Professional Documents
Culture Documents
Bty Bur Than Shwe
Bty Bur Than Shwe
မြန်မာနိုင်ငံ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ချွေးမနဲ့ မြေးတစု ၅ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက် အင်္ဂါနေ့က ဆိုးလ်မြို့ကို
ရောက်ရှိပြီးနောက် ဂျဲဂျူကျွန်းကို အနားယူ အပန်းဖြေရန်အတွက် သွားရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ ချွေးမနဲ့ မြေးတစုဟာ ဇူလိုင် ၂၇
ရက်နေ့မှ ၂၉ ရက်နေ့အထိ ကင်းမ်ဟဲ လေဆိပ်မှတဆင့် ကိုရီးယားနိုင်ငံ၏ တောင်ဘက်ပိုင်းရှိ ပူဆန်းမြို့ ဟဲအု(န်)ဒဲ ကမ်းခြေမှာ ရေကူးကြပြီး
အပျော်စီး လှေများ စီးကြပါတယ်။
ထို့နောက် မြန်မာ့ တော်ဝင် မိသားစုလို့ နားထင်ရောက်နေကြတဲ့ အဆိုပါမိသားစုဟာ ပူဆန်မြို့ ဘူဂျောန်မြို့နယ် အို(န်) အထွေထွေကု
ဆေးရုံကြီးမှာ အထွေထွေရောဂါများ စစ်ဆေးမှု ခံယူကြပါတယ်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးဟာ မြန်မာနိုင်ငံမှာ
ပျောက်ကင်းအောင် ကုသရန်ခက်ခဲတဲ့ သူရဲ့မျက်နှာမှာရှိတဲ့ မဲ့ခြောက်များကို ခွဲစိတ်ကုသရန်နဲ့ အသားအရည် လှပရေးအတွက်နဲ့ မျက်စေ့
ကုသရေးတို့ကိုလည်း ဆွေးနွေးပြီး ဆေးကုသ ခံယူဦးမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေရဲ့ ချွေးမနဲ့ မြေးတစုကို ဖိတ်ကြားတဲ့
ပုဂ္ဂိုလ်တွေကတော့ ဟန်နာလာဒါန် The Grand National Party က
လွှတ်တော်အမတ် ၅ ဦး ဖြစ်ပါတယ်။ အဆိုပါ လွှတ်တော် အမတ် ၅
ဦးဟာ ဇွန်လတုန်းက မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံရှိ
ကုန်းတွင်းနဲ့ ပင်လယ်ထဲက ထွက်ရှိတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပူးတွဲ
တူးဖော်ရေးအတွက် နအဖ တာဝန်ရှိသူများနဲ့ တွေ့ဆုံ ဆွေးနွေး
သဘောတူ လက်မှတ်များ ရေးထိုးခဲ့ကြသူများ ဖြစ်ပါတယ်။
လွှတ်တော်အမတ် ၅ ဦးက ဗိုလ်ချုပ်သန်းရွှေရဲ့ ချွေးမနဲ့ မြေးတစုကို
ဖိတ်ကြားခြင်းဟာ မြန်မာနဲ့ ကိုရီးယား အစိုးရတို့ ဆထက်တပိုး
အပြန်အလှန် ကူးသန်းရောင်းဝယ် ဖောက်ကားရေး အတွက် ဖိတ်ကြားခြင်းဖြစ်ကြောင်း Heraldm သတင်းက ဖော်ပြထားပါတယ်။ အဆိုပါ
သတင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မိသားစုကို တော်ဝင်မိသားစုအဖြစ် နားထင်ရောက်နေသူနဲ့ နိုင်ငံ့ရန်သူ (သို့) ပြည်သူ့ ရန်သူ အဖြစ်
သုံးစွဲ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်သန်းရွှေရဲ့ ချွေးမနဲ့ မြေးတစုက ထို ခရီးစဉ်နဲ့ ပတ်သက်ပြီး “ပူဆန်ရဲ့ အကောင်းဆုံး ဆေးကုသမှုနဲ့ ကြင်နာ ဖော်ရွေတဲ့
လုပ်ငန်းဆောင်ရွက်မှုတွေဟာ အလွန်ကောင်းမွန်ကြောင်းနဲ့ ထိုသို့ ဆေးကုသခံယူမှု အလွန်ကောင်းမွန်ကြောင်းကို မြန်မာပြည်ကို
ပြန်ရောက်တဲ့အခါ သေချာစွာ အသိပေးသွားပါ့မယ်၊“ လို့ ပြောသွားသလို ပူဆန် လူမှုရေးအဖွဲ့ ဥက္ကဌ ဂျောန်ဂီ(န်) ကလည်း “ပူဆန်မြို့ကို
ဖိတ်ကြားခြင်းခံရတဲ့ မြန်မာဧည့်သည်တော်များအနေနဲ့ ပူဆန်း ဆေးကုသမှုနဲ့ ပတ်သက်ပြီး ကျေနပ်ကြတဲ့အတွက် အလွန်ဝမ်းသာမှုရှိကြောင်း၊
စက်တင်ဘာလမှာ မြန်မာနိုင်ငံသို့ လာရောက်ဖို့ ဖတ်ကြားခံထားရတဲ့အတွက် မြန်မာနိုင်ငံကို ရောက်တဲ့အခါ ပူဆန်းရဲ့ အကောင်းဆုံး
ဆေးကုသခံယူမှုများကို အသိပေးကြော်ငြာသွားမှာ ဖြစ်သလို အရှေ့တောင် အာရှအတွင်း ကိုရီးယား ကျန်းမာရေး ဆေး ဈေးကွက်ကို
ဆထက်တပိုး တိုးတက်အောင် ရှေ့ဆောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်များ ရှိကြောင်း၊“ ပြောသွားပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မိသားစုဟာ သူတို့ကို ဧည့်ခံ ကျွေးမွေး ဆေးကုသပေးခဲ့ကြတဲ့ Green Doctors ၊ ပူဆန်း လူမှုရေးအဖွဲ့၊ အု(န်)
အထွေထွေ ဆေးရုံးကြီးက တာဝန်ရှိသူများကို လာမည့် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားထားကြောင်း
သိရပါတယ်။