You are on page 1of 110

အချစ်နှင့် မကင်းကြသူများ

Those In Love

အချစ်နှင့် မကင်းသူများအတွက် အဖုံးပုံကို မလေးမေက သရုပ်ဖော်ပြီး


အတွင်းပုံများကို ဟန်သစ်ငြိမ်နှင့် ခိုင်စိုးလင်းက ရေးခြစ်၍
ဟန်သစ်ငြိမ်က စာစီပုံထည့်ကာ
ခိုင်စိုးလင်းက စာပြင်ပါသည်။

cover pictured by ma lay may


interior sketched by han thit nyeim & khine soe lung
layout designed by han thit nyeim
edited by khine soe lung
“အချစ်နှင့်မကင်းကြသူများ” ကို
ငွေကြေး၊ အကျိုးအမြတ် တစုံတရာအတွက်
ဖန်တီးထုတ်လုပ်သည် မဟုတ်ပါ။

မူလရေးသား၊ ဖန်တီးသူများ၏ မူပိုင်သာဖြစ်ပြီး


စာမူများကို တခြားနေရာများတွင် အသုံးပြုလိုပါက
စာမူရှင်များထံ ကိုယ်တိုင်ဆက်သယ
ွ်
ခွင့်ပြုချက်တောင်းယူပြီး အသုံးပြုကြပါရန်
အသိပေးအပ်ပါသည်။

ကျော်ညိုသွေး ၊ ခိုင်စိုးလင်း ၊ ညီလင်းဆက် ၊ ညိုမင်းခ ၊ တူးတူးသာ ၊ တေဇာ (လရောင်လမ်း)


နန်းညီ ၊ ပန်ဒိုရာ ၊ ပန်းပုံပြင် ၊ မိုးလှိုင်ည ၊ မယ်ကိုး ၊ ဟန်သစ်ငြိမ် ၊ ဟယ်ရီ ၊ သြမြိုင်
မာတိကာ
ညီလင်းဆက် - ဗန့်ဂိုး ကော်ဖီ ၅၂
၅ တေဇာ (လရောင်လမ်း) - အချစ်နှင့် ဟော်မုန်း
တေဇာ (လရောင်လမ်း) - မျှော်လင့်ခြင်း အကြောင်း ၅၅
၁ဝ မိုးလှိုင်ည - သူမကိုကျွန်တော်ကြောက်သည်
Khine Soe Lung - By the Sea ၅၈
၁၃ Han Thit Nyeim - Analysis and Synthesis of Love
မယ်ကိုး - တချို့ အချစ်တွေက ရယ်စရာကောင်းတယ် ၆၆
၂၁ ခိုင်စိုးလင်း - ချစ်သူသို့
Han Thit Nyeim - The Sound from the Cliff ၇၁
၂၅ ကျော်ညိုသွေး - ရေးလက်စ ပန်းချီကား
ပန်ဒိုရာ - စက္ကူပုတီး ၇၄
၂၇ ဟယ်ရီလွင် - ချစ်ခြင်းဖွဲ့သီ လင်္ကာစီသမျှ
ညိုမင်းခ - အာရုံသိ အတုများ ၇၆
၃၃ Pan Pon Pyin - If I Were a Flower
ခိုင်စိုးလင်း - အချစ်နှင့် ပတ်သက်သည် ၈၂
၃၆ ဟန်သစ်ငြိမ် - အချစ်ဆိုသည်မှာ
Tazar (Moonlitpath) - The Target ၉ဝ
၄၁ မိုးလှိုင်ည - ဆိုတော့ကာ အချစ်ဖြစ်တယ်
တူးတူးသာ - စွန်ကလေး ရစ်ဘီးလေးနဲ့ သူတို့ရဲ့ ပိုင်ရှင် ၉၃
၄၃ ပန်ဒိုရာ - အချစ်ဖွဲ့
သြမြိုင် - မသေချာခြင်းများ ၉၈
၄၆ Awemyine - Something is Better than Nothing
ဟန်သစ်ငြိမ် - ချစ်သူဖတ်ဖို့ ၁ဝဝ
၄၉ နန်းညီ - ကြယ်သေ
ူ လးရဲ့ စကား
Khine Soe Lung - The Jogging ၁ဝ၆
အချစ်နှင့် ဟော်မုန်း
တေဇာ (လရောင်လမ်း)

5
အချစ်နှင့် ဟော်မုန်း
တေဇာ (လရောင်လမ်း)

အချစ်ကြောင့် ဝမ်းနည်းခံစားနေရသူများ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် အမြဲတစေ မြင်တွေ့


နေရသောအခါ ငယ်ငယ်တုန်းက နားထောင်ဖူးသော သတင်းတစ်ပုဒ်ကို သတိရမိသည်။

အချစ်ဆိုသည်မှာ ဦးနှောက်မှ ထုတ်လွှတ်သော ဟော်မုန်းတစ်မျိုးကြောင့် ထွက်ပေါ်လာ


ရခြင်းဖြစ်သည်။ ထိုဟော်မုန်း၏ သက်ရောက်မှုကြောင့် အရူးအမူးချစ်ကြသည်။
မြီးကောင်ပေါက်တို့၏ အချစ်မျိုးဖြစ်လိမ့်မည်။ ၎င်း၏သက်တမ်းက နှစ်နှစ်ခန့်ကြာပြီးမှ
ထိုဟော်မုန်းဓာတ် အားနည်းလျော့ကျသွားသည် ဆို၏။ ဤသို့ တစ်ကြိမ်တစ်ခါ အများအပြား
ထုတ်လွှတ်ပြီးသော် နောက်တစ်ခါ အများအပြားထုတ်လွှတ်မှု မရှိတော့ဟုလည်း သိရသည်။
6

ထို့ကြောင့် တစ်ခါမျှ တစ်ဦးတစ်ယောက်အပေါ် အရူးအမူးချစ်ပြီးသော် တခြား


တစ်ယောက်ယောက်ကို သိပ်မချစ်နိုင်တော့သလိုလို ခံစားမိရခြင်း ဖြစ်ပေလိမ့်မည်။ မိမိကိုယ်၌က
အချစ်ကြီးလှလို့မဟုတ်၊ သစ္စာကြီးလှလို့မဟုတ်။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို
ပိတောက် သစ္စာတရားနှင့် အချစ်စစ်အချစ်မှန်တို့၏ ဂုဏ်ရည်များမှာ ထိုဟော်မုန်း၏ အကျိုးဆက်
သာ ဖြစ်သည်ဟုဆို၏။ ဤသတင်းကြောင့် လူသားတို့ အလေးအမြတ်ထားသည့် တန်ဖိုး
တရားများမှာ သေးသိမ်သွားသလို ဖြစ်သွားခဲ့သည်။

တကယ်တော့ အချစ်နှင့်ပတ်သက်သည့် ဟော်မုန်းများက ခြောက်မျိုးတောင် ရှိနေသည်။


ပထမဆုံး Dopamine ဆိုသည့် ဟော်မုန်းက ကိုကင်းသုံးသလို စွဲလမ်းစေသည့် ဟော်မုန်းဖြစ်၏။
ချစ်သူကို တစ်ခါတွေ့လိုက်လျှင် ကိုကင်းတစ်ခါ သုံးလိုက်ရသလို ထပ်ကာထပ်ကာ တွေ့ချင်
လာသည့်စိတ်ကို ထွက်ပေါ်စေသည်။ သူလည်း နှစ်နှစ်လောက်ကြာလျှင် ဆက်လက်ထုတ်လွှတ်မှု
မရှိတော့ဟု ဆိုသည်။ “မြင်ဖန်များတော့ရိုး နမ်းဖန်များတော့ပြယ်” သဘာဝကို ဖြစ်ပေါ်စေသည့်
အဓိက လက်သည်ပင် ဖြစ်ပါသည်။ ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်၍ ဗီတာမင် B6 နှင့်
မက်ဂနီစီယမ်ဓာတ်အပြည့်အဝ ရရှိလျှင် ထိုနှစ်မျိုးပေါင်း၍ ကိုယ်ခန္ဓာမှ Dopamine
ထုတ်လွှတ်သည် ဆို၏။
နောက်တစ်မျိုးက အခေါ်ရခက်သည့် Phenylethylamine ဆိုသည့် ဟော်မုန်းဖြစ်၏။ သူကတော့ ကျွန်တော်တို့၏
နှလုံးတုန်ရင်ခုန်မှုကို ဖြစ်ပေါ်စေသည့် ဟော်မုန်းဖြစ်သည်။ ဦးနှောက်မှ ထွက်ပေါ်လာသည်။ ၎င်းကြောင့် ရင်ခုန်သံတွေမြန်လာ
သည်၊ အသက်ရှူသံတွေသွက်လာသည်။ လက်ဖဝါးတွင် ချွေးစေးများပြန်ပြီး သွေးခုန်နှုန်းမြင့်လာပြီးနောက် ပိုမိုပျော်ရွှင်လာစေ
သည်။ အကြည့်ချင်းဆုံခြင်းကြောင့်လည်း ဦးနှောက်မှ ၎င်းဟော်မုန်းကို ထုတ်လွှတ်နိုင်သည်ဟု ဆို၏။ သည်တော့
ရင်ခုန်ရင်အချစ်ပဲကွယ်ဆိုသည့် သီချင်းတောင် ပေါ့ပျက်ပျက်ကြီးဖြစ်သွားသလို ခံစားရ၏။ ကျွန်တော်တို့၏ ရင်ခုန်သံများကို
ကြိုးကိုင်နေသူမှာ သည်ဟော်မုန်းပင် ဖြစ်ပါသည်။

တတိယလိုက်သည့် ဟော်မုန်းက Adrenaline ဟုခေါ်သည်။ သူက ပုံမှန်အားဖြင့် ထိုးမယ်ကြိတ်မယ်၊ ရန်ဖြစ်မယ်ဆိုသည့်


စိတ်များ ဖြစ်ပေါ်စေသည့် ဟော်မုန်းဖြစ်သည်။ သို့သော် ချစ်သူနှင့်တော့ ဤသို့မဟုတ်။ ချစ်သူနှင့်ရှိနေချိန်တွင်တော့
အမြဲသတိအနေထား ရှိနေအောင် လုပ်ပေးသည်။ စားသောက်ဆိုင်တွင်ထိုင်နေစဉ် ချစ်သူက ခေါင်းမူးသလိုလိုပဲ
ဟု ရေရွတ်လိုက်လျှင် သံပုရာရည်မှာပြီးသားဖြစ်နေသည့် ကိုကိုမမများသည် Adrenaline အားကောင်းသည်ဟု ဆိုနိုင်ပါလိမ့်
မည်။ သူကလည်း နှလုံးခုန်မြန်စေသည်။ ထို့ပြင် အစာခြေစနစ်ကို နှေးကွေးသွားစေသဖြင့် ဆာလောင်မှုပါလျော့ကျစေသည်။
ထမင်းမေ့ဟင်းမေ့ ချစ်ဖူးသူများ သိပါလိမ့်မည်။ နှလုံးရောဂါတစ်ခုခု ရှိသူများအနေဖြင့် Adrenaline ဟော်မုန်း များလွန်းလျင်
မကောင်းဟု သိရသည်။ နှလုံးအခုန်မြန်လွန်းပြီး ရပ်သွားနိုင်သည့် အန္တရာယ်ရှိပါသတဲ့။

7
စတုတ္ထက Endorphin အမည်ရသည့် နာကျင်မှုခံစားရချိန်တွင် ကျွန်တော်တို့၏ ကိုယ်ခန္ဓာက ထုတ်လွှတ်သည့်
နာကျင်မှုလျော့ပါးစေသည့် မော်ဖိန်းဓာတ်တစ်မျိုးဖြစ်ပါသည်။ ဟီးရိုးအင်းနှင့် ဘိန်းတို့၏ အကျိုးသက်ရောက်မှုကဲ့သို့
သာမန်ထက်ပို၍ ပိုမိုပျော်ရွှင်ပီတိ ဖြစ်စေသည်။ သူနဲ့တူတူရှိနေရရင် အလိုလိုပျော်နေတယ်ဆိုသူများသည် ဤဟော်
မုန်းကြောင့် ဖြစ်ပါသည်။ Endorphin နည်းပါးခဲ့လျှင် စိတ်ကျမှုဖြစ်ရန် ပိုမိုနီးစပ်သည် ဆို၏။

Vasopressin ဟူသည့် ဟော်မုန်းကတော့ တစ်လင်တစ်မယား၊ တစ်ဦးတစ်ယောက်အပေါ်မှာသာ စွဲလမ်းခြင်းမျိုး


ကို ဖြစ်ပေါ်စေသည်။ ဤသည်မှာလည်း မိမိတို့၏ သစ္စာရှိမှုအတွက် ဂုဏ်ယူနေကြရသူများအဖို့ စိတ်ပျက်စရာဖြစ်ပါသည်။
အလိုလိုထက
ွ်ပေါ်လာသည့် ဟော်မုန်းကစေစားသဖြင့် သစ္စာရှိသူများဖြစ်နေရခြင်းက လူ့ဂုဏ်ရည်ကို သေးသိမ်စေသလို ဖြစ်နေ
သည်။ စိတ်ဝင်စားစရာအချက်အနေဖြင့် Vasopressin သစ္စာဟော်မုန်း အလုံအလောက်ရရှိနိုင်ရန် အရက်သောက်သုံးခြင်း
ကို ရှောင်ကြဉ်သင့်ပါသတဲ့။ အယ်လ်ကိုဟောသည် Vasopressin ထုတ်လွှတ်ခြင်းအတွက် အတားအဆီးဖြစ်သည် ဆို၏။
ယစ်ထုတ်များ အိမ်ထောင်ဘက်အပေါ် သစ္စာမရှိတတ်ဘူးလားဟု ချိန်ထိုးကြည့်မိသည်။ အတိအကျမဟုတ်သည့်တိုင်
လက်ညှိုးထိုးစရာဖြစ်ရပ်များတော့ အများအပြားရှိနေပါသည်။ သည်ဟော်မုန်းကြောင့် မိမိ၏သစ္စာရှိမှုအပေါ်တွင် ရိုးရိုးသား
သား ပြန်လှန်မေးခွန်းထုတ်စရာ ပေါ်လာသည်။
နောက်ဆုံးတစ်ခုက “အချစ်ဟော်မုန်း” ဟု အဓိကသတ်မှတ်ကြသည့် Oxytocin ဖြစ်ပါသည်။ ၎င်းကိုပင် မိခင်မေတ္တာနှင့်
ကလေးပုခက်လွှဲစေနိုင်သည့် ဟော်မုန်းဟုလည်း တင်စားခေါ်ကြသည်။ ကလေးနို့တိုက် ကျွေးနေချိန်တွင် အဆိုပါဟော်မုန်းကို
ပမာဏအများအပြား ထုတ်လွှတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ချစ်သူနှင့် ပွေ့ဖက်ကြည်နူးသည့် အချိန်တွင်လည်း
ထုတ်လွှတ်သည် ဆို၏။ ၎င်းက ချည်နှောင် ဆက်နွယ်ထားမှုကို ခံစားရစေနိုင်ပြီး ကြောက်ရွံ့ခြင်းများကို ဖယ်ရှားပေးနိုင်သည်။
ထို့အပြင် ယုံကြည်မှုကိုလည်း ဖြစ်ပေါ်စေသည်။ ထို့ကြောင့်ပင် လူအများအပြားသည် ချစ်တင်းနှောခြင်းမပြုမီ ပွေ့ဖက်
ပွတ်သပ်ကြခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤ Oxytocin ဟော်မုန်းကို ဆေးပုလင်းနှင့် ထုတ်လုပ်ထားသည်ကိုပင် တွေ့ရသည်။

ဤသို့ အချစ်နှင့်ပတ်သက်နွယ်နေသည့် ဟော်မုန်းများ အမှန်ပင်ရှိနေပါသည်။ အချစ်၏အကျိုးဆက် အသည်းကွဲခြင်းကို


အချိန်တိုအတွင်း မကုစားနိုင်သည်ထားဦး လျော့ပါးဖြေသာရန်မှာ အချစ်နှင့်ဟော်မုန်း ပတ်သက်မှု၊ တစ်နည်း အချစ်နှင့်
ဇီဝဗေဒဖြစ်စဉ်ကို အကြမ်းဖျင်းမျှ နားလည်ထားလျှင် ဖြေသာရန်အကွက်တစ်ကွက်မျှ ရလိမ့်မည်ဟု မျှော်လင့်ပါသည်။
ဤနေရာတွင် မေးစရာတစ်ချက် ရှိပါသည်။ ဟော်မုန်းနှင့်အချစ်တွင် မည်သည်က အရှေ့လာပါသလဲ ဟူ၍ဖြစ်သည်။
ဟော်မုန်းကြောင့် အကျိုးဆက်အဖြစ် ချစ်ရတာလား၊ အချစ်စိတ်ကြောင့်ပဲ ထိုဟော်မုန်းတွေ ဖြစ်ပေါ်လာရတာလား
စဉ်းစားကြည့်ရန်လိုသည်။
8

အချစ်ကြောင့် ထိုဟော်မုန်းတွေ ထွက်လာသည်ဆိုလျှင်တော့ အထွေအထူးပြောနေစရာ မရှိတော့ပါ။ ကျွန်တော် သစ္စာရှိလို့သာ


Vasopressin ဟော်မုန်းထွက်လာတာပါ၊ ဟော်မုန်းကြောင့် သစ္စာရှိရတာမဟုတ်ဘူးဟူ၍ ရင်ကော့ပြောနိုင်ပါလိမ့်မည်။ သို့သော်
ကံမကောင်းသည်က ဤအချက်များသည် ကျွန်တော်တို့ ဤသို့ ရင်ကော့ကြွားဝါနိုင် လောက်သည်အထိ မရှင်းလင်းပါ။
ချော့ကလက်စားခြင်းကြောင့် ထိုဟော်မုန်းများ တိုးပွားနိုင်သလို အဆီဓာတ်ကြောင့်လည်း ဖြစ်ပေါ်စေနိုင်သည်။ ဆိုလိုရင်းက
အချင်းချင်းပြန်လှန်ဆက်နွယ် နေကြသည့် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ သဘောတရားများသာ ဖြစ်ပေသည်။ ကျွန်တော်တို့၏
အမြင်အကြား အာရုံများမှတစ်ဆင့် ချစ်သူကို စတင်ခံစားမည်။ ထိုအချိန်တွင် အချိန်ကိုက်ပြီး ဟော်မုန်းဓာတ်များက
ထွက်ပေါ်လာမည်။ ထို့နောက်မှ ထိုဟော်မုန်းကြောင့်ပင် ဆက်၍ ချစ်နေခဲ့ခြင်းဖြစ်သည်။ သည်တော့ ကျွန်တော်တို့၏
သစ္စာမေတ္တာများ၏ ကြီးကျယ်သော တန်ဖိုးအားလုံးသည် မြောင်းထဲမရောက်သွားသေးသည့်တုင
ိ ကိုးကွယ်စာဖွဲ့စရာ
အဆင့်မှတော့ အများကြီးလျော့ပါးသွားရသည်။ ဤနားလည်မှုက အသည်းကွဲခြင်းနှင့် အလွမ်းနာအတွက် ဖြေစရာ
တစ်ခု ဖြစ်ပါလိမ့်မည်။

စိတ်ပညာအလိုအရ တစ်စုံတစ်ယောက်ကို နှစ်သက်ခြင်းရှိမရှိဆုံးဖြတ်ရန်မှာ စက္ကန့် ၉ဝ မှ ၄ မိနစ်အတွင်းသာ ကြာမြင့်သည်ဟု


သိရသည်။ ၅၅% သည် ကိုယ်ဟန်သွင်ပြင် အားဖြင့်၊ ၃၈% သည် အသံနေအသံထား အနိမ့်အမြင့်နှင့် ၇% က
ပြောသည့်စကားများကြောင့် ချစ်ကြိုက်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အပြောကောင်းခြင်းကြောင့် ချစ်သွားရသည်
ဆိုသည်မှာ ရာနှုန်းသိပ်မများလှပါ။ ဤသို့ မြင်မြင်ခြင်းအချစ်တွင် ရုပ်ရည်ကသာ အဓိကကျနေကြောင်း တွေ့ရပေသည်။
သည်တော့ အချစ်ဆိုသည်မှာ သက်ရှိမျိုးစိတ်များကို ရှင်သန်နေအောင်၊ တစ်နည်း ဆက်လက်မျိုးပွားနိုင်အောင်
ဦးနှောက်မှထုတ်လွှတ်သည့် ဓာတုဗေဒများအားဖြင့် သဘာဝတရားကြီးက ပေးထားသည့် လက်ဆောင်သာ ဖြစ်သည်ဟု
ဆိုနိုင်ပါလိမ့်မည်။ ဤအရာကိုပင် ကျွန်တော်တို့က အချစ်ဟု ခေါ်ကြသည်။ အချစ်ဟူ၍ ခံစားကြသည်။
လူ့စိတ်ခံစားမှုများအားလုံးသည် လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရန်နှင့် မျိုးပွားနိုင်ရန် သဘာဝက ဖန်တီးပေးထားသည့်
လှပသောနည်းလမ်း ဖြစ်နိုင်ပါသည်။ ဦးနှောက်က ထုတ်လွှတ်သည့် ကျွန်တော်တို့ မတွန်းလှန်နိုင်သည့် ဓာတုဓာတ်များက
ချစ်ကျွမ်းဝင်မိဖို့ ဖျားယောင်းသည်။ မိမိချစ်သူကို ကိုယ်တိုင်ရွေးချယ်သည်ဟု ထင်မှတ်စေသည်။ သို့သော် ကျွန်တော်တို့မှာ
သဘာဝတရားကြီး၏ အချစ် အစီအမံကို ပျော်ရွှင်နေကြသော သားကောင်များမျှသာ ဖြစ်ပေသည်။

တေဇာ (လရောင်လမ်း)

9
သူမကို ကျွန်တော်ကြောက်သည်
မိုးလှိုင်ည
10
သူမကို ကျွန်တော်ကြောက်သည်
မိုးလှိုင်ည

လူတို့သည် ဘုန်းတန်ခိုးကြီး၏
အမျက်ဒေါသကြီး၏
အလိုရမ္မက်ကြီး၏
လက်လေးဖက်၊ ခြေလေးဖက်၊
ဦးခေါင်းနှစ်လုံး၊ လိင်အင်္ဂါနှစ်ခုနှင့်
ထိုသူတို့သည်…
နတ်ပြည်သို့တိုက်ခိုက်ရန် ကြံစည်နေဘိ
ထိုသူတို့အား နတ်လက်နှက်နှင့်

11
တိုက်ခိုက်ချေမှုန်းလိုက် ပြန်ပါကလည်း
နတ်တို့အား ယုံကြည်ကိုးကွယ်သူ မဲ့ချေအံ့
ထိုကြောင့်လူတို့အား
လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊
ဦးခေါင်းတစ်လုံး ထက်ခြမ်းဝက်၍
သူ၊ သူမခွဲခြမ်းစေဟု
ဇုနတ်မင်းကြီးကဆုံးဖြတ်ခဲ့သည်။
(ဂရိဒဏ္ဍာရီ)

လူတို့သည် မိမိ၏ပျောက်နေသောအခြမ်းကို ရှာဖွေရင်း…


သူဟူသော ကျွန်တော်သည် သူမကိုရှာရင်း..

ဘုရားသခင်သည်
လူယောက်ျားသည် တစ်ဦးတည်း မနေကောင်း
သူ၏အထောက်အမကိုဖန်ဆင်းဦးမည်ဟု
အကြံရှိတော်မူလေသည်
ထိုကြောင့် လူကိုကြီးစွာသောအိပ်ခြင်းဖြင့်
အိပ်စက်စေ၍
နံရိုးတစ်ချောင်းအား ထုတ်ယူပြီးလျှင်
အသားတို့စေ့စပ်၍ လူမိန်းမအားဖြစ်ပေါ်စေသည်…
ထိုနေ့သည် ဆဌမမြောက်နေ့ဖြစ်သည်။
(ကမ္ဘာဦးကျမ်း)

မိမိ၏နံရိုးတစ်ချောင်းကို
မည်သို့သောအရပ်မှာ ရှာဖွေရမှန်းမသိခဲ့
သူမ ပျော်ရွှင်သောနေ့ရက်တို့
အစဉ်အမြဲရရှိနိုင်ပါ့မလား…
မိမိနံရိုးအတွက်
ရင်မှနာကျင်ခြင်းတို့သည် ပိုမိုမြည်ဟီးနိုင်ခဲ့ပေသည်။

ချစ်သား
12

ဤသူငယ်မအတွက်ကျသော
သင်၏မျက်ရည်မြစ်အသွယ်သွယ်သည်
သမုဒ္ဒရာလေးစင်းထက် ပိုမိုများပြားခဲ့ပြီ
သံသရာအဖန်ဖန်ကျင်လည်ခြင်း၌
နာကျင်မှောင်မိုက်ခြင်းအတိ ကိလေသာအပေါ်
သင်သည်စွဲလမ်းလောင်မြိုက်ဆဲလား…

မဖြစ်ခြင်းတရားဆီသို့
ကျွန်တော်သူမနှင့်အတူ သွားခွင့်ရချင်မိသည်…
သူမကိုကျွန်တော်ချစ်သည်…
ထိုသို့သော ကိလေသာအားဖြစ်စေသော
ထိုသူမကိုပဲ ကြောက်ကြောက်နှင့် မြတ်နိုးမိဆဲ...။

မိုးလှိုင်ည
Analysis and Synthesis of Love
Han Thit Nyeim

13
Analysis and Synthesis of Love
Han Thit Nyeim

Never think that your world of love really needs to hang around seriousness every
time. There’s a saying by Pedro Calderon de la Barca: ‘Love that is not madness is
not love.’ Indeed, we might need to fool around when we talk about love. Let’s
have a look how the professionals’ perspectives on Love, Madness and Wise.

It is impossible to love and be wise.


(Francis Bacon)
14

To be wise and love


Exceeds man’s might.
(William Shakespeare)

No man, at one time, can be wise and love.


(Robert Herrick)

There is no wisdom without love.


(N. Sri Ram)

Love is the reason for it all.


(Dorothy Fields)

There is always some madness in love. But there is also always some rea-
son in madness.
(Friedrich Nietzsche)
There are tons of riddles on the topic of love. Let’s take a look at some and start our brain storming.

Q: I am just two and two


I am warm, I am cold,
I am lawful, unlawful
A duty, a fault
I am often sold dear,
Good for nothing when bought;
An extraordinary boon,
and a matter of course,
and yielding with pleasure
When taken by force.
Who am I?
A: A kiss

Q: Why do men like love at first sight?

15
A: It saves them a lot of time.

Q: What is the Most Dangerous food to eat?


A: Wedding Cake

Q: If the dove is the bird of peace, what is the bird of true love?
A: The swallow.

Q: What's the difference between love, true love and showing off?
A: Spitting, swallowing and gargling.

Concerning with the sayings and proverb on love by different professionals, we might see as well that they
don’t really understand what love really is. First of all, let’s see how they relate the way we see with love. You
will also see how the assumptions of these sayings and proverbs sometimes concur but sometimes contradict
on another.
Eyes are the ambassador of love.
(Anonymous)

Love is not blind, it’s merely doesn’t seen.


(Anonymous)

"Love is not blind; that is the last thing that it is. Love is bound; and the more it is bound the less it is
blind."
(G.K. Chesterton)

Love is not blind - it sees more, not less. But because it sees more, it is willing to see less.
(Rabbi Julius Gordon)

Love is the companion of blindness.


(Arabic Proverb)
16

Love is one eyed, but hatred is blind.


(Anonymous)

Love looks not with the eyes, but with the mind.
(William Shakespeare)

After tasting the madness of love from the linguistic point of view, let’s move our love to the numerological
topics. There’s a famous riddle that only the Romans can understand. That is:

O after 50, 5 Before E


What can this be?

In Roman numerals, L stands for 50 and V stands for 5. Accordingly, the answer of the riddle is ‘LOVE’.
In Western numerology, L = 3, O = 6, V = 4, E = 5, the total is 18, and when we add 1 and 8 again, the final
result is 9. The planet Venus is the symbol for the Love, and the number derived from the word VENUS is 4 +
5 + 5 + 3 + 1 = 18 = 1 + 8 = 9.

In numerology, mathematics, sacred world, number 9 is assumed as the number of strange properties. It is
said to be the number of the patience, the meditation, and the harmony, it represents the inspiration and the
perfection of the ideas.

I also want to highlight that there is also a symmetrical property of the word ‘LOVE’. In English alphabet, there
are 26 letters, and you will see that ‘L’ is the 12th letter. And ‘O’ is also the 12th letter if you count backward
from the letter ‘Z’. Likewise, ‘V’ is the 5th letter from the last alphabet and ‘E’ is also the 5th letter from the
first character. That is how the word ‘LOVE’ stays systematically and symmetrically among other characters.

After having some mind-boggling, let's chew some food for thoughts about love, marriage, and life especially
from the gender perspective.

17
Happiness
To be happy with a man, you must understand him a lot and love him a little.
To be happy with a woman, you must love her a lot and not try to understand her at all.

Venus and Mars


An English professor wrote the words, 'Woman without her man is nothing.' on the blackboard and
directed the students to punctuate it correctly.

The men wrote: 'Woman, without her man, is nothing.'


The women wrote: 'Woman! Without her, man is nothing.'

Propensity to Change
A woman marries a man expecting him to change, but he doesn't.
A man marries a woman expecting that she won't change, and she does!
His & Her Future
A woman worries about the future until she gets a husband.
A man never worries about the future until he gets a wife.

Communication
When two men are talking to each other, they are talking about themselves.
When two women are talking to each other, they are talking about a third one.

Relaxation
After God created Earth, he relaxed.
After God created Man, they relaxed.
But after God created Woman, no one has ever had a chance to relax.

Now let’s love linguistically and the acronyms of the word ‘LOVE’ are shared.
18

LOVE:
L = Land of sorrow
O = Ocean of tears
V = Valley of death
E = End of life

LOVE = Legs Open Very Easy


LOVE = Let Our Values Endure
LOVE = Let Our Violence End
LOVE = Let Our Voices Echo
LOVE = Living On Various Emotions
LOVE = Loss Of Valuable Energy
LOVE = Loyalty On Virginity Ends
LOVE = Lust Over Vigorous Erection
Now, let’s have a look on some funny anecdotes on love.

The only time a woman really succeeds in changing a male is when he’s a baby. (Jacob Braude)

A kiss is of no use to one, yet absolute bliss to two. The small boy gets it for nothing, the young man
has to lie for it, and the old man has to buy it. It is the baby’s right, the lover’s privilege, and the
hypocrite’s mask. To a young girl, it is faith, to a married woman, it is hope, and to an old maid, it is
charity. (Bob Philips)

A man in love is incomplete until he has married. Then he’s finished. (Zsa Zsa Gabor)

The following two letters contain the same exact words. But the difference is on little punctuation.
Which letter would you rather receive?

Dear John:

19
I want a man who knows what love is all about. You are generous, kind, thoughtful. People
who are not like you admit to being useless and inferior. You have ruined me for other men.
I yearn for you. I have no feelings whatsoever when we're apart. I can be forever happy -
will you let me be yours?
Gloria

Dear John:
I want a man who knows what love is. All about you are generous, kind, thoughtful people,
who are not like you. Admit to being useless and inferior. You have ruined me. For other
men, I yearn. For you, I have no feelings whatsoever. When we're apart, I can be forever
happy. Will you let me be?
Yours,
Gloria
A man was wandering around in a field, thinking about how good his wife had been to him and how
fortunate he was to have her.
He asked God, "Why did you make her so kind-hearted?"
The Lord responded, "So you could love her, my son."
"Why did you make her so good-looking?"
"So you could love her, my son."
"Why did you make her such a good cook?"
"So you could love her, my son."
The man thought about this. Then he said, "I don't mean to seem ungrateful or anything, but ... why
did you make her so stupid?"
"So she could love you, my son."

According to the saying of Anon: it's love, that makes the world goes round. That may be the one and only
reason that Mathematicians fail to find the solution for love:

Source: http://www.bestiphonewallpapers.com/wallpaper/XKCD-Love-Formula/
20

Nevertheless, as Henry David Thoreau said, there is no remedy for love but to love more.

For those who love and who are loved,


Han Thit Nyeim
ချစ်သူသို့
ခိုင်စိုးလင်း

21
ချစ်သူသို့
ခိုင်စိုးလင်း

လှည့်စားရက်တယ်လို့ မပြောရက်ပါဘူး ကောင်မလေးရယ်။ မင်းလုပ်သမျှကို ကျေနပ်တတ်ခဲ့


တဲ့ကောင်ပါ။ မိုးတွေသည်းကြီးမဲကြီး ရွာတဲ့အချိန်မှာ မင်းဘဝထဲကို ငါခဏတာ ဝင်ရောက်ခွင့်
ရခဲ့တာကိုပဲ ပျော်စရာသုခလို့ အမြတ်တနိုးရှိခဲ့တာပါ။ ငါ့ဘဝထဲလာဖို့ မင်းကို မဖိတ်ခေါ်တတ်ခဲ့
ဘူး။ ငါဆိုတာ ဘဝမဲ့နေတဲ့လူပါ။ တံခါးတွေ အလုံပိတ်ထားတဲ့ အခန်းလေး တစ်ခုမှာ
ငါနေသားကျခဲ့သမျှ မင်းဖွင့်ပေးတဲ့ ပြတင်းတစ်ခြမ်းကနေ ခုန်ဆင်းပြီး အလင်းရောင်ကို တကယ်ရှိ
သယောင်ထင်လို့ လမ်းလျှောက်ရှာခဲ့တာ။ အမြဲတမ်း မှောင်မိုက်ခဲ့တဲ့ နေ့ရက်တွေကို သစ္စာမဲ့စွာ
စွန့်ခွာဖို့ထိ ငါကြိုးစားခဲ့တယ်။ တစ်သက်လုံး အဖော်လုပ်ပေးခဲ့တဲ့ အတ္တတွေမာနတွေကို
ခဝါချဖို့ထိ ငါရူးမိုက်ခဲ့တယ်။ ငါအမြဲ ခင်တွယ်တတ်ခဲ့တဲ့ ဆိုးသွမ်းခြင်းကို လမ်းစတုံးပစ်ဖို့ထိ ငါ
22

သံယောဇဉ်မဲ့ခဲ့တယ်။ ငါဟာ သတ္တိမရှိတဲ့ လူယုတ်မာပါ။ ငါဟာ မင်းအမြင်မှာ ဘယ်လို


ရှိလေမလဲလို့ အမြဲစိတ်ဝင်စားခဲ့တယ်။ မင်းက ငါ့ကို မြင်တောင်မမြင်ခဲ့သယောင် ရှောင်လွှဲ
လိုက်တော့မှ အိမ်မက်လှလှက လန့်နိုးသွားရသလိုပါပဲ။ မင်းအကြည့်တစ်ချက်နဲ့ ဖန်ဆင်းခဲ့တဲ့
ငါ့အိမ်မက်တွေ ခဏတာ အသက်ဝင်ခဲ့တယ်။ ခဏလေး။ တကယ်ကို ခဏလေးပါပဲ။ မင်းသတိ
မထားမိဘဲ နင်းဖြတ်သွားခဲ့တဲ့ ငါ့အယူအဆတွေ၊ မင်းမသိမသာ ဝင်တိုက်သွားတဲ့ ယိုင်နဲ့နဲ့ ငါ့စိတ်
ကူးတွေ ပြိုလဲလို့။ မြေပြင်မှာ ပုံကျသွားရင်တောင် ငါခဏဖြစ်ဖြစ် မှေးစက်ခွင့် ရလိုက်မှာပါ။
အခုတော့ ဆွဲအားမရှိတဲ့ လေဟာနယ်မှာ လွင့်ချင်တိုင်းလွင့်လို့။ အဟား။ မင်းအပြုံးတွေက
ငါ့ကို ပြုံးတတ်အောင် သင်ပေးခဲ့ပါလား။ အသက်ဝင်လိုက်တာလို့ ငါထင်ဖူးတဲ့ မင်းရဲ့ဟန်ဆောင်
အပြုံးတွေကို ငါအခုထိ မက်မောနေဆဲပါ။ ဂီတဆိုတာ မင်းသီချင်းဆိုမှ ငါခံစားတတ်ရတယ်။
အလှအပဆိုတာ မင်းနှုတ်ခမ်းစူမှ ငါတွေ့ဖူးရတယ်။ ကောင်မလေးရယ်။

မနက်အိပ်ရာကနိုးလာတိုင်းမှာ မင်းရှိနေတယ်ဆိုတဲ့ အသိနဲ့ ငါတက်ကြွခဲ့တယ်။ မင်းဟာ ငါရဲ့သံစုံ


ဂီတပါတဲ့ နှိုးစက်ပါပဲ။ ညညအိပ်ရာပေါ်မှာ လဲမိတိုင်း အိပ်မက်ထဲ မင်းရှိတယ်ဆိုပြီး ငါအလျှင်လို
တတ်ခဲ့တယ်။ မင်းဟာငါရဲ့ စတော်ဘယ်ရီနံ့သင်းတဲ့ အိပ်မွေ့ပါ။ အအိပ်ခက်တဲ့ ညတွေဆို
မင်းပြောတတ်တဲ့ စကားတွေက နားထဲမှာ အငြိမ့်ညောင်းဆုံး စီးဆင်းပြီး အထီးကျန်မှုကို မေ့ထား
နိုင်ခဲ့တယ်။ မင်းဟာ ချိုမြမြ ၀ိုင်တစ်ခွက်လိုပါပဲလား။ ဝင်သက်ထွက်သက်တိုင်းမှာ မင်းမျက်တောင်လေး ခတ်လိုက်တာတွေ၊
မင်းနှတ်ခမ်းလေး မပွင့်တပွင့်ဟသွားတာတွေ၊ မင်းဆံပင်လေး သပ်လိုက်တာတွေကို သမာဓိတရားလို ငါကျင့်တတ်ခဲ့တယ်။
ခဏလေး၊ တကယ်ကို ခဏလေးပါလားကွယ်။ ဘာမှမကြာလိုက်ဘူးလို့ ထင်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာဟာ ငါ့ရှေ့မှာ
သရော်တော်တော် ဖြတ်ပြေးသွားကြလေရဲ့။ ငါ့ရင်ထဲက ရှိစုမဲ့စု သံယောဇဉ် လက်ကျန်လေးတွေကိုလည်း ငါမသိဘဲ ဖွက်ယူ
သွားကြလေရဲ့။

မင်းတော်ပါတယ် ကောင်မလေးရယ်။ မင်းကအမြဲတမ်း ထိပ်ဆုံးရောက်နေတဲ့လူပါ။ ငါလှမ်းကြည့်ဖို့ မဝံ့ရဲတဲ့နေရာမှာ


မင်းအလှဆုံးပြုံးနေတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် မင်းနဲ့ အဝေးဆုံးမှာ ရှိတဲ့ငါတောင် မင်းအပြုံးရဲ့ တောက်ပမှုကို
တမေ့တမောငေးမိရတာပါပဲ။ မင်းဂါဝန်လေး လေမှာလွင့်နေတာက ငါ့အတွက် ကဗျာတွေဖြစ်ခဲ့ရဲ့။ မင်းဖိနပ်လေး
တဒေါက်ဒေါက် လျှောက်သံက ငါ့နှလုံးသားရဲ့ သံပတ်ပါပဲ။ မရူးစမ်းပါနဲ့လို့ တားနေတဲ့ ငါ့သူငယ်ချင်းတွေက
ငါ့အတွက် လှောင်ရယ်စရာ ဖြစ်ခဲ့တယ်။ ငါဟာ မင်းနဲ့တွေ့မှ သွက်သွက်ခါရူးနေရာကနေ ပြန်သတိရလာတဲ့ သူဆိုတာ
သိမှမသိကြပဲ။

ချောင်းဆိုးလိုက်တိုင်း ငါ့နှလုံးသွေးတွေ စိမ့်ထွက်လာကြတယ်။ ငါ့ရင်ဝကို မင်းဆောင့်မကန်ခဲ့ပါဘဲ အထဲမှာရှိတဲ့ နှလုံးသားက


ဘာလို့အစိတ်စိတ်အမွှာမွှာ ကွဲအက်ပြီး သွေးတွေက ဒလဟော ယိုဆင်းလာရတာလဲ။ အသက်ရှူမဝဘူး ကောင်မလေးရယ်။

23
မင်းကိုယ်သင်းနံ့လေး၊ မင်းဆံပင်က ခေါင်းလျှော်ရည်နံ့လေးကို မရတာ ဘယ်လောက် ကြာသွားပြီလဲ။ ငါ အခုရှူသွင်းနေရတာ
ဖုန်တွေချည်းပဲ။ ရေငတ်လိုက်တာ။ ရေသောက်လိုက်ရင် မင်းပျော်ပျော်ရွှင်ရွှင်နေနေတဲ့ ငါ့နှလုံးသားအကွဲထဲ ရေတွေ
ဝင်သွားမှာ ကြောက်ပြီး မသောက်ရက်ဘူး။ မင်းအထဲမှာ ရှိနေပါသေးရဲ့နော်။ ရှိတယ်မလားဟင်။ မင်းရယ်သံက လွင်လွင်လေး
လိမ့်တက်လာတော့ မင်းရယ်သံရဲ့ အကြည်ဓာတ်ကို မခံနိုင်တဲ့ ငါ့ရင်ဘတ်က လှိုက်မောပြီး ချောင်းဆိုးပြန်တယ်၊
ငံကျိကျိအရသာက ခံတွင်းထဲမှာ အခံရခက်လိုက်တာ။ မင်းဆော့နေတာလား ကောင်မလေးရယ်။

မိုးတွေ ရွာပြန်ပြီ ကောင်မလေးရယ်။ အပြင်မှာ လှမ်းထားတဲ့ မျက်နှာသုတ်ပဝါကို သွားရုတ်ဖို့ လက်အလှမ်းမှာ အေးစက်စက်


မိုးရေတွေက ငါ့မျက်နှာကို လှမ်းပက် နှုတ်ဆက်ကြတယ်။ သတိရလိုက်တာကွာ။ ဂါဝန်အပြာနုရောင်နဲ့ မျက်လုံးပြာပြာလေးတွေနဲ့
ပြာလဲ့လဲ့ ဆံနွယ်တွေကြားမှာ အပြာရောင်နှင်းဆီ သုံးပွင့်ကို ရစ်ပတ်ပန်ထားခဲ့တယ်။ လှရက်လိုက်တာ။ မင်းအပြုံးလေးက
လည်း ပြာလဲ့လဲ့ပဲ။ မင်းကိုင်ထားတဲ့ ခေါက်ထီး အပြာရောင်က ရေတွေတစက်စက်ကျနေတယ်။ လက်တစ်ဖက်က
ငါ့ပြတင်းတံခါးကို တွန်းဖွင့် လျက်သားလေး။ မိုးအရမ်းသည်းနေလို့ ခဏလောက် ဝင်ပါရစေတဲ့။ ငါ့မျက်လုံးတွေ ပြာဝေ
နေပြီထင်ပါရဲ့။ အပြာနုရောင် မျက်နှာသုတ်ပုဝါကိုမှ ရွေးဝယ်သုံးဖြစ်ခဲ့တာ ငါ့ကိုယ်ငါ အပြစ်တစ်ခုလို မယူဆတော့ပါဘူး။
တံခါးကို မင်းများပြန်လာရင် တွန်းဖွင့်လို့ ရအောင် ဂျက်မချဘဲ ထားခဲ့မိတယ်။ လေကအေးလိုက်တာ ကောင်မလေးရယ်။
ဆောင်းရာသီ အတိုင်းပဲ။ ရေခဲရေတွေများ လေထဲမှာ ရောပါလာသလား အောက်မေ့ရတယ်။
မင်းလက်တစ်ဖက်အမှတ်နဲ့ ငါဆုပ်ကိုင်လိုက်မိတာက အေးစက်စက် မိုးတိမ်တွေရယ်။ တကယ် မင်းလက် ကလေးတွေ
လိုပဲ ဖြူလွှလွှလေး။ လက်ထဲမှာ အငွေ့လို ပျော်ပျောက်သွားတော့မှ မင်းဆံပင်တွေ မဟုတ်မှန်း သိလိုက်ရတဲ့ သက်တန့်ရယ်။
မင်းမျက်ဝန်းတွေ အမှတ်နဲ့ အမောတကောငေးလိုက်ရတဲ့ ကြယ်လေးတွေရယ်။ မင်းပါးပြင်လို့ ထင်ပြီး နမ်းရှိုက်ဖို့ ကြိုးစားမိတဲ့
လဝန်းရယ်။ မင်းကိုယ်ငွေ့ အောက်မေ့ပြီး ပျော်မွေ့စွာ ခြုံလိုက်မိတဲ့ နွေဦးရာသီရယ်။ တကယ်ထားရစ်ခဲ့မှာလား ကောင်
မလေးရယ်။ ဇန်နဝါရီမှာ ပစ်လိုက်တဲ့ မိုးကြိုးကြောင့် မင်းလန့်သွားမှာ စိုးရိမ်လိုက်ရတာ။ မင်းမလိုအပ်မှန်းသိလျက်နဲ့ ချွတ်ပေး
မိခဲ့တဲ့ ငါ့ရဲ့တစ်ထည်တည်းသော အနွေးထည်လေးက လေနဲ့အတူ တလွင့လ
်ွင့် ပါသွားတယ်။ မင်းမတွယ်တာမှန်း သိရက်နဲ့
ဖက်ထားပေးခဲ့တဲ့ ငါ့လက်နှစ်ဖက်ကလည်း သွေးမလျှောက်တော့ဘဲ ပျော့တွဲကျနေတယ်။ ဆည်းလည်းလေးတွေ လှုတ်ခတ်
သွားကြလေရဲ့။ မင်းရယ်လိုက်တာလားဟင်။ ငါ့ရှေ့မှာ မင်းအဆွဲကျင့်ခဲ့တဲ့ ပန်းချီကားတစ်ချပ်က မပြီးပြတ်ဘဲ ခြကိုက် ခံနေရပြီ။
သိမ်းထားအုံးမှပါလေ။ မင်းရဲ့ အမှတ်တရ အားလုံးကို သိမ်းဆည်းဦးမှပါ။

ထရပ်ဖို့ အားတင်းရင်းက ပြန်ပြန်လဲကျတာ နာလန်ကိုမထူတော့ပါလား ကောင်မလေးရယ်။ ငါ့ခွန်အားတွေပါ မင်းအပြီးပိုင်


ဆွဲနှုတ်ထားသွားတာလား။ ရင်ဘတ်ကို ဖိလိုက်တိုင်း စည်းချက်မညီ လှုပ်ခတ်မှုကို ခံစားရသေးတာနဲ့ အမျှ မင်းငါ့နှလုံးသားထဲ
ရှိနေသေးတယ်လို့ ယုံကြည်ပျော်မွေ့ရတယ်။ မင်းမရှိတော့ဘူး အမှတ်နဲ့ မင်းနေရာကို အလစ်သုတ်ဖို့ ဝင်ချောင်းနေကြတဲ့
ငါ့မိတ်ဟောင်းဆွေဟောင်းတွေကို ပြောင်ပြောင်တင်းတင်း မောင်းထုတ်လိုက်ပြီးတဲ့နောက်မှာ ငါဟာပျောက်သွားခဲ့ပါပေါ့လား။
မင်းစားလိုက်တဲ့ ဝေဖာမုန့် တစ်ချပ်ကို ငါအားကျမိတယ်။ မင်းကြိုက်တတ်တဲ့ သီးစုံကုလားဟင်းတစ်ခွက်ကို မနာလိုဖြစ်ရတယ်။
24

ငါဟာမင်းအတွက် တစ်ရှူးပေပါ တစ်ရွက်လောက်ပဲ အသုံးတည့်ရင် ငါကျေနပ်ပါရဲ့။ ချမ်းလိုက်တာ ကောင်မလေးရယ်။


အခုအချိန်မှာ မင်းအပြုံးတစ်ပွင့်ကို ရဖို့ ရေခဲပြင်ထဲ ဖြတ်ပြီးလာရမယ်ဆိုလည်း ငါလာခဲ့ပါမယ်။ မင်းဘယ်မှာလဲ။ ငါ့ကို
ထားသွားပြီး ဘယ်ရောက် နေတာလဲ။ လိုက်ရှာခွင့်လေးတော့ ပေးမယ်မဟုတ်လား။ လေကပြင်းလိုက်တာ။ ငါစေ့ထားခဲ့တဲ့
တံခါးက ရုတ်တရက် ပွင့်သွားတော့ ဒလဟောဝင်လာတဲ့ လေတွေထဲမှာ မင်းများ ဖွင့်လိုက်တာလား ဆိုတဲ့ အတွေးလေးက
လွင့်မျောသွားတယ်။ ခြေထောက်တွေ မညီညာတဲ့ ငါ့စာရေးစားပွဲက ပြိုလဲသွားတယ်။ စာရွက်အပိုင်းအစတွေက တလှပ်လှပ်နဲ့
တွယ်ရာမဲ့ ဖွာရာကြဲလို့။

ခိုင်စိုးလင်း
ရေးလက်စ ပန်းချီကား
ကျော်ညိုသွေး

25
ရေးလက်စ ပန်းချီကား
ကျော်ညိုသွေး

အချစ်ဆိုတာ ရုပ်ရှင်ထဲမှာသာကြည့်ဖူးပြီး
ကိုယ်တိုင်မဖြစ်ဖူးတဲ့ ကင်ဆာ။
အချစ်ဆိုတာ ကိုယ်တိုင်ဆွဲခွင့်မရတဲ့ ပန်းချီကား။
အချစ်ဆိုတာ ဗဟိုဘဏ်က အထွေထွေဝန်ထမ်းကလေး။
ဒါဏ်ရာရ ကစားသမားတစ်ယောက်ရဲ့ ပွဲကြည့်စင်ထက်က
အားမလိုအားမရမှု။
26

စက်ဘီးစီးသွားတုန်းက ရခဲ့ဖူးတဲ့ ညမွှေးပန်းရနံ့


အချစ်ဆိုတာ...တခြားအဓိပ္ပာယ်များစွာရှိကြဦးမလား။

တစ်ခြမ်းက တစ်ခြမ်းကို လိုက်လိုက်ရှာ။


ဆက်စပ်အဖြေရှာကြရမယ့် တစ်ယောက်နဲ့ တစ်ယောက် နဖူးစာ။
အချစ်ဆိုတာ...
ကွဲလွဲချက်တွေကြောင့်...
20 pcs စီးကရက်ဗူးထဲက အလိပ်တွေလိုတော့ ...မဖြစ်ခဲ့ဘူး။

ကျော်ညိုသွေး
27
ချစ်ခြင်းဖွဲ့သီ လင်္ကာစီသမျှ
ဟယ်ရီလွင်
ချစ်ခြင်းဖွဲ့သီ လင်္ကာစီသမျှ
ဟယ်ရီလွင်

ကျွန်တော်တို့ တိုင်းပြည်မှာ အချစ်နဲ့ပတ်သက်ပြီး ကဗျာလင်္ကာသီဖွဲ့ခဲ့တာက ပုဂံခေတ်


ကတည်းကပဲ ထင်ပါရဲ့... အစောဆုံးလင်္ကာလို့ ဆိုကြတဲ့ ပုပ္ပါးတောင်ဖွဲ့ လင်္ကာလေးကို
ကြည့်လေ...။

သိုးကလေး (သိုးကလေ)
ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊
စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်၊
28

ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ပန်းစကား။

သိုးကလေး (သိုးကလေ)
စကားပွင့်နင
ှ့်၊ နှိုင်းတင့်နိုးသည့်၊
ရဲမျိုးသမီး၊ မောင်ကြီးနှမ၊
ညက်လှပြာစင်၊ မယ့်သည်ပင်သည် ခရီးသား။ (တချို့က မယ့်သခင်သည် လို့ရေးတာတွေ့ဖူး
ပါတယ်။)

သိုးကလေး (သိုးကလေ)
မြိတ်လွတ်စုလည်း၊ ငယ်ကတည်းက၊ (အငယ်တည်းက လို့လည်း ရေးတာတွေ့ဖူးပါတယ်)
ကျွမ်းဝင်ကြသည်၊ မွေးဖတူရင်း၊
မျိုးသည်မင်းနှင့်၊ ချစ်ခြင်းစုရုံး၊
သက်ထက်ဆုံးသည်၊ နှလုံးမခြား စောင့်တရား။
ဆွေမိမင်း (တချို့ စာအုပ်တွေမှာ 'မွေးမိခင်'၊ 'ဆွေမိခင်' လို့လည်း ရေးကြပါတယ်)
မျက်သုတ်နီလွင်၊ ရတည်းဖျင်နှင့်၊
ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို၊
မယ်သာကြိုက်မိ တုမရှိ။

အစချီ အာလုပ်ပိုဒ်မှာ တချို့က 'သိုးကလေး' လို့ရေးပြီး တချို့က 'သိုးကလေ' လို့ရေးတာတွေ့ပါတယ်။ ရှေးအခါက ဦးထုပ်ကို
'သိုး' လို့ခေါ်သတဲ့ဗျ။ ဒါကြောင့် ဦးထုပ်ဆောင်းလေ့ရှိတဲ့ အင်္ဂလိပ်တွေကို သိုးဆောင်း လို့ခေါ်တာပါ။ ပုပ္ပါးတောင်ကို
ခပ်လှမ်းလှမ်းကကြည့်ရင် ဦးထုပ်ဆောင်းထားတာနဲ့တူလို့ သိုးကလေးလို့ အာလုပ်ပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုပ္ပါးတောင်ကြီးကို တိုင်တည်ရင်း ခရီးသွားနေတဲ့ အမတ်လောင်းငယ်ချစ်ကို တမ်းတထားတဲ့ အဖွဲ့လေးပေါ့။ ရေးသူကတော့
အမည်မသိရှေးစာဆိုပေါ့ဗျာ…

ပုဂေ
ံ ခတ်က သာမန်အရပ်သူကလေးက လွမ်းသလို ခေတ်အဆက်ဆက်မှာလည်း ကဗျာလင်္ကာတွေ သီဖွဲ့ရင်း လူတန်းစား မရွေး
အချစ်ကို ခံစားခဲ့ကြတာပါပဲ... ဧကရာဇ်ဘုရင်တွေ၊ မှူးကြီးမတ်ရာ အရာရှိအရာခံတွေကစလို့ ကြမ်းကြမ်းတမ်းတမ်း
စစ်သူကြီးတွေရော၊ မင်းသမီးတွေ၊ မိဖုရားတွေရော၊ မှူးမတ်ကတော်တွေရော၊ သာမန်အရပ်သူ အရပ်သားတွေရော အချစ်နဲ့
ပတ်သက်ရင် ကိုယ်ခံစားမိသလို ကဗျာလင်္ကာတွေ သီဖွဲ့ခဲ့ကြတာဟာ ဒီနေ့အထိပဲလို့ ပြောရမှာပါပဲဗျာ။ အဲ…
ရဟန်းတော်တွေတောင် ပါလိုက်သေးတယ်။ သူတို့လည်း ပုထုဇဉ် ရဟန်းပျိုဘဝမှာမို့ ထင်ပါရဲ့ဗျာ။ ပုလဲတစ်တန့်၊ သန္တာတစ်တန့်

29
ရေးနည်းနဲ့ ရှင်မဟာရဋ္ဌသာရ က…

မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၍၊
ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား၊
နတ်နှင့်နှုန်းနှန်း၊ ဝင်းငြိမ့်ရွှန်း၍၊
လှလွန်းလွန်လှည့်၊ ငါးကြန်ပြည့်ကို၊
ဖျော်ဖြည့်ဖြေဖျောက်၊ ကြိမ်ကြိမ်လျှောက်လည်း၊
ပြစ်ပျောက်ပျို့ပျို့၊ ဖြူမြိတ်စို့နှင့်၊
သူသို့သွေသည်၊ ဟုတ်မည်မှန်ဘွယ်၊
ဝမ်းဝယ်ဝိုးဝါး၊ စိတ်လွင့်ပါး၍၊
ကြိုးကြားကြံကာ၊ ဂိမှာသန်ဆောင်း၊
ချောင်းချောင်းခခ၊ ကာလရှည်ဖင့်
မြိုးမြတ်မြင့်သည်၊ လွမ်းလင့်လွန်လှည့် လေလိမ့်လော။ ။

ဆိုပြီး ရေးသွားတယ် မဟုတ်လား... ဒါကတော့ လင်္ကာတွေရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အင်းဝခေတ်ပေါ့ဗျာ။


ရတုဘုရင် နတ်သျှင်နောင်က သူ့ရဲ့သည်းဦးသခင် ရာဇဓာတုကလျာထိပ်ထားကို “တင့်လှပေဟန်၊ ဘက်မရန်တည့်၊
ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့ ...” ဆိုပြီး တောင်ငူခေတ်မှာ ပိုဒ်စုံရတု ဖွဲ့သွားသလို ကုန်းဘောင်ခေတ်မှာလည်း
အနောက်နန်းမတော် မမြကလေးကလည်း သူ့မောင်တော် ပုဂံမင်းကို မျှော်ရတဲ့အခါ ...

နေမှိန်မှိန်၊
ဆင်ဗောင်းတော် ရွှေပုသိမန
ှ်င့်၊
လာချိန်တန်တော့။
ထပ်ထပ်ကယ်မျှော်၊
ပြဿာဒ်ဆောင်ဘုံပေါ်က၊
အကြိုတော် သည်မယ်ထောက်ရတယ်၊
ကိုးခေါက်ပြန်ပေါ့။ ။ ... ဆိုပြီး နှစ်ဆစ်သဖြန်လေးနဲ့ တမျိုး၊

ကြာခြည်ရန်၊
နာရီပြန် ဗဟိုငြိတ်ပါပေါ့၊
မှေးမှိတ်လို့ စက်ပါသော်၊
ရေးမျှမပျော်။
30

လာနိုးရယ်မျှော်၊
ကြာမော်မြင့် ဆောင်ထီး။
ရွှေဘောတော် တဉာဏ်ပွေလို့၊
မလာနေ တာရှေလှတာကြောင့်၊
တွေးရခက်ကြီး။ ။ ... ရယ်လို့ တြိချိုးလေးနဲ့ တဖုံ အမျိုးမျိုး လွမ်းရရှာပါတယ်။

အဲ ... စာဆိုတော် အမေရဲ့ ခြေရာကို တထပ်တည်းနင်းနိုင်တဲ့ သမီးတော် လှိုင်ထိပ်ခေါင်တင် မင်းသမီးကလည်း ...

ကုမ္မာရီ ရွယ်ဓလေ့ပေမို့၊
ငယ်ကလေ့ ဂေါရီ၊
ဘယ်အတွေ့ လောကီကို၊
ဇောမသီခင်က၊
စပယ်ခက် စုံနှစ်ပင်မှာ၊
မငုံခင် တုန်းကအစ။
ပန်းဒွါရ ဆင့်စီ၊
မပွင့်မှီ အခါက၊
ကျင့်ဝသီ စာဂနှင့်၊
ခါပထမ အရွယ်၊
ငယ်သွားတွေ ကြွေမလဲခင်က၊
မေအမြဲ ချစ်ဖို့ကြံရွယ်။
ကလေးစိတ်ဓါတ်မပျယ်၊
ခပ်ငယ်ငယ် စာမတတ်ခင်က၊
ကညာနတ် ကောင်းမှုပွေလီ၊
တောင်းဆုစေတီ၊
စိတ်မှန်းနှင့် မေကျောက်ချီတယ်၊
သွေဖေါက်ပြီနိုင်ဘု ဖျာ့လေး။ ။

ဆိုပြီး ကနောင်မင်းသားကြီးကို အပျိုဖော်မဝင်မီ ငယ်ကတည်းက ချစ်ခင်မြတ်နိုးခဲ့ရ ပါကြောင်း အရိုးခံတေးထပ်ကလေးနဲ့


သက်သေပြခဲ့ရှာပါတယ်။ ဒီနေရာမှာ ပါရမီရှင်စာဆိုတော်တွေမို့ ရိုင်းပျသွားနိုင်တဲ့ စကားလုံးတွေကို ယဉ်ယဉ်ကလေးဖြစ်အောင်
ဖွဲ့သွားတာဖြင့် အလွန်လှပါပေရဲ့ဗျာ။

31
ဒီလိုသီဖွဲ့တဲ့နေရာမှာ လူတန်းစားအလိုက် အသုံးအနှုန်းတွေကတော့ ကွာခြားသွားတယ်ဗျ။ တော်ဝင်သူတွေကတော့
ထီးသုံးနန်းသုံးတွေနဲ့ အချစ်ကိုဖွဲ့ခဲ့သလို သာမန်အရပ်သားစာဆိုတွေကလည်း ချစ်သူရဲ့အလှကို အချုပ်တန်းဆရာဖေက
“ရွှေပဒုံ ကြာအချပ်ကိုလ၊ လေအဟုန် လာ၍ ခတ်စဉ်က၊ ကညာနတ် ထွက်ခဲ့တယ် .... ” ဆိုပြီးတစ်နည်း၊ ဆရာကြော့က
“နုသားတော် ဝါဝါညက်ကယ်နှင့်၊ ရှုစားသော် ခါခါမက်စေဘို့၊ ကလျာသက်(ရယ်တဲ့)လှမျက်မှန် ...” ဆိုပြီးတဖုံ၊ အရပ်စကားနဲ့
ရိုးရိုးလေးရေးဖွဲ့ခဲ့ကြတာပေါ့ဗျာ။ တောင်တွင်းရှင်ငြိမ်းမယ် ရဲ့ အိုင်ချင်းတွေလည်း ရှိပါ့ဗျာ။ သိပ်ရှည်သွားမှာစိုးလို့
ရေးမပြတော့ပါဘူး။

ဒါ့အပြင် အချစ်နဲ့ပတ်သက်လာရင် အဖိုနဲ့အမတို့ရဲ့ ချစ်ခင်မှု ရမ္မက်ကလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါတယ် မဟုတ်လားဗျာ ...


ဒါကိုလည်း ဖွဲ့ထားတာတွေ ရှိပါသေးတယ်။ စဥ့်ကူးမင်း မြောက်နန်းမိဖုရားကြီးရဲ့ အကြီးတော်ဖြစ်တဲ့ စာဆိုရှင်
“နေမျိုးမင်းလှကျော်သူ - ဦးယာ” က “မင်းနန်ပျို့” မှာ နန္ဒမင်းသားကလေးက မယ်တော့်အဆောင်ကနေအပြန်
သလွန်ပေါ်မှာ ပျော်လုလုဖြစ်နေတဲ့ ဇနပဒကလျာဏီမင်းသမီးကလေး အဆောင်တော်ကို အမှတ်တမဲ့ အလစ်ဝင်ခဲ့တဲ့
အကြောင်းကို ဘယ်လိုဖွဲ့ထားသလဲ ဆိုတော့ …

“ရွှေသလွန်ပေါ်၊ စက်တော်ခေါ်၍၊ ပျော်လုလုတွင်၊ အိမ်ရှေ့ရှင်သည်၊ သက်တင်ရောင်ရဲ၊ လက်ရှက်တွဲသား၊ ဝတ်လဲတပိုင်း၊


ခြုံခါသိုင်းလျက်၊ တိမ်ဆိုင်းလျှံပြောင်၊ မယ်တော့်ဆောင်က၊ ညိုရောင်စိမ်းလဲ့၊ ကူးကြွခဲ့မှ၊ မင်းငဲ့စက်ခွင်၊ သုတ်သုတ်ဝင်၍၊
ရွှေစင်ရတနာ၊ လျောင်းလှည့်ရာမှာ၊ အသာတစောင်း၊ ရွှေလက်မောင်းကို၊ ပျောင်းပျောင်းနွဲ့နွဲ့၊ မှီခါတွဲ့၍၊ ရဲ့ရဲ့နီစင်၊
ခန်းလုံးရွှင်သည်၊ ပန်းရင်ဝတ်တွင်း၊ လက်တော်သွင်း၍၊ မြဆင်းရှက်ဖြာ၊ ကြောစိမ်းမြွှာလျက်၊ လက်ယာရစ်စု၊ မွေးရှင်နုနှင့်၊
ဒေါင်းဥခန့်မျှ၊ အိမွမွကို၊ ခွက်ဝပန်းရည်၊ ဆုပ်နည်နှည်သို့၊ လှည့်လည်ထပ်ထပ်၊ သုံးသပ်၍ပြီး၊ နီလာသီးကို၊ မငြီးဖန်ဖန်၊
ကစားပြန်သော်၊ အလွန်ယားလှ၊ ကြက်သီးထ၍၊ ကြွပါ့ထိပ်တင်၊ လျှောက်ပါလျှင်လည်း၊ နားပင်စူးစူး (နားပင်မစူး)၊
ကြားပြီဘူးတည့် (ကျားဘီလူးတည့်) ... ” ဆိုပြီး ဖိုမ တို့ရဲ့ချစ်ခင်မှု ရတိဘာဝကို အသေအချာ ဖွဲ့ခဲ့ပါတယ်။ ဆယ့်နှစ်ရာသီ ဘွဲ့
လူးတား တွေရေးခဲ့တဲ့ ဦးယာဟာ ဒါမျိုးတွေလည်း အရေးကောင်းကိုးဗျ။

အံမယ် ... အချစ်နဲ့ပတ်သက်လာရင် လူတွေသာမက နတ်တွေလည်း ပါသဗျ။ နတ်တို့ရဲ့ချစ်ခြင်းကို စစ်ခင်းလို့ပြလိုက်


တာကတော့ ဦးမာဃကြီးပါပဲဗျာ။ ယောက္ခမကြီးက သမီးနဲ့ သဘောမတူလို့ စစ်ခင်းပြီး ခိုးပြေးရတယ်ဆို မဟုတ်လား ... အဲဒါကို
ဆရာ မြို့မငြိမ်းက “နတ်စည်ငယ်လေ ... ပုစွန်လက်ရိုး အာလမ္ဗရာ ...” ဆိုပြီး ကသစ်ပန်းသီချင်းနဲ့ ဖွဲ့ဆိုပြခဲ့တယ်လေ။ သမက်နဲ့
ယောက္ခမ ... အခုထိ ဘောက်ကျနေကြတုန်းပေါ့။ အဲဒီမှာ နတ်တို့သေဉ်နင်း သိကြားမင်းကြီး သာမက သူ့တပည့်တွေလည်း
ချစ်ခြင်းမှာ ဆရာ့ခြေရာနင်းသကိုးဗျ။ တခြားသူဟုတ်ပါရိုးလား ... ဗေလုဝ စောင်းရှင် ပဉ္စသီခ နတ်သားပါပဲ။ ဒါပေမဲ့ သူကတော့
စစ်ခင်းနိုင်စွမ်းမရှိရှာဘူးလေ။ အဲဒီတုန်းက သူကသာမန်နတ်သားလေး၊ သူချစ်မိတာက တိမ္ဗရု နတ်စစ်သူကြီးရဲ့သမီးတော်
သူရိယဝစ္ဆသာနတ်သမီး ဆိုတော့ကာ ဂုဏ်ရည်ချင်းကမတူတော့ ယောက္ခမကြီးက သဘောမတူလို့ စောင်းသီချင်း ၁၅-ဂါထာနဲ့
သူတို့ဗိမာန်ရှေ့မှာ ဆိုတီးလေးတီးပြီး သွားကြွေပြခဲ့ရတာကိုး။ ယောက္ခမလောင်းကြီးကို ဖားတဲ့စာသားတွေလည်း ပါသေးတယ်
32

ဗျ။ သူကတော့ အပျော့ဆွဲလေးနဲ့ပေါ့ဗျာ။ သီလက္ခန္ဓဝဂ္ဂပါဠိတော်မှာ ပါပါတယ်။ ပါဠိတွေ၊ အနက်ပြန်ထားတာတွေတော့


သိပ်ရှည်လို့ ရေးမပြတော့ဘူးဗျာ။ ရွှေမန်းတင်မောင်ကြီး ဟဲသွားတဲ့ “အို ဒေဝစ္ဆရာ .... ရွှေနတ်ကညာ အလှတကာတို့ ...
ပေါင်းကာစုဝေး ...” ဘာညာ ဆိုတဲ့ ထဲက ဒေဝစ္ဆရာဆိုတာ အဲဒီနတ်သမီးပါပဲဗျာ ... Serenade ဟာ လက်စသတ်တော့
တာဝတိံသာနတ်ပြည်က စခဲ့တာကိုးဗျ။

ညချမ်းအခါမှာ ချစ်သူရဲ့ အိမ်ရှေ့... ပြတင်းပေါက် အောက်နား၊ အဆောင်ရှေ့ မြက်ခင်းပြင်တွေမှာ သီချင်းသွားတီး


သွားဆိုပြခဲ့ကြတဲ့ ကျွန်တော်တို့ သမိုင်းဝင်းက ရွှေရောင်ညခင်းတွေကို လွမ်းမောတမ်းတမိပါသေးရဲ့... အချစ်ဆိုတာ
ကျွန်တော့်အတွက်ကတော့ ခမ်းနားတဲ့ အစိတ်အပိုင်းလည်း ဖြစ်ခဲ့သလို လွမ်းခါးတဲ့ အတိတ်သမိုင်းလည်း ဖြစ်ခဲ့ကြောင်း
ပါဗျာ ... ။

ဟယ်ရီလင
ွ်
If I were a Flower
Pan Pon Pyin

33
If I were a Flower
Pan Pon Pyin

I thought if I were a flower, would I be heart broken when someone left me alone?
If I were a flower, would I be crying when all the expectations have gone away? I
don't think that I am as fragile or short-lived as a flower. Why are those teary eyes
shedding the juice of heart when I lose someone? I think the flowers would have
experienced that so many people just stopped and had a glance and then left. If
they cry for everyone who glance at them, will they still be beautiful?
34

A flower does not bloom dedicating to someone like human beings that they can
decorate the earth more than other things. May be that is why they can give a radi-
ant of beauty, the glory of the earth that comes from the gallant act. Blooming of a
lower itself is adventurous effort being unknown about their future, whether they
will be picked up by someone or will they just wilt and die. They don't know who
will pick them up or what kind of intention that passerby will have. How they will
disappear is a puzzle but they still glow their lives to give out glory on the earth.
They come on to the earth without a fail. It is a small flower that has courage and
that glows with elegance.

I can't think why I am crying and cannot be brave like a flower. I live longer than a
flower and have plans in life. A flower does not come with a plan but with courage.
So, I have tears when my plans do not meet reality. If I were a flower, I will not cry and just give a beautiful
smile to fill the earth with my beauty.

However, these flowers in front of me were very beautiful that I stopped crying and gazed at them. They are
with similar range of colours. They have so many different shapes, colours and characters but they are equally
beautiful. If I were I flower, I will never compete with anyone or any flower because I am the daughter of the
earth and other flowers will be my siblings.

Pan Pon Pyin

35
36

အချစ်ဆိုသည်မှာ
ဟန်သစ်ငြိမ်
အချစ်ဆိုသည်မှာ
ဟန်သစ်ငြိမ်

တစ်ခါကပေါ့။ သူငယ်ချင်းသုံးယောက်… ကိုဟန်၊ ကိုသစ် နဲ့ ကိုငြိမ်။

သူတို့ဆွေးနွေးကြတာ နည်းနည်းများကြီးကျယ်နေမလားမသိဘူး… `အချစ်အကြောင်း´ တဲ့။

ကိုဟန်။ ။ အချစ်မှာ မျက်စိမရှိ ဆိုတဲ့စကားရှိတယ်၊ အဲဒါ…

ကိုသစ်။ ။ အဲဒီတော့…

ကိုဟန်။ ။ အဲ… အချစ်မှာ မျက်စိမရှိဆိုတော့ နား၊ ပါးစပ်၊ နှာခေါင်း စတာတွေ ရှိတယ်လို့

37
ပြောတာဖြစ်မလား… မဟုတ်ရင် အချစ်မှာ ဘာရှိမလဲ… တစုံတခုတော့ ရှိမှဖြစ်မှာ…

ကိုငြိမ်။ ။ ကျုပ်က ဒီလိုထင်တယ်… အချစ်မှာ မျက်စိမရှိ ဆိုတော့ အချစ်သည် မကြည့်နိုင်၊

မမြင်တွေ့နိုင် (ဝါ) ကန်းနေသည် (Love is blind) လို့ ဆိုလိုတာ ဖြစ်မှာ…

ကိုဟန်။ ။ ဟင့်အင်း… မဖြစ်နိုင်ဘူး၊ တကယ့်လက်တွေ့မှာ မျက်စိမမြင်သူဆိုတာ မျက်စိတော့

ရှိသေးတယ်၊ မျက်စိမရှိရင်တောင် မျက်လုံးအိမ်တော့ ပါသေးတယ်ဗျ…´

ကိုသစ်။ ။ နေဦးဗျ၊ ဒီလိုစဉ်းစားရမှာ… ခင်ဗျားတို့နှစ်ယောက်စလုံးကို

အမှန်လို့ယူဆလိုက်တဲ့အခါ… အချစ်သည် မျက်ကန်းဖြစ်သော်လည်း မျက်စိမပါချေ (Love is

blind but without eye) ဆိုပြီးဖြစ်လာရော…´

ကိုငြိမ်။ ။ ဟောဗျာ…

ကိုဟန်။ ။ ဒီမှာ… စိတ်ပညာရှင်အချို့က လူသည် အချစ်နှင့် မကင်းနိုင် လို့ပြောကြတယ်ဗျ၊

ပြီးတော့ အချစ်ဟာ မျက်စိမရှိဆိုတော့…

ကိုငြိမ်။ ။ ဒါဆိုရင် လူမှာမျက်စိမရှိလို့ ခင်ဗျားက ဆိုချင်တာပေါ့…


ကိုဟန်။ ။ ဟုတ်တယ်၊ ဒါမှမဟုတ် အချစ်နှင့် မကင်းသူများ မျက်စိမရှိချေ လို့လည်းယူဆနိုင်တယ်

ကိုသစ်။ ။ ခင်ဗျားတို့ ကောက်ချက်က မဟုတ်သေးဘူးထင်တယ်၊ ဒီလိုဗျာ… အခုကျုပ်တို့ ထိုင်ခုံမှာထိုင်နေတယ်၊ ထိုင်ခုံနဲ့

မကင်းဘူး၊ ပြီးတော့ ထိုင်ခုံမှာလည်း မျက်စိမှ မရှိတာ…

ကိုငြိမ်။ ။ နေဦးဗျ… မချစ်သော်လည်း အောင့်ကာနမ်း ဆိုတဲ့စကားရှိတယ်… အဲသဟာအရဆိုရင် အချစ်ဟာ မျက်စိနဲ့

မသက်ဆိုင်ဘဲ ပါးစပ်၊ နှုတ်ခမ်း၊ နှာခေါင်း စတာတွေနဲ့ပဲ သက်ဆိုင်ရတော့မပေါ့…

ကိုသစ်။ ။ အဲဗျာ…

ကိုဟန်။ ။ တကယ်လို့ အချစ်မှာ မျက်စိမရှိဟု ဆိုခြင်းဟာ အချစ်တစ်ခုတည်း၌သာ မျက်စိမရှိဘဲ ကျန်တဲ့ ခံစားချက်တွေမှာ

မျက်စိရှိတယ်လို့ ပြောလိုတာပဲလား…

ကိုသစ်။ ။ ဒါဆို… အမုန်း၊ အလွမ်း၊ ပျော်ရွှင်ခြင်း စတာတွေမှာ မျက်စိရှိကြတယ်လို့ ပြောချင်တာလား…

ကိုငြိမ်။ ။ နေဦးဗျ… အချစ်မှာ မျက်စိမရှိလို့ ဆိုခြင်းဟာ မျက်စိမှာ အချစ်ရှိတယ်လို့ ဆိုလိုတာလည်း ဖြစ်နိုင်တာပဲ…

အတန်ကြာတဲ့အထိ သူတို့သုံးယောက်စလုံးဟာ အတွေးကိုယ်စီနဲ့ပေါ့။ အချစ်ဆိုတာ သူတို့အတွက်တော့ ခပ်ညံ့ညံ့

ဉာဏ်စမ်းပုစ္ဆာ တစ်ပုဒ်လို တွက်ရကျိုးမနပ်ဘူး ထင်ပါရဲ့။


38

အ + ခ +ျ + စ +် = အချစ်

ခဏလေးကြာမှ…

ကိုဟန်။ ။ သိပ္ပံက…

ကိုငြိမ်။ ။ ပြောဗျာ…´

ကျန်နှစ်ယောက်က သူဘာပြောမလဲ နားစွင့်နေတယ်။

ကိုဟန်။ ။ သိပ္ပံပညာရှင်တွေ ပြောတာက အဆင့်မြင့်သော သက်ရှိသတ္တဝါ အားလုံးလောက်နီးပါးမှာ အမြင်အာရုံကို ခံစားနိုင်ဖို့

မျက်စိများပါရှိသည် တဲ့…

ကိုငြိမ်။ ။ ဒါဆို… သက်ရှိသတ္တဝါအားလုံးနီးပါး၌ အချစ်မရှိဟု ယူဆရတော့မှာပေါ့…´

ကိုဟန်။ ။ ဟုတ်မယ်။ တချို့ အင်းဆက်ပိုးကောင်တွေမှာ မျက်လုံးအရေအတွက် များစွာပါရှိခြင်းကလည်း အချစ်ကို လုံးဝနီးပါး

စိတ်မဝင်စား လို့ဆိုလိုတာလား… ပြီးတော့…


ကိုသစ်။ ။ ခဏနေကြဦးဗျာ… ခုနက ကျုပ်ပြောပြီးပြီလေ… အချစ်မှာ မျက်စိမရှိဘူး၊ ဒီထိုင်ခုံမှာလည်း မျက်စိမရှိဘူး၊ အဲ…

သတ္တဝါတွေကျတော့ မျက်စိရှိတာ များတယ်နော်… အဲဒါကြောင့် ထိုင်ခုံနဲ့ အချစ်လိုပဲ အရမ်းကြီး ကောက်ချက်မဆွဲနဲ့လေဗျာ

ကိုဟန်။ ။ ထားဗျာ… လူပြောများတာ တစ်ခုရှိသေးတယ်၊ မြင်မြင်ချင်းပဲ ချစ်မိတယ်၊ ချစ်ခြင်းအစ မျက်စိက (Love at first

sight) ဆိုတာမျိုးပေါ့…

ကိုသစ်။ ။ ကျုပ်လည်း ကြားဖူးတယ်… Eyes are the ambassador of love… မျက်လုံးတွေဟာ အချစ်ရဲ့ သံတမန်တွေပဲတဲ့…

ကိုငြိမ်။ ။ ဒါဆို အချစ်ဆိုသောအရာသည် မျက်စိရှိလိုက်၊ မရှိလိုက်ဖြစ်နေတော့မှာပေါ့

ကိုသစ်။ ။ ကျုပ်က အဲလိုမထင်ဘူး၊ ချစ်ခြင်းအစ မျက်စိကဆိုတော့… အချစ်သည် အစ၌ မျက်စိဖြင့်ပင် ဖြစ်သော်လည်း အဆုံး၌

မျက်စိမရှိတော့ချေ ဆိုတော ကောက်ချက်မျိုးပြုရမှာဗျ…

ကိုဟန်။ ။ ခင်ဗျားကောက်ချက်က မနိပ်သေးပါဘူး၊ မျက်စိတစ်ဖက်ကန်းနေတာလည်း ဖြစ်နိုင်တာပဲ…

ကိုငြိမ်။ ။ အင်း… နေဦးဗျ… ဒီစာအုပ်ထဲကဟာတွေ ခင်ဗျားတို့ကို ဖတ်ပြမယ်…

ကိုဟန်က လူရှိန်သွားလောက်တဲ့ စာအုပ်ထူကြီးထဲက စာကြောင်းတချို့ကို ထောက်ပြပြီးပြောတယ်။

ကိုသစ်။ ။ ပြောဗျာ… ဘာတွေလဲ…

ကိုဟန်။ ။ ဂျာမန်စကားပုံတစ်ခုက ပြောတာ… Love is not blind, it is merely doesn’t see… အချစ်ဟာ

39
ကန်းနေခြင်းမဟုတ်ပါ၊ မမြင်ရုံမျှလေးသာ တဲ့

ကိုငြိမ်။ ။ အင်း…

ကိုဟန်။ ။ နောက်တစ်ခုကျတော့ ဒီလို… Love is one eyed, but hatred is blind… အချစ်ဆိုတာ မျက်လုံးတစ်လုံးရှိပြီး

အမုန်းကသာ ကန်းနေတာ ဆိုပဲ…

ကိုသစ်။ ။ အဲဗျာ…

ကိုဟန်။ ။ အာရဗီ စကားပုံတစ်ခုက… Love is the companion of blindness… အချစ်ဟာ မျက်စိမမြင်ခြင်းရဲ့ အဖော် တဲ့…

ကိုငြိမ်။ ။ ဟုတ်မယ်၊ အချစ်ဆိုတာကို ပညာရှိတွေ ကောင်းကောင်းနားလည်ပုံ မရဘူး၊ Shakespeare ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက

သူ့စာအုပ်တစ်အုပ်ထဲမှာ… Love looks not with the eyes, but with the mind… အချစ်ဟာ မျက်စိတွေနဲ့ မကြည့်ဘူး၊

စိတ်နဲ့ပဲ ကြည့်တယ် လို့ပြောတယ်…

ကိုဟန်။ ။ အင်း… ဒီတစ်ခုကျတော့ ဘာပြောလဲဆိုတော့… Nothing is better than love in life… ဘဝမှာ

အချစ်ဆိုတဲ့အရာထက် ကောင်းတာ ဘာမှမရှိတဲ့…

ကိုသစ်။ ။ ဘာ… အချစ်ထက်ကကောင်းတာ ဘာမှမရှိ၊ ဟုတ်လား…


ကိုသစ်က အလန့်တကြားဖြစ်သွားတယ်။

ကိုဟန်။ ။ အဲ… ဘာဖြစ်လို့လဲ…

ကိုသစ်။ ။ ကျုပ်ကြားဖူးတဲ့ သိုးဆောင်းစကားတစ်ခုရှိတယ်၊ ပေါင်မုန့်တစ်လုံးရှိတာဟာ ဘာမှမရှိတာထက်တော့ ကောင်းတယ်…

A loaf of bread is better than nothing တဲ့၊ ဒီလိုဗျာ…

သူက စာရွက်ပေါ်ချရေးလိုက်တယ်။

အချစ်ထက်ကောင်းတာ >>> ဘာမှမရှိ

ဘာမှမရှိတာထက်ကောင်းတာ >>> ပေါင်မုန့်တစ်လုံး

ကိုသစ်။ ။ အဲလိုဆိုရင်… ပေါင်မုန့်တစ်လုံးက အချစ်ထက်ပိုကောင်းနေတာ ဖြစ်နေမှာပေါ့…

ကိုငြိမ်။ ။ အဲဗျာ…

အချစ်ရယ်၊ ဝိုင်တစ်ခွက်ရယ်၊ ပေါင်မုန့်တစ်လုံးရယ် ဆိုတဲ့ ကဗျာကို သူတို့သတိရသွားဟန်တူတယ်။ စုတ်ချက်ကြမ်းတဲ့

အတွေးပန်းချီကားတွေ ကိုယ်စီရေးလိုက်ကြတယ်။ ခဏကြာမှ…

ကိုဟန်။ ။ ရောမစာဆိုတစ်ယောက်ပြောသွားတာ… Love conquers all… အချစ်ဟာ အရာအားလုံးကို အောင်နိုငတ


် ယ် တဲ့…
40

ကိုသစ်။ ။ ဟုတ်လား

ကိုဟန်။ ။ အင်း၊ ဒါပေမဲ့ အဲဒီအရာအားလုံးဆိုတဲ့ အထဲမှာ အချစ်လည်းပါမှာပဲလေ၊ အဲဒီတော့ အချစ်က

အချစ်ကို ပြန်နိုင်သွားသလိုမျိုး ဖြစ်နေမှာပေါ့…

ကိုငြိမ်။ ။ အင်း… ခင်ဗျားဟာက ဘဲဥအစရှာနေသလိုပဲ… တကယ်ဆိုရင်…

“ကျေးဇူးပြုပြီး လူကြီးမင်းတို့ ဘာသုံးဆောင်မလဲဆိုတာ သိပါရစေ”

သုံးယောက်သားမော့ကြည့်လိုက်တော့ စားပွဲထိုး ဖြစ်နေတယ်။ စားသောက်ဖို့သတိရလာတော့မှ သူတို့ရဲ့ အချစ်စစ်ပွဲကို

လမ်းတဝက်မှာတင် ရပ်ထားလိုက်ကြတော့တယ်။ ဒါမှမဟုတ် အချစ်ဆိုတာ သရဲ၊ တစ္ဆေလိုပဲ ကြောက်ဖို့ကောင်းတယ်ဆိုတာ

သူတို့ သိသွားလို့လည်း ဖြစ်ချင်ဖြစ်မှာ။

မေတ္တာဖြင့်

ဟန်သစ်ငြိမ်
ဆိုတော့ကာ အချစ်ဖြစ်သည်
မိုးလှိုင်ည

41
ဆိုတော့ကာ အချစ်ဖြစ်သည်
မိုးလှိုင်ည

နှလုံးသား အကိုးအကားနဲ့ ဘယ်တော့မှ မပြောဖြစ်ခဲ့စေတနာတချို့


ကမ္ဘာဦးကတည်းက ကျမ်းစာ ပျိုမျစ်တဲ့အိပ်မက်တွေနဲ့မျက်နှာသစ်ပြီး
ပုထုဇဉ်ဟူသမျှ အံကြိတ်တောက်ခေါက်
ဘယ်သူမှဖတ်လို့ မပြီးရှာဘူး… ရင်ဘတ်ဟောင်းလောင်းနဲ့
ခြေဦးတည့်ရာလျှောက်သွားမိတဲ့
ခံစားမှုရဲ့ စေခိုင်းချက်နဲ့ ညနေစောင်း…
လေ့ကျက်ခဲ့ရတဲ့
ဘာသာစကား ဘာမှမဖြစ်ပါဘူးဆိုတဲ့နာနာကျင်ကျင်
42

ဘယ်သူမှလည်းတတ်မြောက်မသွားရှာဘူး… စကားလုံးများ…
ပျော်ရဲ့လားလို့ မရေမရာမေးခွန်းမျိုးကို
သံသရာဆွဲဆန့်လို့ ရုတ်တရက်ခေါင်းငြိမ့်လိုက်သလိုမျိုး
ဘယ်လောက်ပင်ရှည်ရှည်
ရင်အုံထဲထိုးခတ်သွားတဲ့ မာလာဆောင် အရွယ်သုံးပါးစလုံး
အိပ်မက်ဆိုးတွေအတွက် အပြင်းအထန်မှီဝဲချင်
တစ်ရေးနိုးမှ ထငိုရတဲ့ နတ်ဆေးတစ်မယ်
ကိုပေါ…
ဝီစကီခပ်ပြင်းပြင်းတစ်ခွက်ကို
ဆော်ဒါမပါဘဲ မော့လိုက်ရသလို
ဘဝတစ်ခုလုံး ပူပြင်းရှတရီဝေသွားတဲ့အဖြစ်ကို
ဆိုတော့မယ်…. အချစ်လို့….။

မိုးလှိုင်ည
အချစ်ဖွဲ့
ပန်ဒိုရာ

43
အချစ်ဖွဲ့
ပန်ဒိုရာ

ဆေးရောင်စုံတွေ ရှင်းလင်းနေတဲ့ အဝေးပြေး လမ်းမကြီးဘေးက ကြယ်ဖြူရိပ်ဆိုတဲ့


လက်ဖက်ရည်ဆိုင်လေးမှာ အခုဆိုရင် လက်ဖက်ရည်နှစ်ခွက်က စောင့်နေတော့မယ်။ ပြန်လှည့်
ကြည့်ချင်သူတွေကို စောင့်မျှော်မနေတဲ့လမ်းဟာ သူ့ဘာသာ စီးဆင်းနေတုန်းပဲ။ စိတ်ကူးတွေ
ကတော့ အနည်ကျလာခဲ့တယ်။ ပျောင်းနွဲ့ နွဲ့ ဖူးပွင့်ခဲ့တဲ့ နွေဦးတွေကတော့ အခုဆိုရင်
ညိုးနွမ်း ခြောက်သွေ့ပြီပေါ့။ ဆောင်းဦးရဲ့ အလင်းရောင်မပွင့်ခင် မနက်စောစော ထလှုံတဲ့
မီးပုံလေးဟာ မချုပ်ငြိမ်းခင်မှာ တဖျစ်ဖျစ်မြည်ရင်း တောက်ပလောင်ကျွမ်းခဲ့တယ်။ လွင့်စင်ပေါက်
44

ကွဲခဲ့တဲ့ မီးမှုန်မီးမွှားလေးတွေဟာ ကောင်းကင်က ကြယ်တွေနဲ့ မတူဘူးလား။ ကိုယ်ကတော့


ဘဝကို ဒရာမာမဆန်ချင်သူပါ။ ဒီလိုပါပဲကွယ်၊ မကြာခင်မှာ အားလုံးဖြတ်သန်း ပြီးဆုံးသွား
ရမှာပါပဲ။ နှင်းရည်တွေသီးနေတဲ့ မနက်ခင်းလေးက ပေါ့ပေါ့ပါးပါး လေချွန်နေတဲ့အခိုက် လက်ဖက်
ရည်ဆိုင်ဘေးက အပင်အိုကြီးမှာ သစ်ရွက်စိမ်းတွေက တဖြတ်ဖြတ် လှုပ်နေဦးမှာ။ မုန့်ဟင်း
ခါးတစ်ပွဲ လက်ဖက်ရည်ပုံမှန်တစ်ခွက် ချမယ်။ စီးကရက်တွေ မသောက်ကြေး။ မြောက်ပြန်လေက
ဝေ့လာတော့ အနွေးထည်အင်္ကျီကို ရင်ဘတ်အထိ ဆွေ
ဲ စ့လိုက်ကြမယ်။ ဒီလိုပဲ ယုံကြည်မှုဆို
တာတွေဟာ တခါတခါ ရင်ထဲစိမ့်အောင် အေးမြသွားတတ်တာမျိုး။ စကားလုံးတွေ မဖြစ်မနေ
မလိုအပ်တဲ့ ဆက်ဆံရေးတွေမှာ အရာရာဟာ ပျော်ဝင်နေနိုင်တာပဲ။ အဲဒီလို နေ့တွေကို ဖြတ်သန်း
ချိန်မှာ လမ်းမဟာ နေရောင်တွေဟပ်ပြီး လျှပ်လျှပ်တောက်နေမယ်။ ကားကြီးတွေ ဖြတ်သွားတိုင်း
ဖုန်တွေက အလုံးအရင်းနဲ့ ဆိုင်ထဲကို ဝင်လာမယ်။ အချိန်ရရင်တော့ ဟိုးမှာ လှမ်းမြင်ရတဲ့
ရွာတန်းရှည်ကလေးကို သွားပြီး ဗူးစင်အောက်က ပက်လက်ကုလား ထိုင်လေးတွေပေါ်
တရေးတမော အိပ်ကြတာပေါ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အခါ ရွာရဲ့အသံတွေက နား
ထဲမှာ ဝေးဝေးပြီး နောက်ဆုံး ပျောက်ကျန်ခဲ့မယ်။ လှည်းဘီးပွတ်သံ၊ နွားကိုငေါက်သံ၊ ခွေးဟောင်
သံ၊ ကလေးငိုသံ စက်ဘီးတွေ ဆိုက်ကားတွေ တဂျောက်ဂျောက် စီးသွားသံ။ လမ်းမကြီးပေါ်မှာ ကားတွေကတော့
တစ်စီးပြီးတစ်စီး ဖြတ်သန်းနေကြဦးမှာပဲ။ ခဏကြာတော့ မိုးချုပ်တော့မယ်။ ငှက်တွေ အိပ်တန်းတက်တော့မယ်။ တမျှော်တခေါ်
လမ်းမကြီးထဲကို ဆည်းဆာဟာ တစ်လှမ်းချင်း ဖြန့်ခင်းလာမယ်။ မကြာခင် တဖွဲဖွဲ နိုးထလာတော့မယ့် ကြယ်တွေကို
ဆက်ငေးကြရင် ကောင်းမလားဟင်။ ညရဲ့စိမ့်ဝင်မှုမှာ လက်ဖျားခြေဖျားတွေလည်း ပြန်အေးစက်သွားဦးမယ်။
ဒီလိုပါပဲ နေ့တွေနေ့တွေ.. မရပ်မနားပြေးလွှား ရင်း ပြတ်တောက်မာဆတ် အဆုံးသတ် သွားဦးမှာပေါ့။

ပန်ဒိုရာ

45
Something is Better than Nothing
Awemyine
46
Something is better than Nothing
Awemyine

Let’s talk about love. That’s all I have in my mind right now. What else, if not? Life?
Buddha's teachings? Why do I want to follow Buddha’s teachings, anyway? Love? Is
this the same word which has been used to describe the kind of true passion
blessed by Buddha?

First of all, I asked this question to myself: “Do I really love myself?”
This really is a difficult question for me, but I would simply answer “Yes”, without

47
any logical reason.

Thinking of references, the first book which would come into my mind is “Seven
Habits”. True North? What is it? What does it mean by To Live, To Learn, To Love,
To leave legacy, then what? I don’t really understand it completely. I started off
well, but I have been getting confused along the way. Sometimes I can’t even an-
swer this simple question: “What is your purpose in life?”, can you?

If you have already got married by any chance, and if you have got kids, and as-
suming that you love them as normal parents do, I’d assume your answer:
“Oh…my kids are my purpose in life. I’ve got to feed them, educate them, make
them happy., etc”.
But does it really make sense? For me, well, I could, kind of understand it, though I am not so sure about it.

There is a difference between giving up half way, and reaching to the top and going down again.
Sense of accomplishment?

On the other hand, not always, but “purpose” is also important. My father wanted me to memorize this
quote: “If you do not get what you want, it means you do not really want it, or you are trying to bargain over
the price”. If you do not know where you are going, you might end up somewhere you won’t even know.
Do all these answer the question?

OK, so what? Got distracted by goals in life, great ambitions, etc? Where is love then? Going back to the same
question, “Do you really love yourself?” Please answer…

Awemyine
48
ကြယ်သူလေးရဲ့ စကား
နန်းညီ

49
ကြယ်သူလေးရဲ့ စကား
နန်းညီ

ဟိုးကောင်းကင်ကြီးပေါ်မှာ
ညဘက်ဆို
ကြယ်လေးတွေအစီအရီ လင်းလက်လာတဲ့အခါ
ပုံပြင်လေးတစ်ပုဒ်
ဒီလိုဖြစ်လာသတဲ့..
အဲဒီ ကြယ်ရောင်ကောင်းကင်ကြီးထဲက
ကြယ်သူမလေးတစ်ယောက်က ပြောတယ်
50

“အဲဒီလူအတွက်
ခဏတာလေးပဲဖြစ်ဖြစ်
သေးသေးကွေးကွေး လင်းချင်းနိုင်ဖို့
ကျွန်မကိုယ်ကျွန်မ လောင်ကျွမ်းခံနေတာပါ”.. တဲ့
“မိုက်မဲလိုက်တာကွယ်”.. လို့
လမင်းကြီးက ပြောတဲ့အခါ
ကြယ်သူမလေးက ပြုံးလေရဲ့
“ကောင်းကင်ကို သူမော့ကြည့်တိုင်း
တခြားကြယ်တွေအများကြီးကိုလည်း
သူတွေ့မှာပါပဲ” တဲ့
“ဟုတ်တယ်”
ကိုယ်ပေါ်မှာ တောက်လောင်နေတဲ့
အဲဒီ မီးလျှံတွေကို ပိုမိုကျွမ်းလောင်စေလိုက်ရင်း
ကြယ်သူလေးက ဖြေတယ်..
“တခါတရံရောက်လာတတ်တဲ့
အကြည့်တစ်ချက်လေးတွေကိုပဲ
တမက်တမော ရှိလှပါပြီ”
ပြီးတော့ သူ ပြုံးလိုက်ပြန်တယ်..
ဒီလိုနဲ့
တနေ့တခြား
သူ့ကိုယ်ပေါ်က မီးတောက်တွေ
အရှိန်လျော့ ပျက်ပြယ်လာနေရင်း
နောက်ဆုံးတစ်နေ့မှာတော့
ကြယ်သူမလေးဟာ ကောင်းကင်ပေါ်ကနေ
မှိန်ဖျော့ ပျောက်ကွယ်သွားတော့တယ်..
ကြည့်နေကျအတိုင်း
ကြည့်တာပါပဲ

51
ဒါပေမဲ့
ခါတိုင်းနဲ့မတူတာ ဘာကြောင့်လဲလို့
ကောင်လေးက တွေးနေရင်း
“ကြယ် တစ်လုံးလုံးများ လျော့နေသလားမသိဘူး” တဲ့
ကောင်လေးစကားကို လှမ်းကြားလိုက်တဲ့
လမင်းကြီးက
အသိမှတ်ပြုစကားလေးကို
မကြားသွားရရှာတဲ့ ကြယ်သူမလေးအစား
နင့်နင့်သည်းသည်း
ငိုကြွေးလိုက်တော့သတဲ့ကွယ်.. ..

နန်းညီ
ဗန့်ဂိုးကော်ဖီ
ညီလင်းဆက်
52
ဗန့်ဂိုးကော်ဖီ
ညီလင်းဆက်

ကျွန်တော့် ဝက်ဝံလေး ကျွန်တော့်ဆီ ပြန်လာတယ်။ မှောင်မည်းနေတဲ့ အခန်းတစ်ခုထဲမှာပါ။


တိုးတိတ်စွာ ငိုလွယ် ငြီးလွယ်တဲ့ ဝက်ဝံကလေးမှာ မြတ်နိုးခြင်းရှိတယ်။ ကျွန်တော် စာဖတ်နေတဲ့
အချိန်ပေါ့၊ သူပြန်လာတယ်။ သူတံခါး ခေါက်လိုက်တဲ့ အသံဟာ ကျောင်းဆင်းချိန်မှာ
ထိုးသွားတဲ့ ခေါင်းလောင်းသံလိုပဲ။ ကျွန်တော် ပါရီကို ရောက်သွားတယ်။ ကျွန်တော် ဗန့်ဂိုးကို
အချစ်အကြောင်း သွားမေးတယ်။ သူက ကော်ဖီ သောက်မလား မေးတော့ ဝီ လို့ ပြင်သစ်ဆန်
ဆန် ပြန်ဖြေလိုက်တယ်။ သူက ကျွန်တော့်ကို ခုံတစ်ခုမှာ ထိုင်ခိုင်ထားပြီး ပန်းချီဆက်ဆွဲနေ

53
တယ်။ မှတ်မှတ်ရရ သူ သူ့ပုံတူကို ပြန်ဆွဲနေတာ။ သူက တူလား မေးတော့ မတူဘူးလို့
ကျွန်တော် ဖြေလိုက်တယ်။ မတူဘူးလား ဆိုတော့ တူတယ်လို့ စိတ်အား ထက်သန်စွာ ပြောလိုက်
မိတယ်။ ခင်ဗျား နှုတ်ခမ်းမွေးတွေ ရိတ်လိုက်ပါလားလို့ ကျွန်တော်က ပြောတော့ သူခေါင်းကို
တွင်တွင် ခါတယ်။ ငါ့ပါးစပ်တွေကို ဖုံးကွယ် ထားပါရစေတဲ့။ အင်း ဒါလည်း ဟုတ်နေတာပဲ။

သူ ကျွန်တော့်ကို ကော်ဖီတိုက်မယ် ဆြိုပီး မတိုက်သေးဘူး။ ညနေစောင်းလောက်ရောက်တော့


ကျွန်တော့်ဗိုက်က တော်တော်လေး ဆာလောင်မွတ်သိပ်နေပြီ။ သူက ကျွန်တော့်ကို တစ်ချက်
ကြည့်လိုက်ရင်း နောက်ဆုံး စုတ်ချက်အဖြစ်နဲ့ သူ့မျက်လုံးတွေမှာ အမည်းရောင်ကို
ထပ်ဖြည့်လိုက်တယ်။ ပြီးတော့ တစ်ချက်ရယ်ပြီး ကျွန်တော့်အတွက် ကော်ဖီသွားယူ
လာ ပေးပါတယ်။ အပေါစား နို့ဆီနဲ့ ဖျော်ထားလို့ ခပ်ပျစ်ပျစ် ဖြစ်နေတဲ့ ကော်ဖီဟာ အနားပဲ့နေတဲ့
ခွက်ထဲမှာ အငွေ့ ထောင်းထောင်းထရင်း ကျွန်တော့် အနားကို ရောက်လာတယ်။ ယင်ကောင် ၃
ကောင်၊ ပတ်ဝန်းကျင် ငှက်ဆိုးထိုးသံ ၄ ချက်။ ကျွန်တော် အာသာငမ်းငမ်းပဲ သောက်
ပစ်လိုက်တယ်။ ဒီကော်ဖီဟာ လိုအပ်နေချိန်မှာ အချိုမြိန် အရှတဆုံးပဲ။ ကျွန်တော် ခေါင်းကို
ညွတ်ပြီး နှုတ်ဆက် လိုက်တယ်။ သူက ကျွန်တော့်ကို အချစ်အကြောင်း မသိချင်တော့ဘူးလားလို့ မေးတယ်။ ပြီးတော့ ဟက်ခနဲ
တစ်ချက်ရယ်တယ်။ ကျွန်တော် နှုတ်ဆက် ထွက်ခွာခဲ့တယ်။ သူ့အခန်း အပြင်ဘက်မှာ ညငှက် သုံးကောင်၊ ယဉ်ကျေးမှု ၄ ခု။

ကျွန်တော့်ဝက်ဝံလေး ကျွန်တော့်ဆီ ပြန်လာတယ်။ ကျွန်တော် ကော်ဖီတိုက်တယ်။ အဲဒီကော်ဖီရဲ့ နာမည်ကို ဗန့်ဂိုး ကော်ဖီလို့


နာမည်ပေးထားတယ်။ သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော်သိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့လည်း
ကြိုက်နှစ်သက်မယ်ဆိုရင် ကျွန်တော့်ဆီမှာ လာရောက် သောက်သုံးနိုင်တယ်။ ဒါမှမဟုတ် အပေါစား နို့ဆီ ပျစ်ပျစ်နဲ့ ဖျော်မယ်
ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကော်ဖီကို ဗန့်ဂိုးကော်ဖီလို့ နာမည်တပ်ပြီး ဂုဏ်ပြုဖို့ကိုတော့ မမေ့ကြပါနဲ့ လို့မှာချင်ပါတယ်။

ကျွန်တော့်ဝက်ဝံလေးကတော့ အိပ်မက်ထဲက ပြန်ထွက်သွားတယ်။

ညီလင်းဆက်
54
မျှော်လင့်ခြင်းအကြောင်း
တေဇာ (လရောင်လမ်း)

55
မျှော်လင့်ခြင်းအကြောင်း
တေဇာ (လရောင်လမ်း)

(၁)
တစ်ခုမှ မရေရာသူမို့လည်း
အရာရာကို မျှော်လင့်နေနိုင်တာပေါ့
တစ်နေ့မှာ…
ပန်းလည်းပွင့်မယ် နေလည်းသာမယ်
သက်တန့်လေးတောင် ဖြာချင်ဖြာနေဦးမယ်
56

မိုးလေဝသခန့်မှန်းချက်တွေ ပိတ်လိုက်ကွယ်။

[1]
Nothing is in certainty
It enables me to hope everything
someday,
It shall be in blossom and sunshine
Even rainbow might lie ahead
Please stop the weather forecasts.
(၂)
ပုံပြင်အရဆို
မေခလာရောက်သင့်နေပါပြီ
ဇွဲရှိသယောင် သရုပ်ဆောင်နေတာ
ဇွဲကောင်းလွန်းလှတယ်
မျှော်လင့်ချက်မရှိသယောင်
ဟန်မဆောင်တတ်ခဲ့တာ တစ်ခုပဲ
ပင်လယ်ဆိုတော့လည်း ကျယ်သားပဲလေ။

[2]

57
According to the myth
Maykhala should be seen now
I act as I have perseverance,
with great perseverance
I but fail to pretend that
I have no hope
Isn't the very ocean broad.

တေဇာ (လရောင်လမ်း)
By the Sea
Khine Soe Lung
58
By the Sea
Khine Soe Lung

I got out of the airport building and found a taxi. The driver was a tough man in his
late 40 or something with a sun burned face and stout hands. “Where shall i send
you, Sir?” he asked. And I said "Any hotel by the beach”. Then he set off soon I got
into the car. I started to fall asleep when I heard the driver’s “there the sea”. I nod-
ded without looking at what he was pointing. “How do you feel seeing abroad sea
right in front or you?” He asked. “nothing”, I murmured. The driver gave me a
glance and didn’t say anything more till we got to a hotel. “Here we are” he said

59
turning the car into the hotel’s entrance. I gave him the amount he said and went
to the receptionists.

“Did you make booking?” inquired a lady with a big scary grin. “No” I said. She
checked in her computer and asked me “there will be superior room only, is that
fine?” I said 'okay' and the lady made some check-in procedure asking me some
questions I couldn’t stand like my name, my passport number, and my check out
date, to which I didn’t give her answer and a boy ushered me to a bungalow.

“have a nice stay” the boy said placing my luggage on a table and he left giving me
a grin which was as scary as that of the receptionist. Why all people saying unnec-
essary things with disgusting smiles all the time? I lied on the king-sized bed think-
ing the bed was not needed to be that big for me alone. Then I soon fell asleep.
I woke up with some noise right above my head. I saw three teenagers twittering while they were running
with colourful child play balls in their hands when I removed the thick curtain without getting up from bed.
What made them that happy? Didn’t they know they could face some danger one day? I wondered if they
would be able to laugh like that then. I regretted as I laughed in the same way.

The bath room was shining with modernized amenities. I gave a single look at them with full hatred. I filled
the tub with cool water and immersed myself in it. I wanted to fall asleep again. “Don’t you love me, honey?”
Bull shit. Why were these memories of mine fucking me well? I hated them. I hated all. Couldn’t I stay away
from these? Couldn’t I forget everything? What the fuck is love? Why on earth did I think I loved some peo-
ple? Is it needed in life? Well is life needed too? I made a hard shut to my eyes and put my head at the edge
of the bath tub. “I beg you, honey. Marry me please”. Fuck You, I murmured.

******

I was lying on the sand. I felt some waves wetting my back, which was not covered with a piece of cloth as
60

usual and the water crawling under it like insects. I remember some lyric I composed. What was that?
“Crescent land, I want to be back-on your sand to lie down still and flag-that is always my heart wants when-
ever it feels worn out torn out- crescent land, lead me to you at once, in your hand to leave my life to chance-
life will someday light trust hunt together with freedom and honour” aha. Freedom? Honour? What are these?

I was still but not yet flag and life hadn’t shown me anything with anything. I didn’t know why I wrote that
lyric, which I didn’t understand well. And my friend even found some crazy melody and sang it. He told me it
was very nice. I even thought those lyrics were nice and people who listened to it applauded them.

I turned over my body as the sun was shining too bright and I couldn’t stand it anymore. I could see the sea,
which was appealing me and I suddenly even felt I like it. I accepted it seemed beautiful with silvery heads
and clear water.

You could even think the water was blue if you looked at it. But it’s not really blue and not clean, moreover
there can be some poisonous creatures hiding in it. And you know how cruel the waves become when there is
a storm? They are just covering their ugliness assuming themselves very mild and lovely. They will show you
no mercy when they don’t want. Have you ever heard how they scream at night when they are wild? I spent
my childhood nights admiring their roar and falling asleep listening to them. “you will have to come back be-
fore the 27th. We will have an important meeting as you know”. Go. Go way. What if I stop working?

A group of hermits were coming near me. I saw they were carrying others’ shell and looked heavy. I couldn’t
understand why they were living in groups. Almost every living thing in the world seems to live in groups.
There were groups of people. Some were surfing. Some boys were playing football on the sand. And a young
couple was on the bikes with their hand holding each other. They would fall down as they are handling the
bikes with only one hand, I thought. But they didn’t. I came back to the hotel when the sun turned to orange.

I found the door bolted inside and i was unable to open by unlocking. What’s wrong? I checked the surround-
ing with a thought if I were at the wrong room. No. Impossible as I had stayed here for 4 days. I was right. I
found the door suddenly ajar and saw a familiar figure inside.

61
******

Susan was moving, leaning on my shoulder as if she were being pulled or pushed by something. She was
wearing one of the country shirts I bought her. But she looked a bit strange though I had seen her uncount-
able times in them. Oops. She was not wearing jean pants as usual. She was in some ugly loose pants.

I suddenly felt annoyed with her hair, which was beating my face hard very often and sometime even hurting
my eyes. “Will you tie your hair with something?” I said. Then she stopped moving and tied it with a rubber
strip found in her pocket.

I moved my look to the sea from Susan’s pale face.


“Honey?” She called me trying to lean on my shoulder again. I nodded looking at her.
“Don’t you love me?” She had asked this same question billion times.
"Yes”, I said. She didn’t seem to believe me though I was telling the truth. Yes, if there really exists love, I
love her.
“Then why don’t you want to marry me?” she had asked this question million times. And I had to repeat the
same thing I had said more than thousand times.
“It is not I don’t want to marry you. I just don’t want to get married. I won’t marry anyone. I don’t think I will
like marriage. Okay? Can’t we just stay like we always did?”

Susan slowly sat down on the sand. I also sat down trying to be too close to her and she was holding my
hands and rubbing my fingers with her eyes staring at the sea. But she didn’t seem to see anything in the
front. I could see a high wave coming to us.

Then I saw a range of tears creeping like two snakes on her cheeks. Was she crying? I could find no word to
soothe her though I knew I should do. So I stayed silent gazing at the sea. I heard her sobbing, which was
really annoying.

A few minutes later she wiped the tears and looked at me trying to smile in vain. “Let’s build a lovely family,
62

dear. I will try my best to make you happy. Okay?” She asked and kissed my forehead. I knew she was trying
to allure me. Then she kissed my lips. The kiss was not strong. Not like the ones I always liked. But long and I
felt stuffy. I could die if she would continue like this.

I removed her face with both hands and looked at her eyes. She was still crying.
“Don’t. Please stop crying”. I whispered. I softly wiped her tears. “Shall we go to town to look around?”
“I don’t want to” she answered.
“I will buy you chocolate ice cream, umm?”
“I no longer like it”.
“What do you like then? I will buy you all you like. Okay?”
She shook her head.
“Remember we went to Barli? We built sand palaces, remember? Shall we make something like that now?”
She was keeping silent. Nothing like the Susan I knew.
“So tell me. What shall I do for you? I will do everything you say. Just stop crying and sitting like an ill girl.” I
said. She gave a strange look at me.
“you don’t need to do anything. Let’s just get married.” She said.
“Arr I have told you several times I don’t want to get married. Let’s just stay like this. Isn’t it fun?”
She replied “not anymore”.
“Come on. I know you like it. Shall we go back to the room?”

“Will you stop talking like a fool?” She said in an impatient tone.
“Aren’t you a good girl? Are you naughty? I thought you were a very clever girl.”
“I am not a girl anymore. I will be a mother soon”.
The subject I was trying to stay away all the time came back again.
“Okay. You don’t need to be mother. Okay? Let’s just do something to it. Okay?”
“Honey, we have tried all possible ways, haven’t we? But what when nothing works?”
“But we still have the last chance, don’t we?”
“Do want me to die or what? Don’t you know how dangerous it is?”
“No, it is not that dangerous. I know many girls have done it”. I tried to assured her. “let’s just go town or to
a nearby hospital to find someone who will do it. Okay?”
“Honey, I am afraid. And I am ashamed too.”

63
“No. there is nothing to be ashamed and it is not dangerous either. Or shall I go find someone and you stay at
the hotel?”
She said nothing and sitting till it was very dark. I had to accompany her though I was very hungry.

******

I was lying on the king-sized bed, which I now found useful, awake. I heard Susan sobbing till midnight. I was
afraid it would sore her eyes would look ugly in the morning. I could hear the waves moving gently to the
shore. I put my arm on Susan’s waist. I could feel her womb, which was a bit fat now. She was falling asleep.
I could see her face by the dim chamber bulb. She seemed to be very sad even when she was sleeping. Don’t
I love her? I thought I did and I still do. And is it really dangerous? Can she die? Can I let her die?
Then shall I end my life like this? Getting married with her and bringing up kids? And what will happen later?
Will I find a young beautiful girl with the same age with a son of ours and marry her when Susan becomes old
and no longer beautiful like my dad did? And what will Susan do? Will she go abroad leaving all the children in
the hands of the step mother? And our kids will have to be like stray dogs as I was?
Or will Susan first find some more handsome guy with better properties and qualification than me, like the
previous ones I had met and made love did? Well, there must not be anything like love. I just must have
thought there was. I was not sure if I would love Susan and all other girls I met if they were very ugly or if
they hadn’t coaxed me with something.

I started to hate children since the day my dad called me at hostel and informed his new wife had given birth
to a girl. I had seen her when she visited me with dad. She even tried to get my affection giving big smiles
directly to my eyes and trying to kiss my hands. She called me “Big bro”, which I found very bitter.
“honey?”
“Arr wake up? Good morning.”
Susan smiled and hugged me.
“A have decided to do what you want me to do.” Oops it really was good morning. I kissed her.
“I know you are a clever girl.”
“Honey?”
“Umm?”
64

“I love you. More than I thought. More than I could love anyone.”
I kissed her again.
“come get up. Let’s go find someone”
She nodded.
“I love you so much. I don’t care if I will die”.
“no, you cannot die. Okay? It will be all fine. Okay? Don’t worry, honey.”

******

It was a shining day with soft breeze. It had been 6 days after all finished and we were strolling on the shore.
She was leaning on my shoulder. Her long soft hair was tied up with a clip beautified with sea shells. She was
slow but I could see her lovely smile with sharp eyes which always made my heart beat. She appeared all
clear in mind now.
“Honey?”
“Yes?”
“I cannot die, can I?”
“No, cannot. Why will you die?”
“Honey?”
“Umm”
“Why didn’t you tell me you would come here?”
“Just as I wanted to be alone.”
“Then I must go”
“No. no. I don’t want to be alone any more”
“Honey?”
“Yes?”
“You didn’t keep your promise”
“Yeah? Which one?”
“You said you will buy me chocolate ice cream”.
“Arr I see. I thought you said you no longer like it”.
“I lied”

65
“Bad girl”

We laughed and set off to the restaurant. There she had two big scoops of chocolate ice cream and I drank
beer. A group of young girls were looking at us and saying something and laughing. Life seemed to be fine for
me now. I tried to laugh aloud though I didn’t know what would happen to me next.

Khine Soe Lung


66

တချို့အချစ်တွေက ရယ်စရာကောင်းတယ်
မယ်ကိုး
တချို့အချစ်တွေက ရယ်စရာကောင်းတယ်
မယ်ကိုး

သမုဒယ…
ဒီဝေါဟာရဟာ သေခါနီးလူရင်က ပွင့်ထက
ွ်လာတဲ့ စကားမို့ ရယ်ရွှင်ဖွယ်ကောင်းလွန်းရဲ့။
အသိတရားရသင့်ပြီ။ တရားရိပ်ခိုကာ ငြိမ်းအေးရာ ရှာသင့်ပြီတဲ့လား။

ဟုတ်ပါတယ်။ နေဝင်ချိန်ရောက်နေပြီမို့ အရူးထမှုဟာ ရပ်သင့်ပါပြီ။ ဒါပေမဲ့ နှောင်ကြိုးပိတ်နှောင်


ကာ ရှေးရေးမမျှော်ကြည့်နိုင်လောက်အောင် ရတက်ပွေလိုက်တာလို့ ကဲ့ရဲ့မျက်နှာလွှဲ။ သူ့
အရိပ်လေးကွယ်သွားတာနဲ့ မငြိမ်းအေးနိုင်ပါလို့ ဆင်ခြေပေးချင်လည်း ကျွန်မရဲ့ မူလဓာတ်ကိုက

67
ခေါင်းမာမိုက်မဲခြင်းရယ်သာ။

သေရမယ်လို့ သိသွားသူတွေမှာ တုံ့ပြန်ချက် ဘယ်နှစ်မျိုးဖြစ်တတ်ပါသလဲ။ ဘုရားရိပ်ခိုတဲ့သူနဲ့


night club တက်သူတွေအဖြစ် ပြောင်းသွားတတ်သလား။ ကျွန်မကတော့ မအူမလည်နဲ့
ကမ်းတစ်ဘက်မှာ ရပ်နေမိသူရယ်။ တရားလည်းမမှတ် ဆေးလိပ်လည်း မရှိုက်ပါဘဲ ကျောင်း
တက်ကာ စာမေးပွတ
ဲ စ်ခုပြီး တစ်ခုဖြေဖို့သာ လုပ်နေမိတာ။

တစ်ဦးတည်းသော အကြောင်းသိကသာ နားမလည်ချင်ယောင်ဆောင်ကာ ဘာကြောင့်လဲလို့


မေးလာရင် “နောင်ဘဝအတွက် ပါရမီပါအောင် ” ဆိုကာ လူရယ်စရာ အဖြေရနိုင်တာ။ ဒီလို
အူကြောင်ကြောင် မိန်းမမို့ သူ မချစ်ခဲ့တာလား။

တကယ်လည်း သူ့ရဲ့ သုတေသနခန်းက ပေါင်းခံရည်တွေဟာ ကျွန်မရဲ့ နှလုးံ သွေးတွေများလား


လို့ အမြဲတစေ တွေးထင်နေမိသူရယ်လေ။ တစ်ခါကတော့ စိတ်ရူးပေါက်လွန်းစွာ “ကျွန်မ
သေသွားရင် သတိရမှာ မဟုတ်ဘူးနော်” လို့ သွေးတိုးစမ်း မေးခဲ့ဖူးပါရဲ့။ ကျွန်မမျှော်လင့်ထားတဲ့
အတိုင်း သူက “ခုချိန်မှာ သတိရမယ်လို့ ဖြေလည်း ညာတာပဲ ဖြစ်မှာ” လို့ အမှန်စကားဆိုပါတယ်။ ကျွန်မ ဟက်ကနဲရယ်မိရင်း
မျက်နှာကို လက်ဖဝါးနဲ့ အုပ်ဖြစ်သွားပါတယ်။ ဒီလို မျက်ရည်ခိုးသုတ်လိုက်တာကို ကျွန်မအပေါ်အရေးတယူမရှိတဲ့သူ သတိထား
မိမှာ မဟုတ်ပါဘူး။

ကျိန်စာပဲလို့ ထပ်မံညည်းညူရဦးမလား။ နှလုံးသားကွဲကြေအောင် ခံစားရလွန်းလည်း သူ့အပေါ် ထားတဲ့ မြတ်နိုးမှုရာခိုင်နှုန်း


မှာ ပြည့်လျှံကာ ကျော်လန
ွ်လို့ပင် နေသေးတာ။ သူ မညာတတ်တာ။ မိန်းကလေးတွေအပေါ် မကြင်နာတတ်တာ။ ကျွန်မကို
မတွယ်တာတာ။ အားလုံးအတွက် ကြံဖန်လို့ ကျေးဇူးတင်ရပါသေးတယ်။ ကျွန်မလို သေတော့မယ့် သူကို အချစ်ကြောင့်
မနာကျင်စေရက်တာ ပကတိစေတနာဖြစ်မှာပါ။

သံသယများတတ်တဲ့ သူကတော့ ယုံချင်မှ ယုံနိုင်လိမ့်။ လူအားလုံးအပေါ် အေးစက်တဲ့ သူ့ကို နှလုံးသားပါလာပုံမရဘူးလို့


ဝန်းကျင်က ခန်းမှန်းကြတဲ့အခါမှာ ကျွန်မက မခံချိမခံသာ ဖြစ်တတ်သေးတာလေ။ အနီးကသူတွေကို သူ မချစ်မိရုံလေးပါ။

အထူးသဖြင့် သူ အချစ်နဲ့ မတွေ့သေးတာကြောင့်ပါ။ ခံစားချက်မဲ့တယ်လို့ သတ်မှတ်ခံရတဲ့သူဟာ မချစ်တတ်တာ မဟုတ်ဘူးလို့


ကျွန်မက အကြောင်းပြချက်မဲ့ မှတယ
်ူနေဆဲ။ ဒီလိုယုံကြည်ရာအတိုင်း ပြောမိတော့ သူ မခိုးမခန့်ရယ်ကာ “ချစ်ရတာ...
ဒီတစ်ယောက်ကိုမှ မဟုတ်ဘူး....၊ ဒီတစ်ယောက်မှမဟုတ်လည်း တခြားတစ်ယောက်ယောက်ကို ချစ်ရမှာပဲ...၊ ချစ်လို့ချစ်တာ
68

မဟုတ်ဘဲ.. 'ချစ်ရ'တာ...” ဆိုတဲ့ အမှန်တရားတစ်ဝက်ပါတဲ့ ရင်နာစရာ အကောင်းဆုံးစကားကို ဆိုပါတယ်။

အချစ်ဆိုတာ ဟော်မုန်းထုတ်လွှတ်ခိုက် လူတစ်ယောက်ယောက်နဲ့ ကြုံဆုံမိခြင်းလို့လက်ခံထားတဲ့ သူ့ကို ထို Oxytocin


စတဲ့ ဟော်မုန်းခြောက်မျိုးမှာ နှလုံးသားရဲ့စေညွှန်ချက်နဲ့သာ လွှင့်ထုတ်တယ်လို့ တရားသေမှတ်ယူထားတဲ့ ကျွန်မ ခွန်းတုံ့ပြန်
လှန် မငြင်းလိုပါ။

မျက်ရည်ခမ်းနေပြီ ဖြစ်တဲ့ ကျွန်မ သူလက်မခံတဲ့ ဖူးစာတို့၊ ရှေးဘဝရေစက်တို့နဲ့လည်း အကျယ်မချဲ့ချင်တော့သလို … “ကျွန်မ


ရှင့်ကို သေးသေးလေး မွှားမွှားလေးတောင် မချစ်ချင်ပါဘူး။ ဒါပေမဲ့ ချစ်မိနေတာကျ ဘာသဘောလဲ ...”လို့ ရန်တွေ့နိုင်သူလည်း
မဟုတ်တာမို့…။

“ချစ်တဲ့အခါ နှစ်နှစ်ခွဲခံတဲ့ ဟော်မုန်းနဲ့ပေါ့ ဟုတ်လား...” လို့သာ ရယ်မောကာ စကားထောက်ပေးမိရဲ့။ သူက ပွင့်ပွင့်လင်း


လင်း ပြုံးကာ “အသေအချာပေါ့ သူ့သက်တမ်းက တစ်ယောက်အတွက် ဒီလောက်ပဲ ကြာတာလေ...”လို့ ခနိုးခနဲ့ဆိုလေတာ။

ဘယ်လောက်ဆိုးလိုက်တဲ့ လူလဲနော်။ ဒါပေမဲ့ မြတ်နိုးလို့ မကုန်နိုင်အောင်ပင် စူးစူးနစ်နစ်ချစ်ခဲ့မိလေပြီ။ ချစ်မိပြီး


အသဲကွဲတာဟာ မချစ်ဖူးတာထက် ပိုကောင်းတယ်ဆိုတဲ့ ဒဿနကိုသာ မုန်းနေသူမှာ သူ့အပေါ်တော့ မြူစလေးမျှပင် အကြင်နာ
မယုတ်လျော့နိုင်အောင်။
ကံ၊ ကံရဲ့အကျိုးကို မယုံကြည်တဲ့ သိပံ္ပသမားစစ်စစ် သူ့ကို ချစ်ခြင်းမှအစ အရာများစွာဟာ နုယူတန်ရဲ့ အသွားအပြန်နိယာမလို
မဟုတ်ဘဲ တခါတလေမှာ ကံတရားကြားခံကာ ပြန်လမ်းကြာတတ်ကြောင်းကို ဘယ်လိုသက်သေပြရမလဲလို့သာ နေ့စဉ်
အကြံထုတ်နေမိခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်မရဲ့ ဖြစ်တည်ချိန်တွေက တဖြည်းဖြည်းနည်းလို့ လာပြီလေ။ မတတ်သာတဲ့အဆုံး ဒီတစ်နည်းသာ သုံးရတော့မယ်


ထင်မိခဲ့တာ။

“ကျွန်မ သေသွားရင် သရဲလာခြောက်မယ် သိလား။ အဲဒီအခါကျ ယုံမယ်မဟုတ်လား ...” ဆိုတော့ ရှေးဘဝ နောက်ဘဝတွေကို
လည်း လက်မခံတဲ့သူက “လာခဲ့ ။ ဖမ်းပြီး ပြတိုက် ပို့ပစ်မယ်....” တဲ့။ ကျွန်မ နှလုံးခုန်ရပ်သွားခဲ့လေသလား။ ဖြစ်နိုင်ခြေများ
သားပင်။

ရင်ထဲစူးအောင့်နာကျင်ကာ “တယ်လည်း လုပ်ရက်ပါလားနော်။ သူ့အတွက် ပြိတ္တာတောင်ဖြစ်မယ့်သူ။ ခရီးဝေးက


လာရမယ့်သူကို အာလာပသလာပလေးတောင် မဆို။ ကြိုဆိုခန်းက ရက်စက်လွန်းလိုက်တာ ...” လို့ တွေးမိတိုင်း မျက်ရည်
လည်ကာ စိတ်ကောက်မိလေပြီ။

69
သူ မချော့ပါ။ ဝမ်းသာအားရလျစ်လျူရှုနေလေရဲ့။ ကျွန်မကတော့ ထိုသို့ဝေးနေတဲ့အခိုက်မှာ ရင်ကွဲတော့မလားပင် မှတ်ထင်နေမိ
ခဲ့တာရယ်။ ဟိုအရင်ကတော့ ကျွန်မလည်း သူ့လိုပင် နှလုံးသားမာကျောပေတေခဲ့သူပါ။ ဒါပေမဲ့

“နှစ်သစ်မှာ တစ်ကိုယ်တော် နှုတ်ခွန်းဆက်စကားက


လောကမှာ ငါမရှိလည်း ဖြစ်တယ်တဲ့။
အညတရ သင်္ခါရနဲ့ ဖြစ်ပျက်ခြင်းသစ္စာကို
ခါးသီးလို့ သေကြောင်းကြံရတော့မလား...”

လို့ လွန်ခဲ့တဲ့ နှစ်နှစ်က ကဗျာရေးခဲ့တဲ့ ကျွန်မဟာ သူနဲ့ ဆုံပြီးနောက် မယုံနိုင်လောက်အောင် ပြောင်းလဲခဲ့ပြီ။ ဗာဂျီးနီးယားဝုဖ် *
တို့ ဆီလ်ဗီယာပလာသ့် ** တို့ကို အားကျခဲ့သူဟာ အခုနေသေစေလို့ တန်ခိုးရှင်တစ်ပါးက အမိန့်ချရင်တောင် ပျော်ပျော်ရွှင်ရွှင်
မနာယူနိုင်တော့။

အမေတစ်ယောက်ရဲ့ “ငါမရှိလို့ မဖြစ်ဘူး။ စိတ်မချဘူး ...” ဆိုတဲ့ ဖြစ်နိုင်ခြေနည်းစကားကို ကိုယ်ချင်းစာ နားလည်ခဲ့ပြီ။


ဘယ်လိုဝဋ်ကြွေးလဲကွယ်။ အသေမဖြောင့်အောင်ပင် တွယ်တာနေမိခဲ့ပြီ။ ရုပ်ဝါဒီသမား သူဟာ တစ်နေ့နေ့တော့ အစစ်အမှန်ချစ်
တတ်လာမယ်လို့ ယုံကြည်နေဆဲ။ ဘယ်သူ့ကိုပင် သူချစ်ပါစေ ကျွန်မ ကြည်နူးမိမှာ အမှန်ပေမဲ့ ကြေကွဲစရာကတော့
သူပျော်နေချိန်လေးတွေကို ကျွန်မ စောင့်မကြည့်နိုင်တော့ဘူးလေ။

ဒီလိုဝမ်းနည်းမဆုံးနိုင်အောင် ရှိနေဆဲမှာပင် နောက်ဆုံးတော့ လမ်းတွေ့လေတာ။ လူကြံရင် ဘာခံနိုင်မှာတဲ့လဲလေ။

ရယ်ချင်လည်း ရယ်နိုင်ရဲ့။ နောက်ဘဝမှာ သူ့ကို စောင့်ရှောက်နိုင်တဲ့ ကိုယ်စောင့်နတ်အဖြစ်ကို ဆုတောင်းနေတဲ့


မိန်းမတစ်ယောက်ကိုပေါ့။ နတ်သားလား။ နတ်သမီးအဖြစ်လား ဘယ်လို ခွဲခြားဆုတောင်းရမှန်း မသတ်မှတ်နိုင်သေးပေမဲ့ ကျွန်မ
နတ်သမီး မဖြစ်ချင်တာ အမှန်ပါ။ ဘဝချင်း ခြားသွားပေမဲ့ ကျွန်မ သဝန်တိုချင် တိုနေမိဦးမယ်။ ပြီးတော့ သူက ကျွန်မ တဖြစ်လဲ
နတ်သမီးကို မနှစ်သက်နိုင်ပေဘူး။

ဒါပေမဲ့ နတ်သမီးဖြစ်မှသာ သံသရာအစဉ်အဆက် သူ့ကိုသာ ချစ်မိတယ်ဆိုတာ သက်သေပြနိုင်မယ် ထင်မိတယ်။


သူ့ကို ပြုံးကြည့်ပြီး “အချစ်ဆိုတာ နောက်ဘဝထိခံတယ်ဆိုတာ လက်ခံပြီလား ..” ဆိုကာ မေးလို့ရမယ် မဟုတ်လား။
“Vasopressin ဟော်မုန်းထွက်လို့ ကျွန်မ သစ္စာရှိနေတာ မဟုတ်ဘူးနော်။ မယုံရင် စမ်းသပ်ကြည့်ပါလား...” လို့လည်း သူ့ကို
စနောက်နိုင်ပေလိမ့်မယ်။

အဲဒီလို စိတ်ကူးယဉ်မိတော့လည်း သေခြင်းကို ကြည်မွေ့လာ။ နှလုံးအေးအေးနဲ့ သေဆုံးဖို့ ပြင်ဆင်နိုင်တော့တာ။ ဒါကြောင့်


70

သူက စိတ်အေးကြည်သာဖြစ်နေတဲ့ ကျွန်မကို “ခုတလော ရာသီဥတုသာယာနေပါလား...” တဲ့။ ကျွန်မက


“ခရီးသွားရတော့မယ်လေ ဘာမှာဦးမလဲ...” လို့ ပြုံးလို့ ပြောနေရင်းမှာပင် မျက်ရည်စိမ့်ထွက်လာရာ ခေါင်းငုံ့ကာ နေရပြန်။...။

မယ်ကိုး
The Sound from the Cliff
Han Thit Nyeim

71
The Sound From the Cliff
Han Thit Nyeim

He felt the wind was passing through and over him. The mountain was also cold
and chilly with unsteady breeze. It was hard for him to see the environment due to
the hazy fog. He knew that there was a deep cliff far in front of him. Soon, there
would be a sound coming from that mere cliff. He had never been there but he felt
as if he had been there.
72

The sky was obscure with dark clouds. But it did not seem that it would rain. The
sun did not seem to exist at that time. Whether there was the sun or not does not
matter, it was so bewildered for him to see around. The ambient condition looked
vague but it was not like the night time either. Soon, a sound would come out from
the cliff. He had never been there but he felt as if he had been there.

He felt that he was surrounded by lots of trees. Those trees were like the trees
from the rainforest. It was rather difficult to guess the height of those trees. It
seemed that they were taller than he thought since he could not see the top. The
weather was quite humid because of the surrounding trees. Soon, a sound would
come out from the cliff in front of him. He had never been there but he felt as if he
had been there.

He felt that there was a deep cliff in front of him. He also felt that the distance be-
tween him and the cliff was not that far. Whether the cliff was far or near does not matter, it looked so be-
witched for him to jump ahead. It seemed that he might float in the forceful wind coming out from the cliff.
Soon, he would hear a sound coming out from that cliff. He had never been there but he felt as if he had been
there.

He knew that there would be a sound coming out from the cliff. He knew that it was the sound of an opposite
sex. Whether the voice was sweet or harsh, it indeed was a sound with powerful, touching and caring aura.
That sound had yet to hear, he knew that it surely would come out. He had never been there but he felt as if
he had been there.

He believed that there would be a sound coming from that mere cliff.

With Love
Han Thit Nyeim

73
စက္ကူပုတီး
ပန်ဒိုရာ
74
စက္ကူပုတီး
ပန်ဒိုရာ

ကမ္ဘာကြီး မပျက်သုဉ်းခင်
တနေ့နေ့ပေါ့
မင်းလုပ်ပေးမယ့် စက္ကူပုတီးလေး
လည်မှာဆွဲထားမယ့်နေ့
အရောင်စုံ စိုလက်တောက်ပစွာ
အကြီးအသေး မညီမညာ
မင်းသီကုံးလိုက်တဲ့အခါ
တောပန်းရောင်စုံတွေကြားက
လိပ်ပြာတွေတောင် ငေးသွားကြမယ်

75
မြက်ခင်းစိမ်းပေါ်မှာ
ခြေဗလာထိုင်ဆင်း ကဗျာရွတ်ရင်း
နေ့အလင်းကို ညချဉ်းကပ်လာရင်
လရောင်ကိုခေါ်တဲ့သီချင်း မင်းကညည်းဆို
ကြယ်ဖြူရိပ်မှာ လေညင်းချို
တိမ်ညိုမည်း မိုးတွေသည်းလာတဲ့အခါ
ခြေဦးတည့်ရာ သံစဉ်ဆက်ရှာကြ
လက်ဖဝါးတွေပင့်မြှောက် မိုးပေါက်ကြားမှာ ကခုန်
သတိတရ ငုံ့ကြည့်လိုက်တော့
ဟော…
ငါ့စက္ကူပုတီးလေးလည်း အရည်ပျော်နေပါလေရော
ငါ… ငိုကြွေးမှာပေါ့
ပြီးတော့… ငါတို့ ရယ်မောလိုက်ကြမယ်။

ပန်ဒိုရာ
အာရုံသိ အတုများ
ညိုမင်းခ
76
အာရုံသိ အတုများ
ညိုမင်းခ

၁။

ထို့ကြောင့် စိုးရိမ်စိတ်ကိုမြှင့်တင်ရန်လုံလောက်၏။ ထိုအခါညများစွာ အတွေးကိုတိုးချဲ့ရသည်။


ခဏကြာမျှသာတွေဝေခြင်း၊ စိတ်လတ်ဆတ်မှုမဲ့ခြင်း၊ ဝေဝါးခြင်း။ လာခြင်းကောင်းသည်။
အခါလည်းမနှောင်းပါ။ သို့သော် တွေးတောခြင်းကို ဆန့်ထုတ်ရန်ခက်နေ၏။ ပစ္စုပ္ပန်အကြောင်းကို

77
ထည့်သွင်းမထားရသေးခင် မိုးရွာတတ်သောနေ့လည်များကို အိပ်မက်၌တွေ့ဆုံနေရသည်။
တွေ့ဖူးမြင်ဖူးသောအရိပ်တစ်ခုကို ညစဉ်စောင့်ကြည့်၏။ တွေ့သည်။ မြင်သည်။ သို့သော်
မတွေ့မမြင်ရပါ။ အနာအဆာမဲ့တဲ့ ဒီလိုကြယ်စုံညများတွင် ဝေဝါးရ၏။

သူမသည် သဒ္ဒါငယ်ဖြစ်သည်။
သူမအကြောင်း အနည်းငယ်သိသည်။
သူမကို ကျောင်းအသွားအပြန်လိုက်ကြည့်ဖူးသည်။
သူမကို သဒ္ဒါငယ်လို့ကိုယ့်ဘာသာနာမည်ပေးထားခြင်းဖြစ်သည်။
သူမအကြောင်းကိုကိုယ့်ဘာသာအကောင်းဘက်မှတွေးထားခြင်းဖြစ်သည်။
သူမကိုကျောင်းအသွားအပြန်လိုက်ကြည့်ဖူးပေမဲ့ သူမမှန်းမသေချာပါ။
သူမသည် အိမ်ရှေ့အိမ်မှအရိပ်ဖြစ်သည်။
သူမသည် အိမ်ရှေ့အိမ်မှအရိပ်ကလေးတစ်ခုဖြစ်သည်။
သူမ၏အရိပ်ကို ဂစ်တာတီးသောညများတွင် တွေ့ရတတ်သည်။
၂။

အားပေးစကားများကို မကြားဝံ့ခဲ့ပါ။ ကိုယ့်ကိုလှောင်နေသလိုခံစားရ၏။ အနုစိတ်လွန်းသော ကိုယ့်အာရုံသိများမှာ အမှန်


တကယ်ဖြစ်ရပ်တစ်ခုအတွက် စကားတစ်ခွန်းတလေမျှ ချောမောမှုမပြုစွမ်းနိုင်။ ညဥ့်နက်ဂီတများအား လိုအပ်ချက်များနှင့်
အညီ ကော်ဖီဆိုင်ယဉ်ကျေးမှုကို လက်ခံလာရသည်။ ဇွန်းတစ်ချောင်းနှင့် မွှေလိုက်သောအခါ နားစည်များ၌ အငြင်းများရိုက်ခတ်
လာ၏။ အမှားတရာအဖြစ်ကို စိတ်နှင့်ဖြစ်မိသူလို့ ထင်ချင်ကြ၏။ အရိုင်းရင့်ရောင်စိတ်ကူးယဉ်သဏ္ဌာန်များကို မြင်သူက
မြင်သည်ဟုဆိုကြသည်။ အလကားပြောခြင်းမဖြစ်နိုင်။ သို့သော်အမှန်တွင်(တကယ်တမ်းပြောစတမ်းဆိုလျှင်) အရိပ်အယောင်
များသာ။ ကိုယ်တိုင်ချည်တုတ်ခဲ့တဲ့အလင်းကို ပြန်ဖွင့်ထုတ်(လွှင့်ထုတ်)ရန်ခက်ခဲ၏။ ထိုအခါ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ကိုယ်
ကိုယ်တိုင် မြင်လာ၏။

သူမကိုတွေ့ဖို့ ကိုယ့်ပခုံးပေါ်ကလင်းယဉ်တိုင်ပေါ် ကိုယ်ကိုယ်တိုင်တက်ကြည့်နေရသည်။


သူမကိုတွေ့ဖို့ ကိုယ့်ပခုံးပေါ်ကလင်းယဉ်တိုင်ပေါ် ကိုယ်ကိုယ်တိုင်တက်ကြည့်နေရသည်။
အရိုင်းရင့်ရောင် စိတ်ကူးယဉ်သဏ္ဌာန်အကြောင်းပြောသူကိုလည်း ကြည့်စေချင်သည်။

၃။
78

ခက်နေခြင်းက နာမဝိသေသနမရှိသောသူမကို ဘယ်လိုအက္ခရာနှင့် ပုံဖော်ရမှန်းမသိခြင်းဖြစ်သည်။


ထွက်လေဝင်လေတွင် မွန်းနေခြင်းက သူမ အကြောင်းဖြစ်သည်။

ထွက်လေဝင်လေတွင် မွန်းနေခြင်းက သူမ အကြောင်းဖြစ်သည်။ ပြောစကားများတွင် လေးနက်မှုတမှုန်တသီရှိမည်ထင်ခဲ့သည်။


သို့သော် ရေစိုနေသော သက်သေပြချက်များက အလိုနောက်ကိုမလိုက်နိုင်ခဲ့ကြပါ။ အနာဂတ်အတွက်တွေးရင်း အတွေးလွန်
ရူးသွပ်မှုက ချုံခိုချွန်းအုပ်သွားခြင်းကိုခံလိုက်ရသူဟု စွပ်စွဲကြ၏။ အရိပ်သည် ထိုနေရာတွင်အမှန်တကယ်ရှိသည်။

အရိပ်သည် သဒ္ဒါငယ်ဟု ဘာသာခေါ်ခြင်းခံရသူဖြစ်သည်။


အရိပ်သည် ယုံကြည်စရာကောင်းသော ညခင်းများတွင်ရှိတတ်သည်။

အရိပ်သည် သူမဖြစ်သည်။ သူမမှာ သဒ္ဒါငယ်ဖြစ်သည်။ ဝေဝါးနေသော သံသယစိတ်များတွင် ရှိသည်ဆိုသော်လည်း လက်တွေ့


ကား မပြနိုင်။ ယူဆချက် သက်သက်ဖြစ်ခြင်းမဟုတ်ဟုတော့ ပြောပြချင်သည်။ ခက်နေခြင်းက နာမဝိသေသနမရှိသော သူမကို
ဘယ်လိုအက္ခရာနှင့်ပုံဖေါ်ရမှန်း မသိခြင်းဖြစ်သည်။
ခက်နေခြင်းက နာမဝိသေသနမရှိသော သူမကိုဘယ်လိုအက္ခရာနှင့်ပုံဖေါ်ရမှန်း မသိခြင်းဖြစ်သည်။

လွတ်လပ်စွာတွေးခေါ်ယူဆ၍ရပါသည်။ သဒ္ဒါငယ်များ အများအပြားရှိနိုင်ပါသည်။ တစ်ယောက်တည်းရှိသော အခါ၌


မြင်ရလျှင်တော့ တမျိုးတဖုံစဉ်းစားရပါမည်။ သဒ္ဒါငယ်ကို ကျောင်းအသွားအပြန်လိုက်ကြည့်သောအခါ သံသယရှိသည်။
ကိုယ်တိုင်တွင်ဖြစ်သည်။ သဒ္ဒါငယ်များ အများအပြားရှိနိုင်ပါသည်။ သဒ္ဒါငယ်တို့အိမ်တွင်ပင်ဖြစ်သည်။ ဝရံတာရှိသောအိမ်သည်
ခန်းဆီးအပြည့်တပ်ထား၏။ အရိပ်သည် တံခါးဘောင်ကိုမှီပြီး ရပ်နေသည်။ သဒ္ဒါငယ်ဆိုသောနာမည်ကို ရထားသောအရိပ်သည်
ခန်းဆီးနောက်ကွယ်တွင်ရှိသည်။ ကျောင်း၌တွေ့နေစဉ်က ပိန်၍အရပ်ရှည်သောသဒ္ဒါငယ်သည် ခန်းဆီး နောက်ကွယ်တွင်
ဂစ်တာသံနားထောင်သောအခါ ပုံဖမ်း၍မရအောင်ဖြစ်သွားသည်။ နောက်တစ်နေ့ကျောင်းသွားသော သဒ္ဒါငယ်မှာ အနည်းငယ်
ဝ'၏။ ထိုအခါကျိန်စာသင့်သွားသည်။ လက်ခံမရှိသော ရနံ့များနှင့် မွှေးမြလာ၏။ ထိုရနံ့တွင် အိပ်မက်မရှိပါ။ သေချာပါသည်။
သဒ္ဒါငယ်များ အများအပြားရှိနိုင်ပါသည်။

၎။

အညံ့စားကော်ဖီဆိုင်များသည် ထိုအခါထိုင်၍မကောင်းတော့ပါ။ လိုအင်မပြည့်ဝမှုနှင့် ဆိုင်မည်ထင်သည်။ ကန့်ကွက်မှုကများ၏။


မရချင်ပါ။ အနီးစပ် ဆုံး၌ စိတ်တူညီမှုကိုလည်း မရခဲ့ပါ။ ထို့ကြောင့် တစ်ကိုယ်တည်းနေသောရက်များ များလာ၏။
အနာတရသည် ဆေးနှင့်ဝေးစေပါသည်။ သဒ္ဒါငယ်ကိုက ထိုနေ့များကိုဦးဆောင်သူ။ အချင်းများကြရသော အပေါင်းအသင်းများ

79
က မလိုလားအပ်မှုများကို တစတစရှောင်ကြဉ်လာကြသည်။ အလိုလိုက်ခြင်းမဟုတ်ပါ။ အလိုက်အထိုက်နေတတ်
လာကြခြင်းဖြစ်သည်။ ရူးကောင်းလို့ ရူးနေသူလို့ထင်မြင်နေကြဆဲဖြစ်သည်။ မယုံကြည်နိုင်သေးသူများ ညဘက်ဂစ်တာအတူ
လာတီးကြည့်သည်။ ပြစ်တင်ကဲ့ရဲ့ကြသည်။ အရိပ်ကိုမြင်ကြသူများက ဖြစ်သည်။ အားမလိုအားမရခြင်းတစ်မျိုးပင်။

သင်တန်းတစ်ခုကို နှစ်ရှည်လများတတ်နေသူတစ်ဦးထံမှ သဒ္ဒါငယ်အကြောင်းတစုံတရာသိရ၏။ သီချင်းသံနှင့် မဆက်စပ်ပါ။


အရိပ်နှင့်မဆက်စပ်ပါ။ သဒ္ဒါငယ်ဟုထင်မှားရသော မိန်းကလေးများထဲမှ တစ်ယောက်ဖြစ်၏။ အရိပ်ရှိသောအိမ်တွင်နေသည့်
သူမ၏အမည်မှာလည်း သဒ္ဒါငယ်ပင်။ ထူးဆန်း နေကြ၏။ စိတ်မဝင်စားခြင်းကြောင့် လိုက်လိုက်လျောလျောနေသူများပင်
ထူးဆန်းအံ့သြနေကြ၏။ သဒ္ဒါငယ်သည် သဒ္ဒါငယ်ပင်ဖြစ်နေပြီလားသိချင်၏။

သဒ္ဒါငယ်သည် သဒ္ဒါငယ်ပင်ဖြစ်နေပြီလားသိချင်၏။

စိတ်ထဲမှာ အရင်ထက်ရှုပ်လာရသောအခါ ရှင်းဖို့တိုက်တွန်းသူတို့ကအဆင်သင့်ရှိနေသည်။ သဒ္ဒါငယ်အကြောင်းကို မေးမြန်းရန်


စိတ်မရှည်ကြပါ။ တူညီချက်တစ်ခုနှင့်ပင် လက်ခံရန်ပြောလာ၏။ အခြေအနေတစ်ခုသည် အချိန်အခါတစ်ခုရောက်လျှင် ရှင်းလင်း
လာမည်ထင်ကြသူများဖြစ်သည်။ တိုက်တွန်းသူဖြစ်သည်။ အလွယ်ကူဆုံးဝါကျများနှင့် ဘေးတီးကြ၏။ ထိုအခါ ယိုင်နဲ့သော
သံသယက တလွတ်တလပ် ကြေပျက်သွားသည်။ ပျော်ရွှင်ဖို့ စိတ်အားထက်သန်နေသူ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင်ဖြစ်သည်။ သဒ္ဒါငယ်ကို သဒ္ဒါငယ်အဖြစ်လက်ခံခဲ့သည်။ အရိပ်အကြောင်းကို စကားမဆက်မိခဲ့ပါ။ ထို့ကြောင့်
ထိုအချိန်က သဒ္ဒါငယ်သည် သဒ္ဒါငယ်ပင်ဖြစ်ခဲ့သည်။

ထို့ကြောင့် ထိုအချိန်က သဒ္ဒါငယ်သည် သဒ္ဒါငယ်ပင်ဖြစ်ခဲ့သည်။

၅။

ချစ်သူတစ်ယောက်ရသွားသော သဒ္ဒါငယ်ကို သူ့ချစ်သူကအရိပ်အကြောင်း မပြောသေးပါ။ ထိုအခါသဒ္ဒါငယ်သည် သဒ္ဒါငယ်


ဆိုသောနာမည်ရှိသည့် အရိပ်အကြောင်းမသိဘဲရှိ၏။ ပျော်ပါးပေါ့လွင်စွာ အချိန်ကိုကုန်ဆုံးဖို့ရည်ရွယ်ကြသည်။ သဒ္ဒါငယ်နှင့်
သူမ၏ချစ်သူတို့ဖြစ်သည်။ အားလုံးအံအားသင့် လောက်အောင် နီးစပ်နေကြသည်။ အချိန်အခါမရှိဖြစ်သည်။ နာရီများကို
မသုံးကြတော့ပါ။ အများအမြင်နှင့် သူတို့ကိုယ်တိုင်အမြင်သည် တူညီစွာလှပသည်။ အတိတ်တစ်နေရာမှ အကြောင်းအရာ
တစ်ချို့၏အရေးကြီးပုံကို မေ့လျော့နေကြသည်။ တခါတခါ စကားစပ်မိသူတို့က အပြင်လူများပီသစွာ ထိုအကြောင်းများ
ကိုပြောဖြစ်ကြသည်။

၆။
80

သဒ္ဒါငယ်နှင့် ချစ်သူဖြစ်ပြီးသွားသောအခါ အရိပ်သည် အလျင်ရက်များလိုပင် ဂစ်တာတီးချိန်၌ရှိနေတတ်သည်။


ထိုကိုသတိထားသောသူတစ်ယောက် သာရှိသည်။ သဒ္ဒါငယ်ကို တချို့နေ့ရက်များမှ အရိပ်အကြောင်းပြောသောအခါ
သဒ္ဒါငယ်က တစုံတရာထူးခြားမှုကိုမပြပါ။ အရိပ်သည် တံခါးရွက်ကို မှီ၍ ရှိနေသည်။

အရိပ်သည် သဒ္ဒါငယ်ဟုဘာသာခေါ်ခြင်းခံရသူဖြစ်သည်။
အရိပ်သည် ယုံကြည်စရာကောင်းသော ညခင်းများတွင်ရှိတတ်သည်။

အရိပ်သည် သူမဖြစ်သည်။ သူမမှာသဒ္ဒါငယ်ဖြစ်သည်။ ဝေဝါးနေသောသံသယစိတ်များတွင် ရှိသည်ဆိုသော်လည်း လက်တွေ့


ကား မပြနိုင်။

အရိပ်အကြောင်းစကားစမိသော တစ်နေ့တွင်ဖြစ်သည်။ လူနဲသောတနင်္ဂနွေနေ့၏ ညနေခင်းသည် ကော်ဖီဆိုင်ကိုလှပစေခဲ့၏။


ရောက်တတ်ရာရာများကို ပြောနေစဉ်တွင် သဒ္ဒါငယ်ရောက်လာခဲ့သည်။ အကြောင်းအရာတချို့သည် အစီအစဉ်တကျ
ရှိမနေတတ်ကြပါ။ လာခြင်းကောင်းသောအမှားများက ဘဝကိုရောင်စုံအိပ်မက်တစ်ခုအဖြစ် ဖျားယောင်းနေတတ်သည်။ မလို
အပ်သောအမှိုက်သရိုက်များကြောင့် နစ်နာရသောအကြောင်းများရှိသည်။ ခက်ခဲမှုနှင့်သာရင်ဆိုင်ချင်သည်။ သံသယသည်
အကျိုးရှိသောအခါ ပြောမပြတတ်အောင်ပင်ဖြစ်သည်။ ခရေစေ့တွင်းကျသိထားသူတို့က ပို၍အံ့သြကြသည်။ တချို့ကတော့
သနားစရာသတ္တဝါအဖြစ်သတ်မှတ်၏။ အကြောင်းအရာတစ်ခုကြောင့်ဖြစ်သည်။ မီးထွန်းလိုက်သောအခန်းထဲတွင် အရုပ်လှလှ
တစ်ခုရှိသည်။ ညဘက်များစွာတွင် ထိုအခန်း၌မီးထွန်းထားတတ်၏။ ယမင်းရုပ်ခပ်ကြီးကြီးတစ်ခုဖြစ်သည်။ ထိုမှာအကြောင်းရင်း
ပင်။

ယမင်းရုပ်ခပ်ကြီးကြီးတစ်ခုဖြစ်သည်။
ထိုမှာအကြောင်းရင်းပင်။
ယမင်းရုပ်ခပ်ကြီးကြီးတစ်ခုဖြစ်သည်။
ထိုမှာအကြောင်းရင်းပင်။

၇။

သူမသည် သဒ္ဒါငယ်ဖြစ်သည်။
သူမအကြောင်းအနည်းငယ်သိသည်။
သူမကိုကျောင်းအသွားအပြန် လိုက်ကြည့်ဖူးသည်။
သူမကိုသဒ္ဒါငယ်လို့ ကိုယ့်ဘာသာနာမည်ပေးထားခြင်းဖြစ်သည်။

81
သူမအကြောင်းကို ကိုယ့်ဘာသာအကောင်းဘက်မှတွေးထားခြင်းဖြစ်သည်။
သူမကို ကျောင်းအသွားအပြန်လိုက်ကြည့်ဖူးပေမဲ့ သူမမှန်းမသေချာပါ။
သူမသည် အိမ်ရှေ့အိမ်မှအရိပ်ဖြစ်သည်။
သူမသည် အိမ်ရှေ့အိမ်မှ အရိပ်ကလေးတစ်ခုဖြစ်သည်။
သူမ၏အရိပ်ကို ဂစ်တာတီးသောညများတွင် တွေ့ရတတ်သည်။
သူမသည် ဧည့်ခန်းထဲတွင်ထားရသော ခပ်လှလှယမင်းရုပ်ကြီးတစ်ခုဖြစ်သည်။
သူမသည် မီးထွန်းထားသောအခါ အခန်းဆီး၌ အရိပ်တစ်ခုအဖြစ်မြင်ရသည်။
သူမသည်...
.................
.................
.................
.................။

ညိုမင်းခ
82

အချစ်နှင့် ပတ်သက်သည်
ခိုင်စိုးလင်း
အချစ်နှင့်ပတ်သက်သည်
ခိုင်စိုးလင်း

ရွက်ကြွေတို့သည် သဲမြေပေါ်မှာ ဟိုစုစုဒီစုစု။ ပွင့်ခြောက်တချို့တလေက ညိုညစ်နေ


သည်။ ဥသြမြည်သံ တချက်တချက် ကြားရသည်။ ကားတစီးတလေ ဖြတ်သွားတိုင်း လမ်းမပေါ်
မှာ ဖုန်ထသွားသည်။ စက်ဘီးစီးပေါ်မှ ကောင်မလေးများကို မျက်စိတဆုံးထိ ငေးမိနေသည်။
တချို့ခြေသလုံးများက ဝင်းဝါနေသည်။ အာနိုးက ပေါ့ကျတစ်ခွက်လာချပေးသည်။
“မနက်က လာသွားတယ်”
“အင်း”

83
ကျွန်မ အာနိုးကို ခေါင်းညိတ်ပြလိုက်သည်။
“စက်ဘီးနေပူနေတယ် သော့ပေး”

အာနိုးက ပြောပြောဆိုဆို စားပွဲပေါ်မှာ ရှိနေသော စက်ဘီးသော့ကို လှမ်းယူထွက်သွားသည်။


လေပြင်းတစ်ချက်တိုက်လိုက်တော့ ဆံပင်များက ကျွန်မ မျက်နှာပေါ်ဝဲကျလာသည်။ ကျွန်မဆံပင်
များက ကွေးကောက်နေသည်။ ဆေးလိပ်ကို မီးညှိလိုက်သည်။ ခပ်လှမ်းလှမ်းမှာ ကြောင်
တစ်ကောင်လမ်းလျှောက်နေတာ တွေ့သည်။ လက်ဖက်ရည်နှပ်နံ့ ရသည်။
“ရောက်နေတာကြာပြီလား ကိုယ်အိပ်ရာထနောက်ကျတယ် ကိုသူရိန်နဲ့ မနေ့ညက သစ္စာရည်
မှာတွေ့သေးတယ်”
ကိုမျိုးထွန်းက ခုံမှာ ဝင်ထိုင်ရင်း ပြောသည်။ အာနိုးက သော့လာပေးသည်။
“ဘာသောက်မလဲ အစ်ကို”
“ပေါ့စိမ့် လန်ဒန်လေး လုပ်ပါဦး”
အာနိုးထွက်သွားသည်။ ပေါင်ဒါနံ့လုလ
ို ရေမွှေးနံ့လိုလို ရသည်။ ကိုမျိုးထွန်းဆီကဖြစ်မည်။
ကိုမျိုးထွန်းအင်္ကျီသည် အပြာနုရောင်ဖြစ်သည်။
“ဘယ်နေ့ပြန်ရမှာလဲ”
“ဆယ့်သုံး ဒီထက်စောပြန်ချင်တာ လေယာဉ်လက်မှတ်က မရဘူး”
“တော်တော် အဆင်မပြေလို့လား”
“အဲလိုလည်း မဟုတ်ပါဘူး”
ကျွန်မ ပြုံးလိုက်မိသည်။ ဆိုက်ကယ်တစ်စီးက အရှိန်ပြင်းပြင်း ဖြတ်မောင်းသွား၏။ ရွက်ကြွေတချို့နှင့် ဖုန်များက ဆိုက်ကယ်
သွားရာနောက် ဝှေ့ယမ်းပါသွားကြသည်။

“ကိုသူရိန်က သောက်သေးတာလား”
“ဟဟ နေ့တိုင်းသောက်နေတာပါပဲလေ”
ကျွန်မပြုံးလိုက်ပြန်သည်။ အာနိုးက ကိုမျိုးထွန်းအတွက် လက်ဖက်ရည်နှင့် လန်ဒန်လာချပေးသည်။
“အစ်မ ပြန်တော့မယ်ဆို” အာနိုးက မေးသည်။
“ဟုတ်တယ် လိုက်မလား”
“လိုက်ချင်တာပေါ့ဗျ နိုင်ငံခြားမရောက်တောင် ရန်ကုန်လောက်တော့ လိုက်ချင်တယ်”
“လိုက်ခဲ့လေ တကယ်ပြောတာ အစ်မက ရန်ကန
ုမှာ သုံးပတ်လောက် ကြာဦးမှာ”
“ခွင့်တွေက ရလှချည်လား”
84

“အလုပ်ထက
ွ်လာတာ”
“ဟာ ဟုတ်လား ကိုယ်က ခွင့်ယူပြီး ပြန်လာလည်တယ်ပဲ ထင်နေတာ”
ကိုမျိုးထွန်းကို နှာခေါင်းရှုံပြလိုက်သည်။ ဘေးဘက်စားပွဲမှာ လူသုံးယောက်ဝင်ထိုင်သည်။
“အစ်ကိုတို့ ဘာမှာမလဲ”
အာနိုးက ထိုဝိုင်းကိုကူးသွားပြီး ပြောသည်။

လက်ဖက်ရည်ကို ကုန်အောင်သောက်လိုက်သည်။ ဆေးလိပ်က ပြာတချို့ကြွေသွားသည်။ ကိုမျိုးထွန်းက စာအုပ်တစ်အုပ်


ထုတ်ပြီး ဖတ်နေသည်။ ကျွန်မငေးနေသည်။ လမ်းမကို ပြီးတော့ လမ်းတဘက်က ပင်လယ်ကဗွီးပင်များကို တခါ
စက်ဘီးပေါ်မှ ကောင်မလေးများကို။
“ကိုသူရိန်နဲ့ သေချာရော စကားပြောပြီးပြီလား”
“ဟင့်အင်း တစ်ခေါက်မှကို သေချာမတွေ့ရသေးတာ ဟိုနေ့က ဒီဆိုင်မှာ ခဏလေးလာတာတွေ့ရုံပဲ နှတ်တောင် မဆက်သွားဘူး
ဒါကြောင့်လည်း စုပြန်တော့ဖို့ စိတ်ကူးလိုက်တာ မမျှော်လင့်ချင်တော့ဘူး ဆယ့်ငါးနှစ်လုံးလုံး မျှော်လင့်ခဲ့ရပြီ သူက
နှတ်တောင်မဆက်တော့လေ တအားကို ခံစားရတာပဲ”
“ဟာ ဒါကတော့ လွန်တယ် တွေ့တော့ မခေါ်ဘူးလား ဘာမှမပြောလိုက်ဘူးလား ရောက်နေတာပဲ တစ်ပတ်ရှိပြီ ကိုယ်က
အဆင်ပြေနေပြီထင်နေတာ မနေ့ကတောင် လှမ်းနောက်လိုက်သေးတယ်”
ကျွန်မသည် အင်္ကျီကို ခါးဆွဲဆန့်လိုက်သည်။
“ဟုတ်လား ဘယ်လိုနောက်လိုက်တာလဲ ဘာပြန်ပြောလဲ”
“ဟာကွာ မသိဘူးလေ တွေ့ပြီးကြပြီထင်တာ အားနာလိုက်တာ”
“ဘာပြောလိုက်လို့လဲ သူကရော ဘာပြန်ပြောလဲ”
“စင်ကာပူသွားတော့မယ်ပေါ့လို့ ပြောလိုက်တာ”
“ဟုတ်လား ဘာပြန်ပြောလဲ ဒီတော့”
လေက ခပ်ပြင်းပြင်းတိုက်ပြန်သည်။ ကျွန်မသည် ဆံပင်များကို လက်နှင့်သပ်ပြီး စုသိမ်းလိုက်သည်။
“ဘာမှပြန်မပြောဘူး ရယ်ပြီးထွက်သွားတယ်”
“လေယာဉ်လက်မှတ်က နည်းနည်းနောက်ဆုတ်လို့ ရမလားမသိဘူး ထုတ်တော့ မထုတ်ရသေးဘူး ဘုတ်ကင်ပဲတင်ထားတာ
သွားကြည့်ရအောင် အစ်ကို လိုက်ခဲ့ပေးပါလား”
ကျွန်မသည် ခပ်ဝေးဝေးဝိုင်းမှာ ရောက်နေသော အာနိုးကို လှမ်းအော်ခေါ်ပြီး ပိုက်ဆံရှင်းသည်။

ကိုမျိုးထွန်းက လက်ဖက်ရည်ကို ဒီတိုင်းထားခဲ့ပြီး လိုက်လာသည်။ စက်ဘီးက ခင်ဆန်းဝင်းအိမ်မှ ယူထားသော စက်ဘီး။


မျက်စိစူးလာသည်။ နေပူနေတာကို သတိထားမိ၏။ နေကာမျက်မှန်ကို ထုတ်တပ်သည်။ လမ်းသည် အတော်ရှင်းနေသည်။

85
လူသွားလူလာ သိပ်မရှိ။
“တစ်ခုတော့ ပြောမယ်နော် ပြီးမှ နောင်တမရနဲ့”
“ဘာကိုတုန်းဟင်”
“သြော် ပြန်ဖို့ လုပ်ထားပြီးမှ လက်မှတ်အသည်းအသန် နောက်ဆုတ်တာကို ပြောတာပါ”
“ဒီလိုပါပဲ နည်းနည်း ဆက်နေချင်စိတ်ပေါက်လာလို့ ရန်ကုန်မှာလည်း သုံးပတ်ကြီးများတောင် ပျင်းစရာ”
“ဟိုကို ပြန်သွားလေ အလုပ်ထပ်ရှာရဦးမယ်မလား”
“နောက်အလုပ်တစ်ခုက ရပြီးသား လာချင်လို့ကို အလုပသ
် စ်ကို တမင်ခွာပြီး အချိန်ယူထားတာ”
“ကြိုးစားပါ့ကွယ် ဟားဟား ကိုသူရိန်ကံကောင်းပါတယ်”
ကျွန်မသည် အသံကျယ်ကျယ်ရယ်လိုက်သည်။
“ကိုသူရိန်က ကိုယ်နဲ့ ပတ်သက်ရတာကို ကံကောင်းတယ်လို့ ထင်မယ်မဟုတ်ဘူး”
“ထင်မှာပါ ကိုသူရိန်က အဲလိုပဲလေ သူ့အကြောင်းလည်း သိသားနဲ့ ဘယ်တုန်းက သူဘာဖြစ်နေတယ် ဘယ်လိုခံစားရတယ်
ဆိုတာ ပြောဖူးလို့လဲ”
“ဒါတော့ ဟုတ်ပါတယ် ဒါပေမဲ့ တခါတခါ ပြောဖို့ လိုအပ်တယ် မဟုတ်ရင် အချိန်တွေက မလိုအပ်ဘဲ ကုန်သွားတာ
နှမြောဖို့ကောင်းတယ် ဆယ့်ငါးနှစ် အချိန်ဖြုန်းခဲ့ပြီးပြီလေ”
“အဲဒါ ကိုသူရိန့်ကို တွေ့ရင် သေချာပြောပြ”
“အမှန်တိုင်းပြောရရင် သိပ်ကိုတွယ်တာတယ်ထင်ခဲ့တာတွေလည်း တွေ့ဖူးပါတယ် ယောက်ျားတော်တော်များများနဲ့လည်း
ကန်တော့ပါရဲ့ တူတူအိပ်ဖူးတယ် ဆက်ခ်စ်ကိစ္စကိုလည်း တော်တော်သဘောကျခဲ့တယ် ဒါပေမဲ့ ကြာလာတော့လေ
အဲဒါတွေကိုလည်း ကိုယ်ခန္ဓာကသာ သာယာတာ စိတ်က ဖီးလ်မလာတော့ပြန်ဘူး ဒါပြီးဒါလာမယ်ဆိုတာကြီးက သမာရိုးကျလို
ခံစားလာရတယ် ဘာမှမထူးဆန်းတာကြီးလို မြင်လာတယ် ဒါကိုပဲ တပ်မက်နေတာကို ကိုယ့်ဘာသာ အမြင်ကတ်လာတယ်
ကိုယ့်ဘာသာ ဆက်ခ်စ်စက်ရုပ်လို ခံစားလာရရော ပြီးတော့ ပျင်းလာတယ် တကယ်က စုလိုချင်တာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က
ကိုသူရိန့်အပေါ်မှာ ထားခဲ့တဲ့ ရိုမန့်စ်မျိုးပဲ ဒါဟာ ဘယ်တော့မှ မပျက်ပြယ်ဘူးလို့ ထင်တယ်လေ”
“ဟားဟား”
စက်ဘီးနှစ်စီးစလုံးက အရှိန်ပြိုင်တူမြင့်သွားသည်။

အဲကွန်းသည် စိမ့်နေ၏။ ဇီဇဝါပန်းနံ့လိုလို ဆန်ကွဲပန်းနံ့လိုလိုရသည်။ လက်မှတ်ကြည့်ပေးသော ကောင်မလေးက မျက်တောင်က


အပြာရောင်ဖြစ်သည်။ နှတ်ခမ်းနီက ပန်းရောင်ဖျော့ဖျော့။ အသားဖြူ၏။ နှင်းဆီရေမွှေးနံ့ ရသည်။ တိုးလျလျအသံထက
ွ်သည်။
“ဧပြီက နည်းနည်းကျပ်နေတယ် အစ်မရေ့ သင်္ကြန်နားနီးတော့လေ”
“ဧပြီ ခြောက်မတိုင်ခင် တစ်ရက်ရရင်ပဲ ဖြစ်တယ် ခြောက်ရက်နေ့က စင်ကာပူပြန်ရမှာမို့”
“ဟာ ရန်ကုန်မှာ တစ်ရက်တည်းနဲ့ မနားတော့ဘူးလား သုံးလေးရက်တော့နားပါ ဧပြီ တစ်ရက်နှစ်ရက်လောက်ကို
ဦးစားပေးကြည့်ပေးပါ ညီမ”
86

“ရတယ် တစ်ရက်တည်းလည်း လောက်တယ်”


“မဟုတ်တာ ဟိုက သိရင် စိတ်မကောင်းဖြစ်ဦးမယ်”
“ကိုမျိုးထွန်းသွားပြန်မပြောနဲ့ပေါ့”
“ကိုယ်မပြောလည်း သူများပြောမှာပဲလေ ခုလို တအားအကပ်ကြီးလုပ်တော့ သူက လိုက်ချင်တယ်ဆို ဘယ်လိုလုပ်မလဲ
အချိန်မရလို့ စိတ်ညစ်ရမယ်နော်”
“ဟားဟား တွေ့တောင် မတွေ့ရသေးပါဘူးကွယ်”
“သဘောကို ပြောတာ”

စက်ဘီးဖင်ထိုင်ခုံက ပူချစ်နေသည်။ နေက တအားအပြင်းကြီးလည်း မဟုတ်။ ကောင်းကင်သည် ကြည်လင်သည်လည်းမဟုတ်။


တိမ်တို့လည်းအုံ့ဆိုင်းမနေ။ ကိုမျိုးထွန်းက စက်ဘီးကို လက်တစ်ဖက်နှင့် ထိန်းပြီး တစ်ဖက်က ဆေးလိပ်သောက်နေသည်။
ကျွန်မဆေးလိပ်သောက်ချင်လာတာကြောင့် စက်ဘီးပေါ်ကခဏဆင်းပြီး မီးညှိလိုက်သည်။ ကိုမျိုးထွန်းကပါစက်ဘီး
ရပ်စောင့်နေသည်။
“ဝေ့ စုစု လိုက်ရှာနေတာ”
ကိုအောင်သန်းဖြစ်သည်။
“အင် ဟုတ်လား ဘာလို့လဲ”
“ကိုသူရိန်က တွေ့ချင်လို့တဲ့ အခု ကိုယ့်ကို သွားရှာဆိုလို့ ပတ်ရှာနေတာ”
“သူက အခုဘယ်မှာလဲဟင်”
“ပွို င့်က အရက်ဆိုင်မှာ”

ကျွန်မတို့ သုံးယောက်သည် ကမ်းနားလမ်းအတိုင်း စက်ဘီးစီးလာကြသည်။ ကိုမျိုးထွန်းနှင့် ကိုအောင်သန်းက


စကားတပြောပြောနှင့်။ ဘာတွေပြောလဲတော့ ကျွန်မသေချာမကြား။

ပွို င့်သည် လူမရှိသလောက် ရှင်းနေသည်။ လေကတော့ နည်းနည်းပြင်းသည်။ ကိုသူရိန်သည် ဆိုင်တစ်ဆိုင်မှာ ထိုင်နေသည်။


သူ့ရှေ့မှာ ဘီယာပုလင်းတစ်လုံး၊ ဝက်ခေါင်းသုပ် တစ်ပွဲနှင့် ဘီယာ ထက်ဝက်ရှိသော ဖန်ခွက်တစ်ခွက်။ ကျွန်မတို့ ဝင်လာတော့
ကျွန်မကို တစ်ချက်ကြည့်သည်။ ပြီးတော့ ဆိုင်မှစားပွဲထိုးကို စကားလှမ်းပြောနေသည်။
“ကိုယ်တို့ ထွက်သွားပေးရမလား စုစု”
“ရတယ် သဘောပဲ”
ကိုမျိုးထွန်းနှင့် ကိုအောင်သန်းက ကမ်းနားဘက် ဆင်းသွားသည်။ ကျွန်မက ကိုသူရိန်ထိုင်နေသော စားပွဲမှ ခုံအလွတ်မှာ
ဝင်ထိုင်လိုက်သည်။ ကျွန်မခြေလက်တွေ တုန်လာသည်။

87
ဘာစားမလဲလား ဘာသောက်မလဲလား တစ်ခုခုပြောသည်။ ကျွန်မသည် မျက်မှန်ကို ချွတ်လိုက်ပြီး မှန်ကိုလက်မနှင့်
ပွတ်ကာ ပြန်တပ်လိုက်သည်။
“လာလည်တာလား”
ကျွန်မ ခေါင်းညှိတ်ပြလိုက်မိသည်။ ကိုမျိုးထွန်းနှင့် ကိုအောင်သန်းကို ရေစပ်နား ဆင်းသွားတာ လှမ်းတွေ့နေရသည်။
ပင်လယ်သည် ငြိမ်သက်သည်လည်း မဟုတ် လှိုင်းထန်သည်လည်း မဆိုသာ။ ကမ်းစပ်ကို လှိုင်းတို့ ခပ်လေးလေး ခပ်မှန်မှန်
ရိုက်က်ခတ်နေသည်။ တချို့လှိုင်းများက နည်းနည်းမြင့်သည်။ ကြီးသည်။ တချို့ကတော့ ဂယက်လောက်သာသာ။ လှိုင်းသံသည်
ကျယ်လာလိုက် တိုးသွားလိုက်။
“ဘယ်နေ့ ပြန်မှာလဲ”
“မသေချာသေးဘူး”
ကိုသူရိန့် မျက်လုံးတို့သည် အဝါရောင်သမ်းနေ၏။ ကိုသူရိန့်ဆံပင်တို့သည် ပုခုံးထိနေသည်။ ဆံပင်ဖြူတချို့တွေ့ရသည်။
ရင်ဘတ်မှာ ဆနွင်းမကင်းနက်ပြာသုံးလေးခုပါသော အဖြူရောင်တီရှပ်ကို ဝတ်ထားသည်။ ကျွန်မသည် ဝက်ခေါင်းသုပ်တစ်ဇွန်း
ခပ်စားလိုက်သည်။ ကိုသူရိန်က ဘီယာခွက်ကို ကုန်အောင်သောက်လိုက်သည်။
“မင်း ဘာလုပ်ချင်တာလဲ”
“မသိဘူး”
ကိုသူရိန်က ပြုံးသည်။
“ကိုယ့်ကို တစ်ခုခု ပြောချင်နေသလား”
“မသိဘူး”
ကိုသူရိန်က အသံထွက်အောင် ရယ်လိုက်သည်။ ကိုသူရိန်သည် ရှူးဖိနပ် အညိုရောင် စီးထားသည်။

ကျွန်မတို့နှစ်ယောက် ကျောက်ဆောင်တစ်ခုမှာ ထိုင်နေကြသည်။ ကျွန်မက ကိုသူရိန့် ရင်ခွင်ထဲ တိုးဝင်မိတာလား ကိုသူရိန်က


ကျွန်မကို စဖက်တာလားတော့ ကျွန်မသတိမထားမိလိုက်။ ချွေးနံ့နှင့် ရေမွှေးနံ့ရောနေသော အနံ့ရသည်။ ကျွန်မသည်
ကိုသူရိန့်ဆံပင်တို့ကို အကြိမ်ကြိမ်ရှိုက်သည်။
“မင်းက ဘာမှမပြောင်းဘူး အရင်လိုပဲ”
ကိုသူရိန့် နှတ်ခမ်းတို့သည် အရစ်ညိုလေးများနှင့် ထူထဲနေသည်။
“ကိုယ်က မင်းပြန်ရောက်နေတယ်ဆိုတော့ ဒီပုံစံနဲ့ တွေ့ရမယ်လို့ ထင်ကို မထင်ထားဘူး ဟိုနေ့က
လက်ဖက်ရည်ဆိုင်မှာ တွေ့တော့ ခုလိုမြင်လိုက်တာ တော်တော်အံ့သြသွားတယ် မိန်းမကြီးဖြစ်နေရော့မယ်လို့ ထင်ထားတာ
သိလား”
ကျွန်မကို ငုံ့ကြည့်သော ကိုသူရိန့်မျက်လုံးများကို ကျွန်မကြည့်မဝ။ စိုက်ကြည့်နေလိုက်မိသည်။
“ကိုယ့်ကို စိတ်မကုန်ဘူးလားဟင်”
88

ခေါင်းကို ခပ်ကြမ်းကြမ်း ခါလိုက်သည်။


“စိတ်ကုန်နေရင် ပြန်လာမလား”
“မင်းသတင်းတွေ ကြားတော့ ကိုယ်က ကိုယ့်ကိုမေ့နေပြီထင်တာ”
“ဘာတွေကြား”
ကိုသူရိန်က ကျွန်မဆံပင်တို့ကို ဖိသပ်လိုက်သည်။ ပြီးတော့ ပင်လယ်ဘက်ကို မျက်နှာမူပြီး ငေးနေသည်။
“ဘဲတွေ တစ်ယောက်ပြီးတစ်ယောက်ပဲတဲ့လေ”
“အဲဒီဘဲတွေကို ဘယ်လိုမှတန်ဖိုးထားလို့ မရဘူးကွယ်”
ကိုသူရိန်က ကျွန်မကိုတအားညှစ်ပြီး ဖက်လိုက်သည်။

အခန်းထဲတွင် နှစ်ယောက်အိပ် ကုတင်တစ်လုံး မှန်တင်ခုံတစ်ခုံ နှစ်ယောက်ထိုင်ဆိုဖာတစ်လုံး မီနီဘားတစ်ခု။ မီနီဘားထဲမှာ


ဘီယာငါးဗူး။ မှန်တင်ခုံပေါ်မှာ ရေဖန်ခွက် နှစ်ခု။ ပြတင်းပေါက်ကို ထူထဲသောလှိုက်ကာ အညိုရောင်ချထားသည်။
အပြင်မှာနေပူနေပုံရသည်။
“ကိုက ဘာလို့ အခုထိအိမ်ထောင်မပြုသေးတာလဲ”
“အိုင်ဒုန့် ဘီလီးဗ်အင် မက်ရေ့ဂ်ျ”
ကိုသူရိန့်မျက်နှာကို ခပ်ဝါးဝါးသာတွေ့ရတော့သည်။ ကိုသူရိန်က ကျွန်မပါးကို ထပ်ထပ်နမ်းသည်။ ပြီးတော့ ကျွန်မဆံပင်များကို
ခပ်ကြမ်းကြမ်း ဆောင့်ဆွဲနမ်းသည်။ နားရွက်၊ ပြီးတော့ လည်ပင်း။ ကျွန်မသည် ကိုသူရိန့် အသက်ရှူသံပြင်းနေတာကို
သတိထားမိသည်။ ကျွန်မအင်္ကျီကြယ်သီးများ ပြုတ်ထွက်သွားတာကို သတိထားမိသည်။ ပြီးတော့ နူးညံ့နွေးထွေးစိုစွတ်သော
အထိအတွေ့။ ကျွန်မသည် ကိုသူရိန့်ကို တွန်းဖယ်လိုက်သည်။ ကြယ်သီးတို့ကို ပြန်တပ်သည်။
“ဘာဖြစ်လို့လဲဟင်”
“စုပြန်ချင်တယ်”
ကျွန်မသည် ကြယ်သီးတို့ကို တပ်လိုက်သည်။ ထို့နောက် ကိုသူရိန်က ကျွန်မကို အိမ်ပြန်လိုက်ပို့သည်။ အပြင်မှာ နေပူနေသည်။
နေကာမျက်မှန်တပ်ထားလိုက်သည်။

ခိုင်စိုးလင်း

89
90

The Target
Tazar (The Moonlit Path)
The Target
Tazar (The Moonlit Path)

We met in the jungle. She is a large python and I am a little rabbit. Of course, no
one would imagine a big snake and a rabbit may greet each other in a busy metro-
politan street. So we were supposed to meet in a deep jungle. You can say our set-
ting was the jungle that we could not escape forever. We are imprisoned in a jungle
and it means we have to act according to the jungle’s laws, which probably can be
called natural laws that were never published in any language anywhere. Those are
rather understood automatically, something like common sense. We are meant to
follow those rules. In short, she is a large python. Me, a little rabbit. We met some-

91
where in the jungle. That is the very story I am telling you now.

I am quite sure I saw her first. But I am, at the same time thinking that she might
be the one who heard my vibrations of footsteps in advance since she has smartest
sense of hearing though she is almost blind. I am also good at hearing, but she
hardly made a noise. So, she might have been hearing me long ago before I saw
her. In contrary, she could not see me clearly in her vision and I could not hear her
tiny whistles either. In this natural way, we really met somewhere in the jungle.
What does it mean by “meet”? In general sense, the two people who meet, com-
municate or deal with each other in a certain common way. But for us, she only
could hear me and I only could see her silent. We were emphasizing in different
senses. There was no universal language that allowed us to communicate. But as I
mentioned, since we were playing according to the natural laws, the lack of lan-
guage was not an issue for us. Though I could not hear her footsteps, I am okay
from my rabbit point of view. I was admiring the beautiful spots on her body. She
seemed wet although I had not touched her. She approached me quietly. I have no word to express how she
moved. In fact, I was watching, with my full gusto, the most beautiful and unusual creature. Eventually, I
found myself in face to face position with her.

As a rabbit, I know by instinct that she could not see me clearly. She might see my tiny shadow. But I am sure
she could hear me and navigate my position precisely. We did not have any language to utter. But we are
meeting each other. What does the "meet" stand for between a rabbit and a python? I cannot explain. But I
know we are meeting in reality. I could not take my eyes off her. I was absorbed in her fine artistic patterned
body. I was gazing at it. Then I moved my eyes to her head. Finally I reach to her brightest eyes. I caught her
eyes or she caught mine, I am not sure. Maybe, we caught each other. But once I caught her eyes, I totally
could no take my eyes off them. We were gazing at each other for a good while. I have not made a move
from my spot since then. I could feel my body shaking and my heartbeats pounding. Anyway, I was just gaz-
ing at her.

Now she is hugging me by her huge body with her enormous strength. I can feel pains all over my body.
Maybe my bones are breaking. Yet, I am sure my heart will never break. I know she wants to hug me passion-
92

ately and on the other hand, she has no hand and she had to knot me by her body. As I mentioned, this is a
natural law that we learn by instinct. I believe she is not willing me to suffer from any pain. I understand, she
is just a snake with passion. So I am in pain. To be more precise, it is not that i am suffering pain, but just
enjoying the pain. Yeah, I may be a masochistic rabbit and she, a sadist. But here in the jungle, these are
laws that we can never betray. We both are just playing an episode of the jungle.

Slowly and smoothly, I am sinking in this big snake. I am wet and almost torn into pieces. I could not help
thinking that she might be very hungry so that needs me for survival. With this belief, I feel sympathy for her.
In fact, I am even grinning in the idea, the poor enormous creature needs particularly 'me' for her survival.
But no one on the earth can see my grinning face since it already is tearing into pieces and disappearing in
her embrace. If someone could see our episode, what was happening here, he or she may note that “An enor-
mous python mesmerized and swallowed a tiny poor rabbit”. If so, it must be a terrible mistake. You know,
here in jungle, we do not use any language. Please do not note our episode by language.

Tazar (Moonlitpath)
စွန်ကလေး ရစ်ဘီးလေးနဲ့ သူတို့ရဲ့ ပိုင်ရှင်
တူးတူးသာ

93
စွန်ကလေး ရစ်ဘီးလေးနဲ့ သူတို့ရဲ့ ပိုင်ရှင်
တူးတူးသာ

စွန်ကလေး

ဒီအချိန်မှာ ဟောဒီအပြာရောင်ကောင်းကင်ကြီး တစ်ခုလုံးကို ကျွန်မပိုင်တယ်။ ဝေ့ဝှိုက်တိုက်


ခတ်နေတဲ့ ဆောင်းလေကြောင့် နိမ့်ဆင်းသွားလိုက်၊ တဟုန်ထိုး အရှိန်နဲ့ မြင့်တက်သွားလိုက်၊
တစ်ခါတစ်ခါ လေနဲ့အတူ အလိုက်သင့်လေး မျောပါသွားလိုက်။

တိမ်ဆိုလို့ မြူမှုန်လေး တစ်မှုန်စာတောင်မရှိတဲ့ ခုလို ဆောင်းတွင်းရဲ့ခပ်စောစောညနေ


ခင်းတွေကို ကျွန်မသိပ်ချစ်တာ။ ဘာလို့လဲဆိုတော့ ခုလိုချိန်မျိုးကျခါမှ ကျွန်မက ဒီကောင်းကင်
ကြီးထဲ လွင့်ချင်တိုင်း လွင့်ခွင့်ရတာကိုး။ တချို့က ကျွန်မကို လေတံခွန်တဲ့။ ဒါပေမဲ့ ကျွန်မတော့
94

စွန်ဆိုတဲ့ နာမည်ကိုပဲ ကြိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ စွန်ဆိုတာက ငှက်လေ။


အသက်ရှိတဲ့သဘော။

ကောင်းကင်ကြီးထဲများ လွင့်နေပြီလားဆိုရင် ကိုယ့်ဘဝကိုယ် မေ့ပစ်လိုက်ချင်တယ်။ ကျွန်မဟာ


ငှက်တစ်ကောင်လို တောင်ပံတွေမပါပေမဲ့ ငှက်တစ်ကောင်လို့ ပျံသန်းနိုင်တယ်လေ။
ပြီးတော့ ဟောဒီ ကောင်းကင်ကြီးထဲကနေ လောကကြီးကို အပေါ်စီးနဲ့ကြည့်နိုင်တယ်
မဟုတ်လား။ ပြာလွင်နေတဲ့ ကောင်းကင်ကြီးထဲ လွင့်ချင်ရာ လွင့်နေတဲ့ အဝါရောင်
စွန်တစ်ကောင်ပေါ့။

လွင့်ချင်ရာလွင့်ဆိုတဲ့ စကားကို ကျွန်မသုံးမိသွားပြီ။ လွင့်ချင်ရာလွင့်။ ဟုတ်ပါ့မလား။


လေဟုန်ကိုစီးရင်း စိတ်ကြိုက်မျောလွင့်နေချိန်မျိုးမှာ ကျွန်မနားက ငှက်တကောင်တလေ
ဖြတ်ပျံသွားတဲ့အချိန်မျိုးဆို ကျွန်မရဲ့ အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော ..။
အဲဒီအချိန်မှာ ကျွန်မရဲ့ ကျောဘက်က တုန့်ခနဲ ဆွဲတင်းလိုက်တဲ့ ခံစားမှုပါ
တပြိုင်တည်းရလိုက်တယ်ဆိုရင် ကျွန်မရဲ့ဘဝကြီးကိုပါ စိတ်နာမိတော့တယ်။
ကောင်လေးက ကျွန်မကိုသိပ်ချစ်တာ သိပါတယ်။ သူက ကျွန်မကိုချစ်လွန်းလို့ အလှကြည့်ထားတာ။ တခြား ကျွန်မလို
ဘဝတူစွန်တွေနဲ့ ဝေးရာမှာ သီးသန့်လာလွှတ်တာသာကြည့်။ ဒါပေမဲ့ ကျွန်မဘဝကို ကျွန်မစိတ်နာတာတော့ မတတ်နိုင်ဘူး။
ကျွန်မကို နှောင်တည်းထားတဲ့ ဟောဒီကြိုးကြီးကို မုန်းတယ်။ ပြီးတော့ ကျွန်မကို အလျှော့အတင်း လုပ်ချင်တိုင်းလုပ်နေတဲ့
ရစ်ဘီးလေး။ အင်း သူ့ကိုတော့ မမုန်းပေမဲ့ မချစ်နိုင်တော့တာ အမှန်ပဲ။

ကျွန်မမှာ လက်တွေသာရှိမယ်ဆိုရင် ကျွန်မနောက်ကျောက ကြိုးတွေကို ဖြတ်ပြီး လွင့်ချင်ရာလွင့်စမ်း ဆိုပြီး


လွှင့်ပစ်လိုက်ချင်တယ်။ ကျွန်မ သိပါတယ်။ ဒီကြိုးမရှိတော့ရင် ကျွန်မသေမယ်ဆိုတာ။ ဇောက်ထိုးမိုးမျှော် ကျချင်တိုင်း ကျမယ်
ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ပြုတ်မကျခင် ... လေနဲ့အတူ နှောင်ကြိုးကင်းကင်း လွင့်ဝဲသွားမယ့် အရသာကို ကျွန်မ
လိုချင်တာ။ ဘယ်တော့များမှ လွတ်လပ်တဲ့ ဘဝကို ရပါ့မလဲ။ သိပ်သိချင်တာပဲ။

ကျွန်မ ဒီလိုအမြင့်ကိုတက်နိုင်ဖို့ ရစ်ဘီးလေးက လုပ်ပေးတာဆိုတာလည်း မသိတာမဟုတ်ပါဘူး။ ဒီကြိုးကြီးကို မုန်းပေမဲ့


ရစ်ဘီးလေးကို ကျွန်မ မမုန်းပါဘူး။ ဒါပေမဲ့ ရစ်ဘီးလေးရယ် ... ငါ့ကို အဆုံးစွန် ဖြေလျှော့ပြီး လွှတ်ပေးလိုက်ပါတော့... လို့
စိတ်ထဲကနေ တောင်းပန်ပြီး ရုန်းတိုင်း ရစ်ဘီးလေးက ပြန်ပြန်ဆွဲတယ်။ ကျွန်မ လွတ်ထွက်သွားတော့မယ်ဆိုတာ
သိနေတဲ့အတိုင်းပဲ။ ပြီးရင်တော့ ကျွန်မတို့ရဲ့သခင် ကောင်လေးက ကျွန်မကို အသာလေး ပြန်ရစ်ယူပြီး အဲဒီရစ်ဘီးလေးနဲ့တွဲလို့
အိမ်ကိုပြန်သယ်သွားတော့တာပဲ။

95
အိမ်ရောက်ရင်တော့ စတိုခန်းထဲမှာ ကျွန်မတို့ ၂ ယောက်ကို ဒီတိုင်းထားခဲ့တော့မယ်။ မှောင်မိုက်အေးစက်နေတဲ့
အဲဒီအခန်းကျဉ်းကျဉ်းလေးကို သိပ်မုန်းတယ်။ ကျွန်မရဲ့ကမ္ဘာဟာ ဟောဟိုက ပြာလွင်နေတဲ့ ကောင်းကင်ကြီးပဲ ဖြစ်သင့်
တယ်မဟုတ်လား။ ကျွန်မ... လွတ်လွတ်လပ်လပ် နေပါရစေတော့ ရစ်ဘီးလေးရယ်။ ကျွန်မကို လွတ်လပ်ခွင့် ပေးလိုက်ပါတော့။

ရစ်ဘီး လေး

စွန်ကလေးကို ကျုပ် ဘယ်လောက်တောင် ချစ်လိုက်သလဲဆိုရင်... သူ မြင့်ချင်တိုင်းမြင့်ဖို့ ကျုပ်ဘဝကို လည်ပတ်ပေးနေတာ


သာကြည့်။ သူ ဟိုး ကောင်းကင် အမြင့်ကြီးထဲမှာ ပျော်ပျော်ကြီး လွင့်နေတဲ့အချိန်မျိုးဆို ကျုပ်မှာ ရင်တထိတ်ထိတ်နဲ့ပေါ့။
တခါတလေ ကောင်လေးက သူ့ကို ဟိုး ခပ်မြင့်မြင့် တစ်နေရာမှာ လွင့်ဝေ
ဲ နစေပြီး ကျုပ်ကို သူ့ ဘေးက မျက်ခင်းပြင်ပေါ်မှာ
ဒီတိုင်းချထားလိုက်သေးတယ်။ အဲလို အထိန်းအကွပ် မရှိတဲ့အချိန်မျိုးမှာ အန္တရာယ်တခုခုများ တွေ့မလား ဆိုပြီး ကျုပ်ရဲ့
မျက်စိတွေကို အစွမ်းကုန်ဖွင့်လို့ စောင့်ကြည့်နေခဲ့ရတာ။

စွန်ကလေး ပျော်နေတာတွေ့ရင် ကျုပ်လည်း ပျော်တာပါပဲ။ စွန်ကလေးက ကောင်းကင်ထဲမှာ သိပ်ကို ပျော်ရွှင်တတ်သလောက်


ကျုပ်နားရောက်လာပြီဆိုရင် မျက်နှာက မကောင်းတော့ဘူး။ အဲလိုအခါမျိုးမှာ ကျုပ်သိပ်ဝမ်းနည်းရပါတယ်။ တခါတခါ
ကျုပ်ကို ဘေးမှာထားပြီး ဟိုးကောင်ကင်ကြီးကို မော့ကြည့်ရင်း ကောင်လေးလက်ထဲမှာ ဒရွတ်ဆွဲလိုက်ပါလာတဲ့
စွန်ကလေးကိုကြည့်ရင်း ကျုပ် ငိုတောင် ငိုချင်မိတယ်။

စွန်လေးက သူ့နောက်ကျောက သူ့ကို တုန့်ဆွဲနေတဲ့ ကြိုးကို မုန်းတယ်ဆိုတာ ကျုပ်သိပါတယ်။ တခါတခါမှာ အဲဒီကြိုးကို


သူဖြတ်ဖို့ ကြိုးစားတယ်ဆိုတာလည်း ကျုပ်ခံစားရတယ်။ ဘယ်ဖြစ်မလဲဗျာ။ စွန်ကလေး စိတ်ချမ်းသာအောင် ကျုပ်က
သူ့အလိုလိုက်လိုက်ပါပြီတဲ့...။ သူက သက်ရှိမှ မဟုတ်ပဲ။ သူ့ကိုယ်သူလည်း မထိန်းနိုင်ဘူးလေ...။ ခဏတော့ သူပျော်ရမှာပေါ့...။
လေထဲမှာ လွင့်ဝဲနေတဲ့ အရသာ...။ လွတ်လပ်မှုရဲ့ အရသာကို သူ မိနစ်နည်းနည်းလောက် ခံစားပြီးရင် အောက်ကို ဇောက်ထိုး
မိုးမျှော် ကျချင်တိုင်း ကျလာတော့မှာ။

အောက်မှာ ဆူးငြောင့်တွေ အများကြီး။ သူ့ခန္ဓာကိုယ် ပါးပါးလေး စုတ်ပြတ်သတ်သွားမှာ...။ ပြီးရင် သူ့ဘဝ


အဆုံးသတ်သွားတော့မှာ။ တွေးကြည့်တာနဲ့တင် ရင်ထိတ်မိပါရဲ့။ ဟင့်အင်း အဲလို ဘယ်တော့မှ မဖြစ်စေရဘူး။ ကျုပ်ခေါင်းတွေ
မူးနောက်သွားပါစေ။ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ဘယ်နှစ်ပတ်ပဲဖြစ်ဖြစ် လည်ပတ်သွားပါစေ... စွန်ကလေး ဒုက္ခမရောက်ဖို့
အရေးကြီးတယ်။

ပြီးတော့ ကောင်လေး...။ ကောင်လေးက ကျုပ်တို့ ၂ ယောက်လုံးကို သိပ်သံယောဇဉ် ရှိတာလေ။ ကျုပ်တို့နဲ့ အတူတူ နေချိန်ဆို
သူသိပ်ပျော်တာ။ စွန်ကလေးကိုလည်း သူက သိပ်မြတ်နိုးတာ။ အဲဒါကြောင့် တခြားသူတွေ စွန်လွှတ်တဲ့ နေရာနဲ့ အဝေးကြီးမှာ
96

လာလွှတ်တာသာကြည့်။ တခြားကြိုးတွေနဲ့ ငြိပြီး စွန်ကလေး ပြတ်သွားမှာ စိုးလို့တဲ့။

ကျုပ်က သူ့ကိုချစ်လွန်းလို့ ကျုပ်နားမှာ သူ့ကိုရှိစေချင်လို့ ဆိုတာထက် သူ့ဆီကို ကျရောက်လာမယ့် အန္တရာယ်တွေအတွက်


စိုးရိမ်လို့ပါ။ ဒါပေမဲ့ ညနေစောင်းလို့ အမှောင်နည်းနည်း သမ်းလာတဲ့အချိန် .. အိမ်ပြန်ချိန်တိုင်း ကျုပ် ဝမ်းနည်းရတာပါပဲ။ သူ
ကျုပ်အနားမှာ မပျော်ဘူးလေ။ တစ်ခါတစ်ခါများဆို ဖြစ်ချင်ရာဖြစ် ဆိုပြီး လွှတ်ပေးလိုက်ချင်တယ်။ ဒါပေမဲ့ သူတွေ့ကြုံရမယ့်
အန္တရာယ်တွေက နည်းတာမဟုတ်ဘူးဗျ။ သူ့အတွက် ကျုပ် တို့ မရှိလို့ကို မဖြစ်ဘူး ...။

သူတို့ရဲ့ ပိုင်ရှင်

အဝါရောင်စွန်ကလေးရယ် ... အညိုရောင် ရစ်ဘီးလေးရယ်က ကျွန်တော့်ဘဝပဲ။ ကျွန်တော်က စွန်လွှတ်ရတာကို သိပ်


ကြိုက်တာ။ ကြိုက်တယ်ဆိုတာ စွန်လွှတ်ရုံသက်သက်ပါ....။ စွန်တွေ လိုက်ဖြတ်နေတာကိုတော့ မုန်းတယ်။ ကျွန်တော့်
စွန်ကလေး အဖြတ်ခံရမှာကိုလည်း သိပ်ကြောက်တာပဲ။ ဒီစွန်ကလေးနဲ့ ရစ်ဘီးလေးကို ကျွန်တော့်ဖေဖေက
ကျွန်တော့်မွေးနေ့အတွက် ဝယ်ပေးထားတာလေ။
စွန်ကလေးက သိပ်လှတာ။ တခြား အပေါစားစွန်တွေလို မဟုတ်ဘူး။ အရွယ်လည်း ကြီးတယ်။ ပန်းပွားတွေနဲ့ အလှလွှတ်တဲ့
စွန်လေးပေါ့။ ကောင်းကင်ပြာပြာကြီးထဲမှာ စွန်ဝါဝါလေးလွင့်နေတာ ကြည့်ရရင် ကျွန်တော် သိပ်ပျော်တာ။ ဒါကြောင့် ညနေတိုင်း
ဒီစွန်လေးနဲ့ ရစ်ဘီးလေးကိုယူပြီး ဒီကွင်းပြင်ကြီးထဲမှာ ကျွန်တော် စွန်လာလွှတ်တယ်။

စွန်ကလေးကို တခြားကောင်တွေ ဖြတ်မှာစိုးလို့ ဘယ်သူမှ မရှိတဲ့နေရာမှာလာလွှတ်တာ။ ပြီးတော့ ဓာတ်ကြိုးတွေ၊


သစ်ပင်တွေနဲ့လည်း မငြိစေရဘူး။ စွန်ကလေးကို စိတ်ကြိုက်လွှတ်ပြီး ပြန်သိမ်းပြီးတဲ့အချိန် .. စွန်ကလေးနဲ့ ရစ်ဘီးလေး
တူတူရှိနေချိန်ကတော့ ကျွန်တော့်အတွက် ပီတိဖြစ်ရတဲ့အချိန်ပဲ။ သိပ်ကို စိတ်ချမ်းသာတဲ့ အချိန်လို့ပြောလည်းရတယ်။ သူတို့ကို
တွဲလျက်ကလေးထားပြီး တစိမ့်စိမ့်ကြည့်နေရတာကိုက ကျေနပ်စရာ။ ကျွန်တော့်စိတ်ထဲမှာ ဒီစွန်ကလေးနဲ့ ဒီရစ်ဘီးလေးက
သိပ်လိုက်ဖက်တယ်လို့ ထင်မိတယ်။

ဒါကြောင့်စွန်ကလေးနဲ့ ရစ်ဘီးလေးကို ဘယ်တော့မှ မကွဲမကွာစေရဘူး။ သူတို့ ၂ ခုကို အမြဲတူတူ ရှိနေစေရမယ်။


ကျွန်တော် သိပ်ချစ်တဲ့ ဒီပစ္စည်းလေး ၂ ခုကို ကျွန်တော် တစ်သက်လုံး တမြတ်တနိုးသိမ်းထားမှာ။ ။

တူးတူးသာ

97
မသေချာခြင်းများ
သြမြိုင်
98
မသေချာခြင်းများ
သြမြိုင်

အသိရခက်အောင်တော်တော်နက်နက်ရယ်
ပဲ့တင်သံကလေးဖြစ်ဖြစ်တော့ ပြန်ပေးပါဦး။
လေတဟူးဟူးမှာ
ရနံ့တို့က မေ့မူးဖွယ် ထုံမွှန်းလို့...
ဟိုး ပျပျမှာ
ပန်းလိုလို မွေ့သစ်တောလိုလို တံလျှပ်တွေဖျဖျ ပြာလို့ယောင်လို့...
စိတ်ကလေး မရဲတရဲနဲ့
ခြေလှမ်းဖွဖွ အပြင်။

99
မျက်ဝန်းထောင့်စွန်းကလေးနဲ့ မြင်လိုက်လား
တိတ်တခိုးနဲ့ ဖွဲ့။

ကြာလေလေ...
သိမ်မွေ့ခြင်းဟာ
ကြာလေလေတော့
ပြန်ပြောပြရခက်ပေမဲ့လို့
တစ်ကိုယ်တည်း မောမောလျလျ၊
တစ်သက်တာအယူသီး
ဟောသလိုကြီး “ပုံဆိုးပန်း” နဲ့ နေ့စက်ရမလား
စိတ်ကို နောက်ထပ်မနှောင်ဖွဲ့လို
ဘဝကိုလည်း နောက်တစ်ခေါက် တစ်ဆစ်မချိုးလို၊
တကယ်ကိုပဲ
ခြေကလေးလှမ်းဖို့ မှ
နေဝါဝါတောင်ကုန်းမှာ
လမ်းကဖျော့ဖျော့ရှိလှပုံ။ ။
ပန်းကလေးကို ပန်းကလေးအတိုင်း
လေတလွင့်လွင့်အလှ...
ဩမြိုင်
ချစ်သူဖတ်ဖို့
ဟန်သစ်ငြိမ်
100
ချစ်သူဖတ်ဖို့
ဟန်သစ်ငြိမ်

ချစ်သူဖတ်ဖို့ရေးတာဖြစ်သည်။ ဘာရေးရမှန်းမသိပါ။ ဒီစာကို မနေ့ကရေးလျှင် ဒီလိုဖြစ်မည်


မဟုတ်ပါ။ ဒီနေ့ရေးတော့ ဒီနေ့လိုဖြစ်လာသည်။ ဒါဟာ ချစ်သူခိုင်းသော အိမ်စာပဲဖြစ်သည်။
မဟုတ်ပါ... ဒါဟာ အိမ်စာမဟုတ်ပါ။ အမိန့်ဖြစ်သည်။ ချစ်သူက ချမှတ်လိုက်သော
အမိန့်ဖြစ်သည်။ ချစ်သူကိုချစ်သည်။ ကျွန်တော့်အတွက် ချစ်ခြင်းဖွဲ့ စာတစ်စောင် ရေးရခြင်းသည်
မခဲယဉ်းပါ။ သို့သော် ကျွန်တော်မရေးချင်ပါ။ ဒီစာကိုရေးနိုင်စွမ်း လည်းမရှိပါ။ ဒီစာကို

101
မနေ့ကရေးခဲ့လျှင် ဒီလိုဖြစ်မည် မထင်ပါ။ အထင်သာ ဖြစ်မည်။ မနေ့ကလည်း ရေးနိုင်စွမ်းမရှိခဲ့ပါ။
ချစ်သူနှင့်တွေ့လျှင်ကော ဒီလိုပဲ စာတွေရေးရဦးမှာလား။ အမိန့်ဆိုတာကို ကျွန်တော်နားလည်
သလို နားလည်ပေးမည်။ ဘာမှမသိချင်ပါ။ ကွန်ပျူတာက လေးနေသည်။ ခါတိုင်း ဒီလိုမဟုတ်ပါ။
ကွန်ပျူတာကို လွှင့်ပစ်ချင်သည်။ မနေ့က အသိစိတ်တွေ ပြန်ပေးပါ။ သို့မဟုတ်ပါက ချစ်သူကို
လိမ်ရာကျမည် ဖြစ်သည်။ မနေ့က မှတ်ထားသော စာရွက်လည်း မရှိတော့ပါ။ လိုက်လည်း
မရှာချင်ပါ။ မနက်က ဆက်သောချစ်သူ၏ ဖုန်းသံသည် သတင်းမေးသည်လား အမိန့်ထပ်ပေး
သည်လား မကွဲပြားခဲ့ပါ။ သေချာတာက ကျွန်တော် ဒီစာကို ပြီးအောင် ရေးရမည် ဖြစ်သည်။
ဘာကိုရေးခိုင်းသလဲ ကျွန်တော်မမှတ်မိပါ။ ဦးနှောက်မှာ ချစ်သူရဲ့ ပုံရိပ်တချို့သာရှိသည်။
ဒီထက်ပိုပြီး မမှတ်မိတော့ပါ။ မျက်စိဟာ အင်မတန်မှ ညောင်းကိုက် ပါသည်။ လည်ချောင်းတွေက
ရေသောက်ချင်တာထက် ပိုပြီး မသောက်ချင်ပါ။ ချစ်သူနဲ့ တွေ့တဲ့အခါ ကော်ဖီသောက်ချင်တာ
တစ်ခုတော့ ရှိသည်။ ချစ်သူဟာ ချစ်ဖို့ကောင်းသည်။ ကျွန်တော့်ကို ကော်ဖီဖျော်တိုက်ကောင်း
တိုက်လိမ့်မည်။ ချစ်စရာကောင်းသူများ ကော်ဖီဖျော်လည်း ကောင်းမည်ဟု ကျွန်တော်ထင်သည်။
ကော်ဖီသောက်ပြီး အရာအားလုံးကို မေ့ပစ်ချင်သည်။ ထမင်းမစားချင်ပါ။ ဆရာဝန်က
ထမင်းစားပြီး ဆေးသောက်ရန် သတိပေးခဲ့သည်။ ထမင်းမစားတော့ ဆေးသောက်ရန်
မလိုတော့ဟု ထင်သည်။ မနေ့ညက သူဘာတွေ ပြောခဲ့လည်း မသိတော့ပါ။ သတိရတာက ဆရာဝန်နဲ့ သီချင်း
အကြောင်း ပြောခဲ့တာပဲ သိတော့သည်။ ချစ်သူက သီချင်းဆိုတတ်သည်။ သီချင်းလည်း ဆိုပေးသည်။ သူမ ပို့ပေးထားတာ
တချို့ရှိသည်ဟု ထင်သည်။ ဖွင့်မကြည့်ရသေးပါ။ ချစ်သူရဲ့ အသံကို ကြားချင်သည်။ ဘယ်မှာပို့ထားလဲ မသိပါ။ မေးလ်ထဲမှာဟု
ထင်သည်။ ဆားရေသောက်ခိုင်းတာ ဆရာဝန်ဟုသာ မှတ်မိတော့သည်။ ကျန်တာ ဘာမှမသိတော့ပါ။ ချစ်သူက
ဆရာဝန်လိုတော့ သောက်ခိုင်းမယ်လို့ မထင်ပါ။ ပြီးတော့ အဆိပ်လည်း သောက်ခိုင်းမည် မထင်ပါ။ သူမဟာ ကျွန်တော့်ကို
ချစ်သည်။ အဲလိုတော့ လုပ်မည်မထင်ပါ။ ကော်ဖီတစ်ခွက်တော့ သူမ တိုက်ကောင်းတိုက်လိမ့်မည်။ ချစ်စရာကောင်းသူများ
တိုက်သော ကော်ဖီသည် အရာသာရှိလိမ့်မည်။ ဟုတ်သည်။ သူမကို ကော်ဖီဖျော်ခိုင်းရမည်။ မနေ့ညက ကော်ဖီမသောက်ခဲ့ပါ။
ထိုအချိန်က ကော်ဖီသောက်ချင်ခဲ့တာ သတိရသည်။ အပြင်ဘက်မှာ ကျွန်တော်ရောက်ခဲ့သည်။ အဲဒီတုန်းက မိုးတိတ်သွားပြီ။
ဘယ်တုန်းက မိုးရွာလဲ မမှတ်မိတော့ပါ။ မိုးရွာရင် ချစ်သူကို သတိရသည်။ သူမနဲ့ မိုးရွာထဲမှာ တစ်ခါလောက်
လမ်းလျှောက်ချင်သည်။ ထီးတစ်ချောင်းတည်း အတူဆောင်းချင်သည်။ ခက်တာက ချစ်သူဟာ ထီးမဆောင်းပါ။ ကျွန်တော့်မှာ
လည်း ထီးတွေမရှိတော့ပါ။ ထီးတွေ ဖျောက်ပစ်ခဲ့သည်။ ခု တစ်ချောင်းမှ မရှိတော့ပါ။ ခါး၊ မျက်စိ၊ ခေါင်းနဲ့ ဇက်ကြောတွေ
ဆက်နေမှန်းခုမှ သတိထားမိသည်။ အင်မတန်မှ ကိုက်ခဲသည်။ လည်ချောင်းလည်း သူတို့နဲ့ ဆက်စပ်နေသည်။ ဒါတွေဟာ
ကျွန်တော်ပိုင်ဆိုင်တာ မဟုတ်ဘူးဟု စာအုပ်တစ်အုပ်မှာ ဖတ်ရဖူးသည်။ ဝေဒနာတွေက သူ့အလိုလို ဖြစ်လာတာဟု ဆိုသည်။
ဘာလို့ သူ့အလိုလို မပျောက်သလဲ ကျွန်တော်နားမလည်ပါ။ မောင်းထုတ်ချင်သည် အားလုံးကို။ ဘယ်သူ့ကိုမှလည်း မမြင်ချင်ပါ။
102

ချစ်သူကိုတော့ တွေ့ချင်သည်။ သတိရသည်။ ရာသီဥတုက ဘာကြောင့် အေးနေမှန်းမသိပါ။ ချစ်သူရေ အနားကို လာပါ။


သတိရသည်။ ဖုန်းမဆက်ချင်ပါ။ ချစ်သူမှာအလုပ်ရှိနေသည်။ မဟုတ်... ချစ်သူ အလုပ်မှာ ရှိနေတာ ဖြစ်သည်။ ဒါမှမဟုတ်
စာရေးကောင်း ရေးနေမည်။ မသိပါ။ ကျွန်တော်မသိပါ။ ကျွန်တော်စာရေးနေတာတော့ သူမသိနေမည် ထင်သည်။
ဒေါသထွက်သည်။ ချစ်သူကို မဟုတ်ပါ။ မနေ့က စာရွက်ဖြစ်သည်။ မနေ့ကစာရွက်ကို ရှာမတွေ့တော့ပါ။ ကျွန်တော်
အိပ်ချင်သည်။ မနေ့က ဒီလောက် မဆိုးပါ။ မနေ့က ရေးချင်တာတချို့ အင်မတန်မှ လှပသည်။ ခုမရှိတော့ပါ။ ဒီနေ့နဲ့ မနေ့ကဟာ
အတူတူ မဖြစ်တော့ပါ။ ချစ်သူနဲ့တွေ့ချင်သည်။ ဆရာဝန်ကိုလည်း သတိရလာပြန်သည်။ သူက ကိစ္စရှိရင် ဖုန်းခေါ်လိ့်မ်မည်။
ဟာ။ မဟုတ်ပါ ကျွန်တော်က ခေါ်ရမည် ဖြစ်သည်။ မသိတော့ပါ။ အိပ်မည်။ ဒီစာကို ဒီတိုင်း ရပ်ထားလိုက်မည်။ မရပါ။
ဆက်ရေးရမည်။ ချစ်သူက အများကြီး ရေးခိုင်းထားသည်။ မနေ့ကစာရွက်ကို သတိရသည်။ ချစ်သူကို သတိရပြန်သည်။
ချစ်သူက စာရေးခိုင်းတာ သတိရသည်။ မနေ့က ကော်ဖီသောက်တာ ပြောခဲ့သည်။ ချစ်သူနဲ့ တွေ့ချင်သည်။ အတူတူ
ထိုင်ချင်သည်။ စကားတွေ ပြောချင်သည်။ ဗိုက်ထဲက အသံတွေကြားရသည်။ အခန်းထဲမှာ ရေမရှိတော့ပါ။
ရေသောက်ချင်သည်။ အိပ်လည်း အိပ်ချင်သည်။ အရမ်းအိပ်ချင်သည်။ ချစ်သူရေ ခွင့်လွှတ်ပါ။ မျက်ရည်တွေ ကျလာသည်။
ကျွန်တော် ငိုနေတာ မဟုတ်ပါ။ ချစ်သူအတွက် ကျွန်တော်မငိုပါ။ ချစ်သူသည် ကျွန်တော့်ကို ဘယ်တော့မှ ငိုအောင်မလုပ်ပါ။
ငိုနေတာမဟုတ်ပါ။ ချစ်သူကိုလည်း မငိုစေချင်ပါ။ ချစ်သူသည် ခဏခဏခဏ ငိုတတ်တာကို ကျွန်တော် သတိရလာသည်။
သူမကိုလည်း မငိုစေချင်ပါ။ ချစ်သူငိုလျှင် ကျွန်တော် မချော့တတ်ပါ။ ကျွန်တော် ဘာမှလည်း မလုပ်တတ်ပါ။
ရေသောက်ချင်သည်။ လည်ချောင်းကို ဒေါသထွက်သည်။ သူငယ်ချင်းတစ်ယောက်က ဓာတ်စာလာပေးမည်ဟု ဆိုသည်။
မမှတ်မိပါ။ ဆရာဝန်ပြောတာဖြစ်မည်။ မမှတ်မိတော့ပါ။ ချစ်သူကို မငိုစေချင်ပါ။ ခု ကျွန်တော် ငိုနေတာ မဟုတ်ပါ။ သို့သော်
မျက်ရည်တွေ ပူသည်။ အိပ်မည်။ အပေါ်ကို ပြန်ကြည့်တော့ တစ်မျက်နှာ ကျော်နေပြီ။ အပိုဒ်ခွဲချင်သည်။ ဘယ်မှာ ခွဲရမှန်းမသိပါ။
ချစ်သူက အများကြီးဖတ်ချင်သည်။ ဒီလိုဆိုရင် ဖတ်လို့အဆင်ပြေမှာမဟုတ်ပါ။ ချစ်သူရေ ခွင့်လွှတ်ပါ။ ခွင့်လွှတ်ပါ။ မနေ့ကဆိုရင်

ခုနက ရေးထားတဲ့စာတွေ ဘယ်ရောက်သွားမှန်းမသိတော့ပါ။ စက်ဟန်းတုန်းက ပျက်ကုန်ပြီ။ မနေ့ကဆိုရင်ပြီးတော့


ဘာဆက်လာလဲ မသိတော့ပါ။ မနေ့ကစာရွက်လည်း မရှိတော့ပါ။ ဒေါသထွက်သည်။ ချစ်သူကို မဟုတ်ပါ။ ချစ်သူက
ချစ်ဖို့ကောင်းပါသည်။ သူမကို ဒေါသထွက်စရာမလိုပါ။ သူမက တခါတခါ ဒေါသထွက်တတ်သည်။ ကျွန်တော်ဟာ
မုန်းဖို့ကောင်းပါသည်။ သူမစိတ်တိုင်းကျ မနေပါ။ ကျွန်တော်ဟာ အပျင်းကြီးသူဖြစ်သည်။ ချစ်သူကို ချစ်သည်။ ကြိုးစားရန်
လိုအပ်သည်။ ကျွန်တော်မကြိုးစားပါ။ ချစ်သူရေ ခွင့်လွှတ်ပါ။ ကျွန်တော် ချစ်သူကို တွေ့ချင်တာပဲသိသည်။ သတိရသည်။
ချစ်သူရေ ခွင့်လွှတ်ပါ။ မျက်စိက ပြန်နာလာပြန်သည်။ ကုတင်ပေါ်မှာတုန်းက အဲလို မဟုတ်ပါ။ ချစ်သူရေ ခွင့်လွှတ်ပါ။
ဒေါသလည်း ထွက်သည်။ နားထဲကလည်း လေတွေ ထွက်သည်။ ဒါ နားအူနေတာဖြစ်မည်။ အားနည်းနေတာလည်း ဖြစ်မည်။
နှာခေါင်းနှစ်ဘက်လည်း ပိတ်နေသည်။ နား၊ နှာခေါင်း၊ မျက်စိ၊ လည်ချောင်းတွေ အကုန် ဆက်စပ်နေတာ ခုမှ သတိထားမိသည်။
ဒါကြောင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဆိုပြီး တစ်ခု သီးသန့်ရှိနေတာဖြစ်မည်။ နဂိုက မကောင်းသော

103
မျက်စိကဒီနေ့မှ ပိုဆိုးသည်။ ဖြစ်ချင်ရာဖြစ်ပါစေလေ။ အိပ်လို့မှ မရပဲ။ အိပ်ချင်သလို မအိပ်ချင်သလိုနဲ့ လူကို ဒုက္ခပေးနေတာ
ဒီမျက်စိဖြစ်မည်။ မျက်လုံးချင်းစကားပြောနေသည်ဆိုတာ ကြားဖူးတယ်။ ချစ်သူနဲ့တွေ့တဲ့အခါ ဒီမျက်လုံးတွေက စကားပြော
ကြမှာလား။ ဒါမှမဟုတ် နှုတ်ဆိတ်နေမှာလား။ ချစ်ခြင်းအစ မျက်စိကဖြစ်မလား၊ အချစ်မှာမျက်စိမရှိဖြစ်မှာလား။ အနမ်းတွေခြွေ
တဲ့အခါကျတော့ ဒီမျက်လုံးတွေက အသုံးမကျဖြစ်ရပြန်မည်။ မျက်စိနဲ့ နမ်းတာ ဘယ်သူမှ မရှိဘူးထင်တယ်။ မျက်စိနဲ့
ကြာပစ်တာတော့ ကြားဖူးသည်။ ခု ဒီလိုမျက်လုံးတွေက ချစ်သူကျေနပ်တဲ့အနေထားကော ရှိမှာလား။ ချစ်သူရေ သတိရသည်။
စာကို ဆက်ရေးချင်သည်။ မျက်စိတွေညောင်းသည်။ နှာခေါင်းပိတ်နေတာလေး သက်သာရင် တော်တော်ကောင်းမည်။
အသက်ရှူမဝသလိုလည်း ဖြစ်သည်။ ပါးစပ်ဟရှူတော့လည်း လည်ချောင်းက နာရသည်။ ချစ်သူရှိနေသေးပါသည်။ သူမ
ကျွန်တော့်အနားမှာ မဟုတ်တောင် အဝေးမှာ ရှိနေပါသည်။ တကယ်လို့ သူမသာ မရှိရင် ကျွန်တော်သေဆုံးသွားမည်ဆိုတာကို
ကျွန်တော်သိနေသည်။ အနားမှာ သူမ ရှိနေသည်။ မဟုတ်ပါ။ သူမအနားမှာ ကျွန်တော်ရှိရမည်။ ချစ်သူအတွက်
ကျွန်တော်ရှိရဦးမည်။ လောကကြီးကို စိတ်နာလည်း သူမအတွက် ရှိနေရဦးမည်။ သူမကို အကာကွယ်ပေးရဦးမည်။
သူမဆီကိုရောက်လာတဲ့ အကြည့်တွေ မျက်လုံးတွေကို ကျွန်တော့်မျက်လုံးတွေနဲ့ ပြန်လည် တိုက်ခိုက်ရဦးမည်။ ကျွန်တော်မရှိရင်
သူမလည်း ရှိမှာမဟုတ်ဘူး။ ကျွန်တော်သိနေသည်။ သူမ အသက်ရှင်ဖို့အတွက် ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါ။ ဟာ...
မဟုတ်ပါ။ ကျွန်တော် အသက်ရှင်နေဆဲပါ။ သူမအတွက် ကျွန်တော်ရှိနေရမှာ။ ချစ်သူကို လောကကြီးကနေ အဝေးဆုံးနေရာကို
ကျွန်တော် ခေါ်ဆောင်သွားမည်။ လူတွေမရှိတဲ့နေရာ။ ဟုတ်သည်။ အဲဒီနေရာမှာ ကျွန်တော်တို့ နှစ်ယောက် နေကြမည်။
သီချင်းတွေ ဆိုကြမည်။ ကော်ဖီတွေ အတူတူသောက်ကြမည်။ ကောင်းကင်ကို ကြည့်မည်။ ကြယ်တွေကို ခူးဆွတ်မည်။
လမင်းကို ခဲနဲ့ပေါက်ချင်ပေါက်မည်။ တိမ်တွေကို ငါးမျှားချိတ်နဲ့မျှားချင်မျှားမည်။ မိုးစက်တွေကျလာတဲ့အခါ ချစ်သူကို ကျွန်တော့်
ကိုယ်ခန္ဓာနဲ့ အုပ်မိုးထားမည်။ ခုလိုမျိုး ချစ်သူ ချမ်းမနေစေရပါ။ ချစ်သူကို ကျွန်တော့်ရဲ့ ရင်ခွင်ထဲမှာ နွေးထွေးနေစေမည်။
ငြိမ်းချမ်းနေစေမည်။ ဘယ်အရာမှ ချစ်သူကို လာရောက်ထိခတ်ခြင်း မရှိစေရပါ။ လေပြေညှင်းကိုတောင် တားဆီးသင့်
တားဆီးရလိမ့်မည်။ ချစ်သူဟာ ကျွန်တော့်ဘဝအတွက်ဖြစ်သည်။ သူမဘဝဟာ ကျွန်တော့်ဘဝဖြစ်သည်။ သူမအသက်ဟာ
ကျွန်တော့်အသက်ဖြစ်သည်။ ကျွန်တော်သူမကို ကယ်တင်ရမည်။ မဟုတ်ပါ။ ကာကွယ်ရမည်။ စောင့်ရှောက်ရမည်။ ချစ်သူရဲ့
နှလုံးသွေးဟာ ကျွန်တော့်ရဲ့ နှလုံးသွေးဖြစ်သည်။ ချစ်သူရဲ့ ရှင်သန်မှုဟာ ကျွန်တော့်ရဲ့ ရှင်သန်မှုဖြစ်သည်။
ချစ်သူဆိုညည်းသောတေးသံဟာ ကျွန်တော့ရဲ့ တေးသံပဲဖြစ်သည်။ ချစ်သူရဲ့ကဗျာဟာ ကျွန်တော့်အတွက် ဖွဲ့သီတဲ့ ချစ်ခြင်းရဲ့
ကဗျာပဲဖြစ်စေရသည်။ ကျွန်တော်ဟာ ချစ်သူ သူမအတွက်ပဲ ဖြစ်ရမယ်။ အဲလိုပဲ သူမဟာလည်း ကျွန်တော့်အတွက်ပဲဖြစ်ရမည်။
ချစ်သူက ကျွန်တော့်ကို ချစ်သည်။ ကျွန်တော်သိသည်။ ကျွန်တော်လည်း သူမကို ချစ်သည်။ ချစ်ခြင်းဟာ ကျွန်တော်တို့
နှစ်ယောက်ကို ကိုယ်စားပြုနေသည်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ချစ်ခြင်းရှိနေသည်။ ချစ်ခြင်းပဲ ရှိနေစေရမည်။ ချစ်သည်။
ချစ်သူကိုလည်း သတိရသည်။ ဒါပေမဲ့ ကမ္ဘာကြီးခြားနေသလို ခံစားရသည်။ ချစ်သူ မင်းဘယ်မှာလဲ။ ဟာ၊ သူမ ရှိပါသည်။
ကျွန်တော်နဲ့ အနီးဆုံးနေရာမှာ ရှိနေသည်။ ဘယ်လောက်ဝေးဝေး ရှိနေသည်။ ကမ္ဘာခြားမနေပါ။ ချစ်သူဟာ ကျွန်တော့်အနားမှာ။
ကျွန်တော် သူမကို ချစ်သည်။ သတိရသည်။ လွမ်းသည်။ ဒီချစ်ခြင်း သတိရလွမ်းဆွတ်ခြင်းတွေက ကျွန်တော့်ချစ်သူကို
ကျွန်တော့်အနားမှာ ရှိနေစေသည်။ မဟုတ်ပါ။ ကျွန်တော်ဟာ ချစ်သူအနားမှာ ရောက်နေတာ။ ချစ်သူနဲ့အတူ ကျွန်တော်
104

ရှိနေသည်။ သတိရတဲ့အခါ ကျွန်တော်ဟာ ချစ်သူအနားကို ရောက်သွားသည်။ ဒီနေ့ မနေ့ကနဲ့ မနက်ဖြန် အကုန်အတူတူပဲ။


ချစ်သူဟာ အနားမှာ ရှိနေသည်။ ဟာ၊ မဟုတ်ပါ။ မနေ့က ချစ်သူဟာ အနားမှာ မရှိခဲ့ပါ၊ အာ၊ မသိတော့ပါ။ ဘာတွေလဲ
မမှတ်မိပါ။ ဘာပဲဖြစ်ဖြစ် ချစ်သူရဲ့အနားမှာ ကျွန်တော် ရှိနေသည်၊ ရှိနေရမည်။ ချစ်သူလည်း ကျွန်တော့်အနားမှာ ရှိနေသည်။
ဟုတ်သည်။ ကျွန်တော်တို့ မဝေးပါး။ ဘယ်တော့မှလည်း ဝေးမှာမဟုတ်ပါ။ မနက်ဖြန်လည်း ဝေးမှာမဟုတ်ချေ။ အချိန်ကာလဟာ
ကျွန်တော်တို့ကို ဘယ်နည်းနဲ့မှ ဝေးကွာအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါ။ နားထဲက လေတွေ ထွက်လာသည်။ ဘာသံမှ
မကြားရရင်ကောင်းမည်။ ချစ်သူရဲ့ ရယ်သံသဲ့သဲ့လေးက လွဲရင်။ ကျေးဇူးတင်ပါတယ်။ အားလုံး တိတ်ဆိတ်ပေးကြပါ။
တောင်းပန်ပါတယ်။ ချစ်သူရဲ့ အသံကို ကျွန်တော်ကြားချင်လို့ပါ။ ချစ်သူရဲ့ ပင့်သက်ရှိုက်သံတွေကို ကျွန်တော် ခံစားချင်လို့ပါ။
ခင်ဗျားတို့ မနာလို မဖြစ်ကြပါနဲ့။ ကျွန်တော့်ကို သနားကြပါ။ ရေလည်းသောက်ချင်သည်။ အခန်းထဲမှာ ရေမရှိပါ။
ခဏနေရင်တော့ သွားယူမည်။ ဆရာဝန်က ရေနွေးသောက်ဖို့ ပြောတာ သတိရသည်။ ရေနွေးလည်း မတည်ချင်ပါ။
ကျွန်တော့်မှာ ခေါင်းနှစ်လုံး လက်နှစ်ဘက်သာ ရှိသည်။ မဟုတ်ရင် အလုပ်တွေ ဒီထက် ပိုလုပ်နိုင်မည် ထင်သည်။ ဒါမှ မဟုတ်
ဒီထက်ပိုအပျင်းထူကောင်းလည်း ထူနေမည်။ လောလောဆယ်တော့ ခေါင်းအပိုတွေ လိုချင်သည်။ တချို့က အိပ်စက်
နားနေချိန်မှာ တချို့က အလုပ်လုပ်နေနိုင်မည်။ အပေါ်ကို ပြန်ကြည့်တော့ စာရေးတာ တော်တော်များနေပြီ။ အပိုဒ်တွေ
ခွဲချင်သည်။ ခွဲလည်း မခွဲချင်ပါ။ ဒီတိုင်းဆို ချစ်သူဖတ်ရခက်လိမ့်မည်။ မသိတော့ပါ။ သူမကို အရင်ပြကြည့်မည်။ သူမ ဖတ်မရရင်
အပိုဒ်တွေ ပြန်ခွဲပေးမည်။ ခုတော့ ဘာမှကို ဆက်မလုပ်ချင်တော့ပါ။ ရေတော့သောက်ချင်သည်။ ချစ်သူပေးထားတဲ့
ပရုတ်ဆီဗူးကိုလည်း ရှာမတွေ့ပါ။ နှာခေါင်းပိတ်နေတုန်းလေး ရှုချင်သည်။ ဒါလေးလိမ်းရင် ခေါင်းကိုက်လည်း သက်သာနိုင်မည်
ထင်သည်။ ဘယ်လို ရှာရမှန်းလဲ မသိပါ။ ရှာလည်းမရှာချင်ပါ။ ရေတော့ သောက်မှဖြစ်မည်။ ရေအသက် တစ်မနက် ဆိုတာ
ကြားဖူးသည်။ လည်ချောင်းကလည်း ဆိုးလှသည်။ မသိတော့ပါ အိပ်တော့မည်။ ဘာဆက်ရေးရမှန်းမသိတော့ပါ။ စာမျက်နှာတွေ
အတော်များနေပြီဆိုတာကို သိသည်။ ဘာတွေ ပြောခဲ့မှန်းလည်း မသိတော့ပါ။ ချစ်သူတော့ ဖတ်ပြီး နားလည်ချင်သလို
နားလည်မည်ဟု ထင်သည်။ ဟုတ်သည်။ ချစ်သူက ကျွန်တော့်ကို နားလည်ပေးသည်။ အမြဲတမ်းလည်း ခွင့်လွှတ်တတ်သည်။
ဒီတစ်ခါလည်း ကျေနပ်ခွင့်လွှတ်မည် ထင်သည်။ ဒီမှာပဲ ရပ်လိုက်မည်။ ဒါကို ချစ်သူ ကျေနပ်မည်ဟု ထင်သည်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

105
The Jogging
Khine Soe Lung
106
The Jogging
Khine Soe Lung

She was sweating. The non-stop jogging for quite long, maybe an hour or some,
which she did not notice, made her exhausted. But she did not want to stop yet.
The road was very long ahead. Very long. There were buses and small cars, some-
times huge log carriers passing over her along the way. She gave a causal glance at
them whenever they overtook her and kept running most of the time looking at the

107
top of her own sneakers which seemed to have been very white when they were
new. The laces were untidy and sometimes loose that caused her steps to almost
lose the balance as they sometimes got under the shoes and that sometimes forced
her to stop for a short while to tie them back.

She did not want to know what was there at the end of the road. Well, to be more
precise, she did not even bother to know if the road would end ever. Is a road sup-
posed to have an end, she thought. She sometimes reminisced her childhood in
which she did not act a good daughter to her widowed mother and a clever pupil to
her teachers, her early twenties with full of interesting, adventurous and unex-
pected events and her thirties in which she did not enjoy any surprise any more.
Sometimes she recalled the endless nights she and some close friends would spend
by the sea discussing about 'love' in which they did have very strong interest like
willing to know if there is something such as love or if it is just a passion for an opposite sex, and how they
would find it exciting talking about the guys whom they admired.

She would only have interest in those that had talent and creativity in the art. And she, after twenty years
later, realized that all those artists were exactly like her in making some unusual actions and having abnormal
attitude. They loved to suffer and made themselves hurt. There were uncountable times she reminded herself
that she needed to escape from enjoying her heart breaking. Sometimes she would take the heart as a part of
the body the function of which is to purify the blood that comes from the whole body and supplies those blood
to all over the body through the arteries. But very often she would forget that very true incident and she
would think she was in love with someone. This must be the last person or now I have found my true love,
she would think. She would ask herself the same question as usual, 'are you sure you will love him no matter
what?' and she would straight away give a very firm answer, 'yes'.
108

Sometimes, she remembered the time, she spent with some partner planning for the future as if she would
never fall out of love with that particular person, not to forget the endless arousing and erotic bed times and
how she was curious and excited for her first time sex. There were times she regretted for having found her-
self very passionate for having sex and realized herself very much obsessed with it. And then there were times
she was delighted with the feeling that sex is something to enjoy and again there were times she was totally
fed up with love and sex. She would fall in love, fall out of love and then again she would find herself ready to
die for some guy.

She had some thoughts of establishing a lovely family of her dream, with a very bright daughter and two bril-
liant sons whose father were a true artist that would be as bright and smart as herself, would be caring to the
family and would have common idea in most of the things like politics, the art and the way of living. Again she
would feel it guilty to give birth to a baby without getting the permission of being a mother from itself and
without knowing whether it agrees to come into the world. She would, at the same time, think if a family life
really is necessary. Is the end of a love a marriage? Or is it the marriage that ends the love?
She stopped in front of a tree, underneath of which was a wooden bench. She wiped the sweat on her fore-
head and neck with the towel which was already soaked with the sweat. Then she sat down on the bench.
She saw a couple of youth on a motor bike waving her while they passed her by. The smiles on their face
were very fresh and she remembered that people said how her eyes were as bright as the stars when she
smiled. She waved them back and tied the laces which were almost loosing again and she continued jogging.

Khine Soe Lung

109

You might also like