်။ ဒီလိုနဲ့ ကျမတို့
နှစ်ယောက် ပူးတွဲ ဌာနမှူးတွေလို တတွဲတွဲလုပ်ခဲ့ကြရတာ..။ပျော်စရာပါပဲ..။

အဲဒီနေ့မှာပဲ မေဂျာတန်း၃တန်းအတွက် အချိန်ဇယားဆွဲတာတွေ.. သင်ရမယ့် ဘာသာရပ်ခွဲတာတွေ..


တတိယနှစ် မေဂျာကျောင်းသား ၇ယောက်၊ ဒုတိယနှစ် မေဂျာကျောင်းသားက ၃ယောက် (ယောက်ျားလေးတယောက်၊
မိန်းကလေး ၂ယောက်)နဲ့ ပထမနှစ် မေဂျာကလေး ၂၃ယောက်တို့အတွက် စာသင်ခန်းသတ်မှတ်ပေးတာတွေ လုပ်ရပါတယ်။ ။
အဲဒီ အတန်းကြီး ကလေး ၁၀ယောက်ကို အစည်းဝေးလေး ခေါ်ရပါတယ်။ မောင်မယ် သစ်လွင်ကြိုဆိုပွဲကိစ္စပေါ့။ အဲဒီနေရာမှာ
တတိယနှစ်နဲ့ ဒုတိယနှစ်ကလေးတွေရဲ့ စည်းလုံးညီညွတ်မှု၊ ကျွမ်းကျင်လိမ်မာမှုနဲ့ စေတနာတွေကြောင့် ကျမတို့ဆရာ၃ယောက်
ခေါင်းမရှုပ်လိုက်ရဘဲ အစီအစဉ် ဆွဲပြီးသား ဖြစ်သွားပါတော့တယ်။ (လူနည်းပေမဲ့ အင်မတန် အားကိုးရတဲ့ ကလေးတွေပါ)။
ပထမနှစ်ကလေး ၂၃ ယောက်ကို ကြိုဖို့ ပိုက်ဆံစုတာက အစ မုန့်ကျွေးဖို့ စီစဉ်တာ King & Queen ရွေးတဲ့ အစီအစဉ် အထိ။
လာမယ့် တနင်္လာနေ့ မနက် ၁၀နာရီမှာ ကြိုကြမယ်ပေါ့။

စနေနေ့မနက်မှာတော့ ကျမတို့ ခြံဝင်းလေးရဲ့ နောက်ဘက်လမ်းသွယ်လေးထဲမှာ ရှိတဲ့


ရပ်ကွက်ဈေးကလေးကို သွားကြည့်ကြပါတယ်။ အဲဒီဈေးကလေးကနေပဲ ကျမအိမ်ကလေး အတွက် လိုမယ့်
အိုးခွက်ပန်းကန်လေးတွေနဲ့ ဟင်းလျာတွေ ၀ယ်ရပါတယ်။ အသားငါး ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို
ဈေးချိုချိုနဲ့ ရလို့ ကျမဖြင့် ဈေးဝယ်ရတာမှာ ပျော်နေခဲ့ ပါသေးတယ်။ ပြီးတော့ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူတဲ့
ဘားအံမုန့်ဟင်းခါးကို စားကြည့်ပြီး ကြိုက်သွားခဲ့တာ။ ငါးနိုင်းချင်း.. ကြက်သွန်နီဖတ် နိုင်းချင်းနဲ့။ ငှက်ပျောအူကို တအိုးသပ်သပ်
ပြုတ်ထားပြီး လိုချင်မှ ထည့်ပေးတာ။ စားတဲ့အခါကျတော့ ခရမ်းချဉ်သီးနဲ့ ရှမ်းနံနံတွေ ဗမာနံနံတွေ.. ပဲတီပင်ပေါက်တွေ
အကြိုက် ထည့်စားကြရတာ။ ကျမ ဘားအံမှာနေခဲ့ရတဲ၃
့ နှစ်လုံးနေ့တိုင်းနီးပါးစားတာပေါ့။

ဈေးကအပြန်မှာတော့ ကျမရယ်.. အစ်မကြီးရယ်.. မိချိုရယ်... သူငယ်ချင်းဆရာ(သူ့ကို ကျမက ကလေးတွေ


ကွယ်ရာမှာဆို ကျောင်းတုန်းကလိုပဲ အသေးလေးလို့ ခေါ်ပါတယ်)ရယ်.. ကျမတို့ ကျောင်းရှေ့ လမ်းမကြီးပေါ်က 'စိန'် လို့
နာမည်ပေးထားတဲ့ လက်ဘက်ရည်ဆိုင် လေးကို သွားထိုင်ကြတယ်။ (ကျမတို့ အိမ်တွေကို ဖုန်းခေါ်လည်း
အဲဒီဆိုင်လေးကနေပဲ ခေါ်ရတာပါ)။ နောက်တော့ အဲဒီလက်ဘက်ရည်ဆိုင်ဟာ ကျမတို့ မနက်တိုင်းလိုလို ထိုင်ဖြစ်တဲ့
ဆိုင်ကလေးဖြစ်သွားတာပေါ့။ အဲဒီဆိုင်ကလေးကနေ လှမ်းကြည့်ရင် မနီးမဝေးမှာ ထန်းပင်မြင့်မြင့်တွေ..
ထုံးဖြူစေတီလေးတွေနဲ့ ဘုန်းကြီးကျောင်းကလေးတွေကို ပခုံးပေါ် ထမ်းထားတဲ့ စိမ်းညို့ညို့ ကြာအင်းတောင်ကို
ကန့်လန့်ဖြတ်အနေအထားနဲ့ လဲလျောင်း နေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အဲဒီဆိုင်လေးရဲ့ အပြင်ဘက်က စားပွဲကို ကျမ
ရွေးထိုင်လေ့ရှိပါတယ်။

အဲဒီတုန်းက စိန်လက်ဘက်ရည်ဆိုင်လေးက ကျောင်းနဲ့နီးနီးက အကောင်းစားလို့ ပြောရမယ့်


တခုတည်းသော လက်ဘက်ရည်ဆိုင်လေးပေါ့။ ယိုးဒယားဖြစ် မုန့်မျိုးစုံရတယ်.. မနက်စာ ထမင်းကြော်.. စမူဆာ.. ပဲနံပြား..
ကော်ပြန့်ကြော်.. အီကြာကွေး ကောင်းကောင်းရတယ်။ ကျမတို့ ဆရာအုပ်စု ဆိုင်ထဝ
ဲ င်လိုက်တာနဲ့ ဆရာ.. ဆရာမဆိုပြီး
စကားသံဝဲ၀ဲလေးတွေနဲ့ နှုတ်ဆက်ကြတာ ဆူညံဆူညံကို ဖြစ်သွားတာပါပဲ.. တဆိုင်လုံး ကျောင်းသားကျောင်းသူတွေ ကိုး...။
အဲဒီနေ့က ကျမတို့စားတာ ဘယ်သူတွေ ရှင်းလိုက်တယ် မသိ။ စားသောက်ပြီးလို့ ပိုက်ဆံလည်းရှင်းရော.. ကလေးတွေ
ရှင်းသွားပြီတဲ့။ ဒါဟာ နယ်ကောလိပ်လေးရဲ့ ကျမတွေးမထားဖူးတဲ့ နွေးထွေးတဲ့ မိတ်ဆက်မှုတခုပါပဲ။ ဘားအံဟာ
ထိုင်းနယ်စပ်နဲ့ နီးတဲ့ မြို့ကလေးမို့ ကျောင်းသူကျောင်းသားတွေဟာ ခေတ်မီတဲ့ အဆင်အပြင်.. သပ်ယပ်တဲ့
အသွင်အပြင်တွေနဲ့အတူ ယဉ်ကျေးတဲ့ အမူအယာတွေရှိကြတာတော့သတိထားမိပါတယ်။

အဲဒီနေ့ကလေးမှာမှပဲ ကျမက ကျမ အနည်းဆုံး ၂နှစ်လောက်နေရမယ်လို့ သိထားတဲ့


ပတ်ဝန်းကျင်ကလေးကို သေချာ လေ့လာရတော့တာပါ။ အဲဒီနေ့မှာပဲပေါ့။ လက်ဘက်ရည် ဆိုင်ကအပြန်.. ကျမ
နေ့လယ်စာအတွက် မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ပြင်နေတုန်း အိမ်အပြင်ကနေ အမေရေ့ အမေရေ့.. ဆိုတဲ့ ခေါ်သံတွေ
ကြားလိုက်တာ..။ အဲဒီခေါ်သံက အိမဝ
် ထိ ရောက်လာမှပဲ ကျမက ငါ့ကိုများခေါ်လေသလားလို့ တွေးမိတာပါ။ ဒါနဲ့
အိမ်ရှေ့ဘက်ထွက်လိုက်တော့မှ အိမဝ
် မှာရပ်နေတဲ့ ရန်ကုန်က ကျမရဲ့ လှိုင်တက္ကသိုလ် Geology(၁၉၉၃-၉၄) က သားတွေကို
ဗြုန်းကနဲ တွေ့လိုက်ရတာ။ ကျမ အံ့သြသွားမိပါတယ်။ ဦးဆောင်လာတာက သရဲလို့ ကျမတို့ ချစ်စနိုးခေါ်တဲ့ ကလေး။ သူတို့က
ကျောင်းထဲမှာ ကျမနာမည်သွားမေးလို့ ယောက်ျားလေးဆောင်က ကလေးတွေက ကျမဆီအရောက် လိုက်ပို့ပေးတာ။

(ဒီနေရာမှာ သရဲလေးအကြောင်း ပြောပြချင်ပါတယ်။ သူက ကျမကို အမေလို့ ခေါ်တယ်။ ခုသူရှိရင် အသက်


၃၃လောက်ရှိမှာပေါ့။ သူက သီချင်းဆိုချင်တာ.. အဆိုတော်ဖြစ်ချင်တာ.. အဆိုတော်တောင်မှ Rock
အဆိုတော်ဖြစ်ချင်တာ။ ဇော်ဝင်းထွဋ်နဲ့ ဟယ်ရီလင်းသီချင်းတွေကို crazy ဖြစ်တဲ့ ကလေး။ သူ့အသံကလည်း
ခပ်ကွဲကွဲမို့ သူ့ကို သူ့သူငယ်ချင်းတွေက ဇော်ဝင်းဖွတ်လို့လည်း ချစ်စနိုး ခေါ်ကြတယ်။ ကျောင်းပွဲတွေမှာ သီချင်းဆိုရင်
တကယ့် Rocker လို ဟန်ပန်ကောင်းတဲ့ ကလေး။ အဲဒီတုန်းက သူဆိုနေကျ သီချင်းတွေက 'ဘာကြောင့်အချစ်ရေ
အသည်းခွဲတာလဲ' နဲ့ 'မောဟစားသူများ'...။ ကျောလယ်လောက် ဆံပင်ရှည်ရှည်ကြီးနဲ့မို့ သရဲလို့ အသမုတ်ခံရပေမဲ့
အင်မတန်ယဉ်ကျေးတဲ့ ကလေးပေါ့။ ကျောင်းအားရက်တွေမှာ Freelance tourist guide လုပ်ပြီး ကျောင်းစရိတ်ရှာတဲ့
ကလေး။ နောက်တော့ တကယ်ပဲ ကျမနဲ့ သားအမိတွေလိုဖြစ်သွားပြီး ကျောင်းမှာ ကျမနဲ့ ကင်တီးထိုင်ဖက်လည်း
ဖြစ်သွားတဲ့ကလေးပါ။

နောက်တော့ ၂၀၀၀ လောက်မှာပဲ ကျမ မော်လမြိုင်တက္ကသိုလ်မှာ ရှိနေတုန်း သရဲကလေး သတင်းကို ကြားရပါတယ်။


မြစ်ကြီးနား မြစ်ဆုံကို နိုင်ငံခြားဧည့်သည်လိုက်ပို့ရင်း ဧည့်သည်က ရေဆင်းကူးတာမှာ ရေနစ်တော့ သူ ဆင်းကယ်ရင်း
ရေနစ်ပြီး ကွယ်လွန်သွားတယ်တဲ့။ ကျမ စိတ်ထဲ တော်တော်ကို ထိခိုက်ရပြန်တဲ့ သတင်းပေါ့။ အဲဒီအချိန်မှာ
မှတ်မှတ်ရရ ကျမ စိတ်ထိခိုက်စရာ ကျမကလေးတွေရဲ့ နာရေးသတင်းတွေ ကြားခဲ့ရတာ တတိယမြောက်
သတင်းပေါ့.. ပထမဆုံးက မိုးသွင်သွင်... နောက် ဥာဏ်မိုးလေး(ဆရာတင်မိုးသား.. ချိုသင်းမောင်လေး).. နောက်ဆုံး
အဲဒီအချိန်မှာ သရဲလေးသတင်းပေါ့။ ၃ယောက်လုံးဟာ ကျမ ချစ်တ.ဲ့ . အင်မတန် စိတေ
် ကာင်းနှလုံးကောင်းရှိကြတဲ့..
ကိုယ်ပိုင်တန်ဖိုး အသီးသီး ရှိကြတဲ့... ကလေးတွေပါ။ မြန်မာနိုင်ငံရဲ့ ခေတ်နောက်ကျမှုကြောင့် သတင်းအားလုံးကို
တော်တော် နောက်ကျပြီးမှပဲ ကျမ သိခဲ့ရတာပါ)။

အဲဒီ သရဲလေးက ဦးဆောင်ပြီး အားလုံး ၈ယောက်.. တပြုံကြီး.. ကြည့်ပါဦး.. လိုက်လာကြတာ။ အမေ့ကို


စိတ်ပူလို့တဲ့။ သရဲလေးက ပြောသေးတယ်။ ဘားအံဆိုတာ ကျနော်တို့ အမျိုးတွေ နေတာလေ အမေရဲ့.. ဒါကြောင့် ကျနော်
အမေ့ကို အပ်ရအောင် လိုက်လာတာတဲ့။ သူက ကရင်လူမျိုးလေ။ ပြီးတော့ တကယ်ပဲ သူတို့ကို ကျမနေတဲ့
အိမ်ကလေးဆီအရောက် လိုက်ပို့ပေးတဲ့ ကလေးတွေကို သူက လူကြီးလုပ်ပြီး ကျမကို အပ်နေတာ။ ကျနော်တို့အမေကို
စောင့်ရှောက်ပါနော်.. တဲ့။ ကျမမှာရယ်နေရင်းနဲ့ပဲမျက်ရည်တလည်လည်နဲ့ဖြစ်နေခဲ့ရပါတယ်။

သူတို့ကို ဘယ်မှာ နေရာချရပါ့မလဲလို့ ကျမ ပူနေတုန်းမှာပဲ သူတို့က "အမေကလည်း ပူမနေနဲ့ ကျနော်တို့


သူငယ်ချင်းတွေ အမျိုးတွေ ရှိတယ်.. အဲဒီမှာ တည်းမှာ..၊ အမေ အဆင်ပြေတာ တွေ့ရတော့ စိတ်ချပြီ...... တနင်္လာနေ့
ကျောင်းတက်ရမှာဆိုတော့ နက်ဖန်ပြန်မယ်လေ" တဲ့။ တနေကုန် ကျမဆီ သူတို့နေတော့ သူတို့ကို လိုက်ပို့ပေးတဲ့
ကလေးတွေလည်း ကျမဆီ တနေကုန်..။ အဲဒီ ကလေးတွေကပဲ လိုက်ပို့ပေးလို့ ညနေခင်းမှာတော့ သရဲလေးတို့ကိုလည်း ပို့ရင်း
ကျမတို့ရန်ကုန်သူ ဆရာမတစုလည်း မရောက်ရသေးတဲ့ ဘားအံရဲ့ နာမည်ကျော် ကန်သာယာဘက် သွားလည်ကြပါတယ်။
ဇွဲကပင်တောင်နောက်ခံနဲ့ ကန်သာယာဟာ ဘားအံရဲ့ လွမ်းစရာ ကောင်းတဲ့ ဇာတ်ဝင်နေရာလေးတခုပေါ့။ (နော်ရင်မွှေး
ရုပ်ရှင်ကားထဲမှာ ဘားအံရဲ့ သဘာဝအလှကို တ၀ကြီးမြင်ရနိုင်ပါတယ်)။

အဲဒီညနေမှာမှပဲ ဘားအံကောလိပ်မှာ ကျမနဲ့ ၃နှစ်လုံးလုံးဆုံရမယ့် သားသမီးလို ဖြစ်သွား ရပြန်တဲ့


ကလေးတွေနဲ့ စရင်းနှီးသွားရတာ။ မိန်းကလေး၅ယောက် နဲ့ ယောက်ျားလေး ၃ယောက်။ နောက်ပိုင်း သရဲကလေးတို့
ပြန်အသွားမှာတော့ အဲဒီကလေးတသိုက်ကပဲ ကျမကို တကယ် ကူညီစောင့်ရှောက်ကြတဲ့ အရင်းနှီင်္းဆုံး သားသမီးတွေအဖြစ်
ရှိခဲ့ကြတာပါပဲ..။ အားလုံး ကော့ကရိတ်က ကလေးတွေပေါ့..။ (ထူးထူးခြားခြားပြောရရင် ဘားအံမှာ ရှိခဲ့တဲ့တလျှောက် ကျမနဲ့
အရင်းနှီးခဲ့ဆုံး တပည့်တွေကလည်း ကော့ကရိတ်က ကလေးတွေ ပါပဲ)။ အဲဒီကလေးတွေရဲ့ ဘ၀ ဘ၀တွေဟာ ကျမရဲ့
မြသီလာ သက်တမ်းမှာတော့ မှတ်တမ်းမှတ်ရာတွေ ဖြစ်ခဲ့ပါတယ်။
မြသီလာအလွမ်းပြေ (၂၄)

လူ့ဘ၀ဆိုတာ ပြဋ္ဌာန်းထားပြီးသား စာမျက်နှာတွေနဲ့ စာအုပ်တအုပ်ပဲလို့ ကျမ ရေးဖူးပါတယ်။ အဲဒါကို


ကိုအော်ပီကျယ်က ငြင်းတယ်.. ဟုတ်ပါဘူးဗျာ.. ကိုယ့်ဘာသာ ပြဌာန်းလို့ရပါတယ်.. လူက လုပ်တဲ့ စာမျက်နှာ တွေ
ပါ.. တဲ့။ ကျမကတော့ ပြန်ငြင်းတာပဲ..။ နောက်ဆုံးအထိ 'ပီ' နဲ့ ကျမ ဘသူမှ အနိုင်မရကြတဲ့ အငြင်းပေါ့..။
စာဖတ်သူတွေရော ဘယ်လို မြင်လဲဟင်..။

တကယ်တမ်း စာသင်ပြီဆိုတော့ ကျမတို့ တော်တော် ပင်ပန်းကြပါတယ်။ ကျမက တတိယနှစ်သမားတွေ


အတွက် paper ၃ခု ရှိတာမှာ paper(2) ကဗျာပိုင်းကို သင်ရပါတယ်။ ရတု.. အဲချင်း.. အိုင်ချင်း.. ပျို့.. မော်ကွန်း.. နဲ့
ခေတ်ကဗျာတွေ..။ နောက် ဒုတိယနှစ်တန်း မှာလည်း အဲဒီ paper(2) ပိုင်းပဲ..။ အဲသလို မေဂျာတန်းတွေတင်မက
ဒုတိယနှစ်တန်း Compulsory အတွက်လည်း ကဗျာဝင်သင်ရဦးမယ်။ ကျမမှာ ပြင်ရဆင်ရမယ့် စာတွေ အများသား။
အဲဒီအချိန်မှာ လုံးချင်းဝတ္ထုသစ်တအုပ(် 'ချိုတဲ့တေး') ထွက်ဖို့ ကိစ္စလည်း ရှိနေသေးတယ်။

(မျက်နှာဖုံး-မောင်သီဟ)

အလုပ်ထဲ ခေါင်းမဖော်နိုင်ဘူးဆိုတာ တကယ်ပါပဲ။ ပြီးတော့ မြန်မာစာက compulsory မို့ရော ပတ်သက်


ဆက်စပ်တာတွေကြောင့်ရော.. မြန်မာစာဌာနဟာ အနုပညာအသင်းကိုလည်း ဦးဆောင်ဦးရွက် လုပ်ရပါတယ် တဲ့။ ဒီတော့
တကျောင်းလုံး အတိုင်းအတာနဲ့ လုပ်တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာလည်း ကျမတို့ခမျာ.. တပြေးပြေး တလွှားလွှား..။
ရေးလက်စ"အသံသစ်ပြတိုက"် ကိုတော့လှည့်ကိုမကြည့်နိုင်။

အဲဒီ ရက်တွေထဲမှာပါပဲ..။ ကျမ သားဆီ ဖုန်းအဆက်..။ မာမာက.. "မငြိမ်းရေ.. မပြောမဖြစ်လို့ ပြောရမယ်။


စိတ်မညစ်နဲ့နော်.. ပြန်လာလို့ မရလည်း ပြန်မလာနဲ့..။ မာမာကတော့ ပြန်လာစေချင်တယ်.." တဲ့။ အကြောင်းကတော့
သားအဖေ မူးယစ်အထူးစီမံချက်နဲ့ အဖမ်းခံ ထားရပါတယ်တဲ့။ အဲဒီခဏလေးမှာ ကျမ ဘယ်လို ခံစားရသလဲဆိုတာ ခုထိ
မှတ်မိပါတယ်။ တခုတည်းပါ... ရှက်တာ။ ကျမက ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဖြစ်အောင် အတတ်နိုင်ဆုံး မွမ်းမံနေချိန.် .၊ ကျမရဲ့
ပတ်ဝန်းကျင်လေးကို ကောင်းအောင် အတတ်နိုင်ဆုံး ကူညီ တည်ဆောက်နေချိန.် .၊ သူက ပစ္စလက္ခတ် လုပ်ရက်တယ်လို့ ကျမ
တွေးပါတယ်။ အဲဒီအခါ မာနတရားရဲ့ အဆိပ်က ကျမကို မာကျောခက်ထန်စေခဲ့တယ်။ (အဲဒီအတွက် ခုထိ မှားတယ် မှန်တယ်
မစဉ်းစားမိသေး)။

ဒါ့ထက်ပုဆ
ိုးတာကတော့ ကျမ အဲဒီအပတ် ရန်ကုန်အပြန်မှာပဲ ကျမအချစ်ဆုံး တဦးတည်းသော မောင်လေး
(သားအဖေနဲ့ကတော့ အဖော်ကောင်းပေါ့ .. သူလည်း ဆုံးသွားပြီလေ)လည်း စီမံချက်ထဲ ဖမ်းတဲ့အထဲ ပါသွားတာကို
သိရပါတယ်။ အမေတို့က ကျမ စိတ်ဆင်းရဲမှာစိုးလို့ လှမ်း အကြောင်းမကြား ခဲ့တာပါ။ မောင်လေးရော.. သားအဖေရော
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ.် . တဲ့။ တကယ်တော့ အဲဒီမောင်လေးဟာ ၈၈တုန်းက အန်တီ့ခြံထဲမှာ နေပြီး အန်တီစုကို
ဝန်းရံခဲ့တဲ့ သုံးရောင်ခြယ်လူငယ်အဖွဲ့ကပါ။ နောက်ပိုင်း စိတ်တွေကျပြီး... တော်တော် လေလွင့် သွားခဲ့တာ။
သူညံ့တာပေါ့လေ..။ပြီးတော့ခေတ်စနစ်ရဲ့ဖျက်ဆီး မှုပေါ့။
အဲဒါတွေဟာ ကျမရင်ဆိုင်ခဲ့ရတဲ့ လက်တွေ့ဘ၀ဖြစ်သလို ခေတ်တခေတ်ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မူးယစ်အထူးစီမံချက်ဆိုပြီး တချို့ကို အဖမ်းပြနေပေမဲ့ ရှမ်းပြည်နယ် ၀ပြည်နယ်တွေဘက် မှာကျတော့
အဲဒီ ဘိန်းကိုပဲ အကြီးအကျယ် ရောင်းဝယ် ဖောက်ကား နေတာ မဟုတ်လား။ သူကိုယ်တိုင် အဲဒီ ဘိန်းခင်းတွေဘက်မှာ
တာဝန်ကျခဲ.့ . သူကယ
ိုတိုင် ဘိန်းစွဲခဲ့ရတဲ့ ဗိုလ်မှူးတယောက်က ကျမကို ကိုယ်တိုင် ပြောပြခဲ့တာပါ။ သူ့နာမည်ထည့်ရေးရင်
ကျမတို့ ခေတ်က လူတိုင်းလိုလို သိတာမို့ ကျမရေးပြလို့ မဖြစ်ပါဘူး။ ပြီးတော့ သူလည်း အဲဒီ ဘိန်းကြောင့်ပဲ ကွယလ
်ွန်
သွားခဲ့ပြီမို့လို့ပါ။ တကယ်တမ်းကျတော့ အဲလို မူးယစ်စီမံချက် ဆိုတာတွေကလည်း တကယ်နှိမ်နင်းတာ မဟုတ်ပါ။

(ဘာလို့လဲဆိုတာကို ဆက်နွယ်ပြီး ပြောပြချင်ပါတယ်။ အဲဒီတုန်းက ထောင်ထဲမှာ နိုင်ငံရေးသမားတွေကို


အကြီးအကျယ် နှိပ်ကွပ်နေတဲ့အချိန်။ ကျမမောင်လေးနဲ့ သားအဖေ တို့ကတော့ နိုင်ငံရေးမှုလည်း မဟုတ.် . ပိုက်ဆံလည်း
တတ်နိုင်ဆိုတော့ အထဲမှာ အကျဉ်းသားတိုင်း မလုပ်မနေရဆိုတဲ့ မိလ္လာတောင် ကိုယ်တိုင် မချရပါဘူးတဲ့။ ထောင်ထမင်းဟင်း
မစားနိုင်ဘူး ဆိုလို့ ထမင်းချိုင့် မှာပေးရသတဲ့။ ထမင်းချိုင့်က တလ ၇၀၀၀ တဲ့။ အဲဒီအချိန် ကျမရဲ့ လက်ထောက်ကထိက
ဆရာမလစာကမှ ၁၇၀၀ပါ။ ပြီးတော့ ထောင်ထဲမှာပဲ အိမ်ကပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေနဲ့ ပိုက်ဆံကို သုံးပြီး
ထောင်ဝါဒါတွေဆီကနေ ဘိန်းဝယ်စားလို့ ရသတဲ့။ ရဲဘက်မှာဆို ပိုလွယ်သတဲ့.. သူတို့ပဲ ပြောပြတာပါ။)

သားအဖေ ထောင်ကျတာက ကျမရဲ့ လက်တွေ့ဘ၀ကို တော်တော် ရိုက်ခတ်ခဲ့တာတော့ အမှန်ပါ။


ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေအောက်... ကျမတို့ မြန်မာစာ ပတ်ဝန်းကျင်ထ.ဲ .။ ကျမ ရပ်တည်ရတော်တော် ခက်ခဲ့ပါတယ်။
အဲဒီအချိန်မှာတော့ မြန်မာ့ပတ်ဝန်းကျင်ထဲက အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ်တဲ့ အကျင့် (discrimination)ကို ကျမ
တော်တော် မုန်းသွားခဲ့တာပါ။ 'သူ့ယောက်ျား ဘိန်းစွဲလောက်အောင် သူက ဘာတွေ စိတ်ညစ်အောင် လုပ်လဲမှ မသိတာ' ..
'တပည့်တွေ တရုန်းရုန်းနဲ.့ ..' ဆိုတာမျိုးက စပြီး 'ယောက်ျားကို ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေတာကိုး' ဆိုတဲ့ အထိပေါ့။
လွယ်လွယ်ကလေးနဲ့ ပြောခဲ့ကြတာ။ အဲဒီ ရက်တွေထဲမှာတုန်းက ကျမ ခံစားရတာတွေ ဘယ်လောက် ပူလောင်ခဲ့သလဲ..
ပြန်တွေးရင် ခုထိ လတ်ဆတ်ဆဲ ပါ..။ အဲဒီကာလတွေထဲ ကဗျာရေးမိရင်တောင် ပုဂ္ဂိုလ်ရေးဆန်လှတဲ့ ကဗျာတွေပဲ
ဖြစ်နေခဲ့ပါတယ်။

အရောင်ဆွံ့

ရင်ထဲတင်းတင်းကျပ်ကျပ်နာကျင်
ကြေကွဲတမ်းတရက်များညများ
တရွတ်တိုက်မျောပါရွေ့လျား
ပြေးလွှားလာကြသမျှဓားသွားလှံချက်တွေ
ငိုကြွေးတိုင်တည်ရာကောင်းကင်ပြင်မြင့်မား
အဝေးကြီးကသူ့ဆီ
နှလုံးသားကိုခိုစီးလို့လိုက်ပါသွား
မြင်ရဲ့လားအချစ်ရေ.......
မင်းအနားကအရိပ်တခုကို
အဲဒါ..ရူးသွပ်နေတဲဝ
ိ့ဥာဉ်
မင်းစွန့်ပစ်ထားခဲ့တဲ့ဆံတပင်..
မင်းလက်ခံမယူရဲတဲ့သစ်တပင်..
မင်း ဖြတ်တောက်ခုတ်ထစ်ရမယ့် နွယ်တပင်..။

အဲဒီတခေါက် ဘားအံပြန်လာတော့ ကျမ နေရထိုင်ရတာ နည်းနည်း ပိုခက်လာသလိုပါပဲ။ သားအဖေ


အဖမ်းခံရ တာက ကျောင်းဝန်းကျင်မှာ ဖြစ်တဲ့အပြင် ကျမတို့က လူသိများတော့ သူ့သတင်းကလည်း သိတဲ့သူများတာပေါ့။
ဒါဟာ ဖုံးကွယ်ထားစရာ ကိစ္စတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘားအံကျောင်းသေးသေးလေးထဲ ရန်ကုန်က
လာတဲ့သူအချင်းချင်း.. ဆရာမတချို့... ကျမကို ဆက်ဆံပုံတွေက စိတ်မကောင်းစရာပါပဲ။ အင်းး ဘာတဲ့
'ကိုယ့်ယောက်ျားကိုတောင် မထိန်းနိုင်တဲ့ မိန်းမ' ဆိုပ.ဲ .။ ယောက်ျားဆိုတာ မိန်းမက ထိန်းမှ ရမယ့် သတ္တ၀ါလား..
စဉ်းစားစရာပါ။ ဒီကြားထဲ ကျမနဲ့ တခါမှတောင် ခင်ခင်မင်မင် မပေါင်းခဲ့ဖူးပါဘဲနဲ့ "ကိုယဖ
ိရင်ဖိ စောင့်ရှောက်မှ တော်မယ်
ထင်တယ်"လို့ ပြောတတ်တဲ့ ယောက်ျားသားတွေလည်းရှိသေး.. အမယ်မင်းး။

သေချာတာတော့ အဲဒီအချိန်တွေထဲ ကျမ စိတ်ထဲမှာ ကြီးစိုးသမျှက ခါးခါးသီးသီး အံဖတ်တွေ။ အသက်


၃၀အရွယ် မိန်းမတယောက်.. ဘယ်လောက်အတိုင်းအတာထိ ရင့်ကျက်နိုင်သလဲ.. ကျမ မသိ..။ ကျောင်းဆရာမ တယောက်
ဖြစ်ပြီးတော့... တဲ့။ ဘာဖြစ်လဲဟင်.. ကျောင်းဆရာမဆိရ
ု င် ဘ၀ကို နာနာကျင်ကျင် မခံစားရဘူးလား.. အသည်း
မကွဲရဘူးလား..။ အလဲလဲအပြိုပြို မရှိရဘူးလား..။ ကျမ မသိ။ (မှားတယ်လို့ ပြောလည်း ရတယ်ထင်ပါရဲ့.. မှန်တယ်လို့ သေချာ
ကျိုးကြောင်းပြငြင်းရင်လည်း အရသား.. ဒါပေမဲ့ ကျမက ပြန်ရှင်းပြဖို့ ခုခံကာကွယ်ဖို့ ပျင်းတတ်သ)ူ ။

စိတ်ညစ်သမျှ.. သားကို လွမ်းသမျှ.. ပိုက်ဆံ မရှိတာတွေအတွက် စိတ်ညစ်သမျှ.. ည ည .. အဆောင်ရှေ့


ဆရာမတွေ ကျောင်းသူတွေအလယ်မှာ ဂစ်တာ ထိုင်တီး..။
ငါထာဝစဉ်မတည်ငြိမ်မိုးတိမ်လို
ဂျစ်ပစီလိုမရပ်မနားခရီးနှင်နေ
ဂငယ်ကွေ့တွေအပြည့်နဲ့လမ်းပေါ်မှာ
ငါလျှောက်ခဲ့မိပြီလေ..

ဘ၀ကအပြောင်းကြီးပြောင်းလဲခဲ့
မရည်ရွယ်တာအကုန်လုံးဖြစ်လာတယ်
ကြိုတင်ကာဇာတ်ညွှန်းဖတ်မလာသူ
ဘ၀ဟာမင်းသားတစ်ယောက်လိုပ.ဲ .

အရာရာဟာအချစ်ရေ..မတည်ငြိမ်ဘူး
ငါနေထိုင်လာတဲ့နှစ်ကသုံးဆယ်
မယုံနိုင်ဘူး...ရုပ်ရှင်ကြည့်ရသလို
ဘ၀က ဆန်းကြယ်တယ်.... .....

လို့ ဆိုကောင်းခဲ့တဲ့ ညတွေပေါ့။ သူများဝေဖန်စရာ တခုက တခါတခါ စီးကရက်သောက် (သိပ်တော့ နည်းပါတယ်)။


ပြတင်းပေါက်တွေကနေ ခပ်မဲ့မဲ့ ချောင်းကြည့်ကြရင် ဟားတိုက်ရယ်ပြမိ။ ဒီရက်တွေထဲ တပည့်တွေ.. သူငယ်ချင်းတွေက ကျမ
အားငယ်မှာစိုးလို့တဲ့ အလှည့်ကျ လာလည်ကြတာ.. (ခက်မာတို့ မမိုချာ့တ.ို့ ...)။ တကယ့် သူငယ်ချင်းတွေ ကတော့ ကျမနဲ့
ထပ်တူ ခံစားကြ..။ ဇေယျာလင်းကတော့ သူချစ်တဲ့ ကျမတို့နှစ်ယောက်အတွက် တော်တော် ခံစားပြီး ကဗျာတပုဒ် ရေးတယ်။
သူရေးတဲ့ ကဗျာဖတ်မှပဲ ကိုယ့်ဘ၀ကို အမောတကောနိုင်လှတဲ့ သနားစရာလို့ မြင်မိတာ။ ဖတ်ကြည့်ပါဦး။ အဲဒက
ီ ဗျာကို
၉၈အချစ်ကဗျာ စာအုပ်ထဲ ထည့်ခဲ့ပါတယ်။

မေငြိမ်းအတွက် အချစ်×ရက်စက်တဲ့ ထိုးဇာတ်


ဇေယျာလင်း

ရထားဟာ အပြီးအပိုင်ထွက်သွားတယ်။ ကျနော်အပြီးအပြတ် ရှင်းပစ်လိုက်ချင်လို့ပဲ။ အဝေးမှာ


ခွေးဟောင်သံတွေ ဝိုးတဝါး။ သံလမ်းတွေက ဒဏ်ရာစိမ်းတခုရဲ့ ပုံ ပြောပြတယ်။ အဲဒီညက မီးချောင်းတွေကလည်း
အထူးရက်စက်ကြသလို။ ပုံဟာ သူ့လည်ပင်းကို လာခွေပတ်။ စကားလုံးတွေဟာ အမှုန့်တွေ ကြွေကျပြီးရင်း။ ဝန်ခံလိုက်
ဝန်ခံလိုက် ဝန်ခံလိုက်။ အဲဒါ ပြီးပြီးချင်းရနံ့ပါးပါးလေးဟာ လှိုင်းလုံးကြီးတွေလို အလိပ်လိုက် အလိပ်လိုက်။ ရဲရင့်တဲ့ မာလိန်မှူး၊
သူ့လက်ထဲက မြတ်နိုးသင်္ဘောလေး မမြုပ်အောင် အင်တိုက်အားတိုက် ဖြည့်စွမ်း။ သင်္ဘောလေးဟာ သူ့စိတ်ကူးနဲ့သူ။ ဒါကို
စိတ်ကူးကြည့် ပါလေ။ ဥသြသံဟာ ညကြီးထဲ အော်အော်ခေါ်နေလေရဲ့။ ချစ်သူ နှစ်ဦးခမျာ ကံခေ။ သူတို့ဆီက ကြယ်လဝန်းရဲ့
ဘာသာစကား သိမ်းခံလိုက်ရရှာတယ်။ နာကျင်မှုရဲ့ စူးရှတဲ့ အလင်းထဲ နစ်မြုပ်သွားတဲ့ သူမရဲ့ ကျောပြင်ကို သူငေးကျန်။
ကျနော့်ပေါ် ပုံသေလို သူလာပိကျ။ အဲဒီ သံလမ်းနံဘေးမှာပဲ သူ့ကိုထားခဲ့တယ်။ ဇာတ်လမ်းဟာ ထောင့်ထဲဝင်ခွေလှဲအိပ်။
အချိန်ကား တောင်ပံကျိုးတဖက်။ သူ့ကိုယ်သူ ဇာတ်မသိမ်းတတ်ရှာစွာ အရာခပ်သိမ်း ဆိတ်သုဉ်းလွန် ဥယျာဉ်တခုရဲ့
လေသေထဲ အက်ပြိုကွဲ တဝဲလည်လည်။ ဒီမှာ သမိုင်း ဆုံးတယ်။ အလျှံပယ် အဓိပ္ပာယ်မဲ့/ လုံးဝဥဿုံအကြောင်းအရာ ချိုးကွေ့။
မမျိုချနိုင်တဲ့ အမှန်တရားဟာ ပထမဆုံး မနက်စာနဲ့ သူမရှေ့မှာ အငိုက်မိ။ နောက်ဆုံးသတင်း- သူ့ကိုယ်သူ
မိုးချုပ်ချလိုက်သတဲ့။ ထိုးဇာတ်ဟာ တကယ့်အဖြစ်အပျက်ထက် ရက်ရက်စက်စက် ဆို့ဆို့နင့်နင့် ကြေကွဲပြ။ တလုံးတလုံးစီမှာ
သူမရဲ့ ပုံတွေ အတွဲလိုက် သီးပြီး မျက်ဝန်းထဲ ပြွတ်ခဲ။ ဒီအဖြစ်အပျက်တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝမကျမှုကို ကျနော်
မေ့ချင်ယောင်မဆောင်နိုင်ခြင်း သည်လည်း တကြောင်းတပါဒ။ ဒီထက်အေးစက်တဲ့ ဒီဘက် ရင်ခွင်ထဲ ပန်းစကြာမှန်ပြောင်း
အပိုင်းပိုင်းအစစတွေကို ထွေးပွေ့ ထိုးစိုက်ချလိုက်တယ်။ ခင်ဗျားသိချင်တာ သူမ မဟုတ်လား။ အလားတူ သူမများရဲ့
ချုပ်ရိုးထဲမှာ။ ။

တကယ်တော့ ကျမမှာလည်း အားနည်းခဲ့တာတွေ ရှိပါလိမ့်မယ်။ ကျမက အရွဲ့တိုက်ချင်တဲ့ ဥာဉ်ရှိတယ်။


မာန်တက်တယ်။ လူပါးဝတယ်လေ..။ အဲဒီအခါ အလုပ်တွေ ဖိလုပ.် . ဆိုးတာက မြို့ကျဉ်းကျဉ်းလေးထဲက
ကျောင်းကျဉ်းကျဉ်းလေးရဲ့ ယဉ်ကျေးမှုဟာ ကျဉ်းကျဉ်းလေး ဖြစ်နေတတ်တာကို ထည့်မတွက်တတ်တာပဲ..။ ဥပမာ.. ကျမရဲ့
ညံ့ဖျင်းမှုတွေကြောင့်ပေါ့။ (ဘယ်သူမှ Tag မလုပ်သေးလို့ ညံ့တာတွေ မရေးဖြစ်သေးတာ ခု Tag ဦးမှလို့ စိတ်ကူးရတယ်)။
ကျမက ဘယ်လိုမှ ရေကူးသင်လို့ မရ..၊ စက်ဘီးစီး ကားမောင်း သင်လို့မရ..၊ သင်္ချာ အင်္ဂလိပ်စာ ညံ့၊
ကွန်ပျူတာပညာရပ်အပါအ၀င် သိပ္ပံပညာရပ်တွေမှာ ညံ့၊ ကိုယ်ကြိုက်တဲ့ သီချင်းသံကြားရင် လိုက်မဆိုဘဲ မနေနိုင်တာမျိုး၊
လူတွေကို ယောက်ျား မိန်းမ ခွဲမမြင်တတ်.. ဆရာ တပည့်.. ဆင်းရဲ ချမ်းသာ... ခွဲမမြင်တတ်ဘဲ လူလို့ပဲ မြင်တအ
ဲ့ တွက် တန်းတူ
တပြေးညီဆက်ဆံတတ်တာ..။ ကိုယ်မှန်တယ်ထင်ရင် ပြီးရော.. ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး... ဆိုသလိုပါပဲ။ အဲဒါတွေက
ကျမရဲ့ ညံ့ချက်တွေအဖြစ်..ကျမကို အမြဲ ဒုက္ခပေးတတ်ပါတယ်။

ဒီနေရာမှာ ပြောပြချင်တာက ကျမက စက်ဘီး မစီးတတ်.. နောက်ကတောင်မှ သေချာ စနစ်တကျ


လိုက်မထိုင် တတ်တဲ့အတွက် တပည့်တွေ နောက်ကပဲ လိုက်ရပါတယ်။ (ဘားအံရောက်မှ စက်ဘီးနောက်က သေချာ
လိုက်စီးဖူးတာမို့ ၄ခါလောက် ပြုတ်ကျပီး တခါမှာတော့ မေးစေ့ပါ ကွဲသွားခဲ့ဖူးပါသေးတယ်)။ ဆိုတော့ များသောအားဖြင့်
ယောက်ျားလေးတွေ နောက်ကပေါ့။ အဲလို လိုက်ရင်လည်း ကျမက လူရွေးသေးတယ် (ဆရာမြို့မငြိမ်းလိုပ)ဲ
အရပ်ရှည်တဲ့သူကမှ ခြေ ထောက်ဖို့ လွယ်တာမို့ ကျမအတွက် အန္တရာယ် နည်းတယ်ဆိုပြီး အရပ်ရှည်တဲ့ သူနင်းတဲ့ စက်ဘီးနဲ့မှ
လိုက်ပါတယ်။ အဲဒီတုန်းက မော်တော်ဆိုင်ကယ်ဆို လုံးဝမလိုက.် . ကြောက်လို့။ ဒီတော့ မြို့ကလေးမှာ ဆရာမတယောက်
ကျောင်းသားတွေ စက်ဘီးနောက်က လိုက်တယ်ဆိုတာက ကျမနဲ့ ကျတော့ 'အဲဒီ တခုလပ် ဆရာမက...' လို့ နာမ၀ိသေသန
ပါလာပါတယ်။ ကျမကလည်း လမ်းခပ်များများလေ..။ ဘားအံရဲ့အနီးဝန်းကျင်ဆို အကုန်သွားချင်တော့တာ။ သာမညတောင်
ကိုသာ နည်းနည်းဝေးလို့ ကားနဲ့သွားတာ။

ဘားအံနဲ့ ၄မိုင်လောက်ဝေးတဲ့ တောင်ကလေးဘုန်းကြီးကျောင်းဆိုလည်း ဆရာတော် ဦးပညာသာမိ


(တောမှီရဟန်း)နဲ့ စကားပြောရတာ ကောင်းလွန်းလို့ ခဏခဏ သွားတာပဲ။ နောက် ကျောင်းပိတ်ရက်တွေဆို ကျောင်းကနေ
၁၀မိုင်လောက်သွားရတဲ့ စိတဝ
် င်စားစရာအကြောင်းတခု ရှိတ.ဲ့ . အင်မတန်လှတ.ဲ့ . ဇွဲကပင် တောင်ခြေက ရေတံခွန်ဆီလည်း
မကြာခဏ သွားတာပဲ (နောက်ပိုင်း post တခု သပ်သပ်ရေးပါ့မယ်)။

(ရေတံခွန်အသွားလမ်းပေါ်က မြင်ရတဲ့ ဇွဲကပင်)

ပြီးတော့ ဇွဲကပင်တောင်ကိုပဲ မတူတဲ့ လမ်းနှစ်ဘက်ကနေ ခဏ ခဏ တက်တာမျိုးလည်း လုပ်သေးတာ။


နောက်.. ကန်သာယာဘက်.. ကုန်းထိပ(် ရုံးကုန်း)မှာ.. လက်ဘက်ရည်ဆိုင် သွားထိုင်တာမျိုးလည်း လုပ်ေ သးတာ။
အမြဲတမ်းကတော့ မိန်းကလေး ယောက်ျားလေး တပည့်တွေန.ဲ့ . သူငယ်ချင်း ဆရာမတယောက် ဆရာတယောက်တော့
အမြဲပါတာပဲ။ ဒါပေမဲ့လည်း တမျိုးမျိုး ပြောကြတာပဲ။ အဲဒီတုန်းက ကျမအတွက်တော့ အဲလိုပြောတဲ့သူတွေကို အံ့သြတာပါပဲ..။

အဲဒီအခါ စိတ်ညစ်သမျှ စိတ်ရှုပ်သမျှ အလုပ်တွေချည်း ဖိလုပ်တာပဲ..။ ကျောင်းတွင်း activities တွေဆိုလည်း


ကျမခြေ ကျမလက်ပဲ။ စာအုပ်ကိစ္စ အရေးကြီးလို့ ရန်ကုန်ဆင်းရတာနဲ့ ကိုယ့်ဘာသာတော့ အချိန်တောင် မလောက်။
အဲဒီအချိန်တွေမှာ.. ဘယ်သူတွေ စကားတင်းဆိုနေလဲ.. မသိတချက် သိတချက်..။ စိတ်တွေ ပုံမှန်မဟုတ်ဘဲ ကစဥ့်ကလျား
ဖြစ်နေခဲ့တာကိုတော့ ၀န်ခံရပါမယ်။ တခါတခါ ဘာမဟုတ်တာလေးနဲ့ ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ကြိုးတုတ်တုတ်
တချောင်းကို ရအောင်ရှာပြီး ထုတ်တန်းမှာ အကြိမ်ကြိမ် ချည်မိတာမျိုးလည်း လုပ်ခဲ့ဖူးတယ်။ အဲဒီအချိန်တွေကို ပြန်တွေးမိရင်
မျက်စေ့မှိတ် အသက်ပြင်းပြင်းရှူထုတ်ပြီး ခေါင်းကို နာနာခါမိတာ.. ခုထိ။ ပြီးရင် ကဗျာတပုဒ်ကို မက်မက်စက်စက်
သတိရတယ်။

သောကခွက၃
် ဝ

အနာတရလက်များတုန်ရီနေကြ
အနှစ၃
် ၀ပြည့်သောက်ရေအိုးထဲ
ရေတခွက်နှစ်ယူခပ်လိုက်တဲ့အခါ
ပျစ်ချွဲချွဲသောကတွေပါလာတယ်
ခွက်အပြည့်။

သွန်ချပစ်လိုက်ရင်လည်း
အနှစ၃
် ၀လုံးလုံးပြုစုကုသခဲ့ရတဲ့
နှလုံးသားဆုံးရှုံးမယ်၊
မက်လောက်စရာမရှိပေမဲ့
ဒါပဲရလဒ်ဖြစ်လေတဲ့
အတိတ်တွေဆုံးရှုံးမယ်၊

အကြိမ်ကြိမ်အလီလီ
ကွန်ပေါင်းတင်ခဲ့ရတဲ့
ဟောဒီမျက်နှာကြီးအရှက်ရပေလိမ့်။
သောက်ချပစ်လိုက်ရင်လည်း
မနက်ဖြန်တွေက
ရောက်မလာသေးခင်
ခြောက်သွေ့နှင့်ကြပြီး
မကမ်းလှမ်းရသေးတဲ့ချစ်သူက
ရင်ကိုဟက်တက်ခွဲဖို့ကြံစည်ဦးမယ်၊

သူပဲကိုယ့်အမိ
သူပဲကိုယ့်အဖလုပ်ခဲ့ရတဲ့
စိတ်ကူးယဉ်အနာဂတ်ကြီး
တွန့်လိမ်ခွေပျော့
လေလျော့နှင့်ပေလိမ့်။

ရင်တွေတဆတ်ဆတ်တုန်ရဲ့
အဲဒီဆိတ်ငြိမ်သယောင်ယောင်
၃၆၅ကြိမ်မြောက်ညတွေပေါ့
ငါ့ကိုညှို့ပြီးမျိုခဲ့ပုံများ
စုန်းစုန်းကြီးမြုပ်ခဲ့တာအကြိမ၃
် ဝ
ဘာလုပ်ရမှန်းမသိ
ငုတ်တုတ်ထိုင်ကြည့်နေရတဲ့
သောကခွက်ပြည့်က၃၀။ ။

(စန်းဦး)

ကြည့်ပါဦး.. ကျမတို့ ခေတ်တူသူငယ်ချင်းတွေ.. ရင်ခုန်သံတွေ ဘာသာစကားတွေ တူနေကြတာ။ အားလုံးရဲ့


သက်တမ်း ၃၀မှာ ဘာမှ အနှစ်သာရ တန်ဖိုး မတွေ့ရ။ မရသေးတာတွေကိုတောင် ကြိုဆုံးရှုံးနှင့်နေရတဲ့ ခေတ်ထဲက ဘ၀တွေ။
၁၉၉၅ ဟာ.. ကျမရဲ့သောကခွက၃
် ၀ပြည့်နှစ်လေ..။

အဲဒန
ှီစ် ဇွန် ဇူလိုင် သြဂုတ်ရဲ့ မိုးရေစက်တွေက ကျမအတွက် ခါတိုင်းလို မအေးမြနိုင်ခဲ့ပါ။ အဲဒီအခါ ကျမက
ဘ၀ဆိုတာ ပြဋ္ဌာန်းခံရပြီးသား စာမျက်နှာလို့ ယူဆတော့တာပေါ့။
မြသီလာအလွမ်းပြေ (၂၅)

ကြယ်သီးများ

သစ်ပင်တွေရဲ့ကြေကွဲမှု
သူ့ရှေ့တည့်တည့်ကစွေစောင်းစောင်း
ခြံစည်းရိုးကိုသာတွေတွေကြီးငေးစိုက်
အကုန်လုံးမိုက်မဲခဲ့ကြလေတယ်....တဲ့။

အခုတော့
အသီးအပွင့်တွေဆွံ့အ
ကောင်းကင်မှာပဲကြယ်တွေတွဲတိတွဲလောင်းကျ
ပိုပိုပြီးလင်းထိန်ခဲ့ရပြီ
ရှက်တတ်သူတွေခမျာက
အဲဒါတွေခူးပြီးဆွဲဆွဲစေ့နေရတော့ရဲ့။

(စန်းဦး)

အဲဒီအချိန်တွေမှာတုန်းကတော့ လူငယ်တွေကို တင်းမပြည်က


ျ့ပ်မပြည့် ပညာရေးပေးနေတဲ့အထဲ ကိုယ်လည်း
တရားခံတယောက် ဖြစ်နေခဲ့တာကို ကျမ မရိပ်မိခဲ့ပါဘူး။ ကျမကတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ တကယ် ထင်တာ။
ကလေးတွေကို စာပြန်သင်ပေးနိုင်ဖို့ ကျမ အများကြီး ကြိုးစားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံတာလေ။ တတန်း ၆လတာ
စာသင်နှစ်တနှစ်အတွက် ပြဌာန်းစာနည်းနည်းလေးကို ၀မ်းစာခပ်များများသွပ်ပြီး ကလေးတွေဆီ ကျမ အရောက်
ပေးနိုင်ခဲ့တယ်လို့လည်း ယုံခဲ့ပါတယ်။ ကျမကလေးတွေဟာ အဲဒီ စာသင်ကာလ လေးထဲ သူတို့ ရပိုင်ခွင့်ရှိသလောက်
ကျမဆီက ရခဲ့တယ်လို့လည်း ယုံတယ်။ အဲဒီအတွက်တော့ ကျမ တသက်လုံး စိတ်ချမ်းသာ လိပ်ပြာသန့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့
တခုပ.ဲ . ကျမက သူတို့လေးတွေကို ကန့်သတ် ထားတဲ့ ဘောင်တွေထက် ကျော်လွန်အောင် မပေးနိုင်ခဲ့တာကိုတော့ အားမရပါ။

ဗဟုသုတ၀မ်းစာနည်းပါးတဲ့ ကလေးတွေကို စာမဖတ်လို့ စိတ်တွေတို.. ဖတ်စရာစာအုပ်တွေ ရှာပေး..


ဆွေးနွေးခိုင်း.. ဒါပေမဲ့ ကလေးတိုင်းကို စောင့်ကြည့်ဖို့ အချိန်ကျတော့ မပေးနိုင်ခဲ့။ ကိုယ့်ကို အမီလိုက်တဲ့ ကြိုးစားတဲ့
ကလေးတွေကိုတော့ အထူးတလည် ရေလောင်း ပေါင်းသင် မွမ်းမံနေမိခဲ့တာကလည်း မျက်နှာလိုက်တာတော့ မဟုတ်ပါ..။
ကျမကိုယ်တိုင် အဲလောက်ပဲ တတ်နိုင်ခဲ့တာ။ ကလေးအများစုကတော့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး သတ်မှတ်ထား သလောက်
စာသင်မယ်.. အချိန်တန် စာကျက် စာမေးပွဲအောင် ဘွဲ့ရပေါ့။ အဲဒါမျိုးတွေကို အားမရလှပေမဲ့ ကျမ မတတ်နိုင်ခဲ့။
အဲဒီအကြောင်းကို "မောင်ထူးမြတ်ဖတ်ဖို့ ရေးတဲ့စာ" ဆိုပြီး ၀တ္ထုတိုလေးတပုဒ် ရေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ခိုးချတာ
တွေ ဆရာ ဆရာမအပေါ် မလေးမခန့် လုပ်တာမျိုးတွေ မရှိတာကတော့ တက္ကသိုလ်နဲ့ တူနေသေးတဲ့ ပြယုဂ် တွေပါ။

ဒါပေမဲ့ အဲဒီအချိန.် . တကယ်တမ်းမှာ ဘားအံက ကလေးတွေရဲ့ သနားစရာကောင်းတဲ့ အဖြစ်တွေ..


ပြောပြချင် ပါသေးတယ်။ အဲဒါကတော့ ဆရာဆရာမတွေနဲ့ ပတ်သက်တဲ့အပိုင်းပါ။ ဘားအံကောလိပ်မှာ မေဂျာဘာသာ ၈ခု
(မြန်မာစာ၊ သမိုင်း၊ ပထ၀ီ၊ သင်္ချာ၊ ရူပ၊ ဓာတု၊ သတ္တဗေဒ၊ ရုက္ခဗေဒ)တွေအတွက် ဆရာဆရာမအားလုံးပေါင်းက ၅၀
မပြည့်ပါဘူး။ အဲဒီထဲမှာ နယ်ခံက ၁၀ယောက် မပြည့်ပါဘူး။ ဆိုတော့ ကျန်တဲ့ ဆရာဆရာမတွေက ရန်ကုန်ကပါ။ ရန်ကုန်မှာ
မိသားစုတွေ ထားခဲ့ရပြီး တာဝန်လာ ထမ်းဆောင်နေရသူ တွေပေါ့။ ဘားအံနဲ့ ရန်ကုန်က ၅နာရီစာလောက်ပဲ လှမ်းလေတော့
ဆရာဆရာမအများစုက အပတ်တိုင်း ရန်ကုန်ပြန်ပါတယ်။ သောကြာနေ့လယ်လောက်ဆို ပြန်ကြပြီး တနင်္လာနေ့
၁၁နာရီလောက် အမီ ပြန်လာကြပါတယ်။ အဲဒီတုန်းကတော့ စနေ တနင်္ဂနွေမှာ မိသားစုဆီပြန်ရင်း ကျူရှင်သင်တဲ့ အလုပ်တို့
တခြား တွဲလုပ်ထားရတဲ့ အပြင်အလုပ်ကလေးတွေ (ကျမ စာအုပ်ကစ
္စိ စာရေးတဲ့ ကိစ္စ လုပ်သလို) လုပ်ဖို့ ပြန်ကြတာပါပဲ။
လစာနဲ့မှ မလောက်တော့လည်းအဲလိုပဲလုပ်ကြရတာပါပဲ။
အဲဒီနေရာမှာ ပြဿနာက တချို့ ဆရာဆရာမတွေကတော့ ဘားအံမှာ နှစ်ပတ်ဆက်တိုက် နေ..
ကလေးတွေကို စနေတနင်္ဂနွေတွေမှာပါ အချိန်ပိုခေါ် သင်ပြီးတော့ နောက် ၂ပတ်လုံး ရန်ကုန်ပြန်နေကြတာပါပဲ။ တချို့များ
ဘယ်လောက် လွန်သလဲဆို တလ နှစ်လထိ ဘားအံကို ပြန်မလာတော့ဘဲ ရန်ကုန်မှာ နေလိုက်ကြ တာပါပဲ။ ကလေးတွေခမျာ
၃လစာသင်ရိုးကို ၂ပတ်လောက်နဲ့ မနိုင်ရင်ကာ သင်ကြရ။ နားမလည်လို့ စာမေးမယ် လုပ်တော့ အဲဒီ ဆရာ ဆရာမက မရှိ။
ကလေးတွေခမျာ ခေတ်စနစ်ရဲ့သားကောင်တွေ ဖြစ်ကြရတာ.. ဓားစာခံတွေလို။ အဲဒီအခါမှာတော့ အဲဒီလို ဆရာ ဆရာမတွေနဲ့
ဒေါ်မေငြိမ်းက ထိပ်တိုက်တွေ့တော့တာပါပဲ။ ကျမက အဲဒီ ဆရာဆရာမတွေကို သွားတွေ့ပြီး ကလေးတွေရဲ့ အခြေနေကို
ပြောပြတော့ ကျမကို ကိုယ်နဲ့ မဆိုင်တဲ့ အလုပ် လုပ်တယ်တဲ့။ (ကျမကတော့ အဲဒါဟာ ကျမအပါအ၀င် ဆရာဆရာမတိုင်းရဲ့
အလုပ်လို့ ထင်တာပါပဲ)။ "ကျမက ပြန်စရာအိမ်မရှိတိုင်း.. အိမ်ပြန်ချင်စိတ် မရှိတိုင်း..." ဆိုတာလည်း ပါပါသေးတယ်။ ကျမမှာ
လူကလည်း ငယ်သေး.. မာနကလည်း တံခွန်ထူတတ်တဲ့ အရွယ်ဆိုတော့ စိတ်တွေတို.. ပြဿနာတွေ ဖြစ်ပေါ့။
ဘားအံကောလိပ်ရဲ့ငပွကြီးပေါ့။
တချို့များ ဘယ်လောက်ဆိုးသလဲဆို ကျမကိက
ျုတော့ သေသေချာချာ ရင်ဆိုင်မဖြေရှင်းဘဲနဲ့ ကျမကပဲ
လွတ်လွတ်လပ်လပ်နေချင်လို့ ယောက်ျားကို ရဲလက်အပ်ခဲ့တာဆိုတာမျိုး မဆိုင်တာတွေ နောက်ကွယ်မှာ လျှောက်ပြောသေး။
ကျမ ဒါတွေပြောပြနေတာဟာ သူများကို အပြစ်တင် အပုပ်ချနေတာမဟုတ်ပါဘူး။ ကျမတို့ လူ့ပတ်ဝန်းကျင်မှာ ကြုံရတတ်တဲ့
အဖြစ်တွေမို့ပါ.. ပြီးတော့ အဲလို ရင်ဆိုင်ရတဲ့သူတွေ အချင်းချင်း ဖြေသိမ့်နိုင်အောင်ပါ..။ ဒါတွေဟာ ကျမ
တယောက်တည်းကြုံရတာမဟုတ်ပါဘူး။ ဇေယျာလင်းပြောသလိုဆ.ို ... အလားတူ သူမများရဲ့ ချုပ်ရိုးထဲမှာ။ ကျမတို့ရဲ့ အဲလို
ပတ်ဝန်းကျင်ကြောင့် နဂို စိတ်အခံမခိုင်မာလို့ စိတ်ကျ လေလွင့သ
်ွားရတဲ့ လူတွေလည်း မနည်းပါဘူး။ (ပတ်ဝန်းကျင်ဂယက်
တခုတည်းသက်သက်ကြောင့်လို့မဆိုလိုပါ)
ဘာပဲဖြစ်ဖြစ် ကျမကတော့ တာဝန်မကျေသူတွေသာ ရှက်စရာလို့ သတ်မှတ်ပြီး ကိုယ်လုပ်နိုင်တာ
အားလုံးလုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်တွေကို ဖြတ်ကျော်နိုင်ခဲ့တာပါပဲ။ အဲဒီအခါ ကိုချောနွယ်ရဲ့
ခုတော့
မင်္ဂလာတရားနဲ့အညီလေ
ငါးအပုပ်စားရပေမဲ့
ဗြဟ္မစိုရ်တရားလက်ကိုင်ထားလို့
ဘယ်သူတွေများငါးအပုပ်စားရလို့
ဗြဟ္မစိုရ်တရားလက်ကိုင်ထားနိုင်ခဲ့လို့လ.ဲ .

ဆိုတာလေးပဲ တွေးတွေးပြီး မာန်တက်ရ..။ ဒါမှပဲ ဘ၀ထဲ နေပျော် တော့တာ။

ဒီလိုနဲ့ ၁၉၉၅ ဒီဇင်ဘာထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲလုပ်မယ်တဲ့။ အဲဒီစိန်ရတုပွဲဟာ နည်းနည်း


အငြင်းအခုန်များရတဲ့ ပွဲပေါ့။ စစ်အစိုးရလုပ်ပေးတဲ့ စိန်ရတုကို အသိအမှတ် ပြုမလား.. မပြုဘူးလား ဆိုတာတွေပေါ့။
အဲဒီအချိန်မှာ ဗိုလ်ခင်ညွန့်ကလည်း ဂုဏ်တွေလုပ်ပြီး စိန်ရတုပွဲကြီး လုပ်ပေးမယ်.. စိန်ရတုခန်းမကြီး ဖွင့်ပေးမယ်ရယ်လို့
ဟန်တပြင်ပြင်ပေါ့။ စိန်ရတု အဆောက်အအုံကြီးအတွက် လိုင်းပေါက်က ရန်ကုန်တက္ကသိုလ် ၀န်ထမ်းအိမ်ယာတွေကို
ဖျက်ထားတဲ့ အချိန်။ ရန်ကုန်တိုင်းထဲက တချို့မြို့နယ်တွေ (မြောက်ဥက္ကလာတို့ မြောက်ဒဂုံ တောင်ဒဂုံတို့) က ကလေးတွေကို
လယ်ကွင်းထဲမှာ ဒဂုံတက္ကသိုလ်ဆိုတာကြီး စဖွင့်ပြီး တက်ခိုင်းထားပြီဖြစ်တဲ့ အချိန်။ ဆေးတက္ကသိုလ်တွေတောင် လိပ်ခုံးမှာ
မတက်ရတော့တဲ့ အချိန်။ RIT တောင် ဟိုပြောင်းမယ် ဒီပြောင်းမယ်ဆိုတာတွေ သတင်းကြားလာရတဲ့အချိန.် .။
အကြောင်းပြချက် မည်မည်ရရ မပေးဘဲ RIT ကို YIT လို့ နာမည် ပြောင်းပြီးစအချိန်။ ကျောင်းသားတွေ ခပ်ဝေးဝေး..
ကွဲကွဲပြားပြား စဖြစ်လာတဲ့ အချိန.် ..။ စိန်ရတုပွဲကို ဘယ်သူတွေက တကယ်ပျော်ကြမှာလဲ..။

ကျမကတော့ အဲဒီအချိန်မှာ စိန်ရတုပွဲကြီး ဖြစ်မြောက်အောင် လုပ်ပေးချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့် ကို


သဘောမကျပေမဲ့ ကျမချစ်တဲ့ မြကျွန်းသာရဲ့ မွေးနေ့မ.ို့ . ပြီးတော့ ဘားအံက ကလေးတချို့က အဲဒီပွဲကို
ရောက်ဖူးချင်တယ်ဆိုလ.ို့ .. ကျမကပဲ ဦးဆောင်ပြီး သူတို့လေးတွေရဲ့ မိဘတွေကို လိုက်ပြောပေး.. တချို့ ပိုက်ဆံ မတတ်နိုင်တဲ့
ကလေးတွေကို ကျမပဲ ပိုက်ဆံစိုက်ပြီး ခေါ်ခဲ့သေးတာ။ ကျောင်းသားကျောင်းသူ ၁၈ယောက် ယောက်ျားလေး ၁၁ယောက်
မိန်းကလေး ၇ယောက်။ ကျမရဲ့ RIT ထဲက ယောက္ခမအိမ်မှာပဲ ဖြစ်သလို တည်းကြတာ။ ကလေးတွေကတော့
ပျော်နေကြတာပေါ့။

(တကယ်တော့ စာဖတ်သူအများ အကြောင်းအမျိုးမျိုးနဲ့ စောင့်နေလောက်တဲ့ ကိုရာကျော်က အဲဒီအချိန်ထိကို


ကျမရဲ့ ဇာတ်လမ်းထဲ မပါသေးပါဘူး..:) ..။ သူက ဓာတုဗေဒက ဖြစ်ပြီးတော့ သူက အဲဒီတုန်းက ကျောင်းတက်ရင်း သူ့အိမ်က
လယ်တွေကို လုပ်နေတာမို့ ကျောင်းပြီးတာနဲ့ ရွာက လယ်တွေဆီ ပြေးပြန်တာမို့ ကျောင်းဝန်းကျင်မှာ သိပ်မရှိပါဘူး။
ပြီးတော့လည်း ဆရာဆရာမတွေအနား သိပ်မကပ်လှဘဲ ဘာသိဘာသာ နေတတ်တဲ့ ကျောင်းသားပါ..။ ကျမနဲ့ ရင်းနှီးတဲ့
ကျောင်းသားထဲလည်း မပါပါဘူး။ ဒါကို ထည့်ပြောပြရတာကတော့ ကျမနဲ့ သူနဲ့ ပတ်သက်ပြီး ပြောကြ ဝေဖန်ကြတဲ့အခါ
ကျောင်းသားတွေနဲ့ နီးနီးစပ်စပ်နေတာကိုး ဖြစ်မှာပေါ့.. လို့ ကောက်ချက်ချသူတွေက များတာမို့ အဲဒီကောက်ချက်က လည်း
မမှန်လှကြောင်း ပြောပြချင်လို့ပါ)။

ဒါပေမဲ့ အဲဒီကာလလေး ကျောင်းဝန်းကျင်မှာတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ်


ကဗျာစာအုပ်တွေ အများကြီး ထွက်လာကြပါတယ်။ ကျမတို့ မိန်းထဲက ကဗျာအဖွဲ့တောင် "အိပ်မက်တွေကို ချည်တဲ့ကြိုး" ဆိုတဲ့
ကဗျာစာအုပ်လေး လုပ်ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ ပျော်စရာကောင်းတာက ၈၈ မှာ တောခိုသွားခဲ့တဲ့ သူငယ်ချင်း မိဆူးပွင့် (ABSDF) ရဲ့ ကဗျာဟောင်း


လေး ကို ထည့်သုံးလိုက်နိုင်ခဲ့တာပါပဲ။ နောက်ပိုင်းမှာလည်း ဘာပြဿနာမှ မပေါ်ခဲ့။ ကျမတို့ဖြင့် အရသာရှိ လိုက်တာ..
အဲဒီတုန်းက။ အဲဒီအခါ ကိုယ့်ဘာသာတော့ မြသီလာရဲ့ စိန်ရတုမွေးနေ့က ကျေနပ်စရာ ကောင်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျမကတော့ ဘ၀တလျှောက်လုံး ကျမ လုပ်ချင်တာ.. လုပ်စရာရှိတာ... လုပ်သင့်တယ်


ထင်တာတွေကိုပဲ လုပ်ခဲ့တာပါပဲ။ ဒါကြောင့်ပဲ ကြုံလာရသမျှ လောကဓံကို ရင်ဆိုင် ခံတိုက် နိုင်ခဲ့တာလို့ ထင်ပါတယ်။

စိန်ရတုကအပြန်မှာတော့ မောင်ထူးမြတ်ရဲ့ မူကြိုက ဒီဇင်ဘာကျောင်းပိတ်ရက်မို့ သားကိုပါ ဘားအံ ခေါ်ပြန်


ခဲ့ပါတယ်။ သားက ခရီးရှည် မထွက်ဖူးသေးတော့ ပျော်လို့။ ကျမလည်း သားနဲ့အတူ ပျော်လို့.. အဲဒီကစလို့ သားအမိနှစ်ယောက်
ခရီးတွေအတူတူ ထွက်ကျင်.့ . ဘယ်နေရာကိုမဆို အတူတူ သွားကျင့် ရှိခဲ့တာပါ။ ဘားအံရဲ့ဆောင်းချမ်းချမ်းကို သားက
သဘောကျနေတယ်။ သားက သူ့ဘာသာသူ ကစားရင်း "ကြယ်တွေ စုံပြီလား.. ဗင်းဆင့်သီချင်းကို ဆိုကြတယ်" လို့
သီချင်းညည်းရင် ကျမရဲ့ တပည့်လေးတွေက အံ့သြနေတတ်တယ်။ ကလေးက အဲလို သီချင်းမျိုးဆိုသလား..တဲ့။ နောက်
ဇွဲကပင်တောင်ကို ခလောက်နို့ ဘက်ခြမ်းက တက်တော့လည်း ခပ်ဝေးဝေးကတောင်တွေကို လှမ်းကြည့်ပြီး အဲဒီ
လေးနှစ်သားက "မေမေရေ.. ဟိုးမှာ ကြည့်စမ်း တောင်တွေက တိမ်ဟန်ဆောင်နေကြတယ်"လို့ ပြောလိ…
ု့
ကျမသူငယ်ချင်းဆရာ (အသေးလေး)က 'အမလေး... မောင်ထူးမြတ်ရာ.. လေးစားပါတယ်' လို့ salute ရိုက်တာမို့ ကျမတို့
ရယ်လိုက်ရတာ။ သားနဲ့ သာမညတောင် သွားလိုက်.. တောင်ကလေးသွားလိုက်.. ကြာအင်းတောင်တက်လိုက.် .။

အဲဒီမှာပဲ တရက်သား ရေတံခွန်ဘက် လျှောက်လည်ပြီးအပြန် ညဘက်ကြီး မောင်ထူးမြတ်တယောက်


အပြင်းဖျားပါတော့တယ်။ ညလယ်လောက်ကျတော့ ရုတ်တရက် ညည်းသံလိုလို ကြားလို့ ထကြည့်တော့ သားက
ကိုယ်တွေခြစ်ခြစ်တောက် ပူလို့်။ ကျမ ရေဖတ်တိုက်ဖို့ လုပ်နေတုန်းမှာပဲ သားက ရုတ်တရက် ပျော့ခွေကျသွားပြီး သတိလစ်
သွားပါတော့တယ်။ သူငယ်ငယ်လေးထဲက တခါမှ အဲလို မဖြစ်ဖူးတော့ ကျမဖြင့် ပျာသွားပြီး ငိုချလိုက်မိပါတယ်။
မိန်းကလေးဆောင်ဘက်က သမီးတွေကို အော်ခေါ်တော့ မိန်းကလေးတွေ အကုန်နီးပါး ကျမအိမ်လေးပေါ် ချက်ချင်း
ရောက်လာကြပါတယ်။..။ နောက်တော့ သူတို့ပဲ အဆောင်ဝင်းစောင့် ဒရ၀မ် အဖိုးကြီးကို နှိုးပြီး ကျောင်းထဲက
ယောက်ျားလေးတွေကို ဆေးရံသ
ွုားဖို့အတွက် သွားခေါ်ခိုင်းကြပါတယ်။

ခဏကြာတော့ ကျောင်းသားလေးငါးယောက် အိပ်ယာက ထလာတဲ့ပုံနဲ့ ကမန်းကတမ်း


ရောက်လာကြပါတယ်။ အဲဒီထဲမှာ ကျမနဲ့ ရင်းနှီးတဲ့ သားတယောက်ဖြစ်တဲ့ ဖိုးတူးက သူ့ဦးလေး ဆရာဝန်ဆီ သွားမယ်တဲ့။
ပြီးတော့ ကလေးကို ကောက်ချီပါတယ်။ အဆောင်ဝမှာ ကျောင်းသား၂ယောက်က ဆိုက်ကား၂စီးကို ကိုယ်တိုင်တွေ နင်းလို့
စောင့်နေကြပါတယ်။ 'ဆရာမ လာလာ ဒီဆိုက်ကားပေါ်တက်' လို့ ကျောင်းသားတယောက်က လှမ်းခေါ် ပါတယ်။ အဲဒါက
ရာကျော်ပါ။ နောက်က ဆိုက်ကားကိုတော့ ဇော်မိုး (ကော့ကရိတ်က) က နင်းပြီး မိန်းကလေး ၃ယောက်က အဖော်
လိုက်ခဲ့ပါတယ်။ ကျမကတော့ တလမ်းလုံး ငိုလာမိတာပဲ။

ဆရာဝန်ဆီ ရောက်တဲ့အထိ မောင်ထူးမြတ်က သတိ မရတချက် ရတချက်။ နောက်တော့ ဆရာဝန်က


စကားမေး သိပ်မရချင်တဲ့ (ပုံမှန်မဟုတ်တ)ဲ့ ကျမကိုပါ ဆေးထိုးပေးရပါတော့တယ်။ ပြီးတော့ ကလေးတွေပဲ ကျမတို့
သားအမိနှစ်ယောက် နေကောင်းတဲ့အထိ ပြုစု စောင့်ရှောက်ခဲ့ကြရတာ။ မှတ်မတ
ှ်ရရ အဲဒီနောက်ပိုင်းကျမှပဲ ရာကျော်နဲ့ ကျမက
ပြောပြောဆိုဆို ရှိလာတာ။ ပြီးတော့ အဲဒီနောက်ပိုင်းမှာမှ သူက ကျမတို့ရဲ့ လက်ဘက်ရည်ဆိုင် ထိုင်တာတွေ
လျှောက်လည်တာတွေမှာ ပါပါလာတတ်တာ။ နောက်တကြောင်းကတော့ အဲဒီအချိန်တွေမှာမှ လယ်အလုပ်တွေလည်း
ပြီးချိန်မို့ပါ.. တဲ့။ သူက ကျောင်းဆရာမ အမေနဲ့ စာဖတ်တဲ့ အဖေနဲ့ ကြီးရတာမို့ စာတော့ ဖတ်တဲ့သူပါ။ ပြီးတော့
စကားနည်းတယ်။ ကျမက လယ်လုပ်ငန်းအကြောင်း သိချင်လို့ မေးရင်လည်း မေးတခွန်း ဖြေတခွန်းပါ။ ဗမာလိုက လည်း
လည်လည်ပတ်ပတ် မပြောတတ်။ တချို့ စကားလုံးတွေဆို ဗမာလို မပြောတတ်လို့ မွန်လိုပဲ ပြောတော့တာ။ ရာကျော်က
ဘာသိဘာသာ နေတတ်လို့ ကျမက သူနဲ့ သိပ် ရင်းရင်းနှီးနှီးလည်း မရှိခဲ့ပါဘူး။ ပြီးတော့ သူက ကျမ
သူငယ်ချင်း(အသေးလေး)ရဲ့ တပည့်လေ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သားနဲ့ ကျမရဲ့ ဗာဟီရကိစ္စတွေကို စိတ်ရှည်ရှည်နဲ့ ကူညီညာ လုပ်ပေးရင်း သူက


ဗြုန်းစားကြီး ကျမနဲ့ အနေနီးလာ။ ဒါကြောင့် ကျမနဲ့ ရာကျော်ရဲ့ ပတ်သက်သွားရမှုက ထူးထူးဆန်းဆန်းကြီးကို
တည့်တည့်တိုးရတဲ့ ကံကြမ္မာတခုလို့သာ ပြောရတော့မှာပါပဲ။ တကယ်တော့ အဲဒီအပိုင်းဟာလည်း ကျမ ပြန်မတွေးချင်တဲ့
မရေးချင်တဲ့ အပိုင်းတပိုင်းပါ။ ဒါကို ၀တ္ထုတိုလေးတပုဒ်တော့ ရေးခဲ့ဖူးပါတယ်။

ရာကျော်ဆိုတဲ့ ကဏ္ဍတခု မပါဘူးဆိုရင်တော့ ၁၉၉၆ ဟာ ကျမအနေနဲ့ ကျောင်းဆရာမ ဘ၀ထဲမှာ


ဖြူဖြူစင်စင်နဲ့ အောင်မြင်ခဲ့တဲ့ အချိန်တွေပါပဲ။ ကျမလက်ထက်မှာ မေဂျာတန်းက တပည့် ၃ယောက် ဂုဏ်ထူးတန်း ၀င်တယ်။
အဲဒီ ကာလ အပိုင်းအခြားထဲ အဝေးသင် ကျောင်းသားတွေအများကြီးကို ကျမ သေသေချာချာ မွေးထုတ် နိုင်ခဲ့ပါတယ်။
ကျမက ကလေးတွေရဲ့ ဆရာမဘ၀မှာ 'ငါးအပုပ်စားရပေမဲ.့ .. ဗြဟ္မစိုရ်တရား လက်ကိုင်ထားလို့' ရှိနေနိုင်ခဲ့ပါတယ်။ နောက်ပိုင်း
၁၉၉၆ ရဲ့ ဇွန်မှာတော့ သားလေးက သူငယ်တန်း တက်ရတော့မှာမို့ ကျမနဲ့ ဘားအံမှာ လိုက်မနေနိုင်တော့ပါဘူး။ ပြီးတော့
အဲဒီအချိန်မှာပဲ ကျမတို့သုံးယောက် အလုပ်ပင်ပန်းတဲ့အတွက် ကျမတို့ကိုယ်တိုင်ပဲ အဆညကို စာတင်ပြီး လှမ်းတောင်းလိုက်လို့
ကျမတို့ထက် ရာထူးမကြီးပေမဲ့ အတန်းကြီးတဲ့ ဆရာမတယောက် ရောက်လာတဲ့အတွက် သူ့ကို ဌာနမှူး လွှဲပေးလိုက်တာမို့
ကျမတို့ သုံးယောက် ပေါ့ပေါ့ပါးပါး ရှိသွားတဲ့ အချိန်တွေလည်း ဖြစ်ပါတယ်။ ဌာနမှာ နောက်ထပ် နည်းပြဆရာ ၂ယောက်ပါ
ထပ်ရောက် လာတာမို့ လူအင်အားတောင့်ပြီး ကျမတို့ အဟောင်း ၃ယောက် တော်တော် သက်သောင့် သက်သာ ရှိသွားတဲ့
အချိန်တွေ။ ၁၉၉၆ ဒီဇင်ဘာကျောင်းသား လှုပ်ရှားမှုကြောင့် ကျောင်းတွေ ပိတ်လိုက်ရပြန်တဲ့အထိပေါ့။

၁၉၉၆ရဲ့ မေလက ပြန်စတဲ့ စာသင်နှစ်ထဲမှာတော့ ကျမရဲ့ ထုံးစံအတိုင်း ကျောင်းအားရက်တွေမှာ


စိတ်တူကိုယ်တူ သူငယ်ချင်းဆရာမတွေရယ်.. တပည့်တွေရယ်နဲ့ အတူ အနီးဝန်းကျင်ကို ဒေသန္တရ ဗဟုသုတ ခရီးတွေ
ထွက်နိုင်ခဲ့တယ်။ ကျိုက်ထီးရိုး.. မော်လမြိုင်.. ကျိုက္ခမီ စက်စ.ဲ . အပါအ၀င် ဘားအံအနီးအပါးက မြို့တွေ ရွာတွေ.. (ကျုံဒိုး..
ကော့ကရိတ်.. မြ၀တီ... မဲဆောက်ထိ၊ ဇာသပြင်.. ကော့ဘိန်း ကော့ပေါက်ထ)ိ နောက်တော့ ရှေးဟောင်းအမွေအနှစ်
ဂူဘုရားတွေ (ကော့ဂွန်း.. ကော့ကသောင်.. ဆဒ္ဒန်ဂ.ူ .) အစုံ လျှောက်သွား..။ ကလေးတွေ သိသင့်တာတွေကို မျှဝေလို့။
တက္ကသိုလ်ကျောင်းသား ကျောင်းသူဘ၀ ပီပီသသ အပျော်တွေ ဗဟုသုတတွေ ရအောင် ဖန်တီးပေးနိင
ုခဲ့ပါတယ်။
((ဘာပဲဖြစ်ဖြစ် ခုချိန်ထိ အဲဒီအချိန်ဆီကို ပြန်ကြည့်တော့ ကျမစိတ်ထဲက အမှန်အတိုင်း ရှိတာကို ပြောပါဆိုရင်..
ဆရာမတစ်ယောက်က ကိုယ့်ထက် ဆယ်စုနှစ်တခုစာနီးနီး ငယ်တဲ့ ကျောင်းသားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်
ရွေးလိုက်တာမျိုးကို သဘောမကျပါဘူး (ဒါက ဆရာဆရာမကို ချစ်တဲ့ တပည့်တွေ စိတ်မကောင်းဖြစ်တာတို့..
အရိုအသေတန်တာတို့ ဖြစ်မှာစိုးလို့ပါ)။ ပြီးတော့ မိဘတွေရဲ့ တဦးတည်းသော သားလေးကို တခုလပ်လို့ လူတွေ ကဲ့ရဲ့
သမုတ်လေ့ရှိတဲ့ အသက်ကြီးကြီးမိန်းမတယောက်နဲ့ အိမ်ထောင်ဖက် မဖြစ်စေချင်တာကိုလည်း သဘောတူ လက်ခံပါတယ်
(မြန်မာပြည်ရဲ့ ထံုး စံ သဘောထားအရ)။ အဲဒီအပြင် ပိုစိတ်ရှုပ်စရာ ကောင်းတာက အဲဒီ တခုလပ်ဆိုတဲ့ မိန်းမက
သားတစ်ယောက်လည်း ရှိနေသေးတာလေ (အဲဒါကလည်း ပြဿနာကြီးတတ်တဲ့ သဘာဝအရ)။ ဟိုဘက်က
ယောက်ျားလေးရှင်တွေခမျာ ဘယ်လောက်များ စိတ်ထိခိုက်လိုက်မလဲ. .။ အထူးသဖြင့် မြန်မာပြည်နယ်မြို့လေးရဲ့
ပတ်ဝန်းကျင်ကျဉ်းကျဉ်း မြင်ကွင်း ကျဉ်းကျဉ်းလေး ထဲမှာလေ။ ဘားအံမှာ နေခဲ့သမျှတလျှောက်လုံး ကျမ တယောက်တည်း
အားငယ်မှာစိုးလို့ ကျမနဲ့အတူ အိမ်ကလေးမှာ လိုက်နေပေးတဲ့ ကျမ သိပ်ချစ်တဲ့ သမီးလေးတယောက် ပြောသလိုဆို "အမေက
ဆရာမတယောက်အနေနဲ့ ဘာအပြစ်မှ မရှိတာ.. ဒါကြောင့်မို့လို့ သူများအပြောခံရမယ့် ကဲ့ရဲ့မယ့် ကိစ္စမျိုးတွေ
မဖြစ်စေချင်တာ.."တဲ့။ အဲဒီ အချိန်မှာ ကျမက ခေါင်းမာမာနဲ့ မဲ့ပြုံး ပြုံးပြခဲ့တာ..။ (ဒါပေမဲ့ အဲဒီအချိန်ထိ တယောက်ယောက်က
ကျမကို အဲဒီကျောင်းသားလေးကို နောက်၂နှစ်အကြာမှာ လက်ထပ်ယူရလိမ့်မယ်လို့ နိမိတ်ဖတ်လာခဲ့ရင် ကျမ ခါးခါးသီးသီး
ငြင်းဖြစ်နေဦးမှာပါ... အဲဒီအချိန်ထ.ိ . ကျမက သူနဲ့ ဘယ်လိုမှ အဲလောက်ထိ ပတ်သက်သွားနိုင်စရာ မရှိဘူးလို့ ယုံဆဲ) ))။

တကယ်တော့ အကြောင်းအပေါင်းတို့ရဲ့ မြစ်ဖျားဆုံရာထဲမှာ အလွယ်တကူ သမုတ်တတ်တဲ့


ပတ်ဝန်းကျင်လည်း ပါတယ်။ မိသားစုဆိုတဲ့ ဘ၀နဲ့ ဝေးဝေးမှာ တယောက်တည်း စိတ်ပင်ပန်း လေလွင့်နာကျင်နေရတဲ့
အဖြစ်တွေ ပါတယ်။ စိတ်ဓာတ်ပျောညံ့မှုနဲ့ စိတ်ကူးယဉ် ခံစားချက် နောက် ကောက်ကောက်ပါအောင် လိုက်တတ်တဲ့ ဥာဉ်
ပါတယ်။ မာနတွေ အလွန်ကြီးပြီး အရွဲ့တိုက်တတ်တဲ့ မကောင်းဆိုးဝါးစိတ်လည်း ပါတယ်။ ပြင်းပျတဲ့ ခံယူချက် ဆိုတာမျိုး
မရှိတာလည်း ပါတယ်။ ကြည့်ပါဦး.. ကိုယ့်ကိုယ်ကိုယ် မကွပ်ကဲနိုင်ပုံများ။ ပတ်ဝန်းကျင်ကို မိုက်မိုက်ကန်းကန်းကြည့်လို့ ကျမ
ဒရွတ်တိုက်မျောလိုက်ခဲ့တာ...။ ကိုယ်တိုင် မနှစ်ခြိုက်နိုင်တဲ့ အခြေအနေတခု ထဲမှာ..။ ဒီနေရာမှာ ကျမ မတရားတာ တခုက
ဟိုတဘက်က လူငယ်လေးရဲ့ စိတ်ခံစားချက် သဘောထားဆိုတာတွေကို နည်းနည်းမှ ထည့်မစဉ်းစားခဲ.့ .. မငဲ့ညှာခဲ့တာပါပဲ။
'ဆွဲစေ့စရာ ကြယ်သီး' ကိုမှ မစဉ်းစားမိခဲ့တဲ့ အချိန်တွေ။ ဘယ်လောက် မိုက်မဲ ညံ့ဖျင်းခဲ့သလဲလို့။ တကယ်ဆို
ပတ်ဝန်းကျင်ဆိုတာက ပြောလာပြီဆိုရင် ကျမက ကိုယ့်မာနထက် ဂုဏ်သိက္ခာဆိုတာကို.. ပြီးတော့ လူငယ်လေးတယောက်ရဲ့
စိတ်အခြေအနေဆိုတာကို ထည့်ကို စဉ်းစားရမှာ ဖြစ်ပါတယ်။ လောကကြီးကို ရွဲ့လို့တော့ လောကကြီးက ဘာမှမဖြစ်ဘူး...
ကိုယ်သာ နာကျင်ပွန်းပဲ့လေတယ်... ဆိုတာကိုလည်း သိသိန.ဲ့ ..။ တကယ့်ကို ဆင်ခြင်စရာပါပဲ။

ဒါကြောင့် ကျမဘ၀ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်အပျက်ရဆုံး အချိန်တခုကို ပြောပါဆိုရင်... အဲဒီ ကာလပဲ


ဖြစ်ပါတယ်။ အဲဒါကိုလည်း ထွက်ပြေးတဲံအခါ ဆိုပြီး ၀တ္ထုရေးခဲ့ဖူးပါတယ်။ ပြီးတော့ ကဗျာတွေကို လွှဲလွှဲချ။

ခုံးထကမ္ဘာမြေကြီး
အခိုးအငွေ့သစ်ကိုင်းနဲ့
အဲသည်သစ်ကိုင်းပေါ်ကရောင်ကိုင်းပြီတည်နာ
မြစ်နဲ့ကမ္ဘာဦးကိုတူးဆွလာတဲ့လက်
အမှန်တရားကတော့လူတွေလိုပါပဲ
အောင်စနည်းနည်းရယ်ပါ
သာမန်လူနဲ့မတူတဲ့အရာဆိုလို့
ဒါတွေပဲသူ့မှာရှိရဲ့။

........
.......
........

တကယ်တော့
ဒါသူ့မိမွေးတိုင်းဖမွေးတိုင်းပါ
သူ့နူးညံ့သိမ်မွေ့မှုပါ
သူ့ယဉ်ကျေးတဲ့သွေးကြောပါ
နတ်ဆိုးတို့ပါးစပ်မှာ
ပလပ်ခံရတဲ့
သူ့ကိုယ်ပိုင်အတွင်းသားပါ။ ။
(မောင်ချောနွယ် - လူကြိုက်နည်းတဲ့ကောင်)
မြသီလာအလွမ်းပြေ (၂၆)

အိမ်ကြီးကမှောင်လိုက်တာ
သက်စွန့်ဆံဖျားစိတ်နဲ့
အနက်ရောင်တွေကိုတွန်းတွန်းထုတ်ရင်း
နှလုံးသားထဲကမီးခြစ်ဆံတွေတရှဲရှဲ
(အရေးထဲနှလုံးသားကလည်းအစိုတွေပျံလ)ို့
ရှုပ်ပွနေတဲ့အတ္တတွေကိုလည်း
မဖြစ်ညစ်ကျယ်လှဲထုတ်လိုက်ပြန်တယ်

ပြီးတော့မှ
ကုလားထိုင်တလုံးပေါ်
ခန္ဓာကိုယ်ကိုကြိုးဖြုတ်ချလိုက်ရင်း
မျက်လုံးတံခါးကိုပြန်ဖွင့်လို့
လျှောခနဲလျှောခနဲထွက်ကျလာတဲ့
နက္ကတစ်တွေထဲ
သူကိုယ်တိုင်ပါဝင်နေပုံကို
မူးစုပဲစုအလင်းလေးနဲ့
အေးအေးဆေးဆေးကြီးကြည့်နေလိုက်တာများ
တစ်ဘ၀စာပစ်ပြီးသွားတဲ့
သေနတ်သမားလိုမျိုး။ ။
(စန်းဦး)

ကျမနဲ့ မြသီလာရဲ့ ပတ်သက် ဆက်စပ်နေရတဲ့ဘ၀ရဲ့ သက်တမ်းတလျှောက်မှာ ၁၉၈၈ကာလပြီးရင် ၁၉၉၆


ဟာ အမှတ်ရစရာ အဖြစ်အပျက်တွေ အများကြီးကို ကြုံရဆုံရတဲ့ နှစ်ပါပဲ။ ပြန်ရေးရမှာတောင် မောပါရဲ့...။ ဘယ်လို ပိုင်းပြီး
ရေးရမယ်တောင် မသိ.. အကြောင်းအရာတွေက အရောင်စုံလွန်းလို့။ ဒါပေမဲ့ ရေးဖို့ လိုတာမို့ အသေးစိတ် ရေးရပါဦးမယ်..။
မပျင်းကြပါနဲ့နော...။

(ရေးစရာတွေများလွန်းလို့ အန်တီစု နေအိမ် အကျယ်ချုပ်သက်တမ်း ၆နှစ်အပြီး ၁၉၉၅ ဇူလိုင်လ


၁၀ရက်နေ့မှာ ပြန်လွတ်လွတ်ချင်း ပထမဆုံး ခရီးအဖြစ် ဘားအံကို လာပြီး သာမညဆရာတော်ကြီးကို လာဖူးတာကို ကျမ
တိုက်တိုက်ဆိုင်ဆိုင် ကြုံခွင့်ရခဲ့တာကိုတောင် ပြောဖို့ မေ့ခဲ့ပါတယ်။ အဲဒီတုန်းက အန်တီစုရဲ့ ဘားအံရောက်
ခရီးစဉ်လမ်းကြောင်းတလျှောက် ကလေးတယောက်ရဲ့ ကားကို အကူအညီတောင်းပြီးတော့ ကျမ လျှောက်လိုက် ခဲ့တာလေ..
သာမညထိ..။ အဲဒီတုန်း ကများ ပျော်လိုက်တာ .. တကယ်တော့ ကျမက နိုင်ငံရေး ဘာ ညာ သိတာမဟုတ်.. အန်တီစုကို
ကြည်ညိုတာရယ်.. န၀တ မတရားလို့ ဒုက္ခပေးလို့ မုန်းတာရယ်... အမှန်တရားကို လိုချင်တာရယ်.. ဒါပဲ သိတာပါ)။

၁၉၉၆ ကို စစ်အစိုးရက Visit Myanmar Year ... တဲ့။ 'န၀တ'က သူ့ဘာသာ သတ်မှတ်..။ ကျမမှာလည်း
တိုက်တိုက်ဆိုင်ဆိုင်.. ကျမ တပည့်လေးတွေ အမည်ပေးသလို အဲဒီနှစ်ဟာ Visit May Nyane Year ဖြစ်ခဲ့တယ် ဆိုရမှာပဲ..။
ခရီးတွေ တောက်လျှောက် ထွက်ဖြစ်ခဲ့တာ..။ ၁၉၉၆ရဲ့ဇန်န၀ါရီ ၁ရက် နှစ်သစ်ကူးကို ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ်မှာ
ကြိုခဲ့တာက စလို့ပေါ့..။ ကရင်ပြည်နယ် မွန်ပြည်နယ်တ၀ိုက.် . ကျမ ခြေဆန့်ခဲ့တာ..။ နယ်မြေလုံခြုံရေး သိပ်မကောင်းပါဘူး
ဆိုတဲ့ နေရာတွေအထိ။ ဘားအံနားက ခရီးလမ်းပမ်း ခက်ခဲတယ်ဆိုတဲ့ ရှေးဟောင်းဘုရားတွေ ရှိတယ်ဆိုတဲ့ ကော့ဂွန်းဂူတို့
ရသေ့ပျံဂူတို့ ရှိတဲ့ ရွာကလေးတွေထိ။
(ကော့ဂွန်းဂူ ခေါင်မိုးက နံရံကပ် အုတ်ခွက် ရုပ်ပွားတော်လေးတွေ)

ကျမက သတ္တိကောင်းကောင်းနဲ့သာ လျှောက်သွားနေတာ.. တကယ်တော့ လူငယ်အရွယ် တွေကို တာဝန်ယူ


စောင့်ရှောက်ပြီး ခရီးသွားရတာက အဲဒီအချိန်ကာလက ဆရာမတယောက် အနေနဲ့ တော်တော် ပြဿနာများတာပါ။ ဒါပေမဲ့
အစ်မကြီးတို့ မိချိုတို့က ကျမနဲ့ တွဲဖက်ညီညီ ရှိလေတော့... ကျမရဲ့ သွားချင်သမျှ ခရီးတွေက အဆင်ပြေခဲ့တာ..။

အဲဒီတုန်းက ထစ်ကနဲဆို ကျမ ရောက်သွားပြီ။ ကျမတို့ သွားနေကျ ဇွဲကပင်တောင်ခြေက ရေတံခွန်လေးမှာ


ဆံရှည်ကိုယ်တော်ဆိုတဲ့ လူငယ်လေးက သစ်သီးတွေပဲ မီးလွတ်စားပြီး နောက်လိုက်နောက်ပါ တစုနဲ့ ဘုရားတွေတည်..
တရားကျင့်ရင်း သာသနာပြုနေတယ်ဆတ
ိုာ ကြားတော့လည်း အပြေးအလွှား သွားချောင်း ကြည့်။

၁၉၉၆ ဇွန်လ မတိုင်ခင်အထိကတော့ သားလေးနဲ့ တတွဲတွဲပေါ့။ ရန်ကုန်နဲ့ ဘားအံ ဥဒဟို သွားလိုက်


ပြန်လိုက်။ ပင်ပန်းပေမဲ့ သားနဲ့ အတူတူ နေရတာမို့ အင်မတန် နေလို့ထိုင်လို့ ကောင်းခဲ့တဲ့ အချိန်တွေပါ..။

ကျမရဲ့ ၁၉၉၆ ဒဏ်ရာတွေထဲမှာ ကျမ ချစ်တဲ့၊ အဖေ့ရဲ့ Thorn Bird Tour Company လေးရဲ့ အသည်းနာ
ဇာတ်လမ်းတပုဒ်လည်း ပါပါတယ်။ (အဖေက Free Bird ရဲ့ Share holder အဖြစ်ကနေ ခွဲထွက်ပြီး Thorn Bird ဆိုတဲ့
နာမည်နဲ့ ကိုယ်ပိုင်ခရီးသွားလုပ်ငန်းလေး လုပ်နေခဲ့တာပါ)။ မြသီလာနဲ့ မဆိုင်လှပေမဲ့ ဆိုင်သလိုလိုလည်း ရှိတာမို့
ပြောပြချင်ပါတယ်။

၁၉၉၆ကို မြန်မာခရီးသွားနှစ်လို့ ကြေငြာပြီး န၀တက ခရီးသွား ကုမ္ပဏီအားလုံး ဟိုတယ်နှင် ခရီးသွားလာရေး


ဝန်ကြီးဌာနနဲ့ ပူးပေါင်းရမယ်။ မပူးပေါင်းရင် ကုမ္ပဏီကို ဖျက်သိမ်းမယ်တဲ့။ ကျမအဖေရဲ့ ခရီးသွားလုပ်ငန်းလေး က အင်္ဂလန်
ပြင်သစ်နဲ့ စပိန်နိုင်ငံက ခရီးသွားတွေကို အဓိကထားတဲ့ ကုမ္ပဏီပါ။ တော်တော် အဆင်ပြေနေတဲ့ လုပ်ငန်းလေးဆိုပါတော့။
အဖေ့စကားနဲ့ ပြောရရင် ၀န်ထမ်းလုပ်လာတဲ့ ၂၃နှစ်မှာ နောက်ဆုံး ညွှန်ကြားရေးမှူး ဖြစ်တဲ့ အထိတောင်မှပဲ ဆင်းဆင်းရဲရဲပဲ
နေခဲ့ရတာ။ ၀န်ထမ်းဘ၀က ပြုတ်မှပဲ ထမင်းဝ.. ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကားဝယ်စီးနိုင်တဲ့ဘ၀ ရောက်ရတော့တယ် ဆိုတာလိ.ု .
အခြေအနေလေး ကောင်းနေတာ ပါ။ ဒါပေမဲ့ အဖေ အင်မတန် ခါးသီးတဲ့ အဲဒီ စစ်အစိုးရနဲ့ ပူးပေါင်းဖို့ ဆိုတာ..
အဖေ့အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာပဲ အန်တီစုကလည်း ဒီလို လူထုမျက်နှာမငဲ့တဲ့ တရားမ၀င်
အစိုးရကို အားကောင်းစေမယ့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်ပါဘူး လို့ပြောတော့
အန်တီစုကို အင်မတန် ကြည်ညိုလေးစားတဲ့ အဖေနဲ့အမေက အစိုးရနဲ့ ပူးပေါင်းမလုပ်ဘူးလို့ လုံးဝ ဆုံးဖြတ်ချက်
ချလိုက်ပါတယ်။
ဒီတော့ အဖေ့ကုမ္ပဏီလေး လိုင်စင်ပြုတ်သွားရပါတော့တယ်။ အဲဒီကာလမှာပဲ တရက်မှာ ကျမ ဘားအံကနေ
ရန်ကုန်ပြန်ရောက်တုန်း အဖေက မျက်စေ့ပျက် မျက်နှာပျက်နဲ့ ပြောပါတယ်။ ပုဂံမှာ ဘုရားတွေ ပြင်ဆောက်တယ်တဲ့...
(ရွာတွေကို မြို့သစ်ထိ ရွှေ့ပစ်ခဲ့တာကတော့ ၉၅ကတည်းကပါ)။ ကျမတို့ သားအဖက မေမေ့ နာမည်ပေးချက်အရ
ပုဂံခရေဇီတွေလေ။ (ကျမတို့ သားအဖက ပုဂံရောက်ပြီဆိုရင် ဓမ္မာရံကြီး တစ်ခုတည်းမှာ တမနက်ကုန်နီးပါး.. စူဠာမဏိမှာ
တနာရီလောက်.. အပါယ်ရတနာမှာ တနေ့ခင်းလောက်.. စိမ်းညက်ညီအမ တ၀ိုက်မှာ တနေကုန်လောက်နေပြီး အဖေက
ပန်းချီဆွဲ.. ကျမက ကျောက်စာဖတ်တာတို့ တခါတလေ အဖေပန်းချီဆွဲတဲ့နား ရှုပ်ပေါ့။ အဲလို တမေ့တမောနေလွန်းလို့
အိမ်မှာဆိုရင် ကျမတို့ သားအဖနဲ့ ဘယ်သူမှ ပုဂံမသွားချင်..။ ကျမက ပုဂံနဲ့ ပတ်သက်ရင် ပုဂံမြေပေါ်က နတ်သမီးကွမ်းသွေးလို့
ခေါ်တဲ့ ပိုးကောင်နီနီလေးတွေ က အစ.. ဗူးဘုရားခြေရင်းက မဉ္ဇူသကပန်းတွေအထိ ချစ်တာပါ)။ ဆိုတော့
အဖေကပြောတယ်... ပုဂံသိပ်မပျက်ခင် တခေါက်လောက် သွားပြီး ဓာတ်ပုံတွေ ဗွီဒီယိုတွေ ရိုက်ထားကြစို့တဲ့။ ဒါနဲ့ ၉၆ရဲ့ နွေ
မတ်လကုန်ပိုင်းမှာ ကျမတို့မိသားစုတွေ ပုဂံကို တခေါက် ရောက်သွားကြတာပေါ့။ ဒီတော့ နောက်ပိုင်း စာသင်ချိန်တွေမှာ
တပည့်တွေကို ပြန်ပြောပြလို့ကောင်းတဲ့ ရှေးပုဂံရဲ့ နောက်ဆုံးချိန်တွေကို တွေ့ခွင့်ရခဲ့တာပေါ့။

အဲဒီအချိန်မှာတော့ တကယ်ပဲ ပုဂံ စပျက်နေပါပြီ။ နံရံဆေးရေးပန်းချီတွေပေါ် ထုံးတွေ သုတ်။ စေတီတွေ


အထွတ်တင်..။ အုတ်ခွက်ဘုရားတွေ အပျောက်ပျောက် အရှရှ..။ ကျမ မှတ်မိနေပါသေးတယ်။ ကျမ စူဠာမဏိလှိုဏ်ထဲကို
ဝင်လိုက်တဲ့အချိန် ဘေးနံရံကို ထုံးဖြူတွေ သုတ်နေတာတွေ့ပြီး ကျမ မျက်ရည် ပေါက်ပေါက်ကျတော့ ထုံးသုတ်ေ နတဲ့
အလုပ်သမားတွေက ကျမကို အံ့သြတကြီးပုံနဲ့ ကြည့်နေတာ။ အဖေကတော့ အပြင်ထွက်ပြီး ဘေးစကြံ င်္က
ထနောင်းပင်လေးအောက်မှာ သွားထိုင်နေခဲ့ပါတယ်။ ကျမ စိတ်ထင်.. ကျမတို့ရဲ့ အစိုးရ ဆိုသူများကို အူလှိုက်အသည်းလှိုက်
စိတ်နာမိတာ အဲဒီတခါ အခါးသီးဆုံးပဲလို့တောင် ထင်မိပါတယ်။

အဲဒီကာလမှာပဲပေါ့ .. ဆရာကြီးဒေါက်တာသန်းထွန်းက ပြည်ပ လှိုင်းတို ရေဒီယိုတခုရဲ့ အင်တာဗျူးမှာ

"ကျနော်တို့ ပုဂံကို သေလဉ်ကြောင် တည်သလား.. ပျဉ်းပြားမင်း တည်သလား.. ဘယ်သူမှ သေချာ


မပြောနိုင်သေးဘူး။ ပုဂံကို ဘယ်သူဖျက်သလဲဆိုတာကတော့ သေချာပြီပေါ့ဗျာ.. ဒီခေတ်မှာ ပုဂံယဉ်ကျေးမှုတွေ
ပျက်တယ်ဆိုတာ.. သမိုင်းပေါ့..."

လို့ ပြောခဲ့တာ။ (ဆရာကြီး ပြောခဲ့တဲ့ စကားလုံးအတိအကျ မဟုတ်ပေမဲ.့ . အဓိပ္ပါယ်က အတိအကျပါ)။ အဲဒီစကားကို ကျမရဲ့
စာသင်ချိန်တွေမှာ ပြန်ပြန်ပြောလွန်းလို့ ကျမ တပည့်တွေဆို သိနေပြီ။ အဲဒီနှစ်မှာ ကျောင်းမှာ စာသင်ရတာလည်း
သိပ်ကောင်းတာပါပဲ..။ ဘားအံကောလိပ်မှာ အင်မတန် လိမ်မာပြီး စာပေဗဟုသုတ လိုလားတဲ့ ကလေးတွေ
များလာတယ်လို့တောင် ပြောနိုင်ပါတယ်။

မှတ်မှတ်ရရ အဲဒီနှစ်မှာပဲပေါ့.. န၀တက အမေရိကန်ဆန့်ကျင်ရှုတ်ချပွဲနဲ့ လူထုစည်းဝေးပွဲ ဆိုတာကြီးတွေ


မြို့တိုင်းမှာ အကြီးအကျယ်လုပ်ပြီး တက္ကသိုလေ
် တွက ပါမောက္ခချုပ်ကြီးတွေကို အမိန့်အာဏာနဲ့ စင်မြင့်ပေါ် ဆွဲတင်ခဲ့တာ..။
အဲဒီပွဲတွေမှာပဲ ကျမတို့ ချစ်တဲ့ ဆရာကြီးတွေ စိတ်မပါဘဲ စင်မြင့်ပေါ်တက်ပြောခဲ့ကြရရှာတာကို ကျမ တစစ်စစ် ရင်နာခဲ့ရတာ။
အဲဒီကာလမှာပါပဲ... ကျမကို ဘားအံကောလိပ်က စာရေးဆရာမလည်းဖြစ်.. လက်ထောက် ကထိကဆရာမ လည်း
ဖြစ်တယ်ဆိုပြီး အမေရိကန်ကို ဆန့်ကျင်ရှုတ်ချကြောင်း ပြောရမယ်လို့ ကျောင်းအုပ်ကြီးက တဆင့် by name နဲ့ ခေါ်ခဲ့ပါတယ်။
ကျမက "ကျမတို့ ၀န်ထမ်းတွေ နိုင်ငံရေးမလုပ်ရဘူးဆိ.ု .။ ဒါ နိုင်ငံရေးအလုပ်ပဲ.. ပြီးတော့ ကျမက ပစ္စည်းဆို အမေရိကန်
ပစ္စည်းပဲ ကြိုက်တာ.. ခုတပ်နေတာတောင် ရေဘင်မျက်မှန် ဆရာကြီးရဲ့.. ဒါကြောင့် ကျမမပြောချင်ပါဘူး" လို့
ရွှတ်နောက်နောက် ပုံစံနဲ့ ပြန်ပြောတော့ ဆရာကြီး စိတ်ညစ်သွားတာ ခုထိ မှတ်မိသေးတယ်။

နောက်တော့ ကျမတို့ ဌာနက ကျေးဇူးရှင် ဆရာတယောက် (နောက်မှ ရောက်လာတယ်ဆိုတဲ့ ဆရာ..


နာမည်တော့ မပြောတော့ဘူး :P)က သူပြောချင်တယ်.. ပြောပါရစေလို့ တာဝန်ယူ လိုက်လို့.. ဆရာကြီးခမျာ
စိတ်ချမ်းသာသွားတယ်။ အဲဒီဆရာကလည်း သူ့နေရာနဲ့သူ နာမည်ကြီးတဲ့သူဆိုတော့ အဆင်ပြေသွားတာပေါ့။ ကျမကတော့
အဲဒီပွဲလုပ်တဲ့ နေ့မှာ ပျော်ပျော်ကြီးပဲ ရန်ကုန်ဆင်းလာလိုက်တာပေါ့။ (ထုချေလွှာလောက်တော့ တင်ရမှာပဲ ထင်ခဲ့ပေမဲ့ ဘာမှ
မဖြစ်ခဲ့ပါဘူး)။ ဟိုဆရာကတော့ ကြေးမုံတွေ မြန်မာ့အလင်းတွေထဲ အပြူးသားပေါ့..။ ရေဘင်မျက်မှန်ကြီးနဲ့ တိုက်ပုံကြီးနဲ.့ .။
ကျမကလည်း ဘယ်လောက် ဆိုးသလဲဆို.. ဟိုဆရာကို ရိပြော ပြောလိုက်သေးတယ်.. "ခဗျားကဗျာ ရေသဘင်
မျက်မှန်ကြီးတပ်ပြီး အမေရိကန် ဆန့်ကျင်တယ်လို့ တက်ပြောတော့ ရယ်စရာကြီး" လိ.ု့ .။ ကျမက အဲဒီဆရာကို
ကျောင်းဆရာတယောက်အနေနဲ့မှာ တော်တော် သဘောမကျတာမျိုး ရှိထားလို့လည်း ပါပါတယ်။ (သူကလည်း ကျမကို
သဘောမကျတာ အသေအချာပေါ့ :D )။

နောက်မှ သိရတာ သူက တပ်ချုပ်ကြီး အမျိုး ဆိုပဲ။ နောက်ပိုင်းမှာ တပ်ချုပ်ကြီး တန်ခိုးထွားလာတော့ သူ့ရဲ့
ပါရဂူဘွဲ့နဲ့ ပတ်သက်တာတို့ တယ်လီဖုန်းလျှောက်လွှာတို့ ၀န်ထမ်းအိမ်လျှောက်လွှာတို့ဆိုရင် အောက်ခြေမှာ မှတ်ချက်နဲ့ သူက
ချုပ်ကြီးရဲ့ တူတော်ကြောင်း ရေးထည့်လို့ သူလျှောက်သမျှ အကုန်ရတာ မြန်မာစာဌာန မှာတော့ နာမည်ကျော်ပေါ့။ ခုလည်း
သူကောင်းပြုခံထားရတဲ့ အထဲမှာ ထိပ်ဆုံးကပေါ့။ သေချာတာတော့ ကျမ သူ့ကို အဲလိုရေးလို့ဆိုပြီး စိတ်တိုမယ့်သူ
တယောက်မှ မြန်မာစာဌာနမှာ မရှိတာ သေချာတယ်။ ခုတော့ ပါရဂူဘွဲ့ရပြီး ပြည်ပနိုင်ငံကြီးရဲ့ တက္ကသိုလ်ကြီးတခုမှာ
မြန်မာစာဆိုင်ရာ ဧည့်ပါမောက္ခ ဖြစ်နေတယ်လို့ ကြားပါတယ်။ သူက စာတော့ တကယ် တော်ပါတယ်။

ပြီးတော့ ကျမ ခုလိုရေးတာ လူတယောက်ကို အပုပ်ချတာပဲလို့ ပြောရင်.. အင်း ဟုတ်ပါတယ်။ အဲဒီ


အပုပ်မျိုးကိုတော့ ချဖို့ တာဝန်ရှိတယ်လို့ ကျမ ခံယူပါတယ်။ ပြီးတော့ သူများကို အပုပ်ချပြီး ကိုယ့်ကိုယ်ကိုယ်
ကိုယ်ရည်သွေးတာပဲလို့ ပြောရင်လည်း လက်ခံပါတယ်။ ကျမ အဲဒီတုန်းက ငြင်းခဲ့တာတွေအတွက.် . မတရားအစိုးရရဲ့
မတရားတဲ့ အမိန့်အာဏာကို လက်မခံခဲ့တာအတွက် တကယ်ပဲ ကိုယ့်ကိုယ်ကို ကျေနပ်ခဲ့တာကြောင့်ပါပဲ...။
(ဘာလို့လဲဆိုတော့ တကယ်လို့ ကံမကောင်းရင် ကျမ အနည်းဆုံး အလုပ်ပြုတ်ပြီး အများဆုံးက ထောင်ကျ နိုင်တာလေ)။

တကယ်တော့ သူတို့ဘက်ကကြည့်ရင် ကျမကလည်း တကယ် အမြင်ကပ်စရာ ကောင်းတာလေ..။ အဲလိုပွဲမျိုး ကျတော့


ရှောင်ပြီး ကျောင်းပွဲတွေကျတော့ တပည့်တွေ ပွဲတောင်းရင် သီချင်းတက်ဆိုတာ..။ ကျမက နာမည်ကျော် မိုက်ခဲလေ..။ (Micကို
တွေ့ရင် ခဲလွန်းလို့..)။ ၀ါသနာက အဲလိုမသေးတာပါ။ ကျမရဲ့ တပည့်ကလေးတွေထဲမှာကလည်း တကယ့်
ရွက်ပုန်းသီးလေးတွေ ပါတယ်.. ဂစ်တာ အတီးကောင်း အဆိုကောင်းလေးတွေ။ အဲဒီမှာ ကျမနဲ့ သီချင်းတွဲဆိုနေကျ
တပည့်လေးနဲ့ပေါ့။ ခုတော့ အဲဒီတပည့်လေးတောင် လ၀က အရာရှိ ဖြစ်နေပြီတဲ့။

အဲဒီ ၁၉၉၆ ဟာ နိုင်ငံရေးအရလည်း စိတ်ဝင်စားစရာအပြောင်းအလဲ အချိုးအကွေ့တွေ ရှိခဲ့တဲ့အချိန်ပါ။


န၀တက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲမယ်ဆိုတဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတချို့ ပြန်ဝင်လာချိန.် ..။ တကယ်ပဲ
န၀တက အကောင်းဘက်ကို ပြုပြင် ပြောင်းလဲရေး လုပ်လာမလားလို့ အားလုံးက စောင့်ကြည့်လာတဲ့အချိန်။ ဒီနေရာမှာ
စိတ်လှုပ်ရှားစရာ အခြေနေလေးတွေ ရှိလာပါတယ်။ အဲဒီအချိန်မှာပဲပေါ.့ . ကျမသူငယ်ချင်း ဇာတ်လိုက်ကျော် ဒေါ်ခင်မင်းဇော်က
၁၉၈၈ကတည်းက စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကနေ တောခိုသွားခဲ့တဲ့ သူရဲ့ ချစ်လှစွာသော ကိုမင်းဇော်နဲ့ လက်ထပ်ဖို့
စီစဉ်လိုက်တာ။ ၁၉၉၆ ဧပြီ.. ၂၇ရက်နေ့... ဗောဓိကုန်းကျောင်းတိုက်မှာတဲ့။ အဲဒီတုန်းက အလွန် တန်ခိုးထွား နေတဲ့
စစ်ထောက်လှမ်းရေးအဖွဲ့များက ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ NLD အချင်းချင်း အဆက်အသွယ်မလုပ်ရဘူးလို့ နှစ်ဖက်စလုံးကို
တားမြစ်ထားတဲ့အချိန်။ ဒေါ်ခင်မင်းဇော်ရဲ့ မင်္ဂလာပွဲက တကယ့်ကို အမှတ်တရ ဖြစ်စေခဲ့တာလေး ပြောပြချင်ပါသေးတယ်။

သိတဲ့အတိုင်း ဒေါ်ခင်မင်းဇော်တို့ကတော့ ထုံးစံအတိုင်း ခပ်တည်တည်ပ.ဲ . စစ်မိသားစု အသိုင်းအ၀ိုင်းနဲ့


အင်မတန်နီးတဲ့ အင်းလျားလမ်းတို့ တက္ကသိုလ်ရိပ်သာလမ်းတို့ ရွှေတောင်ကြားတို့ရဲ့ ဗဟိုချက်လို ဖြစ်နေတဲ့
ဗောဓိကုန်းကျောင်းတိုက်မှာကို မင်္ဂလာဆောင် လိုက်ဦးမှာတဲ.့ .။ အန်တီစုကိုလည်း ဖိတ်ထားလိုက်သေး။ ကိုမင်းဇော်က
ကယန်းပြည်သစ်ပါတီ နောက်ခံနဲ့ ဆိုတော့ ငြိမ်းအဖွဲ့တွေလည်း လာကြမှာ။ ပြီးတော့ ၈၈ မျိုးဆက်တွေမို့
ကျောင်းသားများကလည်း လာကြဦးမှာ။ ခင်မင်းဇော်ရော သူ့ချစ်ချစ်ရောက ကျမတို့ စာပေလောကနောက်ခံ
သူငယ်ချင်းတွေရဲ့ ဇာတ်လိုက်ကျော်တွေမို့ စာပေ၀န်းကျင်ကလည်း လာကြဦးမှာ..။ ပွဲကတော့ ကြည့်လို့ကောင်း။ အဲဒီအထဲမှာ
ကျမကသာ ကန့်လန့် ကန့်လန့်နဲ့ ၀န်ထမ်းဖြစ်နေ..။ ၀န်ထမ်းဆိုတော့ အဲဒီ သွားရင် အဖမ်းများ ခံရမလားလဲ မသိ။
မသွားဘဲလည်း မနေနိုင်ပေါင်.. ကျမတို့မှာက ရှားရှားပါးပါး ဒီလူတွေပဲ အရင်းအချာရှိတာ။ ဒါနဲ့ ထုံးစံအတိုင်း ဘာဖြစ်ဖြစ်ဆိုပြီး
အဖော်ကောင်းဖြစ်တဲ့ သားလက်ကိုဆွဲပြီး မင်္ဂလာပွဲတက်ရတော့တာပေါ့။

ကိုယ့် တဖွဲ့တည်းသူငယ်ချင်းရဲ့ ပွဲဆိုတော့ ကျမတို့တွဲနေကျအဖွဲ့ (မမိုချာ့၊ ခက်မာ၊ ကိုသန်းဌေးမောင်၊


ကေသီ...) အစောကြီး လူစုပြီး အရောက်လာကြတာပေါ့။ ကျမ မျှော်လင့် ထားသလိုပဲ ဘုန်းကြီးကျောင်းမှာ လုပ်တဲ့
မင်္ဂလာဆောင်က ပကာသနနည်းနည်းနဲ့ ကိုယ့်လူတွေနဲ့ကိုယ် ပျော်စရာကောင်းနေခဲ့တယ်။ ဧည့်သည်တွေ တသုတ်ပြီးတသုတ်
ရောက်လာလိုက်တာ.. ကိုယ့်လူတွေချည်း..။ ပုသိမ်က အနုပညာသမား နာမည်ကျော်တွေ :P (ကြွက်(သိမ်းတင်သား)၊
ကိုမြင့်မိုးအောင်၊ ကိုအောင်ပွင့်အပါအ၀င် ကဗျာဆရာတွေ)၊ နောက် ကိုရွှေ(ရွှေဂျော်ဂျော်)၊ ကိုစောဝေ(ခု ဖမ်းခံထားရတဲ့
ကဗျာဆရာ)၊ ဆူဒိုနင်၊ သူငယ်ချင်းတွေ ချည်းပဲဆိုတော့ တအုံးအုံးပေါ့။

နောက် အုပ်စုလိုက်တွေကတော့ ဒေါ်ခင်မင်းဇော်ရဲ့ နိုင်ငံရေးဘက်က အဖွဲ့တွေ.. NLD


လူငယ်တွေထဲကလည်း ခု အဖမ်းခံထားရတဲ့ ကိုသိန်းဆွေတ.ို့ . ဟိုမှာက ကိုတိုးလွင.် ..။ ကျမက နိုင်ငံရေးအသိုင်းအ၀ိုင်းကို
သိပ်မသိတော့ ဟိုလူ့မေး ဒီလူ့မေးပေါ့။ ဟိုဟာက ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဗဆွေလေးသားလေ. သားကြီးတဲ့။
ဟောဟို ကောင်မလေးက နီလာသိန်း(ခု အဖမ်းခံထားရတဲ့ နီလာသိန်းလေ)ပေါ့.. အဲဒီ ငယ်ငယ်လေး ကတည်းက နိုင်ငံရေးထဲ
ခြေစုံပစ်ဝင်နေခဲ့သူတွေ..။ ဟိုမှာ ထိုင်နေတာက ဗိုလ်ကြီးဝင်းထိန် (တလောက ထောင်ကနေ ထုတ်ပြီးမှ ချက်ချင်း
ပြန်အဖမ်းခံသွားခဲ့ရသူ)၊ ဟိုမှာ ဗိသုကာဦးကျော်မင်း(ခုတော့ဆုံးသွားရှာပြီ)၊ဟိုမှာကသခင်အုန်းမြင့်လေ။

ဟိုတဘက်ခြမ်းမှာ ထိုင်နေကြတာက ကယန်းပြည်သစ်ပါတီက အဖွဲ့တွေတဲ့..။ ကျောင်းသားတပ်မတော်က


လည်း လာတယ်.. ဟိုမှာ.. အဲဒါ ကိဝ
ု င်းနိုင်ဦး..တဲ့ (ခုတော့ BBC ရေဒီယိုက ကိုရင်မောင်ပေါ့)။ ကျမမှာ ပါးစပ်အဟောင်းသားနဲ့
လိုက်ကြည့်နေရတာပေါ့။ ဒီကြားထဲ ကျမတို့ သတို့သမီးကလည်း ကျမတို့ဆီ ပြေးပြေးလာပြီး ဟိုလူ.. ဒီလူ.. ဆိုပြီး
မိတ်ဆက်ပေးသေးတာ..။ ကျမတို့ အကြာကြီး နေကြလို့ မောင်ထူးမြတ်ကြီး တောင် တရေးအိပ်ပျော်သွားသေး။

အဲဒီတုန်းမှာပဲ အန်တီစု ရောက်လာတာ။ အန်တီစုက အစည်းအဝေးတွေ ရှိတဲ့ကြားက လာရတာဆိုပေမဲ့


အဲဒီနေ့က ၂နာရီကျော်ကျော်ကြာအောင် နေသွားပါတယ်။ ပြီးတော့ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌအပါအ၀င်
တော်တော်များများနဲ့တွေ့.. စကားတွေပြော..။ ကျမတို့ကတော့ အန်တီ့စကားဝိုင်းနား နီးနီးထိုင်ပြီး နားတစွင့်စွင့် ပေါ့။
အန်တီတို့ တလျှောက်လုံး ပြောနေတာတော့ မြန်မာနိုင်ငံကြီး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ ဆိုတာပါပဲ။ ကယန်းပြည်သစ်
ခေါင်းဆောင်တွေနဲ့ အန်တီတို့ ပွင့်ပွင့်လင်းလင်း ပြောနေကြတာ.. စိတ်ဝင်စားစရာ ပါပဲ။

ပြီးတော့ အန်တီက သူ့အနားရှိသမျှ ဧည့်သည်တွေကလ


ို ည်း နှုတ်ဆက်စကားပြောပါတယ်။ ကျမကို
ကျောင်းဆရာမလို့ ခင်မင်းဇော်က မိတ်ဆက်ပေးတော့ အန်တီစုက ကျောင်းသားတွေရဲ့ အနေအထားနဲ့ ဆရာဆရာမတွေရဲ့
အနေအထားတွေကို မေးပါတယ်။ အဲဒီတုန်းကတော့ ပညာရေးစနစ်ကလည်း သိပ်မဆိုးသေးတော့ ကျမက
ကျောင်းသားတွေကတော့ မတရားမှုတွေကို သိပါတယ်.. နိုင်ငေ
ံ ရး စိတ်ဝင်စားမှု တွေလည်း ရှိပါတယ်.. လို့ပဲ ဖြေဖြစ်ပါတယ်။
နယ်ကျောင်းလေးတွေ ဆင်းရဲတာကိုလည်း ပြောပြဖြစ်ခဲ့ပါတယ်။ နောက် ဆရာဆရာမတွေရဲ့ အကျပ်အတည်းတွေကို
အကြမ်းဖျဉ်း ပြောဖြစ်ပါတယ်။

(ဒီနေရာမှာ ကျမ တခု ထည့်ပြောပြချင်ပါတယ်။ အန်တီနဲ့ ကျမ စကားပြောတဲ့ အဲဒီ


၁၀မိနစ်လောက်ကလေးမှာ အန်တီက ဘာမဟုတ်တဲ့ ဆရာမလေးတယောက်ရဲ့ ပြောစကားကို သေသေချာချာ စိတ်ပါဝင်စား
နားထောင်နေတာကို ကြည့်ပြီးတော့ ကျမဘာလို့မှန်းမသိဘဲ ကြက်သီးတွေ ထပြီး မျက်ရည်လည်နေမိခဲ့တာ ခုထိ သတိရ
နေမိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အန်တီ့ကို arrogant ဖြစ်တယ်.. Stubborn ဖြစ်တယ်.. ဆိုတာတွေ ဝေဖန်တာ
ကြားရင် အဲဒီတုန်းက မြင်ကွင်းကို ကျမ ပြန်ပြန် ပြောပြဖြစ်ပါတယ်)။

ဒါကြောင့်ပဲ ကျမအတွက်တော့ ဒေါ်ခင်မင်းဇော်ရဲ့ မင်္ဂလာပွဲကလည်း ၉၆ရဲ့ အမှတ်တရထဲ ပါခဲ့တယ်လို့


ပြောရတာပါပဲ။ အဲဒီအချိန်တွေထဲမှာပဲပေါ့... သားနဲ့ ကျမနဘေးမှာ အချိန်အတော်များများ ရှိနေတတ်တဲ့ ကိုရာကျော်နဲ့ ကျမကို
ကိုယ်တိုင်တွေတောင် ဘာမှန်း သေချာမသိခင်မှာ ပတ်ဝန်းကျင်က နိမိတ်ဖတ်နေခဲ့တာ။ အဲဒီ ကာလလေးမှာပဲ
ကျမကိုယ်တိုင်လည်း စိတ်ထဲမှာလည်း လှုပ်လှုပ်ရှားရှားတွေ ရှိလာတာပါ..။ ဒါဟာ အပြစ်ဆိုရင်လည်း....
ကိုချောနွယ်ပြောသလို

အချစ်ရေ...တို့တွေ
နာတာရှည်ရောဂါမှာ
သာယာလိုက်ကြပါစို့
ကမ္ဘာကြီးခဗျား...
သင်ကောင်းခဲ့သော်လည်း
ကျွန်ုပ်တို့ဆိုးခဲ့ပါတယ်။
ရိုးသားခွင့် မရှိတော့ပါ....

လို့ညည်းညူခဲ့ရတဲ့အချိန်တွေဆိုပါတော့။

အဲဒီတုန်းက "မပြတ်သေးဘူး.. ရေစီးကြောင်းလေးအား ဓားနဲ့ဖြတ် ပြတ်ပါ့မလား.. ဒီလို သံယောဇဉ်တွေ.."


... "တစုံတရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်ပေးနေတယ်.. တိမ်တွေ ရောင်စုံစီစဉ် ရေးဆွဲခဲ့လေတယ်.. တန်ခိုးရှိတဲ့
တစုံတရာအလယ်မှာ တို့နှစ်ယောက် တွေ့ကြတယ်.. ကြင်နာသူရယ် ကျေးဇူးတင်တယ်.. တစုံတရာကိုလေ..
လှမ်းပြောလိုက်တော့မယ်.." ဘာ..ညာ နဲ့။ အဲလို သီချင်းတွေ ဆိုလို့ ကောင်းခဲ့။ ဦးလိင
ှု (် သုခမိန်လှိုင်)ကတော့
"ခွေးကောင်မလေး.. ကိုယ်လုပ်ချင်တာ လုပ်ပြီး ငါ့ကို ဆွဲဆွဲမ ထည့်နဲ့" တဲ့။ ပြောရရင်တော့ ကိုချောကိုပါ ဆွဲထည့် ရတော့မှာ။

ပလပ်စတစ်အကြည်သားပေါ်
တိမ်တွေရေးဆွဲချလိုက်ပီး
တိမ်အိမ်ကလေးဆောက်ကာဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။ (မောင်ချောနွယ)်

ကျမကတော့.. အဲဒီအချိန်မှာ.. သားလက်ကို ခပ်တင်းတင်း ဆုပ်ရင်း ခိုနိုင်မယ့် အေးရိပ်ကို မျှော်သလိ.ု ..


သူ့ကို မော်ကြည့်မိခဲ့တယ်.. ထင်ပါရဲ့။ တကယ်တမ်း အသက် ၃၀ အရွယ.် . ဒဏ်ရာဒဏ်ချက်တွေနဲ့ မာကျောကျော
ပေတေတေ မိန်းမတယောက်အနေနဲ့ အဲဒီ လူငယ်လေးဆီမှာ ရှာတွေ့တာက မေတ္တာတရားတခုတည်းပါ။ တကယ်ပဲ ဆန်းတဲ့
ပုစ္ဆာတပုဒ် ပါပဲ။ ဘယ်သူ့မှာ အပြစ်ရှိခဲ့ပါသလဲ..။

ပုစ္ဆာမဟုတ်ဘဲ
အဖြေဖော်လို့ငါမရခဲ့
မုဆိုးမောင်းတ၀က်မောင်းတင်ထားပြီး
သားကောင်ကိုငါရှာ
ငါတွေ့
ငါပစ်ချလိုက်တယ်
ငါ့တကိုယ်လုံးဒဏ်ရာတွေချည်းနိုင်းချင်း
နာနာကျင်ကျင်အလှငါတွေ့
အကြီးအကျယ်ငါစိုးရိမ်မိ
ငါ့သေနတ်မှာကျည်ဆန်မရှိမှာကိုပဲ။
(မောင်ချောနွယ)်
မြသီလာအလွမ်းပြေ (၂၇)

၉၆ ဟာ ကျမဆီကို တကယ်ပဲ ကဆုန်ပေါက် ဒုန်းစိုင်းရောက်လာတဲ့ နှစ်ပါပဲ။

၉၆ဧပြီမှာ ဒေါ်ခင်မင်းဇော် မင်္ဂလာပွဲပြီးတော့ နွေပိတ်ရက်မို့ ၁၀တန်းစာစစ်ကလည်း မပြီးသေးတာမို့ ကျမ


ဘားအံ မပြန်ဖြစ်..။ အဲဒီနွေမှာပဲ ပါပါ ပင်စင်ယူလို့ ကျမအင်မတန်ချစ်တဲ့ စွယ်တော်ရိပ်ကို စွန့်ရပြန်ပါတယ်။ စွယ်တော်ရိပ်ထဲက
ခမ်းနားလှတဲ့ လုံးချင်းအိမ်ကြီးကနေ ရွှေ့ရပြီးတဲ့နောက် အဲဒီအချိန်မှာ ပင်စင်စား ပါမောက္ခကြီးခမျာ အိမ်ပိုင်မရှ.ိ . အိမ်ဝယ်စရာ
ငွေကြေးလည်း မရှိတော့တဲ့အတွက် ပြောင်းနေဖို့ ရွေးလိုက်တဲ့ အိမ်ကလေးကတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က
ပုဂံခြံဝင်းလို့ခေါ်တဲ့ ၀န်ထမ်းအိမ်ရာဝင်းလေးထဲက သစ်သားအိမ်လေးပါ။ ပုဂံလမ်းမှတ်တိုင်နောက် ခြံဝင်းထဲက တန်းလျား
အိမ်လေးတွေပေါ့။ ကျောင်းဝန်းကျင်ဆက
ီ နေတော့ ဝေးမသွားသေးပါဘူး။ ပြီးတော့ သားကို TTC မှာ ကျောင်းထားဖို့
ဆိုရင်လည်း သွားရေးလာရေး အဆင်ပြေတယ်။ ကျမကတော့ ရန်ကုန်ကို ခဏပြန်တဲ့ အခိုက်ဆို ပါပါတို့ မာမာတို့နဲ့ တည
နှစ်ည အိပ်လိုက.် . မြို့ထဲက အဖေအမေအိမ်မှာ အိပ်လိုက်ပေါ့။ ကျမဘ၀ ဘာမှန်းကို မသေချာတဲ့အချိန်။ ဘ၀ထဲ တကယ့်
အနာဂတ်သေနဲ့။ အဲဒီကာလမှာတုန်းက ကျမရဲ့ ဘ၀ဆိုတာက သားအတွက်နဲ့ တပည့်တွေအတွက်.. ပြီးတော့ ကျမရဲ့ ရှိစုမဲ့စု
စာဖတ်ပရိသတ် အနည်းအကျဉ်းလေးအတွက်.. ဒါပါပဲလို့ ရေစုန် မျှောထားတဲ့အချိန.် .။

ဒီ မေလဆန်းမှာပဲ "အသံသစ်ပြတိုက"် ထွက်ခဲ့ပါတယ်။ ကျမ ထွက်ခဲ့သမျှ စာအုပ်တွေအကုန.် . best seller


မဖြစ်ခဲ့ပေမဲ့ ကျမ ချစ်တာချည်း.. ကျေနပ်တာချည်းပါ..။ ဒါပေမဲ့ အဲဒီထဲမှာ အသံသစ်ပြတိုက် မပါပါဘူး။ ဒါကြောင့် ကျမကို
အသံသစ်ပြတိုက်ကျမှ သိတယ်လို့ ပြောလာရင် ကျမ စိတ်မကောင်းဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ အသံသစ်ပြတိုက်ကို
ထုတ်ဖို့ Today စာအုပ်တိုက်နဲ့ ကျမနဲ့ ဇော်ဝင်းထွဋ်နဲ့ ညှိခဲ့ကြတာ ဒီပုံစံ မဟုတ်ပါဘူး။ ဓာတ်ပုံတွေဆို Four color နဲ့ Dual
tone နဲ့ တကယ့် ကဗျာဆန်ဆန်.. အနုပညာဆန်ဆန်..။ သုံးမယ့် စက္ကူကလည်း အကောင်းစား.. တချို့နေရာတွေမှာ Art
Paper တွေ သုံးမယ်ပေါ့။ ကျမနဲ့ ကိုညီထွဋ်ရယ် မမေခိုင်ရယ်.. သေချာကို အချိန်ပေး.. ဓာတ်ပုံတွေ ရွေး စိတ်ကူးကြ..။
ကျမကလည်း စာကို အတ္ထုပ္ပတ္တိ မဆန်အောင် လေးလေးလံလံကြီး ဖြစ်မနေအောင်.. ပုံစံ သွက်သွက်လေးနဲ့ ရေးဖို့ ကြိုးစား။
ပြီးတော့ ဇော်ဝင်းထွဋ်ဆိုတာက ကိုယ်အင်မတန်ကြိုက်တဲ့ အဆိုတော်ဆိုတော့ သူနဲ့ ပတ်သက်တာကို သေချာ လုပ်ချင်တယ်။
ဒါဟာတကယ့်မှတ်တမ်းလေးတစ်ခုလည်းဖြစ်မယ်ပေါ့။
ဘာပဲဖြစ်ဖြစ်.. ဇော်ဝင်းထွဋ်ဟာ မြန်မာပြည် Rock ဂီတရေစီးကြောင်းရဲ့ မြစ်လက်တက် တခုတော့
ဖြစ်တယ်။ လမ်းဖြစ်အောင်ဖောက်ခဲ့ရသူတွေထဲက တယောက်လည်း ဖြစ်တယ်။ ခေတ်အခြေနေကြောင့် Copy သီချင်းတွေသာ
ဆိုခဲ့ရပေမဲ့ အဲဒီ Copy သီချင်းထဲ Mood အပြည့်ထည့်ပြီး ကြိုးစားဆိုတဲ့သ.ူ .။ နောက်တချက်က ဇော်ဝင်းထွဋ်ဆိုတာက
စာဖတ်တဲ့ ပန်းချီဆွဲတဲ့ အသစ်ဖန်တီးချင်တဲ့ ပရိသတ်အတွက် အကောင်းဆုံးကို ပေးချင်တဲ့ အနုပညာသမား...။ နောက်
၈၈နောက်ပိုင်းမှာ ကောင်းကင်မေမေ.. မျိုးဆက်သစ်သီချင်း.. အသစ်ကပြန်စ... ဂန္ဓ၀င်စိမ်းတွေနဲ့ လူငယ်တွေကို
သွေးနွေးစေခဲ့တဲ့သူလေ။ ပြီးတော့ ကျမက Rod Steward ကို ကြိုက်တဲ့သူပီပီ.. ကိုညီထွဋ်ကိုလည်း ကြိုက်တဲ့သူမို့
သူ့အကြောင်း ရေးချင်တာလည်း ပါပါတယ်။ သေချာတာ ကတော့ သူ့ခေတ်တခေတ်လည်း ဖြစ်နိုင်ခဲ့တဲ့
အနုပညာသမားတယောက်အကြောင်းကိုသေသေချာချာရေးချင်တာပါပဲ။
ဒီတော့ စာအုပ်လေးကိုလည်း လှလှလေး ဖြစ်စေချင်တယ်. .။ အဲဒီစာအုပ်လေးရေးဖို့ ကျမ သူတို့မိသားစုနဲ့
အတူသွား အတူစား အတူအိပ် ခရီးထွက်သမျှ လိုက်.. Show တွေ လိုက.် .. အဲလို အချိန်ပေါင်းများစွာ နေခဲ့ပြီးမှ ရေးရတာ။
ကျမတို့တွေက ခေတ်အတူတူ ဖြတ်သန်းခဲ့ရတဲ့ သူတွေဖြစ်တဲ့အပြင် ဖြတ်သန်းနေထိုင်ခဲ့ကြရတဲ့ ၀န်းကျင်ကလည်း အတူတ.ူ .
ပြီးတော့ သိဟောင်းကျွမ်းဟောင်းတွေလည်း ဖြစ်လေတော့ ပိုပြီး ရင်းရင်းနှီးနှီး ရှိတာပေါ့။ ညနက် Stage show က
ပြန်ရင်လည်း ကျမတို့ သားအမိကို ကြုံတဲ့သူက လိုက်ပို့ပေးရတာလေ..။ (ပတ်ဝန်းကျင်က ကျမကိုပြောတဲ့အထဲ အဲဒါကလည်း
ပါပါတယ်။ ကျမက လမ်းသူရဲတွေနဲ့ တရုန်းရုန်းတဲ့လေ..)။ အဲဒီ စာအုပ်အတွက် ကျမ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။

တကယ်တော့ ရတဲ့ စာမူခက နည်းနည်းလေးပါ။ ကျမကသာ သေချာလုပ်ချင်လို့ ရေးချင်လို့ ရေးခဲ့တာ..။


ဒါပေမဲ့ တကယ်တမ်း စာအုပ်ထွက်လာတော့ တကယ့် တလွဲ.. ။ စက္ကူ အမျိုးအစားက အစ.. စာအုပ်အပြင်အဆင် အထိ...။
အဆိုးဆုံးကတော့ စိစစ်ရေးက ဖြုတ်တဲ့ စာပိုဒ်တွေကို ကျမကို အသိမပေးခဲ့တာပါပဲ။ ဥပမာ ဇော်ဝင်းထွဋ်တို့ Emperors က
အဲဒီတုန်းက ဆံပင်ရှည်ကြီးတွေန.ဲ့ . ဆိုတော့ ဘာလို့ ဆံပင်ရှည် ထားကြတယ်ဆိုတာတွေကို တယောက်ချင်း မေးထားတဲ့
အမေးအဖြေတွေပေါ့။ သူတို့ဖြေကြတာတွေ သိပ်ကောင်းတာပဲ..။ ဒါပေမဲ့ အဲဒါတွေ အဖြုတ်ခံရတယ်။ ဒီတော့ တချို့
နေရာတွေမှာ အကြောင်းအရာတွေက ဟကုန.် .။ စာအုပ်ထွက်ပြီးမှပဲ ကျမ အဲဒါကို သိရတယ်။ တကယ်ဆို ဖြုတ်ခံရတဲ့
စာပိုဒ်တွေကို ကြိုသိရင် ရှေ့နဲ့နောက် လှလှပပဖြစ်အောင် ပြန်ပြီး ချိတ်ဆက်လို့ ရတာပေါ့။ အဲဒီ စာအုပ်မိတ်ဆက်ပွဲမှာတောင်
အဲဒီ စိတ်ပျက်ရမှုကို ပြောဖြစ်ခဲ့ပါသေးတယ်။

(ရှေ့ဖုံး- အီတိုးလေး)

(နောက်ဖုံး)

ဒါကြောင့် ကျမ ပြန်မတွေးချင်တဲ့ မေ့ပစ်ချင်တဲ့ စိတ်ဝေဒနာတခုထဲမှာ အသံသစ်ပြတိုက်လည်း ပါပါတယ်။


အင်း ဒါပေမဲ့ 'အသံသစ်ပြတိုက'် ကြောင့် နောက်ပိုင်းမှာ လူငယ်တွေရဲ့ လက်ခံမှုကို ပိုရလာပြီး လူငယ်တွေနဲ့ ပို
နီးစပ်သွားခဲ့ရတာကတော့ ကျမရဲ့ တက္ကသိုလ်ဆရာမဘ၀မှာ တန်ဖိုးတခု ရှိခဲ့တယ်လို့တော့ ပြောရမှာပါလေ။

၉၆ ရဲ့ မေလနောက်ပိုင်း ကျောင်းပြန်ဖွင့်ရက်တွေကတော့ ကျမ ရှေ့၂၄.. ၂၅ မှာ ရေးခဲ့သလိုပါပဲ..။ ခရီးတွေ


တောက်လျှောက် ထွက်တာ..။ ဘားအံက တပည့်တွေနဲ့ကတော့ ကရင်ပြည်နယ်.. မွန်ပြည်နယ် တ၀ိုက.် .။ နောက် ၉၆
အောက်တိုဘာ ကျောင်းပိတ်ရက် ကျတော့ ရန်ကုန်က တပည့်ဟောင်းတွေနဲ့ မြန်မာပြည်အထက်ပိုင်း တလျှောက်..။
အဖေ့ကုမ္ပဏီက လိုင်စင် ရုပ်သိမ်းလိုက်ရတော့ ခရီးသွားတဲ့ ကားက တစီးလောက် အမြဲ ရှိနေတတ်တာမို့ အဖေ့ကားကို
ယူသွားပြီး လျှောက်သွားတာပါ။ ဒီကြားထဲ Emperors တွေနဲ့လည်း သူတို့ Stage Show တွေ လျှောက်လိုက်သေးတာ..။
တန်ဆောင်တိုင် တောင်ကြီးမီးပုံပျံပွဲကနေ... အင်းလေး ညောင်ရွှေ ပင်းဒယ ပုဂံ ညောင်ဦး ပုပ္ပား မန္တလေး မေမြို့ထိကို
တကယ့်ကို စုံတကာစေ့..။ ကားတွေ သုံးလေးစီး တန်းစီပြီး သွားကြတာ။ အဲဒီအချိန်က ဆေးဆိုးပန်းရိုက်မျက်နှာ ထွက်ပြီးစ။
အဲဒီတုန်းက Emperors မိသားစုတွေနဲ့အတူ ကိုရင်ဂိုတို့ မိသားစု..ပါလေ့ရှိတယ်။ သီရိဂျေမောင်မောင်တို့ သားအမိပါတယ်..။
ဟယ်ရီလင်းလည်း ပါတတ်တယ်။ နောက် ဒက်ဒီနဲ့ မာမီ (မင်းမင်းလတ်တို့ ဇနီးမောင်န)ှံ ။ စည်သူလွင်..၊ ပီးပေါ်တို့ လင်မယား..
တခါတလေ..ကျမရဲ့ရန်ကုန်ကတပည့်တွေတောင်ပါတတ်တယ်။
ကျမတို့က လမ်းခရီးမှာ နားရင်တောင် ထန်းတောတွေ့ရင် ထန်းတောထဲ ကားတွေထိုးရပ်ပြီး ထန်းရည်ချိုတွေ
သောက်ကြ..။ ထန်းတက်သမားတွေနဲ့ စကားတွေပြောကြ။ ပွဲတောင်းရင် အဲဒီမှာတင် ဂစ်တာတီးပြီး သီချင်းတွေ ဆိုကြ။
မိတ္ထီလာဆိုရင်လည်း ကန်ဘေးမှာ ကားရပ်နားကြ.. ပြည်ဆိုလည်း ပြည်အ၀င် မင်းကြီးတောင်ဘေးနား ဧရာဝတီ မြစ်ကမ်းဘေး
မှာ နားကြ။ အဲလို နားကြတာ။ အတွေ့အကြုံတွေလည်း အများကြီးရ..။ ကိုညီထွဋ်နဲ့ ပန်းချီရေးမယ်လို့ တိုင်ပင်ပြီး sketch
တွေတောင် ကောက်ခဲ့သေးတာ။ (သူကတော့ နောက်ပိုင်း တကယ် ပန်းချီတွေ ပြန်ရေးဖြစ်တယ်။ ကျမသာ... ဆေးမ၀ယ်နိုင်လို့
:P ) စာတွေ ရေးချင်တာလည်း ပါတာပေါ့လေ။ ရေးစရာတွေလည်း ရပြီး စာတွေလည်း တကယ် ရေးဖြစ်ပါတယ်။ အဲဒီတုန်းက
အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ခုထိ မရေးဖြစ်သေး တာတွေလည်း အများကြီး ကျန်နေသေးတာ..။ အဲဒါတွေကို
အသက်ကြီးလို့ ဆရာမဘ၀က ပင်စင်ယူပြီးရင်တော့ ကိုယ့်ဘာသာ စာတွေပဲ တစိုက်မတ်မတ် ရေးတော့မယ်ပေါ့...။
ခုတော့လည်း...ဘ၀က ဘာတွေ ဘယ်လို ဖြစ်ဦးမယ် မသိပြန်..။

(အဲလို မြန်မာပြည်ထဲ ခရီးတွေ တင်းကျမ်းသွားခဲ့ရတာမို့ ခု ထိုင်းမှာနေနေရချိန် ထိုင်းက ခရီးသွားလုပ်ငန်းနဲ့


ပတ်သက်ပြီး ချမ်းသာနေတာကို တွေ့တဲ့အခါမှာ ကိုယ်တိုင်းပြည်နဲ့ ယှဉ်ကြည့်ပြီး ရင်နာရတာပါ။ ထိုင်းမှာက လှအောင်
မနည်းလုပ်ထားရတာလေ.. ပြီးတော့ တကယ် Tour Area လုပ်နိုင်တဲ့ နေရာက နည်းနည်းလေး.. ။ ကျမတို့ တိုင်းပြည်မှာက
ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက်... ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာချည်း...... - စကားချပ်)

ကျမကတော့ ရောက်လေရာမှာ မှတ်စရာရှိတာတွေ သယ်ပိုးခဲ့တာပါပဲ။ အနည်းဆုံးတော့ စာသင်ခန်းထဲက


တဆင့် မျှဝေနိုင်မယ်.. အများဆုံးဆို စာမျက်နှာတွေပေါ်ကနေပေါ့။ ဥပမာပြောပြရရင် ၀န်ကြီး ပဒေသရာဇာရဲ့
ထန်းတက်သမားဘွဲ့ တျာချင်းကို သင်တဲ့အခါ ကျမတွေ့ခဲ့ရတဲ့ ကျောက်ပန်းတောင်းနားတ၀ိုက်က ထန်းတက်သမားတွေ
အကြောင်း ပြောပြနိုင်မယ်..။ ကုန်းဘောင်ခေတ်က ထန်းသမားဘ၀နဲ့ ခု နှစ်ပေါင်း ၁၀၀ကျော်ထိ တိုင်အောင်တောင်မှ
သိပ်မကွာသေးတဲ့ ထန်းသမားတွေရဲ့ ဘ၀တွေကို ပြောပြမယ်။ အဲဒါဟာ ကောင်းတာလား ဆိုးတာလား..။
ရောင့်ရဲတတ်တာလား... ပညာဥာဏ်မကြီးရင့်တာလား.. ဆွေးနွေးမယ်။ ရောင့်ရဲတာက ကောင်းလား.. တိုးတက်ဖို့ကြိုးစားတာ
ကောင်းလား.. တောရွာအလှအတိုင်း ထားမလား.. ခေတ်မီ တိုးတက်တဲ့ မြို့ပြအဖြစ် ပြုပြင်မလား..။ Economy ကို ဘယ်လို
တည်ဆောက်မလဲ.. ဆိုတာတွေ ငြင်းကြ ဆွေးနွေးကြမယ်ပေါ့..။ ဒါပေမဲ့ လက်တွေ့မှာတော့ စာသင်ချိန်တွေက
တိုတောင်းလွန်းတာမို့ ဒါတွေ ပြောပြ ချပြဖို့ အချိန်မရပါဘူး။
အဲဒီအခါ ကျမရဲ့ စကားဝိုင်း ဆွေးနွေးဝိုင်းတွေက အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ ဘားအံကောလိပ်ဘေးက
လမ်းဘေးလက်ဘက်ရည်ဆိုင်လေးဆီကိုပဲ ရောက် ရောက် သွားတော့တယ်။ ည ည.. လရောင်အောက်..
လမ်းမီးတိုင်ဖျော့ဖျော့အောက်က ကျမတို့ရဲ့ လက်ဘက်ရည် စားပွဝ
ဲိုင်းက သုံးလေးဝိုင်းစာလောက် အကြီးကြီး.. ဆွေးနွေးကြ
ငြင်းခုန်ကြ..။ အဲဒီမှာပဲ တကယ်စာဖတ်တဲ့ တကယ်တွေးနိုင် ဆွေးနွေးနိုင်တဲ့ ကလေးတွေ ရှိနေတာကို ကျမ ပို ပို သိခဲ့ရတာ။
ဒါပေမဲ့ အဲဒီ ရွက်ပုန်းသီးလေးတွေက ဖူးပွင့်ခွင့် မရ..။ တချိန်မှာ ကုန်ကားမောင်းမှာတဲ.့ . ကုန်ကူးမှာတဲ.့ . လက်ဘက်ရည်ဆိုင်
ဖွင့်မှာတဲ့.. ယိုးဒယားပစ္စည်းဆိုင် တည်မှာတဲ့။ ကုန်ကားထောင်စားမှာတဲ.့ . လယ်တွေ ကိုင်းတွေပဲ ပြန်လုပ်မှာတဲ့။ ကျမစိတ်ထဲ
ငါဘာလုပ်ပေးနိုင်မလဲလို့ အကြိမ်ကြိမ် စဉ်းစားပြီး သက်ပြင်းချမိတဲ့ အချိန်တွေပေါ့..။ တကယ်တမ်းကျတော့ ကိုယ်တိုင်တောင်
အိပ်မက်ရှိသလောက် စိတ်တိုင်းကျ ဖူးပွင့်ခွင့် မရတာ။ ဒါပေမဲ့ တချိန်ချိန်ပေါ့.. လို့တော့ တေးထား ငြိုးထား
ခဲ့လိုက်ပါသေးတယ်။

အဲဒီ ၉၆ နိဝ
ု င်ဘာ နောက်ဆုံးပတ်မှာ ကျောင်းပြန်ဖွင့်တော့လည်း ကျမကတော့ ပုံမှန်ပဲ ကျောင်းတွင်း
လှုပ်ရှားမှုကိစ္စတွေထဲ စိတ်ရောက်လို့ပေါ့။ ပြီးတော့ လုံးချင်းဝတ္ထုတအုပ်လည်း ရေးလက်စ..။ ကျောင်းပိတ်ရက် တုန်းက
ခရီးတွေ ဆက်တိုက်ထွက်ထားတာမို့ လူက နည်းနည်းလည်း လက်ပမ်းကျနေပြီ။ အဲဒီအချိန်မှာပဲ ရန်ကုန်မှာ ကျောင်းသားတွေ
ဆန္ဒပြလို့ဆိုတဲ့ သတင်း ရောက်လာတာပါပဲ။ ၉၆ ဒီဇင်ဘာ ၃ရက် ဗုဒ္ဓဟူးနေ့ ညမှာပေါ့။ တကယ်တော့ နိဝ
ု င်ဘာကတည်းက
စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ ရဲတွေ ပြဿနာ ဖြစ်ရာက တအုံနွေးနွေး စနေခဲ့တာပါ..။ စည်ပင်ရဲနဲ့
စက်မှုကျောင်းသား၂ယောက် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှာ ပြဿနာဖြစ်ရာက ကျောင်းသားတွေ အဖမ်းခံရ.. တကယ်
လွန်တာက ရဲက လွန်တာ..။ အဲဒီကိစ္စ ဖြေရှင်းရာမှ အာဏာပိုင်ဘက်က ကျောင်းသားတွေကို မတရားသဖြင့်
ရိုက်နှက်တာမျိုးရှိလို့ ပြဿနာကြီးသွားတာပါ။ နောက်တော့ ထုံးစံအတိုင်း ကျောင်းသားဆိုတာမျိုးကလည်း မတရားသဖြင့်
ဆိုတာကို ဘယ်လိုမှ သည်းမခံနိုင်တဲ့အပြင် ၈၈ရဲ့ သွေးကလည်း အေးသေးတာမဟုတ်လေတော့ ဖြစ်ပြီပေါ့။

ရန်ကုန်မှာကတော့ ဒီဇင်ဘာ ၂ရက် ၃ရက်ကတည်းက ကျောင်းသားတွေက လှည်းတန်းမှာ စုဝေးတာတို့


ထိုင်သပိတ်မှောက်တာတို့ စနေပါပြီ။ စစ်တပ်ကလည်း သူတို့ ထုံးစံအတိုင်း အင်အားသုံးဖြိုခွဲပြီးတော့ ကျောင်းသားတွေကို
ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက် လုပ်နေပါ ပြီ။ ကျမကသာ နယ်ကျောင်းရောက်နေလို့ အဲဒီအချိန်မှာ သေသေချာချာ
မသိသေးတာပါ။ ဒီဇင်ဘာ ၄ရက်နေ့မှာတော့ မော်လမြိုင် တက္ကသိုလ်ဘက်မှာ အသံထွက်လာပါပြီ။ ကျောင်းသားတွေ စာတွေ
ဝေ.. စာတွေကပ်..။ အဲဒီ ဒီဇင်ဘာ ၄ရက်နေ့မှာပဲ ကျမတို့ ကျောင်းအုပ်ကြီးက ဆရာဆရာမတွေကို အစည်းဝေးခေါ်ပြီးး
ဂျူတီချဖို့တွေ ကျောင်းသား ထိန်းဖို့တွေ စီစဉ်ပါတယ်။ ဒီတပတ်တော့ ဘယ်သူမှ ရန်ကုန် မပြန်ရ.. ခရီးလည်း မထွက်ရ..
ကျောင်းဝန်းကျင်မှာပဲ ရှိနေကြရမယ်တဲ့။ ဆရာဆရာမတွေကတော့ သိပ်မပူတတ်ကြတော့ပါဘူး။ ဘာလုပ်မယ်လည်း
တွေးမထားကြပါဘူး။

တကယ်တော့ အဲဒီနေ့မှာပဲ ရန်ကုန်နဲ့ မော်လမြိုင်တက္ကသိုလ်က လှုပ်ရှားတဲ့ ကျောင်းသားတွေ ကျမတို့


ကျောင်းသေးသေးလေးဆီ ရောက်လာပါပြီ။ ဒီဇင်ဘာ ၅ရက်နေ့ညမှာတော့ မှောင်အုံ့အုံ့နိုင်လှတဲ့ ဘားအံ ကောလိပ်ဘက်ဆီက
ကြွေးကျော်သံတွေ ကြားလိုက်ရပါပြီ။ ကျောင်းသား အခွင့်အရေး.. ဒီမိုကရေစီ ရရှိရေး.. ဖမ်းဆီးကျောင်းသားတွေ
ပြန်လွှတ်ပေးရေး.. 'ဒို့အရေး' တွေပေါ့..။ ကျမ ကြက်သီးတွေထပြီး မျက်ရည်လည်လာရပြန်ပြီ။ ဘာပဲပြောပြော..
ကျောင်းသားဆိုတာ အချိန်တန်တော့လည်း ကျောင်းသားစိတ် ရှိတာပါပဲလို့ တွေးမိလို့ပေါ့။ ဘာမှ မသိဘူး..
ဘာခံစားမှုမှမရှိဘူးလို့ ထင်ထားခဲ့တဲ့ ကျမရဲ့ ဘားအံက ကလေးတွေဟာလည်း ခေတ်ရဲ့ လိုအပ်ချက်ဆိုတာကို..
ကျောင်းသားအခွင့်အရေး ဆိုတာကို.. ခံစားတတ်တာ ပါပဲလား..။ ကျောင်းဘက်က ဆရာတချို့ ဆရာမဆောင်ဆီ
လိုက်လာပါတယ်..။ ကျမနဲ့ အမကြီးကို နာမည်တပ်ခေါ်ပြီး ဆရာကြီးက ကလေးတွေ ထိန်းဖို့ ခေါ်ခိုင်းလို့တ.ဲ့ .။ အဲဒီအချိန်
ကျမတို့က ကျောင်းထိပ်တောင် ရောက်နေပါပြီ။ ကျောင်းထဲမှာတော့ ကျောင်းသားဆောင်ဘက်ဆီက မီးမှောင်ချထားပြီး
အချီအချညီညီအော်သံတွေ..။

ခဏကြာတော့ စစ်ကား ၂စီးနဲ့ 'ပ၀တ' က အရာရှိဆိုသူတွေ ရောက်လာပါတယ်။ သူတို့က ကျောင်းထဲ


ချက်ချင်း မ၀င်ဘဲ ဆရာကြီး.. အဆောင်မှူးတွေနဲ့ ရှိနေတဲ့ ဆရာဆရာမတွေကို ခေါ်ပါတယ်။ ကလေးတွေကို ကိုယ့်ဘာသာ
ထိန်းရင် သူတို့ မ၀င်ပါဘူးလို့ ညှိပါတယ်။ ဆရာကြီး က ကျမတို့ မျက်နှာတွေကို ကြည့်ပါတယ်။ ကျမတို့ရော..
အဆောင်မှုးတွေရော ပြိုင်တူ ကတိပေးပါတယ်။ ထိန်းပါ့မယ်.. ဗိုလ်မှူးတို့သာ ဘာမှမလုပ်ပါနဲ.့ .ပေါ့။ တကယ်လည်း သူတို့
ကျောင်းဝင်း အပြင်နားရှိနေတုန်း.. အဆောင်မှူးတွေက ကိုယ့်အဆောင်တွေပေါ် ကိုယ်တက်ပြီး ကလေးတွေကို ၀င်ထိန်း
ရပါတယ်။ မင်းတို့ ပြောချင်တာပြောလိုက်ရပြီ.. သူတို့လည်း သိသွားပြီပဲ.. တော်ကြတော့.. တော်ကြာ ဘာမှ
မလုပ်လိုက်ရသေးဘဲနဲ့ အဖမ်းခံကြရရင် မတန်ဘူးပေါ့..။ ကလေးတွေကလည်း ထိန်းတာက သူတို့ ဆရာဆရာမတွေဆိုတော့
စကား နားထောင်ကြပါတယ်။ ခဏကြာတော့ ငြိမ်သွားကြပါတယ်။

နောက်တနေ့ စနေ တနင်္ဂနွေတွေမှာတော့ ကျမအပါအ၀င် ကျောင်းက ဆရာဆရာမ တော်တော်များများကို


'ပ၀တ'က ခေါ်မေးတာတွေ.. လာတွေ့ပြီး စကားစမြည်ပြောတာတွေ.. လုပ်ပါတယ်။ စိတဝ
် င်စားစရာ ကောင်းတာက ကျမကို
စကားပြောချိန်မှာ ကျမအိမ်မှာ ဘုရားစင်မရှိတာကိုပဲ အကြာကြီး သေသေချာချာ မေးနေတာပါ။ နောက်မှ သိတာက ကျမကို
ကွန်မြူနစ်လို့ စွပ်စွဲလို့ရအောင် မေးတာဆိုပဲ။ ကျမကတော့ သူ ဘာရည်ရွယ်တာလဲဆိုတာ ရိပ်မိသလို ရှိတာနဲ့ ကျမက
ခရီးခဏခဏထွက်တာကြောင့်ရော.. ဘုရားစင်ထားရင် တာဝန်ကြီးသလို ခံစားရလို့ မထားတာလို့ပဲ ပြောဖြစ်ပါတယ်။ ဒါတောင်
သူက ဗုဒ္ဓဘာသာကို ယုံသလား ဆိုတာမျိုး မေးလာတာမို့ ကျမက စိတ်ပေါက်ပေါက်နဲ့ သူ့ကို သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကို
တမင် စကားထဲ ထည့်ပြောလိုက်တော့မှ ပြီးသွားပါတယ်။ တကယ်တော့ ကျမက အမြင်ကပ်ကပ်နဲ့ သမားဂုဏ်ပြပြီး
ပြောတာပါ။ အဲလိုနဲ့ စနေ တနင်္ဂနွေမှာ ဘားအံကောလိပ်က ငြိမ်သွားပေမဲ့ ရန်ကုန်နဲ့ မော်လမြိုင်.. မန္တလေး တက္ကသိုလ်
တွေမှာတော့မငြိမ်ကြသေးပါဘူးတဲ့။

ဒီလိုနဲ့ ဒီဇင်ဘာ ၉ရက် တနင်္လာနေ့မှာတော့ 'ပ၀တ'က ပြည်နယ်မှူး(ကရင်လူမျိုးပါပဲ)က ကျောင်းကို လာပြီး


ကျောင်းသားတွေကို စကားပြောပါတယ်။ သူပြောတော့လည်း အဖြူးသား ပေါ့..။ ပညာရေးကို ဘယ်လို ကောင်းအောင်
လုပ်ပေးနေပါတယ်ပေါ့..။ လိုတာတွေ ပြောပါပေါ့..။ ကလေးတွေက လှောင်တောင်တောင်နဲ့ အော်လား ဟစ်လားလည်း
ပြန်လုပ်ကြပါသေးတယ်။ သူ ပြန်သွားတဲ့အထိလည်း ကျောင်းတွေ ပိတ်ရပြန်ဦးမယ်လို့ ကျမတို့ ဆရာဆရာမတွေ
ကိုယ်တိုင်ကကို မထင်ကြသေးပါဘူး။ ဒါပေမဲ့ အဲဒီနေ့ နေ့လယ်မှာပဲ တက္ကသိုလ်ကျောင်းသားတွေ ဆူပူမှုကြောင့်
တက္ကသိုလ်တွေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်.. ဆိုတဲ့ ကြေငြာချက် ထွက်လာပါတော့တ ယ်။ နှစ်ရက်အတွင်း
ကျောင်းသူကျောင်းသားအားလုံးကိုယ့်ရပ်ရွာဆီအရောက်ပြန်ရမယ်တဲ့။

အာဏာရှင် စစ်အစိုးရကတော့ သူတို့ ထုံးစံအတိုင်း ကျောင်းသားတွေရဲ့ တောင်းဆိုချက် မှန်သမျှကို


ဘယ်တော့မှ ဘယ်တုန်းကမှ မလိုက်လျောဘဲ ကျောင်းသားတွေကို အဓိက အထိနာစေမယ့် ကျောင်းတွေ ရက်ရှည်
ပိတ်ပစ်လိုကတ
်ာမျိုးတွေနဲ့ပဲ တုံ့ပြန်လိုက်တာပါပဲ။ အဲဒီနေ့က ယောက်ျားလေးတွေ တော်တော်များများ စိတ်ထိခိုက်ကြပါတယ်။
မိန်းကလေးတွေက ငိုကြပါတယ်။ ဘယ်လောက်ကြာအောင် ကျောင်းပိတ်ထားဦးမလဲ.. ပြီးတော့ ကျောင်းပိတ်လိုက်ပြီးတော့မှ
ဘယ်သူတွေကို လိုက်ရှာ ဖမ်းဆီးတာမျိုးတွေ လုပ်ဦးမလဲဆိုတာကို အားလုံး တွေးမိနေကြတဲ့ အချိန်တွေပေါ့..။
လူငယ်တွေအတွက် အနာဂတ်ကို မြင်ရဖို့အရေး ဝေးရပြန်ဦးပေါ့။ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းမှုလား..။ ကျမကတော့
အဲဒီအချိန်တွေမှာ ခါးခါးသီးသီး မုန်းတီးတာကိုပဲ နာနာကျင်ကျင် ခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ အစမှာတုန်းက ကျမကို အပျော်နဲ့
ကြိုခဲ့တဲ့ ၉၆က နှစ်အဆုံးမှာတော့ ကျမရဲ့ စိတ်နှလုံးကို ပူပြင်း လောင်မြိုက်စေခဲ့ပါတယ်။
မြသီလာအလွမ်းပြေ (၂၈)

ဒီလိုနဲ့ ၉၆ရဲ့ ဒီဇင်ဘာက ကျမအတွက်တော့ အေးစက်ခြောက်ကပ်တဲ့ကြားကပဲ ပူလောင် ပြင်းပျခဲ့ပါတယ်။


ကျောင်းသူကျောင်းသားတွေ ရှိမနေတော့တဲ့ ကျောင်းကြီးက အဓိပ္ပာယ်မဲ့တအ
ဲ့ ပြင် ကျမစိတ်တွေကိုလည်း
ခြောက်ချားစေပါတယ်။ အဲဒီရက်တွေထဲ ရန်ကုန်ပြန်ဖို့ကိုတောင် စိတ်ထဲ ဆို့ဆို့နစ်နစ် ခံစားရပါတယ်။ ရန်ကုန်အပြန်
မြိုင်ကလေး ဘက်ကမ်းကို အကူး သံလွင်မြစ်ပေါ်ကနေ ဘားအံဘက်ဆီ လှမ်းကြည့်မိရင်တောင် ငိုချင်နေမိခဲ့တဲ့
အချိန်တွေပေါ့..။ ဒီမြို့လေးအတွက် ကျမမှာလည်း တာဝန်ရှိသလို ခံစားနေမိခဲ့ပါတယ်။ အဲဒီအခါ စိတ်သက်သာရာ
ရရာရကြောင်း ကျမ ၀တ္ထုတပုဒ် ရေးဖြစ်ပါတယ်။ ၀တ္ထုရေးနေချိန်တလျှောက် တကယ့်ကို ကြေကြေကွဲက.ွဲ . ရေးနေခဲ့တာပါ။
ရေးလိုက် မျက်ရည်ကျလိုက် ပစ်ထားလိုက်န.ဲ့ . များသောအားဖြင့် ခုလို ၀တ္ထုရှည်စဆုံးမျိုးကို တထိုင်တည်းရေးလေ့ရှိတဲ့ ကျမ
ခုဝတ္ထုလေးကို ထုံ့ပိုင်းထုံ့ပိုင်းနဲ့ ရေးယူရပါတယ်။ ၁၉၉၈ မေလမှာတော့ ကျမတို့ ဆရာဆရာမအားလုံး ရန်ကုန်ကို
ပြန်ပြောင်းရမယ်လို့ ပြောင်းရွှေ့မိန့် ထွက်လာပါတယ်။ ဒီတော့မှပဲ စိတ်ထဲ တကယ်ကို ထိခိုက်ပြီး ဒီဝတ္ထုကို
အပြီးသတ်နိုင်ပါတယ်။့ "ကြေကြေကွဲကွဲ ခံဝန်"... လို့ နာမည်ပေးလိုက်ပါတယ်။

အဲဒဝ
ီ တ္ထုကို မဟေသီပို့တော့ စိစစ်ရေးက ပယ်ချလိုက်ပါတယ်။ နောက်.. တခြား မဂ္ဂဇင်းကနေ
ခေါင်းစဉ်တမျိုး ပြောင်းပြီး တင်ကြည့်တော့လည်း မလွှတ်ပါဘူး။ ဒါနဲ့ ခေါက်သိမ်းထားလိုက်တာ ၂၀၀၅ ကျမှပဲ စိစစ်ရေးက
ကျပါတော့တယ်။ ဒါတောင် နောက်က 'ခံဝန်'ဆိုတာကို ဖြုတ်ပေးလိုက်ရပါတယ်။ (အဲဒီ ၉၆နဲ့ ၂၀၀၅ ကြားထဲ စိစစ်ရေးကို
စိတ်နာနာနဲ့ ဒီဝတ္ထုထဲက တချို့အစိတ်အပိုင်းတွေကို တခြားဝတ္ထုတွေထဲ ထည့်ထည့်ရေးနေတာနဲ့ တချို့ အချက်အလက်
တွေဆို ထပ်တောင်နေတယ် ထင်ပါတယ်။ ဒါပေမဲ့ အဲဒဝ
ီ တ္ထုလေးကို စွဲလန်းတာနဲ့ပဲ ရသ၀တ္ထုစဉ်စာအုပ်တစ်အုပ်အတွက်
ပင်နီစာအုပ်တိုက်ကို ပေးခဲ့ပါတယ်။ ပင်နီစာအုပ်တိုက်က စာအုပ်အပြင်အဆင်ကို သေချာလုပ်တဲ့အတွက် ဒီဝတ္ထုလေးရဲ့
အခင်းအကျင်း အတင်အပြက ကျမစိတ်ကြိုက်ရခဲ့တာလည်း တကယ့် သဘောကျစရာပါ....။

အဲဒဝ
ီ တ္ထုလေးကို ၉၆ ကျောင်းပိတ်တဲ့ အမှတ်တရအဖြစ် တင်ပေးချင်ပါတယ်။ တကယ်တော့ ၉၇ နဲ့
ပတ်သက် လို့လည်း ရေးစရာတွေ ရှိနေသေးတာပါ။ ဒါပေမဲ့ လောလောဆယ်.. ကြေကြေကွဲကွဲကို ပေးဖတ်ချင်
တာနဲ့.................

ကြေကြေကွဲကွဲ

(တစ်)

တောင်ထိပ်မှာ တိုက်ခတ်မြဲလေက အခါများစွာကလိုပင် အေးမြမြဲ... လန်းဆတ်မြဲ။


အဲဒီတောင်ထိပ်မှာ အမြဲပျော်ရွှင်ရင်မောနေကျ မိန်းမတယောက်ကတော့ဖြင့် ခုချိန်မှာ ရှိုက်ကြီးတငင် ငိုကြွေးလို့။
ဒီနေရာကနေ မတ်မတ်ရပ်လို့ အောက်ဘက် ခတ်လှမ်းလှမ်းမှာ ဆီးမြင်ရသော မြို့ကလေးကို သဲသဲကွဲကွဲ မမြင်နိုင်ပြီ။
မြို့ကလေးကို အပေါ်စီးမှ အပြည့်အဝ မြင်နိုင်သော ဒီတောင်ထိပ် အစွန်းကလေးမှာ လွတ်လွတ်လပ်လပ် ရပ်ရင်း
လေအဟုန်ဖြင့် အဝတ်တို့ တဖြတ်ဖြတ် လွင့်လျှင် သူမ ပျော်ရွှင်ပေါ့ပါးစွာ ရယ်မောနေကျ။ အဲဒီအခါ... စိတ်ထဲမှာ
လေဟုန်စီးနေရသည်ဟုပင် ထင်သေးတာ။ အဲဒီအချိန်ဆို သူမက လေဟုန်စီး ငှက်ကလေး တကောင် ဖြစ်သွားကာ
အလွတ်ရနေသော မြို့ကလေး၏ နေရာအနှံ့ကို ပျံဝဲကြည့် နိုင်ခဲ့တာ။ ဘယ်တော့မှ မေ့မရနိုင်သည့် သတိတရတွေပဲ
ဖြစ်ပါသည်။

ဟော... ဟိုးမှာ မြွေလိမ်မြွေကောက် မြို့ပတ်လမ်း။ (သူမနှင့်မောင် အပါအဝင် ချစ်သူများကို ဖမ်းစားနေကျ ကုန်းတက်


ကုန်းဆင်းများနှင.့် .....)

ဟိုနေရာကလေးက စိုက်ပျိုးရေးကျောင်းပိုင် လယ်ကွင်းတွေပေါ့။ မညီမညာမြေသားတွေကြောင့် စက်ဘီး


ဖြတ်နင်းသွားတဲ့အခါ ဒုတ်ဒုတ်ခုန်လို့။ စက်ဘီးမစီးတတ်သော သူမက ကြောက်ကြောက်နှင့် မောင့်ပုခုံးကို
အားကုန်ဆုပ်ဆုပ်ထားရတဲ့ ရင်ခုန်သံကိုပင် ပြန်ကြားရသေးသည်။

ကြည့်စမ်း..... ဟိုမှာ မြို့ထဲကို ပြည်ထောင်စု ရပ်ကွက်ကနေ သွယ်လာတဲ့ လမ်းကလေး.... မြို့ကလေးရဲ့ ထုံးစံအတိုင်း


ကုန်းတက်တွေဆို လူကို စက်ဘီးကစီး၊ ကုန်းဆင်းဆို စက်ဘီးရဲ့ အရှိန်နဲ့ ပြေးဆင်းလို့ တမောမောနှင့်ပင်
ပျော်ခဲ့ကြရဖူးသည်။

ကန်သာယာနှင့် ဆေးရုံတဝိုက်မှာရှိသော လမ်းဆွယ်လေးတွေကတော့ သူမကို အဖမ်းစားခဲ့ဆုံးပင်။ သူမကို


မိန်းမောရူးသွပ်သွားစေခဲ့သော တရားခံတွေထဲမှာ ထိုနေရာလေးတွေကလည်း ကျိန်းသေ ပါ၏။

တွေ့လား.... မြေနီလမ်းကလေးတွေ။ ရေကန်ကျယ်ကျယ်တွေကို ဘယ်ညာခြံရံလ.ို့ .. ကြာတွေလည်း ပွင့်ကြသည်။


ဒါ့ထက်ပို၍ သက်ဝင်ပြည့်စုံမည့် ရှုခင်းပန်းချီကားတချပ် ဘယ်မှာမှ မရနိုင်တော့။

ထန်းပင်တွေ၊ အုန်းပင်တွေ၊ ကုက္ကိုပင်အုပ်ကြီးတွေကြောင့် စိမ်းရိပ်နေသော ဟောသည် ကမ်းနားကလေး ကလည်း


ဆောက်တည်ရာမရခဲ့ဖူးသည့် မိန်းမတယောက်၏စိတ်တို့ကို ငြိမ်ဝပ် သွားစေခဲ့ဖူးသည်။ သံလွင်မြစ်ကို
ဖြတ်တိုက်လာသည့် လေညှီညှီစိမ်းစိမ်းကို ရှူရှိုက်ရင်း အေးရိပ်ခိုခဲ့ဖူးသည်။ ဖြစ်ချင်ရာဖြစ်ဆိုသော စိတ်ဝေဒနာဖြင့်
ကမ်းနဖူးမှာ ရပ်ရင်း မြစ်ရေညိုညိုထဲ ငုံ့ကြည့်မိစဉ်မှာ မြစ်ရေစီးကြောင်းသန်သန်ထဲ ထင်းတုံးတွေ ခက်ခဲတကြီး
လိုက်ဆယ်နေသည့် ကလေးတစုကို အမြင်မှာ....“အသက်တာ”ရဲ့တန်ဖိုးကို သတိဝင်သွားခဲ့ရဖူးသည်။

အဲဒီနေ့ရက်တွေတုန်းက မြို့ကလေးဆီကို ရောက်စ... ဒဏ်ရာအနာတရ ပလပွနှင့် မိန်းမ သည် သူမရဲ့ နေ့ရက်တွေကို


မြို့ကလေးရဲ့ ရင်ခွင်ထက
ဲ နေ တမေ့တလျော့.... ဖြတ်ခ.ဲ့ .. လွယ်လွယ် ငိုခဲ့.... ပြီးတော့ လွယ်လွယ် ပျော်ခဲ့တာ...
ရက်များစွာ......။

တကယ်တော့ သူမကိုက ....မြို့ကလေးကို.... အသုံးချခဲ့တာလေ။

တခါတလေများ သူ့ရင်ခွင်ဆီကနေ သူနှင့် အလွန်နီးသည့် နယ်ခြားဒေသမြို့ကလေးများဆီအထိပင် ခြေဆန့်လို့


သူမက ပျံဝဲခဲ့သေးတာ....။ ပြီးတော့ စိတ်ရဲ့ဖြေရာတဲ့လေ။ သူ့ရင်ခွင်ထဲမှာ လိုသလို ပျံဝဲခွင့်ရခဲ့တာ.... သုံးနှစ.် .... တဲ့။
သူမစိတ်ထဲမှာတော့ နာရီပိုင်းလောက်သာ ကြာခဲ့သည်ဟု ထင်သည်။

ခုတော့ဖြင့်သူ့ကိုထားခဲ့ရတော့မည်။
သူနဲ့ဝေးရာ....ဇာတိမြေဆီကိုသူမပြန်ရတော့မည်။
“ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင”့် တဲ့။
အဲဒီ အမိန့်စာလေးက သူမကို မီးလျှံလိုပဲ ပူလောင်စေလှသည်။

ခုချိန်ကျမှတော့ သူ့ခြေရင်းမှာ ဒူးထောက်ငိုကြွေးရုံကလွဲ၍ သူမအတွက် အခွင့်အရေး တစုံတရာ မရှိတော့ပါ။


“ကျမကို ခွင့်လွှတ်ပါ” ဆိုရုံမျှနှင့်တော့ မလုံလောက်တော့ပြီ။ သို့ပေမဲ့ သူမ တောင်းပန်ချင်လှပါသည်။

ထိုမိန်းမက တောင်ထိပ်ရဲ့ အဖျားလေးမှာ ဒူးထောက်ထိုင်ချလိုက်သည်။ မြို့ကလေးကို လှမ်းကြည့်တော့


မှုန်းဝါးလို့နေ၏။ လေတိုးသံမှအပ တိတ်ဆိတ်နေသော ဝန်းကျင်မှာ သူမ ရှိုက်ငင်သံကသာ ကျယ်ကျယ်လောင်လောင်
ရှိနေသည်ထင်၏။ သူမက ကိုယ်ကို လျော့ချပျပ်ဝပ်ကာ မြေပြင်ကို နဖူးနှင့် ထိကပ်လိုက်သည်။ ပြီးမှ သူရူးတယောက်
လို ထိပ်လန့်တကြားနိုင်စွာ ကောင်းကင်ကို မော့မျှော် တိုင်တည်သလို.......
“ကျမကို ခွင့်လွှတ်ပါ။ ကျမရဲ့ အသည်းနှလုံးတွေ ဒီအရပ်မှာပဲ ကျန်ရစ်ခဲ့ပြီ ဆိုတာကို ကျမ သစ္စာ ဆိုပါတယ်။
အဲဒီ မှန်တဲ့သစ္စာကြောင့် မြို့ကလေးက ကျမကို ခွင့်လွှတ်နုင
ိပါစေ”
ဟု တုန်တုန်ယင်ယင် ရေရွတ်လိုက်လေသည်။

အတ္တကြီးသည့် ထိုမိန်းမက ဘဝထဲမှာပင် မခံစားချင်သော ကာလတွေ၊ အဖြစ်အပျက်တွေ ဆိုလျှင် မည်မျှပင်


အရေးကြီးပါစေ တမင်မေ့ချန်ထားပစ်ခဲ့တတ်သူပဲ ဖြစ်သည်။ ခုလည်း မြို့ကလေးကို ခွဲချန်ထားခဲ့ရတော့မည့်
နောက်ဆုံးနှုတ်ဆက် ညနေလေးမှာ ထိုမိန်းမက မိမိ နှလုံးသည်းပွတ် တည်နေရာကလေးကိုပင် ကျောခိုင်း မေ့လျော့ဖို့
ကြိုးစားခဲ့တာ။ သူမ၏ ဒယိမ်းဒယိုင်ခြေလှမ်းတို့က အိမ်အပြန် အဆောင်ဝင်းဆီ ဦးတည်.........။

သို့ပေမဲ့ တောင်ထိပ်ဆီမှာ ကျန်ခဲ့ပြီဟု သူမ မှတ်ထင်ခဲ့မိသည့် .....


‘ကျမကို ခွင့်လွှတ်ပါ.... ကျမရဲ့ အသည်းနှလုံးတွေ ဒီအရပ်မှာပဲ ကျန်ခဲ့ပြီဆိုတာကို ကျမ သစ္စာ
ဆိုပါတယ်...... အဲဒီ မှန်တဲ့ သစ္စာကြောင့် မြို့ကလေးက ကျမကို ခွင့်လွှတ်နိုင်ပါစေ..’
ဟူသော သူမ၏ ငိုကြွေးတိုင်တည်သံက ညနေလေပြေနှင့်အတူ မျောလွင့်ကာ တောင် နံရံတွေကို ရိုက်ခတ်၊
တဖန် ပဲ့တင်ပြန်ကာ သူမထံကို လိပ်ပြာတွေအဖြစ် အုပ်ဖွဲ့ပျံလာကြ၏။ ပြီးတော့ သူမ မျက်နှာဆီ.... အဓမ္မ တိုးဝင်....
ရှောင်တိမ်း ဖယ်ရှားမရ....။

အို.... လိပ်ပြာမဲမဲတွေ.... အဖြူလွလွလေးတကောင်တလေများ ပါလိုပါငြားဖြင့် သူမ ရှိုက်ငင် မောပန်းရှာဆဲ....


ဖြူလျော်လျော်လိပ်ပြာလေးတကောင်က လှစ်ကနဲ ပျံပြေးလေသည်။ တကယ်မှာ လိပ်ပြာလေးက သူမကို
ဖမ်းခေါ်သွားခဲ့တာ။ လိပ်ပြာလေး ပျံသန်းရာ နောက်ကိုပင် ပယ်ငြင်းမရဘဲ သူမ လိုက်ပါသွားခဲ့ရတာ....
လိပ်ပြာကလေးက သူမကို မေ့ထား မရနိုင်သည့်ဘဝကလေးတခုထဲကိုတွန်းပို့ခဲ့လေသည်။

ဟော... ဟိုရှေ့မှာ စက္ကူပန်းရုံ ရောင်စုံခင်းတွေ၊ တရုတ်စကားပင်ပျိုတွေ၊ ကံ့ကော်တွေ ဝေနေတဲ့ ခြံဝိုင်း


ကလေးလေ.....။ (ထိုဝင်းကလေးသည် သူမ မေ့လျော့ အထားချင်ဆုံး နေရာ၊ တချိန်တည်းမှာပဲ သူမ အစွဲလန်းဆုံး
နေရာ။ သူမ ထွက်အပြေးချင်ဆုံးဘ၀၊ တချိန် တည်းမှာ ဘယ်လိုမှ ချန်ထား မေ့လျော့ထွက်ပြေးမရသော ဘဝ။
ထိုနေရာကလေးသည် သူမ၏ အဖြစ်အားလုံးတို့ သိုလှောင်ရာ နှလုံးသည်းပွတ်ဖြစ်သလို မြို့ကလေး၏
အသည်းနှလုံးကဲ့သို့လည်း အရေးပါလေသည်။) တရုတ်စကားပွင့်တွေက တဖွဲဖွဲကြွေလို့။ ကံ့ကော်တွေကလည်း
သူမရောက်ခါစကလို ပင်ညွန့်တွေ နီလို့။ စက္ကူပန်းတွေကလည်း သိပ်သိပ်ဝေလို့။ ခုတော့ တံခါးပိတ် တိတ်ဆိတ်နေတဲ့
စာသင်ခန်းတွေ.....။

ဟင့်အင်း....။
သူမ မျက်စေ့စုံမှိတ် ငြင်းဆန်တော့ သူမ ပါးပြင်မှာ လိပ်ပြာကလေး လာနား၏။ ပြီးတော့ “ဒီလို ထွက်ပြေးလို့
မလွတ်ပါဘူး” ဟု တိုးတိုးဆိုသည်။

ဟင့်အင်း.....ဟင့်အင်း......။
နှလုံးတို့ နာကျင်လာကာ စိတ်ကို လျှော့ချဖြေလွှတ်လိုက်တော့ ခန္ဓာကိုယ်က သူမရဲ့ ရုံးခန်းလေးရှေ့ မြက်ခင်းပြင်ပေါ်
ပုံကျသွားခဲ့ပြီ။ နောက်ဆုံးတော့လည်း ထပ်မံ ဒူးထောက်ရပြန်တာပါပဲ။ ဒီနေရာလေးမှာ ဆိုရင်တော့ သူမသည်
အသနားခံစာ တင်သွင်း၍ပင် မရနိုင်လောက်အောင် အပြစ်ကြီးလေးသည့် တရားခံ တစ်ယောက် ဖြစ်ပါသည်။

လေပြေလေးတဝှေ့မှာ ကံ့ကော်ရွက်နုရနံ့ စိမ်းစိမ်းပျံ့ပျံ့လေးကို ရှုရက


ှိုလိုက်ရသည်။ ဟင့်အင်း.... အဲဒါကိုလည်း
မေ့ပါရစေ။ နှလုံးသားတို့ ခုန်ထွက်မတတ် ဆတ်ဆတ်ခါသည် ထင်၏။ မျက်စေ့တို့ကို မဖွင့်ရဲစွာ
တင်းတင်းပိတ်ထားဆဲ.... ကံ့ကော်ပန်းရနံ့၊ သရက်ရွက်နုနံ့၊ တရုတ်စကားရနံ့ အဲဒါတွေကိုတော့ စုံမှိတ်
ငြင်းဆန်မရဘဲ ရှိလေသည်။

ဟော.....
ရယ်သံလွင်လွင်လေးတွေ....မုန့်တွေလုစားကြ....
စက္ကူမြားတွေနဲ့.....စကားသံဝဲဝဲလေးတွေ....
ဟော.....
စက်ဘီးအစီးပေါင်းများစွာရဲ့ ဘဲလ်သံချိုချိုလေးတွေ.....
တစီးနဲတ
့ စီး တွန်းတိုက်ကြတော့မလိ.ု ... စီရီလ.ို့ ...
ဟော....
ယောက်ျားလေးအဆောင်ရှေ့ မြေကွက်လပ်ဆီက
ဘောပွဲအားပေးသံတွေ...
ဟော.....
ခန်းမ“နှစ်”ဆီကဂစ်တာကြိုးညှိသံတွေ.... မိုက်ခရိုဖုန်းစမ်းသံတွေ.....
ဟော.....
မိန်းကလေးဆောင်ရှေ့မှာ ဂစ်တာသီချင်းသံသဲ့သဲ့....
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီတဲ့။

ရှက်ပြုံးလေးတွေနဲ့ ကောင်မလေးတချို့ရဲ့ခေါင်းမှာ ကံ့ကော်တွေ ဝေလို့။


‘လဂွန်းအိမ’် ဆိုတဲ့ ခေါင်းစဉ်ကိုသာ သင်ရပေမဲ့ “မင်းတို့ လဂွန်းအိမ်နဲ့အတူ ရာဇာဓိရာဇ်ကို သိရမယ်....
ဘုရင်မင်းခေါင်ကို သိရမယ်... သူရဲကောင်းဆိုတာကို သိရမယ်.... စစ်ရဲ့ အကျိုးအပြစ်တွေကို သိရမယ်” တဲ့။ ဒါက
ခန်းမ ‘တစ်’ဆီက... သူမရဲ့ (တချိန်က) စာသင်သံ။

ခုတော့ဖြင့်... အားလုံးကို ချန်ထားခဲ့ရပြီ။ ဘာတခုမှ ပေးချေခွင့် မရှိတော့ပြီ။ လိပ်ပြာ ကလေးက လူးလူးလှိမ့်လှိမ့်။


ကျမကို ခွင့်လွှတ်ပါ။

(နှစ)်
လွန်ခဲ့တဲ့သုံးနှစ်မှာ.....
အသည်းကွဲနေ့ရက်တွေထဲ လူးလှိမ့်နေရတဲ့ မိန်းမတယောက်ဟာ သူမရဲ့ ထွက်ပေါက် (ဒါမှမဟုတ)် ခေတ္တ
နားခိုရာအဖြစ် (မြို့တော်ကြီးကို ကျောခိုင်းဖိ)ု့ မြို့လေးတမြို့ကို ရွေးချယ် ခဲ့ပါတယ်။ အဲဒါ... ဟောဒီ မြို့ကလေးပေါ့။
အဲဒီ မြို့ကလေးဆီကို တခါမှ မရောက်ဖူးပါဘဲနဲ့ အဲဒီမိန်းမက ယုံယုံကြည်ကြည် ကျေကျေနပ်နပ် နဲ့ ရွေးချယ်ခဲ့တာ။

သူမဘဝကို ဆေးကုရင်း အဲဒီမြို့ကလေးကိုပါ ရှင်သန်ဖွံ့ဖြိုးအောင် စိုက်ပျိုးမယ်တဲ့လေ။


အဲဒီတုန်းက အညိုရောင် ဖျော့ဖျော့မြို့ကလေးကို သူမက မြေသြဇာကျွေးချင်ခဲ့... ပေါင်းတင် ပေးချင်ခ.ဲ့ ...
ရေလောင်း၊ ပိုးသတ်၊ ပျိုးထောင်ပေးချင်ခ.ဲ့ ....။ သူမရဲ့ ပန်း များစွာကို ပွင့်ဖူးစေ ခဲ့တဲ့ လက်တွေအားကိုး နဲ့ပေါ့။
အဲဒီမြို့ကလေး စိမ်းလန်းဝေဆာဖို့၊ နေသာဖို့၊ မိုးကောင်းဖိ့၊ု လေပြေလေညှင်းတွေ မွှေးပျံ့ဖို့အတွက်ဆိုရင်
ကိုယ့်နှလုံးသားကိုပါ ချကျွေးချင်ခဲ့တဲ့ မိန်းမပေါ့။
တကယ်တမ်းကျတော့ မြို့ကလေးကသာ သူမကို ထွေးပွေ့နှစ်သိမ့် ခဲ့ရလေသည်။

နံနက်ခင်းဆိုတာနဲ့ ထင်းကနဲ လင်းပြက်ဆူညံသွားတတ်တဲ့ အဲဒီမြို့ပူပူကလေးမှာ သူမရဲ့ အေးခဲခဲ့သွေးတွေက


ပြန်နွေးခဲ့သည်။ အဲဒီမြို့ကလေးမှာ ကလေးတွေကို စာသင်ရင်း ... မြို့ပြယန္တရား၊ လူမှုယန္တရား၊
စနစ်ယန္တရားဆိုတာတွေကို ပို့ချရင်း မြို့လေးရဲ့ တိမ်းမူးဖွယ် ညှင်းညံ့သော လေပြေသွေးထဲမှာ သူမ
လူးလိမ့်မျောပါနေခဲ့သည်။ “ကျောင်းဆရာမ တယောက်ရဲ့ တာဝန်ဟာ စာသင်ရုံမဟုတ်၊ ဘဝတွေကိုပါ သင်ပေးရမယ်”
ဟု ကြွေးကြော် ရင်းနှင့်ပင် သင်ပေးလို့မရသော ဘ၀တွေကို ကြုံကြိုက်ခဲ့ရတာ။ သူမ ငြင်းဆန်ဖ.ို့ ... တိုက်တွန်းဖို့
မတတ်သာခဲ့။ စပါးစိုက်ရင်း ကျောင်းတက်၊ အဝေးပြေးကားမောင်းရင်း ကျောင်းတက်၊ အထည်ဆိုင်ထွက်ရင်း
ကျောင်းတက်။ အဲဒီနယ်စပ် မကျတကျ မြို့ကလေး က သူမထက်ပင် ဘဝဆိုတာ ဘာလဲဟု သူမရဲ့ ကလေးတွေက
ပြန်သင်ပေးနိုင်ခဲ့တာ....။ သူမကိုယ်တိုင် ဒါကိုပဲ လက်ခံနေရပြီ။

အဲဒီမြို့ကလေးမှာ မနက်ခင်း အလင်းရောင်လာသည်နှင့် အလုပ်ခွင်စဝင်ကြ၊ အလုပ်ကလည်း ပုံသဏ္ဍာန်မျိုးစုံ၊


အမျိုးအစားပေါင်းစုံ။ ညနေခင်းးကျတော့ အပန်းဖြေကြ၊ ညကျတော့ ရုပ်မြင်သံကြားကြည့်.... ဒါမှမဟုတ်
ဗွီဒီယိုရုံပွဲတွေကြည့်။ ဟော.... အလုပ်နားရက် ကျတော့ အသက်ကြီးသူ တချို့က ဘုရားပုထိုး၊
ကျောင်းသင်္ခန်းသွား..... လူငယ်တချို့က လက်ဖက်ရည်ဆိုင်ထိုင်၊ အလည်အပတ်ထွက်ကြ၊ တချို့သော
လူကြီးလူငယ်တွေက တစုံတရာကို သုံးလို့ မူးယစ်ရီဝေကြ။ ရင်နာစရာကောင်းတာတခုက မြို့ကလေးရဲ့
ညနေခင်းတိုင်းဟာ ထန်းရည်နံ့၊ အရက်ဖြူနံ့တွေ စိုရွှဲနေတတ်တာပဲဖြစ်သည်။

စာသင်ခန်းထဲမှာ သူမက ‘တယောက်ကအစ တရာ’ ဆိုသည့် အင်အားသဘောကို ယုံကြည်စွာ စာသင်ခန်းထဲမှာ


ဗိုလ်ချုပ်အကြောင်းပြော၊ ရာဇာဓိရာဇ် အကြောင်းပြော၊ အနော်ရထာနဲ့ ကျန်စစ်သား အကြောင်းပြော၊ ဂျိုဆေရီဇော်
အကြောင်းပြော၊ ပြင်သစ် သူရဲကောင်းမလေး ဂျုံးအကြောင်းပြော၊ ဘိုးရာဇာအကြောင်းပြော၊ မဟတ္တမဂန္ဓီ အကြောင်း
ပြော.....ပြော....ပြော....။

သူမစိတ်ထဲမှာတော့ ပျိုးခင်းတွေကို ပေါင်းလိုက်၊ မြေသြဇာကျွေး ပေးနေရသလို နှစ်သိမ့် ကြည်နူးလို့။

သို့ပေမဲ့ သူမရဲ့ မြေသြဇာတွေကပဲ အဆမတန်ဖြစ်လေသလား၊ အချိန်ပဲ မတန်လေသလား၊ သူမရဲ့ ပျိုးပင်လေး တွေက


ခေါင်းတောင် လန်းစွင့်မလာကြပါ။ ထိုစဉ်က စိတ်ဓါတ်ကျခဲ့တာ ခုထိ သတိရနေမိသေးသည်။ ထိုအခါ
စိတ်ကျကျထဲမှာ ဗိုက်ဆာတာကပင် ပိုဆိုးလာသည် ထင်၏။ ကိုယ်တိုင်လက်ပန်းကျ၊ စားဝတ်နေရေးထဲ အလဲလဲ
အပြိုပြို။ သည်လိုနှင့် ကိုယ်တိုင်ပင် ငွေသာပဓါနဟု ထင်ယောင်လာသည်။ ရင်ထဲမှာ အဆမတန် မောဟိုက် ပင်ပန်း
နွမ်းနယ်......။

အဲဒီအချိန်တွေမှာပဲပေါ့။ အင်မတန် စိတ်ကူးယဉ်သော သူမက ခိုလှုံချင်စဖွယ်သော မြို့ကလေးရဲ့ ရင်ခွင်ကို


အသုံးချခဲ့တာ။

သူ့ရရ
ဲ့ င်ခွင်ထဲမှာ.......
ညနေတွေမှာ ကမ်းနားစပ် ကုက္ကိုပင်တွေ အောက်မှာ ဟိုးဝေးဝေးဆီက တောင်ညိုတန်း တွေဆီ ငေးမောရင်း
အလွမ်းတွေကို ဆေးကြော.......။

ပူပြင်းလောင်မြိုက်နေတဲ့ ဘဝကို မြစ်ရေအေးအေးလေးနဲ့ စိမ်ဆေး။ မြို့ကလေးကို ပွေ့ပိုက်ထားတဲ့ တောင်တွေရဲ့


အရိပ်မှာ နာကျင်ကြေမွတဲ့ နှလုံးသားကို မြှုပ်န.ှံ ...။ တကယ်ကို အနာတွေ သက်သာရာရသည် ထင်၏။
အဲဒီအချိန်တွေမှာ မြို့ကလေးက တကယ့်ကိုပဲ နွေးထွေးတဲ့ ရင်ခွင်နဲ့ သူမကို ထွေးပိုက်ခဲ့တာ သေချာလှပါသည်။

အဲဒီမြို့ကလေးဟာ မှော်အောင်တဲ့ မြို့ကလေးဟုလည်း သူမက ယုံသည်။ ကြည့်လေ.... ကုန်းတက်ကုန်းဆင်း


လမ်းကလေးတွေကို ခြေဖဝါးနဲ့ နင်းရင်း အဲဒီ မြို့ကလေးရဲ့ သွေးသား မြို့သူမြို့သားတွေနဲ့ သူမ သွေးနီးခဲ့တာ.....
တသားတည်းကျလို့။ အဲဒီမြို့လေးနှင့် ထပ်တူ ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေတတ်ခဲ့ပြီ။
ဘဝဆိုတာ
တိုတိုလေးမို့
ငှက်ကလေးတွေလို
ပျော်ကြစို့
ဆိုသော ကဗျာလေးပါသည့် ပို့စ်ကဒ်တခု သူမထံမှာ ငယ်ငယ်က ရှိခဲ့ဖူးသည်။ ခုတော့ အဲဒီ ကဗျာကို
ကောင်းကောင်း ထောက်ခံသော လူတွေရှိရာ မြို့ကလေးကို သူမ လက်တွေ့ ရောက်ဖူးခဲ့ပြီ။ သူမက အင်မတန်
ထိလွယ် ရှလွယ် ငိုလွယ် ရယ်လွယ်သူ......။

မြို့ကလေးကတော့ဖြင့် နာခဲ၊ ငိုခဲလှသည်။ မြို့ပြမှာ ကြားရလေ့ရှိသော ညည်းညူသံ၊ ညည်းတွားသံတွေကို


မြို့ကလေးမှာတော့ ကြားရခဲမည်။ တကယ်တမ်းကျတော့ ဒဏ်ရာရ ကြပုံချင်း အတူတူ။

“ဘာမှ မထူးဘူး ဆရာမ... နာလှချည်ရဲ့လို့ အော်နေတော့လည်း ဆွဲထူမယ့်လူမှ မရှိဘဲ။ ဒီတော့


အော်နေမယ့်အစား ကိုယ်တတ်နိုင်သလောက် ကုန်းထရမှာပဲ။ ထ မရတော့လည်း လှဲအိပ်နေလိုက်ရုံပေါ့”
ဟူသော ကလေးတယောက်ရဲ့ တုံ့ပြန်စကားအကြားမှာ သူမ မျက်ရည်ကျချင်ခဲ့ဖူးသည်။ ဒါဖြင့် သူမက
ဆွဲထူမည့် သူလား၊ လဲကျနေသူတွေက အများကြီး။ ပြီးတော့.... ဆွဲကူ ထူမည့် သူမကိုယ်တိုင်က အင်အားချိနဲ့နေသူ။
ယိုင်လဲကျလုမျှ တဲတဲလေး....။

“စာဖတ်ကြစမ်းပါကွယ်... မင်းတို့အရွယ်လောက်မှာ ဘယ်ေ လာက်မှ မဖတ်နိုင်ရင်တောင် လက်လှမ်းမီ


သလောက် ဗဟုသုတ ရမယ့်စာအုပ်တွေ ရှာဖတ်ကြပါ.....”
ထိုမျှ အားပေးရုံလောက်တော့ သူမ တတ်နိုင်ပါသည်။ ကလေးတွေရဲ့ မျက်လုံးတို့ တောက်ပြောင်လာ၏။
“လွမ်းမောဖွယ် တက္ကသိုလ်နွေညများ”၊ “ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်”၊
“ယောနသံစင်ရော်” တိ.ု့ ....။ သူမပင် စကားမဆုံးသေး ကလေးတွေ ဆူညံဆူညံဖြစ်လာသည်။
“ဘယ်ဆိုင်မှာ ရှာရမလဲ ဆရာမ”
ဟုတ်ပါရဲ့။ ထိုမြို့လေးမှာ စာအုပ်ဆိုင် ကောင်းကောင်း မရှိပေ။ ဒါဖြင့် သူမက ရှာပေးရင်ကော....။
ကျောင်းသူကျောင်းသား ထောင်ကျော်အတွက် သူမက စာအုပ် ဘယ်နှအုပ် ပေးနိုင်မှာလဲ။
“မင်းတို့အသက် နှစဆ
် ယ်ကျော်ကြပြီ။ တက္ကသိုလ် ပညာသင်နေကြတာ။ တက္ကသိုလ် ပညာရေး စနစ်ဟာ
ဆရာဆရာမ သင်ပေးသမျှကိုပဲ လက်ခံယူဖို့ မဟုတ်ဘူး။ ကိုယ့်ဘာသာ ပိုကျယ်ကျယ် ပြန့်ပြန့် ရှာဖွေလေ့လာ
ကြရတာ”

ကလေးတွေက မျက်လုံးဖျော့ဖျော့တွေနှင့်။ သူတို့က မှတ်စုပေးလျင်တော့ တက်တက် ကြွကြွ ကူးချင်ကြ၏။


Lecture (လက်ချာ) သဘောကိုမှ နားမလည်နိုင်ကြ။ ပြီးတော့ စာတစ်ပုဒ် သင်တိုင်း တက်ညီလက်ညီဖြင့်....
“ဒီအပုဒ်က စာမေးပွဲအတွက် အရေးကြီးလားဆရာမ” ဟု မေးတတ်ကြသည်။ ဒါပဲလေ... သူတို့ရဲ့ ရပ်တည်မှု။

အဲဒီလှိုင်းတွေကို သူမ ခက်ခက်ခဲခဲ ကူးခတ်ကျော်ဖြတ်ရ၏။ ကူဖော် အားပေးဖော် မရှိ။ ကြာတော့လည်း


လက်ပန်းကျချင်ပြီ။

ညနေ ညနေတွေမှာတော့ သူမရဲ့ တင်းအားတွေ လျော့ပြေနိုင်၏။ ကောင်လေးတွေက ဂစ်တာကိုယ်စီနှင့်


ကျောင်းဝင်းစပ် ကံ့ကော်ပင်ရိပ်မှာ....။ ကောင်မလေးတွေက မလှမ်းမကမ်းတွေမှာ ၀ိုင်းဖွဲ့ထိုင်လ.ို့ ...
အဆောင်မပိတ်ခင် ခြောက်နာရီထိ.... နေအ၀င်ကို စောင့်ကြိုနေကြသလိ.ု ..။

“ပန်းခရမ်းပြာ ဗေဒါလေး ကမ်းစပ်နားမှာ ငြိတွယ်


လမ်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်
ငြိမ်းအေးရာ ဖွေရှာရင်း မိန်းမောငေးကာကြည့်နေ
ပိန်းပိတ်အောင် မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ”

ကောင်လေးတွေ ပြိုင်တူအော်ဆ.ို ... ကောင်းမလေးတွေက တီးတိုးလိုက်ညည်း။ တကယ်တမ်းကျတော့ အဲဒီ


တံတားဖြူ အင်းလျားကမ်းပါးစပ်ကို သူတို့ထဲက တချို့တလေသာ ရောက်ဖူးကြမည်ထင်၏။ တက္ကသိုလ်
ပရိဝုဏ်ဆိုတာက ဒီမြို့ကလေးဆီမှာတော့ ကျောင်းဆောင် လေးငါးဆောင်နှင့် သုံးဧကခန့်သာ ကျယ်ဝန်းသော ‘၀င်း’
တစ်ခုသာ ဖြစ်သည်။ ထိုကောလိပ်ကလေးကို ရောက်စက သူမ စိတ်ကူးယဉ်ခဲ့သေးသည်။

ဒါထက် ပိုကျယ်ဝန်းဖို့ပဲလိုမည်။ အဆောက်အဦး ကောင်းကောင်းတွေ မရှိလျှင်နေပါစေ.... သစ်ရိပ် ၀ါးရိပ်


ကောင်းကောင်းနှင့်ဆ.ို ... ထိုကျောင်းကလေးက သူမ ကြားဖူးသည့် တဂိုးရဲ့ ရှန္တိနိကေတန်လို ဖြစ်လာနိုင်တယ်.....
သူမရဲ့ တပည့်လေးတွေကတော့ သူတို့နေရာလေးမှာ ပျော်နေကြသည်။ ဘာကိုမှလည်း ပိုမမက်မောကြ။
အဆောင်ထမင်းဟင်း မကောင်းလည်း ရယ်စရာလုပ်ပစ်ကြသူလေးတွေပါ။ နေ့လယ်ဗိုက်ဆာတော့ လက်ဖက်ရည်
သောက်ပြီး ရေနွေးကြမ်းနှင့် စိမ်ကြ၏။

“ဗိုက်ဆာတဲ့အချိန် လက်ဖက်ရည်သောက်ရင် အတော်ပဲဆရာမရဲ့ ရင်ခံပြီး ဗိုက်ပြည့်သွားရော”

သူတို့နည်းနှင့်သူတို့ လောကဓံကိုလည်း ရင်ဆိုင်တက်ကြလေသည်။ ဘယ်လိုက ဘယ်လို ရသော


အရည်အချင်း များလဲ....။ သိုနှင့်ပင် သူမပါ ကလေးတွေနှင့် တသားတည်း ကျစပြုလာကာ အရာရာကို ရောင့်ရဲ
ရင်ဆိုင် တတ်လာတာ။

ဒါဟာ.... အညံ့ပဲ.... အရှုံးတစ်မျိုးပဲဟု တွေးမိသည့်ကြားကပင် သူမက အဲဒီရေစီးကြောင်းထဲ မျှောလိုက်ချင်


လာခဲ့တာ။

စာသင်ခန်းထဲမှာ မှတ်စုကိုသာ လိုချင်သော ကလေးတွေများသော်လည်း လက်ဖက်ရည်ဆိုင်ထိုင်ကြ လျှင်တော့ဖြင့်


သူမရဲ့ ကလေးတွေက သူမပြောသမျှ မြို့ပြအနာဂတ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ ဖွံ့ဖြိုးခြင်းနှင့်
တိုးတက်ခြင်းဆိုတာတွေကို စိတ်ဝင်စားကြသားပင်။ဒါပေမဲ.့ ...အဲဒါကလည်းလူနည်းစုကလေးလေ။

နောက်တော့ ဝမ်းရေးဆိုတာလည်း ဆွေးနွေးဖူးသည်။ လွမ်းရေးလည်း ပါ၏။ ပြီးတော့ သူတို့လေးတွေဆီက


“အိမ်မိုးဖက်” လှောင်တာ၊ မီးသွေးလှောင်တာ၊ မြေပဲလှောင်တာ တွေပင် သူက ပြန်လည် သင်ယူဖြစ်သေး။ စာသင်ရင်း
ဆာလာသော ဝမ်းကိုဖြည့်ဖို့ သူမလည်း ‘ဖက်’ တွေ၊ ‘မြေပဲ’ တွေ လှောင်တတ်လာပြီ။ ငွေစက္ကူတွေ တွက်ချက်ရင်း
စာဖတ်ချိန် နည်းနည်း လျော့လာသည်။ ဟော.... ငွေစက္ကူတွေ တွေ့တွေ့လာတော့လည်း အရင်က ငွေစက္ကူကြောင့်ပဲ
ကျောခိုင်းချင်ခဲ့သည့် မြို့ပြဆီကို ပြန် ပြန် ပြေးချင်လာပြန်သည်။

တဖြည်းဖြည်းနှင့် သူမကိုယ်တိုင်ပင် အဆိပ်သင့်လာပြီ။ သည်လိုနှင့်ပင်... သူမက မြို့လေး ကို သိသိသာသာ


အသုံးချနေခဲ့ပြီ။ မြို့ကလးကို စိုက်ပျိုးမည့်မိန်းမက မြို့ကလေးဆီမှ ရသလောက်ကို ရိတ်သိမ်းလျက်
မြေသြဇာတွေကိုပင် ချက်ချင်းအသုံးမချဘဲ သိုလှောင်လို့သာ ထားနေခဲ့ပြီ။ အဲဒီမြေသြဇာတွေ တချိန်တော့
အသုံးချမှာပေါ့....... တဲ့။

ခုတော့ဖြင့်......
မြို့ကလေးရဲ့ ရင်ခွင်ထဲမှာ ပန်းချီတွေရေး၊ ကဗျာ.... ဝတ္ထုတွေရေး၊ သီချင်းတွေဆို၊ တောင်တန်းများဆီ
ပျံသန်းရင်း မြို့ကလေးဆီမှာ ငြိမ်းချမ်းသာယာမှုကို စုပ်မြို.... မြို့ကလေးကို အသုံးချခဲ့တာ။

ဘ၀တစ်ခုထဲမှာ အဆိပ်သင့်ခဲ့ဖူးသော မိန်းမတစ်ယောက်ကို မြို့ကလေးက အဆိပ်ပြေစေခဲ့ဖူးတာ


ငြင်းဆန်မရ။
စိတ်ကူးအိပ်မက်တွေထဲမှာ ဖျက်ခနဲ လန့်နိုးလျှင်တော့ သူမက ရုပ်ပိုင်းမှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာသော
မြို့ကလေးကို စိတ်ပိုင်းအရပါ တိုးတက်လာအောင် ပြုစုဖို့ဆိုတာကို သတိရနေဆဲ...။
ခုတော့ဖြင့်....။

(သုံး)
သူ့ရဲ့ ပွေ့ပိုက်လက်တွေကြားမှာ
အချစ်တေးသွား ကျိုးအပဲ့တွေကတောင်
မြိုင်ဆိုင်သာယာကြရဲ့....
သူဘယ်လို ဖမ်းစားသလဲဟင် !
ဒုက္ခတွေကိုတောင် ချိုမြိန်စေတဲ့အားနဲ့
သူ့ရဲ့ပါးပြင် လမ်းသွယ်တွေထဲ
တိုးဝင်ရဲစေခဲ့တာ.....

အဲဒီ မြို့ကလေးအတွက် သူမ ကဗျာရေးဖြစ်တော့လည်း ထိုကဗျာက ကိုယ်တိုင် ရေးတာ မဟုတ်.... ‘မှော်’


တမျိုးက ရေးလိုက်သလို.... သူမရဲ့ လက်ဖျားတွေဆီမှ စာကြောင်းတွေ အလွယ်တကူ မျောကျသွားခဲ့ကြ၏။

တကယ်ပါ..... စိတ်ငြိမ်းအေးတရား တို့နှင့် ဝင်းပနေသော ထိုမြို့ကလေးမှာ ဒုက္ခတို့ကပင် ချိုမြိန်ကြ၏။


သိပ်စနစ်မကျလှသည့် ဘာသာရေးနည်းလမ်းတွေကပင် ထိုမြို့ကလေးကို ရောင့်ရဲအေးချမ်းအောင်
ထိန်းကွပ်ပေးနိုင်တာဟာ မြို့ကလေးရဲ့ ပျော့ပြောင်းမှုကြောင့်ပင် ဖြစ်ပါလိမ့်မည်။

“ဘာမှ များများ မတွေးချင်ပါဘူး ဆရာမရယ်... ဂုဏ်သိက္ခာအတွက် ဘွဲ့တခုရဖို့ ကျနော်တို့


ကျောင်းလာတက် တာ၊ ကျောင်းပြီးရင်... လယ်ပဲ လုပ်မှာ.....၊ ကုန်ကားပဲ မောင်းမှာ....၊ ဆိုင်ပဲ ဆက်ထွက်ရမှာ....။”

အရင်းအနှီးမရှိသူတွေ၊ မိဘလက်ငုတ်လက်ရင်း မရှိကြသူတွေကတော့ “တောင်ပေါ်ပဲ သွားရမှာပဲ”


တဲ့။(သူတို့က နယ်ခြားဒေသကို တောင်ပေါ်ဟု ခေါ်ကြသည်)

မြို့ကလေးဆီမှာ တခါတခါတော့ ထိုသို့ သူမ အသက်ရှုရ ကျပ်တတ်သည်။ အဲဒီအခါ မှာတော့ အရှိန်ပြင်းပြင်း


စီးဆင်းတတ်သည့် သံလွင်မြစ်ရေတွေကို သွားငေးနေလိုက် ရတာပါပဲ။ သူမကိုယ်စား စီးဆင်းသော မြစ်ရေတွေ
အလျဉ်မပြတ် အင်တိုက် အားတိုက်။ အဲဒီ မြစ်ရေတလျှောက်မှာ ရင်ထဲက ဆဲရေးသံတွေ ပါပါသွားရတာ မကြာခဏ။

နောက်တော့ သူမကိုယ်တိုင် စကား နည်းနည်းလာသည် (မြို့ကလေးက လူတွေလိုပဲ)။ သံလွင်မြစ်၏ ရေစီးသံ


ကတော့ တဖြည်းဖြည်း ပိုပို ကျယ်လောင်လာသလိုပင်။

.........................

မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာဆို


စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစု.ံ ......

ဟော..... စာရှင်းပြလျှင် အိပ်ငိုက်တတ်သော ကလေးတွေက ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပွဲတွေမှာတော့


လှုပ်ရှားတက်ကြွကြလေသည်။ စိတ်မသက်မသာ ဖြစ်သည့် ကြားမှပင် ဒါဟာလည်း စည်းရုံးရေး လက်နက်တမျိုးပဲဟု
တွေးကာ..... သူမက ကလေးတွေထဲ ကျွမ်းကျွမ်းဝင်ဝင် တိုးဝင်သွားရတော့သည်။ ကလေးတွေနှင့် အတူ
လိုက်ပါရယ်မောပျော်ရွှင်။ သံယောဇဉ်တွေ စိုက်ပျိုးဖြစ်၊ အဲဒီ သံယောဇဉ်တွေကို ရင်းလို့ သူတို့ကလေးတွေကို
သင်ကြားမည်ပေါ့။ ထိုရက်တွေမှာ ငယ်ငယ်က ကြည့်ဖူးသော “ဖက်ဖူးရောင်” ရုပ်ရှင်ကားထဲက သရုပ်ဆောင်
ဇော်လင်းရဲ့ နေရာကို ခဏ ခဏ သတိရသည်။ ကလေးတွေနှင့်အတူ အရာရာလိုက်ပါ ခံစား....။ ထမင်းငတ်တာ၊
အချစ်ငတ် တာ၊ ရုပ်ဝတ္ထုပစ္စည်း ငတ်တာ၊ ဘဝငတ်တာ...။ ကိုယ်တိုင် ငတ်ခဲ့ဖူးသမျှကိုပင် ကလေးတွေ အားကိုးနှင့်
ကုစားမိသေး၏။

အဲဒီမှာ “ကျောင်းနေပျော်၍ စာတော်ရမည်” ဟူသော ဆောင်ပုဒ်ကို အိပ်မက်ဆဲ။ မြို့ကလေးထဲမှာ တစ တစ


နစ်ဝင်....။ အဲဒီ အခိုက်အတန့်လေးမှာပဲ ဘဝထဲကနေ အသာခိုးကြည့်မိတုန်း တွေ့လိုက်ရသော “အချစ်” ဆိုတာကို
မြို့ကလေး ရင်ခွင်ထဲမှာ.... လက်ခံလိုက်မိတာ... မြို့ကလေးနဲ့ ပတ်သက်သမျှမှာ သူမရဲ့ အကြီးဆုံးသော အပြစ်လည်း
ဖြစ်ပါသည်။ အဲဒီရဲ့ နောက်မှာတော့ သူမက မြို့ကလေးကို ရေလောင်း ပေါင်းသင်ဖို့ မေ့၊ မြေသြဇာကျွေးဖို့ မေ့၊
တပည့်ကလေးတွေနဲ့ အပြိုင်ပင် မိုက်မဲနေခဲ့ပြီ။

တပည့်မလေးတွေက....
“မိုးရွာမယ်ဆိုရင်လေ သည်းလိုက်စမ်းပေါ့ကွယ်
ခြိမ်းပြီးတော့မှ မရွာရင်
မျိုးပင်ပျိုငယ်တွေကို ပျိုးမယ့် ရာသီမို့
မျှော်နေစဉ် သွန်းဖြိုးလိုက်ဦး"

ဟု ဆိုညည်းတော့ သူမသည် ကလေးတို့နှင့် အတူ ရွာမယ့်မိုးကို မျှော်ခဲ့တာ....။


နောက်တော့ ကောင်လေးတွေက......

“ပန်းချစ်သူ တို့လက်နဲ့ကွယ.် ... ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်”


လို့ ဆိုပြန်တော့လည်း စိတ်မကောင်းဖြစ်ကာ သူကလေးတို့အကြားမှာ မိုးရွာစေချင်.... ပန်းကြွေစေချင်ခဲ့တာ။
သူမကိုယ်တိုင်ကပင် မရင့်ကျက်နိုင်ခဲ့တာလား။ တကယ်ဆို ဘဝက အသက်နှင့် မမျှ.. နာခဲ့ဖူးသူဖြစ်လျက်နှင့်။

ည ည... ကျောင်းရှေ့လက်ဖက်ရည်ဆိုင်ကလေးမှာ တပည့်တွေနှင့်အတူ ခင်ဝမ်းတွေ၊ ခင်မောင်တိုးတွေ၊


ချစ်ကောင်းတွေ၊ မာရဇ္ဇတွေ၊ ထူးအိမ်သင်တွေ၊ ဇော်ဝင်းထွဋ်တို့နှင့် စီးမျော.....။

ပြီးတော့ အဲဒီလက်ဖက်ရည်ဆိုင်လေးရှိရာ အဝေးပြေးလမ်းမရဲ့ ကြယ်စုံည ကောင်းကင်ကို မော့ကြည့်လွမ်းဆွတ်ရင်း


ဗုဒ္ဓဒိုင်ယာရီတွေ၊ ဓမ္မပဒတွေ၊ The Lord Comes တွေလည်း ပြောခဲ့ ငြင်းခဲ့ကြ.....။ ဒါတွေ မြို့လေး သိလိမ့်မည်။
သူ့ပါးပြင်ပေါ်မှာ သောသောညံ ခဲ့သော စကားဝိုင်းတွေလေ။ တရက်ရက်မှာတော့ သူမရဲ့ စာသင်ခန်းထဲက
ကလေးများစွာကိုလည်း ပြောပြချင်သေးသည်။ တနေ့နေ့တော့ အခွင့်ကြုံရမည်ဟု သူမ မျှော်စောင့်ခဲ့တာ....။
ရောင်စုံအိပ်မက်တွေလည်း မက်ရင်းနဲ့ပေါ့။

(လေး)

ခုလို မမျှော်လင့်ပဲ သူတို့လေးတွေနှင့် အချိန်မတိုင်မီ ခွဲရလိမ့်မည်ဟု သိလျှင် သူမ အချိန်ဆွဲဖြစ်ခဲ့လိမ့်မည် မဟုတ်ပါ။


ခုတော့....

မြို့ကလေးရဲ့ အလှထဲ နစ်မျောခဲ့ဖူးသမျှ....


ချစ်သူနှင့်အတူ မြို့ကလေးကို အသုံးချ ရွှင်ပျခဲ့သမျှ.....
ငွေစက္ကူတွေ ရေတွက် အချိန်ကုန်ခဲ့ဖူးသမျှ......
ကလေးတွေအတွက် နိဒါန်းပျိုးနေခဲ့သမျှ.....
အချိန်တွေ.... အချိန်တွေ.....
ခုတော့.....
ပြန်ယူလို့ မရတော့ပြီ။
ခုတော့.... တကယ့်ကို ဗြုန်းခနဲ သူတို့ကို ခွဲလိုက်ရပြီ။
တွဲလက်တွေ.... ပြေလျော့
မီးတွေ မှိတ်......
တံခါးရွက်တွေ ပိတ်....
တေးသံတွေ တိတ်.....
ခေါင်းလောင်းသံတွေ တိတ်.....
.......ပြန်းနှိုးဖို့ မဖြစ်နိုင်ဘူးလား......။

“ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခွင”့် ဆိုတာကို ရုပ်သိမ်းဖို့ဆိုတာလည်း စိတ်ကူးယဉ်ဆန်လှဘိသည်။ ခုတော့...


သူမ၏ လက်အစုံတို့က တဆတ်ဆတ် တုန်ယင်... အားပျော့။
တခါကတော့ ဒီလက်တွေနဲ့ ပန်းတွေ ပွင့်စေခဲ့ဖူးပါတယ်။
တံခါးရွက်တွေ ဖွင့်ခဲ့ဖူးပါတယ်။
ခုတော့..... အားလုံး ငြိမ်သေ။
“အချိန်နဲ့ ဒီရေသည် လူကို မစောင့်”.. တဲ့။ သိပ်ကို ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆိုရိုးကို ခုကျတော့သူမက
တတွတ်တွတ် ရေရွတ်နေမိပြီ။

ခုတော့ .... သူမကို ဘယ်လို အရာကမှ မစောင့်တော့ပြီ။

မြို့ကလေးဆီမှ လောဘတကြီး ရိတ်သိမ်းခဲ့သမျှ သူမ ဘာမှ မယ်မယ်ရရ ပြန်လည် စိုက်ပျိုး မပေးလိုက်ရ သေးခင်
ဘာတခုမှ အသစ်မွေးဖွား၊ တည်ထောင် မပေးရသေးခင်..... မြို့ကလေးကိုပါ.... သူမ ထားခဲ့ရတော့ မည်။

မြို့ကလေးကို ကုပ်တွယ်ဖက်နှောင်ခဲ့တဲ့ လက်ချောင်းတွေကို တကယ်တော့ ကံကြမ္မာ ဆိုတဲ့ အရာက ဆွဲဖယ်


ဖြေလျှော့ပစ်ခဲ့တာပါ။

ကြည့်ပါဦး.....
အဲဒီမြို့ကလေးကို ကျမ တကယ်ချစ်ခဲ့... စေတနာထားခဲ့ပါတယ်... ဟု ရေရွတ်ရင်း သက်သေပြခွင့်မှ မရသေး
ခင်.....မြို့ကလေးရဲ့ အသည်းနှလုံးဆီမှာ ပျိုးပင်ပေါက်လေးတွေကို အချိန်မတန်ခင်မှာပဲ ပစ်ထားခဲ့ရပြီ။ ထိုအတွက်
သူမ စိတ်မလုံပါ။
သူမ မြေသြဇာကျွေး နှောင့်နှေးခဲ့တာ.......
ရေလောင်း ပေါင်းသင် နောက်ကျခဲ့တာ....
ပြီးတော့....
မြို့ကလေးကို အသုံးချလု.ိ့ ... ချစ်သူနှင့် သာယာခဲ့၊ ကြေမွဘဝထဲကနေ လွင့်မျောလွတ်လပ်ခဲ့.......
အဲဒီ မြင်ကွင်းတွေက ခုချိန်မှာ သူမရဲ့ ညညတွေကို ခြောက်လှန့်ကြ၏။ သူမ နှစ်သက်ခ့ဖ
ဲူးသော
အမေရိကန်ရုပ်ရှင်တွေထဲက
ဗီယက်နမ် စစ်ပြန်တွေရဲ့ ခြောက်အိပ်မက် တွေလိုပဲ.....။
ရယ်မော ပျော်ရွှင်နေသော ကလေးတွေ.....
ရယ်မော ပျော်ရွှင်ခဲ့သော သူမ....
ရယ်မော ပျော်ရွှင်ခဲ့သော နေ့ရက်များ.....
အဆိပ်တွေ မဟုတ်ခဲ့သော်လည်း အားဆေးတွေလည်း မဟုတ်ခဲ့။
သေချာသည်က သူမ ချို့ယွင်းခဲ့သည်၊ အားပျော့ခဲ့သည်၊ ညံ့ခဲ့သည်၊ အပြစ်ရှိခဲ့သည်။
ထိုအခါ သူမ၏ ခြောက်အိပ်မက်တွေရဲ့ နောက်ခံသီချင်းမှာ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” ဖြစ်သည်။ ကလေးတွေက
ဆွေးဆွေးမြေ့မြေ့
ဆိုလို့။
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ.... တခါတရံမှာ အိပ်မက်လို
တိမ်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ.....
ဘယ်ဆီမှာလဲ မသိတော့ပါ....
ဝေးခဲ့ပြီ...... ဝေးခဲ့ပြီ.... ဝေးခဲ့ပြီ.... ဝေးခဲ့ပြီ.....ဝေး.......

သီချင်းသံက သူမ ထံပါးမှာ မဆုံးနိုင်အောင်ဘဲ ပဲ့တင်ပြန်လျက်။

ကြေကြေကွဲကွဲ

နောက်ဆုံးတော့.....
အဲဒီ မိန်းမသည် မျက်ရည်ပင် မကျနိုင်တော့လောက်အောင် ပင်ပန်းဆို့နင့်စွာ ကျောင်းရှေ့မြေပြင်မှာ
သူရူးတယောက်လို ဒူးထောက်ထိုင်ချလိုက်သည်။ သဲမြေမွမွကလေးက နူးညံ့လို့။ ပူနွေးလို့။ မြေတွေကို လက်ဖဝါးနှင့်
ဖွဖွကျုံးယူတော့ အဲဒီ မြေမှုန့်တွေနှင့်အတူ တချိန်တုန်းက တပည့်လေးတွေရဲ့ ခြေလှမ်းတွေပါ ပါလာသည်ဟု
ထင်နေမိသည်။ ဒီမြေမှုန့်တွေဟာ မြို့ကလေးကို ကိုယ်စားပြုကြတဲ့သူလေးတွေရဲ့ ခြေဖဝါးအောက်က မြေတွေပါ....။

သူမသည် မြေတွေကို တယုတယထွေးပွေ့လိုက်၏။


“တတ်နိုင်သလောက် တာဝန်ကျေခဲ့ပေမဲ့ ရည်ရွယ်မျှော်လင့်သလောက် မပေးနိုင်ခဲ့တဲ့ မဖြူစင်နိုင်ခဲ့တဲ့
မိန်းမတယောက်ကို နားလည်ခွငလ
့်ွှတ်ပေးကြပါ”
(မျက်လုံးတို့ကို စုံမှိတ်လိုက်တော့ ပူနွေးသော မျက်ရည်တို့အကြားမှာ ပြန်မရနိုင်တော့သော မြို့ကလေးရဲ့
အတိတ်ထဲက မူးမူးရီရီ ငိုကြွေးနေသည့် ကိုယ့်ကိုယ်ကို တွေ့ရသည်)။
ထိုအခိုက်မှာပင် လိပ်ပြာလေးတကောင် သူမ ပခုံးကို တွန်းတိုက်လျက် ပျံထွက်သွား၏။
ထိုလိပ်ပြာလေးကတော့ဖြင့် ဖြူလွလွကလေး ဖြစ်လေသည်။

မေငြိမ်း
(၁၉၉၇-မေ ၊ ၂၀၀၀- ဇန္နဝါရီ)
မြသီလာအလွမ်းပြေ (၂၉)

သူဝတ်ထားတဲ့ အရေခွံကို
သူစွန့်ခွာရတဲ့အခါ
မြစ်တမြစ်ဆိုတာကတော့
မြွေတကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။

(ပိုင်စိုးဝေ)
၉၆ ရဲ့ နှစ်ကုန်ပိုင်းရက်တွေက ကျမကို အလွမ်းတွေ အဆွေးတွေ ယူကျုံးမရဖြစ်ရခြင်းတွေနဲ့ စီရင်ခဲ့ပါတယ်။
ဒီလိုနဲ့ တိတ်ဆိတ်အေးစက်ခြောက်ကပ်တဲ့ ၉၇ ဆောင်းကို စိတ် ပင်ပင်ပန်းပန်းနဲ့ပဲ ဖြတ်ခဲ့ရ။ ဒါပေမဲ့
အဲဒီဆောင်းရက်တွေထဲမှာပဲ ကျမရဲ့ ညစ်ညူးနာကျင်တဲ့ ခံစားချက်တွေကို ဖောက်ချသလိုဖြစ်ခဲ့တဲ့ ၀တ္ထုနှစ်အုပ်တော့
ထွက်ခဲ့ပါတယ်။ တအုပ်က "ကောင်းကင်နိဒါန်း".. ၉၇ ဖေဖော်ဝါရီမှာ ထွက်ပါတယ်။ နောက်တအုပ်ကတော့ ကျမရဲ့
"မြေနဲ့အတူ"ဆိုတဲ့ ၀တ္ထုလေးပါတဲ့ "ရောင်စဉ်များနဲ့ ကစားခြင်း" ၀တ္ထုစဉ်။ အဲဒဝ
ီ တ္ထုလေးက အဲဒီ ၁၉၉၇ မတ်လရဲ့
စာအုပ်လောကမှာ တော်တော် အရောင်းသွက်သွားတဲ့ စာအုပ်ပါ။ ကောင်းကင်နိဒါန်းကတော့ ထံုး စံအတိုင်း
ကိုယ့်ပရိသတ်နည်းနည်းလေးကပဲ သိပြီး ဘာမှ ထူးထူးခြားခြားမရှိခဲ့တဲ့ ၀တ္ထုပေါ့။ ကျမအတွက်ကတော့ အဲဒီဝတ္ထုလေးက
ကြိုက်တဲ့ ၀တ္ထုလေးပါပဲ။ ဇာတ်လမ်းထဲမှာ ကောင်မလေး သတ်သေတာ စိစစ်ရေးက လွတ်သွားလို့ ကျေနပ်နေခဲ့ရတဲ့
ဝတ္ထုလေးပေါ့။ ပြီးတော့ ကျမ တခါက ပြောပြခဲ့ဖူးတဲ့ ဗိတ
ိုး (ဦးအောင်ကျော်တိုး-စိတ်ပညာ)ဆီက inspiration ရတဲ့
ဝတ္ထုလေးလေ။

(မျက်နှာဖုံးပန်းချီ- မောင်သီဟ)

၉၇ထဲမှာ တက္ကသိုလ်ရဲ့ နေ့သင်တန်း Day class တွေ ပိတ်ထားပေမဲ့ အဝေးသင်တွေကိုတော့


ပုံမှန်ဖွင့်မယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒါဟာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးထဲမှာ ကျောင်းသူကျောင်းသားအချင်းချင်းကို
ခွဲခြားဆက်ဆံလိုက်တာရဲ့ အစဖြစ်ပြီးတော့ တက္ကသိုလ်ပညာရေးရဲ့ အခန်းကဏ္ဍကို နိမ့်ကျအောင် လုပ်တဲ့ စီမံကိန်းရဲ့
အစလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျမ ဒီလိုပြောလိုက်တဲ့အတွက် အဝေးသင်တက္ကသိုလ်ကနေ ဘွဲ့ရ ကျောင်းပြီးကြရသူတွေ
စိတ်မကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခါများစွာမှာ အမှန်တရားက ခါးသီးလှပါတယ်။ အဲဒီတုန်းက စစ်အစိုးရက Day
ကျောင်းသားတွေ ခဏခဏပြဿနာရှာလို့ ဒီကောင်တွေကို ဒုက္ခပေးရအောင် ကျောင်းပိတ်ထားလိုက်.. အဝေးသင်လောက်နဲ့ပဲ
ကျောင်းပြီးကြပစေလို့ ဗိုခင်ညွန့်က အမိန့်ချတဲ့အချိန်ပေါ့။ အဲဒါကြောင့် နေ့ကျောင်းသားတွေကို ရက်အကန့်အသတ်မရှိလို့
ကျောင်းပိတ်ထားပြီး အဝေးသင်တွေကိုပဲ ဆက်တိုက်ဖွင့်ပါတယ်။ အဲဒီအခါ ၉၇ရဲ့ ဒုတိယ semester မှာတော့
ကျောင်းပိတ်ရက်ရှည် တွေထဲ အဆိပ်သင့် နေပြီဖြစ်တဲ့ နေ့ကျောင်းက ကလေး အတော်များများက အဝေးသင်တက္ကသိုလ်
စနစ်ထဲ ပြောင်းဝင်လာကြပါတော့တယ်။ ဒီလိုနဲ့ အဝေးသင်ပညာရေးထဲ ကျောင်းသားတွေ များလာပါတယ်။

အဲဒီကာလတွေထဲမှာပဲပေါ့..။ ပြည်သူလူထုမှာ စီးပွားရေးက ကျပ်သထက် ကျပ်လာပါတယ်။ ကျမတို့


တိုင်းပြည်မှာ အလုပ်တဘက်နဲ့ ကျောင်းတက်တဲ့ လူငယ်တွေ များလာပါတယ်။ အဝေးသင်စနစ်အရ ကျောင်းအပ်ထားပြီး
တနှစ်လုံးဘာမှလုပ်စရာမလိုဘဲ စာမေးပွဲနီးမှ အနီးကပ်သင်တန်းလို့ခေါ်တဲ့ ၁၀ရက် သင်တန်းကို ကျောင်းတက်ပြီး
စာမေးပွဲဖြေကြရုံပါ။ အဲဒီမှာ ကျမအတွက် ပြဿနာတက်လာတာပါပဲ။ ပြဿနာကတော့ အဝေးသင်ကျောင်းသား တွေအတွက်
နှစ်စကတည်းက ထုတ်ပေးထားတဲ့ Text book , Guide line တွေမှာ ပါတဲ့ ဘာသာရပ်တခုအတွက် သတ်မှတ်အပုဒ်ရေ
၁၅ပုဒေ
် လာက်ထဲကနေ ၇ပုဒ်လောက်ကို ဖြုတ်ချလိုက်ပြီး ၈ပုဒ်လောက်ကို အနီးကပ်ကျကာမှ ထပ်ထည့်တာပါပဲ။ အဲဒါ
ဘာသာရပ်တိုင်းမှာပါ။ အဲဒီအခါ နှစ်စကတည်းက စာကြိုဖတ်ထားတဲ့ ကလေးတွေခမျာ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး
စာမေးပွဲကလည်း နီးလာ.. စာကျက်ချိန်ကလည်း များများ မရ..။ ပိုဆိုးတာက အထူးပြုမေဂျာဘာသာတခုအတွက် ဘာသာရပ်
paper ပေါင်း ၆ခုလောက်ဖြေရမှာမို့ အသစ်စက်စက်ထဲက အပုဒ်ရေ ၅၀လောက်ကို နှစ်ပတ်နဲ့ အရ ကျက်ရမှာဖြစ်ပြီး
အဟောင်းကလည်း အပုဒ်ရေ ၅၀လောက်ကို သေချာ ပြန်ကျက်ရဦးမှာလေ။

အဝေးသင်ကလေးတွေခမျာ အဲဒီစနစ်ကြီးထဲ အတော်ပင်ပန်းကြရတာပါ။ နောက်ဆုံးတော့ အဖြေက


တခုပဲရှိပါတော့တယ်။ ကျူရှင်ယ.ူ . တစ်ကြိုမေးခွန်း(spot)လိုက.် .။ ဒီလိုနဲ့ အဝေးသင်ပညာရေးထဲမှာ ကျူရှင်စနစ်ကြီးက
အကြီးအကျယ် ထွန်းကားလာပါတော့တယ်။ အဲဒီတော့မှပဲ တက္ကသိုလ်က ဆရာမတွေ ကျူရှင်နဲ့ အဝေးသင်နဲ့ ကားစီး
တိုက်ဆောက် တယ်ဆိုတာမျိုးတွေ ကြားဖူးလာရတော့တာပါ။ ကျောင်းသားကျောင်းသူတွေခမျာတော့ တနှစ်လုံး ပိုက်ဆံ
ကျုံးရှာ.. စာမေးပွဲနီးတော့ အနီးကပ်သင်တန်း တက်ရင်း ကျူရှင် ယူကြ(တကယ်တော့ ကျူရှင်အယူပြကြရတာပါ..
ကျူရှင်ယူထားရင် အဲဒီဆရာမက စာမေးပွဲအောင်တဲ့အထိ တာဝန်ယူတယ်လို့ သဘောပေါက်ကြပါတယ်.. တကယ်ကတော့
မြန်မာစာလို ဘာသာရပ်ကိုတောင် on paper ၃၀ နဲ့ အအောင်ပေးနေတာမို့ ဘယ် ဆရာဆရာမမှ အထူးတလည်
လုပ်ပေးစရာမလိုဘဲ လူတိုင်းနီးပါး အောင်နေကြတာပါ)။ အဲဒီ ၉၇ မှာတုန်းကတော့ အဝေးသင် ကျောင်းသားတွေအတွက်
ကျူရှင်နဲ့ သူတို့ ကျက်တဲ့စာနဲ့ စာမေးပွဲက အဆင်ပြေနေသေးတာမို့ ခိုးချတဲ့ ပြဿနာ တွေ သိပ် မရှိသေးပါဘူး။

၉၇ဟာ ပညာရေးစနစ်ထဲမှာ ဆရာဆရာမတွေ ငွေနောက် အသည်းအသန်လိုက်တတ်လာတဲ့ နှစ်ဖြစ်သလိုပဲ


ကျောင်းသားတွေ စိတ်ထဲမှာလည်း ပညာရေးဆိုတာက ငွေပေးဝယ်လို့ရတဲ့ အရာတခု ဖြစ်လာတာပါပဲ။ အဲဒီ ဖြစ်စဉ်ထဲ
ကျမကိုယ်တိုင် မျောပါ.. ရေစီးအားက ကောင်းသကိုး။ အဲဒီအချိန်တွေမှာပဲပေါ့ ပညာရေးစနစ်အပေါ် ကျမ ထဲထဲဝင်ဝင်
အယုံအကြည် ပျက်လာတာ။ ကိုယ့် ဆရာဆရာမအချင်းချင်းအပေါ်လည်း အရိုအသေ တန်လာမိတာ။ ကျမက
ချမ်းသာတဲ့ကလေးတွေက ငွေနဲ့လိုက်လို့ အမှတ်၂၀နဲ့ စာမေးပွဲအောင်ရင် ဆင်းရဲတဲ့ကလေး ပိုက်ဆံ မပေးနိုင်လည်း
အမှတ၂
် ၀ရရင် အအောင်ပေးရမယ်လို့ complain တက်တဲ့အခါ ပြဿနာ..။ တဘာသာ ၅၀၀ (အဲဒီ ၁၉၉၇တုန်းက) ပေးနိုင်တဲ့
ကျောင်းသားကို ကျူရှင်သင်ရင် မပေးနိုင်တဲ့ကျောင်းသားကိုလည်း အခမဲ့ခေါ်သင်ပေးသင့်တယ်လို့ ကျမက
သဘောထားပါတယ်။

အဲဒီတုန်းကလည်း ကျမအိမ်မှာ အဆောင်မငှားနိုင်တဲ့ ကျောင်းသူတွေ ပေးနေထား။ အထူးသဖြင့်


ရွာဘက်တွေက ကလေးတွေ..။ တချို့က အခကြေးငွေနဲ့ ထားတယ်လို့တောင် ပြောသေး။ နောက်တော့လည်း
တကယ့်အမှန်ကို သိသွားကြတာပါပဲ။ ဒါပေမဲ့ ပြဿနာက ကျမ ချိုတဲ့တဲ့ ကလေးတချို့ကို အခမဲ့ စာသင်ပေးတဲ့ အပေါ်မှာ
ကျမကို လူကိုယ်တိုင်လာပြီး ‘သူရဲကောင်း မလုပ်နဲ့… သူတော်ကောင်းမလုပ်န…
ဲ့ ဈေးမဖျက်န’ဲ့ လို့ ဆရာဆရာမတချို့က
လာပြောတာ ပါပဲ။ အဲဒီအချိန်တွေမှာ ကျမ သူတို့အစား တော်တော် ရှက်သွားမိပါတယ်။ ဆရာဆရာမ ဆိုတာ
ဈေးရောင်းသူလား..။ အဲဒါကလည်း ကျမနဲ့ တချို့သော ပတ်ဝန်းကျင်ရဲ့ ပြဿနာပါပဲ။ ကျမကတော့ ဒါမျိုးတွေကို
သိပ်ဂရုမစိုက်တတ်တာမို့ ပြဿနာရယ်လို့တော့ မွေးမထားခဲ့တော့ပါဘူး။ ဒါပေမဲ့ ကျမ အဲဒဝ
ီ န်းကျင်မှာ မပျော်ပိုက်တာမျိုးတော့
ဖြစ်လာပါပြီ်။

အဲဒီအချိန်တွေမှာ သားကြီးက ကျောင်းတက်တာ ပထမတန်းကျောင်းသားကြီး ဖြစ်နေပြီ။


နွေကျောင်းပိတ်ရက်တွေဆို အမေနဲ့ ဘားအံမှာ လိုက်နေ။ သားက မသိမသာနဲ့ ကျောင်းဝန်းကျင်တွေမှာသာ ပျော်ပိုက်တဲ့
ကလေး ဖြစ်လာပါတယ်။ ရန်ကုန်မှာနေတော့လည်း တက္ကသိုလ်ရိပ်ထဲမှာပဲ နေရတာကိုး။ အဲဒီ ၉၇ ထဲမှာပဲ ရာကျော်ကလည်း
ဘားအံနဲ့ ၁၀မိုင်လောက်ဝေးတဲ့ သူ့ရွာလေးမှာ လယ်စိုက်.. မြေပဲစိုက.် . ဆီကျိတ်..။ အားတဲ့အခါနဲ့ အလုပ်ကိစ္စပေါ်တဲ့အခါ
ဘားအံကို လာရင်း ကျမဆီ ရောက်အောင် ၀င် ၀င်လာလိုက်။ တခြားတပည့်တွေလည်း အိမ်ကို ဥဒဟို လာနေတာဖြစ်ပေမဲ့
ရာကျော် ရောက် ရောက် လာရင်တော့ ဒါက သတင်းဖြစ်တာပါပဲ။ အဲဒီအခါ ရာကျော်နဲ့ ကျမကြားမှာ တံတိုင်းတခု
ခြားသလိုလိုနဲ့ အဲဒီတံတိုင်းကပဲ ပေါင်းကူးတံတားလို ဖြစ်လာခဲ့။ အတိုက်အခိုက်တွေကြားထဲ အသက် ၂၄နှစ်အရွယ်
လူငယ်လေးတယောက်က စိတ်လှုပ်ရှားလာသလိုပဲ အသက် ၃၂နှစ်အရွယ် ကျောင်းဆရာမကလည်း စိတ်တွေ ကတိမ်းကပါး
ဖြစ်တတ်လာတယ်။ လူငယ်လေးက ကျောင်းတွေ ရက်ရှည်ပိတ်လို့ စိတ်တွေအားလပ်နေတာလည်း ပါမှာပေါ့။
ဆရာမဆိုသူကလည်း ခံစားချက်နောက် လိုက်တတ်သ.ူ .။ ရမယ်ရှာ လွမ်းတတ်သ.ူ .။ စိတ်အချဉ်ပေါက်တဲ့အခါ လောကထဲ
ဒရွတ်ဆွဲတတ်သူ။ အဲဒီအခါ နှစ်ယောက်က မသိမသာ.. ပြီးတော့ သိသိသာသာ.. နီးကပ်လာ ပါတယ်။

တကယ်တော့ ၉၇ဟာ မြသီလာရဲ့ဘ၀ထဲ ပျင်းရိစရာကောင်းတဲ့ နေ့ရက်တွေပါ..။ အဝေးသင်ကာလတွေထဲ


ငွေစက္ကူတွေ လွင့်ပျံ… ကျမအပါအ၀င် ဆရာဆရာမတွေက ငွေစက္ကူတွေနောက် လိုက.် .။ ဘ၀ဆိုတာက ငွေစက္ကူတွေသာ
အဓိကလို ဖြစ်လာ။ ကျမအတွက်တော့ အဲဒါက အဓိပါယ်မ.ဲ့ ။ ကျမစိတ်ထဲ ၁၉၉၇ရဲ့ မြသီလာနေ့ရက်တွေဟာ
တစ်ဘာသာသင်ရိုးအဖြစ် သတ်မှတ်ထားတဲ့ စာလေး ၆ပုဒ် ၇ပုဒ်လောက်ကို တက္ကသိုလ် တစ်တန်းစာအတွက် သင်ပေးရတာ..။
ဖြေထားသမျှ နှုတ်တိုက်စာတွေကို အမြန်ပြီးအောင် စစ်ပေး.. အောင်စာရင်းတွေ လွယ်လွယ် ထုတ်ပေး..။
အဝေးသင်ကျောင်းသားတွေကိုလည်း စိတ်တိုင်းကျ စိတ်ရှိလက်ရှိ စာသင်ချင်တယ်လို့ အားခဲခဲ့ပေမဲ့ အနီးကပ်၁၀ရက်တာက
စာဖတ်ရုံ ဖတ်ပြသွားရင်တောင် အချိန် မလုံလောက်။ တဖြည်းဖြည်းနဲ့ ကျမတို့ ဆရာ ဆရာမတွေဟာ စာအုပ်ထုတ်
ရောင်းတဲ့သူ.. ကျူရှင်မှာသာ ကျောင်းသားတွေကို စာသင်ခွင့်ရတဲ့သူ..။ ဒါတောင်မှပဲ စာမေးပွဲအတွက် အရေးကြီးတယ်လို့
တစ်ကြိုခန့်မှန်းတဲ့ လေးငါးပုဒ်လောက်ကိုသာ သင်ပေးနိုင်တဲ့သူတွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ ၉၇ကနေ ၉၈ မေလထိဟာ ကျမ
နှစ်ခြိုက်တဲ့ တက်ကြွတဲ့ ဆရာမဘ၀ဆိုတာကို မေ့ထားရပြီးတော့ အဲဒီ ငြီးငွေ့စရာ ရေစီးကြောင်းထဲ ကျမ
တလိမ့်လိမ့်မျောပါနေခဲ့တဲ့ ကာလသာ ဖြစ်ခဲ့ပါတယ်။ ကျမ ဘားအံကောလိပ်ရဲ့ မြသီလာဘ၀မှာ မပျော်ပိုက်ဘဲ
ရှိရှိလာတဲ့အချိန်.. ပြောင်းရွှေ့ခွင့်တွေ တင်ကြဖို့ စာထွက်လာပါတယ်။

အဲဒီအချိန် ကျမစိတ်ထဲ အချိန်တွေဟာ တော်တော် အဓိပါယ်မဲ့လာတယ်လို့ ထင်တာရယ်..


နောက်တကြောင်းက ကိုရာကျော်နဲ့ နီးကပ်လာနေမှုကို ရှောင်ဖို့ရယ်.. ပြောင်းရွှေ့မိန့်က လွယ်လွယ်နဲ့တော့ ကျမှာမဟုတ်ဘူးလို့
ထင်တာကြောင့်ရယ်.. ကျမ ပြောင်းရွှေ့ခွင့် တင်လိုက်ပါတယ်။ ဒါပေမဲ့ အံ့သြစရာ ကောင်းလောက်အောင်ပဲ ပြောင်းရွှေ့မိန့်က
၁၉၉၈ ရဲ့ မေလကုန်မှာ ထွက်လာပါတော့တယ်။ အဲဒါကြောင့်ပဲ ကြေကြေကွဲကွဲကို ရေးဖြစ်ခဲ့တာပါ..။ ကျမပြောင်းရမှာက
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကိုပါ..။

ချုပ်တည်းမှုမဲ့
လွင့်မျောခဲ့သော အတ္တများ
မွေးဖွားကြ သေဆုံးကြ
တရားတော်အတိုင်း ရိုးသားကြ
တရားတော်အတိုင်း ဖောက်ပြန်ကြ..

ငါကိုယ်တိုင်ရေးသားခဲ့သော
ငါ့အတ္ထုပ္ပတ္တိကျမ်းမှာ
ငါ မာရ်နတ်အဖြစ်
ငြင်းဆိုခွင့်ရှိရဲ့လား..။

(ပိုင်စိုးဝေ)
စာကြွင်း..

တကယ်တော့ ကျမဒီရက်ပိုင်းတွေထဲ တော်တော်ကြီးကို မအားလပ်တာပါ..။ ဒါပေမဲ့ (၂၉)မျှော်သူတွေကို အားနာတာနဲ့


အချိန်ရအောင် လုယူပြီး တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းတော့ တပတ်ကိုမှ post တပုဒ်ပဲ တင်နိုင်တော့မယ်ထင်ပါရဲ့..။
မြသီလာအလွမ်းပြေ (၃၀)

၉၈ထဲမှာတော့ မြသီလာရဲ့ သက်တမ်းမှာရော ကျမရဲ့ သက်တမ်းမှာပါ အမှတ်တရ ဖြစ်စရာတွေ အများကြီး


ကြုံခဲ့ရပါတယ်။ ၉၈ထဲမှာ အင်မတန် အားတင်းတတ်ပါတယ်ဆိုတဲ့ ကျမအတွက် စိတ်ကျစရာတွေလည်း အကြိမ်ကြိမ်
ကြုံခဲ့ရတာပေါ့။ အပိုင်း(၃၀)မှာ ၁၉၉၈ကို ရေးတော့မယ်ဆိုတော့ ကျော်သွားချင်လိုက်တာ.. မရေးချင်တော့ဘူး.. လို့
အကြိမ်ကြိမ် ဖြစ်မိနေတာပါ။ ဒါပေမဲ့ ရေးရမယ်လို့ ကိုယ့်ဘာသာ ယူထားတဲ့ တာဝန်က ပြဋ္ဌာန်းတာမို့ ရေးရတော့တာပါပဲ။

၉၈ထဲမှာ ကျမရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လို့ အမှတ်တရဆိုရင်တော့ စိတ်ပေါက်ပေါက်နဲ့


လုံးချင်းတအုပ်ရေးပြီး ကိုယ့်စိတ်ကြိုက် ကိုယ့်ဘာသာ ထုတ်မယ်လို့ စီစဉ်တယ်။ အဲဒီစာအုပ်ကနေစလို့ ထုတ်ဝေရေးလောကထဲ
ဝင်မယ်ပေါ့…။ ဒီလိုနဲ့ အဖေက ပိုက်ဆံထုတ်ပေးလို့ ‘သွန်း’ဆိုတဲ့ စာအုပ်တိုက်လေး လုပ်ဖြစ်ပါတယ်။ ကိုယ့်ဘာသာ စိတ်ကူးနဲ့
စီစဉ်ထားတဲ့ စာအုပ်ကလေးတွေ တသီတတန်းနဲ့ပေါ့။

အဲဒီအချိန် ‘တာရာမင်းဝေ’က စာအုပ်လောကထဲ ၀င်လာကာစ.. တာရာမင်းဝေစာအုပ်တွေ ထုတ်ချင်တယ်လို့


ဇော်ဝင်းထွဋ်တို့လင်မယားက ပြောတော့ ကျမစာအုပ်တိုက်ကနေထုတ်ဖို့ တာရာမင်းဝေဆီက စာအုပ်နှစ်အုပ်
ဝယ်ဖြစ်ခဲ့သေးတယ်။ ကျမကတော့ လုံးချင်းတအုပ် စိတ်ကြိုက်ရေးပြီး သူငယ်ချင်းဆိုပေမဲ့ မောင်လေးအရွယ် ဖြစ်တဲ့
သီချင်းရေးတဲ့ ညီရိုင်းရဲ့ “အချစ်အကြောင်းပြောရအောင်”ဆိုတဲ့ သီချင်းခေါင်းစဉ်လေးကို ကြိုက်လို့ တောင်းပြီး
ဝတ္ထုခေါင်းစဉ်အဖြစ် နာမည်ပေးဖြစ်တယ်။ အဲဒဝ
ီ တ္ထုမှာလည်း လယ်သမားတွေရဲ့ ရပိုင်ခွင့် ဆိုတာတွေ.. လယ်သမားတွေ
ဒုက္ခရောက်ရတဲ့ ပြဿနာတွေ ပါလို့ဆိုပြီး စိစစ်ရေးမှာ ကြာနေသေးတာပါ။

အဲဒီကာလထဲမှာပဲ ပြောင်းရွှေ့မိန့က
်ျလာပြီး ရန်ကုန်ကို ရွှေ့ရတော့တာပါပဲ။ ဒီနေရာမှာ မှတ်မှတ်ရရ..
အသေးစိတ်ပြောရမယ့် အတွေ့အကြုံလေး ရှိပါတယ်။ ရန်ကုန်ကို ရွှေ့ရတော့မယ့် မေလနောက်ဆုံးပတ်မှာ
ပဲခူးတိုင်းရေကြီးနေတာ သထုံ ဘီးလင်းထိတောင် ရောက်တယ်ဆိုတဲ့ သတင်း ၀င်လာပါတယ်။ ထုံးစံအတိုင်း ရေဒီယို
ရုပ်မြင်သံကြားနဲ့ သတင်းစာ စတဲ့ အစိုးရသတင်းဌာန တခုမှာမှ မပါတဲ့ သတင်းပေါ့။ အဲဒီခရီးကို ဖြတ်လာရတဲ့ ကားသမားတွေ
ခရီးသွားတွေ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာကို ပြောပြလို့သာ ကြားရတာလေ။ မြန်မာ့ရုပ်မြင်သံကြားဆိုတာကြီးမှာကတော့
မြန်မာပြည်ကြီး နေရာတိုင်းမှာ သာယာစည်ကား နေပါတယ်ပေါ့။ တကယ့်လက်တွေ့မှာတော့ ပဲခူးတိုင်းကနေ
မွန်ပြည်နယ်အစပ်ထိအောင် ကြီးစွာသော ရေဘေးဒုက္ခကြီးနဲ့ ကြုံနေကြရတာပါ။

ဘားအံမှာတော့ ကျမတို့ကလည်း ပြောင်းဖို့ ရွှေ့ဖို့ အထုပ်သိမ်းပြီးပြီ။ အဲဒီအချိန် ဘီးလင်းမှာ လူတွေ


အသေအပျောက်ရှိတယ်လို့လည်း ကြားရ။ ပဲခူးနဲ့ ဝေါကြားက ဘုရားကြီး ဆိုတဲ့ မြို့ကလေးကနေ ဝေါအထိ တောက်လျှောက်…
ရေတွေက ပင်လယ်ပြင်လို ဖွေးလို့တဲ့…။ ဝေါနားက ရွာ ၂ရွာ ရေထဲမျောပြီး ပျောက်သွားပြီတဲ့။ လမ်းမှာ တနေရာကနေ
တနေရာကို ကူးဖို့ ကူးတို့လှေကို အကြာကြီး စောင့်ရတတ်တာတို့.. လှေနဲ့ ကူးတာမှာလည်း ပစ္စည်း လုလို့ ဆိုတာတွေ…
ကြက်ဥမွှေကြော် တခြမ်းစာလောက်ပဲပါတဲ့ ထမင်းတထုပ်ကို ကျပ်တထောင် ဆိုတာတွေ ကြားရပါတယ်။ အဲဒီတုန်းက ကျမတို့
လက်ထောက်ကထိက လစာကမှ ၁၂၀၀ကျပ်။

အဲဒီအပြင် ရန်ကုန်ကနေ ဘားအံကောလိပ်ကို ညကားနဲ့ ပြန်လာရင်း ရုတ်တရက် ရေကြီးတာနဲ့ ကြုံရပြီး


စိတ်တွေ ကယောင်ချောက်ချားဖြစ်လာတဲ့ ဆရာမတယောက်ကလည်း အဆောင်ကို ပြန်ရောက်လာလေတော့ ကျမတို့မှာ
လမ်းခရီး ရင်ဆိုင်ရမှာတွေအပေါ် ထိတ်ထိတ်လန့်လန့်။ ဒါပေမဲ့ ကျမတို့မှာကလည်း တနေရာက တနေရာ အပြောင်းအရွှေ့မှာ
joining time က ၅ရက်ပဲ ရတာမို့ ရန်ကုန်ကို အချိန်မီ ပြန်ရောက်ရမှာနဲ့၊ လက်ထဲ ပိုက်ဆံလည်း များများစားစား မရှိတာနဲ့။
ဆရာဆရာမတသိုက် သတင်းစောင့်ရင်းကနေ ပြန်ဖို့ ပြင်နေကြရပါတယ်။

ဒီလိုနဲ့ ရေတော်တော်ကျသွားပြီလို့ သတင်းရတဲ့ နေ့မှာပဲ ကျမတို့ သူငယ်ချင်း ဆရာမ ၅ယောက် မနက်ခင်း


ထွက်မယ့် မြိုင်ကလေး-ရန်ကုန် အမြန်ယာဉ်(ဒတ်ဆန်း)နဲ့ လိုက်ခဲ့ကြရ ပါတယ်။ လမ်းတလျှောက် သထုံ ဘီးလင်း
ကျိုက်ထိုမြို့တွေကို ဖြတ်ချိန်မှာတော့ ကျမတို့ အခေါက်ခေါက် အခါခါ ဖြတ်သန်းသွားခဲ့ဖူးတဲ့ မြို့ကလေးတွေက ကျမတို့
မျက်စေ့ထဲမှာ အေးစက်စက် ခြောက်ကပ်ကပ် နိုင်နေခဲ့ပါတယ်။ လူတွေရဲ့ မျက်လုံးတွေကလည်း နာနာကျင်ကျင်
အရိပ်တွေန.ဲ့ .။ လူအသေအပျောက်နဲ့ ဆုံးရှုံးရတာမျိုး မကြုံခဲ့ရရင်တောင် လယ်ယာ ချောင်းမြောင်း လုပ်ငန်းကိုင်ငန်းတွေ ဆုံးရှုံး
နစ်နာခဲ့ကြရသူတွေ ဖြစ်မှာပေါ့။ ကျမတို့ နိုင်ငံရဲ့ ထုံးစံအတိုင်း အစိုးရဆိုသူတွေက ပြည်သူလူထုရဲ့ ဘေးဒုက္ခတွေအပေါ်
ဘယ်တုန်းကမှ ဘာတာဝန်မှ မယူခဲ့ကြတာမို့ ခုလည်း သူတို့ဘ၀ကို သူတို့ဘာသာ ပြန်ထူထောင်ဖို့ အားသစ်မွေးနေကြရတဲ့
မျက်နှာတွေပေါ့လေ။ ကျမစိတ်ထဲ

သံသရာကြွေးတွေ ဆပ်နေတဲ့
ရော်ဘာပင်ကဖြင့်
သူ့သွေးတွေကို
တသွင်သွင်ခါထုတ်ပေးနေမှာပါပဲ…

ဆိုတဲ့ မောင်သိန်းဇော်ရဲ့ ကဗျာတစကိုတောင် သတိရမိသေး..။ (၂၀၀၈ မေရဲ့ နာဂစ်မှာလည်း ဒီအတိုင်း… ကျမတို့


ပြည်သူတွေခမျာ ရာဘာပင်များလို သံသရာကြွေးတွေ ဆပ်လို့ မကုန် လေသလား…)။

ဒီလိုနဲ့ ဝေါကိုရောက်လာပြီ။ ဝေါကတော့ တကယ့်ကို သူစိမ်းပြင်ပြင် .. တခါမှ မမြင်ဖူးတဲ့ အသွင်အပြင်နဲ့


ရေတွေဖွေးလို့။ တကယ်ပဲ ပင်လယ်ပြင်အတိ။ ကျမငေးနေကျ.. ရွှေဝါရောင် လယ်ကွင်းတွေ.. စိမ်းနေတတ်တဲ့ ဖရဲခင်းတွေ…
ဗေဒါတွေ ကြာဖြူကြာနီတွေ ဝေဆာနေတတ်တဲ့ ရေကန်တွေ… လယ်ကွင်းပြင်ထဲ ဟိုတစု ဒီတစု ရှိနေတတ်တဲ့ နွားအုပ်
ကျွဲအုပ်တွေ… တသွင်သွင် စီးနေတတ်တဲ့ ချောင်းရိုးလေးတွေနဲ့ ဟင်္သာတွေ မရှိတော့…။ ပြီးတော့ အိမ်ရှေ့နေပူပူမှာ
ငါးရံ့အကောင်ကြီးတွေကို စင်ထိုးပြီး လှမ်းထားတတ်တဲ့ ရွာကလေးတွေ… မရှိတော့။ ကားတွေကတော့ ဝေါကနေ
လှည့်ပြန်မှာတဲ့။ ဟိုဘက် ဘုရားကြီးအကျော်မှာ နောက်ကားတစီးကို လက်မှတ်ပြပြီး စီးပါ..တဲ့။

လောလောဆယ်တော့ အဲဒီဝေါကနေ လှမ်းမြင်နေရတဲ့ ဘုရားကြီးအလွန်ထိကို လှေနဲ့ ကူးရမတဲ့။ လှေခက


တယောက် ၂၀၀.. တဲ့။ ကျမတို့ သူငယ်ချင်းတစု မဆိုးပါဘူးလို့ ပြောဖြစ်တယ်။ တကယ်တမ်း လှေပေါ်တက်တော့
လုပြီးတက်ရတာ.. ပြီးတော့ လှေပေါ်တင်တဲ့ လူဦးရေက ကြောက်စရာ ကောင်းလောက်အောင် မနိုင်ရင်ကာ..။ ကျမတို့ အဖွဲ့က
ရေမကူးတတ်တဲ့ ရန်ကုန်သူတွေချည်း။ ပြီးတော့ ပစ္စည်းပစ္စယတွေကလည်း ပါသေး။ ကျမစိတ်ထဲ ရေလယ်လောက်မှာ လှေကို
ယမ်းအောင်လုပ်ပြီး လူပြုတ်ကျရင် ဆယ်ဖို့ ဈေးညှိပြီး ကျေနပ်မှ ပြန်ဆယ်ပေးတယ်ဆိုတဲ့ ဇာတ်လမ်းကို သတိရပြီး
ကြောက်နေမိတယ်။ လှေသမားနဲ့ ဈေးခေါ်မယ့်သူတွေကို အရိပ်အကဲကြည့်တော့လည်း တကယ် စိတ်ပူလောက် စရာ
ကြမ်းကြမ်းတမ်းတမ်းပုံတွေ.. ထုံးစံအတိုင်း ဆဲလို့ ဆိုလို့တွေပေါ့။ ကျမတို့ထဲမှာ လူက ဆရာမ ထွားထွားကြီးပေမဲ့ စိတ်နုတဲ့
ဘုတ်ဘုတ်က မျက်ရည်လည်နေပြီ။

ဒါပေမဲ့ ကံကောင်းထောက်မစွာပါပဲ လှေပေါ်လုတက်တဲ့သူတွေနဲ့ အပြောအဆို ကြမ်းတမ်းတဲ့


လူတချို့ကြောင့် စိတ်အနှောက်အယှက် အနည်းအကျဉ်း ကြုံခဲ့ရတာကလွဲလို့ ဘေးမသီ ရန်မခဘဲ ဘုရားကြီးကားဂိတ်ထိ
ရောက်နိုင်ခဲ့ကြပါတယ်။ ဘုရားကြီးရောက်တော့လည်း ရန်ကုန်ထိဆက်သွားမယ့် ကားကို စောင့်ရပါသေးတယ်။
ထုံးစံအတိုင်းပေါ့ အဲဒီခရီးမှာ ကျမ ခံစားရတဲ့ အမျိုးစုံကို ကျမ “ခြောက်အိပ်မက်” ဆိုတဲ့ နာမည်နဲ့ ၀တ္ထုရေးဖြစ်ပါသေးတယ်။
ဝတ္ထုက အတော်လေး ရှည်သွားလို့မို့ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ် မြားနတ်မောင်မဂ္ဂဇင်းကို ပေးဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒဝ
ီ တ္ထုကို
စိစစ်ရေးက ဖြဲဆုတ်လိုက်ပြီး အဲဒီလမှာ မြားနတ်မောင်က ၃ပုဒ်လောက်ဆင်ဆာထိတာကြောင့် warning ပြင်းပြင်းထန်ထန်
ထိသွားတယ်လို့ မြားနတ်မောင်ရဲ့ အယ်ဒီတာ ကိုလွဏ်းဆွေ(ဒေါက်တာလွဏ်းဆွေ)က ပြောပြပါတယ်။ အဲဒီ ၀တ္ထုလေးကို
တင်ပေးချင်ပေမဲ့ ငှားသွားတဲ့ လူတယောက်က ပြန်မပေးတာမို့ ကျမ လက်ထဲ မရှိတော့ပါဘူး။ အဲဒီဝတ္ထုလေးကို
နာဂစ်ကာလမှာတုန်းကလည်း ကျမ သတိရနေမိခဲ့ပါသေး တယ်။

ရန်ကုန်ပြန်ရောက်တော့ ကြုံရတဲ့ ပြဿနာက ကျမမှာ ကလေးတယောက်နဲ့ နေစရာ အိမ် မရှိတာပါပဲ။


ကိုယ်နဲ့ မပတ်သက်တော့ဘူးလို့ ဆိုရမယ့် ယောက္ခမအိမ်မှာလည်း ဆက် မနေချင်တော့။ မိဘအိမ်မှာလည်း နေစရာ
အခန်းပိုမရှိ။ ပြီးတော့ မိဘတွေအိမ်က မြို့ထဲမှာမို့ သား ကျောင်းတက်ဖို့ အဆင်မပြေ။ ကျမနဲ့ သားက ကျောင်းနဲ့
နီးနီးနားနားနေမှ ဖြစ်မှာလေ။ ဒါနဲ့ပဲ ကျမ တက္ကသိုလ်ဆရာများဝန်ထမ်းအိမ်ရာမှာ အိမ်ခန်းလျှောက်ပါတယ်။ ကျမရဲ့ လုပ်သက်
၁၂နှစ်ရယ်.. ကလေးတယောက်နဲ့ လုံလုံလောက်လောက် ဒုက္ခရောက် နေတာရတာရယ် ကြောင့် ရလေမလား မျှော်လင့်တာ။
ဒါပေမဲ့ မရခဲ့ပါဘူး။ အဓိကပြဿနာက အိမ်ထောင်ဦးစီး ခင်ပွန်းမရှိတဲ့အတွက် အမှတ်လျော့လို့ပါတဲ.့ .။ အလွန်ထူးဆန်းတဲ့
သတ်မှတ်ချက် စည်းမျဉ်းပဲနော်..။ အဲဒါ အဆည ၀န်ထမ်းအိမ်ရာရဖို့ တကယ် ချမှတ်ထားတဲ့ မူပါ.. ။

အဲဒီအချိန်လေးမှာပဲ စီးပွားရေးလုပ်ချင်တယ်ဆိုတဲ့ ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်နေကြတဲ့


ကျောင်းသူမလေး နှစ်ယောက်က စားသောက်ဆိုင်တခုလုပ်ဖို့ ပိုက်ဆံလိုတယ်ဆိုတာနဲ့ (ယောက္ခမတွေ တားနေတဲ့ကြားကပဲ)
ကိုယ့်ရှိတဲ့ ပိုက်ဆံလေးတွေ အစုစပ် ဆိုပြီး ၀င်ရင်း သူတို့နဲ့အတူ တိုက်ခန်းတခန်း ငှားပြီး အောက်ထပ်မှာ ဆိုင်ခန်းဖွင.့် .
အပေါ်ထပ် မှာ အခန်းလေးတခန်းစီ စပ်တူနေဖြစ်လိုက်ပါတယ်။ ကိုယ်က ကျောင်းတဘက် စာအုပ်ကိစ္စ တဘက် လုပ်နေတုန်း
ဆိုင်ကလည်း တော်တော်လေး အခြေနေ ကောင်းလာတယ်လို့ ကျမက ထင်ပါတယ်။ ကျမနဲ့ ပတ်သက်တဲ့ဆိုင်လေးမို့
ကျမသူငယ်ချင်းတွေ.. မိတ်ဆွေ အဆိုတော်တွေ.. တပည့်တွေလည်းလာ အားပေးကြသား။ ဒါပေမဲ့ ဘယ်လို ဖြစ်တယ်မသိ..
ကလေးမလေးတွေက ဆိုင်က အရှုံးပေါ်နေလို့ ဘာ ညာနဲ့ ကျမကို ဟိုလိုလို ဒီလိုလိုတွေ စိတ်ဆင်းရဲအောင်
ပြဿနာလုပ်လာကြပါတယ်။ ကျမကတော့ တော်တော် နားမလည်နိုင် တာပါပဲ။ အဲဒီတုန်းကလောက် စိတ်ဆင်းရဲ
အားငယ်မိတာ မရှိတော့ဘူးလို့ ထင်နေမိ ပြန်ပါတယ်။ ကိုယ့်တပည့်အရွယ.် . ညီမအရွယ်လေးတွေက ကိုယ့်ကို မခန့်လေးစား
ဆက်ဆံတာ ပထမဆုံး ခံရဖူးတာကြောင့်ပဲ ထင်ပါရဲ့။ စိတ်ဆင်းရဲလိုက်တာများ။

အဲဒီရက်တွေထဲမှာပဲ “အချစ်အကြောင်းပြောရအောင်” ထွက်သွားပြီး စာအုပ်ကလေးက ဈေးကွက်ထဲ


အတော် အဆင်ပြေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖြန့်ချိရေးကို တာဝန်ယူပေးတဲ့ မိတ်ဆွေဆီကတော့ ငွေရေးကြေးရေး
ဖြတ်ပိုင်းပြန်မလာ ဖြစ်ခဲ့ပါတယ်။ ကျမ ရင်းထားသမျှ ကုန်ရောဆိုပါတော့။ ဒါပေမဲ့ ထုတ်ဝေရေးထုံးစံအတိုင်း
ပထမအုပ်ထွက်ထားပြီးရင် နောက်တအုပ် ထွက်ကို ထွက်ရမှာမို့ ဒုတိယအုပ်ကို ကျမ ပရိသတ်တွေ တောင်းဆိလ
ို့
ပထမဆုံးလုံးချင်း “သီချင်းနှင်းဆီ”ကို ပြန်ထုတ်ဖို့ ပြင်ပါတယ်။ အဲဒီအုပ်ကို သူငယ်ချင်း ဆရာကျောင်း(စာရေးဆရာ
မျိုးငြိမ်းဆွေ၊ တင်ဇာမော့်သီချင်းများရဲ့ ထုတ်လုပ်သူ ပန်းချီဒီဇိုင်း-မျိုးဆွေသန်း)က မျက်နှာဖုံးရေးပေးတာ သိပ်ကို
ကောင်းတာပါပဲ။ သူက ကျမရဲ့ အဲဒဝ
ီ တ္ထုကို အဖုံးရေးပေးချင်လို့ဆိုပြီး ပိုက်ဆံလည်း မယူပါဘူး။

အဲဒီစာအုပ်ကိုလည်း မောင်လေးတယောက်လိုဖြစ်နေတဲ့ ထုတ်ဝေသူတယောက်ကို စာအုပ်


လုပ်တာကနေစလို့ ဖြန့်ချိရေးအထိ ပုတ်ပြတ်အပ်လိုက်ပါတယ်။ ဒါပေမဲ့ တကယ့် ဇာတ်နာတဲ့ ၀တ္ထုတပုဒ်လိုပါပဲ…။ ကျမ သူ့ကို
ထုတ်ဝေရေးအတွက် ကျသင့်တဲ့ ပိက
ုဆံတွေ ပေးလိုက်ပြီး နောက်မှာပဲ သူ ရန်ကုန်ကနေ ပျောက်သွားပါတယ်။ ဘယ်လိုမှ
စုံစမ်းလို့ မရတော့ပါဘူး။ ကျမမှာ ရှိသမျှလည်း တကယ့်ကို အကုန် ကုန်တော့တာ။ စာအုပ်လည်း မဖြန့်နိုင်တော့ဘဲ ကျမ
သတိလက်လွတ်တွေ ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ ဟို ကလေးမလေး နှစ်ယောက်ကလည်း ဆိုင်မှာ ငွေကြေးဇယားတွေကို
အရှုံးပြနေကြပါတယ်။ ကျမမှာ နောက်ထပ် အရင်း ထပ်ထုတ်ပေးရတော့မလို ဖြစ်နေတာ။ ထပ်ထုတ်စရာမရှိလို့ ရှယ်ယာကို
ထွက်တော့မယ်ဆိုတော့လည်း မရဘူးတဲ့။ ဖြစ်ချင်တော့ အဲဒီတုန်းက စိစစ်ရေးက ‘ခြောက်အိပ်မက်’ ၀တ္ထုကို ဖြဲပြီးနောက်ပိုင်း
ကျမကို Black list မှာ ထည့်ထားလို့ ၀တ္ထုတို တွေတောင် ရေးမရ ဖြစ်နေတဲ့အချိန်။

လက်ထဲ ပိုက်ဆံတပြားမှ မကျန်တော့လို့ ရင်တွေပူပြီး တညလုံး အိပ်မပျော်နိုင်ဘဲ


မိုးစင်စင်လင်းသွားတယ်ဆိုတဲ့ အခြေအနေမျိုးဟာ လက်တွေ့ဘ၀တွေထဲ တကယ် ရှိပါလားလို့ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့
အချိန်တွေပေါ့။ အဲဒီတုန်းက ကားလမ်းဖြတ်ကူးတဲ့အခါ မီးစိမ်းမီးနီမကြည့်ဘဲ ဖြတ်ဖြတ်ကူးမိတာလည်း ခုထိ သတိရ တုန်း..။
မီးစိမ်းကြီးကို ငေးငေးငိုင်ငိုင် ဖြတ်ကူးနေတုန်း ကားပေါ်က ကားသမားတွေက ‘သေချင်လို့လား’လို့ အော်သွားတာကို ‘အင်း..
သေချင်လို့..’ လို့ ပြန်ပြောခဲ့ဖူးတာလည်း မှတ်မိသေးတယ်။ ဘေးကုတင်မှာ အိပ်ပျော်နေတဲ့ သားကို ထိုင်ကြည့်ရင်း
မျက်ရည်တွေကျပြီး ငုတ်တုတ် မိုးလင်းသွားခဲ့ဖူးတဲ့ ညတွေကိုလည်း သတိရတယ်။ သားအမိနှစ်ယောက် သေတ္တာနှစ်လုံး
အိပ်ယာနှစ်ခု.. စာအုပ်တွေ.. ထမင်းစားပန်းကန် နှစ်ချပ်.. ဟင်းပန်းကန် နှစ်လုံး.. ထမင်းပေါင်းအိုးလေးတစ်လုံး..
ဒယ်အိုးလေးတစ်လုံး.. လျှပ်စစ်မီးဖိုလေးတစ်လုံး.. ဒန်ရေနွေးအိုးလေး တစ်လုံးတည်းနဲ့ နေခဲ့ရဖူးတယ်။ သားကလေးက TV
ကြည့်ချင်လို့ ပူဆာပြီး တဘက်အိမ်က TV ကို လမ်းမဘက်က ရပ်ပြီး ချောင်းကြည့်နေတာကို ကြည့်ပြီး မျက်ရည်ကျ
နေခဲ့ရဖူးတယ်။ (တကယ်တော့ အဖိုးအဖွားတွေက တတ်နိုင်သူတွေဖြစ်ပါလျက်နဲ့ သား အဲလိုကြုံရတာက ကျမ ခေါင်းမာ
မာနကြီးလို့လေ.. )။
အဲဒီ အဖြစ်အပျက်ဆိုးတွေက ကျမဆီမှာ ပြိုင်တူလို ဖြစ်ခဲ့တာပါ။ (နောက်ပိုင်းမှာ သူငယ်ချင်းတွေ
ပြောပြတာတော့ အဲဒီအချိန်တွေမှာတုန်းက ကျမ စကားပြောတာတွေက ပုံမှန်မဟုတ်ဘူးတဲ့။ ကျမ ရူးသွားပြီလို့တောင်
ပြောနေကြပြီလို့ ဆိုပါတယ်။)

အဲဒီအချိန်တွေမှာပဲ အဖေက ကျမကို မင်းတော်တော် ညံ့တာပဲလို့ အပြစ်တင်ပါတယ်။ ကျမ


စိတ်ထိခိုက်လိုက်တာ.. ဟုတ်တာပေါ့..။ မိတ်ဆွေဆိုသူေ တွက လိမ်တာကို ခံရတယ်။ ပြီးတော့ ကိုယ့် ညီမအရွယ်
တပည့်အရွယ် ကောင်မလေးနှစ်ယောက်က လှည့်နေတာကို ခံနေရတယ်။ ဒီကြားထဲ ဒုတိယတန်းကျောင်းသား သားကြီးရဲ့
ဝေယျာဝစ္စ.. ကျောင်းကိစ္စတွေန.ဲ့ .။ ကျမ ဘယ်လောက် ကျိတ်ခံစားနေခဲ့သလဲ ကျမ မသိပါ… ။ ကျမ ပြင်းပြင်းထန်ထန် ခံစား
နေခဲ့ရပါလားလို့ တွေးမိလိုက်တဲ့ အချိန်မှာတော့ ကျမက သျှင်ပါကူဆေးတိုက်ရဲ့ အရေးပေါ်ခန်းထဲမှာ ရောက်နေပါပြီ။

အဲဒီညမှာ ကျမ နောက်ဆုံး သတိရလိုက်တာက ဘယ်ဘက်ရင်ဘတ်ရဲ့ အထဲထဲက ထိုးအောင့်လာလို့ ကျမရဲ့ တဘက်ေ ဘးက
ကုတင်မှာ အိပ်နေတဲ့ သားကို လှမ်းနှိုး လိုက်တာပါပဲ။ သားက ပြန်ပြောပြတာတော့ ကျမ သူ့ကုတင်ဘေးမှာ ၀ုန်းကနဲ
လဲကျသွားလို့ သူလန့်နိုးသွားတာပါတဲ့။ ကျမကို ကလေးမလေးနှစ်ယောက်ကပဲ သျှင်ပါကူဆေးတိုက် အရောက်
ပို့ပေးခဲ့ကြပါတယ်။ ကျမသတိရလာတော့ ကျမလက်မှာ အပ်တွေ အစင်းစင်း ထိုးထားပြီး တကိုယ်လုံး ပူနွေးလို့။
ကောင်းကောင်းသတိရလာပေမဲ့ ကျမရဲ့ ခြေထောက်တွေ လှုပ်လို့ မရတော့ပါဘူး။ ကျမသူငယ်ချင်းတွေက စိတ်ပူလို့ ကျမ
မိဘတွေဆီ ဖုန်းဆက်လိုက်တာမို့ ကျမ အိမ်က လိုက်လာကြပါတယ်။ အမေက ငိုလ.ို့ .။ ကျမ ခေါင်းမာလို့ ခုလို ဖြစ်ရတယ်ပေါ့။
အံ့သြစရာ ကောင်းလောက်အောင်ပါပဲ.. ကျမ အောက်ပိုင်းသေသလို ဖြစ်သွားခဲ့တာပါ။ သားကိုတော့ ပုဂံလမ်းက
သူ့အဖိုးအဖွားတွေဆီပဲ ပို့ရပြန်တာပေါ့။ ကျမကကတော့ မိဘအိမ်ကို လိုက်သွားခဲ့ရပါတယ်။ ကျမစိတ်ထဲ တသက်တာတော့
သွားပြီလို့ ထင်ခဲ့တာ။ အဲဒီအချိန်……….. ဘ၀မှာ ဘာမှ အရေးမကြီးတော့ဘူးလို့ နှလုံးသွင်းပြီး နေတော့တဲ့ အချိန်ပေါ့။

အဲဒီအချိန်မှာလည်း ကျမကို ဆေးကုဖို့ ကြိုးစားရတာက သားကြီးကို မွေးကတည်းက ကူခဲ့ရတဲ့


ဒေါက်တာသန်းထွဋ်(လင်း(ဆေး-၁)) ပါပဲ။ ကိုသန်းထွဋ်ရဲ့ အကူအညီနဲ့ ဆေးရုံကြီးရဲ့ Physio Therapy Department မှာ
ကျမရဲ့ ခြေထောက်အောက်ပိုင်းကို Electric shock သွား သွား ပေးရပါတယ်။ တစ်ပတ်အတွင်းမှာပဲ ကျမခြေချောင်းလေးတွေ
တော်တော် လှုပ်လာပါတယ်။ ဒါပေမဲ့ ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းက အောင့်အောင့်နေတာက မသက်သာဘဲ ခြေထောက်တွေ
လက်တွေမှာ သွေးကြောတွေ ပေါက်သလို အနီကွက်တွေက များ များ လာပါတယ်။ နှလုံး အထူးကု ဒေါက်တာမျိုးဝင်းကတော့
နှလုံးရောဂါ မဟုတ်ပါတဲ့။့ Rheumatic arthritis လို့ ပြောပါတယ်။ လေးဘက်နာဆိုပါတော့။ အဲလိုနဲ့ အင်မတန်မှကို နာတဲ့
ပင်နင်စလင်ဆေးကို ၃နှစ်လောက်ထိုးရမယ်..တဲ့။ လောလောဆယ် ဆရာဝန် အကူအညီနဲ့ အိပ်ယာထဲ လုံးလုံးနားရမယ်..တဲ့။
ဖြစ်နင
ိုရင် ဆေးရုံတက်ပါတဲ့။

ကျမခမျာ.. ရှိသမျှ ပိုက်ဆံကလည်း ၃ခါဆက်တိုက် အလိမ်ခံရသလိုဖြစ်လို့ ဆေးဖိုး မတတ်နိုင်တော့။


ပြီးတော့ ကျောင်းကလည်း ဆေးရုံတက်မှ ‘ဆေးခွင’့် ရမယ်တဲ့။ ဒါနဲ့ပဲ ကျမ ဂရုစိုက်မှုကောင်းကောင်းမရနိုင်တာ သေချာပေမဲ့
ဈေးအသက်သာဆုံးဖြစ်တဲ့ တက္ကသိုလ် ဆေးရုံကိုပဲ တက်ရပါတော့တယ်။ တက္ကသိုလ်ဆေးရုံမှာက ကျောင်းပိတ်ချိန်ကလည်း
ဖြစ်ပြီး များသောအားဖြင့်က သာမန် ရုံးဝန်ထမ်းတွေပဲ အများဆုံးတက်တာမို့ ကျမကိုလည်း Special room စီစဉ်ပေးပြီး
နောက်ပိုင်းတော့ ပစ်ထားလိုက်တာပါပဲ။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်က
လက်ထောက်ကထိကဆရာမ.. အတန်သင့်တော့ လူသိများတဲ့ စာရေးဆရာမတစ်ယောက် ဟာလည်း ပိုက်ဆံမရှိရင်
အနှိမ်ခံရ.. ပစ္စလက္ခတ် အထားခံရတာပါပဲ။ အဖေနဲ့အမေတလှည.့် . ယောက္ခမတွေတလှည.့် . ထမင်းပို့ကြပြီး ကျမကို ညီမ
အငယ်ဆုံးလေးကပဲ အစအဆုံး ပြုစုရတာပေါ.့ .။ သူ့ခမျာလည်း ပင်ပန်းလို့၊ အဲဒီ အချိန်ထိလည်း ကျမ
ခြေထောက်အောက်ပိုင်းက ကောင်းကောင်း လှုပ်မရ သေးဘဲ ဒရွတ်ဆွဲနေတုန်းပါ။ ဒီကြားထဲ စာပေလောကထဲမှာလည်း
မေငြိမ်းတယောက် AIDS ဖြစ်လို့ဆိုပ.ဲ .။

အဲဒီ အချိန်လေးမှာပဲ ရာကျော်က ကျမ နေမကောင်းတဲ့ သတင်းကြားပြီး ရွာကနေ လိုက်လာပါတယ်။ သူ


ကျမဆီရောက်လာချိန်မှာ တော်တော်တုန်လှုပ်သွားပုံရပါတယ်။ ကျမက ခြေတွေ လက်တွေ ယောင်အမ်းပြီး… ဆေးရုံပေါ်မှာ
ပက်လက်..။ သူသိခဲ့တဲ့ သွက်သွက်လက်လက် စွာတာတာ မာကျောကျော ဆရာမတယောက် မဟုတ်တော့။ ကျမကတော့
“အချစ်အကြောင်းပြောရအောင်”၀တ္ထု ထွက်ထားတာမို့ မျက်နှာက ခပ်ပူပူ။ သူက တုန်လှုပ်ပေမဲ့ အရင်ကလိုပဲ ကျမကို
စကားသိပ်မပြောဘဲ ညီလေးနဲ့ပဲ စကားတွေ ပြောနေပါတယ်။ ပြီးတော့ သူ့အကျင့်အတိုင်း စာအုပ်တအုပ်ထိုင်ဖတ်နေတာပါပဲ။

ကျမက မင်းဘယ်တော့ပြန်မှာလဲမေးတော့ အေးအေးဆေးဆေးပေါ့.. တဲ့။ အငယ်မလေး ပင်ပန်းနေပြီ..


ကျနော် တလှည့်စောင့်မယ်တ.ဲ့ .။ ဟဲ့ အဲလို စောင့်လို့ မရဘူး.. ပြောတော့ Nurse တွေကို သွားပြောပြီး ကပ်လျက်ရှိနေတဲ့
အမျိုးသားလူနာဆောင်မှာ အိပ်ပြီး စောင့်ပါတယ်။ ဆေးရုံမှာ ကျမ တစ်လကျော် ကြာခဲ့ပါတယ်။ သူက ရွာတချက်ပြန်လိုက်..
ပြန်လာလိုက်ပေါ့။ အမှန်အတိုင်းပြောရရင်တော့ အဲဒီတုန်းက သူရှိနေတာက စိတ်ထဲ အားတော်တော်ရှိတာပါ..။ (နောက်မှ
ပြန်ပြောပြတာ သူ့အမေက သူ ရန်ကုန်လာမှာစိုးလို့ သူ့ပိုက်ဆံတွေ ဖွက်ထားတာတို့ ဘာတို့ လုပ်တာတဲ့..။ သူက သူစီးနေကျ
ပြိုင်ဘီးလေးရယ်.. လက်ပတ်နာရီရယ် လက်စွပ်ကလေးရယ်ကို ရောင်းပစ်လိုက်ပြီး ရအောင်လာတာ တဲ့လေ..)။

ဆေးရုံပေါ် တလကျော်ကျော် နေပြီးတော့ ကျမ တော်တော် နေကောင်းသွားပါတယ်။ ခြေထောက်တွေလည်း


ပုံမှန် ပြန်လှုပ်နိုင်ပါပြီ။ ဆရာဝန်တွေကလည်း ဆေးရုံက ဆင်းလို့ရပြီတဲ့။ လူတိုင်းလူတိုင်း ဆေးရုံက ဆင်းရင် ပျော်ကြတာ..
ကျမကတော့ ဆေးရုံက ဆင်းရင် ဘယ်သွားရပါ့လို့ ပူနေမိပါတယ်။ မိဘအိမ်သွားဖို့ဆိုရင်လည်း သားနဲ့ အတူ မနေရပါဘူး။
သားနဲ့ အတူနေဖို့ဆိုရင်လည်း ကိုယ့်ဘာသာ အိမ်ငှားရတော့မှာ…။ တက္ကသိုလ်က ဆရာမတယောက်ရဲ့ဘ၀ အဲလောက်
ဘ၀အာမခံချက်နည်းပြီး အောက်တန်း နောက်တန်းကျရသလားလို့ တွေးပြီး ကိုယ့် ဘ၀ကို စိတ်နာနေမိတဲ့ အချိန်တွေ ပေါ့..။
နောက်ဆုံးတော့ ရာကျော့်အကူအညီ နည်းနည်းယူ.. သူငယ်ချင်းတယောက်ဆီကနေ ပိုက်ဆံ နည်းနည်းချေးပြီး အိမ်ငှားရပါ
တော့တယ်… သားနဲ့ နေချင်တာကိုး…။

လှိုင်တက္ကသိုလ်ဆရာများအိမ်ရာဝင်းက ဈေးတန်ပြီး သားအမိနှစ်ယောက်တည်းနေဖို့လည်း လုံခြုံတယ်..


နောက် ဆရာဆရာမတွေပဲ ပြန်ငှားစားတာမို့ ကိုယ့် ဆရာဆရာမ၀န်းကျင်ပဲဆိုပြီး တစ်လ ၃၀၀၀ နဲ့ ၆လစာချုပ်နဲ့
အိမ်ငှားလိုက်ပါတယ်။ (ကျမလစာကမှ ၁၇၀၀ပါ)။ ပြီးတော့ သားအတွက် TTC ကျောင်းကားကလည်း ဒီဝင်းထဲ ၀င်တယ်လေ။
အိမ်ခန်းလေးက ပေ၂၀ ပေ၅၀ နှစ်ခန်းစာမို့ ကျမတို့ သားအမိနှစ်ယောက် ပစ္စည်း နည်းနည်းလေးနဲ့ ချောင်ချိလို့ပေါ့..။
အနီးအပါးမှာ ကျမနဲ့ သိပ်ခင်တဲ့ သူငယ်ချင်း လင်မယားလည်း နေတာမို့ စိတ်ထဲ အဖော်ရတာလည်း ပါပါတယ်။
သူငယ်ချင်းလင်မယားက ကလေး မရှိသေးတော့ သားလေး TV ကြည့်ဖို့လည်း စိတ်မပူရတော့ဘူးပေါ့။ အဲဒီတုန်းက
ကျန်ကျောင်း ပေါင်ချိန်ကားနဲ့ စွန်ဝူခုန်းကားတွေကို သားက မလွတ်တမ်းကြည့်ချင်တာလေ..။

၉၈ရဲ့ မိုးရက်တွေမှာတော့ ကျမက ပူလောင်ပြင်းပျရတာတွေန…


ဲ့ .။ တနေ့တနေ့ ဘာဝင်ငွေမှ မရှိဘ.ဲ . လစာ
၁၇၀၀ကို ဘလိုမှ လောက်ငှအောင် မသုံးနိုင.် . သားစရိတ်နဲ့..။ မိဘဆီလည်း လက်ဖြန့်မတောင်းချင်..။ ဒါတောင် အမေက ဆန်
နဲ့ ဆီ တစ်လစာ ပို့ပေးနေတာ။ စိစစ်ရေးကလည်း ကျမ စာတွေကို pass မလုပ်သေး။ ကျောင်းပိတ်ရက်တွေမို့ ကျူရှင် ကလည်း
မရှိ။ စားဝတ်နေရေးအတွက် ကျူရှင် လိုက်ရှာသင်ရတာမျိုးလည်း မလုပ်နိုင်။ နောက်ဆုံးတော့ သူ့မိဘရဲ့ လယ်ထဲနဲ့ ဆီစက်မှာ
အလုပ်သမားပြန်လုပ်ပြီး ရတဲ့ လုပ်ခကို ကျစ်ကျစ်ပါအောင်စုပြီး ကျမဆီလာလာပို့တဲ့ ရာကျော့်အကူအညီကိုပဲ… အားနာနာနဲ့
ယူနေရ..။ သားကတောင် ရာကျော်ရောက်လာရင် ပျော်နေတတ်ပြီ။ ဘေးဝန်းကျင်က မျက်လုံးတွေအောက်မှာတော့
ကျမတကယ်ပဲ

ရှက်ရွံ့ ကြေကွဲနေမိခဲ့။ ဒီလိုနဲ့…………..


အဆုံးမရှိအောင် ကျယ်ဝန်းတဲ့
အမှားထဲ…
တိမ်တွေက လှလိုက်တာ
ကိုယ့်မှာ တရားးနဲ့ ဖြေရတယ်။

(မောင်သိန်းဇော်)
မြသီလာအလွမ်းပြေ (၃၁)

မိသားစုအပြောင်းအရွှေ့ကာလမှာ အင်တာနက်သုံးဖို့ အဆင်မပြေတဲ့အခိုက်အတန်…


့ post အတင်ကျဲတာ
စိတ်ထဲမကောင်း။ အင်တာနက်လျှောက်ထားတာ ရတော့မှာပါတဲ့…။ ဒီကြားထဲ ကြုံရာ ကွန်ပျူတာမှာ ကိုယ့် ဘလော့လေး
ဝင်ဝင်စစ်..။ ကျမရဲ့ အရင်းအချာတချို့ကတောင် ဒီ post တွေကို ဖတ်မှ ကျမရဲ့ တော်တော်ဆိုးရွားခဲ့တဲ့
တချို့အဖြစ်အပျက်တွေကို သိကြတယ်ဆိုတာ comment တွေထဲ ဖတ်ရပါတယ်။ ဟုတ်ပါရဲ့.. များသောအားဖြင့် ကျမနဲ့
ပတ်သက်ရင် အဲလိုပါပဲ..။ ကျမက လူတွေကို သိပ်အပြစ်မတင်ချင်တတ် သလို ကိုယ့်အနာကိုလည်း မလိုဘဲ ထုတ် ထုတ်
မပြချင်တတ်ဘူးလေ..။ အဲဒီအခါ ကိုချောရဲ့ ကဗျာတပုဒ် ထဲကလိုပါပဲ….

နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျဘူး။
သူ့အတိဒုက္ခကို တဘက်လူက
သိရှိလက်ခံပေမဲ့
သူက သူ့ဒုက္ခအပေါ် ကိုယ်ဖော့နေတတ်လွန်းလို့
တ၀က်ကူညီစာနာမှုသာ ရခဲ့သူပေါ့။
……………………………………………. ဆိုသလို။

တကယ်တော့ ၉၇-၉၈ကို ရေးဖို့က တော်တော် အချိန်ယူရမှာပါ။ ကျောင်းရက်ရှည် ပိတ်ထားချိန်မို့


ကိုယ်ရေးကိုယတ
်ာတွေပဲ ရေးရမလိုလည်း ဖြစ်နေတာမို့ သိပ်လည်း မရေးချင်သလို ဖြစ်နေပါတယ်။ ပြီးတော့ အဲဒီ ၉၇-၉၈ထဲ
အဖြစ်အပျက်တွေ များလွန်းလို့ ရေးနေရင်းနဲ့ တခါတလေမှာ ကျမရဲ့ မှတ်ဥာဏ်ထဲ အချက်အလက်တွေ အချိန်ကာလတွေ
ရောထွေးကုန်တယ်။ အနားမှာ ရှိတဲ့ ကိုရာကျော်က ကူစဉ်းစားပေးပေမဲ့ အပိုင်း၂၉ နဲ့ ၃၀ကို ရေးချိန်မှာ ကျမတို့ မိသားစု
အပြောင်းအရွှေ့ကိစ္စနဲ့ အလုပ်ရှုပ်နေကြတာမို့ သူလည်း ကူစဉ်းစားပေးဖို့ အချိန်မရ..။ ကျမမှာလည်း အချိန်လုပြီး post
တင်ရတာနဲ့ တချို့ အချိန်ကာလတွေ မှားကုန်ပါတယ်။ အချက်အလက်တွေကတော့ မမှားပါဘူး။ ဥပမာ ကိုရာကျော်က
ပြောတယ်.. ‘ပဲခူးတိင
ုး ရေကြီးတာ ၁၉၉၈ မေလ မဟုတ်ဘူးတဲ့။ ၁၉၉၇ ၀ါခေါင်တဲ့။ ကျောင်းပိတ်ရက်ရှည်က ကြာဦးမယ်..
ပြီးတော့ Transfer order တွေလည်း ထွက်တော့မယ်ဆိုလို့ ဆရာဆရာမတွေက ဘားအံက ကိုယ့်ပစ္စည်းတွေ ရန်ကုန်ကို
ပြန်သယ်ကြတဲ့အချိန’် တဲ့။ အဲဒါ ပြန်စဉ်းစားတော့ ဟုတ်တယ်။ အဲဒီအချိန်မှာပဲ ကျမ ဟိုကလေးမလေးတွေနဲ့ နေဖို့
ဖြစ်လာတာ။ ဆိုတော့ အချိန် လွဲနေတာ။ တကယ်က အဲဒီ အဖြစ်အပျက်တွေက ၁၉၉၇ရဲ့ စက်တင်ဘာနောက်ပိုင်းမှာ
ဆက်တိုက်ဖြစ်ခဲ့တာ။ ကျမ သတိလစ်ပြီး သျှင်ပါဂူ ဆေးရုံရောက်သွားတာကတောင် ၁၉၉၈ရဲ့ ဇန်န၀ါရီလ လောက်မှာ…တဲ့။
ဒါပေမဲ့ အချိန်တွေလွဲပြီလို့ သေချာသွားတဲ့အချိန်မှာ ကျမက အဲဒါနဲ့ ပတ်သက်ပြီး post တွေ ၂ခုတောင် တင်ပြီးသွားပြီ။

ဒီနေရာမှာ စကားမစပ်ဆိုပေမဲ့ စကားစပ်ပြီးပြောရရင်.. ကျမရဲ့သား မောင်နေလင်းက ပါရဦးတော့မယ်။


ကျမနဲ့ မောင်နေလင်းက မြန်မာတွေရဲ့ အစဉ်အလာ အယူအဆနဲ့ ပြောရရင် ပဋ္ဌာန်းဆက်ပါတယ်လို့ ပြောရမယ်ထင်တယ်။
ဒါကြောင့် သူနဲ့အကြောင်းက ကျမရဲ့ အဲဒီ အချိန်ကာလလေးကိုပြောရင် ချန်ခဲ့လို့ မရပါဘူး။ ဘာလို့လဲဆိုတော့
ကျမနေမကောင်းတဲ့ သတင်းနဲ့ ကျမရဲ့ နေမကောင်းတဲ့အပေါ် ခံစားရတာကို ရေးဖြစ်တဲ့ ၀တ္ထုလေးတပုဒ်က အဲဒီ ၁၉၉၈ရဲ့
ဖေဖော်ဝါရီလလောက်မှာ မဟေသီမဂ္ဂဇင်းမှာ ပါသွားပါတယ်။ အဲဒီအချိန်မှာ ကျမက မိဘအိမ်မှာ အနားယူနေရတဲ့အချိန…

သားနေလင်းက စင်္ကာပူမှာ ရောက်နေတဲ့ အချိန…
် ။ ကျမတို့ချင်းက အဆက်အသွယ်ပြတ်နေကြတာ ကြာပြီ။ အဲဒီတုန်း
မောင်နေလင်းက ကျမ သတင်းကို မဟေသီမှာ တွေ့ပြီး မဟေသီတိုက်က အယ်ဒီတာချုပ် ဦးခင်မောင်မြင့် (ဆုံးရှာပြီ)ကို ကျမနဲ့
ဆက်သွယ်ဖို့ ဖုန်းနံပါတ်လှမ်းမေးပြီး အမေ့အိမ်ကို ဖုန်း လှမ်းဆက် ပါတယ်။ ကျမမှာ အားရှိလိုက်တာ။ သားက ဖုန်းထဲကနေ
အားပေးပါတယ်။ ပြီးတော့ အိမ်လိပ်စာ တောင်းပြီး နက်ဖန် သူ့သူငယ်ချင်းတွေ လာလိမ့်မယ်လို့ ပြောပါတယ်။

နောက်တနေ့ကျတော့ မောင်နေလင်းရဲ့ စင်္ကာပူကနေ မြန်မာပြည်ကို ခဏ ပြန်ရောက်နေတဲ့ သူငယ်ချင်း


မိန်းကလေးနှစ်ယောက် ရောက်လာပါတယ်။ ကျမကို သတင်းမေးရင်း မောင်နေလင်းက ပေးခိုင်းလို့ဆိုပြီး ပိုက်ဆံ ၃သောင်း
ပေးပါတယ်။ အင်မတန် မာနကြီးချင်တဲ့ ဘယ်သူ့အကူအညီမှ တော်ရုံနဲ့ မလိုချင်တတ်တဲ့ ကျမက အဲဒီအချိန်မှာတော့
ဘယ်လိုမှ မငြင်းနိုင်ဘူး ဖြစ်သွားပါတယ်။ ဘာလိ့လ
ဲုဆိုတော့ ကျမမှာ ပိုက်ဆံ တကယ်ကို လိုနေတဲ့ အချိန်မို့လို့ပါပဲ။
အဲဒီတုန်းက ရွှေဈေးက ၁သောင်း၂ထောင်မို့ မောင်နေလင်းပေးတဲ့ ၃သောင်းဟာ ကျမအတွက် တော်တော်
ခုမိခံမိစေတဲ့ ဆေးဖိုးပါပဲ..။ အဲဒီနောက်မှာပဲ ကျမ electric shock ပေးတဲ့ ကုထုံးနဲ့ ကုဖြစ်တာပါ။ (ခု ကျမရဲ့ post ထဲမှာ
လွဲနေတဲ့ နေမကောင်းဖြစ်နေတဲ့အချိန်ကို အဲဒီတုန်းက ပိုက်ဆံလာပို့တဲ့ မိန်းကလေးတစ်ယောက်က အတည်ပြုပေးပါတယ်။
သူကလေးက နောက်ပိုင်းမှာ မောင်နေလင်းနဲ့ အိမ်ထောင်ကျပြီး ကျမနဲ့ သားနေလင်းရဲ့ ပဋ္ဌာန်းဆက်ထဲ ကန့်လန့်ကန့်လန့်
ပါနေခဲ့တာ… ခု လတ်တလော )အပြောင်းအရွှေ့ကိစ္စတွေအထိပါပဲ..

ဒါတွေကို ကျမပြောပြနေတာက ကိုယ့်နိုင်ငံမှာ အမြင့်ဆုံးပညာရေးဌာနဖြစ်တဲ့ တက္ကသိုလ်မှာ


လက်ထောက်ကထိကဆိုတဲ့ ပြန်တမ်းဝင်အရာရှိဖြစ်နေတာတောင်မှ ကိုယ့်ဘာသာကိုယ်ဆိုရင် ဆေးမကုနိုင်လို့ သေရမယ့်
ဝန်ထမ်းဘ၀ကို ပြောပြချင်တာပါ။ ကျမတို့ရတဲ့ လစာ ၁၇၀၀ ဟာ အိမ်ငှားခလည်းမရ… စားဖို့လည်း ၀မ်းမ၀… ဒီလိုနဲ့
ဆရာဆရာမတွေဟာ တရားမ၀င် ကျူရှင်ပြပြီး စားကြရတာပါ။ ဒါဖြင့် ဆရာဆရာမ မဟုတ်တဲ့ ၀န်ထမ်းတွေကရော..
ဘယ်လိုရပ်တည်မလဲ.. ဒီလိုနဲ့ပဲ ခိုးကြ လိမ်ကြ.. လာဘ်စားကြ.. အချင်းချင်းတွေ ဖြတ်ခုတ်ကြ ရ… အဂတိလိုက်စားကြရနဲ့
တကယ်တော့ ၀န်ထမ်းတွေကို သူခိုးဇာတ် သွင်းပစ်တာပါပဲ။

ဒီလိုနဲ့ ဆေးရုံပေါ်မှာ တစ်လကျော် နေရပြီးနောက် မတ်လထဲမှာမှ ကျမ လှိုင်ဆရာများ အိမ်ရာကို


ပြောင်းနေပါတယ်။ အဲဒီတော့မှပဲ Transfer orderကလည်း တကယ် ထွက်လာပါ တော့တယ်။ သားခမျာတော့ ကျမနဲ့
ပုဂံခြံဝင်းက အဖိုးအဖွားတွေဆီ တလှည့်စီ နေနေ ရတာပေါ့။ အဲဒီ ၉၈ရဲ့ ဇွန်လထဲမှာပဲ သားအဖေဖြစ်သူ သူ့မိဘတွေဆီကို
ပြန်ရောက်လာ ပါတယ်။ သူ့ရဲ့ ကောင်းကွက်တခုက ကျမကို ဘယ်လို အနှောက်အယှက်မျိုးမှ မပေးတာပါပဲ။ အဲဒီအခါ
သူကလည်း သူ့မိဘတွေအိမ်မှာ နေ… ကျမကလည်း ကိုယ့်ဘာသာ ရုန်းကန် ရပ်တည်။ အဲဒီတုန်းကတော့
ရန်ကုန်စီးပွားရေးတက္ကသိုလ်က မိန်းထဲက နဂိုဌာနနေရာမှာပဲ ရှိနေသေးတာမို့ ကျမအတွက် တော့ မြသီလာရဲ့ရင်ခွင်ထဲ
အနာတွေ အမောတွေ ဖြေသိမ့်စရာတမျိုးတော့ ဖြစ်နေသေးတာပေါ့လေ..။ နေတဲ့အိမ်ဝင်းလေးကနေ အင်းစိန်လမ်း ပေါ်က
ဘုရားလမ်းမှတ်တိုင်ထိ လမ်းလျှောက်… အဲဒီကနေ လှည်းတန်းကို ကားစီး။ ရာမည ၀င်ပေါက်ကနေ ကျောင်းထဲဝင်…
ဒဂုံဆောင်ရှေ့ကနေ ဖြတ်လျှောက်ရတဲ့ လမ်းကလေး အတိုင်း ရွှေဘိုဆောင်ကိုဖြတ်.. ဂျပ်စင်ကို ဖြတ်.. ၀ိဇာခန်းမကို ဖြတ်..
အီကိုကင်တင်းကို ဖြတ်ပြီး ဌာနအရောက်သွားရတဲ့ နေ့တိုင်းခရီးကို ကျမ မောရကောင်းမှန်း မသိခဲ့ပါဘူး။ ပြီးတော့ အဲဒီအချိန်
ကျမရဲ့ ထုံးစံအတိုင်း ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ကလည်း ညီအမတွေလိုပဲ သိပ်ချစ်ကြတာ။ ပိုပြီး ကျေနပ်စရာ
ကောင်းတာက ဌာနမှူးကလည်း သိပ်ချစ်စရာကောင်းတာပါပဲ။

အီကိုမှာ ပျော်ပေမဲ့ ပြဿနာက ကျမရဲ့ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းတဲ့ ပြဿနာပါပဲ။


အဲဒီကာလတွေထဲမှာပဲ မောင်နေလင်းက ဗမာပြည်ပြန်ရောက်လာလို့ဆိုပြီး ကျမဆီ ဆက်သွယ်ပါတယ်။ ပြီးတော့ အိမ်ကို
လာတွေ့ပါတယ်။ အဲဒီတုန်းက သားနေလင်းက ကျမကို စာအုပ်ထုတ်ဝေရေးကိစ္စတွေ ကျန်းမာရေးအခြေအနေတွေ
အသေးစိတ်မေးနေပါတယ်။ သူမျက်နှာ သိပ် မကောင်းလှပါဘူး။ ဧည့်ခန်းထဲ ဘုရားစင်လေး တခုပဲ ရှိပြီး သံမံတလင်းမှာ
ယိုးဒယားဖျာလေး ခင်းပြီး ဧည့်သည်ကို ဧည့်ခရ
ံ တဲ့ အခြေအနေ။ နောက် မီးဖိုထဲမှာလည်း ဟာလာဟင်းလင်း…။ ရှေ့ပိုင်းမှာ
ပြောခဲ့သလို အိပ်ယာ၂ခု သေတ္တာ၂လုံး အနေအထားကို သူတွေ့ပြီး စိတ်မကောင်း ဖြစ်နေပုံပါ။ နောက်တော့ ကျမလက်ရှိ
ရပ်တည်နေရတဲ့ အနေအထား.. ၀င်ငွေတွေကို မေးပြီး စာအုပ်လုပ်ငန်းလေး ပြန်လုပ်ပါလား..လို့ တိုက်တွန်း ပါတယ်။
ကျမကတော့ မချိပြုံးပဲ ပြုံးနေနိုင်ပါတယ်။

နောက် သိပ်မကြာခင်မှာတော့ မောင်နေလင်းက လူကြုံနဲ့ ကျမဆီကို ငွေတစ်သိန်း ပို့လိုက်ပါတယ်။ ကျမ


စာအုပ်လုပ်ငန်းပြန်လုပ်ဖို့တဲ့။ အဲဒီတကြိမ်မှာတော့ ကျမ မျက်ရည်ကျ မိပါတယ်။ ကျမ ဒီကလေးအပေါ် ကျေးဇူးကြွေးတွေ
တင်လှပြီ။ လောလောဆယ် ကျမ မငြင်းနိုင် မတတ်နိုင်။ သူ့အပေါ် ကိုယ့်ကျေးဇူး လုံးလုံးမရှိပါဘဲ ကိုယ့်ကို သက်သက်ကူညီတဲ့
ကလေးတယောက်ရဲ့ ချွေးနှဲစာကို ကျမ အလဟဿ အဖြစ်မခံနိုင်ပါ။ ဒါကြောင့် သူဖြစ်စေချင်တဲ့ အလုပ်ကလေး ဖြစ်အောင်
ကြိုးစားလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျမ လုပ်ဖြစ်တဲ့ စာအုပ်လေးက “၉၈အချစ်ကဗျာ အချစ်ကဗျာ၉၈” ပါ။ ကဗျာဆရာ
၉၈ယောက်ရေးတဲ့.. ကဗျာ ၉၈ပုဒ်ပါတဲ့ စာအုပ်လေးပါ။ စာအုပ်လုပ်နေရင်း စရိတ်တွေ ထောင်းတာရော စားတဲ့အထဲ
ပါတာရောနဲ့ ငွေထပ်လိုလာပြီး စာအုပ်ဖြစ်ဖို့အရေး နှောင့်နှေးနေပြန်တော့ သူငယ်ချင်း ကျော်ဇောခိုင်က တစ်သိန်း
ထုတ်ပေးပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ စာအုပ်ကလေး လှလှပပဖြစ်လာပါတယ်။ မျက်နှာဖုံးကိုတော့ ဒဏ္ဍာရီ
(သုခမိန်လှိုင်သမီး)လေးရဲ့ ပန်းချီကားကို ဒီဇိုင်း လုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်လေးက အမြတ်အစွန်းသိပ်မရှိပေမဲ့ ခေတ်ပြိုင်
မှတ်တိုင်လေးတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ အဲဒါကပဲ အမြတ်ဆိုပါတော့။

၉၈ရဲ့ ဇူလိုင်လထဲမှာပဲ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားတာကိုတော့ ပြန်မဖွင့်ဘဲ ကိုယ်နေတဲ့ နေရာနဲ့


အနီးဆုံးမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ စာမေးပွဲဖြေရမယ်လို့ ဗြုန်းစားကြီး ကြေငြာပါတယ်။ တကယ်တမ်း ပညာလိုလား
စာကြိုစားတဲ့ ကျောင်းသား ကျောင်းသူတွေခမျာ မျက်နှာ အပျက်ပျက်နဲ့ပေါ့။ သင်ရိုးတွေက တကယ်လည်း မကုန်သေးဘဲ
ရှိတာလေးကို မေးခွန်းထုတ.် . ကလေးတွေလည်း ရှိတာကိုသာ ဖြေဖို့။ တချို့ နေရာတွေမှာဆို စာမေးပွဲ လာဖြေရင်ကို
အောင်ပြီလို့တောင် ကြိုပြောထားတာတဲ့။ တကယ်ပဲ အဲဒီစာမေးပွဲမှာ အကုန်အောင်.. တချို့ အထက်တန်းကျောင်းတွေက
ဆရာဆရာမတွေကို လာဘ်ထိုး ပြီး ကူးချဖြေတဲ့အတွက် ဂုဏ်ထူးတွေထွက်. ဂုဏ်ထူးတန်းတက်ခွင့်တွေ ရကြပါတယ်။
အဲဒီအချိန် က စပြီး ခိုးချတဲ့ ဇာတ်လမ်းတွေ တက္ကသိုလ်ပညာရေးထဲမှာ စလာတာပါပဲ။ ကံမကောင်း တာက
အဲဒီအချိန်နောက်ပိုင်းက စပြီးတော့ပဲ ပညာရေးလောကထဲမှာ ဆရာဆရာမတွေ ဆင်းရဲလေတော့ လာဘ်ပေးလာဘ်ယူတွေ
သိပ် ထွန်းကားလာတော့တာပါပဲ။ ဒီလိုနဲ့ ပိုက်ဆံ ချမ်းသာတဲ့သူတွေ ဂုဏ်ထူးတန်းတက်.. ဆရာဆရာမဖြစ်.. ပါရဂူဘွဲ့ရတွေ
အထိ ဖြစ်နိုင်တယ်ဆိုတဲ့ အစဉ်အလာ တခု တက္ကသိုလ်လောကမှာ သန္ဓေတည်လာတာပါ။

အဲဒီနောက် မကြာမတင်မှာပဲ စက်မှုတက္ကသိုလ်လို သက်မွေးဝမ်းကျောင်းတက္ကသိုလ်ကြီးမှာ ၆နှစ်တာ


သင်ယရ
ူ တဲ့ နည်းပညာတွေကို ညနေပိုင်းသင်တန်းတွေ ဖွင့်ပြီး ဒီပလိုမာတွေ ပေးပစ်တာမျိုးတွေ စလုပ်လာတာပါပဲ။
ဘာသာရပ်တွေကို အဆင့်အတန်း နိမ့်ကျသွားအောင် လုပ်တဲ့ ရည်ရွယ်ချက်တွေပေါ့။ စက်မှုတက္ကသိုလ် ဆိုတာက
အာဏာရှင်စစ်အစိုးရရဲ့ မျက်စေ့ထဲက စပါးမွှေးလေ..။ ၁၉၉၈ သြဂုတ်လ ၂၄ရက်ညမှာတော့ ကမာရွတ်လှည်းတန်းမှာ
ကျောင်းသားတွေ လမ်းမပေါ် စီတန်းထိုင်ပြီး ဆန္ဒပြတယ်လို့ ကြားပါတယ်။ အမှန်အတိုင်း ပြောရရင် အဲဒီညက အဖြစ်အပျက်ကို
ကျမ သေချာ မသိလိုက်ပါဘူး။ ကျမတို့ အိမ်ဝင်းနဲ့ နီးတဲ့ ခပေါင်းဆောင်တို့ အင်းလေးဆောင်တို့ဘက်ခြမ်းကို ရဲတွေ
လုံထိန်းတွေ ရောက်လာပြီး လမ်းတွေ ပိတ်လိုက်တာပဲ သိလိုက်ပါတယ်။ နောက်တော့ အဲဒီဆန္ဒပြတဲ့ကလေးတွေကို
လုံထိန်းကားတွေနဲ့ ၀ိုင်းထားပြီးတော့ မီးသတ်ကားတွေက ရေတွေနဲ့ ၀ိုင်းထိုးပက်တယ်ပြီး ဖမ်းခေါ်သွားတယ်လို့ ကြားရပါတယ်။
ကျမအပါအ၀င် လူထုကတော့ သတင်းအကြားမှာ စုတ်တ သပ်သပ်…။ ပြီးတော့လည်း အဲဒီသတင်းလေးက ပျောက်သွားရ
ပြန်တာပါပဲ။ ကျမတို့ ကိုယ်စီတွေမှာ ဖိစီးနေတဲ့ အပူမီးကလည်း ကြီးလွန်းနေကြတာလေ။

ဖတ်နေတဲ့သူတွေ မောကာမှ မောရော.. သြဂုတ်လကုန်မှာတော့ ကျမရဲ့ မပြီးစီးနိုင်သော ပြဿနာတခုက


ပြန်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ အိမ်ခန်းလေး ငှားထားတာ ၆လပြည့်လို့မို့ နောက်ထပ် ၆လစာ ၁သောင်း၈ထောင်
ထပ်ပေးရမှာလေ။ သေချာတာက ကျမလက်ထဲ အဲလောက်ပိုက်ဆံ ဘယ်လိုမှ မရှိတော့။ ရှာလည်း မရှာနိုင်တော့။
နောက်ဆုံးတော့ ကျောင်းက ဆရာတယောက်က လှည်းတန်းဈေးနားမှာ အမျိုးသမီးဆောင် ဖွင့်ထားတယ်တဲ့။
အဲဒီအောက်ထပ်မှာ သားအမိငှားနေရင် အဆောင်သူတွေလိုပဲ တယောက် တထောင်.. သားအမိနှစ်ယောက်ဆိုတော့
နှစ်ထောင်တဲ့။ လချင်းပေးသွားပြီး နေလို့ ရမယ်တဲ့။ ရာကျော်ရောက်နေတုန်း အဲဒီ အဆောင်လေးကို သွားကြည့်တော့
အောက်ထပ် ဧည့်ခန်းလေးရဲ့ အတွင်းဘက်မှာ ကျမတို့ နေရမယ့် အခန်းတဲ့။ အခန်းလေးက ၁၂ပေပတ်လည် အခန်းလေး။
အခန်းမှာ တံခါးမပါ။ တံခါးမရှိ ဓားမရှိ ဆိုပါတော့။ ခန်းစီးလေးတစ်ခုက အကာပေါ့။ သေတ္တာတွေတော့ သော့သေချာခပ်ပါတဲ့။
ရာကျော်ကတော့ အတော် မျက်နှာပျက်နေပြီ။ ဒီလိုနေရာမှာ ကျမ ဘယ်လောက်ကြာကြာနေမလဲ..။ သားကျောင်းကားခက
၁၀၀၀ တဲ့။ အိမ်လခနဲ့ ပေါင်းရင် ၃၀၀၀..။ သားအမိနှစ်ယောက် စားစရိတ်မပါသေး။ ကျမလစာက ၁၇၀၀…။ ကျမ
ဘယ်လိုရပ်တည်မလဲ…။ တခုခု ဆုံးဖြတ်ရပါတော့မယ်။

နောက်ဆုံးတော့ ကျမနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ရာကျော်လည်း နောက်ဆုံးနှစ်တက်ရမယ့်


မော်လမြိုင်တက္ကသိုလ်ကိုပဲ ပြောင်းဖို့ ရွေးဖြစ်ပါတယ်။ ကျမ ရန်ကုန်ကို ပြန်ရောက်တာက တနှစ်တောင် မပြည့်သေးလေတော့
နယ်ပြန်ထွက်ဖို့ လွယ်ပါ့မလားတာ့ မသိဘူးပေါ့။ ဒီလိုနဲ့ ကျမ ပြောင်းရွှေ့ခွင့် တင်ပါတယ်။ နယ်တခုခုကို တောင်းပြောင်းရင်
အကြောင်းပြချက် တခုခုပေးရမယ်ဆိုတော့ ကျမက မိသားစုကိစ္စလို့ ဖြည့်လိုက်ပါတယ်။ အဲဒီ ပြောင်းရွှေ့ခွင့်
အဆင့်မြင့်ပညာဦးစီးဌာနကို ရောက်သွားတော့ ကျမကို လှမ်းမေးပါတယ်။ မိသားစုကိစ္စဆိုတာ ဘာလဲတဲ့။ ကျမလည်း
အကျပ်ရိုက်သွားပြီး ခင်ပွန်းရှိတဲ့အတွက် ပြောင်းချင်ပါတယ်လို့ တင်လိုက်ပါတယ်။ အေးပြီလို့ ထင်တာ မအေးပါဘူး။
နောက်ရက်မှာ “အဆည”က ကျမကို ခေါ်တွေ့ပါတော့တယ်။ ကျမရဲ့ ကိုယ်ရေးရာဇ၀င်ဖြည့်ရာမှာ ခင်ပွန်းဆိုတဲ့နေရာမှာ
ကွာရှင်းလို့ ဖြည့်ခဲ့တာက ၃နှစ်တောင်ရှိပြီဆိုတော့ ခု ခင်ပွန်းက ဘာလဲ.. ပြန်ပေါင်းတာလားပေါ့။ ကျမမှာ ဒုက္ခ။
ဘာလုပ်ရပါ့ပေါ့။

ပြဿနာကတော့ ပြောရရင် သိပ်များတယ်တောင် ထင်ကြမယ်။ ရန်ကုန်မြို့ကြီးမှာ တက္ကသိုလ်က


လက်ထောက်ကထိကဆရာမတယောက် နေစရာမရှိ.. စားစရာမရှိတာကို ဖြေရှင်းလို့ကို မရတော့တာ။ နယ်မှာဆိုရင်တော့
နေစရာလေးရမယ်.. အစားအသောက် ကလည်း ပေါတယ်။ ပြီးတော့ ကုန်ကျစရိတ် နည်းတယ်ပေါ့။ ပြီးတော့ နယ်ကောလိပ်
လေးတွေကို ကျမ ချစ်တယ်လေ..။ ကဲ.. ဘာလုပ်မလဲ.. ဆုံးဖြတ်ပေါ့။ မော်လမြိုင်တက္ကသိုလ် ပြောင်းဖို့ အရေးကတော့
ခင်ပွန်းယောက်ျားရှိမှ ရတော့မှာ.. အသေအချာပဲ..။ ရာကျော်ကတော့ ခပ်အေးအေးပဲ ပြောတယ်..။ လက်ထပ်ကြရအောင်…
တဲ့။

ကျမနဲ့ သားအပေါ် အင်မတန် စိတ်ရှည် အနွံအတာခံ..။ လူပြောသူပြောခံပြီး အနားမှာ နေပေးနေတဲ့


လူငယ်လေးကို ကျမ အသုံးချသလိုတော့ မဖြစ်ချင်ပါ။ နောက်.. ကျမရဲ့ အချစ်အကြောင်းပြောရအောင် ၀တ္ထုထဲကလိုပါပဲ..။
ကျမ သူ့ကို အားနာလှပါတယ်။ သူ့ခမျာ မိဘတွေရဲ့ တဦးတည်းသော သားကလေး.. သူ့ခမျာ အဲဒီတုန်းကဆို
အသက်ကလည်း ၂၄ပဲ ရှိသေး…။ ပြီးတော့ ကိုယ်ချင်းစာ မိတာက ကျမကိုယ်တိုင် သားတယောက်အမေ။ အမေတယောက်ရဲ့
မျက်ရည်တွေနဲ့ ရင်းရမယ့် ဆုံးဖြတ်ချက်တခု.. အဲသလိုပဲ ဆရာမတယောက်ရဲ့ ရပ်တည်ချက်နဲ့ ရင်းရမယ့် ဆုံးဖြတ်ချက်တခု..
ခက်ခဲ ပင်ပန်းလိုက်တာ…။ ကျမ ဘာလုပ်ရမလဲ.. ကိုယ့်ဘ၀ ရပ်တည်ရေးအတွက် ကိုယ်သံယောဇဉ်ရှိတဲ့သူကို
အသုံးချတာမျိုးဖြစ်မှာလည်း စိုးလှပါတယ်။ ဒါဖြင့် ကျမနဲ့သူ့အကြား ဘာမှ မရှိဘူးတဲ့လား.. ။ မဟုတ်ဘူးလေ… သူနဲ့
ကျမကြားမှာ ခိုင်ကျည်နေတဲ့ ကြိုးမျှင်တွေက မနည်းမနော..။

ကိုပိုင်စိုး ဝေစကား ငှားပြောရရင်တော့

ရေကျချိန်တွင်
မျောပါသွားသည့် အမှိုက်တစ်စပမာ
နာကျင်စွာ
ပျော်ရွှင်နာကျင်စွာ
ရာဇ၀င်ကားချပ်ပေါ်မှာ မဆုတ်မနစ်
သွေးသစ်များဖြင့် လန်းဆန်း လတ်ဆတ်
အဆက်မပြတ် အချစ်စိတ်ယိုစီးမှုများနဲ့
မွေးဖွားခဲ့တဲ့ ငါပါ။
ပန်းရိုင်းတွေက မြေကြီးပေါ်မှာ ဖူးပွငလ
့ို့
ငှက်ကလေးတွေ လေထဲမှာ ပျံသန်းလို့
အဝေးကြီး
ဟိုး………… အဝေးကြီးက ရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘ၀တစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဖူးကွယ်။

ရက်စက်လှတဲ့ ထိုးဇာတ်လိုပါပဲ။ ကျမ လိုအပ်ချက်အတွက် သူ့ကို လက်ထပ်လိုက်တာမျိုး ဖြစ်ခဲ့ရတာ..။


သူကတော့ စိတ်အေးလက်အေးနဲ့ ပျော်လို့ပါပဲ..။

နောက်ဆုံးတော့ ၁၉၉၈ ရဲ့ ဆောင်းရက်တရက်မှာပဲ နှစ်ဘက်မိဘ မပါဘဲ ရုံးတက် လက်မှတ်ထိုး … မိတ်ရင်း


သူငယ်ချင်းအနည်းအကျဉ်းနဲ့ လှည်းတန်းက ဘုန်းကြီးကျောင်းလေး တကျောင်းမှာ ဆွမ်းကျွေး…။ (နှစ်ဘက်မိဘ တွေက
ခွင့်မပြုခဲ့ကြပါဘူး)။ အဲဒီတုန်းက ကျမတို့ ဆင်းရဲပေမဲ့ ပင်ပန်းပေမဲ့ စိတ်လက်ချမ်းသာ ရှိနေခဲ့ကြပါတယ်။ အားလုံး
တစ်ကပြန်စရတဲ့ ဘ၀တစ်ခုပေါ့။ ကျမ တကယ်လိုလားတဲ့ မိသားစု ဘ၀လေးပါ။ ကျမဘမှာ အဆုံးအရှုံးတွေ
အလဲအပြိုတွေများခဲ့ပေမဲ…
့ ဘ၀တခုလုံးနဲ့ လဲပစ်လိုက်တဲ့အထိ ကျမ မရှုံးနိမ့်ခဲ့တာကိုပဲ ခုချိန်မှာ တွေးမိတိုင်း
စိတ်ချမ်းသာနေမိပါတယ်။ ပြီးတော့ ခုအိမ်ထောင်သက် ၁၀နှစ်ကျော်တဲ့ အထိလည်း ကျမကို စိတ်ဆင်းရဲအောင် တခါမှ
မလုပ်ဖူးတဲ့အပြင် မိသားစုအပေါ် မပြောင်းမလဲ ဂရုစိုက်တဲ့ .. ကျမနဲ့ ပတ်သက်ရင် အစစအရာရာ ပံ့ပိုးကူညီတဲ့ ရာကျော့်ကို
ခုထိလည်း ကျေးဇူးတင်နေမိတုန်းပါ..။ သူ့ မေတ္တာတရားက ကျမရဲ့ အနာတွေအမောတွေကို အများကြီး
ကုစားပေးနိုင်ခဲ့တာလေ..။

နေ့မရှိ ညမရှိ
အကြေကွဲဆုံးကာလမှာမှ သန္ဓေတည်ခဲ့တဲ့
ရင်ထဲက အစိုင်အခဲ
ခွဲထုတ်ပစ်လို့ မရဘူးလေ။

(ပိုင်စိုးဝေ)
မြသီလာအလွမ်းပြေ (၃၂)

၁၉၉၈ ရဲ့ ဒီဇင်ဘာလလယ်လောက်မှာပဲ မော်လမြိုင်တက္ကသိုလ်ကို ပြောင်းရွှေ့ခွင့်အမိန့စ


်ာ ထွက်လာပါတယ်။
ကျမခမျာ အီကိုမှာပျော်တဲ့ကြားက နောက်တနေရာကို ပြောင်းရဦးတော့ မှာလေ..။ ဒါပေမဲ့ အဲဒီ
မော်လမြိုင်တက္ကသိုလ်ဟာလည်း ကျမ ချစ်တဲ့ နေရာလေးတစ်ခုပဲမို့ စိတ်ထဲ ပေါ့ပေါ့ပါးပါးပါပဲ…။ သေချာတာက
ရန်ကုန်မှာလိုတော့ ကျမ စိတ်ညစ်ပင်ပန်းရမှာ မဟုတ်တာပါပဲ..။ နယ်တက္ကသိုလ်လေးမှာ နေစရာ အိမ်ခန်းကလေး ရပြီဆိုရင်
ကျန်တာကို မပူတော့။ ကျမ ရာကျော့်ကို ယုံတယ်..။ သူ ကျမကို သေချာပေါက် လုပ်ကိုင်ကျွေးနိုင်မှာလေ။
ကျမတို့နှစ်ယောက်ဘ၀အစမှာ ခြေဖ၀ါး လက်ဖ၀ါးချည်းပဲ… ဆိုသလို၊ ဒါ့အပြင် အပိုပိုင်ဆိုင်မှုဆိုလို့ သားတယောက်သာ ရှိရုံနဲ့
ပြည့်စုံနေခဲ့ကြတာ…။

ဇန်န၀ါရီလဆိုတော့ နှစ်တန်းကျောင်းသား သားက စာမေးပွဲနီးနေပြီမို့ ပုဂံခြံဝင်းထဲက အဖွားအိမ်မှာ


သူ့အဖေနဲ့ တူတူ တလှည့်ခဏနေခဲ့ဖို့ စီစဉ်ရပါတယ်။ သားစာမေးပွဲပြီးရင် မေမေလာခေါ်မယ်ပေါ့..။ သားက အမေစီစဉ်တာ ကို
မျက်လုံးအ၀ိုင်းသားနဲ့ လက်ခံရှာပါတယ်။ တကယ်တော့ သူ့ခမျာက TTC မှာပဲ ကျောင်းတက်ချင်ရှာတာပေါ့။ ဒါပေမဲ့
အမေနဲ့သား တူတူနေရဖို့။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ထဲမှာက တခါတလေတော့
နယ်ကကျောင်းတွေကတောင် ကလေးတွေအတွက် ပိုကောင်းနေတတ်တာပါ..။ ကျမတို့လို ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့
သားကလေးအဖို့တော့ နာမည်ကျော်ကျောင်းတွေကတောင် ကလေးကို ပိုစိတ်ဆင်းရဲစေနိုင်မယ်လို့ မြင်မိပါတယ်။ ဒီလိုနဲ့
၁၉၉၉ ဇန်န၀ါရီလမှာတော့ ကျမတို့ မော်လမြိုင်ဆီကို ထွက်ခဲ့ကြရပြန်ပါပြီ်။ ဒီတကြိမ်မှာလည်း စိတ်ထဲ တက်ကြွ
ဖျတ်လတ်နေတဲ့ အားသစ် အင်သစ် မျှော်လင့်ချက်အသစ်တွေနဲ့ပေါ့…။

အဆုံးအထိ သူတို့ရဲရင့်ကြ
အဆုံးအထိ သူတို့ယုံကြည်စိတ်ပြင်းပျကြ
အဆုံးအထိ သူတို့ထပ်တူထပ်မျှဖြစ်ကြ
မျက်နှာရဲ့ အစွန်းတနေရာမှာ တွယ်ကပ်သွားကြတဲ့
မျက်ရည်နှစ်စက်လိုပဲ။

Zbigniew Herbert (မောင်သစ်မင်း ဘာသာပြန်)

ကျမက မြို့ကလေးတွေကို ချစ်တဲ့နေရာမှာ လေ မြေ ရနံ့တွေကအစ ချစ်တာပါ..။ မုတ္တမဘက်ကမ်းကနေ


မော်လမြိုင်ဘက်ကမ်းဆီကူးဖို့ သင်္ဘောစီးကတည်းက စပြီး စိတ်ချမ်းသာတော့တာ…။ အဲဒီ ညှီအဲ့အဲ့ မြစ်ရေနံ့ရယ်… မြစ်ပြင်ကို
ဖြတ်တိုက်လာတဲ့ လေနွေးနွေးရယ်… သင်္ဘောနောက်ကို လိုက်လာတတ်တဲ့ စင်ရော်တွေရယ်.. ကြည်နူးစရာ
ခေါင်းဆေးကျွန်းရယ်…

နောက်တော့ လှမ်းမြင်နေရတဲ့ ကျိုက်သလ္လာန်ဘရ


ုားရယ်….. ဘယ်တော့မှ မေ့မရမယ့် မြင်ကွင်းတွေနဲ့
ကျမချစ်လက်စရှိတဲ့ မော်လမြိုင်မှာ.. ကျမ ဘယ်လောက် ကြာကြာ နေဖြစ်ဦးမလဲ..။ တသက်လုံးဆိုလည်း နေနိုင်မယ်လို့
ထင်တာပါပဲ။

တကယ်တမ်းမော်လမြိုင်ရောက်တော့ ပစ္စည်းပစ္စယတွေကို အိမ်ထောင်သည်ဝင်းထဲမှာ ရောက်နှင့်နေတဲ့


သူငယ်ချင်း ဆရာတယောက်အိမ်မှာ ခဏထားပြီး ကျမက ဌာနဘက် သတင်းပို့ဖို့ သွားရပါတယ်။ ကျမ သိထားသလောက်က
အိမ်ခန်းနေရာ တန်းပေးမှာလေ။ အိမ်ထောင်သည်ဝင်းထဲ အိမ်ခန်းလွတ်တွေ ရှိနေတာလည်း တွေ့ထားတော့ ကျမမှာ
စိတ်တွေချမ်းသာလို့ပေါ့။ ဌာနရောက်တော့ သတင်းပို့ပြီး ရုံးကိစ္စတွေ လုပ်။ အိမ်လျှောက်တဲ့ ကိစ္စတွေလုပ်ပြီး ပါမောက္ခချုပ်ကို
ဝင်တွေ့ရပါတယ်။ အိမ်ခန်းကိစ္စ တပါတည်းမေးတော့ ရမှာပါ.. စောင့်တော့ စောင့်ရမယ်တဲ့။ ကျမက ဒါဆို ကျမ ခု
ဘယ်လိုနေရမလဲဆိုတော့ တယောက်ယောက် အိမ်မှာတည်းပေါ့လို့ ခပ်အေးအေး ပြန်ပြောပါတယ်။ တကယ်တော့
အိမ်ခန်းဆိုတာတွေက ပေ၂၀ပတ်လည် စာသင်ခန်းတွေကို အိမ်ခန်းလုပ်ပြီး နေကြရတာမို့ တည်းဖို့ အဆင်မပြေလှပါဘူး။
ဒါပေမဲ့ အဆင်ပြေအောင် လုပ်ပြီး တပတ်လောက်တော့ စောင့်ရမှာပေါ့လေလို့ တွေးပြီး ပါချုပ်ကို ဘယ်လောက်ကြာကြာ
စောင့်ရမလဲ ဆိုတာတောင် မမေးမိတော့ပါဘူး...။
နောက်တော့ ဘားအံမှာတုန်းက အတူလုပ်ခဲ့ဖူးတဲ့ မော်ကွန်းထိန်း ကလည်း မော်လမြိုင်ကို ရောက်နေပြီး
အိမ်ထောင်သည်ဝင်းထဲမှာပဲ နေနေတယ်ဆိုလို့ သူ့ကို သွားတွေ့ပြီး အကူအညီ တောင်းရပါတယ်။ ဒီတော့ ဆရာက ကျမကို
သူ့အိမ်မှာ တည်းပါ.. တဲ့။ အခန်းပိုတခု ရှိပါတယ်တဲ့။ သွားကြည့်တော့ အခန်းပိုဆိုတာက ၁၀ပေပတ်လည် စတိုခန်းကလေးပါ။
သံမံတလင်း အခင်းမှာ ဘာမှမရှိ။ စားပွဲတလုံး ကုလားထိုင်တလုံးတော့ ရမယ်တဲ့။ ကျမနဲ့ ရာကျော် အခန်းသန့်ရှင်းရေး လုပ…

ဟိုအခန်းကပေး ဒီအခန်းကပေးနဲ့ ဖျာတွေခင်း.. ပါလာတဲ့ ကိုယ့်အိပ်ယာတွေ အထုပ်တွေချတဲ့ပြီး ဘာလုပ်ကြမလဲ
စဉ်းစားနေကြတုန်း မြန်မာစာဌာနက သူငယ်ချင်း ဆရာမတွေ တပြုံကြီး ရောက်လာကြပါတယ်။ အဲဒီသူငယ်ချင်းတွေဟာ ကျမ
မော်လမြိုင်မှာ ရှိစဉ်တလျှောက်လုံး ကူညီစောင့်ရှောက်ကြတဲ့ သိပ်ကို ချစ်စရာကောင်းတဲ့ မော်လမြိုင်သူတွေပေါ့။

သူတို့ဟာ ကျမရဲ့ မော်လမြိုင်မှာ နေခဲ့ရတဲ့ ဘ၀မှာ အင်မတန်ကို အရေးပါခဲ့တဲ့ သူငယ်ချင်းတွေပေါ့။


ညီအမတွေလို သိပ်ချစ်ရပြီး ခုချိန်ထိ သူတို့အကြောင်း စဉ်းစားမိရင် တသသနဲ့ မျက်ရည်လည်လာရတဲ့အထိ
လွမ်းဆွတ်လာရတဲ့ သူတွေပေါ့။ သူတို့ကြောင့် အားတွေရှိခဲ့တာ… ဘယ်တော့မှမမေ့။ လူ့ဘ၀မှာ အဲလို ချစ်စရာကောင်းလှတဲ့
သူငယ်ချင်းတွေ ရှိရတာ ဘယ်လောက် ကျေနပ်စရာ ကောင်းလိုက်ပါသလဲ..။ သူတို့သာ မရှိခဲ့ရင် ကျမရဲ့
မော်လမြိုင်ကဘ၀ဟာ ဒီလောက် ကျေနပ်စရာ ကောင်းခဲ့မယ် မဟုတ်ပါ..။ ကျမတို့ရဲ့ ဆင်းတောင့်ဆင်းရဲ
အိမ်ထောင်ဘ၀ဦးကလေးက သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်လည်း သာတောင့်သာယာ ရှိခဲ့တာပါ…။

အဲဒီ ၁၀ပေပတ်လည်အခန်းလေးမှာ ယာယီနေရာချပြီး ရောက်လေရာမှာ စိတ်ချမ်းသာအောင် နေတတ်တဲ့


ကျမကတော့ ပျော်လို့ပါပဲ..။ ကျမကို စာရေးဆရာမမို့ဆိုပြီး (ဘာအဓိပ္ပါယ်နဲ့မှန်း မသိ..) ပါ/ချုပ်က
ကြည့်မရဘူးဖြစ်နေတယ်ဆိုတာတွေ…၊ ကျမက ဆင်းတိဆင်းရဲပုံစံမို့ တံစိုးလက်ဆောင် ကောင်းကောင်း မပေးနိုင်လို့
နယ်မြေဌာနအကြီးအကဲက အိမ်ခန်းပေးရမယ့် ကိစ္စမှာ ညစ်ချင်တာတွေ…၊ ကျမက ခပ်စွာစွာလို့ သတင်းမွှေးတာမို့
ဌာနမှူးပါမောက္ခက ကျမ ရောက်လာတာကို စိတ်ညစ်နေတာတွေ.. ကျမ မသိပါဘူး။ တနေ့ပြီး တနေ့သာကုန်ရော အိမ်ခန်းက
မရသေးပါဘူး။ အဲဒီရက်တွေထဲမှာပဲ ရာကျော်က အလုပ်ပြန်လုပ်ဖို့ ရွာကို ပြန်ဆင်းရမှာ..။ ရာကျော့်ခမျာ ကျမကို
တယောက်တည်းထားခဲ့ရမှာကို နောက်ဆံတငင်ငင်..။ နောက်ဆုံး ရန်ကုန်ကနေ မော်လမြိုင်ကို ကျမထက်အရင် Transfer
ကျပြီး ရောက်နေတဲ့ သူငယ်ချင်းဆရာမက သူတို့ ဆရာမများအဆောင်မှာ လိုက်နေဆိုတာနဲ့.. ရာကျော်ရွာပြန်တဲ့ အခိုက်
စတိုခန်းလေးကို ပိတ်ပြီး သူငယ်ချင်းတွေနဲ့ သူတို့အပျိုဆောင်မှာ လိုက်နေ..။ အဲဒီတော့လည်း ကျမက သူငယ်ချင်းတွေ
တ၀ုန်းဝုန်းနဲ့ ပျော်တာပါပဲ။

ဒီကြားထဲ နောက်ထပ် စိတ်ချမ်းသာစရာတခုက ၉၆အပြီးမှာကတည်းက ပိတ်ထားလိုက်တဲ့ မဟာတန်းတွေနဲ့


အဝေးသင်တန်းတွေကို ဖေဖော်ဝါရီလထဲမှာ ပြန်ဖွင့်လိုက်တာပါပဲ..။ ဒီလိုနဲ့ စာပြန်သင်ရတဲ့ အချိန်တွေထဲ ကျမဘ၀လေး
နေသားတကျ…။ ဆောင်းအကုန် နွေဦး မှာတော့ ကျမရဲ့ စတိုခန်းလေးက လေလေးတဖြူးဖြူးနဲ့ အေးလို့ပါပဲ။ ကျောင်းထဲမှာ
လူတော်တော်များများက ကျမကို အခန်းမပေးဘဲ တမင်ထားတာ သိကုန်တဲ့အပြင် အများစုက ကျမတို့ကိုလည်း
ချစ်ကြခင်ကြတော့ ကျောင်းဝင်းထဲမှာ နေရတာ ပိုကောင်းလာပါတယ်။ ပြီးတော့ ဘားအံ ကော့ကရိတ်တကျောက
တပည့်တွေကလည်း ကျမဆီ ခဏခဏ လာကြပါတယ်…။ ရာကျော်ကလည်း လူချစ်လူခင် ပေါတဲ့သူဆိုတော့ ကျမရဲ့
စတိုခန်းလေးမှာ ဧည့်သည်မပြတ်..။ ကျမဖြင့် ပျော်နေရော..။

ဒီလိုနဲ့ နွေကျောင်းပိတ်ရက်ကိုရောက်လာတာမို့ သားကို ရန်ကုန်မှာ ပြန်သွားခေါ်ပါတယ်။ သားရောက်လာ


ရင်တော့ သူတို့ အိမ်ခန်းက မပေးမဖြစ် ပေးရတော့မှာ..။ ကျမလည်း ထပ်သွားတောင်းဖို့ ပိုအားကောင်း လာပြီပေါ့..
အဲလိုတွေးထားတာ။ ဒါနဲ့ ရန်ကုန်ကနေ ပြန်ရောက်ပြီး ချက်ချင်းလိုပဲ ပါ/ချုပ်ကို ၀င်တွေ့ပြီး အကျိုးအကြောင်းပြောပြတော့
အိမ်ခန်းပေးတဲ့ရာသီ မဟုတ်ဘူးတဲ့..။ ကျမက ပိတ်ထားတဲ့ အခန်းလွတ်တွေ ဘာလုပ်ဖို့ထားတာလဲ ဆိုတော့လည်း ဒါ မူပဲ..
တဲ့။ ကျမ တော်တော် ဒေါသဖြစ်သွားပါတယ်..။ ပါ/ချုပ်ကို စက်ဆုပ်သွားမိပါတယ်။ နောက်မှပြန်သိတာက မူအရဆိုရင်
မော်လမြိုင်နယ်ခံ ဆရာဆရာမ ဆိုရင်တောင် အိမ်ခန်းမပေးဘူးဆိုပြီး တကယ်တမ်းကျတော့ တံစိုးလက်ဆောင် ယူပြီး
ပေးထားတာပါပဲ.. တဲ့။ ရန်ကုန်ကလာတဲ့ ဆရာဆရာမတွေကိုတော့ အဲလို ပညာပြနေကျ… တဲ့။ အဲဒါမျိုးကို စိတ်ဆိုးလွန်းလို့
အလုပ်ထွက်သွားတဲ့ ဆရာမတောင် ရှိခဲ့ဖူးတယ်တဲ့။ ကျမကိုတော့ ဒါမျိုးတော့ ဘယ်ရပါ့မလဲ.. ကျမ ပါ/ချုပ်ကို နောက်ထပ်တခါ
ထပ်ဝင်တွေ့ပြီး ပြောရပြန်တာပေါ့။
အဲဒီ အကျိုးဆက်ကတော့ ကျမကို နေရာပေးထားတဲ့ မော်ကွန်းထိန်းကို အဆောင် ပြောင်းနေခိုင်းပြီး
ကျမနေနေတဲ့ စတိုခန်းကို ပိတ်တော့မယ်လို့ လာပြောတာပါပဲ..။ အဲဒီအချိန်မှာတော့ ကျမက မရတော့ဘူး..။ ကျမအဆိပ်က
ထိပ်တက်နေပြီ။ ကျမ နယ်မြေဌာနရုံးခန်းမှာ သွား သောင်းကျန်းပစ်လိုက်တာ…။ အဆင့်မြင့်ပညာ ဦးစီးဌာနကို တိုင်မယ်..
မူနဲ့မညီဘဲ အိမ်ခန်းချပေးထားတာတွေ တိုင်မယ်.. ကျမနေနေတဲ့ စတိုခန်းလေးကို လာပိတ်လိုက်ရင် အဓိပတိလမ်းမပေါ်မှာ
အထုပ်တွေချပြီး နေမယ်.. သတ္တိရှိရင်လာလုပ.် .လို့ ပြောပစ်လိုက်တယ်။ အဲဒါ မေလ..။ ကျမကိုယ်ဝန်၅လကတောင်
တော်တော်ပေါ်နေပြီ။ မော်လမြိုင်ရောက်တာပဲ ၆လရှိပြီလေ။ ကျမသူငယ်ချင်းတွေက ကျမဘက်က အခိုင်အမာ..။
ကျောင်းထဲမှာ ရှိသမျှ အလုပ်သမား တော်တော်များများကလည်း ကျမဘက်ကနေ တီးတိုး တီးတိုးပေါ့။

ဒီတော့မှပဲ အုပ်ချုပ်သူလူကြီးမင်းတွေ ငြိမ်သွားတယ်။ အိမ်ခန်းမပေးသေးပေမဲ့ စတိုခန်းကို လာ


မပိတ်တော့ဘူး။ အဲဒီရက်တွေမှာ ရာကျော်က မရှိ.. ရွာမှာသွားပြီး အလုပ်ပြန်လုပ်နေတဲ့ အချိန်..။ မော်လမြိုင်ရဲ့ အရိုးထိ
ပေါက်တဲ့ မိုးအေးအေးထဲမှာ သားအမိနှစ်ယောက် သံမံတလင်းပေါ် ဂွမ်းကပ်ကလေးခင်းပြီး ချမ်းလွန်းလို့ ကျောချင်းကပ်
အိပ်ခဲ့ရတာ မိုးတွင်း တတွင်းလုံးလိုလိုပါပဲ။ သားက ကိုယ်ခံအားကောင်းပြီး ကျမကလည်း ကံကောင်း ထောက်မစွာ
ကျန်းမာရေး တော်တော်ကောင်းနေလို့သာ ဖျားတာနာတာ ကိုက်တာခဲတာတွေ ပြန်မဖြစ်တာပါ။ မိုးရက်တွေထဲ ရာကျော်
ရောက်လာရင်တော့ သားက အဖေနဲ့အမေကြားမှာဆို နည်းနည်း ပိုနွေးတယ်တဲ့။ (သားခမျာ ငယ်ငယ်လေးကတည်းက အမေနဲ့
တန်းတူ အဲသလို ဘ၀ဒဏ်ကို ခံခဲ့ရတာပါ.. အဲဒီတုန်းက တခါတလေ.. ကျမက ဘ၀အမောတွေထဲ စိတ်တိုနေတုန်း
ကလေးပီပီ သူဆိုးရင် အဲဒီ ၃တန်းအရွယ် ကလေးလေးကို တအားဆူပြီး နှင်ချတာတို့ ရိုက်တာတို့ လုပ်မိသေးတာ.. ခုထိ
ပြန်စဉ်းစားမိရင် သနားတုန်း)။

ဒါပေမဲ့ မော်လမြိုင်မှာက အိမ်ခန်းမရသေးတာကလွဲရင် စားရေးသောက်ရေး ငွေရေးကြေးရေးအတွက်


သိပ်မပူရပါဘူး..။ များများမမြင်ရတော့ များများမငတ်ရတဲ့ သဘောလည်း ပါတာပေါ့လေ။ ရာကျော်ကလည်း ရွာကနေ
တခေါက် ပြန်လာရင် ဆန်တွေ ဆီတွေ အသီးအနှံအခြောက်အခြမ်းတွေ သယ် သယ် လာတာဆိုတော့… အဆင်ကို ပြေလို့။
ကျမကတော့ စတိုခန်းလေးထဲ အသားကျပြီး အခန်းကိစ္စတောင် မေ့မေ့ပျောက်ပျောက် ဖြစ်ချင်နေပြီ။ ကျမရဲ့
ကိုယဝ
် န်ကလည်း တဖြည်းဖြည်း မြင်မကောင်းလောက်အောင် ကြီးကြီးလာပြီ။ ကျောင်းဝင်းပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးထဲ
ကိုယဝ
် န်ကြီးတကားကားနဲ့ မိုးရွာထဲ.. သားကြီးကို ကျောင်းကြို လိုက်. . မြန်မာစာဌာနရှိတဲ့ အပေါ်ဆုံးထပ်ကြီးကို ဆင်းလိုက်
တက်လိုက်။ ပြီးတော့ အိမ်ထောင်သည်ဝင်းရဲ့ အရှေ့ဘက်ဆုံးမှာ ရှိတဲ့ စတိုခန်းလေးထဲ ကြော်လှော်ချက်ပြုတ်နေတဲ့ကျမက
တော်တော်ပဲ အမြင်မတော်လေ သလား.. ဒါမှမဟုတ် သနားသွားသလား. ဒါမှမဟုတ.် .သူတို့ အိမ်ခန်းပေးချင်တဲ့သူ
ပေါ်လာလို့ပဲလား မသိ..။ သြဂုတ်လထဲမှာတော့ နောက်ထပ် ၀န်ထမ်းတွေကို အိမ်ခန်းတွေ ချပေးရင်းကနေ ကျမအတွက်
အိမ်ခန်းတခန်း ရလာပါတယ်။ သူတို့ပိုက်ဆံနဲ့ ၀ယ်ထားရတာမဟုတ်တဲ့ ပေ ၂၀ပတ်လည်အခန်းလေးကို သက်ဆိုင်ရာ
လူကြီးမင်းများက ကျမကို တကယ် ပေးရမယ့် အချိန်ထက် ၈လနောက်ကျပြီးမှ ပေးလိုက်ပါတော့တယ်။

(ဒီနေရာမှာ ကျမပြောချင်တာကတော့ ကျမတို့နိုင်ငံမှာ အာဏာရပြီဆိုတာနဲ့ အာဏာပြချင်တဲ့လူတန်းစားဟာ


ပညာတတ်လောကမှာပါ ရှိနေတာကို ထောက်ပြချင်တာပါ.. ဒါကြောင့်ပဲ ဒီမိုးဒီရေဒီလူတွေနဲ့ မြဲမြံ ကြန့်ကြာနေတာလည်း
တကြောင်းပေါ့..။ ခု ပညာရေးဝန်ကြီးဒေါက်တာချမ်းငြိမ်းကိုပဲ ကြည့်လေ... ၈၈တုန်းက ကျောင်းသားတွေကို ကိုယ်ချင်းစာ
ရပ်တည်ခ.ဲ့ .။ ပညာရှင်ပီပီသသ အေးအေးချမ်းချမ်းရှိခဲ့...။ ခုတော့.... အာဏာရှင်တွေအလိုကျ အသုံးတော်ခံနေရတဲ့ စက်ရုပ်
တရုပ်လို။ စက်ရုပ်တောင်မှပဲ အာဏာရှင်စက်ရုပ် ဖြစ်နေတာက.. စိတ်ထိခိုက်စရာပါပဲ)။

ဒီလိုနဲ့ ရာကျော်ရွာကနေ စနေတနင်္ဂနွေ ပြန်လာတဲ့အခါမှာတော့ ကျမတို့မိသားစု သူများနဲ့ တန်းတူ


နေခွင့်ရတဲ့ အခန်းလေးတခန်းဆီ ပြောင်းရပါတော့တယ်။ အခန်းလေးကို သေချာ နေရာချပြီးး မွမ်းမံလိုက်တော့လည်း
နေချင်စဖွယ်လေးပါ။ အိမ်ရှေ့က မြေကွက်လပ် ကျဉ်းကျဉ်းလေးမှာ စိုက်ပျိုးရေးသမားကြီး ကိုရာကျော်ရဲ့ ပဲတောင့်ရှည.် .
ရုံးပတီ.. ချဉ်ပေါင်ခင်းနဲ့ ငရုတ်စိမ်းတွေက စားလောက် သောက်လောက်အောင် တကယ်ပဲ မြိုင်မြိုင်ဆိုင်ဆိုင…
် ။ နောက်တော့
မြေကွက်လေးရဲ့ အနားသတ်မှာ နာမည်မသိပေမဲ့ ကျမကြိုက်တဲ့ မြေလျှောက်ပန်းဝါ၀ါလေးတွေ..။ နောက်..
ကျောက်နှင်းဆီခင်း.. သူ့အကန့်နဲ့ သူ…။ အခန်းလေးကို လာလည်တဲ့ သူတိုင်းက ပျော်ကြတယ်။ အဲဒီတုန်းက ဘာတခုမှ
မပိုင်ဆိုင်ပေမဲ့ အပူအပင်ကင်းကင်းနဲ့ နေရတဲ့ မိသားစုဘ၀ထဲမှာ ကျမ စိတ်ချမ်းသာလိုက်တာ…။
မော်လမြိုင်တက္ကသိုလ်ဟာ.. တကယ့်ကို တောအုပ်ကြီးတခုလို.. စိမ့်စမ်းတွေ လျှိုပေါက်တွေနဲ့။ နောက်
ချစ်စရာကောင်းတဲ့ တိုင်းရင်းသား ကျောင်းသူ ကျောင်းသားတွေန.ဲ့ .။ ၁၉၉၉မှာ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို
ထိတွေ့ခံစားရသေးတဲ့ နေရာ.. ဆရာဆရာမဆိုတာရဲ့ တန်ဖိုးကို ခံစားမြင်သိနေရသေးတဲ့ အချိန်ကာလ တခုဟာ..
အဲဒီအရပ်မှာ ရှိနေခဲ့ပါသေးတယ်။ ကျောင်းသားတွေကို စာသင်ရတာလည်း သိပ်ကို ကောင်းတဲ့ အချိန်တွေပေါ့။
အဲဒဝ
ီ န်းကျင်လေးဟာ တကယ့် အဖြူထည်ဝန်းကျင်.. ကောက်ကျစ်ရင်လည်း သိသိသာသာ.. ရိုးသားရင်လည်း
သိသိသာသာ..။ ပရိယာယ်နည်းပါးလှတဲ့ ရပ်ဝန်းလေး။ အနားက တောင်ညိုတောင်တန်းက ပတ်လည်ဝိုင်းထားတဲ့
တောင်ဝိုင်းအရပ်…။ အဲဒီ တိတ်ဆိတ် အေးချမ်းတဲ့ အရပ်ထဲ ပျော်ဝင်ရင်းနဲ့ပဲ ကျမ ‘တောသူ’ ဆိုတဲ့ ၀တ္ထုတိုလေး
ရေးဖြစ်ခဲ့တာ…။ ရွှေအမြုတေကို ပေးကြည့်တော့ ကံကောင်းထောက်မစွာပဲ စိစစ်ရေးက pass လုပ်ပါတယ်။ ကျမကတော့
စိတ်ချမ်းသာတဲ့အခါ ရုပ်ဝတ္ထု ဆင်းရဲတာကိုတောင် မေ့ပျောက် နေနိုင်တယ်လို့ အမြဲယုံတဲ့အတိုင်း အဲဒီအချိန်တွေမှာ
သောကဆိုတာ မရှိသလောက်ပါပဲ။ အဲဒီအချိန် ရာကျော်နဲ့ကျမ ပိုက်ဆံ နည်းနည်း အဆင်ပြေလာလို့ လယ်တောင် ကိုယ်ပိုင်
လုပ်လိုက်ကြသေးတာ..။ စိတ်ချမ်းသာနေချိန…
် ကံကလည်း လှည့်ပြောင်းလေသလား မသိ… လယ်လုပ်တာ
အမြတ်အစွန်းလေးတောင် ရပြီး ဟန်တွေ ဘာတွေ ကျလို့ပေါ့..။

Due date က စက်တင်ဘာလဆန်းတဲ.့ .။ Ultra sound ရိုက်တော့ ယောက်ျားလေးတဲ.့ .။ သားကြီးက


သဘောတွေကျလိ.ု့ . ညီလေးဆိုတော့ ကစားဖော်ရပြီ…. တဲ့။ ရာကျော်လည်း တပြုံးပြုံးပေါ့.. သူက တဦးတည်းသားမို့
သိပ်အဖော်မင်တာလေ… ဒါကြောင့် သားကြီး အဖော်ရမှာကို တွေးပြီး သဘောကျနေတာတဲ့။ ကျမကတော့ ဘ၀မှာ
သောကကုန်ပြီလို့ တကယ်ယုံခဲ့ပြီ။ ဒီလိုနဲ့ စက်တင်ဘာလက ဆန်း… Due date ရောက်… ပြီးတော့ လယ်… Due date
ကျော်စပြုပြီ။ ဒါပေမဲ့ ကျမကိုယဝ
် န်က အပြင်ထွက်ချင်တဲ့ အရိပ်အယောင် နည်းနည်းမှ မပြသေး.. အထဲမှာ
သကောင့်သားလေးက ဆော့ကောင်းတုန်း..။ ဒီလိုနဲ့ လကုန်ကာနီး နောက်ဆုံးပတ်ဝင်ပြီ။ OG က ရက်ကျော်တာကို
မကြိုက်ချင်..။ ကျမကတော့ သားကြီးတုန်းကလည်း ၁၀လ တင်းတင်းပြည့်မှ မွေးရလေတော့ သိပ်မပူမ.ိ .။ ဒါပေမဲ့ OG မမက
ဆေးရုံတက်တော့တ.ဲ့ .။

အဲဒီတုန်းက မော်လမြိုင်မြို့လေးမှာတော့ တက္ကသိုလ်က ဆရာမကို ဆရာဝန်မကြီးကလည်း


လေးလေးစားစား ဆက်ဆံပါတယ်။ နောက်ဆုံးတော့ ‘တော်သလင်း နေ ပုစွန်သေ’ ဆိုတဲ့ စက်တင်ဘာလရဲ့ ၂၂ရက်နေ့..
နေ့လယ်.. နေခြစ်ခြစ်တောက် ပူနေတဲ့အခိုက…
် မိုးတွေ တဗြုန်းဗြုန်းရွာကျလာတုန်းအချိန်လေးမှာ အလွန်ကိုမှ လွယ်ကူစွာ
သမီးလေးကို မွေးထုတ်နိုင်ခဲ့ပါတယ်။ Ultra Sound ရိုက်တုန်းက ယောက်ျားလေးလို့ ပြပြီး မွေးလာတော့
မိန်းကလေးဖြစ်နေတာအတွက် ကျမက ဘယ်လိုမှ မခံစားပေမဲ့ ရာကျော်နဲ့ သားကြီးကတော့ နည်းနည်း အီလည်လည်
ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီနေ့ အဲဒီအချိန်မှာ ကျမတယောက်တည်း မွေးလူနာရှိတာမို့ မှားစရာအကြောင်းကလည်း မရှ.ိ .။
ဒီလိုနဲ့ ကျမတို့ မိသားစု ၃ယောက် ဘ၀ထဲ သမီးကလေးတယောက် ထပ်တိုးလာခဲ့တာပါပဲ။

အဲဒီမော်လမြိုင်ဆေးရုံကြီးရဲ့ သားဖွားဆောင်လေးမှာ မြန်မာပြည်က ဆေးရုံတရုံအနေနဲ့ ထုံးစံအတိုင်း


မပြည့်မစုံ ဆင်းရဲပေမဲ့ ဆရာဝန်တွေ သူနာပြုတွေရဲ့ ဂရုစိုက်မှုကို အပြည့်အ၀ ရခဲ့တာက ကျေနပ်စရာပါပဲ။ ဆေးရုံက
ဆင်းလာချိန်မှာတော့ ကလေးမွေးခအဖြစ် အလှူသာ ထည့်ခဲ့ပါတဲ့။ မှတ်မှတ်ရရ… သမီးကို မွေးတာ ပိုက်ဆံ ၁၀၀၀ပဲ
အလှူထည့်လို့ ကုန်ခဲ့ပါတယ်။ သမီးကိုမွေးစဉ် ဆေးရုံပေါ်က ၃ရက်တာမှာလည်း ကျမ တခါက ပြောခဲ့ဖူးတဲ့ မော်လမြိုင်
ဒေါ်ပုထမင်းဆိုင်က အမလို ချစ်ရတဲ့ သူငယ်ချင်းဆရာမ မိသားစုက တောက်လျှောက် ထမင်းပို့ပေးတဲ့အတွက် အင်မတန်
သက်သောင့်သက်သာ နိုင်စွာပဲ သမီးလေးရဲ့ ဘ၀ဦးကို စနိုင်ခဲ့ပါတယ်။ ကျမရဲ့နာမည်နဲ့ ပတ်သက်ပြီး တော်တော်များများက
‘ငြိမ်းခက်ခက်’ဆိုလို့များ ဘ၀မှာ ငြိမ်းဖို့ခက်နေတာလားလို့ ပြောတတ်ကြတာကြောင့် သမီးလေးကိုတော့ “လင်းမြအိမ”် လို့
နာမည်ပေးဖြစ်ပါတယ်။ အလင်းရောင်နဲ့ အေးမြခြင်းတွေ သယ်ဆောင်လာတဲ့ ဘ၀အိမ်ကလေးကို ပိုင်ဆိုင်ရပါစေရယ်လို့ပေါ့…။
မြသီလာအလွမ်းပြေ (၃၃)

၁၉၉၉ရဲ့ မြသီလာဆောင်းရက်တွေကတော့ မဟာတန်းတွေနဲ့ အဝေးသင်တွေကို စာသင်ရုံကလွဲလို့ ဘာမှ


ထူးထူးခြားခြားမရှိတဲ့အပြင် ကျမမှတ်မိသလောက် ရန်ကုန်မှာ ကျန်ရစ်ခဲ့တဲ့ မြသီလာကြီးမှာလည်း ထူးထူးခြားခြား
အဖြစိအပျက် ဘာမှမရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၀၀နှစ်ဆန်းမှာတော့ ကျောင်းတွေပြန်ဖွင့်မယ်။ စာသင်နှစ်တွေကို ၆လတတန်း
သတ်မှတ်ပြီး Semester ပုံစံနဲ့ သွားမယ်.. ပညာရည်မြင့်မားမှုစီမံကိန်းဆိုတာတွေ လုပ်မယ် ဆိုတာတွေ အသံကြားလာရပါပြီ။
အဲဒီအတွက် ဘာသာရပ်ဆိုင်ရာ အကြံပြုစာတန်းတွေ တက္ကသိုလ်အလိုက် လုပ်ရမယ် ဆိုတာတွေ ညွှန်ကြားလာပါပြီ။
မြန်မာစာဌာနက သင်ကြားရေး အထောက်အကူပြု စာတမ်းတစ်စောင် ဖတ်ပါတဲ့။ အဲဒီအခါ ဌာနမှူးက ကျမကို
တာဝန်ပေးပါတယ်။ ငြိမ်းခက်ခက်က စာရေးဆရာလည်းဖြစ်တော့ literature ပိုင်း တခုခု တာဝန်ယူပါတဲ.့ .။ အဲလိုပဲ Language
ပိုင်းကိုလည်း တယောက်ကို တ၀န်ပေးပါတယ်။ အဲဒီဆရာမကလည်း Language ပိုင်းမှာ တကယ်တော်တဲ့သပ
ူါ (သူက လည်း
မဟုတ်မခံမို့ လူကြီးမကြိုက်သူပါပဲ)။ ကျမတို့ စာတမ်းရေးဖို့ နှစ်ပတ်ပဲ အချိန်ရပါတယ်။ အဲဒီမှာ ဖတ်ထားတဲ့
စာတမ်းတွေထဲကနေ ရွေးပြီး ရန်ကုန် စိန်ရတုခန်းမမှာ တနိုင်ငံလုံးက တက္ကသိုလ်ပေါင်းစုံ စာတမ်းဖတ်ပွဲမှာ ထပ်ဖတ်မှာတဲ့။
တကယ်တော့ တော်တော် တာဝန်ကြီးတဲ့ ကိစ္စပါ။

(တကယ်က ဘယ်သူမှမလုပ်ချင်တဲ့ ခေါင်းမခံချင်တဲ့အလုပ်ကို စွာတာတာမို့ အမြင်ကပ်လက်စရှိနေတဲ့


နှစ်ယောက်ကို ချောက်ချလိုက်တာပါပဲ)။ ကျမတို့ကတော့ ဒါမျိုး မမှုတဲ့သူဖြစ်တဲ့အပြင် နဂိုတည်းက သင်ကြားရေးပိုင်းကို
ဝေဖန်နေကြသူတွေမို့ အလွယ်တကူ လက်ခံလိုက်တာပါပဲ။ မြန်မာနိုင်ငမ
ှာံ Teacher- centered နဲ့ သင်နေတဲ့စနစ်ကို
အူထဲအသည်းထဲကကို ကျမက မကြိုက်တာလေ။ ကျမက မဟာဝိဇာတန်းမှာ ၀တ္ထုနဲ့ စာပေဝေဖန်ရေးသင်ရတာမို့
ကျမဖြစ်စေချင်သလို Student centered classroom ဖြစ်အောင် လုပ်ယူပါတယ်။ ကျောင်းသားတွေက ဦးဆောင်ဆွေးနွေးပြီး
စာသင်ခန်းထဲ အဖြေရှာရတဲ့ သင်နည်းကို မြန်မာနိုင်ငံမှာတော့ ဆရာက အသက်သာခိုတယ် လို့တောင် ထင်ကြတဲ့
အနေအထားပါ။ တကယ်တမ်း ကျောင်းသားတွေ ရှာတွေ့လာတဲ့ ပြဿနာတွေ ဝေဖန်ချက်တွေကို စနစ်တကျ
လက်ခံဆွေးနွေးဖို့ ထောက်ပြအကြံပြုဖို့အတွက် ဆရာလုပ်တဲ့ သူမှာ ၀မ်းစာ ဘယ်လောက် လိုအပ်တယ်.. ဘယ်လောက်
ကြိုးစားထားရတယ်ဆိုတာကို ခုထိတောင် မြန်မာနိုင်ငံက ဆရာအများစု က မသိကြ နားမလည်ကြသေးပါဘူး။

အဲဒီတုန်းက ကျမရေးတဲ့ စာတမ်းက “ဆင်ခြင်တွေးတောခြင်းနှင့် မြန်မာစာသင်ကြားရေး နယ်ပယ်” ဆိုတဲ့


ခေါင်းစဉ်ပါ။ ကျောင်းသားတွေဆီမှာ ရှိနေတဲ့ Critical Thinking, Lateral Thinking နဲ့ Creative Thinking တွေကို
မြန်မာစာသင်ခန်းစာတွေ သင်ကြားရင်းကနေ ဖော်ထုတ်လေ့ကျင့်ပေးသွားဖို့အတွက် Student-Centered Approach နဲ့
ဘယ်လို လုပ်နိုင်တယ်ဆိုတာကို အထောက်အထားတွေနဲ့ ရေးတာပါ။ အဲဒီတုန်းက မော်လမြိုင် တက္ကသိုလ်ရဲ့
စာကြည့်တိုက်မှာရော မြန်မာစာဌာနရဲ့ စာကြည့်တိုက်မှာရော Reference လုပ်စရာ ဘာစာအုပ်စာတမ်းမှ မရှိလို့…
လိုတဲ့စာအုပ်တွေ ရန်ကုန်ကို လှမ်းမှာပြီး ကြိုးစားပမ်းစား ရေးရပါတယ်။ ကွန်ပြူတာမရှိတဲ့ ခေတ်မို့ လက်ရေးနဲ့
ရေးလိုက်ဖျက်လိုက.် . ကလေးငယ်လေးတဘက်နဲ့ တော်တော် ပင်ပန်းတာပါ။ စာတမ်း အချိန်ကိုက်ပြီးသွားတော့ ကျမမှာ
သဘောတွေကျလို့။ ဌာနမှူးကို သွားပေးတော့လည်း ကိုယ့်ဘာသာ မြောက်ကြွ မြောက်ကြွပေါ့။ အဲဒီနေ့ကျလို့
မေးခွန်းတွေတက်လာရင် ဘယ်လိုတွေဖြေမယ်.. ဘယ်လိုတွေ ပြောမယ်ပေါ့။

တကယ်တမ်း စာတမ်းဖတ်ဖို့ နှစ်ရက်အလိုမှာတော့ ဆရာမကြီးက ကျမကို အခန်းထဲခေါ်ပြီး ကျမစာတမ်းကို


မဖတ်ဖြစ်တဲ့အကြောင်း၊ ဌာနမှူးပါမောက္ခတွေလည်း တစောင် မဖြစ်မနေ ဖတ်ရမယ်လို့ ထပ်ပြောတဲ့အတွက် သူလည်း
တစ်စောင် ဖတ်ရတော့မှာ ဖြစ်ကြောင်း၊ နောက် စာတမ်းတစောင်က “ပုဂံခေတ်မင်စာများမှ မြန်မာစာအရေးအသား
အဆင့်အတန်း”ဆိုတဲ့ ခေါင်းစဉ်မို့ ပါ/ချုပ်က စိတဝ
် င်စားလို့ ရွေးလိုက်ကြောင်း၊ ဒါကြောင့် ကျမစာတမ်းကို ဖြုတ်လိုက်ရတယ်လို့
ပြောပါတယ်။ ကျမက တကယ်ပဲလို့ ယုံပါတယ်။ ဒါနဲ့.. “ကိစ္စမရှိဘူးမမ.. ကျမစာတမ်းလေးသာ ပြန်ပေးပါ။ ကျမ
တက္ကသိုလ်သုတေသနဂျာနယ်ကို ပေးလိုက်မယ်..” လို့ ပြောလိုက်ပါတယ်။ ဌာနမှူးက ကျမစာတမ်း သူ့အိမ်မှာ ရှိကြောင်း၊
နောက်နေ့မှယူပါလို့ ပြောပါတယ်။ အဲဒီ နောက်နေ့တွေမှာ သူ ပြန်မပေးလို့ ကျမ တောင်းတာ ၃ခါမြောက်ပြီးချိန်မှာတော့ ကျမ
သူ့အိမ်ကို လိုက်သွားပါတယ်။ သူက ကျမစာတမ်းကို ဘယ်မှာ ထားမိမှန်းမသိလို့ အားနာလိုက်တာတဲ့။ တကယ် ဟုတ်
မဟုတ်.. သူပဲ သိမှာပါ။ (ခုတော့ အဲဒီဌာနမှူးလည်း ပင်စင်ယူသွားပါပြီ)။ ကျမဆီမှာတော့ ဖျက်ရာခြစ်ရာတွေ ပေပွနေတဲ့
အကြမ်းထည်သာ ကျန်ခဲ့ပါတယ်။ နောက်ပိုင်း ဘယ်ကိုမှလည်း မပေးဖြစ်ခဲ့တော့ပါဘူး။ (အဲဒီ စာတမ်းရေးခဲ့တဲ့
အကျိုးဆက်ကတော့ ကျမ ပြည်ပထွက်လာပြီး နောက်ပိုင်း Radio Free Asia မှာ ပညာရေးကဏ္ဍ အသံလွှင့်ဆောင်းပါးတွေ
ရေးတဲ့အခါမှာ အဲဒီစာတမ်းထဲက အချက်အလက် တွေ ပြန်ထည်န
ို့င်တာပါပဲ)။ ဒါတွေကို ကျမပြောပြနေတာက ကျမတို့နိုင်ငံမှာ
‘အချိန်ကိုက် အဖြစ်လုပ’် တဲ့ကိစ္စတွေသာ တွင်ကျယ်နေတာကိုပြောချင်တာပါ။

နောက်တော့ ၂၀၀၀ မေလ ဆယ်တန်းစာမေးပွဲတွေ စာစစ်တဲ့ ကိစ္စတွေအပြီးမှာပဲ ကျောင်းတွေ ပြန်ဖွင့်မယ်..


ပညာရည်မြင့်မားမှုအနှစ၃
် ၀စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုတာတွေ တရားဝင်ပြောလာပါတယ်။ ကျမတို့ နိုင်ငံရဲ့
ထုံးစံအတိုင်း စကားလုံးတွေကတော့ ကောင်းပေ့ပေါ့။ စီမံကိန်းတွေကလည်း စာရွက်ပေါ်မှာ ရှယ်ပေါ့..။ Our Vision ဆိုတဲ့
ကြီးကြီးကျယ်ကျယ် ဆိုင်းဘုတ်ကြီးတွေနဲ့။ အဲဒီဆိုင်းဘုတ်ပေါ်က ဘယ်သူရေးမှန်းမသိတဲ့ မြန်မာစာက မြန်မာစာဆရာမ
တွေတောင် နဝေတိမ်တောင်ဖြစ်ကုန်တာ.. ဘာကို ဆိုလိုမှန်း မသိ..။ ဆရာဆရာမတွေ ကွန်ပျူတာ တတ်ရမယ်တ.ဲ့ .။
သင်ထားပါ.. မသင်လို့ မတတ်ရင် နောက်မှာ ချန်ခဲ့ရမှာပဲ.. တဲ့။ ကျမတို့က သင်ဖို့ ဘယ်သူစီစဉ်ပေးမှာလဲဆိုတော့
ကိုယ့်အစီအစဉ်နဲ့ကိုယ.် . တဲ့။ ဘုရားရေ.. ကွန်ပျူတာသင်တန်းက အတတ်ကို ၁သောင်းခွဲ.. ကျမတို့ တရားဝင်လစာက
အဲဒီတုန်းကထိ ၁၇၀၀ပဲ ရသေးတာ။

ပြီးတော့ အစည်းဝေးခန်းထဲမှာ ဆရာမကြီးက ပြောသေးတယ်။ ဘာတဲ့.. ရေဗူးပေါက်တာ မလိုချင်ဘူး..


ရေပါတာပဲ လိုချင်တယ်တဲ့။ ကျမက ချက်ချင်း ပြန်ပြောလိုက်တယ်.. “မမ… အဲဒါ စစ်တပ်က ရေသယ်တဲ့ကိစ္စမှာ ပြောတဲ့
စကားဖြစ်မယ်... ပညာရေးထဲမှာတော့ အဲလို မရဘူးထင်တယ်..” လို့။ သူက “မရဘူး.. ဒါ ဖြစ်အောင်လုပ်ရမယ့် ကိစ္စတွေပ.ဲ .
မလုပ်နိုင်တဲ့သူ ကျန်ခ”ဲ့ တဲ့။ ကြည့်ပါဦး.. ပညာတတ် ဆရာမကြီးတယောက်က သူ့လက်အောက်က လုပ်ဖော်ကိုင်ဖက်တွေကို
ပြောတာ။ လက်ဝှေ့ကြိုးဝိုင်းထဲ စိန်ခေါ်တာကျနေရောနော်..။ ပညာမတတ်တဲ့သူတွေက အဲလိုပြောတယ်ဆို ထားပါတော့။
(တကယ်တော့ ဒါ့ထက်အများကြီးဆိုးတဲ့ ဆရာဆရာမကြီးတွေလည်း ရှိတာကို နောက်ပိုင်းမှာ ကျမပြောပြပါ့မယ်.. ဒါမှပဲ ကျမ
ဘာလို့ မြသီလာကို စွန့်ခဲ့ရတယ်ဆိုတာက ပေါ်လွင်တော့မှာလေ)။

မော်လမြိုင်တက္ကသိုလ်မှာ ထူးခြားတာက ဆရာဆရာမအများစုက တော်ကြတာ.. ပြီးတော့ ဆရာဆရာမစိတ်


ရှိကြတာပဲ။ ဒါကြောင့် ကျောင်းသားတွေကလည်း အများစု တော်ကြ လိမ်မာကြတယ်။ ရန်ကုန်ကျောင်းတွေမှာ စာမေးပွဲမှာ
စာခိုးချတဲ့ ပြဿနာတွေ.. အခန်းစောင့်ဆရာမတွေက ငွေယူပြီး စာခိုးချတဲ့ကျောင်းသားကို လွှတ်ပေးတယ်ဆိုတာတွေ
ကြားနေရချိန်မှာ ကျမတို့ မော်လမြိုင်တက္ကသိုလ်က စံပြလို့တောင် ပြောလို့ရလောက်အောင် စာခိုးချတဲ့သူတွေ နည်းတယ်။
ရှိရင်လည်း အရေးယူတယ်။ ကလေးတွေကလည်း အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ဆရာဆရာမတွေကလည်း ညီကြတယ်။
စုန်းပြူး အနည်းအကျဉ်း ရှိပေမဲ့ အများစုက ကောင်းလေတော့ အဲဒီတုန်းက မော်လမြိုင်တက္ကသိုလ်ဟာ နာမည်ကောင်း
ထွက်တဲ့ ကျောင်းတခုပေါ့။

ဒီလိုနဲ့ ၂၀၀၀ပြည့်နှစ်ရဲ့ဇူလိုင်လမှာတော့ ၁၉၉၆ကျောင်းသားလှုပ်ရှားမှုအပြီးကတည်းက ပိတ်ထားခဲ့တဲ့


စာသင်ခန်းတံခါးတွေ ပြန်ဖွင့်လိုက်ပြန်ပါတော့တယ်။ အဲဒီ ၂၀၀၀ ကျောင်းတံခါးတွေ ပြန်ဖွင့်တာရဲ့ နောက်ကွယမ
ှ်ာ
ကျောင်းသားတွေ စာမတတ်ရေး.. ပညာရေးအဆင့်အတန်း နိမ့်ကျရေးနဲ့ ပညာတတ်တန်ဖိုးတွေ နိမ့်ကျ သွားစေရေးအတွက်
နောက်ကွယ် အစီအစဉ် (Hidden Agenda)တွေ ရှိနေခဲ့တာကို ဘယ်သူမှ မရိပ်မိကြသေးပါဘူး။ ကျမလို စစ်အစိုးရနဲ့
ပတ်သက်ရင် မသင်္ကာစိတ်နဲ့ အမြဲ စောင့်ကြည့်တတ်တဲ့သူတောင်မှပဲ သံသယ မရှိမိခဲ့သေးပါဘူး။ ကျမ ရိပ်မိတဲ့ အချိန်က
၂နှစ်လောက် နောက်ကျခဲ့ပါတယ်။ တကယ်တော့ ‘တိုင်းပြည်ဖျက် စီမံကိန်း’ ဆိုတာကလည်း စနစ်တကျ စိမ့်ဝင်ထိုးဖောက်ပြီးမှ
လုပ်တာပဲ မဟုတ်လားလေ။

ကျောင်းဖွင့်ချိန်မှာ ပျော်ရွှင်ကြည်နူးကြတာတော့ ကျောင်းသားတွေတင်မဟုတ်.. ကျမတို့ ဆရာ


ဆရာမတွေပါ.. စိတ်လက်ကြည်နူးကြရပါတယ်။ ပင်ပန်းတာကတပိုင်း.. ကိုယ့် ပလက်ဖောင်းလေးပေါ် ကိုယ်
ပြန်ရောက်ရတာက စိတ်ချမ်းသာစရာ..။ ကျမဆို ဘ၀မှာ စာသင်ခုံပေါ် ရပ်ပြီး စာသင်နေရမှ အဓိပ္ပါယ်ရှိတယ်လို့ကို
ထင်တာလေ။ စာသင်ခန်းဟာ ကိုယ်ဖြန့်ဝေချင်သမျှပြောခွင့်ရတဲ့ နေရာလေး..။ ကိုယ်မွေးချင်တဲ့ မျိုးဆက်သစ်လေးတွေ
မွေးထုတ်ခွင့်ရတဲ့ နေရာလေး.. ကိုယ်ဟောချင်တဲ့ တရားတွေ ဟောခွင့်ရတဲ့ နေရာလေး… ကျမ ဒါကို မက်မောတယ်။ ပြီးတော့
မြန်မာစာဘာသာရပ်.. အထူးသဖြင့် ကဗျာ စကားပြေစတဲ့ စာပေဘာသာရပ်ဟာ ကျမ နှလုံးသားထဲကကို
မြတ်နိုးတဲ့ဘာသာရပ်မို့ ကျမဒါနဲ့ပတ်သက်ပြီး ပြောနေဆိုနေရတာကို သိပ်မွေ့လျော်တာပါ။ ဆရာမဖြစ်ပြီး နောက်ပိုင်း
ကာလတွေထဲ ကျမဘ၀ရဲ့ အပျော်ဆုံးအချိန်တွေဟာ အဲဒီ မော်လမြိုင် တက္ကသိုလ်ကာလမှာလို့တောင် ပြောလို့ ရပါတယ်။

အဲဒီကျောင်းပြန်အဖွင့်မှာမှ ရာကျော်လည်း Chemistry Major ကို Final Year တက်ရတာပေါ့။


ကလေးတဘက် အလုပ်တဘက်နဲ့ပေါ့။ ကျမက ရာကျော်ရှက်နေမှာ စိုးနေမိသေးတယ်။ မိန်းမက ဒီတက္ကသိုလ်မှာပဲ ဆရာမ..
သူက ကျောင်းတက်နေရတုန်း.. ပိုဆိုးတာက နေတာကလည်း ကျောင်းဝင်းထဲလေ.. ။ ပြောသာပြောရတယ်.. အဲဒီအချိန်မှာ
ကျောင်းသား ကျောင်းသူ တော်တော်များများကလည်း အိမ်ထောင်တွေ ကျကုန်ပြီ။ တချို့လည်း ကလေးတဘက်နဲ့ပေါ့။ ကျမရဲ့
ဘားအံတုန်းက တပည့်တွေထဲမှာလည်း နောက်ဆုံးနှစ်ကို မော်လမြိုင်မှာ လာတက်သူတွေက တက်ကြရတာပေါ့။ အဲဒီအခါ
ကျမစိတ်ထဲ ကျမတပည့်တချို့ ကျမအပေါ် ရာကျော်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အပေါ် စိတ်ကသိကအောက်ဖြစ်မှာ
အရိုအသေတန်မှာတွေကိုလည်း တွေးပူနေမိတာမျိုး ဖြစ်နေမိပါ သေးတယ်။ ဒါပေမဲ့ ကျမတပည့်လေးတွေကရော သူတို့ရဲ့
မိဘတွေကပါ ကျမနဲ့ ရာကျော့်အပေါ် အချစ်မပျက်.. အရိုသေမပျက်.. အရင်ကအတိုင်း လှိုက်လှိုက်လှဲလှဲ ရှိဆဲမို့ ကျမမှာ
တော်တော် အားတက်ရတာပါ။ ဒီတော့လည်း ကျမအိမ်ကလေးက ဘားအံကောလိပ် မှာတုန်းကလိုပဲ တပည့်တွေရဲ့
စားအိမ်သောက်အိမ် အပန်းဖြေစရာ အိမ်ကလေး ဖြစ်နေမြဲပေါ့။

မော်လမြိုင်တက္ကသိုလ်က အချိန်တွေဟာ ကျမအတွက်တော့ တကယ့်ကို ကျေနပ်စရာကောင်းခဲ့တဲ့


ဘ၀လေးပါပဲ။ ဌာနမှာဆိုရင်လည်း ကျမနဲ့ စိတ်တူကိုယ်တူ ဆရာဆရာမတွေက အများစုလေ..။ ကျမဖြင့် အဲဒီတုန်းက ကျမရဲ့
လုပ်ဖော်ကိုင်ဖက်တွေကို သိပ်ချစ်တာပါပဲ။ ပြီးတော့ အေးချမ်းတဲ့ မော်လမြိုင်မြို့လေးနဲ့ အနီးဝန်းကျင် တ၀ိုက်ကလည်း
ကျမအတွက်တော့ ချစ်စရာတွေချည်း။ အခါကြီး ရက်ကြီးတွေ ဘာသာရေးအထိမ်းအမှတ်နေ့တွေဆို တောင်ဝိုင်း တောင်ပေါ်က
ဘုန်းကြီးကျောင်းတွေမှာ အလှူလုပ်။ နောက် ကျောင်းရှေ့က ဘိုးဘွားရိပ်သာမှာ အလှူလုပ်။ ကျမစိတ်ထဲ မော်လမြိုင်မှာပဲ
နေတော့မှာလို့ကို ဆုံးဖြတ်လိုက်တဲ့အထိ… အဲဒီမြေမှာ ပျော်မွေ့ခဲ့တာပါ။

အဲဒီအချိန်တွေမှာပဲ ရာကျော်လည်း ကျောင်းပြီး.. ဘွဲ့ရ ..။ သမီးလေးလည်း တောက်တောက် ပြေးပြီ။ တကယ့်ကို


အပူပင်နည်းနည်း လောဘနည်းနည်း သောကနည်းနည်းအချိန်တွေ..။ သမီးလေးဓာတ်ပုံမြင်ပြီး နှစ်ဖက်အဖိုးအဖွားနဲ့လည်း
အဆင်တွေပြေ။ ကျမအဖေက ပိုက်ဆံ ၃သိန်းထုတ်ပေးလို့ လယ်ကို အကြီးအကျယ်စိုက်မယ်လို့ ကြွေးကျော်ပြီး ရာကျော်က
ရွာပြန်ဆင်းသွားပါတယ်။ ကျမက သားကြီးကို အဖော်လုပ်ပြီး သမီးလေးရယ်.. ကျမကို ကူလုပ်တဲ့ အဖော်ကောင်မလေး
တွေရယ်နဲ့ နေခဲ့ပေါ့။ အဲဒီတုန်းကတော့ တကယ်လည်း သားကြီးကိုအဖော်လုပ်ရတာ။

သားကြီးက ငယ်ငယ်ကတည်းက ဘာမှမကြောက်တတ်။ တခြားကလေးတွေ ညဘက် အိမ်ပြင်တောင်


မထွက်ရဲတဲ့ အရွယ်မှာ သားက ကျမကို အပြင်ထွက်လည်း လက်နှိပ်ဓာတ်မီးကိုင်ပြီး အဖော်လိုက်ပေးတာ။ ညမိုးချုပ်ချုပ်မှာ
ကျူရှင်က ပြန်ရင်လည်း တောအုပ်လို ကျောင်းဝင်းထဲ တယောက်တည်း ပြန်လာရရှာတာ။ ခုထိလည်း အားတော့ ကိုးရသားပါ။
(ဆင်ခြေများတာက လွဲလ)ို့ ။

တကယ်တော့ ရာကျော်က သူ့အသွေးအသားထဲကကို လယ်လုပ်ရတာကို ပျော်တာ.. လယ်ကိုချစ်တာမို့ ဒါပဲ


လုပ်ချင်တယ်ဆိုလို့သာပါ။ ပြီးတော့ ရာကျော်က လယ်လုပ်ပြီဆိုရင် အလုပ်သမားတွေ ငှားထားပေမဲ့ စိတ်တိုင်းမကျတာနဲ့
သူကုယ
ိတိုင် ဆင်းဆင်းလုပ်တာကြောင့် ပင်ပန်းလွန်း လို့ ကျမက သိပ်မလုပ်စေချင်ပါဘူး။ သူက ကန်သင်းပေါက်လည်း
ကိုယ်တိုင်လုပ်ရမှ.. စက်မောင်းလည်း ကိုယ်တိုင်လုပ်ရမှဆိုတော့.. လိုအပ်တာထက် ပင်ပန်းတယ်လို့ ကျမက ထင်တာလေ။
ကျမကတော့ ရန်ကုန်မှာ အဖေက ခရီးသွားကားတွေ ထောင်ထားတာမို့ အဖေ့ကားတွေ မောင်းပေးတာမျိုး.. ဧည့်သည်တွေနဲ့
လျှောက်လိုက်ပေးတာမျိုးကို လုပ်စေချင်တာ။ ပြီးတော့ အဲဒီအချိန်မှာ အဖေကလည်း သူ့ကို ချစ်နေပြီလေ။ ဒါပေမဲ့ သူက
ရန်ကုန်မှာ မပျော်ဘူး။ လယ်ပဲ ပြန်လုပ်ချင်နေတာ..။ နောက်တော့ ကျမအဖေကလည်း သူ လယ်လုပ်ချင်တာကို
အားပေးပါတယ်။ ရာကျော့်အဖေဆိုရင်လည်း ရေဆင်းက ကျောင်းပြီးထားတာကို ကိုယ့်လယ်ပဲ ခေတ်မီနည်းစနစ်တွေနဲ့
ပြန်လုပ်မယ်လို့ ကြွေးကျော်ပြီး တကယ် ကြိုးစားပမ်းစား လုပ်နေတာ။ ဒါကိုပဲ ရာကျော့်အမေ ကျောင်းဆရာမကြီးက
သဘောကျ ကျေနပ်နေတာဆိုတော့ ကျမလည်း ရာကျော့်ကို အားပေးရ တော့တာပါပဲ။
အဲဒီအချိန်မှာ စစ်အစိုးရကလည်း စပါးပြီးစပါးတွေ.. တနှစ်သုံးသီးစီမံကိန်းဆိုတာတွေ လုပ်နေပြီ။ ကျမတို့
လယ်ကလည်း နွေစပါးဆို အထွက်ကောင်းလေတော့ ရာကျော်က ပုံအောပြီး လုပ်တော့တာပေါ့။ အစိုးရက ရေသွင်းတဲ့အခါ
စက်မောင်းဖို့ ဆီလည်း အလုံအလောက် ပေးမယ်ဆိုတာကိုး။ တကယ်တမ်းကျတော့ ဒီအစိုးရဆိုသူများရဲ့ ထုံးစံအတိုင်း
အစပိုင်းမှာသာ စက်ဆီလည်းပေး.. ထောက်ပံ့စရာရှိတာထောက်ပ.ံ့ . မြေသြဇာ ပိုးသတ်ဆေးကအစ ပေးပါမယ် ဆိုတာတွေ
ကြေငြာပြီး တကယ်လိုပြီဆိုတဲ့ အချိန်လည်း ကျရော ဘာမှမရတော့ပါဘူး။ လယ်သမားတွေကတော့ အလုပ်က စနေပြီ..
ခရီးတောင် တော်တော်ရောက်နေပြီဆိုတော့ ဖြစ်အောင်ပဲ ဆက်လုပ်ရတော့တာပေါ့။ လိုသမျှ အပြင်ကနေ ၀ယ်ဖြည့်ပေါ့။
ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကရင်ပြည်နယ် မွန်ပြည်နယ်မှာ လယ်လုပ်မယ့်သူ အင်မတန်ရှားနေချိန်ပါ။ လူငယ် လူလတ်
တော်တော်များများက နီးစပ်ရာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး အဆင်ပြေကြတာမို့ ရွာမှာ လယ်လုပ်မယ့်သူ မရှိသလောက်
ဖြစ်နေပါတယ်။ ဒီတော့ အလုပ်သမားတွေ ဈေးကောင်းပါတယ်။ ဆိုတော့ လယ်လုပ်ရတာ အရင်းအနှီး အများကြီး
ပိုစိုက်လာရပါတယ်။

ဒီကြားထဲ ကရင်ပြည်နယ်ဘက်ဆီမှာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက အလွန်အကျွံသစ်ခုတ်မှုတွေ


ရှိတာရဲ့ အကျိုးဆက်ဖြစ်ပါလိမ့်မယ်.. အဲဒီ ၂၀၀၀ပြည်န
ှ့စ်ထဲမှာ အချိန်မတန်ဘဲ မိုးကြီးတာ.. ရေတက်တာတွေ ဖြစ်လာတာမို့
စပါးတွေ သီးနှံတွေ ပျက်တဲ့ အလေ့အကျင့် ဖြစ်လာနေပါတယ်။ ကျမတို့လည်း အရင်းတောင် အပြည့်ပြန်မရ ဖြစ်သွားပါတယ်။
ဒါတောင် ကိုယ်ပိုင်လယ်မို့ပါ။ အငှားလုပ်ရတဲ့ လယ်သာဆိုရင် တော်တော် ဒုက္ခကြီးမယ့်ကိန်း။ တကယ်လို့ အစိုးရကသာ
သူတို့ပြောတဲ့အတိုင်း လယ်လုပ်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့တာတွေ.. ပံ့ပိုးတာတွေ ရှိခဲ့ရင်တော့လည်း ကျမတို့
အရှုံးကလည်း အဲလောက်များဖို့ မရှိပါဘူး။ ပိုဆိုးတာကတော့ ထွက်တဲ့စပါး အစိုးရကို သွင်းရမယ်လို့ သတ်မှတ်လိုက်တာပါပဲ။
ဒီတော့ ဈေးကောင်း မရတာရော.. အရင်းအနှီးများတာကြောင့်ရော.. အဲဒီနှစ်မှာ မွန်ပြည်နယ်.. ကရင်ပြည်နယ် တကျောက
လယ်သမားတွေ တော်တော် အထိနာကြပါတယ်။ ကျမတို့လည်း အပါအ၀င်ပေါ့။ ဒါပေမဲ့ ကျမတို့ အလွယ်တကူနဲ့တော့
လက်မလျှော့ကြပါဘူး။ နောက် တနှစ်မှာ မိုးစပါးရော နွေစပါးရော ထပ်လုပ်ကြသေးတာပါ။ ဒါပေမဲ့လည်း အဲဒီနောက်မှာ လည်း
ရေကြီးတယ်.. မိုးစောတယ်။ အစိုးရက အတင်းအဓမ္မ စပါးဝယ်တယ်.. ဈေးနှိမ်တယ်။ ဆိုတော့ မထူးဇာတ်တွေပဲဆိုပါတော့။

အဓိက စိတ်ပျက်လာတာကတော့ ကိုယ့်လယ်ကိုယ်စိုက်လုပ်ရပြီး အစိုးရက အဓမ္မ ဈေးနှိမ် ၀ယ်တာ တဲ့


ကိစ္စကိုပါပဲ။ သိပ်ကို မတရားလွန်းတာမို့ နောက်ဆုံး ကျမတို့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အတွက် လယ်လုပ်ဖို့ကို
စိတ်လျှော့လိုက်ပါတယ်။ အဲဒီနောက်ပိုင်း ကျမကို “လယ်မလုပ်တော့ဘူးလား” လို့ မေးကြရင် ကျမဖြေနေကျ စကားရှိပါတယ်။
“မလုပ်တော့ဘူး.. ကျမတို့လ ယ်က ရွှေထွက်လို့”.. ဆိုတာပါ။ တကယ်လည်း ကျမမှာရှိသမျှ စုဆောင်းထားသမျှ
ရွှေတိုရွှေစပါမကျန် အကုန်ထွက်သွားတာလေ။ ရာကျော်လည်း အဲဒီတော့မှပဲ သူ့လယ်ကို စိတ်ပြတ် သွားတော့တာ။
မပြတ်လည်း မရတော့ဘူးလေ။ ဒီလိုနဲ့ပဲ ကရင်ပြည်နယ် မွန်ပြည်နယ်ဘက်မှာ တစတစနဲ့ လယ်ပိုင်ရှင်တွေက
သူတို့လယ်တွေကို ပစ်ထားလိုက်ကြတော့တာပါပဲ။ ဒီတော့လည်း အစိုးရမင်းများက လယ်ရှိလျက်နဲ့ မလုပ်ရင် သိမ်းမယ်လို့
အမိန့်ထုတ်ပါတယ်။ လယ်သမားတွေမှာတော့ ဆုပ်လည်းစူး စားလည်းရူးပေါ့။ ရာကျော့်မိဘတွေကတော့ သိမ်းလည်း
သိမ်းပေါ့.. လုပ်မယ့်သူမှမရှိတာလို့ ခပ်အေးအေးပဲ ပြောပါတယ်။ အချိန်ပြည့် စိတ်ဒုက္ခရောက်နေရမှာကိုတော့
မခံနိုင်တော့ဘူး… တသက်လုံး ပိုင်ခဲ့တဲ့ လယ်တွေကိုပဲ အဆုံးရှုံးခံလိုက်တော့မယ်… တဲ့။ ခုတော့ ဘယ်လို နေတယ် မသိပါဘူး။

တကယ်တော့ လယ်ကို ကျွမ်းကျင်ပြီး လယ်ပိုင်တွေလည်း ရှိကြတဲ့သူတွေကတော့ လယ်ပဲ လုပ်ချင်တာပါ။


သူ့လယ်မှာ သူပဲ အရှင်သခင်လေ..။ ဘယ်လောက် အရသာရှိလိုက်လ.ဲ .။ ကိုယ့်လက်နဲ့ ကိုယ့်ချွေးနဲ့ စိုက်ထားတဲ့ လယ်တွေက
စပါးပင်တွေ တဖြည်းဖြည်း မြင့်တက်လာတာ.. ၀င်းမှည့်လာတာ.. ရိတ်သိမ်းချိန်တန်လာတာတွေကို တနေ့တနေ့
ကြည့်နေရတာ သိပ် စိတ်ကြည်နူးစရာ ကောင်းတာပါ။ ပြီးတော့ အဲဒီကရတဲ့ စပါးကို ဆန်ဖြစ်တဲ့အထိ ကိုယ်တိုင်လုပ်ရ..
ထမင်းဖြစ်တဲ့အထိ ချက်ရတာ..။ သိပ် သဘောကျစရာ ကောင်းတာပါ။ ပင်ပန်းပေမဲ့ စိတ်ချမ်းသာရပါတယ်..။ ဒါပေမဲ့
ကိုယ့်လယ်က ထွက်တဲ့စပါးမှ ကိုယ်မစားရ.. ၀မ်းစာစပါးတောင်မချန်ရဘဲ အစိုးရကို သတ်မှတ်တင်းရေ ပြည့်မီအောင်
ဖြည့်ရောင်းနေကြရတော့ လယ်သမားတွေ လယ်လုပ်ရတာမှာ ဘာ အကျိုးအမြတ်မှ မရှိတဲ့အပြင် စိုက်ထုတ်ရတဲ့ စိတ်အင်အား
လူအင်အားတွေပါ ပြုန်းတီးကုန်တာပါ။

၂၀၀၀ပြည့်နှစ်ထဲမှာ ကိုယ်ရေးကိုယ်တာအရ အဲလို စိတ်ပျက်စရာတွေ ကြုံခဲ့ရပေမဲ့ ကျောင်းတွေဖွင့်ချိန်မို့


စာသင်နေရတဲ့ ကျမက အဲဒီ ပြဿနာတွေ အခက်အခဲတွေနဲ့ ပတ်သက်လို့ အရင်ကလောက် သောက မဖိစီးတော့ပါဘူး။
ကျမရဲ့ ဆရာမသက်တမ်း တလျှောက်မှာ မော်လမြိုင်မှာ ဆရာမဖြစ်ရတဲ့အချိန်ကို ကျေနပ်ရတာ နောက်တမျိုးကတော့
အင်မတန် စာသင်လို့ကောင်းတာပါ။ ကိုယ်တိုင်ကလည်း အသက်အရွယ် ရလာချိန်…။ စာသင်ဖို့ ကိုယ်ပိုင်ဝမ်းစာကလည်း
အတော်အတန် အားကောင်းလာတာမို့ရော.. မော်လမြိုင်တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေရဲ့ လိမ္မာ
နာယူမှုကြောင့်ရော... ပါပါလိမ့်မယ်။ အဲဒီ ၂၀၀၀ပြည့်နှစ်ထဲမှာပဲ ကျမ ကထိကအဖြစ် ရာထူးတက်သွားတာမို့ လုပ်ပိုင်ခွင့်နဲ့
လုပ်နိုင်ခြေလည်း ပိုများလာပါတယ်။ အထူးသဖြင့် မဟာဝိဇာတန်းကို ကျမ သင်ချင်တဲ့ စာအုပ်တွေ သင်ရိုးတွေ ရွေးချယ်လို့
ရတာပါပဲ။ နောက် သင်ကြားနည်းကိုလည်း ကျောင်းသားတွေ ဦးဆောင် ဆွေးနွေးစေတာမျိုး လေ့ကျင့်ပေးနိုင်လာပါတယ်။
ပါမောက္ခ ဆရာမကြီးလည်း ကျမရဲ့ တကယ့်သဘောထားနဲ့ စရိုက်သဘာဝကို အတော်အတန် သိသွားတာကြောင့်
ဖြစ်ပါလိမ့်မယ်။ ချစ်ချစ်ခင်ခင်ရှိသွားတာမျိုး မဟုတ်ပေမဲ့ ဘာပြဿနာမှ ထူးထူးထွေထွေ မဖြစ်တော့ပါဘူး။ နောက် ကျမတို့
ဆရာ ဆရာမတွေကလည်း ညီပေတာကိုး။ (အဲဒီတုန်းကတည်းက ကျမမှာ ယုံကြည်စိတ်တခု စွဲခဲ့ပါတယ်။ အမှန်တရားက
အားကောင်းရင် အမှားက အလိုလို အားနည်းငြိမဝ
် ပ်သွားတယ်…ဆိုတဲ့ အယူအဆပါ)။

အဲဒီအချိန်တွေထဲမှာပဲ အေးအေးဆေးဆေး စာလေးသင်ပြီး နေပျော်နေတဲ့ ကျမကို လှုပ်နှိုးလိုက်တာက


ဗိုလ်ချုပ်ခင်ညွန့်ရဲ့ “အမျိုးသားပညာရည်မြင့်မားမှု နှစ၃
် ၀စီမံကိန်း” ဆိုတာကြီးပေါ့။ အဲဒီစီမံကိန်းရဲ့ နောက်ဆက်တွဲ
ပြဿနာတွေကို သေချာပြောပြမှပဲ မြသီလာရဲ့ သမိုင်းနဲ့ ပတ်သက်ရင် ကျမ တာဝန်ကျေတယ်ရယ်လို့ လိပ်ပြာသန့်နိုင်မှာပါ။
မြသီလာအလွမ်းပြေ (၃၄)

(နေရာသစ်တခုမှာ ဘ၀ကို တစ်ကနေ ပြန်ပြန်စခဲ့ဖူးတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့။ ခုလည်း


အသစ်ကနေ ပြန်စနေရတာလေ။ ပင်ပန်းလိုက်တာ..။ ရေသစ်မြေသစ် ၀န်းကျင်သစ် အတွေ့အကြုံသစ်တွေထဲမှာ တကယ်ပဲ
စိတ်မောလူမော..။ အချိန်ဆင်းရဲတယ်ဆိုတဲ့စကားက အပိုတင်စားပြောတာ မဟုတ်ပါဘူး။ ဒါတောင် ရထားစီးနေချိန်ပါမချန်
စာဖတ်တဲ့ အလုပ်လုပ်နေတာပါ။ ဒါမှပဲ တပတ်တရက်လောက် အချိန်ပေးပြီး Blog မှန်မှန် ရေးနိုင်အောင်။ စောင့်ဖတ်သူတွေကို
အားနာတာရော.. ကိုယ့်ရဲ့ရေးချင်စိတ်က ချွန်းအုပ်မရတာကြောင့်ရော.. တပတ်တပုဒ်ပုံမှန်တင်ဖို့ ကြိုးစားနေတာပါပဲ..။
အဲဒီကြားထဲက ခုလို နောက်ကျ ကျ သွားရတာတွေ အတွက်တော့

၂၀၀၀ပြည့်နှစ်မှာ စပြီးအကာင်အထည်ဖော်မယ်ဆိုတဲ့ နှစ်၃၀စီမံကိန်းရဲ့ အဓိက ဦးတည်ချက်က


ပညာရေးစနစ်ဟာ Information Technology ကို အခြေခံပြီး ကျောင်းသားတွေ ပညာရည်မြင့်မားဖို့ပါတဲ့။ အဲဒီအတွက်
ကျောင်းတွေမှာ ကွန်ပျူတာ အဟောင်းတွေရောက်လာပါတယ်။ Model နိမ့်တာကို မပြောတော့ပါဘူး.. အမြင်ကိုက
တော်တော် မလှတော့တဲ့ မီးကျိုး မောင်းပျက် ကွန်ပျူတာတွေအတွက် ကျောင်းတွေမှာ အခန်းကောင်းကောင်းတခု အဆင်သင့်
ပြင်ထားရပါတယ်။ ကွန်ပျူတာအတွက် လိုအပ်ချက်အဖြစ် လေအေးပေးစက်တွေ တပ်ရပါတယ်။ ပြီးတော့ အဲဒီအခန်းတွေကို
Multimedia Classroom လို့ ဆိုင်းဘုတ်တပ်ရပါတယ်။ ပြီးရင် ပညာရေးကောင်စီ ဥက္ကဋ္ဌအပါအ၀င် နေရာတော်တော်များများရဲ့
ဥက္ကဋ္ဌဖြစ်ထသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရက်ချိန်းတောင်းပြီး ဖွင့်ပွဲ ဖိတ်ရပါတယ်။ အဲဒီနောက် ဗိုခင်ညွန့် ကော့ကော့
ကော့ကော့နဲ့ လာဖွင့်မယ့်နေ့အတွက် ပြင်ဆင်စောင့်ကြိုပြီးသကာလ ဖွင့်ပြီးပြီဆိုရင်တော့ နောက်ဆုံး အဆင့်က အဲဒီသတင်း
ဓာတ်ပုံနဲ့တကွ… သတင်းစာထဲမှာ ပြစရာပါသွားဖို့ပါပဲ။ အဲဒီ အဲဒီရဲ့နောက်မှာတော့ Multimedia Classroom ဆိုတာဟာ
အချိန်တော်တော်များများ တံခါးပိတ်သော့ခတ်ထားတဲ့၊ အခွင့်ထူးခံ ဆရာမတချို့နဲ့ ကျောင်းသားကျောင်းသူတချို့သာ
ဝင်ရောက်ကိုင်တွယ် သုံးစွဲခွင့်ရှိတဲ့ အခန်းတစ်ခုသာ ဖြစ်နေတာပါပဲ။ ကွန်ပျူတာခန်းတွေ ပိတ်ထားချိန်များတာကတော့
မီးမှန်မှန် မလာတာကြောင့်လည်း ပါတာပေါ့လေ။

(အဲဒီစီမံကိန်းမှာ ကွန်ပျူတာအရောင်းဆိုင်တွေ၊ လေအေးပေးစက်ဆိုင်တွေ၊ UPS ရောင်းတဲ့ ဆိုင်တွေတော့


တော်တော် အလုပ်ဖြစ်သွားတာပေါ့။ အဓိကကတော့ ကွန်ပျူတာကို မြန်မာပြည်ထဲ အရောက်သွင်းခွင့်ရတဲ့
ရဲနိုင်ဝင်း(ဗိုခင်ညွန့်သား) ကျေးဇူးပေါ့လေ… တခါတလေတော့ ဒါကပဲ နှစ၃
် ၀စီမံကိန်းထဲက Hidden Agenda တခုလားလို့
ကျမ တွေးမိတတ်ပါတယ်)

ကျောင်းသားတွေရဲ့ Time-table ထဲမှာ ကွန်ပျူတာချိန်လို့ တပတ်တချိန်ပါပေမဲ့ တလမှ တကြိမ်တောင်


မ၀င်ရတတ်ပါဘူး။ သေချာတာကတော့ ကျောင်းက Multimedia Class ကနေ ကွန်ပျူတာ သုံးတတ်သွားတဲ့သူ
တယောက်မ(ှ တယောက်မ)ှ မရှိဘူးဆိုတာပါပဲ။ ရှိတယ်လို့ ထုတ်ပြရင်လည်း အဲဒီကျောင်းသားဟာ
အခွင့်ထူးခံတယောက်သာဖြစ်ပါလိမ့်မယ်။ အဲဒီ နှစ်ပိုင်းတွေမှာပဲ အဝေးသင်ကျောင်းသားတွေအတွက်လည်း စနေ
တနင်္ဂနွေတွေမှာ နီးစပ်ရာ ကျောင်းတွေ မြို့နယ်ငြိမ်ဝပ်ပိပြားရေးရုံးတွေမှာ မြန်မာ့ရုပ်သံကနေ ဘာသာရပ်အလိုက်
သင်ကြားချက် ပို့ချချက်တွေ လွှင့်ပေးတာမျိုး လုပ်ပေမဲ့ အင်မတန်ပျင်းစရာကောင်းလှပြီး ဘယ်လို အာမခံချက်မျိုးမှ မရှိတဲ့
အဲဒီအစီအစဉ်ကို ၂ပတ်ထက်ပိုပြီး ဘယ်သူမှမလာကြပါဘူး။ ကျမအပါအ၀င် ဆရာဆရာမတွေခမျာမှာတော့ မြို့နယ်တွေထိ
ကိုယ့်ထမင်းကိုယ်စား ကိုယ်စရိတ်ကိုယ်ခံပြီး သွားကြရပါတယ်။ နောက်ပိုင်း စရိတ်ပြန်ပေးမယ်လို့ ပြောခဲ့ပေမဲ့လည်း
ပေါ်မလာပါပဲ။ ကျမဆို ကလေးငယ်ငယ်လေးကို ထားခဲ့ပြီး မော်လမြိုင်ကနေ သံဖြူဇရပ်ထိ သွားခဲ့ရပါတယ်။ တော်သေးတာက
၎ပတ်လည်းမြောက်ရော ကျောင်းသားတယောက်မှ မလာလို့ဆိုပြီး အစီအစဉ်ရပ်သွားပါတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနက
ပြောတာတော့ အဲဒီ ရုပ်သံနဲ့ ပို့ချတဲ့အစီအစဉ်က အောင်မြင်တယ်ဆိုပ.ဲ . :D မွန်ပြည်နယ်မပါဘူးဖြစ်မယ်။

အဲဒီတုန်းက သူတို့အောင်မြင်ပါတယ်ဆိုတဲ့ အစီအစဉ်ထဲမှာ ဆရာဆရာမတွေ ပင်ပန်းကြရသလို


ကျောင်းသားတွေခမျာလည်း နစ်မွန်းကြရပါတယ်။ အထူးသဖြင့် အဲဒီတုန်းက အဝေးသင်ကျောင်းသားတွေခမျာ ပြဋ္ဌာန်းထားတဲ့
သင်ရိုးက များတော့ ရုပ်သံက လွှင့်တဲ့ အပုဒ်တွေကများ အရေးကြီးသလားလို့ ထင်ကြပြီး အဲဒီအပုဒ်တွေ ဖိကျက်ကြ..။
နောက်တော့ အဲဒီအပုဒ်တွေက အနီးကပ်သင်တန်းချိန်ကျကာမှ ဖြုတ်တဲ့အထဲ ပါနေတာမျိုး.. (ဆန်းတယ်နော်.. ကျမတို့
နိုင်ငံလောက် ပညာရေးကို လုပ်ချင်သလို ပစ္စလက္ခတ်လုပ်တာမျိုး၊ ကလိမ်ကညစ်လုပ်တာမျိုး ဘယ်နိုင်ငံမှာမှ မရှိဘူး
ထင်ပါတယ်.. ကျမ လေ့လာရသလောက်တော့ မတွေ့ဖူးသေးပါဘူး)။

ပြီးတော့ တနှစ်လုံးကို သင်ရိုးအဖြစ် အပုဒ် ၂၀လောက် ထည့်ထားပြီး စာမေးပွဲဖြေဖို့ ၂ပတ်သာလိုတော့တဲ့


အနီးကပ်သင်တန်းချိန်ကျမှ ၁၀ပုဒ်လောက် ဖြုတ်ပစ်လိုက်တော့ အများစုက ကျက်ထားတဲ့ စာတွေ ပြုတ်တဲ့အထဲ ပါသွားတာ
အဲဒီအဖြစ်အပျက်က ဘယ်လောက် စိတ်ဆင်းရဲစရာကောင်းလဲ..။ ဒီတော့ အဲဒီ နှစ်ပတ်အလို ကျမှ တဘာသာကို အနည်းဆုံး
အသစ် ၅ပုဒ် ထပ်ကျက်ကြရပါတယ်။ ဆိုတော့ Major တခုမှာ အနည်းဆုံး ၅ဘာသာရှိတာမို့ ၂ပတ်မှာ ၂၅ ပုဒ်
ထပ်ကျက်ရပါမယ်။ ပြီးတော့ မြန်မာစာမေဂျာက လွဲရင် ကျန်တဲ့ ဘာသာတွေက အင်္ဂလိပ်လို ကျက်ရတာ။ မြန်မာစာ
ဆိုရင်လည်း ကျောက်စာတွေ.. ကဗျာစာသား.. စကားပြေစာသား Quotation တွေ ကျက်ရတာ။ ဘယ်လိုမှ
မကျက်နိုင်ကြပါဘူး။ အဝေးသင်ကျောင်းသားတွေ အင်မတန်ပင်ပန်းကြပါတယ်။

ကျောင်းသားတွေအနေနဲ့လည်း တနှစ်လုံး အလုပ်လုပ်ပြီး ဒီအနီးကပ်ကာလမှပဲ အလုပ်တွေကနေ ခွင့်တွေ


ယူပြီး ကျူရှင်တွေယူရ.. စာအုပ်တွေ ၀ယ်ရပါတယ်။ တချို့ဆို နယ်ဒေသတွေကနေ တက္ကသိုလ်ရှိရာမြို့ကို လာနေကြရတာမို့
ငွေကုန်ကြေးကျများကြတာကြောင့် နှစ်ချင်းပေါက် စာမေးပွဲအောင်ဖို့ကလည်း အရေးကြီး ပါတယ်။ အဲဒီအခါ တော်ရုံ
အပင်ပန်းလည်း မခံနိုင်တဲ့ ကျောင်းသားတွေကတော့ ခိုးချရတဲ့ လမ်းကိုပဲ ရွေးပါတော့တယ်။ ဒါပေမဲ့ မော်လမြိုင်မှာကတော့
တခြား အာရုံများစရာ ပတ်ဝန်းကျင်နည်းပါးတာကြောင့်ရော.. ဆရာ ဆရာမတွေက အနီးကပ်သင်တန်းတွေမှာ ပို့ချချက်တွေကို
ကျက်မှတ်ရလွယ်အောင် သင်ပေးနိုင်ကြတာကြောင့်ရော.. ကျူရှင်တွေက ပိုက်ဆံယူသင်တယ်ဆိုပေမဲ့ ကျောင်းသားတွေ
စာမေးပွဲဖြေနိုင်အောင် တကယ် သင်ပေးတာကြောင့်ရော ဆိုပါတော့။ ကျောင်းသားတွေဟာ ကျောင်းစာအတွက် သိပ်
အခက်အခဲ မကြုံကြရပါဘူး။ အောင်မှတ်ဖိုးလောက်ကုေ
ိ တာ့ ပြင်ဆင်နိုင်ကြပါတယ်။ ဒါကြောင့်ပဲ အဲဒီတုန်းက မော်လမြိုင်
တက္ကသိုလ်မှာ ခိုးချတဲ့ ဓလေ့ မထွန်းကားခဲ့တာပါ။

အဲဒီတုန်းကဆိုရင် အနီးကပ်ကျမှ သင်ရိုးတွေကို ဖြုတ်ချပစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဝေးသင်ဌာနက


ဆရာဆရာမကြီးတွေကို ကျမတို့ နှစ်တိုင်း စိတ်ခုကြ.. စိတ်ဆိုးကြရပါတယ်။ ခုချိန်ထိလည်း သူတို့ ဘာလို့ အဲလို
လုပ်တာလဲဆိုတာကို နားမလည်ပါဘူး။ ကျမကတော့ နှစ်စကတည်းက ၁၅ပုဒ်ပြဋ္ဌာန်းရင်လည်း ၁၅ပုဒ်ပေါ့။ စာမေးပွဲမှာလည်း
အဲဒီ ၁၅ပုဒ်ထဲကပဲ မေးပေါ့။ အဲဒါကို မဖြေနိုင်ရင် ကျောင်းသားအပြစ်ပေါ့။ ခုတော့ သူတို့ လုပ်ပုံကိုက ကျောင်းသားတွေအပေါ်
တမင်ညစ်သလိုဖြစ်နေတော့ ကျောင်းသားတွေကို ခိုးချအောင် တွန်းပို့နေ သလိုပဲလို့ ခံစားရပါတယ်။ ဒါနဲ့ ကျမ ရန်ကုန်
ပြန်ရောက်တော့ အဝေးသင်ဌာနက ဆရာမကြီးတယောက်ကို မေးမိပါတယ်။ ဘာဖြစ်လို့ အဲလို အနီးကပ်ကျမှ ပုဒ်ရေတွေ
ဖြုတ်ပစ်တာမျိုး အသစ်တိုး တာမျိုး လုပ်တာလဲ.. လို့။ အဲဒီ ဆရာမကြီးက ပြောပါတယ်။ ဖြုတ်ပစ်လည်း အကုန်
ကျက်ထားပြီးသားဆိုရင် ဖြေနိုင်ရမှာ ပေါ.့ . တဲ့။ သူပြောတာ မမှားပါဘူး။ ဒါပေမဲ့ ကျမတို့ ဆရာဆရာမတွေအနေနဲ့
ထည့်တွက်ပေးရမှာက ကျောင်းသားတွေ ဆီမှာ ရှိနေနိုင်တဲ့ Exam Fright ကိုပါ။ ဒီတော့ စာမေးပွဲ သိပ်နီးလာချိန်ကျမှ
ဘာသာတိုင်းမှာ ကိုယ်ကျက်ထားတဲ့စာ ပြုတ်သွားပြီး ကိုယ်မသိတ.ဲ့ . ကိုယ်ကျက်မထားတဲ့ စာတွေ ထပ်တိုးလာတာဟာ
ကျောင်းသားတွေကို ဘယ်လောက် တုန်လှုပ်စေမလဲ..။ ဒါဟာ ဆရာဆရာမတွေမှာ အလိုလို ရှိနေသင့်တဲ့ Hidden ethic ပါ။
ပြီးတော့ ဒါဟာ ကျောင်းသားတွေရဲ့ ပညာရေးအတွက် ကောင်းတဲ့ အကျိုးဆက်ရစေတဲ့ မူမျိုးလည်း မဟုတ်ဘူးလေ။

ဒါပေမဲ့ အဲဒီ ပြဿနာက မော်လမြိုင်မှာ ရှိနေတုန်းမှာတော့ ကျမအတွက် သိပ် သိသိသာသာကြီး


မထိခိုက်စေခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ မော်လမြိုင်မှာ ကျောင်းသားတွေက အတန်အသင့် စာလိုက်နိုင်တာကြောင့်ပါပဲ။

၂၀၀၀ရဲ့ ဆောင်းဦး နိဝ


ု င်ဘာ..။ မော်လမြိုင်ရဲ့ မြသီလာမှာ စာသင်ချိန်တွေနဲ့.. ကလေးနှစ်ယောက်နဲ့ ကျမ
နပမ်းလုံး နေရတုန်းမှာပဲ.. အမေ့ဆီက ဖုန်းဝင်လာပါတယ်။ အဖေ နေမကောင်းဘူးတဲ့။ အဲဒီအချိန် အသက်
၅၆နှစ်သာရှိသေးတဲ့ အဖေက လူငယ်လေးလို သွက်လက်ေ နတတ်တာ။ ကျမနဲ့ အဖေ့ကို မောင်နှမ ကျနေတာပဲလို့ လူတိုင်းက
ပြောနေတဲ့အချိန်။ ပြီးတော့ အရက်မသောက် ဘီယာမသောက်.. ဆေးလိပ် မသောက်.. ၀ိုင်နီကိုတောင် ဆေးဖြစ်ဝါးဖြစ်သာ
သောက်တတ်တဲ့ အဖေက အသည်းကင်ဆာ.. ဖြစ်ရသတဲ့။ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ၀မ်းကိုက်ပိုး အသည်းကို
ရောက်တယ်ဆိုလား.. ဖြစ်ဖူးရာကနေ.. ။ နောက် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် လောက်ကျတော့ အသည်းရောင် အသားဝါနဲ့
ဆေးရုံတက်ရရာက အဖေ အသည်းနဲ့ပတ်သက်တဲ့ ဆေးတွေ အများကြီးသောက်ခဲ့ရဖူးတာ မှတ်မိတယ်။
ညီမအလတ်က ပြောတယ်.. အဖေအခြေအနေ သိပ်မကောင်းဘူးတဲ့။ ကျမ တော်တော် တုန်လှုပ်
သွားပါတယ်။ ဒါနဲ့ပဲ ကျမ ကျောင်းက ခွင့်ယူပြီး မိသားတစုလုံး ရန်ကုန်ဆင်းရပါတယ်။ အဖေ့ကို အဲလို မျက်နှာငယ်လေးနဲ့
တခါမှ မတွေ့ဖူးတာမို့ ကျမတော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။ အဖေက သတ္တိတော့ တကယ် ကောင်းတာ..
ကင်ဆာစာအုပ်တွေ ဖတ်ပြီး သူ့ဆရာဝန်ကြီး ဒေါက်တာဦးမျိုးသွယ်နဲ့ ညှိပါတယ်။ ဓာတ်မကင်ဘူး.. အနာအကျင်
အကိုက်အခဲဝေဒနာ သက်သာစေမယ့် ဆေးပဲ ပေးပါ.. တဲ့။ ဒါပေမဲ့ သူ့အခြေအနေသိနေတဲ့ အဖေကရော ကျိတ်ပြီး
ခံစားမနေဘူးလို့ ဘယ်သူပြောမလဲ..။ ကျမရင်ထဲမှာ မချိဘူး။ အမေ့စကားနဲ့ ပြောရရင် ကျမက အဖေ့သမီးလေ..။ အဖေကို
အထင်ကြီး.. အချစ်ကြီး.. ပြီးတော့ အဖေကို ကိုးကွယ်သူ..။ အဖေ့ကို ကျမ တခါမှ ကျေးဇူး မဆပ်ဖူးသေးပါဘူး။ ကျမ
တက္ကသိုလ် ပထမနှစ်တက်နေတုန်း အဖေ တခေါက် အသည်းအသန် ဖြစ်တုန်းကလည်း ကျမက ကျောင်းစာတဘက်နဲ့
နေသာသလို နေခဲ့တာ။ အဖေ့ကိုရော အမေ့ကိုပါ ခုချိန်ထိ ကျမ ပြုပြုစုစု တခါမှ မရှိဖူးသေး။ ပြုစုဖို့လည်း မကြုံကြိုက်တတ်။
အဖေနဲ့ အမေကသာ ကျမနဲ့ ပတ်သက်ရင် အမျိုးမျိုး ဒုက္ခခံခဲ့ရရှာတယ်။ အဲလိုနဲ့ပဲ ကျမဘ၀မှာ ကျေးဇူးအကြွေးတွေ
များလှချည့်။ ဒါကြောင့်ပဲ ကျမဘ၀ထဲ အမြဲ မအေးမချမ်း မတည်မငြိမ် ရှိနေရတာများလားလို့လည်း မကြာခဏ
တွေးမိတတ်ပါတယ်။ ခုထိ ကျမမှာ ရှိတဲ့ သေရာပါမယ့် ဒဏ်ရာက အဲဒါပါ..။

ဒီတခေါက်မှာလည်း အဖေ့နား ၁၀ရက်လောက်နေပြီး ကျမ မော်လမြိုင်ပြန်ရပြန်ပါတယ်။ အဖေ့ဆီ ခဏ ခဏ


ဆင်းလာမယ်လို့ ကျမပြောခဲ့သေးတာ။ အဖေကတောင် ‘အမလေး ပင်ပန်းတယ်.. မလာနဲ.့ . နွေကျမှလာ.. ငါ ဘာမှမဖြစ်ဘူး’လို့
ခပ်မာမာ ပြန်ပြောခဲ့သေးတာ…။ ကျမစိတ်ထဲ လွန်ခဲ့တဲ့ အနှစ် ၂၀.. အဖေ အသည်းအသန်ဖြစ်စဉ်က ဆရာဝန်က 5 years
survival လို့ ပြောခဲ့ပြီး အဖေက ခုချိန်ထိ နေနေရသေးတာပဲလို့ တွေးနေပါတယ်။ ကျမ မော်လမြိုင်ပြန်ရောက်ပြီး တပတ်တခါ
အိမ်ကို ဖုန်းဆက်.. ကြားနေရတဲ့ အဖေ့ အသံက မာတုန်း..။ အစားအသောက်လည်း မပျက်ဘူးတဲ့။ ဒီလိုနဲ့ ဖေဖော်ဝါရီလ
ရောက်လာပါတယ်။ အမေက ဒီလကို စိတ်ပူရှာပါတယ်။ အဖေ့မွေးနေ့က ဖေဖော်ဝါရီ ၉ရက်လေ..။ အမေကပြောတယ်..
သမီးရေ.. သက်တမ်းစေ့ ဆိရ
ု င်တော့ ဒီမွေးနေ့လေး ဂရုစိုက်ရမယ်တ.ဲ့ .။ ကျမမှာ ရင်ကို မောနေတာပါပဲ..။ အဲဒီတုန်းကဆို
ကျမအသက် ၃၆နှစ်ပဲ ရှိပါသေးတယ်။ အဖေလည်း ၅၆နှစ်ပဲ ရှိပါသေးတယ်။ မိစုံဖစုံ နေလို့ ရသေးတဲ့ အရွယ်တွေပါ..လို့
တွေးနေမိတယ်။

အဖေ့မွေးနေ့ ကျော်သွားတော့ ဘာရယ်မဟုတ.် . စိတ်ထဲ အဖေတော့ ဒီတောင်ကျော်ပြီလို့ ယုံတော့တာ။


ဖြစ်ချင်တော့ ခါတိုင်းဖုန်းဆက်နေကျ.. တနင်္ဂနွေမှာ ကျမ အိမ်ကို ဖုန်းမခေါ်ဖြစ်။ နောက်တော့ ဖေဖော်ဝါရီလ ၁၉ရက်မနက်..
(ကျမတို့ မေ့မေ့လျော့လျော့ ဖြစ်နေတာတခုက အဲဒီနေ့က အဖေ့ ဗမာလိုမွေးနေ့ပါ)။ ကျမတို့ ကျောင်းမှာ စာသင်နေတုန်း
ဗိုချုပ်တင်ဦးတို့ ဘားအံနားမှာ ဟယ်လီကော်ပတာ ပျက်ကျလို့.. ဆိုတဲ့ သတင်း ၀င်လာပါတယ်။ မနက် ၉နာရီလောက်တဲ့။
အမှန်အတိုင်းပြောရရင် ကျမ စိတဝ
် င်စားရူံပါပဲ.. သိပ်စိတ်မကောင်း မဖြစ်မိလိုက်ပါဘူး။ ဗိုချုပ်တင်ဦးက ကျမသိသလောက်
တပ်ထဲမှာ Hard liner လေ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် တော်တော် တင်းမာပြီး ရိုင်းရိုင်းပျပျ
ပြောတတ်သူ။ ဒီတော့ သူ့သတင်းအကြားမှာ ကျမက ပြောလိုက်သေး.. အဲဒါ ဘုရားရိုက်တာ.. လို့။ အဲဒီည ၈နာရီ…
ကျမအိမ်ခန်းလေးထဲမှာ အဆောင်နေ သူငယ်ချင်း ဆရာမတွေ ၆ယောက်လောက်က ဗိုချုပ်တင်ဦးတို့ သတင်းကို နားထောင်ဖို့
ရောက်နေကြတာ…။ ကျမသမီးငယ်လေးက ပေါင်ပေါ်မှာ အိပ်ပျော်လို့။ သားကြီးက သူ့ကုတင်ပေါ် စာဖတ်နေ တာပေါ့။
အဲဒီအချိန…
် ……..

ညကြီးမင်းကြီးကို လိပ်ပြာအနက်လေးတကောင် ကျမတို့ အိမ်ခန်းလေးထဲမှာ ထိုင်နေတဲ့ လူအုပ်စုထဲ


ဝင်လာပါတယ်။ တကယ်တော့ အဲဒါက လိပ်ပြာရဲ့ သဘာဝမဟုတ်ဘူးမို့လား။ လိပ်ပြာဆိုတာ လူကြောက်တယ် မဟုတ်လား။
ပြီးတော့.. အဲဒီလိပ်ပြာလေးက ကျမပခုံးမှာ နား… ပြီးတော့ ရှေ့နားလေးမှာ ထိုင်နေတဲ့ ရာကျော့်ပခုံးမှာ နား..။ ပြီးတော့
ကျမပေါင်ပေါ်အိပ်နေတဲ့ သမီးလေးဆီ ပျံလာပြီး သမီးလေးပါးမှာ တောင်ပံလေး တငြိမ့်ငြိမ့်နဲ့ နားပါတယ်..။ မထူးဆန်းဘူးလား။
တခြားဘယ်သူ့ဆီကိုမှ မသွားပါဘူး။ နောက်တော့ သားကြီး ကုတင်ဘေးက နံရံမှာ သွားနားနေလိုက်တာ.. အဲဒီည
၁၁နာရီလောက်မှ ကျမတို့ အိပ်ယာဝင်တဲ့အထိ နားနေဆဲ..။ ငြိမ်လို့။ မနက်မိုးလင်းတော့ လိပ်ပြာလေး မရှိတော့ဘူး
ထင်ပါတယ်(ရှိရင် ကျမတို့ သတိထားမိ မှာလေ..)။ နောက်ထပ် တခါမှလည်း အဲလို အိမ်ထဲ ၀င်မလာတော့ပါဘူး။
အဲဒါတခုကတော့ မှတ်မှတ်ရရ တိုက်တိုက်ဆိုင်ဆိုင်…
ဒီလိုနဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မနက် ကျမကျောင်းကို ရောက်လာချိန်မှာတော့ အဖေ ၁၉ရက်နေ့ည
၉နာရီမတ်တင်းမှာ ဆုံးတယ်ဆိုတဲ့ ဖုံးသတင်းက ဌာနကို ရောက်နေပါပြီ။ မနေ့က ည ၉နာရီမတ်တင်းတဲ့။ လိပ်ပြာလေး
ကျမတို့ဆီရောက်လာတဲ့ အချိန်နားပဲပေါ့။ လိပ်ပြာကို ၀ိဥာဉ်တွေရဲ့ ကိုယ်စားလှယ်လို့လည်း အယူအဆရှိတာမို့.. အဖေ
ကျမတို့ဆီ လာခဲ့လေသလား။ အဖေ့အနီးအနားမှာ ရှိမနေတာကလည်း ကျမတို့ မိသားစုပဲလေ။ အဖေ ကျမတို့ကို
လာနှုတ်ဆက်ခဲ့တာလား……..။ ဘာပဲဖြစ်ဖြစ်.. သေချာတာကတော့ အဖေ မရှိတော့တာဟာ ကျမအတွက်ကတော့
ရပ်တည်ရာ မြေကြီး ကွဲအက်သွားတာပါ..။ ပြီးတော့ ကျမဘ၀ရဲ့ တ၀က်တိတိကြီး အဓိပ္ပါယ်မဲ့သွားတာလည်း ဖြစ်ပါတယ်။

နောက်ထပ်ကံဆိုးတာတခုကတော့ အဖေဆုံးချိန်မှာ ဗိုချုပ်တင်ဦးတို့ ကိစ္စက ဖြစ်ပြီး ကောဠာဟဠတွေ


ပျံ့နေတာမို့ အအေးတိုက်တွေအကုန် ပိတ်ထားပါတယ်တဲ့။ ဒါကြောင့် အဖေ့ကို ဆေးရုံကြီးအအေးတိုက်မှာပဲ ထားရမယ်တဲ့။
ဆေးရုံကြီးအအေးတိုက်က အအေးမလုံလောက်တာကြောင့်ရော.. အဖေ့ရဲ့ ဆန္ဒအရပါ အမေက အဖေ့ကို နေ့ချင်းမြေချဖို့
ဆုံးဖြတ်ပါတယ်တဲ့။ (အဖေတို့ မာလိုက်ပုံများတော့ သူ့နာရေးသတင်းကို သူကိုယ်တိုင် ရေးခဲ့တာပါ။ သူဆုံးတော့ အမေက
အဲဒီစာရွက်လေးကိုင်ပြီး ငိုရှာပါတယ်။ ပြီး အဖေရေးခဲ့တဲ့အတိုင်းလေးပဲ သတင်းစာထဲ ထည့်ခဲ့တာပါ.. အဖေက
ပကာသနဆန်တာကို လုံးလုံး မကြိုက်လေတော့ သူ့နာရေးမှာတောင် ဦးသိန်းရွှေ(ပုသိမ)် တဲ.့ . ဒါပဲ။ သူ့နောက်ဆက်တွဲ ပညာ
ရာထူးတွေ ဘာမှမထည့်၊ သားသမီးတွေဆိုလည်း နာမည်တွေပဲ ပါတာ။ မိတ်ဆွေတွေက ကျမတို့ နာမည်တွေနဲ့ တွဲကြည့်မှ
အဖေပဲဆိုတာ သေချာတယ်လို့ သိကြရတာလေ.. တော်သေးတာက အဖေ့သားသမီး ကျမတို့ မောင်နှမတွေရဲ့
နာမည်တွေကလည်း ကျမနာမည် လိုပဲ တူတဲ့နာမည်ရှိဖို့ ခဲယဉ်းလို့သာ တော်တော့တာပေါ့)။ ခုဆို ၈နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။

ကျမတို့မိသားစု မော်လမြိုင်ကထွက်တဲ့ ညနေမှာပဲ အဖေက ရန်ကုန်မှာ မြေကျခဲ့ပြီလေ။ ဆိုတော့


ကျမကတော့ ခုချိန်ထိ .. အဖေလို့ သတိရလိုက်ရင်.. နိဝ
ု င်ဘာလ ကျမတို့ မိသားစုသွားတုန်းက အပြန်မှာ ထိုင်ကန်တော့တော့
ကုလားထိုင်ပေါ်မှာ ထိုင်ရင်းကျန်ခဲ့တဲ့ မာမာချာချာပုံရိပ်နဲ့ အဖေ့ကိုပဲ မြင်ယောင်တာပါ။ အဲဒီအခါ ကျမစိတ်ထဲမှာ
နေမကောင်းဖြစ်ပြီး ဝေဒနာခံစားနေရတဲ့ အဖေမရှိ။ အအေးတိုက်ထဲက ဆွဲထုတ်လာတဲ့ အဖေနဲ့တူတဲ့ ရုပ်အလောင်းတခုမရှိ။
ကျမအဖေဟာ ကျမအတွေးထဲမှာတော့ အမြဲတမ်း သွက်လက် ဖျတ်လတ်နေတဲ့.. အဖေ.. ပါပဲ။ ဒီနေ့ထက်ထိ ဘယ်လောက်
အလုပ်ရှုပ်ရှုပ.် . တခုခုနဲ့ ဆက်နွယ်ပြီး အဖေ့ကို သတိမရလိုက်တဲ့ နေ့ဆိုတာ ကျမမှာ တနေ့မှ မရှိသေးပါ။

တကယ်တော့ အဲလို အဖေမရှိတော့ကလည်း ကျမဘ၀ရဲ့ အေးရိပ်တခုဖြစ်နေတဲ့ မော်လမြိုင် ၀န်းကျင်ကနေ


ခွာလာရတဲ့အကြောင်းတကြောင်း ဖြစ်လာတာပါ။ ကျမကိုက အေးငြိမ်းခြင်းကို ကြာကြာ မခံစားရဖို့ ပြဋ္ဌာန်း ခံထားရသူ
ထင်ပါရဲ့။

၂၀၀၁ နဲ့ ၂၀၀၂ထဲမှာ နိုင်ငံရေးအရကတော့ န၀တက အဲဒီကာလတွေထဲမှာ အန်တီစုကို နေအိမ်


အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးတာတွေ…၊ အန်တီစု မန္တလေးဘက်အသွားမှာ ရထားစီးတော့ အန်တီ့ မှတ်ပုံတင်နဲ့
လက်မှတ်ပေါ်က နာမည်မတူလို့ အန်တီကို ရထားပေါ်က ဆွဲချတယ်ဆိုတာတွေ.. အန်တီ့ စကားပြောပွဲတွေ..
ခရီးသွားတာတွေကို ပိတ်တာ တားတာတွေ လုပ်လာတယ်ဆိုတာတွေလည်း ကြားနေရပါတယ်။ ပြီးတော့ တခါ
ဘာစိတ်ကူးပေါက်တယ်မသိ.. အန်တီစုကို စစ်အစိုးရက သူတို့ ဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံကိန်းတွေ ပြမယ်ဆိုပြီး
အန်တီစု မော်လမြိုင် အတ္တရံတံတားကိုတောင် လာကြည့်ပါသေးတယ်။ ဒီတပွဲမှာတော့ ကျမ သေချာ မသိလိုက်ရ ပါဘူး။
သတင်းပဲ ကြားလိုက်ရပါတယ်။ ကျမတို့ တက္ကသိုလ်ရှိတဲ့ တောင်ဝိုင်းနဲ့ တံတားက တောင်ဖျားနဲ့ မြောက်ဖျားကိုး။ ဒီလိုနဲ့ ကျမက
မော်လမြိုင်မှာ တကယ့်တောသူမကြီးလို ဘာမှ သိပ်မသိ..။ သတင်းတွေဆိုလည်း သဲ့သဲ့ ကြားရုံသာ။ ဘယ်လောက်
ညံ့နေလိုက်သလဲဆို ဘ၀မှာ စာသင်ဖို့ရယ်.. မိသားစုကို ပျိုးထောင်ဖရ
ို့ ယ်.. စိတ်ပါရင် ပါသလို ၀တ္ထုတိုလေးဘာလေး
ရေးဖို့ရယ်ပဲ သိတော့တာ။ တခါတလေကျတော့လည်း အဲလို အပူအပင် ကင်းကင်း နေရတာက အရသာရှိပါတယ်။

ကျမ စဉ်းစားမိတယ်..။ မတရားသဖြင့်နိုင်လှတဲ့ ဒီစစ်အစိုးရသာ မရှိရင် ကျမတို့အားလုံး ကိုယ့်တိုင်းပြည်မှာပဲ


အေးအေးချမ်းချမ်း ရောင့်ရဲပြီး နေနေကြမှာဆိုတာကို။ သူများတွေတော့ မသိဘူး။ ကျမကတော့ အဲလို စာလေးသင်..
ဝတ္ထုလေးရေး။ ရာကျော်က လယ်လုပ် ဆီကြိတ.် .။ ကျောင်းရက်ရှည်ပိတ်ရက်တွေဆို ရွာမှာ သွားနေ… ဘယ်လောက်
အေးချမ်းလိုက်မလဲ။ကျမက ရာကျော့်ကို ပြောထားတာ ကျမ ပင်စင်ယူပြီးရင် ရွာမှာပဲ နေပြီး စာရေးမယ်.. စာဖတ်မယ်လို့။
တကယ်တော့ ရွာက သူ့ရွာပေမဲ့ ကျမက အဲဒီရွာကို သိပ်ချစ်တာ။ သူ့ကို အမြဲ စတယ်.. ငါက ရွာမှာ နေချင်လို့ .အဲဒီလယ်တွေနဲ့
နေချင်လို့ မင်းကို ယူတာလို့။ ကျမပြောဖူးတယ် ထင်ပါတယ်နော်…။ သံလွင်မြစ်ကမ်းဘေးက ကျမတို့ ရွာလေးအကြောင်းကိ.ု .။
ခုထိ ကျမလွမ်းပြီဆို ကျမဇာတိရန်ကုနက
ို မလွမ်းဖြစ်ဘဲ အဲဒီ ထုံးအိုင်ရွာလေးကိုပဲ လွမ်းတာ..။

ဒီလိုနဲ့ ၂၀၀၂ ထဲမှာတော့ ရာကျော့်အတွက် ရွာမှာ ဘယ်လိုမှ လယ်အလုပ် မဖြစ်တော့ပါဘူး။ အဓိကကတော့


အရင်းအနှီးများလာတာကို မခံနိုင်တာပါ။ စိုက်စရိတ.် . အလုပ်သမားစရိတ.် . နောက်ဆက်တွဲ စက်ဆီစရိတ…
် ။ ခက်တာက
အဖေမရှိတော့ကတည်းက အမေကလည်း Tour Company တွေကိုပဲ ကားတွေအပ်ပြီး ငှားစားတာမျိုးပဲ လုပ်တော့တာမို့ ကိုယ်
လိုက်မောင်းစရာ.. လိုက်ကြည့်စရာမလိုတော့။ ဒီတော့ ရာကျော်လည်း အရင်လို အလုပ်လိုက်လုပ်စရာ မရှိတော့။
ကျမကတော့ မော်လမြိုင်မှာ ပျော်နေပြီ..။ ဘယ်ကိုမှ မသွားချင်တော့။ မော်လမြိုင်တက္ကသိုလ်မှာ တခုကောင်းတာက စစ်တပ်ရဲ့
အငွေ့အသက်နဲ့ လုံးလုံး မပတ်သက်တာပါပဲ။ ဒီတော့ စိတ်ထဲ အကုသိုလ်နည်းနည်းနဲ့ သိပ်အေးချမ်းတာပဲ။ ဒါပေမဲ့
ရာကျော်ကတော့ တခုခု ပြတ်ပြတ်သားသား လုပ်ချင်ပြီတဲ့။ ကျမတို့နှစ်ယောက် လွန်ဆွဲနေတုန်းမှာပဲ ကျမကိုယ်တိုင်
တွေတွေဝေေ၀ ဖြစ်လာစရာ အကြောင်းက ပေါ်လာပါတယ်။ နဂိုတည်းက သားသမီး ၃ယောက်ယူမယ်လို့ ဆုံးဖြတ်ထားတဲ့
ကျမတို့ဆီကို သားအငယ်ဆုံးလေးက စာရင်း လာတို့လိုက်တာပါပဲ။

ရာကျော်က ကလေးတွေရှေ့ရေးကို စဉ်းစားပါတယ်။ သူ့အလုပ်အကိုင်ကိုလည်း စဉ်းစားပါတယ်။ နောက်ဆုံး


တော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က လူငယ်တွေ.. ပြီးတော့ သူ့ညီအကို တွေလိုပဲ နိုင်ငံခြားထွက်မယ်.. ထွက်တာတောင်မှ
မလေးရှားကိုပဲတဲ့။ သူ့ညီအကိုတွေ ရှိလို့မို့။ ကျမလည်း စဉ်းစားကြည့်တော့ ရန်ကုန်မှာ မေမေ့အနားနေရမယ်။ ပြီးတော့
အတန်း ကြီးလာပြီဖြစ်တဲ့ သားကြီးပညာရေးကို ၀ိုင်းကြည့်မယ့်သူ များမယ်…။ ပြီးတော့ ဘာပဲဖြစ်ဖြစ် ရန်ကုန်က
ကျမဇာတိလေ။ သူ့ဇာတိမှာ နေမရရင် ကျမဇာတိမှာ နေရပေမပေါ့။ တကယ်တော့ မော်လမြိုင်မှာ ကျမတို့နှစ်ယောက်လုံးက
ဧည့်သည်ပဲလေ။ ကျမတို့ ရန်ကုန် ပြန်လာမယ်လို့ သေချာပြီဆိုတော့ အမေက ပျော်ရှာပါတယ်။ အမေက ရာကျော့်ကို
တော်တော် ချစ်တာလေ။ ကျမက ပြောင်းရွှေ့ခွင့်တင်တာတို့ ဘာတို့ လုပ်..။ ရာကျော်က passport လျှောက်တဲ့ ကိစ္စတွေ လိုက်
လုပ်။ နောက် ရွာက လယ်တချို့ ရောင်းလိုက်ပါတယ်။ အဲဒီတုန်းက မလေးရှား သွားအလုပ်လုပ်ဖို့ ပေါက်ဈေးက ၆သိန်း။
စင်္ကာပူက ၁၀သိန်း..။ ဂျပန် ၂၅သိန်း…။

ဒီလိုနဲ့ ကျမသားအငယ်ဆုံးလေးကို မတ်လ ၃၀ရက်နေ့မှာ မွေးပါတယ်။ (ဒီနေရာမှာ ခေတ်အခြေအနေကို


မှတ်တမ်းတင် ရရင် လွန်ခဲ့တဲ့ ၃နှစ်ခွဲ… သမီးကို မွေးတုန်းက ပိုက်ဆံ ၇၀၀၀ပဲ ကုန်ခဲ့တဲ့ မော်လမြိုင်မှာ သားငယ်လေးမွေးတော့
အဲဒီ ဆရာဝန်ကြီးနဲ့ပ.ဲ . ဆေးရုံကတော့ ရတနာမွန် ဆိုတဲ့ ကိုယ်ပိုင်ဆေးခန်းမှာ.. ဗိုက်ခွဲမွေးရတာ… ပိုက်ဆံက တသိန်းခွဲ
ကုနပ
်ါတယ်။ အဲဒီအချိနမ
ှ်ာပဲ ကျမသူငယ်ချင်းက ရန်ကုန် ရွှေဂုံတိုင်က SSC မှာ သားဦးလေးကို ခွဲမွေးတာ ၁၂သိန်း
ကုန်ပါသတဲ.့ . အဲဒီအချိန် ရွှေဈေးကမှ ၅သောင်းခွဲလောက်ပဲ ရှိတာပါ)။

ထုံးစံအတိုင်းဆိုရင် တော့ Transfer Order တွေက မေလမှာ ထွက်တတ်ပါတယ်။ ကျမက နှစ်ပြည့်ပြီးသားမို့


ပြောင်းရမှာ သေချာပေါက်လေ။ သားကလေး မွေးပြီး သင်္ကြန်အကျော် ဧပြီလနောက်ဆုံးပတ် စနေနေ့မှာတော့ အမေက
ရန်ကုန်ကနေ ကျမညီမအငယ်ဆုံးလေးနဲ့ သူ့အမျိုးသားကို အိမ်ကကားနဲ့ မော်လမြိုင်ကို နေ့ချင်း အရောက် လွှတ်လိုက်ပါတယ်။
သူတို့ နှစ်ယောက် တလှည့်စီ မောင်းလာကြတာ.. မော်လမြိုင်ကို စနေနေ့ နေ့လယ်ကြီး ရောက်လာပါရော..။
မလေးကုမ္ပဏီတခုက ရာကျော့်ကို လှမ်းဆက်သွယ်လို့တဲ့။ ချက်ချင်းပဲ ထွက်ရတော့မလိ…
ု ။ တကယ့်ကို ဗြုန်းစားကြီး…။

ပထမတော့ ကျမတို့ မလိုက်သေးဘူးလို့ပ.ဲ . ဒါပေမဲ့ ရာကျော်က passport in hand ဆိုတော့ ချက်ချင်းများ


ထွက်ရမလား မသိဘူးဆိုတဲ့ စိတ်န့။ဲ သူကလည်း မထားခဲ့ချင်.. ကျမကလည်း မနေခဲ့ချင်..။ ဒါနဲ့ပဲ ကျမတို့ အိမ်ပစ္စည်းတွေ
သေချာ ထုပ်ပိုးသိမ်း.. ရာကျော်က တချို့ကို နိုင်သလောက်ယူပြီး ရန်ကုန်ကို ဆင်းဖို့ ပြင်ရပါတယ်။ နောက် တကယ်
ပြောင်းတဲ့အခါကျတော့ သိပ် မသယ်ရတော့ဘူးပေါ့..။ ကံကောင်းတာက သားကြီး ကို နွေကျောင်းပိတ်မို့ သူ့အဖေ ဘက်က
အဖိုးအဖွားဆီ ပို့ပေးထားတာကြောင့် သားကြီးက ရန်ကုန်ရောက်နှင့် နေတာပါပဲ။ ဒီလိုနဲ့ ရန်ကုန်မြေကို ကျမ ပြန်
နင်းရပြန်ပေါ့..။ ရန်ကုန်ဆိုတာ တကယ်တော့ ကျမနဲ့ အင်မတန် စိမ်းတဲ့ မွေးရပ်မြေပါပဲ..။

ထုံးစံအတိုင်း ရန်ကုန်ကတော့ သူ့မြေကို နင်းပြီဟေ့ဆိုကတည်းက ပူပင်သောကနဲ့ ကျမကို ကြိုတယ်..။


ဘယ်မှာ နေမလဲ… ဆိုတာက စလိ…
ု့ ရာကျော်မရှိဘဲ အဆင်ပြေပြေ ဘယ်လို ရပ်တည်မလဲ… ဆိုတာအဆုံး။ အားလုံးဟာ
ပူပြင်းလောင်မြိုက်မှုတွေနဲ့သာ မွမ်းမံတာ ပါပဲ။ ကျမဘ၀မှာ ဘယ်တော့မှ ငြိမ်းရာကို အလွယ်တကူမရ..။ ခက်ခဲမှုနဲ့ ရင်းမှပဲ
နည်းနည်းလောက် ရနိုင်လေရဲ့။ ဒီလိုနဲ့ပဲ ရန်ကုန်ရင်ခွင်ထဲ နေမပျော်မြဲ ကျမက မြို့သူ ဆိုတဲ့ ၀တ္ထုလေး ရေးဖြစ်ခဲ့တာ။
အဲဒဝ
ီ တ္ထုလေးကျတော့လည်း စာပေစိစစ်ရေးက လွတ်လာသား။

သေချာတာကတော့ ရန်ကုန်က ငယ်ပေါင်းပေမဲ့ ကျမ သူ့ကို စွဲစွဲလန်းလန်း မချစ်ခင်ခဲ့ပါ…။ အဲလို မချစ်တဲ့


ရန်ကုန်ကို ရာကျော်မပါဘဲ ရင်ဆိုင်ရလို့များ ပို ခါးသက်ခဲ့သလားမသိ။ ကျမရဲ့ အမိမြေက လက်တွေ့ဘ၀ကြီးကို လုံးလုံး
ကျောခိုင်းပစ်ဖို့ထိတောင် စိတ်ကူးပေါက်ခဲ့တာ…။ အဲဒီလောက်ထိ ဖြစ်သွားရစေတဲ့ အကြောင်းရင်းတွေကို ဆက်ရေးသွားမှာပါ။
(အင်း တဖြည်းဖြည်းနဲ့တော့ မြသီလာအလွမ်းပြေက ကိုယ်တိုင်ရေးပုံတူ ဖြစ်နေပြီလားမသိ)
မြသီလာအလွမ်းပြေ (၃၅)

ရန်ကုန်ကို Transfer တင်တော့ ကျမလျှောက်ထားတဲ့ ကျောင်းက ဒဂုံတက္ကသိုလ်ပါ။ အဲဒီကာလမှာ အမေက


အဖေဆုံးပါးပြီးတဲ့နောက် မြို့ထဲက တိုက်ခန်းမှာ မနေချင်တော့ဘူး ဆိုပြီး မြောက်ဒဂုံအ၀င် သစ်တောကွက်ထဲက
သင်းဝင်လမ်းမှာ ၀ယ်ထားတဲ့ အိမ်မှာပဲ နေနေပြီမို့ ကျမက အမေနဲ့ နီးနီးလည်း နေရ.. ဒဂုံတက္ကသိုလ်ကို ကျောင်းသွားဖို့လည်း
လွယ်မယ့်နေရာ ရှာရပါတယ်။ အမေကြိုရှာထားပေးတဲ့ ကျမနေဖို့ ရွေးလိုက်တဲ့ အိမ်က ကားဂိတ်ကနေ အတွင်းထဲကို မိနစ်
၂၀လောက် လမ်းလျှောက်ဝင်ရတဲ့ နေရာမှာ ရှိနေပါတယ်။

တကယ်တမ်းကျတော့ အမေနဲ့လည်း မနီးလှ..။ ဈေးလည်း မနီး..။ အိုးး အဲဒီနေရာမှာတောင် အိမ်လခက


၁သောင်းခွ.ဲ .။ ကျမ ရတဲ့ လစာကလည်း တသောင်းခွဲ.. ကွက်တိ။ အဲဒီမှာ ကျမရယ်.. ကလေး ၃ယောက်ရယ်..
ကလေးကြည့်ပေးမယ့် ကလေးမလေး တယောက်ရယ်.. နေရမှာ။ အဲဒီလမ်းက လူနေကျဲပါးပါတယ်။ ကျမတို့ နေမယ့်
အိမ်ဘေးမှာကို လူ မနေ တိုက်မဆောက်သေးတဲ့ မြေကွက် ၃ကွက.် .။ ဆိုးတာခုက ခြံစည်းရိုး မကောင်းတဲ့အပြင် အိမ်သာက
အိမ်အပြင်ဘက်ရောက်နေတာ..။ ဘုရားရေ.. ယောက်ျားသား မရှိဘဲ နေလို့ဖြစ်ပါ့မလား..။ ရာကျော်က နောက်တပတ်ဆို
သွားရပြီတဲ့။ ပြီးတော့ ဒီကြားထဲမှာ ကျမက မော်လမြိုင်ကို Transfer ကိစ္စ သွားရဦးမှာ ရှိသေး..။ အိမ်ကို ဘယ်လို
ထားခဲ့မလဲ..။

အဲဒီ အိမ်မှာ ပစ္စည်းတွေ ပတ်ချာလည်ချပြီး ကျမ မဝေခွဲတတ်ဖြစ်နေပါတယ်။ စပေါ်တ၀က်လည်း ပေးပြီးပြီ။


ကဲ.. ဖြစ်သမျှအကြောင်းပေါ့။ ဒါပေမဲ့ ကျမစိတ်ထဲ ဒီအိမ်က မလုံခြုံဘူးလို့ ခံစားနေရတာက ဆိုးပါတယ်။ လူက လည်း
သွေးနုတုန်း.. သားငယ်လေးမှ ရက်၄၀လားရသေးတာလေ။ နောက်တခုက သားကြီး ကျောင်းတက်ဖို့ သိပ်ဝေးတာ..။
ကျောင်းကားတောင် ရှိပါ့မလားပဲ။ အမေကတော့ သူ့အဖိုးအဖွားအိမ် တက္ကသိုလ်ရိပ်သာလမ်း မှာ သွားထားလိုက်ပေါ့တဲ့။
ကျမကတော့ သက်ပြင်း တချချ..။ လောလောဆယ် ကျမကျောင်းသွားချိန် အိမ်မှာ ကလေး၃ယောက်နဲ့ ကောင်မလေးကို
ဘယ်လို ထားခဲ့ရပါ့ပေါ့။ သမီးလေးက မူကြိုတက်ရမှာ.. အငယ်ဆုံးလေး ကမှ ၂လသား မပြည့်သေး.. ကျမ ရင်ထဲ
ပူပူလောင်လောင် ရှိရပြန်ပါပြီ။ (စာဖတ်နေသူတွေကတော့ ကိုယ်ပဲ အပူရှာပြီးတော့လို့ တွေးနေမလားမသိပါ)။ ကျမကတော့
အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင် နေမိပါတယ်။

အဲဒီတည… အဲဒီအိမ်မှာ ကျမတို့ မိသားစု အိပ်ကြပါတယ်။ တလမ်းလုံး တိတ်ဆိတ်.. မှောင်မဲ..။ အပြင်


အိမ်သာ ထွက်တော့လည်း မှောင်မှောင်မိုက်မိုက်…။ ကျမ စိတ်ထဲ ဘယ်လိုမှ နေမဖြစ်ဘူးလို့ သိနေသလိုပ.ဲ .။ ရာကျော်က
ို့
ပြောတော့ ရာကျော်က ဘာလုပ်ချင်လ.ဲ .တဲ့။ နောက်ဆုံး ပိုက်ဆံဆုံးလည်း ဆုံးတော့.. မနေချင်ဘူး.. လို့ ပြောလိုက်ပါတယ်။
အမြဲ ကျမအလိုပဲ လိုက်တဲ့ ရာကျော်က.. သေချာစဉ်းစားပြီးပြီလားဆိုတာကလွဲလို့ ဘာမှမကန့်ကွက်ပါဘူး။ ဒါနဲ့
နောက်ဆုံးတော့ အမေ့အိမ်သေးသေးလေးဆီပဲ မိသားစု ပြန်ပြေး ရတော့တာပေါ့။ ၆လစာ တင်ထားတဲ့ ပိုက်ဆံ ၉သောင်း
ဆုံးသွားပါတယ်။ (တိုက်တိုက်ဆိုင်ဆိုင.် . နောက် ၆လလောက်နေတော့ ကျမတို့ မနေဖြစ်တဲ့ အဲဒီအိမ်ကလေးနဲ့ ၃အိမ်ကျော်မှာ
အပျိုကြီး တူဝရီးနှစ်ယောက် ပစ္စည်းယူပြီး အသတ်ခံ လိုက်ရပါတယ်)။

အမေ့အိမ်လေးကတော့ လမ်းမကြီးနဲ့ ကျောချင်းကပ်ဆိုတော့ ကျမကျောင်းသွားရတာလည်း အဆင်ပြေ..။


ကလေးတွေ ကျောင်းတက်ဖို့လည်း ဖယ်ရီကားရှိတော့ အဆင်ပြေတာပေါ့။ အိမ်လခလည်း သက်သာ။ ကျဉ်းကျပ်ပေမဲ့ အမေနဲ့
နေရတော့ လုံခြုံတယ်လေ။ ရာကျော်ကတော့ သားငယ်လေး ရက်၅၀ပြည့်တဲ့ နေ့မှာပဲ ထွက်သွားရပါတယ်။
ကျမတို့နှစ်ယောက်က မကြာခဏ ခွေ
ဲ နရဖူးပေမဲ့ ခုလောက် အနည်းဆုံး ၃နှစ်ခွဲရမယ်လို့ ကြိုသိပြီး အကြာကြီး ခွဲနေရမှာမျိုး
မကြုံဖူးတာမို့ ကျမစိတ်ထဲ အားငယ်ကျန်ခဲ့တာတော့ အမှန်ပါပဲ။ အမေကတော့ ခုပြန်တွေးရင်ကို ကျမစိတ်ထဲ သနားတုန်း..။
အမေက ကျမ သားအငယ်ဆုံးလေးကို တော်တော်ချစ်တော့ နေ့လယ် ကလေးအိပ်ရင်ကို အချိန်လုံး ပုခက်လွှဲနေခဲ့တာ..။
အမေ့အရိပ်မှာ ကျမ လုံခြုံခဲ့တာကြောင့်လည်း ဒဂုံတက္ကသိုလ်မှာ ကျမက တာဝန်ကျေတဲ့ ၀န်ထမ်းဖြစ်နိုင်ခဲ့တာပါ။ ကျမ
ဒီလိုပြောရတာအကြောင်း ရှိပါတယ်။

၂၀၀၃ခုနှစ်ရဲ့ မေလနောက်ဆုံးပတ်မှာ ကျမ ဒဂုံတက္ကသိုလ် စ၀င်ရပါတယ်။ ဖြစ်ချင်တော့ ဌာနမှူးက ကျမ


ဆရာမစဖြစ်တုန်းက လှိုင်ကောလိပ်မှာ ၉နှစ်တောက်လျှောက် အတူတူ လုပ်ခဲ့ရတဲ့ ဌာနမှူးပါပဲ။ ခုတော့ ဆရာမကြီးက
ပါမောက္ခပေါ့။ ကျမကလည်း ကထိကပေါ့။ (ထွက်တော့လည်း သူ့လက်ထဲက ထွက်ခဲ့ရတာ တိုက်ဆိုင်မှုပါပဲ)။ ဆရာမကြီးနဲ့
ကျမ စဆုံရတုန်းက ကျမက အသက် ၂၁နှစ.် . ။ ပြန်ဆုံကြရတော့ ကျမ အသက် ၃၈နှစ်။ အချိန်တွေ ကွာဟ..
အတွေ့အကြုံတွေလည်း များခဲ့ကြပြီ။ ပိုဆိုးတာက အင်မတန်ခေတ်မီတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တဲ့ ကျမက ဒဂုံတက္ကသိုလ်
ရောက်ချိန်ကျမှပဲ ကျမက တော်တော် နောက်ကျနေခဲ့တယ်လို့ သိလိုက်ရတော့တာပါ။

ဒဂုံတက္ကသိုလ်ကို ကျမရောက်တော့ အရင်က လယ်ကွင်းသာသာ ရှိခဲ့တယ်ဆိုတဲ့ နေရာက တော်တော်


စည်ပင်ပြီး ကျောင်းနဲ့တော့ တူနေခဲ့ပါပြီ။ တက္ကသိုလ်နဲ့သာ မတူတာဆိုပါတော့။ ကျောင်းအလာ လမ်းတလျှောက် မှာ
ဖြတ်ခဲ့ရတဲ့ လယ်ကွင်းတွေ လူနေအိမ်ခြေရပ်ကွက်တွေကို ထည့်မတွေးဘူး… ပြီးတော့ လကမ္ဘာကို သတိရစေတဲ့ လမ်းချိုင့်
လမ်းခွက်တွေအကြောင်း ထည့်မတွေးဘူး ဆိရ
ု င်တော့ ဒဂုံတက္ကသိုလ်ကို ကျောင်းလို့ သတ်မှတ်ကြပါစို့။
ကျောင်းသူကျောင်းသားတွေ ရှိမယ်.. ဆရာဆရာမတွေ ရှိမယ်.. စာသင်ခန်းတွေ ရှိမယ်ဆို ကျောင်းပေါ့..။ တက္ကသိုလ်လို့
သမုတ်ဖို့တော့ ထုံးစံအတိုင်း တော်တော် စဉ်းစားရပါမယ်။ တက္ကသီလ… မြင့်မြတ်သော နည်းနာအကျင့်တို့ ဆည်းပူးရာအရပ်…
တက္ကသိုလ်ရယ်လို့ ဖြစ်ဖို့ဆိုတာ….။

ကျမရဲ့ ကျောင်းဆရာမ လုပ်သက်တလျှောက်မှာ မပျော်ဆုံးကျောင်း နဲ့ မပျော်ဆုံးအချိန်ကို ပြပါဆိုရင်တော့


အဲဒါဟာ ဒဂုံတက္ကသိုလ်နဲ့ အဲဒီမှာ လုပ်ခဲ့ရတဲ့ အချိန် (၂၀၀၃ မေလကနေ ၂၀၀၅ ဖေဖော်ဝါရီလထိ) ပါပဲ။ ဒဂုံတက္ကသိုလ်
ရောက်တဲ့အချိန်မှာ ကျမဟာ တကယ့် တောသူမကြီးလိုကို ဖြစ်နေတော့တာပါ။ ကျမက နယ်တက္ကသိုလ်တွေမှာပဲ
၁၀နှစ်လောက် ဆက်တိုက်နေလိုက်သလိုဖြစ်သွားလေတော့ ၂၀၀၃ ဒဂုံတက္ကသိုလ်ကို ပြန်အရောက်မှာ
ကျောင်းသူကျောင်းသား အများစုနဲ့ ဆရာဆရာမအများစုဟာ ကျမ စိတ်ထဲတော့ အံ့ဖွယ်သုတလို ဖြစ်နေတာပါပဲ။
ကျောင်းသူကျောင်းသား အများစုကြီးက စာသင်ခန်းကို စိတ်မ၀င်စား.. ဆရာဆရာမ အများစုကြီးကလည်းစာသင်ခန်းကို
စိတ်မ၀င်စားကြတာလေ။ သူတို့ ဘာတွေကို စိတ်ဝင်စားသလဲ…။ တကယ်တော့ အဲဒါတွေက ကျမ ပြန်မရေးချင်တဲ့
ကိစ္စတွေပါ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာ…

တသက်လုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့် မေဂျာကို ချစ်တယ်.. စီနီယာတွေက ဂျူနီယာတွေကို အဆင့်ဆင့်


ထိန်းကြ စောင့်ရှောက်ကြတယ်.. သူတို့ ဆရာဆရာမတွေကို ချစ်ကြတယ်ဆိုတဲ့ နာမည်တလုံးနဲ့ နေလာကြတဲ့ မေဂျာတခုက
ကျောင်းသား၃ယောက်က သူတို့မေဂျာက ဆရာမကို Rape လုပ်တာ.. ပြီးတော့ အဲဒီ Rape case က လက်သိပ်ထိုး
ဖျောက်ဖျက် ခံလိုက်ရတာ…။

ဒဂုံတက္ကသိုလ်က ကျောင်းသားတွေရဲ့ ဖဲဝိုင်းတွေမှာ ထိုးကြေးက သိန်းဆယ်ချီပြီးတော့ တခါတလေမှာ


ကားသော့တွေတောင် ပါတာ.. ကျမ ကိုယ်တွေ့မျက်မြင်..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ကိုယ်ပေါ်မှာ သိန်းရာချီတန်တဲ့ စိန်တွေ ၀တ်ထားပြီး ဆေးတခုခုသုံးထားလို့


သွက်သွက်ခါအောင် မူးနေတဲ့ ကျောင်းသူတချို့ကို သက်ဆိုင်ရာဌာနက ဆရာမတွေက အိမ်တိုင်ရာရောက်
လိုက်ပို့ပေးရတာတွေ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ…
့ မြန်မာစာဌာနကနေ လှမ်းမြင်နိုင်တဲ့ ကော်ရစ်ဒါ ထောင့်ချိုးလေးမှာ စုံတွဲတွေ
ဖြစ်ချင်တိုင်း ဖြစ်နေတာကို မကြည့်နိုင်တဲ့ ဆရာမက သွားပြီးတော့ အဲဒီလို မနေသင့်ကြောင်းပြောတာကို ဟားလွှတ်တဲ့
ကျောင်းသား ကျောင်းသူတွေ ရှိနေတာ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ပါမောက္ခချုပ်ကြီးကို ကျောင်းသားကျောင်းသူ ပြဿနာတွေ တင်ပြတော့


ကျောင်းသားတွေနဲ့ ပြဿနာဖြစ်ရင် ကိုယ့်တာဝန်ကိုယ်ယူကြဆိုပဲ..။ မော်ကွန်းထိန်းကလည်း ဒါတွေ စိတ် မ၀င်စား..။
ကျောင်းဖယ်ရီထဲမှာ သူပိုင်ကားတွေ ထည့်ဖ.ို့ . ကားခတွေ တိုးကောက်ဖို့တွေပဲ စိတ်ဝင်စား။ ကျမကတော့
အဲဒီမော်ကွန်းထိန်းရဲ့ လစာနဲ့ ဘယ်လိုလုပ်များ ဖယ်ရီဘတ်စ် ၅စီး ၀ယ်နိုင်ပါလိမ့်လို့ အံ့သြနေမိခဲ့သေးတယ်။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ…
့ ကားဖယ်ရီတွေပေါ်မှာလည်း ဖဲဝိုင်းအကြီးအကျယ်ဆိုပဲ..။ ကားသမားတွေကို
အကောက်ပေးရ သတဲ့။ ပိုဆိုးတာက နေ့လယ်ဘက် နားထားရတဲ့ အဲဒီ ဖယ်ရီတွေပေါ်မှာ ကျောင်းသား ကျောင်းသူ
စုံတွဲတွေကို ချိန်းတွေ့ဖို့ နေရာငှားသတဲ.့ .။ နောက်လည်းကျရော အဲဒီ အဖြစ်အပျက်တွေက ဗီဒီယိုခိုးရိုက်ထားတဲ့ အခွေ
ထွက်လာပါလေရော..။

အဲဒီ ဒဂုံတက္ကသိုလမ
ှ်ာပဲပေါ့… အတ္ထုပ္ပတ္တိစာပေအကြောင်းသင်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း
ထည့်ပြောလို့ဆိုပြီး ကျမ သတိပေးခံခဲ့ရတာ..။ (၂၀၀၀ပြည့်နှစ်တုန်းက ကွန်ပျူတာ တက္ကသိုလ်မှာ
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြီး စာသင်လို့ ထောင်၇နှစ် ကျသွား တဲ့ မြန်မာစာဆရာ ဦးဌေးဝင်းလို ဖြစ်သွားမယ်နော်..
ဆိုတာလည်း ပါပါသးတယ်..)။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ၀န်ထမ်းရေးရာက ဌာနမှူးရဲ့ မျက်နှာကို ဆရာဆရာမတွေက ကြည့်ပြီး


အလုပ်လုပ်နေကြရတယ်ဆိုတာ..။ ဌာနမှူးက မကြည်ရင် အမျိုးမျိုးညစ်တယ်ဆိုပ.ဲ . ဥပမာ စာမေးပွဲခန်းစောင့်တဲ့ ကိစ္စတွေမှာ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ဆရာဆရာမတွေ ၃လ တကြိမ.် . ၁၀ရက်ဆက်တိုက် မနက် ၇နာရီကနေ


ညနေ ၅နာရီအထိ စာမေးပွဲခန်းတွေ စောင့်ကြရတာ။ ဆရာဆရာမတွေခမျာ.. ကိုယ်တွေလက်တွေ ကိုက်ကြခဲကြ.. ဖျားကြ
နာကြ..။ ကိုယ့်ဘာသာ ဆေးကုကြ။ ပြီးတော့ အဲဒီလို အပင်ပန်းခံ စောင့်ကြရတဲ့ စာမေးပွဲတွေကို အထက်အမိန့်ဆိုတာကြီးက
ပေါပေါလောလော အအောင်ပေးကြတာ။

အဲဒီ ဒဂုံတက္ကသိုလ်မှာပေါ့.. စာမေးပွဲမှာ စာမရလို့ မေးခွန်းတွေချည်းပဲ ကူးတင်လိုက်တဲ့ကြားက စာမေးပွဲ


အောင် လာလို့ ဆိုပြီး ကျောင်းကို လှောင်ပြောင်တဲ့ ကျောင်းသားကို ကျမ ရှက်ရှက်နဲ့ ငေးကြည့်နေခဲ့ရတာ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ၂၀၀၄ခုနှစ်ရဲ့ အဝေးသင်စာမေးပွဲတခုမှာ ပေါ်ပေါ်ထင်ထင် ခိုးချနေတဲ့


ကျောင်းသားကို ဆရာမက အဲလို မလုပ်ဖို့ တားတော့ ကျောင်းသားက သူ့ရဲ့ တပ်ကြပ်ကြီးကဒ်ပြားကို ထုတ်ပြတာ..။
ဆရာမလေးက ဘယ်သူပဲဖြစ်ဖြစ် စာမေးပွဲခန်းထဲ အဲလို လုပ်ခွင့် မရှိဘူးလို့ပြောပြီး သူ့ခုံနားမှာ လာစောင့်ရပ်နေတာကို
မေးခွန်းစာရွက်ပေါ်မှာ ညစ်ညစ်ပတ်ပတ်ပုံတွေ ဆွဲပြတာ..။ အဲဒါကို ဆရာမက ပြဿနာလုပ်တော့ ဆရာမက သူ့ဆီက
ပိုက်ဆံခိုးပါတယ်လို့ ပြန်စွပ်စွဲတာ..။ အဲဒီအမှုမှာ ကျောင်းသား မှားတယ်လို့ လူတိုင်း သိကြပါတယ်။ ပါမောက္ခချုပ်ရုံးခန်းထိ
ရောက်ခဲ့တဲ့ အမှုပါ။ ဖြစ်ချင်တော့ ဆရာမလေးက အင်မတန် တိကျတဲ့ မှန်ကန်တဲ့ ဆရာမ.. သူ့အဖေက တိုင်းတခုက
တရားသူကြီး။ ဒါပေမဲ့ ပါ/ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆရာမက ကျောင်းသားကို တောင်းပန်လိုက်ရပါတယ်။ ဆရာမလေး
နယ်ပြောင်းခံလိုက် ရပါတယ်။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. သောင်းချီတဲ့ Answer Paper တွေကို တပတ်အတွင်းအပြီး အမှတ်ခြစ်..


အောင်စာရင်းလုပ…
် ။ ဆရာဆရာမတွေခမျာ ကိုယ့်ထမင်း ကိုယ်စားပြီး မနက် ၈နာရီကနေ ည ၈နာရီထိ အလုပ် လုပ်ကြရတာ..
ယုံစရာကောင်းရဲ့လား..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. စစ်ထောက်လှမ်းရေးကနေ Linguistics နဲ့ ပတ်သက်ပြီး မဟာဝိဇ္ဇာ လာတက်


နေတဲ့ ကျောင်းသားဆိုသူက လူ ၅၀ပဲ ရှိတဲ့ ကျမရဲ့ မဟာဝိဇ္ဇာ Literature တန်း စာသင်ချိန်တွေမှာ လာ လာ ထိုင်နေတာ..။
အင်း သူက On Duty နဲ့ဆိုပဲ။ ကျမ စာသင်တာမှာ နိုင်ငံရေးနဲ့ မလွတ်မကင်းတွေ ပါလာရင်တော့ ပြဿနာရှိနိုင်တယ်ဆိုပဲ..။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. တိကျ သေချာတဲ.့ . အဂတိ မလိုက်စားတဲ.့ . စာသင်ခန်းတွေထဲမှာ


ကြိုးစားအားထုတ်တဲ့ ဆရာဆရာမတွေကို ကျောင်းသားတွေက မကြိုက်သလို ဆရာဆရာမ အချင်းချင်းကလည်း
စိတ်အနှောက်အယှက် အမျိုးမျိုး ပေးကြတာ..။ ဒါပေမဲ့ အဲဒီ မကောင်းမှု ကိုပဲ လူကြိုက်များနေတာ..။

အဲဒီဒဂုံတက္ကသိုလ်မှာပဲပေါ့… စစ်တပ်အရာရှိကြီးတယောက်ရဲ့ တူမ… စာမေးပွဲကျနေတဲ့


ကျောင်းသူတယောက် ဂုဏ်ထူးတန်းတက်ခွင့်ရအောင် လာဘ်စားပြီး လုပ်ပေးထားတဲ့ ဌာနမှူးကို သက်သေခံနဲ့ တကွ တိုင်တဲ့
အတန်းပိုင်ဆရာကို ပါ/ချုပ်က ခေါ်ပြီးတော့ အရပ်ထဲက စကားလုံးနဲ့ တိုင်းဆဲခဲ့တာ..။ ပြီးတော့ အဲဒီဆရာက
အလုပ်ပြုတ်တာ..။ ဌာနမှူးဆိုသူကတော့ လာဘ်ယူလို့ ပိုကောင်းတဲ့ နယ်တနယ်ကို Transfer ဆိုပြီး အပြစ်ပေးခံရတာ…။

အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… အဝေးသင်လာတက်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပင်ပန်းဆင်းရဲမှုနဲ့


ငွေကြေးကုန်ကျမှုတွေ… တကယ် ရိုးသားကြိုးစားပြီး လိမ္မာကြပေမဲ့ ငွေကြေးမတတ်နိုင်တဲ့အတွက် အောက်တန်း နောက်တန်း
ကျရရှာတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ သိမ်ငယ်မှုတွေ..။ ကမောက်ကမ ပညာရေးစနစ်ထဲ သားကောင် ဖြစ်ကြရတဲ့
ဆရာဆရာမတွေနဲ့ တပည့်တွေ..။

မှတ်မိနေတာတခုကတော့ အဲဒါတွေကို မခံစားနိုင်တဲ့အဆုံး ကျမ တောင်ငူဆောင်မှာ ကျမရဲ့ ဆရာတွေ


ရှေ့မှာ ရင်ဖွင့်ရင်း မျက်ရည်ကျခဲ့တာပါပဲ။

သင်ကြားရေးစနစ်နဲ့ ပညာရေးစနစ်.. တပည့်နဲ့ ဆရာဆရာမတွေကြားက စိတ်ပြဿနာ.. ယဉ်ကျေးမှု


ပြဿနာတွေကို စိတ်ညစ်နေတဲ့ ကျမ နောက်တခါ လာပြန်ချည်သေးဟေ့ ဆိုသလို…။ ကြံ့ဖွံ့ မ၀င်မနေရတဲ…
့ ။ မ၀င်ရင်
ဘာဖြစ်မလဲဆိုတော့ မ၀င်ဘူးဆိုတာ မရှိဘူးလေ..တဲ့။ ၀န်ထမ်းမှန်ရင် အလိုလို ကြံ့ဖွံ့ပဲတ.ဲ့ .။ ကျမတို့ နှစ်စဉ်ဖြည့်နေရတဲ့
ဝန်ထမ်းကိုယ်ရေးရာဇ၀င် ၆စောင် ထဲမှာ တစောင်က ကြံ့ဖွံ့ရုံးအတွက်ပဲလေ..တဲ့။ ကဲ.. ကျမ ဘာတတ်နိုင်မလဲ..။

လာပြန်ပြီ နောက်တခု ဆရာမတိုင်း အမျိုးသမီးရေးရာအဖွဝ


ဲ့ င်တဲ့…။ ကထိကတွေ နှီးနှောဖလှယ်ပွဲတွေ
အစည်းအဝေးတွေ အလှည့်ကျ တက်ကြရမယ်တ.ဲ့ .။ အထူးသဖြင့် စီနီယာ ကထိကတွေတ။ဲ့ ကဲ.. ကျမတောင် တခေါက်
တက်လိုက်ရသေး..။ ခရမ်းရောင်ဝတ်စုံန.ဲ့ . ပုဝါစုံချလိ.ု့ .။ လုပ်ရတာပဲ.. ကျမ ငြင်းလို့ မရ။ နောက်တော့ လာဦးမှာ..
မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းလည်း ၀င်ရဦးမတဲ့။ မေငြိမ်းက စာရေးဆရာလည်းဖြစ်တော့ ပိုလုပ်ရမှာနော်.. တဲ့။

အဲဒါထက် ပိုဆိုးလာတာကတော့ ပါရဂူဘွဲ့ကိစ္စတွေပါ..။ ကထိကတွေ ပါရဂူဘွဲ့ မယူမနေရတဲ့။


ပါရဂူဘွဲ့အတွက် ပထမအဆင့်က ပါရဂူတန်းတက်ခွင့်ရဖို့ ၀င်ခွင့်ဖြေရမယ်။ အောင်ရင် တနှစ်တက်ရမယ်..။ တနှစ်ပြီးရင်
နောက်ထပ် ၃နှစ် ကျမ်းတွေပြုပေါ့..။ အဲဒီအတွက် စုစုပေါင်း သိန်း ၂၀လောက်တော့ အသာလေး ကုန်မှာတဲ့။ ဒါဖြင့် ပိုက်ဆံ
မတတ်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုတော့.. ပါရဂူမဟုတ်ရင် ရာထူးမတက်ပါ…တဲ့။

ဒီနေရာမှာ ထည့်ပြောရပါတော့မယ်။ လောလောဆယ်.. မဟာတန်းတွေ တက်နေကြတဲ့ အများစုက ၈၈


နောက်ပိုင်းမှာ တက္ကသိုလ်ရောက်သူတွေပါ။ သူတို့ထဲမှာ ၁၉၉၀နောက်ပိုင်း ပညာရေးလောကထဲ အဂတိအင်မတန်များလာတဲ့
ခေတ်ထဲမှာ စာကူးချတာတို့ လာဘ်လာဘ ပေးတာတို့နဲ့ ဂုဏ်ထူးတွေရကြ.. မဟာတန်းတွေတက်ကြတဲ့ သူတွေ ပါလာပါတယ်။
အဲဒီလို လူတွေက ငွေတတ်နိုင်တော့ တက္ကသိုလ်မှာ ဆရာမတွေ ပြန်ဖြစ်ကြ။ ကြိုးစားအားထုတ်မှု မရှိခဲ့ကြတော့
ကသောင်းကနင်း ဒရောသောပါးတွေဖြစ်ပြီး မပြည့်တဲ့ အိုးတွေပီပီ… ငွေတတ်နုင
ိသူတွေရဲ့ ထုံးစံအတိုင်း ပညာရှိသူတွေကို
လေးစားရကောင်းမှန်းလည်း မသိကြ။ အဲဒီလိုလူတွေကပဲ ငွေကြေးတတ်နိုင်လေတော့ ပါရဂူဘွဲ့တွေ ရသွားကြပါဦးမယ်..
ရာထူးတွေတက်ကြပါဦးမယ်.. သူတို့ကို သူတို့ အဟုတ်ထင်ပြီး မောက်မာကြပါဦးမယ်… ။ ပညာလည်း တကယ်
မပြည့်စုံကြလေတော့ လွဲကြ မှားကြပါဦးမယ်..။ အဲဒီအလွဲအမှားကို ထောက်ပြရင်လည်း လက်ခံကြမှာ မဟုတ်တဲ့အတွက်
ပြဿနာတွေ ဖြစ်ကြရပါဦးမယ်။

အဲ့ဒီအပြင် တကယ် တော်ပေ တတ်ပေမဲ့ ပိုက်ဆံ မရှိတဲ့ ဆရာဆရာမတွေခမျာတော့ ပါရဂူဘွဲ့


မယူနိုင်တာကြောင့် ရာထူးမတက်တဲ့အတွက် အဲ့လို ကိုယ့်ထက်အငယ်.. ကိုယ့်တပည့်တွေရဲ့ လက်အောက်မှာ အရိုအသေ
အတန်ခံပြီး အလုပ်လုပ်ကြရပါမယ်။ (ကိုယ့်ထက်အငယ်ဆိုပေမဲ့ တကယ်တော်တဲ့သူတွေက ကိုယ့်အပေါ်ရောက်ရင်တော့
ကျမတို့က လေးစားလိုက်နာဖို့ ၀န်လေးမှာ မဟုတ်ပါဘူး)။ ဒီတော့ ရိုင်းရိုင်းဥပမာပေးရရင် တကယ့်ကို ဘုရားကားအောက်
မျောက်ကားအထက်ဆိုတာမျိုး ဖြစ်အောင် စီစဉ်ထားတဲ့ မူပါပဲ။ ၂၀၀၄ ခုနှစ်ထဲမှာတော့ ကျမဆီမှာ ကျောင်းဆရာမဘ၀နဲ့
ပတ်သက်ပြီး အဲလို စက်ဆုပ်စရာခံစားမှုတွေက ဆင့်ကဲ ဆင့်ကဲ တွေ့ကြုံလာရတာပါ။ သေချာတာကတော့ အဲဒီ ပါရဂူဘွဲ့ ကျမ
မယူနိုင်ပါဘူး။ ပြီးတော့ အဲလို လူမျိုးတွေရဲ့ လက်အောက်မှာလည်း အလုပ် မလုပ်ချင်ပါဘူး။ ကျမစိတ်ထဲ မြသီလာက ချစ်စရာ
လွမ်းစရာ မကောင်းတော့ဘူးလို့လည်း ထင်လာတဲ့ အချိန်တွေပေါ့...။ ကျမ တခုခုကို ဆုံးဖြတ်ရပါတော့မယ်..။
မြသီလာအလွမ်းပြေ (၃၆)

မြသီလာ (၃၅)နဲ့ ၂၀၀၄ခုနှစ်အပိုင်းအခြားကို ရေးဖို့ ကျမ တော်တော်ကို စိတ်လျှော့ခဲ့ရပါတယ်။ ကျမ


မရေးရက် လို့ မရေးထွက်လို့ ချန်ထားခဲ့တာတွေလည်း အများကြီးပါ..။ ကျမရေးခဲ့တာတွေက အားလုံး ကိုယ်တိုင် သက်သေ
ခံနိုင်တဲ့ မျက်မြင်ကိုယ်တွေ့ကိစ္စတွေ ချည်းပါ..။ မသေချာဘူးထင်တာကို ကျမ မရေးခဲ့ပါဘူး။ ဥပမာ ဆရာမလေး ကို Rape
လုပ်တဲ့ ကျောင်းသား၃ယောက် မေဂျာပြောင်းပြီး တာဝတက္ကသိုလ်မှာ အခန့်သား ကျောင်းတက်နေကြ တယ်ဆိုတာ…
ကျမကိုယ်တိုင် မမြင်ရလို့ ထည့်မရေးတော့တာပါ။ (ဆရာမလေးကတော့ စိတ်ပုံမှန် မဟုတ်တော့ တာကို ကျမကိုယ်တိုင်
တွေ့နေရတာပါ။ အဲဒါကျတော့ မရေးရက်လို့ မရေးတော့တာပါ)။ ပြီးတော့ ဘယ်ဌာနက ဘယ်ပါမောက္ခက လာဘ်ယူပြီး
ဘယ်သူတွေကို အအောင်ပေးတာ.. ဘယ်သူတွေကို ဂုဏ်ထူးတန်း ပေးတက် လိုက်တာတွေ… ကျမ မရေးတော့ပါဘူး။ ဒါပေမဲ့
တချိန.် . အဲဒီလူတွေက တိုင်းပြည်နဲ့ လူမျိုးအပေါ် ရက်ရက်စက်စက် လုပ်လာတာမျိုးရှိရင်တော့ ကျမက ခုနှစ်နဲ့ နာမည်နဲ့ကို
ဖွင့်ချမှာလို့ ဆုံးဖြတ်ပြီးသားပါ။

အဲလို မတရားမှုတွေ ရှိသလိုပဲ ထမင်း၀၀စားရဖို့ထက် သိက္ခာကို ဖက်တွယ်ရင်း ဒုက္ခရောက်နေကြရတဲ့


သူတွေ အကြောင်းလည်း ကျမ ချန်ခဲ့တာတွေရှိပါတယ်။ ကာယကံရှင်တွေက ထုတ် မပြောချင်တာမျိုး ဖြစ်မှာစိုးလို့ပါ။
မြသီလာတလျှောက် ဆရာမအနေနဲ့ ကျမ ကြုံခဲ့ရတဲ့ ဒုက္ခဆိုတာတွေက တကယ်တော့ ကျမလို ဆရာ ဆရာမမျိုး တွေကို
ကိုယ်စားပြုတဲ့ ဒုက္ခပါပဲ။ ကျမသူငယ်ချင်းဆရာမတယောက်ဆရ
ို င် ကျောင်းမှာ အချိန်ပြည့် တာဝန်ယူရတာတဘက်..
အပိုဝင်ငွေရဖို့အရေး ကျူရှင်ပြေးပြရတာက တဘက်နဲ့ နောက်ဆုံး အိမ်ထောင်ဖက်က နားမလည်နိုင်ဘဲ
ဖောက်ပြန်သွားတဲ့အတွက် ကွဲကြ ကွာကြ ဖြစ်ရတဲ့ အထိပါ။ (ကျမတောင် အိမ်မှာ အမေက ဒိုင်ခံ ပံ့ပိုးပေး နေလို့
ကိုယ့်အလုပ်ကို နောက်ဆံ မတင်းဘဲ လုပ်နိုင်နေ တာလေ)။ ကျမ သူငယ်ချင်းခမျာ ကလေးတွေ တို့လို့ တန်းလန်းနဲ့..
ကျောင်းတာဝန်တွေ တဘက်နဲ့ ပိုလို့သာ ပင်ပန်း ဆင်းရဲပြီး နောက်ဆုံး ၁၇နှစ်သာရှိသေးတဲ့ သားက မိန်းမ
ခိုးပြေးသွားတဲ့အထိ..။ ဘ၀တွေကို ပေးထားရတာ..။ အိမ်ငှားခ ပေးဖို့လောက်ပဲ ရတဲ့ လစာအတွက် တနေ့တနေ့ ကျောင်းမှာ
ပေးရတဲ့အချိန်တွေ…။ အဲဒီလို အချိန်ပေးပြီး ပညာတတ်တွေ မွေးထုတ်ရတာ ဆိုရင်လည်း ကျမတို့ ဆရာမတွေ ဘ၀အနာခံ..
အချိန်တွေ အနာခံရကျိုး နပ်ဦးမှာပါ။ ခုတော့…။

ဆရာဆရာမတွေခမျာ.. စာမေးပွဲတွေ အချိန်ပေး ခွန်အားပေးပြီး စောင့်ရ.. အမှတ်တွေ စစ်ရ..။ တကယ်တမ်း


ကျတော့ (၃၅)မှာ ပြောခဲ့သလိုပဲ ကျောင်းသားတွေ အဖြေစာအုပ်မှာ ခုံနံပါတ် တပ်ရုံနဲ့ကို အအောင် ပေးနေတာပါ။
ကျမတို့မှာသာ ခွန်အားတွေ ပြုန်းတီး။ (ကျမ တပည့်တယောက်ဆို ဂုဏ်ထူးတန်းတက်နေတာ ကနေ.. ကျူတာစာမေးပွဲ
ဖြေရမယ်ဆိုလို့ ကျူတာပြန်မလုပ်ချင်ဘူးဆိုပြီး အဲဒီ ကျူတာစာမေးပွဲကို သွားမဖြေဘဲ နေတာ..။ အောင်စာရင်းထွက်တော့ သူ့
နာမည်ပါလာလို့.. ဘယ်လိုလုပ်ရမလဲလို့ ကျမကို လာတိုင်ပင်ဖူးပါတယ်။ အဲဒါလည်း ၂၀၀၄ မှာပဲ။ အဲဒီကာလလောက်မှာပဲ
ဘယ်သူစလိုက်မှန်းမသိတဲ့ စာချိုးတခု တက္ကသိုလ်လောကမှာ ပေါ်လာတာ.. “လမ်းအထိုထို တက္ကသိုလ.် . တွေ့သမျှလူ ပါရဂူ..
မြင်မြင်သမျှ ပါမောက္ခ…” တဲ့။ ကျမကတော့ အဲဒီ အဖြစ်အပျက်တွေထဲမှာ တကယ်ပဲ သွေးပျက်လာပါတယ်။

ဆရာတွေက ကျမကို တွေ့တိုင်း ဘယ်တော့ ပါရဂူတန်းတက်မှာလဲဆိုတာ မေးကြပါတယ်။ ကျမကတော့


ပိုက်ဆံ မတတ်နိုင်ဘူးလို့ပဲ တွင်တွင် ဖြေပါတယ်။ ဒါပေမဲ့ အဲဒီအတွက် အဖြေကလည်း ဆရာတွေဆီမှာ မရှိပါဘူး။
တချို့(ကျမရဲ့ တပည့်မတော်ဖူးတဲ့) ဂျူနီယာ ဆရာမလေးတချို့က ကျမကို မျက်ခုံး ပင့် ပင့်ပြီး ကြည့်စ ပြုလာပါပြီ။ အဲဒီ
၂၀၀၄ထဲမှာပဲ ကျမ ကထိကလုပ်သက် ၅နှစ်ပြည့်လို့မို့ ၂၀၀၅ဆိုရင် တွဲဖက် ပါမောက္ခ တင်ရတော့မယ်တဲ့။ ပါရဂူဖြေဖို့
လုပ်မှာလား.. ဆုံးဖြတ်တော့... ဆိုတဲ့ အချက်ပေးသံတွေ မြည်လာပါတယ်။ တကယ်တော့ စာတော်တော် မတော်တော်..
စာသင်ကောင်းကောင်း မကောင်းကောင်း.. အချိန်တန်ရင် ကထိကတွေ ပါမောက္ခတွေ အလိုလို ဖြစ်ဖြစ်သွားတဲ့
ဒီစံနစ်ကိုလည်း ကျမ ဘ၀င်မကျတော့ပါ။ ကျမစိတ်ထဲ မြသီလာနဲ့ ပတ်သက်ရင် ချစ်စိတ်လျော့လာတာလည်း အမှန်ပါပဲ။

ဒဂုံတက္ကသိုလ်ထဲ မောမောနဲ့ အချိန်ရသလောက်လုပြီး ကျမရဲ့ ချစ်သော မြသီလာကြီးရှိရာဆီ ကျမ ပြေးပြေး


သွားပြီး အမောဖြေတဲ့အခါမှာရော…။ မြသီလာကတောင်မှ ကျမကို စိမ်းစိမ်းကြီး ကြိုပါပြီ။ စာကြည့်တိုက်မှာ စာအုပ်ငှားဖို့
သွားတော့ ပါရဂူတန်း တက်နေသူတွေကိုသာ ငှားပါသတဲ့။ ပြီးတော့ ရန်ကုန်တက္ကသိုလ်က မဟုတ်ရင် စာကြည့်တိုက်မှာပဲ
အပြီးထိုင်ဖတ်ပါ.. အိမ်ကို မငှားပါ..တဲ့။ ပြီးတော့ ဆံထုံးနဲ့ ခြင်းတောင်းနဲ့ ဆရာမရယ်လို့ သေချာတဲ့ အပြင်အဆင်နဲ့ အသက်
၄၀၀န်းကျင်တွေကိုတောင်မှ မြသီလာ အစောင့်တွေက ကဒ်ပြားတွေ စစ်ပါတယ်.. ဘယ်သွားမှာလဲ မေးပါတယ်။ မြသီလာဟာ
တံခါးနဲ့ ဓားနဲ့ ဖြစ်ခဲ့ပြီ။ တောင်ငူကင်တီးမှာ ဟိုးတုန်းကလို သွားထိုင်ပြန် တော့လည်း တချို့(ကျမရဲ့ တပည့်မတော်ဖူးတဲ)့
ပါရဂူသင်တန်းသူ ဂျူနီယာ ဆရာမလေး တချို့က ကျမကို မျက်ခုံး ပင့် ပင့်ပြီး ကြည့်စ ပြုလာပါပြီ။

မိန်းထဲရောက်လို့ အဲဒီပညာရေးလောကထဲက စိတ်ဆင်းရဲစရာတွေကို ပြောတဲ့အခါ ကျမရဲ့ ဆရာရင်း တချို့


ကတောင် ကျမကို တချို့ကိစ္စတွေမှာ သိပ်မခံစားဘဲ အလိုက်သင့်နေပါတဲ့။ ‘ယောနိသော မနသီကာရ’ ကို နှလုံးသွင်းပါလို့
ကျမကို ဆုံးမ လာပြီ။ ကျမကတော့ ဒီကိစ္စတွေဟာ အသင့်အတင့် နှလုံးသွင်းရမယ့် ကိစ္စ မဟုတ်ဘူးလို့သာ ခံစားနေရတာပဲ။
အဲဒီအချိန်တွေထဲမှာပါပဲ….

ကျမဘ၀မှာ သင်ကြားရေးနဲ့ ပတ်သက်ရင် စံထားလောက်အောင် တော်တဲ့ ဆရာ ၂ယောက်.. အလုပ်ကနေ


ထွက.် . စိတ်ကျပြီး အရက်တွေ နင်းသောက်နေတာ.. တွေ့ခဲ့တာ..။ (ခုတော့ အဲဒီဆရာလည်း ခပ်ကြောင်ကြောင်
ဖြစ်နေတယ်လို့ သတင်းကြားရပါတယ်)။ အဲသလိုပဲ တော်တဲ့ ဆရာတစ်ယောက်လည်း အလုပ်ထွက်ပြီး အပြင်မှာ ၁၀တန်း
ကျူရှင်ပဲ ပြနေတော့တာ..။

နောက် ဘယ်လောက်မှ မကြာဘူး.. အဲဒီ နှစ်ယောက်ထဲက တယောက်ဖြစ်တဲ့ ကျမရဲ့ တကယ့် ကျေးဇူးရှင်


ဆရာ လို့ ပြောရမယ့် အကိုတယောက်ကတော့ ဆုံးပါးသွားခဲ့တာ… လူတွေက အရက်သောက်လို့လို့ အပြစ်တင်ကြ ပါတယ်။
ကျမကတော့ အဲဒီ အကိုဟာ ဆရာထက်တပည့် လက်စောင်းထက်လို့ စာမေးပွဲ အချခံရရာက စိတ်ကျပြီး ဆုံးပါးရတာလို့
သိနေပါတယ်။ သူဟာ သိပ်ကို တော်တဲ့ ဆရာ.. ဒါပေမဲ့ ဆရာဖြစ်ခွင့် မရခဲ့သ.ူ .။

နောက်တော့ ကျမရဲ့ ပတ်ဝန်းကျင်မှာ တပည့်တွေအပေါ် စေတနာထားတဲ့ မှန်မှန်ပဲ စကားပြောပြီး စကား


ပြတ်ပြတ်ပြောတတ်တဲ့ ဆရာ ဆရာမတွေကို ကျောင်းသားတွေက စောင်းမြောင်း စော်ကားတာ..။ တပည့်တွေကို
မျက်နှာချိုချိုနဲ့ ဆက်ဆံပြီး အောင်စာရင်း အရောင်းအ၀ယ်လုပ်တဲ့ ဆရာဆရာမတွေကျတော့ ကျောင်းသား တွေက လုံးထွေး..
စော်စော်ကားကား နောက်ပြောင်တာလည်း ရှိ။ အသက်ခပ်ကြီးကြီး ဆရာကြီး ဆရာမကြီးတွေ ခမျာတော့ လူကြိုက်နည်း
ကုန်ပစ္စည်းများလိ.ု . ကျောင်းအလုပ်တွေ ဖိလုပ်ပြီး ရတဲ့ လစာနဲ့ လောက်အောင် သုံးရတာမို့ ညှိုးညှိုးငယ်ငယ် မှိန်မှိန်ဖျော့ဖျော့။

ကျမကတော့ အဲဒီအချိန်မှာ သားကြီးက ၈တန်းကျောင်းသား…။ သမီးလေးက Private Preschool တခုမှာ


တက်နေ.. သားငယ်လေးက ၁နှစ်သား။ သားကြီး ဖယ်ရီခက တလ ၅ထောင်၊ ကျူရှင်ခက ၂သောင်း၊ သမီး ဖယ်ရန
ီဲ့
ကျောင်းလခက ၃သောင်း၊ မုန့်ဖိုးတွေ မပါသေး။ သားငယ်လေး နို့မှုန့် Dumax ဖိုးက တလ ၂သောင်းလောက် ရှိတယ်။
အိမ်အဖော် ကလေးမလေး က ၁သောင်း…။ ကျမလစာက ၁သောင်းခွဲ.. ယောက်ျားက မလေးရှားကနေ ပင်ပင်ပန်းပန်း
အလုပ်လုပ်ရတာတောင်မှ တလ ၂သိန်းလောက် အနိုင်နိုင် ပို့ရတာ…။ ဒါပေမဲ့ ကျမနဲ့မှ စာသင်ချင်ပါတယ်လို့ လိုက်လာတဲ့
အဝေးသင်ကလေးတွေကို အိမ်မှာ နေရင်းကနေ.ကျူရှင်သင်တာက တလကို တသိန်းတော့ အသာလေးရတာပဲ..။ ဒါတောင်
ကျမမှာ သားကြီးကို သူ့သူငယ်ချင်းတွေနဲ့ တန်းတူအောင် ကွန်ပျူတာ ၀ယ်မပေးနိုင.် .။ သားကြီးက TTC မှာ တက်တာမို့
ပတ်ဝန်းကျင်က ပိုကြီးလေတော့ အမီလိုက်ဖို့က တော်တော် လက်ပမ်းကျတာပါ။ နွေရာသီမှာ သားကို အင်္ဂလိပ်စာ
သင်တန်းပို့ဖို့…။ နောက် ၉တန်းအတက်မှာ ကျူရှင်တွေ ကြိုထားဖို့က တလ၃သောင်းတဲ့။ အံမယ်မင်းး။

သေချာတာကတော့ ကျမသာ သေသေချာချာ ကျူရှင်ပြမယ်ဆိုရင်တော့ ကျမကလေးတွေကို လူတန်းစေ့


ထားနိုင်မှာပါ။ ဒါပေမဲ့ ပိုက်ဆံလိုချင်ဇောနဲ့ ကျူရှင်ပြရတာမျိုး ကျမ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မလုပ်ရင်လည်း
မဖြစ်တော့ဘူးဟေ့ဆိုရင်.. ကျမ ဘာလုပ်မလဲ…။

အဲဒီတုန်းက ကျမရဲ့ ထွက်ပေါက်ကလေး နောက်တခုက စနေညနေတွေမှာ မြို့ထဲထွက်ပြီး မဂ္ဂဇင်းတိုက်တွေ


သွားတာ.. သူငယ်ချင်းစာရေးဆရာတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တာပါ။ ဖြစ်ချင်တော့ ၂၀၀၄ ရက်တွေထဲ ကျမရဲ့ အဲဒီ
လေထန်ကုန်းဝန်းကျင်လေးမှာလည်း အသက်ရှူ ကျပ်စရာတွေ… မောစရာတွေချည်း မြင်ရ.. ကြားရ.. ခံစားရ။ မှတ်မှတ်ရရ…
အဲဒီ ၂၀၀၄ ထဲမှာပဲ အယ်လ်ဖြူ ဆုံးပါတယ်. .။ နောက် တစ်လမှာ သားကြီးအဖေ ဆုံးပါတယ်… နောက်တစ်လ ကိုငှက်
ဆုံးပါတယ်။ ကိုငှက်ဆုံးပြီး နောက်တရက်မှာပဲ ဆရာကြီးမင်းသုဝဏ် ဆုံးပါတယ်..။ ပြန်စဉ်းစားကြည့်တော့ ဆရာဇော်ဂျီ..
မရှိတော့.. ဒေါ်ခင်နှင်းယု မရှိတော့… ဒေါ်ခင်မျိုးချစ် မရှိတော့… ကိုချောနွယ် မရှိတော့.. မင်းမင်းလတ် မရှိတော့…။ ကိုခင်ဝမ်း
မရှိတော့.. ဒိုးလုံး မရှိတော့… ဗဒင် မရှိတော့.. စောဘွဲ့မှူး မရှိတော့။ တဖြည်းဖြည်းနဲ့တော့ ကုန်ပြီဆိုပါတော့… နောက်တော့
ကျမ ချစ်တဲ့ တန်ဖိုးထား တဲ့ သူငယ်ချင်းတွေ ၀န်းကျင် (Celebrities ဆိုသူများ) ထဲမှာ ကျမချစ်ခဲ့တဲ့ ရင်းနှီးပွင့်လင်းမှုတွေ
မှိန်ဖျော့ခဲ့ပြီ။ အားလုံးရဲ့ စိတ်တွေ.. နှလုံးသားတွေ.. ယုံကြည်မှုတွေ.. ခံစားချက်တွေထဲမှာ ပိုက်ဆံကသာ လွှမ်းမိုးနေခဲ့ပြီ။
ခေတ်ကိုကလည်း အဲလိုဖြစ်ခဲ့ပြီ။ အဲလို စီးကြောင်းထဲ မပါတဲ့ ကိုငှက် ကျပြန်တော့လည်း လောကထဲက အလျင်စလို
ထွက်ခွာသွားခဲ့ပြီ။ အဲဒီတုန်းကဆိုရင် “အရင်ကလိ.ု .” ဆိုတဲ့ စကားစုလေးကိုတောင်မှ ကျမ လွမ်းဆွတ်နေခဲ့တာ မှတ်မိပါတယ်။

တကယ်တော့ အနားမှာ တိုင်ပင်ရင်ဖွင့်စရာ ရာကျော်လည်း မရှိတဲ့အခိုက.် . ၀န်းကျင်က ဒဏ်ရာဒဏ်ချက်


တွေကလည်း ကိုယ့်ကို ရိုက်ခတ်လာတဲ့ အချိန်… သားကြီးရဲ့ မျက်လုံးထဲမှာ သူ့ဘ၀အပေါ် မကျေနပ်တာတွေ ရှိလာတာတွေကို
ကျမ မြင်လာရ…။ ကျမ၀န်းကျင်မှာ အလိုလောဘတွေက မြင့်မြင့်တက်လာ…။ မြင်ကွင်းတွေ ထဲမှာ ဒေါသနဲ့ မောဟတွေက
သိသိသာသာ တိုးထွက်လာကြ..။

တနေ့ ကျမ ဘတ်စ်ကားနဲ့ မြို့ထဲသွားတဲ့အခိုက် ကျမ လေးစားရတဲ့ ပါမောက္ခဆရာကြီး တယောက်ကို


စပယ်ယာက အော်ငေါက်ပြီးတော့ ‘ဟိုမျက်မှန်နဲ့ဘကြီး.. အထဲတိုးပါဆိုတာ မတိုးဘူးလား’လို့ ပြောတာကို ကျမ
တွေ့နေရပါတယ်။ ဆရာကြီးက “ငါ့ကို မင်းပဲ နောက်ကနေ တိုးသွားဆိုလို့ တိုးလာလို့ ဒီနား ရောက်လာတာ လေကွာ..” လို့
ပြန်ပြောတော့ စပယ်ယာက ‘ဘာမှ ပြန်ပြောမနေနဲ့ တိုးနိုင်ရင်တိုး မတိုးနိုင်ရင် ဆင်း.. Taxi စီး’လို့ ပြောတာ.. ကျမတို့
တည့်တည့်တောင် မကြည့်ရဲတဲ့ လေးစားချစ်ခင်ရတဲ့ ဆရာကြီးကိုပါ။ ကျမ တိတ်တိတ် မျက်ရည်ဝဲခဲ့ရပါတယ်။ ကိုယ်တိုင်လည်း
ဘာမှ မတတ်နိုင်တဲ့ အခြေအနေမှာ.. ဆရာကြီး စိတ်မကောင်း ဖြစ်သွားမှာ စိုးတဲ့အတွက်သာ ကျမကို မမြင်အောင် ခေါင်းကို
တဘက် လှည့်ထားရပါတယ်။ ကျမတို့ ပတ်ဝန်းကျင်ကတော့ လူ့တန်ဖိုး.. လူကြီးတယောက်ရဲ့ တန်ဖိုးနဲ့
ဂါရ၀ဆိုတာတွေကိုတောင် အသိအမှတ် မပြု တော့တဲ့ ၀န်းကျင်ဖြစ်နေပါပြီ။

အဲဒီအကြောင်းပြောရရင်.. ဒီစပယ်ယာက ဆရာကြီးကို ဆရာမှန်းမသိလို့ ပြောတယ် ဆိုပါတော့။ ကျမ


ကိုယ်တိုင် ကတော့ ဆရာမအ၀တ်အစားနဲ့ ဒဂုံတက္ကသိုလ်အသွား ကျောင်းထဲ ဌာနရှေ့မှတ်တိုင်မှာ ကျမ ဆင်းရမှာကို
ကားရပ်မပေးလို့ “ဒီမှာ ဆင်းမှာဟေ့..” လို့ အော်ပြောတာကို စပယ်ယာက ဒရိုင်ဘာကို “ရပ်ပေး ဆရာရေ့.. ဒီမှာ
အိန္ဒြာကျော်ဇင် ဆင်းမယ်” လို့ ပြောပါတယ်။ အဲဒါကိုလည်း ကားပေါ်ပါလာတဲ့ ကျောင်းသားတွေက ၀ိုင်းရယ် ပါတယ်။
ကျမက.. ဆင်းရင်းနဲ့ “ဟဲ့ ငါ ဒီကျောင်းက ဆရာမ.. နင့်အမေလောက် ရှိတယ်.. နောက်စရာလား..” လို့ ကျမ ပြောမိပါတယ်။
အဲဒီတော့ စပယ်ယာက ပျစ်ချွဲချွဲ အသံ တမင် လုပ်ပြီး ပြန်ပြောတယ်… ကြောက်ပါတယ် ဆရာမ.. တဲ့။ အဲဒါကိုလည်း
ကားပေါ်က ကျောင်းသား တွေက ရယ်ပြန်ပါတယ်။ ကျမကတော့ ဒေါသတွေဖြစ်ပြီး ခေါင်းတွေတောင် မူးလာတဲ့အထိပါပဲ။
ဖြစ်ချင်တော့ ကျမက မော်လမြိုင်က ပြောင်းလာကာစဆိုတော့ နယ် ကျောင်းသားကျောင်းသူ တွေရဲ့ လိမ္မာမှုမျိုးနဲ့သာ
ရင်းနှီးခဲ့တဲ့ ဆရာမ ဖြစ်နေခဲ့တာမို့လည်း ပို ခံစားလိုက်ရတာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကျမ ဆရာမပေါက်စဘဝ
လှိုင်မှာတုန်းကတော့ ခုလို စော်ကားမော်ကားအဆက်ဆံမျိုး မကြုံဖူးလေတော့ ဒီလို အဖြစ်အပျက်တွေမှာ တော်တော်ကို
ခါးသီးတာပါ။ ဒါပေမဲ့ အဲလိုတွေ ကြုံရဆုံရတာ များလာတဲ့အခါမှာတော့ ကျမ စိတ်ထဲ မြသီလာနဲ့ ပတ်သက်ရင်ကို ဗလာဆန်
လာခဲ့တာပါ။

အဲဒီ တလောတွေမှာ ကျမ ခံစားရတာအားလုံးဟာ တကယ့် အနိဋ္ဌာရုံတွေချည်းပါ…။ ကျမစိတ်ထဲ ကျမအနား


ပတ်ဝန်းကျင်က လူတွေဟာ တနေ့ထက်တနေ့ ဗင်ဂိုးရဲ့ အာလူးစားသူများ ပန်းချီကားထဲက မျက်နှာတွေနဲ့ တူ တူလာတယ်….။
ပိုဆိုးတာက ကျမအနားက ကျမသူငယ်ချင်းဆရာမတွေ ဖောင်စီးရင်း ရေငတ်ဆိုတာလို ကိုယ်က တက္ကသိုလ်က
ဆရာမဖြစ်လျက်နဲ့ ကိုယ့်သားသမီးကို ကျူရှင်ကောင်းကောင်းမှ မထားနိုင်လို့ စိတ်ဆင်းရဲနေရတာတွေ…၊ တနေ့တနေ့
ကားတိုးစီးပြီးတော့ ဝေးဝေးလံလံ ကျောင်းလာကြရ.. ပင်ပင်ပန်းပန်း စာသင်ကြရပြီး ရတဲ့ လခက လာခပဲ ရှိတာတွေ…။
အဲဒီကာလမှာပဲ မှတ်မှတ်ရရ ၂၀၀၄နှောင်းပိုင်း နိဝ
ု င်ဘာလ လောက်မှာ ဆရာဆရာမတွေ ကျူရှင်မပြရ.. ကျူရှင်ပြရင်
အလုပ်ထုတ်ခံရတဲ့အထိ အရေးယူမယ်ဆိုတာကို သိရှိကြောင်း.. လိုက်နာပါမယ့် အကြောင်း လက်မှတ်ထိုးရမယ်တ။ဲ့ ကျမလေ
စိတ်တိုလိုက်တာ.. အသားတွေ ဆတ်ဆတ် တုန်တယ်။ တကယ်တော့ ဆရာ ဆရာမတွေ ကျူရှင်ပြတယ်ဆိုတာ ဆရာဝန်တွေ
ဂျီပီ ထိုင်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဆရာဝန်တွေ ဆေးရုံမှာ အလုပ်ပြီးရင် အပြင်ဆေးခန်း ထိုင်တဲ့ သဘောပဲ
မဟုတ်လား။ ပြီးတော့ ကျူရှင်ပြရတယ်ဆိုတာကလည်း တကယ့်ကို ပင်ပင်ပန်းပန်း အားစိုက်ခွန်စိုက် လုပ်ကြရတာ။
ကိုယ့်ပညာနဲ့ လုပ်စားရတဲ့ အလုပ်ကိုတောင် ခိုးလုပ်ရမယ့်အပေါက်ဖြစ်အောင် လုပ်တာလေ..။ ဆရာ ဆရာမတွေက
စာပြတဲ့အလုပ် မလုပ်ရဘူးဆိုတော့ သူတို့ပေးတဲ့ လစာက လောက်လို့လား..။ ဒါဟာ တမင်တကာကို ဆရာတွေရဲ့တန်းကို
ချပစ်လိုက်တာလို့ ကျမကတော့ ခံစားရပါတယ်။ ကျူရှင်ပြရင် ခိုးပြရမယ်.. မပြရင် ငတ်မယ်.. ခိုးပြလို့ မိရင် အလုပ်ပြုတ်မယ်..
ကဲ.. ဘာလုပ်မလဲ..။

အင်မတန်ကို စိတ်ဆိုးနေတဲ့ ကျမ.. ထုံးစံအတိုင်း စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ အဲဒီနေ့ နေ့ခင်းမှာပဲ


မိန်းထဲသွားပြီး ကင်တီး ထိုင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဆရာတွေ.. သူငယ်ချင်းတွေနဲ့ တွေ.့ . ထုံးစံအတိုင်း ပေါက်ကွဲ..
ထုံးစံအတိုင်း အဖြေမရ..။ ဒါပေမဲ့ အဲဒီတုန်းမှာပဲ သမိုင်းဌာနက သူငယ်ချင်းတွေ ရောက်လာပါတယ်။ အဲဒီနေ့မှာ သူတို့
ပါရဂူတန်းတွေရဲ့ ဆရာကန်တော့ပွဲပါတဲ့။ တိုက်တိုက်ဆိုင်ဆိုင…
် သမိုင်းဌာနက သူငယ်ချင်း ဆရာ တယောက်က အဲဒီပမ
ွှဲာ
အကန်တော့ခံ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောတဲ့စကားကို ကျမကို ပြန်ပြောပြ ပါတယ်။ ကန်တော့ပြီး ဆုပေးတဲ့အချိန်မှာ
ဆရာက ပြောပါတယ်တဲ့။

ဆရာပြောတဲ့ အဓိပ္ပါယ်ကတော့… “မင်းတို့ကလည်း အပြစ်ရှိခဲ့ရင် ခွင့်လွှတ်ပါလို့ပြောသလိ.ု . အဲလိုပဲ ငါက


လည်း မင်းတို့ကို ငါ့ကို ခွင့်လတ
ွှ်ဖို့ ပြန်ပြောရဦးမယ်.. ပါရဂူခေါ်လောက်အောင် မထိုက်တန်တဲ့သူတွေကို
အအောင်ပေးနေတဲ့အထဲ ငါလည်းပါနေတော့ မလုပ်သင့်တာ လုပ်မိသလိုဖြစ်နေတာကြောင့် ငါ့ကိုလည်း ခွင့်လွှတ်ကြပါ…”
ဆိုတာမျိုးပါ။ (ကျမ စကားလုံး အတိအကျ မမှတ်မိပေမဲ့ သဘောအဓိပ္ပါယ်က အဲလို အတိအကျပါပဲ။ နောက်တော့ ဆရာကြီးရဲ့
အဲဒီ စကားပါတဲ့ သြ၀ါဒဆောင်းပါးကို ချင်းတွင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်) ကျမ သူငယ်ချင်းကတော့ ရယ်ရယ်မောမောပဲ
ပြောတာပါ။ ။ ကျမရဲ့ စိတ်ထဲကိုတော့ တစုံတရာက ထုတ်ချင်းဖောက် ၀င်သွားခဲ့ပါတယ်။ အဲဒါကတော့ ကျမကိုယ်တိုင်လည်း
အဆိပ်ပင်တွေ ပေါင်းသင် ရေလောင်း ပျိုးထောင်နေသူတွေထဲ တယောက် အပါအ၀င် ဖြစ်နေပြီ။ အဲဒီအခါ ကျမ တွေးမိ
ခံစားမိလာတာက ကျမကိုယ်တိုင် သမိုင်းတရားခံ ဖြစ်မှန်းမသိ ဖြစ်နေပြီဆိုတာပါပဲ။

၂၀၀၄ခုနှစ်ရဲ့ ဒီဇင်ဘာမှာတော့ ကျမ တချိန်လုံး လေးလေးနက်နက် စဉ်းစားနေမိတာက ဒီ


ကျောင်းဆရာမဘ၀ လမ်းကြောင်းကို ကျမ ဆက်လျှောက်မလား…။ ဒါမှမဟုတ.် . အလုပ် ထွက်ရင် ကျမ ဘာလုပ်မလဲ..။
ကျမခမျာက စာရေးတော့လည်း ရေးချင်တဲ့အချိန်မှာ ကိုယ် ရေးချင်တာကို ရေးချင်သလို ရေးတာမို့ ဈေးကွကဝ
် င်အောင်လည်း
မလုပ်တတ်။ ပိုဆိုးတာက ဈေးကွက်ဝင်အောင် ရေးဆိုရင်လည်း အဲလို လုပ်မစားချင်ဘူးဆိုတဲ့ စိတ်က ရှိပြန်။ တကယ်လို့
ဒီကျောင်းဆရာမ လမ်းကြောင်းပဲ ဆက်လျှောက်မယ်ဆိုရင်တော့လည်း နောက် ၆လ တစ်နှစ်လောက် နေရင် ကျမက
တွဲဖက်ပါမောက္ခဖြစ်ပြီ။ ဘာပဲဖြစ်ဖြစ် စိတ်လျှော့ပြီး ပါရဂူဘွဲ့ယူမယ်ဆိုရင် ခဏလေးနဲ့ ပါမောက္ခ ဖြစ်မှာပဲ။

ဒါပေမဲ့ သေချာနေတာတခုကတော့ ကျမက ကျောင်းသားတွေ လုပ်ဖော်ကိုင်ဖက်တွေ အများစုက မကြိုက်တဲ့


ပါမောက္ခမျိုးပဲ ဖြစ်မှာလေ..။ သင်ကြားရေးနဲ့ ပတ်သက်ရင် စည်းကမ်းကြီး.. လာဘ်လာဘမယူ.. ဆင်းရဲ.. အဲလို ပါမောက္ခက
လူကြိုက်နည်းမှာ အမှန်။ အဲလိုမှမဟုတ်ဘဲ ကျမရဲ့ မိသားစုလိုအပ်ချက်တွေကြောင့် အများလို မိုးခါးရေ သောက်စို့
ဆိုရင်ရော..။ ကန်တော့ခံပြီး စား.. တချို့ကိစ္စတွေ မသိချင်ယောင်ဆောင်.. ဘာမှမတတ်ဘဲ ကိုယ့်ကိုယ် စီးလားနင်းလား
ဆက်ဆံမယ့် ယူနီဖောင်းဝတ်တွေကို ခေါင်းငုံ့ အရိုအသေလေး ပေး။ တကယ်တော့ ဘယ်လောက်မှ မခက်ခဲ မပင်ပန်း…။
တချို့ကတော့ လူ့အောက်ကျို့လို့ လူပိမသေဘူးတဲ့။ အမလေးးး ကျမကတော့ အဲဒါမျိုးတွေ လုပ်ဖို့ တွေးကြည့်တာနဲ့တောင်
မျက်နှာတွေ ဖြန်းကနဲ ပူလာတာ..။ ပြီးတော့ မဟုတ်မမှန် လုပ်တဲ့သူတိုင်းကို ခပ်တင်းတင်းကြည့်ပြီး “ဒီမှာ ငြိမ်းခက်ခက်ရဲ့
သမိုင်းကြောင်းတလျှောက် လိုက်ကြည့်လိုက်ဦး.. မိဘက အစ.. ဘယ်လိုဆိုတာ”လို့ ခပ်မာမာ ပြောခဲ့သမျှအတွက်
ကျမကိုယ်တိုင်က ပြောင်းလဲပြီး မဟုတ်မမှန်တွေ လုပ်ခဲ့ပြီဆိုရင်…။ ဘုရား.. ဘုရား.. လဲသေပစ်လိုက်တာမှ ကောင်းပါဦးမယ်..။
အဲလို အတွေးတွေနဲ့ ဗလောင်ဆူနေခဲ့တာ ၂၀၀၄ ရဲ့ ဒီဇင်ဘာမှာပေါ့။

အဲဒီအချိန်မှာပဲ သားကြီးရဲ့ TTC မှာလည်း ဆရာဆရာမတချို့ရဲ့ မျက်နှာလိုက်မှုတွေကို သားကြီးဆီက


တဆင့် ရိပ်မိလာရတာက တမှောင့် ဖြစ်လာပါသေးတယ်။ သားကြီးက သိပ် တိုင်တိုင်တောတော မလုပ်တတ်လေတော့
သူ့မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး မေးမြန်း ကြည့်ရတာပါပဲ။ တကြိမ်မှာတော့ သားရဲ့ မြန်မာစာဆရာမနဲ့ ကျမ ထိပ်တိုက်
တွေ့ရပါတော့တယ်။ လစဉ်စာမေးပွဲတခုမှာ ကဗျာစကားပြေပြန်တဲ့ မေးခွန်းတခုကို သားဖြေထားတာ ကျောင်းသုံးစာအုပ်
ဗလာစာရွက်နဲ့ ၂မျက်နှာ ရှိပြီး ဖြေထားတာလည်း အချက်အလက်က ကွက်တိပါပဲ။ ဒါကို ၁၂မှတ်ပေးတဲ့ အဲဒီအပုဒ်ကို
မြန်မာစာဆရာမက ၂မှတ်ပဲ ပေးလို့ သားက တော်တော် မကျေမနပ်နဲ့ ကျမကို လာပြတာပါ။ ကျမလည်း ဖတ်ကြည့်ပြီး
တော်တော် အံ့သြသွားပါတယ်။ တော်ရုံနဲ့ ကျမက ကျောင်းတွေ ဘာတွေ လိုက်သွားတတ်တဲ့ အမေမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့
ခုကိစ္စကတော့ လိုက်မှပဲ ရမှာ။ ဒါနဲ့ နောက်တရက်မှာ ကျမ သားကျောင်းကို လိုက်သွားပါတယ်။ သားအတန်းပိုင်ဆရာမနဲ့
တွေ့ပြီး အမှတ်ပေးစည်းမျဉ်း ကိစ္စကို ဆယ်တန်းအမှတ်ပေးပုံနဲ့ ယှဉ်ပြီး ကျမပြောပြပါတယ်။ မြန်မာစာဆရာမက သူ
ပေးထားတဲ့ မှတ်စုအတိုင်းမဖြေလို့ အမှတ်မပေးတာပါ..တဲ့။ ကျမပြောပြတာတောင် မြန်မာစာ ဆရာမက မလျှော့တဲ့အတွက်
ကျမလည်း စိတ်ညစ်ညစ်နဲ့ပဲ ကျမရဲ့ ရာထူးတွေ.. ဘာညာတွေ ထည့်ပြောရပါတယ်။ ဒါတောင် အဲဒီဆရာမက ၀န်မခံပါဘူး။
ဒါပေမဲ့ နောက်ဆုံး အတန်းပိုင် ဆရာမကတော့ တာဝန်ယူပါတယ်… သူ ပြေလည်အောင် ညှိပါ့မယ်တဲ့။ ကျမကတော့
ပြောလိုက်ပါတယ်။ “အချက်အလက် ကိုက်ညီအောင် ဖြေထားပေမဲ့ ‘၏ သည်’ မလွဲ ဖြေမှ အောင်မှတ်ပေးမယ်ဆိုရင် အဲဒါကို
စာရေးပြီးတော့ မြန်မာစာဆရာမ လက်မှတ်ထိုးပြီး ကျမကို ပေးပါ.. ကျမ Board of study မှာ တင်လိုက်မယ်”လို့ ပြောပြီး
ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှ ကျမ ပိုစဉ်းစားမိလာတာက ကျမအတန်းက တပည့်တွေကို ကျမက ဘယ်လောက်ပဲ Student


centered approach နဲ့ သွားသွား.. ကျန်တဲ့ သူတွေက Teacher centered ပဲ သွားနေလေတော့ ကျောင်းသားတွေကလည်း
ဆရာခေါ်ပေးတဲ့ Notes ကို သက်သောင့်သက်သာ ယူပြီး ကျက်ဖြေတာပဲ အားသန် ကြတော့တာ…။ ကျမ ဘာသာရပ်
ဆိုရင်တော့ Lecture ကို သူတို့ Notes ပြန်ပြင်ရတော့ ဒေါ်ငြိမ်းခက်ခက် ဘာသာဆို လုပ်ရတာ ပင်ပန်းတယ်လို့ ညည်းသံတွေ
ကြားရတာ။ ဒါတွေကို ကျမ ကြိုးစားလုပ်ယူနိုင်ပေမဲ့ ကျမ သားတို့ကျောင်းတွေ.. သမီးတို့ကျောင်းတွေမှာ.. ကျမ
လုပ်မပေးနိုင်ဘူး..။ ကျမ သက်ပြင်းတွေ ချမိ။ ကျမ နဘေးက လူတွေကို ရင်ဖွင့်တော့ တချို့က ဒါကို ပြဿနာလို့ မထင်။
တချို့ကတော့ မတတ်နိုင်ဘူးလေ… တဲ့။ တချို့က ကျမပြောချင်တာကို နားလည်ပုံ မပြ။ သေချာတာတော့ ကျမမှာ
ပျော်ပိုက်စရာနေရာ သိပ်နည်း လာတာပါပဲ။

နောက်ထပ် မြသီလာနဲ့ ဆက်စပ်ရေးဖို့ မဆိုင်သလိုဖြစ်နေပေမဲ့ ကျမကို အချိန် တော်တော် များများမှာ


ဖိစီးနေတဲ့ နောက်တခုကတော့ ဒီစစ်အစိုးရရဲ့ ၂၀၀၃ မေ၃၀.. ဒီပဲယင်းမှာ အန်တီစုကို လုပ်ကြံဖို့ ကြိုးစားကြတာ.. အန်တီစုကို
အင်းစိန်ထောင်ထဲ ပို့ရဲတဲ့အထိ.. ဘဘဦးတင်ဦးကိုပါ အကျယ်ချုပ်ရဲတဲ့အထိ မိုက်ကန်းကြ ရက်စက် ကြတာ.. ခံရတဲ့သူတွေကို
ပြောင်ပြောင်တင်းတင်း ချုပ်ထားလိုက်တာ… အဲဒါတွေကို ကျမ မုန်းတီး စက်ဆုပ် ရွံရှာတာကလည်း ၂၀၀၃ မေနောက်ပိုင်းမှာ
ကျမကို ဖိစီးလာတဲ့ ပူလောင်မှုတခုပါ။ အဲဒီ ပူလောင်မှုကြောင့်လည်း ကျမက ကိုယ့်တိုင်းပြည်မှာ မနေချင်တာတွေ..
ဘယ်သူ့ကိုမှ မယုံတာတွေ.. မဟုတ်တာလုပ်သူတွေကို ခါးခါးသီးသီး မုန်းတာတွေ.. စစ်အစိုးရအပေါ် ရွံရှာ
စက်ဆုပ်တာတွေကလည်း တနေ့ထက် တနေ့ ပို ပို ဆိုးလာ..။ ဒီလိုနဲ့……

အဲဒီ ၂၀၀၄ ဒီဇင်ဘာမှာပဲ အမေရိကားမှာ နေလာတာ ၃၅နှစ်ရှိပြီးဖြစ်တဲ့ မိတ်ဆွေတယောက် ရန်ကုန်ကို


လာလည်ပါတယ်။ အဲဒီမိတ်ဆွေနဲ့ သွားကြ လာကြ လည်ကြ ပတ်ကြ ရင်းနဲ့ ကျမတို့ ဟိုဟိုဒီဒီ ပြောရာက ကျမ ရဲ့ ရင်ဖွင့်သမျှ
အဲလို မကျေနပ်ချက်တွေကို သူက နားထောင်ရင်းအမှတ်တမဲ.့ . 'မေငြိမ်း ခဗျားက မြန်မာပြည်နဲ့ မကိုက်ဘူးဖြစ်နေတာ..
ခဗျားသာ အမေရိကမှာဆို လုပ်နိုင်တာတွေ လုပ်ချင်တာတွေ အများကြီး တွေ့မှာ…' တဲ့။ အဲဒါဟာ ကျမ တခါမှ မစဉ်းစားမိဖူးတဲ့
အသစ်တခု..။ အမေရိကန်နိုင်ငံဆိုတာ ကျမနဲ့ တကယ်ကိုမှ အဝေးကြီး…။ သူက ပြောသေးတယ်.. အဲဒီ ပြဿနာမျိုးတွေကို
public က ထဲထဝ
ဲ င်ဝင် မသိကြ နားမလည်ကြတာကြောင့် ပိုဆိုးတာ.. တဲ့။ အဲဒီနောက်မှာတော့ ကျမစိတ်ထဲ ဒီတိုင်းပြည်ကနေ
ထွက်သွားလိုက်ရင် ကောင်းမလား ဆိုတဲ့အတွေး ပထမဆုံး ပေါ်လာပါတော့တယ်…။ အဲဒအ
ီ တွေးနဲ့အတူ ကိုယ့်လက်ရှိဘ၀ကို
တကယ် ဖြတ်တောက်နိုင်သလားလို့လည်း ကိုယ့်ကိုကိုယ် အပြန်ပြန် စစ်မေးမိပါတယ်။ စာဆန်ဆန် ပြောရရင်တော့
မြသီလာကို တကယ်ပဲ ကျောခိုင်းနိုင်ပြီလားပေါ့…။
မြသီလာအလွမ်းပြေ (၃၇)

၂၀၀၅ ရဲ့ ဇန်န၀ါရီ…။

ကိုယ် ပတ်သက်နေရတဲ့ နေရာတိုင်းမှာ အကျင့်ပျက် ခြစားတာတွေ… ဆင်းရဲ ငတ်မွတ်တာတွေ…


ပညာရေးစနစ် ပျက်စီး ယိုယွင်းနေတာ.. ဒါ့ထက်ပိုဆိုးတာက စစ်အစိုးရက ၀န်ထမ်းလောက အပါအ၀င် အနုပညာလောက
စာပေလောကတွေထဲကို ဖောက်ဝင်ပြီး သပ်လျှို သွေးခွဲနေတာတွေအပေါ် ကျမ တစစ သွေးပျက်လာရတာ..။ အဲဒီအချိန်မှာ
မိုးခါးရေ သောက်နိုင်မလား… ဆိုတာက ကျမအတွက် သိပ်ကြီးတဲ့ စိန်ခေါ်ချက်ဖြစ်လာပါပြီ။

ဒီလိုနဲ့ အလုပ်ထွက်စာတင်ဖို့ဘက်ကို အားသာသာလာတယ်။ အဓိကကတော့ ကျမရဲ့ အမေရိကန်က


မိတ်ဆွေ ပြောတာကို စိတ်က ရောက်နေတာပါ။ ဘန်ကောက်သာ ရောက်အောင် လာလိုက် ခဗျားဆိုရင် ဗီဇာ
လွယ်လွယ်လေးတဲ့။ (ဟဲဟ.ဲ . ကိုယ်ကလည်း ယုံတာ.. ကိုယက
့ိုယ်ကို ဟုတ်လှပြီထင်သေး.. တက္ကသိုလ်က မတောက်တ ခေါက်
ကထိက.. မဖြစ်ညစ်ကျယ် စာရေးဆရာမ များ.. တော်တော် ကြီးကျယ်တယ် ထင်တာ။ ပြီးတော့ ခုလောက် မြသီလာကို
ဖတ်လာမှတော့.. ကျမ ညံ့ချက်တွေ သိလောက်ရောပေါ့..။ ကျမကို ကိုယ့်ကို ပြောရင် တကယ်အမှန်ပဲ ထင်တာ.. ယုံတယ်။
ညီမလေးတယောက်က ပြောဖူးတယ်.. အမက မထင်ရဘူး..တဲ့။ ကြည့်တော့ လည်မလိုလိုနဲ့ .. ဘသူပြောပြော ယုံနေတာပဲ..
တဲ့။ အဲဒါ အမှန်ပဲ။ ဘယ်သူပြောပြော သိပ်မယုံနဲ့လို့ တွေးထားလည်း ကိုယ့်ရှေ့ မျက်နှာသေနဲ့ လာပြော.. ယုံတာပဲ။
အထူးသဖြင့် "မေငြိမ်းကို ကောင်းစေချင်လို့ ပြောတာ.." ဆိုတာလေးသာ သူ့စကားမှာ ပါလိုက် ယုံပြီးသား… ခုထိ။

တကယ်တော့ ကျမက သူများကို (ဘယ်တော့) ဘယ်တော့မှ မလိမ်ညာ။ အထူးသဖြင့် လူတဘက်သား


ဘ၀နဲ့ ချီတဲ့ အရေးကြီးတဲ့ ကိစ္စမျိုးဆိုရင်တော့ ပိုလို့တောင် မညာသေး...။ ဆိုတော့ လူတိုင်းကို ကိုယ့်လိုပဲ မှတ်ပါတယ်။ ဒါပေမဲ့
ခုတော့ ကျမ ခပ်ရေးရေး သိပါပြီ။ လောကကြီးက ကျမ ထင်သလောက် မရိုးစင်း..။ အဲသလိုပဲ လူတွေကလည်း
ကျမလိုချည်းပဲတော့ မဟုတ်။ တချို့ဆို အလကားနေရင်းကို လိမ်ပြော ညာပြော လိုက်ရမှ နေသာ ထိုင်သာ ရှိတာမျိုးလေ။
တချို့ကတော့ လိမ်တာဟာ အပြစ်လို့တောင် မသိတော့။ လူတဘက်သားအတွက် ဒုက္ခဆိုတာလည်း မတွေးကြတော့။
ကျမတို့ရဲ့ အာဏာပိုင်မင်းများနဲ့ သိပ်မကွာ..။

ဒီလိုနဲ့ ကျမ အလုပ်ထွက်ချင်ကြောင်း ရာကျော့်ကို လှမ်းပြောတော့ သူ့ခမျာ စိတ်မကောင်း ဖြစ်ရှာပါတယ်။


သူက ကျမ ဆရာမ လုပ်တာကို သဘောကျတာဆိုတော့ သူက ပြောတယ်။ ကလေးတွေကို ဆရာမ သားသမီး
ဖြစ်စေချင်တာတဲ့။ ဟုတ်ပါတယ်။ ကျမတို့ နှစ်ယောက်လုံးကလည်း ဆရာ ဆရာမ သားသမီးတွေ။ ပြီးတော့ ဒီဘ၀ကိုပဲ
နှစ်ခြိုက် ရွေးချယ်ခဲ့သူတွေ..။ ဒါပေမဲ့ ကျမ မပျော်တော့တာကိုပဲ တွင်တွင် ပြောနေမိတယ်။ သေချာတာက ကျမ ပိုက်ဆံ
ပေါနေတာမှာတောင် မပျော်ပိုက်နိုင်တော့ဘူး ဖြစ်လာတယ်။ ဒါနဲ့ နောက်ဆုံးတော့ ရာကျော့်ကို အလုပ်ထွက်ဖို့ သေချာပြီလို့
ပြောလိုက်တော့တယ်။ ဒီတော့လည်း သူ ဘာမှ မပြောတော့ပါဘူး။ ကျမ သူငယ်ချင်းတွေကတော့ ပူကြတယ်..
ဘာလုပ်မလဲတ.ဲ့ .။ ကျမက ပုသိမ်မုန့်ဟင်းခါး ရောင်းမှာပေါ့.. လို့ ဖြေတာပဲ..။ ကျမ ကောင်းကောင်း လုပ်တတ်တာ ဒါပဲ
ရှိတာကိုး (ကြုံကြွား:P)။ မိတ်ဆွေကာတွန်းဆရာ ဆွေမင်း(ဓနုဖြူ) ကတောင် သူ့ တွတ်ပီကာတွန်းတအုပ်ထဲမှာ မုန့်ဟင်းခါးဆိုင်
ဇာတ်ကွက် တကွက် ပါတာကို မေငြိမ်း ပုသိမ် မုန့်ဟင်းခါးလို့ ရေးပြီး နောက်ခဲ့သေးတာ။ တကယ်ပါ. ကျမလေ.. မေငြိမ်း
(မဟာဝိဇ္ဇာ) အငြိမ်းစားကထိက.. ပုသိမ်မုန့်ဟင်းခါး လို့ကို ဆိုင်းဘုတ်တပ်ပြီး လမ်းဆုံလေးခွမှာ ရောင်းပစ်လိုက်ချင်တာ ..
ရွတ်ရွတ်နဲ့ပေါ့။ အဲဒီတလော စိတ်ကလည်း အချဉ်ပေါက်လိုက်သမှ..။

ဖြစ်ချင်တော့ မလေးရှားကနေ ရာကျော်က ဓာတ်ပုံတွေ ပို့တဲ့အခါ အမြင့်တက်နေတာတွေ တွေ့ရတော့


နှလုံးက အောင့် အောင့်ချင်လာတယ်။ ရန်ကုန်မှာတုန်းကတော့ Agent က ရာကျော်က အင်္ဂလိပ်လိုပြောနိုင်ပြီး ဘွဲ့ရလည်း
ဖြစ်လို့ Supervisor ခဏနဲ့ ဖြစ်မှာတဲ့။ တကယ် ဟိုရောက်တော့လည်း supervisor လို့တော့ ပြောပါရဲ့။ လုပ်ရတာတွေက
တယ် မချောင်ဘူး။ ရတော့လည်း ဘယ်လောက်မှမဟုတ.် . အိမ်ကို တလ ၂သိန်းမှ အနိုင်နိုင…
် ။ ဒါနဲ့ပဲ ရာကျော့်ကို
ပြန်ခဲ့တော့…။ အိမ်မှာပဲ အမေ့ကားတစီးကို ယူမောင်းတာတောင် အဲလောက်ပဲ ရပြီး မိသားစုနလ
ဲ့ ည်း ရက်ရှည်လများ
ခွဲနေစရာမလိုဘူးပေါ့။ ပြီးတော့ သားကြီးက ၁၃နှစ်ပေမဲ့ ထွားတော့ လူပျိုပေါက်ကြီး ဖြစ်လာပြီ။ အရပ်ကပဲ ၅ပေ ၈လက်မ ရှိပီ။
သားယောက်ျားလေးက အဖေရှိမှ ထင်တယ်ပေါ့..။ ဆိုတော့ သွားတာမှ ၂နှစ်မပြည်.့ . ကိုရာကျော်တယောက် ပြန်ချလာရ
ပါလေရော..။ သူပြန်ရောက်တော့ ကျမ အလုပ် ထွက်စာတင်တဲ့ ကိစ္စက တန်းလန်း..။ ကျမကို ရစ်နေတာလေ.. အမျိုးမျိုး။
ဟိုဟာတောင်း ဒီဟာတောင်း.. ပေါ့။

နောက်တော့ စိတ်ရှုပ်လာတာနဲ့ ကျမတို့ မိသားစုန.ဲ့ . အချစ်ဆုံး သူငယ်ချင်း မိသားစု အုပ်စုကြီးတွေန…


ဲ့
ပုသိမ်ဘက် သွား ချောင်းသာ သွား.. သွားပစ်လိုက်တာ..။ အဲဒီမှာ ပုသိမ်ရောက်တော့ အမျိုးတွေ ရှိတဲ့ဘက်တွေ ခြေဦးမှ
မလှည့်ဖြစ်ဘဲ သူငယ်ချင်းမကြီး ဒေါ်ခင်မင်းဇော်အိမ်မှာ တည်း..။ လျှောက်လည်ပေါ့။ တပျော်ကြီး နေတာ..။ စိတ်ချမ်းသာ
လိုက်တာ..။ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်…။ သားကြီးက ၈တန်းစာမေးပွဲ တန်းလန်း..။ ကျမရဲ့ အလုပ်ထွက်စာ အထက်က
လက်မခံ..။ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ဖိသိပ်နေတဲ့ အောက်မှာ…။

တနေ့တော့ ဒေါ်ခင်မင်းဇော်က ခွဲနေရတာ ကြာပြီဖြစ်တဲ့ သူ့မောင်တော် နောက်လိုက်ချင်တယ်တ.ဲ့ .။


မြ၀တီလမ်းအတိုင်း သူ့မောင်တော်ဆီအရောက် ဘယ်လိုသွားရမလဲလို့ ဘားအံသား ရာကျော့်ကို တိုင်ပင်တာ…။ ကျမစိတ်ထဲ
ဘယ်လိုဖြစ်သွားတယ် မသိ..။ ငါတို့လည်း လိုက်မယ်လို့ ပြောလိုက်မိရော..။ သူက ဟဲ့ တကယ်လား.. ငါ့ကို လိုက်ပို့မယ်ပေါ့..
ဟုတ်လား..တဲ့။ ကျမက စိတ်ထဲ တကယ့်ကိုပဲ ရုတ်တရက်.. လိုက်မယ်ဟာ.. ငါတို့ပါ.. အဲဒီထိ လိုက်မယ်။ ခုတိုင်းဆို ငါ့
အလုပ်ထွက်စာကိစ္စရော.. Passport ကိစ္စရော.. လွယ်မှာ မဟုတ်ဘူး..။ ရာကျော်ကတော့ တော်တော်ကို စိတ်ညစ်သွားပုံ
ရပါတယ်။ မျက်နှာ မကောင်း ဘူး။ ခင်မင်းဇော်ကတော့ သေချာ စဉ်းစားပါဦးဟာ .. တဲ့။

အဲဒီရက်တွေထ.ဲ . ကျမမြင်ယောင်နေတာ ကျမ ၀န်းကျင်က သနားစရာ မျက်နှာပိန် ဖျော့ဖျော့ တွေ…။


မုန်းစရာ ရက်စက်မျက်နှာတွေ..။ ရွံစရာ ပရော်ပရီမျက်နှာတွေ…။ မထေမဲ့မြင် ရယ်သံ တွေ..။ နှလုံးအော့စရာ ဖော်လံဖားတွေ..။
သာတောင့်သာယာရှိစရာ… ဘာမှ မတွေ့မိ..။ ကျမ စိတ်ထဲ.. အဝေးကြီးကို ထွက်ပြေး သွားချင်တာပဲ သိတယ်။
ခင်မင်းဇော်ကတော့ ယုံတယ်.. ကျမတို့ သူရှိနေသရွေ့ ဒုက္ခမရောက်ရဘူးတဲ.့ .။ ကြည့်ပါဦး.. မိသားစု ၅ယောက်..
သူများတိုင်းပြည်ကို တရားမ၀င် သွားမယ်လို့ စဉ်းစားတာ.. ကြောက်စရာ တကယ် ကောင်းတာပါ။ ပြီးတော့ ကျမက
တသက်လုံး ကျောင်းဆရာမ စာရေးဆရာမ.. ဆရာချည်း လုပ်လာ တာ..။ သူများတိုင်းပြည်မှာ ဘာလုပ်မှာလဲ..။ ဒါပေမဲ့
သေချာတာကတော့ ကျမ အင်မတန် ချစ်မက် စွဲလန်း ပါတယ်ဆိုတဲ့ မြေမှာ ကျမ တရံတဆစ်မျှပင် မနေချင်တော့ပြီ။ ကျမ
တကိုယ်ကောင်းဆန်သလားဆိုတာလည်း မစဉ်းစားမိပါဘူး။ ကျမစိတ်ထဲ တခုပဲ ရှိခဲ့ပါတယ်..။ သူများမြေမှာ ဘယ်လောက်
ဒုက္ခရောက်ရောက် ခံတော့မယ်.. ဒီလောက ၀န်းကျင်မှာတော့ မနေချင်တော့ဘူး.. ဆိုတာ။ (တကယ်တော့ ကိုယ့်ကိုယ်ကိုယ်
ပမွှားလို့ မထင်တဲ့ ကျမက အပြင်မှာတော့ ငါလိုကောင် ဒုက္ခရောက်စရာလား..လို့လည်း ထင်တလုံးနဲ့ ရှိနေခဲ့တာလည်း
ပါပါတယ်.. နောက်တခုက သတင်းအချက်လက်မှား တွေပေါ့။ )။

တကယ်တော့ ကျမ စဉ်းစားခဲ့တာပေါ့… အများကြီးမှ တကယ့် အများကြီး..။

ကျမ သားကြီးကို ငွေတမျက်နှာတည်း ကြည့်ပြီး လူ့တန်ဖိုး ကို ငွေနဲ့ ဆုံးဖြတ်တဲ့ ၀န်းကျင်မှာ မကျင်လည်
စေချင်ဘူး။ အဲလို ၀န်းကျင်ထဲ မလိုအပ်ဘဲ သား စိတ်ကျခံစားရတာမျိုး အဖြစ်မခံနိုင်ဘူး။ (သေချာတာက
ကျမသားဖြစ်တဲ့အတွက် ဒီခေတ်ထဲမှာ ငွေဆင်းရဲမယ်.. ဂုဏ်သိက္ခာ ချမ်းသာပေမဲ့ တန်ဖိုး မရှ.ိ . အဲဒီအခါ သား
စိတ်ထိခိုက်မယ်.. သားလိအ
ု ပ်မယ့် ရုပ်ဝတ္ထု ပစ္စည်းတွေ ကျမ ဖြည့်မပေးနိုင်တဲ့အခါ ၀န်းကျင်အလယ်မှာ သား သိမ်ငယ်မယ် ..
ဖြည့်ပေးနိုင်အောင် ကျမ လုပ်တော့မယ်ဆိုရင်.. ဂုဏ်သိက္ခာ ဆင်းရဲမယ်.. ပြီးတော့ ကျမ မလုပ်မိဖို့ ကြိုးစားရင် အဲဒီ
လူ့ပတ်ဝန်းကျင်ထဲမှာ အစစအရာရာ ဆင်းရဲတော့မယ်)

အဲသလိုပဲ သမီးလေး ကြီးလာတဲ့အခါ ပညာတတ်ပေမဲ့ ဆင်းရဲတဲ့ မိဘက မွေးတာမို့ ကျမငယ်ငယ်ကလို


စိတ်မထားနိုင်ရင် သမီးမိန်းကလေးမို့ ပျက်စီးလွယ်လေမလား..။ ကျမစိတ်ထဲမှာ ရှေ့ လျှောက် လူငယ်တွေ ပို ပို ပျက်စီးမှာလို့
မြင်နေတာလေ..။ အဲဒီအချိန်ပေါ့.. Nude Show ကျိတ်ဝိုင်းတွေ ရှိနေပြီလို့ ကျမ သိနေရတာ..။ ကျမရှေ့မှာ တွေ့နေရတဲ့
ဟိုမရောက်ဒီမရောက် လူငယ်လေးတွေ..။ ကိုယ်က စီးပွားကျုံး ရှာနေရတာနဲ့.. သူတို့ကို မကြည့်နိုင်တာနဲ့.. ကိုယ့်ကလေးတွေမှ
ကိုယ်မထိန်းနိုင်ရင်.. အဲဒီ ပတ်ဝန်းကျင် ရေစီးကြောင်း ထဲမှာ…………………. ကျမ ကြောက်တယ်…။ တကယ်တော့ ကျမ
တကယ် ကြောက်ခဲ့တာက အဲဒီ ၀န်းကျင်ကြီး တခုလုံးကိုပါ..။ ဖျက်ဆီးသူတွေနဲ့ .. အဖျက်ဆီး ခံရသူတွေန.ဲ့ .
ပျက်စီးနေသူတွေန.ဲ့ . ခုခံနေရသူ တွေနဲ့.. ကြိုးစားပြီး မတ်မတ် ရပ်နေရသူတွေ နဲ…
့ . ဒါပဲ ရှိတဲ့ တိုင်းပြည်.. မောလိုက်တာ..။
အဲဒီ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျမ ကြောက်တယ်..။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျမ ကလေးတွေရဲ့ အနာဂတ်ပဲလေ..။
ကျမရဲ့ ချိနဲ့တဲ့ အားအင်လေးနဲ့ ကလေးတွေအများကြီး မကယ်တင်နိုင်တော့တာ သေချာပြီ။ ဒါဆိုရင် ကျမ မွေးထားလို့
လူဖြစ်လာရတဲ့ ကလေးတွေကိုတော့ ကျမ ကယ်တင်ရတော့မှာပါပဲ..။

နောက်တခု တွေးစရာက အမေ… ကျမဘ၀မှာ အမေတယောက်ပဲ ရှိတော့တာ..။ အမေက


သားသမီးတွေရဲ့အပူအားလုံးကို ခေါင်းပေါ်ရွက်ထားတဲ့ အမေကြီး..။ အဖေက အမေကို သေသည်အထိ မပူမပင်
နေရလောက်တဲ့ အနေအထားနဲ့ ထားသွားတာမို့ တော်ရုံနဲ့တော့ အမေက မယိုင်နဲ့နိုင်။ ပြီးတော့ အမေက တရားစခန်း
အလီလီဝင်နေတာမို့.. စိတ်ပြေရာ ရှာတွေ့မယ့်သူ..။ တိုက်တိုက်ဆိုင်ဆိုင် နက်ဖြန် မတ်လ ၂၈ဆို အမေ အသက် ၆၉နှစ်
တင်းတင်း ပြည့်ပြီ။ ကျမ မရှိရင် အမေ့နားမှာ သမီး ၃ယောက် ကျန်ဦးမှာပါ။ (တကယ်တော့ ကျမက အဖေနဲ့
နီးနီးကပ်ကပ်နေတတ်ပြီး အမေနဲ့ဆို စကား ဖွယ်ဖွယ်ရာရာ မပြောတတ်တာမို့ အမေနဲ့ ကျမက သမီးဦးနဲ့ အမေနဲ့ ဆိုပေမဲ့
ကျန်တဲ့ သမီးအငယ်တွေလောက် မနီးကပ်သလို ရှေ
ိ နခဲ့တာပါ.. အငယ်တွေကတော့ အမေနဲ့ ဘာသာစကားတူ.. လုံးထွေး။
ဒါပေမဲ့ အမေက ကျမနဲ့ ပတ်သက်ပြီး ဒုက္ခ အခံရဆုံး ထင်ပါရဲ့)

နောက်တခု တွေးစရာက ရာကျော်… သူ့ကိုတော့ ကျမ မပူမိ။ သူက ကျမနဲ့ ထပ်တူ လိုက်လျောနိုင်တဲ့သ.ူ .
ပြီးတော့ ဘာကိုမဆို ရင်ဆိုင်ပြီး တတ်နိုင်သလောက် ကြိုးစား လုပ်မယ့်သ.ူ . သူ့ရဲ့ စိတ်ချမ်းသာမှုတို့ အလိုလောဘ တို့
ဆိုတာကတောင် ကျမနဲ့ မိသားစုအပေါ်ပဲ မူတည်တဲ့သူ…။ ပြီးတော့ ကျမက သူ့ကို ချုပ်နှောင်ထားဖို့ နည်းနည်းမှ
မစဉ်းစားသူမ.ို့ . သူ စိတ်ညစ်ညူးစရာ အကျဉ်းကျစရာ မရှိ (ကျမထင်တာပေါ့လေ.. တကယ် ဟုတ်မဟုတ်တော့ သူပဲ သိမှာပဲ
:P )
နောက်တခု တွေးစရာက ကျမအတွက.် .

တကယ်လို့ အမေရိကန်နိုင်ငံသာ မရောက်နိုင်ခဲ့ဘူးဆိုရင် ထိုင်းမှာ ကျမ နေရတော့မယ်။ အဲဒီ ထိုင်းမှာ ကျမ


ဘာ လုပ်နိုင်မလဲ..။ ကျမ သိသလောက်.. ကျမလုပ်နိုင်တာ.. လှိုင်းတို ရေဒီယိုတွေ ရှိမယ်။ အွန်လိုင်းစာမျက်နှာတွေ ရှိမယ်..
သေချာတာက စာသင်ကျောင်းတွေ ရှိမယ်..။ ကျမက မြန်မာစာဆရာမမို့ ပြည်ပက တခြား တိုင်းရင်းသားတွေကို
နိုင်ငံခြားသားတွေကို မြန်မာစာ သင်နိုင်မယ်ပေါ့.. (တကယ်တမ်းကျတော့ ကျမက အင်္ဂလိပ်စာ ညံ့သ)ူ ။ ကျမ
စဉ်းစားခဲ့တဲ့အထဲမှာ နိုင်ငံရေး ကဏ္ဍ မပါခဲ့ပါ။ ပြီးတော့ အဲဒီအချိန်မှာ ကျမသိခဲ့တာက ထိုင်းမှာ ဗမာတွေ နေရတာ
သိပ်လွယ်တယ်… ဘယ်နိုင်ငံသွားသွား သိပ်လွယ်တယ်… အေးဆေးပဲ.. မေငြိမ်းဆို ဆရာမလည်း ဖြစ်.. စာရေးဆရာလည်း
ဖြစ်.. ဆိုတော့.. လွယ်လွယ်လေး.. ဆိုပဲ။ အဲလို Information တွေ message တွေန.ဲ့ . ။ ထုံးစံအတိုင်း မေငြိမ်းက ယုံပါပေ့။

မြသီလာကို တကယ် စွန့်နိုင်ပြီလား.. ခွခ


ွဲာနိုင်ပြီလား… စဉ်းစားတော့လည်း လွမ်းဆွတ် တမ်းတစရာဆိုလို့
လူမဟုတ်တဲ့ သက်ရှိတွေ.. သက်မဲ့တွေ.. ဥပမာ .. ဂျပ်စင်.. သစ်ပုပ်ပင်.. ဘွဲ့နှင်းသဘင်.. တောင်ငူဆောင်.. RC..
စာကြည့်တိုက်.. အင်းလျားတွေလောက်ပဲ ရှိတော့တာ။ အရင်ကလို ကျောင်းသူကျောင်းသားတွေ မလွမ်းတော့.. ဆရာဆရာမ
တွေကိုလည်း မလွမ်းချင်တော့..။

အမေ့ကိုရော……………….. အဲဒီအတွက်ပဲ ကျမစိတ်ထဲ ဆို့နစ် ကြေကွဲစရာ ရှိတာပါ…။


အဲဒီရက်တွေထဲမှာပေါ့.. ဆရာကြီး ဒဂုန်တာရာရဲ့ "တဟီတီသွားရအောင်"ကို ခဏ ခဏ ရွတ်နေမိတာ..။

ဒီလိုနဲ့ သားကြီး ရှစ်တန်းစာမေးပွဲဖြေအပြီး အဖေ့ရွာကို သွားလည်မယ်ဆိုတဲ့ ခရီးက… မြ၀တီထ.ိ .


မဲဆောက်ထိ… ဇင်းမယ်ဆ.ို . ညိုတဲ့မြို့လေးဆီအထိ… ပေါက်ခဲ့တာ..။ အဲဒီတလျှောက်မှာလည်း ဆရာမောင်သာရရဲ့ ၀တ္ထု
ခေါင်းစဉ်တခုကို ယူပြောရရင်.. “သုမနကျောမှာ ဒဏ်ရာတွေန”ဲ့ ပေါ့…။ တကယ်တော့ ဘယ်အရာမဆို ဝေးသွားမှ.. ဝေးနေမှ
ပိုလွမ်းရတယ် ပိုတမ်းတရတယ်ဆိုတာကို ကျမ ပို ပို သိလာရတဲ့ ကာလတွေဆ.ီ . ထွက်ပြေးလာခဲ့တဲ့ ခရီးအစပေါ့..။ ပြန်ရနိုင်ဖို့
ခက်ခဲမှန်း သိလေ… ပို လွမ်းဆွတ် ကြေကွဲရလေ…။ တခါတခါကျတော့ ရှက်ရွံ့သိမ်ငယ်ရတာတွေပါ ပါလာရပါသေးတယ်။

(တကယ်တော့ (၃၈)ဆိုရင် မြသီလာကြီးက ကျန်ခဲ့ပါပြီ။ ထိုင်းရောက်ကာမှ မြသီလာကို ဘာလို့ ပိုလွမ်းရလဲ..


ဘယ်လို လွမ်းရလဲဆိုတာတွေကို ဆက်ဖတ်ချင်ကြရင်တော့ ဆက်ရေးမှာပါ...။ ရေးရရင်ကောင်းမလားဟင် :) )
မြသီလာအလွမ်းပြေ (၃၈)

တကယ်တမ်း အလုပ်ကနေ ထွက်တော့မယ်.. ကိုယ့်တိုင်းပြည်နဲ့ အဝေးကိုသွားတော့မယ်လို့ ဆုံးဖြတ်ရ


ချိန်မှာတော့ ကျမ နှလုံးတွေက ဆုပ်ဖျစ်ခံထားရသလိုပါပဲ။ ကျမ ထားခဲ့ရမယ့် မဟာဝိဇ္ဇာတန်းခွဲတွေကို ငဲ့ကြည့်တော့
အဲဒီတုန်းက ကျမတယောက်တည်းပဲ သင်မယ့်သူ ရှိသလိုဖြစ်နေတဲ့ ဆရာ မြဇင် ရဲ့ ကဗျာ နရီနဲ့ နိမိတ်ပုံ စာအုပ.် .
ဆရာဇော်ဂျီရဲ့ ရသစာပေ အဖွင့်နဲ့ နိဒါန်း၊ ပြီးတော့ မောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရား စကားပြေ
အတတ်ပညာ…။ နောက် ၀တ္ထုတို ၀တ္ထုရှည် လေ့လာချက်တွေ..။ ဒါပေမဲ့ အဲဒီတုန်းက မဟာဝိဇ္ဇာတန်းမှာ ရှိတဲ့ ကျောင်းသား
ကျောင်းသူ ၅၀ထဲမှာတော့ ကျမက စာဖတ်လာပါလို့ မှာလို့မှ တကယ် ဖတ်လာတာက ၂ယောက် မပြည့်တာ..။ ပြီးတော့
ကျမကို အံ့အားသင့်စေလောက်အောင် မဟာဝိဇ္ဇာတန်းအထိ Lecture ကောင်းကောင်း မလိုက်တတ်သူေ တွ..။
ဝတ္ထုတိုသင်ရိုးအတွက် မဟာဝိဇ္ဇာကျောင်းသားတွေအနေနဲ့ ဘယ်လို ၀တ္ထုတိုမျိုးကို ကြိုက်လ.ဲ . လို့ မေးလို့မှ
အဖြေပြန်မရတာ..။ လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက အမြဲတမ်းဖတ်တဲ့ မဂ္ဂဇင်း တမျိုးစီ ပြောပါဆိုလည်း မဖြေ..။ ဒါနဲ့ ကဲ
တယောက်မှ ဘာမှမဖတ်ဖူးလား..ဆိုတော့မှ တယောက်က လက်ညှိုးလေးထောင်တယ်..။ ကျမက ၀မ်းသာအားရနဲ့ အဲ..
ပြောပါဦး.. ဘာမဂ္ဂဇင်း ဖတ်လဲ.. ဆိုတော့ ဂမ္ဘီရ.. တဲ့။ အဲလိုမျိုးတွေကို ပြန် ပြန်တွေးတော့မှပဲ ကျမ စိတ်ထဲ နည်းနည်း
ပြတ်တော့တာပါ။ နောက်တော့ ၉၈နောက်ပိုင်းမှ အထက်တန်းကျောင်း တွေမှာ စာမေးပွဲဖြေလို့ ဂုဏ်ထူးတန်းတွေ ၀င်..
နောက်တော့ ပိုက်ဆံချမ်းသာမှုကြောင့် တက္ကသိုလ်မှာ ဆရာမဖြစ်.. အဲလိုနဲ့ပဲ ပိုက်ဆံ ရှိလို့ ပါရဂူ တက်နိုင်ကြသူတွေနဲ့ ကျမက
ထိပ်တိုက်တွေ့စရာတွေက ကြုံ ကြုံလာ..။ အဲဒီ ရက်တွေထဲမှာ မကြာခဏ စဉ်းစားမိ တာကတော့ အန်တီစုပြောပြလို့
သိနေရတဲ့ ချက် (Czech) ခေါင်းဆောင် Vaclav Havel ရေးခဲ့တဲ့ The Power of the powerless စာအုပ်ထဲက
အကြောင်းတွေပေါ့..။

ဒီနေရာမှာ ၁၉၈၉ဒီဇင်ဘာမှာမှ ဒီမိုကရေစီရခဲ့တဲ့ ချက်ကိုစလိုဗက်နိုင်ငံတုန်းကဆိုရင်လည်း ကွန်မြူနစ်


အာဏာရှင်တွေက ဆရာတွေရဲ့ သင်ကြားရေးတွေကိုပါ ၀င်စွက်ဖက် လာတဲ့အတွက် ဆရာတွေ အလုပ်ထွက် ပစ်ကြပါတယ်၊
အဲဒီတုန်းက ချက်ကိုစလိုဗက်ကီးယား (Czechoslovakia) ရဲ့ အခြေနေက ဗမာပြည်လောက် တောင် မဆိုးသေးဘူးလို့
ဆိုနိုင်ပါတယ်။ ဒါကိုတောင် အာဏာရှင်တွေရဲ့ မတရားတဲ့ မလျော်ကန်တဲ့ အမိန့်အာဏာတွေကို မလိုက်နာနိုင်ဘူးဆိုပြီး
တက္ကသိုလ်က ဆရာတွေဟာ အလုပ်ထွက်ပြီး တံမျက်စည်း လှည်းတာတို့ ပန်းရံတို့ ၀င်လုပ်ကြပါတယ်၊ ပြီးတော့ အဲဒီ
ဆရာတွေက ပြောပါတယ်၊ မမှန်ကန်တဲ့ အတွေးအခေါ် တွေကို လူငယ်တွေ ခေါင်းထဲ ထည့်ပေးရတဲ့အလုပ်လို ယုတ်ညံ့တဲ့
အလုပ်တွေကို လုပ်တာထက်တော့ ဒီလို အခြေခံအလုပ်မျိုးတွေ လုပ်ရတာက သာသေးတယ် လို့ ပြောပါတယ်တဲ့။ အဲဒီတုန်းက
စာရေးဆရာလည်းဖြစ် တော်လှန်ရေးသမားဖြစ်ပြီး၊ ချက် နဲ့ စလိုဗက်ကီးယား ကွဲပြီးနောက်ပိုင်းမှာ ချက် ရီပတ်ဗလစ်နိုင်ငံ
(Czech Republic) ရဲ့ သမ္မတဖြစ်လာတဲ့ Vaclav Havel က The Power of the powerless စာအုပ်ထဲမှာ အဲဒါတွေကို
ရေးခဲ့တာပါ။ အန်တီစုက အဲဒီစာအုပ်ထဲက Vaclav Havel ရဲ့ စကားတွေကို ကိုးကားပြီးတော့ “ဒီလို စနစ်အတွင်းမှာ ကျမတို့
ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်သလား… ဒီစနစ်က ပြည်သူ လူထုကို အကျိုးပြုနိုင် သလား… ပြည်သူလူထုကို အသုံးချနေသလား… ဒါပဲ
စဉ်းစားရမှာပဲ ..” လို့ ပြောခဲ့ ဖူးပါတယ်။

အဲဒါတွေကလည်း ကျမနှလုံးထဲကို စိမ့်ဝင်ခဲ့ပါတယ်။ တကယ်တော့ ကျမတို့ နိုင်ငံမှာလည်း


အာဏာပိုင်တွေရဲ့ မတရားအမိန့်တွေကို မနာခံနိုင်သူတွေက ပြည်ပထွက်၊ ဒါမှမဟုတ် အလုပ် ထွက်ကုန်ကြပြီး
မလွန်ဆန်ရဲကြတဲ့ နာခံနိုင်သူတွေကျတော့လည်း မျက်စေ့စုံမှိတ် နာခံကြတာမို့လို့ နိုင်ငံတနိုင်ငံအတွက် အဓိက အကျဆုံး
ထောက်တိုင်တစ်တိုင်ဖြစ်တဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ထိခိုက်ပျက်စီး သွားရတာပါ။ တကယ်တော့ အလုပ် ထွက်တာက
မတရားတဲ့ အမိန့် ကို ဖီဆန်တာဖြစ်ပေမဲ့ ပြည်ပထွက်တာကတော့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိနေသင့်တဲ့ ဦးနှောက် အင်အားတွေ
အပြင်ကို ယိုစီးထွက်ကုန်တာပါပဲ။ ဒါပေမဲ့ အဲဒီ ၂၀၀၅ ဖေဖော်ဝါရီ တုန်းကတော့ ကျမ စဉ်းစားတာက တကယ်လို့ Brain Drain
မဖြစ်လည်း အသုံးချခွင့်မရတဲ့ ဦးနှောက်တွေက Brain Dry ဖြစ်ကုန်မှာပဲ.. ဆိုတာပါ။ ဘာပဲဖြစ်ဖြစ်.. အဲလို
အကြောင်းတွေကြောင့်ပဲ စစ်အစိုးရ သက်တမ်း တလျှောက်က မျိုးဆက်တွေခမျာ ပညာရေးပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ပြီ
ဆိုတာပါပဲ။ ဒါကို ဘယ်သူမှ ငြင်းလို့ မရနိုင် ပါဘူး။
ဒါပေမဲ့ ကျမတွေးခဲ့တာက ပြည်ပမှာ ကျမ တခုခု ပိုလုပ်နိုင်မယ်..။ အနည်းဆုံး ကိုယ့်ပညာရပ်ပိုင်းကို
ဖြည့်တင်း ခွင့်တော့ ရမှာပဲလို့ တွေးခဲ့တာပါ…။ ပြီးတော့ ကျမသားသမီးတွေကို ကိုယ့်တိုင်းပြည်မှာ တခုခု ပြန်လုပ်နိုင်
လောက်အောင် သေချာတဲ့ ပညာရေးမျိုး ကောင်းကောင်း ပေးမယ်လို့လည်း မှန်းခဲ့တယ်။ ကျမစိတ်ထ.ဲ . အဲဒီ ၀န်းကျင်မှာ
ဆက်နေရင် တော့ဖြင့် နွံနစ်သလိုရှိမှာပဲလို့ သေချာနေခဲ့တာလေ။

၂၀၀၅ခုနှစ် မတ်လမှာတော့ ထိုင်းရဲ့ နွေအပူနဲ့အတူ မေငြိမ်းအတွက် မရိုးနိုင်တဲ့ အပူတချို့က ကျမကို


ဆီးကြို နေခဲ့ပါတယ်။ ပြန်စဉ်းစားကြည့်ရင် ခုချိန်ထိ စိတ်ထဲ ရှက်ရွံ့ရွံ့ ခံစားနေရတုန်းပါ။ ကျမက ကျမလို စာရေးဆရာ...
တက္ကသိုလ်က ဆရာမတယောက် နယ်စပ်ကို ထွက်လာရတာကိုက ဗမာပြည်မှာ ပညာတတ်တွေရဲ့ အခြေအနေ ဘယ်လောက်
ဆိုးနေပါပြီ ဆိုတာကို မီးမောင်းထိုးပြသလို ပေါ်လိုက်လေခြင်းလို့ တွေးပြီး ဆင်းရဲဒုက္ခကြုံရမှာ ကိုတောင် မေ့နေခဲ့ချိန်မှာ
ကျမအပြင်ထွက်လာပြီဆိုတဲ့ သတင်းကြားကြသူ တော်တော်များများက မှတ်ချက်ချပါ တယ်.. တဲ့။ မေငြိမ်းက ဘယ်တုန်းက
နိုင်ငံရေးနဲ့ ပတ်သက်ဖူးလို့ ဒီလို ထွက်လာရတာလဲ.. တဲ့။ ကျမ တခါမှ မစဉ်းစားမိဖူးတဲ့ မေးခွန်းပါပဲ။ ဒီတော့မှ ကျမ အိပ်မက်က
လန့်နိုးသူလို ကိုယ့် ပစ္စုပ္ပန်ကို ပြန်ကြည့်မိတယ်။ ကိုယ့်အခြေနေကို ပြန်ကြည့်မိတယ်..။ အဲဒီအချိန်မှာတော့ ကျမက
နောက်ဆုတ်လို့ မရတော့တဲ့ နေရာမှာ ရောက်နေပါပြီ။ အဲဒီတုန်းက ထိုင်းမြေကို စနင်းကတည်းက ကျမတို့ မိသားစုကြီးကို
ကူခဲ့ရတဲ့ ဒေါ်ခင်မင်းဇော်တို့ တစုံနဲ့ တကွသော မိတ်ဆွေတချို့ရဲ့ အားကြောင့်သာ ကျမ ဆက်ရပ်တည်နိုင်ခဲ့တာပါ။

နောက်ထပ် ကျမတခု မှားခဲ့ဖူးပါသေးတယ်။ အဲဒါကတော့ မြန်မာပြည်ထဲက သူငယ်ချင်းတချို့က ကျမကို


ကိုယ်လွတ်ရုန်းသွားတယ်.. လို့ ပြောကြတယ် ဆိုတဲ့သတင်း ကျမဆီ ရောက်လာပါတယ်။ အဲဒါကြားတော့ ကျမ တကယ်
စိတ်တိုခဲ့ပါတယ်။ အဲလိုပြောတဲ့သူတွေကိုယ်တိုင်က လက်ဖက်ရည်ဆိုင် တမေ့တမောထိုင်.. ညနေတိုင်ဆို အရက်ဆိုင်ရွှေ့ပြီး
ဝေဖန်ရေး လေကန်ရေး ထိုင်လုပ်နေသူတွေ.. တကယ်တမ်း လူထုအကျိုး ဆိုတာအတွက် ဘယ်လောက်မှ အနစ်နာခံ
ပေးဆပ်လုပ်ကိုင်နေကြသူတွေလည်း မဟုတ်။ (တကယ်တမ်း လူထုအတွက် အနစ်နာခံပြီး လုပ်နေတယ်ဆိုတဲ့
သူတွေဆိုတာက ဘယ်တော့မှ သူများကို အပြစ်မတင်.. ကျမလိုလည်း ကျောမခိုင်း.. ငါတို့ လုပ်နေတယ်လို့လည်း
မကြွေးကြော် မ၀ါကြွား..။ ဘယ်သူ့ကိုမှ မမျှော်ကိုး အားမကိုးဘဲ သူတို့ ယုံကြည်ရာကိုသာ တကယ် အပင်ပန်း အဆင်းရဲခ.ံ .
ထောင်ကျ တန်းကျခံပြီး တစိုက်မတ်မတ် လုပ်ကြသူတွေဆိုတာ ခုချိန်မှာတော့ ကျမ ကောင်းကောင်း သိနေခဲ့ပါပြီ)။

အဲဒီမှာ စိတ်တိုတိုနဲ့ ကျမ စာတပုဒ်ရေးခဲ့မိတာပါ။ မဲဆောက်က ထွက်တဲ့ စာစောင်လေးတခုမှာ


ပါခဲ့ဖူးပါတယ်။ အဲဒီမှာ ကျမ ရေးခဲ့တာက “ကျမ ခါးသီးမုန်းတီးလှတဲ့ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုအောက်မှာ မနေနိုင်လို့
ကိုယ့်လက်ကိုယ့်ခြေနဲ့ ထွက်ခဲ့တဲ့ လမ်းမှာ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်” ဆိုတာကိုပြောရင်း ဆော့ခရတ္တိ ပြောခဲ့ တယ်လို့ ကျမ
မှတ်ထားခဲ့ဖူးတဲ့ (တချို့ကတော့ ဆော့ခရတ္တိမဟုတ်ဘူးလို့ ပြောပါတယ်) ‘လူတွေဟာ ကိုယ်နဲ့ တန်တဲ့ အစိုးရကို ရတယ်’လို့
ဆော့ခရတ္တိက ပြောပါတယ် .. အဲဒီအခါ ကျမက ကျမနဲ့ မတန်ဘူးလို့ ထင်တဲ့ အစိုးရလက်ကနေ ထွက်ခဲ့တယ်..”
ဆိုတာမျိုးပါ..။ အဲဒီ စာစောင်လေးလည်း ထွက်ရော ကျမဆီ ဆဲစာတွေ ရောက်လာပါတယ်။ ဒါ ပြည်တွင်းက လူတွေကို
စော်ကားတာ.. တဲ့။ အဲဒီတော့မှ သေချာပြန်တွေးကြည့်တော့ စွပ်စွဲစရာဖြစ်နေတာကို တွေ့ရပါတယ်။ တကယ်တော့ ကျမ
နာကျည်းစက်ဆုပ်နေတာက ဗောင်းတော်ညိတ် စိတ်တော်သိ လုပ်နေကြတဲ့ အလိုတော်ရိတွေကိုပဲ မဟုတ်လား။ ပြီးတော့ ကျမ
စိတ်ပျက်တဲ့ အ၀န်းအ၀ိုင်းလေး တခုက.ို .။ ဒါပေမဲ့ ကျမရေးတဲ့စာက တာသွားခဲ့ပြီ။

ဒီလိုနဲ့ အဲဒီ အပြင်ရောက်စကာလမှာ ကျမဟာ အထင်နဲ့အမြင် လုံးလုံးလွဲပြီး ဟိုမရောက် ဒီမရောက်န…


ဲ့ ပူပန်
တုန်လှုပ်နေခဲ့ရတာတော့ အမှန်ပါ..။ ဒါကလည်း ကျမရဲ့ စိတ်ခံစားချက် နောက်ကို လိုက်မှုရဲ့ ဆိုးကျိုးဆက်တွေပါ ပဲလေ။

ဆယ်ကျော်သက်အရွယ် လူမမည်ကလေးကတည်းက တောခိုခဲ့ပြီး ဒီဘက် တော်လှန်ရေးနယ် နယ်စပ်ထဲမှာ


နှစ် ၂၀ကျော်ကြာနေနေတဲ့ မောင်လေးတယောက်က ကျမကိုပြောတဲ့ စကားလေး သတိတရ ပြောပြချင်ပါတယ်။ ကျမ ဘာလို့
ထွက်လာလဲဆိုတာကို မေးကြတဲ့အခါ ကျမက ခုအကြောင်းအရာတွေကိုပဲ ပြောပြောပြတာမိ.ု့ . သူက ပြောပါတယ်..။
လက်စသတ် တော့ ငါ့အမက တောခိုလာတာမှမဟုတ်ဘ.ဲ . အိမ်ပြောင်းလာတာကိုး.. တဲ့။ တကယ်လည်း သူပြောသလို
ဖြစ်နေခဲ့တယ်ထင်ပါတယ်။ ကျမက နိုင်ငံအတွက်ဆိုတာက ၁၀ရာခိုင်နှုန်း.. ဒီအရပ်မှာ မနေချင်တော့ဘူးဆိုတဲ့
ကိုယ့်အတ္တအတွက် ၉၀ရာခိုင်နှုန်းနဲ့ နိုင်ငံ့အပြင်ဘက် ထွက်လာသူကိုး။
တကယ်ဆို ကျမထက်ဆိုးတဲ့ ဘ၀တွေ အများကြီး..။ ကျမထက် အန္တရာယ်ရှိသူတွေ အများကြီး..
သူတို့တွေတောင် ကြံ့ကြံ့ခံနေတာ..။ ကျမ စဉ်းစားခဲ့တာက ကျမသာ အပြင် ရောက်လို့ ပြောခွင့်တွေရရင်.. စစ်အစိုး ရ
လိမ်ညာနေတဲ့ ပညာရေးကိစ္စတွေနဲ့ စစ်အစိုးရ အလိုတော်ရိ ပညာရှင်တွေရဲ့ မသမာမှုတွေကို ပြောခွင့်ရမယ်..။ ပြီးတော့
ကျမက စာရေးဆရာဖြစ်တဲ့အတွက်ရော.. ကျောင်းဆရာမဖြစ်တဲ့အတွက်ရော.. နောက်.. ဘယ်တုန်း ကမှ စစ်အစိုးရ သစ္စာခံ
အလိုတော်ရိ မလုပ်ခဲ့ဖူးတာကြောင့်ရော.. ကျမအတွက် ဒီဘက်ခြမ်းမှာ လုပ်စရာတွေ လုပ်နိုင်တာတွေ အများကြီး ရှိမယ်..
နေရာလေးတနေရာတော့ ရှိမယ်…လို့။ အဲလို တွေးခဲ့တာလေ..။ ပြီးတော့ ကျမ ခံစားခဲ့ရတာက စစ်အစိုးရကို မုန်းတဲ့
ခါးခါးသီးသီးအမုန်းရယ်.. အဲလို လူတွေကို ကြောက်လန့်ပြီး မလွန်ဆန်နိုင်တဲ့ ပတ်ဝန်းကျင် ထဲမှာ မနေနိုင်လောက်အောင်
ပူလောင်ပြင်းပျတာရယ်.. ဒါကိုပဲ ခံစားခဲ့တာလေ။ တကယ်မှာလည်း ကျမက ဘယ်တုန်းကမှ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်နိုင်တဲ့
လောကထဲ မကျင်လည်ခဲ့ဖူး။ တခါတရံမှလည်း လူထုအတွက် ထောင်ကျတန်းကျနဲ့ အနစ်နာမခံခဲ့ဖူးလေတော့ ကျမ
ထွက်လာတဲ့ ကိစ္စမှာလည်း နိုင်ငံရေးဆိုတဲ့ကဏ္ဍကို မတွေးမိခပ
ဲ့ါဘူး။ အဲသလိုပဲ နိုင်ငံရေးကိုပြပြီး လုပ်စားလို့
ရတယ်ရယ်လို့လည်း မသိခဲ့ပါဘူး။

ဒါပေမဲ့ တမိသားနဲ့ တမိသား ပေါင်းသင်းကြရသူတွေလို ဒီဘက်လောက က ကျမကို စူးစမ်း.. ကျမကလည်း


သူတို့ကို အကဲခတ်နဲ့။ အိမ်ထောင်ဦးကာလ အဆင်မပြေကြတတ်ကြသလို အခက်အခဲလေးတွေ အလွဲလေး တွေတော့
ရှိသပေါ့..။ နောက်တော့ ကျမရဲ့ ရန်ကုန် တက္ကသိုလ်မှာ ကဗျာစာအုပ်တွေထုတ်စဉ်က တူတူ ရေးဖက်ဖြစ်ဖူးပြီး ၈၈
စက်တင်ဘာ အာဏာသိမ်းကတည်းက တော်လှန်ရေးနယ်ထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ မိဆူးပွင(့် အစောပိုင်း မြသီလာတွေမှာ
ရေးခဲ့ဖူးပါတယ်)တို့ Burmese Women’s Union က လှမ်းခေါ်ပေးလို့ ဇင်းမယ်ကို ခြေချခဲ့ရတာ.. မတ်လ ၃၀ရက်နေ့ပေါ့။ အဲဒီ
၂၀၀၅ မတ်လ ၃၀ရက်နေ့ကနေ ၂၀၀၈ ဒီဇင်ဘာလ ၂၅ရက်နေ့ထိ နေခဲ့ရတဲ့ ဇင်းမယ်ဟာ… ဘာပဲဖြစ်ဖြစ်.. ကျမကို
နွေးနွေးထွေးထွေး ကြိုဆို ပွေ့ဖက်ခဲ့ပါတယ်။

ဇင်းမယ်ရဲ့ နွေမှာ ကျမတို့ မိသားစုဟာ အရာရာကို အသစ်က စကြရပါတော့တယ်။ ပတ်ဝန်းကျင်သစ်..


ဆက်ဆံရေးနယ်ပယ် အသစ်.. ဘာသာစကား အသစ်.. သင်ယူ လေ့လာ စရာ အသစ်တွေကလည်း အများကြီးပေါ့..။ ။ အဲဒီ
အချိန်တွေမှာလည်း ကျမ စိတ်ဓာတ်တွေ လဲပြိုခဲ့တာ မကြာခဏ..။ ဒီဘက် အ၀န်းအ၀ိုင်းထဲ ရောက်စ… ကျမက နှစ် ၂၀နီးပါး
ကျောင်းဆရာမ လုပ်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဒီဘက်က ပညာရေးဆိုင်ရာ ဏ္ဍလှုပ်ရှားမှုတွေထဲ သေသေချာချာ
ဝင်လုပ်ပေးချင်တာ..။ ဒီဘက်မှာလည်း အဲလို ပညာရေး အဖွဲ့အစည်းကြီး ရှိနေတာဆိုတော့..။ ဒါပေမဲ့ … ကျမမှာ ဘာနိုင်ငံရေး
ကျောထောက်နောက်ခံမှ မရှိ.. နောက် အင်္ဂလိပ်လို မပြောနိုင်လို့တဲ့…။ ဒါနဲ့ပဲ ကိုယ်တတ်တဲ့ ပညာရေးလည်း လုပ်ခွင့် မရခဲ့ပါ။
(အင်္ဂလိပ်လို တတ်ဖို့ လိုတယ်ဆိုတာကို ကျမ အသေအချာ လက်ခံပါတယ်.. ဒါပေမဲ့ ပညာရေးအကြောင်း ကောင်းကောင်း
သိတဲ့သူကို တွဲလုပ်ဖို့ ခေါ်သင့်တယ်လို့လည်း ထင်တာပဲ… ဒါပေမဲ့ အဲဒီမှာက ပညာရေးအကြောင်း သိတာထက် နိုင်ငံရေး
အဖွဲ့တခုခုက ဖြစ်ဖို့နဲ့ အင်္ဂလိပ်လို ပြောနိုင်ဖို့က ပိုအရေးကြီးခဲ့ပါတယ် :P) ။ (ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆရာ
ဒေါက်တာသိန်းလွင်တို့ ပညာရေးသမား ဆရာ ဆရာမတွေနဲ့အတူ ပညာရေးပိုင်းကို ကိုယ်နိုင်သလောက်လေး ကူနိုင်ခဲ့
တာလေးတွေနဲ့ ထိုင်းတောင်ပိုင်း ဆူနာမီဒေသက ကိုထူးချစ်တို့ GHRE ရဲ့ မြန်မာကျောင်းတွေကို ကူခွင့်ရခဲ့တာတွေကတော့
စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပါတယ်) ။

ဇင်းမယ်ကို ရောက်ပြီး သိပ်မကြာခင် ကျမရဲ့ စာရေးဆရာအဖြစ် အလုပ်တခု စလုပ်ရပါတယ်။ အဲဒီအလုပ်က


အိမ်ကနေ စာထိုင်ရေးပြီး တပတ်မှာ ၂ရက်လောက် ရုံးသွားရပါတယ်။ ကံကောင်းသလား ကံဆိုးသလားတော့ မသိပါဘူး..
ကျမ သွားရတဲ့ ရုံးခန်းက ဇင်းမယ် တက္ကသိုလ်ထဲမှာပါ..။ ဇင်းမယ်တက္ကသိုလ်ရဲ့ အဓိပတိ လမ်းမကြီးကနေ ဖဲဝ
့ င်ရတဲ့
လမ်းသွယ်လေးမှာ ကျမ သွားရတဲ့ ရုံးခန်းလေးရှိပါတယ်။ သစ်ပင်ပန်းပင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အ၀န်းအ၀ိုင်းက
ရန်ကုန်တက္ကသိုလ်နဲ့ တူလှတဲ့ ဇင်းမယ်တက္ကသိုလ်က ကျမကို အမြဲ လွမ်းအောင် လုပ်နိုင်ခဲ့ပါတယ်။
ဇင်းမယ်တက္ကသိုလ်ကတော့ အလှအပ အမွမ်းအမံနဲ့ ပြင်ဆင် ထားလို့ ပို ကြည့်ကောင်းပေမဲ့ ကျမကတော့ မပြည့်မစုံနဲ့ပဲ
ပျော်စရာကောင်းတဲ့ သာယာတဲ့ ကျမရဲ့ ရန်ကုန်တက္ကသိုလ်ကိုပဲ လွမ်းရတာပါပဲ။ နောက်တခု စိတ်ထိခိုက်ရတာကတော့
ဇင်းမယ်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေရဲ့ လွတ်လပ် အေးချမ်းမှု.. အဆင့်မြင့် ပညာရေးကို သင်ခွင့်ရမှု..
ကျောင်းသားအခွင့်အရေးနဲ့ တက္ကသိုလ်ရဲ့ အရသာတွေကို အပြည့်အ၀ ခံစားခွင့်ရနေမှုတွေက ချို့တဲ့ရရှာတဲ့ မြန်မာပြည်
တက္ကသိုလ် ပညာရေးထဲက ဘ၀တွေကို နှိုင်းယှဉ်သတိရမိတာကြောင့်ပါပဲ။ အဲဒီတုန်းက ခံစားချက်ကို “လွမ်းတတ်သ”ူ ဆိုပြီး
ကျမ ၀တ္ထုလေးတပုဒ် ရေးဖူးပါတယ်။
ပြန်လှည့်ကြည့်တော့ ဇင်းမယ်မှာ နေခဲ့ရတဲ့ ၄နှစ်နီးပါးကတော့ ကျမအတွက် တကယ် စိတ်အေးလက်အေးနဲ့
သာတောင့်သာယာရှိတဲ့ အချိန်တွေပါပဲ..။ ကျမ လုပ်ချင်တဲ့ ပညာရေးအလုပ်နဲ့ စာရေးတဲ့အလုပ်ကို အေးအေးချမ်းချမ်း
လုပ်ခဲ့ရတာမို့ ကျမစိတ်ထဲ ကျေနပ် မိပါတယ်။ ကျမစိတ်ထဲ ဇင်းမယ်မှာပဲ တသက်လုံး နေတော့မယ်လို့တောင်
တွေးထားခဲ့တာပါ။ ဇင်းမယ် မှာက စေတီဘုရား ဘုန်းကြီးကျောင်းတွေ အများကြီး…။ မြန်မာနိုင်ငံသားတွေ လက်ညှိုးထိုး
မလွဲ..။ မြန်မာစားစရာကအစ မြန်မာအငွေ့အသက်တွေ နေရာအနှ.ံ့ .။ ပြီးတော့ တန်ဆောင်တိုင် လွိုင်ကထုံပွဲတော်နဲ့ သင်္ကြန်…။

ဇင်းမယ်မှာ နေဖူးသူတိုင်း ဇင်းမယ်ကို မငြိတွယ်သူ မရှိနိုင်ပါ..။ ရှမ်းပြည်မှာ နေခဲ့ဖူးတဲ့ ကျမအတွက်တော့


ဇင်းမယ်မှာ ဆောင်းတွင်း ဆိုရင်… တောင်ကြီးရောက်နေသလိုလို… မေမြို့ ရောက်နေသလိုလ.ို . နွေ ဆိုရင်တော့ မန်းလေးမှာပဲ
ရောက်နေသလိုလို..။ ကျမအနားမှာလည်း မောင်လေး ညီမလေးတွေ ချစ်ရတဲ့ သူတွေနဲ့..။ အဲဒီအခါ ဇင်းမယ်ဟာ.. ကျမရဲ့
ဒုတိယအိမ်ပါပဲ..။
သောကြာနေ့မနက်ဆို တပတ်လုံးမှ အဲဒီတရက်သာ ရှိတဲ့ သောကြာဈေးလို့ ကျမတို့ အလွယ်ခေါ်တဲ့
ဈေးလေး ဆီကို ရောက်အောင် သွားမြဲ..။

အဲဒီမှာ တို့ဟူးနွေးစားမယ်.. ခေါပုပ်ကင် စားမယ်.. မြန်မာနိုင်ငံမှာတောင်မှ ရှမ်းပြည်ဘက်မှာပဲ ရနိုင်တဲ့


ဟင်းသီးဟင်းရွက်တွေ အဲဒီ ဈေးမှာ ရမယ်..။ မြန်မာပြည်က ပစ္စည်း တိုလီမိုလီတွေ.. လက်ဖက်… အကြော်စ…
ုံ ပဲကြော်မျိုးစံ…
ု ။
ရှမ်းစကားသံ ၀ဲဝဲလေးတွေ ကြားရတဲ့ တကယ့် ရှမ်းပြည်က ဈေးကလေးလို..။ စမူဆာ တို့ဟူးကြော် ပူပူနွေးနွေးနဲ့
ကုလားကြီးလက်ဖက်ရည်နဲ့ မနက်စာက အလွန် အဆင်ပြေ..။

စနေဆိုရင်တော့ ကျမတို့ နီးစပ်ရာစုပြီး အဆင်ပြေတဲ့ နေရာမှာ တခုခု လုပ်စားမြဲ..။ ကျမက အိုးသူကြီးပေါ့..။


အများဆုံး ဆုံရပ်ကတော့ ကျမရဲ့ မောင်လေးတွေလို ဖြစ်နေတဲ့ ကလေးတွေရှိရာ ဗကသရုံးပေါ့။

တနင်္ဂနွေဆိုရင်တော့ မိသားစုအတွက် စပယ်ရှယ် ဒေးပေါ့။ အိမ်နန


ဲီ့းတဲ့ ကစားကွင်းဆီ ဖြစ်ဖြစ်.် .
ကန်တော်ကြီးဆီကိုဖြစ်ဖြစ် မိသားတစု သူငယ်ချင်းတချို့နဲ့ ခဏခဏ သွားဖြစ်..

တခါတလေ.. ရေတံခွန်..

တခါတလေ ရေပူစမ်း.. တခါတလေ.. တောင်ပေါ် ဒွိုင်ဆူထစ် ဘုရားဖူး…။

ထိုင်းမှာ နေခဲ့တဲ့ ၄နှစ်အတွင်း လေးငါးခေါက်ရောက်တာက ထိုင်းတောင်ပိုင်း ဖူးကက်ကမ်းခြေက ရွာကလေး


တွေဆီ…။ အဲဒီမှာ မြန်မာပြည်တောင်ပိုင်းသားတွေနဲ့ အနောက်ပိုင်းသားတွေ အစုလိုက်အပြုံလိုက် တွေ့နိုင်တယ်။ ကျမတော့
ဖူးကက်ရောက်ရင် တနင်္သာရီပဲ ရောက်သွားသလိုလို. . မွန်ပြည် ရခိုင်ပြည်တွေပဲ ရောက်သွားသလိုလို ခံစားရပါတယ်။ အဲဒီ
ဖူးကက်မှာ ကျမကို အမြဲ နွေးနွေးထွေးထွေး ခံစားရစေတဲ့ GHRE (Grassroots Human Rights and Development)
အဖွဲ့သားတွေ ရှိတယ်။ ဆူနာမီငလျှင်ကနေ ပြန်ရုန်းထခဲ့ရတဲ့ မြန်မာ မိသားစုတွေရဲ့ ကလေးငယ်တွေအတွက် အဲဒီအဖွဲ့က
ဖွင့်ထားတဲ့ စာသင်ကျောင်းတွေ အရည်အချင်းမြှင့် သင်တန်းတွေ ရှိတယ်။ အဲဒီ စာသင်ကျောင်းတွေထဲမှာ ကလေးတွေအပေါ်
စေတနာထားလှပြီး စာသင်တာလည်း တကယ်ကောင်းတဲ့ ဆရာ ဆရာမတွေ ရှိတယ်။ ချစ်စရာကောင်းတဲ့ ကြိုးစားတဲ့
ကလေးတွေလည်း ရှိတယ်။ ကျမကတော့ အဲဒီ ကျောင်းတွေ အတွက် ပညာရေးဆိုင်ရာ.. အထူးသဖြင့်တော့ မြန်မာစာနဲ့
ပတ်သက်ပြီး လိုတာလေးတွေ ကူဖို့ ဆိုပြီး သွားရင်း တကယ်တော့ ကိုယ်သိတာလေးတွေကို ဝေမျှတာက နည်းနည်း။
သူတို့ဆီက ဘ၀တွေကို စာပြန်ရေးဖို့ ယူခဲ့ရတာက အများသား..။ ခုနေခါမှာတော့ တော်တော် များများကို ကျမ
မေ့ထားချင်ပါတယ်..။ တကယ်တမ်းကျတော့ ကျမက ဘာတခုမှ ထိထိ ရောက်ရောက် တကူးတက လုပ်ပေးနိုငခ
်ဲ့သူ မဟုတ.် .။

တချို့က ကျမကို လေးစားပါတယ်တွေ… ချီးကျူးပါတယ်တွေ… ပြောလာရင်တော့ ကျမက


မျက်နှာပူနေတတ် ပါတယ်..။ ကျမက တိုင်းပြည်နဲ့ လူထုအတွက် ဘာတခုမှ အနစ်နာခံ မလုပ်ဖူးသလို တိုင်းပြည်နဲ့ လူထုကို
ဘယ်တုန်းကမျှ အလွဲသုံးစားမလုပ်ခဲ့ဘူးဆိုတာလေးကြောင့်တော့ ဂုဏ်မယူချင်ပါ..။ ကျမက လူတဦး တယောက်မှ အစ
ကမ္ဘာမြေကြီးအပေါ်အထိ ကျမရဲ့ ၀န် ပိမှာကို စိုးရိမ်ပါတယ်..။ ဒါလောက်ပါပဲ..။ အဲဒီအခါ ရောက်လေရာမှာ ကိုယ်ကျင်လည်ရာ
ဝန်းကျင်လေးအပေါ်သာ တတ်နိုင်သလောက် တာဝန်ကျေအောင်တော့ လုပ်ဖြစ်ပါတော့တယ်..။ ဒီလိုနဲ့ ဇင်းမယ်မှာ ကျမဟာ
တကယ့်ကို စိတ်အေးလက်အေးဆန်ဆန်နေခဲ့တာ.. ၄နှစ်နီးပါး..။ ဇင်းမယ်မှာ ကျမ စိတ်ဆင်းရဲစရာ.. ထိတ်လန့်
ကြောက်ရွံ့စရာ အိပ်မက်ဆိုးနဲ့ ကြုံခဲ့ရမယ်လို့လည်း နည်းနည်းမှ မထင်ခဲ့တာပါ..။ ဒါပေမဲ.့ . အသစ်တခုဆိုတာက ကျမကို
ဘယ်တော့မှာ ချောချောမွေ့မွေ့ မကြိုဆိုခဲ့ပါ…..။

(တကယ်တော့ ကျမ ဆက်မရေးချင်တော့ပါ… အဖြစ်အပျက်တွေက ပြန်မတွေးချင်တော့တာတွေ…. များ


များ လာနေပြီ….။ ဒါ့ကြောင့် မြသီလာကို အပိုင်း(၄၀)ပြီးရင် ရပ်ပါတော့မယ်…)
မြသီလာအလွမ်းပြေ (၃၉)

ဒီဘက်ပိုင်းမှာ နေရတဲ့အခိုက် ကျမရဲ့ ပြဿနာတခုကတော့ နားလည်မှုကိစ္စပါပဲ..။ ကျမက ပြည်တွင်းကနေ


ဆရာမဘ၀နဲ့ ပူပူနွေးနွေးထွကလ
်ာချိန်လည်းဖြစ်.. ကျမက မောင်နှမ တွေထဲမှာလည်း အကြီးဆုံး.. ဆွေမျိုးထဲက
ဝမ်းကွဲတွေထဲမှာလည်း အကြီးဆုံးမို့ ကျမဆီမှာ အကြီးစိတ် တော်တော်များပါတယ်။ နောက်တခုက ကျမက လူကြီး
လူငယ်အားလုံးကို သူတို့ဆီမှာ ရှိတဲ့ အရည်အချင်းအလိုက် အင်မတန် လေးစားတတ်တယ်..။ အဲဒီအခါ ဘယ်သူ့ကမ
ို ဆို
မခန့်လေးစားဆက်ဆံတတ်တဲ့သူမျိုးဆို ကျမက မကြိုက်တော့ဘူး။ ကျမ သူငယ်ချင်း တယောက် ကလည်း အဲဒီကိစ္စ ကျမကို
ဝေဖန်ဖူးတယ်..။ လူတိုင်းရဲ့ အလေးစား ခံချင်လို့တော့ မရဘူးတဲ့..။ ကျမက ပြန်ပြောတယ်.. ကျမပြောနေတဲ့ Respect
ဆိုတာက အပြန်အလှန်လေးစားမှုကိစ္စလို့..။ တကယ်ပါ.. လူတိုင်းမှာ ကျမတို့ မသိနိုင်တဲ့ အရည်အချင်း အနည်းဆုံး တခုတော့
ရှိတယ်..။ အဲဒါကို ကျမ လေးစားတယ်..။

ပြီးတော့ ကျမက အထင်သေးစရာ ရှိတဲ့ လူဆိုရင်လည်း လုံးလုံးပဲ.. ခါးခါး သီးသီး..။ ကျမရဲ့


အကိုလိုဖြစ်နေတဲ့ မိတ်ဆွေတယောက်က ပြောဖူးတယ်.. ကျမက ချစ်လုံးလုံး မုန်းလျားလျား တဲ့..။ အဲဒါ ပတ်ဝန်းကျင်မှာ
မကိုက်ဘူး တဲ့။ ဟုတ်မှာ..။

ဒါပေမဲ့ ကျမကတော့ သိပ်ရှင်းပါတယ်..။ လောကကြီးမှာ သူတပါးအပေါ် ကလိမ်ကညစ်ကျ.. ဒုက္ခပေးတဲ့


သူတွေ.. အထူးသဖြင့် ကိုယ့်အချင်းချင်းကို အလွဲသုံးစားလုပ်တဲ့သူတွေကို ကျမက ခါးသီးတာပါ..။ အဲဒီအခါ ကျမက
မထင်ရင်မထင်သလိုတွေ ပြော..။ ဘယ်လို ဖြစ်သင့်တယ်.. ဘယ်ညာဖြစ်သင့်တယ်ပေါ့..။ ပြီးတော့ ကျမက အဲလို
လူတွေကိုဆိုလည်း ဘယ်တော့မှ ဧည့်ထောက်ခံ စကားမပြောတော့..။ တကယ်တော့ ကျမက ကိုယ်တိုင်ကလည်း ဘာမှ
မဟုတ်ပါဘဲနဲ့လေ…။ ဆိုတော့ တရက်လည်းကျရော.. Group mail တခုကနေ ကျမက စစ်အစိုးရက လွှတ်တဲ့
ထောက်လှမ်းရေးဖြစ်ကြောင်းနဲ့ ကျမကို သတ်ပစ်နိုင်တယ်ဆိုတဲ့ အကြောင်းတွေ စာဖြန့်ပါလေရော..။ ရေးထားတာလည်း
စော်စော်ကားကား မိုက်မိုက် ရိုင်းရိုင်းတွေ..။ မှတ်မှတ်ရရ.. ၂၀၀၆ ဇွန်လထဲမှာ..။ ကျမဖြင့် ကျောင်းဆရာမ လုပ်လာတဲ့သူ
ဆိုတော့ တကယ့်ကို အဲလို အစော်ကားခံရတာကို မခံစားနိုင်ဘူးဖြစ်သွားတယ်။ စိတ်ဆိုး တာထက် အံ့သြတုန်လှုပ်ပြီး
ဝမ်းနည်းသွားမိတာ..။ (အဲဒီတုန်းက Blog လည်း မလုပ်ရ သေးတော့ Cbox ကနေ ) ပက်ပက်စက်စက်ဝင်ဆဲတာမျိုးကိုလည်း
မကြုံဖူးသေးတော့ အရေမထူသေးဘူးလေ..

ဘာပဲဖြစ်ဖြစ်.. ဒီဘက်ဝန်းကျင်အသိုင်းအ၀ိုင်းဟာ ကျမရဲ့ အတွင်းစိတ်ထဲက အထင်ကြီး လေးစားထားတဲ့


အ၀န်းအ၀ိုင်းကိုး။ ပြီးတော့ စာထဲက အသွားအလာအရ.. နအဖရဲ့ ဆင်ကွက်လည်းမဟုတ်တာ သေချာ နေပြန်တယ်။
ပြောရရင် ကိုယ့်နားလေးကပဲ။ နောက်တော့ နည်းပညာကျွမ်းကျင်တဲ့ ကျမရဲ့ မောင်လေးတွေထဲက တယောက်က Trace
လိုက်ပေးလို့ ဘယ်နေရာက ပို့တယ်..။ IP နံပါတ်နဲ့ အဲဒီ email ဖွင့်တဲ့ ရက်စွဲကအစ ရလိုက်ပါတယ်။ စိတ်ထဲ
မှန်းကြည့်ရတာပေါ့လေ..။ နောက်တော့လည်း အဲလို လုပ်တာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုကတ
်ာဖြစ်ပြီး ဘယ်သူဆိုတာလည်း
လုပ်တဲ့သူရဲ့ partner က ဖော်လို့ပဲ သိလိုက်ရ ပါတယ်။ ဒီတော့လည်း ကျမက အော်.. ဒီလိုလားနဲ့ ပြီးလိုက်တာပါပဲ..။
တကယ်လည်း ကာယကံရှင်က ၀န်မခံရင် ဘာမှ ထူးတာ မဟုတ်ဘူးလေ..။

ဇင်းမယ်က ဘ၀မှာတော့ ကျမမှာက စိတ်ချမ်းသာစရာသာ ခပ်များများပါ..။ အဲဒီအချိန်တုန်းက ကျမ Radio


Free Asia မှာ အပတ်စဉ် ပညာရေးကဏ္ဍ ရေးနေတဲ့အချိန.် .။ ပညာရေးနဲ့ ပတ်သက်လို့ လိုတာမှန်သမျှ ကိုယ့်ကို
အကူအညီတောင်းသမျှ စိတ်လက်ရှင်းရှင်းနဲ့ ကူနင
ိုတဲ့အချိန်မို့ ကိုယ့်အလုပ် ကိုယ် လုပ်နေရတာ သိပ် စိတ်ချမ်းသာရပါတယ်။
စိတ် အနှောက်အယှက် အနည်းအကျဉ်းဖြစ်ရတာကတော့ ရှိတာပေါ့လေ..။ အဲဒါလေး လည်း ကြုံတုန်း ပြောပြချင်ပါတယ်။

ကျမက ကိုယ်တိုင်ကလည်း မြန်မာစာဆရာမ.. ပြီးတော့ စာရေးဆရာလည်းဖြစ်လေတော့ ‘စာအုပ်စာပေ


လူ့မိတ်ဆွေ’ဆိုတာကို တကယ်ယုံပါတယ်..။ ကျမကိုယ်တိုင် စာအုပ်စာပေ တွေထဲကပေးတဲ့ အင်အားတွေနဲ့ ဘ၀ကို
ရင်ဆိုင်နိုင်ခဲ့တာတွေ ရှိတာမို့လည်း စာဖတ်တဲ့ အကျိုးကို တကယ် ယုံတာပါ။ အဲဒီအခါ ကျမနေတဲ့ ၀န်းကျင်လေးမှာ စာဖတ်
အားနည်းကြတာ သိလို့ အမြဲလိုလို ကျမစကားပြောရတဲ့ ပွဲတွေမှာ စာများများ ဖတ်ကြပါလို့ တိုက်တွန်းမိပါတယ်။ အဲဒါကို ဗမာ
မဟုတ်တဲ့ တိုင်းရင်းအဖွဲ့တချို့က ဒေါ်မေငြိမ်းက ဗမာမဆိုတော့ တိုင်းရင်းသားတွေကြားမှာလာပြီး ဗမာလူမျိုးကြီးဝါဒ ဖြန့်ချိရေး
လုပ်နေတယ်.. Burmanize လုပ်နေတယ် လို့ ပြောကြပါတယ်။ အဲလိုပြောတဲ့အထဲမှာ NGO နိုင်ငံခြားသားတချို့လည်း
ပါပါတယ်။ အစပိုင်းတုန်းကတော့ ကျမ တော်တော် စိတ်မကောင်းဖြစ်လိုက်ပါသေးတယ်။ ဒါပေမဲ့ တကယ့် အထင်ကရ
တိုင်းရင်းသားခေါင်းဆောင် အများစုကတော့ အဲလို သဘောမထားကြပါဘူး။ ဒီတော့လည်း ကျမက ဒါဟာ သဘောထား
မကြီးနိုင်တဲ့ သူတွေရဲ့ တုံ့ပြန်မှုပဲလို့ တွေးတယ်..။ ပြီးတော့ ဗမာဆိုတာနဲ့ ပတ်သက်ပြီး သူတို့ ခံစားခဲ့ရတဲ့ ပမာဏကို
စဉ်းစားကြည့်ပြီး မေ့ထားလိုက်ပါတော့တယ်။ (တကယ်တော့ ဗမာအစိုးရလို့ သူတို့ စွဲနေတဲ့ စစ်အစိုးရက ကျမတို့ ဗမာလူမျိုး
ဆိုတာတွေကိုရော ချမ်းသာပေးလို့လား…)

အဲဒီလို မေ့ထားနိုင်တဲ့ ကာလထိ မရောက်ခင်ကတော့ ကျမမှာ မကြာခဏ အငြင်းအခုန် ဖြစ်ရပါတယ်။ ကျမ


ပြောချင်တာက ကျမ ဗမာဖြစ်တာထက်.. မြန်မာစာဆရာမ ဖြစ်လို့ ဆိုတာထက် လောလောဆယ်မှာ တကယ် ရှောင်လွှဲ မရတဲ့
အမှန်တရားက မြန်မာစာဟာ တရားဝင် ရုံးစာ.. တရားဝင်တွင်ကျယ် ဘာသာစကား ဖြစ်နေတာပါ။ ဒီတော့ မြန်မာပြည် အရေး..
မြန်မာပြည်နဲ့ ပတ်သက်လို့ လုပ်တဲ့ ကိုင်တဲ့အခါ မြန်မာစာ တတ်မှပဲ .. မြန်မာလို တတ်မှပဲ လုပ်ရ ကိုင်ရတာ အဆင်ပြေ
ချောမွေ့ပါမယ်..။ ကျမက ပြောပါတယ်.. အနည်းဆုံး စစ်အစိုးရကို ရန်ဖြစ်တောင် မြန်မာလိုပြောပြီး ဖြစ်ရမှာပါ.. လို့။
(တကယ်ဆို မြန်မာတွေ ကြားထဲမှာ NGO လုပ်နေတဲ့ နိုင်ငံခြားသားတွေတောင် ဗမာစကား သင်နေကြတာပါ)။

ဒါပေမဲ့ တချို့ကတော့ ခါးခါးသီးသီး ငြင်းဆန်ပါတယ်။ ကျမပြောချင်တာက မြန်မာပြည်ထဲမှာ


ကရင်ပြည်နယ်က ကရင်လူမျိုး နဲ့ ဟိုးမြောက်ဖျားက ကချင်လူမျိုးတို့ တွေ့တဲ့အခါ သုံးစွဲရမယ့် ဘာသာစကားဟာ
လောလောဆယ်မှာတော့ မြန်မာစကားပဲ ရှိနေတာပါ..လို့။ အဲဒါကို အဖွဲ့အစည်းထဲက တချို့က သဘောမတူ ပါဘူး။
အင်္ဂလိပ်လိုပဲ ပြောမှာပေါ့တ.ဲ့ .။ ကျမက ပြန်ပြောလိုက်ပါတယ်..။ ဒါဆို ကျမတို့ တော်လှန်ရေးကာလမှာ ပြည်တွင်းက
လူတွေကို အင်္ဂလိပ်စာကို အဆင့်အတန်းမီ ပြောနိုင်အောင် အချိန်ယူ လုပ်ဖို့လည်း လိုတယ်လ.ို့ .။ ဒါဆိုရင်တော့
တိုင်းရင်းသားအားလုံး စည်းလုံးနိုင်ဖို့ အင်္ဂလိပ်စာ အရင်သ င်မှပဲ.. လို့။ တချို့ တိုင်းရင်းသား လူငယ်တချို့ကဆို ဗမာတွေကို
မုန်းတယ်လို့ ကျမရှေ့မှာ တမင် ပြောတာတောင် ကြုံခဲ့ရဖူးသေးတာပါ။ တကယ်တော့လည်း ကျမတို့မြန်မာနိုင်ငံသားတွေဟာ
ခံစားချက်တွေ အတွေးတွေ ကိုယ်စီ အဆိပ်သင့် နေကြရ သူတွေပါပဲ...။ တကယ့် တရားခံကိုပဲ ကျမတို့ တိုက်သင့်တာ
မဟုတ်ဘူးလား..။ ခုတော့ မရှိအပ်တဲ့ အမုန်းတွေနဲ့.. မလိုအပ်တဲ့ မသင့်မြတ်မှုတွေန.ဲ့ .။

နောက်တခု ကျမပြောဖို့ ကျော်သွားတာက အမေရိက သွားမယ်လို့ ထွက်လာတဲ့ ကျမက ဘာလို့ ထိုင်းမှာ


နေဖြစ် သွားတာလဲ ဆိုတာလေးပါ..။။

တကယ်တော့ ကျမက အပြင်ထွက်လာတဲ့အထိ ထိုင်းမှာ နေရင်း ကိုယ့် မြန်မာ အသိုင်းအ၀ိုင်းအတွက် တခုခု


လုပ်ပေးလို့ ရနေတယ်ဆိုတာကို မသိခဲ့ပါဘူး။ ပြီးတော့ ထိုင်းကနေ အမေရိကကို ဘယ်လို သွားနေတာလဲ ဆိုတာကိုလည်း
သေချာ မသိခဲ့ပါဘူး။ တကယ်တမ်း ထိုင်းကို ရောက်မ.ှ . မဲဆောက်မှာ တလလောက်နေမှ.. ထိုင်းမှာနေပြီး မြန်မာ့အရေး
မှန်သမျှကို အသီးသီး လုပ်နေကြတဲ့သူတွေ.. တွေ့တာ။ ပြီးတော့ ခင်မင်းဇော်ရဲ့ ချစ်ချစ်နဲ့ စကားတွေ ပြောရာက.. ထိုင်းမှာ
နေရင်း ကိုယ့် community အတွက် တခုခု လုပ်နေချင်စိတ် ပေါက်လာတာ..။ နောက်တချက်ကတော့ ဒုက္ခသည်….. ကိစ္စပေါ့။
(Refugees ကို ဘယ်သူက ဒုက္ခသည်လို့ ဘာသာပြန်ခဲ့တယ် မသိပါ)

ကျမ မဲဆောက်မှာ ရှိနေတုန်းမှာပဲ ထိုင်းအစိုးရက နိုင်ငံရေးသမားအများစုပါတဲ့ Refugees တွေ Camp


ဝင်ပြီးမှ Third Country ထွက်ရမယ်လို့ သတ်မှတ်တာပါ..။ နောက်တခု ကျမတို့ ရောက်လာတဲ့အချိန်လောက်မှာပဲ
ဒုက္ခသည်ခံပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ သွားနေချင်တဲ့ ပြည်တင
ွ်းကလူတွေ အများကြီး မဲဆောက်ကို ရောက်လာပါတယ်။
အဲဒီတုန်းက မဲဆောက်မှာ ဒုက္ခသည်တွေအပေါ် ထားတဲ့ သဘောထားနှစ်မျိုး ကွဲသွားပါ တယ်။ တမျိုးကတော့ နိုင်ငံရေးအရ
ဒုက္ခမရောက်ရဘဲ လာကြတဲ့သူတွေကို အခွင့်အရေးသမားလို့ သတ်မှတသ
် လို နိုင်ငံရေးသမားက တတိယနိုင်ငံ
သွားတာကိုလည်း တော်လန
ှ်ရေးကို ကျောခိုင်းသွားတယ်လို့ မြင်ကြပါတယ်။ နောက် တအုပ်စုကတော့ မြန်မာနိုင်ငံသားမှန်သမျှ
ဒုက္ခသည်ပဲ.. တယောက် လွတ်သွားရင် တယောက် အေးသွားတာပေါ့.. တဲ့။ ကျမကတော့ ကိုယ်တိုင် နိုင်ငံရေးကို
ဖြတ်သန်းမလာရလို့လား မသိပါဘူး . အဲလို သဘောထား တခုမှ စိတ်ထဲ မရှိပါဘူး။ တခုပ.ဲ . ဒုက္ခသည်ဖြစ်ဖို့က နိုင်ငံရေးအရ
အန္တရာယ် ရှိလောက်တဲ့ သူတော့ ဖြစ်ရပါမယ်။ ဒါမှပဲ UNHCR က မေးတဲ့အခါ အံဝင်တဲ့ အဖြေဖြစ်ပါမယ်။
အဲဒါကပဲ ကျမရဲ့ ပြဿနာပါ..။ ကျမက နိုင်ငံရေးအရ အန္တရာယ်ရှိလို့ ထွက်လာတာ မဟုတ်…။ အဲဒါကို
အန္တရာယ်ဘယ်လို ရှိကြောင်း ကျမ မဖြေနိုင်ပါ..။ လိမ်ဖြေရင်ရတာပဲ.. သိပ်လွယ်တာပဲလို့ သိနေ ကြားနေပေမဲ့ ကျမ
မလုပ်နိုင်ပါ။ ကျမက ကိုယ်တိုင်ရော.. ကိုယ့် မိဘ မောင်ဖွား ထဲမှာရော အန္တရာယ်ရှိလောက်အောင် နိုင်ငံရေးလုပ်တဲ့သူ
မရှိတော့ပါ။ တကယ် လုပ်ခဲ့တဲ့ အဖေနဲ့ မောင်လေး (သုံးရောင်ခြယ်)တို့တောင် မရှိတော့တာ ကြာပြီပဲလေ။ ပြီးတော့
တကယ်တမ်း အန္တရာယ်ရှိသူတွေကတောင် ကြံ့ကြံ့ခံလုပ်နေတာကို ကျမက မဟုတ်ဘဲနဲ့ အန္တရာယ် ရှိတယ်လို့ မပြောချင်ခဲ့ပါ။

ကျမက ထွက် လာလာချင်း DVB (Democratic Voice of Burma) ရေဒီယိုက အင်တာဗျူး မှာတောင်..
ဘာလို့ ထွက်လာတာလဲ ဆိုတဲ့ မေးခွန်းကို မနေချင်လို့ ထွက်လာတာပါ.. လို့ ရိုးရိုးပဲ ဖြေခဲ့တာပါ။ ဒါပေမဲ့ ဒုက္ခသည်
လျှောက်လွှာတော့ တင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းမှာ တရားမ၀င် နေနေတဲ့အချိန.် . အဖမ်းဆီးခံခဲ့ရရင် ဖြေရှင်းရ
လွယ်မလားလို့ပါ..။ နောက် တကယ် အနေကြာသွားတော့လည်း ထိုင်းမှာ တရားဝင်နေလို့ရတဲ့ အခြေအနေတခု ရလာတာပါပဲ။
သားနဲ့ သမီးကလည်း ထိုင်းကျောင်းတွေမှာ..။ သားကြီးလည်း အလွတ်သင် ပညာရေးတခု ဆက်နေပြီ။ ကျမနဲ့ ရာကျော်လည်း
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကိုယ်စီန.ဲ့ .။ အေးလိ.ု့ .။ တကယ်ပဲ ထိုင်းမှာ ဇင်းမယ်မှာပဲ နေတော့မှာလို့ ကျမဆုံးဖြတ်ထားခဲ့တာ…
၂၀၀၇ ထိပေါ့။
၂၀၀၇ထဲမှာ… ကျမရဲ့ အကိုအရင်းလို ဖြစ်နေတဲ့ သူငယ်ချင်းတယောက်က ဘန်ကောက်မှာ နေနေရာကနေ
အမေရိကန် DV (Diversity Visa Lottery) ပေါက်ပြီး တမိသားစုလုံး US ကို ထွက်သွားပါလေရော…။ အဲဒီသူငယ်ချင်းကိုလည်း
ကျမရဲ့ အကိုလို မိတ်ဆွေတယောက်ကပဲ on line ကနေ အပျော်ဆိုပြီး လုပ်ပေး လိုက်ရာကနေ ထပေါက်သွားတာ။ ဒါနဲ့
ကျမက ဒီနှစ် ကျမတို့အလှည့်ဆိုပြီး အပျော်လုပ်ကြည့်ကြပါရော..။ ကျမရော.. ရာကျော်ရော..။ အဲဒီအကိုက မေးသေးတယ်..
ပေါက်ရင် တကယ်သွားမှာလား.. တဲ့။ ကျမက “ပေါက်ပါစေဦး.. ကျမက ဘယ်တော့မှ ထီမပေါက်ဘူး“ လို့တောင်
ပြောလိုက်သေး..။ အဲဒီ အကိုအိမ်မှာ မုန့်လုပ် စားကြရင်း ဓာတ်ပုံလည်း အိမ်မှာပဲ အဖြစ်ရိုက်ပြီး အဲဒီအကိုက
တင်ပေးပါလေရော..။ မှတ်မှတ်ရရ.. ဖောင်ပိတ်ဖို့ ၂ရက် အလိ…
ု ။ ၂၀၀၇ ရဲ့ နိဝ
ု င်ဘာ ၂၈ရက် ညကြီး..။

တကယ်လည်း ကျမက ဘယ်အရာမှ အလွယ်တကူမရသူဆိုတာတော့ အမှန်ပါပဲ…။ အဲဒီ Lottery လည်း


ရာကျော် ပေါက်ခဲ့တာပါ။ ၂၀၀၈ခုနှစ် မေလဆန်းမှာပဲ Lottery မှာ အရွေးခံရ
ံ ကြောင်း စာနဲ့ ဖြည့်ရမယ့် Form ထုပ်ကြီး
ရာကျော့်နာမည်နဲ့ ရောက်လာပါတော့တယ်..။ တကယ်ထူးဆန်းတဲ့ ကံကြမ္မာ အလှည့်အပြောင်းတခုပါပဲ။ အမှန်အတိုင်း
ပြောရရင်.. ကျမ တကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ ပြီးတော့ ခဏလေးအတွင်းမှာပဲ ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းတွေ
ဝင်လာပါ တော့တယ်။ ဖြစ်ချင်တော့ အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် ကျမက ဒေါ်ခင်မင်းဇော်တို့ဆီ ရောက်နေတဲ့ အချိန…
် ။
ရာကျော်ကတော့ အေးဆေးပဲ.. ကျမက ဘာလုပ်ကြ မလဲဆိုတော့ သိဘူးလေ.. ညည်းသဘောတဲ.့ .။ ထုံးစံ အတိုင်း..။
ကျမကတော့ သံခင်းတမန်ခင်း နားလည်သူ သူငယ်ချင်းများနဲ့ တိုင်ပင်ရတာပေါ့။ အားလုံးကတော့ လုပ်ကြည့်ချင်ရင်တော့
စမ်းပေါ့.. တဲ့။ ဒါပေမဲ့ ကျမတို့ အနေအထားနဲ့တော့ သိပ်မလွယ.် . တဲ့။ ကျမတို့မှာ ထိုင်းမှာ ယာယီနေလို့ရနေတဲ့
အထောက်အထား ကဒ်ပြား တွေက လွဲလို့ ဘာမှမရှိ။

ပြီးတော့ Green Card Lottery နဲ့ အမေရိကသွားဖို့ဆိုတာ လူတယောက်ကို အနည်းဆုံး ဒေါ်လာ ၃၀၀၀
လောက် ကုန်တာလေ..။ ကျမတို့က ၅ယောက်ကြီး..။ လက်ထဲမှာ ရှိနိုင်တဲ့ ပိုက်ဆံက တယောက်တည်း သွားမယ်ဆိုရင်တောင်
အနိုင်နိုင.် .။ ပြီးတော့ ကျမက ဘယ်တော့မှ ခွဲရေး မစဉ်းစား…။ ဒီမိသားစု တပြုံလုံးတွဲရေးပဲ စဉ်းစားတာလေ..။
ပိုခက်တော့မှာပေါ့…။ နောက်တော့ အဲဒီ DVနဲ့ မိသားတစုလုးံ ထွက်သွား နှင့်တယ်ဆိုတဲ့ အကိုက ကြိုးစားကြည့်ပါလား.. တဲ့။
လိုတာ ကူကြမယ်တဲ့။ အဲလိုပဲ ကျမတို့ကို အဲဒီ ထီထိုးပေးတဲ့ အကိုကလည်း ကူမယ်တဲ့။ ဒီလိုနဲ့ ကူမယ်ဆိုတဲ့သူတွေ
လေးငါးယောက် ဖြစ်လာ..။ သူငယ်ချင်း တယောက်ကတော့ မိသားစု ၅ယောက် ဒေါ်လာ ၁သောင်းခွဲလောက် ကုန်မယ့်ကိစ္စ..
ကျနော်သာဆို မလုပ်ဘူး.. Burden ဖြစ်တယ်.. တဲ့။ ဒါလည်း ဟုတ်တာပဲ..။ နောက် တချို့သူငယ်ချင်းတွေကကျတော့လည်း
အမေရိကန် မြေကို နင်းတာနဲ့ Green Card ရတာမို့ ဒေါ်လာ ၁သောင်းခွဲလောက် ကြွေးတင်ပြီး မိသားတစုလုံး အတူ
ရောက်နိုင်တယ် ဆိုရင် မဆိုးပါဘူးတဲ့။ ကိုယ့် နေထိုင်ခွင့်နဲ့ သားသမီးတွေ ပညာရေးအခွင့်အလမ်း.. နောက် သွားဖို့လာဖို့
Document တဲ့။ ပြီးတော့ ကျမလို ကျောင်းတခုခု တက်ချင်သေးတဲ့သူအတွက် ကြိုးစားကြည့်သင့်တယ်… တဲ့။ ပြီးတော့ ကျမ
အဓိကထားစဉ်းစားတာ သားကြီး ပညာရေးကိုပါ..။ သားကြီးခမျာ ငယ်ငယ်လေးကတည်းက ကျမသွားလေရာ တတန်းတန်း
လိုက်ရင်း ဒုက္ခရောက်ရတာ များပေါ့။ အငယ်လေး နှစ်ယောက်က ထိုင်းပညာရေး ကောင်းကောင်း ရနေလို့မို့ ပူစရာမလိုလ.ှ .။
သမီးနဲ့သားက ထိုင်းဘုရင်ကြီးရဲ့ ပညာသင်ဆုလည်းရထားတာမို့ အခြေခံပညာအထက်တန်း(၁၂တန်း)အထိ Free Education
ရပြီးသား။ သားကြီးသာ ဟိုမရောက် ဒီမရောက်… လမ်းခွတ်လတ်မှာ။

တကယ်တမ်းက စဉ်းစားစရာကို မလိုဘဲ နောက်ဆုတ်သင့်တဲ့ အနေအထားပါ။ ဒါပေမဲ့ မဟာဇနကဇာတ်ကို


သမိန်ပေါသွပ် ဟာသလုပ်သလို လုပ်ရရင်… ကံက ဆိုးချင်တော့ ထိုင်းကို ထွက်လာမိတယ်။ ကံက ကောင်းချင်တော့
အေးအေးဆေးဆေးလေး နေခဲ့ရတယ်။ တခါ ကံက ဆိုးချင်တော့ ထီထိုးမိ။ ကံက ကောင်းချင်တော့ အဲဒီ ထီက ထပေါက်..။
ကံက ဆိုးချင်တော့ ထီလက်မှတ်က တပိုင်းပဲ သေချာ..။ ဒါပေမဲ့ ကံက ကောင်းချင်တော့ အဲလို ပါးစပ်ဆိုးဆိုး ကျမကို ကူမယ့်
သူတွေက ပေါ်လာ..။ အမေရိကန် သံရုံးကတောင် မနေနိုင်။ ဒါပေမဲ့ ကံက ဆိုးချင်တော့ အရာရာက အထစ်ထစ် အငေါ့ငေါ့..။
ဗီဇာ ထုတ်ရတော့မယ့် အဆင့်မှာကို ၅လ စောင်.့ . သံရုံး ၈ခေါက် ၀င်ရ..။ ဆေးစစ်တာကပဲ ၃ခါ..။ အမယ်မင်းးး ဘန်ကောက်နဲ့
ဇင်းမယ်… တက်လိုက် ဆင်းလိုက်.. စိတ်ပမ်း လူပမ်း ငွေပမ်း ..။ ပိုက်ဆံ စုထားသမျှလေးတွေ ဟောကနဲ ဟောကနဲ..။

ကျမတို့ US ကို အရောက်ဝင်ရမှာက ၂၀၀၈ စက်တင်ဘာ ၃၀ရက်နေ့ နောက်ဆုံးထား အရောက်..။


စက်တင်ဘာလဆန်းအထိ ကျမတို့ လက်ထဲ ဗီဇာ မရောက်သေး။ နောက်ဆုံးတော့ စက်တင်ဘာလ ၅ရက်နေ့မှာ ကျမတို့
လက်ထဲကို ဗီဇာတွေနဲ့ Travel Document တွေ ရောက်လာပါတော့တယ်။ အမှန်အတိုင်း ၀န်ခံရရင်.. အိပ်မက်လိုပါပဲ..။
အင်မတန် ကပ်သီးကပ်သပ်နိုင်လောက်အောင် စစ်ဆေးတာတွေ အထပ်ထပ်လုပ်သော အမေရိကန်ပြည်ထောင်စုရဲ့ သံရုံးက
မြန်မာနိုင်ငံက ပါလာတဲ့ မှတ်ပုံတင်တွေ.. ကျမရဲ့ ၀န်ထမ်းကဒ်ပြားတွေ ဘွဲ့လက်မှတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်
မိတ်ဆွေတချို့ရေးပေးတဲ့ အထောက်အထားတွေကိုသာ အရင်းခံပြီး ပြည်ဝင်ခွင့် ဗီဇာတွေရော.. ခရီးသွားခွင့်လက်မှတ် တွေပါ
ထုတ်ပေးခဲ့ပါတော့တယ်။ တကယ်တမ်း ဗီဇာအတွက် သံရုံး ၀င်တော့လည်း မေးတဲ့ မေးခွန်းက ဟိုရောက်ရင် ဘာလုပ်မလဲတဲ့။
ကျမက ကျောင်းတခုခု ဆက်တက် မယ်ပေါ့..။ ကျမသားလည်း ကျောင်းတက်မယ်ပေါ့..။ ဒါပဲ…။

ဒီလိုနဲ့ လက်ထဲ ဗီဇာတွေလည်း ရောက်.. ဇင်းမယ် ပြန်..။ ထွက်ဖို့အတွက် လေယာဉ်လက်မှတ် ၀ယ်…။


စက်တင်ဘာ ၁၈ရက်… ည ၉နာရီ.. Thai Airway နဲ့။ ကျမ သတိထား မိသေးတယ်။ ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့်
မှတ်မှတ်ရရပဲလို့။

စက်တင်ဘာ ၁၈ရက်နေ့မှာ ကျမတို့ မိသားစု စိတ်လှုပ်ရှားနေခဲ့ကြတယ်. .။ ကျမတို့ ဘ၀မှာ နောက်ထပ်


အသစ်တခု။ တကယ်တော့ စိတ်တွေရော လူတွေပါ ပင်ပန်းလှပြီ။ အထူးသဖြင့် ရာကျော်ရယ်.. ကျမရယ်.. သားကြီးရယ်..
မေလ ကတည်းကနေ ခု စက်တင်ဘာထိ.. ဒီကိစ္စထဲ ပင်ပန်းနေခဲ့ကြရတာ မဟုတ်လား။ ဒါပေမဲ့ မပြီးပြတ်သေးဘူး။ ကျမတို့က
ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ခဲ့ကြတာဖြစ်လို့ နောက်တနိုင်ငံကို တရားဝင် ထွက်ဖို့အတွက်ဆိုရင် ဥပဒေအတိုင်း Detention
Center ၀င်ပြီးမှသာ ထွက်ရမှာပါ။ အမှန်အတိုင်းပြောရရင် ထောင်အသေးစားလေးဖြစ်တဲ့ DC ထဲ ကျမ ကလေး
လူမမည်လေးတွေ ၀င်ရမှာကို ကျမ စိတ်ထဲ မကောင်း ဖြစ်နေမိပါတယ်။ ပြီးတော့ တတိယနိုင်ငံ သွားဖို့အရေး ခုလို
ဖြစ်ရလေတယ်လို့လည်း စိတ်ထဲ ရှက်သလိုလို ဖြစ်နေမိတယ်။ ဒါပေမဲ့ ကျမတို့က သူတပါး နိုင်ငံကို တရားမ၀င်
ဝင်လာခဲ့တာကိုး.. ဆိုတဲ့ စိတ်နဲ့ ဖြေရပါတယ်။ ကျမတို့ DC ထဲမှာ တနေကုန် နေရမှာပါ..။ ညနေ ၄နာရီမှ DC ကနေ ထွက်ရမှာ
ဖြစ်ပြီး ည ၉နာရီမှာ လေယာဉ် ထွက်မှာပါ။

အဲဒီအချိန်မှာပဲ မျှော်လင့်မထားတဲ့ ပြဿနာပေါ်လာပါတော့တယ်။ အဲဒါကတော့ အမေရိကန်သံရုံးက ပေးတဲ့


Travel Document ကို မယုံပါဘူး..တဲ့။ အမေရိကန်သံရုံးကို ဖုန်းဆက်မေးလို့ ကောင်စစ်ဝန်က အတည်ပြုပေးတာလည်း
မရပါဘူး။ နောက်ဆုံး ကောင်စစ်ဝန်ရုံးက အမှုထမ်းတယောက်ကိုယ်တိုင် လာပြီး အာမခံတာတောင် မရဘူးဖြစ်နေပါတယ်တဲ့။
အဲဒီအခါမှာတော့ ကျမ စိတ်နည်းနည်းပူလာပါတယ်။ အင်မီဂရေးရှင်းက လူတွေရဲ့ အမူအယာကလည်း နည်းနည်း
တင်းမာလာပါတယ်။ သူတို့က ဘာမို့လို့ အမေရိကန်သံရုံးရဲ့ ဗီဇာတွေ ခရီးသွားလက်မှတ်တွေ ရရတာလဲတဲ့။ ပြီးတော့ Green
card Visa တဲ့.. မဖြစ်နိုင်ဘူး..တဲ့။ အဲလိုတွေ ပြောကြတယ်လို့ ဆိုပါတယ်။ ကျမကတော့ အချက်အလက် အထောက်အထား
အားလုံးက အမှန်ပဲမို့လို့ စိတ်ညစ်ပေမဲ့ နောက်ဆုံး အဆင်ပြေမှာပဲလို့သာ တွေးထားတာပါတယ်။ ကျမ ပြဿနာကို
လိုက်ရှင်းပေးနေတဲ့ သူငယ်ချင်းကလည်း အားပေးပါတယ်။ ပြီးသွားမှာပါ.. မပူန.ဲ့ . တဲ့။
နောက်တော့.. ကျမတို့ မိသားစု သံမံတလင်းအခင်းသာ ရှိတဲ့ DC ထဲမှာ တနေကုန် နေကြရပါတယ်။ သမီးနဲ့
သားငယ်လေးကတော့ ကျမတို့ ပေါင်တွေပေါ်မှာ အိပ်ပျော်လို့။ သားကြီးကတော့ မျက်နှာ မကောင်းရှာပါဘူး။ ကျမမှာလည်း
မိသားစု သိပ် စိတ် အားမငယ် အောင် မာန်တင်းပြီး နေနေရပါတယ်။ ရင်ထဲမှာတော့ ဆို့ဆို့ကြီး ဖြစ်နေပါတယ်။ ပိုဆိုးတာက
DC အချုပ်တခုလုံး မြန်မာနိုင်ငံသားတွေချည်း ဖြစ်နေတာပါပဲ။ အလုပ်သမား တွေပါ..။ လက်မှတ်မရှိလို့ ဖမ်းခံကြရတာတဲ့..။
သူတို့ကို ထိုင်းမြန်မာနယ်စပ်မှာ သွားပစ်မှာ.. တဲ့။ ကောင်မလေး တချို့က ငိုလို့..။ အားလုံးက ကျမတို့ကို တအံ့တသြ
ကြည့်ကြပါတယ်။ ကျမကတော့ တနေကုန် နေရမယ့်အတူတူ မိန်းကလေးတချို့နဲ့ စကားပြောနေလိုက်ပါသေးတယ်။ ကျမတို့
ပြဿနာကိုတော့ သူငယ်ချင်း တွေက ရှင်းနေကြတုန်းပေါ့။

ဒီလိုနဲ့ ညနေ ၄နာရီ ရောက်လာပါတယ်။ အချုပ်ကားတစီး လာရပ်ပြီး အချုပ်ခန်းတံခါး ဖွင့်ပါတယ်။ အင်း…


အခန်းထဲက အလုပ်သမားတွေကို ခေါ်သွားတော့မယ်ပေါ့။ ဒီလိုနဲ့ နာမည် တွေ ခေါ်ပြီး အချုပ်ကားပေါ်တင်တော့ ကျမတို့က
ထွက်ရမယ့်သူတွေဆိုပြီး ခပ်အေးအေး လုပ်နေတာ…။ နောက်တော့ ခေါ်တဲ့ နာမည်တွေထဲ ကျမတို့ မိသားစု ပါပါလေရော..။
ထိုင်းလို ပြောတာတွေ ကျမတို့က နားမလည်။ ကျမတို့ တင်ထားတဲ့ စာရွက် စာတမ်းတွေအကြောင်း ပြောတော့လည်း
ပြောမရ..။ ကျမ ကိုယ့်လူတွေဆီ ဖုန်းတွေခေါ်နေတုန်းမှာပဲ ကျမတို့ မိသားစု အချုပ်ကားပေါ် တက်လိုက်ရပါတော့တယ်။
အဲဒီအချိန်မှာ ကျမကလေးတွေက သိပ်ကို တုန်လှုပ်နေပြီ။ ကျမကတော့ လိုတဲ့ဖုန်းတွေ အရအမိ ဆက်နေရပါတယ်။
ကျမကိုယ်တိုင်လည်း ခုလိုဖြစ်ရတာကို နားမလည်နိုင်တော့ ပါဘူး။ အချုပ်ကားပေါ်မှာ တလမ်းလုံး ကျမကိစ္စကို
ဆက်ဖြေရှင်းပေးဖို့ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ အကြောင်းကြားနေရင်းကပဲ ကျမတို့ကို ချုပ်မယ့် ရဲဌာန အချုပ်စခန်းဆီ
ရောက်လာပါတယ်။ အဲဒီအထိလည်း ကျမက တော်ကြာနေရင်တော့ သူငယ်ချင်းတွေ လာခေါ်ပြီး ထွက်ရမှာလို့ ထင်နေဆဲပါ…။
ကျမ အင်မတန်ချစ်တဲ့ ဇင်းမယ်ရဲ့ ကျုံးနဘေးက အချုပ်ထောင်ထဲမှာ မိသားတစုလုံး အမှုတွဲအဖြစ် ၁၁ရက်ကြာအောင်
နေလိုက်ရလိမ့်မယ်လို့ နည်းနည်းမှ ထင်မထားခဲ့တဲ့ အချိန်ပေါ့။ ပြီးတော့ အဲဒါထက်ပိုပြီး ခြောက်ချားစရာ ကောင်းလှတ.ဲ့ .
စိတ်နှလုံး နာကျင်စရာကောင်းလှတဲ့ အဖြစ်အပျက်တွေကို ထပ်ကြုံရလိမ့်ဦးမယ်လို့ နည်းနည်းမှ တွေးမထားမိတဲ့ အချိန်ပေါ့။
မြသီလာအလွမ်းပြေ (၄၀)

Muang Police Station... ကျမတို့ ဆိုင်ကယ်နဲ့ မကြာခဏဖြတ်စီးသွားနေကျ ကျုံးထဲက ရဲစခန်းပေါ့။


အချုပ်ကား ရပ်လို့ ဆင်းကြရတော့ ကျမတို့ လူအုပ် ၁၅ယောက်လောက်ရှိမယ်.. ကျမတို့ မိသားစုကပဲ ၅ယောက်..။ အဲဒီအချိန်
သမီးနဲ့ သားငယ်လေးက ငြိမ်လို့။ သမီးက ၉နှစ်ပြည့်ကာနီးဆိုတော့ နားလည်တတ်နေပြီမို့ မျက်ရည် ၀ဲနေပြီ။
သားငယ်လေးကတော့ ကြောက်နေတယ်ထင်တယ်။ ကျမအတွက် အဲဒီအချိန်မှာ အရေးကြီးဆုံးက သားသမီး ၃ယောက်ရဲ့
ခံစားချက်ပါပဲ..။ ကျန်တာ ဘာမှအရေးမကြီးဘူး။ အဖြစ်အပျက်ထဲမှာ သူတို့ သိပ် မခြောက်ချားအောင်.. ပြီးတော့
ဒဏ်ရာအနာတရမကျန်ခဲ့အောင် ကျမ ကြိုးစားရမယ်။ သားကြီး စိတ်ဓာတ် မကျဖို့လည်း လိုတယ်။ ရဲတွေ ခေါ်သွားတဲ့
နောက်ကလိုက်နေရင်း သားကြီးကို ကျမပြောလိုက်တယ်..။ သား.. မေမေတို့ ကောင်းမယ်ထင်တာ လုပ်ခဲ့ပေမဲ့ ခုလို
ကြုံရတယ်.. ဒါကို သား စိတ်မညစ်န.ဲ့ . အမေတို့ ကြိုးစားပြီး ဖြေရှင်းရမှာပဲ.. တခုပ.ဲ . သား အဆိုးဆုံးဖြစ်လာနိုင်တာတွေသာ
စဉ်းစားပြီး ရင်ဆိုင်ဖို့ အားမွေးထားတော့..။ သားကြီးက ဘာမှပြန်မပြောဘူး။ မျက်ရည် လည်နေတယ်။
ကလေးတွေအဖေကတော့ တော်တော် စိတ်ထိခိုက်နေပါတယ်။ သမီးလေးကို ဖက်ထားတယ်။

ရဲစခန်းထဲမှာ ကျမတို့ကို ဒူးထောက်ထိုင်ခိုင်းပြီး တယ်လီဖုံးတွေ သိမ်းတယ်..။ ပြီးပြီ.. ကျမရဲ့


အဆက်အသွယ် မှန်သမျှ.. ပြတ်ပြီ။ ဒါပေမဲ့ ကျမ သူငယ်ချင်းတွေကို ကျမ စိတ်ချတယ်..။ ကျမတို့ ဘယ်မှာ ရှိတယ်ဆိုတာကို
သူတို့ စုံစမ်းနိုင်မှာပဲ…။ ဂျိမ်းကနဲဆို တံခါးတပေါက် ပွင့်သွားပြီး ကျမတို့အားလုံး ၀င်လိုက်ရတယ်။ ဘုရား… ဘေးဘယ်ညာမှာ
သံတိုင်တပ် အချုပ်ခန်းကလေးတွေ ရှိနေတဲ့ လှောင်အိုက်အိုက် အခန်းရှည်ကြီး.. အချုပ်ပေမဲ့ အပြင်ကို မမြင်ရအောင်
တံခါးတွေ ၃ထပ်ထားတာမို့ ထောင်နဲ့ တူနေပါတယ်။ ရုတ်တရက် ကျမ စိတ်ထဲ ပိတ်ရိုက်ခံလိုက်ရသလိုပါပဲ..။
မှောင်အိုက်နေတဲ့ ပိတ်လှောင်မ.ှု .။ ခပ်အဲ့အဲ့ အနံ.့ . ပြီးတော့ လူတွေအများကြီးးး.. ယောက်ျားတွေရော မိန်းမတွေရော..
ကလေးတွေရော..။ သမီးက ကျမလက်ကို တင်းကနဲဆုပ်တယ်။ သားငယ်လေးက ပေါင်ကို လှမ်းဖက်တယ်..။ ရဲက
ပြောတယ်.. ယောက်ျား မိန်းမ ခွဲနေပါ..တဲ့။ ရာကျော်က သားငယ်လေးကို ခေါ်သွားမယ်တဲ့။ သမီးနဲ့ ကျမ နေ... တဲ့။
မဖြစ်ဘူးထင်တယ်… သားက အမေမရှိရင် ပို ၀မ်းနည်းမယ်.. ဆိုတော့ ရာကျော်က အမေ ပင်ပန်းမယ်တ…
ဲ့ ။ သားကြီးကလည်း
ညီလေးကို သားတို့ ခေါ် သွားမယ်တဲ့။ ရဲကလည်း မောင်းသွင်းနေပြီ။

ကျမ သားငယ်လေးကို သားက ဖေဖေတို့ ကိုကြီးတို့နဲ့ လိုက်သွားနော်.. မေမေက မမကြီးနဲ့ သွားရမယ်လို့


ငုံ့ပြောလိုက်တော့ သားက ငိုမဲ့မဲ့လေးနဲ့ ခေါင်းညိတ်တယ်။ သားအဖ ၃ယောက်က ယောက်ျားခန်းထဲ ၀င်သွား တယ်။ ကျမနဲ့
သမီးက မိန်းမခန်း..။ တော်သေးတာက အခန်း၂ခန်းက ခလယ်စကြံင်္လမ်းခြားထားတဲ့ မျက်နှားချင် ဆိုင် ဓားလွယ်ခုတ်မှာ
ရှိနေတာပါ။ မိန်းမဆောင်တ.ဲ့ .။ ပေ၂၀ ပတ်လည် အခန်းကျယ်..။ သစ်သားကြမ်းခင်းနဲ.့ .။ အဲဒီထဲမှာ မိန်းမတွေအပြည်.့ .
ပြီးတော့ ကလေး ငယ်လေး ၃ယောက်လည်း ရှိသေးတယ်။ ညအိပ်တော့မှ ရေကြည့်တော့ ၃၃ယောက်။ အကုန်
မြန်မာနိုင်ငံကချည်းပေါ.့ .။ ကျမတို့သားအမိ ၀င်သွားတော့ နံရံနားက မိန်းကလေး တစုက လှမ်းခေါ်တယ်…။ အန်တီ
ဒီကိုလာတဲ့..။ ကလေးမလေးတွေက ရုပ်ရည်သန့်သန့်လေးတွေ..။ ကျမတို့ သားအမိကို နေရာလေး လုပ်ပေးတယ်။
တယောက်နဲ့ တယောက် ခေါင်းချင်းဆိုင် အိပ်ကြရမှာတဲ.့ .။

အဲဒီ နေရာလေးမှာ ထိုင်ချလိုက်တော့မှ သမီးလေးက ကျမပေါင်ပေါ် မှောက်ချလိုက်ပြီး ငိုပါတော့တယ်။


သမီးငိုမှပဲ ကျမလည်း မျက်ရည်ကျတယ်။ အဲဒီအချိန်လေးမှာပဲ ကျမတို့ကို နေရာခေါ်ပေးတဲ့ ကလေးတွေလည်း ငိုကြပါတယ်။
သမီးလေးကတော့ တကယ့်ကို ၀မ်းပမ်းတနည်း ရှိုက်ရှိုက်ပြီးငိုပါတယ်။ သမီးတို့ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ..တဲ့။ မေမေတို့ကို
စစ်ဆေးစရာရှိလို့ ခဏခေါ်တာပါ သမီးရယ်လို့ ဖြေတော့.. မေမေရယ်.. သူတို့ ပေးမလွှတ် လည်း အမေရိကား
မသွားပါနဲ့တော့.. သမီး ထိုင်းမှာပဲ ပျော်တယ်.. မသွားလည်း ရတယ် လေ.. တဲ့။ ကျမကတော့ အေးပါ သမီးရယ်.. မေမေ
သူတို့နဲ့ သေချာပြောပါဦးမယ်လို့ ပြောရတာပေါ့…။ အဲဒီညက ကြမ်းပြင်ပေါ်မှာ ကျမရဲ့ ပခုံးသိုင်းအိတ်ကို ခေါင်းအုံးလုပ်ပြီး
သမီးကို သိပ် ရပါတယ်။ နောက်မှ ကျမတို့ကို နေရာပေးတဲ့ ကလေးတွေနဲ့ စကားပြောမှ.. သူတို့လေးတွေက
ဘွဲ့ရပြီးသားလေးတွေ.. တချို့ အဝေးသင် တက်နေတုန်း.. အချိန်ရတဲ့ အခိုက်မှာ ထိုင်းမှာ အလုပ်လာလုပ်တာလို့ သိရပါတယ်။
နောက် ဘာသာစကား သင်တန်းတခု လာတက်ကြတာ..။ ဒါကြောင့်ပဲ အားလုံးက ရုပ်ရည်သန့်သန့်လေးတွေ..။ သူတို့အ နားမှာ
လည်း အင်္ဂလိပ်စာအုပ်တွေနဲ့။ မွန်ပြည်နယ်က.. ထားဝယ်က.. ဘားအံက.. မုဒုံက.. လွိုင်ကော်က… ပဲခူးက.. တောင်ကြီးက..
ကျိုင်းတုံ တာချီလိတ်က… အိုးး အစုံပါပဲ..။ ကျမမေးကာမှ ကလေးတွေခမျာ ၀မ်းနည်းပြီး ငိုကြပါတယ်။ သူတို့လည်း
လက်မှတ်မရှိလို့ အဖမ်းခံရတာပဲပေါ့။ သူတို့ ရောက်နေတာ ၁ပတ်ရှိပြီတဲ့။ ဘယ်တော့ ထွက်ရမှာလဲဆိုတော့.. မသိဘူးတဲ့..။
သူတို့ကို မဲဆောက်မှာ သွားသွန်မှာတဲ့။

တချို့ကတော့ ထိုင်းမှာ နယ်မြေအလိုက် နေခွင့်ရှိတဲ့ တောင်ပေါ်သား အထောက်အထား လက်မှတ်ရှိလျက်နဲ့


သွားခွင့်ရှိတဲ့ ဧရိယာကျော်လို့ အဖမ်းခံရတာပါ။ ကျမမေးကြည့်တော့ ဒီအချုပ်ထဲ ရောက်ပြီဆိုရင်တော့ ပြန်လွတ်ဖို့
မရှိတော့ဘူး..တဲ့။ မြန်မာပြည်နဲ့ ထိုင်းနယ်စပ် တခုခုမှာ သွားပစ်မှာ..တဲ့။ တချို့ကတော့ ဘလိုမှမနေပါဘူး။ အမရယ်.. သူတို့
သွားပစ်လည်း ကျမတို့ ပြန်လာတာပဲ..ဒါနဲ့ပဲ နေလာတာ နှစ် ၂၀ရှိပြီ.. ၁၀နှစ်ရှိပြီ.. တဲ့။ ကလေးတွေကတော့ ဆော့လို့..။
သူတို့ရောက်နေတာ ၂ပတ်ကျော်ပြီတဲ့။ တချို့တော့ သူတို့ကို သွားပစ်မယ့် နေရာက ဝေးလို့ ကားမှာ လူမပြည့်လို့
စောင့်နေရတာ.. တလကျော်ပြီတဲ့..။ ကျမတို့ကို ဘယ်မှာ ပစ်မှာလဲ..တဲ့။ ကျမ မသိပါ..။ သူတို့က ပြောမှ ဒီကနေ ပိုက်ဆံပေးပြီး
ဖုန်း ခေါ်လို့ရတယ်လို့ သိရတော့ စိတ်နည်းနည်း အေးသွားပါတယ်။ အချုပ်က လူများပေမဲ့ အိမ်သာရေချိုးခန်းကတော့
သန့်ပါတယ်။ သောက်ရေကိုတော့ ၀ယ်သောက်ရပါတယ်။ ပြီးတော့ စခန်းမှူးမိန်းမက အချုပ်ထဲမှာ စားစရာ လာရောင်းတယ်တဲ့။
အချုပ်က ထမင်း ဟင်း ပေးတယ်တဲ့။ အဲဒီညက ရာသီဥတုက ပူတော့ သစ်သားခင်းမှာ အိပ်ရတာတောင် ကျောနေရာက
ပူနေပါတယ်။ တညလုံး မီးထိန်နေတဲ့ အောက်.. လူတွေအများကြီးနဲ့ ဒလိန်းထိုးအိပ်ဖူးတာ ပထမဆုံးပါပဲ..။ ကျမ
အိပ်မပျော်ခဲ့ပါ…။

မနက်၈နာရီ အချုပ်ခန်းရဲ့ အလယ်တံခါး ဖွင့်မှ သားလေးကို တွေ့ရပါတယ်။ သားလေးက ကျမကို


ပြေးဖက်ပြီး မေမေနဲ့ပဲ နေမယ်တ.ဲ့ .။ အဲဒီအချိန်က မနက်စာ ဝေချိန်ဖြစ်ပြီး စခန်းမှူး မိန်းမ ဈေးလာရောင်းတဲ့ အချိန်လည်း
ဖြစ်ပါတယ်။ သူ့ဆီမှာ ကောက်ညင်းပေါင်း ကြက်ကြော်.. ငါးကြော်.. ကြက်ဥပြုတ်.. မုန့်တွေနဲ့ အအေးတွေ..နို့ဗူးတွေ ၀ယ်လို့
ရတာမို့ ကျမ ကလေးတွေအတွက် စိတ်ချမ်းသာရပါတယ်။ ပြီးတော့မှ ကျမရဲ့ အရင်းဆုံးသူငယ်ချင်း ၄ယောက်ဆီ ဖုန်းခေါ်ဖို့
ကြိုးစားရပါတော့တယ်။ ကံကောင်းချင်တော့ အားလုံးကို ခေါ်လို့ရတာမို့ ကျမတို့ ဘယ်မှာ ရှိနေတယ်.. ဘယ်လို
လာတွေ့လို့ရတယ်ဆိုတာတွေ.. အကုန် ပြောလို့ ရသွားပါတယ်။ မနက် ၈နာရီခွဲမှာ ဧည့်သည်တွေ့ချိန် တချိန်ရှိပါတယ်။
နေ့လယ် ၁၂နာရီက ထမင်း ပို့ချိန်…။ မိဆူးပွင့်တို့ လာမယ်တ.ဲ့ .။ ညနေ ၄နာရီမှာလည်း ဧည့်တွေ့ချိန် တချိန…
် ။

နေ့လယ် ၁၂နာရီ ထမင်းပို့ချိန်မှာတော့ သူငယ်ချင်းတွေ ရောက်လာပါပြီ။ အ၀တ်အစားပိုတွေ.. မုန့်တွေ..


အအေးတွေ.. နွားနို့တွေ.. ဆေးတချို့.. ပြီးတော့ ဖျာ.. စောင်ပါးလေးတွေ..။ ထမင်းတွေ ဟင်းတွေ…။ နောက်.. ကျမတို့ ကိစ္စ
သူတို့ ညှိနေကြပါတယ်.. ရမှာပါ..တဲ့။ ခုတော့ စနေတနင်္ဂနွေပိတ်ရက် ခံသွားလို့ နေလိုက်ပါဦး.. တနင်္လာနေ့တော့ ထွက်ရမှာ..
တဲ့။ လေယာဉ်လက်မှတ် ရက်ရွှေ့တာတွေ ဘာတွေ သူတို့ လုပ်ပြီးပြီတဲ့။ ကျမတို့နဲ့ ပါလာတဲ့ စာရွက်စာတမ်းတွေကို
သူငယ်ချင်းတွေဆီ ပေးရပါတယ်။ နောက် ကျမတို့မိသားစုနဲ့ ခင်တဲ့ မြန်မာထမင်းဆိုင်ဖွင့်ထားတဲ့ စုံတွဲက ပုံမှန် ထမင်းပို့မှာ..တဲ့။
အဲဒီစုံတွဲကဆိုရင် ကလေးတွေ ပန်းချီရေးဖို့ ပစ္စည်းပစ္စယတွေရော.. ဖတ်စရာစာအုပ်တွေရော.. လာပေးတာပါ..။ ကျမကတော့
စိတ်ညစ်တဲ့ကြားကပဲ ကိုယ့်နိုင်ငံကလူတွေ တိုင်းတပါးက အချုပ်ထောင်ထဲမှာ တပုံတပင် တွေ့ရတာကို
စိတ်မကောင်းတွေဖြစ်ပြီး သူတို့တွေနဲ့ စကားလိုက်ပြောနေမိပါတယ်။ တချို့ ကရင်လူမျိုးတွေ မြန်မာစကား ကောင်းကောင်း
မတတ်။ တချို့ ရှမ်းလူမျိုးတွေ မြန်မာစကား လုံးလုံး မတတ်.. နားလည်း မလည်။

ကရင်မလေးတယောက်က နေ့စေ့လစေ့ ကိုယဝ


် န်ကြီးနဲ့..။ ဗိုက်က တော်တော် အောက်စိုက်နေပြီ။ ဒုတိယ
ကိုယဝ
် န်..တဲ့။ ရဲတွေကို ပြန်ပါရစေပြောတာလည်း မရဘူးတဲ့။ သူကလည်း မြန်မာစကားမတတ်..။ ကျမမှာ သူမွေးသွားမှာ
စိုးလို့ တထိတ်ထိတ်..။ နောက် ကလေး နှစ်နှစ်သား သုံးနှစ်သားလေးတွေနဲ့ မိသားတစု။ ရွေးဖို့ ပိုက်ဆံလည်း မရှိဘူးတဲ့..
ပို့ချင်တဲ့ နေရာသာ ပို့ပါစေတော့.. တောလမ်းကနေ လမ်းလျှောက်ပြီး ပြန်ဝင်လာမှာတဲ့။ နယ်စပ်နားက တောင်ယာတွေမှာ
အလုပ်လုပ်နေတာ..တဲ့။ ချင်းမိုငခ
် ဏ တက်လာတုန်း အဖမ်းခံရတာတဲ့။ သူတို့ကို ကျမက သနားနေမိတဲ့အချိန.် . သူတို့က
ကျမတို့ကို ပြန်သနားနေတာ..။ တယောက်က ပြောတယ်. . “ကျမတို့က တသက်လုံး ဒီလို နေစားလာတာ.. ခု အချုပ်ထဲ
နားရတယ်တောင် မှတ်သေး.. အမတို့ပဲ သနားတာ.. ကြည့်ရတာ နုနုနယ်နယ်.. အလုပ်ကြမ်း လုပ်ဖူးမှာလည်း
မဟုတ်ပါဘူး..ဒုက္ခ”.. တဲ့လေ။ ကျမမှာ သူပြောကာမှ ပိဝ
ု မ်းနည်းသွားပြီး မျက်ရည်ခိုးကျမိသေးတယ်။ ဒီလိုနဲ့ အချုပ်ထဲမှာ
သောကြာ စနေ တနင်္ဂနွေ ကုန်သွား…။ သူငယ်ချင်းတွေက ဧည့်ချိန်တွေမှာ တလှည့်စီလာတွေ့..။ တနင်္လာနေ့တော့
ပိုက်ဆံပေးပြီး ထုတ်မှာတဲ့..။ အဆင်သင့်သာ ပြင်ထား.. တဲ့။
တနင်္လာနေ့က စက်တင်ဘာ ၂၂ရက်နေ့ပါ။ အဲဒီနေ့မှာ ကျမ တိတ်တိတ်လေး စိတ် လှုပ်ရှားနေမိပါတယ်။
ဘယ်သူကိုမှ ထုတ်မပြောဘဲနဲ့ပေါ့..။ ဘာလို့ဆို အဲဒီနေ့က သမီးလေးအသက် ၉နှစ်ပြည့်တဲ့ မွေးနေ့လေ…။ ကျမက
သားသမီးတွေကို မွေးကတည်းက မွေးနေ့တွေမှာ တခုခု လုပ်ပေးနေကျမို့ အဲဒီ သမီးလေးမွေးနေ့မှာ အပြင်ထွက်ရရင်
ညနေတခုခု လုပ်ပေးမယ်လို့ စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ သေချာပေါက်မသိတာမို့ ကြို မပြောရဲဘူးလေ..။ ဒီတော့ သမီး
မသိအောင် မေ့ချင်ယောင်ဆောင်နေလိုက်တယ်။ အချုပ်ထဲမှာ အချိန်နာရီတွေ ရက်တွေ မေ့နေတာမို့ သမီးလည်း မေ့နေမှာလို့
ထားလိုက်ရတယ်။ ၂၂ရက်နေ့… နေ့လယ် ၁၁နာရီ။ မဲဆောက်ဘက်ပြန်မယ့် တအုပ်စုကို ပြန်ပို့မယ့်ကား ရောက်လာပါပြီ။
တယောက်စ.ီ . ခေါ်ထုတ.် . လူကုန.် . တံခါးတွေ ပြန်ပိတ.် . သော့ချိတ်.. ကျမတို့နဲ့ ရင်းနှီးသွားပြီဖြစ်တဲ့
ပညာတတ်ကလေးတွေအဖွဲ့ ပါသွားပြီ။ ကျမတို့ မပါသေးပါဘူး။ နေ့လယ် ၁၂နာရီ… ထမင်းပို့ချိန.် .။ သားကြီးမျက်နှာမှာ
မျှော်လင့်နေတာကို တွေ့တယ်။ ကျမ မသိချင်ယောင်ဆောင်ရတယ်။ သူငယ်ချင်းတွေ ရောက်လာတယ်။ သူတို့မျက်နှာ
တွေ့ကတည်းက ကျမ သိလိုက်ပြီ..။ အခြေအနေမဟန်…။ ဘယ်လိုမှ လိုက်မရပါ……… တဲ့။

၂၂ရက်ည..။ မိန်းမဆောင်ထဲ တော်တော်လေး လူရှင်းသွားတယ်။ နည်းနည်းတောင် တိတ်ဆိတ်သွားသလိုပဲ။


ဟိုကလေးတွေ ရှိတုန်းက ဘာပဲဖြစ်ဖြစ် လူငယ်တွေပီပီ စကားပြောသံတွေ.. သီချင်းညည်းသံတွေ.. တိတ်တိတ်ကျိတ်ငိုသံတွေ
ကြားရသေးတယ်။ သမီးလေးက သိသိသာသာ ငြိမ်နေတယ်။ သမီးက အဲဒီ မမတွေနဲ့ အဖွဲ့ကျသွားတာဆိုတော့.. ခု မမတွေ
မရှိတာ သိသာနေမှာပေါ့။ ညကျတော့ သားနဲ့ သမီးကို အိပ်ခိုင်းပြီး ပုံပြောပြဖို့ ကျမဟန်ပြင်နေတုန်းမှာပဲ သမီးက အိကနဲ
ရှိုက်ငိုလိုက်တယ်။ ကျမက သမီး မငိုရဘူးလေ.. မေမေပုံပြောပြမယ်ဆိုတော့မ.ှ . ဒီနေ့ သမီးမွေးနေ့.. သမီးက ထောင်ထဲမှာ..
သမီး သူငယ်ချင်း တွေကတော့ သမီး အမေရိကားရောက်သွားပြီလို့ ထင်နေမှာ.. သမီးကတော့ ထောင်ထဲမှာ.. ထိုင်းတွေက
ဘာလို့ ဗမာတွေကို ဖမ်းချင်တာလဲ မေမေရယ်.. တဲ့။ ကျမတောက်လျှောက် ဟန်လုပ်မာန်တင်းပြီး နေခဲ့သမျှ
အဲဒီအချိန်လေးမှာတော့ မရတော့ပါဘူး။ ကျမလည်း ငိုမိပါတယ်။ သမီးရယ်.. အပြင်ရောက်ရင် မေမေ သမီးမွေးနေ့
လုပ်ပေးပါ့မယ်..ဆိုတော့ သမီးက ဘယ်တော့လဲ.. မေမေ သေချာ သိလား..တဲ့။ အဲဒီအချိန်လေးမှာပဲ သားလေးကို
လှည့်ကြည့်လိုက်တော့ ခံစားချက်ကို နားမလည်တတ်သေးဘူးလို့ ကျမထင်ထားတဲ့ သားကလေး ၅နှစ်သား ကလည်း ငိုလို့။
အဲဒီညမှာ ပထမဆုံးအကြိမ်အဖြစ်.. ကျမ မှားသွားပြီလားလို့ တွေးမိခဲ့တာပါပဲ…။

တကယ်တော့ စဉ်းစားကြည့်လိုက်ရင် ကျမတို့လ.ို . ပြီးတော့ ကျမတို့ထက် ကံဆိုးကြရတဲ့


မြန်မာနိုင်ငံသားတွေဟာ တပုံတပင်ပါ..။ မှတ်မှတ်ရရ.. ၂၀၀၈ရဲ့ မေလ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ကံဆိုးမိုးမှောင်ကျသလို
နာဂစ်မုန်တိုင်းဝင်ခဲ့တယ်။ ခုထိ တနှစ်ပြည့်ပ.ီ . ဘေးသင့်ခဲ့ကြရသူ တွေခမျာ… နေစရာ စားစရာ အိပ်စရာ စိတ် ပြေပျောက်စရာ
ဘာတခုမှ လုံးဝ လုံးဝ မရကြ သေး..။ လူဖြစ်ရုံ မည်ကာမတ္တ..။ နောက် ခု ကျမနဲ့ အချုပ်ခန်းထဲ အတူတူ ရှိနေတဲ့
သူတွေရော..။ သူများတိုင်းပြည်မှာ ချွေးပေါက်ပေါက်ကျအောင်လည်း လုပ်ရသေး.. ခိုးကြောင် ခိုးဝှက်လည်း နေရသေး..
အဖမ်းလည်း ခံရသေး..။ ရိုးရိုးသားသား လုပ်ကိုင်စားလို့တောင် ကောင်းကောင်းမွန်မွန် နေမရတဲ့ ဘ၀တွေ။ ဒီလိုပဲ အချုပ်ထဲ
မရောက်ပေမဲ့ ထိုင်းမှာ နေခွင့်ရဖို့နဲ့ ရပ်တည်နိုင်ဖို့အရေး အမြဲ ကြောင့်ကြနေရတဲ့ ဘ၀တွေ…။ သူ့အဆင့်နဲ့သူ
သူ့အနေအထားနဲ့သ.ူ . ကံဆိုး နေကြရတာ..။ တကယ် တွေးကြည့်ရင် ကျမ ဘ၀တလျှောက် ကြုံခဲ့ရတယ်ဆိုတဲ့ ဒုက္ခတွေက
သူတို့နဲ့ ယှဥလ
ိုက်တော့ တကယ့်ကို ပမွှား။ သူတို့ခမျာကတော့ ဘ၀ဆိုတာကိုက ရုန်းကန်ပင်ပန်းဖို့ အလုပ်လုပ်ဖို့ မွေးလာ
ရတာတဲ့ လေ..။
အဲလိုနဲ့ နောက်ထပ်တပတ်ကိုလည်း ကျမတို့ မိသားစု တုန်တုန်လှုပ်လှုပ် ခြောက်ခြောက်ချားချားနဲ့
ဖြတ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သတင်းတွေ ကြားနေရတာက မသက်သာလို့ပါ..။ ရှေ့ကထွက်သွားတဲ့ အုပ်စုတွေကို
မြန်မာပြည်ထဲက စစ်တပ်ထိ ရောက်အောင် ပို့တယ်ဆိုတာတွေ.. ကြားနေရတာလေ…။ သားကြီးနဲ့ သူ့အဖေကို ကျမ
ပြောလိုက်ပါတယ်။ အဆိုးဆုံးကိုသာ တွေးထားကြတော့..။ ဘာမှမတတ်နိုင်တော့ဘူး.. လို့။ အဲဒီရက်တွေထဲမှာပဲ ကျမ
မေ့မေ့ပျောက်ပျောက်ရှိနေတဲ့ ရင်ဘတ်ဘယ်ဘက်ခြမ်းက အောင့်တဲ့ ဝေဒနာ ပြန်ပေါ်လာပါတယ်။ ကျမ ဘယ်သူ့ကိုမှ
မပြောတော့ဘဲ နေကောင်းအောင်ပဲ ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ နောက်ထပ် တနင်္လာတနေ့ ရောက်လာပြန်ပါပြီ။ ကျမတို့ရဲ့
၁၁ရက်မြောက်နေ့ပေါ့။ စက်တင်ဘာ ၂၉ရက်နေ့။

အချုပ်ထဲမှာ တနင်္လာနေ့ဆို နေ့လယ် ၁၁နာရီကို အားလုံးမျှော်ကြတယ်.. တဲ့။ မနက်ကတည်းက


အားလုံးလိုလို လည်တွေ တဆန့်ဆန့်..။ ဒါပေမဲ့ နေ့လယ် ၁၂နာရီ ဧည့်ချိန်သာ ရောက်ရော..ဘာကားမှ မလာသေးပါဘူး။
တချို့ ဒီတပတ် ပြန်မပို့ပြန်ဘူး ထင်တယ်တ.ဲ့ .။ ကျမကို ထမင်းလာပို့တဲ့ မိတ်ဆွေစုံတွဲကတော့ ဒီနေ့ ပို့မယ်ပြောတယ်တဲ့။
ကျမကတော့ ခပ်ယဲ့ယဲ့ပဲ ပြုံးပြလိုက်ပါတယ်။ ဒါပေမဲ့ တကယ်ပဲ နေ့လယ် ၁၂နာရီခွဲမှာတော့ အချုပ်ခန်းတံခါးမကြီးဖွင့်သ.ံ .
ထိုင်းသံ ဆူညံညံတွေ…။ ကျမတို့ အခန်းတံခါးတွေကိုလည်း လာဖွင့်ပါပြီ။ ကျမ ငုတ်တုတ်ထိုင်နေမိပါတယ်။ ကျမ
ထပ်မမျှော်လင့်ချင်တော့ဘူး.. ပါကာမှပါရော..။ သမီးကတော့ ထိုင်းလို နားလည်တာမို့ အပေါက်ဝလေးပြေးသွားပြီး
နားထောင်ရှာတယ်။ ခဏကြာတော့ ပြန်ပြေးလာပြီး မေမေ.. သမီးတို့ ပါပြီထင်တယ်.. မယ်ဆိုင်အုပ်စ.ု .လို့ ပြောတယ်တဲ့။
ကျမက သမီးကို ပေါ့ပေါ့ပါးပါးပုံလုပ်ပြီး ပါရင်ခေါ်မှာပေါ့ သမီးရယ်.. လို့ ပြောရပါတယ်။

တကယ်ပဲ ခဏကြာတော့ ထိုင်းသံ မပီကလာနဲ့ ကျမတို့ကို ခေါ်ပါတယ်။ ခေါ်ပုံက ကြည့်ဦး.. အမေရိကန်


ဟခွန်း .. အမေရိကန်ဟခွန်း.. တဲ့လေ။ အမေရိကန်၅ယောက်ပေါ့..။ ကျမမှာ မရယ်နိုင်ပါဘူး.. ကမန်းကတမ်းထ..
ထွက်ရပါတယ်။ လူစစ်.. လက်မှတ်ထိုး..။ အားလုံး ၃၅ယောက်။ ပြီးတော့ သူတို့ပဲ ဖမ်းလာပြီး ပြန်ပို့ခဆိုပြီး တယောက်
ဘတ်၁၀၀လည်း ကောက်သေး။ ကျမတို့ မိသားစုက အထူးအမှုတ.ွဲ . Special Case..။ သးတယ်။ အားလုံးပြီးတော့ နေ့လယ်
၁နာရီခွဲလုလ.ု .။ ဂျိုင်းကနဲ အချုပ်တံခါးမကြီး ဖွင့်။ နေရောင်က စူးလိုက်တာ…။ ဒါပေမဲ့ အဲဒီအလင်းကို မြင်ရတာ
စိတ်ချမ်းသာစရာ ကောင်းလိုက်ပါဘိ။ ကျမတို့ ဖုန်းတွေ ပြန်ပေးတယ်..။ အ၀င်ထက
ွ်ပေါက်မှာ ကျမတို့ကို စောင့်နေတဲ့ မိတ်ဆွေ
စုံတွဲ..။ အမ စိတ်မပူနဲ့ .. ကျမတို့ ကားနဲ့ လိုက်ခဲ့မယ်။ အမတို့ကို ပို့တဲ့အချိန် ချက်ချင်း ပြန်ရွေးဖို့ စီစဉ်ပြီးပြီတ.ဲ့ .။

အချုပ်ကားက တအိအိ ထွက်ပြီ။ ကျမ ဖုန်းတွေ ခေါ်..။ သူငယ်ချင်းတွေက ပြောတယ်။ ကျမတို့နဲ့ ပတ်သက်ပြီး
တကယ်တာဝန်ယူထားတဲ့ တယောက် (အစစ သူ အာမခံပြီး လုပ်ရာကနေ.. ကျမတို့ ဒီအခြေအနေထိ ဖြစ်သွားရတာ)က
အစစ စီစဉ်ပြီးပြီ.. တဲ့။ ကျမတို့ကို မြောက်ပိုင်း နယ်စပ်မှာ သွန်မှာ..တဲ့။ အဲဒီမှာ သူစောင့်နေမှာ.. တဲ့။ အင်းးးး ကျမ ယုံပါတယ်။
ကျမချစ်တဲ့ ဇင်းမယ်ကတောင် ကျမကို စိမ်းစိမ်းကြည့်နေသလိုပါပဲ..။ ဇင်းမယ်မြို့ပြင်က ကျမငေးနေ ချစ်နေကျ
တောအုပ်ဆန်ဆန် မြင်ကွင်းအေးအေးတွေကိုတော့ တ၀ ကြည့်နေမိတာပါပဲ..။ ဇင်းမယ်က ထွက်လာတာ ၅နာရီစာ ခရီးရှိပြီ။
ညနေ ၆နာရီထိုးလု..။ နောက်မှာ သူငယ်ချင်းစုံတွဲရဲ့ ဆလွန်းကားလေးက မျက်ခြည်မပြတ်..။ ကျမစိတ်ထဲ အားရှိလိုက်တာ…။
ဟော.. ရောက်ပြီတ.ဲ့ .။ ထိုင်းနယ်ခြားတပ်…။ ဆင်းဆင်း.. အားလုံးငုတ်တုတ်ထိုင…
် ။ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်..။
တရားခံတွေပေါ့..။ နောက်တခါ ပြန်ဝင်လာလို့ မိရင် ပြစ်မှုကြီးမှာတဲ့။ အင်းးး ကျမကတော့ ဟို အာမခံထားတဲ့လူကို
ရှာနေမိတုန်း..။ ဖုန်းလည်း ခေါ်မရ..။ သူငယ်ချင်း စုံတွဲကလည်း မျက်နှာပျက်နေပြီ။ ဘုမသိဘမသိ သူတို့ ၀င်ပြောရင်
အမျိုးသားက ပြင်သစ်လူမျိုးးမို့ သူတို့မှာ လုကုန်ကူးမှုနဲ့ ငြိဦးမယ်။

ကဲက.ဲ . ကားပေါ်ပြန်တက်..။ ကျမတို့ မိသားစုတွေ မျက်နှာ ဆီးရွက်လောက်ပဲ ရှိတော့..။ ဒီတခါတော့


ကလေးတွေ အဖေပါ မျက်နှာပျက်ပြီ။ ဟုတ်တယ်လေ.. တကယ်ဆို ကျမတို့ သိထားတာက နယ်ခြားမျဉ်းမှာ ကျမတို့ကို
ထားခဲ့ရတော့မှာ…။ ကျမတို့ ကားပေါ်ပြန်ရောက်.. ကားက တကယ့်တောစစ်စစ်လမ်းထဲ တိုးဝင်.. သူငယ်ချင်း စုံတွဲလည်း
ကျန်ခဲ့ပြီ..။ လူတရပ်လောက်မြင့်တဲ့ ဘေးဘယ်ညာ ပြောင်းခင်းတွေကြားက လမ်းထဲ အချုပ်ကားက ဒယိမ်းဒယိုင်။
တကယ်တော့ ကျမလည်း တကယ့်ကို ဒယိမ်းဒယိုင်ဖြစ်နေပါပြီ။ ကားပေါ်မှာ ပါလာတဲ့ သူတွေက ပြောတယ်.. ဒီပြောင်းခင်းက
နယ်စပ်မျဉ်းပဲ..တဲ့။ ဟိုးဘက်မှာ.. မြန်မာစစ်တပ်ရှိတယ်တဲ့။ ကားရပ်လို့ ကားပေါ်က အဆင်းမှာတော့ ကျမတို့မိသားစု..
သားရဲတွင်းဆီ လာနေရပြီလို့ ကျမ သိနေခဲ့ ပါပြီ။

**ကျမစိတ်ထဲ အပိုင်း (၄၀)မှာတော့ ပြီးလောက်ပြီထင်တာ.. တကယ်လည်းရေးရော.. မပြီးနိုင်ပြန်..။


ပြီးပြီးရောလည်း မရေးချင်... တကယ်တော့ နောက်ထပ် နည်းနည်းလေးပဲ လိုတော့တာပါ.. :)
မြသီလာအလွမ်းပြေ (၄၁)

ပြောင်းခင်းရဲ့အဆုံးမှာ အချုပ်ကား ရပ်လိုက်ပါတယ်။ ရှေ့မှာ သစ်လုံးစည်းရိုးကာ ၀င်းတခု။ အဲဒါ ထိုင်း


လာအို မြန်မာ နယ်စပ်တပ်..တဲ့။ အဲဒီရှေ့မှာ အားလုံး တန်းစီထိုင.် . ဘာယူနီဖောင်းမှ ၀တ်မထားတဲ့ စစ်သားလို့
ယူဆရတဲ့သူတွေရဲ့ အထပ်ထပ် စစ်ဆေးခံရမှုတွေအဆုံး.. အိတ်ထဲ ဖွက်သိမ်းထားတဲ့ ဘတ် ၅ထောင်လည်း အယူခံလိုက်ရပြီ။
ကဲ.. အဲဒီမှာ လျှောက်ဝင် သွားတော့.. ခြံစည်းရိုးကျော်ရင် မြန်မာပိုင်နက်.. မြန်မာတပ်ရှိတယ်… တဲ့။ အဲဒီအချိန်မှာ
မျက်နှာအပျက်ဆုံးက သားကြီးပါ..။ သားမျက်နှာက အနာဂတ်တွေ အားလုံး မီးပုံရှို့ခံလိုက်ရတဲ့ မျက်နှာမျိုး။
ကလေးတွေအဖေကတော့ အိတ်ထဲက ဖျောက်ဖျက်သင့် တာတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေပါ တယ်။ ကျမကတော့
သားကြီးကိုပဲ အခြေနေ ကြည့်နေမိပါတယ်။ ဒီတခါတော့ သမီးနဲ့သားငယ်လေးက အန္တရာယ်အတိမ်အနက်ကို သိပုံ မပေါ်ပါဘူး။
အဲဒီအချိန် ကျမတို့ လျှောက်လာရတဲ့ တောလမ်းလေးက သာယာပေမဲ့ ကျမရင်ထဲမှာတော့ မီးလိုပူနေတာပေါ့။ အဲဒီအချိန်မှာပဲ
လူငယ်လေး တယောက်က ရှေ့တူရှူကနေ ကျမတို့ဆီကို လျှောက်လာနေပါတယ်။ သူက ကျနော့်နောက်လိုက်ခ.ဲ့ . ကျနော်က
မြန်မာစစ်တပ်က လမ်းပြပါ.. တဲ့။ ပြီးပြီ။ ကျမတို့ ဘ၀ လမ်းဆုံးပြီပေါ.့ .။

စဉ်းစားကြည့်လေလေ.. ဘယ်လိုမှ လွတ်ဖို့ မရှိလေ…။ အဲဒီအချိန်မှာကို ကျမရဲ့ DVB ရုပ်သံက မြန်မာနိုင်ငံ


ပညာရေး သုံးသပ်ချက်ဆွေးနွေးခန်း နေ့တိုင်း လွှင့်နေတဲ့အချိန်။ သားကြီးဆိုလည်း DVB, TV program မှာ Blogger ကဏ္ဍမှာ
ရိုက်ဖူး။ အငယ်လေး ၂ယောက်နဲ့ သူ့အဖေကလည်း မလွတ်တမ်း ပါဖူးလေတော့ ဒီ ၅ယောက်တွဲမြင်ရုံနဲ့ လွတ်ဖို့ မရှိဘူးလို့
ကျမ တွက်ပြီးသားပါ။ ပြီးတော့ ကျမတို့နဲ့ အချုပ်ထဲမှာ အတူတူနေခဲ့ဖူးတဲ့သူတွေက ကျမတို့ဆီ လာတဲ့ ဧည့်သည်တွေကြောင့်
ကျမကို သိပြီးသား။ ခေါ်တာတောင် ဆရာမ.. လို့ပဲ ခေါ်ကြတာလေ…။ ဒီတော့ ကျမတို့အခြေနေက ဘယ်လိုမှ မလုံခြုံ..။

လမ်းလျှောက်လာတဲ့ တမိုင်ခရီးအတွင်းမှာ ကျမဆီက ပြဿနာတက်နိုင်တဲ့ အစအနတွေကို


ပြောင်းခင်းတွေထဲ လွှင့်ပစ် ဖျောက်ဖျက်ပစ်ရပါတယ်။ အဲဒီတုန်းမှာပဲ ရောက်ပြီ.. တဲ့။ ဘွားကနဲဆို မြေစိုက်တဲလေး နှစ်လုံး
တွေ့လိုက်ရတယ်။ ကျမစိတ်ထဲ လမ်းခွတ်လပ်ထင်တာ..။ တပ်နဲ့မှ မတူတာကိုး။ လမ်းမှာ ဖြတ်လာတဲ့ ထိုင်းတပ်.. ၀တပ်တွေနဲ့
တူမှ မတူတာ..။ ဟိုတပ်တွေက အခိုင်အမာ.. အတောင့်အတင်း..။ ခု တဲလေးတွေကတော့ တကယ့် တဲအဖြစ်ထိုးထားတာ..။
လှမ်းကြည်လ
ို့က်တော့ ကြည့်တာနဲ့ စစ်သားလို့ သိသာတဲ့ ယောက်ျားကြီးတွေ လေးငါးယောက် ရပ်နေတာတွေ့တယ်။
တယောက်က ထိုင်း အင်မီဂရေးရှင်းက လွှဲလိုက်တဲ့ နာမည်စာရင်း တွေကို ကြည့်ပြီး နာမည်တွေ ခေါ်နေတယ်။ အင်းးး
လမ်းဆုံးးးး။

ကျမတို့ မိသားစု သူတို့ရှေ့ ရောက်ပါပြီ။ ကဲ.. ခဗျားတို့ နာမည်တွေ ပြောတဲ.့ .။ တကယ်ဆို ကျမတို့
မိသားစုက သပ်သပ်စာရွက်နဲ့။ ဒါပေမဲ့ သူတို့က ဒါကို သီးခြားအမှုမှန်း သိပုံမပေါ်ဘူး။ ကျမတို့ နာမည်ပြောမယ်ပြင်တုန်း သူက
မင်းစံက ဘသူလဲတဲ့။ မင်းစံကျော်….တဲ့။ ကျမသိလိုက်ပြီ.. ထိုင်းတွေ နားလည်သလို ရေးတဲ့အတိုင်း သူတို့ဖတ်ပြီ။ ကျန်တာ
ဘာအထောက်အထားမှ ရှိပုံမပေါ်။ ရာကျော့်ကို ကျမ တွန်းလွှတ်လိုက်တယ်။ အဲဒီ ခေါ်နေတဲ့သူက (နောက်တော့သိတယ်..
သူက စစ် ထောက်လှမ်းရေး တပ်ကြပ်…) ခဗျား လား.. တဲ့။ ရာကျော်က ဟုတ်ကဲ့.. တဲ့။ အဲဒီလူက နာမည်ပေးမှာ
အမှတ်ကလေး ခြစ်လိုက်တယ်။ နောက် မနန်း.. ဟုတ်လားတဲ့။ ကျမ ပေါ့..။ ဟုတ်ကဲ့. .ပေါ့။ (ထိုင်းတွေက နာမည်တွေကို
ရှေ့တလုံးပဲ ရေးတာကိုး.. ပြီးတော့ ကျမနာမည် ငြိမ်းကို ထိုင်းတွေက အသံမှန်မထွက်တတ်တော့
သူတို့သိသလိုရေးလိုက်ပုံရတယ်..။ အဲဒါကပဲ ကံကောင်းသလို ဖြစ်နေတာ)။ မောင်ထူး..တဲ့။ သားကြီး။
ကလေးနှစ်ယောက်ကိုတော့ နာမည်တောင် မခေါ်တော့။ ကျမ တွေးလိုက်မိတယ်။ အခြေနေ ဒီလောက် မဆိုးနိုင်သေးဘူး
ထင်ပါရဲ့လို့။ သူတို့ပြောဆိုနေတာကလည်း စစ်လား ဆေးလားပုံတွေ မပေါက်..။ ဒါပေမဲ့ ထုံးစံအတိုင်း ပစ္စည်းတွေတော့
အိတ်သွန်ဖာမှောက် ရှာတာပေါ့။ ကျမရဲ့ ကင်မရာလေးကို သိမ်းတယ်.. (ပြန်မရတော့)။ ဒီအချိန်မှာ
ရင်တုန်စရာကြုံရပြန်တာက စာရွက်စာတမ်းတွေ ဖျောက်ဖျက်ဖို့ အဓိကထားနေရတာနဲ့ ကျမက ကင်မရာထဲက Memory Stick
ကို ထုတ် မထားလိုက်မိဘူး။ ကင်မရာကို သိမ်းတော့ ကျမ အလန့်ဆုံးက အဲဒါ.. ကင်မရာထဲမှာကလည်း
လောလောလတ်လတ် ဘန်ကောက်မှာ လုပ်ခဲ့တဲ့ ၈လေးလုံး အရေးတော်ပုံ နှစ၂
် ၀ပြည့် အခမ်းအနားမှာ ရိုက်ခဲ့တဲ့
အမှတ်တရပုံတွေ မထုတ်ရသေး..။
ဒါပေမဲ့ ကျမ ကံကောင်းပြန်တာက အဲဒီ ပစ္စည်းတွေစစ်တဲ့ ရဲဘော်လေးက ကင်မရာကို ဟိုကြည့် ဒီကြည့်
လုပ်ပြီး ခလုတ်တောင် မဖွင့်တတ်တာပါပဲ။ နောက် ထွက်လာပြန်ပါပြီ။ နှုတ်ခမ်းနီဗူးတွေ ဘောပင်တွေ နဲ့အတူ Thumb Drive
၃ခု..။ အဲဒီအထဲမှာ ကျမရဲ့ အရေးကြီးအချက်အလက်တွေအကုန်လုံး..။ မေငြိမ်းဆိုတဲ့ အထင်ရှားဆုံးသက်သေတွေ အဲဒီမှာ..။
ကျမမှာတော့ ဒီတခါတော့ သွားပါပြီပေါ့..။ အဲဒီ Thumb Drive တွေကိုလည်း အဲဒီ ရဲဘော်လေးက လှည့်ပတ်ကြည့်ပြီး
ကျမအိတ်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ အားလုံးစစ်ဆေးပြီးမှ ကျမတို့ကို နေရာချပါတယ်။ အမျိုးသမီးတွေ ဟိုဘက် တဲ. . တဲ့။
အမျိုးသမီးတွေ နေရမယ့်တဲက တပ်ကြပ်ကြီးရဲ့ တဲ.. တဲ့။ အဲဒီ တပ်ကြပ်ကြီးကောတ့ မျက်နှာတင်းတယ်။ ကျန်တဲ့ တဲတ လုံးက
မီးဖိုအဖြစ်သုံးတာ.. အမျိုးသားတွေ အိပ်တဲ့။ တကယ်ဆို အဲဒီ တပ်စခန်းနေရာလေးက တောင်တန်းတွေကြားမှာ တကယ့်ကို
သာတောင့်သာယာ.. ဒါပေမဲ့ ကျမမှာတော့.. ပူလောင်ပြင်းပျ အတိ။ နောက်တော့ တယောက် က လာပြောတယ်။ ခဏကြာရင်
ဒီကွင်းလယ်မှာ လာစု.. ခဗျားတို့ကို ဗိုလ်မှူး လာကြည့်မယ် တဲ.့ .။ ကျမကတော့ ခြေဖျား လက်ဖျားတွေ အေးစက်။ လူသိ
အင်မတန်များတဲ့ ကျမအတွက်တော့ အဲဒီ ဗိုလ်မှူးဆိုသူက တပည့်ဟောင်း သိဟောင်း ကျွမ်းဟောင်းများဖြစ်နေခဲ့ရင်ဆိုတဲ့
အတွေးနဲ့ပေါ့။

ည ၇နာရီကျော် မှောင်တဲ့အချိန်မှပဲ ဗိုလ်မှူးဆိုသူ ရောက်လာပါတယ်။ မသိရင် သာမန် လူငယ်လေးလို


အေးအေးသက်သာပုံရှိတဲ့ ဗိုလ်မှူးဆိုသူကလည်း တိုက်တိုက်ဆိုင်ဆိုင် ကျမကို တကူးတက လာစကားပြောပါတယ်။ ဘယ်မှာ
ဖမ်းမိတာလဲ… ဘာလုပ်လဲ.. ဘယ်ဇာတိ လဲပေါ့..။ ချင်းမိုင်ကပါပေါ့.. ထမင်းဆိုင်မှာ လုပ်ပါတယ်ပေါ့။ ကျမက စားဖိုပေါ့..
ယောက်ျားက အထွေထွေပေါ့.. သားကြီးက စားပွဲထိုးပါပေါ့..။ ထိုင်းရောက်တာ ၅နှစ်ရှိပါပြီပေါ့။ မော်လမြိုင် ဇာတိပါပေါ့။
အဲဒီညမှာပဲ ဗိုလ်မှူးပြန်သွားပြီးတော့ ကျမတို့ အားလုံးကို တပ်ကြပ်ဆိုတဲ့လူက ခေါ်ပါတယ်။ အားလံုး စုံတော့မ.ှ . “ခဗျားတို့
ဘာလုပ်မှာလဲ..။ ခဗျားတို့မှာ ဘာအထောက်အထားမှလည်း မရှိဘူး။ ခု မြန်မာနိုင်ငံမှာ မှတ်ပုံတင်မရှိရင် တန်းဖမ်းပြီး
ထောင်၅နှစ်ချတယ်.. အဲဒါ သိလား.. ခဗျားတို့ အားလုံး ပြန်ရင် တန်းထောင်ကျမှာ..” တဲ့။ ကျမက သူ ဘာပြောချင်တယ်ဆိုတာ
မသိဘူး။ သူက ဆက်ပြောတယ်။ "အဲဒီတော့ ခဗျားတို့ ဘာလုပ်မလဲ..။ ခဗျားတို့ မြန်မာပြည်ပြန်မယ်ဆိုရင် ကျုပ်တို့
လမ်းပြမယ်.. တောလမ်းအတိုင်း လျှောက်ပေတော့.. ဟိုရောက်ရင် ထောင်ကျ..။ ဒါပဲ။ အဲ.. တကယ်လို့ ခဗျားတို့ ထိုင်းပဲ
ပြန်မယ်.. ချင်းမိုင်ပြန်မယ်.. ဘန်ကောက်ထိ ပြန်မယ်ဆိုရင်တောင် ခဗျားတို့ကို ဘေးကင်းရန်ကင်းနဲ့ ကျုပ်တို့ ရောက်အောင်
ပို့ပေးနိုင်တယ်။ ချင်းမိုင် အရောက် ဘတ် ရှစ်ထောင်.. ခဗျားတို့ကို သေချာ ရွေးမယ့်သူ ရှိရင် ပို့မယ်.. သေချာအောင်တော့
လုပ.် . မဟုတ်ရင်တော့ ထိုင်းထောင်ထဲ တန်းရောက်အောင် ထည့်ရုံပဲ" တဲ့။

ကျမတို့ မိသားစု ၅ယောက်ဆိုတော့ ဘတ်လေးသောင်း.. ဘုရား.. ဒေါ်လာ တထောင်ကျော်..။ ကျမ


ငိုင်နေတော့ အဲဒီ တပ်ကြပ်က အမကြီးရဲ့ ကလေး ၂ယောက်က ပို တာဝန်ကြီးတယ်.. ကျနော်တို့ လုပ်ရတာက အန္တရာယ်
များတယ်.. ဒါပေမဲ့ အမကြီးကိုလည်း သနားတယ်.. ဒီတော့ ကလေး၂ယောက်က လူကြီးတယောက်ခတော့ ပေးရမယ်။
ကျနော်တို့ တယောက်စာ လျှော့ပေးမယ်.. တဲ့။ သဘောတူရင် ခဗျားတို့ကို ရွေးမယ့်သူတွေဆီ ဖုန်းခေါ်ပေးမယ်..တဲ့။ ကျမ
သေချာစဉ်းစားရပါတယ်။ ကျမ သူငယ်ချင်းတွေဆိုရင် သူတို့သိနေတဲ့သူတွေ ဖြစ်နိုင် တယ်။ ဆိုတော့ နောက်ဆုံး
ကျမတို့နောက်ကို နယ်စပ်ထိ လိုက်လာပေးတဲ့ မိတ်ဆွေစုံတွဲဆီပဲ ဆက်မယ်လို့ စဉ်းစားပါတယ်။ ဒီနေရာမှာ ကျမ
စဉ်းစားတာက ကျမတို့ရဲ့ အခြေအနေက သိပ်ဆိုးနေတာမို့ ဒါဟာ တယောက်ယောက်က သေချာ ဆင်ဖမ်းတာလည်း
ဖြစ်နိုင်ပါတယ်။ နောက်တခါ ပွင့်ပွင့်လင်းလင်းပြောရရင် ခုအချိန်က ပိုပြီး မလုံခြုံတာမို့ မိတ်ဆွေစုံတွဲသာ
စိတ်မချရတဲ့သူတွေဆိုရင်.. ကျမတို့ကို စစ်အစိုးရက အချိန်မီ လာ ကောက်သွားရုံပါပဲ။ ဒါပေမဲ့ ကျမ အဲဒီ မိတ်ဆွေစုံတွဲကို
ယုံတယ်..။ ဘ၀မှာ ဒါလောက်မှ ပို ကံဆိုး ဦးမယ်ဆိုလည်း ရှိစေတော့လို့ စိတ်ထားပြီး ကျမ သူတို့ဆီကိုပဲ ဖုန်းခေါ်ဖို့ ဆုံးဖြတ်
လိုက်ပါတယ်။
ဖုန်းခေါ်တဲ့ အချိန်ကလည်း ကျမအတွက်တော့ တကယ့်ရင်တုန်စရာအချိန်ပါပဲ။ သူတို့က အရင်ခေါ်ပြီးမှ
ကျမကို ဖုန်းပေးမှာပါ။ ပြီးတော့ speaker ဖွင့်ပြီး ပြောရမှာပါ..။ ဒီတော့ ဟိုဘ က်ကလူကသာ မနပ်ရင်.. ကျမအခြေအနေက
လက်ရှိအနေအထားထက် ချက်ချင်းကြီး ပိုဆိုးတော့မှာ..။ ဖုန်းခေါ်လိုက်တော့ ကျမမိတ်ဆွေ မိန်းကလေးက ချက်ချင်း
ဖုန်းကိုင်ပါတယ်။ သူက ကျမကို တီချယ်လို့ အမြဲခေါ်တာပါ။ ခု.. ကျမက ဒီဒီလား..လို့လည်းမေးရော.. သူက အမယ်လေး
တီချယ်.. သမီးတို့ စိတ်ပူနေတာ သေတော့မယ်..တဲ့။ ဒါပေမဲ့ သူက စကားပြောမြန်တော့ ကျမကို တီချယ်ခေါ်တာကို ဒီဘက်က
စစ်သားတွေ ရိပ်မိပုံမရပါဘူး။ ကျမကလည်း အတင်းပဲ စကားလုပြောရပါတယ်။ ဒီဒီ .. ကျမတို့ အချိန်သိပ်မရဘူး။ ကျမတို့ ခု
မြန်မာစစ်တပ်မှာ ရောက်နေတယ်.. စိတ်မပူန.ဲ့ . လို့ ပြောတုန်းရှိသေး.. ဒီဒီက ဟင်… ဘုရား.. တဲ့။ ကျမမှာ ကမန်းကတမ်း
စကားလုဆက်ရပါတယ်။ အဲဒါ ဒီက ဗိုလ်ကြီးတွေက ပိုက်ဆံ ပေးရင် ပြန်ပို့ပေးမယ်လို့ ပြောတယ်… ပေါ့။ ဒီဒီကလည်း
ဟန်တောင် မဆောင်နိုင်ဘူး..။ ပေးမယ်.. ပေးမယ်.. တဲ့။ အဲဒီအချိန်မှာ တပ်ကြပ်ဆိုသူက ကျမကို မေးတယ်။ ခုပြောတာ
ဘသူလ.ဲ . တဲ့။ ကျမက ကျမတို့ ဆိုင်ရှင်သူဌေးရဲ့ မန်နေဂျာလို့ ပြောတော့.. သူ ဆက်ပြောမယ် ဆိုပြီး ကျမ လက်ထဲက ဖုန်းကို
ယူလိုက်ပါတယ်။ ပြီးတော့ ကျမတို့ကို တယောက် ဘတ်၈ထောင်နဲ့ ရွေးရမှာ.. တကယ်ရွေးမှာလား.. သူဌေးကို သေချာမေး..။
ခဗျားပြောလို့ ပြီးးတာ မဟုတ်ဘူး.. မေးပြီးမှ ဖုန်း ပြန်ဆက်.. တဲ့။ ဟိုဘက်က ဒီဒီကလည်း ဟုတ်ကဲ့… ဟုတ်ကဲ့ပေါ့။

ဖုန်းချပြီးတော့ ကျမကို မေးတယ်။ ခဗျားတို့ သူဌေးက ရွေးမှာ သေချာလား.. ပိုက်ဆံက များတယ်နော်.. တဲ့။
ကျမက ရွေးမှာပါ..။ သူဌေးက ကျမတို့မိသားစုကို ချစ်တယ်။ ကျမ ကလေးတွေတောင် သူတို့ပဲ ကျောင်းထား ပေးထားတာ။
ပြီးတော့ ကျမတို့ အဲ့ဒီမှာ ကိုယ်ပိုင်ပိုက်ဆံ စုထားတာလည်း နည်းနည်း ရှိပါတယ်.. လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ နောက်
၁၀မိနစ် လောက်ကြာတော့ ဒီဒီက ဖုန်းပြန်ဆက်ပါတယ်။ သူဌေးက ပေးမယ်တဲ့။ သူတို့ မိသားစုကို ချောချောမောမော
ပြန်ရောက်အောင်သာ ပို့ပေးပါ.. တဲ့။ အဲဒီတပ်ကြပ်က ပြန်ဖြေပါတယ်..။ “စိတ်ချ.. သေချာပေါက် ကောင်းကောင်းရောက်မယ်..
ခဗျားတို့သာ ပိုက်ဆံ သေချာ အဆင်သင့်လုပ်ထား.. ပို့မယ့်နေ့ကျ ဖုန်းဆက်မယ်.. ဟိုလိုလို ဒီလိုလို လုပ်ရင်တော့
ထိုင်းထောင်ကြီးကို တန်းပိ့မ
ှုာ..” တဲ့။ ကျမကတော့ စိတ်ထဲ ပြုံးထေ့ထေ့ ဖြစ်သွားပါတယ်။ ကျမတို့ကလည်း သေချာ
ပြန်မရောက် မှာကိုပဲ စိုးတာပါ.. ပေါ့၊ စိတ်ထဲမှာ..။

အဲဒီည… စက်တင်ဘာ ၂၉ရဲ့ ည…။ ရှမ်းတောင်တန်းတွေနားက မြန်မာပြည်နယ်စပ်လေးက အေးအေး


စက်စက်..။ တဲလေးက သေးလို့မို့ ကျမ အိပ်စရာနေရာမရှိ။ သမီးနဲ့ သားငယ်ကို သိပ်ပြီး ကျမက ဘေးက ငုတ်တုပ်ထိုင်
ငိုက်ရပါတယ်။ အိပ်လို့လည်း မပျော်နိုင်ပါဘူး။ ဟိုတွေး ဒီတွေးပေါ့။ ဒီအတိုင်းဆို ပြန်တော့ ပို့မှာပါ.. လို့တွေး။
ဘယ်တော့များဖြစ်မှာပါလိမ့်လို့ ပူပန်ရပြန်..။ သားကြီးနဲ့ အဖေကတော့ ဘာတွေ တွေးနေမယ်မသိ..။ ကျမကတော့
တကယ်တမ်းသာ ကျမတို့ကို တမင် မြန်မာစစ်တပ်ထဲ ရောက်အောင် တယောက်ယောက်က လုပ်ကြံတာဆိုရင် နက်ဖြန်ခါမှာ…
ကျမတို့ အခြေအနေတမျိုး ပြောင်းနိုင်တယ်..။ ဒါမှမဟုတ်.. ခုကျကာမှ ကျမတို့ သတင်းကို အတွင်းဘက်က ရသွားပြီး အချိန်မီ
လာဖမ်းခေါ်တာမျိုးလည်း ဖြစ်နိုင်တယ်.. ဆိုတာတွေ တွေးနေမိပါတယ်။ အဲဒီ ညတာကလည်း ရှည်လှပါတယ်..။

အရုဏ်ပျို့ပြီ။ ရှမ်းတောင်တန်းတွေကြားက မနက်ခင်းကတော့ အလှမပျက်ပါဘူး။ မြူခိုးတွေ ဝေလို့။


ကျမအစောကြီးပဲ အပြင်ဘက် ထွက်ငေးနေမိပါတယ်။ ကျမစိတ်တွေက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမှာ နေခဲ့ဖူးတဲ့
ရက်တွေဆီ ရောက်သွားတယ်..။ နောက်.. နမ့်ဟူး တောင်း.. နောက် သီပေါ.. လားရှိုး… တောင်ကြီး…. ပင်းဒယ.. ဒီလို
မနက်ခင်းတွေ.. ကျမ ကြည်ကြည်နူးနူး ဖြတ်သန်းခဲ့ဖူးတယ်။ ဖေဖေ့ကို သတိရလိုက်တာ..။ ဖေဖေနဲ့ သွားနေကျ ခရီးတွေ..။
ကျမအနားမှာရပ်နေတဲ့ ရှမ်းအမျိုးသမီး (အချုပ်ထဲမှာ အတူတူနေခဲ့တ)ဲ့ အမကြီးကို ခုမြင်နေရတာ ဘာတောင်လဲဟင်အမ..
ဆိုတော့ လွယ်ခမ်းတောင်.. လို့ သူက ဖြေတယ်။ ဒီတော့လည်း လွယ်ဆမ်ဆစ်ကို သတိရမိပြန်ရော..။ အဲဒီအချိန်မှာပဲ
တပ်ကြပ်ကြီး ဆိုသူက တဲရှေ့မှာ လာအော်ပါတယ်။ အိပ်ယာထပြီး ဟင်းထမင်း မြန်မြန်ချက်..။ ခုပဲ သတင်းပို့တယ်။
ကျနော်တို့တပ်ကို လူကြီး အရေးပေါ်လာစစ်မယ်.. ခများတို့ မြန်မြန် ချက်ပြုတ်ပြီး စားစရာရှိတာ စား။ သန့်ရှင်းရေး
လုပ်ရမယ့်သူတွေက လုပ.် . ခပ်မြန်မြန် လုပ်နော်.. တဲ့။ ပြီးတော့ သူ့ရဲဘော်တွေကို လှည့်ပြောတယ်။ အဘလေးလာမှာကွ..
အရေးပေါ်တဲ.့ .။ ဘာမှန်းလဲ မသိဘူး။ သေချာလုပ်ထားကြ ဟေ့ကောင်တွေ.. တဲ့။

ကျမအတွက်တော့ အဲဒီစကားသံက ချိန်ကိုက်ဗုံးတလုံးလိုပ.ဲ .။ ဘုရားရေ.. ငါတို့ သတင်းများ


နောက်တန်းတပ်က ရသွားလို့ ဒီအထိ လိုက်လာလေသလားပေါ့..။ အဘလေးဆိုရင် တော်တော်လေး ရာထူးရှိတဲ့သူမှန်းတော့
ကျမသိပါတယ်။ ကိုယ်က ဘာကြီးမှ မဟုတ်ပေမဲ့ လူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့ သူတွေမို့ ကျမ စိတ်ပူမိတာပါ။
ကလေးတွေကို သေချာ မျက်နှာသစ်ပေး.. ပါလာတဲ့ မုန့်လေးတွေ ကျွေးပြီး ကျမ တုန်လှုပ်နေရပြန်ပါပြီ။ အဲဒီတုန်းမှာပဲ ဗိုလ်မှူး
ရောက်လာပြန်ပါတယ်။ သူက ဟိုဟိုဒီဒီ နှုတ်ဆက်ပြီး ကျမဆီရောက်လာပါတယ်။ အမကြီး နေကောင်းရဲ့လားတဲ့။
ကျမကတော့ သူ့မျက်နှာလည်း စေ့စေ့ မကြည့်ရဲပါဘူး။ ဟုတ်က.ဲ့ . သိပ်တော့ နေမကောင်းဘူး.. လို့ ဖြေလိုက်ပါတယ်။ သူက
ကျမ ကလေးတွေအတွက် နို့ဗူးတွေနဲ့ ဘီစကစ်တွေ လာပေးတာပါ..။ ကလေးတွေကို သနားလို့တဲ့။ အမကြီးရယ်.. နောက်ဆို
နေလို့ရတဲ့ လက်မှတ်တွေဘာတွေ သေချာ လုပ်ပါဦး.. လို့တောင် ပြောပါသေးတယ်။ ပြီးတော့မ.ှ . ဒီနေ့ ကျနော်တို့ဆီကို
လူကြီးတွေ ရှောင်တခင် လာစစ်မယ်တဲ့။ အဲဒါ အမကြီးတို့က ကလေးတွေပါ ပါတော့ လူကြီးမြင်ရင် စိတ်အနှောက်အယှက်
ဖြစ်မှာစိုးလို့ အမကြီးတို့အားလုံး တနေရာမှာ သွားပုန်းနေရမယ်.. ညနေ လူကြီးတွေ ပြန်မှ စခန်းပြန်လာပေါ့.. တဲ့။ ဘုရားမ
ပြန်ပါပြီ။ ကျမတို့ကံကိုက…။ ဘာပဲဖြစ်ဖြစ် ကျမ စိတ်ထဲ အေးကနဲဖြစ်သွားတာတော့ အမှန်ပါ။
နောက်တော့ မနက် ၈နာရီလောက်မှာပဲ ကျမတို့အားလုံး တပ်ရဲ့ ညာဘက်က ပြောင်းခင်းတွေဘက်ကို
ထွက်လာ ရပါတယ်။ ပြီးတော့ အဲဒီ ပြောင်းခင်းတွေထဲမှာပဲ ကျမတို့ လူ ၃၅ယောက်လုံး အသံမထွက်ရဘူးဆိုပြီး
နေရာယူရပါတယ်။ ကျမသမီးနဲ့ သားငယ်လေး ကတော့ ဖျာလေးခင်းပေးထားတဲ့ အပေါ်မှာ ၀မ်းလျားမှောက်လို့ ပန်းချီတွေ
တောင် ဆွဲနေလိုက်သေး။ ကျမလည်း အဲဒီတော့မှ တရေး အိပ်ရပါတယ်။ ဒါတောင် စိတ်ထဲ တထင့်ထင်.့ .။ ငါတို့ကိုမှ ရွေးပြီး
လာခေါ်တာမျိုးများ ရှိလေမလားပေါ.့ .။ ပြောင်းခင်းတွေကြားမှာ ဖျာပေါ် ပက်လက်လှဲရင်း ကြည်စင်နေတဲ့ ကောင်းကင်ကို
ကြည့်ရတာတော့ အရသာ ရှိသားပါ..။ ပြီးတော့ အဲဒီအချိန.် . ကျမ ဗင်ဂိုးကို သတိရနေမိတယ်။ တကယ်လို့များ ကျမတို့ကို
တကယ်ပဲ စစ်အစိုးရကသာ ဖမ်းဆီးပြီး ခေါ်သွားမယ်ဆိုရင်တော့ ရက်စက် ကြမ်းကြုတ်လှတဲ့ သူတို့လက်ထဲ ရောက်မယ့်အစား
တမိသားစုလုံး သေပစ် လိုက်တာကောင်းဦးမယ်.. လို့ တွေးမိတာလည်း အမှန်ပါပဲ။ ပြောသာပြောတာပါ.. သတ်သေရတဲ့ ကိစ္စ
ဆိုတာကလည်း ခက်လိုက်တဲ့ ဖြစ်ခြင်း..။
ဒီလိုနဲ့ နေပူတောက်တောက်အချိန်ကို ရောက်လာ.. အရိပ်ကို ရှာပြီး ခိုကြ..။ စကားစမြည် တိုးတိုးပြောကြ။
ဒီနေရာမှာ ကျမတို့နဲ့အတူ အချုပ်ထဲကပါလာတဲ့ သူတွေရဲ့ ချစ်စရာကောင်းတဲ့ နားလည်မှုလေးတခုကို ပြောပြရ ပါမယ်။
သူတို့တွေက အချုပ်ထဲမှာ ကျမကို ဆရာမလို့ တောက်လျှောက်ခေါ်လာကြတာ..။ ခု စစ်တပ်ထဲလည်း ရောက်ရော.. သူတို့
အသိစိတ်နဲ့ သူတို့ပြောင်းခေါ်ကြတာ.. အမ.. တဲ့။ ပြီးတော့ တစုံတရာ ရိပ်မိစေမယ့် အပြော မျိုးလည်း မပြောကြတာ..။ သိပ်ကို
ကျေးဇူးတင်စရာကောင်းတဲ့ အသိစိတ်ဓာတ်ပါပဲ။ ဒါ့ထက်ပို ကျေးဇူးတင်စရာ တွေလည်း ပြောပြပါဦးမယ်..။ ကျမတသက်
ဘယ်တော့မှ မမေ့နိုင်တော့မယ့် သူတွေပါ..။ ဒါပေမဲ့ သူတို့ကို နာမည်တောင် ကောင်းကောင်း မသိခဲ့ရ။ ဒီလိုနဲ့ ညနေ
၎နာရီထိုးသွားပါတယ်။ ဒီတော့မှ စခန်းက လူက လိုက်လာပြီး ခေါ်ပါတယ်။ လူကြီးတွေ ပြန်ပြီတဲ့။ ဒီတော့မှ ကျမ စိတ်ထဲ
လုံးလုံး အေးသွားပါတယ်။ စခန်း ပြန်ရောက်တော့ ကျမစိတ်ထဲ ပေါ့ပါးနေတာမို့ တဲအပြင်မှာတောင် ထွက်ထိုင်
နေလိုက်ပါသေးတယ်။ အဲဒီ အချိန် မှာပဲ ကျမတို့ကို ဒီည ပြန်ပို့မယ်.. ဆိုတဲ့ သတင်းကို စစ်ထောက်လှမ်းရေး တပ်ကြပ်က
ပြောပါတယ်။

အကုန် အသင့်ပြင်ထား ည ၈နာရီ စထွက်မယ်.. တဲ့။

မိုးက ဖြိုးဖြိုးဖျောက်ဖျောက် ရွာနေတယ်။ လမ်းပြ ၈ယောက်လိုက်ပို့မယ်။ ပြန်မယ့်သူ အားလုံး ၂၄ယောက်။


၃၅ယောက်မှာ ၁၁ယောက်က ပိုက်ဆံ မရှိ .. ရွေးမယ့်သူ မရှိလို့ နေကျန်ခဲ့ရမှာ.. သူတို့ ဘယ်တော့ ပြန်ရမလဲ.. မသိဘူးတဲ့။
တော်သေးတာက ကျန်ခဲ့တာ ယောက်ျား တွေချည်း..။ ကျမက စဉ်းစားထားတယ်.. တကယ်လို့ မိန်းကလေးထဲက ပြန်ချင်တယ်
.. ရွေးမယ့်သူ မရှိဘူးဆိုရင် ကျမ ရွေးပေးမယ်လို့ စိတ်ကူးထားတာ..။ မိန်းကလေး ၁၂ယောက် အားလုံး ပြန်နိုင်ကြပါတယ်။
လမ်းပြခေါင်းဆောင်က ကျမတို့ကို သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ ပြောတယ်..။ လမ်းမှာ ထိုင်းတပ်ကို
ဖြတ်သွားရမယ်။ ထိုင်းတပ်က ခွေးတွေနဲ့ ကင်းလှည့်နေတယ်.. မိရင် သေနတ်နဲ့ ပစ်မှာ။ ဒါကို ရှောင်သွားရမှာ.. ဆိုတော့
အသံလုံးဝ မထွက်ရဘူး။ ချော်လဲရင်တောင် အသံမထွက်ရဘူး။ အထူးသဖြင့် အမတို့ ကလေး၂ယောက်ကို သေချာ
တာဝန်ယူပါ.. ကလေးတွေကြောင့် ကျနော်တို့ ခရီးအဖင့် မခံနိုင်ဘူး။ တခုခုဖြစ်ရင် ထားခဲ့ရမှာပဲ.. တဲ့။ လမ်းမှာ
ကျနော်တို့နောက်ကနေ ထပ်ချပ် လိုက်ရမယ်။ လမ်းချော်ရင် ရောက်တဲ့နေရာမှာ ချက်ချင်းရပ်နေလိုက်ပါ။ လမ်းပြတွေက
ပြန်လှည့်ခေါ်မယ်။ လမ်းမှားပြီး ဆက်သွားနေရင် မြေမြှုပ်မိုင်းထိနိုင်တယ်.. ဒါကြောင့် သိပ်အရေးကြီးပါတယ်.. တဲ့။

ကျမက နေသိပ်မကောင်းတဲ့အပြင် ကလေးတွေနဲ့မို့ ဘယ်လောက်လျှောက်ရမှာလဲ..ဆိုတော့


၎မိုင်လောက်တဲ့။ တောလမ်းဆိုတော့ ၂နာရီလောက်ကြာမယ်တဲ့။ ကျမ စိတ်ပူရပြန်ပါပြီ။ ကျမက သားငယ်ကို ချီမယ်။
သူ့အဖေက သမီးကို ချီရမယ်။ သားကြီးက အထုပ်ထမ်း။ ဘုရားရေ.. ကျမ ဖြစ်ပါ့မလား။ သားကြီးက ညီလေးကို ကူချီပါ့မယ်..
တဲ့။ လမ်းပြလေး တွေကလည်း ကျနော်တို့ ကူပါ့မယ် အန်တီ.. တဲ့။

တကယ်တမ်း စထွက်တော့ ည ၉နာရီကျော်ပြီ။ အဲဒီည.. လမိုက်ညဖြစ်တဲ့အပြင် စထွက်ကတည်းက


မိုးကတော်တော် ရွာနေပြီ။ လမ်းပြတွေကပြောတယ်.. မိုးရွာရင် ပိုစိတ်ချရတယ်တဲ့။ ထိုင်းစစ်သားတွေ နှပ်နေ မှာ.. တဲ့။
စထွက်တာနဲ့ ဗြုန်းဆို တောကြီးထဲ ရောက်သွားတာပါပဲ။ မှောင်တာမှ တကယ့်အမှောင် ကိုယ်ချီထားတဲ့ သားလေးကိုတောင်
ကိုယ်ပြန်မမြင်ရ..။ ရှေ့နောက် တန်းစီပြီး တယောက် ပုခုံး တယောက် ကိုင်တာ မပြတ်ဘဲ သွားရမယ်လို့ မှာထားတာမို့
ကိုင်ထားရပေမဲ့ ကိယ
ုကိုင်ထားတဲ့သူကိုတောင် ကိုယ်မမြင်ရလောက်အောင် မှောင်တာပါ။ ပိုဆိုးတာကတော့ တောလမ်း
သစ်ပင်တွေကြားထဲက ခပ်မြန်မြန်သွားရပြီး လမ်းတွေက ရွှံ့စေးတွေနဲ့ ချောနေတာ။ စထွက်ပြီး နာရီဝက်တောင်
မလျှောက်ရသေးခင်မှာပဲ ကျမ ဗိုင်းကနဲ လဲပါတော့တယ်..။ သားလေးနဲ့မို့ တော်တော်ကို နာတာပါ။ အဲဒီအချိန.် . ကျမနဲ့
ပခုံးကိုင်ဆက်လာတဲ့ သားကြီးပါ ဗိုင်းကနဲလဲ.. သူ့နောက်က လူလည်း လဲ..။ နောက်တော့ ကျမဆီက သားလေးကို
တယောက်က လှမ်းခေါ်လိုက်ပါတယ်။ ကျမကို ဆွဲထူကြ..။ ခပ်သုတ်သုတ် ဆက်လျှောက်… ။ ထပ် လဲ..။ ရေအိုင်တွေထဲ
ထိုးကျ..။ သူ့အဖေလို ရွှံ့မြေပေါ် ကျွမ်းကျွမ်းကျင်ကျင် လျှောက်တတ်တဲ့သူတောင် လဲတာ။ မကြာခဏ လဲကျကြပေမဲ့
အသံမထွက်ရဲကြပါဘူး။ တဗိုင်းဗိုင်းလဲနေကြသူတွေထဲ အလဲဆုံးကတော့ ကျမနဲ့ သားကြီးပါ။ ပိုဆိုးတာက ဘယ်တုန်းကမှ
အလုပ် ကြမ်းကြမ်း မလုပ်ဖူးတာမို့ အပင်ပန်းမခံနိုင်လေတော့ အဲလို ခဏခဏ အလဲမှာ ကျမတို့ ဟောဟဲ ဆိုက်နေပါပြီ။

ပိုဆိုးတာက ကျမက ဒေါက်မြင့်ဘိနပ်မို့ စီးမရတာကြောင့် ခြေဗလာနဲ့ လျှောက်ရပါတယ်။ ဒီလိုပဲ သားကြီး


ဘိနပ်ကလည်း အချုပ်မှာတုန်းက အခိုးခံရတာမို့ သားကြီးလည်း ခြေဗလာနဲ့ပါ။ ဒီတော့ မြေကြီးပေါ်က သစ်ငုတ် တွေ
ဆူးတွေက ကျမတို့ ခြေဖ၀ါးထဲ စိတ်ကြိုက်ပေါ့။ မှောင်မှောင်မည်းမည်း မိုးရွာထဲမှာ မြန်မြန်ကလည်း လျှောက်ရ..
ဘေးဝန်းကျင်လည်း ကြောက်ရ.. မိုးတွေကလည်း စိုရွှဲနေလေတော့ ကျမတို့ အသားတွေက တဆတ်ဆတ် တုန်နေပါတယ်။
နောက် အတွေ့အကြုံတခုက တောထဲက ညအမှောင်မှာ ကိုယ်က မြန်မြန် လျှောက်နေရတော့ ကိုယ့်ဘေးနားမှာ
လူရိပ်တွေဖြတ်နေသလို မကြာခဏဖြစ်တယ်။ ယောင်ပြီး လိုက်လိုက် သွားမိတော့မလို့။ တခေါက်ဆို လိုက်သွားမိသေးတာ။
နောက်လူက ဆွဲထားလို့။ (နောက်ပိုင်း ပြန်ပြော ဖြစ်ကြတော့ သားကြီးလည်း အဲလိုပဲ မြင်တာတဲ.့ . မျက်စေ့ တွေပဲ ပြာလာလို့
ထင်ပါရဲ့)။ ပြီးတော့ တခါတလေ.. ရှေ့ကလူက အဆင်းတဲ.့ . လို့ သတိပေးပြီး ရုတ်တရက် ကျမ ကိုင်ထားတဲ့ သူ့ပုခုံးက
လွတ်သွား..။ ကျမ သတိထားပြီး ဆက်လျှောက်တုန်း လျှောကနဲဆို တရွတ်တိုက်ပြုတ်ကျသွားတာ တင်ပါးနဲ့ မြေကြီး အုံးကနဲ
ဆောင့်တော့တာပဲ။ အဆင်း ဆိုတာက တကယ်မှ အဆင်းကြီးလေ။ အတက်ဆိုတော့လည်း ရွှံ့တွေချောနေတဲ့ ကုန်းအမြင့် ကို
တကယ် ဖက်တက်ရတာ..။ ဒီနေရာမှာ ကျမတို့ရဲ့ ခရီးသွားဖော်တွေဟာ သိပ်ကို ချီးကျူးစရာကောင်းတာပါ။ ကျမကို တွ.ဲ .။
ကလေးတွေကို ကူချီ..။ နောက်ဆုံး သားကြီး တဗိုင်းဗိုင်းလဲတာ သနားလို့ဆိုပြီး အထုပ်ပါ ကူသယ်ပေးကြ တာပါ။ ပြီးတော့
သူတို့က သက်လုံကောင်းကြတာမို့ သိပ်လည်း ခရီးတွင်ပါတယ်။ သူတို့ကူလို့သာ ကျမတို့ ဖြတ်သန်းနင
ိုခဲ့တာလို့တောင်
ပြောလို့ရပါတယ်။

နောက်တော့ ကောင်းကင်အလင်းအောက်မှာ ပြောင်းခင်းတွေကြားကနေ လျှောက်ရပါတယ်။ တနေရာ


ရောက်တော့ ခွေးဟောင်သံ သဲ့သဲ့ကြားပါတယ်။ လမ်းပြတွေက အဆင့်ဆင့်ပြောလို့ ကျမတို့ ထိုင်ချလိုက် ရပါတယ်။ အဲဒီအချိန်
ခပ်လှမ်းလှမ်းမှာ လက်နှိပ်ဓာတ်မီးအလင်းတန်းတွေ တွေ့ပါတယ်။ ကျမတို့အားလုံး ငြိမ်နေရတဲ့အချိန.် . သမီးကို အဖေက
ဖက်ပြီး မကြောက်နဲ့နော် လို့ တိုးတိုးလေး ပြောနေပါတယ်။ ကျမလည်း သားငယ်လေးကို ခေါ်ဖက်ထားလိုက်ပြီး သားလေး ..
မကြောက်နဲ့နော်.. မေမေတို့ ချင်းမိုင်ပြန်နေတာ..။ တော်ကြာဆို ရောက်တော့မယ်..နော်လို့ စိတက
်ူးပေါက်သလို
အားပေးနေရပါတယ်။ စိတ်ထိခိုက်စရာ ကောင်းတာက သားငယ်လေးက နှုတ်ခမ်းတွေကို တင်းတင်းကိုက်ထားပြီး
သူ့ကိုယ်လုံးက တကယ့်ကို တဆတ်ဆတ် တုန်နေတာပါပဲ။ သားကြီးကတော့ ခေါင်းငိုက်စိုက် ချလို့။ ခွေးဟောင်သံ
ဝေးသွားတော့ ဆက်လျှောက်..။ ၄မိုင်တဲ့..။ ခရီးက ပေါက်ပဲ မပေါက်နုင
ိတော့ အဆိုးဆုံးက လယ်ကန်သင်းရိုးတွေလို အပေါ်
ကနေ ဘိနပ်မပါဘဲ မြန်မြန် သွားရတာမို့ ခြေချောင်းတွေကို ကုပ်လျှောက်နေရတာပါ။ ဒီကြားထဲကပဲ ချော်လဲတော့
လမ်းဘေးက အပင်တွေထဲ ထိုးကျသွားလိုက်.. ရေအိုင်ထဲ ပစ်ကျသွားလိုက်..။ ကျမတကိုယ်လုံး ထူပူနေတာပါပဲ။
တဖြည်းဖြည်းနဲ့ ကျမကို ကူတွဲတဲ့သူတွေနောက် ဒရွတ်တိုက်လိုက်ရင်း ကျမက အလယ်မှာ သားကြီးက ဟိုးနောက်မှာ..
သူ့အဖေက ရှေ့ဖျားမှာ..။ ရေနည်းနည်း သောက်လိုက်။ လျှောက်လိုက်.. လဲလိုက်..။ တနေရာရောက်တော့ ခဏနားမယ်..တဲ့။
အဲဒီနေရာက စိုက်ခင်းထဲက လယ်တဲတတဲ။ လက်ကနာရီကို ကြည့်တော့ ၂နာရီ..။ အိုး ကျမတို့ လျှောက်ခဲ့တာ
၅နာရီခရီးတောင် ရှိပြီ။

“ကျမတို့လျှောက်ရမှာ ၄မိုင်ဆို..။ ခု မကတော့ဘူးထင်တယ်”လို့ ကျမ လမ်းပြခေါင်းဆောင်ကို ပြောတော့


သူက ဟုတ်တယ်. . တဲ့။ ဒီည ထိုင်းစစ်တပ်က ကင်းချတာ ကျပ်လို့ ကျမတို့ကို လာကြိုမယ့်ကားက ချိန်းတဲ့ နေရာထိ
ရောက်အောင် လာလို့ မရတာ.. တဲ့။ အင်းလေ.. ဖြစ်ရမှာပေါ့.. ကျမပဲလေ.. လို့ တွေးလိုက်မိသေး။ ဒါဖြင့် တော်တော်
လျှောက်ရဦးမလား မေးတော့.. မပြောနိုင်သေးဘူး အမရေ.. တဲ့။ ဒီလိုနဲ့ ဆက်လျှောက်ရပြန်ပါတယ်။ တနေရာရောက်တော့
ကားလမ်းမကို ကန့်လန့် ဖြတ်ပြေးရတယ်။ ခါတိုင်းဆို ဒီနေရာမှာ ကားက လာစောင့်တာတဲ့။ ဒီနေ့ လာမရလို့တဲ့။ (ဟုတ်
မဟုတ်တော့ သူတို့မှ သိမှာပဲ)။ အဲဒီနေရာမှာတော့ ဆိုင်းဘုတ်ကို ထိုင်းလိုရေးတာ တွေ့ပြီ။ ထိုင်းနယ်ထဲ ၀င်နေပြီထင်ပါရဲ့။
ဒီလိုနဲ့ ဆက်လျှောက် ဆက်လဲ.. လူတွေက ပိုမြန်မြန် လျှောက်နေရတယ်။ ကားက တ၀က်သာ လာမကြိုနိုင်ဘူးဆိုရင်
မိုးမလင်းခင် သတ်မှတ်ထားတဲ့ နေရာကို ရောက်မှတဲ့။ မရောက်ရင် ပြဿနာတက်မှာတဲ့။ ပို မြန်မြန်လျှောက်ရပြန်ပါတယ်။
အဖော်တွေခမျာတော့ ကျမ ကလေး တွေကို ကူချီရ.. ကျမကို ကူတွဲရပေါ့။ ဒီလိုနဲ့ ကျမ နားတွေ အူလာပါတယ်။ လူက
မူးလာပြီ။ ရုတ်တရက် ဘယ်ဘက်ရင်ပတ်ထဲက အောင့်လာပြီး ကျမ ပစ်လဲသွားပါတော့တယ်။ နားထဲမှာ အသံတွေ တိုးတိုး
တိုးတိုးနဲ့ ကြားနေရတယ်..။ အမ.. အမ.. သတိထားနော်.. အသက် ၀၀ ရှူ.. အမေကြီး သတိထားပါကွာ.. အားတင်းပါ..
ကလေးတွေ သနားပါတယ်နော်.. တဲ့။ ရာကျော့်အသံ..။ မေမေ.. မေမေ.. သတိထားပါ မေမေရာ.. တဲ့ .. ငိုသံကြီးနဲ့
သားကြီးအသံ..။ ကျမ အသက်ရှူကျပ်လာတယ်။ ငါ သေလို့ မရဘူး။ အကုန် ဒုက္ခရောက်ကုန်မှာ…။ ကိုယ့်ကိုကိုယ်
သတိပေးနေတဲ့ ကြားကပဲ ကျမ မိုက်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်လေးမှာပဲ... အိပ်ပျော်သွားသလို အနားရ သွားသလိ.ု .။
ကျမ ဘာမှ မသိတော့ပါ။
မြသီလာအလွမ်းပြေ (၄၂)

တကယ်တော့ ကျမ သတိလစ်သွားတာက ခဏလေးပါ။ ကျမကို သူတို့တွေ ဆွဲထူပြီး ဒယဥ့်တိုက်ဆန်ဆန်


တွဲခေါ်ပြီး လျှောက်နေချိန်မှာပဲ ရွာနေတဲ့ မိုးစက်တွေအောက်မှာ ကျမ ပြန်နိုးလာပါတယ်။ ကျမပြန်ပြီး ခေါင်းထောင်လာမှ
ကျမကို တွဲနေတဲ့သူတွေက အမ သက်သာတယ်နော်.. စိတ်တင်းထားနော်.. အမကို လာခေါ်ပေးဖို့ စီစဉ်နေပြီ.။ ခဏတော့
စိတ်တင်းထားနော်တဲ့။ ကျမ အားတကယ်တင်းပြီး ဆက်လျှောက် နေမိပါတယ်။ ခြေလှမ်းတွေက ရှေ့ကိုပဲ မလှမ်းတော့..။
နောက် ပြန်ပြန်ဆွဲနေတယ်။ မောတဲ့ ကြားကပဲ ကလေးတွေကို ရှာတော့ သားလေးက သူ့အဖေပေါ်မှာ.. သမီးကတော့
လမ်းပြတယောက်က ကျောမှာ ပိုးထားပါတယ်။ သားကြီးရော..။ သားကြီးက ကျမနဲ့ အတော်လှမ်းလှမ်းမှာ.. သူ့အရပ်ကြီးက
မြင့်လို့ လှမ်းမြင်ရပါတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာလည်း သိပ်မဟန်လှ။ (အဲဒီအချိန်မှာ ကွင်းပြင်ကျယ်မှာမို့
ကောင်းကင်အလင်းနဲ့ တယောက်ကိုတယောက် မြင်ရပါတယ်)။

နောက်တော့ ရွာတရွာကို ဖြတ်ရမယ်.. တိတ်တိတ်နဲ့ မြန်မြန်.. တဲ့။ ရွာအစမှာ ထိုင်းစစ်တပ်.. တဲ့။ ကျမတို့
ပခုံးနဲ့ ရွာစည်းရိုး တိုက်လျက်သားနဲ့ ဖြတ်ရတာ.. စည်းရိုးတဘက်မှာ မီးရောင် လင်းလို့။ ကျမတို့ဘက်ခြမ်းက အမှောင်..။
အမှောင်ထဲ သုတ်သုတ် သုတ်သုတ်န.ဲ့ . မိုးရွာရွာအောက်မှာ.. တကယ့် လူဆို သူခိုးတွေလ.ို .။ အဲဒီအချိန်မှာ ကျမစိတ်ထဲ
အောက်ကျ နောက်ကျ နိုင်လိုက်တဲ့ ဘ၀လို့ တွေးနေမိတာ ၀န်ခံပါတယ်။ နောက်တော့ ရွာထဲ ၀င်မယ်.. တဲ့။ လျှောက်နေတုန်း
လမ်းပြတယောက်က အမ ဒီရာဘာဘိနပ်စီးလိုက.် . တဲ့။ ရွာအ၀င်မှာ ပုလင်းကွဲတွေ ခင်းထားလို့တ.ဲ့ .။ တကယ်ပါပဲ
ပုလင်းကွဲပြင်ကြီးကို ဖြတ်တော့ ဂျိုးဂျိုးဂျွိဂျွိ ထိုးထိုးထောင်ထောင်န.ဲ့ .။ အမလေး စူးလိုက် ရှလိုက်လို့ကတော့ ဟက်တက်
အကွဲပေါ့။ ပြောသာ ပြောရတယ်.. ကျမ ခြေဖ၀ါးတွေက ကျိန်းစပ်နေတာ.. ဘယ်လောက် ကွဲထား ရှထားသလဲ မသိ။

နောက်တော့ အိမ်တွေကြားက သုတ်သုတ်ဖြတ်. .။ မိုးသံတဖြောက်ဖြောက်မို့ တော်ရုံ အသံလုံ


နေတယ်ထင်ပါရဲ့။ ပြီးတော့ မနက် ၃နာရီဆိုတာ မိုးအေးအေးမှာ လူတကာအိပ်လို့ ကောင်းနေတတ်တဲ့ အချိန်လေ..။
အထူးသဖြင့် ထိုင်းတွေလို အပူအပင်မရှိတဲ့ တိုင်းပြည်မှာ ပိုပြီး အေးအေးချမ်းချမ်း အိပ်နေတော့မပေါ့။ အဲလိုတွေးမိရင်တော့
ကျမ နှုတ်ခမ်းကို နာနာ ကိုက်မိပါတယ်။ တရွာကုန်ပြီး နောက်.. လယ်ကွင်းတကွင်း..။ ကျမ အားဆုတ်လာပြန်ပြီ။ ကျမ
ခြေထောက်တွေ လှုပ်လို့တောင် မရတော့ဘူးထင်ပါရဲ့။ အဲဒီအချိန်မှာပဲ လမ်းပြတယောက်က မနက် ၄နာရီ ထိုးတော့မယ်..
မလင်းခင်ရောက်မှ.. တဲ့။ ဘုရား… ကျမ စိတ်တိုသွားတယ်။ ကျမ.. ဒါ့ထက်မြန်အောင်.. ပြီးတော့ ဒါ့ထက်ပို
မလျှောက်နိုင်တော့။ ကျမကလေးတွေလည်း လူတွေပေါ်က လိုက်လာပေမဲ့ မိုးရေအောက်မှာ သိပ်ပင်ပန်းနေရှာပြီ။
တွေးနေတာက တခြား.. တကယ့်လက်တွေ့မှာတော့ ကျမ တဗုံးဗုံးလဲပြန်ပါပြီ။ သားကြီးရော.. မိန်းကလေးတချို့..
ယောက်ျားလေးတချို့ရော.. ပို လဲကျလာသလိုပ.ဲ .။ ရုတ်တရက် ကျမ နှလုံးတွေက ရင်ပတ်ထဲကနေ ခုန်ထွက်သွားတော့မလို
ခုန်ပေါက်လာကြတယ်။ ကျမအမော ဆိုက်သံကို ကျမ ပြန်ကြားနေရတယ်။ ကြောက်စရာကြီး။ ကျမဆီကို လူတွေ ၀ိုင်းလာတာ
ကျမသိနေတယ်။ မိန်းကလေးသံတွေ.. အမ .. အမ.. အမ... မရတော့ဘူးထင်တယ်။ သူ… မရတော့ဘူး.. သေလိမ့်မယ်
ထင်တယ်တဲ့။ ကျမ ဘာမှမဖြေနိုင်တော့ဘူး။ မျက်ရည်တွေ စီးကျလာတယ်။ ကျမ လျှောက်ခဲ့တာ ၇နာရီနီးပါး
တောက်လျှောက်..။ စိတ်က ဆောင်ပေမဲ့ လူက မဆောင်နိုင်တော့ဘူးထင်ပါရဲ့..။ ဟုတ်တယ်.. ကျမ သေတော့မယ်ထင်တယ်။

အဲလိုတွေးလိုက်ချိန်မှာပဲ အုံးကနဲ ကျမ မှောက်လျက်ကြီး ပြုတ်ကျသွားတယ်။ ရွှံ့ရေတွေထဲ မျက်နှာကြီး


အပ်လို့။ ကျမ လုံးဝ မလှုပ်နိုင်တော့ဘူး။ ကျမ ခေါင်းတောင် မထူနိုင်တော့ပါဘူး။ စိုးရိမ်တကြီးလက်တွေကို စိတ်မပူစေချင်လို့
ခေါင်းထောင်ပြချင်ပေမဲ့ ကျမ မတတ်နိုင်တော့ပါဘူး။ ကျမစိတ်ထဲ.. အဖေရေ.. လို့ တမိတယ်။ ကျမ ဘယ်လိုမှ
မလှုပ်တော့ပါဘူး။ အားလုံး တက်ညီလက်ညီ.. ဒီမှာ သူ မရတော့ဘူး.. သေလိမ့်မယ်.. ခဗျားတို့ တခုခု စီစဉ်ပါတဲ.့ .။
နောက်တော့ ကျမကို တယောက်က ပွေ့ချီတယ်။ နောက် ခဏ ဆက်လျှောက်နေတာ သိတယ်..။ ကျမ မျက်စေ့မှိတ်ထားရင်း
လှိုင်းလုံးတွေပေါ်ကနေ လိုက်လာရသလိုပ.ဲ .။ နောက်တော့ အေးစက်မာကျောတဲ့ အခင်းတခုပေါ် ကျမကို ချလိုက်တယ်။
ကိုယ်ပေါ်ကို အေးစက်စက် ခပ်လေးလေး အ၀တ်တခု လာတင်တယ်။ ရာကျော်က ကျမနားကို တိုးတိုးလေးလာပြောတယ်။
"အမေ.. ညည်း သိပ်ပင်ပန်းနေပြီ။ အဲဒါ သူတို့ ဆိုင်ကယ်ခေါ်ထားတယ်။ ဆိုင်ကယ်သမား လာမယ်။ ခု လမ်းပြတယောက်
စောင့်ကျန်ခဲ့မယ်။ ညည်း သူနဲ့ လိုက်ခဲ့နော်.." တဲ့။ ကျမ မနေခဲ့ချင်ဘူး .. ကြောက်နေတယ်.. ဒါပေမဲ့ ကျမ နှုတ်ခမ်းတွေတောင်
မလှုပ်နိုင်တော့ဘူး။ ကျမ ကလေးတွေ..။ ရာကျော်က ကျမနားကပ်လာတော့ ကျမကြိုးစားပြီး ပြောလိုက်တယ်.. ကလေးတွေ..
လို့။ ရာကျော်က ပြန်ပြောတယ်.. ကလေးတွေကို မေမေနဲ့ ထားခဲ့မယ်.. စိတ်မပူနဲ့နော်.. သူတို့ တာဝန်ယူတယ်.. အဖေနဲ့
သားကြီးကတော့ ဆက်လိုက်သွားမယ်တဲ့။ ကျမ မျက်ရည်တွေ စီးကျလာတယ်။ သားရော သမီးရော.. သိပ်ကို ပျော့ခွေနေပြီ။
မိုးလေအေးအေးကလည်း စိမ့်နေအောင် တိုက်လို့။ လမ်းပြခေါင်းဆောင်က အမ စိတ်မပူနဲ့နော်.. ဆိုင်ကယ်သမား လာမယ်..
တဲ့။

ကျမ အိပ်နေတဲ့ ဘေးကို သားနဲ့ သမီး ရောက်လာတယ်။ ရာကျော်က ကျမတို့မှာ ပါလာတဲ့ အ၀တ်ထုပ်ထဲက
အ၀တ်တွေကို ရေညှစ်ပြီး ကျမတို့ ကိုယ်တွေပေါ်မှာ ခြုံပေးတယ်။ မနွေးပေမဲ့ လေတိုးတာကိုတော့ နည်းနည်း
သက်သာစေတာပေါ့။ သမီးနဲ့သားက ကျမကို ဖက်ထားတော့ နည်းနည်း နွေးစေတာပေါ့လေ။ ခဏကြာတော့ သားရော
သမီးရော ကျမပါ ပင်ပန်းတာတွေနဲ့ မေ့ကနဲ အဆက်ပြတ်သွားတယ်။ ကျမ ပြန်နိုးလာတော့ သမီးနဲ့ သားက
အသက်ပြင်းပြင်းရှူလို့ အိပ်မောကျနေလိုက်တာ။ ကျမ ပတ်ဝန်းကျင်မှာ တိတ်ဆိတ.် . မိုးသံနဲ့ ညပိုးကောင်တွေ အော်သ.ံ .။
သစ်ရွက်လေတိုးသံ။ ဘေးဘီကို ကြည့်တော့ ကျမတို့က စိုက်ခင်းတခုထဲက အမိုးနဲ့ အခင်း ကျိုးတိုးကျဲတဲပဲ ရှိပြီး အကာမရှိတဲ့
တဲတလုံးပေါ်မှာ အိပ်နေကြတာ။ ကျမစိတ်ထဲ ဖြန်းကနဲ ကြောက်သွားပြီး သတိတရနဲ့ ကြည့်မိတော့ ကျမတို့နဲ့ မလှမ်းမကမ်းမှာ
လူတယောက် လှဲအိပ်နေတယ်။ သူ့ဘေးမှာ ဆိုင်ကယ်တစီး..။ ကျမဒီတော့မှ သေချာ သတိရတော့တာ..။ ပြီးတော့
ကျမစိတ်ထဲ သူ့ကို ကြောက်တာတွေ စိုးရိမ် ထိတ်လန့်တာတွေလည်း တခုမှ မရှိတော့ပါဘူး။ (တကယ်တော့
အဲဒီလူငယ်လေးသာ သစ္စာမရှ.ိ . စိတ်ထားမကောင်းခဲ့ရင် ကျမတို့ ဘ၀က ကြောက်စရာကြီးပါ.. ခုထိ တွေးမိတုင
ိး
အဲဒီလူငယ်လေးကို ကျေးဇူးတင်မိပါတယ်)။

ကောင်းကင်ဆီကြည့်တော့ တိမ်တွေပါးနေတယ်။ လင်းတော့မှာလား မသိ။ ကျမ ဖြည်းဖြည်းချင်း ထထိုင်


လိုက်တယ်။ အဲဒီတော့မှ လှဲအိပ်နေတဲ့သူဆီက စကားသံ ထွက်လာတယ်.. စဗိုင်းဒီမိုင်း ခပ် ဖိ.. တဲ့။ နေကောင်း လား အမ..
ပေါ့။ ကျမ ‘ခ’ တလုံးပဲ ပြန်ဖြေနိုင်တယ်။ သူက ထိုင်းလို ဆက်ပြောနေတယ်။ ကျမက (ထိုင်းလို မပြောတတ်ဘူး) လို့
ပြန်ပြောတော့ သူ ဆက်မပြောတော့ဘူး။ (သမီးလေး ကတော့ ထိုင်းလို ကောင်းကောင်းပြောတတ်ပါတယ်) လို့ပြောမှ သူက
‘အိုကေခပ်’ တဲ့။ (ကျမက အဲဒီလောက်လေးတော့ ပြောတတ်အောင် သင်ထားပါတယ်..) ကလေးနှစ်ယောက်ကို
စမ်းကြည့်တော့ ကိုယ်လေးတွေက ပုံမှန်အတိုင်း နွေးနွေးထွေးထွေး ရှိနေပါတယ်။ ဖျားနာတဲ့ပုံ မရှိပါဘူး။ တဖြည်းဖြည်းနဲ့
အလင်းရောင် ပျို့လာပါတယ်။ မိုးလည်း စဲသွားပါတယ်။ ဒီတော့မှ ဆိုင်ကယ်သမားကို ကြည့်မိတော့ လူငယ်လေးပဲ
ရှိပါသေးတယ်။ သူက 'သွားကြစို့'တဲ့။ (ကျမက အဲလောက်တော့ နားလည်ပါတယ်)။ ဒီတော့မှ သမီးနဲ့ သားကို နှိုးရပါတယ်။
ကလေးနှစ်ယောက်က အံ့သြစရာကောင်းလောက်အောင် လန်းလန်းဆန်းဆန်းနဲ့ နိုးလာပါတယ်။ (ကလေးတွေ
မဖျားမနာတာလည်း ကံကောင်းတာပါပဲ)။

သူက ကလေးတွေကို ထိုင်းလိုပြောတော့ သားနဲ့ သမီးက ထိုင်းလို ကောင်းကောင်းတတ်တာမို့ သူပြောသလို


လိုက်လုပ်ပါတယ်။ တဲပေါ်က ဆင်း ဘိနပ်တွေ ပြန်စီးကြပါတယ်။ ကိုယ်ပေါ်မှာ ခြုံထားတာတွေက မျက်နှာသုတ် ပုဝါတွေ နဲ့
အင်္ကျီအပိုတွေ။ သမီးက အဲဒီ အ၀တ်တွေကို ကောက်ပြီး ဆိုင်ကယ်ရှေ့က ခြင်းထဲကို ထည့်ပါတယ်။ ပြီးတော့
ဆိုင်ကယ်သမားရဲ့ ရှေ့မှာ သမီးက ထိုင်.. လေတိုက်နေတာမို့ သမီးကို မျက်နှာသုတ်ပုဝါ ခြုံပေးရပါ တယ်။ နောက်
ဆိုင်ကယ်သမားနောက်မှာ သားငယ်လေး။ သားငယ်လေးနောက်က ကျမ..။ ဆိုင်ကယ်က ပြောင်းခင်းရွှံ့ကန်သင်းရိုးပေါ်မှာ
မောင်းရတာမို့ ခမျာ ခက်ခက်ခဲခဲပါ..။ တချက်တချက် လမ်းဘေးကို ချော်ချော်ကျသွားလို့ ကျမမှာ ဘုရားတ နေရပါသေးတယ်။
နောက်တော့ စိုက်ခင်းထဲက ထွက်သွားပြီး ကားလမ်းမ ပေါ် ရောက်သွားပါတယ်။ မိုးလည်း စင်စင်လင်းခဲ့ပါပြီ။ လာခဲ့တဲ့ လမ်းကို
ပြန် မျှော်ကြည့်လိုက်တော့ တောင်တွေ အဆင့်ဆင့်က ကျမတို့ နောက်မှာ ကျန်ခဲ့ပြီ။ ဟိုင်းဝေးလမ်းမပေါ်
နာရီဝက်လောက်မောင်းပြီးချိန်မှာတော့ လမ်းသွယ်လေး တခုထဲ ၀င်လိုကပ
်ါတယ်။ အော.. ရွာလေးတရွာပဲ..။
တနေရာရောက်တော့ ရွာလမ်းဆုံး ပြောင်းခင်းတွေထိပ်မှာ ဆိုင်ကယ်ကို ရပ်လိုက်ပါတယ်။

နောက် သူက သမီးကို ထိုင်းလိုပြော။ သမီးက စကားပြန်။ ဆင်းလျှောက်ရမယ် မေမေ..တဲ့။ ၁၀မိနစ်လောက်


လျှောက်လိုက်တဲ့အခါမှာတော့ လမ်းပြ၂ယောက်နဲ့အတူ သားကြီးနဲ့ သူ့အဖေကို သစ်ပင်တပင်ရင်းမှာ ခြေပစ်လက်ပစ်
ထိုင်နေတာ တွေ့လိုက်ရပါတယ်။ အိုးး သားအဖနှစ်ယောက်လုံး ပေပွ စုတ်ပြတ်လို့။ သားကြီးခြေထောက်တွေက ဖူးယောင်နေ
ပါတယ်။ ဒီတော့မှ သတိရပြီး ကိုယ့်ခြေထောက်ကိုယ်ပြန်ငုံ့ကြည့်တော့ သွေးစသွေးနတွေနဲ့ ရွှံ့တွေရောနေတဲ့
ခြေထောက်တွေက ကျမအတွက်တော့ တကယ့် သူစိမ်း အရာဝတ္ထု တခုလို။ လမ်းပြက အမ နေကောင်းတယ်နော်..
ကျနော်တို့က အမတော့ သေမှာပဲ.. ပြဿနာ ဘယ်လို ရှင်းရပါ့မလဲလို့ ပူနေတာ.. တော်ပါသေးရဲ့ဗျာတဲ့။ ကဲ.. ကျနော်တို့ကို
လူတွေ မြင်မှာ စိုးလို့ တနေရာမှာ သွားခိုကြရမယ်.. တဲ့။ ကျန်တဲ့ အုပ်စုတွေက ပထမ ကားတစီးနဲ့ မိုး သိပ်
မလင်းခင်ကတည်းက ပြန်သွားနှင့်ပြီတဲ့။ ကျမတို့ မိသားစုက နောက်တသုတ်တဲ့။

ပြောင်းခင်းနောက်တခုထဲ လျှောက်ရပြန်ပြီ။ သန်းခေါင်ထက်လည်း ညဥ့်မနက်နိုင်တော့ပြီ။ သားကြီးကတော့


စကားတခွန်းမှ မပြောတော့ပါဘူး။ သူ့အဖေက ကျမကို ပြောပြနေတယ်။ သားကြီး တော်တော် ပင်ပန်းပြီး နာသွားတယ်။
ညည်းကျန်ခဲ့ပြီး နောက်ဆက်လျှောက်တော့ သူ မနိုင်တော့ဘူး။ စိတ်ပူလိုက်တာ.. သူတောင် ပါလာပါဦးတော့မလားလို့.. တဲ့။
သားကြီးက ထွားကလည်း ထွား.. ၀ကလည်း ၀တဲ့အပြင် တခါမှ အပင်ပန်း မခံရဖူးတော့ သူ ဘယ်လိုမှ ရင်မဆိုင်နိုင်တာပါ။
၁၀မိနစ်လောက် လျှောက်ပြီးမှ ဟို တောင်ကုန်းပေါ်က ဂူလေးထဲမှာ ခိုမယ်တဲ့။ တောင်ကုန်းလေးက သိပ်တော့ မမြင့်ပါ။
အပေါ်ရောက်တော့ ကွမ်းယာဆိုင်လေး တဆိုင်စာလောက် အကျယ်ရှိတဲ့ ကျောက်ဂူပေါက်လေး။ အဲဒီထဲမှာ ဖုန်တသောသောနဲ့
စောင်တွေခင်းထားတဲ့ အပုံ။ ကျမ ရာကျော့်ကို လှည့်ကြည့်တော့ ရာကျော်က အလိုက်တသိနဲ့ အဲဒီစောင်တွေကို ဖယ်ထုတ်ပြီး
ဖုန်တွေခါပစ်ပါတယ်။ အကောင်ပလောင်တွေ ရှိမှာစိုးလို့ပါ။ ပြီးမှ ကျမတို့ မိသားစု အဲဒီ လျှိုပေါက်လေးထဲ ၀င်ပြီးနားရပါတယ်။
အဲဒီကျတော့မှပဲ ဇင်းမယ် က ကျမကို ပူနေမယ့် သူငယ်ချင်းတွေ မိတ်ဆွေတွေဆီ ဖုန်းတွေ ဆက်တိုက်ခေါ်ပြီး
ပြန်ရောက်မယ့်အကြောင်း သတင်းပေးရပါတယ်။ ကျမတို့ကို ရွေးဖို့ အဆင်ပြေရဲ့လားဆိုတော့ ကျမရဲ့
အကိုလိုဖြစ်နေတယ်ဆိုတဲ့ စာရေးဆရာ(DV Lottery လျှောက်ပေးတာလည်းသူ :D)က အကုန် တာဝန် ယူတယ်လို့ ဒီဒီက
ပြောပါတယ်။ ဒီတော့မှပဲ ကျမ မျက်ရည်တွေတွေ ကျနိုင်ပါတော့တယ်။ ဒီတော့မှ သားကြီးကတောင် မျက်ရည်တွေကျလို့..
တကယ်တော့ သူ ၀မ်းနည်းနေရှာတာပါ။ ကျမကတော့ ကျမ သားသမီးတွေရဲ့ ဒီစိတ်ဒဏ်ရာကို ပျောက်အောင်
ကုစားပေးရမယ့် တာဝန်တခု ကျမမှာ တိုးလာပြီလို့ တွေးနေမိ ပါတယ်။

လမ်းပြကို ကားက ဘယ်တော့ လာမှာလဲဆိုတော့ မပြောတတ်ဘူး တဲ.့ .။ ခဏကြာတော့


ဆိုင်ကယ်သမားလေးက ထမင်းထုပ်တွေ လာပေးပါတယ်။ ကြက်ဥကြော်တွေနဲ့။ ပြီးတော့ ခမျာက ကျမတို့ကို
ပါရာစီတမောတွေ တိုက်ရှာပါတယ်။ မိုးက စွေလိုက် သည်းလိုက်.. တချက် တချက် လေပါ ပါ။ ကျမက သားနဲ့ သမီးကို
ပေးအိပ် ထားလိုက်ပါတယ်။ သူတို့ နားရအောင်..။ ကျမလည်း ခွေခွေခေါက်ခေါက်လေး လှ.ဲ .။ ရာကျော်နဲ့ သားကြီးကတော့
ခြေဆင်းလက်ဆန့်ပဲ နေရပါတယ်။ လမ်းပြနဲ့ စကားအေးအေးဆေးဆေး ပြောကြတော့မှ ကျမတို့ လျှောက်ခဲ့တဲ့ ခရီးက
၁၂ကီလိုလောက် ရှိတယ်တဲ့။ တောင်တွေ ကျော်လာခဲ့တာတဲ့။ အမတို့က တော်တော် နုတာပဲ.. တဲ့။ တကယ်တော့ ဒီလမ်းဟာ
ရှမ်းပြည်က လူတွေ ထိုင်းဘက်ကို ခိုးဝင်တဲ့ အနီးဆုံးလမ်းပေါက်ပါ.. တဲ့။ အဲဒီလမ်းကို လူပေါင်းများစွာ.. သူတို့ လိုက်ပို့ခဲ့တာ..
ကျမတို့လောက် နုတာ တခါမှ မပါဖူးပါဘူးတဲ့။ ဟုတ်မှာပါ..။ အဲလို အေးအေးဆေးဆေး စကားထိုင်ပြောနေရင်းကျမှပဲ ကျမရဲ့
လက်မောင်းတွေ ကျောတွေက ကိုက်ခဲလာပါတယ်။ ဒီလိုနဲ့…. တနေကုန.် . ကျောက်ဂူလေးထဲမှာ… ကျမတို့ ဖြတ်ခဲ့တဲ့
လမ်းတလျှောက် ကြုံရတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဆင်းရဲဒုက္ခမျိုးစုံကို နားထောင်ရင်း ညနေ ၆နာရီ ထိုးသွားပါတယ်။
ကျမစိတ်ထဲက ထင်ထားတဲ့ အတိုင်း မှောင်စပျိုးမှပဲ ကျမတို့ကို ခေါ်မယ့်ကားက ရောက်လာပါတယ်။

ကားပေါ် မြန်မြန်တက်.. ကားနောက်ခန်း ၀မ်းဗိုက်ထဲ ၀င်… လှဲအိပ် လှဲအိပ်.. ပြီးတော့ အပေါ်ကနေ


အခင်းကြီး တခု အုပ.် .။ မိသားစု တစုလုံး တိုးကျိတ်ပြီး ခွေခေါက်..။ ကဲ.. ကားထွက်ပြီ။ ကားက တရိပ်ရိပ်ပြေး။ ဒါပေမဲ့
၃နာရီလောက်ပဲ မောင်းလိုက်ရပြီး နောက်မှာတော့ ရပြီ ထတော့လို့ ထိုင်းလိုပြောလို့ ထကြည့်လိုက်တော့ ကျမတို့ မိသားစု
ဇင်းမယ်မြို့ထဲကို ပြန်ရောက်ပါပြီ။ ကျမတို့ သွားမယ့်နေရာ…။ အဲဒီမှာ သူငယ်ချင်းတွေက ကြိုလို့။ ဒဏ်ရာဒဏ်ချက်တွေနဲ့
စုတ်ပြတ်သတ်နေပေမဲ့ ကျမတို့ မိသားစု သေတွင်းကနေ ပြန်ရောက်ခဲ့ပါပြီ။ ဘယ်တော့မှ မမေ့တဲ့ ခရီး.. မေ့မရနိုင်မယ့်
အတွေ့အကြုံပါပဲလေ..။

တကယ်တော့.. အဲဒီ ခရီးကို ကျမတို့ကသာ ဆန်းသစ်ခံစားနေပေမဲ့.. တကယ်က မြန်မာနိုင်ငံသားတွေ


အများကြီးဟာ.. နယ်စပ်မျဉ်းတနံတလျားတလျှောက်မှာ ကျမတို့ မိသားစု ကြုံရတဲ့ အဖြစ်ဆိုးတွေကို ကြုံနေ
ရင်ဆိုင်နေကြရတာပါ..။ ကျမတို့ကမှ ဒီခရီးကြမ်းကို တညတည်း ဖြတ်သန်းခဲ့ရတာ..။ စစ်တပ်ရဲ့ ထိုးစစ်နဲ့ ဖျက်ဆီး
နှောက်ယှက်မှုတွေကြောင့် အိမ်ဆိုတာနဲ့တောင် တခါမှ မနေဖူးရရှာတဲ့ IDP လို့ ခေါ်တဲ့ ရွာပုန်းရွာရှောင် မိသားစုတွေ ဆိုရင်
ကျမတို့ ကြုံခဲ့ရတဲ့ ခရီးကြမ်းမျိုး ဘ၀ကြမ်းမျိုးထဲမှာ ရက်ပေါင်း လပေါင်းများစွာ.. တခါတလေ နှစ်ချီတဲ့အထိ
ကျင်လည်နေကြရတာ။ ကျမတို့ကမှ ကိုယ့် ကိုယ်ရေး ကိုယ်တာအတွက် ဖြစ်ရတာ..။ တောထဲ လှည့်လည်သွားပြီး
ဒုက္ခရောက်နေသူ IDP တွေ.. မြေမြှုပ်မိုင်း ထိသူတွေကို လိုက်ရှာကယ်တင်နေတဲ့ Back Pack စေတနာရှင်
ဆေးကုသရေးအဖွဲ့တွေ... နောက် မတရားစစ်အစိုးရကို ဖြုတ်ချဖို့ လက်နက်ကိုင် တိုက်နေတဲ့ တော်လှန်ရေးသမားတွေဆိုရင်..
အများအတွက် ခရီးကြမ်းတွေ နှင်နေရတာ နေပူမရှောင် မိုးရွာမရှောင်.. ရန်လိုသူတွေနဲ့ လက်တကမ်းကနေ..။ ပြီးတော့
စားဝတ်နေရေးအတွက် သူများနိုင်ငံထဲ ခိုးဝင်ရင်း အသက် ပေးလိုက်ရသူတွေ..။ အဲလိုပဲ ဘ၀ပါ ပေးလိုက်ရတဲ့
မိန်းကလေးတွေ…။ ဒါတင်ပဲလား..။ ကိုယ့်တိုင်းပြည်ထမ
ှဲာတောင် ထမင်း နပ်မှန်အောင် မစားရတဲ့ ဘ၀ ဘ၀တွေ..။
တကယ်တော့ ကျမတို့ မိသားစု ကြုံခဲ့ရတာတွေကို တမင်ရေးပြတာက အဲလို ဘ၀တွေ တကယ်ရှိကြောင်း
သက်သေပြချင်လို့ပါပဲ။ ကျမရဲ့ ဒုက္ခကို ချပြချင်တာ မဟုတ်ပါဘူး။ ကျမတို့က မိတ်ဆွေကောင်း ကျောထောက်နောက်ခံတွေ
ရှိလို့သာ အလွယ်တကူ ပြန်ထူ နိုင်ခဲ့တာပါ..။ ဒီတော့… ဘာ ကျောထောက်နောက်ခံမှ မရှိတဲ့ သာမန် အလုပ်သမား တွေဆို
ဘယ်လို နေပါ့မလဲ..။ ကျမဖြင့် တွေးတောင် မကြည့်ချင်တော့ပါ..။

တကယ့် မထိတ်သာ မလန့်သာ ခရီးကနေ ပြန်အရောက်မှာတော့ ကျမကို ပူပန်နေတဲ့ သူငယ်ချင်းတွေရဲ့


အီမေလ်တွေ တပုံကြီးနဲ့ အရပ်ရပ်က စိတ်ပူလို့ လှမ်းမေးကြတဲ့ သတင်းစကားတွေက စောင့်ကြိုနေတာ တအားပါပဲ..။ အားလုံး
စိတ်ပူပူနဲ့ သိချင်တာကတော့ ဘာဆက်လုပ်မလဲဆိုတာပါ..။ ကံကကောင်းချင်တော့ အမေရိကန်သံရုံးက ကျမတို့ ဗီဇာကို
နောက်ထပ် ၆လ ပေးထားပါတယ်။ လေယာဉ်လက်မှတ်အေးဂျင့်ကလည်း ကျမတို့ကို သနားလို့တဲ့ လေယာဉ်လက်မှတ်တွေကို
ရက်အကန့်အသတ်မရှိ နောက်ဆုတ် ရွှေ့ဆိုင်းပေးပါတယ်။ အဝေးကဆိုရင်တော့ အမေရိကမှာ ရှိနေတဲ့ မောင်နေလင်းတို့
တစုံနဲ့ ချိုသင်းတို့ တစုံကတော့ အပူဆုံးပေါ့..။ သူတို့နဲ့လည်း ခင်တဲ့ ထိုင်းက ကျမရဲ့ မိတ်ဆွေတွေဆီ တချိန်လုံး
သတင်းလှမ်းမေးနေကြတယ်လို့ ဆီးပြောကြတော့ အားရှိရတာ အမှန်ပါ။

အဲဒီကာလမှာ နောက်ထပ်ချစ်စရာကောင်းတာက ဘလော့လောကထဲက ညီမလေးတွေ..။ လူချင်းတောင်


မမြင်ဖူးပါဘဲနဲ့ ချစ်ခင်နေကြတာမို့ ကျမတို့ သတင်းကြားတော့ ပူပူပန်ပန် လှမ်းမေးကြ..။ ပြီးတော့ ကျမဘလော့ရဲ့ Cbox မှာ
ဒေါ်မေငြိမ်းတို့ မိသားစုကို ထိုင်းစစ်တပ်က ဖမ်းထားတယ်လို့ တယောက်က ၀င်ရေးထားတာကို ပျောက်သွားအောင် message
တွေ အလုအယက် တင်ကြသတဲ့။ အဲဒါလေးတွေက စိတ်ဓာတ်အားအင်ရတာပါပဲ။ ဇင်းမယ်ကို ကျမတို့ ပြန်ရောက်တာ
အောက်တိုဘာလ ၂ရက်နေ့ည…။ အားလုံးက ကိုယ်ရောင် ဖျောက်နေဖို့ အကြံပေးတဲ့အပြင် ကျမတို့ကိုယ်တိုင်က လည်း
ကြောက်နေကြတာမို့ မိသားတစုလုံး အိမ်ထဲက အိမ်ပြင် မထွက်ဘဲ နေရတဲ့ ရက်တွေပေါ့။ သူငယ်ချင်းတွေ ကောင်းမှုနဲ့
နေစရာအိမ်မပူရ..။ အစစ ပြည့်ပြည့်စုံစုံန.ဲ့ . (ပုန်းခိုနေရတာက လွဲလ.ို့ .)။ ဒါပေမဲ့ စိတ်ထဲမှာ အနာဂတ်မရေရာမှုကတော့
ဖိစီးနေတာပေါ့လေ..။ သမီးနဲ့ သားငယ်လေးက ကျောင်းပြန်တက်ချင်နေရှာပြီ။ ဒီလိုနဲ့ အိမ်တွင်းအောင်းနေတာ တလလောက်
ရှိလာတော့မှ သားနဲ့သမီးကို ကျောင်းပြန်တက်ခိုင်း.. ကျမလည်း အပြင်နည်းနည်း ထွက်ရပါတယ်။

နောက်တကြိမ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ပဲ တွေးထားခဲ့ပါတယ်။ တကယ်လို့


နောက်တကြိမ် ဆိုခဲ့ရင်လည်း နောက်ထပ်လိုအပ်တဲ့ ငွေကြေးကို ကျမ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ ထိုင်းမှာ
ဘယ်လိုနည်းနဲ့ ဆက်နေမလဲဆိုတာပဲ စဉ်းစားရပါတော့မယ်။ သူငယ်ချင်းတွေအားလုံး ၀ိုင်းပူကြရ.. ၀ိုင်းကူကြရ တဲ့ အချိန်
ပေါ့…။ နောက်ထပ်တခါသာ တရားမ၀င်နေထိုင်မှုနဲ့ ငြိပြီဆိုရင်တော့ ကျမတို့က အမှုကြီးပြီလေ..။ ဒါပေမဲ့ .. လူက နေပေမဲ့
ကံက မနေဘူးဆိုတာလိ…
ု ပြုခဲ့ဖူးသမျှ ကုသိုလ်ကံအကျိုးဆက်နဲ့ ကျမတို့ မိသားစုအပေါ် မေတ္တာထားကြတဲ့ သူတွေရဲ့
ကျေးဇူးနဲ့…။ ကျမရဲ့ ခေါင်းမာမာနဲ့ အလွယ်တကူ အလျှော့မပေးတတ်တဲ့ အကျင့်နဲ့ ကျမလုပ်သမျှ ပံ့ပိုးတဲ့ ခင်ပွန်းရဲ့ အားနဲ.့ .။
ပြီးတော့ မောင်နေလင်းနဲ့ ဇနီးက ဒီကို ရောက်အောင်သာ လာဖို့ ကြိုးစား.. ကျနော်တို့ ရှိတယ်ဆိုတဲ့ စကားတခုရဲ့ အားနဲ.့ .။
ကျမ လက်ကျန်အားအင်တွေ အကုန် စိုက်ထုတ်လို့ နောက်တကြိမ် ထပ်ကြိုးစားတာမှာ……………….. အံ့သြစရာ
ကောင်းလောက်အောင် အဆင်ပြေ ချောမောစွာ နဲ့… ဒီဇင်ဘာ ၂၅ရက်နေ့ … Washington Dulles International Airport
မှာ လာကြိုနေတဲ့ သားနေလင်းရဲ့ ရှေ့မှောက်ကို ဆိုက်ဆက
ိုမြိုက်မြိုက် ရောက်နိုင်ခဲ့ပါတော့တယ်။ အဲဒီတုန်းက
ဒီမိသားစုကြီးကို ထိုင်းကနေ အမေရိကအရောက် အစအဆုံး ကူညီ အဖော်လုပ် ပေးခဲ့ရတာကတော့ ကျမရဲ့ ဘော်ဘော်ကြီး
ဘလော့ဂါ ဆြာယောပေါ့ရှင်…။ (နောက်ထပ်သာ အမှုထပ်ဖြစ်ရင် အဲဒီတခါ သူပါ အမှုတွဲမှာ.. :P)

(စာရေးဆရာဆိုတော့လည်း နိဂုံးကို သပ်သပ်ယပ်ယပ် ချုပ်ပေးချင်ပါတယ်.. ဆိုတော့ ခုက နိဂုံးနဲ့ မတူ။


ဒါကြောင့် အပိုင်း(၄၃)မှာ နိဂုံးသပ်ပါ့မယ်။ မှတ်မှတ်ရရ အသက်ကလည်း ၄၃ဆိုတော့ Happy Ending ထင်တာပဲ :D)
မြသီလာအလွမ်းပြေ (၄၃)

ကျမတို့မိသားစု ဘယ်လို လွတ်မြောက်လာသလဲ.. လို့ သိချင်သူတွေ များတာကြောင့် (၄၂)ကို အတိုချုံးပြီး


လိုရင်းရေးခဲ့ရတာ..။ တကယ်တော့ (၄၂)ရေးရမယ့် အပိုင်း… ဇင်းမယ်မှာ ခိုနေရတဲ့ ၃လနီးပါး (အောက်တိုဘာ၊ နိဝ
ု င်ဘာ၊
ဒီဇင်ဘာ)ဟာ တကယ့်ကို သည်းထိတ်ရင်ဖို ဆန်လှတာပါ။ အဲဒီအချိန်လေးနဲ့ ပတ်သက်ပြီး အသေးစိတ်ရေးဖို့
တောင်းဆိုကြပေမဲ့ ဒီအချိန်မှာ ဒါတွေကို အကျယ်မချဲ့ချင်တော့ပါဘူး။ ကျမစိတ်ထဲ အဲဒီ ကိစ္စဟာ ပုဂ္ဂလိက ကိစ္စသာ
ဖြစ်တယ်လို့ ထင်တာလေ။ ကျမတို့မိသားစု သူများနိုင်ငံမှာ ပုန်းခိုနေရတယ်ဆိုတာက လျှောက် အလည်အပတ်မပျက်..
မုန့်စားမပျက်.. ကလေးတွေ ကျောင်းတက်မပျက်..။ မဖြူဖြူသင်းတို့ နီလာသိန်းတို့ ပုန်းနေရတုန်းက အဖြစ်အပျက်မျိုး
အခြေအနေမျိုးနဲ့ ယှဉ်တွေး ကြည့်လိုက်ရင် အရေးအရာ လုပ်ပြောစရာကို မဟုတ်ပါ။ တခုပါပဲ.. ကျမက ကျမကြောင့်
ဒုက္ခတွေ့ရတဲ့ သားသမီးတွေကိုပဲ သနား တာလေ။

နအဖစစ်တပ်ကနေ ပြန်ရောက်လာတဲ့အချိန်မှာ ကျမက ကိုယ့်ကိုယ်ကို သေရွာပြန် မိသားစုလို့ပဲ


သတ်မှတ်ထား ခဲ့ပါတယ်။ အဲဒီအချိန်လေးမှာ ခင်မင်းဇော်ကဆိုရင် ကျမတို့ မိသားစုတော့ သွားပြီ.. အင်းစိန်ထောင်ကို
တန်းကနဲပ…
ဲ လို့ တွေးပြီး အရုပ်ကြိုးပြတ် ဖြစ်နေတာ။ တကယ်ပါပဲ.. ဘယ်လို တွေးကြည့်ကြည့် လွတ်လာစရာအကြောင်းကို
မရှိတာပါ။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ ကျမတို့ သားရဲတွင်းထဲက လွတ်လာခဲ့ပါတယ်။ အဲဒီ တလော ကျမနဲ့
ကလေး၃ယောက်ဟာ အဲဒီတောထဲရောက်သွားခဲ့တဲ့ အဖြစ်ဆိုးကို ညတိုင်းလို အိပ်မက်တွေ ပြန်ပြန်မက်ပြီး
လန့်လန့်နိုးခဲ့ကြတာ ညတိုင်းလိုလိုပါပဲ။ ပြီးတော့ အဲဒီအချိန်မှာ အနာဂတ်ဆိုတာထက် ကျမကို ကူထားကြတဲ့
သူငယ်ချင်းတွေရဲ့ ပိုက်ဆံတွေကို ဘယ်လိုပြန်ပေးရပါဆ
ို့တဲ့ အပူ.. ရှေ့လျှောက် ထိုင်းမှာ ဒီမိသားစုကြီး ဘေးမရှိ ရန်မရှိ
နေသွားနိုင်ပါ့မလားဆိုတဲ့အပူတွေ ဖိစီးလို့ပေါ့..။ Detention Center မှာ US Embassy က ကိုယ်စားလှယ် အာမခံပြီး
လာခေါ်တာတောင် မပေးတဲ့ ထိုင်းအင်မီဂရေးရှင်းက ကျမတို့ တပြုံလုံးကို နောက်တကြိမ် အလွတ်ပေးဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်တော့ပါ။

သံရုံးက ဗီဇာကို နောက်ထပ် ၆လ extension ပေးထား.. လေယာဉ်လက်မှတ်ကလည်း အကန့်အသတ်မရှိ


ရက်ရွှေ့ပေးထား..။ သူငယ်ချင်းတွေက အမျိုးမျိုး အားပေး..။ သံရုံးဘက် ကလည်း ဘယ်လို ကူရပါ့မလဲ စဉ်းစားနေကြ..။
ကျမကတော့ စိတ်ကို တ၀က်လောက် လျှော့ထားပြီး ထိုင်းမှာ ရေရှည်နေရေးကို တခုခု ပြန်စီစဉ်ဖို့ပဲ စဉ်းစား
နေမိခဲ့ပါသေးတယ်။ ဒါပေမဲ…
့ အဲဒီ ရက်တွေထဲမှာပဲ ကျမတို့ နောက်တကြိမ် ပြန်ထွက်ဖို့ မီးစိမ်းလေးတချက်က လက်ကနဲပြ..။
အဲဒီမီးစိမ်းကို ဘယ်လို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရလဲဆိုတာ ပြောပြချင်ပေမဲ့ ပြောပြလို့ မရတာမို့ အင်မတန်ကို စိုးရိမ်ပူပန်စရာ..
ထိတ်လန့် တုန်လှုပ်စရာကောင်းလှစွာနဲ့ ဖြတ်ခဲ့ရတယ် လို့သာ သိထားလိုက်ပါတော့။ တချိန်ချိန်တော့ ကျမ အသေးစိတ်
ပြောပြ နိုင်မယ်ထင်ပါတယ်။

ဖြစ်ပါ့မလားဆိုတဲ့ ကျမရဲ့ သောကစိတ်ကို အမြဲအားပေးအားမြှောက် လုပ်တတ်တဲ့ သားကြီးကတောင်


ဒီတခါတော့ သိပ်အားမပေးချင်။ ခင်ပွန်းသည်ကလည်း မျက်နှာ အပျက်ပျက်..။ ဟိုတခါလို လေယာဉ်ကွင်းမှာ
ထောင်ဖမ်းတာမျိုး ဖြစ်ခဲ့ရင်.. ဒီတခါတော့ အပြီးပဲလို့ ကျမ ပြောတော့ မိသားတစုလုံး တိတ်ဆိတ.် .။ ကျမကိုလည်း သူတို့
မလွန်ဆန်နိုင်ကြ။ သူငယ်ချင်းတွေကတော့ အားပေးတယ်။ ဒီတခါတော့ ဟိုတခါလို အဖြစ်မခံတော့ဘူးတဲ့။ ပြောသာပြောတာ..
ဟိုတခါလည်း အဲလို ပြောရင်းသားကကို နအဖတပ်ထဲထိ ဒုတ်ဒုတ်ထိ ရောက်သွား ခဲ့တာပဲလေ..။ ဒါပေမဲ့ ကျမ ထပ်ကြိုးစားဖို့
ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၅ရက်နေ့က ခရစ္စမတ်နေ့မို့ ထင်ပါရဲ့.. ဇင်းမယ်လေဆိပ်ရဲ့ ည ၈နာရီက လူသူ


ရှင်းလွန်းနေတယ်။ ဆောင်းည အေးအေးမှာ ကျမကတော့ ဇောချွေးတွေ ပြန်နေခဲ့တယ်။ ကျမရဲ့ နှလုံးခုန်နှုန်းကလည်း
ပုံမှန်မဟုတ်။ တကယ့်ကို ၀ုန်းဒိုင်း ကျဲနေခဲ့တာ။ သားကြီးနဲ့ ကလေးတွေအဖေခမျာလည်း မျက်နှာပျက် တိတ်ဆိတ်။
အငယ်လေး ၂ယောက်ကတော့ နားမလည်တော့ စကားတွေ များနေကြ။ လေကြောင်းလိုင်းက တာဝန်ကျ ကောင်မလေးက
ကျမတို့ရဲ့ စာရွက်စာတမ်းတွေကို အသေးစိတ် စစ်နေတယ်။ မိသားစု ၅ယောက် ဆိုတော့လည်း အကြာကြီးပေါ့..။ Check in
ပြီးတော့ အင်မီဂရေးရှင်း..။ ဘုရားရေ.. အင်မီဂရေးရှင်းက ကောင်လေးက တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ..
လေဆိပ်အထွက်အတွက် မှတ်တမ်းတင်ဓာတ်ပုံတွေ ထုးစံအတိုင်း ရိုက်တယ်..။ ပြီးပြီ .. သွားတော့တဲ့။ ကျမရဲ့ လက်ဖ၀ါးတွေ
အေးစက်..။ တကယ်ပဲလား.. အဲသလောက် လွယ်လွယ်ကူကူနဲ့ ကျမတို့ မိသားစုကြီးကို ပေးထွက်သလား။

အဲဒီအချိန် ကျမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစုက ဇင်းမယ်ရဲ့ တနေရာမှာ ဆုံပြီး ရှိနေကြ..။ ကျမဆီက


ဆက်လာမယ့် ဖုန်းသံကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေကြတယ်တဲ့။ တခုခုဟေ့ဆို သူတို့ အမြန်ဆုံး လိုက်ကြမှာလေ..။ ဟော..
ခုတော့ ကျမတို့ Departure Gate ဆိုတဲ့ ဆိုင်းဘုတ်ကို တကယ် ဖြတ်ခဲ့ကြပြီ။ နောက်တော့ လေယာဉ်ဘီးတွေကြွမ.ှ . ကျမရဲ့
အားအကိုးဆုံး အကိုတယောက်ဆီ ကမန်းကတမ်း ဖုန်းခေါ်.. “ကျမတို့ ဇင်းမယ်ကနေတော့ လွတ်ပြီ ဆရာရေ….” လို့
သတင်းပေးရတယ်။ သူ့ခမျာလည်း အေးဗျာ… တဲ့။ စိတ်တ၀က် အေးသွားတဲ့ အသံနဲ့။ အဲဒီကနေ ဘန်ကောက်..
သုဝဏ္ဏဘုမ္မိလေဆိပ်..။ စိတ်က ဒုံးဒုံး မကျသေး။ အဲဒီမှာလည်း လေယာဉ်ဘီးတွေ အကုန်ကြွမှပဲ စိတ်တ၀က်အေးရပြန်တာပါ။
အဲဒီတော့မှပဲ မောင်နေလင်းဆီ we are leaving လို့ Text Message ပို့ရတော့တယ်။ ဒီလိုနဲ့ ဂျပန် Narita လေဆိပ်မှာ
Transit ။ လမ်းတလျှောက်.. အချိန် ကမောက်ကမ ဖြစ်တာတွေ.. သားငယ်နဲ့ သမီး ခရီးပမ်းတာတွေထဲ ပင်ပန်းပေမဲ့ ကျမ
စိတ်အေးလက်အေး ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ Dulles လေဆိပ်။

US ကို အ၀င်မှာတော့ ကျမ သိပ်စိတ်မပူတော့ပါဘူး။ ကျမတို့ စာရွက်စာတမ်းတွေက အခိုင်အမာလေ..။


တကယ်လည်း ကျမ သိပ်မပူသလိုပဲ.. အမေရိကန်အ၀င် အင်မီဂရေးရှင်း ကို အင်မတန် ချောမောလွယ်ကူစွာ..
ဖြတ်သန်းခဲ့ပါတယ်။ ပြီးမှ လာကြိုနေမယ့် သားနေလင်း ဆီ… ပြီးတော့ ကျမတို့ရဲ့ အနှုတ်ကနေ ပြန်စရတဲ့
နောက်ထပ်ဘ၀သစ်တခုဆီ.. ရောက်လာပါ တော့တယ်။ မောင်နေလင်းမောင်းလာတဲ့ ကားပေါ်ကနေ ဘေးဝဲယာကို ကြည့်ရင်း
လိုက်လာချိန်မှာ ကျမတွေးနေမိတာက ကျမတို့ရဲ့ အံ့သြထိတ်လန့်စရာကောင်းလှတဲ့ အရင်းအနှီး ကြီးလှတဲ့ ဒီင်္ ဒုတိယအကြိမ်
စွန့်စားခန်းကိုပါပဲ။ လောင်းကစားဆန်ဆန်ပြောရရင် ကျမ တကယ့်ကို ကံကို စမ်းသပ်ဖို့ ပုံအောလောင်းခဲ့တာပဲ မဟုတ်လား။
တကယ်လို့များ လွဲချော် သွားခဲ့ပြန်ရင်..။ တမိသားစုလုံး နအဖရဲ့ အကျဉ်းထောင်တွေထဲမှာ။ သားသမီးတွေ လူညွန့်တုံး။
ကျမတို့တွေ ဘ၀ဆုံးကြရမှာ။ ကျမဘာလို့ ဒီလောက် အရဲကိုး စွန့်စားခဲ့ပါလိမ့်။ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင်
ခံစားရမယ့်အဖြေမျိုးလည်း ထွက်နိုင်ခြေများတဲ့ လောင်းကစားတခုကို ကျမ လုပ်ခဲ့တာပါ..။ အင်မတန် ကြောက်စရာကောင်းတဲ့
ကျမရဲ့ တဇွတ်ထိုး... အရဲကိုးစိတ.် .။ နောက်တခုက ကျမကို အစွမ်းကုန်ကူကြတဲ့ သူငယ်ချင်းတွေကို ယုံတဲ့ စိတ်။
ဘာပဲဖြစ်ဖြစ်.. ကျမတို့ ဒီတကြိမ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပဲ ကံကောင်းခဲ့ကြပါတယ်။

အမေရိက က ဆောင်းလေအေးစက်စက်ကြီးနဲ့ ဖြန်းကနဲ လှမ်းပက်ပြီး ကြိုဆိုခဲ့ပေမဲ့ ကျမကတော့ လုံခြုံရာ


အရပ်မှာ အေးချမ်းမယ့် နိမိတ်ပဲလို့သာ မှတ်ယူလိုက်ပါတယ်။

ဒီမြေဟာ ကျမချစ်တဲ့ ဇာတိမြေနဲ.့ . ကျမရဲ့ အမေအိုကြီးနဲ.့ . ကျမ ချစ်မက်စွဲလန်းတဲ့ မြသီလာနဲ့ အဝေးကြီးပါ။


ဒီမြေမှာ ကျမ မပျော်နိုင်တာလည်း ကြိုသိပြီးသားပါ။ ဒါပေမဲ့ ဒီမြေမှာ ကျမ ကလေးတွေအတွက် အခွင့်အလမ်း တွေ ရှိမယ်..။
ကျမအတွက် ကျမ ထပ်ဆည်းပူးချင်တဲ့ ပညာတွေကို ဆည်းပူးနိုင်မယ်..။ ကိုယ့်တိုင်းပြည်အတွက် တချိန်မှာ တခုခု ပြန်ဖြည့်ဆီး
ပေးနိုင်ဖို့ လိုတဲ့ အရည်အသွေးတွေကို ဒီမြေမှာ ပျိုးထောင် ယူနိုင်မယ်..။ အနည်းဆုံး ကျမ တို့မှာ ကြိုးစားခွင့်တွေ ရှိမယ်..။
အဲဒီအခါ ဒီ မြသီလာနဲ့ အဝေးမှာ.. ကျမ ဘယ်လို တန်ဖိုးတွေ ကို ဆောက်တည်နိုင်မလဲ.. ဘယ်လို အခွင့်အရေးတွေကို
ရှာဖွေမလဲ.. ဘယ်လို အခွင့်အလမ်းတွေကို အသုံးချမလဲ..။

ကျမ တွေးနေမိပါတယ်။ လူတွေ ကိုယ့်အမိမြေနဲ့ ဘယ်လောက်ဝေးဝေး.. စိတ်တွေနီးနီး ရှိနေဖို့က


အရေးကြီးတယ် လိ.ု့ .။ အဲဒီအခါ မြသီလာနဲ့ အဝေးမှာ ကျမ ချစ်တဲ့ ဇာတိမြေနဲ့ နီးအောင် ကျမ ဘာတွေ လုပ်မလဲ.. ဘာတွေ
လုပ်နိုင်မလဲ.. ဘာတွေကို ဖြတ်သန်းမလဲ..။ သေချာတာကတော့ ကျမ ကိုယ့်ရဲ့ Identity မပျောက်ပျက်ဘဲ တစုံတရာ
တန်ဖိုးရှိအောင် လုပ်နိုင်မယ်လို့ ယုံပါတယ်။ အဲဒီအခါ မြသီလာနဲ့ အဝေးကြီးမှာ… ထပ်စရတဲ့ ဘ၀ အသစ်ရဲ့
အတွေ့အကြုံတွေ.. သင်ခန်းစာတွေကလည်း ကျမအတွက်တော့ စာရေးစရာ အဖိုးတန်တဲ့ ကုန်ကြမ်း တွေပဲပေါ့။

အနောက်တိုင်းရဲ့ အလိုအရ ဘ၀စတယ်ဆိုတဲ့ အသက် ၄၀ ပြည့်တဲ့ နှစ်မှာ ကျမ ဘ၀အသစ် တခုထဲကို


ဗြုန်းကနဲ ခုန်ချခဲ့တာ။ ကိုယ့်တိုင်းပြည်ကို စွန့်ပြီး ခြေမဲ့လက်မဲ့ ထွက်ခဲ့တာ..။ ဘာလိုလိုနဲ့ နောက်ဘ၀တခု အသစ်ပြန်စတော့
ကျမ အသက်က ၄၄နှစ်ထဲမှာ။ ချန်ထားခဲ့ရတဲ့ ၄၃နှစ်ကာလထဲမှာတုန်းကတော့ တကယ့်ကို ပင်ပန်းတကြီး။ ခု
၄၄နှစ်ပြည့်ရမယ့် ၂၀၀၉ ရဲ့ ဇန်န၀ါရီမှာလည်း ခြေဗလာ.. လက်ဗလာ..။ လောလောဆယ်တော့ ကျမက သားနေလင်း ကူညီ
နေရာချပေးတဲ့ နေစရာအသစ်လေးမှာ နောက်ထပ် နေရာအသစ်.. အတွေ့အကြုံသစ်တွေကို ပြန်စ..။ အားလုံးဟာ
တကယ့်အသစ်.. စိန်ခေါ်မှုတွေ တသီတတန်းကြီးနဲ.့ . လေ့လာ သင်ယူရမှု အားထုတ်ရမှု အသစ်တွေနဲ့။ ဒါပေမဲ့ ကံဆိးု နဲ့
ကံကောင်းပူးတွဲပြီး အမြဲကြုံနေရကျ ကျမ.. ခု မြသီလာရဲ့ အဝေးမှာလည်း ကျမကို ပုံအောကူညီတဲ့ မောင်နေလင်းတို့
ဇနီးမောင်နှံနဲ့အတူ.. တကယ့်ကို ၀ိုင်းကြ၀န်းကြသူတွေက ကျမအနားမှာ ၀န်းရံလို့။ အံ့သြစရာကောင်းလောက်အောင်ပါပဲ..
မောင်နေလင်းတို့က အိမ်ငှားပေး.. သူငယ်ချင်းတွေက လိုတဲ့ အိမ်ပစ္စည်းတွေ ၀ိုင်းဖြည့်ကြ။ (တချို့ မီးဖိုချောင်ပစ္စည်းတွေဆိုရင်
သုံးတောင် မသုံး တတ်အောင် အဆန်းတကြယ်တွေ :P) အိမ်လခ စိုက်ထားပေးတဲ့သူနဲ့။ (အဲဒီ အ၀ိုင်းအ၀န်းလေးကို ကျမ
ဘယ်တော့မှ မမေ့… ပြီးတော့ မေ့လို့လည်း မဖြစ်)။ တကယ့်ကို ကျမ သိပ် မပူပင်လိုက်ရဘဲ စိမ်း မြမြ ဒေသလေးမှာ
ဘ၀သစ်ကလေး တခုကို ဟန်ကျပန်ကျ စနိုင်ခဲ့ပါတော့တယ်။ အေးဆေးငြိမ်သက်တဲ့ နယ်မြို့လေး တွေကို နှစ်သက်တတ်တဲ့
ကျမအတွက်တော့ Maryland ဟာ မေမြို့နဲ့တူတဲ့ အငွေ့အသက်တွေ ရှိတဲ့ တိတ်ဆိတ်တဲ့ မြို့ကလေးပါ..။ ပြီးတော့
ဗမာပြည်သားတွေ အများကြီး ရှိတဲ့ မြို့။ ပြီးတော့ ကျမ ချစ်ခင်လေးစားတဲ့ မန္တလေး ပန်တျာကျောင်းအုပ်ကြီးဟောင်း
ပန်းချီဆရာ စာရေးဆရာ ဒါရိုက်တာ ဦးဝင်းဖေနဲ့ ၅မိနစ်ပဲ ကားမောင်းရတဲ့ နေရာမှာ ကျမ နေခွင့်ရတဲ့ မြို့..။

မုန်တိုင်းနောက်က လေပြေညင်း.. ဆိုပေမဲ့ လေညင်းလေး သာယာပါတယ်ဆိုပေမဲ့ မုန်တိုင်းရဲ့ ဒဏ်ရာ


ဒဏ်ချက် လေးတွေ.. ခြေစလက်စလေးတွေနဲ့ မှတ်စရာ သားစရာလေးတွေတော့ ရှိသေးသပေါ့လေ။ အဲဒါတွေကိုတော့
မြသီလာရဲ့ အဝေးမှာ… ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ရေးသွားမယ် စိတ်ကူးထားပါတယ်။

You might also like