You are on page 1of 2

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန် ဌာနခွဲ

NATIONAL LEAGUE FOR DEMOCRACY (Liberated Area) USA

အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့်

(၂၂)နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

ယနေ့ ၂၀၁၀ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သည့်

(၂၂)နှစ်မြောက်နေ့ ဖြစ်ပေသည်။ ၁၉၈၈ခုနှစ် သမိုင်းဝင် (၈)လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားခဲ့ကြသော

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ်အသီးအသီးမှ ခေါင်းဆောင်များတို့သည် မြန်မာပြည်သူ တရပ်လုံး၏

လိုအင်ဆန္ဒများဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း

ဥပဒေနှင့်အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပေသည်။

မြန်မာ့စစ်အာဏာရှင်တို့သည် ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် စစ်အာဏာရှင်

စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့အတွက် ပြည်သူလူထုကြီးက (၈၂)ရာခိုင်နှုန်းကျော် တခဲနက်လုပ်ပိုင်ခွင့် အာဏာ

အပ်နှင်းခံရသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ကို အဓိက ရန်သူသဖွယ် သဘောထားပြီး ကန့်သတ်ချုပ်ချယ်ခြင်း၊ မိမိယုံကြည်

ွ်နေသူ (၂၀၀၀)ကျော်ကိုလည်း မတရား ဖမ်းဆီးနှိပ်စက် ထောင်ချထားခြင်းနှင့် အဖွဲ့ချုပ်၏ တရားဝင်


ချက်ကြောင့် နိုင်ငံရေးဆောင်ရက

ရပ်တည်ရေး ခက်ခဲစေရန် မတရားသော ဥပဒေများဖြင့် ထုတ်ပြန်ကန့်သတ်ခြင်း စသည်တို့မှာ စစ်အာဏာရှင်တို့၏ ရက်စက်ယုတ်မာ

အကြမ်းဖက်စရိုက် အမှန်များဖြစ်သည်မှာ ပေါ်လွင်ထင်ရှား နေပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးကို ဦးတည်သော ရွှေဂုံတိုင်

ကြေညာစာတမ်းပါ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်များ၊ တရားမျှတမှုမရှိသော တဖက်သတ်ရေးဆွဲထားသည့် ၂၀၀၈ စစ်ကျွန်ပြုရေး

အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများအရ အဖွဲ့ချုပ် ပြန်လည်မှတ်ပုံမတင်ခြင်း၊ ၎င်းရွေးကောက်ပွဲ ဥပဒေများနှင့် နည်းဥပဒေပါ

စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်းမကျသည့်အပြင် နိုင်ငံရေးပါတီများအပေါ် အနိုင်ကျင့်စော်ကား မင်းမဲ့စရိုက် ဆန်လာခြင်း

ကြောင့် ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း စသည့် အဖွဲ့ချုပ်၏ ပြည်သူ့ဆန္ဒ အစစ်အမှန် ဆုံးဖြတ်ချက်များနှင့် မူဝါဒလမ်းစဉ်

များအပေါ် မိမိတို့မှ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် ထောက်ခံသွားမည်။

အမျိုးသားဒိမိုကရေစိအဖွဲ့ချုပ်သည် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ဖြင့် လုပ်ပိုင်ခွင့်အာဏာ တရားဝင်ရှိထားသော၊

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရများက တရားဝင်အသိအမှတ်ပြုထားသော ပြည်သူပါတီကြီး


ဖြစ်ပါသည်။ ပြည်သူထောက်ခံနေသော အဖွဲ့ချုပ်ကြီးကို မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက်က မတရားအမိန့်အာဏာ

ဖြင့် ဖျက်သိမ်းပိုင်ခွင့် မရှိပေ။ ပြည်သူလူထုကိုယ်စားပြုသော အဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီများကို တရားမ၀င် ဖျက်သိမ်းခြင်းကို

မိမိတို့မှ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တောမတ်စ်အိုဟေး ကင်တားနား အကြံပြုတင်ပြထားသော

“မြန်မာ့စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေး

ရေး ကော်မရှင် ဖွဲ့စည်းရန်” ကိစ္စကို အမေရိကန်၊ ပြင်သစ်အပါအ၀င် နိုင်ငံများမှ အပြည့်အ၀ ထောက်ခံလာခြင်းကို မိမိတို့မှ ၀မ်းသာ

ကြိုဆိုလိုက်ပါသည်။ ၎င်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်းရပ်များကို ပိုမိုထိရောက်အောင်မြင်စေရန် မိမိတို့မှ အပြည့်အဝ

ပူးပေါင်းဆောင်ရွက် ကူညီသွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်တို့၏ တရားမျှတမှု မရှိသော

ကောက်ကျစ်စဉ်းလဲထားသည့် ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြရန်အတွက် CRPP ၊ NLD တို့နှင့်အတူ လက်တွဲပြီး

ပူးပေါင်းပါဝင်ကြရန်နှင့် အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ကို မိမိတို့နှင့်အတူ အပြည့်အ၀ ၀န်းရံ ထောက်ခံပေးကြရန် လေးနက်စွာ တိုက်

တွန်း အပ်ပါသည်။

ရက်စွဲ။ ။ ၂၀၁၀ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက် အလုပ်အမှုဆောင်ကော်မတီ

ဆက်သွယ်ရန်။ ။ ဦးမျိုးသန့် - ဥက္ကဋ္ဌ (+1 716 783 5971)

ဦးတိုးလွင် - အတွင်းရေးမှူး (+1 415 424 5811)

You might also like