Professional Documents
Culture Documents
DKBA
DKBA
ဗိုလ်မှူးချုပ်စောလားပွယ်ပြောကြား
ဗိုလ်မှူးချုပ်စောလားပွယ်ဟာ ယခင် DKBA မပေါ်ပေါက်ခင်က တပ်မဟာ (၆) တပ်ရင်း (၁၈) တပ်ခွဲ (၅)မှ
ဗိုလ်ကြီးအဆင့်သာရှိခဲ့သူဖြစ်ကြောင်း၊ KNU မှ ခွဲထွက်ခဲ့သော DKBA အဖွဲ့တွင် ဗျူဟာမှူးတာဝန်ယူခဲ့ပြီး
စစ်အစိုးရ၏ မြောက်စားအားပေးမှုနဲ့ ဗိုလ်မှူးကြီးအဆင့်ဖြစ်လာခဲ့ကြောင်း၊ KNU ဝေါလေစခန်းအား စစ်အစိုးရ
တပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်အောင် အဓိကတာဝန်ယူခဲ့သူဖြစ်လို့ KNU နှင့် ရန်ကြွေးကြီးမားခဲ့သူဖြစ်ကြောင်း၊
KNU နှင့် DKBA ခေါင်းဆောင်ပိုင်း အပြန်အလှန်လုပ်ကြံမှုများတွင် ပတ်သက်နေသူတစ်ဦးဖြစ်သဖြင့် လက်ရှိ
အခြေအနေတွင် KNU နှင့် ပြန်လည်ပူးပေါင်း နေသော်လည်း ယုံကြည်မှုရရှိရန် အချိန်ယူရမည်ဖြစ်ကြောင်း၊ KNLA
စစ်ရေးတာဝန်ခံများမှ စောလားပွယ်ကို လိုလိုလားလားကြိုဆိုခဲ့ကြသော်လည်း KNU နိုင်ငံရေးခေါင်းဆောင်များမှ
သံသယဖြင့်သာလက်ခံနေသဖြင့် စောလားပွယ် အဖွဲ့များသည် စစ်အစိုးရတပ်များ အထိနာအောင် တိုက်ခိုက်မှုများ
ဆက်လက်ပြုလုပ်ပြသရန် လိုအပ်ကြောင်း၊ ထိုင်း-မြန်မာနယ်စပ် စစ်ရေးအကဲခတ်များက သုံးသပ်ထားပါတယ်။
အေးဇော် (မဲဆောက်)