Professional Documents
Culture Documents
(၁)
“ဟေ့ကောင်ကြီး”
လူတယောက် ခပ်လှမ်းလှမ်းကနေ ကျနော့်ကို လက်ပြပြီး နှုတ်ဆက်လာတယ်။
အဲဒီ့လူကို ကျနော် ရင်းရင်းနှီးနှီးကြီးကို သိနေတယ်။ ဘယ်သူမှန်း တော့
ချက်ခြင်းစဉ်းစားလို့ မရဘူး။ ဒါနဲ့ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်ရတယ်။
သြော...အီလက်ထရွန်းနစ် သင်တန်းတုန်းက သူငယ်ချင်း။ သူက ကျနော့်ထက်
အသက်နည်းနည်း ကြီးပေမယ့် ရွယ်တူလို ပေါင်းမှ ကြိုက်တဲ့လူ။ (တကယ်က ကျနော့်
အထင်မှားတယ်ဗျ။ အီလက်ထရွန်းနစ် သင်တန်းကလူ မဟုတ်ဘူး။ ဦးလေးရဲ့ သူငယ်ချင်း)
ကျနော်လည်း သင်တန်းတုန်းကသူငယ်ချင်းထင်ပြီး ခေါ်နေကျ အတိုင်း
ပြန်နှုတ်ဆက်လိုက်တယ်။
“ဟား...ခေါင်းတုံး”
နည်းနည်း လျှောက်လာပြီးမှ ဦးလေးရဲ့ သူငယ်ချင်းမှန်း စိတ်ထဲမှာ ပေါ်လာတယ်။
ဟား....သွားပြီ။
(၂)
အလကားနေ အလကား ပိုက်ဆံရအောင်ဆိုပြီးတော့ ကျနော်တို့ ကြိုးဖုန်းကို
အိမ်ရှေ့ မှာထုတ်ထားတယ်။ မြို့ တွင်း၊ နယ်ဝေး ဖုန်းခေါ်ချင်ရင် ရသလို အနီးအနားတဝိုက်က
အိမ်တွေကို ဖုန်းလာရင်လည်း ခေါ်ပေးတယ်။
တရက်တော့ မျက်စောင်းထိုးတိုက်က ခေါင်းရင်းခန်း လေးလွှာကို ဖုန်းလာတယ်။ နယ်က
ကျောင်းသားတွေ ငါးယောက် ခြောက်ယောက်လောက် စုပြီး ငှားနေကြတဲ့ အခန်း။ အဲဒါ
ကျနော် သွားခေါ်ပေးရတယ်။ ကျနော့် မှတ်ဥာဏ်ကလဲဗျာ...လူခေါ်ခေါင်းလောင်းကြိုးကို
ဆွဲပြီးမှ သူတို့ ထဲက ဘယ်သူ့ ဆီလာတဲ့ ဖုန်းမှန်း မမှတ်မိတော့ဘူး။ ဒါနဲ့  သူတို့ ထဲက
တယောက်က ရှိသမျှ နာမည်တွေ ကျနော့်ကို ရွတ်ပြတယ်။
“လဒ လား”
“မဟုတ်ဘူးဗျ”
“Goat ကြီး”
“မဟုတ်ဘူး”
“ခွေးနီ”
“မဟုတ်ဘူးထင်တယ်။”
“ကြွက်စုတ်”
“ဟာ..ဟုတ်ပြီ...ဟုတ်ပြီ…ကြွက်စုတ်…ကြွက်စုတ်”… ‘စုတ်’ပါတာကို ကျနော် မှတ်မိတယ်။
ကျနော်လုပ်လိုက်တာနဲ့ သူတို့  နာမည်လှလှလေးတွေ အကုန် ပေါ်ကုန်ပြီ။
(၃)
(၄)
အဆောင်မှာ နေတုန်းကလည်း….
(၅)
တခါကလည်း…
ကျနော့် စက်ဘီး ဘီးပေါက်နေလို့ သူငယ်ချင်း စက်ဘီးကို ငှားပြီး မြို့ ထဲကို ထွက်ခဲ့တယ်။
မြို့ ထဲရောက်တော့ ဝယ်စရာရှိတာတွေ ဝယ်ပြီး အေးအေးဆေးဆေးမို့ လက်ဘက်ရည်ဆိုင်မှာ
တနာရီလောက် ဂျာနယ်ဖတ်ရင်းနဲ့ ထိုင်လိုက်တယ်။ ပိုက်ဆံရှင်းပြီးလို့ ပြန်မယ်လည်း
လုပ်ရော…
“ဟိုက်၊ ငါစီးလာတာ ဘယ် စက်ဘီးမှန်း မမှတ်မိတော့ဘူး။” ကျနော်က ကျနော့်စက်ဘီးပဲ
စီးနေကျ ။ သူ... သူ့ ရွာကနေ စက်ဘီးယူလာတာကလည်း မကြာသေးဘူး။ ကျနော်လည်း
တခါမှ သူ့ စက်ဘီးကို သတိထား မကြည့်မိဘူး။ စီးတုန်းကလည်း ဒီအတိုင်း
နမော်နမဲ့နဲ့ တက်စီးလာတာ။ လက်ဘက်ရည်ဆိုင်မှာကလည်း စက်ဘီးတွေက အများကြီး။
အခုနေ တဘီးချင်း လိုက်စမ်းပြီး သော့ဖွင့်နေရင်လည်း စက်ဘီးသူခိုး လို့ ထင်ကြဦးမယ်။ ဒါနဲ့
သူငယ်ချင်း စက်ဘီးလို့ ထင်ရတဲ့ ဘီးတွေ သူများစီးသွားလို နည်းသွားတဲ့ အချိန်ကျမှ
ဆိုင်ရှင်ကို ပြောပြီး စမ်းကြည့်ရတယ်။ ဒုတိယ ဘီးမှာ ကျနော့်အထင်မှန်သွားတယ်။ ဟူး!!!
(၆)
မျိုးနဲ့ ရိုးနဲ့ပဲ မေ့တတ်တာလား။ နမော်နမဲ့ အကျင့်တွေ ကူးစက်တတ်တာလားတော့ မသိဘူး။
ကျနော့်အမလည်း တခါတခါ နမော်နမဲ့နိုင်တယ်။
(၇)
(၈)
(၉)
(၁၀)
(၁၁)
ခြောက်နှစ်ခန့်ကြာသော်
ကောင်းကင်ကို
(၂၀.၁.၂၀၁၁)