You are on page 1of 1

ရေစီးရေဆန်ပုစ္ဆာ

မောင်ချောနွယ်

ချစ်သောကမ္ဘာကြီးရေ ...
အချစ်ပြီးအချစ် ဖြစ်နေလို့ ကလည်းမဖြစ်ဘူး
ငွေပြီးငွေ ဖြစ်နေလို့ ကလည်းမဖြစ်ဘူး
အရက်ပြီးအရက်ချည့် ဖြစ်နေလို့ ကလည်းမဖြစ်ဘူး
ကို ယ့်ကို ယ်ကိုယ်ပုံ ချလို က်လို့ကလည်း မဖြစ်
သံ သရာကြောင်းမှာ အထု ပ်အပိုးပါလို့ ကလည်းမဖြစ်
ခေတ်ကို ပုံ ချလို က်လို့ကလည်းမဖြစ်
မဖြစ်တာတွေချည့်ပဲ ရ င်ဆိုင်နေရ
ငါ့ကို စစ်ပြုနို င်လွ န်း ...
ငါ့ဘ၀အမော အလွမ်းတွေလည်း
တောတခို ကို မစို ပြည်စေတော့ ပါ။

ညဥ့်တွေ သိပ်နက်လွ န်းနေတယ်


လူ တွေ စီးဆင်းလွန်းနေတယ်
အရာရာဟာ စီးဆင်းလွန်းနေတယ်
ငါချစ်ခဲ့တဲ့ အရာတွေအားလုံး
ဆေးရုံ ခု တင်ပေါ် ရောက်ကုန်ကြပြီ။

ပညာရှိသု ခမိန်ရယ်
သူ ရူးရယ်
ကလေးရယ်
အနု ပညာရှင်ရယ်
ခေါ်ပေးကြပါ။

အသက်ရှင်သေ ရွ့ ငါ့ကို ချစ်ကြပါ


ငါဟာ
ကွေ့ကောက်တဲ့ လမ်းများကို
ဖြောင့်တန်းစွာ လျှောက်လှမ်းခဲ့ သူ တဦးပါ။ ။

မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၀၃ ခု နှစ်

You might also like