You are on page 1of 4

တပ်မှူးတပ်သား ပြောစကား (ှဿ၉)

လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး ဘာလို့ မပှါင်သလဲ အပိုင်း (ဿ)

ဦးရော်နီညိမ်း။ ။ (၈) လေးလုံး လူထု အုံကြွမှု အရေးတော်ပုံကြီးက စပြီး သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေါရောင်တော်လှန်ရေး ထိ
စစ်အာဏာရှင်စနစ် ကို ဖယ်ရှားပစ်ဖို့ ရုံးကန်လှုပ်ရှားကြတဲ့ လူထုတိုက်ပွဲတွေမှာ လူထုထဲက ပေါက်ဖွါးလာခဲ့တဲ့ မြန်မာ့တပ်မတော် တစ်ခုလုံး
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူ အတိုက်အခံတွေနဲ့ ဘာဖြစ်လို့ မပူးပေါင်း မပှါင်ရသလဲဆိုတာ ပြန်လည် ဆန်းစစ်ကြည့်စရာ ဖြစ်လာပါ
တယ်။ (၈) လေးလုံး အရေးတော်ပုံကြီးမှာ ပှါင်ခဲ့ကြတဲ့ တပ်မှူးဟောင်း အကြပ်တပ်သားဟောင်းတွေနဲ့ ဆက်သွယ်မေးမြန်းထား ပြီးတော့
သူတို့ရဲ့ စမ်းစစှ်ေဖန် သုံးသပ်ချက်တွေကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး
ဘာလို့ မပှါင်သလဲ ခေါင်းစဉ်ရဲ့ အပိုင်း (ဿ) မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ စစ်ဦးစီးပထမတန်း G-1 တှာန်အထိ ထမ်းဆောင်ခဲ့
ဖူးတဲ့ (၈) လေးလုံး ကာလ မတိုင်မှီကတည်းက အငြိမ်းစားယူခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်ကို (၈) လေးလုံးကာလ မျိုးချစ်ရဲဘော်ဟောင်း
များ အဖွဲ့ ဖြစ်ပေါ်လာပုံကို စတင်မေးမြန်းခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ပထမဦးဆုံးကတော့ဗျာ ဗိုလ်ချုပ်အောင်ရွှေတို့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ တပ်မှူးဟောင်းကြီး (ဿ၅) ဦးကနေ


မ.ဆ.လ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ) အပေါ်ကိုှေဖန်တဲ့ ကြေငြာချက်တွေ ဘာတွေက အတော်လေး မှန်ကန်ပြီးတော့
ထိရောက်တော့ ကျန်တဲ့ တပ်မှူးတွေအားလုံးကလည်း ဒါ၊ ဒီ (ဿ၅) ဦးသော အကြီးအကဲဟောင်းများကို ထောက်ခံတဲ့အနေနဲ့ ဗိုလ်မှူးကြီး
လှမောင် အိမ်မှာပေါ့ဗျာ၊ ဘောက်ထော်ကပဲ သူ့အိမ်မှာ စုစည်းမှုလေးတစ်ခု ကျနော်တို့ လုပ်ကြပါတယ်။ ရက်စွဲတော့ ကျနော်လည်း သေချာ
တော့ မမှတ်မိတော့ ဘူးပေါ့နော်။ (၈၅) ယောက်လောက်ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးကြီး ကျနော်တစ်ခု မှတ်မိတာက အဲဒီမှာ ဗိုလ်မှူးကြီးတို့ တပ်မှူးဟောင်းကြီးတွေ ရန်ကင်းမြို့နယ် ကန်ဘဲ့
မိုးကောင်းဘုရားက တန်ဆောင်းကြီး တစ်ခုမှာ စုရုံးပြီးတော့ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ကိုဖွဲ့ပြီလို့ ကြေငြာခဲ့တယ် ဆိုတာမျိုး
ကျနော်မှတ်မိပါတယ်ခင်ဗျ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ တပ်မှူးဟောင်းဆိုတော့ တပ်မှူးဟောင်းလောက်ပှဲင်နိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘဲနဲ့ ရဲဘော်အားလုံှးင်နိုင်တဲ့


အဖွဲ့အစည်းမျိုးဖြစ်အောင်ဆိုပြီးတော့ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ရယ်လို့ ခုဏဖွဲ့စည်းလိုက်တာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး ခင်ဗျား၊ နောက်တစ်ခုက ဒီ (၈) လေးလုံး လူထု အုံကြွမှုကြီးဟာ စစ်အာဏာရှင် စနစ် နိဂုံးချုပ် သွားမှုနဲ့
အဆုံးသပ် သွားလိမ့်မယ်လို့ ပထမအစပိုင်းမှာ အားလုံးက မျှော်လင့်ခဲ့ကြတာပေါ့နော်။ အဲဒီလိုဖြစ်လာဖို့က မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့က
လက်ရှိ တှာန်ထမ်းဆောင်ဆဲ ကျနော်တို့တပ်မတော်ရဲ့ အဆင့်မြင့်တပ်မှူးကြီးတွေကို ကျနော်တို့ စည်းရုံးခဲ့မှုများ ရှိခဲ့ပါသလား ခင်ဗျား။ အခု
အနှစ်(၀ှ) လောက် ပြန်ကြည့်တဲ့အခါ ဗိုလ်မှူးကြီး ဘယ်လို မြင်ပါသလဲခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ အထိုက်အလျှောက်တော့ ရှိတယ်လို့တော့ ဆိုရမှာေ ပါ့ဗျာ။ တစ်ချို့တိုင်းမှူးအဆင့် တပ်မမှူး အဆင့်ထိ တိုးတိုး
တိတ်တိတ် ပေါ့ဗျာ၊ ပြောင်ပြောင်တင်းတင်းတော့ မဟုတ်ဘူး။ စည်းရုံးခဲ့တဲ့ နားသွင်းခဲ့တဲ့ အပိုင်းတွေ တော့ ဒါရှိခဲ့တာ အမှန်ပေါ့ အတိုင်း
အတာတစ်ခုထိပေါ့ဗျာ၊ စည်းရုံးသိမ်းသွင်းမှု ရှိခဲ့ပါတယ်။ သို့သော်လည်း ဘယ်သူ့ ကို ဘယ်လိုဆိုတာတော့ မပြောချင်တော့ပါဘူး။ အဲဒီ
ပုဂ္ဂိုလ်တွေ ထဲက တစ်ချို့က ကွယ်လွန်သွားကြပြီလေ။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့် တော့ မရှိခဲ့ဘူးဗျ၊ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့လို့လ ည်း
နောက်ဆုံး မအောင်မြင်ဘူးလို့ပဲ ဆိုရမှာပေါ့။

ဦးရော်နီညိမ်း။ ။ (၈) လေးလုံးလူထု အုံ ကြွမှုကြီးဟာ အောင်မြင်စွာဖြစ်ပေါ်ခဲ့ပြီး နောက်တစ်ဆင့်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျ ရေး
အဲဒီအဆင့်အထိ မရောက်ဘဲနဲ့ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ဗိုလ်မှူးကြီး အခု နှစ် (၀ှ) နောက်ပြန်ကြည့်တဲ့ အခါ ဘယ်လို
သုံးသပ်ထင်မြင်မိ ပါသလဲခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ တပ်မတော်ဆိုတာ စစ်စည်းကမ်း အမိန့်တှာန် နော် ကွပ်ကဲမှုအဆင့်ဆင့်ဆိုတဲ့ ဘောင်ထဲမှာ နေရတာကိုး
တပ်မတော်ဆိုတာက၊ အဲဒီအချိန်က တပ်မတော်ကို ကြိုးကိုင်နေကြတဲ့ အရေးပါတဲ့ တိုင်းမှူး၊ တပ်မမှူးတွေပေါ့ဗျာ၊ ထိပ်ပိုင်းခေါင်းဆောင်တွေ
ကြောင့်လို့ပဲ ကျနော်တော့ ပြောချင်တယ်။

ဦးရော်နီညိမ်း။ ။ ဒါကတော့ အခုအခါ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ မျိုးချစ်စစ်သည် ဟောင်းများ အစည်းအရုံးရဲ့ ဒုတိယ ဥက္ကဌ ဖြစ်တဲ့
အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အေးမြင့် ရဲ့စမ်းစစ် သုံးသပ်ချက်ပါ။ နောက်တစ်ခါ (၈) လေးလုံး အရေးတော်ပုံ ကာလကြီးမှာ ရန်ကုန်မြို့မှာ
ဆန္ဒပြ ကျောင်းသား ရဟန်း ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းဖြိုခွဲဖို့ တှာန်ယူခဲ့ရတဲ့ ခြေမြန်တပ်မ (၀၀) လက်အောက်ခံ အမှတ် (၀ှ၈)
ခြေမြန် တပ်ရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်း စိုငှ်းင်းကျော်ရဲ့ သုံးသပ်ချက်ကိုလည်း ဗွီအိုအှေိုင်းတော်သား ဦးအောင်လွင်ဦးက
ဆက်သွယ် မေးမြန်း ထားပါတယ်။ ဗိုလ်ကြီး စိုငှ်းင်းကျော်ဟာ (၈) လေးလုံး အရေးတော်ပုံကာလမှာ တှာန်ကျရာ တပ်စခန်းကို စွန့်ခွါလာခဲ့
ပြီး ပြည်သူ့ဘက် ကို ကူးပြောင်းပှါင်လာခဲ့သူဖြစ်ပါတယ်။ နောက်ထပ် (၈) လေးလုံးလို လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာနိုင်ပါသလားလို့
ဦးအောင်လွင်ဦးက ဗိုလ်ကြီး စိုငှ်းင်းကျော်ကို စတင်မေးမြန်းခဲ့ပါတယ်။

ဗိုလ်ကြီး စိုငှ်းင်းကျော်။ ။ ဖြစ်နိုင်ပါတယ် ခင်ဗျ၊ (၈) လေးလုံးလို လူထု အုံကြွမှုတွေ ထပ်ပြီးတော့ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့
ဗမာပြည်သူလူထုက လက်ရှိ အခြေအနေကို မနှစ်သက်ကြပါဘူး။ စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ သူတို့  တော်လှန်ကြမှာပါပဲ။ အဲလို
ဖြစ်လာမယ်ဆိုရင်လည်း လက်ရှိ ဒီစစ်တပ်က သွေးထွက်သံယို နှိမ်နင်းပစ်ခတ် ဖြိုခွဲဖို့ သှူန်မလေးပါဘူး။ ဒါကိုလည်း ပြီးခဲ့တဲ့ ကျနော်တို့
စက်တင်ဘာအရေး အခင်းတုန်းက မျကှ်ါးထင်ထင် တွေ့ခဲ့ဖူးပါတယ်။

ဦးအောင်လွင်ဦး။ ။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူထုအုံကြွမှုတွေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်မယ်ဆိုလို့ရှိရင် ဒီလိုမျိုး အခြေအနေ နဲ့
ရင်မဆိုင်ရအောင် စစ်တပ်ပါဖို့လိုမလား ခင်ဗျား။

ဗိုလ်ကြီး စိုငှ်းင်းကျော်။ ။ အကောင်းဆုံးကတော့ တပ်မတော်ထဲက ကျနော်တို့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို လိုလားတဲ့ အင်းအား စုတွေ
လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ပြီးတော့မှ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ တပ်မတော်သား အများစုက ပြည်သူလူထုနဲ့
ပူးပေါင်းပှါင် လက်တွဲမယ်ဆိုလို့ ရှိရင်တော့ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို အမြန်ဆုံး ချောချောမောမော ကျနော်တို့
ရရှိနိုင်ပါတယ်။

ဦးအောင်လွင်ဦး။ ။ စစ်တပ်ထဲက ပေါ့နော် စောစောကလိုမျိုး ဒီမိုကရေစီ အရေးကို လိုလားတဲ့ ဒီလိုလူတွေ အခုအချိန်ထိ ဒီဘက်က
ဒီမိုကရေစီ အင်အားစုတွေ ဘက်ကို ပါမလာသေးတာ ဘာအကြောင်းတွေကြောင့်လဲခင်ဗျား။

ဗိုလ်ကြီး စိုငှ်းင်းကျော်။ ။ အဓိက ကတော့ ကျနော်တို့ဘက်က ထိရောက်တဲ့ အင် အားတစ်ခု ရှိဖို့လိုပါတယ်။ ကျတော်တို့ဆီက ထိရောက်တဲ့
အင်အားစုတစ်ခု ခိုင်ခိုင်မာမာ ပေါ်ထွန်းလာဖို့ ထိရောက်တဲ့ ခေါင်းဆောင်မှုတစ်ရပ် ပေါ်ထွန်းလာဖို့ လိုအပ်နေပါတယ်ခင်ဗျား။

ဦးအောင်လွင်ဦး။ ။ ဒီဘက် ဒီမိုကရေစီ အင်အားစုတွေဘက်က ပေါ့နော် နိုင်ခြေပေါ်နိုင်တဲ့ အခြေအနေမျိုး တစ်စုံတစ်ရာ ပေါ်လာရင် တော့
တပ်ဘက်ကလည်း ပါလာမယ်လို့ ဗိုလ်ကြီး စိုငှ်းင်းကျော်က ယူဆတယ်ပေါ့။

ဗိုလ်ကြီး စိုငှ်းင်းကျော်။ ။ အဓိက က အဲဒါပါပဲ ခင်ဗျား၊ ပြည်သူလူထု ဘက်ကို ကူးပြောင်းပြီးတော့မှ ရပ်တည်လာမယ့် အင်အားစု တွေက
အမှန်တကယ် တပ်ထဲမှာ ရှိပါတယ်။ ဒါပေမယ့် မျဉ်း တစ်ခုကို ကျော်ဖို့ ဆိုတာ မလွယ်ပါဘူးခင်ဗျ၊ သူတို့ ဘှတွေ အသက်တွေ မိသားစုတွေ
အကုန်လုံးကို စတေးပြီးတော့မှ သူတို့ ဖြတ်ကျော်ရမှာပါ။ အဲဒီလို ဖြတ်ကျော်နိုင်ဖို့ အတွက် ကျနော်တို့ ဘက်က သူတို့ကို လိုအပ်တဲ့
ယုံကြည်မှုတွေ ကျနော်တို့ သူတို့ကို လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေ ကျနော်တို့ ကျန်တဲ့ ခွန်အားတွေ အပြည့်အှ ပေးဖို့လိုပါတယ်။
အကူအညီတွေ ထိထိရောက်ရောက် ပေးဖို့ လိုပါတယ်။ အဲဒီအကူအညီတွေ ထိထိရောက်ရောက်ပေးဖို့ဆိုတာလည်း ကျနော်တို့ ပါးစပ်နဲ့
ပြောရုံနဲ့ မရပါဘူး။ တပ်ထဲက အင်အားစုတွေက ကျနော်တို့ ဒီအတိုက်အခံ အင်အားစုတွေကို ယုံကြည်စိတ် ချ ချင်ပါတယ်။ ဒါပေမယ့်
ကျနော်တို့ အတိုက်အခံ အင်အားစုတွေက တပ်ထဲက ပြုပြင်ပြောင်းလဲချင်တဲ့ အင်အားစုတွေကို လက်ကမ်းဖိတ်ခေါ်တဲ့ နေရာမှာ
ကျနော်တို့က တာှန္ရွိရွိ တာှန္သိသိနဲ႔ ကိုယ္ယူတဲ့ တာှန္ကို ထိထိရောက်ရောက် အကူအညီပေးဖို့ လိုအပ်ပါတယ်ခင်ဗျား။

ဦးရော်နီညိမ်း။ ။ ဒါကတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း စိုငှ်းင်းကျော်ရဲ့ သုံးသပ် စမ်းစစ် ချက်
ဖြစ်ပါတယ်။ ဗိုလ်ကြီးဟောင်း စိုငှ်းင်းကျော်ဟာ ပြည်ပ အခြေစိုက်တဲ့ မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံးကို စတင်
တည်ထောင်သူ တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ နောက်တစ်ယောက်ကတော့ အခုအခါ ထိုင်းနိုင်ငံ အခြေစိုက် Thai Action Committee for Democracy in Burma
(NGO) အဖွဲ့က ကိုမြင့ှ်ေပါ။ တပ်မတော်လေ အမှတ် (၅ှဝ) လေတပ်စခန်းက လေတပ်စစ်သည် ကိုမြင့ှ်ေဟာ ဗိုလ်ကြီးဟောင်း
စိုငှ်းင်းကျော် လိုပဲ (၈) လေးလုံး အရေးတော်ပုံ ကာလ မှာ ပြည်သူ့ဘက်ကို ကူးပြောင်းလာသူပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရေး
အပြောင်းအလဲ ဖြစ်လာဖို့ တပ်မတော်က ပှါင်မှရမယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ ကိုမြင့ှ်ေကို ပြည်သူ့ဘက်ကူးပြောင်း လာဖို့ ဘယ်လို
အချက်တွေက စေ့ဆော်ခဲ့ပါသလဲဆိုတာကို စပြီး မေြး မန်းကြည့်ခဲ့ပါတယ်။

ကိုမြင့ှ်ေ။ ။ ကျနော်တို့တွေက မြစိမ်းရောင်၊ ရွှေါမြေတွေကို သွားတဲ့အခါမှာ တပ်မတော်သားတွေက အဲဒီဒေသခံလယ်သမား တွေ၊


တောင်သူလယ်သမားတွေနဲ့ ထိတွေ့ရတယ်၊ နောက် ကျနော်တို့လေတပ်ကလူတွေက မြို့ပေါ်မှာ အနေများတော့ ဌာနဆိုင်ရှာန်ထမ်း
တွေနဲ့ ထိတွေ့ တဲ့အတွ က် ဒီနိုင်ငံရဲ့အခြေအနေ စီးပွါးရေး နိုင်ငံရေး အစိုးရအခြေအနေတွေက လုံှး မကောင်းဘူးဆိုတာ ကျနော်တို့
သတိထားမိနေတယ်။ ခံစားသိရှိနေရတယ်ပေါ့နော်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဒီ တပ်ကလွှတ်တဲ့ မြစိမ်းရောင်တို့ ရွှေါမြေတို့ ဒါစစ်ဆင်ရေး၊ လယ်တောထဲကို ဆင်းရတဲ့ လုပ်အားပေး
စစ်ဆင်ရေးတွေမှာ လိုက်ခဲ့ဖူးတဲ့အတွက် ပြည်သူလူထုနဲ့ ထိတွေ့ခဲ့ဖူးတဲ့အတွက် မြင်သိနေပြီ၊ နှစ်အနည်းငယ် အလိုလောက် ကတည်းက (၈)
လေးလုံး မဖြစ်ခင်ပေါ့နော်။ အဲဒီတော့ ဟုတ်ပြီ၊ ဒါတစ်ဖြည်းဖြည်း စုပေါင်းလာတဲ့ အကြောင်းအရင်း၊ (၈) လေးလုံးကြီး သြဂုတ်လ (၈) ရက်နေ့
ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ တပ်မတော်သား တစ်ယောက်အနေနဲ့ ပါလာဖို့ အတွက် ဘယ်လို အဓိက အချက်က စေ့ဆော်ပြီးတော့မှ
ပှါင်လာဖြစ်ပါသလဲ။

ကိုမြင့ှ်ေ။ ။ ကျနော်တို့က အားလုံး ဒီအနီးကပ် သတင်းတွေ၊ သတင်းဌာနတွေက ထုတ်တဲ့ ရေဒီယို ဘီဘီစီ တို့ဘာတို့က သတင်းတွေ
ကိုလည်း ကျနော်တို့ အမြဲ တမ်း နားထောင် နေတယ်၊ နောက် ကျနော်တို့ ရဲဘော်တွေထဲမှာလည်း အချင်းချင်း ဆွေးနွေးမှုတွေရှိတယ်။ နောက်
တစ်ချက် ပြည်တွင်း ရန်ကုန်မြို့ပေါ်မှာ ဘယ်ကမှန်းမသိဘူး ဖြန့ှ်ေနေတဲ့ စာတိုလေးတွေ၊ လက်ကမ်းစာစောင်လေးတွေလည်း ကျနော်တို့
ရတယ်။ အဲဒါတွေကို ကျနော်တို့ သတိထားမိတယ် စဉ်းစားေ ဆွးနွေးမိတယ်၊ နောက်တစ်ချက်က အဲဒီလို ကျနော်တို့ ဖြစ်နေတဲ့အချိန်မှာ
တပ်မတော်(လေ) က စစ်လေယဉ်တွေကို သုံးပြီးတော့ မြောက်ဥက္ကလာ မှာ ရှိတဲ့ ပြည်သူတွေကို ကြည်းတပ်က တပ်ခွဲတစ်ခွဲကို ဖယ်ထုတ်ဖို့
အတွက် သုံးလိုက်တဲ့ ကိစ္စ အဲဒီကနေရိုက်ခတ် တာ၊ ပြီးတော့ အဓိက က (၅ှဝ) လေတပ်စခန်း ရဲ့ လက်နက်တိုက်မှာ ဒုံးပစ်ကျည်တို့၊
ကျည်ဆံတို့ ဗုံးတို့ကို ပတ်ကားကျည်တွေ (ကျည်ဆံအစစ်တွေ ) လာထုတ်တာက မြောက်ဥက္ကလာ အတွက် ကျည်ဆံထုတ်တယ်ပေါ့၊ ဆိုတော့
အဲဒီဟာက ကျနော်တို့ တပ်မတော် (လေ) တစ်ခုလုံးအတွက် တော်တော် အံ့သြ သွားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကိုမြင့ှ်ေ ကျနော်တို့ (၈) လေးလုံး အုံကြွမှုကြီးမှာ တပ်မတော်သား များများစားစား မပါလာနိုင်တာ အဲဒါမျိုး
ကိုကော ကိုမြင့ှ်ေ အခု နောက်ကြောင်း နှစ် (၀ှ) နဲ့ ပြန်ကြည့်ပြီးတော့ ဘယ်လို သုံးသပ်ပြီး မြင်လဲခင်ဗျား။

ကိုမြင့ှ်ေ။ ။ ဒီစစ်တပ်ဆိုတာက စစ်သားက စိတ်ထဲမှာ ဘယ်လောက်ကြီး ခံစားချက် ရှိနေရှိနေ အမိန့်ပေး တဲ့ အပေါ်မှာ မူတည်ပြီး တော့
သူတို့က ရပ်တည်ရတာကိုး၊ အဲဒီအခါကျတော့ ဒီတပ်က အောက်ခြေ ရဲဘော်တွေက တကယ်ခံစား နေရပေမယ့် တပ်မှူးကြီးတွေက ဒါ အမှန်
အတိုင်း အမှန်တရားကို တကယ့်ပြတ်ပြတ်သားသားနဲ့ ပကတိအတိုင်း ယူဆ ယုံကြည်ပြီးတော့ သူတို့ ဆောင်ရွ က်မယ်ဆိုရင် ဒါကျနော် တို့
ဒီအပြောင်းအလဲ ဟာ တပ်ကနေဦးဆောင်ပြီး ပြောင်းလဲလို့ ရမှာပါ။

ဦးရော်နီညိမ်း။ ။ (၈) လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ တပ်မှူးဟောင်း ရဲဘော်ဟောင်း မျိုးချစ်စစ်သည် အပေါင်းတို့ စုဖွဲ့ရာ
မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ကြီးရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့တဲ့ အခုအခါ သြစတြေးလျ နိုင်ငံမှာ နေထိုင်နေသူ အငြိမ်းစား
ဒုတိယဗိုလ်မှူးကြီး အေးမြင့် (၈) လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ် နှိမ်နင်းဖို့
တှာန်ပေးခြင်း ခံထားရပေမယ့် ပြည်သူ့ဘက်ကို ကူးပြောင်း ပှါင်ခဲ့တဲ့ အခုအခါ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေသူ ဗိုလ်ကြီးဟောင်း
စိုငှ်းင်းကျော် (၈) လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ကျရာ နေရာကနေ တက်တက်ကြွကြွ ပှါင်လှုပ်ရှားခဲ့တဲ့ အခုအခါ ထိုင်းနိုင်ငံ
မှာ နေထိုင်နေသူ လေတပ်စစ်သည်ဟောင်း ကိုမြင့ှ်ေ စတဲ့ မျိုးချစ် တပ်မှူး၊ တပ်သားတွေရဲ့ (၈) လေးလုံး နောက်ကြောင်းပြန် စမ်းစစ်
သုံးသပှ်ေဖန်ချက်တွေကို စုစည်းတင်ပြခဲ့တာ ဖြစ်ပါတယ် ခင်ဗျား။ နောက်သတင်းပတ် တနင်္ဂနွေနေ့ (၈) လေးလုံး လူထုအုံကြွမှု
အရေးတော်ပုံကြီး (၀၀) နှစ် တင်းတင်းပြည့်တဲ့ သြဂုတ်လ (၈) ရက်နေ့ နံနက် တပ်မှူးတပ်သား ပြောစကား အစီ အစဉ်မှာတော့ လွတ်မြောက်
ရေးလှုပ်ရှားမှုတွေမှာ တပ်မတော် တစ်ခုလုံး ဘာလို့ မပှါင်သလဲ ခေါင်းစဉ်နဲ့ စမ်းစစ် သုံးသပ်မှု အပိုင်း (၀) ကို တင်ဆက် မှာ ဖြစ်ပါတယ်။
တပ်မတော်ထဲကနေ ဒီမိုကရေစီအရေး အပြောင်းအလဲလိုလားသူ တပ်မှူးကြီး တပ်မှူးငယ်တွေဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်နေတဲ့
အတိုက်အခံတွေ အပေါ်မှာလည်း ယုံကြည်အားထား မှု မရှိလို့ သူတို့ချင်း သူတို့ဟာ သူတို့ ဘာတွေလုပ်လာနိုင်သလဲ ဆိုတာကို (၈) လေးလုံး
အရေးတော်ပုံမှာ ပှါင်ခဲ့သူ တစ်ခြားသော တော်လှန်ရေးတွေမှာ ပှါင်ခဲ့သူ အတွေ့အကြုံရှိ တပ်မှူးဟောင်းတွေနဲ့ စမ်းစစ် သုံးသပ်ချက်တွေကို
လွတ်မြောက်ေ ရး လှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး ဘာလို့ မပှါင်သလဲ ခေါင်းစဉ်ရဲ့ အပိုင်း (၀) မှာ စုစည်း တင်ဆက်သွားမှာ ဖြစ်ပါ
တယ်ခင်ဗျား၊ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

You might also like