You are on page 1of 1

DKBA ခွဲထွက်အဖွဲ့သည် KNU လက်အောက်ခံ အဖွဲ့အစည်းမဟုတ်ကြောင်း

ဗိုလ်မှူးချုပ်စောလားပွယ်ပြောကြား

ရွေးကောက်ပွဲအပြီး နောက်တစ်ရက်မှာ မြ၀တီမြို့ကို ပစ်ခတ်တိုက်ခိုက်ပြီး မြန်မာအစိုးရနဲ့


အပစ်ခတ်ရပ်ဆဲမှုပျက်ပြားသွားတဲ့ DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်မှူးချုပ် စောလားပွယ် (နှုတ်ခမ်းမွှေး)
ကသူတို့အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကိုလက်ခံမှာ မဟုတ်ကြောင်းထုတ်ဖော် ပြောကြားလိုက်ပါ တယ်။

သူတို့အဖွဲ့ကို KNU အဖွဲ့မှ ကြိုဆိုပွဲများပြုလုပ်ပေးနေပြီး နိုဝင်ဘာ ၁၈ ရက်နေ့က မဲဆောက်မြို့မှာရှိတဲ့


KNU ဗဟိုဆက်ဆံရေးရုံးမှ KNU နှင့် ဗိုလ်မှူးချုပ်စောလားပွယ်အဖွဲ့ ပူးပေါင်းတဲ့အခမ်းအနားတစ်ခုကို KNU မှ
ဖဒိုဒေးဗစ်တာကပေါ ဦးစီး ပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ဗိုလ်မှူးချုပ်စောလားပွယ်မှ သူ့အဖွဲ့အနေဖြင့် ကရင်လွတ်မြောက်ရေး တပ်မတော်


(KNLA) ရဲ့ လက်အောက်ခံအဖွဲ့တစ်ခုမဟုတ်ကြောင်း KNU အဖွဲ့ကို စစ်ရေး၊ နိုင်ငံရေး မဟာမိတ်အဖွဲ့ အဖြစ်သာ
ဆက်ဆံမှာဖြစ်ကြောင်း၊ DKBA ခွဲထွက်အဖွဲ့ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသောအဖွဲ့ ဖြစ်လို့
မည်သည့်အဖွဲ့ကိုမှ အောက်ကျို့ ပြီး အကူအညီတောင်းခံမှာ မဟုတ်ကြောင်း၊ ကရင်လက်နက်
ကရင့်လက်ထဲမှာသာ ရှိရမည်ဟူသောဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ကိုယ်ပိုင်လှုပ်ရှား နိုင်တဲ့နယ်မြေရှိနေ
ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးရဲ့ ပြောကြားချက်ကြောင့် KNU ခေါင်းဆောင်ပိုင်းအတွင်း သဘောထား အမျိုးမျိုး


ဖြစ်ပေါ်လျှက်ရှိပြီး ဗိုလ်မှူးချုပ်စောလားပွယ်ကို လှုပ်ရှားခွင့်ပေးထားတဲ့ KNLA တပ်မဟာ (၆) နယ်မြေအတွင်း
စောလားပွယ်အဖွဲ့၏ လှုပ်ရှားမှုများအား စောင့်ကြည့်ရန် အမိန့်ထုတ်ပြန်ထားပါတယ်။ စောလားပွယ်ကို
တိုက်ခိုက်ရန် တပ်မတော်စစ်ကြောင်းများ တပ်မဟာ (၆) နယ်မြေအတွင်း ထိုးစစ်ဆင်လာမှုကြောင့်
တပ်မဟာ(၆)ရဲ့ အကောက်ဂိတ်များ ပိတ်ထားရပြီး ဘုရားသုံးဆူစီးပွားရေးလမ်းကြောင်းများမှ ၀င်ငွေများ
ကျဆင်းလျှက်ရှိပါတယ်။

ဗိုလ်မှူးချုပ်စောလားပွယ်ဟာ ယခင် DKBA မပေါ်ပေါက်ခင်က တပ်မဟာ (၆) တပ်ရင်း (၁၈) တပ်ခွဲ (၅)မှ
ဗိုလ်ကြီးအဆင့်သာရှိခဲ့သူဖြစ်ကြောင်း၊ KNU မှ ခွဲထွက်ခဲ့သော DKBA အဖွဲ့တွင် ဗျူဟာမှူးတာဝန်ယူခဲ့ပြီး
စစ်အစိုးရ၏ မြောက်စားအားပေးမှုနဲ့ ဗိုလ်မှူးကြီးအဆင့်ဖြစ်လာခဲ့ကြောင်း၊ KNU ဝေါလေစခန်းအား စစ်အစိုးရ
တပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်အောင် အဓိကတာဝန်ယူခဲ့သူဖြစ်လို့ KNU နှင့် ရန်ကြွေးကြီးမားခဲ့သူဖြစ်ကြောင်း၊
KNU နှင့် DKBA ခေါင်းဆောင်ပိုင်း အပြန်အလှန်လုပ်ကြံမှုများတွင် ပတ်သက်နေသူတစ်ဦးဖြစ်သဖြင့် လက်ရှိ
အခြေအနေတွင် KNU နှင့် ပြန်လည်ပူးပေါင်း နေသော်လည်း ယုံကြည်မှုရရှိရန် အချိန်ယူရမည်ဖြစ်ကြောင်း၊ KNLA
စစ်ရေးတာဝန်ခံများမှ စောလားပွယ်ကို လိုလိုလားလားကြိုဆိုခဲ့ကြသော်လည်း KNU နိုင်ငံရေးခေါင်းဆောင်များမှ
သံသယဖြင့်သာလက်ခံနေသဖြင့် စောလားပွယ် အဖွဲ့များသည် စစ်အစိုးရတပ်များ အထိနာအောင် တိုက်ခိုက်မှုများ
ဆက်လက်ပြုလုပ်ပြသရန် လိုအပ်ကြောင်း၊ ထိုင်း-မြန်မာနယ်စပ် စစ်ရေးအကဲခတ်များက သုံးသပ်ထားပါတယ်။

အေးဇော် (မဲဆောက်)

You might also like