Professional Documents
Culture Documents
Making Wordpress Blog
Making Wordpress Blog
[Pick the date]
2008
Making Myanmar WordPress Blog
Handbook
admin@mmwordpress.com
http://mmwordpress.com
Myanmar WordPress Blog Handbook 2
မိတ်ဆက်
admin@mmwordpress.com
Myanmar WordPress Blog Handbook 3
မာတိကာ
(၃) Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း စာမျက်နှာ ၉
အိမ်လိပ်စာ (Domain Name) နဲ့ ဆောက်မယ့် မြေကွက် (Hosting) ကို ဆက်သွယ်မိအောင် အရင်ဆုံး လုပ်ရပါမယ်။
အိမ်ဆောက်ပစ္စည်းဖြစ်တဲ့ (WordPress Blogging Software) ကို မြေကွက် (Hosting) ကို ပို့ဆောင်ရေးယာဉ် (FTP
software) နဲ့ ပို့ပေးရပါမယ်။
မြန်မာ ဝေါ့ပရက်စ် ဘလော့ဂ် တည်ဆောက်မယ်ဆိုရင် (၁) ဘယ် Hosting ကို သုံးမလဲ (၂) ကိုင်ပိုင် ဒိုမိန်းနိမ်လား ဖရီး-
ဆပ်ဒိုမိန်းနိမ်းလား ဆိုတာ အရင်စဉ်းစားရပါမယ်။
ဖရီးပေးတဲ့ Hosting မှာဖြစ်ဖြစ်၊ လစဉ်ကြေးပြီး သုံးပြုသည်ဖြစ်ဖြစ် WordPress အတွက် PHP 4.2 နှင့်အထက်၊ MySQL 4.0
နှင့်အထက် Support လုပ်တဲ့ Hosting မျိုးလိုအပ်ပါတယ်။ Hosting တွေကပေးတဲ့ Features ၊ အမြန်နှုံး နဲ့ မိမိ ဘလော့ဂ် ကို
လာရောက်ဖတ်ရှုကြမယ့် သူတွေအတွက် အဆင်ပြေနိုင်ဆုံးကို ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖရီး Hosting
တွေအတွက် 000webhsot ကို ညွှန်းလိုပါတယ်။ အသေးစိပ်ကို mmWordPress.com မှာ ဖတ်ရှုနိုင်ပါတယ်။
Hosting တွေက ပေးတဲ့ ဖရီး-ဆပ်ဒိုမိန်းနိမ်းတွေကို ( ဥပမာ။ byethost ရဲ့ iblogger.org ၊ 000webhsot ရဲ့ web44.net )
လွယ်လွယ်ယူ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နောင်အခါ ဘလော့ဂ်ကို တိုးချဲ့မယ်၊ Hosting ပြောင်းမယ် ဆိုရင် အခက်အခဲ
ဖြစ်လာနိုင်ပါတယ်။ ဒိုမိန်းနိမ်း နှစ်စဉ်ကြေးပေးပြီး အသုံးပြုနိုင်ရင် ပိုကောင်းပေမယ့် TLD တွေနဲ့ထပ်တူ ပြုလုပ်ပေးနိုင်တဲ့ CO.CC
မှာ အကောင့်ယူ အသုံးပြုခြင်းဟာလဲ အိုင်ဒီယာကောင်း တစ်ခုပါပဲ။ ဒိုမိန်းနိမ်းနဲ့ ပါတ်သက်ပြီး mmWordpress.com မှာ
ဖတ်ရှုနိုင်ပါတယ်။
Myanmar WordPress Blog Handbook 6
Hosting နဲ့ ဒိုမိန်းနိမ်း ဘယ်ဟာ အသုံးပြုမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် ရယူထားတဲ့ ဒိုမိန်းနိမ်းရဲ့ Domain Manager မှာ DNS
(name server) update ပြုလုပ်ပေးရပါမယ်။ ဒိုမိန်းနိမ်းအတွက် CO.CC နဲ့ Hosting အတွက် 000webhost , Freehostia
တို့ကို ဥမပမာ အဖြစ် တင်ပြပေးပါမယ်။
000webhost
CO.CC မှာ Sigh up ပြုလုပ်ပြီး ဒိုမိန်းနိမ်းကို အရင်ရယူပါမယ်။ လိုချင်တဲ့ ဒိုမိန်းနိမ်းရပြီးဆိုရင် DNS update လုပ်ဖို့အတွက်
Setup မလုပ်သေးပဲ ခဏထားထားပါမယ်။ ( Hosting ရဲ့ DNS ကို မသိသေးတာကြောင့် ဖြစ်ပါတယ်။ သိပြီးသားဖြစ်ရင်
တခါတည်း Setup လုပ်နိုင်ပါတယ်။ )
000webhost မှာ Sign up လုပ်ပါမယ်။ သူ့ရဲ့ ဖရီးဆပ်ဒိုမိန်း မသုံးပဲ ကိုယ်ပိုင်ဒိုမိန်းနိမ်း သုံးတဲ့အတွက် I want to host my
own domain နေရာမှာ ယူထားတဲ့ CO.CC ဒိုမိန်းနာမည်ကို ထည့်ပေးပါမယ်။
Myanmar WordPress Blog Handbook 7
Sign up လုပ်ပြီးရင် 000webhsot မှ email ပို့ပါလာမယ်။ အဲဒီမှာ DNS information, Account information, FTP
information စတဲ့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်ပါရှိပါတယ်။
Hosting က DNS သိပြီဆိုရင် CO.CC မှာ Update ပြုလုပ်ပေးပါမယ်။ Manage Domain မှာ 000webhost ရဲ့ DNS ဖြစ်တဲ့
ns01.000webhost.com, ns02.000webhost.com ကို ထည့်ပေးပါမယ်။
Freehostia
Freehostia အတွက်ဆိုရင်လဲ 000webhost လိုပဲ Sign up လုပ်ပါမယ်။ သူ့ရဲ့ ဖရီးဆပ်ဒိုမိန်း မသုံးပဲ ကိုယ်ပိုင်ဒိုမိန်းနိမ်း
သုံးတဲ့အတွက် Use my existing domain နေရာမှာ ယူထားတဲ့ CO.CC ဒိုမိန်းနာမည်ကို ထည့်ပေးပါမယ်။
Signup လုပ်ပြီးရင် ထုံးစံအတိုင်း အီးမေးလ် လာပါမယ်။ DNS server name ကို CO.CC မှာ ထည့်ပေးပါမယ်။
Myanmar WordPress Blog Handbook 9
Freehostia ကပေးတဲ့ function အချို့ အားနည်းမှု ရှိပေမယ့် အလွယ်ကြိုက်သူတွေအတွက် Elefante Fee Scripts နဲ့
WordPress Install လုပ်ခြင်းကို အရင် တင်ပြပေးပါမယ်။
Freehostia က ပို့လာတဲ့ အီးမေးလ် ထဲက Link အတိုင်း Cpanel ကိုသွားပါမယ်။ MySQL Database မှာ Database တခု
အရင် တည်ဆောက်ပါမယ်။
Myanmar WordPress Blog Handbook 10
ဒါဆိုရင် WordPress Installation Wizard တွေ့ရပါမယ်။ အဲဒီက Path: ဆိုတဲ့နေရာမှာ Default အဖြစ် /wordpress ဆိုပြီး
ပေးထားတာ တွေ့ရပါလိမ့်မယ်။ wordpress ဆိုတာကို ဖျက်လိုက်ပြီး ပုံမှာပြထားသလို / ပဲ ချန်ထားခဲ့ပါမယ်။ ကျန်တဲ့ admin
user: , Admin Password: , Admin mail: , Weblog title: တွေမှာ လိုချင်သလို ဖြည့်ပေးပြီး Install လုပ်ပါမယ်။
Install ပြုလုပ်ခြင်း အောင်မြင်ပြီ ဖြစ်ကြောင်း တတ်လာပါမယ်။ အ၀ါနဲ့ပြထားတဲ့ WordPress URL ကိုနှိပ်ပြီးပဲ ဖြစ်ဖြစ်၊ Brower
မှာ မိမိ ဒိုမိန်းနိမ်းရိုက်ပြီးပဲ ၀င်ဝင် WordPress Blog ကိုတွေ့ရပါမယ်။
Myanmar WordPress Blog Handbook 13
Meta / login မှာ ပေးခဲ့တဲ့ Admin user , pass တို့နဲ့ login ၀င်ရောက် အသုံးပြုရေးသားနိုင်ပြီဖြစ်ပါတယ်။
Myanmar WordPress Blog Handbook 14
WordPress Blogging Software ကို Hosting သို့ FTP software နှင့် Upload တင်ပေးခြင်း
FTP အတွက် FireFox Browser မှာ FireFTP add-on ကို ဒေါင်းလုပ်ချ Install လုပ်ထားပါမယ်။
(၄.၁) Domain name နဲ့ Hosting ရယူဆက်သွယ်ပေးခြင်းကို DNS update ပြုလုပ်ခြင်း အတိုင်းပြုလုပ်ပါမယ်။ ဒါဆိုရင်
ကျွန်တော်တို့မှာ DNS update ဖြစ်ပြီးသားဖြစ်တဲ့ ဒိုမိန်းနိမ်း နဲ့ Hosting တို့ အဆင်သင့် ရှိနေပါပြီ။ ကျန်အဆင့်တွေကို
ဆက်လုပ်ကြပါမယ်။
Myanmar WordPress Blog Handbook 15
(၄.၂) 000webhost ရဲ့ Cpanel / Service-Software / MySQL မှာ database တစ်ခု တည်ဆောက်ပါမယ်။ Database
name, user name, password နဲ့ MySQL host လိပ်စာတွေကို မှတ်သား ထားပါမယ်။
(၄.၃) Datatbase အဆင်သင့်ဖြစ်ပြီဆိုရင် ဒေါင်းလုပ်ချ ဇစ်ဖြေ ထားတဲ့ Wordpress installation files တွေကို 000webhost
ဆာဗာ ပေါ်ကို တင်ရပါမယ်။ FireFox browser ရဲ့ FireFTP ကိုဖွင့်ပါမယ်။ Manage Account မှာ email ကပို့လာတဲ့ FTP
information တွေနဲ့ Setup လုပ်ပြီး Connect လုပ်လိုက်ရင် ပုံ P[1] မှာပြထားသလိုတွေ့ရပါမယ်။
Myanmar WordPress Blog Handbook 16
ပုံ P[1] မှာ ပြထားသလို အပြာရောင်ဘက်က ကွန်ပြူတာမှာ ဇစ်ဖြေ ထားတဲ့ Wordpress Installation ဖိုင်တွေ ဖြစ်ပါတယ်။
Installation Files တွေအားလုံးကို Select လုပ်ပြီး မျှားပြထားသလို ဆာဗာ ဘက်က public_html folder ထဲကို upload
တင်ပေးရပါမယ်။ ဆာဗာ ပေါ်ရောက် ရှိသွားရင် နောက်တစ်ဆင့်ဖြစ်တဲ့ Folder permission ချိန်းပေးတာကို ဆက်လုပ်ပါမယ်။
(၄.၄) ဆာဗာဘက်က Root Directory ကို Permission Change ပေးပါမယ်။ ပုံမှာပြထားသလို public_html ကို Right click
လုပ်ပြီး Properties ခေါ်ပါမယ်။
Properties ခေါ်လိုက်ရင် ပုံ P[2] မှာ ပြထားသလို တွေ့မြင်ရပါမယ်။ အ၀ါရောင်နဲ့ Hi-light ပြထားသလို Owner, Group,
Public တွေမှာ ကလစ် လုပ်ပေးပါမယ် (Change Permissions) ။ Manual နေရာမှာ 0777 အဖြစ်ပြောင်းသွားတာကို
သတိပြုကြည့်နိုင်ပါတယ်။ ပြီးရင် OK နှိပ်ပေးပါမယ်။ ဒါဆိုရင် Install လုပ်ဖို့အကုန်အဆင်သင့် ဖြစ်ပါပြီ။
Install လုပ်တ့အ
ဲ ခါ Root Directory မှာ
wp-config.php ဆိုတဲ့ ဖိုင်တစ်ဖိုင်
Wordpress က တည်ဆောက် ပါတယ်။
Root directory writable မဖြစ်ရင်
တည်ဆောက် မရနိုင်တာကြောင့်
Writeable ဖြစ်အောင် Permissions
ပြောင်းပေးရခြင်း ဖြစ်ပါတယ်။
wp-content folder နဲ့ သူ့အောက်က themes, plugins folder တွေကိုလဲ တလက်စတည်း permissions change ထားပေး
နိုင်ပါတယ်။ နောက်ပိုင်း blogger မှ ပို့စ်တွေဖြစ်စေ WP မှ ပဲဖြစ်စေ import လုပ်မည်ဆိုရင်၊ themes, plugins တွေ တင်မယ်
ဆိုရင် လိုအပ်မှာကြောင့်ဖြစ်ပါတယ်။
Myanmar WordPress Blog Handbook 18
(၄.၅) WordPress ကို စတင် Install လုပ်ပါမယ်။ Browser မှာ မိမိ ဒိုမိန်းနိမ်းကို ဖွင့်လိုက်ရင် WordPress အတွက် wp-
config.php ဖိုင်ကို ပြုလုပ်ဖို့လိုကြောင်း Message တွေ့ရှိရပါမယ်။ Create a Configuration File နဲ့ ဆက်သွားပါမယ်။
Database name, Database username, Database password နဲ့ Database Host တွေကို တောင်းပါလိမ့်မယ် အဆင့်(၂)
မှာ မှတ်ထားခဲ့တာတွေကို ဖြည့်ပေးရပါမယ်။
Myanmar WordPress Blog Handbook 19
အားလုံးမှန်ကန် အဆင်ပြေရင် Run and Install ဆိုပြီး ပြပါမယ်။ WordPress ရဲ့ Welcome message နဲ့ ဘလော့ဂ်
တိုင်တယ်၊ အီးမေးလ် ကို တောင်းပါလိမ့်မယ်။ ဖြည့်ပေးပြီး Install WordPress နှိပ်ပေးလိုက်ရင် Success! ဆိုပြီး Admin
username နဲ့ Password ပေးပါလိမ့်မယ်။ WordPress Manual Install လုပ်ခြင်း ပြီးဆုံး အောင်မြင်ပါပြီ။
(၁.၂) Nickname မှာ ပို့စ်ရေးသားသူ နေရာမှာ admin အစား ဖော်ပြစေချင်သလို ပေးလို့ရပါတယ်။ Save တစ်ခါလုပ်ပြီးမှ
Display name publicly as ဆိုတဲ့နေရာမှာ admin အစား ပေးထားတဲ့ Nickname ကိုပြောင်းပေးရမှာ ဖြစ်ပါတယ်။
Myanmar WordPress Blog Handbook 21
Permalinks Structure ဆိုတာ ဘလော့ဂ်က ပို့စ်တွေရဲ့ Url ပုံစံ ဖြစ်ပါတယ်။ Default Permalinks ပုံစံကို ပုံမှာ ပြထားပေး
ပါတယ်။
ဒီလိုပုံစံမျိုးမှာ အားနည်းချက် ၂ ခုရှိပါတယ်။ ဥပမာ ဘလော့ဂ်က ပို့စ် တစ်ခုမှာ အခြား ပို့စ် တစ်ခုကို (အပိုင်း-၁ ကို ဒီနေရာမှာ
ဖတ်ရှုနိုင်ပါသည်) ဆိုပြီး လင့်ခ် နဲ့ ပြန်ညွှန်းထားတယ် ဆိုကြပါစို့။ ပုံမှန်အတိုင်းမှာ ဘာမှ ထူးခြားမှု မရှိပေမယ့် Hosting
ပြောင်းမယ် ဆိုရင် ပြသနာ တတ်ပါတော့တယ်။ Hosting အသစ်ကို ပို့စ် တွေ Import လုပ်လိုက်တဲ့အခါ Url လိပ်စာ ဖြစ်တဲ့
/?p=xxx ဆိုတဲ့ ID ပြောင်းသွားလို့ဖြစ်ပါတယ်။ ဒါကြောင့် ညွှန်းထားတဲ့ လင့်ခ် တွေ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။
နောက်အားနည်းချက်တစ်ခုက Search engine တွေ အတွက်ဖြစ်ပါတယ်။ ပို့စ် ရဲ့ Url ဟာ ID နံပါတ်နဲ့ဆိုတော့ ပို့စ် မှာ
ရေးသားထားတဲ့ အကြောင်းအရာနဲ့ Url ဟာ ဘာမှမသက်ဆို သလိုဖြစ်နေလို့ပါပဲ။
ပိုမိုကောင်းမွန်တဲ့ နည်းကတော့ Permalink ကို Custom Structure မှာ /%postname%/ ဆိုပြီး Url လိပ်စာကို Post name
နဲ့ပေးလိုက်ခြင်းပါပဲ။
Myanmar WordPress Blog Handbook 22
ဒီလိုမျိုး ဆိုရင် အထက်က အားနည်းချက် ၂ ခုစလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်။ ဒါပေမယ့် သူ့မှာလဲ အားနည်းချက်တွေ
ရှိပြန်ပါတယ်။ ၁။ ကိုယ်ပိုင် ဒိုမိန်းနိမ်း မဟုတ်ပဲ Hosting တွေရဲ့ ဖရီးဆပ်ဒိုမိန်းတွေ သုံးထားတာ ဆိုရင် ဒိုမိန်းနိမ်း ပြောင်းသွားတဲ့
အတွက် ပို့စ် လင့်ခ် တွေလဲ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ ၂။ Post name ကို မြန်မာလိုပေးမယ်ဆိုရင် Url လိပ်စာဟာ
ပြထားသလို ပုံစံမျိုးနဲ့ အရှည်ကြီး ထွက်လာမှာ ဖြစ်ပါတယ်။
အဲဒီလို မဖြစ်ရအောင် မြန်မာစာ ခေါင်းစဉ်နဲ့ ပို့စ် ရေးတိုင်း Post slug ကို ပြောင်းပေးရပါမယ်။
http://www.wpthemesfree.com/
http://themes.wordpress.net/
http://www.blogstheme.com/
http://www.wpthemespot.com/
Themes တွေမှာ မြန်မာစာ အဆင်ပြေပြေ မြင်တွေ့ရစေဖို့အတွက် မြန်မာဖေါင့် ကို Assign လုပ်ပေးဖို့ လိုအပ်ပါတယ်။
အသုံးအများဆုံး ဇော်ဂျီဖောင့်ဖြစ်ဖြစ် အခြားနှစ်သက်ရာ ဖောင့်တွေကိုပဲ ဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ အသုံးပြုမယ့် Theme
ကို ဒေါင်းလုပ်ချ ဇစ်ဖြေပါ။ Style.css ဆိုတဲ့ ဖိုင်ကို ရှာဖွေပါ။ Notepad သို့မဟုတ် နှစ်သက်ရာ Text editor တခုခုမှာဖွင့်ပြီး
search နဲ့ font , font-family အစရှိတဲ့ code တွေကို တလိုင်းချင်း လိုက်ကြည့်ပါ။ font name ကို assign လုပ်ထားတဲ့ Arial ,
Trebuchet , Sans Serif, Verdana အစရှိတဲ့ ဖောင့်နာမည်တွေရဲ့ အရှေ့မှာ Zawgyi-one, ဆိုပြီး ထပ်ဖြည့်ပေးလိုက်ပါ။
အနည်းငယ်သော Themes အချို့မှာ Sytle.css အပြင် အခြား နာမည်နဲ့ css ဖိုင်တွေ ရှိတတ်ပါတယ်။ အဲဒီမှာလဲ Zawgyi-one
ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင် အားလုးံ အဆင်ပြေပါပြီ။ ဇော်ဂျီဖောင့် Assign လုပ်ပြီးသား Themes အချို့
ကိုတော့ http://mmwordpress.com မှာ ရယူနိုင်ပါတယ်။
Myanmar WordPress Blog Handbook 24
Themes တွေဟာ အိမ်အလှပြင် ပစ္စည်းတွေနဲ့ ဥပမာ ပေးချင်ပါတယ်။ ဒါကြောင့် Themes ပြောင်းမယ်ဆိုရင် အရင်ဆုံး
အိမ်ထဲရောက်အောင် (Hosting) ပို့ပေးရပါမယ်။ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ Themes တွေကို ဇစ်ဖြေ မြန်မာဖောင့် Assign
လုပ်ပြီး /wp-content/themes ထဲကို upload တင်ပေးပါရမယ်။ FTP နဲ့ဖြစ်ဖြစ် Hosting က File Manager နဲ့ ဖြစ်ဖြစ်
လုပ်နိုင်ပါတယ်။ ပြီးရင် Dashboard / Design / Themes မှာ အသုံးမယ့် Theme ကိုရွေးချယ် ပေးယုံပါပဲ။
Myanmar WordPress Blog Handbook 25
အခန်း(၄) ။ ။ Plugins
Plugins တွေဟာ WordPress ကို စွမ်းဆောင်ရည် အမျိုးမျိုး ပိုမိုထက်မြက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Gallery blog
လုပ်မလား၊ E-commerce site ပဲပြောင်းဦးမလား၊ Magazine Style ပဲလုပ်ချင်လား Plugins တွေသုံးပြီး ပြုလုပ်နိုင်ပါတယ်။
Plugins တွေကို
http://wordpress.org/extend/plugins/
http://wp-plugins.net/beta/
http://alexking.org/projects/wordpress
http://www.quickonlinetips.com/archives/2007/12/best-wordpress-plugins-for-power-blogging/
စတဲ့ Site တွေမှာ နှစ်သက်ရာ ရယူနိုင်ပါတယ်။ အသုံးပြုမယ့် Plugins တွေကို Themes တွေအတိုင်း ဒေါင်းလုပ်ချ ဇစ်ဖြေပြီး
/wp-content/plugins directory ထဲကို upload တင်ပေးရပါမယ်။
Myanmar WordPress Blog Handbook 26
Plug-in ဖိုင်တွေ ရောက်သွားပြီဆိုရင် Dashboard / Plugins မှာ အသုံးပြုမယ့် Plugins တွေကို Activate ပြုလုပ်ပေးပါမယ်။
အဆင်မပြေ မသုံချင်တော့တဲ့ Plugins တွေကို Deactivate နဲ့ ပြန်ပိတ်ထားနိုင်ပါတယ်။
Plugins အများစုမှာ သင့်လျှော်အောင် Setting တွေ ပြောင်းပေးရပါတယ်၊ လိုအပ်တာတွေ ဖြည့်ပေးရ တတ်ပါတယ်။ Plugin ကို
Activate လုပ်လိုက်ပြီးရင် သူနဲ့ပါတ်သက်တဲ့ Settings တွေကို Dashoard / Plugins အောက်မှာသော်၎င်း၊ Dashborad /
Manage အောက်မှာသော်၎င်း ထားရှိတတ်ပါတယ်။ Plugin တစ်ခုချင်းစီအလိုက် ကွဲပြားမှုရှိပါတယ်။ အသေးစိတ်
အချက်အလက်တွေကို Plugin နှင့်အတူပါလာသော Readme တွင်၎င်း၊ Plugin developer website တွင်၎င်း ဖတ်ရှု အသုံးပြု
နိုင်ပါတယ်။