You are on page 1of 29

KIA နှင့် နအဖ စစ်ရေး တင်းမာ

စိုင်းဇွမ်ဆိုင်း Tuesday, October 19, 2010

ကချင်ပြည်နယ် မိုး ညှင်းမြို့နှင့် ဟိုပင်မြို့များရှိ ကချင်လွတ်မြောက်ရေး အဖွဲ့  (KIO) ၏ ဆက် ဆံရေးရုံးများကို ယမန်နေ့ ညတွင်
နအဖတပ်များက ဝိုင်းထားပြီး ကချင်လတ
ွ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။

KIO ၏ လက်ေ ထာက် အထွေေ ထွအတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါက“မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ KIO


ဆက်ဆံရေးရုံး ဝန်ထမ်း ၃ ယောက် ဖမ်းသွားပါတယ်၊ ဘာဖြစ်လို့ဖမ်းလဲ ဆိုတဲ့အကြောင်းအရင်းသိရဖို့  ကျနော်တို့ဘက်က စုံစမ်း နေပါ တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကလည်း နအဖတပ်များ ဝိုင်း ထားခြင်း၊ ဆက်ဆံရေးရုံးဝန်ထမ်းများအား ဖမ်းဆီး ထားခြင်းတို့၏ အကြောင်းအရင်းများကို
သိရှိရန် ကချင်ပြည်နယ် လဂျားယံ ဒေသရှိ နအဖတပ်များမှတဆင့် ဖြေရှင်းချက် တောင်း ခံထားကြောင်း BBC သတင်းဌာနသို့  ပြောသည်။

ယမန်နေ့ ညနေပိုင်းတွင် ဟိုပင်မြို့ရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်လန


ွ်းခေါင်နှင့် အဖွဲ့က ပြီး ခဲ့သည့် သောကြာနေ့က မိုင်း နင်းမိ၍ မိုးညှင်းဆေးရုံတွင်
ဆေးကုသမှုခံနေရသူအား KIO ဌာနချုပ် ညွှန်ြ ကားချက်အရ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောချိန်တင
ွ် ဒေသခံ နအဖ တပ်မှ ၎င်းတို့အား
ဖမ်းဆီးထားလိုက်ခြင်းဖြင့် ပြဿနာစတင်သည်ဟု ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း က ဧရာဝတီသို့ ပြောသည်။

“ဗိုလ်လန
ွ်းခေါင်တို့ကို ဖမ်း ထားပြီးတော့ ည ၈ နာရီလောက်မှာ မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ ဆက် ဆံရေးရုံးတွေကို လာဝိုင်းကြ တယ်၊ အဲဒီမှာ ရဲလည်း ပါတယ်၊
စစ်တပ်လည်းပါတယ်။ ပြီးတော့ ရုံး ထဲကို ထိုးဖောက်ဝင်ရောက်တဲ့အဆင့် ထိ ဖြစ်သွား တယ်၊ အပစ်အခတ်တော့မရှိဘူး ”ဟု ၎င်းက ဆက် လက်ပြောဆို သည်။

ယင်းကိစ္စကို KIA ဌာနချုပ်က သိရှိပြီးနောက် ယမန်နေ့ည သန်းခေါင်ယံအချိန်ခန့်တွင် လိုင်ဇာ အနီး လဂျားယံ စုပေါင်း ဂိတ်ရှိ နအဖတပ်များကို ဝိုင်းထားရန် KIA
ဌာနချုပ်မှ ညွှန်ြ ကားခဲ့ကြောင်း၊ စစ်ဘက်ရေးရာလုံခြုံ ရေး (စရဖ) နှင့် KIA ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကိုနော်ဒင်းက ဆိုသည်။

လဂျားယံ ဒေသရှိ နအဖ တပ်များအား KIA တပ်များ က ဝိုင်းထားသည် ဟူသောသတင်းကို ဗိုလ်မှူးကြီး ဆင်ဝါက မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

“ဒီထက် အခြေအနေ ပိုဆိုးလာမလား ဆိုတာကတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်လေ၊ ကျနော်တို့က ပိုဆိုးစေချင်တဲ့ ရည်ရွယ်ချက်မှ မရှိတာ၊ ကိုယ့်ကိုယ်ကိုယ်တော့
စစ်ရေးအရ ကြိုတင်ကာကွယ်မှုတွေကို ပြင်ဆင်ထားတာမျိုးတော့ ရှိတာပေါ့”ဟုလည်း ဗိုလ်မှူးကြီး ဆင်ဝါက ပြောသည်။

KIA သည် အင်အား ၈ ထောင်ခန့် ရြှိ ပီး ၁၉၉၄ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို ငြင်းဆန် ခြင်း၊
စက်တင်ဘာလ ၂၃ ရက်နေ့က နအဖ၏ ရဟတ်ယာဉ်အား သတိပေး ပစ်ခတ်ခဲ့ခြင်း တို့ကြောင့် နှစ်ဘက် ဆက် ဆံရေးများ ပိုမိုတင်းမာလာသည်ဟု စစ်ရေး
လေ့လာသူများက ဆိုသည်။

အပစ်အခတ်ရပ်သည့် ၁၆ နှစ်တာကာလအတွင်း KIA ကို သောင်း ကျန်းသူ ဟု ပြီး ခဲ့သည့် သောကြာနေ့တွင် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာမှ တဆင့်
ခေါ်ဆိုလိုက်သည်။

ယမန်နှစ် သြဂုတ်လအတွင်း အပစ်ရပ် ကိုးကန့်လ က်နက် ကိုင်အဖွဲ့  (MNDAA) အား နအဖတပ်မှ ဖြိုခွဲခဲ့ပြီး နောက် KIA ကလည်း စစ်ရေးအရ ပြင်ဆင်မှုများ
ပြုလုပ်ထားခဲ့ကြောင်း ကိုနော်ဒင်း က ဆိုသည်။

နအဖ တပ်များသည် KIA အပါအဝင် နယ်ခြားစောင့်တပ်ဖ့စ


ွဲ ည်းရန် ငြင်းဆန်နေဆဲဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ၊
ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA- N) ၏ တပ်မဟာ (၁) တို့နှင့်လည်း စစ်ရေး တင်းမာမှုများ ရှိနေကြောင်း သိရှိရသည် ။

မဲရုံတွင် ဓာတ်ပုံရိုက်ခွင့် မပေးခြင်းအား သတင်းထောက်များ ဝေဖန်


ခင်ဦးသာ Tuesday, October 19, 2010

မဲရုံပရဝဏ်အတွင်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆို လိုက်ခြင်းသည် ၂၀၀၈


ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူချိန်ကကဲ့ သို့ လိမ်လည် အနိုင်ယူရန် ကြံစည်ခြင်းသာ ဖြစ်ကြောင်း သတင်းထောက်များက ဝေဖန်ြ ကသည်။
ယမန်နေ့က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုး ရှင်း လင်းပြောကြားသည့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းပွဲ (ဓာတ်ပုံ - အေပီ)

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပဲသ


ွို့  ပြည်ပ လေ့လာစောင့်ကြည့်သူများ၊ မီဒီယာများအား လာရောက်ခင
ွ့် မပေးသည့်အပြင် ပြည်တွင်း
မီဒီယာများကိုလည်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခွင့် မပေးကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ဦးသိန်းစိုးက ပြောဆိုခ့သ
ဲ ည်။

ဦးသိန်းစိုး၏ ပြောဆိုမှုသည် စစ်အစိုးရ ထောက်ခံမှု အပြည့်အ၀ ရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖံ့ပ
ွါတီ) အား အနိုင်ပေးရန် လုပ်ဆောင်ချက်
တရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကိုလည်း လျော့ကျစေသည်ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အယ်ဒီတာ
တဦးကဆိုသည်။

“ဗီဒီယို ရိုက်တာတို့ ၊ ဓာတ်ပုံရိုက်တာတို့ ဟာ မဲပေးနေတဲ့ မဲဆန္ဒရှင်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ခွင့်မပြုတာပါ” ဟု သတင်းစာရှင်းလင်း ပွဲတွင်


သတင်းထောက်များ၏ မေးခွန်းကို ဦးသိန်းစိုးက ဖြေဆိုခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြည်ပလေ့လာ စောင့်ကြည့်ရေးအဖွဲ့များနှင့် ပြည်ပမီဒီယာများ ကိုယ်စား ပြည်တွင်းရှိ သံတမန် များနှင့် အစိုးရခွင့်ပြုထားသည့်
ပြည်တွင်းမှ နိုင်ငြံ ခား သတင်းထောက်များကိုသာ လေ့ လာခွင့်၊ သတင်းရယူခင
ွ့်
ပြုသွားမည် ဟုလည်း ပြောဆိုသွားသည် ။

“ခွင့်ပြုထားတဲ့ နိုင်ငြံ ခားသတင်းဌာနက မြန်မာသတင်းထောက်တွေ ရှိပေမယ့် တကယ် သတင်းယူ တ့အ


ဲ ခါ အခက်အခဲေ တွက အများကြီးရှိတယ် ” ဟု
နိုင်ငြံ ခားသတင်းဌာနတခုမှ ပြည်တွင်းအခြေစိုက် မြန်မာသတင်းထောက်တဦး က ပြောသည်။

သတ်မှတ်နေရာတွင် သတင်းရယူနိုင်ရေးအတွက် မဲရုံများ၊ သက် ဆိုင်ရာ ဒေသ အာဏာပိုင်များကို အကြောင်းကြားထား ပေးရန်၊ စာရေးပေးရန် တောင်းဆိုသော်လည်း
ဦးသိန်းစိုးက မလိုအပ်ကြောင်း ငြင်းဆန်သည် ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီအတွက် တရားဝင် ခန့်ထားတဲ့ နိုင်ငံခြားသတင်းဌာန သတင်းထောက်ေ တွ အတွက်ရော၊ ပြည်တွင်းဂျာနယ် သတင်း ထောက်တွေ အတွက်ပါ အခြေအနေက လုံးဝ
မကောင်းဘူး” ဟု အထက်ပါ မြန်မာသတင်းထောက်က ဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ တခြားသော အရေးကြီးသည့် အကြောင်းအရာများအား သတင်းထောက်များက မေးမြန်း သော်လည်း ဦးသိန်းစိုးသည် ဖြေဆိုခြင်း
မပြုခဲ့ကြောင်းသိရသည်။

ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက “ဓာတ်ပုံ၊ ဗီဒီယို ရိုက်တဲ့ ကိစ္စကို ပြည်သူတွေက ပျော်တောင်ပျော်ဦးမှာပါ။ ရွေးကောက်ပွဲ ဆိုတာ အများပြည်သူ
ရှေ့မှောက်မှာ ထင်သာမြင်သာအောင် လုပ်ရမယ့် ကိစ္စ၊ မီဒီယာဆိုတာလည်း ဖိတ်တောင် ဖိတ်ခေါ်ထားရမယ့် ကိစ္စလေ။ ဘာကြောင့် ဒီလိုကန့် သတ် လိုက်တယ် ဆိုတာ
စဉ်းစားစရာပေါ့” ဟု ဧရာဝတီကို ပြောသည်။

၁၉၉၀ ရွေးကောက်ပဲတ
ွင် ပြည်သူလူထုအား လွတ်လပ်စွာသိခွင့်၊ လေ့လာခွင့် ပေးခဲ့သည့်အပြင် မီဒီယာလွတ်လပ်ခွင့်လည်း ရှိခြဲ့ ပီး ပြည်ပ အဖွဲ့များကိုလည်း လေ့လာခွင့်
ပြုခဲ့သည်ဟု သူက ဆိုသည်။

ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းပြီးဆုံးပါက မဲရုံ၌ပင် အများပြည်သူရှေ့၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များရှေ့၌ မဲရေတွက် မည်ြ ဖစ်ပြီး သက်သေ ၁၀ ဦးကိုပါ
ထားပေးမည်ဖြစ်ကြောင်း ၊ မဲရုံမှူး က ပယ်သည့် ဆန္ဒမဲများ၊ ကြိုတင်မဲများ ရေတွက်ခြင်း ကိုလည်း သက် ဆိုင်ရာ ကိုယ်စားလှယ်အား ကြည့်ခွင့်ပေးမည်ဖြစ်ကြောင်း၊
ထို့ကြောင့် ရွေးကောက်ပွဲသည် နိုင်ငံတကာ စံနှုန်းနှင့်အညီ လုပ်ဆောင်ပေးခြင်းဖြစ်သဖြင့် လွတ်လပ် ၍ တရားမျှ တသော ရွေးကောက်ပွဲ ဖြစ်သည်မှာ ထင်ရှားနေကြောင်း
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“သက်ေ သ ၁၀ ဦးဆိုတာ ဘယ်သူေ တွလ၊ဲ မဲကိုဘယ်လိုပုံစံနဲ့  ရေတွက်မလဲ ဆိုတာတွေ က အများကြီးပါ။ မှန်ကန်စွာရေတွက်


မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ။ မီဒီယာ လွတ်လပ်နေရင်ေ တာင် မဲလိမ်၊ မဲခိုးမှုတွေ ရှိနေတာ၊ လွတ်လပ်မှု မရှိတော့ဘူးဆိုရင်တော့ တနည်းနည်း နဲ့တော့ မဲလိမ်မှု
ပေါ်လာနိုင်တယ် ” ဟု ဦးသုဝေ က ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲနီးလာသည် နှင့်အမျှ ကန့်သတ်မှု အမျိုးမျိုး ထုတ်ပြန်နေခြင်း၊ ဘက်လိုက်နေခြင်း တို့ကို နိုင်ငံတကာအဖွဲ့အစည်းများ၊
အစိုးရများက ဝေဖန်ပြောဆိုနေပြီး ကုလသမဂ္ဂ အထွေေ ထွ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တရားမျှ တသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တောင်းဆို
ထားသည်။

ရွေးကောက်ပွဲသို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့ လာရေးအဖွဲ့များ၊ မီဒီယာများအား လာရောက်လေ့လာခွင့် မပေးခြင်းအပေါ် ပြည်တင


ွ်းသံ တမန် အသိုင်းအ၀န်းက
ဝေဖန်လိုက်ပြီး အမေရိကန်အစိုးရနှင့် အင်ဒိုနီးရှား အစိုးရကလည်း တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ကြောင်း ပြောဆိုသည် ။
DKBA တပ်မှူးကို နယ်ခြားစောင့်ဖွဲ့ရန် မြိုင်ကြီးငူ ဆရာတော် တိုက်တွန်း
သန်းထိုက်ဦး Tuesday, October 19, 2010

မြိုင်ကြီးငူ ဆရာတော် ဦးသုဇနက နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေး အစီအစဉ်နှင့် ပတ်သက်၍ တိုးတက်ေ သာ ဗုဒ္ဓဘာ သာ
ကရင်အမျိုး သား တပ်မတော် (DKBA) တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးထံ သွားရောက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

တိုးတက်ေ သာ ဗုဒ္ဓဘာသာ ကရင်အမျိုး သား တပ်မတော် (DKBA) တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ဓာတ်ပုံ - ဧရာဝတီ)

ဆရာတော် ဦးသုဇနသည် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး နေထိုင်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ဝေါ်လေ ဒေသတွင် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ဆုံခြဲ့ ခင်း
ဖြစ်သည်။

ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) နှုတ်ခမ်းမွေး တပ်ဖွဲ့ အား နအဖ က တိုက်ခို က်ချေမှုန်း လာမည်ကို စိုးရိမ်ပူပန်သောကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်ခံရန်
ဆရာတော်က သွားရောက် တိုက်တန
ွ်းခြင်းဖြစ်သည်ဟု နှုတ်ခမ်းမွေး နှင့် နီးစပ်သူ တဦးကို ကိုးကား၍ ကရင်သတင်းစဉ်(KIC) အယ်ဒီတာ နန်းဖောဂေ က ပြောသည်။

သို့သော် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး က ဆရာတော်၏ တိုက်တန


ွ်းချက်ကို လက်ခံ၊ မလက်ခံကိုမူ ပြန်မပြောခဲ့ကြောင်း သိရသည်။

တခြားသော DKBA နှင့် နီးစပ်သူ တဦးက မြိုင်ကြီးငူ ဆရာတော်က အဆင်ပြေစေရန် သွားရောက် ပြောကြားခဲ့ သော်လည်း လက်မခံကြောင်း ကြားသိရသည် ဟု
ပြောဆိုသည်။

ဆရာတော် ဦးသုဇနသည် လှိုင်းဘွဲ့မြို့ နယ်၊ မြိုင်ကြီးငူဒေသတွင် သီတင်းသုံးနေပြီး DKBAကို ဦးဆောင်ခဲ့သူ အဖြစ် ထင်ရှား သည်။ DKBA သည် ၁၉၉၅ ခုနှစ်တင
ွ် KNU မှ
ခွဲထွက်ပြီး နောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ကာ တဖြည်းဖြည်း အင် အား ကြီးမားလာသည့် လက်န က်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

မကြာခင်ရက်ပိုင်းတွင်လည်း ကစထ (၄) မှူး မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ အရှေ့တောင် တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ်
သက်နိုင်ဝင်း က နယ်ခြားစောင့်တပ်ဖ့ရ
ွဲ န် ငြင်းဆိုထားသော တပ်ဖွဲ့ဝင်တချို့ကို ဆွေးနွေး ရန် မြ၀တီမြို့သို့ ရောက်ရှိလာမည်ြ ဖစ်ကြောင်း၊ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး
တပ်ဖ့န
ွှဲင့် ဗိုလ်ချုပ် စောထိန်မောင် ဦးစီး သော ကရင်ငြိမ်း ချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့တို့ကို ဆွေးနွေးရန် ရှိကြောင်း သိရသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖ့ဝ


ွဲ င် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ ကြသော်လည်း ဗိုလ်မှူးကြီး
နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော ၎င်း တပ်ဖ့မ


ျွဲားနှင့် စစ် အစိုးရ အကြား နှစ်ဘက် တင်းမာခဲ့ကြသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့ နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း
သတင်းများအရ သိရှိရသည် ။

ကြံ့ဖွံ့မဲဆွယ် ဆိုင်းဘုတ်များကြောင့် လူအများ စိတ်ပျက်


မင်းနိုင်သူ Tuesday, October 19, 2010

စစ်အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပါတီ အသွင်ပြောင်း လာသည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖံွ့ ပါတီ) ၏ မဲဆွယ်ဆိုင်း ဘုတ်များအပေါ် ပြိုင်ဘက်ပါတီများနှင့် ဒေသခံများက ဝေဖန်နေကြသည်။
ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာပိုင်စိုး ကြံ့ဖံွ့ ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြို င်မည့် စမ်းချောင်းမြို့နယ်တွင် တွေ့ ရသည့်
ကြံ့ဖွံ့ကိုယ်စားလှ ယ်လောင်း ကြော်ငြာဆိုင်းဘုတ် (ဓာတ်ပုံ - ဧရာဝတီ)

ကြံ့ဖွံ့အမှတ် တံဆိပ် ခြင်္သေ့နှစ်ကောင် ခြံရံမှု အလယ်တင


ွ် “ပြည်သူ့အ တွက် ပြည်ခိုင်ြ ဖိုး ၊ PEOPLE FIRST” ဆိုသည့် စာသားသည် ရယ်စရာ ကောင်း လှသည် ဟု
ရန်ကုန်မြို့ခံတဦးက ဆိုသည်။

“၈၈ အရေးအခင်းနောက်ပိုင်းကစပြီး သူတို့က တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဘ ဆိုတဲ့ ကြွေးကြော်သံနဲ့အ တူ လူထုကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဖိနှိပ်ခဲ့ပြီးမှ
အရပ်ဝတ်လေး ပြောင်း ၀တ် ၊ စစ်တပ်ကို အာဏာသက် ဆက်ပေးမယ့် ပါတီကနေ ပြည်သူ့ အတွက်ဆိုပြီး ထအော်တာ ရယ်စရာပေါ့"ဟု ၄င်းက ပြောသည်။

မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ်ေ လာင်းတဦးအဖြစ် ကြံ့ဖံွ့ ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးအောင်ြ ကည် သည် လက်ရှိ
အလုပ်သမားဝန်ြ ကီးတဦးဖြစ်ကာ ဗိုလ်ချုပ်ရာထူးမှ အနားယူထားသူဖြစ်သည်။

ဦးအောင်ြ ကည်သည် ၄င်း၏ မဲဆန္ဒနယ်အတွင်း လွန်ခဲ့သော ရက်ပိုင်းများက မဲဆွယ်ဆိုင်းဘုတ် အများအပြားကို စိုက်ထူထားခဲ့ရာ ဆိုင်းဘုတ်ပါ စာသားများသည်
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ညီညွှတ်မှု မရှိဟုလည်း ပြိုင်ဘက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ဦးသုေ ၀က ပြောသည်။

“ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST”ဆိုသည့် စာသားနှင့်စပ်လျဉ်း၍မူ ဦး သုဝေက“အဲဒီအဓိပ္ပာယ် ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး အခု
လောလောဆယ်အ ထိတော့ မတွေ့ရသေးပါဘူး။ သူတို့မှာ အလေ့အ ကျင့်ကလည်း နှစ်ပေါင်းများစွာရှိလာပြီ ဆိုတော့ အဲဒီလို ပြောင်းဖို့တော့
တယ်မလွယ်ဘူး ထင်ပါတယ် "ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်ေ လာင်းများက မဲဆွယ်ဆိုင်းဘုတ်များ ထောင်ကာ မဲဆွယ်မှုများ ပြုလုပ်နေသော်လည်း ပြိုင်ဘက် ပါတီ များ အနေဖြင့် မဲဆွယ်ဆိုင်းဘု တ်
ထောင်ရန် အပါအ၀င် အခက်အခဲများစွာရှိနေကြသည်။

မဲဆွယ်ဆိုင်းဘုတ် ထောင်ရေး အခက်အခဲနှင့်စပ် လျဉ်း၍ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ တာမြွေ မို့နယ် ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ်ေ လာင်း
ဦးသိန်းတင်အောင်က “အဓိက အခက်အခဲက ငွေရေးကြေးရေး အခက်အခဲပဲ။ ပြည်ခိုင်ြ ဖိုးမှာက မဲဆွယ် စရိတ်အဖြစ် အမတ်လောင်း တဦးကို ကျပ် သိန်းတရာ
သုံးစွဲခွင့်ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ကတော့ ဆယ်သိန်း ၊ ဆယ့် ငါးသိန်း သုံးဖို့ကို ချိန်ဆနေရတာ။ မဲဆွယ်ဆိုင်း ဘုတ် ထောင်ဖို့ က ပထမ ဆိုင်းဘုတ်မှာ
ဖော်ြ ပမယ့် စာသားတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီ အရင် တင်ပြရတယ်။ ခွင့်ြ ပုပြီဆိုရင်မှ စည်ပင်မှာ အခွန်ဆောင်ြ ပီး ထောင်ရမှာပါ"ဟု ပြောသည်။

မဲဆွယ်ဆိုင်းဘုတ် ထူထောင်ခွင့်အတွ က် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တပေပတ်လည်လျှင် ကျပ် ၁၀၀ အခွန်ဆောင်ရမည် ဖြစ်သည်။

အဆိုပါနှုန်းထားသည် ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင်မည့် ကျန်ပါတီများ၏ တင်ပြချက်ကြောင့် စည်ပင်က လျှော့ချပေးလိုက်သော အခွန် နှုန်းထားဖြစ်ကာ မူလက တနှစ်စာ
ဆိုင်းဘုတ်ထူထောင်ခွန်အဖြစ် တပေပတ်လည်လျှင် ကျပ် ၁၀၀၀ ပေးဆောင်ရ ကြောင်းသိရ သည်။

“ပါတီတွေက ကျနော်တို့က မဲဆွယ်ကာလလေးပဲ ဆိုင်းဘု တ်ထောင်မှာ ပါဆိုပြီး တင်ပြမှ တပေပတ်လည် ကျပ် ၁၀၀ ဆိုပြီး ပြောင်း သတ်မှတ်ပေးတာ။ အဲဒီ ကျပ် ၁၀၀
ဆိုတာကလည်း ကျနော်တို့လို အရပ်သားပါတီတွေ အတွက် များတဲ့ ပမာဏာပါပဲ။ ဒါကြောင့် ကျနော်တို့က ကိုယ်ရေးအကျဉ်း စာရွက်တွေကိုပဲ အဓိကထား ဖြန့်ရပါတယ်။
ကျနော်ဆိုရင် တာမြွေ မို့နယ်မှာ တဘုတ်ပဲ ထောင်နိုင် ပါမယ်"ဟု ဦးသိန်းတင်အောင်က ပြောသည်။

ဦးအောင်ြ ကည်၏ ပြိုင်ဘက် တဦးဖြစ်သော ဒီမိုကတစ်ပါတီ ဥက္ကဌ ဦးသုဝေ သည် လည်း မဲဆွယ်ဆိုင်းဘု တ်ထောင်ရန် ငွေကြေး မတတ်နိုင်သဖြင့် ၄င်း၏
ကိုယ်ရေးအကျဉ်းနှင့် ပါတီမူဝါဒ သဘောထားတချို့ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေနေရ သည်။

“ကျနော် အခုလည်း တောင်ဥက္ကလာမှာ ကျနော်တို့ ပါတီရဲ့ မူဝါဒသဘောထားတွေ ၊ ကျနော်တို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ကျနော်တို့ ပါတီဆိုင်းဘုတ် တင်ထားတဲ့ကားနဲ့
လိုက်ဝေတယ်။ ပါတီစာစောင်တွေကို ရောင်းတယ်။ ဒါတွေပဲ ကျနော်တို့ လုပ်နိုင်ပါ သေးတယ်"ဟု ဦး သုဝေက ပြောသည်။

ကြံ့ဖွံ့ပါတီနှင့် တခြားပါတီများအကြား ငွေကြေးသုံးစွဲနိုင်မှု ကွာဟချက် ကြီးမားစွာရှိနေရာ ရွေးကောက်ပဲဝ


ွ င်မည့် ပါတီများအနေဖြင့် ရသုံး ငွေကြေးနှင့်စပ်လျဉ်း၍
ပြည်သူလူထုကို ထုတ်ဖော်အ သိပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) က အောက်တိုဘာ ၁၇ ရက်တင
ွ် ကြေညာချက် ထုတ်ခဲ့သည်။

RNDP ဥက္ကဌ ဒေါက်တာအေးမောင်က အကြီးဆုံးပါတီဖြစ်သော ကြံ့ဖံွ့ ပါတီသည် အစိုးရဖွဲ့ခဲ့သော အသင်းမှ ပါတီအဖြစ် ပြောင်းလဲ ခဲ့သဖြင့် ပိုအရေးကြီးကြောင်း ၊
ရခိုင်ြ ပည်နယ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများအား ပါတီရုံးခန်းအဖြစ် အသုံးပြုနေမှုများကို ထောက်ပြကာ မီဒီယာများသို့ ကြေညာချက်ထုတ်သည့်နေ့တွင်ပင်
ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ပါတီသည် စစ်အစိုးရကျောထောက် နောက်ခံပြုကာ ၁၉၉၃ တွင် လူမှုရေး အဖွဲ့အစည်းအဖြစ် အမည်ခံဖွဲ့စည်းခဲ့သော ကြံ့ဖွံ့ အသင်းမှ အသွင် ပြောင်းလာသော
ပါတီဖြစ်သည်။
ကြံ့ဖွံ့အသင်းအဖြစ် ရပ်တည်စဉ်က ၂၀၀၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို ဒီပဲယင်းတွင် အကြမ်း ဖက် နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၇
ခုနှစ်အတွင်း ကုန်ဈေးနှုန်းကျဆင်းရေးနှင့် လောင်စာဆီဈေး ကျဆင်းရေး ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းရာတွင်လည်း ကြံ့ဖံွ့ အသင်းဝင်များ ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပရန် ၁၈ ရက်သာ လိုတော့ချိန်တင


ွ် ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဆိုင်ခွင့် မညီမမျှ မှုများကြောင့် ပြိုင်ဘက်ပါတီများ၏ ဝေဖန်သံများ ပေါ်ထွက်သော်လည်း
မဲပေးမည့် လူထုကမူ စိတ်ဝင်စားမှု အားနည်းနေသေးကြောင်း ပြည်တင
ွ်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“ပါတီတွေ ဆိုင်းဘု တ်တွေ ထောင်တာ ၊ လက်ကမ်းစာစောင် ဝေတာတွေ တွေ့နေရတာပဲ။ ဒါပေမယ့် လူထုကတော့ သိပ် စိတ်ဝင် စား တာ မတွေ့ရပါဘူး။
ပါတီလှုပ်ရှားမှုတွေ သတင်းတင်ရ တာလည်း အီလာပြီ။ ဒီတပတ်ဂျာနယ် မျက်နှာဖုံးအတွက် လူထု စိတ် ၀င်စားမယ့် သတင်း ဘာတင်ရမှန်းကို မသိသေးဘူး
ဖြစ်နေတယ် " ဟု ၄င်းက ဆိုသည်။
စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ပါတီ အသွင်ပြောင်း လာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ မဲဆွယ်ဆိုင်းဘု တ်များအပေါ် ပြိုင်ဘက်ပါတီများနှင့် ဒေသခံများက ဝေဖန်နေကြသည်။

ကြံ့ဖွံ့အမှတ် တံဆိပ် ခြင်္သေ့နှစ်ကောင် ခြံရံမှု အလယ်တင


ွ် “ပြည်သူ့အ တွက် ပြည်ခိုင်ြ ဖိုး ၊ PEOPLE FIRST” ဆိုသည့် စာသားသည် ရယ်စရာ ကောင်း လှသည် ဟု
ရန်ကုန်မြို့ခံတဦးက ဆိုသည်။

“၈၈ အရေးအခင်းနောက်ပိုင်းကစပြီး သူတို့က တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဘ ဆိုတဲ့ ကြွေးကြော်သံနဲ့အ တူ လူထုကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဖိနှိပ်ခဲ့ပြီးမှ
အရပ်ဝတ်လေး ပြောင်း ၀တ် ၊ စစ်တပ်ကို အာဏာသက် ဆက်ပေးမယ့် ပါတီကနေ ပြည်သူ့ အတွက်ဆိုပြီး ထအော်တာ ရယ်စရာပေါ့"ဟု ၄င်းက ပြောသည်။

မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ်ေ လာင်းတဦးအဖြစ် ကြံ့ဖံွ့ ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးအောင်ြ ကည် သည် လက်ရှိ
အလုပ်သမားဝန်ြ ကီးတဦးဖြစ်ကာ ဗိုလ်ချုပ်ရာထူးမှ အနားယူထားသူဖြစ်သည်။

ဦးအောင်ြ ကည်သည် ၄င်း၏ မဲဆန္ဒနယ်အတွင်း လွန်ခဲ့သော ရက်ပိုင်းများက မဲဆွယ်ဆိုင်းဘုတ် အများအပြားကို စိုက်ထူထားခဲ့ရာ ဆိုင်းဘုတ်ပါ စာသားများသည်
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ညီညွှတ်မှု မရှိဟုလည်း ပြိုင်ဘက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ဦးသုေ ၀က ပြောသည်။

“ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST”ဆိုသည့် စာသားနှင့်စပ်လျဉ်း၍မူ ဦး သုဝေက“အဲဒီအဓိပ္ပာယ် ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး အခု
လောလောဆယ်အ ထိတော့ မတွေ့ရသေးပါဘူး။ သူတို့မှာ အလေ့အ ကျင့်ကလည်း နှစ်ပေါင်းများစွာရှိလာပြီ ဆိုတော့ အဲဒီလို ပြောင်းဖို့တော့
တယ်မလွယ်ဘူး ထင်ပါတယ် "ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်ေ လာင်းများက မဲဆွယ်ဆိုင်းဘုတ်များ ထောင်ကာ မဲဆွယ်မှုများ ပြုလုပ်နေသော်လည်း ပြိုင်ဘက် ပါတီ များ အနေဖြင့် မဲဆွယ်ဆိုင်းဘု တ်
ထောင်ရန် အပါအ၀င် အခက်အခဲများစွာရှိနေကြသည်။

မဲဆွယ်ဆိုင်းဘုတ် ထောင်ရေး အခက်အခဲနှင့်စပ် လျဉ်း၍ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ တာမြွေ မို့နယ် ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ်ေ လာင်း
ဦးသိန်းတင်အောင်က “အဓိက အခက်အခဲက ငွေရေးကြေးရေး အခက်အခဲပဲ။ ပြည်ခိုင်ြ ဖိုးမှာက မဲဆွယ် စရိတ်အဖြစ် အမတ်လောင်း တဦးကို ကျပ် သိန်းတရာ
သုံးစွဲခွင့်ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ကတော့ ဆယ်သိန်း ၊ ဆယ့် ငါးသိန်း သုံးဖို့ကို ချိန်ဆနေရတာ။ မဲဆွယ်ဆိုင်း ဘုတ် ထောင်ဖို့ က ပထမ ဆိုင်းဘုတ်မှာ
ဖော်ြ ပမယ့် စာသားတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီ အရင် တင်ပြရတယ်။ ခွင့်ြ ပုပြီဆိုရင်မှ စည်ပင်မှာ အခွန်ဆောင်ြ ပီး ထောင်ရမှာပါ"ဟု ပြောသည်။

မဲဆွယ်ဆိုင်းဘုတ် ထူထောင်ခွင့်အတွ က် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တပေပတ်လည်လျှင် ကျပ် ၁၀၀ အခွန်ဆောင်ရမည် ဖြစ်သည်။

အဆိုပါနှုန်းထားသည် ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင်မည့် ကျန်ပါတီများ၏ တင်ပြချက်ကြောင့် စည်ပင်က လျှော့ချပေးလိုက်သော အခွန် နှုန်းထားဖြစ်ကာ မူလက တနှစ်စာ
ဆိုင်းဘုတ်ထူထောင်ခွန်အဖြစ် တပေပတ်လည်လျှင် ကျပ် ၁၀၀၀ ပေးဆောင်ရ ကြောင်းသိရ သည်။

“ပါတီတွေက ကျနော်တို့က မဲဆွယ်ကာလလေးပဲ ဆိုင်းဘု တ်ထောင်မှာ ပါဆိုပြီး တင်ပြမှ တပေပတ်လည် ကျပ် ၁၀၀ ဆိုပြီး ပြောင်း သတ်မှတ်ပေးတာ။ အဲဒီ ကျပ် ၁၀၀
ဆိုတာကလည်း ကျနော်တို့လို အရပ်သားပါတီတွေ အတွက် များတဲ့ ပမာဏာပါပဲ။ ဒါကြောင့် ကျနော်တို့က ကိုယ်ရေးအကျဉ်း စာရွက်တွေကိုပဲ အဓိကထား ဖြန့်ရပါတယ်။
ကျနော်ဆိုရင် တာမြွေ မို့နယ်မှာ တဘုတ်ပဲ ထောင်နိုင် ပါမယ်"ဟု ဦးသိန်းတင်အောင်က ပြောသည်။

ဦးအောင်ြ ကည်၏ ပြိုင်ဘက် တဦးဖြစ်သော ဒီမိုကတစ်ပါတီ ဥက္ကဌ ဦးသုဝေ သည် လည်း မဲဆွယ်ဆိုင်းဘု တ်ထောင်ရန် ငွေကြေး မတတ်နိုင်သဖြင့် ၄င်း၏
ကိုယ်ရေးအကျဉ်းနှင့် ပါတီမူဝါဒ သဘောထားတချို့ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေနေရ သည်။

“ကျနော် အခုလည်း တောင်ဥက္ကလာမှာ ကျနော်တို့ ပါတီရဲ့ မူဝါဒသဘောထားတွေ ၊ ကျနော်တို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ကျနော်တို့ ပါတီဆိုင်းဘုတ် တင်ထားတဲ့ကားနဲ့
လိုက်ဝေတယ်။ ပါတီစာစောင်တွေကို ရောင်းတယ်။ ဒါတွေပဲ ကျနော်တို့ လုပ်နိုင်ပါ သေးတယ်"ဟု ဦး သုဝေက ပြောသည်။

ကြံ့ဖွံ့ပါတီနှင့် တခြားပါတီများအကြား ငွေကြေးသုံးစွဲနိုင်မှု ကွာဟချက် ကြီးမားစွာရှိနေရာ ရွေးကောက်ပဲဝ


ွ င်မည့် ပါတီများအနေဖြင့် ရသုံး ငွေကြေးနှင့်စပ်လျဉ်း၍
ပြည်သူလူထုကို ထုတ်ဖော်အ သိပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) က အောက်တိုဘာ ၁၇ ရက်တင
ွ် ကြေညာချက် ထုတ်ခဲ့သည်။

RNDP ဥက္ကဌ ဒေါက်တာအေးမောင်က အကြီးဆုံးပါတီဖြစ်သော ကြံ့ဖံွ့ ပါတီသည် အစိုးရဖွဲ့ခဲ့သော အသင်းမှ ပါတီအဖြစ် ပြောင်းလဲ ခဲ့သဖြင့် ပိုအရေးကြီးကြောင်း ၊
ရခိုင်ြ ပည်နယ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများအား ပါတီရုံးခန်းအဖြစ် အသုံးပြုနေမှုများကို ထောက်ပြကာ မီဒီယာများသို့ ကြေညာချက်ထုတ်သည့်နေ့တွင်ပင်
ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ပါတီသည် စစ်အစိုးရကျောထောက် နောက်ခံပြုကာ ၁၉၉၃ တွင် လူမှုရေး အဖွဲ့အစည်းအဖြစ် အမည်ခံဖွဲ့စည်းခဲ့သော ကြံ့ဖွံ့ အသင်းမှ အသွင် ပြောင်းလာသော
ပါတီဖြစ်သည်။

ကြံ့ဖွံ့အသင်းအဖြစ် ရပ်တည်စဉ်က ၂၀၀၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို ဒီပဲယင်းတွင် အကြမ်း ဖက် နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၇
ခုနှစ်အတွင်း ကုန်ဈေးနှုန်းကျဆင်းရေးနှင့် လောင်စာဆီဈေး ကျဆင်းရေး ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းရာတွင်လည်း ကြံ့ဖံွ့ အသင်းဝင်များ ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပရန် ၁၈ ရက်သာ လိုတော့ချိန်တင


ွ် ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဆိုင်ခွင့် မညီမမျှ မှုများကြောင့် ပြိုင်ဘက်ပါတီများ၏ ဝေဖန်သံများ ပေါ်ထွက်သော်လည်း
မဲပေးမည့် လူထုကမူ စိတ်ဝင်စားမှု အားနည်းနေသေးကြောင်း ပြည်တင
ွ်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“ပါတီတွေ ဆိုင်းဘု တ်တွေ ထောင်တာ ၊ လက်ကမ်းစာစောင် ဝေတာတွေ တွေ့နေရတာပဲ။ ဒါပေမယ့် လူထုကတော့ သိပ် စိတ်ဝင် စား တာ မတွေ့ရပါဘူး။
ပါတီလှုပ်ရှားမှုတွေ သတင်းတင်ရ တာလည်း အီလာပြီ။ ဒီတပတ်ဂျာနယ် မျက်နှာဖုံးအတွက် လူထု စိတ် ၀င်စားမယ့် သတင်း ဘာတင်ရမှန်းကို မသိသေးဘူး
ဖြစ်နေတယ် " ဟု ၄င်းက ဆိုသည် ။

နေပြည်တော်တွင် ဧည့်စာရင်းနှင့် နေသူများကို မဲအတွက် စာရင်းကောက်


စည်သူ Tuesday, October 19, 2010

နေပြည်တ်ာတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကာ ဧည့်စာရင်းဖြင့် နေထိုင်ပြီး အလုပ် လုပ်ကိုင် နေသူများအား


ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် စာရင်းကောက်ယူ နေကြောင်း သတင်းရရှိသည်။

“ရယက လူကြီးတွေ တအိမ် တက်တအိမ်ဆင်း လိုက်ပြီး ဧည့်စာရင်းနဲ့ နေတဲ့သူတွေရှိရင် ဒီမှာ မဲပေးမှာလား၊ ပေးမယ်ဆို စာရင်း လုပ်ပေးမလို့ဆိုပြီး လိုက်ပြောနေတယ်”
ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

နေပြည်တော်ရှိ ၀န်ထမ်း အိမ်ရာကို တွေ့ရစဉ်(ဓာတ်ပုံ - photo.greatmyanmar.com)

ထို့အပြင် ယခုနေထိုင်ရာဒေသတွင် မဲမပေးပါကလည်း အကြောင်းကြားရန် မှာ ကြားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပျဉ်းမနားမြို့နယ်ရှိ ရယကတဦး က “အထက်လူကြီးတွေက ခိုင်း တာပါ။ ကိုယ့်ဇာတိ မပြန်ဘဲ နေပြည်တော်မှာ ပဲ မဲပေးမယ့်သူတွေကို မှတ်ပုံတင်မရှိရင်
ယာယီသက်သေခံက တ် လုပ်ပေးဖို့လည်း မှာထားပါတယ်။ လူတိုင်း မဲပေးနိုင်အောင် လုပ်ပေးဖို့ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။

ဧည့်စာရင်းဖြင့် နေထိုင်သူတဦးက “ကျနော်တို့ ပျဉ်းမနားမှာဆို ကြံ့ဖံ့ပ


ွါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ တစည (တိုင်းရင်းသား စည်းလုံးညီညတ
ွ်ရေးပါတီ )
နဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပဲ ရှိတယ် လို့ ကြားတယ်။ ကျနော်ကတော့ ဘယ်ကိုမှ မဲသွားပေးဖြစ်မယ် မထင်ပါဘူး ” ဟု ပြောသည်။

နေပြည်တော်ခရိုင်တွင် ဧည့်စာရင်းဖြင့်နေထိုင်သူ ၀န်ထမ်းနှင့် ဆောက်လုပ်ရေးလုပ် သားများ သိန်းနှင့်ချီရှိကြောင်း


ပြည်တွင်းထုတ် ဂျာနယ်တစောင်က နေပြည်တော်ခရိုင် လူဝင်မြှု ကီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနကို
ကိုးကားဖော်ြ ပထားသည်။

အစိုးရပိုင် ပြည်ပအလုပ်အကိုင်အေဂျင်စီ စတင်


ဧရာဝတီ Tuesday, October 19, 2010

အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ြ ကားရေး ဦး စီးဌာနက မြန်မာနိုင်ငံမှ အလုပ်သမားများကို ပြည်ပနိုင်ငံများသို့
ပို့လွှတ်နိုင်ရန် အစိုးရ ပြည်ပ အလုပ် အကိုင် အေဂျင်စီကို ထူထောင်လို က်ကြောင်း သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားရေးဦး စီးဌာန၊ ညွှန်ြ ကားရေးမှူးချုပ် အပါအ၀င် အဆိုပါဦးစီးဌာနရှိ အရာရှိများက အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ၏


တာဝန်ရှိသူများအဖြစ်ဆောင်ရွက်ပြီး ပြည်ပနိုင်ငံ များသို့ မြန်မာအလုပ်သမားများ စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီသည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့ နယ်တင


ွ် တည်ရှိသည် ။

ယခုအခါ တောင်ကိုရီးယားနိုင်ငံသို့  EPS (Employment Permit System) စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု
အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ပိုင် ရွှေအင်းဝကုမ္ပဏီနှင့် ကိုရီးယားလူ့စွမ်းအား ရင်းမြစ်ဖွံ့ဖြိုးမှုဌာနအကြား
ပြဿနာဖြစ်ပွားခဲ့မှုကြောင့် ကိုရီးယားနိုင်ငံသို့  လုပ်သားပို့ဆောင်မှုများ ရပ်ဆိုင်းသွားခဲ့ရာ ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ အောင်ြ မင်သူ မြန်မာ
၂၀၀၀ ကျော် တောင်ကိုရီးယားနိုင်ငံသို့ မသွားရောက် နိုင်တော့ကြောင်း သိရသည်။

ယခုအခါ ရွှေအင်းဝ ကုမ္ပဏီအစား အလုပ်သမားဝန်ကြီးဌာန၏ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက ဆောင်ရွက်ကာ မြန်မာအလုပ်သမားများကို


တောင်ကိုရီးယားနိုင်ငံသို့  ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနမှ အစိုးရအရာရှိတဦးက ရှင်းပြသည်။
“အရင် ကိုရီးယားစာမေးပွဲ အောင်မြင်ခဲ့တ့သ
ဲူ ၂၀၀၀ ကျော်ထဲက ကိုရီးယားသွားချင်တ့သ
ဲူတွေ ကို လျှောက်လွှာ ပြန်တင်ခိုင်း တယ်။ အဲဒီလူတွေကို တောင်ကိုရီးယား
သွားနိုင်အောင် လုပ်ပေးမယ်။ အဲဒီ လူတွေပြီးရင် နောက်ပိုင်း လူသစ်တွေကိုလည်း စာမေးပွဲ စစ်ပေးတာ၊ ကိုရီယားလွှတ်တာတွေကို ရန်ကုန်မှာရှိတဲ့ ကိုရီးယားလူ့စမ
ွ်းအား
ရင်းမြစ်ဖွံ့ဖြိုးရေး ဌာနနဲ့ ဆောက်ရွက် သွားဖို့ ရှိပါတယ်” ဟု အလုပ် သမား ညွှန်ြ ကားမှု ဦး စီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အစိုးရ ပြည်ပအလုပ် အကိုင် အေဂျင်စီသည် မြန်မာအစိုးရနှင့် ပြည်ပအစိုးရများအကြား အစိုးရအဆင့် (Government to Government) မြန်မာအလုပ်သမားများ
စေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးပြီး မြန်မာလုပ်သားများ ပြည်ပနိုင်ငံများသို့ စေလွှတ်ရေးအတွ က် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရ ပြည်ပအလုပ် အကိုင် အေဂျင်စီမှတဆင့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင် လိုသူများအနေနှင့် လုပ်ဆောင်ရန် အဆင့်ဆင့်နှင့် ကုန် ကျစရိတ်ကိုမူ
ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ေ အဂျင်စီ ပိုင်ရှင်တဦးက အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီအနေနှင့် တောင်ကိုရီးယား နိုင်ငံသို့  မြန်မာအလုပ်သမား


စေလွှတ်ခြင်းကြောင့် ဈေးကွက်ထိခို က်နိုင်ဖွယ် မရှိသော်လည်း အေဂျင်စီအများစု လုပ်ကိုင် လျက် ရှိသော မလေးရှား အလုပ်အ ကိုင်ဈေးကွက်ကိုပါ အစိုးရအေဂျင်စီက
ဝင်ရောက် လုပ်ကိုင်လျှင် ပြည်ပအလုပ်အကိုင် ကုမ္ပဏီများ စီးပွားရေးထိခိုက်မည်ဖြစ်ကြောင်း ပြောသည်။

၂၀၀၈ ခု နှစ်ကုန်ပိုင်းက တောင်ကိုရီးယားနှင့် မြန်မာအစိုးရအကြား မြန်မာအလုပ်သမားများ ကိုရီးယားနိုင်ငံ တရားဝင် သွားရောက်နိုင်ရေး နားလည်မှုစာချွန်လွှာ


စတင်ရေးထိုးခဲ့သည်။

ပြည်တွင်းတွင် အလုပ်အ ကိုင်ရှားပါးမှုနှင့် ၀င်ငွေလစာနည်းပါးမှုတို့ကြောင့် မလေးရှား၊ ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့


မြန်မာအလုပ်သမားရာပေါင်းများစွာ နေ့စဉ် တရားဝင်နှင့် တရားမ၀င်လမ်းကြောင်းများမှတဆင့် ထွက်ခွာလျက်ရှိကြောင်း ရန်ကုန်ပြည်ပ အလုပ်အ ကိုင်အေဂျင်စီများက
ပြောသည်။

မတရား မြေသိမ်းခံရသူများဘက်က ရပ်တည်တိုက်ပွဲဝင်သူ


ဧရာဝတီ Tuesday, October 19, 2010 အင်တာဗျူး

စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ြ ကီး တဦးလည်းဖြစ်၊ ပြည်ထောင်စြု ကံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏


တနင်္သာရီတိုင်း မြိတ်မြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ေ လာင်း တဦးလည်း ဖြစ်သူ ယုဇန ဦး ဌေးမြင့်သည် ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း
နယ်မြေတွင် စိုက်ပျိုးရေးလုပ်ငန်းကြီး တခုကို စတင် အကောင်အ ထည် ဖော်ခဲ့သည်။ ယင်းစိုက်ပျိုးရေး စီမံကိန်း အတွက် ရွာ ပေါင်း ၆ ရွာမှ ဒေသခံ တောင်သူလယ်သမား
၆၀၀ ကျော်၏ လယ်ယာမြေ ဧက ထောင်ကျော်ကို သိမ်းယူခဲ့ သဖြင့် ဒေသခံများ ဒုက္ခရောက်ခဲ့ရသည်။ လယ်သမား များက နစ်နာဆုံးရှုံးမှုများ အတွ က် သက်ဆိုင်ရာ
အာဏာပိုင်များကို တိုင်ကြားခဲ့သော်လည်း ယနေ့တိုင် တစုံတရာ အရေးယူဆောင်ရွက်ပေးခြဲ့ ခင်း မရှိသည့်အပြင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်နာမည်ြ ဖင့်
တရားစွဲဆိုနေမှုကိုလည်း မြစ်ကြီးနားမြို့နယ် တရားရုံးက ပယ်ချခဲ့သည်။

မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ရုံးရှေ့တွင် ဒေါ်ဘောက်ဂျာကို ဒေသခံ NDF ခေါင်းဆောင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ -
ကချင်သတင်းစဉ်)

ယင်း ဖြစ်ရပ်တွင် အသက် ၄၄ နှစ် အရွယ်ရှိ ဒေါ်ဘောက်ဂျာ၏ လယ် ယာမြေနှင့် ဥယျာဉ်ခြံမြေ ၁၄ ဧကလည်း အသိမ်းခံခဲ့ ရသည်။ လယ် သမား များ၏ တရားစွဲမှုနှင့်
ပတ်သက်၍ ဒေါ်ဘောက်ဂျာက ဦးဆောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေါ်ဘောက်ဂျာသည် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ပြည်သူ့လွတ်တော်
အမတ်အဖြစ် ဖားကန့်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် သူလည်းဖြစ်သည်။ ဒေါ်ဘောက်ဂျာကို ဧရာဝတီ သတင်းထောက် ကိုထွေးက ယင်းဖြစ်ရပ်နှင့် ပတ်သက်၍
မေးမြန်းထား ပါသည်။

မေး။ ။ အမှုနဲ့ပတ်သက်ပြီးတော့ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုကို အသေးစိတ်ပြောပြပါလား။

ဖြေ။ ။ ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌဆိုတာကို ဖယ်ပေးဖို့ရယ်၊ တာဝန်ခံ ဒါရိုက်တာနဲ့ပဲ ဆက်ပြီးတော့ တရားစွဲဆို သွားဖို့ရယ် ဆိုပြီးတော့ တရားရုံးက ၁၂ ရက်နေ့က
ကြားဖြတ်အမိန့်ချပေးတယ်။ ကျမတို့ကလည်း ဒါ မထုတ်နိုင် ဘူး။ ဥက္ကဋ္ဌကပဲ အကုန်လုံး တာဝန်ယူပြီးတော့ လုပ်တဲ့ အလုပ်ပဲ၊ ဒါရိုက်တာက ဥက္ကဋ္ဌ ညွှန်ကြားမှ
ရတယ်ဆိုပြီးတော့ ကျမတို့က ဥက္ကဋ္ဌနဲ့ပဲ ဆက်ပြီး စွဲဖို့ကို တင်ထားပါတယ်။

ယုဇနကုမ္ပဏီက သိမ်းယူသွားတဲ့ လယ် ယာ ဥယျာဉ်ြ ခံမြေတွေနဲ့ ရွာတွေ၊ သူတို့ ဖျက်ဆီးထားတာ အကုန်လုံးအတွက် နစ်နာကြေးနဲ့ လျော်ကြေး တောင်းဆိုထားတာပါ။
ကျမတို့တောင်သူ ၁၄၈ ဦးနဲ့ အရင်စွဲပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ တရားရုံးကိုတင် လိုက်တယ်။ ပယက ကလူကြီးတွေက ညှိပေးမယ်ဆိုပြီးတော့ ပြောလို့ညှိတယ်။

ကျမတို့ ရှေ့နေကို သူတို့ကုမ္ပဏီဘက်က တရားမစွဲဖို့ အချိန် တလပေးခိုင်းတယ်။ အဲဒီလိုပေးခိုင်းတာလည်း သူတို့က အတင်းအဓမ္မ ခြိမ်းခြောက်ပြီး လတ်မှတ် ထိုးခိုင်းတာ။
ကျမတို့စတ
ွဲာက နစ်နာကြေးရဖို့စွဲတယ်၊ ဒါကို သူတို့က ငွေယူမလား၊ မြေယူမလား ဆိုပြီးတော့ တဧကကို ကျပ် ၈ သောင်းနှုန်းနဲ့ ဖြတ်ပေးတယ်။ အဲဒီ ၈ သောင်းနှုန်းယူတဲ့
သူတွေက လုံးဝ တရားမစွဲပါဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ အာဏာပိုင်တွေနဲ့ပေါင်းပြီး စာချုပ်မှာ လတ်မှတ် ထိုးခိုင်းတယ်။

အဲဒီလို နည်းမျိုးစုံနဲ့ ကျမတို့ကို ခြိမ်းခြောက်တယ်။ သူတို့က ကျောက်ခေ


ဲ တာတွေ၊ စိုက်လို့မရတော့တ့ေ
ဲ နရာတွေကို ပြန်ပေးတယ်။ ကျမတို့ဘက်က လယ်တွေ
မယူဘူးဆိုပြီးတော့ တင်းခံတဲ့ လူတွေကိုဆိုရင် သူတို့က ခြိမ်း ခြောက်တယ်။ နည်းမျိုးစုံနဲ့ခြိမ်းခြောက်တာ။ ည ၁၁ နာရီ၊ ၁၂ နာရီ ခေါ်သွားပြီး တောင်သူတွေကို
တရားခံစစ်သလို ၃၊ ၄ နာရီ စစ်တာ။ အဲဒီလို အမျိုးမျိုးနှိပ်စက်တဲ့ အခါကျတော့ တချို့တွေက မခံနိုင်ဘူး။ မခံနိုင်တော့ သူတို့ လက်မှ တ်ထိုးခိုင်းတဲ့ နေရာမှာ
ထိုးပေးလိုက်ရ တယ်။

အဲဒီလိုခြိမ်းခြောက်ပြီး တော့ ကျန်တ့လ


ဲူေ တွ တချို့တွေက လုံးဝ ရှောင်နေပြီးတော့၊ အရင်တုန်းက ငွေမယူတဲ့ သူတွေရော နောက်ဆုံး ၁၇ ယောက် လောက်ပဲ ကျန်ခဲ့ပြီး
ကျန်တ့သ
ဲူတွေ က တရားစွဲတာပါ။ တင်ဖြစ်တဲ့ အမှုက အမိန့်ချထားတဲ့အမှု။ အဲဒီလိုပဲ ငွေမယူသေးတဲ့သူေ တွအများကြီး ကျန်သေးတယ်။ ၁၄၈ ဦးထဲမှာ မပါသေးတဲ့
လူတွေလည်း ပြန်ပေါ်လာတယ်။ အဲဒီတော့ နောက်ထပ် အယောက် ၂၀၊ နောက် ၄၆ ယောက် အဖွဲ့လို က် ထပ်စြွဲ ကတာပေါ့။ နောက်ဆက်တွဲတွေ လည်း
အများကြီးကျန်ဦးမှာ ပါ။ အဲဒီ ၁၄၈ ဦးကိုလည်း သူတို့က အသည်းအသန် ရှာပြီးတော့ အတင်းငွေယူခိုင်းတာပေါ့။ မယူမနေရ၊ မယူရင်လည်း လတ်မှ တ်ထိုး ဆိုပြီးတော့
အတင်းဓမ္မ လတ်မှ တ်ထိုးပြီး လုပ်ခဲ့တယ်။ ၁၄၈ ဦးမှာ မပါတဲ့သူတွေက ခံသာသွားတာပေါ့။ အခု တရားစွဲတဲ့ ၃ ဖွဲ့မှာလည်း အရင် ၁၄၈ ဦးမှာ မပါတဲ့သူတွေ အများကြီးပဲ။
သူတို့ လက်မှတ်ထိုးခိုင်းပြီး ပြေလည်သွားပြီ ဆိုတာမျိုးလုပ်တယ်။ ဒါပေမယ့် ကျမတို့က ဘယ် လိုမှ မပြေလည်ဘူးလေ။ မပြေလည်တာကိုလည်း ကျမတို့ပဲသိတယ်။
သူတို့က အထက်ကိုတော့ ပြေလည်အောင် လုပ်ထားတယ်ထင် တယ်။

အဲဒီတော့ ကျမတို့ ၁၇ ယောက်က ပြန်ပြီး တော့ တရားစွဲတဲ့အခါမှာ ပယက လူကြီးတွေက တောင်သူတွေ ကို ခေါ်တယ် ဆိုပြီးတော့ ပယက ရုံး ကို ခေါ်သွားတယ်။ အဲဒီမှာ
ပယက အတွင်းရေးမှူးနဲ့တွေ့တဲ့ အခါကျတော့ မင်းတို့ခေါင်းဆောင် ဘယ်သူလဲလို့ ပြောတော့ ရွာ သားတွေက ဘာမှ ပြောဆိုတတ် တာ မရှိတော့ ကျမပဲလို့
ပြောလိုက်တ့အ
ဲ ခါကျတော့ ဒီအမှုက ပြေလည်ပြီဆိုပြီးတော့ ပြောတယ်။ ကျမက မပြေလည်ဘူး၊ ကျမတို့ငွေလည်း မယူဘူး၊ မြေဆိုတာကလည်း ကျမတို့ မြေမဟုတ်ဘန
ဲ့
မယူနိုင်ဘူးလို့  အဲဒီလို ပြောတဲ့ အခါကျတော့ တိုင်းမှူးက ညှိပေးတယ် မဟုတ်လားဆိုပြီး အတွင်းရေးမှူးက မေးတယ်။

တိုင်းမှူးကတော့ ညှိပေးတယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့၊ သူတို့ကြိုက် တ့ေ


ဲ နရာမှာ သူတို့အဆင်ပြေအောင် လုပ်ပေးဖို့  ဆိုပြီးတော့ မှာ ခဲ့တယ်။ မှာခဲ့ပေမယ့်
တိုင်းမှူးပြန်သွားတဲ့ အခါကျတော့ ကျန်တ့သ
ဲူေ တွက စိုက်လို့ မရတဲ့ နေရာတွေ၊ တခြားနေရာတွေကို ကျမကို လိုက်ပြတယ်။ အဲဒီတော့ တောင်သူတွေက အဲဒီလောက်
အဝေးကြီး မှာ လည်း မစိုက်နိုင်ဘူး ပြီးတော့ စိုက်စားလို့လည်း မရတဲ့ နေရာဆိုတော့ တချို့တွေက ငွေယူလိုက်ကြတာလည်း ရှိတယ်။

ယုဇနကုမ္ပဏီက အစတုန်းက ဒေသ ဖွံ့ဖြိုးမှုအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် ဒီ ယုဇနကုမ္ပဏီရဲ့ လုပ်ရပ်ဟာ ဘာမှ
မသိနားမလည်တဲ့ တောင်သူေ တွကို နိုင့်ထက်စီးနင်း အတင်းအဓမ္မ ဓားပြတိုက်တဲ့ ပုံစံမျိုးဖြစ်နေပါတယ်။

တချို့က ခြိမ်းခြောက်ခံရပေမယ့် မင်းတို့  မပေးနိုင်ရင်တော့ မယူဘူးဆိုပြီး နေတဲ့သူတွေလည်းပါတယ်။ အဲဒီလို လူတွေကြတော့ သူတို့က ကားတစီးနဲ့ကို လိုက်ရှာပြီးတော့
ဘာပဲဖြစ်ြ ဖစ်လက်မှတ် ထိုး ဆိုပြီးတော့ လုပ်တယ်။ တချို့ကြတော့လည်း ကြောက်ပြီးတော့ ထိုးကြတာပေါ့။ ထောင်ချပစ်မယ်၊ ဘာညာဆိုပြီးတော့ကို ခြိမ်းခြောက်တာ။
ကျမတို့က အခု စွဲထားတာက နစ်နာကြေးအတွက် စွဲတာဖြစ်တာ၊ မြေပြန်ပေးဖို့တောင် မပြောသေးဘူးလို့ ပြောတဲ့အခါကျတော့ သူက ကျမတို့ကို မောင်းထုတ်တယ်။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ဘယ် လိုမြင်လ။ဲ

ဖြေ။ ။ သက် ဆိုင်ရာ အာဏာပိုင်တွေကလည်း မျက်စိပဲ မှိတ်နေတာလား၊ မသိဟန်ေ ဆာင်နေတာလား ကျမတို့လည်း စဉ်းစားလို့မရတော့ဘူး ဖြစ်နေတယ်။ ဒီလောက်
ဒုက္ခရောက်နေတယ်ဆိုတာ အကြိမ်ကြိမ် တိုင်ကြားခဲ့လည်း သူတို့က ဖြေရှင်းပေးတာ တခုမှ မရှိခဲ့ဘူး ဒီနေ့ထိပဲ။ အဲဒါကြောင့် ဒီကုမ္ပဏီဟာ သူတို့ပဲ လုပ်တာလားလို့ 
ထင်တဲ့အ ထိ ဖြစ်လာတာပေါ့။ အစတုန်း ကတည်းက ကျမတို့ကို နိုင်ငံတော် အမိန့်ဆိုပြီး ခြိမ်းခြောက်ပြီး သိမ်းခဲ့တာလေ။

မြေ စသိမ်းတာက ၂၀၀၈၊ ၂၀၀၉ ကနေစခဲ့တယ်။ ၂၀၀၈ ဒီဇင်ဘာလောက်မှာ စဖြစ်ခဲ့တယ်။ ကျမတို့ အဲဒီအချိန် ကတည်းက အထက်ကို စာတင်ခဲ့တယ်။ အထက် ကို
ဆိုတာက မြို့နယ်တွေ၊ ပြည်နယ်တွေကို အဆင့်ဆင့် ဒါလေးကို ဖြေရှင်းပေးဖို့ စာတင်ခဲ့တယ်။ ကျမတို့နေပြည်တော်အထိ ရောက်ခဲ့ တယ်။ နောက်ဆုံး ကျမတို့ ၂၀၁၀
မတ်လက (ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်) ILO အထိ လည်း တင်ခဲ့တယ်။ ဒါပေမယ့် ဖြေရှင်းပေးတာ ဘာတခုမှ မရှိခဲ့ဘူး။ အဲဒီလို ဖြေရှင်းပေးမှုမရှိတဲ့အတွက် တရားရုံး ကို
ရောက်တာပါ။

မေး။ ။ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ပြန်ရမယ်လို့ ထင်ပါသလား။

ဖြေ။ ။ ဒီလယ်ယာမြေ မရှိဘူးဆိုရင် တောင်သူတွေ က ဘယ် လိုမှ အသက်ဆက် နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် နောက်ဆုံးအနေနဲ့  အစိုးရရဲ့ တရားရုံး ကို
တင်တာဖြစ်တယ်။ သူတို့ အနေနဲ့  တောင်သူတွေ၊ပြည်သူတွေကို တကယ် သနားညှာ တာမယ်၊ အမှန်တရား အတိုင်း ဆုံးဖြတ်ပေးမယ် ဆိုရင်တော့ ကျမတို့ လယ် ယာမြေနဲ့
နစ်နာကြေးတွေကို ပြန်ရမှာပါ။

မေး။ ။ လယ်မြေတွေကို သူများ သိမ်းယူသွားတော့ ဘယ် လို ခံစားရလဲ။

ဖြေ။ ။ ကျမတို့ နစ်နာကြေးနဲ့ လယ် ယာမြေပြန်ရဖို့ တရားစွဲတာ။ တောင်သူတွေက တခြားစီးပွားရေး မလုပ်စား တတ် ဘူးလေ။ ဒီမြေကြီးပေါ်မှာပဲ စိုက်ပျိုးစားတတ်တယ်
ဆိုတော့ သူတို့ အခုလို စိုက်ပျိုးစားဖို့ လယ် ယာမြေ မရှိတော့ဘူး ဆိုတော့ အင်မတန်မှ ဒုက္ခရောက်နေကြတယ်။ ၂ နှစ်၊ ၃ နှစ်ဆိုတဲ့ ကာလမှာ စားစရာကို မရှိဘဲနဲ့
တော်တော်ကို ဒုက္ခရောက်ပြီး တော့ အသက်ဘေးနဲ့တောင် ရင်ဆိုင်နေရတယ်။ သူတို့ကို အာဏာပိုင်တွေ ဘက်ကလည်း ဖြေရှင်းပေးတာ မရှိဘူး။ ဘာမှ နားမလည်ဘဲ
အရမ်း ဒုက္ခရောက်တာကိုေ တွ့တော့ ကျမကတော့ မခံစားနိုင်ဘူး။

သူတို့နေ့တိုင်း ငိုကြွေးနေတဲ့ အသံတွေကို ကျမ မျက်စိနဲ့ မျက်မြင်တွေ့ရတယ်။ ကျမတို့က ပါသွားတယ် ဆိုပေမယ့် တခြားလုပ်ငန်းတွေ ရှိနေတော့ နည်းနည်း
ခံသာပါတယ်။ တခြားတောင်သူ အားလုံးက လယ်ယာပိုင် အကုန်ပါသွားပြီး ဘာမှ လုပ်စားစရာ မရှိတဲ့ အခါမှာ အရမ်းကို ဒုက္ခရောက်လို့ နေ့တိုင်းငိုကြွေးနေတဲ့
သူတို့ရဲ့မျက်ရည်ေ တွ၊ ငိုကြွေးသံတွေကို မခံစားနိုင်လို့  တရားရုံးအထိ ရောက်လာတာ။ ။

ဒီမိုကရေစီခရီး ဘယ်ပုံရှေ့ဆက်မည်နည်း
ဧရာဝတီ Tuesday, October 19, 2010 အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပြွဲ ဖစ်စဉ် တခုလုံး သည် အတု အယောင်မျှ ဖြစ်သည်မှာ ရှင်းလင်းမြင်သာ
နေသော်လည်း တိုင်းပြည်၏ နိုင်ငံရေး အဆောက်အအုံပိုင်း တွင် ပြောင်းလဲမှုတချို့ရှိလာပါလိမ့်မည်။
သမ္မတ ဦးဆောင်သည့် ဗဟိုအစိုးရတရပ်နှင့်အတူ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ လွှတ်ေ တ်ာများသည် ထိုနိုင်ငံရေး ဖြစ်စဉ်တွင် ပေါ်ပေါက်လာလိမ့်မည်ဖြစ်ပြီး
ပြည်နယ်နှင့် တိုင်း တခုစီတွင် ၀န်ကြီးချုပ် ဦးဆောင်သော အစိုးရတရပ်စီ ရှိလာမည် ဖြစ်သည်။

သို့ရာတွင် နိုင်ငံရေး အဆောက် အအုံပိုင်းဆိုင်ရာ အပြောင်းအလဲသည် ရွေးကောက်ပွဲ လန


ွ် မြန်မာနိုင်ငံ၏ မတူညီသော နိုင်ငံ ရေး ဗဟုဝါဒများအတွက်
မည်သည့်အတိုင်းအတာအထိ လမ်းခင်းပေးမည်နည်း။ ပို၍အရေးကြီးသောမေးခွန်းမှာ ဒီမိုကရေစီ၏ ရှေ့ဆောင်လမ်းပြဖြစ်သော ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့နိုင်ငံရေးထဲ ၀င်ရောက်လာမှုမှသည် ထွန်းညှိခဲ့သော၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နှစ်ပေါင်းများစွာ ဆက်လက်ေ တာက်လောင်နေရန် ကြိုးပမ်းခဲ့သော
ဒီမိုကရေစီ မီးရှုးတိုင်သည် ငြိမ်းချုပ် ပျောက်ကယ
ွ် သွားတော့မည်လား။

ရွေးကောက်ပွဲဆီ ဦး တည်ချဉ်းကပ်လာနေချိန်တင


ွ် ယင်းသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် အလွန်အရေးကြီးသော မေး ခွန်းများ ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံ၏ အခြေခံကျသော နိုင်ငံရေးပြဿနာရပ်များသည် ဆက်လက်တည်ရှိနေပါလိမ့်မည်။ ထိုပြဿနာများ မှာ တိုင်းပြည်၏အဓိကအင်အားစုများဖြစ်သော


တပ်မတော်၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအုပ်စုများအကြား စစ် မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မှု၊ လက်နက် ကိုင် တိုင်းရင်းသား
ပဋိပက္ခများ၊ လူ့ အခွင့်အရေး ချိုးဖောက် မှုများ၊ အကျင့်ပျက် လာဘ်စားမှုများ၊ အိမ်နီးချင်း နိုင်ငံများရှိ မြန်မာဒုက္ခသည်များအရေးနှင့် သန်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်း
အလုပ်သမားများအရေး၊ တိုင်းပြည်၏ ဘဏ္ဍာရေးကို လွဲမှားစွာ စီမံခန့်ခွဲနေခြင်းကြောင့် ဖြစ်ပေါ်နေသော လူမှု အခြေခံ အဆောက် အအုံများ အဆက်မပြတ်
ပျက်စီးယိုယင
ွ်းလာခြင်းနှင့် ညံ့ဖျင်းသော စီး ပွားရေးစီမံခန့်ခွဲမှုကြောင့် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်လာသော ဆင်းရဲမွဲတေမှုတို့  ဖြစ်ပါသည်။

အသစ်ပေါ်ထွ က်လာမည့် လွှတ်တော်တွင် အဓိက အုပ်စုကြီး ၄ ခု အတူတကွ ၀င်ရောက်နေရာယူကြပါလိမ့်မည်။ ၎င်းတို့မှာ စစ်တပ်မှ ၂၅ ရာခိုင်နှုန်းယူထားသော
လွှတ်တော် တင
ွ် အလိုအလျောက်ဝင်ရောက်လာမည့် စစ်သားအမတ်များ အုပ်စု၊ စစ်တပ်က ကြောထောက်နောက်ခံပေးထားသော
ပြည်ထောင်စြု ကံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ၎င်းပါတီ၏ မဟာ မိတ်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ နှင့် ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် ပါတီများဖြစ်ပါသည်။

လွှတ်တော်အ သစ်၏ စွမ်းဆောင်ရည်ရှိမှု၊ မျှတမှုနှင့် ဒီမိုကရေစီ၏အဓိကစံနှုန်းများဖြစ်သော လွတ်လပ်စွာပြောဆိုခင


ွ့်နှင့် စုရုံး ခွင့်တို့ကို
ဘယ်လောက်ကျင့်သုံးနိုင်မည်နည်းဆို သည်မှာ ကျင်းပမည့်ရွေးကောက်ပွဲရလဒ်အပေါ်တွင် အများကြီးမူတည်နေပါ သည်။

ဒီမိုကရေစီပါတီများအတွက်ေ တာ့ အသစ်ဖြစ်ထွန်းလာမည့် နိုင်ငံရေးအသွင်သဏ္ဍာန်တခုတွင် ၎င်းတို့အသံကို ထုတ်ဖော်နိုင်ရန် မှာ ရွေးကောက်ပဲတ


ွင် အနိုင်ရရှိမည့်နေရာ
စုစုပေါင်းအရေအတွ က်နှင့် လွှတ်ေ တ်ာထဲရောက်သည့်အခါ မဟာမိတ်ဖွဲ့ မှု အပေါ် တွင် မူတည်ပါသည်။

အကယ်၍ ဒီမိုကရေစီပါတီများ ရွေးကောက်ပဲတ


ွင် နေရာအနည်းအကျဉ်းသာ အနိုင်ရခဲ့မည်ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။ ထိုရလဒ်သည် မြန်မာပြည်သူများနှင့်
နိုင်ငံတကာက နှစ်ပေါင်းရှည်ကြာတောင်းဆိုနေခဲ့သော နိုင်ငံရေးတည်ငြိမ်မှုကို ဖြစ်ပေါ် စေနိုင် ပါသလား။

ရွေးကောက်ပွဲပြီးနောက် ၆ ရက်ကြာသည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ်ကြာ နေအိမ် အကျယ်ချုပ်မှ ပြန်လည်လတ


ွ်မြောက်လာမည်
ဖြစ်ပါသည်။ သူ၏ ပုဂ္ဂို လ်ရေးဆွဲဆောင်မှု၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ ပြည်သူ အများ၏ ချစ်ခင်မှုကိုရရှိသော ခေါင်းဆောင်မှုတို့နှင့် ဒေါ်အောင်ဆန်းစုကြည်၏
မြန်မာ့နိုင်ငံရေးတွင် ပြန်လည်ဝင်ရောက်လာမှု သည် ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည်နိုးထလာပြီး အင်အားပြန်ကောင်း လာမည်မှာ သံသယမရှိပါ။

ပြည်သူကြားက နေ့စဉ်နိုင်ငံရေးဘ၀ထဲ ပြန်လည်ဝင်ရောက်လာချိန်တင


ွ် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဆောင်ရွက်ချက် မှာ အကွဲအပြားဖြစ်နေသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အမျိုးသားနိုင်ငံရေးအင်အားစု (NDF) တို့အကြား ပြန် လည်ပေါင်းစီး ရေးကို ဦးဆောင်ဦးရွက် ပြုလေမည်လား။ သို့ဆိုလျင်
ဒီမိုကရေစီအင်အားစုများ ၏ နိုင်ငံရေးပုံရိပ်ကို ပြန်လည် ပြုပြင် နိုင်မှာဖြစ်သကဲ့ သို့ နိုင်ငံရေးရင့်ကျက်မှုကိုလည်း ပြသရာရောက်ပါသည်။

တချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်လုပ်ဖော်ကိုင်ဖ က်ဖြစ်ပြီး ယခုအခါ NDF ပါတီ ခေါင်းဆောင်ြ ဖစ်သော ဦးခင်မောင်ဆွေ ၏ မကြာသေးခင်က
ပြောဆိုခဲ့သည့်အချက်က ဒီမိုကရေစီလှုပ်ရှားမှုကို ပါလီမန် အတွင်းနှင့်အပြင် ဆက်လက် တိုက်ပွဲဝင်သွားရန် တံခါးဖွင့်ထားလိုက်ခြင်း ဖြစ်သည်။

လောလောဆယ် NLD နှင့် NDF အကြား သဘောထားကွဲပြားမှုများသည် စေ့စပ်ညှိနှိုင်းမရ ဖြစ်နေနိုင်ပါသည်၊ NDF ခေါင်း ဆောင်များသည် ဒေါ်အောင်ဆန်းစြု ကည်၏
ဉာဏ်အမြော်အမြင်နှင့် ဂုဏ်သိက္ခာအပေါ် မြင့်မြင့်မားမား လေးစားကြသူများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး ဘုံရည်မှ န်းချက်အတွက်
သူ၏ဦးဆောင်မှုကို ခံယူသွားရန် အမြဲတမ်း အဆင်သင့်ရှိပါသည် ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယင်းပြောဆိုချက်သည် NLD နှင့် NDF အကြား ပြန်လည်ပေါင်းစည်းရေးအတွက် ဦးခင်မောင်ဆွေ၏ တောင်းဆိုမှုလား ဆို သည်မှာ မသေချာသော်လည်း ထိုပြောဆိုမှုက
ဒေါ်အောင်ဆန်းစုကြည်ကို သံလွင်ခက် ကမ်းလိုက်ခြင်းဖြစ်ပါသည်။ ထိုကမ်း လှမ်းချက်ကို ဒေါ်အောင်ဆန်းစုကြည် က လက်ခံမည် လား ဆိုသည် ကိုမူ
စောင့်ကြည့်ရမည်ဖြစ်သည်။

ဒီမိုကရေစီရေးကို အဓိကလုပ်ဆောင်နေသော အင်းအားစုများအကြား စုစည်းညီညွတ်မှုသ ည် ရွေးကောက်ပွဲလွန် ကာလတွင် ဒီမိုကရေစီမီးရှုးတိုင်ကို


ပြန်လည် ထန
ွ်းညှိရေးအတွ က် အရေးတကြီးလို အပ်ချက်တခုဖြစ်နေပါသည်။ အကယ်၍ NLD နှင့် NDF တို့ကသာ ထိုမီးရှုးတိုင်ကို ဆက် လက် ထန
ွ်းညှိ ထားနိုင်မည်ဆိုလျှင်
ဒီမိုကရေစီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင် များနှင့် အပစ်အခတ်ရပ်စဲထားသော လက်န က်ကိုင် အဖွဲ့များပါဝင်သည့် ပိုမိုကျယ်ပြန့်သော မဟာမိတ်ပြုမှုကို
ထိုအလင်းရောင် က ဆွဲဆောင်နိုင်ပါလိမ့်မည်။

စည်းလုံးညီညွတ်မှုရှိမှ သာလျှင် ထိုမဟာမိတ်ဖွဲ့ မှုက စစ်မှန်သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအား လက်ခံ လာစေရန် စစ်ဗိုလ်ချုပ်များ၏နှလုံးသားနှင့်
စိတ်ဓာတ်များကို ဖိအားပေးနိုင်စွမ်း ရှိပါလိမ့်မည်။ ထိုလမ်းသည်သာ တိုင်းပြည်အတွ က် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်ချမ်းမှု၊ တည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ကို
ဆောင်ကျဉ်းပေးနိုင်မည့် တခုတည်းသောလမ်း ဖြစ်ပါသည်။

How to Keep the Flame of Democracy Burning ကို ဆီလျော်အောင် ဘာသာပြန်ဖော်ပြသည်။


http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/4327-2010-10-19-06-42-05

http://www.irrawaddy.org/bur/
ခေတ်ပြိုင် ယာယီ ရပ်နားမည်
မဇ္ဈိမသတင်းဌာန | အင်္ဂါ နေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၄ မိနစ်

Share

vote
nowBuzz up!
0diggsdigg

နယူးဒေလီ (မဇ္ဈိမ) ။ ။ အဖိနှိပ်ခံ ပြည်သူများဘက်မှ ရပ်တည်ကာ ဒီမိုကရေစီ တော်လှန်ရေးတွင် ၁၇ နှစ်ကြာ ရပ်တည်ခဲ့သည့် ခေတ်ပြို င် အင်တာနက်
ဝက်ဘ်ဆိုဒ်ကို ယခုလကုန်မှစ ၍ ယာယီရပ်ဆိုင်းမည် ဟု သိရသည်။

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ခေတ်ပြိုင်ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ကာ၊ ခေတ်အခါနှင့်အညီ အင်တာနက် အွန်လိုင်း မီဒီယာအဖြစ်ပါ မြန်မာ့အရေးဆိုင်ရာ
သတင်းများ ဦးစားပေးဖော်ပြခဲ့သည်။

အသွင်သစ်ဖြင့် အားသစ်လောင်း ပြုပြင်မှုများ လုပ်ဆောင်ရန်အတွ က် ခေတ်ပြို င်ဂျနယ်အွန်လိုင်း ထုတ်ဝေမှုကို ယာယီရပ်ဆိုင်း

ခေတ်ပြို င်ကို အသွင် သစ်ဖြင့် အားသစ်လောင်း ပြုပြင်မှုများ လုပ်ဆောင်ရန်အတွက် ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ခေတ်ပြို င်ဂျာနယ် အွန်လိုင်း
ထုတ်ဝေမှုများကို ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည် ” ဟု ခေတ်ပြိုင်သတင်းဌာန၏ ယနေ့ထုတ် ကြေညာချက်တွင် ရေးသားထားသည်။

ခေတ်ပြို င်ထုတ်ဝေသူ ဦးတင်မောင်ဝင်း (ကွယ်လန


ွ် ) နှင့် စာပေအနုပညာရှင်အချို့က မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းသာယာရေးအတွက်
ထိန်းသိမ်းရပ်တည်ပေးမည့် ဂျာနယ်တစောင် ထုတ်ဝေနိုင်ရန် ရည်ရွယ်ချက်ကြောင့် ခေတ်ပြို င်ဂျာနယ်ကို စတင်တည်ေ ထာင်ခဲ့ကြသည်။

ဦးတင်မောင်ဝင်းသည် မြန်မာ့ဒီမိုကရေစီရေးအတွ က် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သူ လည်းဖြစ်ပြီး၊ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး နောက်
ဇနီးဖြစ်သူ ဒေါ်ခင်မျိုးအေးက ခေတ်ပြို င် ထုတ်ဝေသူ ဖြစ်ခဲ့သည်။

ရပ်နားမည့်ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဒေါ်ခင်မျိုးအေးထံ ဆက်သွယ်ခဲ့သော် လည်း မရခဲ့ပါ။

မြန်မာမီဒီယာများသာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသည့် အဖွဲ့များအနေဖြင့် အလှူရှင်အပေါ်သာ မမှီခိုသင့်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ့သတင်း သင်တန်းဆရာ
ဦးအောင်နိုင်က ရြှု မင်သည်။

“ခေတ်ပြို င်မှာ ငွေကြေးထောက်ပံ့မှု အခက်အခဲနဲ့  သတင်းထောက် အခက် အခဲ ရှိနေပါတယ်။ ခေတ်ပြို င်လို တချို့ သတင်းအဖွဲ့အစည်းတွေက အလှူရှ င်တဖွ့ထ
ဲကိုပဲ
မှီခိုထားတော့ အဲဒီ အလှူရှင်က နောက်ဆုတ်သွားရင် အခက် အခဲ ဖြစ်တာမျိုးလို့ ထင်ပါတယ်။ အလှူရှင်တွေ လက်ပန်းကျတာရယ်၊ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ 
စိတ်ဝင်စားတာရယ်က အလှူရှင်ေ တွကို မှီခိုတဲ့ အဖွဲ့အစည်းတွေအတွက် စိုး ရိမ်စရာ ဖြစ်ပါတယ် ” ဟု သူက ပြောသည်။

သူက ဆက်ပြီး “အခု ပြည်တင


ွ်းမှာ က ပုဂ္ဂလိက ဂျာနယ်တွေ ရှိတယ်ဆိုပေမယ့် လွတ်လတ
ွ်လပ်လပ် ရေးလို့ပြောလို့ မရတော့ တကယ်တမ်း လွတ်လပ်တဲ့ သတင်းတွေ၊
သတင်းမှန်တွေ၊ အစိုးရမကြိုက်တဲ့ ပြောဆိုဝေဖန်မှုတွေကို ပြည်ပမီဒီယာတွေကပဲ လုပ်နိုင်သေးတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လွတ်လပ်မှု ရြှိ ပီဆိုရင် တော့
ပြည်ပမီဒီယာတွေရဲ့  အရေးပါမှုက လျော့လာနိုင်တာပေါ့” ဟု ပြောသည်။

ဂျပန်မှာ ကြိုတင်မဲ ကောက်နေပြီ


ဆလိုင်း ဟံသာစန်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်

Share

vote
nowBuzz up!
0diggsdigg

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ကြိုတင်မဲ ကောက်ခံမှုကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများထံမှ မြန်မာသံရုံးက ယနေ့တွင် ပြုလုပ်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် တပတ်အတွင်း ရုရှား၊ ဖိလစ်ပိုင်၊ ဗြိတိန်နှင့် အမေရိကားတို့တွင် ကြိုတင်မဲ ကောက်ခံခဲ့အပြီး ယနေ့တွင် တိုကျိုမြို့ရှိ မြန်မာသံရုံးကပါ ကြိုတင်မဲ ကောက်ခံခြင်း
ဖြစ်သည်။

“သံရုံးရှေ့မှာ ရှိနေတဲ့အချိန် မနက် ၈ နာရီကနေ ၁ဝ နာရီလောက်အတွင်းတော့ လူ ၄ဝ နီးပါး


လာတယ်။ အများစုက ကျောင်းလာတက်နေတဲ့ ကျောင်းသားတွေ၊ ဂျပန်နဲ့ လက်ထပ် ထားတဲ့ လူတွေ၊ နောက် အသက်ကြီးတဲ့ လူတချို့လည်း ပါတာ တွေ့ရတယ် ” ဟု
သံရုံးရှေ့သို့  ကိုယ်တိုင်သွားရောက်ခဲ့သူ တိုကျိုမြို့ ရှိ မြန်မာတဦးက မဇ္ဈိမကို ပြောသည်။

ကြိုတင်မဲပေးနိုင်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးပြီး၊ မဲပေးရန်အတွက် သံရုံးမှ အကြောင်ကြားစာများ ပါရှိမှသာ
ခွင့်ပြုသည်ဟု သူက ဆိုသည်။

ယနေ့တွင် နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ၊ ဗီဇာလျှောက်ထားခြင်းနှင့် ရွေးယူခြင်းတို့ ရပ်နားပြီး မနက်ဖြန်မှ ဆောင်ရွက်ပေးမည် ဟု သံရုံးက
ထုတ်ပြန်ကြေညာထားသည်။

ဂျပန်နိုင်ငံရှိ မြန်မာများထံမှ ကြိုတင်မဲများ ကောက်ခံနေစဉ် ဂျပန်အခြေစိုက် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ကော်မတီ က သံရုံးသို့  မဲပေးရန်
လာရောက်သူများကို “ဒါဖတ်ပြီးလျှင် လွပ်လပ်စွာ ဆုံးဖြတ်ပါ” ဟူသည့် လက်ကမ်းစာစောင်များ ဝေငှသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

စာစောင်ထတ
ဲ င
ွ် စစ်ကျွန်ြ ပုမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ဖြစ်နိုင်လျှင် မဲမပေးဘဲနေကြရန်၊
ဆွေစဉ်မျိုးဆက် စစ်အာဏာရှင်စနစ်အောက် ကျရောက်မည်ဖြစ်သဖြင့် အသေအချာ ပြန်လည်သုံး သပ် စဉ်းစားကြရန် စသည့် စာသားများ ပါဝင်ပြီး စောင်ရေ ၃ဝဝ
ဝေငှခဲ့သည်။

“အနာဂတ်မှာ ကျနော်တို့ သားသမီး၊ ဆွေမျိုးတွေ မမွေးဖွားခင်ကတည်းက စစ်ကျွန်ဘဝရောက်စေမယ့် အဖြစ်မျိုးကို တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝို က်ပြီးတော့
ထောက်ခံအားပေးခြင်း မပြုသင့်ဘူးဆို တာကို တိုက်တန
ွ်းတာပါ” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကော်မတီ တာဝန်ခံ ကိုမိုင်ကျော်ဦးက မဇ္ဈိမကို ပြောသည်။

ဂျပန်နိုင်ငံတွင် အကြောင်းအရာမျိုးစြုံ ဖင့် ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၅ သောင်းခန့် ရှိသည်။

ယခုလ ၁၂ ရက်နေ့တွင် ကြိုတင်မဲ ကောက်ခံမှုကို ရုရှားနိုင်ငံရောက် ပညာသင် တပ်မတော်သားများထံမှ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

“ကြိုတင်မဲသွားပေးပြီးပြီ။ မဲ ၃ ခု ထည့်ရပါတယ်။ ကျနော်က ကိုယ့်လူမျိုး ကိုယ်စားပြု ပါတီတခုနဲ့ ကြံ့ခိုင်ရေးအတွ က် ၂ ခု ထည့်ခဲ့ တယ်။ လက်ခံစာရွက်ပေါ်မှာ
ကိုယ့်နာမည် နေရပ်လိပ်စာရေးပြီး ဖြတ်ပိုင်းမှာ တော့ ကိုယ်ထည့်မယ့် ပါတီကို အမှန်ြ ခစ်ရတယ်။ မော်စကို သံရုံးကို မသွားခင် ကျနော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်က
ဘယ်လို မဲပေးရမယ်ဆိုတာ ရှင်းပြပါတယ်” ဟု ရုရှားရှိ ပညာသင်ကြားနေသည့် စစ်ဗိုလ်တဦးက ပြောသည်။ ရုရှားနိုင်ငံတွင် ပညာတော်သင် တပ်မတော်အရာရှိပေါင်း
၂ဝဝဝ ဝန်းကျင်ခန့် ရှိသည်ဟု ဆိုသည်။

ယခုလ ၁၆-၁၇ ရက်နေ့များတွင် ဖိလစ်ပိုင်၊ ဗြိတိန်နှင့် အမေရိကားရှိ သံရုံးများကလည်း ကြိုတင်မဲများ ကောက်ခံခဲ့သည်။


သို့သော် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးတွင် ပြုလုပ်သည့် ကြိုတင်မဲကောက်ခံပွဲတွင် ဗြိတိန်၌ မဲပေးနိုင်သည့် မြန်မာဦးရေ တသောင်း နီးပါးရှိသော်လည်း လူ
အနည်းငယ်သာ မဲပေးခဲ့ရပြီး မြန်မာပတ်စပို့စ် ကိုင်ဆောင်ထားသော ကျောင်း သားများမှာ သံရုံးရှေ့သို့  ရောက်ပြီးမှ စာရင်းမပါသဖြင့် မဲမပေးဘဲ လှည့်ပြန်ခဲ့ရကြောင်း
ဗြိတိန်အခြေစိုက် BLF အဖွဲ့ က ပြောသည်။

“ဒီမှာ ကျောင်းလာတက် တဲ့ ကျောင်းသားလေးတွေ ၁ဝ ဦးလောက်ရှိတယ်။ သူတို့ကို သံရုံးထဲ အဝင်မခံဘဲ အပေါက်ဝကနေ ပြန်လွှတ်လိုက်ပါတယ်။ မင်းတို့က
ငါတို့စာရင်းထဲမှာ မပါလို့ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီး ပြန်လွှတ်တ့အ
ဲ တွ က် မဲမပေးရဘဲ ပြန်သွားကြပါတယ်” ဟု ဗြိတိန်နိုင်ငံ အခြေစိုက် Burma Liberation Front အဖွဲ့ ၏
အထွေထွေ အတွင်းရေးမှူး မသန္တာက ပြောသည်။

ဖမ်းထားသည့် ကချင်အရာရှိ နှစ်ဦး ထွက်ပြေးဟု မပခ ပြော


ဖနိဒါ | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

Share

vote
nowBuzz up!

ချင်းမိုင် (မဇ္စျိ မ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့  ဟိုပင်မြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးခေါင်လမ


ွ်းနှင့် ဒုအရာခံဗိုလ်တဦး ဖမ်းဆီးထားရာမှ ယနေ့မနက်
ထွက်ပြေးသွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က ပြောသည်ဟု ကေအိုင်အိုဘက်က သိရသည်။

ယမန်နေ့ မနက် ၁ဝ နာရီခန့်က ဟိုပင်မှ မိုးညှင်းအသွား လမ်းတွင် ဒုရဲအုပ်နှင့် အဖွဲ့က ဗိုလ်ကြီးခေါင်လမ


ွ်းကို စီးလာသော ဗင်ကားနှင့်အတူ ခေါ်သွားကာ ဟိုပင်မှ
ဒုအရာခံဗိုလ်နှင့် တပ်သားတဦးကိုလည်း ထိုနေ့မနက်ကပင် အာဏာပိုင်များက ဖမ်း ဆီးသွားခဲ့သည်။ ယနေ့မနက်တွင် ၎င်းတို့ ထွက်ပြေးလွတ်မြောက် သွားသည်ဟု မပခ
က ကေအိုင်အိုကို ဖုန်းဖြင့် အကြောင်းကြားခဲ့သည်။

“ဒီမနက်ကျတော့ ထွက်ပြေးသွားပြီလို့ ပြောတယ်။

စရဖ အပါအဝင် လူ ၃၀ ကျော် ၄ နာရီကြာစစ်ဆေးခဲ့သည့် ကေအိုင်အို ဟိုင်ပင်ရုံး

လိမ်ညာနေတာ။ သူတို့ ခေါ်ထားတုန်း ပျောက်သွားတယ် ဆိုတော့ ပျောက်သွားလဲ သူတို့တာဝန်၊ ထွက်ပြေးလဲ သူတို့တာဝန်ပဲ” ဟု ကေအိုင်အို ဆက် ဆံရေးရုံး
အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ၎င်းတို့နှင့် ဆက်သွယ် မရသေးကြောင်းလည်း ဆိုသည်။

မိုင်းနင်းမိသူများကို အကူအညီပေးရင်း မိုး ညှင်းဆေးရုံတွင် ဆေးကုနေသူကို တွေ့ရန်အသွား လမ်းတွင် ဗိုလ်ကြီးခေါင်လမ


ွ်း အဖမ်းခံရကာ ဟိုပင်ရုံးမှ နှစ်ဦးကိုမူ ရဲနှင့်
စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်က ဖမ်း သွားခဲ့သည်။

ယခုလ ၁၇ ရက်က မိုး ညှင်းမြို့နယ် ကေအိုင်အို နယ်မြေတွင်းက နွားလပို့တောင်ထိပ်၌ မိုင်းနင်း၍ သေဆုံးဒဏ်ရာရသူများ ရှိခဲ့ရာ လူလူချင်းစာနာမှုအရ ထောက်ပံ့ငွေ
ပေးရန် လူနာများထံ သွားကြည့်ရန် ဗိုလ်ကြီးခေါင်လွမ်း ဟိုပင်မြို့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သို့ သတင်းပို့ခဲ့ေ သးသည်။

ယနေ့နံနက် ၁ နာရီတွင် ဒုရဲမှူးကြီးဝင်းဦး၊ စရဖ တပ်ဖ့မ


ွှဲ ဗိုလ်ကြီးကျော်စိုးမိုးစသည့် လူ ၃ဝ ကျော် ကေအိုင်အို ဟိုပင်ရုံးတွင်း ဝင်လာကာ ၄ နာရီကြာ စစ်ဆေးပြီး Icom
အမျိုးအစား ဆက်သွယ်ရေးစက်တလုံး ယူသွားကြသည်။

“ဟိုပင်က ရဲနဲ့ စရဖ တွေ အားလုံး ၁ဝ ယောက်လောက် ပါတယ်။ ရပ်ကွက်လူကြီးတွေလဲ ပါတယ် ” ဟု ကေအိုင် အို အရာရှိက ပြောသည်။ ထို့ပြင် ကေအိုင်အို၏ ဟိုပင်နှင့်
မိုးညှင်း ဆက် ဆံရေးရုံးဖုန်း ၂ ခုစလုံး လိုင်းဖြတ်ခံထားရသည် ဟု ဆိုသည်။

မနေ့ညကပင် ကေအိုင်အိုက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်ေ အာက် လဂျားယန်တပ်ရင်း ခလရ ၁၄၂ ရှိ စရဖ ခေါင်းဆောင်များကို ကေအိုင်အို အရာရှိများ
ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဖြေရှင်းရန် ပြောခဲ့သေးသည်။

မိုးညှင်းရှိ ကေအိုင်အို ဆက် ဆံရေးအရာရှိ ဒုအရာခံဗိုလ်တန်ဂွန်းသည် မိုးညှင်းရဲစခန်း လိုက်သွားပြီး မည်သည့် အတွ က် ဖမ်းဆီးရသည် ကို မေးမြန်းစဉ် ရဲအရာရှိများက
အထက်ညွန်ကြားချက် ရမှ လွှတ်ပေးမည် ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

သို့သော် မနေ့ ညနေ ၄ နာရီခန့်က မိုးညှင်းမြို့ ရပ်ကွက်လူကြီးများကို ခေါ်၍ ဗင်ကားကို စစ်ဆေးရာ ကားနောက်တွင် ဘိန်း ၄ တောင့် တွေ့သဖြင့် မူး ယစ်ဆေးဝါးမြှု ဖင့်
တရားစွဲရန် စီစဉ်နေစဉ် ဗိုလ်ကြီးခေါင်လွမ်းနှင့် ဒုအရာခံဗိုလ်တို့ ကိုယ်လတ
ွ်ထက
ွ်ပြေးသွားခဲ့သည် ဟု မပခ က ဖုန်းဖြင့် ပြောသည်။

ဗိုလ်ကြီးခေါင်လွမ်းသည် မူးယစ်ဆေးသုံး သူ မဟုတ်သဖြင့် အာဏာပိုင်များက တမင်ဖန်တီးကာ ဖမ်းရန် ကြံစည်ခဲ့ကြောင်း ကေအိုင်အို အရာရှိက ဆိုသည်။

“အဲဒီဗိုလ်ကြီးက ဘိန်းသောက်တဲ့ လူတွေကို လုံးဝ မကြိုက်ဘူး။ ဆေးလိပ်လဲ မသောက်ဘူး။ သူ့ကားမှာ ဘိန်းတွေ့ တယ်ဆိုေ တာ့ အံ့သြစရာပဲ။ အစိုးရက ဒီလို
မမှန်မကန်လုပ်တာ အခုမှ မဟုတ်ပါဘူး ” ဟု သူက ပြောသည်။

ကေအိုင်အို ကို စစ်ရေးအရ တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ရသင့်ရထိုက်ေ သာ အခွင့်အရေး ရရှိရန် ဖွဲ့စည်းထားခြင်းဖြစ်၍ စတင်ပစ်ခတ်မ ည်မဟုတ်ဟု
ကေအိုင်အို က ပြောဆိုထားသည်။

နယ်ခြားစောင့်တပ် အသွင်မပြောင်း သဖြင့် ကေအိုင်အိုကို စစ်ရေးအရ တိုက်ခိုက်ရန် အကြောင်းပြချက်အဖြစ် ယခုလို သွေးတိုးစမ်းကြောင်း ထိုင်းနိုင်ငံရှိ ဒီမိုကရေစီနှင့်
ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနမှ မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်သည်။

“အပစ်ရပ်အဖွဲ့တွေ ထက
ဲ ကေအိုင်အို ကို အငြိုးတကြီးနဲ့ လုပ်နေတာပဲ။ မြစ်ဆုံဗုံးပေါက်ကွဲတဲ့ကိစ္စ၊ အခုကိစ္စတွေကို အစိုးရအနေနဲ့  ဒီလိုအကြောင်းပြစရာ
ကောင်းကောင်းပေါ်လာရင် စစ်ရေးအရ နှိမ်နင်းဖို့၊ အရေးယူဖို့ လုပ်နေတယ် လို့ ယူဆရတယ်။ လတ်တလောဖြစ်နေတဲ့ ဗုံးခွဲတဲ့ ကိစ္စဆိုတာက သူတို့အတွက်
အကြောင်းပြဖို့ ရှိတယ်။ ဒါကြောင့်တိုက်တယ်ဆိုပြီး နိုင်ငံတကာကို အကြောင်းပြလို့ ရမယ်လေ။ ရွေးကောက်ပွဲပြီး ရင် အရပ်သားအစိုးရအဖွဲ့ အမိန့်ပေးလို့
တိုက်ရပါတယ် ဆိုတာမျိုး ဖြစ်လာမယ်လို့ ယူဆတယ် ” ဟု သူက မဇ္စျိ မကို ပြောသည်။

အချုပ်သားများ ကြိုတင်မဲပေးရမည်ဟု ဦးသိန်းစိုး ပြော


မဇ္ဈိမသတင်းဌာန | အင်္ဂါ နေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်

Share
1
vote
nowBuzz up!

ရန်ကုန် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွတ


ွဲင် အချုပ်သားများ မဲပေးနိုင်သဖြင့် ၎င်းတို့ကို ကြိုတင်မဲ ကောက်ခံမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ဦးသိန်းစိုးက နေပြည်တော်တွင် ယမန်နေ့က ပြည်တင
ွ်းပြည်ပ သတင်းထောက်များ ရှေ့မှောက်တွင် ပြောဆိုခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အီလက် ထရောနစ် စည်းဝေးခန်းမ၌ ရွေးကောက်ပဲဆ


ွိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ပြုလုပ်သော
အစည်းအဝေးတွင် ဦးသိန်းစိုးက သတင်းထောက်များ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အကျဉ်းကျခံနေရသူ မဲပေးခွင့်မရ၊ အချုပ်ကျခံနေရသူ ကြိုတင်မဲပေးခွင့်ရဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးပြော

ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ၂၉ သန်းကျော်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အချုပ်ကျနေသူများ အနေဖြင့် မဲပေးခွင့်ရခြင်းမှာ ဥပဒေအရဖြစ်ကြောင်း


သတင်းထောက် တဦး၏ မေးမြန်းချက်တရပ်ကို ဦးသိန်းစိုးက ဖြေကြားခဲ့သေးသည်။

’’ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရတယ်ဆိုတာလည်း ဥပဒေအရ ဖြစ်တယ်။ အကျဉ်းကျခံနေရသူတွေသာ မဲပေးခွင့် မရတာဖြစ်တယ်။ အချုပ်ကျနေတဲ့


အချုပ်သားတွေလည်း မဲပေးခွင့်ရတယ်။ သူတို့ေ တွတော့ ကြိုတင်မဲ ပေးခွင့်ရမယ်’’ ဟု သူက ပြောသည်။

ကြိုတင်မဲပေးခွင့် ရရှိသူများမှာ အရေးပေါ်တာဝန် ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများ၊ သင်တန်း တက်နေသူများ၊ ဆေးရုံတက်နေသူများ၊ ပြည်ပသွားမည့်သူများနှင့်


တပ်မတော်မိသားစုများ ဖြစ်သည် ဟု ကော်မရှင်က ဆိုသည်။

ဦးသိန်းစိုးက ’’ဥပမာပြောရရင် ကင်းလှည့်တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတဦးက မဲပေးရမယ့်နေ့မှာ သူ့တာဝန်အတွ က်ကို မဲသွားပေးမယ့်အချိန် မရဘူး ဆိုရင် ညကပဲ
သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ထံမှာ ကြိုတင်မဲပေးရမယ်။ ဒါက အရေးပေါ် အနေအထား ဖြစ်သွားလို့ပေါ့။ မဲပေးမယ့်နေ့မှာ ကိုယ်က မရှိနိုင်ဘူးလို့ 
ကြိုတင်သိနေသူကတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်မှာ ကြိုတင်မဲပေးလို့  ရတယ်။ ကြိုတင်မဲပေးပုံက အဲလို ၂ မျိုး ရှိတယ် ’’ ဟု ပြောသည်။

ထို့အပြင် မဲပေးရမည့်နေ့တွင် အကျဉ်းထောင်မှ လွတ်လာသူများနှင့် ထိုနေ့တွင် အသက် ၁၈ နှစ် ပြည့်သူများလည်း မဲပေးနိုင်မည်ဖြစ်သည်။

ယခုအခါ လွတ်ရက်စေ့ အကျဉ်းသားများကို ကြိုတင်မဲကောက်ခံရန် အကျဉ်းထောင်များတွင် ပြင်ဆင်နေကြောင်း ရန်ကုန် အင်းစိန်အကျဉ်းဦးစီး အရာထမ်းတဦးက


ဆိုသည်။ ’’ကော်မရှင်နဲ့ ဆွေးနွေးနေတယ်၊ ကြိုတင်မဲကို ယူလို့ ရမရ’’ ဟု သူက ပြောသည်။

သို့သော် ပြည်တွင်းဝါရင့် အယ်ဒီတာတဦးကမူ ယင်းကိစ္စနှင့်ပတ် သက်ပြီး ’’မဆိုင်ဘူး၊ ကြိုတင်မဲကို မဲဆန္ဒရှင်က အခြေအနေအရသာ ပေးခွင့်ရတာလေ။ ဦးသိန်းစိုး
ပြောထားပြီပဲ။ ဘယ် လိုလူမျိုး တွေ ကြိုတင်မဲပေးလို့ ရတယ်ဆိုတာ။ အခုဟာက လွတ်ရက်စေ့ လို့ လွတ်လာတဲ့ကိစ္စ ကို ဘာအကြောင်းကြောင့်
ကြိုတင်မဲယူရမှာလဲ။ ကျနော်ကတော့ အဲဒါကို မရိုး သားဘူးလို့  ထင်တယ် ’’ ဟု မှတ်ချက်ပေးသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေး ကောက်ပွဲတွင် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ၃၁၅၃ ဦး ရှိသည့်အနက် တသီးပုဂ္ဂလ ၈၂ ဦး ပါဝင်သည်။ ထို့အပြင်
အမတ်နေရာ ၁၁၅၈ နေရာ ရှိသည့်အနက် မဲဆန္ဒနယ် ၅၄ ခုတင
ွ် ယှဉ်ပြို င်မည့် ကိုယ်စားလှယ်ေ လာင်းမှာ တဦးစီသာရှိသဖြင့် ၎င်းတို့သည် လွှတ်တော်အမတ်
သေချာပေါက် ဖြစ်မည်ဟု ဦးသိန်းစိုးက ဆိုသည်။ မည်သည့်ပါတီမှဖြစ်ကြောင်း မေးမြန်းကြရာ ’’၃၇ ပါတီထဲက ဖြစ်ပါတယ် ’’ ဟုသာ ဖြေကြားခဲ့သည် ။
ပါတီတချို့၏ မီဒီယာအသစ်ဖြင့် မဲဆွယ်နည်းများ
မြင့်မောင် | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၄၉ မိနစ်

Share

vote
nowBuzz up!

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရေးပါတီ ၅ ပါတီထက်မနည်း အင်တာနက် လူမှုကွန်ယက် Facebook နှင့် ဝက်ဘ်ဆိုဒ်များ ဖွင့်ကာ မီဒီယာအသစ်ဖြင့် ၂ဝ၁ဝ
ရွေးကောက်ပွဲအတွက် မဲဆွယ်စ ည်းရုံးနေကြကြောင်း သိရသည်။

NDF facebook စာမျက်နှာ

ရွေးကောက်ပွဲဝင် ၃၇ ပါတီထမ
ှဲ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ညီညတ
ွ်သော ဒီမိုကရက် တစ် ပါတီ (မြန်မာပြည်) UDP ၊ ကြံ့ဖွံ့ပါတီ USDP ၊ ကရင် ပြည်သူ့ပါတီ
KPP ၊ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ DPP တို့ ပါတီ မူဝါဒ ရေးရာများနှင့် လှုပ်ရှားမှုများကို Facebook နှင့် ပါတီ ဝက်ဘ်ဆိုဒ်များတွင် တင်ပြ မဲဆွယ်နေကြသည်။

“Facebook ဝင်ြ ကည့်တ့သ


ဲူက အများကြီး ဖြစ်နေတယ်။ ကျနော်တို့ကို Add တဲ့ လူ တယောက်ကနေ သူငယ်ချင်း ထောင်-သောင်းမက ပြန့်သွားပါတယ်။ ပါတီကို
လူအများကြီးက သိလာတယ်။ နောက်တချက်က လူချင်းတွေ့ပြီး Campaign လုပ်ရတာ၊ ပြောရဆိုရတာ အချိန်နဲ့ နေရာ အခက်အခဲတွေ ရှိပါတယ်။ အဲဒီမှာ ကျ သူတို့
သိချင်တာတွေ မေးကြပါတယ်။ အဲဒါ လိုင်းပေါ်မှာ ပြန်ဖြေပေးတဲ့အတွက် မြန်ဆန်တဲ့ အဖြေပေးနိုင်ပါတယ်။ Facebook နဲ့ ပတ်သက်လို့ ဒီဘက်ခေတ် လူငယ်တွေအ တွက်
ရည်ရွယ်ပါတယ် ” ဟု NDF မှ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏ်စိုးက မဇ္ဈိမကို ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကမူ Facebook သာမက ဝက်ဘ်ဆိုဒ်ကိုပါ ပါတီတည်ထောင်ခွင့် ရပြီးနောက် စသုံးခဲ့သည်။

၁၉၉ဝ ရွေးကောက်ပဲအ
ွ နိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ခေါင်းဆောင်များတွင် Facebook နှင့် ဝက်ဘ်ဆိုဒ်များ မရှိသော်လည်း ပါတီအထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်ကမူ အထိန်းသိမ်းခံဘဝမှ လွတ်သည်နှင့် တပြို င်နက် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် အင်တာနက် လူမှုကွန်ရက် “တွင်စ်တာ”
Twitter ကို သုံးရန် ဆန္ဒရှိသည်ဟု ပြောပြခဲ့သည်။

“သူလွတ်လာတဲ့ အချိန် နိုင်ငံတကာက လူငယ်တွေ၊ ပြည်တွင်းက လူငယ်တွေအနေနဲ့  သူတို့ရဲ့ သဘောထားအတွေးအခေါ်တွေ၊ သူတို့ရဲ့  စိတ်ကူးတွေ
ဘယ်လိုရှိ တယ် ဆိုတာ သူ့အနေနဲ့  သိချင်တယ်။ အဲဒါကြောင့် သူတို့နဲ့  အချိန်ယူပြီးတော့ Twitter ကတဆင့် ပြောဆိုချင်တယ်လို့ သူက ပြောခဲ့တယ်” ဟု ဦးဉာဏ်ဝင်းက
မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Friendster, Facebook, Twitter စသည့် အင်တာနက်ကန


ွ်ရ က် မီဒီယာများ မပေါ်ခင် ၂ဝဝ၃ မေလ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ြ ပီးကထဲက
နေအိမ်တွင် တတိ ယအကြိမ်မြောက် အထိန်းသိမ်းခံနေရသည်။
http://www.mizzimaburmese.com/

ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အမတ်ဖြစ်မည့်သူ (၅၄) ဦးရှိ

NEJ / ၁၉ အောက်တိုဘာ ၂၀၁၀

လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတဝန်း မဲဆန္ဒနယ်ပေါင်း (၁၁၅၈) နေရာရှိသည့်အနက် မဲဆန္ဒနယ် (၅၄) နေရာတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ဘယ်ကိုယ်စားလှယ်များ မရှိသည့်အတွက် ကြံ့ဖ့ပ
ွါံတီနှင့်မဟာမိတ်ပါတီများမှ အမတ်လောင်း များသည် အလို အလျောက်
လွှတ်တော် ကိုယ်စားလှယ်အမတ်များ ဖြစ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္က ဋ္ဌ ဦးသိန်းစိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ ကိုယ်စားလှယ်ေ လာင်း အရေအတွက် (၁) ဦးစီပဲ ရှိတ့အ


ဲ တွ က် အဲဒီနေရာမှာ အလိုလိုကိုယ်စားလှယ်ဖြစ်တ ယ်” ဟု၎င်းက ပြောသည်။

အောက်တိုဘာ (၁၈) ရက် ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် မဲသရုပ်ပြပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိုးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့ အလိုလိုအမတ်ဖြစ်လာမည့် လွှတ်တော် ကိုယ်စားလှယ်ေ လာင်းများမှာ လာမည့်ရွေးကောက်ပွဲ တင


ွ် ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း (၃၇) ပါတီမှ ဖြစ်ကြောင်း
ဦးသိန်းစိုးက ပြောသော်လည်း မည်သည့်ပါတီ က ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယင်းသတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့ သည့် ပြည်တွင်းပုဂ္ဂလိ ကဂျာနယ်မှ သတင်းစာဆရာတဦးက “ ဦးသိန်းစိုးက (၅၄) ယောက်လို့ ပြောပေမယ့် ဒီလူတွေစာရင်း ကို
ဘယ်အချိန်မှာ အတိအကျ ကြေညာမလဲ ဆိုတာ ပြောမသွားဘူး။ ဒါပေမယ့် သူတို့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်တွေချည်းပဲ အလိုအလျောက် အမတ်တွေ ဖြစ်သွားတာမို့
ပြည်သူတွေ ဝေဖန်မှာကို စိုးရိမ်ပြီး အမြန် မကြေညာရဲတာလည်း ဖြစ်နိုင်တယ် ” ဟု ပြောသည်။

ပြည်တွင်းမှ မီဒီယာသမားတဦးကမူ “ မြန်မာတနိုင်ငံလုံးမှာ နေရာအားလုံးမှာ ၀င်ရောက်ပြီး တော့ အရွေးခံနိုင်မယ့်ပါတီက ကြံ့ဖွံ့ပါတီပဲလေ၊ အဖြေကရှ င်းပါတယ်” ဟု
ပြောသည်။

ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့ လာစောင့်ြ ကည့်ရေး အဖွဲ့များကို လာခွင့်ပြု မပြုနှင့် ပတ်သက်၍ အဆိုပါ ရှင်းလင်းပွဲ၌ ရိုက်တာသတင်းဌာနမှ သတင်းထောက်
ဦးအောင်လှထွန်း၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဦးသိန်းစိုးက “ ကျနော်တို့နိုင်ငံမှာ ရွေး ကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံတွေ အများကြီး ရှိပါတယ်။ ကော်မရှင်
အဆင့်ဆင့်မှာလည်း အရည်အချင်းရှိတဲ့သူေ တွ၊ တိုင်းပြည်အတွက် စေတနာထားသူေ တွနဲ့  ဖွဲ့စည်းထားပါတယ်။ ရွေးကောက်ပွဲနဲ့  ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေ၊
နည်းဥပဒေ တွေဟာလည်း လွတ်လပ်ပြီး တရားမျှ တတယ်။ ရွေးကောက်ပွဲနေ့မှာ သက် ဆိုင်ရာ သံရုံးက သံတမန်ေ တွနဲ့  ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို
ပြသမှာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ လေ့လောစောင့်ကြည့်သူများ (Observer) တွေ မလိုပါဘူး” ဟု ပြောဆိုခဲ့သည်။

လာမည့်နိုဝင်ဘာ (၇) ရက်တင


ွ် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီအသီးသီးမှ ကိုယ်စားလှယ်ပေါင်း (၃ဝ၇၁) ဦးနှင့် တသီးပုဂ္ဂ လ ကိုယ်စားလှယ်ပေါင်း (၈၂)
ဦး၊ စုစုပေါင်း (၃၁၅၃) ဦးရှိကြောင်း ဦးသိန်းစိုးက ပြောသည် ။

အဆိုပါ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို ယ်စားလှယ်နေရာ (၃၃၀)၊ အမျိုးသားလွှတ်တော်နေရာ (၁၆၈) နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်နေရာ (၆၆၀) တို့အတွ က် ကြံ့ဖွံ့ပါတီမှ နေရာအားလုံးအတွက် ကိုယ်စားလှယ်လောင်း အများဆုံးပါတီအဖြစ် (၁၁၅၈) နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည်
ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုတိယအများဆုံးအနေဖြင့် လွှတ်ေ တာ် (၃) ရပ်စလုံးအတွ က် ကိုယ်စားလှယ်လောင်း ပေါင်း (၉၈၀) ဦး ၀င်ရောက် ယှဉ်ပြိုင်မည်
ဖြစ်သည်။

ရန်ကုန်မြို့ မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပြည်တင


ွ်း သတင်းအယ်ဒီတာများကမူ ယခု စစ်အစိုးရ ပြုလုပ်ပေးသည့် ရွေးကောက်ပွဲတွင်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အများယုံကြည် စိတ်ချရသည့် ကော်မရှင် မဟုတ်ခြင်း၊ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ မဟုတ်ခြင်း၊ ရွေးကောက်ပွဲ
နှင့်ပတ်သက်၍ ပြဋ္ဌာန်းလိုက်သည့်ဥပဒေ၊ နည်းဥပဒေများသည် တရားမျှ တမှု လုံးဝမရှိသည့် ဥပဒေများဖြစ်ခြင်း စသည့် အခြေအနေများကြောင့် လွ တ်လပ်ပြီး
တရားမျှ တသည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း ဝေဖန်သုံးသပ်ကြသည် ။

နေပြည်တော်တွင် ဂျီအက်စ်အမ်ဖုန်း သုံးခွင့် ကန့်သတ်ထား

အောင်ထက် / ၁၉ အောက်တိုဘာ ၂၀၁၀

နေပြည်တော်တွင် ယခင်က လုံး ၀ အသုံးပြု၍ မရသည့် (09) ဂဏန်းအစ ဂျီအက်စ်အမ် (GSM) မိုဘိုင်းဖုန်းများကို အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လတည်းအတွ က်သာ
အသုံးပြုခွင့်ပေးမည်ဟု သိရသည်။

နေပြည်တော် နှစ်လည် ကျောက်မျက်ပြပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ရာ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ စီး ပွားရေးလုပ်ငန်းရှင်များ၊
နိုင်ငြံ ခားသား ခရီးသွားများအတွက် ဆက် သယ
ွ်မှု ကွန်ရက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဂျီအက်စ်အမ် ဖုန်းလိုင်းကို ယခုလို ယာယီ ဖွင့်ပေးထားခြင်းဖြစ်သည်ဟု
နေပြည်တော် မြန်မာ့ဆက် သယ
ွ်ရေးမှ အရာထမ်းတဦးက ပြောသည်။

နှစ်လယ် ကျောက်မျက်ပြပွဲ ပြီးဆုံးပါက ဂျီအက်စ် အမ်ဖုန်းလိုင်း ပြန်လည်ပိတ်သိမ်းမည် ဟု ယင်းအရာရှိက ပြောသည်။

နေပြည်တော်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာဝန်ထမ်းတဦးက “အောက်တိုဘာ ပထမပတ်ကတည်းက နေပြည်တော်မှာ ဂျီအက်စ်အမ် လိုင်း စဖွင့်ပေးတယ်လို့


ယူဆရတယ်။ ပြီးခဲ့တဲ့လ (၁၃) ရက်နေ့က နေပြည်တော်ကနေ မန္တလေးက ကျနော့်အိမ်ကို ဂျီအက်စ်အမ်ဖုန်းနဲ့  စကားပြောလို့ရတယ်” ဟုဆိုသည်။

နေပြည်တော် ခရိုင်အတွင်း ယခင်က CDMA 450 MHz (ကမ်းရိုးတန်း) မိုဘိုင်းဖုန်းများသာ ဆက်သွယ် အသုံးပြု၍ ရသည်။

ထို့အတွက် ကျပ် (၁၅) သိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ၂၀၀၉ ခု နိုဝင်ဘာလတွင် လည်းကောင်း၊ ကျပ် (၅) သိန်းတန် CDMA 450 MHz
မိုဘိုင်းဖုန်းများကို ၂၀၁၀ ပြည့်နှစ် မတ်လတွင် လည်းကောင်း စတင် အငှားချသုံးစွဲခွင့် ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လတည်းသာ အသုံးပြုခွင့်ရမည်ဆိုသည်ကို စာပေစိစစ်ရေးမှ ခွင့်ပြုချက်မပေး၍ သတင်းဂျာနယ် စာမျက်နှာထက် ဖော်ပြခွင့်မရဟု
ပြည်တွင်းမှ သတင်းအယ်ဒီတာတဦး က ပြောကြားသည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်အချို့ တွင်မူ နေပြည်တော်၌ ဂျီအက်စ်အမ်ဖုန်းများ တောက်လျှောက်အသုံးပြုခွင့် ရနေသကဲ့ သို့ ရေးသားဖော်ပြမှုများကို တွေ့ရသည်။

အမျိုးသမီးနှင့်ကလေး ကျန်းမာရေး အစီရင်ခံစာ ထုတ်ပြန်

မြတ်ခိုင်ဦး / ၁၉ အောက်တိုဘာ ၂၀၁၀

မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ အမျိုးသမီးနှင့် ကလေးငယ် တို့၏ အလွန် ဆိုးဝါးနေသော ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့်
(DIAGNOSIS CRITICAL) အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့ထုတ်ပြန် လိုက်သည်။

စာမျက်နှာ (၅၀) ပါဝင်ပြီး လူဦးရေပေါင်း (၂၇,၀၀၀) ဦးခန့်ကို မေးမြန်းကာ စစ်တမ်းပြုစု ရေးသားတင်ပြထားသည့် အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံ
ဆေးပညာရှင်များအသင်း (BMA)၊ အမျိုးသား ပညာရေးနှင့် ကျန်းမာရေးကောင်စီ (NHEC)၊ နယ်လှည့်ေ ကျာပိုး အိတ် ဆေးဝါးကုသရေးအဖွဲ့နှင့်
တိုင်းရင်းသားဒေသများဖြစ်သည့် ရှမ်း ၊ ကရင်နီ၊ ကရင်၊ မွန်၊ ပလောင်ဒေသများမှ လူထုကျန်းမာရေး အဖွဲ့တို့က ပူးပေါင်း အကောင်အထည်ဖော်ြ ကခြင်း ဖြစ်သည်။
အစီရင်ခံစာနှင့် ပတ်သက်သည့် ယနေ့ သတင်းထု တ်ပြန်ချက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း ဖြစ်သည့် ရှမ်း ၊ ကရင်နီ၊ ကရင်၊ မွန်၊ ပဲခူးတိုင်းနှင့် တနင်္သာရီ တိုင်း ဒေသများမှ
သေဆုံးနေရသော ကလေးသူငယ်များ၏ (၆၀) ရာခိုင်နူန်းသည် ကာကွ ယ်ကုသ၍ရသော ရောဂါများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်
သေဆုံးမှုနူန်းထားသည် အစိုးရ၏ တရားဝင်ထုတ်ပြန်သော စာရင်း ဇယားများထက် (၂) ဆကျော် များကြောင်း ဖော်ပြထားသည်။

အမျိုးသမီးများတွင်လည်း ငှက်ဖျားရောဂါခံစားနေရသူ အရေအတွက်မှာ (၁၄) ဦးလျှင် (၁) ဦးရှိနေပြီး အစိုးရ စာရင်း ဇယားများနှင့် ဆန့်ကျင်စွာပင် မိခင်များသေဆုံးမှုမှာ
(၃) ဆခန့်  မြင့်မားနေသည်ဟု အစီရင်ခံစာမှ ဆိုသည်။

တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ဒေသတွင်းစစ်ပွဲများနှင့် မြန်မာစစ်တပ်အင်အား ချဲ့ထွင်မှု တို့ကြောင့် တိုင်းပြည်အတွင်းရှိ နိုင်ငံအရှေ့ဘက်ခြမ်း တခုတည်းတွင်ပင်


ရွာပုန်း ရွာရှော င်အဖြစ် ပြေးလွှားပုန်းအောင်း နေထိုင်ရသည့် လူဦးရေပေါင်း သည် အနည်းဆုံး (၄) သိန်းခွဲရှိကြောင်း၊ ထိုသူများသည် ငှက်ဖျား၊ ဝမ်းရောဂါ၊
အာဟာရချို့တဲ့မှု၊ မီး ဖွားမှုဆိုင်ရာ စသည့် ရောဂါဘယမျိုးစုံကို ခံစားနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၀၂ ခုနှစ် မက်ဆေးဆေး ဆုရှင် ထိုင်းမြန်မာနယ်စပ် မဲဆောက်ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “အဲဒီသူတွေရဲ့  ကျန်းမာရေးအတွက်
တတ်နိုင်သမျှ ကျမတို့ကြိုးပမ်းပေမယ့် စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသရွေ့ အဲဒီကျန်းမာရေးဆိုင်ရာ ကပ်ဆိုးတွေကို ပြည်သူ လူထုက
ဆက်လက်ခံစားနေရဦးမှာ သာ ဖြစ်တယ် ” ဟု သတင်းစာရှင်းလင်းပွဲတွင် ထောက်ပြ ပြောဆိုသွားသည်။

မဟီဒေါ တက္ကသိုလ်မှ ပါမောက္ခဒေါက်တာသီရိပရာပါကလည်း “ကျမတို့ဟာ ဒီလိုရုန်းကန် ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့ အစည်းဝင်တွေရဲ့  ကြိုးပမ်းမှု တွေကို
ဆက်လက်ထောက်ခံ ပံ့ပိုး ပေးရပါမယ်။ ဒါတွေဟာ လူ့အဖွဲ့ အစည်းထဲ က လူများစွာအတွက် လူမှုလုပ်ငန်းတွေ ရှင်သန်ရေးအတွက် အရင်းအမြစ်တခု ထတ
ဲ င် မကပါဘူး
ဒေသတွင်း ကျန်းမာလုံခြုံမှုတွေ အတွက်လည်း ကာကွ ယ်ကူညီပေးနေတာပါ” ဟု အစီရင်ခံစာတွင် ထည့် သင
ွ်းပြောကြားထားသည်။

၂၀၀၄ ခုနှစ်ကလည်း ရှမ်း၊ ကရင်၊ ကရင်နီနှင့် မွန်ဒေသများရှိ စစ်ပွဲများ ဖြစ်ပွားရာ အရပ်ရှိ ပြည်သူများနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ အစီရ င်ခံစာ Chronic
Emergency ဆိုသည့် အစီရင်ခံစာ တစောင်ကို ဤအဖွဲ့များမှ ထုတ်ပြန်ခဲ့ဖူးသည်။

ကေအိုင်အို ဆက်ဆံရေးရုံး တာဝန်ခံကို ဖမ်းဆီး

ပေါက်ပေါက် / ၁၉ အောက်တိုဘာ ၂၀၁၀

ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ ကချင်ြ ပည်လတ


ွ်လပ်ရေးအဖွဲ့  (KIO) ၏ ဆက် ဆံရေးရုံး တာဝန်ခံအား ယမန်နေ့ နေ့လည်ပိုင်း၌ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ပြီး ညပိုင်း၌
ဆက်ဆံရေးရုံးအား နယ်မြေခံ အာဏာပိုင်များက ဝင်ရောက် စီးနင်းရှာဖွေကာ ပစ္စည်းအချို့ သိမ်းယူသွားသည်။

ဟိုပင်မြို့ အရှေ့ပိုင်း၊ နန့်ရင်းလမ်းတွင် ဖွင့်လှစ်ထားရှိသည့် ကေအိုင်အိုဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး ခေါင်လန


ွ်းသည် ကေအိုင်အိုအဖွဲ့ က ထောင်ထားသည့်မိုင်း
နင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရြှိ ပီး မိုးညှင်းမြို့ ပြည်သူ့ဆေးရုံ တင
ွ် ကုသနေသည့် လူနာအား သွားရောက်တွေ့ဆုံခဲ့ကြောင်း ၊ အပြန်တင
ွ် မိုး ညှင်းခရိုင် ရဲများအပါအဝင်
ဟိုပင်ရဲစခန်းက တားဆီးကာ ရဲစခန်းသို့  ခေါ်ယူစစ်ဆေးပြီးနောက် ကားနောက်ခန်းတွင် ဘိန်းတွေ့ရှိသည် ဟု ဆိုကာ ယမန်နေ့က ဖမ်းဆီးထားကြောင်း
ကေအိုင်အို ဆက် ဆံရေးရုံးနှင့် နီးစပ်သူ ဟိုပင်ဒေသခံတဦး က ပြောသည်။

၎င်းက “ဗိုလ်ကြီး ခေါင်လန
ွ်းရဲ့  ကားကို လိုင်စင် စစ်တာ၊ နောက် ရဲစခန်းကို ခေါ်သွားတယ်၊ အဲဒီမှာ (၂) နာရီကြာ စစ်ဆေးတယ်။ နောက်တော့ ကားနောက်ခန်းထဲမှာ
ခတ်ပုံ (သုံးစွဲရန် အသင့်ပြင်ဆင်ထားသည့် ဘိန်း) တွေ့တယ် ဆိုပြီး ဖမ်းလိုက်တာ။ သူက မူးယစ်ဆေးဝါလည်း မသုံးစွဲဘူး။ ဆေးလိပ်တောင် မသောက်ဘူး။
ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခဲ့ဖူးတယ်။ တမင် ဘိန်းထုပ်နဲ့ အကွ က်ဆင်ပြီး ဖမ်းလိုက်တာ သေချာတယ် ” ဟုပြောသည်။

ယမန်နေ့ ညဥ့်နက်ပိုင်းတွင်လည်း ဟိုပင်ရှိ ကေအိုင်အို ဆက် ဆံရေးရုံးအား စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ စစ်တပ်၊ ရဲအဖွဲ့များက ဝင်ရောက်စီးနင်းကာ ကား၊
တယ်လီဖုန်း၊ ဆက်သွယ်ရေးစက်တို့ကို သိမ်းယူ သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

၎င်းက “ညကျတော့ ရုံးကို ဝိုင်း၊ ရုံး ထဲအတင်းဝင်ြ ပီး ကားတစီး၊ လမ်းလျှောက်စကားပြောစက်နဲ့ ဖုန်းတွေ သိမ်းသွားတယ်၊ အစောင့် ရဲဘော် (၂) ယောက်လည်း
ဖမ်းသွားတယ် ” ဟု ပြောသည်။

အခင်းဖြစ်ြ ပီး မကြာမီ ယနေ့ နံနက် (၂) နာရီကျော်တွင် ကေအိုင်အိုတပ်ဖ့ဝ


ွဲ င်များက ဗဟိုဌာနချုပ် လိုင်ဇာ အနီးရှိ နအဖ စစ်တပ်၊ ရဲနှင့် လဝကအဖွဲ့များ စုပေါင်းထိုင်သည့်
လဂျားယန်ဂိတ်သို့ သွားရောက်ကာ စရဖနှင့် တွေ့ဆုံပြီး မည်သည့်အတွက်ကြောင့် ဆက်ဆံရေးရုံးအရာရှိကို ဖမ်း ဆီးပြီး ရုံး အား ဝင်ရောက်စီးနင်းသည့်အပေါ်
ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု ကေအိုင် အိုအရာရှိက ပြောသည်။

၎င်းက “လဂျားယန် ဂိတ်ကို သွားတာက တပ်နဲ့သွားတာပါ။ ဘာကြောင့်အခုလို လုပ်ရသလဲဆိုတာ ဖြေရှင်းချက် ပေးဖို့ သွားပြောတာပါ။ အဲဒီဂိတ်ကို သွားဝိုင်း တာ
မဟုတ်ပါဘူး။ ကျနော်တို့ တပ်တွေက အဲဒီနားမှာ နဂိုတည်းက ရှိနေပြီးသားပါ။ သူတို့ရဲ့  အကြောင်းပြန်ကြားချက်ကတော့ မရသေးပါဘူး” ဟု ပြောသည်။

ယနေ့ နေ့လည်ပိုင်းအထိ လိုင်ဇာသို့ ခရီးသည်နှင့်ကုန်ကား အဝင်အထွက်ပုံမှန်ရှိနေပြီး မည်သည့် စစ်ရေး လှုပ်ရှားမှုများ မရှိသေးကြောင်း လိုင်ဇာဒေသခံများက
ပြောသည်။

ယခုလ (၁၃) ရက်နေ့က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာ ၏ အရှေ့ဘက် နွားလပို့ တောင်ပေါ်တွင် ကေအိုင်အိုအဖွဲ့ က ထောင်ထားသည့် မိုင်းအား
နင်းမိပေါက်ကွဲသဖြင့် ပင်း ကြိုင်းကျေးရွာ သား (၂) ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ယခု အဖမ်းခံထားရသူ ဗိုလ်ကြီးခေါင်လွန်း ဦးဆောင်ြ ပီး သေဆုံးသူ
မိသားစုအတွက် ငွေကျပ် (၁၅) သိန်းစြီ ဖင့် လည်းကောင်း ၊ ဒဏ်ရာရခဲ့သူအ တွက် ငွေကျပ် (၇) သိန်းကို လည်းကောင်း နစ်နာကြေးအဖြစ် ယခုလ (၁၇) ရက်နေ့က
သွားရောက်ပေးခဲ့သည်ဟု ဟိုပင်ဒေသခံတဦးက ပြောသည်။

ယင်းဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နအဖသတင်းစာများက သတင်းဖော်ပြရာတွင် ကေအိုင်အေ သောင်းကျန်းသူဟု သုံးနှုန်း ရေးသားထားသည်။

ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲကို ဘာလုပ်ကြမလဲ

မောင်သြ / ၁၉ အောက်တိုဘာ ၂၀၁၀


မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့
သတ်မှတ် ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပြွဲ ကီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ
ဗိုလ်သန်းရွှေ လက် သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့  အမိန့်သြဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေ ကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့
ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။

ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ


ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇ၀တ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊
ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပက
ွဲို ကြံ့ဖွတ်ပါတီအနိုင်ရဖို့  အပိုင်ြ ကံစည်နေပါတယ်။

ဗိုလ်သန်းရွှေဟာ သူ့ဘ၀တလျှောက်လုံးမှာ မပိုင်ရင် ဂလိုင်တောင် မခေါက်ဘူးဆိုတဲ့ လူစားမျိုးပါ။ ဘာပဲလုပ်လုပ် ပိုင်မှ အသေကိုင်တာ။ ၁၉၉၂ ခုနှစ်က ဗိုလ်စောမောင်ကို
ဖြုတ်ချခဲ့တာ ကြည့်မလား။ ကျေးဇူးရှင် ဗိုလ်နေ၀င်းမိသားစုကို အမှောင်တိုက်သင
ွ်းခဲ့တာ ကြည့်မလား၊ ၁၉၉၇ ခုနှစ် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်ကျော်မင်း စတဲ့
စစ်အုပ်စုတွေကို ဖယ်ရှားပစ်ခဲ့တာ ကြည့်မလား၊ နောက်ဆုံး ၂၀၀၄ ခုနှစ်မှာ ဗိုလ်ခင်ညွန့်နဲ့  အပေါင်းပါတွေကို ဖမ်းဆီးဖြုတ်ချ ထုတ်ပယ်ပစ်ခဲ့ တာ ကြည့်မလား။ ဒါတွေဟာ
ဗိုလ်သန်းရွှေ အာဏာရှင်ပလ္လင် ဖင်မြဲဖို့အတွက် စနစ်တကျ အကွက်ချ အပိုင်လုပ်ခဲ့တာတွေပါ။

ဗိုလ်သန်းရွှေ အပိုင်လုပ်ခဲ့သမျှ မအောင်မြင်တာတခုပဲရှိပါတယ်။ အဲဒါကတော့ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦး တင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့
အဖွဲ့ဝင်များ ဒီပဲယင်း (၂၀၀၃ ခုနှစ်) လုပ်ကြံခံရမှုမှာ သူသေစေချင်တဲ့ ဦး တင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နှစ်ဦးဟာ ဒဏ်ရာရရှိရုံမှတပါး အသက်ရှင်
ကျန်ရစ်ခဲ့တဲ့အတွက် ဗိုလ်သန်းရွှေ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရပါတယ်။

အခုလည်း ဗိုလ်သန်းရွှေ ဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ သူ့ဆန္ဒအတိုင်း ကောက် ကျစ်ယုတ်မာပြီး သူ့ရဲ့ ကို ယ်ပွား ကြံ့ဖံ့ပ
ွါတီကြီးကို နိုင်လဲနိုင်၊
ရှုံးလည်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပိုင်တော်ြ ကံပြီး တိုင်ပေါ်အလံစို က်ဖို့ အရှက်မရှိ ကြိုးစားနေတာ တွေ့နေရပါပြီ။

ဗိုလ်သန်းရွှေတခေတ်လုံးမှာ “မကောင်းမှုရှော င် ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထား” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမတရား မရှိခဲ့ပါဘူး။ ရက်စက်ယုတ်မာကောက်ကျစ်တဲ့
လူသတ်သမား စစ်အာဏာရှင်အနေနဲ့ရယ်၊ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ အာဃာတကြီးသူ၊ အငြိုးကြီးသူ၊ စစ်ဘီလူးအသွင်နဲ့ရ ယ် နှစ်မျိုးပဲ တွေ့မြင်နေရပါတယ်။
ပြည်သူအားလုံးက စက်ဆုပ်ရွံရှာ မုန်းတီးသလားမပြောနဲ့၊ တိုင်းပြည်ကြီး ဆင်းရဲမွဲတေနေသလောက် ဗိုလ်သန်းရွှေရဲ့  လက်ပါးစေအုပ်စုတွေကတော့ သားစဉ်မြေးဆက်
ဆယ်သက်ဆယ်ကမ္ဘာ မဆုံးနိုင်အောင် ကျိကျိတက်ေ ကာင်းစား ချမ်းသာကြီးပွားနေကြပါပြီ။ ဒါကိုက တိုင်းပြည်နဲ့ လူမျိုးအကျိုးထက် ကိုယ်ကျိုး ကြည့်
အတ္တလောက်ေ ကာင်တွေဆိုတာ ထင်ရှားနေပါပြီ။
ဗိုလ်သန်းရွှေ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပဲရ
ွဲ့  အကြိုရလဒ်အဖြေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ကတည်းက ကြိုမြင်နေခဲ့ရပါပြီ။ ခုတော့
ရုပ်လုံးက ပိုကြွပြီး ၂၀၁၀ ရွေးကောက်ပွဲအဖြေဟာ မကျင်း ပမီကတည်းက အတွင်းသားကို အထင်းသားမြင်နေရပြီ။

စိတ်ကူးယဉ်ပြီး ဉာဏ်တထွာတမို က်နဲ့ ဗိုလ်သန်းရွှေရဲ့  ရွေးကောက်ပွဲ နွားတင်းကုပ်ထက


ဲို ခွေးတိုးပေါက် က ၀င်မြိ ကတဲ့ သူတွေ ကတော့ နောက်ဆုံးမှာ နွားသတ်ရုံထဲ
အပို့ခံရတော့မယ့် နွားတွေဖြစ်နေမှာ သနားမိပါတယ်။ တကယ်ေ တာ့ ဗိုလ်သန်းရွှေရဲ့  ၂၀၁၀ ပါတီစုံရွေးကောက်ပွဲ အောင်ြ မင်ရေးအတွက် ရွေးကောက်ပဲဝ
ွ င် ပါတီတွေဟာ
အဖြည့်ခံအကူသဘောနဲ့ ပံ့ပိုးကူညီပေးသလို အသုံးချခံသက်သက် ဖြစ်နေပါတယ်ဆိုတာကို ရွေးကောက်ပွဲ အလွန် ကျရင် နောင်တရကြမှာ သေချာပါတယ်။

ဗိုလ်သန်းရွှေရဲ့  ရွေးကောက်ပွဲအလွန်ကာလကို မှန်းမျှော်ကြည့်လိုက်ရင် လွှတ်ေ တ်ာထဲမှာ နအဖရဲ့ အမိန့်နာခံတော် ဘောင်းဘီဝတ် တပ်မတော်သား
ကိုယ်စားလှယ်များက (၂၅) ရာခိုင်နှုန်း အပိုင်ယူထားပြီး ပူပူနွေးနွေး ဘောင်းဘီချွတ်ထားတဲ့ တသွေးတသံတမိန့်  ခေါင်းတော်ညိတ် ပုဆိန်ရိုး ကြံ့ဖွံ့ပါတီကိုယ်စားလှ ယ်များ၊
နအဖ ကျောထောက်နောက်ခံပေးထားတဲ့ အခြားကိုယ်စားလှယ်များ၊ ပြီးတော့ မဆလခေတ်ေ ဟာင်းက ဘောင်း ဘီချွ တ် ဗိုလ်ချုပ်ဟောင်းကြီးများ ပါဝင်တဲ့ တစည
ကိုယ်စားလှယ်များ … စတဲ့ ကိုယ်စားလှယ်များကလည်း လွှတ်ေ တ်ာထဲမှာ အများစု လွှမ်းမိုးနေမှာ ဖြစ်ပါတယ်။ အရပ်ဘက် ဒီမိုကရေစီအင်အားစုပါတီများက
ကိုယ်စားလှယ်များအနေနဲ့ကတော့ ခပ်ပါးပါးမျှသာ တွေ့နေရမှာပါ။

အဲဒီတော့ အာဏာဟာ ပြည်သူက ဆင်းသက်ရမယ် ဆိုတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ရွေးကောက်ပဲဆ


ွို တာထက် အာဏာဟာ တပ်မတော်က ဆင်းသက်ရမယ်ဆိုတဲ့ အာဏာရှင်
ရွေးကောက်ပွဲသာ ထွက်ပေါ်လာပါလိမ့်မယ်။ ရွေးကောက်ပွဲရဲ့  အခြေခံအဓိက ရည်ရွယ်ချက်မှာကိုက လွတ်လပ်မှု၊ တရားမျှ တမှု၊ ညီမျှမှုဆိုတာတွေ မရှိဘဲကို။
ကြံ့ဖွံ့ပါတီတဖွဲ့တည်း သာ ချွ န်ပြီး မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် ခရီး ဆန့်ပြီး၊ အာဏာအင်အား၊ ဓနအင်အား၊ လူအင် အားတွေနဲ့  တဖက် သတ် လွတ်လပ်စွာ
စည်းရုံးရေးဆင်းနေတာတွေကိုသာ နအဖသတင်းစာတွေထမ
ှဲာ နေ့စဉ်တွေမြင်နေရပါတယ်။

လမ်းတွေ ဖောက်ပြမလား၊ တံတားတွေ ဆောက်ပြမလား၊ ဆေးရုံဆေးခန်းတွေ ဖွင့်ပြမလား၊ ကျေးလက်စာကြည့်တိုက်တွေ ဖွင့်ပြမလား၊ ကျန်းမာရေး အခမဲ့
ကုသပေးမလား၊ ငွေထုတ်ချေးမလား၊ နိုင်ငံပိုင်ငွေတွေနဲ့  ပြည်သူကို မျက်နှာလုပ် စည်းရုံးနေတာ ရှက်စရာကောင်း တဲ့အပြင် ဗိုလ်သန်းရွှေရဲ့  ငွေများမဲနိုင်
ဒီမိုကရေစီပြဲ ဖစ်မယ်။ ပြီး တော့ ၀န်ကြီးချုပ်ရာထူး၊ ၀န်ကြီးရာထူးတွေက တဘက်၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရာထူးနဲ့  အဖွဲ့ ဝင်ရာထူးတွေကတဘက် နိုင်ငံတော်စရိတ်နဲ့
မြန်မာပြည်တနံတလျား ခရီးသွားအကြောင်းပြ ကြံ့ဖွံ့အနိုင်ရဖို့  စည်းရုံးရေးလုပ်နေတာကတော့ ရှက်စရာအပြင် သိက္ခာကော ရှိပါသေးရဲ့လား၊ လူကြီး လူကောင်း ကော
ပီသပါရဲ့လား။

ဗိုလ်သန်းရွှေကတော့ သူနှင့် ကြံဖော်ကြံဖက် မိုက်ဖော်မိုက်ဖက် အာဏာရှင်လူတစု မိသားစုဘ၀ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်အဖြစ် သူတို့တတွေကို


အကာအကွယ်ပေးနိုင်မယ့် ၂၀၀၈ အခြေခံဥပဒေ အတည်ပြုနိုင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေနဲ့ ညီညွတ်သည်ဖြစ်စေ
မညီညွတ်သည်ဖြစ်စေ ကြိမ်းသေအနိုင်ရအောင် ဆောင်ရွက်တော့မှာဖြစ်တယ် ။

အာဏာလက်နက်အရှိန်အ၀ါနဲ့  အနိုင်ကျင့် မတရားရယူတဲ့ ‘နိုင်ပွဲ’ ဟာ ဘ၀မှာ ရေပွက်ပမာ ခဏသာခံမယ်၊ ကြာရှည်မခံဘူးဆိုတာ ဗိုလ်သန်းရွှေ နားလည်သင့် တယ်။
ဒီလို နိုင်ပွဲဟာလည်း မြန်မာ့အလယ်၊ ကမ္ဘာ့အလယ်မှာ မတင့်တယ် မထည် ၀ါ ဂုဏ်သိက္ခာညှိုးစွာနဲ့ မြန်မာ့သမိုင်းကို စွန်းထင်းညစ်နွမ်းစေအောင် ကမ္ပည်းမော်ကွန်း
အတင်ခံရမှာ အလွန်ပဲ ရှက်ဖွယ်လိလိ ဖြစ်ရပါလိမ့်မယ်။

ဒါ့ကြောင့် အနာဂတ်မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရ ဘယ်ေ တာ့မှ မပေါ်ထွန်းရေးအတွက် ဒီနေ့ ဗိုလ်သန်းရွေရဲ့  ရွေးကောက်ပွဲကို အန်အယ်လ်ဒီရဲ့ဆောင်ပုဒ်အရ
“မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာလို ကျွန်ုပ်တို့အားလုံး (ရွေးကောက်ပွဲဝင်ပါတီများနဲ့ ပြည်သူအားလုံးမကျန်) တညီတညွတ်တည်း
မဲမပေးဘဲ သပိတ်မှောက်ဆန့် ကျင်ကြပါစို့ ဟူ၍သာ …။ ။
တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား

By ဦးသိန်းထိုက်ဦး အင်္ဂါ, 19 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ ကျန်းမာရေး ပြဿနာ အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး အမျိုးသမီးနဲ့ ကလေးတွေအကြား ကူးစက်ရောဂါ
ဖြစ်ပွားနှုန်း ကမ္ဘာမှာ အမြင့်မားဆုံး ရောက်နေတဲ့အကြောင်း နယ်စပ်အခြေပြု လူထုကျန်းမာရေး အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးနဲ့
ကလေးငယ်ေ တွ အများအပြား ကာကွယ် ကုသနိုင် တဲ့ ရောဂါတွေနဲ့ သေဆုံးနေပြီး အဲဒီလို ကျန်းမာရေး စောင့်ရှောက်ဖို့ ပျက်ကွက်တာဟာ လူသားဆိုင်ရာ ရာဇ၀တ်မှု
ကျူးလွန်တာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကို သိန်းထိုက်ဦး က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ လူထုကျန်းမာရေး အဖွဲ့အစည်းတွေ က လူဦးရေ ၂၇,၀၀၀ ကျော်အပေါ် စစ်တမ်းကောက် ယူပြီး အရှေ့ဘက်ခြမ်းဒေသ တိုင်းရင်းသား
နယ်မြေတွေဖြစ်တဲ့ ကရင်၊ ကယား၊ မွန် စတဲ့ ဒေသတွေမှာ လူတွေက ကျန်းမာရေး ပြဿနာတွေ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အကြောင်း စစ်တမ်း ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာအရ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်ေ တွရဲ့ ၄၀% က အာဟာရ ချို့တဲ့နေပြီး ကလေးတွေ သေဆုံးရခြင်း အကြောင်းရင်းရဲ့ ၆၀% က ကာကွယ် ကု သလို့ရ တဲ့
ရောဂါတွေကြောင့် သေဆုံးနေတာလို့ ဖော်ြ ပပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းမှာ ကျင်းပတဲ့ ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ
ထိုင်း၊ မြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဆရာမ ဒေါက်တာ စင်သီယာမောင်က အခုလို ပြောပါတယ်။

“ဒီအစီရင်ခံစာဟာ စစ်နဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းက ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေကို ထုတ်ဖော် ပြသလိုက်တာ
ဖြစ်တ့အ
ဲ ကြောင်း၊ အထူးသဖြင့် အမျိုး သမီးနဲ့ ကလေးငယ်တွေ က ကျန်းမာရေး အခြေအနေ ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး
ရင်ဆိုင်နေရတဲ့အကြောင်း။” ဒေါက်တာ စင်သီယာမောင် ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီ အရှေ့ဘက်ခြမ်း ဒေသမှာ စစ်အစိုးရဘက်က ကျန်းမာရေး အသုံးစရိတ် လျော့နည်းလာတာ၊ ပဋိပက္ခတွေ ကာလ ကြာနေတာနဲ့ လူတွေရဲ့ လူ့အခွင့်အရေး
ချိုးဖောက်ခံရမှုတွေကြောင့် ကျန်းမာရေး အဆင့်အတန်းတွေ နိမ့်ကျနေရတာ ဖြစ်တယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အမျိုးသမီး ၁၄ ယောက်အနက် တယောက်နှုန်း ငှက်ဖျားရောဂါ ကူးစက်ခံရပြီး ကမ္ဘာပေါ်မှာ ကူးစက်ရောဂါ ဖြစ်ပွားမှု
အမြင့်မားဆုံး အခြေအနေမှာ ရှိတ့အ
ဲ ကြောင်း အစီရင်ခံစာက ထုတ်ဖော်ပါတယ်။

ကာကွယ် ကု သလို့ ရနိုင်တဲ့ ရောဂါတွေနဲ့ လူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာက လူသားဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်တယ် ဆိုပြီး မြန်မာစစ်အစိုးရရဲ့
လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို ကု လသမဂ္ဂ က စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အရေးတကြီး ဖွဲ့စည်းဖို့ လိုအပ်တဲ့ အကြောင်းလည်း အစီရင် ခံစာက
တောင်းဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် အရပ်သား အစိုးရတရပ် ပြောင်းလဲသွားခဲ့မယ် ဆိုရင် ကျန်းမာရေး
စောင့်ရှောက်မှု အခြေအနေတွေ ပြို ပီးတော့ တိုးတက် ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါသလားဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။
ရှမ်းအမျိုးသမီးရေးရာ အဖွဲ့က နန်းချမ်တောင်းက ဒီကိစ္စကို အခုလို ဖြေပါတယ်။

“မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ လျော့နည်းသွားမယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရဘဲ စစ်အစိုးရက အပစ်အ ခတ် ရပ်စဲထားတဲ့
တိုင်းရင်းသား အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားတွေ ပေးနေပြီး အဲဒီဒေသတွေမှာ ထိုးစစ်တွေဆင်ဖို့ ပြင်ဆင်နေတဲ့ အတွ က် လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ဆက်ရှိနေဦးမှာ ဖြစ်ပြီး တိုင်းရင်းသားတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စကလည်း တိုး တက် လာဦးမှာ မဟုတ်တ့အ
ဲ ကြောင်း။”
နန်းချမ်တောင်းက ဖြေကြားသွားပါတယ်။

မကြာသေးခင်တုန်းက ဗွီအိုအေ မြန်မာပိုင်းက တွေ့ ဆုံ မေးမြန်းရာမှာ ဒေါက်တာ စင်သီယာမောင်က တကယ်လို့ ရွေးကောက်ပွဲ အပြီး အစိုးရတရပ် ပြောင်းလဲလာမယ်
ဆိုရင်လည်း လူေ တွရဲ့ လူမှုဘ၀ ဖူလုံရေးကို ဦးစားပေးမယ့် အစိုးရတရပ်ဖြစ်ဖို့ လိုတဲ့အကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ကျန်းမာရေး ကောင်းမွန်လာမယ်၊ ပညာရေး ကောင်းမွန်လာမယ် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေးကဏ္ဍ တခုတည်း မဟုတ်တော့ဘဲ အထူး သဖြင့် ကျမတို့
လူထုတွေရဲ့  လူမှုဘ၀ လုံခြုံရေးပေါ့၊ စားနပ်ရိက္ခာ၊ ရေ၊ အိမ်သာ၊ ပြီးတော့ လိုအပ်တဲ့ တခြားသော နည်းပညာပိုင်း ဆိုင်ရာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ပူးပေါင်း လှုပ်ရှားမှုတွေပဲ
ဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ်နဲ့ ပါဝင် ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိမယ်၊ သူ့ဒေသအလိုက်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေက ဖြစ်စေ၊ လူမှု အဖွဲ့ အစည်းတွေက ဖြစ်စေ၊
ကိုယ့်ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး စနစ်ကို ပါဝင်ြ ပီးတော့ ပူး ပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိမှသာလျှင် တိုးတက် ပြောင်း လဲမှာ ဖြစ်ပါတယ်။ ”

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ ဆက်ရှိနေဆဲဖြစ်ြ ပီး အဓမ္မ ပြောင်းရွှေ့ ခံရတဲ့ မိသားစု
ကလေးတွေမှာ အာဟာရချို့တဲ့မှု ၃ ဆဖြစ်ဖို့ အလားအလာ ရှိတ့အ
ဲ ပြင် ၀မ်းရောဂါ ဖြစ်နိုင်တဲ့ အလားအလာလည်း ၆၀% ကျော် ပိုပြီးရှိတဲ့ အကြောင်းနဲ့ အဓမ္မ
လုပ်အားပေး ခိုင်းစေခံရတဲ့ မိသားစုတွေမှာ တနှစ်အောက် ကလေးတွေရဲ့ သေဆုံးမှုနှုန်း ကလည်း ၂ ဆခွဲ ပြို ပီး မြင့်မားနေတဲ့အကြောင်း အစီရင်ခံစာမှာ
ဖော်ြ ပထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ အေအေပီပီ တိုက်တွန်း

By ဦးသားညွန့်ဦး အင်္ဂါ , 19 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

မြန်မာနိုင်ငံတင
ွ်း နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပန်း နှိပ်စက်မှုတွေ ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ် လို့ နိုင်ငံရေး အကျဉ်းသားများ
ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှုး မစ္စတာ ကင်တားနားရဲ့ အခု ကုလသမဂ္ဂ အထွေထွေ ညီ လာခံ
တင်သွင်းထားတဲ့ အစီရင်ခံစာထဲမှာလည်း အခု လို နိုင်ငံရေး အကျဉ်းသားတွေအပေါ် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်တယ်ဆိုတဲ့ အချက်အလက်ေ တွ
ထည့်သင
ွ်း ထားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနား အနေနဲ့ကတော့ အခု ကျင်းပနေဆဲ အထွေေ ထွ ညီလာခံကို တင် သင


ွ်းတဲ့ အစီရင်ခံစာထဲ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေး
အကျဉ်းသားတွေရော အခြား အကျဉ်းသားတွေပါ သူတို့ စစ်ဆေးမေးမြန်း ခံနေရစဉ်အတွင်း ညှဉ်းပန်း နှိပ်စက်မှုတွေ လုပ်ခံရ တဲ့အပေါ် စိုးရိမ်ကြောင်း သူ အထပ်ထပ်
ပြောခဲ့ပြီး ဖြစ်တယ် လို့ ဖော်ြ ပထားပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အရပါ နှိပ်စက်ညှဉ်းပန်း
ခံရတဲ့အပေါ် သူ့မှာ အထောက်အ ထား အချက်အလက် ခိုင်ခိုင်လုံလုံ ရှိတ ယ် ဆိုတာကို သူ့ အစီရင်ခံစာထဲ အဖြစ်အပျက် တချို့ကို ဖော်ပြထားပါတယ်။

အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကလည်း အလားတူ အစီရင်ခံစာကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ဒေသတွင်း
ပထမဆုံး ကျင်းပတဲ့ လူ့အခွင့် အရေး ညီလာခံမှာ တင်သွင်းပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်တဲ့ အခြေအနေတွေကို
ဒေသတွင်းရော နိုင်ငံတကာမှာ ပါ ကျယ်ကျယ်ပြန့်ပြန့် သိလာစေဖို့ ရည်ရွယ်တယ်လို့ စာတမ်းရေးသားသူ တဦးဖြစ်တဲ့ ကို ဘိုကြည်က ဗွီအိုေ အကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက် ဘန်ကောက်မှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်းက ပထမဆုံးအကြိမ် ကျင်းပတဲ့ လူ့အခွင့် အရေး ညီလာခံ ရှိပါတယ်။ အဲဒီ လူ့အခွင့်အရေး
ညီလာခံမှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နှိပ်စက် ညှဉ်းပန်းခြင်း ဆိုင်ရာတွေနဲ့ ပတ်သက်တာ စာတမ်းလေးတစောင် ပြုစုပြီး ကျနော်တို့ တင်ပါတယ်။ ”

ဒီစာတမ်းမှာ အဓိက အချက်အလက်တွေ ကို ဘာတွေများ ထည့်သွင်းထားပါလဲ။

“အဓိက စာတမ်းထဲမှာ ရေးထားတာက မြန်မာနိုင်ငံရဲ့ နောက်ခံ အခြေအနေ၊ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ အခြေအနေတွေ၊ အဲဒီထမ


ှဲာ နှိပ်စက်ညှဉ်းပန်းမှုက
ဘယ္သူေ တြက လုပ္တာလဲ။ ဘယ်လိုနည်း လမ်းတွေနဲ့ လုပ် သလဲ၊ နှိပ်စက်ညှဉ်းပန်းမှုဆို တာ ဘယ်လိုလူမျိုးတွေကို လုပ်တာလဲ၊ အဲဒီလို ပုံစံမျိုး နဲ့ ကျနော်တို့
စာတမ်းလေးတစောင် ရေးတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်းပေါ့။ စစ်ကြောရေး စခန်းမှာ နှိပ်စက်ခံရတဲ့ အကြောင်းတွေကို ကျနော်တို့
အခြေခြံ ပီး ရေးထားတာ ဖြစ်ပါတယ်။

“နောက်တခုက နှိပ်စက်ညှန်းပန်းတယ်ဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာက အခုမှ ဖြစ်တာ မဟုတ်ဘူး။ လွန်ခဲ့ တဲ့ နှစ်ပေါင်း မြောက်မြားစွာကတည်းက
အခုချိန်ထိ ဆက်တိုက် ဖြစ်နေတာပေါ့။ တကယ် စနစ်တကျနဲ့ နအဖကနေပြီးတော့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေတယ် ဆို တ့ဟ
ဲာကို ပေါ်အောင် စာတမ်းလေးတစောင်
ပြုစုထားတာပါ။

“ပြီးတော့ နှိပ်စက်ညှဉ်းပန်းမှု ဆိုတာကလည်း Crime against Humanity ပေါ့ ၊ နိုင်ငံတကာရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှု
ကျူးလွန်ရာ ရောက်တယ် ဆိုတာကို ကျနော်တို့ ကောက်ချချထားတာပါ။”

အခု မစ္စတာ ကင်တားနားကလည်း နိုင်ငံတကာကို တို က်တွန်းနေတာ Commission of Enquiry၊ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဟုတ် မဟုတ် စုံစမ်း စစ်ဆေးပေးဖို့ပေါ့၊ တိုက်တွန်း ထားတာရှိတော့ အခု ကိုဘိုကြည် တို့ တွေ့ရှိချက်ေ တွက အဲဒီကိစ္စနဲ့
ဘယ်လောက်အထိ အကျုံးဝင်လခ
ဲ င်ဗျ။

“ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်း တော်တော်များများနဲ့ အင်တာဗျူး လုပ်ထားတာ ရှိတယ်။ ဥပမာ ၁၉၉၀ လောက်က အဖမ်းခံရတဲ့ လူကလည်း နှိပ်စက်
ညှဉ်းပန်းခံရတယ်။ နောက်ဆုံး ၂၀၀၉-၂၀၁၀ မှာ အဖမ်းခံရတဲ့ လူေ တွကလည်း နှိပ်စက် ညှဉ်းပန်းခံရတယ်။ ရိုးရိုးတန်းတန်း နှိပ်စက်ညှဉ်းပန်းရုံ မဟု တ်ဘဲ
နောက်ပိုင်းမှာ ဆိုရင် ယောက်ျားလေးတွေပေါ်ကအစ Rape ဆန် ဆန်မျိုးလုပ်တဲ့ ကိစ္စမျိုးတွေပါ ဖြစ်လာတယ်။ ဒါ အင်မတန်မှ လူသားမဆန်တဲ့ဟာမျိုး ဖြစ်နေတယ်။
ဘာပဲပြောပြော တွေ့ရှိချက်တွေကို ကျနော်တို့က ပညာရှင်တွေလည်း တက်တဲ့ လူ့ အခွင့်အရေး ညီလာခံမှာ ဒါကို တင်ပြခြင်း ဖြစ်ပါတယ်။ ”

အခုလိုမျိုး နှိပ်စက် ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံမှာလည်း တည်ဆဲဥပဒေအရ တားမြစ်မှုတချို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီကိစ္စ တွေနဲ့ ပတ်သက်လို့
ပြန်ပြီးတော့ တရားစွဲဆိုတာ၊ ပြန်ပြီးတော့ တိုင်ကြားတာမျိုးတွေရော ရှိပါသလားခင်ဗျ။

“အခု ၂၀၁၀ ထဲမှာ ဖြစ်ပျက်ခ့တ


ဲ့ဲ ကိစ္စတချို့မှာ ဆိုရင် မိသားစုတွေက သက် ဆိုင်ရာကို တိုင်ကြားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တာဝန်ရှိတဲ့၊ နှိပ်စက်ညှဉ်းပန်းတဲ့
သူတွေက တယောက်မှ အရေးယူခံရ တယ် လို့ ကျနော်တို့ မကြားသေးပါဘူး။”

အခုလို ညှဉ်းပန်းနှိပ်စက်တဲ့၊ လူ့အခွင့် အရေး ချိုးဖောက်တဲ့ တာဝန်ရှိသူတွေ ကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားဖို့ ၂၀၀၈ ခုနှစ် ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ထမ
ှဲာ ဖော်ပြထားတာကို မစ္စတာ ကင်တားနားရဲ့ အခု အစီရင်ခံစာထဲမှာ ပြန်လည် ထောက်ပြပါတယ်။ ဒီလို လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ အထူးသဖြင့် လူသားမျိုး နွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်တ ယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မမှန်ကန်ဘူး လို့ မြန်မာအစိုးရကတော့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့လည်း မစ္စတာ ကင်တားနားကတော့ မြန်မာအစိုးရဘက်က အခု လို ငြင်း ဆိုနေတဲ့အပေါ်မှာ ခိုင်မာစေချင်ရင် နိုင်ငံတကာက စုံစမ်းရေးမှူးတွေ၊ နိုင်ငံတကာ စုံစမ်းရေး
အဖွဲ့တွေကို မြန်မာနိုင်ငံကို ဖိတ်ကြားဖို့ လိုတယ်လို့ အခု အထွေေ ထွ ညီလာခံကို တင် သင
ွ်းတဲ့ အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။

ကြံ့ဖွံ့ပါတီ မဲဆွယ်လှုပ်ရှားမှု ဥပဒေနဲ့ မညီ

By မသင်းသီရိ အင်္ဂါ, 19 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် လက်ရှိ ထိပ် တန်းဝန်ကြီး တချို့ရဲ့ မဲဆွ ယ် စည်းရုံးမှုတွေဟာ ဥပဒေနဲ့
ကိုက်ညီမှု မရှိသ လို မမျှမတဖြစ်တဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ သူတို့နဲ့ ယှဉ်ပြိုင်မယ့် တခြား ဒီမိုကရက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်ေ တွက ပြောပါတယ်။
အပြည့်အစုံကို မသင်းသီရိ က တင်ပြပေးထားပါတယ်။

မင်္ဂလာတောင်ညွန့်ြ မို့နယ်ကနေ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မယ့် လက်ရှိ အလုပ်သမားဝန်ြ ကီး ဦးအောင်ြ ကည်ဟာ သူ့ရဲ့
မဲဆန္ဒနယ် အတွင်းမှာ သူ့ဓာတ်ပုံ အကြီးကြီးတွေနဲ့ မဲဆွယ်တဲ့ ဆိုင်း ဘုတ်ေ တွ အများအပြား စိုက်ထူထားတယ် လို့ သူနဲ့ယှဉ်ပြိုင်မယ့် ဒီမိုကရက်ပါတီ (မြန်မာနိုင်ငံ) က
ဦးသုဝေက ပြောပါတယ်။ အဲဒီအထဲမှာ ဘာသာရေး ဆိုင်ရာတွေကို ခုတုံးလုပ်ပြီး မဲဆွယ်တာမျိုးတွေလည်း တွေ့နေရပြီး ဒါဟာ ဥပဒေကြောင်းအရ လွဲချော်နေတဲ့လုပ်ရပ်
ဖြစ်တယ် လို့ ထောက်ပြပါတယ်။

“ဦးအောင်ကြည်က သူ့ပုံနဲ့ ပိုစတာကြီးတွေကို အများကြီးကပ်တယ်၊ အများကြီး ထောင်ထားတယ်ပေါ့။ လမ်းခွတွေ၊ လမ်းခွတွေမှာ အများကြီး ထောင်ထားတာတွေ
ရှိတယ်။ အဲဒီအထဲမှာလည်း ဘာသာရေး ခေါင်းဆောင်တွေနဲ့၊ ခရစ်ယာန်နဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာတွေနဲ့ တွဲပြီး ရိုက်ထားတာတွေ ရှိတယ်။ အမှန် ကတော့ အဲဒါက
ဘာသာရေးနဲ့ ပတ်သက်လို့ ကျူးလွန်ထားတာတွေ ဖြစ်နေတယ်။ စကတည်းကို က သူတို့က သူတို့ ထု တ်ပြန်ထားတဲ့ ဥပဒေကို ဖောက်ဖျက်တာပဲလေ။
ပါတီဖွဲ့ ကတည်း က၊ ရွေးကောက်ပွဲ ၀င်ကတည်း က စပြီး တော့။”

ဒါ့အပြင် လက်ရှိအာဏာကို သုံးပြီးတော့ ပြည်သူပိုင် ပိုက်ဆံတွေကိုသုံးပြီး မဲဆွယ် စည်းရုံးမှုမျိုးတွေ၊ ကတိ က၀တ် ပေးတာမျိုးတွေကို လုပ်နေတာမျိုး ရှိတယ်လို့လည်း
ပြောပါတယ်။

“ကျနော့် မဲဆန္ဒနယ်မှာဆိုရင် ကျောင်းလာဆောက်ပေးတယ်။ ပြီးတော့ လမ်းတွေ ဘာတွေ လာခင်းပေးတယ်။ လမ်းခင်းပေးတယ် ဆို တာလည်း တချို့ဟာတွေက
အများအားဖြင့်တော့ တ၀က်စီ ခင်း ထားတာ ရှိတယ်၊ တ၀က် တပျက်တွေပေါ့။ တချို့နေရာတွေကျတော့ လူထုက ပိုက်ဆံပေးရသေးတယ်။ အဲဒါတွေကိုတော့ မဲပေးရင်
ပြီးအောင်ခင်း ပေးမယ် ဆိုတာမျိုးတွေပေါ့။ အဲဒါမျိုး လုပ်တာတွေ ရှိတယ်။ အဲဒီက တိတွေ ပေးတဲ့န ည်းနဲ့ သူက များများ ပိုလုပ်နိုင်တာပေါ့။ သူက အာဏာရှိတ့လ
ဲူကိုး။
ကျနော်ကတော့ ဒီလို ကတိေ တွ ပေးတာ မရှိဘူးလေ။ လူထုနဲ့ ထိေ တွ့ တာကိုတော့ ကျနော်က အများဆုံး လုပ်တာပေါ့။”

ဒီမိုကရက် တစ်ပါတီ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခွင့်အရေးမျိုးတွေဟာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာသာ ရှိနေပေမဲ့ သူတို့ရဲ့ ဒီမိုကရက် တစ်ပါတီ (မြန်မာနိုင်ငံ) အပါအ၀င် တခြား နိုင်ငံရေး အင်အားစု
ပါတီတွေမှာ မဲဆွယ်ဆိုင်းဘု တ် ထောင်တဲ့ ကိစ္စမျိုးတွေမှာတောင် အခက်အခဲ ရှိနေတာမျိုးတွေ၊ ကန့်သတ်ခံရတာမျိုး တွေ ရှိနေတယ် လို့လည်း ပြောပါတယ်။

နောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စမ်းချောင်းမြို့နယ် လွှတ်ေ တ်ာကိုယ်စားလှ ယ်၊ လက်ရှိ ကျန်း မာရေး ဒု-၀န်ကြီး ဦးပိုင်စိုးနဲ့ ယှဉ်ပြိုင်ရမယ့် အမျိုးသား ဒီမိုကရက်တစ်ပါတီ
(NDF) ရဲ့ ကိုယ်စားလှယ် ဦး စိုးဝင်းကလည်း ဦးပိုင်စိုးဟာ အာဏာသုံးပြီး ကြိုတင်မဲရဖို့ လုပ်နေတာမျိုးတွေ ရှိနေသလို မမျှ မတ ဖြစ်နေတဲ့ အခြေအနေမျိုးတွေ
ရှိနေတယ်လို့လည်း ပြောပါတယ်။

“မမျှမတ လုပ်ထားတယ် ဆိုတာ ဘယ်နေ့မှာ စပြီးတော့ ကြိုတင်မဲ ကောက်မယ်တို့၊ သူ တို့ ကြိုတင်မဲ လာတောင်းနေတာတွေ ရှိပါတယ်။ သူတို့ ဒီဟာတွေကို
ရပ်ကွက်ထမ
ှဲာ လိုက်ပြီး ၀န်ထမ်းနဲ့ပဲ စာရင်းကောက်တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရောပြီးတော့ သူတို့ လိုက်ကောက် သွားတာတွေ ရှိပါတယ်။

“စမ်းချောင်းထဲမှာပဲ ကျနော်နေတဲ့ လမ်းထဲမှာတောင် လမ်းလာခင်း ပေးတယ်။ လမ်းခင်းပေးတယ် ဆိုတာမှာ ကျောက်တို့၊ သဲတို့၊ ဘိလပ်မြေတို့ ချပေးတယ် ဆိုပေမဲ့
ကျန်တ့လ
ဲုပ်အားက ဒီက ပေးရတာ များပါတယ်။ လမ်းပြီးသွားတဲ့ အခါမျိုးမှာ မှတ်တိုင်ဆိုပြီး မော်ကွန်း ဘာညာ စိုက်ပါတယ်။ ခြင်္သေ့တံဆိပ်တွေနဲ့ လာလုပ်ထားတာ
ရှိပါတယ်။ နာမည်ဆိုလည်း၊ အစတုန်းကတော့ ကျနော်တို့က ဒါ ဟုမ်းလမ်းဘူတာ ရပ်ကွက်ပါပဲ။ အရင်တုန်း က ပန်းလှိုင်လမ်းဆိုပြီးတော့ ဟုမ်းလမ်း ၁ လမ်း၊ ၂ လမ်း၊ ၃
လမ်း၊ အခုကျတော့ အောင်ပန်းလှိုင်တို့ ဘာတို့ နာမည် လာတပ်ပြီးတော့ သူတို့ လုပ်ထားတာတွေ ရှိပါတယ်။ ”

စမ်းချောင်းမြို့နယ် NDF ပါတီက လွှတ်ေ တာ် ကိုယ်စားလှယ် ဦး စိုးဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေဟာ ရန်ကုန်တိုင်း အတွင်းမှာ တင် မဟုတ်ဘဲ တနိုင်ငံလုံး နီးပါးမှာ ကြုံနေရတယ်လို့လည်း ဦးစိုးဝင်းက ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဓိက ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်တဲ့ ၀န်ြ ကီးချုပ် ဦး သိန်းစိန်၊ သီဟသူရ တင်ေ အာင်မြင့်ဦး၊ ဦးရွှေမန်း စတဲ့သူတွေ ဟာ
နေပြည်တော်ကနေ အဓိက ၀င်ရောက် ယှဉ်ပြို င်ကြမှာဖြစ်ပြီး ကျန်တဲ့ အဖွဲ့ဝင် ၀န်ြ ကီးတွေကသာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ကိုယ်စားပြုပြီး တခြား နိုင်ငံ နေရာအနှံ့မှာ
ဝင်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ သတင်းယူရေး ပြည်တွင်း သတင်းသမားများ ဇဝေဇ၀ါဖြစ်

By မသင်းသီရိ အင်္ဂါ, 19 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

နိုဝင်လာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်ပ လေ့လာစောင့်ကြည့်သူတွေ၊ သတင်းမီဒီယာတွေ ကို လာရောက်ခင
ွ့် မပေးဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌက မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်း လင်းပွဲမှာ အတိအလင်း ပြောကြားလိုက်ပါပြီ။ ဒါပေမဲ့ ပြည်တွင်းမှာ ရှိနေတဲ့ သတင်း သမားတွေ အနေနဲ့
ရွေးကောက်ပွဲ ရက်တွေမှာ ဘယ် လို သတင်း ယူခင
ွ့် ရမလဲဆိုတဲ့ အခြေအနေတွေ ပေါ်မှာ လည်း ရှင်းရှင်းလင်းလင်း ပြောပြသွားတာ မရှိလို့ သတင်းသမားတွေ အနေနဲ့
ရွေးကောက်ပွဲရက်မှာ သတင်းယူဖို့ အခက်အခဲေ တွ ကြုံလာနိုင်တယ်လို့လည်း ပြည်တွင်း သတင်းထောက်ေ တွက သုံး သပ်ကြပါတယ်။ အပြည့်အစုံ ကို မသင်းသီရိက
တင်ပြပေးထားပါတယ်။
မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်း လင်းပွဲဟာ ရွေးကောက်ပွဲရက် နီး လာပြီမို့ မဖြစ်မနေ ပြုလုပ်လိုက်ရ တဲ့ သတင်းစာ ရှင်း လင်းပွဲ တခုလို့ သတင်းသမား
အများစုက သုံးသပ်ကြပြီး အဲဒီအထဲမှာ အဓိကက ပြည်ပက ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်သူေ တွ၊ ပြည်ပက သတင်းသမားတွေကို လာခွင့်မပြုတဲ့ အကြောင်းကိုသာ
ထုတ်ပြန် ပြောဆိုသွားတာပါ။ ဒါပေမဲ့ ပြည်တင
ွ်း သတင်းမားတွေ၊ ရွေးကောက်ပွဲ သတင်းယူရေး ကိစ္စ ကို မေးမြန်းရာမှာလည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ဦးသိန်းစိုးက ရှင်းရှင်းလင်းလင်း ပြောသွားတာ မရှိဘူးလို့ ဒီသတင်းစာရှင်းလင်းပွဲကို သွားတက်ခဲ့ တဲ့ ပြည်တွင်း သတင်းထောက် တဦး က ပြောပါတယ်။

“နီးမှပဲ မဖြစ်မနေ လုပ်လိုက်ရတဲ့ သဘောပေါ့။ ဘယ်လိုမှ မလုပ်ရင် လည်း မကောင်းလို့။ မလုပ်လည်း မလုပ်ချင်ဘူး၊ ဒါပေမဲ့ မလုပ်လို့လည်း မကောင်းလို့
လုပ်လိုက်ရ တယ် လို့ ထင်တ ယ်။ ဖြေတဲ့အဖြေက ဥပဒေအတိုင်း၊ ဥပဒေအတိုင်း ဆိုပြီးတော့ ဖြေသွားတဲ့ အတွက်ကြောင့်မို့ တချို့နေရာတွေမှာ ထိထိရောက်ရောက်
ကျနော်တို့ သေချာ မသိရတဲ့ ဇဝေဇ၀ါ ကိစ္စွတွေ အများကြီးရှိတယ်။

“နောက်တခု အဆိုးဝါးဆုံးကတော့ ကျနော်တို့က election ကျင်းပနေတဲ့ ရက်မှာ ကျနော်တို့ သတင်းသမားတွေ ဘယ်လို သတင်းရယူမ လဲဆိုတ့က
ဲိစ္စ အရေးကြီးတာ
ဖြစ်တ့အ
ဲ တွက် အဲဒီကိစ္စ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ဆိုတော့ သတင်း သမားတွေ အနေနဲ့ အဲဒီနေ့ ရင်ဆိုင်ရမယ့် ကိစ္စက အခုချိန်ထိ မေးခွန်း
ထုတ်နေရတုန်းပဲ။ ဘာမှ ချိန်ဆလို့မရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒီနေ့ သတင်းရယူဖို့ ကိစ္စက ကျနော်တို့အတွက် ခက်ခဲနေပါသေးတယ်။ ”

တကယ်ေ တာ့ ရွေးကောက်ပွဲ ကျင်းပဖို့ ၁၈ ရက်သာ လိုပါတော့တယ်။ ဒီလိုအချိန်မျိုး မှာ သတင်းသမားတွေအတွက် တိ ကျတဲ့ ထု တ်ပြန်ချက်တွေ ရှိထားရမှာ ဖြစ်ပြီး ဒီလို
ထုတ်ပြန်ချက်တွေ မရှိခဲ့ဘူးဆိုရင် နယ်မြေအလိုက် သက်ဆိုင်ရာ မဲရုံတာဝန်ခံတွေရဲ့ မတူညီတဲ့ အာဏာအသုံးပြုမှုတွေကြား သတင်းယူဖို့ ပြဿနာဖြစ်မှာ
သေချာတယ်လို့လည်း ဆိုပါတယ်။

“Local Journal တွေရော၊ နိုင်ငြံ ခား သတင်းထောက်တွေရော လုပ်လို့ရ တယ်ပေါ့၊ လောလောဆယ် ဒီလိုပဲ နားလည်တယ်။ ဒါပေမဲ့ ကျနော်တို့ စိုး ရိမ်နေတာက
တကယ်တမ်း မြေပြင်မှာ သတင်းယူတဲ့ အခါကြတော့ သက် ဆိုင်တဲ့ မဲရုံအ သီးသီးမှာ ရှိတဲ့ တာဝန်ယူတဲ့သူတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေက ခွင့်မပြုဘူးဆိုရင်
ကျနော်တို့မှာ ခွင့်ပြုတဲ့ အနေအထား ပြနိုင်တဲ့ documents လည်း မရှိဘူး။ အဲတော့ ကျနော်တို့ဘက်ကို ပေးမထားတဲ့အတွက် တာဝန်ရှိတဲ့ သူတွေ ဘက်ကိုရော
ပေးထားလားဆိုတော့ ပေးမထားတဲ့အတွက် ကျနော်တို့က ရှေ့တိုးလို့မရမှာ စိုးရိမ်တယ်။

“တကယ်တမ်း အဲဒီနေ့မှာ ကျနော်တို့ ဘယ် လိုရင်ဆိုင်ရမလဲဆိုတာ မခန့်မှန်း တတ်ဘူး။ စိုးရိမ်လို့လည်း ကျနော်တို့ ဒီကိစ္စတွေကို ထပ်တလဲလဲ မေးတာပေါ့နော်။
မေးတဲ့အခါမှာ ဥပဒေအရ ခွင့်မပြုဘူးလို့ ပြောတယ်။ အပြင်မှာ ကျနော်တို့ ဦးသိန်းစိုးနဲ့ အလွတ်သဘော ထပ်ပြောတဲ့အခါကြတော့ သူတို့အနေနဲ့ ဒီလို ညွှန်ြ ကားထားတာ
မရှိဘူး။ သတင်းယူ လို့လည်း ရပါတယ်၊ ပေးပါတယလို့ ထပ်ပြီးပြောတယ်၊ အဲဒီကိစ္စကို။ တိတိကျကျ ညွှန်ကြားပေးဖို့ ပြောတဲ့အခါကြတော့ သူက အဲဒါကို တိတိကျကျ
မတုံ့ပြန်ဘူး။”

တခါ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ပြုတဲ့ ကိစ္စအပေါ် သတင်းထောက် တဦးရဲ့ အမေးကို အတိအကျ မဖြေသွားသလို ကြံ့ခိုင်ရေး
ပါတီကြီးက တခြား ပါတီငယ်လေးတွေ အပေါ် နှိပ်ကွပ်နေတဲ့အပေါ် တရားစွဲဆို ထားတဲ့ အကြောင်းတွေကို ကော်မရှင်က ဘာဆက်လုပ်နေပါသလဲ ဆို တဲ့ မေးခွန်းကိုလည်း
အတိအ ကျ မဖြေသွားဘဲ ပါတီကြီး၊ ပါတီငယ်ဆိုတာ သတ်မှ တ်ထားတာ မရှိတဲ့အကြောင်းသာ ပြောသွားတယ်လို့လည်း သူ က ပြန်ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစြု ကည် ကိစ္စပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပေးတာ ဘာကြောင့်လဲဆိုပြီး မေးတော့ သူက ဥပဒေအတိုင်းပဲလို့ ပြောသွားတယ်။ မဲပေးခွင့်
ပေးတဲ့ကိစ္စက ဥပဒေအတိုင်း ပေးတာဖြစ်တယ် ဆိုတော့ လည်နေတယ်၊ ကျနော်တို့ နားမလည်ဘူး၊ ဘာကို ဆိုလိုမှန်း မသိဘူး။ တိ တိကျကျ မဖြေတာ အဲဒီတခုရှိတယ်။
သူတို့က ပါတီအားလုံး ကို အတူ တူပလ
ဲို့ မြင်တယ်။ သူ တို့မှာ ပါတီကြီး၊ ပါတီငယ်ဆိုပြီး အယူအ ဆ မရှိဘူး။ သူတို့အနေနဲ့ မျက်နှာလို က်တာလည်း မရှိ ဘူးလို့တော့
ပြောသွားပါတယ်။”

တခါ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ အဖွဲ့နဲ့ အတူ နိုင်ငံတ ကာ သံတမန်တွေ ကို ရွေးကောက်ပွဲရက် လေ့ လာခွင့် ပေးမယ်လို့ စီစဉ်ထားတယ် ဆိုတဲ့ နေရာမှာ လည်း
ထုံးစံအတိုင်း ကြိုတင်ပြင်ဆင်ထားတဲ့ နေရာတွေကိုသာ ခေါ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဒါကတော့ သူတို့ စြံ ပရွေးချယ်ထားတဲ့ နေရာတွေ ရှိနိုင်ပါတယ်။ အဲဒီနေရာတွေပဲ အဓိက ခေါ်သွားလိမ့်မယ်လို့ ကျနော်တော့ မျှော်မှန်းမိပါတယ်။ ကျနော်တို့
လောလောဆယ် သူ တို့ သတင်း လုပ်နေတဲ့ ပုံစံအရ နားလည်တာကတော့ မြို့ကြီးပြကြီးတွေမှာ၊ ရန်ကုန်နဲ့ အနီးတ၀ိုက်၊ မန္တလေးနဲ့ အနီးတ၀ိုက်ကျတော့ နဂိုကတည်းက
မီဒီယာတွေနဲ့ နီးစပ်တယ်။ တခုခုဆိုလည်း သိလွယ်တယ်ပေါ့။ အဲဒီလို နေရာမျိုးတွေကြတော့ Transparency ရှိနိုင်တယ်လို့ ကျနော် မျှော်မှန်းတယ်။ ”

မနေ့က နေပြည်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက် တဦး ပြောပြခဲ့တာ
ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြုလုပ်တဲ့ရက်မှာ မဲရုံတွေနားမှာလည်း ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်ကူး တာတွေလည်း မပေးဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။

မဲရုံ စောင့်ကြည့်ပေးမယ့်သူ နည်းပါး

By ဦးကျော်အောင်လင
ွ် အင်္ဂါ, 19 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

ရွေးကောက်ပွဲကို ၀င်ြ ပိုင်ကြမယ့် လွှတ်ေ တာ် ကိုယ်စားလှယ်လောင်း တွေ တော်တော်များများအတွက် မဲရုံမှာ စောင့်ကြည့်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ ရဖို့ အခက်အခဲ
ဖြစ်နေပါတယ်။ မဲရုံ စောင့်ြ ကည့်သူတွေ မလောက်မင ဖြစ်နေရင် မဲပေးတဲ့ အချိန်မှာ မှားယွင်းမှုတွေ၊ မသမာမှုတွေ ရှိလာတဲ့အခါ ထောက်ပြနိုင်မယ့် သက်သေတွေ မရှိဘဲ
ဖြစ်နေလိမ့်မယ် ဆိုပြီး ကိုယ်စားလှယ်ေ လာင်းတွေနဲ့ နိုင်ငံရေး ပါတီတွေက စိုးရိမ်နေကြပါတယ်။ အပြည့်အစုံ ကို ကိုကျော်အောင်လင
ွ်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့ကျရင် မဲရုံမှာ စောင့်ကြည့်ဖို့ ၀င်ြ ပိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကနေ သူတို့ရဲ့ မဲရုံကိုယ်စားလှယ်အဖြစ် လူ ၂ ဦး
ရွေးချယ်ပြီး ထားပိုင်ခွင့် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှ တ်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်ေ လာင်းတွေ တော်တော် များများအတွက်
မဲရုံစောင့်ပေးမယ့်သူေ တွ အခုချိန်ထိ လုံလုံေ လာက်လောက် မရသေးလို့ စိတ်ပူနေကြပါတယ်။

ဦးမြတ်ဉာဏစိုးဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကနေ ရန်ကုန်တိုင်းမှာ ၀င်ြ ပိုင်မယ့် လွှတ်ေ တာ် ကိုယ်စားလှယ်ေ လာင်း တဦးပါ။
“ကျနော်တို့ မဲရုံကိုယ်စားလှယ် အပြည့်ပေါ့ လျာထားတဲ့ မြို့နယ်ဆိုလို့ မရှိသေးပါဘူး။ ဖြစ်နိုင်ရင်တော့ ကျနော်တို့ရဲ့ ပါတီဝင်များက မဲရုံကိုယ်စားလှ ယ်အဖြစ်
ထမ်းဆောင်ပေးဖို့ကတော့ ရှိတာပေါ့။ ကျနော်တို့ ပါတီ ထူထောင်ရတာက အချိန် အရမ်းတိုနေသေးတော့ ပါတီဝင်အင်အား အဲဒီလောက် များများစားစား စုစည်းလို့
မရသေးပါဘူး။ အဲဒီအတွက်ကြောင့်မို့ စေတနာရှင်များကိုပဲ ကျနော်တို့က ဖိတ်ခေါ်နေရတာ။ အဲဒီမှာ လည်း လုံလောက်တဲ့ အရေအတွ က်ကို ကျနော်တို့
မရသေးပါဘူးခင်ဗျ။”

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ နယ်ကနေ ၀င်ပြိုင်မယ့် တသီးပုဂ္ဂလ လွှ တ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးဘတင့်ဆွေကလည်း မဲရုံစောင့်ပေးမယ့် လူရဖို့
တော်တော် ကြိုးစားနေရတဲ့အကြောင်း ရှင်းပြပါတယ်။

“ကျနော့်ရဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ဆိုရင် မဲရုံပေါင်းက ၃၃၃ ရုံဆိုတော့ လူပေါင်း ၆၀၀ ကျော်လောက် ထားနိုင်မယ်ပေါ့ဗျာ။ အနိမ့်ဆုံး တယောက်ထားမယ်
ဆိုရင်တောင် ၃၃၃ ယောက်နဲ့ ထားရမှာ ဆိုတော့ တော်တော်လေးကို ရှာရဖွေရတာ မလွယ်ဘူးဗျ။ အခု လောလောဆယ် ကျနော့်အနေနဲ့ လူ ၁၀၀ လောက်တော့ ရပြီဗျ။
နောက်ထပ် ၂၀၀ ကျော်လောက် ထပ်ရှာဖို့က တော်တော် အခက်အခဲဖြစ်နေတယ်။”

အဓိက လူတွေ ရှာရခက်တယ်ဆိုတာ ဘယ် လို အခြေအနေတွေကြောင့်လဲ ခင်ဗျ။

“Volunteer လုပ်ပေးချင်တဲ့ ကလေးတွေ ကတော့ ရှိတယ်ဗျ။ အဲတော့ သူတို့က စိုးရိမ်စိတ်တွေပေါ့ဗျာ၊ မဲရုံ ကိုယ်စားလှယ်တွေဆိုရင် မဲစာရင်းနံပါတ်တို့၊ နေရပ်လိပ်စာ၊
ဓာတ်ပုံတွေ၊ မှတ်ပုံတင် နံပါတ်တွေနဲ့ ပုံစံ ၈ ကို ဖြည့်ပြီး တင်ရမှာ။ အဲဒီလို မှတ်ပုံတင်တွေ၊ ဓာတ်ပုံတွေ၊ လိပ်စာတွေ ပေးရတာကို စိုး ရွံ့စိတ်တွေက ရှိ နေတယ်ဗျ။
အဲဒီကြောက်စိတ်နဲ့ မလုပ်တော့ ကျနော်တို့က ရှာ ရတာ တော်တော်ခက်နေပြီဗျ။”

မဲရုံမှာ စောင့်ကြည့်ပေးမယ့်သူ မရှိရင် ကိုယ်စားလှယ်ေ လာင်းတွေအတွက် နစ်နာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေတဲ့သူ နောက်တဦးကတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီ
(UDP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦး သိန်းတင်အောင်ပါ။

“ကျနော့်ြ မို့နယ်မှာဆိုရင် မဲရုံပေါင်း ၁၉၉ ရုံ ရှိတဲ့အတွ က် ကျနော်တို့ အနေနဲ့ အဲဒီလို စောင့်ကြည့်ဖို့ တအိမ်ကို တယောက်နှုန်းနဲ့ တွ က်ရင်တောင်မှ ၁၉၉ ယောက်
ရှာရမယ့် အတွက်ကြောင့် ကျနော့်မှာ တော်တော် အခက်အခဲ ဖြစ်ပါတယ်။ မဲရုံစောင့် မရရင် ကျနော်က အဲဒီနေ့မှာ မဲရေတွက်တ့အ
ဲ ခါ မဲမသမာမှုတွေ၊ မဲလိမ်မှုတွေ၊
မှားယွင်းမှုတွေကို ကျနော်က စောင့်မကြည့်နိုင်ရင် ၀င်ရောက် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်ေ လာင်း အတွက် အများကြီး နစ်နာမှုတွေ ရှိနိုင်ပါတယ်။ ”

စောင့်ကြည့်ပေးမယ့် ကို ယ့်ရဲ့ ကိုယ်စားလှယ်သာ မဲရုံမှာ ရှိနေရင် မဖြစ်သင့်တာတွေကို တားဆီးနိုင်လိမ့်မ ယ်လို့ NDF ပါတီက ဦးမြတ်ဉာဏစိုးက ပြောပါတယ်။

“မဲရုံ ကိုယ်စားလှယ်ေ တွ ထားနိုင်မှသာလျှင် တရားမဲ့ ပြုကျင့်မှုတွေလုပ် တာ၊ ပါတီတခုတည်းကိုပဲ ပုံအောပြီးတော့ ဆန္ဒမဲ ပြုခိုင်းတာမျိုး။ အမှတ်အသား တခုကို ပြပြီးတော့
ဒီဘက်ဘေးမှာပဲ အမှန်ြ ခစ်လိုက်ပါ ဆိုတဲ့ ကိစ္စရပ်မျိုးတွေပေါ့။ ကျနော်တို့ဘက်မှာ ကိုယ်စားလှယ်တွေ ရှိနေရင်တော့ ဒါတွေက စောင့်ြ ကပ် တားဆီးနိုင်မှာပါ။”

အခုလို သူတို့ စိုး ရိမ်နေရတဲ့ အဓိ က အကြောင်းအချက်တွေထဲမှာ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ပေးထားတဲ့ မဲရုံဝန်ထမ်းတွေ ဟာ ဘယ်လောက်အထိ
စိတ်ချယုံကြည်ရသလဲ ဆိုတာလည်း ပါဝင်ပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်ပေါ့၊ ရပ်ကက


ွ် ရွေးကောက်ပွဲ ကော်မရှင်တွေမှာ တချို့ ကော်မရှင် ဥက္ကဋ္ဌတွေ၊ အဖွဲ့ဝင်တွေ က အရင်တုန်းက ရယက ဥက္က ဋ္ဌဟောင်းတွေ၊
အရင်တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင် ဟောင်းတွေလို့ေ တာ့ ကျနော်တို့ ကြားသိရတာ ရှိပါတယ်။ အကယ်၍သာ အရင်တုန်းက ဘာဖြစ်ခြဲ့ ဖစ်ခဲ့ အခု ရွေး ကောက်ပွဲ
ကော်မရှင်မှာ လုပ်ရတဲ့အတွက် သမာသမတ် ကျစွာနဲ့ လုပ်ကြမယ် ဆိုရင်တော့ ကျနော်တို့က အများကြီး ကြိုဆိုပါတယ်။

“ဒါမှမဟုတ် ဘက်လိုက်မှုတွေ၊ အရင်တုန်း က သူတို့ မိခင်အသင်း အတွ က် လုပ်ပေးမယ့် ဘက် လိုက်မှုေ တွ ရှိရင်တော့ ကျနော်တို့ ဒီမိုကရက် တစ် အင် အားစု ပါတီတွေ၊
ကိုယ်စားလှယ်ေ လာင်းတွေ အတွ က်တော့ အများကြီး နစ်နာမှု ရှိနိုင်ပါတယ်။ ”

UDP ပါတီက ဦး သိန်းတင်အောင် ပြောခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ တရားမျှ တမှုတွေ ဖြစ်နိုင်ရေး ပြည်သူတွေ ကိုပဲ အားကိုးချင်ပါတယ်လို့ NDF ပါတီက ဦး မြတ်ဉာဏစိုးက ပြောပါတယ်။

“ကျနော်တို့က ပြည်သူလူထုရဲ့ အားကို လိုနေပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒမဲ ပေးပိုင်ခွင့်ကို အချယ်လှယ်ခံမ လား၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေနဲ့
ပူးပေါင်းပြီး စေတနာ့ဝန်ထမ်း မဲရုံ စောင့်ကြည့်သူများအဖြစ်၊ ဒိုင်လူကြီးများအဖြစ် ပူး ပေါင်း ဆောက်ရွက်မလား ဆိုတာကို ပြည်သူလူထုကြီး ကိုယ်တိုင်
ရွေးချယ်စေချင်ပါတယ်ခင်ဗျ။”

လွှတ်တော် ကိုယ်စားလှယ်ေ တွ အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့အ ထိ မဲရုံတွေမှာ စောင့်ကြည့်ပေးမယ့်သူေ တွ မရရင်လည်း ဒီအတိုင်းပဲ ဆက်ပြီး တော့
သွားရလိမ့်မယ်လို့ ပြောနေပါတယ်။

KIO ဆက်ဆံရေးရုံး အရာရှိ မြန်မာစစ်တပ် ဖမ်းဆီးခံရ

By နူးပန် အင်္ဂါ, 19 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

မြန်မာစစ်တပ်က ဟိုပင်မှာရှိတဲ့ KIO ဆက်ဆံရေးရုံး အရာရှိ ဗိုလ်ကြီး ဒဘန်ခေါင်လမ


ွ်းကို မနေ့က ရုတ်တရက် ဖမ်းဆီးလိုက်ပါတယ်။ ဆက် ဆံရေးရုံးကိုလည်း ၀ိုင်းခံရပြီး
ပစ္စည်းတွေ မွှေနှောက် သိမ်းဆည်းတာမျိုး တွေ လုပ်ခဲ့ပါတယ်။ KIO ဘက်ကလည်း ဌာနချုပ်အ၀င် လဂျားယန်ဂိတ်မှာ စစ်အင်အား ဖြည့်လိုက်ပါတယ်။
ဘယ်လိုတင်းမာမှုတွေ ဖြစ်သွားခဲ့တယ်ဆိုတာ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ် ဟိုပင်နဲ့ မိုးညှင်းမှာ ရှိတဲ့ KIO ဆက်ဆံရေးရုံးကို မြန်မာစစ်တပ်က ၀ိုင်း ထားပြီး ဆက်ဆံရေး အရာရှိ ဗိုလ်ကြီး ဒဘန်ခေါင်လမ
ွ်းကိုတော့ ပင်း ဘောဆေးရုံက
အပြန်မှာ ရုတ်တရက် ပိတ်ဖမ်း လိုက်တာ ဖြစ်ပါတယ်။ KIO အရာရှိတယောက် ကချင်လို ပြောတာကတော့…

“မနေ့ညက ၀ိုင်း ထားတယ်။ ဒီမနက် ၄ နာရီလောက် ပြန်ရုပ်သိမ်းလိုက်တယ်။ အိမ်မှာ မွှေတယ်၊ အဲဒီမှာရှိတဲ့ KIA အဖွဲ့ဝင် တယောက်ရဲ့ ဖုန်းတွေ ယူ ပေးလိုက်တယ်။
ပစ္စည်းတွေလည်း သိမ်းယူ လိုက်တယ်။ ဗို လ်ကြီး ခေါင်လမ
ွ်းကိုေ တာ့ ဟိုတလောကဖြစ်တဲ့ ဗုံး ပေါက်တဲ့ကိစ္စ ဖြေရှင်းပေးနေတာ ဆေးရုံက အပြန်မှာ လမ်းမှာဟန့်တားပြီး
အကြာကြီး စစ်ဆေးပြီးမှ လူကိုတော့ ရုံးကို ဖမ်း သွားတာ။” လို့ ပြောသွားတာပါ။

ဖမ်းဆီးမှုနဲ့ ဟိုပင်နဲ့ မိုးညှင်း ဆက်ဆံရေးရုံးတွေကို ၀ိုင်း ထားတဲ့ ကိစ္စနဲ့ ပတ် သက်ပြီး KIO က အကြောင်းပြချက် အတိအကျ မသိသေးတဲ့အ တွက် အတည်ပြု ပြောဆိုလို့
မရသေးဘူးလို့ KIO ဒု-အထွေေ ထွ အတွင်းရေးမှူး ဆင်ဝါးက ပြောပါတယ်။

ဗိုလ်ကြီး ဒဘန်ခေါင်လမ
ွ်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရ သတင်းစာမှာ ဖော်ပြလိုက်တဲ့ KIO နယ်မြေက ဗုံးပေါက်ကွဲမှုကြောင့် ပင်းဘောကျေးရွာသား ၂ ယောက်သေပြီး
တယောက် ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ လျော်ကြေးပေး တာဝန်ယူ ဖြေရှင်း ပေးနေတာ ဖြစ်ပါတယ်။

အခုလို စစ်အစိုးရက အကြောင်းပြချက် မရှိဘဲ ၀ိုင်း တာတွေ၊ ဖမ်းဆီးတာမျိုးတွေ ရုတ်တရက် လုပ်လာတာကြောင့် KIO ဘက်ကလည်း နောက်ထပ် ဖြစ်ပေါ်လာမှာ
စိုးရိမ်တဲ့အတွက် KIO ဌာနချုပ်အ၀င် လဂျားယန်မှာရှိတဲ့ KIO ဆက်ဆံရေးရုံးတွေနဲ့ တပ်တွေ ကို ကြိုတင် စစ်အင်အား ပြန်ဖြည့်လိုက်တာလို့ KIO အရာရှိတွေက
ပြောပါတယ်။

ဖမ်းဆီးတဲ့ကိစ္စ အသေးစိ တ် မသိရတဲ့အတွ က် KIO အထက်ပိုင်း အရာရှိတွေက လဂျားယန် စရဖကို လာရောက်မေးမြန်းရာမှာ ဒေသခံတွေက စစ်ြ ဖစ်မှာကို စိုး ရိမ်
ကြောက်လန့်နေတယ်လို့ လဂျားယန် ဒေသခံ တယောက်ကလည်း ကချင်လို ပြောပါတယ်။

“မနေ့ညက ဘယ် လိုလဲ၊ အဲ လို သတင်းကြားတယ် ဟုတ်သလား၊ အဆက်အသွယ် ပျက်နေတယ်ဆိုပြီး စရဖကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဖြစ်တာလဲ ဆိုပြီး လာမေးတယ်။
စရဖကလည်း အခြေအနေ အစုံသိရင် ပြန်ပြောမယ်ပေါ့။ ဒါပေမယ့် မနေ့ညက ဗိုလ်မှူးချုပ် ဂွမ်မော် ကိုယ်တိုင် လာတာဖြစ်တဲ့အတွက် သူ့အဖွဲ့တွေလည်း အများကြီး
ပါတာလေ။ အဲလို အုပ်လိုက် ရောက်လာတဲ့အ တွက် ဒေသခံတွေ လန့် သွားတာ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့မှာပဲ လဂျားယန် KIO ဆက်ဆံရေးရုံးက အရာရှိကို စရဖက အရာရှိက တွေ့ ဆုံမှုတွေ လုပ်နေပြီး လဂျားယန်ဂိတ်ကတော့ အ၀င်အထွက်ေ တွ
ပုံမှန်အတိုင်း ဖြစ်နေတယ်လို့ သိရပါတယ် ။

လဂျားယန် KIO ဆက်ဆံရေးရုံးနဲ့ စရဖတို့က အမြဲ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိပေမဲ့ မြန်မာစစ်တပ်က ရဲမှူးတွေကတော့ အထက်က အမိန့်ကြောင့် လုံးဝငြင်းဆိုပြီး
ဖုန်းနဲ့တောင် အတွေ့မခံဘူးလို့ လဂျားယန် KIO အဖွဲ့ဝင်တွေ က ပြောပါတယ်။

လဂျားယန်ဂိတ်မှာ မြန်မာစစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေး၊ လ၀က၊ မူးယစ်နဲ့ လူကုန် ကူးရဲတွေ ချထားတာ ဖြစ်ပါတယ်။


နယ်ခြားစောင့်တပ်ကို လက်မခံ တဲ့ KIO ကို နောက် မြန်မာစစ်အစိုးရက KIO ခရီးသွားလာမှုတွေကို ကန့်သတ်မှုတွေလုပ်ပြီး စက်တင်ဘာလ ကတည်းက ဖမ်းဆီးမှုတွေ
လုပ်နေတာ ဖြစ်ပါတယ်။ ဒီလအတွင်းမှာ လည်း KIO ဆက်ဆံရေးရုံးတွေကို ရွှေ့ခိုင်းတာတွေ ရှိနေပါတယ်။

KIO ဘက်ကလည်း စစ်အစိုးရရဲ့ တင်းမာမှုတွေ တိုးလာတဲ့အပေါ်မှာ သတိထား စောင့်ကြည့်နေပြီး ထိုးစစ်ဆင်လာရင်တော့ ကာကွယ်ဖို့ အသင့်ရှိနေတယ်လို့
ပြောပါတယ်။

ရွေးကောက်ပွဲ အကဲခတ်သူတွေ လာခွင့်မပြုတဲ့အပေါ် အမေရိကန်နဲ့ ကုလ ဝေဖန်

By ဦးအောင်လွင်ဦး တနင်္လာ, 18 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ပြည်ပက သတင်းမီဒီယာတွေ လာရောက် သတင်းယူ အကဲခတ်ခွင့် မပေးဖို့
ကြေညာလိုက်တဲ့အတွ က် အများက လက်ခံနိုင်စရာတွေ ပိုလို့သာ ကင်းမဲ့စရာတွေ ဖြစ်ရကြောင်း အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ပြောဆိုလိုက်ကြပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွေ
ဲ တွ ဟာ ပွင့်လင်း လွတ်လပ်မှု ရှိပါ့မလား စိုး ရိမ်မကင်း ဖြစ်နေချိန်မှာ စစ်အစိုးရ အာဏာပိုင်တွေက အခုလို ကန့်သတ်မှုတွေ လုပ်ဖို့
ဆုံးဖြတ်လိုက်တာမို့ ပြစ်တင် ဝေဖန်သံတွေ နောက်ထပ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတွေ့ အကြုံ အများအပြား ရှိပြီးဖြစ်တာမို့ ကျွမ်းကျင်သူတွေ၊ စောင့်ြ ကည့်သူတွေ မလိုပါဘူး လို့ အာဏာပိုင်တွေက
ပြောလိုက်ပေမဲ့ နိုင်ငံတကာ အသိုင်းအ၀န်းကတော့ ဒါကို လက်မခံနိုင်ကြောင်း တုံ့ပြန်လိုက်ကြပါတယ်။ ပြည်ပက သတင်းမီဒီယာ သမားတွေ၊ အကဲ ခတ် လေ့လာသူေ တွ
စောင့်ကြည့်စရာ မလိုလောက်အောင် နိုင်ငံတကာ သံတမန်ေ တွ မျက်စေ့ရှေ့မှောက်မှာ ကျင်းပသွားမှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက
နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာ ရှင်း လင်းပွဲအတွင်း ပြောခဲ့တာပါ။

ဒါပေမဲ့လည်း နိုင်ငံရေး အင်အားစုတွေ ကျယ် ကျယ်ပြန့်ပြန့် မပါဝင်နိုင်တာမို့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု မရှိနိုင်ဘူးလို့ ရြှု မင်ထားတဲ့ အမေရိကန် ပြည်ထောင်စု
အနေနဲ့ကတော့ ဒီလုပ်ရပ်ကြောင့် ယုံကြည်မှုတွေ ပိုလို့သာ လျော့ပါးစေနိုင်တ့အ
ဲ ကြောင်း နိုင်ငြံ ခားရေးဌာန ပြောခွင့်ရပုဂ္ဂို လ် ပီဂျေ ခရော်လီ (P J Crowley) က
တနင်္လာနေ့ သတင်းစာ ရှင်း လင်းပွဲအတွင်း ပြောလိုက်ပါတယ် ။
US State Department

အမေရိကန် နိုင်ငြံ ခားရေးဌာန ပြောခွင့်ရပုဂ္ဂို လ် ပီဂျေ ခရော်လီ။ ဇွန် ၂၊ ၂၀၀၉။

“ဒါက ကံမကောင်း အကြောင်းမလှတဲ့ ကိစ္စ တခု ဆိုပေမဲ့ ဒီရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ တွေ့ရတဲ့ အခြေအနေတွေ တလျှောက်လုံး ကို ကြည့်မယ်ဆိုရင်
အံ့သြစရာတော့လည်း မရှိပါဘူး။ ဒီလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ပြင်ပက အကဲခတ်ေ တွကို လမ်းဖွင့်မပေးဘူး ဆိုရင် ဒါဟာ အများလက်ခံ ယုံကြည်နိုင်စရာ
ရှိလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ယူဆနိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ပြောထားပြီးသား ဖြစ်ပါတယ်။ ”

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွက


ဲို လွ တ်လပ်ပြီး တရားမျှ တတဲ့ အခြေအနေ ရှိမရှိ အကဲခတ်လိုတဲ့ သဘောထားတွေ ကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)
နဲ့ ကုလသမဂ္ဂတို့လို ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောဆိုထားကြတာပါ။ ဒါပေမဲ့လည်း အခုအခါ ဒီလိုအခြေအနေမျိုး တွေ့ရမှာ မဟုတ်တာမို့ ဒါဟာ
စိုးရိမ်ပူပန်စရာတွေ ဖြစ်လာလိမ့်မယ်လို့ ကု လသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဖာဟန် ဟပ်က် (Farhan Haq) က
နယူးယောက်မြို့  သတင်းစာ ရှင်း လင်းပွဲမှာ တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။

“အတွင်းရေးမှူး ချုပ် အနေနဲ့ ရွေးကောက်ပက


ွဲို အားလုံး ပါဝင်ခွင့်ရြှိ ပီး ပွင့်လင်းမြင်သာမှု ရှိရမယ်၊ လွတ်လပ် တရားမျှတရမယ်လို့ ပြောထားပြီးသားပါ။ ဒါကို ဆန့်ကျင်တဲ့
ကိစ္စမှန်သမျှဟာ စိုးရိမ်စရာ အကြောင်းတွေပဲ ဖြစ်ပါတယ်။ ”

မြန်မာနိုင်ငံက မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံရေး ပြဿနာနဲ့ လက်နက်ကိုင် ပဋိပက္ခေ တွဟာ အဓိက စိုး ရိမ်စရာ ပြဿနာတွေ အဖြစ်နဲ့လည်း အတွင်းရေးမှူးချုပ်က
အရင်တပတ် ထဲ ကုလသမဂ္ဂ အထွေေ ထွ ညီလာခံကို တင် သင
ွ်းတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ရွေးကောက်ပွဲတွေ ပထမဆုံးအကြိမ် အဖြစ် ကျင်းပမယ်လို့ ကြေညာပြီး နိုင်ငံရေး ပါတီတွေကို မှတ်ပုံ တင်ခွင့်ပေး၊ ပါဝင်ခွင့် ပြုခဲ့ပေမဲ့
ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ အစီအမံတွေ ဟာ တရားမျှ တမှု မရှိဘူးဆိုပြီး အဓိက အတိုက်အခံ နိုင်ငံရေးပါတီ တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက
မှတ်ပုံတင် ယှဉ်ပြို င်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ စေ့စပ်ညှိနှိုင်းနိုင်တဲ့ လမ်းစတွေ ရှိနေဆဲလို့ ယုံကြည်ထားကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လီက
ပြောခဲ့တာပါ။

“ကျနော်တို့ ဖြစ်စေချင်တာကတော့ လွတ်လပ်ပွင့် လင်းတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့နဲ့ ဒီလုပ်ငန်းစဉ်ရဲ့ တစိတ် တပိုင်းအဖြစ် မြန်မာ့လူ့ဘောင် အသိုင်းအ၀ိုင်းထဲမှာ
ဆွေးနွေးပြောဆိုမှုတွေကို တိုးပြီး လုပ်ဆောင်တာတွေလို အခွင့်အ လမ်းမျိုးတွေကို အရယူစေချင်ပါတယ်။ ”

မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလ ၈၂ ယောက် အပါအ၀င် ကိုယ်စားလှယ်ေ လာင်း ၃,၁၅၃ ယောက်က မဲဆန္ဒနယ်မြေပေါင်း ၁,၁၅၈ ခုမှာ
ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။ မဲပေးခွင့်ရှိသူ ၂၉ သန်းကျော် အနေနဲ့ နိုင်ငံတ၀န်းက မဲရုံပေါင်း ၄၀,၀၀၀ မှာ ဆန္ဒအလျောက်
မဲပေးနိုင်ြ ကမှာ ဖြစ်တယ် လို့လည်း ဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်း ၃ ပတ်လောက် သာ လိုတော့တဲ့ အချိန်မှာ ပြင်ပက အကဲခတ် စောင့်ကြည့်သူေ တွ၊ သတင်းမီဒီယာတွေကို လက်မခံဖို့
ငြင်းဆန်လိုက်တာဟာ လွတ်လပ်ပြီး မျှမျှတတ ဆောင်ရွက် သွားဖို့ ဆန္ဒမရှိကြောင်း ပြသလိုက်တာသာ ဖြစ်တယ် လို့ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်ကို စောင့်ြ ကည့်
အကဲခတ်နေတဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ


October 19, 2010 freedom news group

တင်ကျော်ကျော်စိုး၊ ၊နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ် ချမှတ် ခံထားရသည် မှာ ဆယ်စု နှစ်
တစ်စု နီးပါးရှိပြီ ဖြစ်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စြု ကည် သည် လူမှု ကွန်ယက်
အင်တာနက် ၀ဘ်ဆိုတ် တစ်ခုဖြစ်သည့် တွစ် တာ ကို အသုံးပြုလို ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်
မှာ လူငယ်များ နှင့် ထိတွေ့ ဆက်ဆံပြီး နိုင်ငံ အပြောင်း အလဲ အတွက် မျိုးဆက်သစ် များ ၏ အင်အား ဖြင့်
အရှိန် အဟုန် မြင့်တင် ပြောင်း လဲ လိုခြင်း ကို ရည်ရွယ် ပြောကြားခြင်း ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများ စွာစစ်အစိုးရ က ပြင်ပ ကမ္ဘာ နှင့် အဆက် အသွ ယ် ဖြတ်တောက်ထားသော်လည်း


အောက်စဖို့ ဒ် တက္က သိုလ် ဉ် ပညာသင်ကြား ခဲ့သည့် သူမ သည် ယခု ထက် တိုင် ခောတ်မှီ နေဆဲ ရြှိ ခင်း
ဖြင့် လူငယ်ထု အသံ ကို နားထောင် ချင် သလို ၊ လူငယ် ထု နှင့် ထိတွေ့ ဆက် ဆံ လိုခြင်း ကို လိုလားသည့်
လက္ခဏာ ကို အထင်အရှား ပြခဲ့သည်။

ကမ္ဘာ တစ်ဝှမ်း လူသန်း ငါးရာ ကျော် သုံးစွဲ သည့် Facebook ကွန်ယက် သည် ပျော်ရွှင် ကြည်နူး ဖွယ်ရာ
ဖြစ်မှု ကို အခြေခံထား ၍ တည်ဆောက် ထားခြင်း ဖြစ်ပြီး တွစ်တာ ကမူ အရေးကြီး သည့် အမှာစကား သတင်း
ဖလှယ် ခြင်း နှင့် ဟန်ချက်ညီ တွေ့ ဆုံနိုင်မှု ကို ဦးစားပေး တည်ဆောက် ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်က အီရန်အစိုးရ ဖြုတ်ချရေး လူထု လှုပ်ရှားမှု မှ သည် ယနေ့  ပြင်သစ် ဆန္ဒပြ ပွဲ သည် တော်လှန်ရေး များစွာ ကို အထောက်အကူပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တွစ် တာသုံးပြီး လူထု နှင့် ထိတွေ့ ဆ က်ဆံရာဉ် အမြော်အမြင် ကြီးလှသည့် သူမ၏
အကြံ အဥာဏ် များ က သူမ၏ ကွန်ယက် ထဲမှ မိတ်ေ ဆွ များ ကို စိတ်ဓာတ် ခွန် အား ဖြစ်စေ နိုင်သည် ဟု
နှစ်နှစ် နီပါး တစ်သက်ရှိပြီ ဖြစ်သော Freedom News Group ၏ တွစ်တာ စာမျက် နှာ အယ်ဒီတာ ဖြစ်သူ
ဒေါက်တာ ဟိန်းခိုင်ထန
ွ်း က Freedom News Group သို့ ပြောသည်။

အကယ်၍ သူမ သာ တွစ်တာ အသုံးပြမည် ဆိုပါက နိုင်ငံတကာမှ လူငယ် ပညာရှင် များ၊တက္ကသိုလ် ကျောင်းသား
များ ပညာတတ်များ မှ သည် လွတ်လပ်မှု နှင့် အမှန်တရား ကို ချစ်ြ မတ် နိုးသည့် ပြည်
သူများ အပါအ၀င် မြန်မာ နိုင် ငံအပြောင်း လဲ ကို တစ်ကယ် တမ်း တွေ မြင် လို့ သည့် ပြည်တွင်း၊ပြည်ပ
လူထု များပါရှိနေ နိုင်ခြင်း သည် စစ်အစိုးရ လက်အောက် ဖွတ်မွဲ ပြာစွတ် ၊ ခရုဆံကျွတ် ဖြစ်နေသည့် မြန်မာ ပြည်သူ
များ အတွက် မျှော်လင်း ခြင်း ကောက်ရိုးမျှ င် တစ်စ ဖြစ်စေ နိုင်သည်။

မြန်မာ နိုင်ငံ တွင် တွစ်တာ သုံးသူ လူနည်းစု သာ ရှိပြီး သို့ ဆိုလျှင် နိုဘဲလ် ဆုရှင် ၏ အမှာ စကားက လူနည်းစု
ခောတ်မှီ နည်းပညာ များ ဖြင့် ယဉ်ပါး နေ သူများ လောက်သာ သိမည် ဟု ဆိုပါက လည်း မြန်မာ စကား ပုံတင
ွ်
တစ် ဆင့် စကား တစ်ဆင့် နား ဆိုသည့် ဆိုရိုး ရှိသောကြောင့် ပူစရာ တော့ သိပ် လို လှ သည် မဟု တ် ။

တွစ်တာ သုံးချင် သည် ဟု သူမ ပြောချင် သည် ပင်လျှင် သာမန် စဉ်းစား ပါက ခေတ် မှီနည်းပညာသုံး ပြီး
ပြည်သူ နှင့် ထိတွေ့ မည် ကို ဆို လိုခြင်း ဖြစ်သည် ဟု ရိုးရိုး ကလေး တွေး လျှင် ရသော် လည်း ထက်မြက်
သော ထို အမျိုးသမီးက သူမ၏ Space နယ် ကို ချဲ့ ယူလိုက်ခြင်း ဖြစ်သလို Space အသစ် ၊ နဂိုမူလ Space
အဟောင်း တို့ြ ဖင့် တက်စုံ ၊ ရွက် စုံ ဖွင့် ကစား မည် ကို ဆိုလိုခြင်း ဖြစ်သည်။

http://freedomnewsgroup.com/

မစ်ရှီဂန်မှပေးသောစာ(၃၁)
အောင်ဝေး

အောက်တိုဘာ ၂၀၊ ၂၀၁၀

“---နအဖရဲ့ ဒီအနုပညာလုပ်ကြံမှုကို ကျနော်တို့ ဆန့်ကျင်ပစ်ရမှာပဲ။ မီးတိုက်ပစ်ရမှာပဲ။ မတတ်နိုင်ဘူး ကိုဒေါင်း။ ဝင်ပါမိတဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလည်း
မီးသင့်ရင် သင့်မှာပဲ---”

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ကျနော်တို့ အခု အခြေအနေ အကြောင်းကြောင်းကြောင့် အဝေး ရောက်နေရတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ ခွပ်ဒေါင်းအလံထောင်ပြီး
ကိုယ့်တိုင်းပြည် ပြန်ရမှာပဲ လို့အိမ်လွမ်းစိတ်နဲ့ ကျနော်တို့ ချီတက်နေကြတယ် ။

အိမ်လမ
ွ်းစိတ် ဆိုတာလည်း ဓားလှံလက်န က်လိုပဲ အမြဲ ထက်နေအောင် သွေးနေရတယ် ကိုဒေါင်း။ အဲဒီလို အိမ်လွမ်းစိတ်ဓားကို သွေး နေတဲ့ အချိန်တိုင်းမှာ
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဆုံးမစကား တစ်ခွန်းကို ကျနော် အမြဲ သတိ ရရနေပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၈ ကုလား-ဗမာ အဓိကရုဏ်း ဖြစ်တော့ ဆရာကြီးမှိုင်း ရေးလိုက်တဲ့ လေးချိုးကဗျာက- "စကားအကြွေး မမောက်ကြပါနဲ့၊ ကုလား
အရေးလောက်ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာ မထင်လို့၊ အားပေးအားမြှောက် မပါချင်" တဲ့။

ဒီတုန်းက အိန္ဒိ ယနိုင်ငံရော၊ ကျနော်တို့ မြန်မာပြည်ပါ၊ အင်္ဂလိပ်နယ်ချဲ့ လက်အောက် က လွတ်မြောက်ဖို့ အတူ ရုန်းကန်နေရတဲ့ အဖိနှိပ်ခံ ဘဝတူ ကိုလိုနီ
နိုင်ငံတွေပါ။ အဖိနှိပ်ခံ အချင်းချင်း ရန်မဖြစ်နဲ့၊ ပဋိပက္ခ္မမဖြစ်နဲ့၊ စိတ်ဝမ်းမကွဲနဲ့ ။ အဖိနှိပ်ခံ ကိုလိုနီ ပြည်သူအချင်းချင်း စည်းလုံး ညီညတ
ွ်ဖို့၊ ယိုင်းပင်း ကူညီဖို့ ဆရာကြီး
သခင်ကိုယ်ေ တ်ာမှိုင်း ဆုံးမ လမ်းညွှန်ခဲ့တာ မဟုတ်လား ကိုဒေါင်း။

အခုအချိန်ဟာက ကျနော်တို့ တိုင်းပြည်မှာ ငယ်ထိပ်မြွေပေါက် အခြေအနေ ရောက်နေပြီ။ နအဖစစ်အုပ်စုက သူတို့ တစ်ဖ က်သတ် ကျင်းပမယ့်
ရွေးကောက်ပွဲရက်ကို ကြေညာလိုက်ပြီ။ ကျနော့် သဘောကတော့ ဒီအချိန်မှာ နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့က လွဲလို့ တခြား အရေးကြီးတဲ့ ကိစ္စ ဘာမှမရှိဘူး
ဆိုတာပဲ ကိုဒေါင်းကြီး။ ဒီတော့ ရွေးကောက်ပွဲ ဆန့်ကျင်ရမယ့် အလုပ် က လွဲပြီး တခြား ဘာအရေးမှ ဓားသွေးစရာလို့ ကျနော် မမြင်ပါဘူး။

ခက်တာက၊ ဓား ချော်သွေးနေတာမျို၊ ဆိုပါတော့၊ ပြည်တွင်းမှာ ဖြစ်သွားတာ တစ်ခု။ ကျနော်တို့ စာနယ်ဇင်းသမားတွေ ရုပ်ရှင်မင်းသမီး တရားစွဲဖို့ ကိစ္စမှာ
စိတ်အား ထက် သန်နေကြတယ်။ ရုပ်ရှင်မင်းသမီး ရုံးတင် တရားစွဲမယ့် အရေးမှာ မကျေမချမ်း ငြာသံပေး ဟစ်ကြွေးနေကြတယ်။ ရုပ်ရှင်မင်းသမီးကို ဘုံရန်သူ ထင်ပြီး
အလံထောင် တိုက်နေကြသလိုပဲ။

စာနယ်ဇင်းသမား၊ စာနယ်ဇင်းဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်ရေးလို့ အကျယ်ကြီး အော်ပြီး သိပ်ကို စုစည်း ညီညွတ်နေကြပုံရတဲ့ ကိုယ့်လူေ တွ၊
ဆရာဟိန်းလတ် ကို မြောက်ကိုရီးယား သံရုံးက ဝင်ရောက် စီးနင်းတို က်ခိုက်တဲ့ ကိစ္စမှာတော့၊ ချစ်လှစွာသော ကိုယ့် စာနယ်ဇင်း အသိုင်းအဝိုင်းဆီ က
ဘာသံကလေးမှတောင် မကြားလိုက်ရပါလား ကိုဒေါင်းရဲ့။

စာနယ်ဇင်းသမား၊ စာနယ်ဇင်းသိက္ခာ ကာကွယ်စောင့်ရှောက်ဖို့ ရုပ်ရှင်မင်းသမီးကို ရုံးတင် တရားစွဲတယ် ဆိုရင်၊ အခုကိစ္စ၊ ဆရာဟိန်း လတ် စော်ကားခံရတဲ့
ကိစ္စမှာ ပြို ပီးတော့တောင် လက် သံပြောင်ပြောင်နဲ့ ကိုယ့်ဆရာ စာနယ်ဇင်းသမားတွေက မြောက်ကိုရီးယားသံရုံး ကို ရုံးတင် တရားစွဲသင့်ပေတာပေါ့ဗျာ။ နို့ မဟုတ်ဘူးလား
ကိုဒေါင်းရဲ့။
အဲဒီလို ရုပ်ရှင်မင်းသမီး အရေးလောက်မှာ တစ်နေကုန် ဓားထိုင်သွေးရင်း ဘုံရန် သူ ပျောက်သလို ဖြစ်သွားတဲ့ ကိုယ့်လူတွေ၊ အခုအချိန်ဟာ တိုင်းပြည်မှာ
အလွန့်အ လွန်ကို အရေးကြီး သွေးစည်းရမယ့် အခြေအနေ ရောက်နေပြီဆိုတာ ကျနော်က တပ်လှန့် သတိပေးချင်တာပါ ကိုဒေါင်း။

နောက်တစ်ခုက၊ ပြည်တွင်းမှာ နအဖ စစ်အစိုးရ ဝါဒဖြန့် ပေါ်လစီ ရုပ်ရှင်ဇာတ်ကား ဝင်ရိုက်မိတဲ့ ရုပ်ရှင်သရုပ်ေ ဆာင်တွေ၊ ပြည်ပဖြေဖျော်ရေး ခရီးစဉ်တွေမှာ
အကြီးအကျယ် ဝိုင်း ဝန်း ရှုတ်ချ ဆန္ဒပြခံနေရတဲ့ ကိစ္စ။

ဆန္ဒပြတဲ့ သူတွေကို ကျနော် ထောက်ခံပါတယ်။ ဆန္ဒပြသူတွေရဲ့  ရင်ထဲက နှမျောတသ ယူကျုံးမရတဲ့ ခံစားချက်ကို ကျနော် နားလည်ပါတယ်။ မြန်မာ ရုပ်ရှင်
သရုပ်ဆောင်တွေ အင်္ဂလန်မှာ၊ အမေရိကားမှာ ဆန္ဒပြခံရတယ် ဆိုတာကို တခြားနိုင်ငံ၊ တခြားလူမျိုးခြားတွေက နားလည်ချင်မှ လည်ကြမှာပါ။

ကျနော်တို့ မြန်မာပြည်သူတွေအဖို့ေ တာ့ ဒါ ရင်နာစရာ၊ အသည်းနာစရာ ကိစ္စပဲ။ ဘယ့်နှယ် ကိုယ် ချစ်တဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေက ကိုယ့်ကို မတရား ဖိနှိပ်
အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ရဲ့ ဝါဒဖြန့် ယန္တရားထဲမှာ ဝက်အူတွေ၊ ခွေးသွားစိတ်တွေ၊ မူလီတွေအဖြစ် ဝင်ပါကြတယ် ဆိုတာ။ ဒါဘယ်လောက်တောင်
ရာဇဝင်ရိုင်းလိုက်သလဲ ကိုဒေါင်း။ နောက်ဆုံး ပွက်လောရိုက်သွားတဲ့ ဒါရိုက်တာ တင်သန်းဦးရဲ့ မုသာဝါဒ ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံ ကျောင်း သား လှုပ်ရှားမှု
သမိုင်းနဲ့ ရှစ်လေးလုံး အရေးတော်ပြုံ ကီးကို အကြီးအကျယ် အသရေ ဖျက်ထားတယ်။ သမိုင်းအမှန်ကို ထိမ်ချန် ဖုံးကွယ်ထားတယ် ။ ဒါ စစ်အုပ်စုရဲ့
လုပ်ကြံမှုပဲ။ ကျနော်တို့ ဘယ်သူမှ ခေါင်းငုံ့ မခံနိုင်ဘူး။ မှားယွင်းတဲ့ အနုပညာသွေးဆောင်ဖြားယောင်းမှု တွေကို ပုန်ကန်ဖို့ ကျနော်တို့ ပြည်သူတွေမှာ
အခွင့်အရေးအပြည့်အဝရှိတယ်။ နအဖရဲ့ ဒီအနုပညာလုပ်ကြံမှုကို ကျနော်တို့ ဆန့်ကျင်ပစ်ရမှာပဲ။ မီး တိုက်ပစ်ရမှာပဲ။ မတတ်နိုင်ဘူး ကိုဒေါင်း။ ဝင်ပါမိတဲ့
ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလည်း မီးသင့်ရင် သင့်မှာပဲ။ မတတ်နိုင်ဘူး ကိုဒေါင်း။

သစ်တောကြီး တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေတဲ့ အချိန်မှာ နှင်းဆီပန်းကလေးတစ်ပွင့် ကြွေသွားတာကို ကျနော်တို့ နှမျောတသ ငိုကြွေးနေလို့ မရတော့ဘူး။

မကြာခင် နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့် ရုပ်သံဇာတ်လမ်းတွေ၊ သီချင်းတွေ ထွက်လာရင်၊ ဒီရုပ်ရှင်မင်းသား မင်းသမီးတွေ၊ ဒီအဆိုတော်၊
ဒီသီချင်းရေးဆရာတွေ၊ ဝင်ရောက် သရုပ်ဆောင်ကြဦးမှာ လား၊ ပါဝင် ရေးသား သီဆိုကြဦးမှာ လား။ အနုပညာရှင်တွေ ပြည်သူ့ မျက်နှာကြည့်၊ စဉ်းစားဖို့ ကောင်းပါပြီ။

အားလုံးကို သတိရ လျက် -

အောင်ဝေး( သြဂုတ် ၁၇-၂ဝ၁ဝ)

[မူရင်း - လွတ်လပ်သ ည့် အာရှအသံ www.rfa.org/burmese]

ပြောခွင့်မရတဲ့ စကားသံ
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး

အောက်တိုဘာ ၁၉၊ ၂၀၁၀ မယ်လ ဒုက္ခသည်စခန်းမှ ကလေးငယ်များ။


စစ်အစိုးရ အဆက်ဆက်၏ အကြမ်းဖက် အုပ်ချုပ်မှုကြောင့် အရပ်သား အများအပြား နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရသည်။

“---မဲမပေးဘဲ နေလို့ ဘာဥပဒေနဲ့မှ ဖမ်း လို့မရဘူး---”

ပြီးခဲ့တဲ့ ရက်ပိုင်းက ရထားလမ်းသစ် ဖွင့်ပွဲတခုမှာ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌကြီးလည်းဖြစ်၊ လက်ရှိ နအဖအဖွဲ့ကြီးရဲ့ ဝန်ကြီးချုပ်လည်း


ဖြစ်တဲ့ ဦးသိန်းစိန်က ၂ဝ၁ဝ နိုဝင်ဘာ (၇) ရက်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အလွန် အရေးကြီးတယ်၊ ရွေးကောက်ပွဲကို နှောက်ယှက် ဖျက်ဆီးတာမှန်သမျှ
ထိရောက်စွာ အရေးယူမယ် ဆိုပြီး ပြောသွားပါတယ်။ တကယ်တမ်း က ၂ဝ၁ဝ ရွေးကောက်ပဲဟ
ွာ တိုင်းပြည်အတွ က် ပိုပြီးတိတိကျကျပြောရရင်
မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ဘာမှ အရေးပါတဲ့ ပြောင်းလဲမှု မဟုတ်ပါဘူး။

နအဖအတွက်ကတော့ အရေးကြီးတယ် ဆိုတာ ဟုတ်ပါလိမ့်မ ယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နအဖအတွက် အလွန် အဖိုး တန်တဲ့ အကျိုးအမြတ် နှစ်ခု
ရပါလိမ့်မယ်၊ တခုကတော့ မတရား တဖက်သတ် ရေးဆွဲ ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အာဏာသက်ဝင်စေဖို့နဲ့ နောက်တခုကတော့ သူတို့ကိုယ်သူတို့ တရားမဝင်
အာဏာသိမ်းအစိုးရ အဖြစ်ကနေ တရားဝင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲဖို့ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့ကတော့ ၂ဝဝ၈ ဆန္ဒခံယူပက


ွဲို လက်မခံနိုင်ခဲ့သ လို ၂ဝ၁ဝ ရွေးကောက်ပဲဟ
ွာ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့် ရေးတွေကို
အာမခံပေးနိုင်လိမ့်မည်လို့လည်း မယုံကြည်နိုင်ပါဘူး။ လက် လည်း မခံနိုင်ပါဘူး၊ ဖြစ်စဉ်တွေအားလုံးက တဖက်သတ် အတင်းအကြပ် ပုံစံချထားတာမျိုး
ဖြစ်နေတာကြောင့်ပါ၊ အတင်းအကြပ် မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည် ဆိုတာကို ထောက်ခံပါတယ်၊ လူတိုင်းမှာ လွပ်လပ်စွာ
ရွေးချယ်ပိုင်ခွင့်ရှိသလို လွပ်လပ်စွာ မဲပေးပိုင်ခွင့်၊ မဲမပေးဘဲ နေပိုင်ခွင့်လည်း ရှိရမယ်၊ ၂ဝ၁ဝရွေးကောက်ပဲဟ
ွာ လွပ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲတခု
ဖြစ်လာမယ်လို့ လုံး ဝမမျှော်လင့်ပါဘူး။
ရွေးကောက်ပွဲ ဥပဒေကစပြီး ထောက်ပြစရာတွေ အများကြီးပါ။ ရွေးကောက်ပဲေ
ွ က်ာမရှင် ဆိုတာလည်း နအဖ စိ တ်ကြိုက် ဖွဲ့ထားတာ၊
ဦးသိန်းစိန်နဲ့အတူ ကြံ့ဖွတ်ကနေ ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေ ကလည်း အစိုးရထိပ်တန်း အရာရြှိ ကီးတွေ ဖြစ်နေတော့ ကော်မရှင် ကိုယ်တိုင်က ကြံ့ဖွံ သြဇာခံလို
ဖြစ်နေတာ၊ အရေးကြီးတာက လူတွေအနေနဲ့ ကလည်း ရွေးကောက်ပွဲ ကို လုံးဝ စိတ်မဝင်စားကြဘူး။

နအဖကလည်း လူေ တွကို အသေအချာ အသိပေးရှင်းပြရမှာ ကြောက်နေတယ်၊ ၂ဝဝ၈ ဆန္ဒခံယူပတ


ွဲုန်း ကလည်း အများစုက ဖွဲစည်းပုံ အခြေခံဥပဒေဆိုတာ
ဘာမှန်းကို မသိလိုက်ကြဘဲ အတင်းအကြပ်အတည်ပြုခဲ့တာ၊ သူတို့ဖွဲ့ထားတဲ့ ကော်မရှင်အဖွဲ့ခွဲေ တွ ဆိုတာတောင် ရွေးကောက်ပွဲ ဥပဒေကို
သေသေချာချာ သိပုံမရကြဘူး။ ခိုင်း တာလုပ်ရင် ပြီးတာပဲလို့ ထင်နေကြတာ။ ၂ဝ၁ဝ ဟာ ပြည်သူ အများ မဲမပေးတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင် ၂ဝ၁ဝ ကို ကြံ့ဖွံ့က
အခွင့်အရေးတွေပေး စည်းရုံးထားသူတွေက လွဲလို့ ကျန်တဲ့ ပြည်သူလူထုက သပိတ်မှောက်နိုင်ခဲ့ရင် နိုင်ငံတကာက ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိ အမှတ်ပြုဖို့
ခက်သွားမယ်။ အဲဒီလိုလုပ်နိုင်ခဲ့ရင် ထိရောက် တဲ့ ထိုးနှက်မှုဖြစ်တယ်၊ ပြည်သူလူထုကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ အတင်းအကျပ် ဖိအားပေးပြီး
မဲထည့်ခိုင်းတာမျိုး ကို လက်မခံဘဲ ရဲရဲရင့်ရင့် တွန်းလှန်ကြစေချင်တယ်။ မဲမပေးဘဲ နေခွင့်ရှိတယ် ဆိုတာ ပြည်သူအားလုံး နားလည်
လက်ခံထားစေချင်ပါတယ်၊ ဘယ် သူကိုမှ မကြိုက် လို့ ဘယ်သူ့ကိုယ်မှ မဲမပေးတာ ဘာဖြစ်လ၊ဲ မဲမပေးဘဲ နေလို့ ဘာဥပဒေနဲ့မှ ဖမ်းလို့မရဘူး၊ အတင်းအကြပ်
မဲထည့်ခိုင်းတဲ့ သူတွေသာ ဥပဒေကို ချိုးဖောက်သူတွေ ဖြစ်တယ်။ ဘာကိုမှ ကြောက်စရာမလိုဘူးလို့ ပြည်သူလူထုကို အားပေးချင်ပါတယ်။

မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ ကြာသပတေး, 26 သြဂုတ် 2010

စစ်ဝါဒဖြန့်တွေကို လက်မခံတဲ့ အမေရိ ကန်မြန်မာကွန်မြူနီတီက

စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပဲက


ွို လည်း လက်ခံမည် မဟု တ်ကြောင်း ထုတ်ဖော်ပြောဆို

မိုးမခအထောက်တော် ၀၀၂

အောက်တိုဘာ ၁၉၊၂၀၁၀

အမေရိကန်ရဲ့ ပြည်နယ်အနှံ့အပြားမှာ အခြေချနေထိုင်နေကြတဲ့ မြန်မာကွန်မြူနီတီအများစုက စုပေါင်းပြီးတော့ မြန်မာပြည်က စစ်အစိုးရ ကျင်းပမယ့် ၂၀၁၀


နိုဝင်ဘာ ရွေးကောက်ပွဲကို လုံးဝ လက်မခံ တ့အ
ဲ ကြောင်း၊ အဲသည်ရွေးကောက်ပွဲ က ထွက်လာတဲ့ ရလဒ်တွေကိုလည်း အသိအမှ တ်ပြုမှာ မဟုတ်တဲ့အကြောင်း
တစုတည်းသော သဘောထားကြေငြာချက်အဖြစ် ထုတ်ပြန်မယ် လို့ ဆိုပါတယ်။

အဲသည် ပြည်နယ်အသီး သီးက မြို့နယ်များက အမေရိကန်မြန်မာကွန်မြူနီတီတွေကတော့ လွန်ခဲ့တဲ့ ၂လ က စစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင်နဲ့


အပေါင်းအပါတွေ အမေရိကန်ကို ဖျော်ဖြေရေးခရီးထွက်လာစဉ်မှာ သူတို့တွေကို စစ်အစိုးရထောက်ခံအားပေးတဲ့ အစုအဖွဲ့ေ တွအဖြစ် သတ်မှတ်ပြီးတော့
ကန့်ကွက်ရှု တ်ချပွဲတွေကို မတိုင်ပင်ကြရဘဲ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာမိသားစုတွေပဲ ဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာကွန်မြူနီတီက
လက်မခံကြောင်း ထင်ရှားတဲ့အတွက် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရ ၀ါဒဖြန့်နဲ့ အပေါင်းအပါတွေရဲ့ ဗီဇာတွေကို အောက်တိုဘာလ ၈ ရက်နေ့မှာ ရုတ်သိမ်းပြီး
တိုင်းပြည်က ချက်ခြင်းထွက်ခွာစေခဲ့ပါတယ်။

အခုလို အမေရိကန်မြန်မာကွန်မြုနီတီ အင်အားစုများရဲ့ တစည်းတလုံးတည်း ဆောင်ရွက်နိုင် တဲ့ ရပ်တည်ချက်နဲ့ လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ မြန်မာပြည်က
စစ်အစိုးရကို ထောက်ခံခြင်း မရှိကြောင်း၊ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပဲက
ွိုလည်း လုံးဝ အယုံအကြည် မရှိကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များကိုလည်း လက်ခံမှာ
မဟုတ်ကြောင်း ၊ နိုင်ငံတကာရောက် မြန်မာကွန်မြူနီတီ အားလုံးက တစုတည်း တသံတည်းနဲ့ စစ်အာဏာရှင်နဲ့ အပေါင်းအပါများ၊ ထောက်ခံအားပေးသူများကို ပိတ်ဆို့
အရေးယူသွားကြဖို့ ဆက်လက်ဆောင်ရွက်ကြရန်၊ ၀ိုင်းဝန်းလက်တွဲ သွားကြရန် တိုက်တန
ွ်းကြောင်း မိမိတို့၏ ပြည်သူ့သဘောထားကို ထုတ်ပြန်ကြေငြာမယ်လို့
ပြောလိုက်ပါတယ်။

“ပထမဆုံးအဆင့်အနေနဲ့ ကျနော်တို့ မြန်မာကွန်မြူနီတီတွေရဲ့ ညီညတ


ွ်တဲ့ အလုပ်နဲ့ အသံကို မှတ် တမ်းတင်တဲ့ သဘောဖြစ်ပါတယ်။ ဒီလောက်ကလေးနဲ့
ကျနော်တို့က ကျေနပ်သွားပြီလို့ ထင်မသွားစေချင်ဘူး။ ဒီအရေးအခင်းကို စာနဲ့ မှတ်တမ်းတင်ပြီးတော့ အမေရိကန်အစိုးရနဲ့ သက်ဆိုင်ရာ အမတ်တွေကို
အကြောင်းကြားမယ်။ ကျေးဇူးတင်တဲ့အကြောင်း ပြောမယ်။ နောက်ပြီးတော့ ရန်ကုန်က အမေရိကန် သံရုံးကိုလည်း ပေးပို့ပြီးတော့ နောက်ကို သည်လိုမျိုးလူတွေ ကို
လက်မခံဖို့ ပြောမယ်။ အနီးစပ်ဆုံး အနေနဲ့ အခုလို အရေးအခင်းကို ဖြစ်စေတဲ့ “အရုဏ်ဦး မှာ ဖူးသည်ကြာ” ဇာတ်ကားထဲက လူတွေကို လက်မ ခံဖို့ မေတ္တာရပ်ခံမယ်။
ဇူလိုင်လကုန် တုန်းက ၀ါရှင်တန်မက် ထရို မြန်မာကွန်မြူနီတီက သံရုံးကို ပို့ခဲ့ တ့စ
ဲာကို ပူးတွဲပြီး တင်ပြမယ်။”

ဆန်ဖရန်စစ္စကို မြန်မာကွန်မြူနီတီက ဒီမိုကရေစီရေးလှုပ်ရှားသူတဦး က သူတို့ရဲ့ သဘောထားကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။


“နောက်တချက်ကတော့ အခုစစ်အစိုးရကို မထောက်ခံ ဘူး ဆိုတဲ့ အကြောင်းကို သည် ကိစ္စနဲ့ သာဓကပြပြီး ကျနော်တို့က အထင် အရှား ပြောချင်တယ်။
အခုလိုမျိုး အရေးကြီးတဲ့အချိန်၊ စစ်အာဏာရှင် သက်ဇိုးရှည်မ ယ့် ၂၀၀၈ အခြေခံဥပဒေကို စွဲကိုင်ပြီးတော့ စစ်အာဏာရှင်ရဲ့ ရုပ်သေးလွှတ်တော် တခု တည်ေ ဆာက်ဖို့
လုပ်တဲ့ ရွေးကောက်ပွဲဟာ လုံးဝ ဒီမိုကရေစီနည်း မကျဘူး။ ဒါကို ဘယ်နည်းနဲ့မှ မထောက်ခံဘူး၊ အဲသည်ရွေးကောက်ပွဲရဲ့ ဘယ်ရလဒ်ကိုမှ လည်း အသိအမှ တ်မပြုဘူး။
ဒါကို ကျနော်တို့ မြန်မာကွန်မြူနီတီက အခု ကတည်း က အတည်ပြုပြောကြားထား ရမှာ ဖြစ်တယ်။ အခုကတည်းက ပြတ်ပြတ်သားသား ရှင်းထားမှ နောင်ကို
ဒီမိုကရေစီအရေခြုံပြီး သမိုင်းကို လိမ်ညာလှည့်စားပြီး အာဏာရှင် အသက်ရှည်ေ အာင် လုပ်တဲ့ စနစ်တွေ၊ အလုပ်ေ တွ၊ လူတွေကို ကန့်သတ်ထားရာ ရောက်မယ် လို့
ထင်တယ်”

လပ်စ်ဗေးဂတ်စ် မြန်မာကွန်မြူနီတီက တက်ကြွလှုပ်ရှားသူတဦးက သူ့အမြင်ကို ပြောပြလိုက်ပါတယ်။

“အခုလိုမျိုး ကျနော်တို့ မြန်မာကွန်မြူနီတီတွေဟာ အမေရိကန် အနှံ့မှာ ပြန့်ကျဲနေပေမယ့် ဒီအရေးအခင်းမှာ တိုင်ပင်စရာ မလိုဘဲ ညီညွတ်ကြတယ်။
တသဘောတည်းရြှိ ကတယ်။ အခုလာမယ့် ရွေးကောက်ပွဲကိုလည်း နေရာအနှံ့ အသီးသီးမှာ ဆန့်ကျင်ကန့် ကက
ွ်နေကြတယ်။ အခုတော့ ဒါကို ကျနော်တို့ တယောက်
တပေါက် မပြောတော့ဘန
ဲ့ တခါတည်း ပြောလိုက်တာ ဖြစ်တယ်။ ပြီး တော့ လာမည့် ရှေ့အပတ်ေ တွမှာ နိုဝင်ဘာလ ၇ ရက်အထိကို ၀ါရှင်တန်ဒီစီနဲ့
နယူးယောက်မြို့ တော်တွေမှာ ကျနော်တို့တွေ က တစုတဝေးတည်း သပိတ်မှောက် တာတွေ၊ ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်ကြတဲ့အခါ အားလုံးက သဘောတူ
ထောက်ခံတယ် ဆိုတာကို ပြသရာလည်း ရောက်တယ်။ တခြားနိုင်ငံတကာက မိသားစုတွေ ကိုလည်း တိုက်တွန်းပါတယ်၊ အားလုံး တယောက် ကို တယောက် အားပေး
ထောက်ခံပြီး ပြည်သူ့သဘောထားတွေ ထုတ်ဖော်ြ ပသကြပါလို့”

ဝါရှင်တန်ဒီစီ မက်ထရို မြန်မာကွန်မြူနီတီက မြန်မာအရေးလှုပ်ရှားနေသူတဦးကလည်း ပြောပြတာ ဖြစ်ပါတယ် ။

“အရင်ကဆိုရင် ကျနော်တို့တွေက ကိုယ့်နေရာလေးတွေမှာ ကိုယ့်ဖာသာကို ယ် နိုင်ငံရေး ယုံကြည်ချက်နဲ့ ရပ်တည်ချက်နဲ့ လူရှိသလောက်ကလေးနဲ့


ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ လုပ်ခဲ့ကြတယ်။ ကျနော်တို့မြို့ မှာဆိုရင် မြို့ရဲ့ ပန်းခြံမှာ အပတ်တိုင်း မြန်မာစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်
သပိတ်မှောက်ကြောင်း ဆိုင်းဘုတ်ေ တွ ကိုင်ပြီး ကျနော်တို့ ဆန္ဒပြတယ်။ တခါတလေဆို လူ ၂ ဦးတည်း ရှိတဲ့ ရက်တွေ ရှိတ ယ်။ ကျနော်တို့မြို့ မှာ စက်တင်ဘာ ၂၅ က
မြန်မာ့ဒီမိုကရေစီရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ခွပ်ဒေါင်းအလံ လွှင့်ထူခွင့်ရကြတယ်။ ဒီလိုမျိုး ကျနော်တို့ မြို့မှာ ဂုဏ်ယူသလို၊ အင်အားတွေ တက်ကြွ သလိုမျိုး
အမေရိကန်အနှံ့က မြန်မာတွေကလည်း ကျနော်တို့နဲ့ အတူတကွဖြစ်တယ်လို့ ယုံကြည်ပါတယ်။ တဆက်တည်းပဲ ကျနော်တို့တတွေရဲ့ အသံေ တွဟာ မြန်မာပြည်ထဲက
ပြည်သူတွေကို ကို ယ်စားပြုတဲ့ အသံဖြစ်တယ်ဆိုတာလည်း သိစေချင်တယ် ”

နယူးယောက် ဘတ်ဖဲ လိုးမြို့ က မြန်မာ့ဒီမိုကရေစီရေး တက်ကြွ သူတဦးက သူ့သဘောထားကို ပြောလိုက်ပါတယ်။

“အခုကိစ္စက အနိုင် အရှုံးကို တွ က်ပြီး တိုက်နေတာ မဟု တ်ပါဘူး။ အမှန်တရားနဲ့ တရားမျှ တမှုကိုပဲ ရပ်တည်ပြီး သဘောထားကို ထုတ်ဖော်ပြောဆိုတဲ့ လှုပ်ရှားမှု
ဖြစ်ပါတယ်။ ဒီလိုမျိုး အခြေခံချင်း တူသူတွေရဲ့ စည်းရုံးညီညွ တ်မှုကို ပြတဲ့ သဘောပါပဲ”

လို့ အိုရီဂွန်ပြည်နယ်၊ ပို့လန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတဦးက ပြောလိုက်ပါတယ်။

အခုလိုမျိုး အမေရိကန်ပြည်နယ်အသီး သီးရှိ မြို့နယ်များ စုဝေးပြီး အမေရိကန်မြန်မာကွန်မြူနီတီရဲ့ စုပေါင်းတဲ့ သဘောထားကြေငြာချက်ကို ထုတ်ပြန်ဖို့


ပြင်ဆင်နေရာမှာ၊ လက်ရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်ကျော်က စာရင်း သွင်းထားပြီလို့ သိရပါတယ်။ စစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ေ ဆာင်လာရောက်စဉ်က
ဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့ မြို့တွေအပြင် ထိုစတိ တ်ရှိုးကို လက်ခံ ကျင်းပခြင်း လုံးဝမပြုလုပ်ခဲ့တဲ့ မြို့နယ်တွေပါ အတူ တကွ ပါဝင်မယ်လို့ သိရပါတယ်။ ဥပမာအားဖြင့်
နယူးယောက်မှာ - ဘတ်ဖဲလိုးနဲ့ ယူတီကာ၊ အင်ဒီယာနာမှာ - ဖို့ဝိန်း၊ အိုရီဂွန်းမှာ - ပို့လန်း၊ နီဗားဒါးမှာ လပ်စ်ဗေးဂတ်စ်၊ ၀ါရှင်တန်ဒီစီ မက်ထရို၊
ဝါရှင်တန်စတိ တ်မှာ ဆီယယ်တဲ နဲ့ ထရိုင်းစီးတီး၊ ကယ်လီဖိုးနီးယားမှာ အယ်လ်အေနဲ့ ဆန်ဖရန်ေ ဘးဧရိယာ စတဲ့ မြန်မာကွန်မြူုနီတီနဲ့ ဒေသခံ အဖွဲ့အစည်းတွေ
တသဘောထားတည်း ရှိတဲ့ ထုတ်ပြန်ချက် ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်လ က်တွဲကြမယ့် မြန်မာကွန်မြူနီတီတွေ ကိုလည်း ကြိုဆိုလျက်ရှိတ ယ်လို့ သိရပါတယ် ။

မိုးမခမီဒီယာက ၎င်းတို့ ထုတ်ပြန်ချက်နဲ့ စာရင်းကို မကြာမီ တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။

(ဓာတ်ပုံ - စက်တင်ဘာ ၂၅၊ ၂၀၁၀ - ဆန်ဖရန်စစ္စကို ဆန္ဒပြပွဲ မြင်ကွင်း)

http://www.moemaka.com/

ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်များ ကမ္ဘာအေး ဘုရားလမ်းတွင် ပျံ့နှံ့

10/18/2010
Adjust font size:

----------------
သင်းသဇင်ခိုင်
----------------
ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်များကို ရန်ကုန်မြို့  ကမ္ဘာအေး ဘုရားလမ်းတွင် ဖြန့်ကျဲ ချထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု မျက်မြင် အမျိုးသမီး တဦးက
ပြောသည်။

သူမက “ ကျွန်မတွေ့ တာက အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ကမ္ဘာအေး ဘုရားရှေ့က ကမ္ဘာအေး ဘုရားလမ်းမှာတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ကျွန်မလည်း တချို့စာရွက်တွေကို စိတ်ဝင်စားတဲ့ အတွ က် ကောက် ယူလာခဲ့ပါတယ် ” ဟု ပြောသည်။

အဆိုပါ စာရွက်များတွင် “ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်လည်း ရှိသည်။ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်သည်။
(ဒေါ်အောင်ဆန်းစုကြည် )” ဟု ပါရှိပြီး တခြားစာရွက် နှစ်ရွက်တွင် လည်း အောက်ပါ အတိုင်း ရေးသားထားသည်ဟု သိရသည်။

“ မဲဆန္ဒရှင်ပြည်သူကသာ တိုင်းပြည်ရဲ့ အနာဂတ်ကို ပြဌာန်းပေးနိုင်သည်။ မဲဆန္ဒရှင် ပြည်သူများ သတိရှိကြ။ လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ြ က။” ဟု ပါရှိပြီး
တခြားတရွက်တွင်လည်း “ အာဏာရှင် ချယ်လှယ်သော ရွေးကောက်ပွဲ အလိုမရှိ။ ပြည်သူတိုင်း လုံးဝ မဲမပေးပါနှင့်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ဒီမိုကရေစီ အရေး
အမြန်ဆုံး ဖေါ်ဆောင်ပေး။ အမျိုးသားရေး အသိဖြင့် ဆက်လက် ဖြန့်ဝေပေးပါ။” ဟု ပါရှိကြောင်း သိရသည်။

“ ဘယ်အဖွဲ့ဖြန့် တယ် ဆိုတာတော့ အဖွဲ့ရဲ့  နာမည် မပါတော့ မသိဘူးလေ။ ရွေးကောက်ပွဲကို မကြိုက်တဲ့ သူတွေက လုပ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်မ အထင်တော့ ခုလို
စာရွက်တွေ လမ်းပေါ်မှာ ၃၀၀ လောက်ရှိမယ် ထင်တယ်။ ပြန့်ကြဲနေပါတယ် ” ဟု သူမက ပြောသည်။

အဆိုပါ စာရွက်များကို ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ) က ပြုလုပ်ခြင်း ဖြစ်ကြောင်း အများထင်မြင် ယူဆနေကြသည်။

အဆိုပါ အဖွဲ့သည် အောက် တိုဘာလ ၁၆ ရက်နှင့် ၁၇ နေ့များက ၂၀၁၀ ရွေးကောက်ပွဲ၌ မဲမပေးရေး လှုပ်ရှားမှု တစ်ရပ်ကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၂၀
မြို့နယ်တို့တင
ွ် အခြေပြု လှုပ်ရှား ခဲ့ကြောင်း သတင်းရရှိသ ည်။

အဆိုပါ ဗဒတ တပ်ပေါင်းစုသည် ပို့စကဒ်ပေါင်း တစ်သောင်း ခြောက်ထောင်ကို လူနေအိမ် တိုက်ခန်းများ၊ လူစည်ကားရာ လမ်းမများ၊ ရုပ်ရှင်ရုံများ၊ လက်ဖက်ရ ည်ဆိုင်များ၊
ဓါတ်တိုင်များနှင့် တိုက်နံရံများတွင် လိုက်လံ၍ ကပ်ခြင်း၊ ဖြန့်ကျဲခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ဗဒတ တပ်ပေါင်းစုတွင် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရွှေဝါရောင် မျိုးဆက် အဖွဲ့ ၊ New Generation၊ မြေလတ်ကျောင်းသားများ
အဖွဲ့ နှင့် ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားနေကြသည့် ကျောင်းသားလူငယ်ပေါင်း ၂၀၀ ကျော် ပါဝင်ပြီး ၂၂ကြိမ်မြောက် ၈လေးလုံး
နှစ်ပတ်လည်နေ့ြ ဖစ်သည့် ၈ ရက် ၈လ ၂၀၁၀ တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
http://www.narinjara.com/detailsbur.asp?id=2807

You might also like