You are on page 1of 1

ဂျပန်အစိုးရက မြန်မာနိုင်ငံ နယ်စပ်ဒေသမှ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးခြင်းနှင့် ပတ်သက်၍

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ထုတ်ပြန်ကြေညာချက်


၃ဝ-၉-၂ဝ၁ဝ

ဂျပန်အစိုးရက ထိုင်း-မြန်မာနယ်စပ်မှ မြန်မာဒုက္ခသည် (၂ရ)ဦးအား ဂျပန်နိုင်ငံသို့ ခေါ်ဆောင်ကာ


ခိုလှုံ နေထိုင်ခွင့် စတင်ပေးလိုက်ခြင်းအတွက် ကျွန်ုပ်တို့မှ လှိုက်လှဲစွာ ကြိုဆိုလိုက်ပါသည်။ မြန်မာ
ဒုက္ခသည်များအပေါ် လူသားချင်း စာနာထောက်ထားမှုကို အလေးအနက်ထား၍ ဆောင်ရက
ွ်ပေးခြင်း
အတွက်လည်း ကျွန်ုပ်တို့မှ ချီးမွမ်းထောပနာပြုလိုက်ပါသည်။

ဂျပန်အစိုးရက မြန်မာဒုက္ခသည်များကို ဂျပန်နိုင်ငံတွင် ခိုလှုံခွင့်ပြုလိုက်ခြင်းသည် မြန်မာစစ်အစိုးရ၏


ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများ၌ ပင်ပန်းဆင်ရဲစွာ ဖြင့်
ခိုလှုံနေရသည့် မြန်မာဒုက္ခသည်များ ယနေ့ထက်တိုင် ရှိနေသေးကြောင်း နိုင်ငံရင်းသို့ပြန်ရန်
စိတ်ချရသော အခြေအနေများ ရှိမနေသေးကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ နယ်စပ်ဒေသ
တွင် ဒုက္ခသည်များ ရှိနေသေးသည်ဆိုလျှင် ထိုစစ်အစိုးရကြောင့် ပြည်တင
ွ်း၌ ဒုက္ခရောက်နေရသူများ
ရှိနေဆဲ ဖြစ်ကြောင်းလည်း ဖော်ပြလျက် ရှိနေပါသည်။

ဒုက္ခသည်များက မြန်မာနယ်စပ်ဒေသများသို့ ထွက်ပြေးလာရသည်မှာ မြန်မာနိုင်ငံအတွင်း စစ်အစိုးရ


ကိုယ်တိုင်က

1. လူ့အခွင့်အရေးများကို အကြီးအကျယ် ချိုးဖောက်နေခြင်း၊


2. လူမဆန်သော ရာဇဝတ်မှုများ (Crimes against humanity) ကျူးလွန်နေခြင်း၊
3. စစ်ရာဇဝတ်မှုများ (War crimes) ကျူးလွန်နေခြင်း၊
4. လူမျိုးတုန်း သုတ်သင်ရေးများ (Genocide) ကို စီမံချက်ချကာ ဆောင်ရွက်နေခြင်း စသည်တို့က
အဓိက အကြောင်းရင်းများ ဖြစ်သည်။

ဂျပန်အစိုးရအနေဖြင့် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာဒုက္ခသည် (၂ရ)ဦးအား ဂျပန်နိုင်ငံသို့ ခေါ်ဆောင်


ကာ ခိုလှုံ နေထိုင်ခွင့်ပေးလိုက်ရုံဖြင့် မြန်မာစစ်အစိုးရမှ ပြည်သူများအပေါ် ဥပဒေမဲ့ ရမ်းကား ဖိနှိပ်မှု
များ ပျောက်ကွယ်သွားမည် မဟုတ်သည်ပါ။ နယ်စပ်ဒေသများရှိ မြန်မာဒုက္ခသည်စခန်းများမှ ကျန်ရှိ
နေသေးသော သိန်းပေါင်းများစွာ ရှိနေသည့် မြန်မာဒုက္ခသည်များအရေးကို ယခုထက်ပို၍ အဆပေါင်း
များစွာ ကူညီပံ့ပိုးရန် လိုအပ်နေသည်။

ထိုသို့ကူညီပံ့ပိုးရန်ကိစ္စထက် ပိုမို၍ အရေးတကြီး ကူညီပံ့ပိုးပေးသင့်သည့်ကိစ္စမှာ မြန်မာနိုင်ငံတွင်


စစ်အာဏာရှင် ခေါင်းဆောင်များက ပြည်သူတို့၏ လူ့အခွင့်အရေးများကို အကြီးအကျယ် ချိုးဖောက်
နေခြင်းများကို ရပ်ဆိုင်းသွားအောင်၊ ထိုသို့ကျူးလွန်သူများကို ဖော်ထုတ်၍ ထိရောက်စွာ အပြစ်ပေး
အရေးယူနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်း ဖိအားပေး ကြိုးပမ်းနေရာတွင် ဂျပန်အစိုးရ
အနေဖြင့် လက်တွေ့ကျကျ အတူတကွ ပါဝင် ပူးပေါင်းရန် ဖြစ်သည်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု
၃ဝ-၉-၂ဝ၁ဝ

You might also like