Meeting 21-8-2010

You might also like

You are on page 1of 2

သို့

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ

၂ဝ၁ဝ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၇)ရက်တွင် ကျင်းပရန် နအဖက အတိအလင်း ကြေညာလိုက်ပြီ


ဖြစ်သည်။ ယင်းမှာ မြန်မာနှင့် နိုင်ငံတကာကို တနည်းတဖုံ လှည့်စား၍ စစ်အာဏာရှင်စနစ်ကို ဆက်လက်
အသက်သွင်းရန်သာဖြစ်ကြောင်း နအဖစစ်ခေါင်းဆောင်တို့ လုပ်ရပ်များစွာတို့က သက်သေခံထားပြီး ဖြစ်သည်။
ဒီမိုကရေစီ အမှန်တကယ် ထွန်းကားရေးကို အလိုရှိကြသူတို့ အနေဖြင့် ဤသို့သော နိုင်ငံရေး အနေအထားကို
လုံးဝ လက်မခံပဲ တတ်နိုင်သမျှ ဆန့်ကျင်အံတုနိုင်ရေးအတွက် ဝိုင်းဝန်း စုပေါင်း အဖြေရှာပြီး လှုပ်ရှားကြရန်
လိုအပ်လာပါသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အသိုင်းအဝိုင်းမှ အဖွ့ေ


ဲ ပါင်းစုံ၏ ဆွေးနွေးပွက
ဲို အောက်ပါအစီအစဉ်
အတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် မပျက်မကွက် တက်ရောက် ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ခေါ်
အပ်ပါသည်။

နေ့ရက် ၂၁-ဂ-၂ဝ၁ဝ (စနေနေ့)

အချိန် ညနေ ၃ နာရီမှ ၅ နာရီထိ

နေရာ AUN ရုံးခန်း၊ Takadanobaba, Shinjuku

JAC

17-8-2010

--------------------------------------------------------------------

ဆွေးနွေးမည့်ကိစ္စများ (Agenda) အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အကြမ်းဖျဉ်း အချက်အလက်များကို ဖော်ပြ


ပါသည်။

အပိုင်း (က) ဂျပန်အစိုးရပိုင်းနှင့် ပတ်သက်၍

1. ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အသိုင်းအဝိုင်း၏ အဖွ့ေ


ဲ ပါင်းစုံမှ ၂ဝ၁ဝ ရွေးကောက်ပန
ွှဲင့် ပတ်သက်၍
သဘောထားကြေညာချက် ထုတ်ပြန်ရန်၊

2. အဆိုပါ ကြေညာချက်ကို အဖွ့ေ


ဲ ပါင်းစုံမှ တာဝန်ရှိသူများက ဂျပန်နိုင်ငံခြားရေးရုံးသို့ သွားရောက်
ပေးအပ်၍ ဂျပန်အစိုးရ၏ သဘောထား အမြင်ကို တောင်းရန်၊

3. ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ တုန့်ပြန်မှုသည် အားရဖွယ် မရှိဟု မြန်မာ့


ဒီမိုကရေစီ အဖွဲ့ပေါင်းစုံမှ ဆုံးဖြတ်ပါက နောက်တဆင့်တွင် ဤအရေးကိစ္စနှင့် ပတ်သက်၍ ဂျပန်
လွှတ်တော်တွင် ကြားနာစစ်ဆေးမှု ပြုလုပ်ပေးရေး တောင်းဆို လှုပ်ရှားရန်၊

4. သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်


1
အပိုင်း (ခ) မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုနှင့် ပတ်သက်၍

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အသိုင်းအဝိုင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ (Election Watch- Japan)


ဖွ့စ
ဲ ည်းပြီး စနစ်တကျ ဆောင်ရွက်ရန် ဖြစ်သည်။

1. ၂ဝ၁ဝ ရွေးကောက်ပွဲသည် ပြည်သူတို့ မျှော်မှန်းသော ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရှိစေနိုင်မည်


မဟုတ်ကြောင်း လူထုအား အသိပေး နှိုးဆော်ရေးတွင် ပါဝင် ကူညီရန်၊ (လုပ်နိုင်သမျှ နည်းလမ်းများကို
ရှာဖွေ ဆွေးနွေးကြရန်)

2. မြန်မာနိုင်ငံတဝှမ်းလုံးတွင် ရွေးကောက်ပွဲ မတိုင်မီ အာဏာပိုင်တို့ လုပ်ဆောင်သော မသမာမှုများကို


ရနိုင်သမျှ ဖော်ထုတ်ပေးမည့် ပြည်တွင်းမှ လှုပ်ရှားသူများကို ကူညီပံ့ပိုးရန်၊

3. ပြည်တွင်းလှုပ်ရှားမှုမှ ရရှိလာသော သက်သေခံ အထောက်အထားများကို ဂျပန်နိုင်ငံမှတဆင့်


နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တင်ပြရန်၊

အပိုင်း (ဂ) နိုင်ငံတကာ ပူးပေါင်းလှုပ်ရှားမှုနှင့် ပတ်သက်၍

1. နအဖ၏ မတရားသော ရွေးကောက်ပွဲ အစီအစဉ်များနှင့် ရွေးကောက်ပွဲ မသမာမှုများကို ဆန့်ကျင်


ကန့်ကွက်မည့် နိုင်ငံတကာ လှုပ်ရှားမှု Global Action ကို အကောင်အထည်ဖော်ရန်

2. ရွေးကောက်ပွဲ မသမာမှု သက်သေအထောက်အထားများကို ဖော်ထုတ်-ဖလှယ်ရေးအတွက် ဂျပန် +


နိုင်ငံတကာ မြန်မာအသိုင်းအဝိုင်း ပူးပေါင်းဆက်သယ
ွ် လှုပ်ရှားရန်။

အကယ်၍ အထက်ပါကိစ္စများအပြင် ဆွေးနွေးရန် အခြားအကြောင်းအရာများရှိပါက ကြိုတင်ပြင်ဆင်လာနိုင်ရေး


အတွက် အသိပေး အကြောင်းပြန်ကြားပါရန် မေတ္တာရပ်ခံအပ်ပါသည်။

……………………………………………………………

You might also like