You are on page 1of 4

၁၉၅၆ လွတ်မြောက်ရေး ဝိညာဉ်များ

(၁)

ဆာရာဂျေဗို ကို လုပ်ကြံပစ်လိုက်တဲ့ နေ့တနေ့ကို ခင်ဗျားတို့မှတ်မိမလားမသိဘူး။


၁၉၁၄ ဂျွန်လ- ၂၈ မှာဖြစ်ခ့တ
ဲ ယ်။ အော်စထရို-ဟန်ဂေရီ အင်ပါယာကနေခွဲထွက်ပြီး ကြီးမြတ်တဲ့ ဆားဗီးယားနိုင်ငံကို
ထူထောင်ချင်တဲ့သူတွေရဲ့မြေအောက်တော်လှန်ရေးလှုပ်ရှားမှုတွေက တဖြည်းဖြည်းအားကောင်းလာနေပြီ။
ဆာရာဂျေဗို လုပ်ကြံမှုဟာ ဥရောပအလယ်ပိုင်းအနာဂတ်နိုင်ငံရေးမှာ အုပ်စီးထားတဲ့အင်ပါယာတွေအတွက်
ကံဆိုးမိုးမှောင်ကျမှုတခုဖြစ်တယ်။

တကယ်တော့ ပထမကမ္ဘာစစ်မတိုင်ခင်နိုင်ငံရေးဇာတ်ခုံ နဲ့ မဟာမိတ်ဖွဲ့မှုတွေကို နားမလည်ရင် ဒုတိယကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲရဲ့


အဖြစ်အပျက်တွေကို သဘောပေါက်ဖို့ မဖြစ်နိုင်ဘူး။ စစ်အေးတိုက်ပွဲရဲ့မျက်နှာဖုံးတွေကို ရှင်းရှင်းလင်းလင်းခွာမချနိုင်သေးရင်လည်း
အနာဂတ်ကိုထိတွေ့ဖို့မဖြစ်နိုင်ဘူး။

(၂)

၁၉၅၆ ဟန်ဂေရီလူထုအုံကြွမှုအကြောင်းတင်ပြမယ်စိတ်ကူးတော့ အော်စထရို-ဟန်ဂေရီ အင်ပါယာအကြောင်းကိုပြန်လည်လေ့လာ


ကြည့်မိတယ်။ ရုရှားအင်ပါယာပြီးရင် ဒုတိယအကြီးဆုံးအင်ပါယာဖြစ်တဲ့ အော်စထရို-ဟန်ဂေရီ အင်ပါယာ ဘယ်လိုပြိုကျခဲ့သလဲ။
ဆိုဗီယက်ပြည်ထောင်စုရဲ့လက်အောက်ခံနိုင်ငံတခုအဖြစ် ဘယ်လိုရောက်ခဲ့သလဲ။
ဒီအချက်တွေကိုသိပြီးတဲ့အခါ ၁၉၅၆ တော်လှန်ရေးအကြောင်းကို ဆက်လက်လေ့လာစေချင်ပါတယ်။

ဟန်ဂေရီနိုင်ငံရဲ့ ၁၉၅၆ တော်လှန်ရေးကို ဆွေးနွေးတဲ့အခါ တကယ်ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းတွေကိုချပြဆွေးနွေးဖို့စိတ်ကူးထားတယ်။


ဒီလှုပ်ရှားမှုကိုမြင်ကြတဲ့ထောင့်တွေက မတူကြတဲ့အတွက်ကောက်ချက်ချမှုတွေကလည်း ကွဲပြားပါတယ်။
တရုတ်ပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုံးက တန်ပြန်တော်လှန်ရေးသမားတွေကို ချေမှုန်းဖို့ ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ကို
တိုက်တွန်းသလို၊ ဟန်ဂေရီ လှုပ်ရှားမှုဟာ ရော့စကီးနောက်လိုက်တွေနဲ့အနောက်အုပ်စုသူလျှိုတွေပူးပေါင်းကြံစည်မှုဖြစ်တယ်လို့
လက်ဝဲအုပ်စုတွေက ဝါဒဖြန့်ခြဲ့ ကတယ်။ ကျနော်အဓိကထားတဲ့အာရုံကတော့ လူထုလှုပ်ရှားမှုနဲ့ဟန်ဂေရီပြည်သူတွေရဲ့
အသံပဲဖြစ်ပါတယ်။ သူတို့ရဲ့ပုံရိပ်တွေ၊ ခံစားချက်တွေ ကသာ သမိုင်းအမှန်တွေဖြစ်ပါလိမ့်မယ်။
ဒါကြောင့် စစ်အေးတိုက်ပက
ွဲာလမှာ ဝါဒဖြန့်ခြဲ့ ကတဲ့ နိုင်ငံရေးသမားတွေရဲ့သုံးသပ်ရှုမြင်ပုံနဲ့ကွာခြားနေမယ်ဆိုတာ အသေအချာပါ။

ဒီတပတ်၊ လွတ်လပ်တ့အ
ဲာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ၁၉၅၆ ဟန်ဂေရီအုံကြွမှုကိုတင်ပြထားပါတယ်။
နောက်တပတ်မှာ ဆွေးနွေးမဲ့ ဟန်ဂေရီ လှုပ်ရှားမှု (ဒုတိယပိုင်း) ပြီးတဲ့အခါ ကျမှ မှတ်တမ်းရုပ်ရှင်တွေကို တပါးတည်းခံစားစေချင်ပါတယ်။

နိုင်ငံတော်ကိုဂုဏ်ပြုရမဲ့အရာထက်
မင်းရဲ့သနားစရာကောင်းတဲ့ ဘဝကို
တန်ဘိုးထားနေအုံးမှာလား
ငါတို့ အဓိဋ္ဌာန်ပြုကြပါစို့ - ကျွန်ဘဝမှာ ငါတို့ဆက်ပြီးမနေချင်တော့

သောတရှင်များခင်ဗျား

၁၈၄၈ ဟန်ဂေရီလတ
ွ်မြောက်ရေးဂုဏ်ပြုကဗျာကို သီချင်းအဖြစ်အသက်သွင်းခဲ့ဘူးတဲ့လှုပ်ရှားမှုတွေကို မှတ်မိကြပါလိမ့်မယ်။
“ ၁၉၄၁ မှာ ဟန်ဂေရီနိုင်ငံဟာ ဖက်ဆစ်ဝန်ရိုးတန်းနိုင်ငံတွေရဲ့အဖွဲ့ဝင်ဖြစ်ခဲ့တဲ့အတွက် ဂျာမဏီနိုင်ငံက ယူဂိုဆလားဗီးယားနဲ့
ဆိုဗီယက်ယူနီယံကိုဝင်ရောက်ကျူးကျော်တ့အ
ဲ ခါ ပါဝင်တိုက်ခိုက်ပေးခဲ့တယ်။ ဒါပေမဲ့ ၁၉၄၅ မှာ ဆိုဗီယက်တပ်နီတော်က
ဂျာမန်တွေကို အနိုင်ရလိုက်ပြီး ဟန်ဂေရီနိုင်ငံတခုလုံးကို လွှမ်းမိုးချုပ်ကိုင်လာနိုင်ခဲ့တယ်လေ”

၁၉၄၅ မှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေကိုကျင်းပပေးခဲ့ပြီး ညွှန့်ပေါင်းအစိုးရတရပ်ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။


ဆိုဗီယက်တွေထောက်ပံ့ပေးထားတဲ့ ကွန်မြူနစ်ပါတီဟာ ပါလီမန်လွှတ်တော်ကိုယ်စားလှယ် (၁၇) ရာခိုင်နှုန်းသာအနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ဟန်ဂေရီ ကွန်မြူနစ်တွေဟာ ပြိုင်ဘက်နိုင်ငံရေးသမားတွေအပေါ် တလွှာခြင်းဖဲ့ထုတ် သွေးခွဲတဲ့နည်းကို
အသုံးပြုပြီး ညွှန့်ပေါင်းအစိုးရကိုယိမ်းယိုင်ချိန့သ
ွဲားအောင်ပြုလုပ်ခဲ့ပါတယ်။လုပ်သားပြည်သူ့ ကွန်မြူနစ်ပါတီကိုဖွဲ့စည်းလိုက်ပါတယ်။
နိုင်ငံတော်လြုံ ခုံရေးရဲတွေကို အသုံးချပြီး ပြိုင်ဘက်နိုင်ငံရေးသမားတွေကို ထရော့စကီးနောက်လိုက်တွေ၊ အနောက်အုပ်စုရဲ့
သူလျှိုတွေလို လို့ စွပ်စဖ
ွဲ မ်းဆီး နှိပ်စက်ခ့တ
ဲ ယ်။ စစ်ကြောရေးစခန်းတွေမှာ ထောင်သောင်းချီတဲ့ပညာတတ်တွေ၊
အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ပြည့်နှက်နေခဲ့သလို၊ လုံခြုံရေးအတွက်သံသယရှိသူတွေအားလုံးကို
နိုင်ငံအတွင်းကနေ နှင်ထုတ်ခ့တ
ဲ ယ်”

ဟန်ဂေရီ ကွန်မြူနစ်ခေါင်းဆောင် Matyas Rakosi ဟာ ဥရောပရဲ့အရက်စက်ဆုံးအာဏာရှင်တယောက်အဖြစ်လူသိများလာခဲ့တယ်။


တဘက်မှာတော့ စစ်ရော်ကြေးအဖြစ် ဆိုဗီယက်န့ခ
ျဲက်ကိုစလိုဗက်ကီးယားကို ဒေါ်လာ သန်း (၃၀၀) ပေးနေရတဲ့အပြင်
ဆိုဗီယက်ပုံစံစီးပွားရေးစံနစ်ကြောင့် ငွေကြေးဖောင်းပွမှုက အစမတန်မြင့်မားလာခဲ့တယ်။ စီးပွားရေးချွတ်ခြုံကျမှုကြောင့်
ရက်ကိုစီ တယောက်ရာထူးကနှုတ်ထက
ွ်ခ့ရ
ဲ တော့တယ်။

“ရက်ကိုရှီ တယောက် ရာထူးကနေ နှုတ်ထက


ွ်သွားတဲ့အခါမှာတော့ ကျောင်းသားတွေနဲ့ ဂျာနယ်လစ်တွေဟာ ပိုမုတ
ိ က်ကြွလာပြီး
အရေးပါတဲ့နိုင်ငံရေးအခန်းကဏ္ဍမှာဝင်ရောက်လှုပ်ရှားလိုက်ကြတယ်။ ဟန်ဂေရီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေကို
ဆွေးနွေးငြင်းခုန်ကြတဲ့ ပညာတတ်တွေရဲ့စကားဝိုင်းတွေကလည်း လူထုကြားမှာ ရေပန်းစားလာခဲ့တယ်။
ဂုဏ်ပြုလေးစားခံရတဲ့ကဗျာဆရာတယောက်ကို သင်္ကေတထားပြီး ဆာဒါပက်တိုဖီ ဖိုရမ် လို့ အမည်ပေးခဲ့ကြတယ်။”

ပညာတတ်တွေခေါင်းဆောင်တဲ့ ဖိုရမ်တွေဟာ သောင်းချီနေတဲ့လူထုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။


၁၉၅၆ ခုနှစ်မှာတော့ Szeged မြို့ တက္ကသိုလ်ကျောင်းသားတွေဟာကွန်မြူနစ်အစိုးရရဲ့ကျောင်းသားသမဂ္ဂ ကို ပျက်ရယ်ပြုအန်တု
လိုက်ပြီး ဟန်ဂေရီယံ တက္ကသိုလ်များနှင့် အကယ်ဒမီ ကျောင်းသားများသမဂ္ဂကိုဖဲ့စ
ွ ည်းလိုက်ကြပါတယ်။

“ ပိုလန်အလုပ်သမားသမဂ္ဂ က ဦးဆောင်တိုက်ပဝ
ွဲ င်နေတဲ့ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေက ကျနော်တို့ဟန်ဂေရီနိုင်ငံဆီကို
ရိုက်ခပ်လာနေပြီ။ ဟန်ဂေရီယံစာရေးဆရာများသမဂ္ဂ ကလည်း ပိုလန်သွေးစည်းညီညွတ်ရေးအလုပ်သမားသမဂ္ဂ နဲ့
တသားတည်းရှိကြောင်းပြဖို့အတွက် ဆန္ဒပြပွဲတွေကျင်းပတော့မယ်ဆိုတဲ့သတင်းကလည်း နိုင်ငံတွင်းမှာ ပျံ့နှံ့နေတယ်။
ကျောင်းသားတွေက သူတို့ရဲ့လွတ်လပ်တဲ့သမဂ္ဂကိုဖ့စ
ွဲ ည်းလိုက်ကြောင်းကြေငြာလိုက်တဲ့အခါ၊
Pecs, Miskolc, Sopron မြို့အသီးသီးမှာ ရှိတဲ့ တက္ကသလ
ိုတွေကလည်း ကျောင်းသားသမဂ္ဂတွေကို ဖွဲ့စည်းလိုက်ကြတယ်။
စက်မှုတက္ကသိုလ်ကျောင်းသားတွေကလည်း “ ရက်ကိုရှီ ရဲ့ လူသတ်အစိုးရခေါင်းဆောင်တွေကို ချက်ခြင်း ဖြုတ်ချပစ်ပေးရမယ်။
ဆိုဗီယက်စစ်တပ်ဆုတ်ခွာ ပေးရမယ်။ လွတ်လပ်တ့အ
ဲ ထွေထွေရွေးကောက်ပွဲတွေကိုကျင်းပပေးပြီး ပါလီမန်လွှတ်တော်အသစ်ကို
ဖွဲ့စည်းရမယ် ဆိုတာတွေအပါအဝင် မူဝါဒရေးရာတောင်းဆိုချက် (၁၆) ချက် ကို ထုတ်ပြန်ကြေငြာလိုက်ကြတယ်။”

အောက်တိုဘာ (၂၃) ရက်နေ့မှာတော့ စာရေးဆရာတွေ၊ ကျောင်းသားတွေဦးဆောင်ပါဝင်ကြတဲ့ ပြည်သူနှစ်သောင်းကျော်ဟာ


အမျိုးသားသူရဲကောင်း ဂျိုးဇက်ဘန်း ရဲ့ ရုပ်ထုကြီးရှေ့မှာစုဝေးရောက်ရှိလာခဲ့ကြပါတယ်။ “ ကျာင်းသားခေါင်းဆောင်တွေ၊
စာရေးဆရာတွေရဲ့မိန့်ခန
ွ်းတွေအပြီးမှာ “ ငါတို့ သစ္စာဆိုပါတယ်။ ကျွန်ဘဝအဖြစ်ဆက်လက်ရပ်တည်တော့မှာ မဟုတ်” ဆိုတဲ့
သီချင်းကို လူထု က သံပြိုင်ရတ
ွ်ဆိုလိုက်ကြတယ်။ တကယ်တော့ အဲ့ဒီနိုင်ငံတော်သီချင်းကို ဟန်ဂေရီ ကွန်မြူနစ်အစိုးရက
ဖြတ်တောက်ပိတ်ပင်တားဆီးထားခဲ့တယ်။ ဒီသီချင်းသံကိုကြားတဲ့ပြည်သူတွေဟာ ဆန္ဒပြပွဲကိုလာရောက်ပူးပေါင်းကြတယ်။
ညနေခင်းမှာ လူ (၂) သိန်းနီးပါးဖြစ်လာခဲ့ပါတယ်။ ဟန်ဂေရီအလံတော်ဆီမှ ကွန်မြူနစ်တံဆိပ်အမှတ်အသားကို ဖဲ့ထုတ်ပစ်လိုက်ပြီး
အလယ်မှာ အဝိုင်းတခုလိုပေါက်ထက
ွ်နေတဲ့အလံတော်ကို လွှင့်တင်လိုက်ကြပါတယ်။
ဆန္ဒပြသူတွေရဲ့ပုံရိပ်တွေဟာတခြားသူတွေကို လှုံ့ဆော်တက်ကြွစေခဲ့ပေမဲ့ငြိမ်းချမ်းစွာပြီးဆုံးခဲ့ပါတယ်။

“ကွန်မြူနစ်ပါတီပါတီရဲ့အတွင်းရေးမှူး(၁) Erno Gero က ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သူ စာရေးဆရာတွေနဲ့ကျောင်းသားတွေကို


ရှုတ်ချကြောင်း အသံလွှင့်ဋ္ဌာနကနေမိန့်ခန
ွ်းပြောကြားခဲ့တယ်။ အမာခံကွန်မြူနစ်တွေရဲ့ ပြုပြင်ပြောင်းလဲချင်စိတ် မရှိမှုကိုသိလိုက်ရတဲ့
ပြည်သူတွေဟာ ဒေါသထွက်ခြဲ့ ကပြီး လမ်းမတွေဆီပြေးထွက် လာခဲ့ကြတယ်။ ပေ (၃၀) အမြင့်ရှိတဲ့ စတာလင်ရဲ့ကြေးရုပ်ထုကြီးကို
ဖြိုချပစ်လိုက်ကြပြီး ကြွင်းကျန်ခတ
ဲ့ဲ စစ်ဖိနပ်ကြီးပေါ်မှာ ဟန်ဂေရီအလံကို လွှင့်တင်လိုက်ကြတယ်။
တချိန်တည်းမှာပဲ အခြားလူအုပ်ကြီးက ဘူဒါပက်စ် အသံလွှင့်ရုံကိုသိမ်းပိုက်ဖို့ဝိုင်းရံလိုက်ကြတယ်။
အသံလွှင့်ရုံမှာ လုံခြုံရေးရဲတွေက အများကြီးစောင့်ကြပ်ထားတယ်။
ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးခြွဲ ပီး ပစ်ခပ်ခ့တ
ဲာကြောင့် လူတွေသေဆုံးခဲ့ကြတယ်။
ဒါပေမဲ့ ပြည်သူတွေက ဆက်လက်ဝိုင်ရံချီတက်လိုက်ကြပြီး ရဲတွေဆီက သေနတ်တွေကို လုယူလိုက်ကြတယ်”

ဟန်ဂေရီ ကွန်မြူနစ်အစိုးရရဲ့သင်္ကေတတွေအားလုံးကွယ်ပျောက်သွားခဲ့ပါပြီ။
ဆန္ဒပြသူတွေဟာ အစိုးရရဲ့ပါလီမန်အဆောက်အဦကို သိမ်းယူလိုက်ကြပါတယ်။ အစိုးရယန္ဓရားတခုလုံးရပ်ဆိုင်းသွားတဲ့အခါမှာတော့
ဟန်ဂေရီကွန်မြူနစ်ခေါင်းဆောင်ဟာ ဆိုဗီယက်ပြည်ထောင်စုဆီကိုထွက်ပြေးသွားခဲ့ပြီး စစ်ရေးအရဝင်ရောက်ကူညီပေးဖို့
တောင်းဆိုခဲ့ပါတယ်။ ဆိုဗီယက်တွေကလည်း စစ်ရေးအရကျူးကျော်စွက်ဖက်ဖို့ပြင်ဆင်လိုက်ကြပါတယ်။
သောတရှင်များခင်ဗျား
၁၉၅၆ ဟန်ဂေရီတော်လှန်ရေးဘယ်လိုအဆုံးသတ်ခ့ပ
ဲါသလဲ။
သမိုင်းမှာ ဘာတွေလက်ဆင့်ကမ်းသယ်ဆောင်နိုင်ခ့သ
ဲ လဲဆိုတဲ့အချက်ကို ဆက်လက်တင်ပြသွားပါမယ်။
ဘာပဲဖြစ်ဖြစ် “နိုင်ငံတော်ကိုဂုဏ်ပြုရမဲ့အရာတွေထက် မင်းရဲ့သနားစရာကောင်းတဲ့ဘဝကို
တန်ဘိုးထားဖက်တယ
ွ်နေအုံးမှာလား” ဆိုတဲ့ စကားစုလေးကို အမှတ်ရနေစေချင်ပါတယ်။

You might also like