You are on page 1of 28

United States Institute of Peace www.usip.

org

SPECIAL REPORT 1200 17th Street NW • Washington, DC 20036 • 202.457.1700 • fax 202.429.6063

ဤအစီရင်ခံစာနှင့် ပတ်သက်၍ Lex Rieffel


ဤအစီရင်ခံစာသည် အရှေ့တောင်အာရှဒေသ၏ ပြဿနာအ
များဆုံး ကြုံနေရသည့် မြန်မာနိုင်ငံတွင် အရေးကြီးလှသည့်အချိန်
အခါ၌ ၎င်း၏စီးပွားရေးအခြေအနေကို ဆန်းစစ်တင်ပြထားခြင်း
ဖြစ်သည်။ တိုင်းရင်းသားနှင့် ဘာသာကိုးကွယ်မှု ကွဲပြားမှုအပေါ်
အခြေခံ၍ ဖြစ်ပေါ်ခဲ့ရသော အနိမ့်စား ပြင်းအားရှိသည့် စစ်မီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလ မြန်မာနိုင်ငံ၏
ပဋိပက္ခများက တိုင်းပြည်လွတ်လပ်ရေးရရှိပြီးချိန် ၁၉၄၈ ခုနှစ်မှ
စတင်၍ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့သည်။ နိုင်ငံကို အုပ်ချုပ်နေသူ
စစ်အစိုးရက နိုဘဲငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးအခြေအနေ
ဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားမှုနှင့်၊ ၁၉၉၀ ခုနှစ် သူ၏ပါတီ
အနိုင်ရရှိသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန် ပစ်ပယ်ခဲ့သည့်
အချိန်မှစ၍ အပြင်းအထန် လုံးပမ်းရင်ဆိုင်နေရသည်။ ၂၀၁၀
ခုနှစ်မကုန်မီတွင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန်ရှိနေပြီး၊ ၎င်းမှာ အကျဉ်းချုပ်
အရပ်သားအုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းရေးထက်စာလျှင်
နောက်မျိုးဆက် စစ်ခေါင်းဆောင်များထံ အာဏာ လွှဲပြောင်းပေး • မြန်မာနိုင်ငံအစိုးရသည် အရေးပါသည့် အကူးအပြောင်းတစ်ခုကို ဆောင်ရွက်
ရန် ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတည်ဆောက်
နိုင်ရေးအတွက် စီးပွားရေးရှုထောင့်ကို အလေးပေး အာရုံထားနိုင်ရန် နေလျက်ရှိနေသည်။ ၂၀၁၀ ခုနှစ်၊ မကုန်မီတွင် ၁၉၈၈ ခုနှစ်၊ အဓမ္မစစ်အာဏာ
ယခုအစီရင်ခံစာတွင် USIP ၏ ရေရှည်တည်တံ့ ခိုင်မြဲမည့်
စီးပွားရေး စနစ်များဆိုင်ရာ ဗဟိုဌာန (Center for Sustain-
သိမ်းချိန်မှစ၍ နိုင်ငံကို အုပ်ချုပ်လာခဲ့သော စစ်အစိုးရသည် ဒီမိုကရေစီနည်းမကျ
able Economies) က ကမကထပြု၍ တစ်နေ့တာ ကျင်းပခဲ့ သည့် လုပ်ငန်းစဉ်များဖြင့် ရေးဆွဲလာခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့်
သည့် အစည်းအဝေးမှ ဆွေးနွေးချက်များကို ထုတ်နှုတ် တင်ပြ
ထားခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် မြန်မာ့စီးပွားရေးနှင့် အတည်ပြုထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲတစ်ခုကို
ပတ်သက်သူ ကျွမ်းကျင်သူ ပညာရှင်များ၊ အမေရိကန် ပြည်ထောင်စု
ကွန်ဂရက်လွှတ်တော်ဝန်ထမ်းများ၊ အမေရိကန်-မြန်မာဆက်ဆံ ကျင်းပပေးလိမ့်မည် ဖြစ်သည်။ ၎င်းဆန္ဒခံယူပွဲသည်လည်း ကမ္ဘာကြီးမှ ယုံကြည်
ရေးတွင် တိုက်ရိုက်ပတ်သက်နေကြသည့် အမေရိကန်အစိုးရ
ဌာနများ၊ အေဂျင်စီများမှ ၀န်ထမ်းများကို အတူတကွတက်ရောက် လက်ခံနိုင်သည့် စံနှုန်းသတ်မှတ်ချက်များထက် နိမ့်ကျနေကာ၊ ယခုရွေးကောက်ပွဲမှ
ဆွေးနွေးစေခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ကဏ္ဍများတွင် မြန်မာ
နေ၍ အစိုးရတစ်ရပ်ထွက်ပေါ်လာမည် ဖြစ်သော်လည်း စစ်တပ်လွှမ်းမိုးမှုကို
နိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ (မက္ကရို) စီးပွားရေးမူဝါဒ၊ သဘာဝ
ရင်းမြစ်ထုတ်ယူမှုကဏ္ဍ၊ စိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ ကုန်သွယ်မှုနှင့် ဆန့်ကျင်မည့်အစိုးရ တစ်ရပ်၊ သို့မဟုတ် နိုင်ငံတကာမှ တရားဝင်သည်ဟု
ရင်းနှီးမြှုပ်နှံမှု၊ မူးယစ်ဆေးဝါးနှင့် စပ်ဆိုင်နေသော စီးပွားရေး
စသဖြင့် အလေးပေး ဆွေးနွေးခဲ့ကြပါသည်။ ပါမောက္ခ ဂျိုးဆက်ဖ် အသိအမှတ်ပြုလက်ခံနိုင်သည့် အစိုးရတစ်ရပ် ထွက်ပေါ်လာမည့် အသွင်မရှိပေ။
စတစ်ဂလစ်ဇ်က ပို၍ ထုတ်လုပ်နိုင်စွမ်းရှိသည့် စိုက်ပျိုးရေး အခြေခံ
စီးပွားရေးနှင့်ပတ်သက်၍ နိဂုံးချုပ်ဆွေးနွေးသည့် ကဏ္ဍကို ဦးဆောင် သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲများကြောင့် နိုင်ငံတကာ
ပေးခဲ့သည်။
လက်စ်ရိုင်ဖယ် (Lex Rieffel) သည် ဘရုကင်းစ် အင်စတီကျုရှင်း
အနေနှင့် နောက်ထပ်ပါဝင်ပတ်သက်နိုင်ရန် အခွင့်အရေး ပိုမိုရရှိလာမည်ဖြစ်ပြီး၊
(Brookings Institution) တွင် ပုံမှန်အခြေမပြုသည့် အဆင့်မြင့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုက်ကလုန်း ကပ်ဘေးသင့်ခဲ့ရချိန်မှစ၍ အစပျိုးခဲ့သော
ပညာရှင်တစ်ဦး ဖြစ်သည်။ သူက အမေရိကန်ပြည်ထောင်စု
နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (U.S. Aid)၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ၏အခန်းကဏ္ဍကို ချဲ့ထွင်နိုင်စေမည် ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးလုပ်ငန်းတို့တွင်
နှစ်ပေါင်း (၃၀) ကျော် တာဝန်ယူလုပ်ကိုင်သည့် အတွေ့အကြုံ • မြန်မာနိုင်ငံသည် စီးပွားရေးစွမ်းဆောင်ရည်အရ နောက်ကျကျန်နေခဲ့ပြီး၊ ၂၀၀၀
ရှိခဲ့သည်။ မကြာသေးမီက သူ၏ သုတေသနပြုလေ့လာချက်များတွင်
အရှေ့တောင်အာရှဒေသကို အာရုံထားခဲ့ပြီး၊ အထူးသဖြင့် အင်ဒိုနီးရှား ခုနှစ် လူမှု-စီးပွားပြ ညွှန်းကိန်းများစွာတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအကြား
နှင့် မြန်မာနိုင်ငံတို့ရှိ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး ကိစ္စများကို
ကျရောက်နေခဲ့သည်။ တိုင်းရင်းသားအရေးနှင့် ဘာသာရေးမတူ ကွဲပြားမှုကို
လေ့လာခဲ့သည်။ စာရေးသူက Raymond Gilpin, Steven Heyde-
mann, Eugene Martin, John Park, David Steinberg နှင့် Daniel အခြေပြု၍ ရေရှည်ဖြစ်ပေါ်နေခဲ့သည့် ပြည်တွင်းပဋိပက္ခများကြောင့် ဤသို့
Serwer တို့၏ မှတ်ချက်များအတွက် အထူးကျေးဇူးတင်ရှိပါသည်။
ဖြစ်နေရခြင်းလည်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ပါလီမာန်အစိုးရ ကျရှုံးရချိန်မှ
© 2010 by the United States Institute of Peace. စ၍ အာဏာရလာယူလာခဲ့သော စစ်အစိုးရများ အဆက်ဆက်က မြန်မာလူထု
All rights reserved.
ကို ပို၍အထီးကျန်အောင် အဆက်ဖြတ် တံခါးပိတ်ထားကာ၊ နိုင်ငံ၏
အထူးအစီရင်ခံစာ ၂၄၁ မေလ၊ ၂၀၁၀ ခုနှစ်
ပေါကြွယ်ဝသော သယံဇာတများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ခဲ့ကြသည်။
ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်သည့် စီးပွားရေးမူဝါဒများနှင့် ၁၉၈၈ ခုနှစ်မှစ၍
မာတိကာ
ဆန္ဒကွဲ သဘောထားမတူသူများကို ရက်စက်စွာ နှိပ်ကွပ်ချေမှုန်းနေမှုများ
မြန်မာနိုင်ငံ၏ နိုင်ငံရေး ၃
ကြောင့် နိုင်ငံရေးနှင့် စီးပွားရေးအရ ဒုက္ခသည်များလည်း တိုင်းပြည်ပြင်ပသို့
မြန်မာနိုင်ငံ၏ စီးပွားရေး ၅
နိုင်ငံတကာ အသိုက်အ၀န်းအတွက် အကြံပြုချက်များ ၂၂ ထွက်ပြေးခဲ့ကြရပြီး၊ အရေအတွက် (၃) သန်းကျော်ရှိမည်ဟု ခန့်မှန်းကြသည်။
USIP အဖွဲ့နှင့် ပတ်သက်၍
• သို့သော်လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မဟာဗျူဟာမြောက်
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့ (USIP)
သည် သီးခြားလွတ်လပ်သည့်၊ ပါတီစွဲကင်းရှင်းသည့် အဖွဲ့ နေရာတွင် တည်ရှိနေသည်။ ၎င်းသည် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ အဓိက
အစည်း တစ်ခုဖြစ်ပြီး၊ အမေရိကန် ကွန်ဂရက်လွှတ်တော်က
ရန်ပုံငွေထောက်ပံ့ တည်ထောင်ပေးထားခြင်း ဖြစ်ပါသည်။ ၎င်း၏
တင်ပို့နေသည့် နိုင်ငံဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလများကဲ့သို့ စိုက်ပျိုး
ရည်ရွယ်ချက်မှာ အကြမ်းဖက်ပဋိပက္ခများကို ကာကွယ်နိုင်ရန်နှင့် ရေးထွက်ကုန်သီးနှံ အဓိကတင်ပို့နိုင်သည့် အလားအလာကောင်းသော နိုင်ငံ
ဖြေရှင်းရာ၌ ကူညီပေးရန်၊ ပဋိပက္ခလွန်ကာလ၌ ငြိမ်းချမ်းရေး
တည်ဆောက်မှု လုပ်ငန်းများကို မြှင့်တင်ပေးရန်၊ တစ်ခုလည်း ဖြစ်နေသည်။ ထိုမျှမက မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်၊ အရှေ့တောင်
ကမ္ဘာတ၀ှမ်းလုံးတွင် ပဋိပက္ခများကို ကိုင်တွယ်ထိန်းသိမ်း
နိုင်သည့် နည်းလမ်းများ၊ အရည်အချင်းများ၊ အသိဉာဏ်ဆိုင်ရာ အာရှအဖွဲ့(အာဆီယံ) ၀င် နိုင်ငံများ ပေါင်းစည်းရေး ရည်ရွယ်ချက်များအတွက်လည်း
ရင်းမြစ်များ တိုးပွားလာစေရန် ဖြစ်ပါသည်။ USIP အဖွဲ့က
အခြားသူများကို အသိပညာပေးခြင်း၊ ကျွမ်းကျင်မှုများ၊
အကြီးမားဆုံး အဟန့်အတားဖြစ်နေပြန်ကာ၊ ၎င်း၏ ပြည်တွင်းပဋိပက္ခများကြောင့်
အရင်းအမြစ်များ ပံ့ပိုးပေးခြင်းအပြင်၊ ကမ္ဘာပေါ်ရှိ ပဋိပက္ခဖြစ်ပွား တရုတ်နှင့် အိန္ဒိယနိုင်ငံအကြားလည်း တင်းမာမှုများ ဖြစ်ပေါ်နေစေသည်။
ရာ ဇုန်ဒေသများတွင် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းဖြင့်
ဆောင်ရွက်နေပါသည်။ • နောက်ဖြစ်ပေါ်လာမည့် အစိုးရအဖို့ ရေရှည်တည်တံ့ခိုင်မြဲမည့် စီးပွားရေးတိုးတက်မှု
B oard of D irectors ဖြစ်ပေါ်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်လိမ့်မည်ဟု အနည်းငယ် မျှော်လင့်ဖွယ်
J. Robinson West (Chair), Chairman, PFC Energy, Washington, ရှိနေသေးပြီး၊ သို့အတွက်ကြောင့် နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှုအတွက်
D.C. • George E. Moose (Vice Chairman), Adjunct Professor ၀န်းကျင်အခြေအနေများ တိုးတက်လာနိုင်မည် ဖြစ်သည်။ သို့ဖြစ်ပါက စီးပွားရေး
of Practice, The George Washington University, Washington,
မူဝါဒ ပြောင်းလဲမှုများအတွက် မည်သို့ပံ့ပိုးမည်ဆိုသည်မှာ နိုင်ငံတကာမိသားစု
D.C. • Anne H. Cahn, Former Scholar in Residence, American
University, Washington, D.C. • Chester A. Crocker, James R. အနေနှင့် နည်းလမ်းရှာရန် ပြဿနာကြုံရဖွယ်ရှိပြီး၊ ဤသို့ ဦးတည်ဆောင်ရွက်
Schlesinger Professor of Strategic Studies, School of Foreign ရာတွင် နိုင်ငံကို အုပ်ချုပ်နေသူ စစ်အစိုးရခေါင်းဆောင်များထံမှ ကန့်ကွက်
Service, Georgetown University, Washington, D.C. • Ikram U.
နှောက်ယှက်မှုများ မဖြစ်ပေါ်လာစေရန်လည်း လိုအပ်သည်။ ခက်ခဲသော်လည်း
Khan, President, Quality Care Consultants, LLC., Las Vegas,
Nev. • Kerry Kennedy, Human Rights Activist • Stephen D. သည်းညည်းခံ ဆောင်ရွက်သည့် စီးပွားရေးမဟာဗျူဟာဖြင့် အောင်မြင်အောင်
Krasner, Graham H. Stuart Professor of International Relations ဆောင်ရွက်နိုင်ဖွယ်ရှိပြီး၊ ဤသို့ ချည်းကပ်ရာတွင် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများ
at Stanford University • Jeremy A. Rabkin, Professor
ကို ကျွမ်းကျင်ပါးနပ်စွာ အသုံးပြု၍ အာဆီယံအဖွဲ့ကဲ့သို့သော ဒေသအတွင်းရှိ
of Law, George Mason University, Arlington, Va. • Judy Van
Rest, Executive Vice President, International Republican အရေးပါသည့် အင်အားစုများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်
Institute, Washington, D.C. • Nancy Zirkin, Executive Vice ပေသည်။
President, Leadership Conference on Civil Rights
အခြားအာရှနိုင်ငံများဖြစ်သည့် ကိုရီးယား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနိုင်ငံများ၏ အတွေ့
အကြုံအရ အာဏာရှင်ဆန်သည့် အစိုးရများ လက်အောက်မှာပင် စီးပွားရေး
အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ ပြည်တွင်း၌ ဒီမိုကရေစီအပြောင်းအလဲများ
Members Ex Officio
Michael H. Posner, Assistant Secretary of State for ဖြစ်ပေါ်လာစေသည်။ သို့အတွက်ကြောင့် စီးပွားရေးအရ ကြွယ်ဝချမ်းသာမှုကို
Democracy, Human Rights, and Labor • James N. Miller, စွန့်လွှတ်ထိခိုက်ခံစရာ မလိုအပ်ဘဲ နိုင်ငံရေးတည်ငြိမ်မှု ရရှိလာစေရန် တွန်းဆော်
Principal Deputy Under Secretary of Defense for Policy • နိုင်သည်ကို တွေ့ခဲ့ကြရသည်။ သို့သော်လည်း မြန်မာနိုင်ငံအခြေအနေမှာမူ ၎င်းတို့
Ann E. Rondeau, Vice Admiral, U.S. Navy; President,
National Defense University • Richard H. Solomon, နှင့် သွေလွဲနေခဲ့သည်။ ပြည်ပရှိ အစိုးရ၊ ပြည်တွင်းရှိ အတိုက်အခံအင်အားစုများ
President, United States Institute of Peace (nonvoting) နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီရေး တောင်းဆိုနေကြသူများက ကမ္ဘာ့စံနှုန်း
များအရ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့်
Lex Rieffel ရေးသားပြီး United Institute of Peace မှ
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိသည့် "The Economy of
အရပ်သားအစိုးရ ရှိလာမှသာလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေမည်
Burma/ Myanmar on the Eve of the 2010 Elections" ဟူသော အမြင်ကို တညီတညွတ်တည်း ရပ်တည်ပြောဆိုနေခဲ့ကြသည်။ ဖြစ်လာ
အထူးအစီရင်ခံစာကို အောင်သူငြိမ်းက မြန်မာဘာသာပြန်ဆို
ထားခြင်း ဖြစ်ပါသည်။ မူရင်းအစီရင်ခံစာကို ဖတ်ရှုလိုပါက - http:// နိုင်သော အခြေအနေမှာ မြန်မာနိုင်ငံ၏ အစိုးရအသစ်တွင်လည်း စစ်တပ်က
www.usip.org/resources/the-economy-burmamyanmar-the- တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်ဖြစ်ပြီး၊ နိုင်ငံတကာမိသားစုက ပြီးခဲ့သည့်
eve-the-2010-elections သို့ သွားရောက် ဖတ်ရှုပါရန်။
နှစ်(၂၀) အတွင်း ကျင့်သုံးခဲ့သည့် ဒဏ်ခတ်အရေးယူမှုနှင့် ချည်းကပ်ဆက်ဆံမှု
ထက်စာလျှင် ပို၍ကောင်းမွန်သော အစိုးရစနစ် ဖြစ်ပေါ်လာစေရေးအတွက်
ပို၍ထိရောက်သောနည်းလမ်းများကို ရှာဖွေသင့်သည်။ ဤပြဿနာသည် မြန်မာ
ဤအစီရင်ခံစာတွင် ဖော်ပြထားသည့် အမြင်များသည် အမေရိကန်
ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့ (USIP) ၏ သဘောထား နိုင်ငံအရေးကိစ္စတစ်ခုအတွက် ကွက်ကွက်မျှသာမဟုတ်ဘဲ၊ ငြိမ်းချမ်းရေးလုပ်ငန်း
အမြင်ကို ထင်ဟပ်ဖော်ပြသည်ဟု မဆိလ
ု ပ
ိုါ။ မည်သည်မ
့ ဝ
ူါဒတစ်ခခ
ု က
ို များ၏ လုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာ ချည်းကပ်မှုရှုထောင့်များတွင် ပြီးခဲ့သည့်
လိုက်နာကျင့်သုံးရန် တိုက်တွန်းနေခြင်းလည်း မဟုတ်ပါ။
ဆယ်စုနှစ်အတွင်း ပို၍အရေးထားလာခဲ့ကြသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု
မိတ္တူကူးရန်နှင့် ယခုစာတန်းကို ထပ်မံဖြန့်ချိရန်အတွက် ခွင့်ပြုချက်
ရယူရန်။
ဝိဇ္ဇာပညာရပ် နယ်ပယ်တစ်စုံလုံးအထိပါ ချဲ့ထွင်ကြည့်သင့်သည်။ ဤငြိမ်းချမ်းရေး
e-mail: permissions@usip.org
တည်ဆောက်မှုနယ်ပယ်တွင် တိုးတက်မှုများ ရရှိလာသော်လည်း စီးပွားရေးကဏ္ဍတွင်


ဆုတ်ယုတ်ကျဆင်းမှုနှင့် ကြုံတွေ့ရသည့်အတွက်ကြောင့် အောင်မြင်မှုများကို ရေရှည်
တည်တံ့အောင် ထိန်းသိမ်းထားနိုင်မည့်အရေးမှာ မရေရာဖြစ်နေရသေးသည်။ ဤသို့
သော စီးပွားရေးကဏ္ဍရှိ ပြဿနာများတွင် ပုဂ္ဂလိကကဏ္ဍမှ အလုပ်ဖန်တီးပေးနိုင်မှု
မလောက်မငှ ရှိနေခြင်း၊ ရင်းနှီးမြုပ်နှံမှုများပြုရန် လိုအပ်သည့် စုဆောင်းမှုဖြစ်ပေါ်စေရန်
အိမ်ထောင်စုဝင်ငွေများ နိမ့်ကျလျော့နည်းနေသေးခြင်း၊ ဘဏ္ဍာငွေကြေးစနစ်
ကောင်းစွာ လုပ်ငန်းမလည်ပတ်နိုင်သေးခြင်း၊ အစိုးရဘဏ္ဍာရင်းမြစ်များနေရာလွဲမှားစွာ
အသုံးချနေခြင်းများ အပါအ၀င်၊ သည့်ထက်မကသည့် ပြဿနာများ ရှိနေသေးသည်။
နိုင်ငံတကာမိသားစုက ချည်းကပ်ပုံနည်းလမ်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍
အောင်မြင်မှုများ ပို၍ ဖြစ်ပေါ်ရရှိစေရန် ဘဏ္ဍာငွေကြေး အကူအညီများ မလာခင်
ကြိုတင်၍ အရည်အသွေးမြှင့်သင်တန်းများ ပေးရန်လိုအပ်သလို၊ မြန်မာနိုင်ငံရှိ
လူထုများက အစပျိုးဆောင်ရွက်သည့် မူဝါဒများနှင့် အစီအစဉ်များအပေါ်တွင်လည်း
ကောင်းစွာ ဆုလဒ်ပြန်ပေးသင့်ပါသည်။ ထိုမျှမက ဒေသဆိုင်ရာအဖွဲ့အစည်းများ
ဖြစ်သည့် ကုလသမဂ္ဂ၏ အာရှ-ပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်
(ESCAP)၊ အာဆီယံအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ကို အဓိကထားအားကိုး
ဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး

၁၉၉၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံရေးပါတီ အမျိုးသား


ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း၊
နိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရက ရလဒ်ကို လက်ခံရန် ငြင်းပယ်ခဲ့သည်။
၎င်းနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းက ၁၈-နှစ်ကြာ ရှေ့မတိုး
နောက်မဆုတ်သာ တန့်နေခဲ့သည်။ သို့သော်လည်း မကြာသေးမီ ဖြစ်ရပ်များကြောင့်
အခြေအနေ ပွင့်လင်းလာရန်ရှိပြီး၊ ကာလကြာရှည် နစ်နာခံစားခဲ့ရသည့် သန်း (၅၀)
ပြည်သူလူထုအတွက်လည်း မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်မျှ ရှိလာခဲ့သည်။

ပထမဖြစ်ရပ်မှာ ၂၀၀၈ ခုနှစ်၊ မေလတွင် တိုက်ခတ်ဖျက်ဆီးခဲ့သည့် နာဂစ်


ဆိုက်ကလုန်း မုန်တိုင်းဖြစ်ပြီး၊ မှတ်တမ်းတင်နိုင်သည့် သမိုင်းကာလတွင် မြန်မာနိုင်ငံ၏
အဆိုးရွားဆုံး သဘာဝကပ်ဘေးဒုက္ခကြီးပင် ဖြစ်သည်။ ၎င်းမုန်တိုင်းကြီးက
မြန်မာနိုင်ငံ၏ ဆန်စပါးထွက်ရှိရာ မြစ်ဝကျွန်းပေါ်ဒေသကို အကြီးအကျယ် ထိခိုက်
ပျက်စီးစေခဲ့သည်။ ပျောက်ဆုံး သေကြေရသူပေါင်း (၁၃၀,၀၀၀) ကျော် ရှိခဲ့သည်။
နိုင်ငံတကာက ကမ်းလှမ်းလာသည့် အကူအညီများကို ကနဦးပိုင်းတွင် စစ်အစိုးရ
က ငြင်းဆန်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် (အာဆီယံအဖွဲ့) နှင့် ကုလသမဂ္ဂက
ဦးဆောင်သော ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး အကူအညီများကို
အကန့် အသတ်ဖြင့် လက်ခံခဲ့သည်။ ဤတံခါးက တစ်ဝက်တစ်ပျက်
ဆက်လက်ပွင့်နေဆဲဖြစ်ပြီး၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကလည်း
လာမည့်အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး စိုးရိမ်ပူပန်မှုများကို
ကိုင်တွယ်ဖြေရှင်းခြင်း ပြုလာပါက သူတို့၏လုပ်ငန်းဆောင်တာများ ဆက်၍
အရှိန်အဟုန်မြှင့်နိုင်ရန်လည်း အားယူပြင်ဆင်နေကြသည်။ ဤသို့သော
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကိစ္စများမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေး ခဲ့ကြရသည့် ကိစ္စများလည်းဖြစ်သည်။
ဒုတိယဖြစ်ရပ်မှာ ၂၀၀၈ ခုနှစ်၊ မေလတွင်ပင် ဖြစ်ပေါ်ခဲ့သည့် ဆန္ဒခံယူပွဲနှင့်
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ဖြစ်သည်။ အနောက်နိုင်ငံများ၏ စံသတ်မှတ်မှုဖြင့်


ကြည့်လျှင် ယုံကြည်လက်ခံနိုင်စရာမရှိဘဲ များစွာနိမ့်ကျနေပြီး၊ စစ်အစိုးရက
၎င်းဖွဲ့စည်းပုံဥပဒေကို ပြည်သူအများအကြား ဆွေးနွေးငြင်းခုန်ခွင့်မရှိဘဲ ရေးဆွဲခဲ့ပြီး၊
လွတ်လပ်၍ တရားမျှတသည်ဟု မဆိုနိုင်သော လုပ်ငန်းစဉ်များဖြင့် ဤမူကြမ်းကို
ပြည်သူ ၉၀% ၏ အတည်ပြုမှု ရယူခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ပါတီစုံစနစ်နှင့် အပြန်အလှန် ထိန်းညှိမှုစနစ်ကို ပြဌာန်းထားပြီး၊ အခြေခံအခွင့်အရေး
များကို မျှော်လင့်မထားသည့် အခြေအနေတိုင် ကာကွယ်မှုပေးထားသည်ကို တွေ့ရ
ပြန်သည်။ တစ်ချိန်တည်းမှာပင် ၎င်းဖွဲ့စည်းပုံဥပဒေ၌ မြန်မာ့တပ်မတော်က ထွက်ပေါ်
လာသည့် နိုင်ငံရေးရလဒ်များကို ထိန်းချုပ်ခွင့်ကိုလည်း ပြောင်ပြောင်တင်းတင်းပင်
ပြဌာန်းထားပြန်သည်။
တတိယအချက်မှာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အမေရိကန်
သမ္မတ ရွေးကောက်ပွဲပင် ဖြစ်သည်။ သမ္မတ ဘားရက်အိုဘားမားက “အပြောင်း
အလဲ” ဟူသော စည်းရုံးမှု ကြွေးကြော်သံဖြင့် အနိုင်ရရှိလာခဲ့ပြီး၊ နိုင်ငံများဖက်စုံ ပါဝင်
ဆောင်ရွက်မှု၊ ပျော့ပြောင်းသော နိုင်ငံခြားရေးမူဝါဒများ ပို၍ ကျင့်သုံးမည်ဟူသော
အချက်များလည်း အပါအ၀င် ဖော်ပြခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလတွင် သမ္မတ
အိုဘားမား ကျမ်းသစ္စာကျိမ်ဆိုပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ
ကလင်တန်၏ ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍
အမေရိကန်ပြည်ထောင်စု၏ မူဝါဒကို ပြန်လည်သုံးသပ်မည်ဟု ကြေညာခဲ့သည်။
အနောက်နိုင်ငံများက ချမှတ်သည့် ဒဏ်ခတ်အရေးယူပိတ်ဆို့မှု မူဝါဒသည်
လည်းကောင်း၊ အာရှနိုင်ငံများမှ ကျင့်သုံးနေသည့် ချည်းကပ် ဆက်ဆံရေး မူဝါဒသည်
လည်း ကောင်း၊ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို အောင်မြင်စွာ အဆုံးသတ်စေရန်၊
သို့မဟုတ် ပြည်သူများခံစားနေရသည့် ဆင်းရဲမွဲတေမှုကို နိဂုံးချုပ်စေရန်
အလုပ်မဖြစ်ဟု မှတ်ချက်ချပြောဆိုခဲ့သည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် ဆီးနိတ်
အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ
ဆပ်ကော်မီတီ၏ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က
မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၎င်းက ၁၅-နှစ်တာ ကာလအတွင်း မြန်မာစစ်အစိုးရ
ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခဲ့သည့် အမြင့်ဆုံးသော အမေရိကန်ပြည်ထောင်စု
မှ အရာရှိဖြစ်သည်။ ‘လက်တွေ့ကျသော ချည်းကပ်မှု’ ဟူသည့် မူဝါဒအသစ်ကို
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။1 ထို့နောက် ရက်သတ္တပတ်
အနည်းငယ်အကြာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ (Kurt Campbell)သည်လည်း
မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ မူဝါဒ ပြောင်းလဲသွား
သည်နှင့်အမျှ အခြားသောနိုင်ငံများ၊ နိုင်ငံစုံ အဖွဲ့အစည်းများ၊ ကမ္ဘာ့စီးပွားရေး
လုပ်ငန်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) များကလည်း
သူတို့၏ မူဝါဒများကို ပြန်လည်သုံးသပ်လာကြပြီး၊ အကျိုးရလဒ်ကောင်း ထွက်နိုင်မည့်
ချည်းကပ်ဆက်ဆံမှုကို ရှာဖွေကြံဆလာခဲ့ကြသည်။
စတုတ္ထအချက်မှာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် နေပြည်တော်၌ ESCAP
အဖွဲ့က စီစဉ်ဆောင်ရွက်ခဲ့သော တစ်နေ့တာ ဆွေးနွေးပွဲပင် ဖြစ်ပြီး၊ နိုဘဲဆုရှင်
စီးပွားရေးပညာရှင် ဂျိုးဆက်ဖ် စတစ်ဂလစ်က ဦးဆောင်ဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေး
ပွဲသည် အတိတ်ကာလနှင့် သိသိသာသာ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး၊ စစ်အစိုးရ၏ အဓိက
ကျသည့် ၀န်ကြီးများက တက်ကြွစွာ ၀င်ရောက်နားထောင်ခဲ့ပြီး၊ ပွင့်လင်းစွာ ဆွေးနွေး
အမြင်ဖလှယ်ခဲ့ကြသည်။
စတုတ္ထဖြစ်ရပ်၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအနာဂတ်


အလားအလာအတွက် အမြင်ကောင်းများထွက် ပေါ်လာခဲ့ကြသော်လည်း၊ ၎င်းဖြစ်ရပ်
နှင့် နှိုင်းယှဉ်ဖွယ် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို မမြင်ကြရသေးပါ။ စစ်အစိုးရအတွင်း၊
ဒီမိုကရေစီအတိုက်အခံများ၊ တိုင်းရင်းသား လူနည်းစုများအကြားရှိ ရှေ့မတိုးသာ
နောက်မဆုတ်သာ နိုင်ငံရေးအခြေအနေမှာ ရေတိုကာလအတွင်း၌ ပြေလည်နိုင်ဖွယ်
မမြင်ကြရသေးပါ။ ၂၀၁၀ ခုနှစ်၊ မတ်လလယ်တွင် ထုတ်ပြန်ကြေညာခဲ့သည့်
ရွေးကောက်ပွဲဥပဒေများက မှားယွင်းသည့်လမ်းပေါ်သို့ ပြန်လျှောက်သွားပြီဟု ယူဆ
စရာ ရှိနေပြန်သည်။ နိုင်ငံရေးအတိုက်အခံများနှင့် ရင်ကြားစေ့ကျေလည်နိုင်မှု မရှိသ၍၊
အစိုးရသစ်အနေနှင့် ရေရှည်တည်တံ့မည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်
လိုအပ်သည့် အခြေခံအုတ်မြစ်တစ်ခု လစ်ဟာနေဦးမည် ဖြစ်သည်။ တဖန် ရွေးကောက်
ပွဲမှ မည်သို့ ရလဒ်ထွက်ပေါ်လာမည် ဆိုသည်မှာလည်း သေချာရေရာမှု မရှိသေးပါ။
စစ်အစိုးရမှသော်လည်းကောင်း၊ အတိုက်အခံအင်အားစုများမှ သော်လည်းကောင်း
လုံခြုံရေး၊ နိုင်ငံရေးနှင့် အလားတူ စီးပွားရေးကဏ္ဍများ လွှမ်းခြုံပါဝင်သည့် ပို၍ကောင်း
မွန်သော အုပ်ချုပ်ရေးစနစ်တစ်ရပ် ဖြစ်ပေါ်စေရန် ချိန်ခွင်လျှာကို မပြောင်းနိုင်သ၍၊
ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်လင့်နိုင်ဖွယ် မရှိသေးပါ။

မြန်မာနိုင်ငံ၏ စီးပွားရေး

ယနေ့ မြန်မာနိုင်ငံ၏ စီးပွားရေးကို လက္ခဏာ ၃-ရပ်က လွှမ်းမိုးနေသည်။ အထူး


တလှယ် စွမ်းဆောင်ရည်ကျဆင်းနေသည့် မိရိုးဖလာ ဆန်စိုက်ပျိုးရေးလုပ်ငန်း၊
ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဖြတ်သန်းတင်ပို့
နေသည့် ဓာတ်ငွေ့ပိုက်လိုင်း၊ ကျွန်းသစ်နှင့် အခြားသယံဇာတပစ္စည်းများ၊ ထို့အပြင်
မူးယစ်ဆေးဝါး (အထူးသဖြင့် မီသာ အမ်ဖီတမင်းဆေးပြားများ) ကို တရားမ၀င်
တင်ပို့ရောင်းချနေခြင်းကြောင့် ဖြစ်ထွန်းနေသော တရားမ၀င် မှောင်ခိုစီးပွားရေး တို့ပင်
ဖြစ်သည်။ (တိုင်းရင်းသားလူမျိုးအရ ဗမာ-ဗုဒ္ဓဘာသာဖြစ်သော) ဗဟိုအစိုးရနှင့်
နိုင်ငံ၏ တောတောင်ထူထပ်ရာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွင်
အခြေချနေထိုင်ကြသည့် အချို့သော တိုင်းရင်းသားလူနည်းစုအဖွဲ့များ (များသောအား
ဖြင့် ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်သူများ) အကြား ဖြစ်ပွားနေခဲ့သော
ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်တွင် တိုင်းပြည်၏ စီးပွားရေးစနစ်မှာ ပြိုလဲခဲ့ရသည်။
ထိုမျှမက စစ်အစိုးရက စီးပွားရေးလုပ်ငန်းအများအပြားကို လက်ဝါးကြီးအုပ် ချုပ်ကိုင်
ထားသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်ရာ လူနည်းစု
မိသားစုဝင်များ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများမှတဆင့် ထိန်းချုပ်ထားကြသည်။
သို့အတွက်ကြောင့်လည်း ပေါ်ထွန်းလာသည့် ပုဂ္ဂလိကလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်
နယ်ပယ်မှာ အထူးအကန့်အသတ် ရှိနေလေသည်။
သမိုင်းကြောင်းအမြင်အရ ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည်
နှစ် (၆၀) ကျော်ကြာ ကြေကွဲဝမ်းနည်းဖွယ် အဟောသိကံကိစ္စ ဖြစ်သည်။ ဒုတိယ
ကမ္ဘာစစ် အစပိုင်းတွင် မြန်မာနိုင်ငံက ကမ္ဘာသို့ ဆန်တင်ပို့မှုအများဆုံးသော နိုင်ငံ
တစ်ခု ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းတွင်လည်း လူများစု ကောင်းစွာ
ပညာတတ်မြောက်ကြသည့် အတွက်ကြောင့်နှင့် သဘာဝသယံဇာတပေါကြွယ်ဝ
မှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိနေသည်ဟု
လည်း ယူဆထားခဲ့ကြသည်။ မည်သို့ဖြစ်စေ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီထံမှ
လွတ်လပ်ရေးရရှိခဲ့ပြီး ဆယ်နှစ်ကာလအကြာတွင် တသမတ်တည်း၊ ညီညွတ်သော
စီးပွားရေးမူဝါဒများ မကျင့်သုံးနိုင်ခဲ့သလို၊ အဆက်ဆက်သော ပါလီမန်အစိုးရများ
လည်း ကျရှုံးခဲ့ရသည့်အလျောက် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်လည်း နှေးကွေးစွာ


ရှေ့ဆက်ခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် ကာလအကြား ဗိုလ်ချုပ်ကြီးနေ၀င်း
ဦးဆောင်သည့် ဆိုရှယ်လစ်ဝါဒနှင့် အလွန်အကျူး အထီးကျန်ဝါဒ ကျင့်သုံးမှုအောက်
တွင် ပုဂ္ဂလိကကဏ္ဍ အားလုံးနီးပါး ဖယ်ရှားခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် ဦးနေ၀င်းကို
ဘေးဖယ်ခဲ့သည့် စစ်အစိုးရက ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်ဟု တရားဝင်
ဖော်ပြခဲ့သော်လည်း၊ ဖိနှိပ်ထားသည့် မူဝါဒများကိုသာ ကျင့်သုံးခဲ့သည်။ သို့အတွက်
ကြောင့် ဈေးကွက်က ထိရောက်စွာ မလည်ပတ်နိုင်ဘဲဖြစ်ရပြီး၊ နိုင်ငံလည်း ကျန်အာရှ
နိုင်ငံများနောက်တွင် နောက်ကျကျန်နေခဲ့ရတော့သည်။2

မက္ကရိုစီးပွားရေး (တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားစီးပွားရေး အခြေအနေ)

ယုံကြည်ကိုးစားရလောက်သည့် သတင်းအချက်အလက်များ ရှိမနေခြင်းသည် သုံးသပ်


လေ့လာသူများနှင့် မူဝါဒချမှတ်သူများအတွက် အကြီးမားဆုံး အခက်အခဲပင်ဖြစ်သည်။
မြန်မာနိုင်ငံရှိ လူဦးရေအပေါ် ခန့်မှန်းချက်သည်ပင် (၄၈) သန်းမှ (၅၈) သန်းအကြား
ဖြစ်နေရာ၊ ပုံမှန်မဟုတ်လောက်အောင် ကွာဟနေသည်။ အကြောင်းမှာ နိုင်ငံတကာ
စံနှုန်းသတ်မှတ်ချက်များကို ပြည့်မီသည့် သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်
ခဲ့သည်မှာ ၁၉၃၀ ခုနှစ်များ ကတည်းက ဖြစ်သောကြောင့် ဖြစ်သည်။ ဤအချိန်တွင်
မြန်မာအစိုးရ၏ တရားဝင် ပြည်တွင်းထုတ်ကုန်တန်ဖိုးစုစုပေါင်း (GDP) တိုးတက်မှုနှုန်း
ပျမ်းမျှ ဖော်ပြမှုများမှာလည်း ပြီးခဲ့သည့်ဆယ်နှစ်တွင် တရုတ်နိုင်ငံထက်ပင် ကျော်လွန်
လမ်းလွဲချော်နေသော စီးပွားရေးမူဝါဒများနှင့် ပို၍ထပ်ဆင့်
မြင့်မားနေခဲ့ပြီး၊ မှန်ကန်ဖွယ်အကြောင်း မရှိပါ။
ဆိုးရွားစေသည့် အကြောင်းဖြစ်သော ပညာရေးနှင့်
ကျန်းမာရေးကဏ္ဍကို အထူးလျစ်လျူရှုထားမှုတို့ကြောင့်
လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ့စီးပွားရေး၏ တစ်နိုင်ငံလုံးအဆင့် မက္ကရို
တိုင်းပြည်စီးပွားရေးအတွက် အခြေခံအုတ်မြစ်များကို စီးပွားရေးစွမ်းဆောင်မှုနှင့် နိုင်ငံကို နှစ်ပေါင်း (၆၀) ကာလတာ အုပ်ချုပ်ခဲ့သည့်
လစ်ဟင်းစေပြီး၊ ရေရှည်လူနေမှုအဆင့်အတန်း တိုးတက် ထင်ရှားသည့်အစိုးရ ၃-ဆက်၏ မက္ကရိုစီးပွားရေးမူဝါဒများ နှစ်ခုစလုံးမှာ ဖော်ပြရမည်
လာစေမှုများကိုလည်း ပျက်ယွင်းကင်းမဲ့စေသည်။ ဆိုလျှင် အဟောသိကံပင်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ဖွံ့ဖြိုး
တိုးတက်မှုနှုန်းမှာ အခြားသော အာရှနိုင်ငံများ အားလုံးနီးပါးနောက်တွင် ကျန်နေ
ရစ်ပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ဂဏန်း (၂) လုံးကျော် ဖြစ်နေသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အပြင်တွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများနှင့်
အကူအညီရရှိမှုမှာလည်း အနည်းအကျဉ်းမျှသာ ရှိနေသည်။ တရားမ၀င် ကျွန်း
သစ်၊ ကျောက်စိမ်းနှင့် အခြားကျောက်မျက်များ တင်ပို့ရောင်းချမှုအောက်တွင်
တန်ဖိုးအများအပြား ဆုံးရှုံးနေကြရသည်။ လွတ်လပ်ရေးရပြီးချိန်မှစ၍ တိုင်းရင်း
သား လူနည်းစုများ ဆင်နွှဲနေသော ပြည်တွင်းသူပုန်ထမှုနှင့် ၁၉၉၀ ခုမှစ၍
အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများမှ ဒဏ်ခတ်ပိတ်ဆို့ထားမှုမှာ
စီးပွားရေး စွမ်းဆောင်နိုင်ရန် ညံ့ဖျင်းရခြင်း၏ အဓိကအကြောင်း မဟုတ်ပါ။
၎င်းအကြောင်းများအစား လမ်းလွဲချော်နေသော စီးပွားရေးမူဝါဒများနှင့် ပို၍ထပ်ဆင့်
ဆိုးရွားစေသည့်အကြောင်းဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အထူး
လျစ်လျူရှုထားမှုတို့ကြောင့် တိုင်းပြည်စီးပွားရေးအတွက် အခြေခံအုတ်မြစ်များကို
လစ်ဟင်းစေပြီး၊ ရေရှည်လူနေမှုအဆင့်အတန်း တိုးတက်လာစေမှုများကိုလည်း
3
ပျက်ယွင်းကင်းမဲ့စေသည်။
စီးပွားရေးစနစ်တွင် အလားအလာကောင်းသော အကွင်းအကွက်တစ်ခုမှာ
အက်ဒမန် ကမ်းလွန်ပင်လယ်ပြင်မှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုကြောင့်
တိုကရ
ိုက်အကျိုးဆက်ဖြစ်သည့် နိုင်ငံခြားအရန်ငွေကြေး တဖြည်းဖြည်း တိုးတက်
စုဆောင်းလာနေမှုပင် ဖြစ်သည်။ မြန်မာနိုင်ငံတောင်ပိုင်း အကျဉ်းဆုံးကမ်းမြောင်
တစ်ခုကို ဖြတ်၍ ၂၀၀၀ ခုနှစ်မှ စတင်ပြီး ပိုက်လိုင်းဖြင့် ဓာတ်ငွေ့တင်ပို့နိုင်ခဲ့ပြီး၊
မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးသည် ၂၀၀၀ ခုနှစ်အကုန်တွင် ဒေါ်လာသန်း


(၂၀၀) သာရှိရာမှ၊ ၂၀၀၉ ခုနှစ် အကုန်တွင် ဒေါ်လာသန်း (၅,၀၀၀) ခန့် ရှိလာခဲ့သည်။
မြန်မာနိုင်ငံသွင်းကုန်အားလုံး စုစုပေါင်း ၈-လစာ တင်ပို့နိုင်သည့် အခြေအနေနှင့်
ညီမျှနေသည်။
၂၀၀၉ ခုနှစ်၊ နှစ်လယ်မှစ၍ မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနှင့်
ဆက်ဆံနေကြသည့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ ဖြစ်ကြသည့် နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က
မြန်မာနိုင်ငံနှင့် ၀န်ကြီးအဆင့်နှင့် အောက်အဆင့် မူဝါဒရေးရာ ဆွေးနွေးမှုများတွင်
အရည်အသွေးအရ သိသာထင်ရှားသော တိုးတက်မှုများ တွေ့လာခဲ့ကြရသည်။
ဤဆွေးနွေးပွဲများမှနေ၍ စစ်အစိုးရက သိသာထင်ရှားသော လုပ်ငန်းအဆင့်အချို့
ကိုလည်း တိုးတက်ပြသခဲ့ကြသည်။ ဥပမာအားဖြင့် - အစိုးရက အာဆီယံ စီးပွား
ရေး အသိုက်အ၀န်း (ASEAN Economic Community) စာတန်းအတွက် အဓိက
ရည်ရွယ်ချက်များကို အလေးထားဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့ကို ထူထောင်ခဲ့သည်။
၂၀၁၁ ခုနှစ် အကုန်မှစ၍ ငွေသားစာရင်းရှင် လွှဲပြောင်းမှုမှန်သမျှတွင် နိုင်ငံခြား
ငွေလဲလှယ်မှု ကန့်သတ်မှု မှန်သမျှကို ပယ်ဖျက်လိမ့်မည် ဖြစ်သည်။ ဤရည်ရွယ်ချက်
များ ပြည့်မီစေရေးအတွက် မြန်မာနိုင်ငံက ငွေလဲလှယ်မှုနှုန်းထားကို တသမတ်တည်း
သတ်မှတ်ရမည်ဖြစ်ပြီး၊ သို့အတွက်ကြောင့် မက္ကရိုစီးပွားရေးမူဝါဒများတွင် သိသိသာသာ
ခုန် ကျော်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ဘဏ္ဍာရေးဆိုင်ရာမူဝါဒတွင် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ
ပြမှု၏ (သုံးပုံတစ်ပုံမျှ) ကို ဖြည့်တင်းနိုင်ရန် စစ်အစိုးရက ငွေတိုက်စာချုပ် (bonds)
များ ရောင်းချငွေဖြည့်တင်းသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်နေရာ၊ ယခင်က ကာလ
ကြာရှည် ဆောင်ရွက်ခဲ့သော ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည့် ဘတ်ဂျက်လိုငွေကို
ဗဟိုဘဏ်က ငွေကြေးပုံနှိပ်ပြီး၊ ဖြည့်တင်းသည့် နည်းလမ်းမှ သိသိသာသာ ပြောင်းလဲ
ကျင့်သုံးလာခြင်းပင် ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (UNDP)
၏ အကူအညီဖြင့် မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းဌာနက အိမ်ထောင်စုစစ်တမ်း
ကောက်ယူခြင်းကိုလည်း နှစ်ပေါင်းများစွာအကြာမှ ပထမဦးဆုံးအကြိမ်အဖြစ်
ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် နောင်အနာဂတ် တိုးတက်မှုများအတွက် အခြေခံ၏
မျဉ်းသဖွယ်၊ သက်သေအထောက်အထားရှိသည့် မူဝါဒရွေးချယ်စရာလမ်းများအတွက်
အမာခံ သတင်းအချက်အလက်များသဖွယ် ပံ့ပိုးပေးနိုင်ပါလိမ့်မည်။
ဤအချိန်တွင် နိုင်ငံ၏ ငွေကြေးကဏ္ဍမှာ စနစ်တကျ လည်ပတ်မှု ပျက်ယွင်းနေ
ပါသည်။ ပုဂ္ဂလိကကဏ္ဍ ကြီးထွားရန် ချေးငွေရယူနိုင်မှု မလုံလောက်ဘဲ ရှိနေသည်။
အကြောင်းမှာ ဗဟိုဘဏ်က ဗဟိုအစိုးရထံသို့ ချေးငွေများစွာ ထုတ်ချေးပံ့ပိုးထား
သောကြောင့် ဖြစ်သည်။ ဘဏ်လုပ်ငန်းစနစ်တွင် အစိုးရပိုင်ဘဏ်များက လွှမ်းမိုး
ချုပ်ကိုင်ထားပြီး၊ ၎င်းတို့က စစ်အစိုးရခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများနှင့်
နီးစပ်သူများ၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများကိုသာ ငွေထုတ်ချေးခြင်းပြုနေ
သည်။ ပုဂ္ဂလိကဘဏ်များကိုမူ ၂၀၀၂-၀၃ ခုနှစ်၊ ဘဏ်များအကျပ်အတည်း
ဆိုက်ရပြီးနောက်ပိုင်း ချမှတ်ထားသည့် စည်းမျဉ်းများဖြင့် တင်းကျပ်စွာ တုပ်နှောင်
ထားပါသည်။ ဤအခြေအနေမှာ လွန်ခဲ့သည့် ရာစုနှစ်ကာလက မြန်မာနိုင်ငံရှိ
ဘဏ်များ၏ အခြေအနေနှင့် သိသိသာသာ ကွာခြားနေပါသည်။ ထိုအချိန်က
မြန်မာနိုင်ငံရှိ ဘဏ်များသည် တစ်နိုင်ငံလုံး၏ အမျိုးသားစီးပွားရေးစနစ်ကို
အသွင်ပြောင်းနိုင်ရန် အကောင်းမွန်ဆုံး ငွေကြေးစနစ် ကျင့်သုံးမှုအတွက်
ကမ္ဘာပေါ်တွင်ပင် စံပြုစရာဖြစ်ခဲ့ပါသည်။ ဆူးအက်စ်တူးမြောင်း ဖွင့်လှစ်လိုက်မှုနှင့်
အတူ ကိုလိုနီအစိုးရက မြေယာပိုင်ဆိုင်ခွင့်စာချုပ်များကို ခွင့်ပြုလိုက်ခြင်း၊


(အိန္ဒိယနိုင်ငံတောင်ပိုင်း မဒရပ်စ်ဒေသမှ ချစ်တီးတိုင်းရင်းသား အများစုဖြစ်သည့်)
ငွေချေးငှားစားသူ ကွန်ရက်များ ရောက်ရှိလာခြင်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်
ဒေသကို နှစ် (၄၀) မျှ မကြာသောကာလတွင် ကမ္ဘာ့တန်းဝင် စပါးကျီဒေသအဖြစ်
ခန့်မှန်းလူအင်အား (၄၀၀,၀၀၀) ကို ပံ့ပိုးထားပေးရန်
အသွင်ပြောင်းနိုင်ခဲ့ပါသည်။4
နိုင်ငံ၏ အမျိုးသားဘတ်ဂျက် (၃၀) ရာခိုင်နှုန်းခန့်ကို
မြန်မာနိုင်ငံ စီးပွားရေးစနစ်၏ စွမ်းဆောင်နိုင်မှု နိမ့်ကျနေရသော အခြားအကြောင်း
စစ်တပ်အတွက် ခွဲဝေချထား သုံးစွဲနေရပါသည်။
၂-ချက်မှာ တိုင်းပြည်၏ ဘဏ္ဍာဘတ်ဂျက်တွင် စစ်တပ်နှင့် အစိုးရပိုင်လုပ်ငန်းများက
ဤကိန်းဂဏန်းသည်ပင် စစ်တပ်အတွက် သုံးစွဲနေရ
ရယူသုံးစွဲနေမှုအချိုးပင် ဖြစ်ပါသည်။ ခန့်မှန်း လူအင်အား (၄၀၀,၀၀၀) ကို ပံ့ပိုး
သည့် အရင်းအမြစ်များကို လျှော့ပေါ့တွက်၍ ဖော်ပြ
ထားပေးရန် နိုင်ငံ၏အမျိုးသားဘတ်ဂျက် (၃၀) ရာခိုင်နှုန်းခန့်ကို စစ်တပ်အတွက်
ထားခြင်း ဖြစ်သည်။ အကြောင်းမှာ တရားဝင်နှင့်
တရားမ၀င် စီးပွားရေးလုပ်ငန်း အများအပြားမှ ရရှိ
ခွဲဝေချထားသုံးစွဲနေရပါသည်။ ဤကိန်းဂဏန်းသည်ပင် စစ်တပ်အတွက် သုံးစွဲနေ
နေသည့် ငွေကြေးပမာဏကို ထည့်သွင်းမတွက်ချက် ရသည့် အရင်းအမြစ်များကို လျှော့ပေါ့တွက်၍ ဖော်ပြထားခြင်းဖြစ်သည်။ အကြောင်း
ထားသောကြောင့် ဖြစ်သည်။ မှာ တရားဝင်နှင့် တရားမ၀င် စီးပွားရေးလုပ်ငန်း အများအပြားမှ ရရှိနေသည့်
5
ငွေကြေးပမာဏကို ထည့်သွင်း မတွက်ချက်ထားသောကြောင့် ဖြစ်သည်။ အလားတူပင်
အမျိုးမျိုးသော နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကြောင့်လည်း အစိုးရဘဏ္ဍာငွေ
ကို ပြုန်းတီးစေပြီး၊ ၎င်းလုပ်ငန်းများက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသည့် သဘော
သဘာဝကြောင့် ပုဂ္ဂလိကကဏ္ဍကိုလည်း ချိုးနှိမ်ထားသည့်နှယ် ရောက်စေသည်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ကွန်ဂလိုမာရိတ်ကြီး ၂-ခုက နိုင်ငံ၏ စီးပွားရေးကို
လွှမ်းမိုးချယ်လှယ်နေကြသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက်
(UMEH) နှင့် မြန်မာနိုင်ငံ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ ဖြစ်သည်။6
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက လာမည့်အစိုးရသစ်၏ စီးပွားရေး
မူဝါဒများအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိစေမည်နည်း။ ဖော်ပြထားသည့်
စာသားများအပေါ် အကဲဖြတ်ချက်အရ ဖွဲ့စည်းပုံက ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်သည့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံခိုင်မာစွာ ပေးထားပြီး၊ ၎င်းက အခြေခံ
စီးပွားရေးရပိုင်ခွင့်များကိုလည်း အသိအမှတ်ပြုထားပါသည်။ (ဥပမာ- ပုဂ္ဂလိက
ပိုင်ဆိုင်ခွင့်နှင့် တရားဥပဒေစိုးမိုးရေး စသည့် ကိစ္စများဖြစ်သည်။) ထို့အပြင်
ကာကွယ်ပေးထားမှုများလည်း ရှိနေသည်။ (ဥပမာ- လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုနှင့်
ပြည်သူပိုင်သိမ်းပိုက်ခြင်း) ၁၉၆၄၊ ၁၉၈၇ ခုနှစ်များအတွင်း (၃) ကြိမ်တိုင်တိုင်
ဖြစ်ပေါ်ခဲ့ပြီး များစွာဆိုးကျိုးရလဒ်ရှိခဲ့သည့် ငွေကြေးတရားမ၀င် ဖျက်သိမ်းမှုကို
လည်း လုပ်ဆောင်တော့မည်မဟုတ်ဟု ပွင့်လင်းစွာ ဖော်ပြထားသည်။ ပို၍ထင်ရှား
သည့်အချက်မှာ ဖွ့စ
ဲ ည်းပုံဥပဒေအရ ပြည်နယ်/တိုင်းအဆင့် အစိုးရများအတွက်
အခွန်ကောက်ခံမှုနှင့် အာဏာပိုင်များ၏ အသုံးစရိတ်များကို တိတိကျကျ ပြဌာန်းထား
ခြင်းပင် ဖြစ်သည်။
သို့သော် အမှန်လက်တွေ့တွင်မူ ဖြစ်ပေါ်လာမည့် အစိုးရသစ်သည် ၂၀၀၈ ခုနှစ်
ဖွဲ့ စည်းပုံဥပဒေကြောင့် သူတို့ကို တုပ်နှောင်စည်းကြပ်ထားသည်ဟု ခံစားရမည့်ပုံ
အလျဉ်းမရှိပါချေ။ ၎င်းဆက်ခံသည့် ယခင်အစိုးရများကပင် ယခင် ဖွဲ့ စည်းပုံအခြေခံ
ဥပဒေများက စည်းကြပ်ထားမှုမျိုးကို လိုက်နာမှု ပို၍ရှိနိုင်ပါသေးသည်။ ဖြစ်နိုင်သည်မှာ
စစ်ခေါင်းဆောင်များက စီးပွားရေးစနစ်၏ အဓိက ကျသည့် လုပ်ငန်းများကို ဆက်လက်၍
ချုပ်ကိုင်ထားရန် အကြောင်းရှိပါသည်။ သို့သော်လည်း ဖြစ်ပေါ်လာသည့် အစိုးရက
အကျယ်အပြန့် စီးပွားတိုးတက်မှုကို ဖြစ်စေမည့် မူဝါဒ များချမှတ်၍ နိုင်ငံအပေါ် ၎င်းတို့
ပိုမိုချုပ်ကိုင်အာဏာခိုင်မြဲအောင် လုပ်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေလာမည့်
ဖြစ်နိုင်ခြေကို ပစ်ပယ်စဉ်းစားပြန်လျှင်လည်း ဉာဏ်နည်းရာ ရောက်နိုင်ပါသေးသည်။
ဤအနေအထားတွင် ဤသို့ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် ကြုံတွေ့ရမည့် အဓိက
အဟန့်အတားမှာ လူသားအရင်းအမြစ်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် အားနည်းချိနဲ့


နေမှုပင် ဖြစ်သည်။ လာမည့်နှစ်များတွင် နိုင်ငံရပ်ခြား အလှူရှင်များအတွက်
အထူးဦးစားပေး ဆောင်ရွက်သင့်သည့် ကိစ္စမှာ အရည်အသွေးမြှင့်တင်ရေးလု
ပ်ငန်းများကို ဦးစားပေး ပံ့ပိုးပေးရေးပင် ဖြစ်သည်။ ဤသို့သော အခန်းကဏ္ဍကို
ဝင်ရောက်ဆောင်ရွက်ရန် အာဆီယံ အဖွဲ့က နေရာကောင်းတွင် ရှိနေသည်။
အကြောင်းမှာ ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် ၎င်း၏ရုံးက အထင်ကြီးလောက်အောင်
စွမ်းဆောင်နိုင်ခဲ့ပြီး၊ နာဂစ်ဆိုက်ကလုန်း ကပ်ဘေးနောက်ပိုင်း ပြန်လည်ကယ်ဆယ်ရေး
လုပ်ငန်းများတွင် ကောင်းမွန်စွာ ဦးဆောင်မှု ပေးနိုင်ခဲ့သည်။

သဘာဝရင်းမြစ် ထုတ်လုပ်ရေးကဏ္ဍ

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ၂၀၀၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ သဘာဝ


သယံဇာတထုတ်ယူရေး လုပ်ငန်းများတွင် အက်ဒမန်ပင်လယ်အတွင်းရှိ ရတနာနှင့်
ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်များမှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်တင်ပို့ ရောင်းချ
သည့် လုပ်ငန်းက နေရာယူထားပါသည်။ ဤသဘာဝဓာတ်ငွေ့များက ထိုင်းနိုင်ငံရှိ
ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး၊ ထိုင်းနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှု၏
(၄၀) ရာခိုင်နှုန်းကို ထောက်ပံ့ပေးလျက် ရှိသည်။ သို့အတွက်ကြောင့်လည်း ထိုင်းနိုင်ငံ၏
စွမ်းအင်လုံခြုံရေးအတွက် အထူးအရေးပါသည့် အနေအထား ဖြစ်နေစေသည်။
ထိုင်းနိုင်ငံမှ စရင်းဇယားများအရ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့
အမေရိကန်ဒေါ်လာ (၃,၀၀၀) သန်းဖိုး တင်ပို့ခဲ့ပြီး၊ ကမ္ဘာ့လောင်စာဈေးကွက်တွင်
ဈေးအမြင့်ဆုံးအချိန် အမြင့်ဆုံးဝင်ငွေကို ထင်ဟပ်ဖော်ပြနေပါသည်။7 ပြီးခဲ့သည့် ၁၀-
နှစ်တာ ကာလတွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ၀ယ်ယူတင်သွင်းမှုသည် တစ်နှစ်
လျှင် အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) မှ (၁,၅၀၀)အကြား ရှိနေခဲ့သည်။ ထိုင်းနိုင်ငံ၏
စုစုပေါင်းပေးချေငွေများအနက်မှ တစ်ဝက်သည် ထုတ်လုပ်သည့် ကုမ္ပဏီများအတွက်
ကုန်ကျစရိတ် ပြန်လည်ပေးချေရန် ဖြစ်ပြီး၊ ကျန်သောငွေများမှာ မြန်မာအစိုးရထံသို့
တူးဖော်ခွင့်အတွက် အခကြေးငွေ၊ အခွန်များ၊ အခြားကုန်ကျစရိတ်များအဖြစ် ရောက်ရှိ
သွားကြပါသည်။
မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်တွင် ပြည်ပပို့ကုန်တင်ပို့မှုမှ ၀င်ငွေအဖြစ် အမေရိကန်
ဒေါ်လာ သန်း (၆,၆၀၀) ရရှိသည်ဟု အစီရင်ခံဖော်ပြထားရာ၊ သဘာဝဓာတ်ငွေ့
တင်ပို့မှုမှ ရရှိငွေသည်ပင် ၎င်းစုစုပေါင်း၏ (၄၅) ရာခိုင်နှုန်းမျှ ရှိနေပါသည်။ ဤကဏ္ဍမှ
နေ၍ မြန်မာနိုင်ငံမှ နိုင်ငံခြားတင်ပို့ငွေသည် လာမည့် ၅-နှစ်အတွင်းတွင် အနည်းဆုံး
၂-ဆ တိုးလာဖွယ် ရှိနေပါသည်။ အကြောင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ၁၀၀-
ကီလိုမီတာမျှပင် မဝေးသည့်နေရာ၊ ရခိုင်ဆိပ်ကမ်းတစ်ခုမှနေ၍ တွန်းပို့စက်များဖြင့်
မြန်မာနိုင်ငံကိုဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သဘာဝဓာတ်ငွေ့-
ရေနံပိုက်လိုင်းအပြိုင်ကို ဆောက်လုပ်ဦးမည် ဖြစ်သောကြောင့်ဖြစ်သည်။ ပိုက်လိုင်း
တစ်ခုမှာ ဆောက်လုပ်နေဆဲဖြစ်ပြီး၊ ၎င်းက ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့
သိုက်များထက် ကြီးမားမည်ဟု ခန့်မှန်းထားသည့် ရွှေသဘာဝဓာတ်ငွေ့သိုက်မှ နေ၍
ဓာတ်ငွေ့များတင်ပို့နိုင်မည် ဖြစ်သည်။ အခြားပိုက်လိုင်းတစ်ခုမှာမူ အရှေ့အလယ်ပိုင်း
နှင့် အာဖရိကတိုက်တို့မှ တင်ဆောင်လာသည့် ရေနံစိမ်းများကို ဖြတ်သန်းတင်ပို့ရန်
ဖြစ်သည်။
ဤပိုက်လိုင်းများမှာ တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသည့်အချက်
မှာ ထင်ရှားပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ မူဝါဒများသည်
လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံအပေါ် မည်သို့သက်ရောက်မှုရှိစေမည် ဟူသည့်


အချက်မှာမူ မသဲကွဲရှိနေပါသေးသည်။ တက်ရောက်သူများက “ကာကွယ်ထိန်းသိမ်း
ထားမည့် လောင်စာစွမ်းအင်မဟာဗျူဟာ” ဟု ခေါ်ဆိုနေကြသည့် မကြာသေးမီက
ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် မူဝါဒပြောင်းလဲမှုရှိလာကြောင်း တွေ့ရပြီး၊
ပြည်တွင်းလောင်စာစွမ်းအင်များ ထုတ်ယူအသုံးချမှု အရှိန်လျှော့ရေး၊ အထူးသဖြင့်
ကျောက်မီးသွေးထုတ်လုပ်မှုကို လျှော့ချရေးနှင့် ပြည်ပမှ အရင်းအမြစ်များ ပိုသုံးရေး
ကိစ္စကို ဆွေးနွေးခဲ့ကြပါသည်။ ဤသို့ မူဝါဒတိမ်းညွှတ်မှုအတိုင်း ကာလတစ်စုံတရာ
တိုင် ဆက်လက်သွားနေဖွယ်ရှိပြီး၊ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကို ဖြတ်၍
စွမ်းအင်သယ်ယူပို့ ဆောင်ရေး လမ်းကြောင်းအပြင်၊ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့
ရင်းမြစ်များကို ရယူအသုံးချစေရန် ဖိအားများလည်း တိုးတက်ဖြစ်ပေါ်လာနိုင်သည်။
ရတနာလုပ်ကွက်တွင် အဓိကဆောင်ရွက်နေကြသော ရေနံကုမ္ပဏီများမှာ
တိုတယ် (ပြင်သစ်) နှင့် ရှယ်ဗရွန် ကုမ္ပဏီ (အမေရိကန်ပြည်ထောင်စု) တို့ ဖြစ်ပြီး၊
၎င်းတို့က သူတို့နိုင်ငံအသီးသီးမှ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို ကင်းလွတ်ခွင့်
အပိုင် ရယူထားနိုင်ကြသည်။ ဤကုမ္ပဏီနှစ်ခုစလုံးက ကော်ပိုရေးရှင်းကြီးများ၏
လူမှုရေးအရ တာဝန်ရှိမှုကို စံနှုန်းအမြင့်မားဆုံး ကျင့်သုံးရန် ကြိုးပမ်းနေကြပြီး၊
ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုင်း၏ အနီးဝန်းကျင်တ၀ိုက်ရှိ ရပ်ရွာများ
အတွက်သာမက၊ နိုင်ငံ၏ ကျန်ဒေသများအတွင်း ပစ်ပယ်ခံထားရသည့် လူအုပ်စုများ
ဖြစ်သည့် မိဘမဲ့ကလေးများနှင့် မျက်မမြင်များအတွက် ၅-နှစ်တာကာလအတွင်း
ဒေါ်လာ (၂၅) သန်းတန် လူမှု-စီးပွားရေး အစီအစဉ်များအတွက် သုံးစွဲရန် ကတိပြု
ထားကြသည်။ ၎င်းကုမ္ပဏီ ၂-ခုစလုံးက ၂၀၀၃ ခုနှစ်မှ စတင်ခဲ့သော ‘ကမ္ဘာလုံးဆိုင်ရာ
သဘာဝရင်းမြစ်ထုတ်ယူမှု လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှု ရှိစေရေး
ကြိုးပမ်းချက်’ (Global Extractive Industries Transparency Initiative) ကို
ထောက်ခံထားကြပြီး၊ ၎င်းအလိုအရ သဘာဝရင်းမြစ်ထုတ်လုပ်နေသော ကုမ္ပဏီက
အိမ်ရှင်အစိုးရထံ အပြည့်အ၀ ဖော်ထုတ်အသိပေးရန်နှင့် ၎င်းရန်ပုံငွေများကို
လူမှုရေး ရည်ရွယ်ချက်များအတွက်သာ အသုံးချစေရန်၊ ပုဂ္ဂလိကအကျိုးစီးပွား
အတွက် လွှဲပြောင်းရယူခြင်း မရှိစေရန် တောင်းဆိုထားသည်။ မြန်မာအစိုးရကိုလည်း
ဤရန်ပုံငွေများကို လူမှုရေးရည်ရွယ်ချက်များအတွက် အသုံးချမှု သေချာစေရန်၊
ပုဂ္ဂလိကအကျိုးအမြတ်အတွက် လွှဲပြောင်းရယူခြင်း မပြုနိုင်စေရန် ကူညီဆောင်ရွက်
ပေးနေကြသည်။ ၎င်းကုမ္ပဏီများက ပီထရိုနာ့စ် (မလေးရှား) ကုမ္ပဏီနှင့် မြန်မာနိုင်ငံ
တွင် ဆောင်ရွက်နေကြသည့် အခြားအာရှလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံတွင်
အရေးပါသော လူမှု-စီးပွားရေး အစီအစဉ်များ ဆောင်ရွက်ရန် အကြံပြုလျှက် ရှိနေ
ကြသည်။ ဤဆက်စပ်မှုအရ ယူနန်ပြည်နယ်သို့ ပိုက်လိုင်းသွယ်တန်း ဆောက်လုပ်နေ
ကြသည့် တရုတ်ကုမ္ပဏီများက မကြာသေးမီက ပိုက်လိုင်းဖြတ်သန်းမည့် လမ်းကြောင်း
တစ်လျှောက် လူမှုအသိုက်အ၀န်းများထံသို့ အခြေခံလေ့လာဆန်းစစ်မှုများပြုရန်
တာဝန်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်ချက်
နှင့် ပတ်သက်နေသည့် နိုင်ငံရေးဖိအားများကြောင့် သြစတြေလျကုမ္ပဏီ တစ်ခုက
ရဲတံခွန်လုပ်ကွက်ရှိ ၎င်း၏အစုရှယ်ယာအများစုကို ပီထရိုနာ့စ်ကုမ္ပဏီထံ ရောင်းချခဲ့
သည်။ မကြာသေးမီက ဆောင်ရွက်နေသော တူးဖော်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်း
လိုင်စင်အားလုံးမှာ အာရှကုမ္ပဏီများလက်တွင်းတွင် ရှိနေကြပြီး၊ ၎င်းတို့နိုင်ငံများက
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်း မရှိကြပါ။
ထင်ရှားသည်အချက်မှာ နိုင်ငံတ၀ှမ်းတွင် လျှပ်စစ်ဓာတ်အား အလွန်အမင်း
လိုအပ်မှု ဖြစ်ပေါ်နေသော်လည်း၊ မြန်မာနိုင်ငံမှ ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့
အနည်းငယ်ကိုသာ ပြည်တွင်းတွင် အသုံးချနေသည်။ အစိုးရက ယခုနှစ်ရွေးကောက်ပွဲ

၁၀
များ မတိုင်မီတွင် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံအတွက် ရတနာပိုက်လိုင်း
တည်ဆောက်ပြီးစီးမည်ဟု ကြေညာထားပြီး၊ ရန်ကုန်ကို အချိန်ပြည့်လျှပ်စစ်ပေးနိုင်ရန်
ရည်ရွယ်ထားသည်။ ဤသို့ ခပ်နိမ့်နိမ့်ထားသော ရည်ရွယ်ချက်သည်ပင် လက်လှမ်း
မမှီစရာအကြောင်း ရှိနေပြန်သည်။
မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်ထုတ်လုပ်မှုကိုလည်း အလောတကြီးနှင့်
ပြဿနာဖြစ်စေနိုင်သည့် နှုန်းထားတိုင် အသုံးချထုတ်လုပ်နေပြန်သည်။ အစီရင်ခံစာ
များအရ ရေအားလျှပ်စစ်စီမံကိန်း (၆၀) ကျော် ဆောင်ရွက်နေပြီး၊ အချို့မှာ
တည်ဆောက်ဆဲ၊ အချို့မှာ တရုတ်ကုမ္ပဏီများနှင့် ဆောက်လုပ်ရန် စာချုပ်ဆိုထား
ထင်ရှားသည့်အချက်မှာ နိုင်ငံတ၀ှမ်းတွင် လျှပ်စစ်
ကြသည်။8 ထိုင်းနှင့် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဆောင်ရွက်ထားသော
ဓာတ်အား အလွန်အမင်း လိုအပ်မှုဖြစ်ပေါ်နေသော်
စီမံကိန်းများမှာလည်း အဆင့်အမျိုးမျိုးတွင် ရှိနေကြသည်။ ဤစီမံကိန်းများမှ ထွက်ရှိ လည်း၊ မြန်မာနိုင်ငံမှ ထုတ်လုပ်နေသည့် သဘာဝ
လာသော လျှပ်စစ်ကို အများစုမဟုတ်လျှင်သော်မှ အတိုင်းအတာ အများအပြားကို ဓာတ်ငွေ့အနည်းငယ်ကိုသာ ပြည်တွင်းတွင် အသုံးချ
တင်ပို့ရောင်းချကြမည်ဖြစ်ပြီး၊ ပြည်တွင်းဖူလုံစေရေးအတွက် သုံးစွဲမည် မဟုတ်ပေ။ နေသည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေးကို စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်း မရှိသလို၊
၎င်းစီမံချက်အများစုသည် တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသများတွင်
တည်ရှိနေခြင်းကြောင့် လူမှုရေးအရ မတည်မငြိမ် ဖြစ်လာမည့်အရေးကိုလည်း
ထည့်သွင်းတွက်ချက်ခြင်း မရှိကြပေ။
သဘာဝဓာတ်ငွေ့ပြီးလျှင် မြန်မာနိုင်ငံမှ အခြားသဘာဝရင်းမြစ် အဓိကထုတ်လုပ်
ရောင်းချနေမှုမှာ ကျွန်းသစ်နှင့် ဓာတ်သတ္တုများ ဖြစ်သည်။ ၎င်းတို့၏ အဆင့်နေရာမှာ
နှစ်အလိုက် ကွဲပြားခြားနားမှု ရှိနေသည်။ အစီရင်ခံဖော်ပြထားသော ကျွန်းသစ်နှင့်
ဓာတ်သတ္တုတင်ပို့မှု တန်ဖိုးမှာလည်း ပြဿနာရှိနေပြန်သည်။ အကြောင်းမှာ
၎င်းတို့အများစုမှာ တရားမ၀င် တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး၊ တရားဝင် စာရင်းတွင်
ဖော်ပြနိုင်ခြင်း မရှိပေ။ ၂၀၀၇-၀၈ ခုနှစ်တွင် အစီရင်ခံစာအရ မြန်မာနိုင်ငံမှ သစ်တင်ပို့
ရောင်းချရငွေမှာ အမေရိကန်ဒေါ်လာ (၅၃၈) သန်းဖြစ်ပြီး၊ တရားမ၀င်တင်ပို့မှုမှာ
နောက်ထပ် သန်း (၁၅၀) မျှ ရှိမည်ဟု အလွယ်ခန့်မှန်းနိုင်သည်။ အိန္ဒိယနိုင်ငံသည်
ကျွန်းသစ်များ တင်ပို့မှုတွင် တန်ဖိုးအရ အကြီးမားဆုံး ဈေးကွက်ဖြစ်ဖွယ်ရှိပြီး၊ တရုတ်
နိုင်ငံကမူ ပမာဏအရ အကြီးဆုံး ဦးတည်ရာဖြစ်နိုင်သည်။
မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းနေသော ကျွန်းသစ်များကို တရုတ်နိုင်ငံက
၂၀၀၆ ခုနှစ်မှ စတင်၍ တင်းကြပ်လိုက်သောကြောင့်၊ မှတ်တမ်းများအရ သစ်လုံးနှင့်
ခွဲသားများ တင်ပို့မှု ၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အကြား (၇၀) ရာခိုင်နှုန်းမျှ ကျဆင်း
သွားခဲ့သည်။9 မည်သို့ပင် ဆိုစေကာမူ ယုံကြည်ရလောက်သည့် သတင်းဌာနများအရ
မြန်မာနိုင်ငံတွင် ကျွန်းသစ်ကို ဆက်လက် စိုက်ပျိုးနေဆဲဖြစ်သော်လည်း၊ စိုက်သည့်နှုန်း
ထားမှာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မည့် အနေအထားမရှိဘဲ ကြီးမားသည့်
သဘာ၀၀န်းကျင် ဆိုးကျိုးများ ပေါ်ပေါက်လာဖွယ်ရှိနေသည်။ ကျွန်းသစ်ထုတ်လုပ်မှု
လုပ်ငန်းများကြောင့် တောရိုင်းတိရိစ္ဆာန်များနှင့် တောထွက်ပစ္စည်းများ အထူးသဖြင့်
တရုတ်နိုင်ငံသို့ တရားမ၀င် တင်ပို့မှုကိုလည်း တိုးတက်ဖြစ်ပေါ်လာစေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ အာဏာ
ခွဲဝေချထားပေးလာမှုကြောင့် သဘာဝရင်းမြစ်ထုတ်လုပ်မှုမှ ရရှိသည့် ၀င်ငွေဘဏ္ဍာကို
ဗဟိုနှင့် အောက်ခြေအစိုးရ အဆင့်များအကြား တစ်စုံတရာ ခွဲဝေရယူနိုင်ဖွယ်ရှိသည်။
ဤသို့ ခွဲဝေရေးသဘောတူညီမှုများ ရနိုင်ရေးသည်လည်း ခက်ခဲနိုင်ပါသေးသည်။
သို့သော်လည်းဤနည်းအားဖြင့် ရင်းနှီးမြှုပ်နှံရေးတွင် ပို၍ကောင်းမွန်သော ဆုံးဖြတ်
ချက်များ ချမှတ်နိုင်စေမည်၊ ပဋိပက္ခများ လျှော့နည်းကျဆင်းလာစေမည်၊ သဘာဝ
ဝန်းကျင် ပျက်သုဉ်းမှု လျှော့နည်းလာစေမည် ဖြစ်သလို၊ ၎င်းအခြေအနေများ ပို၍

၁၁
ဆိုးရွားလာစေရန်လည်း အကြောင်းရှိနေပြန်သည်။

စိုက်ပျိုးရေးနှင့် ပုဂ္ဂလိက ကဏ္ဍ

စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) ၏ (၄၀)


မှ ၅၀ ရာခိုင်နှုန်းအထိကို ပံ့ပိုးပေးနေပြီး၊ နိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းသည်
ကျေးလက်တွင် နေထိုင်နေကြပါသည်။ ဆန်စိုက်ပျိုးခြင်းသည် အဓိကစိုက်ပျိုးရေး
လုပ်ငန်းဖြစ်ပြီး၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့ရောင်းချရာ အဓိကနိုင်ငံတစ်ခုအဖြစ်
အလားအလာ အသေအချာရှိနေပါသည်။10 ဆန်နှင့် ပတ်သက်သည့် စီးပွားရေးသည်
အစိုးရ၏ လွဲမှားသောမူဝါဒများကြောင့် အထူးချိနဲ့နေရသည့် အနေအထားရှိသည်။
မြန်မာနိုင်ငံရှိ ဆန်ထုတ်လုပ်သူ လယ်သမားများမှာ ၂၀၀၈ ခုနှစ်၊ နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြောင့် အထူးထိခိုက်ပျက်စီးခဲ့ရသော
ပြည်ပတင်ပို့သည့် သီးနှံဈေးနှုန်း၏ (၃၀) ရာခိုင်နှုန်း မြို့နယ်များမှ ထုတ်လုပ်မှုသည် မျှော်လင့်ထားသည်ထက် စောလျှင်စွာပြန်၍ ထူထောင်
မျှကိုသာ ခံစားရရှိနိုင်ကြသည်။ နှိုင်းယှဉ်ချက်အရ လာနိုင်ခဲ့သော်လည်း၊ ပုံမှန်ရရှိနေသော ငွေချေးငှားနိုင်ရာ နေရာများ ပို၍ရှားပါးလာပြီး၊
ဆိုလျှင် ပို၍အရည်အသွေး ကောင်းမွန်သည့် ဆန်ထုတ် အစိုးရက ထိန်းချုပ်ထားသည့် ဘဏ်လုပ်ငန်းများသည်လည်း မျိုးစေ့နှင့် အထွက်
လုပ်နိုင်ကြသော ဗီယက်နမ် လယ်သမားများက တိုးစေရန် လိုအပ်နေသည့် သွင်းအားစုများကို ၀ယ်ယူဖြည့်ဆည်းနိုင်ရန် မဖြစ်စ
ပြည်ပတင်ဈေးနှုန်း၏ (၅၀) ရာခိုင်နှုန်းကို ခံစားနိုင် လောက် ချေးငွေကိုသာ ထုတ်ချေးပေးနိုင်ပါသည်။ သိုလှောင်ရုံများလည်း အခြေခံ
ကြသည်။ မျှသာရှိသည့် အတွက်ကြောင့်နှင့် အိုမင်းယိုယွင်းနေပြီဖြစ်သည့် ဆန်ကြိတ်ခွဲ
စက်များကလည်း ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးမီ ဆန်ကောင်းများ မကြိတ်
ခွဲနိုင်သည့်အတွက်ကြောင့် ရိတ်သိမ်းပြီးနောက်ပိုင်း တန်ဖိုးများလည်း ဆုံးရှုံးနစ်နာ
နေရပြန်သည်။ ဆန်စက်များမှ ဆိပ်ကမ်းတင်ရာနေရာသို့ သယ်ယူပို့ဆောင်ရေး
ကုန်ကျစရိတ်မှာလည်း အခြားအာရှနိုင်ငံများထက် အလွန်အမင်း ကြီးမြင့်နေသည်။
သို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ ဆန်ထုတ်လုပ်သူ လယ်သမားများမှာ ပြည်ပတင်ပို့
သည့်သီးနှံဈေးနှုန်း၏ (၃၀) ရာခိုင်နှုန်းမျှကိုသာ ခံစားရရှိနိုင်ကြသည်။ နှိုင်းယှဉ်ချက်
အရဆိုလျှင် ပို၍အရည်အသွေးကောင်းမွန်သည့် ဆန်ထုတ်လုပ်နိုင်ကြသော ဗီယက်နမ်
လယ်သမားများက ပြည်ပတင်ဈေးနှုန်း၏ (၅၀) ရာခိုင်နှုန်းကို ခံစားနိုင်ကြသည်။
ကျေးလက်ဒေသရှိ ၀င်ငွေကို မတိုးတက်ဘဲ တန့်နေပြီး၊ စိတ်ပူစရာကောင်းသည့်
အတိုင်းအတာအထိ လယ်သမားများသည် သူတို့ပိုင် လယ်မြေများကို မြီရှင်များထံ
ထိုးအပ်နေကြရသည်။ ဟားဗတ်တက္ကသိုလ်၊ ကနေဒီကျောင်းသို့ တင်သွင်းသည့်
အစီရင်ခံစာတွင် ပညာရှင်များ၏ ဖော်ပြချက်အရ “မြန်မာနိုင်ငံ၏ ကျေး လက်ကဏ္ဍသည်
ခါးကျိုးပြိုလဲလုဆဲဆဲ အခြေအနေသို့တိုင် ဆိုက်ရောက်နေပြီး၊ သူတို့မှီခိုရပ်တည်စရာ
သဘာဝအလျှောက် ခံနိုင်ရည်အားများလည်း လျှော့ပါးနေပြီ” ဟု ဖော်ပြခဲ့သည်။11
ပဲအမျိုးမျိုးသည် မြန်မာနိင
ု င
် အ
ံ တွက် ဒုတယ
ိ အရေးပါသည့် ငွေဖြစ်သီးနှံ ဖြစ်ပြီး၊
စိုက်ပျိုးရေးလုပ်ငန်းမှ ပြည်ပတင်ပို့နိုင်သည့် ထွက်ကုန်လည်းဖြစ်သည်။ အထူးသဖြင့်
အိန္ဒိယနိုင်ငံသို့ တင်ပို့ကြသည်။ သို့သော်လည်း ၂၀၀၈ ခုနှစ်တွင် ထုတ်လုပ်မှုအတွက်
ဆုတ်ယုတ်ကျဆင်းစရာ စိုးရိမ်ဖွယ်အခြေအနေနှင့် ကြုံခဲ့ရသည်။ ပြည်ပတင်ပို့သူ
အုပ်စုတစ်ခုက ပို့ကုန်ဈေးနှုန်းများ မြှင့်တင်ရန် ပူးပေါင်းကြံစည်ကြသည့်အခါ အိန္ဒိယမှ
ဝယ်ယူနေကြသူများက အခြားတင်ပို့သူများထံမှ ပြောင်း၍ ၀ယ် ယူခဲ့ကြသည်။ ဤသို့နှင့်
ပြည်ပတင်ပို့သူများလည်း ပဲဝယ်ယူထားသူ ဒေသခံကုန်သည်များကို ငွေအပြည့်အဝ
မပေးချေနိုင်ကြတော့ဘဲ ရှိခဲ့သည်။ ပုံမှန်ချေးငွေရယူနေရာ အချိတ်အဆက်များလည်း
ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံတွင် အသေးစား ငွေချေးလုပ်ငန်းအချို့ လည်ပတ်ဆောင်ရွက်နေ
ကြသည်။ ၎င်းတို့အနက် အကြီးဆုံးလုပ်ငန်းမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက်
Pact ဟုခေါ်သည့် အစိုးမရဟုတ်သည့် အဲန်ဂျီအိုအဖွဲ့က ဆောက်ရွက်နေပြီး၊

၁၂
ကုလ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ကနဦးအစပျိုး ဆောင်ရွက်ခဲ့ခြင်း
ဖြစ်သည်။ Pact အဖွဲ့ စီမံကိန်းများမှာ ဒေသ ၃-ခုတွင်သာ ကန့်သတ်တည်ရှိနေပြီး၊
ဧရာဝတီမြစ်ဝကျွန်းပေါ်၊ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ခြောက်သွေ့ဇုန်နှင့် ရှမ်းပြည်နယ်
တို့တွင် လည်ပတ်ဆောင်ရွက်နေသည်။ ၎င်းစီမံကိန်းများက စုစုပေါင်းအားဖြင့်
အမေရိကန်ဒေါ်လာ (၂၄) သန်းခန့် ငွေရင်းဖြည့်တင်းပေးထားနိုင်သည်။
အများစုအားဖြင့် အမျိုးသမီးများဖြစ်ကြသည့် ၎င်းစီမံကိန်းအဖွဲ့ဝင် (၄၈၃,၀၀၀)
ဦးက မြန်မာနိုင်ငံ ကျေးလက်ဒေသနေ အိမ်ထောင်စုပေါင်း (၇) ရာခိုင်နှုန်းခန့်
ရှိနေသည်။ သို့သော်လည်း ၎င်းစီမံကိန်းများနှင့် အခြားသောအသေးစား ငွေချေး
လုပ်ငန်းများက သဘာဝအလျှောက်ကိုပင် မြန်မာနိုင်ငံရှိ ဘဏ်များကို အခြေပြုသော
ကျေးလက်ငွေချေးစနစ် ကို အစားထိုးဆောင်ရွက်နိုင်ရန် မဖြစ်နိုင်ပေ။ ထိုမျှမက ၎င်း
Pact အဖွဲ့နှင့် အခြားသော စီမံကိန်းများသည် အသေးစားငွေ ချေးလုပ်ငန်းများကို
ထောက်ခံပံ့ပိုးထားသည့် ဥပဒေကြောင်းရာ ပြဌာန်းချက်များ ရှိမနေခြင်း၊ အတိုးနှုန်း
အပေါ် ကန့်သတ်ထားခြင်းတို့ကြောင့်နှင့် အစိုးရကိုယ်၌က ပုဂ္ဂလိကဘဏ်များထံမှ
ချေးငှားယူနေသည့်အတွက်ကြောင့် မကြီးထွားနိုင်ရန် အထူးကန့်သတ်ခံနေရသည့်
အနေအထားရှိနေသည်။
၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလတွင် လူအများလေးစားခံရသူ အငြိမ်းစား ESCAP
စီးပွားရေးပညာရှင် ဦးမြင့်က ဆန်စပါး စီးပွားရေးကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြား
ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလာခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဆိုလျှင်
ဤသို့ ပြောဆိုနိုင်ရန်ပင် မျှော်လင့်ထားရန် အကြောင်းမရှိပေ။ မြန်မာနိုင်ငံကို
ဆန်စပါးတင်ပို့ရာ အဓိကနိုင်ငံတစ်ခု ပြန်လည်ဖြစ်ပေါ်လာစေရေးကို မျှော်မှန်း၍
ယခုမှစ၍ လာမည့် ၃-နှစ်တာကာလအတွင်း ဆန်စပါးတင်ပို့နိုင်မည့် လျာထားချက်များ
သတ်မှတ်၍၊ ၎င်းရည်မှန်းချက် ပြည့်ဝစေရေးအတွက် လုပ်ငန်းအစီအစဉ်များ
ရေးဆွဲချမှတ်ရန် ကျွမ်းကျင်သူ ပညာရှင်များအုပ်စုတစ်ခု ဖန်တီးရန် အကြံပြုခဲ့သည်။
အနည်းဆုံး စစ်အစိုးရအတွင်းမှ အချို့သောအင်အားစုများက ယခု အဆိုပြုချက်ကို
ထောက်ခံခဲ့ကြသည်။
မြန်မာနိုင်ငံရှိ စိုက်ပျိုးနိုင်သောမြေများသည် တစ်နိုင်ငံလုံး အနှံ့အပြားတည်ရှိ
နေသည့်အတွက်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများမှ တိုးတက်ထုတ်လုပ်နိုင်ရန်
ချည်းကပ်မှုများသည်လည်း ဒေသအလိုက် ဖြစ်နိုင်ခြေနှင့်အညီ စီစဉ်ဆောင်ရွက်ရန်
လိုအပ်ပါသည်။ ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် အစိုးရအုပ်ချုပ်ရေးအာဏာကို
တိုင်း/ပြည်နယ်အဆင့်များ၌ ခွဲဝေအပ်နှင်းလာမည်ဖြစ်ရာ၊ စိုက်ပျိုးရေးကဏ္ဍ အစီအစဉ်
များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဒေသအုပ်ချုပ်ရေး အရာရှိများ၏
စွမ်းဆောင်နိုင်ရည်မှာ များစွာအကန့်အသတ် ရှိနေသလို၊ ဤအခြေအနေမှ အခွင့်
အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါသေးသည်။
အခြေခံထုတ်လုပ်ရေးကဏ္ဍအပြင် လူသုံးကုန်ထုတ်လုပ်ရေးနှင့် ၀န်ဆောင်မှု
ကဏ္ဍများ၌လည်း ၁၉၈၈ ခုနှစ်တွင် မြန်မာစစ်အစိုးရက ဆိုရှယ်လစ်စနစ်ကို
စွန့်လွှတ်၍ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းခဲ့ပြီဆိုသည့်တိုင် လှုပ်ရှားရှင်သန်
နေမှု အနည်းငယ်မျှကိုသာ တွေ့ရှိရသည်။ ပထမ ၅-နှစ်တာကာလတွင် ယခင်က
နိုင်ငံတော်အတွက်သာ သီးသန့်ဖယ်ချန်ထားသော လုပ်ငန်းများကို ပုဂ္ဂလိက
လုပ်ငန်းရှင်များသို့ ဖြည်းဖြည်းချင်း ဖွင့်ပေးလာသည့်အတွက်ကြောင့် ပုဂ္ဂလိကကဏ္ဍ
ဖွံ့ဖြိုးမှုတက်ရိပ်ကို မြင်ခဲ့ကြရသည်။ နောက်ပိုင်း ၁၉၉၇ ခုနှစ်ဝန်းကျင်တွင် မြန်မာနိုင်ငံ
အပေါ် ပထမအသုတ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများ သက်ရောက်လာပြီး၊
ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် လုပ်ပိုင်ခွင့်နယ်ပယ်လည်း ကျဉ်းလာခဲ့ရသည်။

၁၃
ဆက်ဖြစ်ပေါ်လာသည့် ပိတ်ဆို့အရေးယူမှု လှိုင်းလုံးတစ်ခုချင်းအောက်တွင် ပုဂ္ဂလိက
ကဏ္ဍအတွက် အကျဉ်းအကြပ် တံတိုင်းများ ပို၍မြင့်မားလာရသည်။ စီးပွားရေးလုပ်ငန်း
ပိုင်ရှင်များသည်လည်း အကျဉ်းသားများသဖွယ် တိုး၍ ခံစားလာကြရသည်။
၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် ကုန်သွယ်ရေးကောင်စီက
စီးပွားရေးလုပ်ပိုင်ခွင့်များကို အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများ အလိုကျအတိုင်း ဆုံးဖြတ်
ချက်ချ၍သာ လုပ်ကိုင်စေတော့သည်။ လူသုံးကုန်ထုတ်လုပ်ရေးနှင့် ၀န်ဆောင်မှု
လုပ်ငန်းကဏ္ဍများကို လက်ဝါးကြီးအုပ် အထူးထိန်းချုပ်ထားပြီး၊ ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီး
မြှုပ်နှံမှုအတွက် လှုပ်ရှားနိုင်ခွင့်အနည်းငယ်သာ ရှိစေတော့သလို၊ စိတ်ဝင်စားမှုလည်း
ကျဆင်းလာစေသည်။ ဘဏ်လုပ်ငန်းများကို အလွန်အကျူး တင်းကြပ်ထားပြီး၊
နိုင်ငံခြားမှ လုပ်ဖော်ကိုင်ဖက်များနှင့် ပုံမှန်ဆက်သွယ်မှုများမှာလည်း အထူးပြဿနာ
ရှိနေသည်။ ယခုအခြေအနေတွင် အကန့်အသတ်ဖြင့် အလျှော်အစား ပြုနိုင်သည့်
အစုစပ်ကုမ္ပဏီတစ်ခု တည်ထောင်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက် ရှိနေသည်။
လွန်ခဲ့သည့် ၆-နှစ်က ဆိုလျှင် ပြည်ပပို့ကုန်လိုင်စင်တစ်ခု ရရန် ၆-နာရီအတွင်း
ဖြစ်နိုင်သော်လည်း၊ ယခုအခါ ရက်သတ္တပတ် ၂-ပတ်မှ ၃-ပတ်တိုင် ကြာမြင့်တတ်ပြီး
နေပြည်တော်သို့ ခရီးတစ်ခေါက် သွားရန် လိုအပ်သေးသည်။ လျှပ်စစ်စွမ်းအင်မှာလည်း
အားထားမရသည့် အခြေရှိ သည်။ မော်တော်ကားများနှင့် မိုဘိုင်းဖုန်းများမှာလည်း
မယုံနိုင်လောက်အောင် ဈေးမြင့်လွန်းနေပြန်သည်။ အကျင့်ပျက်ခြစားမှုနှင့်
အခွင့်ထူးနေရာပေးမှု အမူအကျင့် များကလည်း စီးပွားရေးစနစ်အတွင်း အကျယ်အပြန့်
ပျံ့နှံ့တည်ရှိနေသည်။
သို့သော်လည်း ၂၀၀၇ ခုနှစ်မှစ၍ စစ်အစိုးရက အစိုးပိုင်လုပ်ငန်းအချို့ကို
ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးလာသည်နှင့်အမျှ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင်
ပုံစံသစ်တစ်မျိုးဖြင့် စတင်လာခဲ့သည်။ ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပုဂ္ဂလိကပိုင်
လွှဲပြောင်းရေးလုပ်ငန်းများ အရှိန်အဟုန် အထူးမြင့်မားလာပြီး၊ လေကြောင်းလိုင်း
များမှသည် ရန်ကုန်မြို့ရှိ လူနေအိမ်ရာများအထိ နိုင်ငံပိုင်ပစ္စည်းများကို လေလံတင်
ရောင်းချခဲ့သည်။ သို့သော်လည်း ဤလုပ်ငန်းများကို အစိုးရနှင့် နီးစပ်သူများကိုသာ
မျက်နှာသာပေး လွှဲပြောင်းပေးခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ ပုဂ္ဂလိကပိုင် လွှဲပြောင်း
ပေးခြင်းကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ)
အနေနှင့် ဘဏ္ဍာဝင်ငွေများ တိုး၍ ရရှိလာစေမည်ဖြစ်ပြီး၊ လာမည့် ရွေးကောက်ပွဲတွင်
၎င်းတို့အလိုကျ ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် လမ်းခင်းဆောင်ရွက်ရန်
ဖြစ်သည်။ သို့သော်လည်း ပို၍ဖြစ်နိုင်သည်မှာ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခြင်းကြောင့်
မျိုးဆက်အလိုက် စစ်ခေါင်းဆောင်များအနေနှင့် မိမိဘာသာ ထောက်ပံ့နိုင်ပြီး၊
လွတ်လပ်စွာ ၀င်ငွေရှာဖွေနိုင်ကြမည် ဖြစ်ပြီး၊ တရားဝင်အရ အနည်းဆုံး နောက်မျိုးဆက်
ငယ်ရွယ်သူ စစ်ခေါင်းဆောင်များထံ အာဏာလွှဲပြောင်းပေးနိုင်ရန် ဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍနှင့် ပတ်သက်၍ နောက်ထပ် ပူပန်စရာ ပြဿနာတစ်ခုမှာ
တရုတ်နိုင်ငံ၏ အခန်းကဏ္ဍပင် ဖြစ်သည်။ ဤကိစ္စအပေါ်တွင်မူ မတူကွဲပြားသော
အမြင်နှစ်မျိုး ရှိနေကြသည်။ အမြင်တစ်ခုမှာ တရုတ်ကုမ္ပဏီများနှင့် တသီးပုဂ္ဂလ
လုပ်ငန်းရှင်များ၊ အထူးသဖြင့် ယူနန်ပြည်နယ်ရှိ လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင်းသို့
စုပြုံဝင်လာနေကြပြီး ကဏ္ဍအသီးသီးတွင် အလျှင်အမြန် လွှမ်းမိုးလာနေပြီဟု
ဆိုကြပါသည်။ အခြားအမြင်တစ်ခုမှာ တိုင်းရင်းသားတရုတ်လူမျိုးများသည် ဆယ်စု
နှစ်ပေါင်းများစွာကပင် မြန်မာ့စီးပွားရေးတွင် အဓိက စွမ်းဆောင်နေကြသူများဖြစ်ပြီး၊
ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှ၏ အခြားဒေသတွင်လည်း အလားတူ အရေးပါ
နေကြသူများဟု ဆိုပါသည်။ ထိုသူများက အခြားသော စီးပွားရေးလုပ်ငန်းရှင်များ

၁၄
ထက်စာလျှင် အားသာချက်ရှိနေကြသည်။ အကြောင်းမှာ အာရှတလွှားရှိ တရုတ်
ငွေကြေးကွန်ရက်စနစ်မှနေ၍ ပုံမှန်မဟုတ်သော နည်းများဖြင့် အရင်းအနှီးရယူနိုင်မှု
ရှိနေကြသည်။ တရုတ်နိုင်ငံမှ မကြာသေးမီကာလများတွင် ပြောင်းရွှေ့အခြေချလာသူ
ဦးရေ ခန့်မှန်းအားဖြင့် ၁၀၀,၀၀၀ မှ (၂ )သန်းကျော်အထိ ရှိမည်ဟု ခန့်မှန်းထားကြ
ပါသည်။ မြန်မာနိုင်ငံတွင် တရုတ်များ၏ ခြေရာကြီးထွားလာမည်ကိုမူ သံသယရှိစရာ
မလိုအပ်ပါ။ သို့သော်လည်း လာမည့်နှစ်များအတွင်း ဤသို့ အခြေချလာသူများကြောင့်
ဌာနေရင်းရှိ ပြည်သူလူထုများကို အခြေပျက်စေမည်၊ သို့မဟုတ် ဖြည့်ဆည်းပံ့ပိုးမှု
ဖြစ်စေမည် ဟူသည့်အချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုတွင်
အဓိကကျသည့်အချက်တစ်ခု ဖြစ်နေပါတော့သည်။

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဒဏ်ခတ် အရေးယူမှု

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအချက်အလက်များမှာ


အခြားသော စီးပွားရေးကဏ္ဍ၏ ကိန်းဂဏန်း အချက်အလက်များထက် သာလွန်မှု
မရှိပါ။ သို့အတွက်ကြောင့် စီးပွားရေးအခြေအနေအမှန်ကို သိသာရန် အကြမ်းဖျဉ်းသာ
ခြယ်မှုန်းဖော်ပြနိုင်မည်ဖြစ်ပြီး၊ တိကျသည့် ကိန်းဂဏန်းများဖြင့် ကိုးကားနိုင်မည်
မဟုတ်ပါ။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေခံပုံစံမှာ အခြေခံထုတ်ကုန် ကုန်ကြမ်းများ တင်ပို့
ခြင်းဖြစ်ပြီး၊ လူသုံးကုန်ပစ္စည်းများ ပြန်လည်တင်သွင်းခြင်းပင် ဖြစ်သည်။ ကုန်ပစ္စည်း
ထုတ်လုပ်တင်ပို့မှုမှာ မြန်မာနိုင်ငံ၏ အရွယ်အစားနှင့်ဆိုလျှင် စိုးစဉ်မျှသာ ရှိပါသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေခံပုံစံမှာ အခြေခံ
ထုတ်ကုန် ကုန်ကြမ်းများ တင်ပို့ခြင်းဖြစ်ပြီး၊ လူသုံးကုန်
ထိုမျှမက မြန်မာနိုင်ငံ၏ကုန်သွယ်မှုမှာ အာရှရှိ ကုန်သွယ်ဖက်နိုင်ငံများနှင့်သာ
ပစ္စည်းများ ပြန်လည်တင်သွင်းခြင်းပင် ဖြစ်သည်။
သီးသန့်ဖြစ်ပေါ်နေပြီး၊ နိုင်ငံ၏ တင်ပို့မှုအားလုံး၏ (၉၅) ရာခိုင်နှုန်း၊ ပြည်ပတင်ပို့မှု
ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုမှာ မြန်မာနိုင်ငံ၏ အရွယ်
အားလုံး၏ (၉၀) ရာခိုင်နှုန်းတိုင် ရှိနေသည်။
အစားနှင့်ဆိုလျှင် စိုးစဉ်းမျှသာ ရှိပါသည်။
ရင်းနှီးမြှုပ်နှံမှုများသည် ကဏ္ဍနှစ်ခုတွင်သာ စုစည်း တည်ရှိနေသည်။ ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အခြေခံအဆောက်အဦး တည်ဆောက်ရေးကဏ္ဍများ ဖြစ်
သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုအများစုမှာ နိုင်ငံရပ်ခြား
ကုမ္ပဏီများထံမှ လာခြင်းဖြစ်သည်။ အခြေခံအဆောက်အဦးကဏ္ဍတွင် စစ်အစိုးရက
လွန်ခဲ့သည့် ဆယ်နှစ်တာကာလတွင် ဒေါ်လာငွေ သန်းထောင်ပေါင်းများစွာ ရင်းနှီး
မြှုပ်နှံနေပြီး၊ မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်နေခဲ့သည်။ စစ်အစိုးရက
အခြေခံအဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများကို အောင်မြင်မှုတစ်ခုဟု
ဖော်ပြနေသော်လည်း၊ နှိုင်းယှဉ်ချက်အရဆိုလျှင် နိုင်ငံ၏ ကျန်ဒေသများ၌ အခြေခံ
အဆောက်အဦး တည်ဆောက်မှုမှာ ရှယ်ဖွယ်လိလိ နည်းပါးလွန်းလှသည်။ အစိုးရက
လမ်းနှင့်တံတားများ ဆောက်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယေဘုယျအားဖြင့်
ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေသော်လည်း၊ ဆည်များတည်ဆောက်မှုတွင်
ရင်းနှီးမြှုပ်နှံမှုမှာ ပေးဆပ်လိုက်ရသော လူမှုရေးနှင့် သဘာ၀၀န်းကျင်ဆိုးကျိုးထိခိုက်မှု
များနှင့် နှိုင်းစာတွက်ချက်လျှင် သာ၍အကျိုးဖြစ်ထွန်းသည်ဟု မဆိုနိုင်ပါ။
မူအရဆိုလျှင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဆက်ဆံရေး
ရှိသော နိုင်ငံများမှာ အာဆီယံကုန်သွယ်ဖက် (၉) နိုင်ငံပင် ဖြစ်သည်။ ၁၉၉၇ ခုနှစ် တွင်
အာဆီယံအဖွဲ့သို့ ၀င်ရောက်ပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် နိုင်ငံရေး-လုံခြုံရေးဆိုင်ရာ
စံထားချက်များနှင့် ၎င်း၏ လူမှု-ယဉ်ကျေးမှု အသိုက်အ၀န်းအတွက် စံများအတွက်
အသာထားဦး၊ အာဆီယံ စီးပွားရေးအသိုက်အ၀န်း၏ စံထားသတ်မှတ်ချက်များနှင့်
ကိုက်ညီအောင် ကြိုးပမ်းရာ၌ပင် နှေးကွေးနေခဲ့သည်။ ထိုမျှမက ၂၀၁၅ ခုနှစ်တွင်
အာဆီယံ လူမှုအသိုက်အ၀န်း (ASEAN community) အဖြစ် အမြော်အမြင်ကို

၁၅
အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၌ မြန်မာနိုင်ငံသည် ကိစ္စ
များစွာတွင် ဟန့်တားပိတ်ဆို့မှုအပြုဆုံး နိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့သည်။ မည်သို့ပင်
ဖြစ်စေ၊ အာဆီယံအဖွဲ့သည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ၎င်းကို
ပြည့်မီစေရေးအတွက် မူဝါဒများကို ချိန်ညှိပြင်ဆင်ခြင်းကြောင့် ရရှိလာနိုင်သည့်
အကျိုးအမြတ်များကို မြန်မာအရာရှိများက နားလည်သဘောပေါက်စေရန် တိုက်တွန်း
ပြောဆိုရာ၌ အခြားပြင်ပ အဖွဲ့အစည်းများထက်စာလျှင် များစွာလုပ်ဆောင်နိုင်ခဲ့သည်။
၂၀၀၈ ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်း
ကပ်ဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုများကို နိုင်ငံတကာမှ တုံ့ပြန်အရေးယူဆောင်ရွက်ရာ
၌ အာဆီယံအဖွဲ့က အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၌
အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် အားလျော်စွာ ၎င်းက ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့နှင့် ပူးတွဲ
တာဝန်ယူခဲ့ပြီး၊ ပြည်ပမှ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အကူအညီများကို
ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ရွေးကောက်ပွဲပြီး အစိုးရသစ်ကို ၎င်း၏ ဒေသခံ
မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးအရ ပူးပေါင်းလာစေရေးအတွက် အာဆီယံအဖွဲ့၏
ကူညီပံ့ပိုးပေးနိုင်သည့် အလားအလာကိုလည်း လျှော့တွက်မထားသင့်ပေ။
အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားသောနိုင်ငံတို့က ၁၉၉၇
ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကုန်သွယ်ရေးနှင့် ငွေကြေး
ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကြောင့်၊ ဤသို့အရေးယူမှုမရှိသည့် အာရှ
ထိုအချက်များအပြင် ကော်ပိုရေးရှင်းကြီးများကို မြန်မာ နိုင်ငံများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြည်းဖြည်းချင်း တိုးတက်လာ
နိုင်ငံတွင် စီးပွားရေးလုပ်ရန် ဟန့်တားထားသည့်အချက် နေသည်ဆိုသော်လည်း၊ ဤကိစ္စများအပေါ် အထူးပင် အကန့်အသတ် ကြီးမားနေ
မှာ လူတိုင်း၏ဘ၀ ကဏ္ဍအသီးသီးတွင် အစိုးရက စေသည်။ မြန်မာ့စီးပွားရေးအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကြောင့် သက်ရောက်မှု
စိတ်ကူးပေါက်ရာ မူဝါဒဆုံးဖြတ်ချက်များ လိုက်၍ ချမှတ် တစ်စုံလုံးဆိုင်ရာကိစ္စများကို လေ့လာမှုများ မရှိသေးပါ။ အကြောင်းမှာ တစ်ဖက်တွင်
နေသည့် ကျင့်သုံးလုပ်ဆောင်ပုံကြောင့် ဖြစ်သည်။ ယုံကြည်ကိုးစားလောက်သည့် အချက်အလက်များ မရနိုင်သောကြောင့်
ဖြစ်သည်။ အခြေအနေအရ ပြဆိုသော သက်သေအထောက်အထားများအရ
ကွဲလွဲသောအမြင်နှစ်မျိုး တည်ရှိ နေသည်။ ပထမအမြင်မှာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်
မြန်မာ့စီးပွားရေးကို ထိခိုက်စေပြီး၊ ဆိုးရွားစွာ သက်ရောက်စေသည် ဟူ၍ ဖြစ်သည်။
အထင်ရှားဆုံး သက်သေမှာ ၂၀၀၃ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက်
အထည်ချုပ်လုပ်ငန်းများမှ ၀န်ထမ်း (၅၀,၀၀၀) ကျော် အလုပ်ပြုတ်ခဲ့ရခြင်း
ဖြစ်သည်။ အခြားအမြင်တစ်ခုမှာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကြောင့်
သက်ရောက်မှု အနည်းငယ်မျှသာ ရှိသည်။ အကြောင်းမှာ အာရှမိတ်ဖက်နိုင်ငံများက
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များအတွက် အကောင်းဆုံးဈေးကွက် ဖြစ်နေသောကြောင့်
ဟုဆသ
ို ည်။ ယခုအချိန်တွင် ဒဏ်ခတ် အရေးယူမှုများ မရှိလျှင်သော်မှ နိုင်ငံတကာ
ကော်ပိုရေးရှင်းကြီးများက မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြသည်။
အကြောင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုအများအပြား၊ အခြားအုပ်ချုပ်ရေးဆိုင်ရာ
ပြဿနာများနှင့် ကျော်စောနေသည့် နိုင်ငံတစ်ခုနှင့် ဆက်ဆံရေးတွင် သူတို့၏
ဂုဏ်သိက္ခာအတွက် ပြဿနာ ရှိနေသောကြောင့် ဖြစ်သည်။ ထိုအချက်များအပြင်
ကော်ပိုရေးရှင်းကြီးများကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် ဟန့်တားထားသည့်
အချက်မှာ လူတိုင်း၏ဘ၀ကဏ္ဍ အသီးသီးတွင် အစိုးရက စိတ်ကူးပေါက်ရာ မူဝါဒ
ဆုံးဖြတ်ချက်များလိုက်၍ချမှတ်နေသည့် ကျင့်သုံးလုပ်ဆောင်ပုံကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် နောက်ဆုံး အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမှု
အနေနှင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွဲချေမှုန်းအပြီး၊
ဥပဒေပြုရေးလမ်းကြောင်းပေါ်သို့ ပထမဦးဆုံး ရောက်ရှိလာခဲ့သည်။ သူတို့က
မြန်မာနိုင်ငံ၏ ကျောက်စိမ်းနှင့် ပတ္တမြားထွက်ကုန်များ တင်ပို့မှုအပေါ် အလေးထား

၁၆
ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု အစိုးရ၏ တာဝန်ခံမှုစစ်ဆေးရေးရုံး Gov-
ernment Accountability Office (GAO) က ဤပိတ်ဆို့အရေးယူမှုများ အကောင်
အထည်ဖော်နိုင်မည့် အနေအထားကို အစီရင်ခံစာတစ်စောင် အကဲဖြတ်ထုတ်ဝေခဲ့ပြီး၊
ယေဘုယျဒဏ်ခတ် အရေးယူမှုများထက် ပို၍သက်ရောက်မှုပြဿနာများ ရှိနေခဲ့
12
သည်။ (GAO) အစိုးရတာဝန်ခံမှု စစ်ဆေးရေးရုံးက နိဂုံးချုပ်ဖော်ပြရာတွင် ဤသို့
ဒဏ်ခတ်အရေးယူမှုများကြောင့် မြန်မာစစ်အစိုးရအပေါ် အသာစီးရနိုင်ခြေ အနည်းငယ်
မျှသာ ရှိသော်လည်း၊ ယခုကျောက်မျက် နှစ်မျိုးကိစ္စတွင်မူ အခြားအကြောင်းများ
ရှိနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဓိကကျောက်စိမ်းထုတ်လုပ်သူ ဖြစ်နေ
သည်။ ကျောက်စိမ်းတူးဖော်သည့် မိုင်းများသည် ယေဘုယျအားဖြင့် အရင်းအနှီး
များစွာလိုအပ်ပြီး၊ စစ်အစိုးရက ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့်
ကုမ္ပဏီများကသာ ကျောက်တူးဖော်သည့် လုပ်ငန်းများ ဆောင်ရွက်နေကြသည်။
ထွက်ရှိလာသည့် ကျောက်များကို အခြေခံအားဖြင့် ဈေးကွက်တွင် လေလံတင်
ရောင်းချကြပြီး၊ ပမာဏအများစုက တရုတ်နိုင်ငံသို့ ရောက်ရှိသွားကြသည်။ တရုတ်
များက ယဉ်ကျေးမှုအရ ဤကျောက်ထွက်ကုန်များကို နှစ်သက်ခုံမင်နေကြပြန်သည်။
၎င်းလုပ်ငန်းကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံတွင် ကျောက်စိမ်းသွေး၊
ကျောက်ချောလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ လုပ်သား (၁၀၀,၀၀၀) ခန့်
ရှိမည်ဟု ဆိုကြပြီး၊ တရုတ်လုပ်သား (၃) သန်းခန့်အထိ ကျောက်စိမ်းနှင့် ၎င်း၏
အချောထည်များနှင့် ပတ်သက်နေသည့် လုပ်ငန်းများတွင် ဆက်စပ်နေကြသည်၊
သို့အတွက်ကြောင့် တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းတင်သွင်းနေမှုကို
မည်မျှ ကန့်သတ်တင်းကြပ်မည်ဆိုသည်မှာ သိသာနိုင်သည်။ ဤအနေအထားတွင်
အမေရိကန်ပြည်ထောင်စုမှ ဒဏ်ခတ်အရေးယူမှုသည် ၎င်းကျောက်ကုန်သွယ်မှုအပေါ်
တွင် အနည်းငယ်မျှသာ ထိရောက်ဖွယ်ရှိပြီး၊ ဒဏ်ခတ်မှုမချမှတ်မီ အမေရိကန်ပြည်
ထောင်စုသို့ တင်သွင်းထားသည့် အနည်းငယ်မျှသော ကျောက်စိမ်းပမာဏအပေါ်
တွင်သာ သက်ရောက်မှုရှိနိုင်မည် ဖြစ်သည်။
အခြားသော နိုင်ငံတစ်ဒါဇင်မှနေ၍ ပတ္တမြား အများအပြားကို ထုတ်လုပ်နေကြ
သော်လည်း၊ မြန်မာ့ပတ္တမြားကို ၀ယ်ယူသူများက အစဉ်အလာအရ ပို၍ကြိုက်နှစ်
သက်ကြပြီး၊ ဈေးကောင်းပေးကြပါသည်။ မြန်မာနိုင်ငံတွင် ပတ္တမြားတူးဖော်ခြင်းကို
လုပ်ငန်းရှင်ငယ်များက ဆောင်ရွက်ကြပြီး၊ ပတ္တမြားအများစုကို ထိုင်းနိုင်ငံသို့
ခိုးထုတ်ရောင်းချကြပါသည်။ ပတ္တမြားအရိုင်းများကို မီးဖုတ်ခြင်း၊ ဖြတ်တောက်ခြင်း၊
အရောင်တင်ခြင်းများကို ထိုင်းနိုင်ငံရှိ ကျောက်မျက်လုပ်ငန်းရှင်များက ဆက်လက်
ဆောင်ရွက်ကြသည်။ ၎င်းလုပ်ငန်းများတွင် လုပ်သား (၁. ၂) သန်းခန့်ကို နေရာချထား
ပြီး၊ ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ကျောက်မျက် အမေရိကန်ဒေါ်လာ
သန်း (၈,၀၀၀) ဖိုး တင်ပို့ခဲ့ကြသည်။ (၎င်းတို့အနက် သွေးပြီးအရောင်တင်ထားသည့်
ပတ္တမြားမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃) သန်းဖိုးမျှသာ ရှိပါလိမ့်မည်။)
ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များ၏ အဆိုအရ ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့
ပတ္တမြားတင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် အလုပ် (၁၀၀,၀၀၀) ခန့် ဆုံးရှုံးခဲ့ရသည်ဟု
ဆိုကြပါသည်။ သို့သော်လည်း ဤသက်ရောက်မှုမှာ ၎င်းနှစ်တွင်ပင် အမေရိကန်ပြည်
ထောင်စု၏ စီးပွားရေး ရုတ်တရက်ကျဆင်းမှုနှင့်လည်း ထင်ဟပ်ဆက်စပ်မှု ရှိကောင်း
ရှိနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုသို့ ပတ္တမြားတင်ပို့မှုမှာ ပျမ်းမျှတန်ဖိုးအားဖြင့်
ဆင့် (cent) ဂဏန်းမျှသာ ရှိမည်ဖြစ်သော်လည်း၊ မည်သည့်နေရာမှ မူရင်းထွက်ရှိ
သည်ကို စစ်ဆေးရန်စရိတ်မှာ ကျောက်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ (၅၀) မျှ

၁၇
ရှိနေပါသည်။ သို့အတွက်ကြောင့် စိန်ကို နိုင်ငံတကာ ကင်ဘာလီလုပ်ထုံး (Interna-
tional Kimberly Framework) အတိုင်း စစ်ဆေးသလို၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့်
ပတ္တမြားကိုသာ ရွေးချယ်စိစစ်၍ ပိတ်ပင်ရန် မဖြစ်နိုင်ပါ။ သို့အတွက်ကြောင့် မည်သည့်
နိုင်ငံမှလာသည် ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စုသို့ ပတ္တမြားတင်သွင်းလာမှု အကြီး
အကျယ် ကျဆင်းသွားမှုမျိုးလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုင်းနိုင်ငံတွင် တန်ဖိုးမြှင့်
လုပ်ငန်းအများစု ဖြစ်ပေါ်နေသည့် အားလျော်စွာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်
လာမည့် အကျိုးဆက်များသည် ထိုင်းနိုင်ငံရှိ ကျောက်မျက်လုပ်ငန်းများနှင့် မြန်မာနိုင်ငံရှိ
ကုန်သည်များနှင့် ကျောက်တွင်းတူးသူများအပေါ် ကျရောက်ဖွယ်ရှိနေပါသည်။
မြန်မာစစ်အစိုးရနှင့် အမေရိကန်ပြည်ထောင်စုရှိ ၀ယ်ယူသူ ဈေးကွက်အပေါ်
ဒုတိယအနေနှင့်သာ အကျိုးဆက်ကျရောက်ဖွယ် ရှိပါသည်။ ဤအတွေ့အကြုံမှ
သင်ခန်းစာထုတ်ယူနိုင်သည်မှာ အမေရိကန်ပြည်ထောင်စု၏ ထိရောက်သည့် ဒဏ်ခတ်
အရေးယူမှုများ ရေးဆွဲချမှတ်ရန် ခက်ခဲပြီး၊ ဒဏ်ခတ်အရေးယူမှု အပြုသည့် နိုင်ငံများက
စားသုံးသူဈေးကွက်တွင် လွှမ်းမိုးနေရာယူထားသည့်အခြေအနေ၊ သို့မဟုတ် ထောက်ပံ့
ရေး ကွင်းဆက်တွင် အရေးပါသည့် အခန်းကဏ္ဍက ရှိနေသည့်နေရာများတွင် ပို၍
ခက်ခဲပါသည်။

မူးယစ်ဆေးဝါး စီးပွားရေး

၁၉၉၀ ခုနှစ်များ နှောင်းပိုင်းမှစ၍ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ စတင်တင်ပို့မှုမပြုနိုင်သေး


သည့် အခြေအနေတွင် မြန်မာနိုင်ငံမှ အဓိက နိုင်ငံခြားဝင်ငွေ ရရှိရာလုပ်ငန်းသည်
မူးယစ်ဆေးဝါးလုပ်ငန်း ဖြစ်ဖွယ်ရှိပါသည်။ မဲခေါင်မြစ်ဝှမ်း မြန်မာ-ထိုင်း- လာအိုနိုင်ငံတို့
ဆုံတွေ့ရာ ရွှေတြိဂံဒေသတွင် ကာလကြာရှည်စွာကပင် ဘိန်းကို စိုက်ပျိုးနေကြပြီး၊
တရုတ်နိုင်ငံနယ်စပ်မှ ကီလိုမီတာ ၂၀၀ မပြည့်သည့်အကွာအဝေးတွင် တည်ရှိနေသည်။
၁၉၅၀ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ ထွက်ပြေးလာကြသော ကွန်မြူနစ်ဆန့်ကျင်ရေး
ကူမင်တန် အကြွင်းအကျန်အုပ်စုများက ဘိန်းဖြူကို ထုတ်လုပ်ခဲ့ကြပြီး၊ ၁၉၆၀ ခုနှစ်
များတွင် အရှေ့တောင်အာရှ ဒေသတ၀ိုက်၌ မူးယစ်ဆေးဝါးပြဿနာ အလျင်အမြန်
ကြီးထွားလာစေပါသည်။ ရန်ကုန်ရှိ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြသည့်
တိုင်းရင်းသားအုပ်စုများကလည်း ဘိန်းဖြူထောက်ပံ့ရေး ကွင်းဆက်တွင် ပါဝင်ပတ်သက်
လာခဲ့ကြသည်။ ၁၉၉၀ ခုနှစ်များတွင် မြန်မာနှင့် တရုတ်နိုင်ငံတို့၌ ဆောင်ရွက်လာသော
မူးယစ်ဆေးဝါးနှိမ်နင်းမှုနှင့် ယေဘုယျနိုင်ငံရေး အနေအထားကြောင့် ဘိန်းနှင့် ဘိန်းဖြူ
ထုတ်လုပ်မှု ကျဆင်းလာခဲ့သည်။ သို့သော်လည်း စိတ်ကြွဆေးပြား (မီသာ အမ်ဖီ
တမင်း) ထုတ်လုပ်မှုက စတင်တိုးတက်လာနေပြီး၊ ကုန်ကြမ်းဓာတုပစ္စည်းများကို
တရုတ်နိုင်ငံထက်စာလျှင် အိန္ဒိယနိုင်ငံမှ တင်သွင်းထုတ်လုပ်နေကြပြန်သည်။ ဆေးပြား
များကို အထူးသဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ကြသည်။
အမေရိကန်ပြည်ထောင်စု၏ မူးယစ်ဆေးဝါး စည်းကြပ်ရေးအာဏာပိုင်အဖွဲ့
(DEA) က မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ်မှ စတင်၍ အခြေပြု ရုံးစိုက်ထားပြီး၊
အမျိုးသားရဲတပ်ဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပါသည်။ စစ်အစိုးရက
မူးယစ်ဆေးဝါး ကုန်သွယ်မှုကြောင့် မြန်မာ့စီးပွားရေးကို
နှိုင်းယှဉ်ချက်အရဆိုလျှင် တင်းကြပ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါကို
ဂုဏ်နိမ့်စေသည်ထက်စာလျှင် အကျိုးဖြစ်ထွန်းနေသည်
ချမှတ်ထားပြီး၊ ပြီးခဲ့သည့် နှစ် (၂၀) တာကာလအတွင်း DEA ရုံး၊ ကုလသမဂ္ဂ၏
ဟုပင် ဆိုနိုင်ပါသေးသည်။
မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၊ ဒေသတွင်းရှိ အခြားသော
မူးယစ် ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု
ကောင်းမွန်ခဲ့ပါသည်။ မကြာသေးမီက စိုက်ပျိုးထားသော ဘိန်းခင်းများမှ အများဆုံး
ထွက်ရှိနိုင်မည်ဟု ခန့်မှန်းပါက၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် နှစ်စဉ် ဘိန်းသီးနှံမှ

၁၈
ဝင်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း (၁၀၀) မျှ ရရှိပါလိမ့်မည်။ အကယ်၍
ဤဘိန်းစိမ်းများအားလုံးကို ဘိန်းဖြူချက်လုပ်ပြီး၊ ရာနှုန်းပြည့် အကုန်တင်ပို့နိုင်သည်ဟု
ယူဆပါက ထိုင်းနိုင်ငံတွင် ပေါက်ဈေးအပေါ် အခြေခံတွက်ချက်လျှင် အမေရိကန်
ဒေါ်လာသန်း (၂၆၀)မျှ ရရှိပါလိမ့်မည်။ မီသာအမ်ဖီတမင်းဆေးပြားအတွက်မူ ထိုင်း
နိုင်ငံက ဖမ်းဆီးရရှိမှုပေါ်တွင် မြန်မာနိုင်ငံ နယ်စပ်ရှိ လွန်ခဲ့သည့်နှစ် ပေါက်ဈေးအရ
တွက်ချက်ပါက အမေရိကန်ဒေါ်လာ သန်း (၁၂၀) မျှ ရှိနေပါသည်။ အကယ်၍
ဖမ်းဆီရရှိမှုကို အမှန်တကယ် တင်သွင်းနေမှု၏ အနည်းငယ်မျှသော အချိုးအစားဟု
သာ ယူဆပါက၊ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများတင်ပို့ရောင်းချမှုမှ စုစုပေါင်းဝင်ငွေမှာ
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း (၅၀၀) အထက် ကျော်နေမည်မှာ မယုံနိုင်
စရာပင် ဖြစ်နေပါသည်။
မူးယစ်ဆေးကုန်သွယ်မှုကြောင့် နိုင်ငံရေးစနစ်အပေါ်တွင်ရော၊ မြန်မာနိုင်ငံ၏
စီးပွားရေးအပေါ်တွင်ပါ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများ ရှိစေမည်ဖြစ်သည်။
မူးယစ်ဆေးဝါးတင်ပို့မှုမှ ရရှိသော အများစုဝင်ငွေများသည် စစ်အစိုးရကို ဆန့်ကျင်
နေသည့် တိုင်းရင်းသားလူနည်းစုများက ရရှိနေကြသည်။ ၎င်းဝင်ငွေအရင်းအမြစ်
များ မရှိဘဲနှင့်ဆိုလျှင် မြန်မာစစ်အစိုးရတပ်များကို ဟန့်တားထားနိုင်ရန် အစွမ်း
သိသိသာသာ လျှော့ပါးသွားမည် ဖြစ်သည်။ သံသယဖြစ်ဖွယ်မရှိသည့် အချက်မှာ
အကယ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးသာ အောင်မြင်ခဲ့ပါက ဤ၀င်ငွေလမ်း
ပျောက်ဆုံးရမည်ကိုလည်း အချို့သောတိုင်းရင်းသား လူနည်းစုများက စိုးရိမ်နေကြ
ပါသည်။ ဗဟိုအစိုးရ သို့မဟုတ် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များက အဖွဲ့အစည်း
တစ်ခုလုံး သဘောအရ မူးယစ်ဆေးကုန်သွယ်ရေးတွင် ပါဝင်ပတ်သက်နေသည်ဟု
အထောက်အထားများ မရှိသော်လည်း၊ အချို့သော ဒေသဆိုင်ရာတပ်မှူးများက၊
အနည်းဆုံး မူးယစ်ဆေးကုန်သွယ်မှုမှ သွယ်ဝိုက်၍ ထွက်ကုန်နှင့် သယ်ယူပို့ဆောင်
မှုများအပေါ် အခွန်ကောက်ခံခြင်းမှ ၀င်ငွေများ ရရှိနေနိုင်ပါသည်။
မူးယစ်ဆေးဝါး ကုန်သွယ်မှုကြောင့် မြန်မာ့စီးပွားရေးကို ဂုဏ်နိမ့်စေသည်
ထက်စာလျှင် အကျိုးဖြစ်ထွန်းနေသည်ဟုပင် ဆိုနိုင်ပါသေးသည်။ မြင်သာသည့်
အကျိုးသက်ရောက်မှုတစ်ခုမှာ ပို၍ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊
ဆက်သွယ်ရေး အခြေခံအဆောက်အဦးများကို မူးယစ်ဆေးဝါးကုန်သွယ်ရာလမ်း
ကြောင်းဟု လူသိများနေသည့် နယ်စပ်မြို့များတွင် တွေ့ရှိရခြင်းပင် ဖြစ်သည်။ ဤဖွံ့ဖြိုး
တိုးတက်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုများမှာ ဗဟိုအစိုးရထံမှလာသည် မဖြစ်တန်သ
လို၊ မူးယစ်ဆေးလုပ်ငန်းမဟုတ်သည့် ဒေသစီးပွားရေးပေါ်မှ အခွန်အတုတ်များမှ
လာသည်လည်း မဖြစ်နိုင်ခြေ။ ဒုတိယမြင်သာသည့် သက်ရောက်မှုမှာ မူးယစ်
ဆေးဝါးကုန်သွယ်မှုမှ အကျိုးဖြစ်ထွန်းနေသည်ဟု ယုံကြည်ရသူများက တရားဝင်
စီးပွားရေးလုပ်ငန်းများ ထူထောင်နေကြခြင်းပင် ဖြစ်သည်။ ဤသို့သော စီးပွားရေး
လုပ်ငန်းများတွင် ဘဏ်များ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ ပါဝင်ကြသည်။
ထိုသူများက အတိုင်းအတာတစ်ခုအထိ အောင်မြင်ကြကာ၊ ထိရောက်သော အလုပ်
အကိုင် နေရာချထားမှုများ ဖြစ်ပေါ်စေပြီး၊ စီးပွားရေးအတွက်လည်း အကျိုးရလဒ်
ဖြစ်လာစေသည်။
ထိုသူများက သန့်ရှင်းစင်ကြယ်သည့် ပြိုင်ဆိုင်သူများကို အတိုင်းအတာတစ်ခု
အထိ နှင်ထုတ်ခြင်း၊ အင်အားသုံးဖယ်ရှားခြင်း ပြုတတ်ကြသလို၊ အစိုးရက
အပ်နှင်းထားသည့် လက်ဝါးကြီးအုပ်ခွင့်ကိုလည်း အသုံးပြုတတ်ကြသေးရာ စီးပွားရေး
အတွက် နစ်နာဖွယ် ဖြစ်ရသည်။ တတိယမြင်သာသည့် သက်ရောက်မှုမှာ အိမ်များ၊
တိုက်ခန်းများ၊ ရုံးများ တည်ဆောက်လာကြခြင်းပင် ဖြစ်သည်။ ဤနေရာတွင်

၁၉
ဆောက်လုပ်ရေးကုမ္ပဏီများအတွက် အလုပ်အကိုင်ခန့်ထားစေရန် သိသာထင်ရှားစွာ
အကျိုးရှိစေပြီး၊ စီးပွားရေးအရ နစ်နာဆုတ်ယုတ်ရမှုဖက်တွင်မူ နည်းပါးနိုင်ပါသည်။
မူးယစ်ဆေးဝါးနှင့် နွယ်နေသည့် စီးပွားရေးသည် အလွန်တရာ ကြီးမားနေကာ
ဗဟိုအဆင့် မူဝါဒများကိုပင် သြဇာလွှမ်းမိုးနိုင်ကြောင်း သိသာပါသည်။
၎င်းကြောင့် စစ်တပ်အတွင်းရှိ အုပ်စုတစ်ခုကို အခြားအုပ်စုတစ်ခုထက် ပို၍
မျက်နှာသာပေး ဆောင်ရွက်နိုင်ပါသည်။ လာမည့်ရွေးကောက်ပွဲများတွင်
အောင်မြင်သည့် ကိုယ်စားလှယ် လောင်းများအပေါ် အရေးပါသည့်ဘဏ္ဍာငွေပံ့ပိုးေ
ပးမှုများဆောင်ရွက် နိုင်ပါသည်။ ယခုအခါ ဖြစ်ပေါ်နေသည့် ပုဂ္ဂလိကပိုင် လက်လွှဲ
ပြောင်းရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာငွေကြေး ပံ့ပိုးပေးမှုများ ပြုနိုင်ပါသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးနှင့် ဆက်နွယ်နေသည့် စီးပွားရေးသည် သိရှိထားသည့်
“အကျွမ်းမ၀င်သော နယ်ပယ်များ” အနက် တစ်ခုဖြစ်ပြီး၊ ယခုနှစ်အတွင်း ဖြစ်ပေါ်လာမည့်
နိုင်ငံရေးအသွင်ကူး ပြောင်းမှုကိုလည်း အဆိုးဖက်ရောက်အောင် လမ်းကြောင်း
တိမ်းစောင်းပစ်နိုင်ပါသေးသည်။ ထို့အပြင် ၎င်းသည် နောက်ဖြစ်ပေါ်လာမည့် အစိုးရ
အတွက် ကြိုတင်မျှော်လင့်မထားသည့် အဟန့်အတားတစ်ခုလည်း ဖြစ်နိုင်ပါသည်။

နိုင်ငံရပ်ခြား အကူအညီ

ဝင်ငွေနည်းသည့် နိုင်ငံများအနက်တွင် မြန်မာနိုင်ငံသည် လူတစ်ဦးချင်းနှင့် တိုင်းတာ


လျှင် နိုင်ငံခြားပံ့ပိုးမှုအနည်းဆုံးကို ရရှိနေပါသည်။ အကြောင်းမှာ အဓိက
အကူအညီပေးအပ်ကြသည့် နိုင်ငံများမှာ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများ
ဖြစ်နေကြပြီး၊ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆန်
ရှောင်ဖယ်ခဲ့ချိန်မှစ၍ ၎င်းတို့က နှစ်နိုင်ငံချင်း ကူညီမှုများ ဆိုင်းငံ့ထားခဲ့ကြပါသည်။
ဤနိုင်ငံများကပင် ကမ္ဘာ့ဘဏ်နှင့် အာရှဖ့ဖြိ
ွုံးရေးဘဏ်တွင် သူတို့၏ မဲပေးနိုင်ခွင့်
အာဏာကိုသုံး၍ ချေးငွေများ၊ ထောက်ပံ့ငွေ ဂရန့်များ၊ နည်းပညာဆိုင်ရာ အကူအညီ
များ မြန်မာနိုင်ငံက မရယူနိုင်အောင် ပိတ်ပင်ထားကြပါသည်။
သို့သော်လည်း ၂၀၀၈ ခုနှစ်တွင် အဓိကကျသည့် နိုင်ငံကြီးအချို့က သူတို့၏
လေမုန်တိုင်း ကပ်ဘေး မကျရောက်မီကပင် သိသာသည့်
အရေ အတွက်ရှိသည့် ပြည်တွင်းနှင့် နိုင်ငံတကာ
အကူအညီပေးရေး မဟာဗျူဟာများကို ပြန်လည်ဆန်းစစ်လာခဲ့ကြသည်။ အကြောင်း
အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အဲန်ဂျီအို) များက မှာ နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြောင့် လူသားချင်းစာနာမှု အကူအညီကိစ္စများ
လူသားချင်းစာနာမှုအကူ အညီပေးရေးလုပ်ငန်းများတွင် လမ်းပွင့်လာသောကြောင့် ဖြစ်သည်။ ထိုနိုင်ငံများ၏ ပြန်လည်ဆန်းစစ်မှုမှာ
မထင်မရှား ဆောင်ရွက်နေခဲ့ကြပြီး ဖြစ်သည်။ တစ်ဖက်တွင် ပြီးခဲ့သည့်နှစ်ပေါင်း (၂၀) ကာလအတွင်း မြန်မာနိုင်ငံအတွင်း အရပ်ဖက်
လူမှုအဖွဲ့အစည်းများ နှေးကွေးသော်လည်း၊ တဖြည်းဖြည်းနှင့် တိုးတက်လာနေမှု
ကို ပို၍သိမြင်လာသောကြောင့်လည်း ဖြစ်ပါသည်။ လေမုန်တိုင်း ကပ်ဘေးမကျ
ရောက်မီကပင် သိသာသည့် အရေအတွက်ရှိသည့် ပြည်တွင်းနှင့် နိုင်ငံတကာ
အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အဲန်ဂျီအို) များက လူသားချင်းစာနာမှု အကူ
အညီပေးရေး လုပ်ငန်းများတွင် မထင်မရှား ဆောင်ရွက်နေခဲ့ကြပြီး ဖြစ်သည်။
ထို့အပြင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်အစိုးရက နေပြည်တော်တွင်
ESCA အဖွဲ့ ၏ အမှုဆောင် အတွင်းရေးမှူး နိုလင်းဟေဇာ (Noeleen Hayzer)
က စီစဉ်သည့် တစ်ရက်တာ အစည်းအဝေးတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံ
13
ကျင်းပရန် သဘောတူညီခဲ့သည်။ အဓိက ဦးဆောင်ဆွေးနွေးသူမှာ နိုဘဲဆုရှင်
ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးပညာရှင်၊ ဂျိုးဆက်ဖ် စတစ်ဂလစ်ဇ် (Joseph
Stiglitz) ဖြစ်ပြီး၊ ၎င်းက မြန်မာနိုင်ငံအတွင်း ရက်အနည်းငယ်နေ၍ စီမံကိန်းများကို
သွားရောက်လည်ပတ်ခြင်း၊ မြန်မာလူထုအလွှာစုံနှင့် တွေ့ဆုံခြင်းများ ပြုနိုင်ခဲ့သည်။
နိုင်ငံရေးအရ အကဲဆတ်သည့်အတွက်ကြောင့် စတစ်ဂလစ်ဇ်က ဤခရီးစဉ်မသွားခင်

၂၀
ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူဟုဆိုသူများ အပါအ၀င်၊ လူများစွာနှင့် အကျယ်
အပြန့် တွေ့ဆုံတိုင်ပင်ခဲ့သည်။ သူ၏ခရီးစဉ်ကို အကျယ်အပြန့်သော လူများက
ထောက်ခံကြောင်းလည်း တွေ့ရှိခဲ့ရသည်။
ယေဘုယျရှုမြင်ထားကြသည့် မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ကွဲပြားစွာပင်၊ ဒီဇင်
ဘာလ အစည်းအဝေးက လူထုအများအကြား ကောင်းစွာသိရှိခွင့်ရခဲ့ပြီး၊ ဆွေးနွေးမှု
များကိုလည်း ချုပ်ချယ်ကန့်သတ်မှုများ မရှိခဲ့ပေ။ အဆင့်မြင့်အရာရှိများက တင်ပြ
ချက်များပြုခဲ့ပြီး၊ လက်ရှိအားနည်းချက်များကို ဖွင့်ဟ၀န်ခံခဲ့ကြသည်။ ဥပမာအား
ဖြင့်- မြန်မာနိုင်ငံရှိ Ph.D ဘွဲ့ ရရှိပြီးသူများအများစုမှာ အသက်(၅၀) ကျော်နေ
ကြပြီ ဖြစ်ကြောင်း၊ စသည့်အချက်အလက်များ တင်ပြခဲ့ကြသည်။ အစိုးရဖက်
မှ ပါဝင်တက်ရောက်သူများက လွန်ခဲ့သည့်နှစ်များအတွင်း သူတို့က အခြေခံ
အဆောက်အဦ ကိစ္စများတွင် အာရုံစိုက်ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း အလေးပေးပြောဆို
ကြပြီး၊ ကျေးလက်အဆင့်တွင် ၎င်းရင်းနှီးမြှုပ်နှံမှုများက အရာမထင်ဖြစ်နေကြောင်း
စိုးရိမ်ပူပန်မှုများ ဖော်ပြခဲ့ကြသည်။ နောက်ဆုံးလျှောက်ရမည့် ခရီးသည် အပြီးမသတ်
နိုင်သေးဘဲ ရှိနေသည်။ လျော်ကန်သော အတိုးနှုန်းဖြင့် ကျေးလက်ချေးငွေ
ရရှိရေးစနစ် ကင်းမဲ့နေသည့် အခြေအနေကိုလည်း အတွင်းကျကျ ဆန်းစစ်ခဲ့ကြ
သည်။ မကြာသေးမီက ကွင်းဆင်းစစ်တမ်းကောက်ယူ လေ့လာမှုပြီးစီးခဲ့သည့် ဂျပန်
စီးပွားရေးပညာရှင် တစ်ဦးလည်း ပါဝင်ဆွေးနွေးတင်ပြခဲ့သည်။ မြန်မာနိုင်ငံအတွင်း
ရှိနေဆဲဖြစ်သည့် သီးခြားလွတ်လပ်သည့် စီးပွားရေးပညာရှင်များကလည်း ပြောင်
မြောက်သည့် အခြားတင်ပြချက်များ ပြုနိုင်ခဲ့သည်။
ပါမောက္ခစတစ်ဂလစ်ဇ်က အလေးပြုဖော်ပြသည့် ပြဿနာတစ်ရပ်မှာ သဘာဝ
ရင်းမြစ်ကြောင့် ကျိန်စာသင့်ရသည့်ကိစ္စပင် ဖြစ်သည်။ ထိုင်းနိုင်ငံသို့ အကြီးအကျယ်
သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှနေ၍ သာမာန်ပြည်သူလူထုများထံသို့ အကျိုး
အမြတ်အနည်းငယ်သာ စီးဆင်းလာသည်မှာ ထင်ရှားနေသည့်အချက်ပင် ဖြစ်သည်။
သူက ထောက်ပြရာ၌ လူဦးရေကျဲပါးသည့် မြို့တော်သစ် နေပြည်တော်ကို မြို့ပြ
စီမံကိန်းချ ဆောင်ရွက်နေသည့်ကိစ္စမှာ ခေတ်နောက်ကျနေခဲ့ပြီ ဖြစ်ကြောင်း၊
ရှားပါးသည့် အရင်းအမြစ်များကို ကံမကောင်းအကြောင်းမလှစွာ နေရာလွဲသုံးနေ
ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နောင်အစိုးရအတွက် ပြဿနာတစ်ခုမှာ ယခင်
တိုက်ခိုက်ရေး ရဲဘော်ဟောင်းများအတွက် အရည်အသွေးမြင့်သည့် လုပ်ငန်းခွင်များ
ဖန်တီးပေးရေးဖြစ်ကြောင်းကိုလည်း မှတ်ချက်ပေးခဲ့သည်။ အခြားပြဿနာတစ်ခုမှာ
ပြည်ပရှိ အသံပြု ပြောဆိုဝေဖန်နေကြသည့် မြန်မာအသိုင်းအ၀ိုင်းများကို အနာဂတ်
မူဝါဒချမှတ်ရေးကိစ္စများတွင် အခန်းကဏ္ဍ သတ်မှတ်ပေးရေးဖြစ်၍ သို့မှသာ
ကွဲပြားနေခြင်း၊ အကျိုးရလဒ်များ အပြန်အလှန် ချေနင်းနေမည့်အရေးမှ ရှောင်လွှဲ
နိုင်မည်ကိုလည်း ပြောဆိုခဲ့သည်။
မြန်မာအစိုးရ၏ ပွင့်လင်းလာခြင်းနှင့် လေသံပြောင်းလာခြင်းမှာ ယခုအစည်း
အဝေးကို ESCAP အဖွဲ့က စီစဉ်ပေးခြင်း ဟူသည့်အချက်က ထင်ရှားသော်လည်း
ကျန်အကြောင်းများက မသဲကွဲရှိနေပါသေးသည်။ ဖြစ်နိုင်သည်မှာ နိုင်ငံ၏ခေါင်းဆောင်
မှုအတွင်း မျိုးဆက်ပြောင်းလဲသွားပြီး၊ ပို၍ငယ်ရွယ်သော စစ်ခေါင်းဆောင်များက
ဗိုလ်နေမြဲကျားနေမြဲ အခြေအနေထက်စာလျှင် အခြားရွေးချယ်စရာ နည်းလမ်းများ
ရှာဖွေလိုကြသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် အချို့သော
စစ်ခေါင်းဆောင်များက ပို၍တက်ကြွစွာ ချည်းကပ်ဆက်ဆံရေးကို တွန့်ဆုတ်နေ
ကြသည်မှာလည်း ထင်ရှားပါသည်။ အကြောင်းမှာ သူတို့အပေါ် ဒဏ်ခတ်အရေးယူမှု
ချမှတ်ထားသည့် နိုင်ငံများအပေါ် ထိခိုက်ခံစားနေရသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

၂၁
ထို့အပြင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ကြီးထွားလာနေသည့် အခန်းကဏ္ဍကို
လည်း စစ်ခေါင်းဆောင်များက စိတ်မသက်မသာ ဖြစ်လာကြသောကြောင့်လည်း
ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံရှိ သံတမန်အသိုင်းအ၀ိုင်းတွင် ပါမောက္ခ စတစ်ဂလစ်ဇ်၏ ခရီးစဉ်
ကြောင့် အကူအညီများကို နည်းလမ်း ၂- သွယ်ဖြင့် ချဲ့ထွင်ရန် စိတ်ဝင်စားမှုများ
ဖြစ်ပေါ်လာစေပါသည်။ တစ်ခုမှာ လူသားရင်းမြစ်ဖွံ့ဖြိုးစေမှု (ပညာရေးနှင့်
လေ့ကျင့်သင်တန်းပေးရေး) နှင့် အခြားနည်းမှာ ကျေးလက်ဒေသတွင် အခြေခံ
အဆောက်အဦ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အခြားလူမှုရေးလိုအပ်ချက်များအတွက်
အကယ်၍ နောင်တက်လာမည့် အစိုးရအနေနှင့် ပို၍
တစ်လုံးတစ်ခဲတည်း ပံ့ပိုးငွေဂရန့် ပေးအပ်ရန်ဖြစ်သည်။ မြန်မာနိုင်ငံရှိ စိတ်ပျက်
ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည့် နိုင်ငံရေးလုပ်ငန်းစဉ်
များဖြင့် တည်ငြိမ်ရေးကို အဆင့်များ တက်လှမ်းဆောင်
ဖွယ်ကောင်းသော တက္ကသိုလ်များ အခြေအနေနှင့် ကျေးလက်နေလူထုများကို
ရွက်လာမည် ဆိုပါက၊ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ခရီးသွားလုပ်ငန်း၏ အထူးကောင်းမွန်သည့် အလား
များနှင့် နိုင်ငံစုံ အဖွဲ့အစည်းများအနေနှင့် တည်ရှိနေ အလာကိုလည်း မပျက်မကွက် သတိပြု မှတ်ချက်ထားခဲ့ကြပါသည်။ အကယ်၍
သော အကူအညီပေးရေးဆိုင်ရာ အကန့်အသတ်များကို နောင်တက်လာမည့်အစိုးရအနေနှင့် ပို၍ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည့် နိုင်ငံရေး
ဖယ်ရှားပစ်ရေးမှာ အထူးအရေးကြီးလှပါသည်။ လုပ်ငန်းစဉ်များဖြင့် တည်ငြိမ်ရေးကို အဆင့်များ တက်လှမ်းဆောင်ရွက်လာမည်
ဆိုပါက၊ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများနှင့် နိုင်ငံစုံ အဖွဲ့အစည်းများအနေနှင့်
တည်ရှိနေသော အကူအညီပေးရေးဆိုင်ရာ အကန့်အသတ်များကို ဖယ်ရှားပစ်ရေးမှာ
အထူးအရေးကြီးလှပါသည်။
ပါမောက္ခ စတစ်ဂလစ်ဇ်၏ ခရီးစဉ်အတွင်းတွင် စစ်အစိုးရက ESCAP အဖွဲ့ရုံးကို
ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန် သဘောတူညီခဲ့ပါသည်။ ရှိနေပြီးဖြစ်သော အာဆီယံ
အဖွဲရ
ုံ့းကို ဖြည့်ဆည်းပေးသည့်အနေနှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ အကယ်၍
နောင်အစိုးရက နိုင်ငံရပ်ခြားအကူအညီများအတွက် တံခါးကျယ်ပြန့်စွာ ဖွင့်ပေးလာခဲ့
လျှင် အလှူရှင်များက အလွန်အကျူး တုံ့ပြန်ထောက်ပံ့လာမည့်အရေးကို ရှောင်လွှဲနိုင်
ရန် ESCAP အဖွဲရ
ုံ့းက အဓိကတာဝန်ယူပေးနိုင်ပါသည်။ နိုင်ငံရေးအသွင်ကူးပြောင်းမှု
ကြုံတွေ့ခဲ့ရသည့် နိုင်ငံအများအပြားတွင် အကူအညီပေးရေး အေဂျင်စီများက
စိတ်အားထက်သန်စွာ ကူညီပံ့ပိုးပေးခဲ့ကြပြီး၊ များသောအားဖြင့် နိုင်ငံရပ်ခြားမှ ရင်းနှီး
မြှုပ်နှံသူများနှင့် အဲန်ဂျီအိုများ စုပြုံဝင်ရောက်လာသည့်တိုင် ကြုံတွေ့ခဲ့ကြရပါသည်။
သို့နှင့် မူဝါဒချမှတ်သူ အသစ်များကို ၀ိဝါဒကွဲစရာ အကြံပြုချက်များစွာနှင့် ရှုပ်ထွေး
ေ၀၀ါးစေတတ်ပါသည်။ ဤအချက်ကြောင့် အောက်ဖော်ပြပါ အကြံပြုချက်များ တင်ပြ
လိုပါသည်။

နိုင်ငံတကာ အသိုက်အ၀န်းအတွက် အကြံပြုချက်များ

ယနေ့ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် မတ်လ (၄) ရက်နေ့ ဆွေးနွေးပွဲတွင်


တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်၏ စကားလုံးကိုပင်သုံး၍ ခြုံငုံဖော်ပြစရာ
ရှိနေပါသည်။ “ပုဂ္ဂလိကကဏ္ဍသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက
မောင်းနှင်သူ ဖြစ်သည်။ စစ်အစိုးရက လမ်းကို ထိန်းချုပ်ထားသော်လည်း၊ လမ်းကို
မည်သို့ဖောက်ရမည်ကို မသိနိုင်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွား
ဖွံ့ဖြိုးကြွယ်ဝဖို့ဆိုလျှင် (အစိုးရအတွင်းတွင်) အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးရန် အခရာကျလိမ့်မည်” ဟု ဖော်ပြခဲ့သည်။ အောက်တွင်ဖော်ပြထား
သော အကြံပြုချက်များသည် ခေတ်သစ်ကမ္ဘာ၏ များစွာသော ကောင်းကျိုးရလဒ်
များကို မြန်မာပြည်သူများ မရရှိ မခံစားနိုင်အောင် တားဆီးထားသည့် မူဝါဒများနှင့်
လုပ်ဆောင်ချက်များမှ နောင်ဖြစ်ပေါ်လာမည့် အစိုးရသစ်က လမ်းခွဲတော့မည် ဟူသည့်
ဖော်ပြချက်များရှိလာပါက၊ နိုင်ငံတကာ အသိုက်အ၀န်းအနေနှင့် ထိရောက်စွာ တုံ့ပြန်

၂၂
နိုင်ရန် ကြုံတွေ့ရနိုင်သော အခက်အခဲများကို ကျော်လွှား၍ တိုးတက်နိုင်စေရန်
ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါသည်။

• သည်းခံ စိတ်ရှည်ပါ။ အမေရိကန်ပြည်ထောင်စုအနေနှင့် ၎င်း၏ နိုင်ငံရပ်ခြား


အကူအညီပေးရေး အစီအစဉ်များတွင် စိတ်မရှည်တတ်ဘဲရှိနေပြီး အချိန်တို
အတွင်း တိုင်းထွာတင်ပြနိုင်သည့် ရလဒ်မျိုးလိုချင်ကြသည်။ အာရှတိုက်သား များ၏
ယဉ်ကျေးမှုဖွဲ့စည်းထားပုံတွင် ၎င်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ အနောက်တိုင်း
ဒီမိုကရေစီနိုင်ငံများအနေနှင့် အနောက်တိုင်းအကြိုက် မဟာဗျူဟာများကို အတင်း
လက်ခံကျင့်သုံးရန် တိုက်တွန်းမည့်အစား၊ မြန်မာနိုင်ငံ၏ပြဿနာကို တိုကရ
ိုက်
သက်ရောက်ခံစားနေကြရသည့် အာရှနိုင်ငံများကို ဤကိစ္စတွင် ဦးဆောင်စေ၍
နောက်မှလိုက်လျှင် ပို၍ကောင်းမွန်သည့် ရလဒ်ဖြစ်ပေါ်လာဖွယ် ရှိပါသည်။
• တီထွင်ဖန်တီးမှုရှိပါ။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထူးခြားသော နိုင်ငံအနည်းစု
အနက်မှ တစ်ခုဖြစ်ပြီး၊ ၎င်းတွင် နိုင်ငံစုံအဖွဲ့အစည်းများနှင့် အစိုးရချင်း
အကူအညီပေးရေး အဖွဲ့အစည်းများက အစီအစဉ်များကို လုံးဝသန့်စင်စွာ စတင်
နိုင်သော နေရာဖြစ်ဖွယ်ရှိပါသည်။ တစ်ခုနှင့်တစ်ခု လုပ်ငန်းနယ်ပယ် ထပ်နေ
သော၊ ရံဖန်ရံခါ အချင်းချင်း ၀ိရောဓိဖြစ်နေကြသော အစီအစဉ်များကို လုပ်နေကျ
ချည်းကပ်ပုံအတိုင်း စုပြုံချပေးသည်ထက်စာလျှင်၊ အဖွဲ့အသီးသီးက ပူးပေါင်း
ဆောင်ရွက်ခြင်းဖြင့် တစ်ဖွဲ့ချင်းအတွက် ပို၍အကျိုးအမြတ် ရရှိနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ထူးခြားမှုအခြေအနေအတိုင်း သီးသန့်ပြင်ဆင်ရန် လိုအပ်ပါလိမ့်
မည်။ ဥပမာအားဖြင့်- ကမ္ဘာ့ဖွံ့ဖြိုးရေးဆိုင်ရာ ဗဟိုဌာန (Center for Global De-
velopment) က မကြာသေးမီက “၀န်ဆောင်ပေးမှုအပေါ်တွင် ငွေသားပေးရန်”
(Cash on delivery) ချည်းကပ်မှုပုံစံကို အဆိုပြုခဲ့ပါသည်။ ဆိုလိုသည်မှာ
ကောင်းမွန်သော စွမ်းဆောင်မှုအပေါ်တွင် ဆုချရေးနှင့် အုပ်ချုပ်စီမံရေးဆိုင်ရာ
ထိပ်ပိုင်းကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် အယူအဆပေါ်တွင် အခြေခံ
14
တည်ဆောက်ထားခြင်း ဖြစ်သည်။
• မထင်မရှားသာ နေပါ။ ဌာနေခံ အကူအညီပေးရေး မစ်ရှင်ကြီးများနှင့် ရေတိုစီမံကိန်း
ပမာဏအများစုကို ဆောင်ရွက်နေကြသည့် ဖွံ့ဖြိုးရေးမစ်ရှင်များကြောင့် အသစ်
ခန့်အပ်သော မူဝါဒချမှတ်သူများကို အနှောက်အယှက်ပေးသလို ဖြစ်စေပါသည်။
မှန်ကန်သည့် ပထမခြေလှမ်းကို စတင်နိုင်ရေးနှင့် အတွင်းဆက်ဆံရေးကိစ္စများကို
ဖြေရှင်းနိုင်ရေးကိစ္စများသည် တစ်စုံလုံး၏ ထိရောက်အောင်မြင်မှုကို အဆုံး
အဖြတ်ပေးမည့် ကိစ္စများဖြစ်ပါသည်။ ၎င်းတို့က သူစိမ်းဆန်သည့် အဖြေကို
အတင်းချပေးခြင်းထက်၊ မြန်မာလူမျိုးတို့၏ ကြိုးပမ်းဆောင်ရွက်ချက်ကို
ပံ့ပိုးပေးသည်ဟု မြင်ပါက အကူအညီဖြင့် ၀င်ရောက်စွက်ဖက်ခြင်းက ပို၍
ထိရောက်အောင်မြင်ဖွယ် ရှိပါသည်။
• အရည်အသွေးမြှင့်တင်ပေးရေးကို အာရုံထားဆောင်ရွက်ပါ။ အကယ်၍ နိုင်ငံခြား
ထောက်ပံ့မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် အရည်အသွေးမြှင့်တင်ရေးလုပ်ငန်း
များ ဆောင်ရွက်ပြီးမှ နောက်လိုက်ခြင်းမဟုတ်ဘဲ၊ ကြို၍သွားခဲ့လျှင် ငွေကြေး
အများစုသည် အဟောသိကံဖြစ်ရရုံ ရှိမည့်အပြင်၊ လူမှုရေးပြဿနာများလည်း
အကြီးအကျယ် ကြုံတွေ့ရရန် ရှိနေသည်။ စီးပွားရေးစနစ်၏ အစိတ်အပိုင်းအားလုံး
တွင် လူသားအရင်းအမြစ်ပြဿနာနှင့် အဖွဲ့အစည်း စွမ်းဆောင်ရည်ဆိုင်ရာ
အကန့်အသတ်များ ကြုံတွေ့နေကြရသည်။ မှောင်ခိုစီးပွားရေးနယ်ပယ်တွင်
လှုပ်ရှားနေကြရသော ပုဂ္ဂလိကကျောင်းအချို့မှလွဲလျှင်၊ ပညာရေးစနစ်တစ်ခုလုံး
မှာ ပြိုလဲကျဆင်းနေသည်။ အရပ်ဖက်ဝန်ထမ်းများအားလုံးကို မူဝါဒဆိုင်ရာ

၂၃
အကဲဖြတ်မှုနှင့် အကောင်အထည်ဖော်ရေး ကိစ္စများတွင် ပြန်လည်လေ့ကျင့်
သင်တန်းပေးမှုမရှိဘဲနှင့် ကောင်းမွန်သည့်ရလဒ်များ ပေါ်ထွက်လာရန် လမ်းမမြင်
ပါ။ အသစ်ရွေးချယ်တင်မြှောက်ခံရသည့် ဥပဒေပြုလွှတ်တော် အဖွဲ့ဝင်များအတွက်
အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းများကိုလည်း နိုင်ငံတော်အဆင့်နှင့် အောက်ခြေ
တိုင်း/ပြည်နယ်အဆင့်များတွင် ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်သည်။
• ဒေသဆိုင်ရာ အဖွဲ့အစည်းများကို ဗဟိုချက်မတွင်ထားပါ။ နာဂစ်ဆိုက်ကလုန်း
ကပ်ဘေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ
လုပ်ဆောင်ရန် ဖွင့်လှစ်ထားသည့် ASEAN (အာဆီယံအဖွဲ့) ရုံးသည်
အကယ်၍ သက်တမ်းထပ်တိုးရန် မရှိပါက၊ ၂၀၁၀ ခုနှစ် နှစ်လယ်တွင်
ပိတ်ရတော့မည် ဖြစ်သည်။ ၎င်းရုံးကို ဆက်လက်ဖွင့်ထားနိုင်ရန်နှင့် ESCAP
ရုံးသစ်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတကာမှ ၀ိုင်းဝန်းကြိုးပမ်းအားထုတ်မှု
များ လိုအပ်နေပါသည်။ မြန်မာအစိုးရ၊ အာဆီယံအဖွဲ့၊ ESCAP တို့ ပါဝင်သော
သုံးပွင့်ဆိုင်ဗဟိုအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးအတွက် အခိုင်အမာ တိုက်တွန်းနိုင်ပြီး၊
၎င်းမှနေ၍ လာမည့်အစိုးရသစ်အတွက် နိုင်ငံရပ်ခြားအကူအညီများကို စီမံ
ခန့်ခွဲနိုင်စေရန် ကူညီနိုင်ပါလိမ့်မည်။ ESCAP အဖွဲ့ ပါဝင်လာခြင်းကို ကုလ
သမဂ္ဂဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ် (UNDP) က ကန့်ကွက်ကောင်း ကန့်ကွက်နိုင်
ပါသည်။ အကြောင်းမှာ ၎င်းက ကုလသမဂ္ဂအေဂျင်စီများကို ယခင်ကာလ များက
ဦးဆောင်လာခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း ESCAP ပါဝင်စေ
ခြင်းမှာ ယခုကာလတွင် အထူးသင့်လျော်လှပါသည်။ ဂျပန်နိုင်ငံက အခြား
နိုင်ငံများထက်စာလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် ပို၍ကြိုးပမ်းလုပ်ဆောင်
ခဲ့သည့် အတွက်ကြောင့် စီးပွားရေးဆိုင်ရာ အကူအညီများကိစ္စတွင် အရေး ပါသည့်
အခန်းကဏ္ဍနေရာ ရသင့်ပါသည်။
• ပြည်ပရောက်အင်အားစုများနှင့် လုပ်ဆောင်ရာ၌ သတိထားရှိပါရန်။ လုပ်ငန်း
ကဏ္ဍတိုင်းနှင့် ဘာသာရပ်အလိုက် ကျွမ်းကျင်သူများဆိုင်ရာတွင် မြန်မာနိုင်ငံတွင်
ကျန်နေရစ်သူများနှင့် ပြည်ပသို့ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သူများအကြား
နေရာတိုင်း၌ တင်းမာသဘောထားကွဲမှုများ ရှိနေမည်ဖြစ်သည်။
ပြည်တွင်းတွင် ကျန်နေရစ်သူများအပေါ် မျက်နှာသာပေး ဆက်ဆံခြင်းအားဖြင့်
ပိုမိုကောင်းမွန်သည့် ရလဒ်ထွက်ပေါ် ဖွယ်ရှိပါသည်။
• စီးပွားရေး ဒဏ်ခတ်အရေးယူမှုကို စီးပွားရေးမူဝါဒများနှင့် ချိတ်ဆက်ထားစေ
လိုသည်။ အနောက်နိုင်ငံများမှ ချမှတ်ထားသည့် စီးပွားရေးဒဏ်ခတ် အရေး
ယူမှုများသည် အဓိကအားဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကဲ့သို့
သော နိုင်ငံရေးအကြောင်းများနှင့် ချိတ်ဆက်ထားကြသည်။ အကယ်၍
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအပေါ် အတင်းအကြပ် ချုပ်ချယ်ကန့်သတ်
ခြင်းကဲ့သို့သော စီးပွားရေးအကြောင်းပြချက်များနှင့် စီးပွားရေးဒဏ်ခတ်အရေး
ယူမှုကို ချိတ်ဆက်ထားပါက ပို၍ထိရောက်နိုင်သလို၊ ပို၍ လေးစားလိုက်နာဖွယ်
အကြောင်းလည်း ရှိနေသည်။ အကယ်၍ နောင်အစိုးရက ပို၍ဖိနှိပ်သော၊
ပို၍ခွဲခြားဆက်ဆံသော နည်းလမ်းများ ရွေးချယ်လာပါက၊ တရုတ်၊ အိန္ဒိယ၊
ထိုင်းနိုင်ငံနှင့် အာဆီယံအဖွဲ့တို့က အလားတူ ဒဏ်ခတ်အရေးယူမှုများ ပြုမည်
မဟုတ်သောကြောင့်၊ လက်ရှိ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ပိုမိုတင်းကြပ်
ဆောင်ရွက်ခြင်းပြုသော်လည်း အချည်းနှီး မထိရောက်ဖြစ်စေလိမ့်မည် ဖြစ်သည်။
• သဘာဝရင်းမြစ် ထုတ်လုပ်ရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့် ဆိုင်းငံ့
ထားရန် တိုက်တွန်းလိုသည်။ မြန်မာနိုင်ငံ၏ သဘာဝရင်းမြစ်အပေါ် တည်မှီ၍

၂၄
ဖြစ်နေရသည့် ကျိန်စာအပေါ် ဖြေရှင်းရန် အမြင့်ဆုံးနည်းလမ်းမှာ နိုင်ငံရေး
အရ မဖြစ်နိုင်သလောက် ရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေ အကြုံပြုလိုသည်မှာ အကယ်၍ နောင်အစိုးရက ပို၍ဖိနှိပ်သော၊ ပို၍ခွဲခြား
ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျွန်းသစ်နှင့် သတ္တုထုတ်လုပ်ရေး ဆက်ဆံသော နည်းလမ်းများ ရွေးချယ်လာပါက၊ တရုတ်၊
လုပ်ငန်းများကို ၅-နှစ်တာမျှ ရေတိုကာလတစ်စုံတရာ ဆိုင်းငံ့ထားရန်ပင် အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် အာဆီယံအဖွဲ့တို့က အလားတူ
ဖြစ်သည်။ ဤသို့ ရေတိုထုတ်လုပ်မှု ဆိုင်းငံ့ထားခြင်းကြောင့် လာမည့်အစိုးရ ဒဏ်ခတ်အရေးယူမှုများ ပြုမည်မဟုတ်သောကြောင့်၊

အတွက် ဘဏ္ဍာရေးအရ အကြပ်အတည်းတွေ့စရာ အကြောင်းမရှိပါ။ လက်ရှိစီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ပိုမိုတင်းကြပ်


ဆောင်ရွက်ခြင်းပြုသော်လည်း အချည်းနှီး မထိရောက်
တစ်နိုင်ငံလုံးအဆင့် (မက္ကရို) မူဝါဒများကို အခြေခံအနည်းငယ်မျှ တိုးတက်
ဖြစ်စေလိမ့်မည် ဖြစ်သည်။
အကောင်အထည်ဖော်ရုံဖြင့် ကျော်ဖြတ်နိုင်ပါသည်။ ဥပမာအားဖြင့်-ငွေကြေး
လဲလယ
ှ န
် န
ှုးတစ်ခတ
ု ည်း သတ်မတ
ှြ် ခင်းကိစမ
္ဈိုး ဖြစ်ပါသည်။ တစ်ချိနတ
် ည်းမှာပင်
သဘာဝရင်းမြစ် ထုတ်လုပ်သည့် စီမံကိန်းအသစ်များကြောင့် အာဏာလက်ကိုင်
ရှိသူများ အကျိုးရှိရန် ငွေဖန်တီးနိုင်သည့် အခွင့်အလမ်းများ တိုးပွားလာစေနိုင်ပြီး၊
ဘဏ္ဍာတိုက်ထဲသို့ ၀င်လာသည့် ၀င်ငွေဘဏ္ဍာများကြောင့်လည်း ထုတ်လုပ်မှု
မဖြစ်စေသည့် သုံးစွဲကုန်ကျမှုများ ပို၍တိုးလာရန် အကြောင်းရှိနေပါသည်။ ဤသို့
ခေတ္တဆိုင်းငံ့ခြင်းအပေါ် တရုတ်နှင့် အိန္ဒိယအစိုးရတို့မှ ထောက်ခံရန်လည်း
လိုအပ်ပြီး၊ နိုင်ငံရေးအရလည်း လက်တွေ့ဖြစ်နိုင်ခြေရှိနေပါသည်။

၂၅
မှတ်စုများ

1. နိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦး၏ မြန်မာနိုင်ငံအရေး နောက်ခံ တင်ပြဆွေးနွေးချက်။ September 23,


2009. Available at http://www.state.gov/r/pa/prs/ps/2009/sept/129541.htm (accessed May 4, 2010).
2. အောက်တွင် ဖော်ပြထားသည့် မြန်မာ့စီးပွားရေး၏ အဓိက ကဏ္ဍများကို မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ ၂၀၁၀ ခုနှစ်၊
မတ်လ (၄) ရက်နေ့တွင် U.S. Institute of Peace ၌ ကျင်းပသော အစည်းအဝေးတွင် ကျွမ်းကျင်သူ ပညာရှင်များနှင့်
အမေရိကန်ပြည်ထောင်စု အစိုးရဌာနများ၊ အေဂျင်စီများ၊ ကွန်ဂရက်လွှတ်တော် ၀န်ထမ်းများ၏ တင်ပြဆွေးနွေးချက်များမှ
ထုတ်နှုတ်ရယူပါသည်။
3. အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ဗဟိုအစိုးရနှင့် တိုင်းရင်းသားလူနည်းစု (၁၇) ဖွဲ့အကြား ၁၉၈၈
ခုနှစ်မှ ၁၉၉၇ ခုနှစ်အကြား ဆွေးနွေးရယူထားခြင်း ဖြစ်သည်။ မူအရဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်
၎င်းသဘောတူညီချက်များ အသက်မ၀င်ရှိတော့မည်ဖြစ်ပြီး၊ ရွေးကောက်ပွဲကြောင့် အချို့သော အုပ်စုများနှင့်
လက်နက်ကိုင် ပဋိပက္ခများလည်း ပြန်၍ပေါ်ပေါက်လာဖွယ်ရှိသည်။ အချို့သော အနည်းငယ်သော အုပ်စုများက အပစ်
အခတ်ရပ်စဲရေး သဘောတူညီချက်မပြုဘဲ ငြင်းဆန်ခဲ့ကြသည်။ See Zaw Oo and Win Min, “Assessing Burma’s
Ceasefire Accords,” Policy Studies 39 (Southeast Asia), (Washington, D.C.: East-West Center, 2007).
4. Sean Turnell, Fiery Dragons: Banks, Moneylenders, and Microfinance in Burma (Copenhagen: Nias Press,
2009).
5. ၁၉၈၈ ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးချိန်မှစ၍ စစ်တပ်သည် မြန်မာနိုင်ငံတွင် လူမှုရေးအရ
တက်လမ်း (social mobility) အတွက် အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။ အသက်မွေးဝမ်းကျောင်း ကျောင်းများ
(ဥပမာ- ဆေး၊ စက်မှုအင်ဂျင်နီယာသင်ကျောင်း) များသည်ပင် စစ်တပ်ပိုင် အဖွဲ့အစည်းများအဖြစ် ထူထောင်လာသည်။
သို့အတွက်ကြောင့် ပုဂ္ဂလိကကဏ္ဍတွင် လူငယ်များ၏ ဖန်တီးမှုစွမ်းရည်များ ကျဆင်းလာခဲ့ရသည်။
6. Maung Aung Myoe, Building the Tatmadaw: Myanmar Armed Forces Since 1948 (Singapore: Institute of
Southeast Asian Studies, 2009).
7. ဤ (၃) ဘီလီယံ ဒေါ်လာပမာဏမှာ ၂၀၀၈ ခုနှစ်၊ ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုစာရင်း အချက်အလက်များတွင် မြန်မာနိုင်ငံမှ
ဓာတ်ငွေ့တင်သွင်းမှုအဖြစ် တင်ပြထားချက် ဖြစ်သည်။ မြန်မာအစိုးရအတွက် အခွန်၊ လုပ်ပိုင်ခွင့်အတွက် ပေးဆောင်ရငွေ၊
ထုတ်လုပ်မှုအတွက် ရရှိသော အချိုးရှယ်ယာ စသဖြင့် အသားတင်ဝင်ငွေကို အတိအကျ ယုံကြည် ရလောက်သော
ခန့်မှန်းဖော်ပြချက်များ မရရှိပါ။
8. EarthRights International, China in Burma: the Increasing Investment of Chinese Multinational Corpora-
tions in Burma’s Hydropower, Oil and Natural Gas, and Mining Sectors (Washington, DC: EarthRights
International, 2008).
Available at http://www.earthrights.org/publication/china-burma-increasing-investment-chinese-multi-
nationalcorporations-burmas-hydropower-o (accessed April 30, 2010).
9. Global Witness, A Disharmonious Trade: China and the Continued Destruction of Burma’s Northern Fron-
tier Forests (London: Global Witness, 2009). Available at http://www.globalwitness.org/media_library_
detail.php/855/en/dramatic_decrease_in_illegal_timber_trade_between_ (accessed April 30, 2010).
10. မြန်မာနိုင်ငံသည် ၁၉၃၈-၃၉ ခုနှစ်က ဆန် (၃.၃) သန်းတန် တင်ပို့နိုင်ခဲ့ပြီး ၎င်းနှစ်အတွက် ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏
(၄၇) ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၀၇-၀၈ ခုနှစ်တွင် မြန်မာနိုင်ငံက ဆန် (၃၆၀,၀၀၀) တန်သာ တင်ပို့နိုင်ခဲ့ပြီး ပမာဏအရ
ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏ (၁.၃) ရာခိုင်နှုန်းသာ ရှိခဲ့သည်။ From U Myint, “Second Development Partnership:
Roundtable and Development Forum, Naypyitaw, 15 December 2009,” press briefing in Yangon, Janu-
ary 9, 2010, available at http://www.irrawaddy.org/web_images/U-Myint-Stiglizt.pdf (accessed April 30,
2010).
11. Harvard Kennedy School, Asia Programs, “Assessment of the Burma Agricultural Economy,” unpublished
report prepared for International Development Enterprises, January 2009.
12. Government Accountability Office, U.S. Agencies Have Taken Some Steps, but Serious Impediments
Remain to Restricting Trade in Burmese Rubies and Jadeite, Report GAO-09-987 (Washington, DC: GAO,
2009), available at http://www.gao.gov/products/GAO-09-987 (accessed April 30, 2010).
13. UNESCAP News Services, Press Release G/105/2009, December 15, 2009, available at http://unescap.
org/unis/press/2009/dec/g105.asp (accessed April 30, 2010).
14. Nancy Birdsall and William D. Savedoff, Cash on Delivery: A New Approach to Foreign Aid (Washington,
DC: Center for Global Development, 2010).

၂၇
ယခုအစီရင်ခံစာနှင့် ဆက်စပ်နေသည့် အစီရင်ခံစာ အခြားစိတ်ဝင်စားဖွယ် ခေါင်းစဉ်များ
များကို မိမိတို့၏၀က်ဘ်ဆိုက် (www.usip.org) တွင် • Can Economic Reform Open a Peaceful Path to Ending Burma’s Isolation? by Lex Rieffel
အခြားသတင်းအချက်အလက်များ၊ အခြားဘာသာရပ် and Raymond Gilpin (Peace Brief, March 2010)
အကြောင်းများနှင့်အတူ ရရှိနိုင်ပါသည်။ • Burma’s Long Road to Democracy by Priscilla Clapp (Special Report 193, November
2007)

• Building Democracy in Burma by Priscilla Clapp (Working Paper, July 2007)

United States
Institute of Peace
1200 17th Street NW
Washington, DC 20036
www.usip.org

Special Report 241


The Economy of Burma/Myanmar on the
Eve of the 2010 Elections

You might also like