You are on page 1of 2

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး

၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။ ။ ၁၁/၂၀၁၀(မဃတ+၈၈+ဗကသ)
ရက်စွဲ။ ။ နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

စစ်အုပ်စု၏ ကြံ့ဖွ့ပါတီ
ံ့ပါတီအနိုင်ရရေးအတွက်
မတရားမဲလိမ် အနိုင်ကျင့် ရွေးကောက်ပွဲအား
ဒီမိုကရေစီရွေးကောက်ပွဲအဖြစ် အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာချက်

ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့-

(၁) စစ်အုပ်စုသည် သူတို့ကိုယ်တိုင် တည်ထောင်ထားသည့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် သူတို့စိတ်တိုင်းကျ ထုတ်ပြန်ထား


သည့် ရွေးကောက်ပွဲဥပဒေများကိုပင် သူတို့ကိုယ်တိုင် ပြန်လည်ချိုးဖေါက်ကာ ရွေးကောက်ပွဲ မတိုင်မီကာလကတည်းက
ကြိုတင်မဲကောက်ယူခွင့်မရှိသူများအပေါ် ဥပဒေမဲ့ ကြိုတင်မဲကောက်ယူမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ ထိုကြိုတင်မဲများကို
ဖိအားပေး အကြပ်ကိုင်သည့်နည်းမျိုးစုံဖြင့် ကြံ့ဖွံ့ပါတီကို ထည့်သည့်မမ
ျဲားဖြစ်ရန် ပြုလုပ်ထားပြီး ဖြစ်သည့်အပြင်၊ ရွေးကောက်
ပွဲနေ့မတိုင်မီ နိုဝင်ဘာလ(၆) ရက်နေ့ညကလည်း နအဖ၏ လျှို့ဝှက်ညွှန်ကြားချက်ဖြင့် ကြိုတင်မဲများ သိမ်းဆည်းထားရာ နေရာ
များတွင် ကြိုတင်မဲများကို ဖေါက်စစ်ပြီး တခြားပါတီများကိုပေးထားသည့် ကြိုတင်မဲများကို ကောက်ကျစ်ယုတ်မာစွာ ကြံ့ဖွံ့ပါတီ
ကို ပေးသည့်ကြိုတင်မဲများဖြင့် ပြောင်းလဲပစ်ခဲ့ကြသည်။

(၂) နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲနေ့တွင်လည်း ရွေးကောက်ပွဲကော်မရှင်မှ အသက်မပြည့်သေးသူများ၊ သေဆုံးသွားသူ


များကို မဲစာရင်းတွင်ထည့်သွင်းပြီး ကြံ့ဖွံ့ပါတီထောက်ခံမဲများအဖြစ်လည်းကောင်း၊ တခြားပါတီများကို ထောက်ခံမဲ ထည့်နိုင်
သည့်သူများကို မဲစာရင်းတွင် မထည့်သွင်းခြင်းဖြင့်လည်းကောင်း ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များ တဖက်သတ် အနိုင်ရရေးတို့ကို
ညစ်နည်းအစုံစုံသုံးပြီး ပြုလုပ်ခဲ့ကြကြောင်းကို တနိုင်ငံလုံး၊ တကမ္ဘာလုံး မြင်တွေ့ကြားသိခဲ့ရပြီး ဖြစ်ပါသည်။

(၃) ၂၀၁၀ ရွေးကောက်ပွဲသည် -


(က) ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့အပါအ၀င် ဒီမိုကရေစီအင်အားစုများ မပါဝင်ဘဲ နိုင်ငံရေး အကျဉ်းသား
၂၀၀၀ ကျော်ကို ထောင်သွင်းအကျဉ်းချထားပြီးမှ ပြုလုပ်ခဲ့သည့်
(ခ) ကြံ့ဖွံ့ပါတီတဖက်သတ်အနိုင်ရရေးတို့အတွက် ညစ်နည်းမျိုးစုံဖြင့် ပြုလုပ်ခဲ့သည့်
(ဂ) နိုင်ငံတကာခေါင်းဆောင်များကိုယ်တိုင် တောင်းဆိုနေသည့်ကြားက သတင်းမီဒီယာများနှင့် ရွေးကောက်ပွဲ စောင့်
ကြည့် လေ့လာရေးအဖွဲ့များကို သတင်းယူခွင့် စောင့်ကြည့်ခွင့်မပေးခဲ့သည့်
(ဃ) ဒီမိုကရေစီအပြောင်းအလဲတခုဖြစ်မည်ဟု ပြည်တွင်း ပြည်ပနိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထုက လုံးဝ
မယုံကြည်ခဲ့သည့်
စစ်အုပ်စုကသာ တဖက်သတ် ဆက်လက် အာဏာထိန်းချုပ်နိုင်ရန် စီမံပြုလုပ်ထားသည့် ရွေးကောက်ပွဲဖြစ်သည်။

Page 1 of 2
(၄) ထိုသို့ ဒီမိုကရေစီကင်းမဲ့ပြီး ညစ်ပတ်လိမ်လည်သည့် ရွေးကောက်ပြွဲ ဖစ်ကြောင်း ထင်ရှားနေသည့်အတွက် မြန်မာပြည်သူ တ
ရပ်လုံးနှင့်အတူ ဒီမိုကရေစီစံနှုန်းများကို တန်ဘိုးထားသည့် နိုင်ငံတကာအစိုးရများအနေဖြင့် ၂၀၁၀ စစ်ရွေးကောက်ပွဲ ရလာဒ်
ကို လုံးဝ အသိအမှတ်မပြုကြရန် တိုက်တွန်းပါသည်။
ယခု နအဖ၏ ကောက်ကျစ်ယုတ်မာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည့်၊ မျှော်လင့်ချက်များဖြင့် ၂၀၁၀ ရွေး
ကောက်ပွဲဝင် နိုင်ငံရေးပါတီများအနေဖြင့်လည်း ပြည်သူလူထုနှင့် လက်တွဲ၍ ရွေးကောက်ပွဲအတွင်း မတရားအညစ်ခံခဲ့ကြရ
သည့်အဖြစ်များကို ဖေါ်ထုတ်ပြီး ၂၀၁၀ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုနိုင်ကြောင်း နည်းလမ်းမျိုးစုံဖြင့် သပိတ်မှောက်
ဆန့်ကျင်သွားကြရန် တိုက်တွန်းပါသည်။

(၅) မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား


သမဂ္ဂများအဖွဲ့ချုပ်တို့အနေဖြင့်လည်း မတရား ၂၀၁၀ ရွေးကောက်ပွဲအား ဒီမိုကရေစီရွေးကောက်ပွဲအဖြစ် လုံးဝ အသိအမှတ် မ
ပြုဘဲ၊ ရက်(၉၀)အတွင်း ပေါ်ပေါက်လာမည့် စစ်အုပ်စု ကြံ့ဖွံ့လွှတ်တော်နှင့် ၂၀၀၈ စစ်ဖွဲ့စည်းပုံတို့အား တိုင်းရင်းသား ပြည်သူ
တရပ်လုံးအကျိုးအတွက် ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

မြန်မာနုင်
ိငင်ံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

Page 2 of 2

You might also like