You are on page 1of 1

မြန်မာနိုငင

်ံလုံးဆိုင်ရာဒီမိုကရက်တစ်တပ်ပေါင်းစု

All Burma Democratic Alliance

ရဟန်းရှင်လူ၊ ကျောင်းသား/သူ၊ တိုင်းရင်သား ပြည်သူ အပေါင်းတို့ ခင်ဗျာ

၂၀၀၈ခု သြဂုတ်လ ၅ရက်နေ့တွင်ကျန်ုပ်တို့

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊


၂။ မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု(Democratic Front of Patriot)၊
၃။ တရားမျှတမှုအတွက် မျိုးဆက်သစ်လှုပ်ရှားမှု (New Generation Movement for Justice)၊
၎။ ရွှေဝါရောင်မျိုးဆက်သစ်လှုပ်ရှားမှု(Generation Wave)၊
၅။ မြေသြဇာ၊
၆။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်)
၇။ အခြေခံပညာကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်)၊

တို့ပူးပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမုက


ိ ရက်တစ်တပ်ပေါင်းစု (All Burma Democratic Alliance) ကို
စစ်အာဏာရှင်စနစ်မြန်မာ့မြေပေါ်မှ လုံးဝ(အပြီးတိုင်) ပျောက်ကွယ်သွားစေရန် ဆိုသောဘုံကျသည့်ရည်ရွယ်ချက်
အပေါ်အခြေခံကာ တညီတညွတ်တည်းဖွဲ့စည်းလိုက်သည်။

ကျွန်ုပ်တို့ သည် မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်း မည်သည့်ဝါဒကိုမှ ကိုယ်စားပြု ဖွဲ့စည်းခြင်း မဟုတ်ပဲ


နအဖအား ဆန်က
ျ့င်သူ၊ စစ်အာဏာရှင် စနစ်အား မြန်မာ့မြေ ပေါ်တွင် မရှိသင့်ဟု ယူဆသူ အားလုံး ဘက်ပေါင်းစုံ
နည်းလမ်းပေါင်းစုံဖြင့် ဗဟိုတစ်ခုအောက်တွင် စနစ်တကျ လက်တွဲပြီး အပြီးသတ်တိုက်ပွဲဝင်ရန် အတွက် ရည်ရွယ်ဖွဲ့
စည်းလိုက်ခြင်းဖြစ်ပါသည်။

မြန်မာပြည် အတွင်းရှိ အဖွဲ့အစည်း လူပုဂ္ဂိုလ်များအား တတ်နိုင်သည့်ဘက်မှ ကျွန်ုပ်တို့ နှင့်


ပူးပေါင်းဆောင်ရွက်ရန်အတွက် လေးနက်စွာ တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

" သေနတ်သံ တစ်ချက်ဖေါက် ဒို့အရောက်လာမည်၊


တွဲထားလက်တွေ ခိုင်မြဲမည်။"

တက္ကသိုလ်ကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်)
အခြေခံပညာကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်)

You might also like