You are on page 1of 18

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား သံဝေဂနှင့်အလုပ်ပေးတရားတော် ဝဂနှ

တရားခေါင်းစဉ်

. . . . . '' သံဝေဂနှင့်အလုပ်ပေးတရားတော်''

ဟောကြားသော ဆရာတော်

. . . . . အရှင်ဇေယျပဏ္ဍိတ (ပိုင်းလော့ဆရာတော်)

ဟောကြားသည့်နေ့

.....

၁၃.၁၂.၂ဝဝ၅ခုနှစ်

ဟောကြားသည့်အချိန်

. . . . . ည ၇း၃ဝ နာရီ

ဟောကြားသည့်ဟောစဉ်မှတ်တမ်း

. . . . . ဗီ ဟောစဉ် နံပါတ် ၁၆ (၂ဝဝ၅-ခုနှစ် ယောဂီဟောင်းဟောစဉ်)

ဟောကြားသည့်နေရာ

. . . . . မိုးညင်းသိဂီင်္ကျောင်း သစ္စာမာန်အောင်ဓမ္မာရုံ ၁၆-ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရန်ကုန်မြို့။

ပြန်လည်ကူးယူဖေါ်ပြသူ

. . . . . နန်းနွယ်

'' စာရေးသူ၏ ရည်ရယ်ချက် ''ွ ဆရာတော်၏ သံဝေဂနှင့် အလုပ်ပေးတရားတော်သည် မဖြစ်မနေ ရင်ဆိုင်ရမည့် ၊ သေခြင်း တရားအတွက် ကြိုတင်ပြင်ဆင်ထားနိုင်စေခြင်းငှာ ရည်သန်၍ ရေးသားဖေါ်ပြရခြင်းဖြစ်ပါသည်။ ဖတ်ရှု လေ့လာကျင့်ကြံပွားများ အားထုတ်ကြပြီးလျှင် တဏှာအစပ် အပြီးဖြတ်နိုင်သော ဥာဏ်အလင်းထိအောင် ပေါက်မြောက်နိုင်ကြပါစေရန် အရှင်ဇေယျပဏ္ဍိတ၏ စုစည်းတင်ပြအပ်ပါသည်။ ဟောကြားအပ်သော တရားတော်များကို

ဝိဇ္ဇာဥာဏ်မြတ်အလင်းဓါတ် လွှမ်းပတ်ကမ္ဘာတည်ပါစေ . . .

နန်းနွယ် (ဆရာတော်၏ အတွင်းနေတပည့်ရင်း) '' ၂ဝဝ၅-ခုနှစ်၊ ယောဂီဟောင်း ဟောစဉ် ''

'' ပိုင်းလော့ဆရာတော် - အရှင်ဇေယျပဏ္ဍိတ ''

ဗီ ဟောစဉ် ၊ နံပါတ် -၁၆ ၊ (၂ဝဝ၅-ခုနှစ်၊ ဒီဇင်ဘာလ ) (၁၃.၁၂.၂ဝဝ၅ ) ည ၇း၃ဝ နာရီ

'' နမ္မောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ '' ၃-ခေါက် ပူဇော်ပါသည်။

အရဟတော မကောင်းမှု

တစ်ထောင့်ငါးရာကိလေသာတို့မှ တရားတို့ကို

ကင်းဝေးသန့်ရှင်းတော်မူ၍ ပြုတော်မမူ ၊

ဆိတ်ကွယ်ရာ၌ပင် အထူးကို

ပြောတော်မမူ ၊ စိတ်တော် နတ် ၊ လူ သုံးဘုံသူတို့၏ ပူဇော် ခံယူတော်မူထိုက်ပါပေထသော ၊

ကပင် ကြံစည်တော်မမူသဖြင့် ဗြဟ္မာ ၊

သမ္မာသမ္ဗုဒ္ဓဿ တရားတော်မြတ်တို့ကို ဆရာ

သစ္စာလေးပါး

မြတ်တရားနှင့် မကူ သယမ္ဘူ

အလုံးစုံသော ဉာဏ်မြတ်ဖြင့်

ကိုယ်တော်တိုင် တပ်အပ်ထင်ထင် သိမြင် တော်မူနိုင်ပါပေထသော ၊

တဿဘဂဝတော

ထိုဘုန်းတော် အနန္တ ၊ ဉာဏ်တော် အနန္တ ၊ တန်ခိုးတော် အနန္တ တို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရားအား ၊

နမော

ရိုသေမြတ်နိုး မာန်ညွတ်ကျိုး၍ ရှိခိုးခြင်းသည် ၊

အတ္ထု ဘဝတု

စင်စစ်မသွေ ဖြစ်ကြပါစေ ကုန်သတည်း ။

သာဓု . . . သာဓု . . . သာဓု

'' ပိုင်းလော့ဆရာတော်၏ သံဝေဂ အလုပ်ပေးတရားတော် '' အားလုံး သက်သာသလို ပြောင်းထိုင်နော် ။ ဒီည တိုက်ရိုက် အလုပ် လုပ်ကြရအောင် ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူတဲ့ . . . သုတ္တံနဲ့ သတိပဌာန်မှာပါတဲ့ အသုဘ လူသေ ၉ မျိုး အဆင့်ဆင့် ရှုပွားပုံ ၊ ဝိဇယ သုတ္တံမှာ ပါတဲ့ ရှုမှတ်ပွားများပုံ ၊ နောက် အသီးသီး အခြားခြား ၊ သုတ္တံတွေမှာလည်း ဟောတဲ့ ရှုပွားပုံတွေနဲ့ ပေါင်းစပ်ပြီး တော့ကာ ဘုန်းဘုန်းတို့ သင်ကြရမယ် ။ ပွားများကြရအောင်နော် ။ ကဲ သက်သာသလို ထိုင်ပြီးတော့ကာ မျက်စိလေးမှိတ်ပြီးတော့ အာရုံယူကြရအောင် ။ မိုးကုတ်ဆရာတော်ကြီး ဟောတော်မူတဲ့ သံဝေဂလေး ဆိုရအောင် . . . . '' ငါသည် မုချသေရမည် အချိန်းပိုင်းသာ လိုတော့သည် အသေမဦးခင် ဉာဏ်ဦး အောင် ကြိုးစားအားထုတ် ပါတော့မည်။ '' မျက်စိမှိတ်ပြီး အာရုံပြုကြနော် . . . ဘုရားရှင် အမိန့်ရှိတော်မူတာက အခု အချိန်မှာ သေချိန်လို့ စိတ်ကို ချထားရမှာ . . နေရာတိုင်း ၊ နေရာတိုင်း ဤကမ္ဘာအတွင်းမှာပင် . . မသေဘူးတဲ့ နေရာမရှိပါဘူးတဲ့ ။ ခြေချတဲ့ နေရာတိုင်း ၊ နေရာတိုင်းဟာ . . သတ္တဝါမျိုးစုံ ၊ ပုံစံမျိုးစုံနဲ့ သေခဲ့တဲ့ သင်္ချိုင်းမြေ ၊ နေရာဟောင်းလို့ ပွားရပါတယ်တဲ့ ။ အခုထိုင်နေတဲ့ နေရာသည် ဤကမ္ဘာ အတွင်းမှာပင် အကြိမ်များစွာ ပုံသဏ္ဍာန်မျိုးစုံနဲ့ သေခဲ့ဘူးတဲ့ နေရာဟောင်းပါလို့ ၊ ဆင်ခြင်ကြရမယ် ။ ငါ့အိမ် ၊ ငါ့ယာ မဟုတ်ဘူးလို့ မယူပါနဲ့ . . . ခေါင်းချခဲ့ဘူးတဲ့ ၊ နောက်ဆုံးသေခဲ့ဘူးတဲ့ နေရာဟောင်း . . . ဒီနေရာမှာ . . အလောင်းချင်းထပ်အောင် သေခဲ့ ၊ မြုတ်ခဲ့ဖူးပြီလို့ ဆင်ခြင်ရမယ် ။ ဘဝတစ်ခုမှာ ရှင်ဘုရင်တစ်ပါး နတ်ရွာစံတော့ မိဖုရားဟာ ဥယျာဉ်ထဲမှာ အလောင်းကို ဂူသွင်းပြီးတော့ ငိုတာ ၊ ဘယ်သူမှ တားမရဘူး ၊ နေ့စဉ်လို ငိုပြီးတော့နေတာ ။ တစ်နေ့ ဘုရားအလောင်းရသေ့ ဥယျာဉ်ထဲထွက်လာတဲ့အခါမှာ . . . သူ့ရဲ့ သောကကို ဖျောက်ခဲ့ဘူးတယ်တဲ့ ။

အသင် မိဖုရား ဘာအတွက် ငိုပါသလဲ . . . .၊ '' တပည့်တော်ရဲ့ ခင်ပန်းသည် ဘုရင်မင်းအတွက် ငိုပါသည် ဘုရား '' လို့ ဖြေတယ် ။ွ '' သင့်ရဲ့ ခင်ပန်းသည် ၊ ဘယ်ခင်ပွန်းသည် အတွက် ငိုတာတုံး '' လို့ ထပ်မေးတော့ ။ွ '' မေးထားတာ ဖြေရခက်နေတယ် '' ဒီတော့မှ ဘုရားအလောင်းရသေ့ကြီးက ထပ်ပြောတယ် . . . '' ဒီနေရာမှာ သင့်ရဲ့ ခင်ပွန်းသည်ပေါင်း များစွာ မြှုပ်ခဲ့ဘူးတဲ့ နေရာတဲ့ '' အဲ့ဒီအတွက် . . ဘယ်ခင်ပွန်းသည်အတွက် . . ငိုတာလဲ . . .၊ လို့ မေးတဲ့အခါမှာ မိဖုရားက စဉ်းစားရခက်တယ် ။ ဖြေရခက်နေတယ် ။ အဲဒီတော့မှ ရှင်းပြတယ် . . . . ဤကမ္ဘာ အတွင်းမှာပင် ကိုယ့်ရဲ့ ခင်ပွန်းသည် ယောက်ျားဟာ တော်ခဲ့ပေါင်းများပြီတဲ့ ၊ သေခဲ့ပေါင်းလည်း များပြီတဲ့ ၊ ဒီတစ်နေရာတည်းမှာဘဲ မြှုပ်ခဲ့ပေါင်းလည်း များပါပြီတဲ့ ၊ အကြိမ်ကြိမ်ငိုခ့ရတဲ့ မျက်ရည်ဟာလည်းဘဲ မနည်းတော့ပါဘူးလို့ ဆုံးမတော်မူတယ် ။ဲ ဒါကြောင့် ဒီကျမ်းတွေကို ကိုးကားလျှက် ၊ ကိုယ်ထိုင်တဲ့ နေရာလေးသည်ပင်

အကြိမ်များစွာ၊ အလောင်းချင်းထပ်အောင် မြှုပ်ခဲ့ဘူးတဲ့ နေရာဟောင်းလို့ ဆင်ခြင်ကြပါ ။ ဤကိုယ်ကြီးသည် '' ပညတ် '' အားဖြင့် '' ငါ '' လို့ ခေါ်ဝေါ်သမုတ်တဲ့ ကိုယ်လုံး တကယ့် အနှစ်သာရ အမာခံကို ရှာကြည့်မယ်ဆိုရင် . . . . အရိုးစုတွေပဲ ရှိပါတယ် ။ ခေါင်းမှာဆိုင် '' ခေါင်းခွံရိုးကြီးပဲ ရှိပါတယ် '' ။ နောက် လည်ပင်ရိုး ထောက်ကန်ထားတယ် ။ နောက် ညှပ်ရိုး ၊ ပုခုံးရိုးတွေ ဆက်သွယထားတယ် ။် ညာဘက်မှာက လက်မောင်း ရိုးတစ်ချောင်း ၊ တတောင်ဆစ်ကနေ လက်ဖျံရိုး နှစ်ချောင်း ၊ လက်ဖဝါးမှာလည်း အရိုး ၊ အဆစ် စပ်ထား တာ ။ ဘယ်ဘက်မှာလည်းဘဲ လက်မောင်းရိုးက တစ်ချောင်း ၊ တတောင်ဆစ်ကနေ လက်ဖျံရိုး နှစ်ချောင်း ၊ နောက် လက်ဆစ်ရိုးလေးတွေ အတို အထွာ အပိုင်းအစလေးတွေ ဆက်စပ်ထားတာ ခေါင်း ၊ ခါး ၊ ခြေ ၊ လက် နောက် လည်ဂုတ်နားကနေ

ဆက်ပြီးတော့ကာ ၊ အရိုးအဆစ်တွေ ဆင့်ဆင့်ပြီးတော့ စီးသွားလိုက်တာ ဟိုးအောက် မီးဆုံအထိ ဆက်ထားပါတယ် ။ ဘေးမှာ နံရိုးတွေ ထောက်ကန် ၊ ရှေ့က ရင်ညွန့်ကြီးနဲ့ဆက် ၊ ရှေ့မှာ ဝမ်းခေါင်းကြီး ဖြစ်သွားပါတယ် ကြမ်းပြင်က ။ ပြီးရင် ဝမ်းဗိုက်နေရာကျတော့ ဟောင်းလောင်းကြီးပါပဲ ဘယ်ခံနိုင်မှာလဲ ၊ ၊ အောက်ဖက်မှာ တင်ပါးဆုံရိုး ခံစားကြည့်သိပါတယ် ။ လေးလံတဲ့ အရိုးကြီးက အထဲမှာရှိတော့ အောက်မှာလည်း အမာ ဒီကြားထဲမှာရှိတဲ့ အသားတွေက ကြာကြာဖိထားရင် သွေးလေတွေ ပိတ်လို့ ထုံဟာ ကျင်ဟာ ဖြစ်လာတာပေါ့ ။ နာလည်း နာတက်တဲ့ ခန္ဓာကိုယ်လို့ နားလည်ထားရမှာ ၊ တင်ပါးဆုံရိုးရဲ့

တဖက်တချက်စီမှာ ပေါင်ရိုးတစ်ချောင်းစီ ဆက်သွယ်ထားတာ ၊ ညာဘက်ပေါင်ရိုးတစ်ချောင်း ၊ နောက်ပြီးတော့ ဒူးခေါင်းရိုး ၊ ခြေသလုံးရိုးက နှစ်ချောင်း ၊ နောက် ဖနောင့်ရိုးတွေ ၊ ခြေဖဝါးတွေက အပိုင်းအပြတ်ပြတ် အဆစ်ကလေးတွေ ဆက်ထားတာ ၊ နောက် ဘယ်ဘက်မှာလည်း ဖြစ်ပါတယ် ။ ပေါင်ရိုးတစ်ချောင်း ၊ နောက် ဒူးခေါင်းရိုး ၊ ခြေသလုံးရိုးက နှစ်ချောင်း ၊ ဖနောင့်ရိုးကလေးတွေ ခြေဖဝါးရိုးကလေးတွေကလည်း အပိုင်းအပြတ်ကလေး ဆက်ကာထားတာ ဤကိုယ်ကြီးသည် အရိုးစုများနဲ့ စိုက်ထောင်ထားတဲ့ ခန္ဓာအိမ် ဖြစ်ပါတယ် ။ ဤခန္ဓာအိမ်ပေါ်မှာမှ အင်္ဂတေ ကျံသကဲ့သို့ အသားများ တွယ်ကပ်ပြီးတော့ နေတာ

လိမ်းကျန်ထားသကဲ့သို့ဘဲတဲ့ ၊ ပြီးတော့ အကြောတွေဖွဲ့လို့ ချည်ပတ်ထားတာ ၊ ပြီးတော့ အရေထူ ၊ အရေပါး ဖုံးထားတာကြောင့် အထဲမှာရှိတဲ့ သဘောအမှန်ကို '' မျက်စိနဲ့ မမြင်ကြရတာ '' ဖြစ်ပါတယ် တဲ့ ။ ခေါင်းခွံရိုးထဲမှာက ညှီစို့စို့ အနံ့နဲ့ ဦးနှောက်တွေ ရှိနေပါတယ် ။ နောက်ပြီးတော့ ဝမ်းထဲမှာ ကတော့ ပါးစပ်ကနေ စအိုဝတိုင်အောင် ၊ ဒါကတော့ ဘုန်းကြီးတို့ စကားကျစ်လိုက်တာပါဘဲ ။ အူသိမ် ၊ အူမ ၊ အသည်း အဖျင်း စသဖြင့် အမဲအူတွေလို ၊ ဆိတ်ကလီစာ အူတွဲတွေလို ကြက်အူတွဲတွေလို ပါဘဲ ရှိနေပါတယ် ။ အရိအရွဲတွေ ပြည့်လို့ ရွံစရာ ဖြစ်နေပါတယ် ။ ဝမ်းထဲမှာ ရှိနေကြပါတယ် ။ ပါးစပ်ကနေ ဝါးမြိုလိုက်တဲ့ အစာသစ်များသည် အချွဲ ၊ အာစည်းတွေနဲ့ ရောထွေးလို့ ခွေးအန်ဖတ် အလား ဖြစ်သွားပါတယ် ။ ဒါကို တံတွေး ၊ သလိပ်တွေနဲ့ ရောထွေးပေါင်းစပ်ပြီးတော့ မျိုချလိုက်ကြတာ . . . အစာအိမ်ထဲမှာ အစာသစ်တွေက ခွေးအန်ဖတ် တည်နေပါပြီ ၊ ရှိနေပါတယ် ။ အပေါ်ကနေ အချိုရေတွေ ၊ လ္ဘက်ရည်တွေ ၊ ရေ ၊ ရေနွေးကြမ်း

စသည်ဖြင့် ဒါတွေကို လောင်းထည့်ပြီးတော့ကာ မွှေနှောက်တော့ကာ တကယ့်ကို ရွံစရာကောင်းတဲ့ ခွေးအန်ဖတ်နဲ့ တူပါတယ် ။ အရောင်မျိုးစုံ ၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရွံစရာ ကောင်းအောင် ရှိနေပါတယ် ။ အူနံရံက လှုပ်ရှားရိုက်ခတ် တွန်းပို့တာကြောင့် အောက်ဖက်အူမ ၊ အူသိမ်ထဲ ဆင်းသွား ပါတယ် ။ အူနံရံ ၊ အစာအိမ်နံရံတွေကလည်း ရေငွေ့တွေကို စုပ်စုပ်ပြီးတော့ကာ လိုအပ်သည်များကို ထုတ်နှုတ်ပြီးတော့ ပို့နေတာ လိုအပ်တဲ့နေရာကို ပို့နေတာ ဖြစ်ပါတယ် ။ နောက် တဖြည်းဖြည်းနဲ့ ခြောက်သွေ့ ခြောက်သွေ့ပြီးတော့ကာ ကျစ်ကျစ်လာတာ ၊ အောက်ပိုင်းကျတော့ အစာဟောင်းဆိုတာ ၊ မစင်ကျင်ကြီး ဖြစ်သွားတာပါဘဲ ၊ အပုတ်နံ့ လှိုင်နေပါတယ် .. လို့ မှတ်ကြပါ ။ အရည်များကတော့ ကျင်ငယ်အိမ်မှာ သွားစုပြီးတော့ကာ ရွံစရာအနံ့နဲ့ ကျင်ငယ်ဖြစ်နေပါပြီ ဤဝမ်းထဲမှာ ကျင်ငယ်တွေ ၊ ကျင်ကြီးတွေသည် ရှိနေပါတယ်တဲ့ . . .။ ဝမ်းဗိုက်ထကို ရောက်နေတဲ့ အစာသစ်ကတော့ ခွေးအန်ဖတ်လို ဖြစ်ပြီး ၊ အစာဟောင်ဲး ကတော့ ကျင်ကြီးအသွင် ၊ ကျင်ငယ်အသွင်နဲ့ ရှိနေတဲ့ အတွက် ကျင်ကြီးကျင်ငယ်ပြည့်နေတဲ့ မစင်ထည့် ထားသော အိုးနဲ့လည်း တူပါတယ် ။ တနည်းအားဖြင့်ြေ>ွမသေကောင်ပုတ်ကြီးကို ထည့်ထားတဲ့အိုးနဲ့လည်း တူပါတယ်တဲ့ ။ြေ>ွမသေကောင် ထည့်ထားတဲ့ အိုးနဲ့လည်းတူပါတယ် ။ ခွေးသေကောင်ထည့်ထားတဲ့ အိုးနဲ့လည်း တူပါတယ် လို့ ပြပါတယ် ။ ရွံစရာ အတိပါဘဲတဲ့ ၊ အပုတ်နံ့များသည် ဒီအတိုင်း မနေပါဘူးတဲ့ ၊ ထက်ဝန်းကျင်ကို စိမ့်ပျံ့ပြီးတော့ ထွက်နေပါတယ် ။ မျက်လုံးအိမ်ကနေ စိမ့်ပျံ့တဲ့အါ မျက်ချေးအသွင် စိမ့်ထွက်ပါတယ် ။ တစိမ့်စိမ့်နဲ့ တစိုစို ထွက်နေပါတယ် ။ နားကနေ စိမ့်ထွက်တဲ့ အခါကျတော့ နဖါချေးအသွင် စိမ့်ထွက်ပါတယ် ။ နှာခေါင်းအရိုး စုလေး ကနေ ထွက်တော့လည်းဘဲ နှပ်အသွင် စိမ့်ထွက်ပါတယ် ။ ပါးစပ်ကလည်း သွားချေးရည်တွေ စိမ့်ထက် ပါတယ် ။တစ်ခါတရံ လေလမ်းကြောင်းပြောင်းလို့ နှာခေါင်းကထွက်မွဲ့ နှပ်ကလည်း သလိပ်အသွင် ပါးစပ် ကနေထွက်တဲ့အခါ အပုပ်အခိုး ထွက်ပါသေးတယ် တွေဟာ တစိမ့်စိမ့်နဲ့ ။ ကျန်တဲ့ မွေးညှင်းပေါက်တွေကလည်းပဲ ချွေးနဲ့အတူ တရှိန်းရှိန်းနဲ့

ထွက်နေပါတယ် ။ တရှိန်းရှိန်းနဲ့ ခံစားကြည့်ကြပါ။ အခိုး ၊ အငွေ့ ကောင်းတယ် ၊ ကောင်းတယ် ဆိုတာက အပုပ်အခိုး ၊ အပုပ်အငွေ့တွေပါဘဲလို့ ဆင်ခြင်ကြပါ ။ ကျန်တဲ့ ဒွါရကြီးတွေကလည်းဘဲ ကျင်ကြီး ၊ ကျင်ငယ် အပုပ်ခဲ ၊ အပုပ်ရည်အဖြစ်နဲ့ နေ့စဉ်လို ယိုစီးထွက် နေပါတယ် တဲ့ ။

ဤကိုယ်ကြီးသည်

နာလည်း

နာတတ်ပါတယ်

ဒါကြောင့်

ကိုးပေါက်သော

အနာဝရှိသော ပြည်တည်နေတဲ့ အိုင်းအနာကြီးနဲ့ တူပါတယ်လို့လည်း ၊ ဘုရားရှင် မိန့်တော်မူပါတယ် ။ ဤကိုယ်ကြီးကို '' အမြင်မရှိတဲ့ အမှန်အတိုင်းလည်း မမြင်ကြတဲ့ အမှောင်ဓါတ် ၊ အမိုက်ဓါတ် စိတ်မှာ ဖုံးကွယ်ထားကြတဲ့ ပုဂ္ဂိုလ်တွေကတော့ တင့်တယ်လှပတယ်လို့ ထင်ကြတယ် ၊ တစ်ငါငါ နဲ့ မာနတက်နေကြတယ် '' ဤကိုယ်ကြီးကို အမှန်အတိုင်း မမြင်တာကြောင့် ငါက ဘာရာထူး ၊ ငါက ဘာမျိုး ၊ ငါလှတယ် ၊ ငါအားရှိတယ် စသဖြင့် မာနတွေတက်ပြီး နေကြတာတဲ့ ၊ '' ဤမာနတရားများဟာ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် နဲ့ ဝေးသထက်ဝေး အပါယ်လေးပါး သွားမယ့် မာနလို့ မှတ်ကြပါ ။ '' အခြား ၊ အခြား ကျမ်းများနဲ့ ပြန်ပေါင်းရင်တော့ ၊ ဘယ်လောက်ပဲ တန်ဖိုးကြီးမားတဲ့ အိမ်ကြီးတွေန့ပဲ ဒီကိုယ်ကြီးကိုထားထား ၊ ကုတင် ၊ ခြင်ထောင် ၊ မွေ့ယာတွေ သိန်းပေါင်းများစွဲာ တန်တာနဲ့ ထားလည်းပဲ တစိမ့်စိမ့်နဲ့ မတင့်မတယ် ရွံဖွယ်ရာကိုပဲ စိမ့်ထွက်နေပါလိမ့်မယ် ၊ တန်ဖိုးကြီးမားတဲ့ သိန်းပေါင်း များစွာတန်တဲ့ ရတနာတွေကို လည်ပင်းမှာဆွဲ ၊ နားမှာဖေါက်စွပ်ပေးပေး ၊ လက်မှာလည်း စွပ်ကြ ၊ ခြေထောက် မှာလည်း စွပ်ကြနဲ့ ဘယ်လိုပဲ တန်ဆာဆင်ပေးစေတော့ '' ဤကိုယ်ကြီးကတော့ ရွှေပြန်မထွက်ပါဘူး ၊ မတင့်မတယ် ရွံဖွယ်ရာတွေပဲ စိမ့်ထွက်နေပါလိမ့်မယ် ။ '' သိန်းပေါင်းများစွာတန်တဲ့ ကားတွေနဲ့ ထားလည်းဘဲ ၊ ကားပေါ်မှာ ချွေးတွေ ပျံလို့ တစိမ့်စိမ့်နဲ့ မတင့်မတယ် ရွံဖယ်ရာကိုပဲ စိမ့်ထွက်ပါလိမ့်မယ် ။ွ အဝတ်အထည်တွေ ဘယ်လောက်တန်ဖိုးကြီးတာတွေ ဝတ်ထားထား အနာတုံးကြီးကို ပတ်တီးပတ်ထားသလိုပါဘဲနော် . . . ။ တစိမ့်စိမ့်ထွက်တဲ့ အပုတ်အခိုးတွေကြောင့် အဝတ်အထည် သာလျှင် ညစ်နမ်းခြင်းရောက်ရတယ်ွ ။ စင်စစ်ကတော့ အဝတ်အထည်ထက်ပို၍ ညစ်နမ်းတွဲ့ ရွံစရာကောင်း သော '' မတင့်မတယ် ရွံစရာဖြစ်သော ခန္ဓာအိမ် '' လို့ မှတ်ကြပါ ။ တန်ဖိုးကြီးမားတဲ့ မွှေးညှင်းပေါက် ကနေ ရေမွှေး ပေါင်ဒါနံ့တွေ ချွေးနဲ့အတူ ၊ ဘယ်လိုပဲ လိမ်းချယ် လိမ်းချယ်

စိမ့်ထက်ကြတွဲ့

အပုပ်အခိုးတွေရဲ့

အရှိန်အဟုန်ကြောင့်

တကိုယ်လုံး အမွှေးနံသာတွေက ပျက်ပြယ်ကြရတာ ၊ တကယ်တော့ မတင့်မတယ်ရွံဖွယ်ရာသာ စိမ့်ထွက်တဲ့ ခန္ဓာအိမ်ပါပဲလို့ မှတ်ကြပါ ။ အင်မတန် ညိုမြဲ ပီးတော့ကာ ၊ ပိတုန်းရောင် တောက်တဲ့ ဆံပင်တွေဟာလည်း တစ်စ တစ်စရင့်ရော် အိုမင်းလာတဲ့ အခါကျတော့ '' ဖြူဖွေး '' လို့ ကြည့်မကောင်းတော့ပါဘူး ။ အမ္ဗပါလီ ရဟန္တာမကြီး ဥဒါန်းထဲမှာ ပါပါတယ် ။ ပြောင်းပင် ပြောင်းဖူးက ဖြူဖွေးတဲ့ အမွှေး များလိုပတဲ့ ၊ ဟိုတုန်းက အင်မတန်လှပပြီး မဲပြောင်နေတဲ့ ဆံပင်ဟာလည်း အခုတောဲ့ ဖြူဖွေးကုန်ပြီတဲ့ ၊ မလှတော့ဘူး ၊ တောက်ပပြီး လှပတယ်ဆိုတဲ့ မျက်လုံးကလည်း အခုတော့ မျက်ချေး တပေပေနဲ့ မျက်ခံကွ အိကျလို့ ရွံစရာကောင်းနေပြီတဲ့ ၊ တင်းဖေါင်းပြီးလှပတဲ့ ပါးပြင်တွေကလည်း အိတွဲလို့ ကြည့်မကောင်းတော့ဘူး ၊ ဖြူဖွေးစီတန်းပြီး လှပတဲ့ သွားတွေကလည်းပဲ . . . ခယိုခယိုင်နဲ့ ကြည့်၍မကောင်းတော့ပါဘူး ။ ရုပ်ပျက်ကုန်ပါပြီတဲ့ ၊ လက်မောင်းကလေးတွေ ၊ ပေါင်တံကလေးတွေကလည်းပဲ ဆင်နှာမောင်းလို သွယ်ပြောင်းတယ်လို့ မလှတော့ပါဘူး ။ တင့်တယ်လှပတယ်ဆိုတဲ့ ရေစစ်ပမာလို ရှုံတလိွု့ ရင်သားနှစ်မွှာကလည်းပဲ ။ ခါးတွေကလည်း သုံးမရလို့ ကိုင်းလို့ ပစ်ထားတဲ့ ယိမ်းယိုင်လို့ ဆိုသော်လည်းပဲ ၊ အခုအချိန်မှာတော့ ခြောက်သွေ့တဲ့ ကြံချောင်းကြီး အဆစ်များနဲ့တကွ ကြံချောင်းလိုဖြစ်သွားပြီ ၊ ခြောက်သွေ့တဲ့ ကြံချောင်းလို ဖြစ်ကုန်ပြီ

ကြည့်မကောင်းတော့ပါဘူး

မလှတော့ပါဘူး ၊ ကြည့်မကောင်း တော့ပါဘူး ။ အိုမင်းခြင်းရဲ့ ဒုက္ခ . . . တဖြည်းဖြည်းနဲ့ နာရလိမ့်ဦးမယ် ၊ ရောဂါဘယတွေကြောင့် လည်းဘဲ ငြီးတွားနေရအုန်းမယ် ၊ အိပ်လို့လည်းမရ စားလို့လည်းမကောင်းနဲ့ နောက်ဆုံးတော့ . . . ရောဂါဘယတွေနဲ့ ကိုယ့်ကျင်ငယ် ၊ ကိုယ့်ကျင်ကြီးကိုယ်မနိုင်လို့ သူများထူမှ ထရတဲ့ ဘဝဖြစ်ရလိမ့်အုန်းမယ် ၊ စုတေ မနေ သေကာနီးအခါမှာကျတော့ အသက်ကို ဆောင်လောက်အောင် ဓါတ်လေးပါး ဖေါက်ပြန်လို့ နာကျင်ပြီးတော့မှ နောက်ဆုံးသေရမှာ ။ သေပြီးလို့ နေပြီးတော့ကာ ၊ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက်ဆိုရင်ပဲ ဝါဝင်းတောင့်တင်းရာက ၊

လေထိုးထားတဲ့

သားရေအိတ်ကြီးပမာလိုတဲ့

ညိုဖေါင်းကာပြီးတော့ကာ

အက်ကွဲကုန်ပြီတဲ့ ၊ သွေးတွေ ပြည်တွေ ဖြစ်လာပြီ ၊ ပိုးလောက်တွေစားကုန်ကြပြီ ၊ လှပပါတယ်လို့

ထင်ခဲ့တဲ့ ပါးပြင်တွေမှာလည်းဘဲ အက်ကွဲလို့ သွေးတွေ ၊ သွေးပုပ်တွေ ၊ ပြည်တွေနဲ့ ရွံစရာအတိဖြစ်ပြီ ၊ မျက်လုံးများလည်း ပြူးအန်ထက်လိွု့ မလှတော့ပါဘူး ၊ ပါးစပ်ဟောင်းလောင်းနဲ့ တကိုယ်လုံး ပိုးလောက်တွေလည်း စားကုန်ကြပါပြီ ။ လက်မောင်း လက်ဖျံတွေလည်း အက်ကဲလို့ သွေးတွေ ပြည်တွေနဲ့ ဒွါရပေါက်တွေကလည်း တစိုစိုနဲ့ ပိုးလောက်တွေစားလို့ ရွံစရာ ဖြစ်ပါပြီ ။ '' ဤကိုယ်ကြီးကတော့ ရွှေပြန်မထွက်ပါဘူး ၊ မတင့်မတယ် ရွံဖွယ်ရာတွေပဲ

စိမ့်ထွက်နေပါလိမ့်မယ် ။ '' သိန်းပေါင်းများစွာတန်တဲ့ ကားတွေနဲ့ ထားလည်းဘဲ ၊ ကားပေါ်မှာ ချွေးတွေ ပျံလို့ တစိမ့်စိမ့်နဲ့ မတင့်မတယ် ရွံဖယ်ရာကိုပဲ စိမ့်ထွက်ပါလိမ့်မယ် ။ွ အဝတ်အထည်တွေ ဘယ်လောက်တန်ဖိုးကြီးတာတွေ ဝတ်ထားထား အနာတုံးကြီးကို ပတ်တီးပတ်ထားသလိုပါဘဲနော် . . . ။ တစိမ့်စိမ့်ထွက်တဲ့ အပုတ်အခိုးတွေကြောင့် အဝတ်အထည် သာလျှင် ညစ်နမ်းခြင်းရောက်ရတယ်ွ ။ စင်စစ်ကတော့ အဝတ်အထည်ထက်ပို၍ ညစ်နမ်းတွဲ့ ရွံစရာကောင်း သော '' မတင့်မတယ် ရွံစရာဖြစ်သော ခန္ဓာအိမ် '' လို့ မှတ်ကြပါ ။ တန်ဖိုးကြီးမားတဲ့ မွှေးညှင်းပေါက် ကနေ ရေမွှေး ပေါင်ဒါနံ့တွေ ချွေးနဲ့အတူ ၊ ဘယ်လိုပဲ လိမ်းချယ် လိမ်းချယ်

စိမ့်ထက်ကြတွဲ့

အပုပ်အခိုးတွေရဲ့

အရှိန်အဟုန်ကြောင့်

တကိုယ်လုံး အမွှေးနံသာတွေက ပျက်ပြယ်ကြရတာ ၊ တကယ်တော့ မတင့်မတယ်ရွံဖွယ်ရာသာ စိမ့်ထွက်တဲ့ ခန္ဓာအိမ်ပါပဲလို့ မှတ်ကြပါ ။ အင်မတန် ညိုမြဲ ပီးတော့ကာ ၊ ပိတုန်းရောင် တောက်တဲ့ ဆံပင်တွေဟာလည်း တစ်စ တစ်စရင့်ရော် အိုမင်းလာတဲ့ အခါကျတော့ '' ဖြူဖွေး '' လို့ ကြည့်မကောင်းတော့ပါဘူး ။ အမ္ဗပါလီ ရဟန္တာမကြီး ဥဒါန်းထဲမှာ ပါပါတယ် ။ ပြောင်းပင် ပြောင်းဖူးက ဖြူဖွေးတဲ့ အမွှေး များလိုပတဲ့ ၊ ဟိုတုန်းက အင်မတန်လှပပြီး မဲပြောင်နေတဲ့ ဆံပင်ဟာလည်း အခုတောဲ့ ဖြူဖွေးကုန်ပြီတဲ့ ၊ မလှတော့ဘူး ၊ တောက်ပပြီး လှပတယ်ဆိုတဲ့ မျက်လုံးကလည်း အခုတော့ မျက်ချေး တပေပေနဲ့ မျက်ခံကွ အိကျလို့ ရွံစရာကောင်းနေပြီတဲ့ ၊ တင်းဖေါင်းပြီးလှပတဲ့ ပါးပြင်တွေကလည်း အိတွဲလို့ ကြည့်မကောင်းတော့ဘူး ၊ ဖြူဖွေးစီတန်းပြီး လှပတဲ့ သွားတွေကလည်းပဲ . . . ခယိုခယိုင်နဲ့ ကြည့်၍မကောင်းတော့ပါဘူး ။

ရုပ်ပျက်ကုန်ပါပြီတဲ့ ၊ လက်မောင်းကလေးတွေ ၊ ပေါင်တံကလေးတွေကလည်းပဲ ဆင်နှာမောင်းလို သွယ်ပြောင်းတယ်လို့ မလှတော့ပါဘူး ။ တင့်တယ်လှပတယ်ဆိုတဲ့ ရေစစ်ပမာလို ရှုံတလိွု့ ရင်သားနှစ်မွှာကလည်းပဲ ။ ခါးတွေကလည်း သုံးမရလို့ ကိုင်းလို့ ပစ်ထားတဲ့ ယိမ်းယိုင်လို့ ဆိုသော်လည်းပဲ ၊ အခုအချိန်မှာတော့ ခြောက်သွေ့တဲ့ ကြံချောင်းကြီး အဆစ်များနဲ့တကွ ကြံချောင်းလိုဖြစ်သွားပြီ ၊ ခြောက်သွေ့တဲ့ ကြံချောင်းလို ဖြစ်ကုန်ပြီ

ကြည့်မကောင်းတော့ပါဘူး

မလှတော့ပါဘူး ၊ ကြည့်မကောင်း တော့ပါဘူး ။ အိုမင်းခြင်းရဲ့ ဒုက္ခ . . . တဖြည်းဖြည်းနဲ့ နာရလိမ့်ဦးမယ် ၊ ရောဂါဘယတွေကြောင့် လည်းဘဲ ငြီးတွားနေရအုန်းမယ် ၊ အိပ်လို့လည်းမရ စားလို့လည်းမကောင်းနဲ့ နောက်ဆုံးတော့ . . . ရောဂါဘယတွေနဲ့ ကိုယ့်ကျင်ငယ် ၊ ကိုယ့်ကျင်ကြီးကိုယ်မနိုင်လို့ သူများထူမှ ထရတဲ့ ဘဝဖြစ်ရလိမ့်အုန်းမယ် ၊ စုတေ မနေ သေကာနီးအခါမှာကျတော့ အသက်ကို ဆောင်လောက်အောင် ဓါတ်လေးပါး ဖေါက်ပြန်လို့ နာကျင်ပြီးတော့မှ နောက်ဆုံးသေရမှာ ။ သေပြီးလို့ နေပြီးတော့ကာ ၊ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက်ဆိုရင်ပဲ ဝါဝင်းတောင့်တင်းရာက ၊

လေထိုးထားတဲ့

သားရေအိတ်ကြီးပမာလိုတဲ့

ညိုဖေါင်းကာပြီးတော့ကာ

အက်ကွဲကုန်ပြီတဲ့ ၊ သွေးတွေ ပြည်တွေ ဖြစ်လာပြီ ၊ ပိုးလောက်တွေစားကုန်ကြပြီ ၊ လှပပါတယ်လို့ ထင်ခဲ့တဲ့ ပါးပြင်တွေမှာလည်းဘဲ အက်ကွဲလို့ သွေးတွေ ၊ သွေးပုပ်တွေ ၊ ပြည်တွေနဲ့ ရွံစရာအတိဖြစ်ပြီ ၊ မျက်လုံးများလည်း ပြူးအန်ထက်လိွု့ မလှတော့ပါဘူး ၊ ပါးစပ်ဟောင်းလောင်းနဲ့ တကိုယ်လုံး ပိုးလောက်တွေလည်း စားကုန်ကြပါပြီ ။ လက်မောင်း လက်ဖျံတွေလည်း အက်ကဲလို့ သွေးတွေ ပြည်တွေနဲ့ ဒွါရပေါက်တွေကလည်း တစိုစိုနဲ့ ပိုးလောက်တွေစားလို့ ရွံစရာ ဖြစ်ပါပြီ ။ ချမ်းသာလည်းမျိုးစုံ စုံခြဲ့ ကပါပြီ ၊ ဆင်းရဲလည်း မျိုးစုံခဲ့ပါပြီ ၊ ပင်ပန်းလှပါပြီ ။ ဘဒ္ဒဝတီ ညီနောင် သုံးဆယ်ကို သံဝေဂ ကထာဟောပုံကျတော့ ပို၍ နက်နဲလှပါတယ် ။ အင်မတန်ရှည်ကြာတဲ့ သံသရာလမ်းကလည်းပဲ သင်္ချေပေါင်း အနန္တလို့ ဆိုထားတော့ မရေနိုင်တဲ့ ကမ္ဘာတွေက အများကြီးပါဘဲ ။ ထိုထိုဘဝတွေ ဘဝတွေမှာ ခုလိုဘဲ အစုန်အဆန် ကျင်လည်လို့ ဖွါးလိုက် သေလိုက် ၊ ဖွါးလိုက် သေလိုက် လာခဲ့ကြတာ သက်တမ်းတွေ တွက်ပြီး ဘုရားရှင်က အမိန့်ရှိခဲ့ပါတယ် ။

'' ချစ်သားတို့ နှစ်သက်သလို ဖြေကြတဲ့ . . . . . ။ '' အင်မတန် ရှည်ကြာတဲ့ သံသရာကြီးမှာ ၊ ဘဝတွေ မရေနိုင်အောင် ဖြစ်ခဲ့တော့ ထိုထို ဘဝ တွေထမှာ နွားဘဝ တစ်ခုတည်း နှလုံးသွင်းကြည့်ကြပါတဲ့ ၊ဲ နွားတောင်မှ အဖြူ တစ်ခုတည်း ၊ စဉ်းစားကြည့်ပါအုံး . . .တဲ့ သူများက ။ မှန်လှပါဘုရား ၊ နွားအဖြူ ဘဝနဲ့ ကျခဲ့သွေးက များပါလိမ့်မယ် ဘုရားလို့ ဖြေကြရပါ တယ် ။ ကောင်းပြီ . . နွား အနီ တမျိုးတည်းပဲ ပြန်တွေးကြအုန်းတဲ့ . . . ။ ဘဝအဆက်ဆက်မှာ နွားဖြစ်ခဲ့တဲ့ ဘဝမှာ နွားနီတစ်မျိုးတည်းမှာဘဲ ၊ သူများသတ်လို့ ကျတဲ့ သွေးတွေပေါင်းထားမယ်ဆိုရင် ၊ ပင်လယ်ရေနဲ့ နှိုင်းယှဉ်ကြည့်ကြ ၊ နှစ်သက်သလို ဖြေကြပါတဲ့ . . . ဘယ်ဟာများမယ်ထင်လဲ . . . ၊ လို့ မေးတော်မူ တယ် . . .။ မှန်လှပါဘုရား . . သွေးကများပါလိမ့်မယ်လို့ ဖြေကြရှာတယ် ။ ဒါကို . . ဘုရားက ၊ တော်လောက်ပါပြီကွယ် ၊ '' သံသရာဖြတ်ဖို့ သင့်ပါပြီ '' ပင်ပန်းလှပါပြီ လို့ မိန့်တော်မူပါတယ် ။ သေကာနီးမှာကျတဲ့ မျက်ရည်တွေလည်း မနည်းတော့ပါဘူး ၊ ဒါကြောင့် အားလုံး ကိုယ့်ကိုယ်ကို ဆုံးမကြပါ ၊ အော် . . . ဆင်ခြင်ကြပါ ။ ဤကဲ့သို့ ဆင်းရဲများကုန်ဖို့ကတော့တဲ့ တဏှာအစပ်ပြတ်မှ အေးတော့မယ်လို့ ဆင်ခြင် ရမယ် ။ '' ဆင်းရဲဖြစ်တဲ့ အနီးကပ်ဆုံး အကြောင်းက ဇာတိပါပဲ '' ဘယ်ဇာတိရရ အို ၊ နာ ၊ သေ ဆင်းရဲနဲ့ပဲ အဆုံးသတ်ရမှာ ၊ တော်လောက်ပြီ ၊ ပင်ပန်းလှပါပြီလို့ လည်လှီးလို့ သေကာနီးမှာကျတဲ့ သွေးတွေ ၊ ပေါင်းထားမယ် ။ နွားအဖြူဘဝနဲ့ ဤကမ္ဘာမှာရှိတဲ့

သမုဒ္ဒရာရေနဲ့ ထိုသွေးနဲ့ ယှဉ်ကြည့်ရင် ဘယ်ဟာများမယ်ထင်သလဲ . . .၊ လို့ ဘုရားက အမိန့်ရှိတော့

ဇာတိမရရန်ကလည်း ကမ္မဘဝကို သတ်မှဖြစ်မယ် ၊ ကမ္မဘဝ မလာအောင်ကလည်း ဥပါဒါန်ကို သတ်မှ ဖြစ်မယ် ၊ ဥပါဒါန်ကို သတ်ချင်ရင်လည်း . . . တဏှာကို အကြောင်းရင်းကတော့ သတ်မှ ဥပါဒါန်မလာမှာ ၊ အကြောင်းကိုပဲ ၊ သတ်ရမယ် ။

တဏှာသတ်

တဏှာအစပ်ဖြတ်ဖို့ပါပဲ

တဏှာကလည်း

ဘယ်လိုဖြတ်ရမလဲဆင်ခြင်တော့ ၊ ဘုရားရှင် မိန့်တော်မူခဲ့တဲ့အတိုင်း . . . . . . . . အာရုံ ဒွါရမွေးတဲ့ ခန္ဓာ ဟိုးဘဝကပြုခဲ့တဲ့ ကံ အရှိန်ကြောင့် ဖြစ်တဲ့ ဝိပါက

အကျိုးဖြစ်တဲ့ ခန္ဓာ ၊ နံပါတ် (၂) အကွက်နော် မမေ့ပါနဲ့ ၊ အာရုံ ဒွါရတိုက်တော့ ငါးဒွါရမှာဖြင့် အဆင်း ၊ အသံ ၊ အနံ့ ၊ အရသာ ၊ အတွေ့အထိ တွေတဲ့ သိ ဆိုရင် စိတ် ၊ စေတသိတ် ၊ ရုပ် တွေ ပေါင်းစပ်လောင်ကျွမ်းလို့ ၊ ကာလမခြား ၊ မနောတံခါး ပွင့်အောင် လောင်ပါတယ် ။ မနောတံခါးမှာကျတော့ မျက်နှာ ကိုယ်အမူအယာ ၊ ပတ်ဝန်းကျင်အမူအယာတွေ ပေါ်လာတယ် ။ ဒါ '' သိ '' ဆိုရင် ခန္ဓာငါးပါး တစ်ပေါင်းတည်းဖြစ် ၊ တပေါင်းတည်းချုပ် ပါပဲ ၊ ပေါ်တဲ့အမူအယာကို '' ကာလမခြား နောက်စိတ်အစုက လက်ခံဆုံးဖြတ်လေ့ရှိတယ် '' အဘိဓမ္မာ နည်းအားဖြင့် ဘုရားရှင် ဟောတော်မူခဲ့ပါတယ် ။ စိတ်မှာ ယှဉ်ထားတ့ မောဟအမှောင်ဓါတ် ၊ လွှမ်းမိုးနေရင်တော့ အတုံး အခဲ

အထည်လို့ ထင်မှတ်ပြီး ငါ့ခေါင်း ၊ ငါ့ကိုယ် ၊ ငါ့လက် ၊ ငါ့ခြေ ၊ အတုံးအခဲ ထင်ပြီး မာနပါ ပါလာတယ် ၊ ဒီတော့မှ ငါ့အတွက်ဆိုပြီးတော့ . . . . အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် ကာလသုံးပါး ဆက်တော့တာပါပဲ ၊ ပတ်ဝန်းကျင် ပေါ်လာပြီးတော့ကာ ၊ '' ငါ '' ပေါ် . .ရင် ပတ်ဝန်းကျင်ပေါ်လာတော့တာပါပဲ ငါ့သား . . .ငါ့သမီး ၊ ငါ့ဆွေမျိုး အဲ. ဒီအတွက် ဖြစ်ချင်တဲ့ ပုံစံချပြီး ၊ ဒီပုံစံ ဖြစ်ရမယ်လို့ စွဲလန်းတဲ့ ဥပါဒါန် ၊ စီမံကိန်းချရင် ဥပါဒါန် ဖြစ်ပြီ ၊ ဥပါဒါန် ဆိုရင်ဖြင့် ၊ . . . နှလုံးအိမ် စိတ်မှီတဲ့ ဟဒယမှာ ဇောအရှိန် အဟုန် ထွက်ပါပြီ ၊ ဒီအရှိန် အဟုန်န့ပဲ ၊ သဟဇာတနိဿယ အညမညအားဖြင့် တကိုယ်လုံး ဓါတ်ရိပ်ဓါတ်ခိုးတွေဲ ပြောင်းတော့ တာပါပဲ ။ '' ဘဝပြောင်းတယ် ခေါ်ပါတယ် ''

အရှိန်ပြင်းပူ ၊ ပူသလောက် အရှိန်ပြင်း ၊ ပြင်းသလောက် ညံ့ဖျင်းပြီးတော့ကာ အရောင်မှိန် အနံ့ဆိုး ဖွဲ့စည်းပုံကြမ်းလျှက် ၊ မသေခင်ကကိုက အပါယ်လေးဘုံသားဘဝ ဇာတိ ယူနေပါပြီ လို့ ဆင်ခြင် ကြပါ ။ မေတ္တာနဲ့ ယှဉ်ဆက်လိုက်ပြန်တော့လည်း ၊ အအေးဓါတ်အရှိန်နဲ့ အထက်ကိုဆန်မယ် ၊ အထက်ဆန်ပြီး သေရမဲ့ ဇာတိ ယူပြန်တာပါပဲ ၊ ဤအဖြစ်ကို သေသေချာချာ . . .စဉ်းစားဆင်ခြင်လျှက် '' တဏှာအစပ်ပြတ်မျ အေးမှာပါလား လို့ နှလုံးသွင်းကြပါ ။ ဤကဲ့သို့ ဖြစ်ခ့တဲ့ အကြိမ်ပေါင်းဟာလည်း မရေနိုင်တော့ပါဘူး ၊ ပင်ပန်းလှပါပြီ ၊ဲ ဘုရားရှင် မိန့်တော်မူတဲ့ အလုပ်ပေးတရားအတိုင်း ဆင်ခြင်ရမယ် ၊ ရှုမှတ်ရမယ် ၊ အိမ်သည်စိတ်ယူပါ ၊ ရှုဆဲ ထုတ်ဆဲ ငြိမ်ဆဲ အမူအယာမှာ ဆံပင်ကို ဖယ်ထား ၊ လက်သည်း ခြေသည်းကိုဖယ် ပါ ၊ အရေပြားခြောက်တွေဖယ်ပါ ၊ လေဖြတ်တဲ့ အင်္ဂါကြီးငယ်ဖယ်လျှက် ၊ ကျန်တဲ့ နေရာအားလုံးမှာ . . . ကာယပသာဒ အကြည်ဓါတ် ၊ အာရုံကြော ၊ အဖျားလေးတွေ ပထဝီဓါတ် အဆုံးသတ်ထားပါတယ် ဓါတ်သုံးပါးကို သိခွင့်ရပါပြီ ။ ၊ မပြတ်လောင်တော့ တေဇောဓါတ် ဝါယောဓါတ်၊

ခန္ဓာမီးလောင်တော့ ဓါတ်သုံးပါးသိတယ် ၊ ကာလမခြား မနောမှာ မျက်နှာ အမူအယာ ၊ ကိုယ် အမူအယာ ၊ လက်ခြေ အမူအယာ ၊ ရှုဆဲ အမူအယာ ၊ ထုတ်ဆဲ အမူအယာ ၊ ငြိမ်ဆဲ အမူအယာ ၊ လှုပ်ရှားဆဲ အမူအယာ ဟာ တစ်စပ်တည်းဆိုသလို ကာလမခြား ပေါ်နေပါတယ် ၊ ဒါကို နောက်စိတ်အစုမှ ဘုရားပေးတဲ့ ပညာနဲ့ ရှုမှတ်တဲ့အခါ . . . နေတံမမ ၊ နေသောဟမသ္မိ ၊ နမေသောအတ္တာ ၊ မျက်နှာကိုယ် အမူအယာ တွေက ခင်ဗျားပိုင်တဲ့ နဖူးပါ ၊ ခင်ဗျားပိုင်တဲ့ မျက်ခုံး ၊ မျက်လုံး တွေပါလို့၊ ခင်ဗျားပိုင်တဲ့ မျက်နှာပါ ၊ နှာခေါင်းပါ ၊ ပါးစပ်ပါ ၊ ခင်ဗျားပိုင်တဲ့ နားရွက်ပါ ၊ ခင်ဗျားပိုင်တဲ့ ခေါင်းပါလို့ စကားပြောတဲ့ အသံ မပါ ပါဘူး ။ ရှုဆဲ ထုတ်ဆဲ ငြိမ်ဆမှာ အသစ် အသစ် တံလျှပ်ကဲ့သို့ ပေါ်တဲ့ အမူအယာသည် '' ငါ ''ဲ ဖြစ် နေပါတယ် ၊ ငါပါလို့ ဝန်ခံစကားပြောတဲ့ အသံ ပညတ် ပါမသွားပါဘူး ။ နမေသော အတ္တာ ၊ အသက် လိပ်ပြာ အသက်ရှိတဲ့ အတုံးအခဲမဟုတ် ၊ မဟုတ်ရင် . . ဟုတ်တာက တံလျှပ်လိုတဲ့ အသစ်အသစ် လောင်ရင်း ကုန်နေတာပါ ။ တရှိန်ရှိန်နဲ့ သင်္ခါရာ မီးတောက်ပမာ စကားအတိုင်း လိုပါပဲ ၊ အချိန်နဲ့ ၊ ယှဉ်ကြည့်တော့ကာတောက်လျှောက် ဖွားသေ သေနေပါတယ် ။ ဝယဓမ္မာ ချုပ်ငြိမ်းနေပါတယ်

အချိန်ကုန်ဘိသကဲ့သို့ ရှုဆဲ ၊ ထုတ်ဆဲ ၊ ငြိမ်ဆဲမှာ တောက်လျှေက် ထိရင်းပျောက် လောင်ရင်းကုန်

အနာဂတ်လည်းမရှိ ၊ အနာဂတ်မှာလည်း ခန္ဓာကြိုမပေါ် ၊ အတိတ်ခန္ဓာ လည်း ဘယ်တော့မှ ပြန်မလာ ၊ ပေါ်ဆဲမှာလည်းပဲ တံလျှပ်ကဲ့သို့ ချုပ်ငြိမ်းခြင်း ပဲ ရှိပါတယ် ။ ဘုရားရှင်ရဲ့ ကျေးဇူးကြောင့် ခန္ဓာအဆုံး ၊ သံသရာအဆုံး ၊ ဝဋ်ကထွက်မြောက်ခြင်း သိမြင်တဲ့ Óဏ်ရပါတယ်လို့လည်း ဆင်ခြင်ပြီးတော့ ဘုရားကို ကြည်ညိုကြပါ ။ ဤအတိုင်းပဲ မသိခဲ့ကြလို့ သံသရာ ရှည်ခ့တာလည်း များပေါ့ ၊ ပင်ပန်းလှပါပြီ ၊ အခုတော့ လွတ်ပြီလို့လည်ဲး ဆင်ခြင်ပြီးတော့ ပီတိဖြစ်ပါ အဖေါ်ကောင်းလည်း ရပြီလို့ ပီတိဖြစ်ကြပါ ။ '' စိတ်ရဲ့ ကျက်စားရာ အဖေါ်ကောင်း '' တိတ်ဆိတ်နေပါတယ် ၊ စကားပြောတဲ့ အသံမပါပါ ၊ သက်ဝင်လှုပ်ရှားတဲ့ အမူအယာ မရှိပါ ၊ တရိပ်ရိပ်နဲ့ လောင်ရင်းကုန် ထိရင်းပျောက် ချုပ်ငြိမ်းခြင်းပဲ ရှိပါတယ် ။ ဆိတ်သုန်းတယ် ခေါ်ပါတယ် ကာလသုံးပါးလည်း မငြိတယ်တာကြောင့် ဝိမုတ္တိဓါတ်လို့လည်း ခေါ်ပါတယ် ။ွ တဏှာမရှိတာကြောင့် နိဝါန လို့လည်း ခေါ်ကြပါတယ် ။ ဗမာတွေက နိဗ္ဗာန်လို့လည်း သုံးကြပါတယ် ။ ဒိဋ္ဌိ မရှိတာကြောင့် မာနမရှိတာကြောင့် တဏှာမရှိပါ ။ ကြိမ်ဖန်များစွာ အသစ် အသစ် နော် . . .။ ခန္ဓာ ပေါ်တိုင်း အရှုခံ ၊ အရှုဉာဏ်တည်ရင်ဖြင့် လွတ်မြောက်ပါပြီ ၊ နောက်ဆုံး အပြီးသေလို့ ခေါ်ပါတယ် ။ ဘဝတစ်ခုလုံးရဲ့ ဖွားသေ အဖေါ်ကောင်း ဖြစ်ပါတယ် ။ အဖေါ်ကောင်း ဖြစ်ပါတယ် . . . ။ '' ကာယ ဂထာ သတိ '' သည်သာ အကောင်းဆုံး အဖေါ်မွန် ။ ပဋာစာရီကို ဘုရားရှင် ဆုံးမတုန်းက ၊ ချစ်သမီး . . . ကိုယ့်ရဲ့ ဖခင် ၊ မိခင် ကိုလည်း အားကိုးထင်ကြ ၊ အစ်ကို အစ်မ ဆွေမျိုးတွေကိုလည်း အားကိုးထင်ကြ ၊ ခင်ပွန်းသည် ၊ ဇနီးသည် ၊ သား ၊ သမီးတွေကိုလည်း အားကိုးထင်ကြ ၊ စီးပွားဥစ္စာကိုလည်း အားကိုးထင်ကြတယ်တဲ့ ။ ထိုအရာတွေဟာ အားကိုး အစစ်လည်း မဟုတ်ပါ ။ အဖေါ်ကောင်းလည်း မဟုတ်ပါ ။ ဒါကြောင့်မို့လို့ ပညာရှိများသည် '' တဏှာမရှိရာ နိဗ္ဗာန်လမ်းကို သုတ်သင် ရှင်းလင်းလို့ သွားကြပါတယ် ။ '' လောင်ရင်းကုန် ၊ ထိရင်းပျောက် ဘယ်တော့မှ ပြန်မလာသော ပျောက်ခြင်းနဲ့ ပျောက်နေတာကြောင့် ချုပ်ငြိမ်းနေပါတယ် ။ တရိပ်ရိပ်နဲ့ ပေါ်သမျှ

ရှင်းရှင်းလင်းလင်း အဖေါ်ကောင်းပါပဲ ။

ရှင်းလင်းပြီးတော့ကာ

လျှောက်ကြပါတယ်လို့

အမိန့်ရှိတော်မူပါတယ်

အာနန္ဒာ

မထေရ်

မြတ်စွာဘုရားမရှိတဲ့

နောက်မှာ

အင်မတန်သောက

ရောက်ခဲ့ရပါတယ် ၊ အားကိုးမဲ့ကာ ၊ အဖေါ်မရှိတော့ ပင်ပန်းခဲ့ပါတယ် ။ နောက် . . . တဏှာ အစပ်ပြတ်တော့မှ ဘုရား မရှိတ့နောက် . . .ဲ '' ကာယဂတာ သတိသည်သာ အကောင်းဆုံး အဖော်မွန်ပါဘဲ '' လို့ ဥဒါန်း ကျူးခဲ့ ရှာပါတယ် ။ မပြတ်မလပ် အရှုခံ ပေါ်တာကတော့ အိမ်သည် စိတ်ကိုယ်မှာ ပေါ်တာပါပဲ ။ မနော အထိ ကာလမခြားပေါ်တာကို အမူယာတိုင်း ၊ အမူယာတိုင်း ၊ အချိန်တိုင်းမှာ ဉာဏ်ထည့်ပြီးတော့ကာ ၊ အရှုခံ အရှုဉာဏ် တည့်လျှက် . . . အရှိကို အရှိအတိုင်း ရှုမြင်တဲ့ ဉာဏ်ကို အဖေါ်လို့ဘဲ ပွါးများခြင်းမှတပါး အမြတ်ဆုံးပါပဲ ။ ကံဟောင်းလည်းကုန် ၊ ကံသစ်လည်း မလာ ၊ လွတ်မြောက်ရာဖြစ်ပါတယ် ။ ကောင်းသော အဖေါ်မရှိပါ ။ အကောင်းဆုံး အဖေါ်ပါပဲ ။ အမြတ်လည်း

တန်ဘိုးလည်း အင်မတန်ကြီးလှပါတယ် ။ ဘုရားရှင်ရဲ့ စိတ်ဓါတ်ပါပဲ ၊ မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်ပင့်ထားသလိုပါပဲ

ဘုရားဓါတ် ပင့်ထားတာပါပဲ ၊ တိုက်ရိုက် ဘုရားဖူးနေတာ ။ ဝဂ္ဂလိ ရဟန်းကို မိန့်တော်မူတာက အပုပ်ကောင်ကြီးကို မြင်လို့ ဘုရားမြင်တယ် မယူနဲ့တဲ့ ၊ ဤ တရားမြင်မှ ဘုရားမြင်တယ် . . . ခေါ်ပါတယ် လို့ မိန့်တော်မူခဲ့ပါတယ် ။ ဒါကြောင့် အားလုံးသည် ရှုဆဲ ၊ မှတ်ဆဲမှာ ဘုရားကိုယ်တော်တိုင် ဖူးနေရပါတယ် ။ ဘုရား ဓါတ် ကိန်းနေပါပြီလို့ ဝမ်းသာကြပါ ။ ပင့်ထားပါတယ်တဲ့ ၊ ဘုရားကို ပင့်ထားပြီးသား ဖြစ်နေပါတယ် ။ တိုက်ရိုက် ပူဇော်ပြီးသား ဖြစ်နေပါတယ် ။ အကောင်းဆုံး အမြတ်ဆုံး နေခြင်းပါပဲလို့ ဝမ်းသာပီတိ ဖြစ်ပြီး တိုး၍ တိုး၍ ကျင့်ကြပါ ။ ရှုမှတ်ဆမှာပင်လျှင် မဟာကုသိုလ် တွဲပါနေတာကြောင့် . . . စွမ်းအားတွေလည်း ပြည့်ဲ ပြည့်လာပါတယ် ။ အသွေးအသား ချဉ်ဆီမှာ အင်မတန်ကောင်းတဲ့ သတ္တိတွေ တိုး၍ တိုး၍ လာနေပါ တယ် ။

ဖွ့စည်းပုံ နူးညံ့သည်ထက် နူးညံ့ ၊ အရောင်တောက်သည်ထက်တောက်လို့ တန်ခိုးကြီဲး သည်ထက် ကြီးလာပါတယ် ။ ဘဝပြောင်းနေပါတယ် ။ နောက်ဆုံး ဖွဲ့စည်းပုံပျောက် လောင် အောင် အထိ ပြောင်းလဲလျှက် ခန္ဓာဇာတ်သိမ်း အေးငြိမ်းပါလိမ့်မယ် ။ အကောင်းဆုံး အဖေါ်ပါပဲ ။ အော် . . . အတွေးနယ်မှာပေါ်တဲ့ ၊ မနောတံခါးမှာပေါ်တဲ့ . . . မျက်နှာ အမူအရာ ကိုယ် အမူအယာကို အတုံး ၊ အခဲ ၊ အထည် ၊ ငါလို့ ထင်မိတာကြောင့် ငါ့အိုး ၊ ငါ့အိမ် ၊ ငါ့သား ၊ င့ါသမီး ၊ င့ါဆွေမျိုး ၊ တောင့်တကြောင့်ကြမျိုးစုံနဲ့ သံသရာမှာ ကပြောင်းကပြန် ခြားရဟတ်လို ပင်ပန်းခဲ့တာ ကြာခဲ့ပေါ့ ၊ အခုတော့ လွတ်ပြီလို့ ဆင်ခြင်ကြပါ ။ ပီတိဖြစ်ကြပါ ။ ဝစီ ပညတ် စကားလုံး ၊ လုံးဝမရှိပါ ။ လှုပ်ရှားတဲ့ အမူအယာ လုံးဝမရှိပါ ။ အသစ် အသစ် တံလျှပ် ကဲ့သို့ တရိပ်ရိပ် နဲ့ ပေါ်ရင်း ပျောက် . . .လောင်ရင်းကုန် ။ ဤကဲ့သို့ ချဉ်ဆီတွေမှာ ရုပ်တွေမှာ ကြိမ်ဖန်များစွာ အညမည ပွါးများကြကုန်လျှက် အားဖြင့် ၊ စိတ်မှီရာ အသွေး အသား

ဉာဏ်ရင့်သန်ကာ

နောက်ဆုံး

တဏှာအစပ်

အပြီးဖြတ်နိုင်သော ဉာဏ်အလင်း ထိအောင် ပေါက်မြောက်၍ အရဟတ္တဖိုလ်ဖြင့် ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ ။

( သာဓု ၊ သာဓု ၊ သာဓု ) ဆရာတော် ပေးတဲ့ဆုနဲ့ ပြည့်စုံရပါစေ ဘုရား '' ဝိဇ္ဇာ ဉာဏ်မြတ် အလင်းဓါတ် ၊ လွှမ်းပတ် ကမ္ဘာ တည်ပါစေ ''

နန်းနွယ်

You might also like