You are on page 1of 1

Rally denouncing the Burma’s regime 2010 sham election- San Francisco Bay Area

ဆန်ဖရန်စစ္စကို ဘေးဧရိယာနေ မြန်မာပြည်သား၊ တိုင်းရင်းသား မိဘပြည်သူ ရဟန်းရှင်လူများသို့ …

လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် မြန်မာ့စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည်


မြန်မာပြည်ကြီးကို စစ်ကျွန်ပြုမည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အသက်သွင်းသည့် အတုအယောင် ရွေးကောက်ပွဲ
ဖြစ်သည်။
ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်သည်လည်း မြန်မာပြည်အကျိုးအတွက် စစ်မှန်သော
ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မည် မဟုတ်ပါ။
လွတ်လပ်သော ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံဖွားများ၏ စုပေါင်းဆန္ဒထုတ်ဖော်ပွဲများဖြင့်
အားသွန်ခွန်စိုက် အင်အားပြရန် အချိန်ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် ပြည်ပတွင် ရောက်ရှိနေသူများအနေဖြင့် ပြည်တွင်းမှ ဖိနှိပ်ခံ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏
ရင်တွင်းဆန္ဒမှန်များအား ဖော်ထုတ်ခွင့်မရသည့်အနေအထားတွင် ၎င်းတိုကိုယ်စား နိုင်ငံတကာအသိုင်းအဝိုင်း
ရှေ့ တွင် ပြည်သူ့ဆန္ဒမှန်များကို ဖော်ထုတ်ပေးကြရမည့် တာဝန်ရှိပါသည်။
သို့ ဖြစ်ပါ၍
(၁) ပြည်သူပြည်သားများ မထောက်ခံ၊ ကိုယ်စားမပြုသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုဝင်ဘာလ
(၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒီမိုကရေစီမဆန်သော ၂၀၁၀ ရွေးကောက်ပဲက
ွို ဆန့်ကျင်ကန့်ကွက်ခြင်း။
(၂) ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ် နဲ့ နောက်တက်လာမယ့် ပြည်သူလူထုကို ကိုယ်စားမပြုသော
အစိုးရသစ်ကို လုံးဝ အသိအမှတ်မပြု ကန့်ကွက်ရှုတ်ချခြင်း။
စသည်တို့ကို အောက်ဖော်ပြပါ အချိန်၊ နေရာဒေသတွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာ့ ဒီမိုကရေစီ
အင်အားစုများနှင့် ကွန်မြူနတီ မိသားစုများမှ ဆန့်ကျင်ရှုတ်ချ ဆန္ဒပြပွဲများကို ကျင်းပပြုလုပ်သွားပါမည်။
မြန်မာပြည်ဖွား တိုင်းရင်းသား ညီနောင်များအား လက်တပ
ွဲါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Rally denouncing the Burma’s regime 2010 sham election- San Francisco Bay Area

နေ့ရက် ။ ။ Saturday Oct 30, 2010

အချိန် ။ ။ 3:30 pm - 5 pm

နေရာ ။ ။ UN Plaza, San Francisco

Burmese Activist Community & Burma Freedom Supporters

San Francisco Bay Area

ဆက်သွယ်ရန်။ ။ ၄၁၅ ၄၂၄ ၅၈၁၁၊ ၅၁၀ ၂၂၀ ၁၃၂၃၊ ၄၁၅ ၃၆၈ ၃၉၁၄ ။

You might also like