Professional Documents
Culture Documents
စက်တင်ဘာအရေးအခင်း ဘာလို့ကျရှုံးခဲ့ရတယ်ဆိုတာ
စက်တင်ဘာအရေးအခင်း ဘာလို့ကျရှုံးခဲ့ရတယ်ဆိုတာ
CIVIL RESISTANCE & POWER POLITICS : The Experience of Non-violent Action from Gandhi to the Present
စာအုပ်မှ အခန်းတစ်ခုဖြစ်တဲ့ စာရေးဆရာမ Christina Fink ရဲ့ The Moment of the Monks: Burma, 2007 ဆောင်းပါးကို
Poe C ကနေ မူရင်းအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျောအောင်ပြန်ထားတာဖြစ်ပါတယ်။
သံဃာတော်တို့ရဲ့အချိန်ကာလ : မြန်မာပြည်၊ ၂၀၀ရ ခုနှစ်
ခရစ်စတီနာ ဖင့်ခ် 1
1
Christina Fink ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ the International Sustainable Development Studies Institute က Lecturer တစ်ယောက်ဖြစ်ပြီးတော့
သူမက သူမရဲ့ Ph.D(social/cultural anthropology) ဘွဲ့ကို 1994 ခုနှစ်က UC Berkeley ကနေ ရရှိခဲ့သူပါ။ သူမရေးသားခဲ့တဲ့စာအုပ်က Living Silence: Burma
Under Military Rule (Zed Books, 2001) ဖြစ်ပြီး တွဲဖက်ပါဝင်တည်းဖြတ်ခဲ့တဲ့ စာအုပ်ကတော့ Converging Interests: Traders, Travelers, and Tourists in
Southeast Asia (University of California at Berkeley, 1999) ဖြစ်ပါတယ်။ မူရင်းစာရေးသူက Peter Carey, Małgorzata Gorska နှင့် ဝင်းမင်းတို့ကို ဒီအခန်းရဲ့
အစောပိုင်းမူကြမ်းတွေအပေါ်မှာပေးခဲ့တဲ့ သူတို့ရဲ့အဖိုးတန်တဲ့ မှတ်ချက်တွေ၊ အကြံပေးချက်တွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောထားပါတယ်။
ဒီအခန်းမှာတော့ စက်တင်ဘာ ၂၀၀၇ လူထုလှုပ်ရှားမှုရယ်၊ မြန်မာပြည်က စစ်တပ်အပ
ုချုပ်သူတွေရယ်၊ နိုင်ငံတကာက ကြိုးကိုင်
ခေါင်းဆောင်သူတွေရယ်၊ မြန်မာပြည်ရဲ့အကြီးဆုံးအိမ်နီးချင်းနိုင်ငံတွေရယ်နဲ့ ကုလသမဂ္ဂတို့ရဲ့ အချင်းချင်းကြားက အားပြိုင်မှုတွေကို
တင်ပြသွားပါမယ်။ နောက်ပြီးတော့ ဘာဖြစ်လို့များ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက ဦးဆောင်မှုကို ပြုခြဲ့ ကတာလဲဆိုတာနဲ့ ဒီလှုပ်
ရှားမှုကြီးရဲ့ အကျိုးသက်ရောက်မှုကို ဘယ်လိုတန်ဖိုးဖြတ်အဆုံးအဖြတ်ပြုသင့်တယ်ဆိုတာတွေနဲ့အတူ အကြမ်းမဖက်လှုပ်ရှားပါ့
မယ်လို့ သံဓိဋ္ဌာန်ချထားချက်ရဲ့ အဆင့်ကွဲပြားပုံ၊ နည်းပညာအသစ်တွေရဲ့အခန်းကဏ္ဍ၊ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်ပါ
ရုန်းကန်နေရတဲ့ မြန်မာပြည်အခြေအနေရဲ့သီးခြားစရိုက်လက္ခဏာများကိုပါ ဆွေးနွေးသွားပါမယ်။
**********************
၁၉၈၈ခုနစ
ှ် ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့ကြတဲ့ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထား
တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မှာ ဆန္ဒပြချီတက်မှုတွေလုပ်ခဲ့
ပြီး အစိုးရထံမှာ ဈေးနှုန်းတွေ မြင့်တက်နေတာတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ အစိုးရက လျင်လျင်မြန်မြန်နဲ့ပဲ သူတို့
ရှာဖွေဖမ်းဆီးနိုင်ခဲ့တဲ့ အဖွဲ့ရဲ့ဦးဆောင်သူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်ခဲ့တာကြောင့် ချီတက်ဆန္ဒပြသူတွေရဲ့ စိုးရိမ်မှုတွေ
က တိုးတိုးလာခဲ့တယ်။
နောက်ငါးရက်ကြာပြီးတဲ့ နောက်မှာ တော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု All Burma Monks Alliance (ABMA) ကို
တည်ထောင်ကြောင်း ကြေငြာခြဲ့ ပီး သံဃာတော်တွေကို ပြန်လည်ဝန်ချတောင်းပန်ဖို့၊ စက်သုံးဆီဈေးနှုန်းများနဲ့ အခြားသောအခြေခံ
လူသုံးကုန်တို့ရဲ့ ဈေးနှုန်းများကို လျော့ချပေးဖို့၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်
ရေးအတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်များပါတဲ့ တောင်းဆိုချက်ကို အစိုးရထံမှာတောင်း
ဆိုခဲ့ကြပါတယ်။ 2 ဒီဖော်ပြချက်မှာ အကယ်၍များ စက်တင်ဘာ ၁၇ရက်နေ့ ရောက်သည်အထိ အစိုးရဖက်မှ တုန့်ပြန်မှုမရှိခဲ့လျှင်
ဘုန်းတော်ကြီးများအနေနဲ့ စစ်တပ်နဲ့ ၄င်းတို့ရဲ့မိသားစုများထံကနေပြီးတော့ အလှူခံမှုကို ငြင်းဆန်ခြင်း၊ ၄င်းတို့ကျင်းပတဲ့ ဘာသာ
ရေးပွဲလမ်းသဘင်များကို ငြင်းဆန်ခြင်းတွေကို ပြုလုပ်သွားမယ့် ဘာသာရေးဆိုင်ရာ သပိတ်မှောက်မှုကို ဦးဆောင်ပြုလုပ်သွားမည်လို့
ပါရှိပါတယ်။ 3 သူတို့ရဲ့တောင်းဆိုမှုတွေကို အစိုးရက ငြင်းဆန်လိုက်တဲ့အချိန်မှာတော့ ဘုန်းတော်ကြီးတွေက သပိတ်ကိုစတင်လိုက်
ပြီး လမ်းတွေပေါ်ကို ထွကလ
်ာကြတယ်။ ပုခုက္ကူက အဖြစ်အပျက်ရဲ့သတင်းနဲ့ ABMA ရဲ့ ကြေငြာချက်တွေက ဘုန်းတော်ကြီး
ကျောင်းတွေနဲ့ ဒကာ၊ဒကာမတွေဆီကို ပြည်ပကအသံလွှင့်ဌာနတွေကနေတဆင့်ကော အချင်းချင်းပါးစပ်သတင်းအနေနဲ့ပါ ပျံ့နှံ့သွား
ခဲ့တယ်။ ဘုန်းတော်ကြီးအစုအဖွဲ့ငယ်ကလေးတွေက သူတို့ရဲ့ကျောင်းထိုင်ဆရာတော်ကြီးတွေဆီက ခွင့်ပြုချက်နဲ့ရော၊ ခွင့်ပြုချက်မရှိ
ပဲနဲ့ပါ ပေါ်ပေါက်လာကြတယ်။
2
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ကြေငြာချက်၊ ဝါခေါင်လပြည့်ကျော် ၁၂ရက်၊ ၁၃၆၉ခုနှစ်၊ တနင်္ဂနွေ၊ ကြေငြာချက်အမှတ် ၁/၂၀၀၇
3
ပါဠိဘာသာမှလာတဲ့ ပတ္တနိကုဇ္ဇနကမ္မဆိုတဲ့စကားရပ်ကနေ ဆင်းသက်လာတာပါ။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကတည်းက ပြုခဲ့တဲ့အမှုဖြစ်ပြီး ပြောင်းပြန်မှောက်
ထားတဲ့သပိတ်ပုံနဲ့ သင်္ကေတပြုပါတယ်။
4
တကယ်တော့ မြန်မာပြည်က သံဃာတွေရဲ့သင်္ကန်းက ကြက်သွေးရောင်ပါ။
5
People’s Alliance Formation Committee, ‘Statement of the People’s Alliance Formation Commit tee to the Entire Clergy and the People of the
Whole Country’, 21 Sept. 2007.
စစ်တပ်ရဲ့အစိုးရကို ထောက်ပံ့ပေးဖို့အတွက် ၁၉၉၃ခုနှစ်မှာ ဖွဲ့စည်းခြဲ့ ပီး အင်အားကြီးမားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်
ရေးနှင့်ဖွံ့ဖြိုးရေးအသင်း Union Solidarity Development Association (USDA)က အသင်းဝင်တစ်ချို့နဲ့အတူ ၄င်းအဖွဲ့နောက်မှ
ဖွဲ့စည်းခဲတ
ဲ့ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ စွမ်းအားရှင်အဖွဲ့တို့ကလည်း အင်အားသုံးဖြိုခွင်းမှုကို ကူညီပေးခဲ့ကြတယ်။ ညဖက်တွေ
မှာဆိုရင် စစ်သားနဲ့လုံထိန်းတွေက ဘုန်းတော်ကြီးကျောင်းတွေကို အငိုက်ဖမ်းစီးနင်းဝင်ရောက်ပြီး သံဃာတော်တွေကို ရိုက်နှက်ကာ၊
ထိန်းသိမ်းရေးစခန်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ဒေါသထွက်နေတဲ့လူငယ်အစုအဖွဲ့တွေက ရက်အတော်ကြာအောင်
လမ်းတွေပေါ်မှာ စုဝေးပြီးနေခဲ့ကြပေမယ့် ခေါင်းဆောင်မယ့်သူမရှိသလို၊ လူစုလူဝေးတွေလည်း ဘယ်မှာမှမရှိတော့ဘူး။ သူတို့ရှေ့
ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာ သိသွားကြတယ်။ နောက်ဆုံးတော့ အစိုးရက ဂျပန်လူမျိုးရုပ်သံသတင်းထောက်တစ်ဦး အ
ပါအဝင် လူ ၁၅ဦးသေဆုံးတယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးလူ့အခွင့်အ
ရေးကိုယ်စားလှယ်ရဲ့ အစီအရင်ခံချက်မှာတော့ ဒီသတင်းထုတ်ပြန်မှုဟာ တကယ့်အဖြစ်မှန်ထက်အများကြီးလျော့ပေါ့ခန့်မှန်းမှု ဖြစ်
နိုင်တယ်လို့ ဆိုထားပါတယ်။ 6 သေဆုံးမှုတွေက လူလေးထောင်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ယာယီထိန်းသိမ်းရေးစခန်း
တွေနဲ့ ထောင်တွေမှာ ပိုပိုပြီးဖြစ်နေခဲ့တယ်။ သံဃာတွေအတော်များများကိုတော့ အဓမ္မသင်္ကန်းချွတ်ခိုင်းတာမျိုးတွေ လုပ်ခဲ့တယ်။
© AP Images/PAPhotos
ပုံ ၁။ ။ မေတ္တာတရားအတွက်ဆန္ဒထုတ်ဖော်ခြင်း။ ဗုဒဘ
္ဓာသာဝင် ဘုန်းတော်ကြီး ၂သောင်းကျော်နဲ့ လူထုကြီးတို့ ရန်ကုန်တွင်ချီ
တက်နေပုံ။ ၂၃ စက်တင်ဘာ ၂၀၀၇။ ဘုန်းတော်ကြီးတွေက မေတ္တာဘာဝနာနဲ့ဆိုင်တဲ့ ဗုဒ္ဓကျမ်းစာတွေကို ရွတ်ဆိုပြီး မြန်မာဗိုလ်ချုပ်
ကြီးတွေကို သူတို့ရဲ့ပြည်သူတွေခံစားနေရတဲ့ အခက်အခဲတွေကို သက်သာအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပုံဖြစ်ပါတယ်။
6
Paolo Sergio Pinheiro, Report of the Special Rapporteur on the Situation of Human Rights in Myanmar, UN doc. A/HR/6/14 of 7 Dec. 2007,
10.
ဘုန်းတော်ကြီးအများအပြားက ယုံကြည်တာက သူတို့ဒီလိုချီတက်နေတာက မေတ္တာသက်သက်ဖြစ်ပြီး ဒဏ်ခတ်အပြစ်တင်တာမျိုး မ
ဟုတ်ဘူးဆိုတာပါ။ ဒီဆန္ဒပြပွဲဟာ ပေါ်ပေါ်ထင်ထင်လပ
ု တ
်ဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုးဆိုတာထက် ဘာသာရေးကို အခြေခံတဲ့ ချီတက်ပွဲ
တစ်ခုဖြစ်လို့ပါ။
**********************
7
For an overview of contemporary political issues in Burma, see David I. Steinberg, Burma: The State of Myanmar (Washington DC:
Georgetown University Press, 2001). For an engaging historical account, see Thant Myint U, The River of Lost Footsteps: Histories of Burma
(New York: Farrar, Straus, & Giroux, 2006).
ကြောင်းအချက်ဖြစ်လို့နေတယ်။ ၂၀၀၇လူထုဆန္ဒပြပွဲကြီးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်အများစုဟာ သူတို့ပညာသင်ကြားရာနဲ့ လေ့လာ
ဆည်းပူးရာဖြစ်တဲ့ စာသင်ကျောင်းတိုက်တွေကနေ လာကြတာဖြစ်တယ်။ အချို့သောဦးဆောင်စည်းရုံးသူတွေက ၁၉၈၈ခုနစ
ှ် လူထု
လှုပ်ရှားမှုမှာပါဝင်ခဲ့တာကြောင့်မို့လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ၁၉၉၀မှာ စစ်တပ်ကို ဆန့်ကျင်ခဲ့တဲ့ ဘာသာရေးသပိတ်ကြောင့်ပဲဖြစ်ဖြစ်
နှစ်ရှည်လများ အကျဉ်းကျခံထားရဖူးသူတွေဖြစ်တယ်။ ၉၀ပြည့်နှစ်သပိတ်ဟာ စစ်တပ်က မန္တလေးမြို့မှာပြုလုပ်မယ့် ၈လေးလုံးနှစ်
နှစ်ပြည့်နှစ်ပတ်လည် အမှတတ
် ရပြည်သူ့ ဆန္ဒပြပွဲအတွက် စည်းရုံးလှုံဆော်နေတဲ့ သံဃာတွေနဲ့ ကျောင်းသားတွေကို အကြမ်းဖက်
နှိမ်နင်းခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်။ ထောင်ကျနေစဉ်မှာ ပဲ အချို့သောသံဃာတွေဟာ ၈၈မျိုးဆက်တက်ကြွလှုပ်ရှား
သူတွေနဲ့ ရင်းနှီးခင်မင်မှုရှိခဲ့ကြတယ်။ အချို့သောရဟန်းပျိုခေါင်းဆောင်တွေက လူ့အခွင့်အရေး၊ ဒီမက
ို ရေစီနဲ့ အကြမ်းမဖက်တုံ့ပြန်
လှုပ်ရှားမှုတွေအကြောင်းကို တက်ကြွလှုပ်ရှားသူတွေနဲ့ ထိတွေ့မှုတွေဆီကတဆင့်ဖြစ်စေ၊ ကိုယ်တိုင်လေ့လာသင်ယူမှုကနေဖြစ်
စေ သင်ယူခဲ့ကြတယ်။ လမ်းတွေပေါ်မှာ ဦးဆောင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးအချို့ကတော့ နိုင်ငံရေးနောက်ခံဘာဆိုဘာမှမရှိပဲနဲ့ BBC
တို့ ပြည်ပရောက်သတင်းဌာနတွေတို့က ထုတ်လွှင့်တဲ့အသံလွှင့်ချက်တွေကိုသာ ရံဖန်ရံခါနားထောင်ဖူးကြတာဖြစ်တယ်။ သာမာန်
ဘုန်းတော်ကြီးတွေကိုတောင်မှပဲ စည်းရုံးနိုင်ခဲ့တယ်။ သံဃာတော်တစ်ပါးက အခုလိုမိန့်တယ်။ “ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး
နဲ့ နိုင်ငံရေးဆိုတာတွေက အားလုံးဆက်စပ်နေတယ်။ ဒါတွေကိုခွဲထုတ်လို့မရနိုင်ဘူး။” 8
© AFP/Stringer/Getty Images
8
Interview, 28 Jan. 2008.
ပုံ ၂။ ။ လူဝတ်ကြောင်များရဲ့ ဆန္ဒထုတ်ဖော်ပွဲမှ စီးပွားရေးဆိုင်ရာ တောင်းဆိုချက်။ ဗုဒ္ဓဘာသာဝင်သံဃာတော်တွေရဲ့ ရန်ကုန်မြို့
လမ်းတွေပေါ်မှာ ဆန္ဒပြပွဲကို ထောက်ခံကြသူများ။ ၂၅ စက်တင်ဘာ ၂၀၀၇။ ပြင်းထန်တင်းကျပ်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သ
တိပေးချက်ကို ဆန့်ကျင်ပြီးပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ။ ဒါကကြီးကျယ်တဲ့ပြည်သူလူထုရဲ့ စစ်ခေါင်းဆောင်တွေနဲ့ ၄င်း
တို့ရဲ့တင်းကျပ်တဲ့ချုပ်ချယ်မှုတွေကို အာဏာဖီဆန်မှုပြုလုပ်တဲ့နေ့တွေထဲက တစ်နေ့ပါ။ ခေါင်းစီးစာတန်းကို ကိုင်ဆောင်လာတဲ့ လူ
ငယ်တွေရဲ့အနောက်ကပ်လျက်ကနေ ချီတက်ဆန္ဒပြသူတွေက ဥပဒေပြင်ပအဖွဲ့အစည်းဖြစ်တဲ့ All Burma Federation of
Students Unions အဖွဲ့ရဲ့အလံကိုကိုင်ပြီး ချီတက်လာတာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာဆိုရင် တက်ကြွလှုပ်ရှားသူ မျိုးဆက်သစ်
ကျောင်းသားတွေနဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး လွတ်လပ်လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံထားတဲအ
့ ဖွဲ့
ဖြစ်ပါတယ်။
**********************
ဘာလိပ
ဲုဖြစ်ဖြစ် ဝန်ထမ်းလောကနဲ့ တပ်အတွင်းက အဖွဲ့ဝင်တွေကို ဆန္ဒပြမှုတွေမှာ ပါဝင်လာအောင်လို့ ယုံကြည်လာအောင် ဖျောင်း
ဖျနိုင်ဖို့ဆိုတာက အတိုက်အခံလှုပ်ရှားမှုဟာ အောင်မြင်မှုရှိရမယ်လို့ ရှင်းရှင်းလင်းလင်းမြင်သာမှုရှိဖို့ ဦးဆုံးလိုပြီး အဲဒီလိုရှင်းလင်းမှု
မရှိရင်တော့ သူတို့ပါဝင်လာနိုင်ဖို့ဟာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ အကယ်၍များ လှုပ်ရှားမှုတွေက ရှုံးနိမ့်ခဲ့မယ်ဆိုရင်၊ ဝန်
ထမ်းတွေအနေနဲ့ သူတို့ရဲ့အလုပ်အကိုင်တွေကို ဆုံးရှုံးရမှာဖြစ်ပြီးတော့ တပ်မတော်သားတွေအနေနဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်
တွေချမှတ်ခံရနိုင်သလို၊ နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းတယ်လို့ စွပစ
်ွဲခရ
ံ ပြီး သေဒဏ်တောင်မှ ပေးခံရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်
လည်း အခုမြင်ရတဲ့အနေအထားမှာတော့ တပ်မတော်ကနေပြီးတော့မှ စွမ်းအားရှိတဲ့အဖွဲ့တစ်ဖွဲ့ကို စည်းရုံးနိုင်မှသာရယ် ဗမာပြည်ရဲ့
လူထုတော်လှန်ရေးလှုပ်ရှားမှုတွေဟာ အောင်မြင်နိုင်ဖွယ်ရာရှိနေပါတယ်။
9
Nicolae Ceausescu (1918-1989) ရိုမေးနီးယမ်း နိုင်ငံရေးခေါင်းဆောင်၊ သမ္မတအဖြစ် 1967 – 89 အထိဆောင်ရွက်ခဲ့
10
Mary Callahan, Making Enemies: War and State Building in Burma (Ithaca, NY: Cornell University Press, 2003), 221.
ချက်တွေအပေါ်မှာ ငြင်းဆန်မှုတွေပြုလုပ်နေတာက လူနည်းစုလူမျိုးတွေနဲ့ အငြင်းပွားမှုတွေကို ပိုမိုဆိုးရွားစေသလို၊ ငြိမ်းချမ်းရေးကို
ဦးတည်နိုင်မယ့် လူနည်းစုလူမျိုးပါတီများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများက တောင်းဆိုနေတဲ့ စစ်မှန်တဲ့ဒီမိုကရေစီ နိုင်ငံတည်
ထောင်ရေး၊ ဖဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးတို့ကို နှောင့်နှေးသွားစေခဲ့တယ်ဆိုပြီး အငြင်းပွားနေကြပါတယ်။ ဒါပေမယ့်လည်း
တရုတအ
် ပါအဝင် အထူးသဖြင့် အာဏာရှင်ဆန်တဲ့ အာရှနိုင်ငံခေါင်းဆောင်အချို့ဆီကတော့ အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ
အစိုးရအဖွဲ့တို့ရဲ့ လူနည်းစုလူမျိုးတွေဆီကနေ ထွကေ
် ပ်ါလာမယ့် ပြင်းထန်တဲ့အကြမ်းဖက်မှုအန္တရာယ်ကနေ ကာကွယ်နိုင်စွမ်းအရည်
အချင်းနဲ့ပတ်သက်ပြီး သံသယရှိကြောင်း အသံတွေထွကလ
်ာခဲပ
့ါတယ်။
ဒါ့အပြင်ကို တရုတ်ကစိုးရိမ်တာက NLD က ဦးဆောင်မယ့်အစိုးရအဖွဲ့ဟာ US နဲ့ပိုပြီးတော့နီးစပ်တဲ့ ဆက်ဆံရေးရှိနေပြီးတော့ တ
ရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုမှာက စစ်တပ်ကအုပ်ချုပ်ချိန်မှာလောက် လိုလိုလားလားလက်ခံမယ့် ပုံမရှိတာပဲ။ အနာဂတ်မှာ မြန်မာ
ပြည်တွင်းမှာရှိတဲ့ ကြီးမားတဲ့စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေအပေါ်မှာ ထိခိုက်နစ်နာမှုမျိုးမရှိဘူးဆိုတာ သေချာမယ့်အနေအထားမျိုးကို
တရုတ်ဖက်ကအလိုရှိတယ်။ အခုအချိန်အထိတော့ တရုတအ
် နေနဲ့ သူတို့ရဲ့အလားအလာရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေကို အားလျော့သွား
စေသလို လူထုအုံကြွမှုတွေကို ဖြစ်ပေါ်စေမယ့်အခြေအနေတွေကို ဖန်တီးနေတဲ့ အစိုးရရဲ့ စီးပွားရေးအပေါ်မှာ လွဲမှားစွားပုံပျက်ပန်း
ပျက်ကိုင်တွယ်နေတာမျိုးကို မနှစ်မြို့နိုင်ဖြစ်နေဆဲပဲ။ တရုတက
် မြင်နေတာက မြန်မာပြည်ရဲ့တည်ငြိမ်မှုက ရွေးကောက်ပွဲတော့ ကျင်း
ပပေးမယ် ဒါပေမယ့် နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍက သြဇာကြီးမားနေဆဲဖြစ်နေအောင် ပြဌာန်းထားတဲ့ အခြေခံဥပဒေအပေါ်
မှာ အခြေခံသွားရမယ်လို့ဆိုထားတဲ့ အစိုးရရဲ့လမ်းပြမြေပုံကို ရှေ့တိုးဆောင်ရွက်ခြင်းအားဖြင့် အကောင်းဆုံးပုံဖော်နိုင်မယ်လို့ ယုံ
ကြည်ထားတယ်။
11
Lalit K. Jha, ‘International Pressure Building on Burma’, Irrawaddy (Thailand), 28 Sept. 2007. Mr Gambari was allowed to meet Aung San
Suu Kyi but could not visit sites where the violence occurred
12
‘Statement by the President of the Security Council’, UN doc. S/PRST/2007/37 of 11 Oct. 2007
13
Mungpi, ‘At Last India Voices Concerns over Burma Turmoil’, Mizzima News (India), 26 Sept. 2007.
ပိတ်ဆို့မှုပြစ်ဒဏ်တွေ ချမှတ်ခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ကိုသူတို့ ယုံကြည်မှုရှိနေဆဲပဲဖြစ်သလို၊ တရုတ်နဲ့အိန္ဒိယတို့က
လည်းပဲ မြန်မာနဲ့စီးပွားရေးတွေ ဆက်လုပ်နေဦးမှာဖြစ်ပါတယ်။
ကုလသမဂ္ဂအနေနဲက
့ မြန်မာနိုင်ငံရဲ့ပြဿနာကို သတိထားမိနေပေမယ့်လို့ ထိရောက်တဲ့ဆောင်ရွက်မှုမျိုးကို မလုပ်နိုင်ဘူးဖြစ်နေပါ
တယ်။ နှစ်တွေကြာပြီးတဲ့နောက်မှာ ကုလသမဂ္ဂအထွေထွေညလ
ီာခံနဲ့ လူ့အခွင့်အရေးကော်မရှင်တို့က ၂၀၀၆ခုနှစ်မှာ လူ့အခွင့်အ
ရေးကောင်စီအဖြစ်နဲ့ ပြန်လည်စုစည်းပြီး မြန်မာနိုင်ငံနဲ့အတွင်းက နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ရေးနဲ့ ပါဝင်သင့်သူများအားလုံး
ပါဝင်ရမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအတွက် ပြစ်တင်ဝေဖန်တဲ့ နှစ်ပတ်လည်ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒါပေ
မယ့် မြန်မာအာဏာပိင
ု ေ
် တွဖက်ကတော့ ကွဲပြားနဲ့တုံ့ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသံတမန် ပေါ
လိုဆာဂျီရိုပီညဲရိုးကို လေးနှစ်လုံး ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့တာက သူ့ရဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်ဖို့ မဖြစ်နိုင်လောက်
အောင် ခက်ခဲစေခဲပ
့ါတယ်။ အင်အားသုံးဖြိုခွင်းမှုတွေ ပြုလုပ်စဉ်ကာလတုန်းကလည်း ကုလသမဂ္ဂရဲ့အထူးသံတမန်အနေနဲ့ အီဘရာ
ဟင်ဂမ်ဘာရီက မြန်မာနိုင်ငံအတွင်းသွားရောက်ခဲ့ပြီး အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့နဲ့ အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု
တွေကို အစပြုဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီနေရာမှာတော့ မြန်မာပြည်သူအများအပြားက ဂမ်ဘာရီဟာ စစ်ဗိုလ်ချုပ်တွေက သူ့ရဲ့စကား
ကို နားထောင်အောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ 14 ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ဖို့
ဆက်ဆံရေးဝန်ကြီးတစ်ယောက်ထားရှိပေးဖို့ကို သဘောတူခဲ့ပေမယ့် အကျိုးဆက်အနေနဲ့ကတော့ လပေါင်းများစွာကြခဲေ
့ ပမယ့် ထိ
ရောက်တဲ့ ဆုံးဖြတ်ချက်မျိုးချမှတ်နိုင်တာမျိုးမရှိခဲ့ပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဖြစ်မနေလိုက်နာရန်မလိုအပ်တဲ့ ဥက္ကဋ္ဌရဲ့
ကြေငြာချက်ထဲမှာ အင်အားသုံးဖြိုခွင်းမှုတွေနောက်ပိုင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေကို ထည့်သွင်းလိုက်တဲ့အချိန်မှာ
တော့ လုံခြုံရေးကောင်စီရဲ့လုပ်ပိုင်ခွင့်အာဏာကို ချဲ့ထွင်ဖို့နည်းလမ်းရှာနေသူတွေအတွက် အရေးပါတဲ့အချက်ဖြစ်လာပါပေမယ့်လို့ ဒီ
အချက်ကလည်းပဲ အစိုးရကို ထိထိရောက်ရောက်ခြိမ်းခြောက်တာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ၂၀၀၈ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာတော့ အစိုးရ
က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေလမှာကျင်းပမှာဖြစ်ပြီး၊ အထွေထွေရွေးကောက်ပွဲကေ
ို တာ့ ၂၀၁၀ခုနှစ်မှာ ကျင်းပမှာဖြစ်တယ်လို့
ကြေငြာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေကတော့ နိုင်ငံရေးပါတီတွေနဲ့စေ့စပ်လိုတာမျိုး၊ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်ချင်တာမျိုး
တွေ မရှိဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်းကို မြင်နေရပါပြီ။
14
Aung Hla Tun, ‘UN Peace Envoy meets Detained Leader’, Reuters, 30 Sept. 2007.
© STR/AFP/Getty Images
ပုံ ၃။ ။ ကုလသမဂ္ဂရဲ့ ပါဝင်မှု က အောင်မြင်မှုအနည်းငယ်ပဲ ရှိခဲ့ပါတယ်။ (ဝဲမှယာသို့) ကုလသမဂ္ဂအထူးသံတမန်အီဗရာဟင်ဂမ်
ဘာရီ၊ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ခေတ္တဝန်ကြီးချုပ်ဒုတိယ
ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် တွေ့ဆုံခြင်း။ ၂ အောက်တိုဘာ ၂၀၀၇။ ဂမ္ဘာရီ
ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သွေးမြေကျရက်
စက်စွာ အင်အားသုံးဖြိုခွင်းနေတာကို ရပ်တန့်ဖို့ကြိုးစားခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ကတော့ အောင်မြင်မှုမရှိခဲ့ပါဘူး။
**********************
လှုပ်ရှားမှုကြီး၏အကျိုးသက်ရောက်မှုများ
15
Interview, 23 Jan. 2008
တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ အင်အားသုံးဖြိုခွင်းမှုကြောင့် တပ်တွင်းဂုဏ်သိက္ခာက အားနည်းရုတ်လျော့သွားခဲ့
တယ်လို့ ထင်မြင်ချက်ပေးကြပါတယ်။ ဒါကနောက်ပိုင်းမှာ ပြန်လည်ရှင်သန်လာနိုင်တဲ့ လှုပ်ရှားမှုအတွက် ဆက်လက်ကျန်ရှိနေသေး
တဲအ
့ ချက် အဖြစ်မြင်ကောင်းမြင်နိုင်ပါတယ်။
**********************
16
According to Amnesty International, ‘Myanmar: Arrests Increasing Four Months On’, 25 Jan. 2008, over 700 people arrested in connection
with the 2007 demonstrations were still in prison, along with over 1,100 political prisoners incarcerated earlier.
17
Human Rights Watch, Crackdown: Repression of the 2007 Popular Protests in Burma, Dec. 2007, documents many cases, 87 8.
18
‘Monasteries Raided Since September 26’, Assistance Association of Political Prisoners Burma (Thailand), www.aappb.org.
19
Ko Dee ‘Sporadic Movements Defying Junta’, Mizzima News, 7 Nov. 2007; Ko Dee, ‘Activists Group Urge People to Revive ‘‘Saffron
Revolution’’ ’, Mizzima News, 27 Nov. 2007.
တာမျိုးကို ငြင်းဆန်မှုကို ဆက်လုပ်နေတာမျိုး၊ ရလာတဲအ
့ လှူကို ဆင်းရဲသားတွေကို ပြန်လည်ဝေငှပစ်တာမျိုးတွေကို လုပ်နေကြသ
လို ရဟန်းပျိုအချို့ကလည်း ၂၀၀၈ ခုနှစ်မှာ အစိုးရကျင်းပပေးမယ့် ဘာသာရေးစာမေးပွဲတွေကိုလည်း သပိတ်မှောက်ဖို့ဆုံးဖြတ်ထား
ကြပါတယ်။ အချို့သောဓမ္မကထိကဆရာတော်တွေနဲ့ ကျောင်းထိုင်ဆရာတော်ကြီးများကတော့ လူစည်ကားရာတရားပွဲတွေမှာ အစိုး
ရကို ပစ်တင်ဝေဖန်မှုတွေကို ရဲတင်းစွာပြုလုပ်ခဲ့သလို အဲဒီဟောပြောချက်တွေကိုလည်း တစ်နိုင်ငံလုံးအနှံ့ ဖြန့်ချိခဲ့ကြပါတယ်။ တစ်
ချိန်တည်းမှာပဲ NLD အဖွဲ့ဝင်တွေကတော့ အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေ လွတေ
် မြာက်ရေးအတွက် အပတ်
စဉ်ဆုတောင်းပွဲတွေကို ပြုလုပ်နေကြဆဲပဲဖြစ်ပါတယ်။ တွေ့ဆံေ
ု ဆွးနွေးရေးအတွက် လူနည်းစုလူမျိုးစုများနေထိုင်ရာ ပြည်နယ်တွေ
ဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စတင်ပြီး ဆန့်ကျင်ရေးပိုစတာတွေကပ်ခါ လှုပ်ရှားမှုတွေလုပ်နေကြပါတယ်။
**********************
20
Satyagraha
လောက်နဲ့ပဲ ပြီးသွားမယ်လို့ မျှော်လင့်နေကြပြီး ရိုက်တာနှက်တာတွေ၊ မီးလောင်ဗုံးတွေနဲ့ ပြစ်ခတ်တာတွေ မပါလောက်ဘူးလို့ ယူဆ
ထားကြတယ်။ 21
ဆန္ဒပြမှုတွေ ဖြစ်ပွားနေစဉ်ကာလ အတွင်းမှာ လူပုဂ္ဂိုလ်အချို့က တုတေ
် တွ၊ ခဲတွေကိုင်ဆောင်ပြီးတော့ သူတို့တိုက်ခိုက်ခံရစဉ်မှာ အ
သုံးပြုလိုခဲ့ကြပေမယ့် သံဃာတွေက ဒါကိုတားမြစ်ခဲ့တယ်။ တကယ်တော့ အစပိုင်းမှာ အချို့သောဘုန်းတော်ကြီးတွေက လူပုဂ္ဂိုလ်
တွေ ဆန္ဒပြပွဲတွေမှာ ပါဝင်လာမှုကို တားမြစ်ခဲ့ရခြင်းအကြောင်းက လူပုဂ္ဂိုလ်တွေဟာ သူတို့ကိုရန်စခံရရင် သူတို့ရဲ့စိတ်ကို ထိန်းချုပ်
နိုင်စွမ်းရှိကြမှာမဟုတ်ဘူးလို့ ထင်မြင်တဲ့အတွက်ဖြစ်တယ်။ ဒ့ါအပြင်သူလျှိအနေနဲ့ ဝင်လာပြီးတော့ တစ်ဖက်လူတွေနဲ့ ထိုးဇာတ်ဆင်
ရန်ဖြစ်တာမျိုးတွေကို ပြုလုပြ် ပီး ပြဿနာတက်အောင်လုပ်တာမျိုးကို တားဆီးဖို့လည်း ပိုမိုခက်ခဲသွားမှာဖြစ်တယ်။ သံဃာတော်တွေ
ဟာ ဆန္ဒပြပွဲတွေအားလုံးမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေစေဖို့နဲ့ အင်အားသုံးဖြိုခွင်းမှုတွေ ယုတ်ချည်းပေါ်ပေါက်လာခဲ့လျှင်တောင်မှ စ
နစ်တကျ ဖြစ်နေစေဖို့ အပြင်းအထန်ကြိုးစားခဲ့ရတယ်။
21
Interview, 4 Feb. 2008.
22
Aung San Suu Kyi, Thakore Prize Acceptance Speech, 2 Oct. 1995. For a detailed explanation of Aung San Suu Kyi’s philosophy of non
violence see Gustaaf Houtman,Mental Culture in Burmese Crisis Politics (Tokyo: Institute for the Study of Languages and Cultures of Asia and
Africa, 1999), part IV
23
Burma: After the Crackdown, BBC documentary, Nov. 2007.
24
‘Burmese Monks’ Leader Speaks From Hiding’, Radio Free Asia (Washington DC), 18 Oct. 2007.
25
‘Apocalypse Naypyidaw’, Irrawaddy, 22 Nov. 2007.
**********************
နည်းပညာအသစ်များ၏ အခန်းကဏ္ဍ
၁၉၈၈ခုနစ
ှ် ဆန္ဒပြပွဲတွေရဲ့ အရွယအ
် စားဟာ ၂၀၀၇ခုနစ
ှ် ဆန္ဒပြပွဲတွေရဲ့ အရွယအ
် စားနဲ့ ယှဉ်လိုက်ရင်အများကြီးပိုပါတယ်။ ဒါပေ
မယ့် ၁၉၈၈တုန်းတော့ နိုင်ငံတကာက ဒါတွေကို မမြင်ခဲ့ရပါဘူး။ ၂၀၀၇ခုနှစ်မှာတော့ အဆက်မပြတ်ထုတ်လွှင့်နေတဲ့ ဗီဒီယိုတွေ၊
ဓါတ်ပုံတွေနဲ့ မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အချိန်နဲ့တပြေးညီ ပေါ်ထွကလ
်ာခြဲ့ ပီး ကမ္ဘာကြီးကို အံ့အားသင့်မှင်
သက်သွားစေခဲ့သလို၊ လူပေါင်းများစွားရဲ့ အာရုံစိုက်မှုကို ရယူနိုင်ခဲ့ပါတယ်။ မိုလ်ဘိုင်းဖုန်းတစ်လုံးရဲ့တန်ကြေးဟာ မြန်မာပြည်မှာ
ဒေါ်လာတစ်ထောင်နဲ့ အထက်ရှိနေပေမယ့် လူအနည်းစုကတော့ အင်တာနက်ချိတ်ဆက်မှုကုန်ကျစရိတ်တွေကို ကုန်ကျခံနိုင်ကြပါ
တယ်။ တက်ကြွလှုပ်ရှားသူများနဲ့ လူမှုဝန်ထမ်းပြည်သူ့သတင်းထောက်များက ဒီနှစ်ခုစလုံးကို အကြီးအကျယ်အခွင့်ကောင်းအဖြစ်
ရယူနိုင်ခဲ့ကြပါတယ်။ ဓါတ်ပုံတွေနဲ့ ၄င်းတို့အပေါ်မှတ်ချက်တွေဟာ BBC နဲ့ CNN တို့ဆီကို email အနေနဲ့ ဝင်ရောက်လာနေသလို၊
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံသာ ဘလော့ဂ်ရေးသားသူတွေနဲ့ ပြည်ပရောက်မြန်မာမီဒီယာဌာနတွေက သူတို့ရဲ့ Website တွေကို
ပုံတွေ၊ သတင်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ပြောကြားချက်တွေနဲ့ အစဉ်တစိုက် update လုပ်ပေးနေခဲ့ပါတယ်။ ဦးဆောင်သူသံဃာတွေနဲ့
ကျောင်းသားတက်ကြွလှုပ်ရှားသူတွေဟာ ပုန်းအောင်းနေကြရပေမယ့်လို့လည်း နိုင်ငံရပ်ခြားမှာရှိတဲ့ သတင်းထောက်တွေနဲ့ တိုက်
ရိုက်အင်တာဗျူးတွေကိုလုပ်ဖို့ မိုလ်ဘိုင်းဖုံးတွေကို သုံးပြီးစီစဉ်နိုင်ခဲ့ကြသလို၊ သူတို့ရဲ့ကြေငြာချက်တွေနဲ့ ကုလသမဂ္ဂ၊ တရုတ်နဲ့
Association of Southeast Asian Nations (မြန်မာနိင
ု င
် က
ံ အဖွဲ့ဝင်အဖြစ်ပါဝင်နေ)တို့ဆီကို ပေးပို့တဲ့ မေတ္တာရပ်ခံချက်တွေကို
လည်း email ကနေ တဆင့်ပေးပို့နိုင်ခဲ့ကြပါတယ်။ စားသောက်ဆိုင်တွေ အတော်များများနဲ့၊ ဟိုတယ်တွေ၊ လူချမ်းသာတွေရဲ့အိမ်
တွေမှာ ဂြိုဟ်တုစလောင်းတွေ တပ်ဆင်ထားတာမို့ သူတေ
ို့ တွဆင်နွဲနေကြတဲ့ ဆန္ဒပြပွဲတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှု
တွေကို နိုင်ငံတကာသတင်းဌာနတွေနဲ့ ပြည်ပရောက် ရုပ်သံနဲ့ရေဒီယိုအသံလွှင့်ဌာနတစ်ခုဖြစ်တဲ့ Democratic Voice of Burma တို့
ဆီကနေပြီးတော့ ကြည့်ရှုခွင့်တွေ ရခဲ့ကြပါတယ်။ ပုံတွေအားလုံးလိုလိုဟာ ရန်ကုန်မြို့ဆီကနေပေါ်ထွက်လာခဲ့တာ ဖြစ်ပြီးတော့
နည်းပညာအသစ်တွေနဲ့ ထိတွေ့ခွင့်နည်းပါးနေတဲ့ အခြားသောမြို့များကနေထွက်ပေါ်လာတာကတော့ နည်းနေပါတယ်။ အခုအချိန်
အထိကိုပဲ ဒီအချက်အလက်တွေက အလွန်ကြီးမားတဲ့အကျိုးကျေးဇူးရှိနေဆဲပါ။ မိုလ်ဘိုင်းဖုန်းတွေ သုံးစွဲရတာ လွယ်ကူလျင်မြန်မှုနဲ့
email နဲ့ ဆက်သွယ်မှုတွေဟာ ဦးဆောင်သူတက်ကြွလှုပ်ရှားသူတွေ အချင်းချင်းကြားမှာ ညှိနှိုင်းတိုင်ပင်တာတွေလုပ်ဖို့ လွယက
်ူ
ချောမွေ့စေခဲ့ပါတယ်။ ၁၉၈၈ခုနှစ်တုန်းကတော့ ရေဒီယိုတွေက အရေးအပါဆုံးသော သတင်းရင်းမြစ်ဖြစ်နေခဲ့ပြီး လူထုကြီးက ဒီနေ့
ဘာဖြစ်ခဲ့တယ်ဆိုတာကို နားထောင်ကြရရုံမဟုတ်ပဲနဲ့ နက်ဖြန်ဘာဆက်လုပ်ကြရမယ်ဆိုတာကိုပါသိနိုင်တဲ့ အရာတစ်ခုဖြစ်ခဲ့ပါတယ်။
အင်အားသုံးဖြိုခွင်းနေစဉ်ကာလအတွင်းမှာပဲ အာဏာပိုင်တွေဖက်က ဒီနည်းပညာတွေကို ဖျက်လိုဖျက်စီးလုပ်ဖို့ နည်းလမ်းတွေ ရှာခဲ့
ကြတယ်။ ဆိက
ု ဘ
်ာကဖေးတွေကို ပိတ်လိုက်တယ်၊ နာမည်ကြီးတဲ့ ဘလော့ဂ်ဆိုဒ်တွေကို ပိတ်တယ်၊ အင်တာနက်ကွနန
် က်ရှင်တွေ
က ရုတ်ချည်းနှေးကွေးသွားတယ်၊ မိုဘိုင်းဖုံးလိုင်းတွေ ပျက်တောက်ကန
ု တ
် ယ်။ ဒါပေမယ့် အာဏာပိုင်တွေဖက်ကလည်းပဲ နည်းပညာ
အသစ်တွေသုံးပြီး အခွင့်ကောင်းယူခဲ့တာတွေရှိတယ်။ ဓါတ်ပုံတွေရိုက်ယူတာ၊ အခြားသူတွေရိုက်ထားတဲ့ ပုံတွေကိုသုံးပြီး ဆန္ဒပြပွဲ
တွေမှာပါဝင်တဲ့သူတွေကို လိုက်လံရှာဖွေတာတွေလုပ်ခဲ့တယ်။
အဆုံးသတ်ကောက်ချက်ချခြင်း