You are on page 1of 9

ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေ၀ါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို

မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်တယ်ဆိုတာ ပထမဦးစွာ


ပြောကြားလိုပါတယ်။ (သြဘာသံများ)

ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'ကျမ တော်တော်ည့ခ


ံ့ ပ
ဲါတယ်' ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို
ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လုတ
ိဲ့ ပရိသတ်အနေနဲ့ အံ့သြချင် အံ့သြမိမယ်။
စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလမ
ိ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီး တော့ နားထောင်တာဟာ နင်တု့ေ
ိ တွ၊ ခင်ဗျားတို့တွေဆီက
တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီး နားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး ၊
စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလမ
ိ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့
ကျမဟာ ဘ၀မှာ တခါမှ မတော်ခ့ဘ
ဲူးသေးပါဘူး။ (အော်ဟစ်သံများ)

ဒီတော့ ကျမ ပြန်ကြည့်လုက


ိတ့အ
ဲ ခါမှာ ကိုယ့က
ိုယက
ို ညံ့နေတာပဲတွေ့တော့ ကျမရဲ့ ပရိသတ်ရှေ့မှာ ကျမညံ့တဲ့အကြောင်းကိုပဲ
ဝန်ခံတာဟာ ရိုးသားမှု အရှိဆုံး ဖြစ်လမ
ိ့်မယ်လို့ ကျမ တွေးပါတယ်။ အဲ့ဒါကြောင့် အခုလို စင်မြင့်ပေါ် တက်လာပြီး တော့
ကျမညံ့တဲ့အကြောင်းတွေ ပြောရတာ ကျမ အများကြီး ၀မ်းလဲနည်းမိပါတယ်။ (လက်ခုပသ
်ံများ) ဒါပေမယ့် မတတ်နိုင်ပါဘူး၊ ကျမ
ညံ့တဲ့အကြောင်းကတော့ ပြောရမှာပဲ။
ကျမကတော့ ညံ့တ့အ
ဲ ကြောင်းတခုပဲ ပြောစရာ ရှိလု့ပ
ိါ။ ဒီတော့ အဲဒလ
ီို စိတ်ပျက်နေတဲ့သူ၊ ဒေါသထွက် နေတဲ့ သူတွေအတွက် ကျမ
အကြံကောင်းလေးတခုတော့ ပေးနိုင်ပါတယ်။ တော်တာတွေကို မြင်ချင် ကြားချင်ရင်တော့ စာပေဟောပြောပွဲကို လာစရာမလိုပါဘူး။
တော်တာတွေကို မြင်ချင်ကြားချင် ဂုဏယ
်ူချင်တယ် ဆိုရင် မြန်မာ့ရပ
ုမြင်သြံ ကားကို ကြည့်ကြပါ။ (အော်ဟစ် လက်ခုပသ
်ံများ) အခုအချိန်က
စပြီးတော့ 'ဂျူး' ရဲ့ ညံ့ဖျင်းမှုတွေကို ၀န်ခံပါတော့မယ်ရှင်။

ကျမဟာ အများသိကြတဲ့အတိုင်း ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ (အော်ဟစ်သံများ) ကြွားတာ မဟုတပ


်ါဘူး ။ အဲ့ဒီတော့
ဆရာဝန်အလုပလ
်ဲ တပြို င်နက်လုပ်တယ်။ စာရေးတဲ့အလုပ် လဲ တပြိုင်နက်လပ
ုတယ် ဆိုတော့ ဘယ်အလုပ်မှာ များ ကျမ ညံ့ပါသလဲလို့
မေးခဲ့ရင် ကျမ ဖြေချင်လို့ပါ။ ကျမဟာ အလုပန
ှ်စမ
်ျိုးစလုံးမှာ ညံ့ဖျင်းပါတယ်။ အဲ့ဒေ
ီ တာ့ ကျမ ညံ့ခဲ့တဲ့အကြောင်းတွေကို ပြောပြပါမယ်။
ကျမဟာ ငယ်ငယ်ကလေးကတည်းက ညံ့ပါတယ်။ ကျမ ငယ်ငယ်တုန်းက မြန်မာနိုင်ငံအကြောင်း ပထ၀ီဝင်ဘာသာမှာ သင်ရသော်လဲ
မြန်မာနိုင်ငံရဲ့ စီးပွါးရေးအမြင် ဘာမှ မရှိခဲ့ပါဘူး။ (လက်ခပ
ုသမ
ျာံး) ကျမ တတိယတန်းအရွယ် လောက်မှာ မြန်မာ့ ပထ၀ီဝင်ဘာာသာကို
သင်ရပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့ သံယံဇာတတွေအကြောင်း စာသင်ရပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်ပေါများကြွယ်ဝတဲ့
နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးတွေ ထွကတ
် ယ်။ ကျွန်းသစ်တွေ ထွက်တယ်။ ရေနံတွေလဲ ထွကပ
်ါတယ်။ ရေနံထက
ွ်တာလဲ ကျမ
မျက်မြင်ကုယ
ိတွေ့ ပါပဲ။ ကျမက ရေနံချောင်းသူ ဖြစ်ပါတယ်။

ရေနံချောင်းသူဆိုတော့ ကျမတို့ ရေနံမြေကနေ ဖြတ်သွားတဲ့အခါမှာ ရေနံတူးစင်ကြီးနဲ့ ရေနံတူး နေတာ တွေ၊ တူး ပြီးသား
ရေနံတွင်းတွေကနေ ပိုကလ
်ုးံ တွေနဲ့ မောင်းတံတွေနဲ့ စုပ်ယြူ ပီးတော့ ရေနံလှောင်ကန်ထဲ ထည့်နေတာတွေ ကျမ မျက်မြင်ကိုယေ
် တွပါပဲ။
အဲ့ဒီ ရေနံလှောင်ကန်တွေထဲက များပြားလှတဲ့ ရေနံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျမက မမြင်ရဘူးပေါ့။ (လက်ခုပသ
်ံများ) ကျမ
မြင်ရတာက ရေနံလှောင်ကန်ပဲ မြင်ရတာကိုး ။ အဲ့ဒီတော့ အဲ့ဒါ ရေနံနဲ့ ပါတသ
် က်တဲ့ အပိုင်းပါ။ နောက်ထပ် သံယံဇာတတွေ အများကြီး
ထွကတ
် ယ်လို့ သိရပါတယ်။ ဥပမာ တွင်းထွက်ပစ္စည်းတွေ၊ ကျောက်မီး သွေးလဲ ထွက်ပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ရွှေကြောကြီးတွေလဲ
မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဒီတော့ ဒီ ရွှေ၊ ငွေ၊ ကျောက်သပ
ံ တ္တမြားတွေ အပြင် ကျောက်မီးသွေး၊ ခဲမဖြူတို့၊ အဖြို က်နက်တို့
မြန်မာနိုင်ငံမှာ မထွက်တဲ့ တွင်းထွကဆ
်ုတ
ိာ မရှိသလောက် အများကြီး ထွကခ
်ဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာ့ပိုင်နက်
ပင်လယ်ရေပြင်ဆိုတာ အများကြီး ရှိပါတယ်။ ပင်လယ်ပြင်ကထွက်တဲ့ ငါးပုစွန်တွေဟာ မြန်မာပြည်သူလထ
ူု စားသုံးလို့တောင်
မကုန်တဲ့အတွက် စည်သွတဗ
်ူး တွေနဲ့ ဒါမှမဟုတ် ရေခဲရိုက်ပြီးတော့ နိုင်ငံခြားကိုတောင် တင်ပု့ေ
ိ ရာင်းချလို့ ရပါတယ်တ့။ဲ ဒီတော့
တတိယတန်း ကျောင်းသူ ကျမဟာ ကျမနိုင်ငံကို ကျမ တော်တော် ဂုဏယ
် ခ
ူ့ ပ
ဲါတယ်။ (လက်ခပ
ုသံများ) သယံဇာတတွေ သိပ်များတာပဲပေါ့။
ဒါပေမယ့် တနေ့ကျတော့ ကျမက ကျောင်းစာအပြင် တခြားပြင်ပမဂ္ဂဇင်းတခုကို သွားဖတ်မပ
ိါတယ်။ သွားဖတ်တော့ အဲဒီအချိန်မှာ ကျမ
စာတော့ ဟုတ်တိပတ်တိ မဖတ်ဖူးသေးပါဘူး။ ဒါပေမယ့် ဆောင်းပါးတို့ ပုံပြင်တို့ဆိုရင် တကြောင်းစ နှစ်ကြောင်းစ ဖတ်တတ်နေပါပြီ။
အဲ့ဒမ
ှီာ ကံဆိုးစွာနဲ့ စာကြောင်းလေးတကြောင်း သွားတွေ့ပါတယ်။ အဲ့ဒီ စာကြောင်းလေးကို ကျမ အခုထိ
မမေ့နိုင်သေးပါဘူး။'မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တတိယမြောက် လိုကပ
်ါသည်တဲ့'။ (အော်ဟစ်သမ
ျာံး၊
လက်ခပ
ုသံများ)

အဲ့ဒေ
ီ တာ့ ကျမက ပထ၀ီ သင်ခါစ တတိယတန်းကျောင်းသူ အမြင်နဲ့ဆိုတော့ ကျမ ဒီလုပ
ိဲ မြင်တာပေါ့။ တကယ်တမ်းတော့ နိုင်ငံတခု
တိုးတက်ကြီးပွါးဖို့ သယံဇာတ ထွကရ
်ုံနဲ့တင် မလုံလောက်ပါဘူး။ (လက်ခုပသ
်ံများ) ဒါ ကျမရဲ့ အပြောမဟုတ် ပါဘူး ။ ကမ္ဘာ့စီးပွါးရေး
ပညာရှင်တွေပြောတဲ့ အပြောပါ။ သူတို့က ဘယ်လုေ
ိ ပြာသလဲဆိုတော့ နိုင်ငံတခု တိုး တက်ကြီးပွါးဖို့ အချက်ကြီး (၄)ချက် လိုပါတယ်တ့။ဲ
သယံဇာတ၊ သဘာဝသယံဇာတ (Natural Resource) လို့ခေါ်တဲ့ သဘာဝသယံဇာတတွေ ပေါများဖို့တ့။ဲ နံပါတ် (၂)ကတော့
အစဉ်အဆက်က ကြီးပွါးခဲ့တ့၊ဲ အစဉ်အဆက်က ရှိခ့တ
ဲ့ဲ အရင်းအနှီး၊ နံပါတ် (၃) က Technology လို့ခေါ်တဲ့ နည်းပညာအသစ်အဆန်းတွေ၊
နံပါတ် (၄) ကတော့ အဲ့ဒန
ီ ည်းပညာကို ကျွမ်း ကျင်သူတွေ၊ အဲဒီ လေးမျိုးလုံး ရှိတဲ့ နိုင်ငံဟာ (သို့မဟုတ်) လေးမျိုးမှာ သုံးမျိုးလောက်
ရှိတဲ့နိုင်ငံဟာ အဲ့ဒီ နိုင်ငံဟာ ချမ်းသာပါတယ်တဲ့။

အဲ့ဒေ
ီ တာ့ ကျမတို့ မြန်မာနိုင်ငံက (၁) သယံဇာတတွေတော့ ပေါများကြွယဝ
် ပါတယ်။ နောက် နံပါတ် (၂) (၃) (၄) ရှိ မရှိတော့ ကျမ
မသိပါဘူး။ (လက်ခပ
ုသမ
ျာံး) အဲ့ဒီတော့ ကျမ ညံ့တ့အ
ဲ ကြောင်းက အဲ့ဒီက စ ပါတယ်။ နောက်ထပ် ကျမ ညံ့တဲ့အကြောင်းကို
ပြောရရင်တော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျမ ညံ့တာပါ။ နိုင်ငံရေးအမြင် ဘာမှ မရှိခ့တ
ဲ့ ကျောင်းသူတယောက်အကြောင်း
ကျမ ပြန်ပြောပါမယ်။ စတုတ္ထတန်း (ဒါမှမဟုတ)် ပဉ္စမတန်း အရွယ် လောက် ကလေးဘ၀မှာ ကျမတို့ နိုင်ငံမှာ အရေးအခင်းတခု
ဖြစ်ခ့ပ
ဲါတယ်။ အဲ့ဒီ အရေးအခင်းမှာ မြို့ကြီးတွေ၊ ရန်ကုန်၊ မန္တလေးတွေကနေ ပြီးတော့ စတင် ဖြစ်ပွါးခဲ့ပြီးတော့ ကျမတို့ဆက
ီို
တဖြည်း ဖြည်းနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းကတော့ တရုတ်-ဗမာ အရေးအခင်းပါ။ တရုတေ
် တွနဲ့ ဗမာတွေ ချကုန်ပြီးလို့
(ရီသံများ) ကျမတို့ ကြားရပါတယ်။

ကျမတို့ ရေနံချောင်းမှာ တရုတ်လမ


ျူိုးတွေ အများကြီး ရှိပါတယ်။ ကျမတို့ ရေနံချောင်းက တရုတလ
်ူမျိုးတွေနဲ့ ဗမာလူမျိုးတွေတော့
မချကြပါဘူး။ ကျမတို့ အချင်းချင်းတော့ ခင်ခင်မင်မင်ပါပဲ။ ကျမတို့ ကျောင်းမှာ အတန်း ထဲမှာ ကျမတို့နဲ့ စာပြိုင်ဖက် တရုတ်မလေး ၃ - ၎
ယောက် ရှိပါတယ်။ သူတို့နဲ့ ကျမတို့လဲ စာမေးဖော် မေးဖက် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပါပ။ဲ ဒါပေမယ့် မြန်မာနိုင်ငံမှာ တော့ တရုတ-် ဗမာ
အရေးအခင်း ဖြစ်နေပြီလို့ သိရပါတယ်။ ဒီတော့ ကျမတို့လဲ လက်ခံလိုကရ
်ုံပေ
ဲ ပါ့။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီ၊ ဒီလောက်ပဲ
သဘောထားလိုကပ
်ါတယ်။ တရက်တော့ ကျမတို့ ကျောင်းတက်နေတဲ့အချိန်မှာ ဆရာမက ကျမတို့ကို ပြောပါတယ်။ တို့တတွေ မနက်ဖန်
ရောက်လို့ရိရ
ှ င် ဒီမြို့ရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေ အားလုံးတန်းစီ လမ်းတလျှောက် ချီတက်ရမယ်တဲ့ (လက်ခုပသ
်ံများ) အဲဒေ
ီ တာ့
ကျမက ကျောင်းစာသင်တဲ့အချိန်မှာ အပြင်ထက
ွ် ရမယ္ဆုေ
ိ တာ့ သိပေ
် ပျာ်သွားပါတယ်။ (ရီသံများ) အဲ့ဒါနဲ့ပဲ ကျမတို့ တက်တက်ကြွကြွနဲ့ပဲ
လိုက်ဖို့ စီစဉ်ပါတယ်။ ဆရာမက ပြောတယ်။ နင်တို့အားလုံး စည်းကမ်းရှိရှိ သေသေ၀ပ်ဝပ် ချီတက်ရမယ်နော်တဲ့။ နှစ်ယောက်တတွဲ
တွဲလု့ရ
ိ တယ်။ နင်တို့ ကြိုက်တဲ့လူနဲ့ နင်တို့ တွဲကြပါတဲ့။ အဲ့ဒါနဲ့ ကျမကလဲ ကျမရဲ့ လက်တွဲဖော်အဖြစ် တရုတ်မလေးကို ရွေးလိုကပ
်ါတယ်။
ကျမနဲ့ ကျမသူငယ်ချင်း တရုတမ
် လေးဟာ တရုတဗ
် မာအရေးအခင်း မှန်ကန်ကြောင်း ထောက်ခဖ
ိုံ့ မြို့ထမ
ှဲာ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။
(ရီသံများ လက်ခုပသ
်ံများ) အဲ့ဒေ
ီ တာ့ ကျမတို့က ၂ ယောက်တတွဲ လမ်းလျှောက် လမ်းတွေပေါ်မှာ ချီတက်ကြတယ်။ ရိုးရိုးတန်းတန်း
ချီတက်ကြတာ မဟုတ်ဘူး ။ ရှေ့က တယောက်က စာရွက်တွေနဲ့ တိုင်ပေးတယ်။ ကျမတို့က နောက်ကနေပြီး လိုက်အော်ရတယ်။
လိုက်အော်တော့လဲ တို့အရေး၊ တို့အရေး ပေါ့။ ရှေ့က ဘာအောသလဲတော့ ကျမတို့ ကောင်းကောင်း မကြားရဘူး။ (ရီသံများ) အဲ့ဒီလိုနဲ့
ရှေ့ကတယောက်က တိုင်ပေးလိုက်၊ ဘာမှမသိပဲ နောက်က တို့အရေး အော်လိုက်၊ အော်ရင်းနဲ့ပဲ လမ်း တကာကို ရောက်ခ့ပ
ဲါတယ်။ အဲ့ဒမ
ှီာ
ကျမတို့ ကျောင်းသားတွေကို လမ်းလျှောက်ရတာ၊ အော်ရတာ မောရင် ရေသောက်ရအောင်၊ အအေးသောက်ရအောင် ဆိုပြီးတော့
အိမေ
် တွကနေပြီး အိမ်ရှေ့မှာ စာပွဲလေးတွေ ခင်းပြီးတော့ ကျမတို့ကို အစားအစာတွေ ကျွေးမွေးပါတယ်။ ကျမတို့လဲ
အလကားရတာမှန်သမျှ အကုန်စားပါတယ်။ (ရီသမ
ျာံး) အကျင့်က ပါနေတာကိုး (ရီသံများ)
ဗမာက ကျွေးကျွေး ၊ တရုတက
် ကျွေးကျွေး အကုန်စားပါတယ်။ (ရီသံများ) ဒီလုန
ိဲ့ပဲ နည်းနည်း နေမြင့်လာတဲ့အခါမှာ ကျမတို့ ကျောင်းကို
ပြန်ရပါတယ်။ ကျောင်းရှေ့မှာ အင်မတန် ကျယ်ဝန်းတဲ့ မြေတလင်း ပြင်ကြီး ရှိပါတယ်။ အဲ့ဒမ
ှီာ အားလုံးစုရုးံ ပြီးတော့ အတန်းလိုက်
အတန်းလိုက် ကိုယ့လ
်ူစန
ဲု့ကုယ
ိ စုရုံးကြပါတယ်။

အဲဒမ
ှီာ ကျမတို့ ဆရာမက ဘာပြောလဲဆိုတော့၊ အော်... ကျမ မေ့နေလို့၊ ကျမတို့ လမ်းလျှောက်တဲ့ အခါမှာ ဒီအတိုင်း
လက်လွတ်လျှောက်ရတာ မဟုတ်ဘူး။ 'ခေါင်း' ကြီးတွေကို ကြိုးနဲ့ ဆွဲပြီးတော့ ဒီ ခေါင်းကြီးတွေကတော့ ကျမတို့ ကျောင်းသားလေးတွေ
ဆွဲနိုင်အောင်ပါ။ စက္ကူတွေနဲ့လဲ ခေါင်းပုံစံ ဖြစ်အောင် ရေးထားပါတယ်။ အဲ့ဒထ
ီဲမှာ လဲ ကျမတို့ မျက်စိရှေ့မှာ စက္ကူစုတ်တွေ ထည့်ထားတာ
မြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီ စက္ကူစုတ်တွေကို ကျမတို့က စက္ကူစုတ်တွေလို့ မမှတရ
် ဘူးတဲ့။ အဲဒီအထဲမှာ အလောင်းတွေ ပါတယ်လို့
မှတ်ရမယ်တ့။ဲ အဲ့ဒမ
ှီာမှ ကျမ ပထမဦးဆုံး နံမည်တခုကို ကြားဖူးပါတယ်။ အဲ့ဒန
ီာမည်ကတော့ မော်စီတုန်း တဲ့။ မော်စတ
ီုန်းဆိုတဲ့နာမည်ကို
အဲဒအ
ီ ချိန်မှာမှ ပထမဦးဆုံး ကြားဖူးတာပါ။ မော်စတ
ီုန်း ကျဆုံးပါစေ ပေါ့။ အဲ့ဒလ
ီို ဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒီလုန
ိဲ့ ကျောင်းရှေ့ကို
ပြန်ရောက်တော့ ကျမတို့ ဆရာမက အဲဒီ ခေါင်းကြီးကို မီးရှို့ရမယ်လို့ ပြောတယ်။ ဒီတော့ ကျမက သူများအော်ရင်သာ နောက်ကနေ
တို့အရေး လိုကေ
် အ်ာရဲတာ။ ကျမကတော့ မီးရှို့ဖိုတော့ ကြောက်ပါတယ်။ ကြောက်တော့ ကျမက နောက်ဆတ
ု တ
် ယ်။ အဲ့ဒအ
ီ ချိန်မှာ
ဆရာမက ကျမကို ရှေ့ထွက်ခုင
ိးတယ်။ ကျမက အတန်းရဲ့ မော်နီတာ ဖြစ်ပါတယ်။ (ရီသံများ)

"တင်တင်ဝင်း နင်ရှေ့ထွက် နင်မီးရှို့ ရမယ်" လို့ ပြောတယ်။ အဲ့ဒီတော့ ကျမက မရှို့ရဲဘူး ဆိုပြီး နောက်ကို ကပ်တယ်။ အဲဒီတော့ ကျမတို့
နှစေ
် ယာက်ရဲ့ အဖြစ်အပျက်ကို မကြည့်ရက်တဲ့ နည်းနည်းအသက်ကြီးတဲ့ ကျောင်းသူတယောက်က ကျမတို့နှစ်ယောက် ကိုယ်စား
ဖြေရှင်းပေးလိုက်ပါတယ်။ သူပဲ ဆက်ပြီးတော့ မီးရှို့တယ်။ (ရီသံများ) ကျမဟာ ဒီလို နိုင်ငံရေးမရှိအောင် ညံ့တယ်ဆိုတာ ကျမ ၀န်ခပ
ါံတယ်။
ဒါ ကျမရဲ့ စီးပွါးရေး ညံ့ဖျင်မှု၊ နိုင်ငံရေး ညံ့ဖျင်းမှုပါ။ ဒါပေမယ့် အဲဒီလုသ
ိာ ညံ့တယ်။ ကျမက ဘာဖြစ်ချင်သလဲဆိုတော့ ကျမဘ၀မှာ
အဖြစ်ချင်ဆုးံ ဆန္ဒတခုက စာရေးဆရာ ဘ၀တခုပါပဲ။ စတုတတ
္ထ န်းအရွယ် ကတည်းက ကျမဟာ စာရေးဆရာတယောက် ဖြစ်ချင်ခ့ပ
ဲါတယ်။
စာရေးဆရာဖြစ်ဖို့ ကျမကို တွန်းအားပေးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒါကတော့ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေပါပဲ။ ကျမဟာ
ကျောင်းစာက လွဲပြီးတော့ အပြင်ဘက်စာပေတွေကို မဂ္ဂဇင်းတွေကို အများ ဖတ်ခဲ့ ပါတယ်။ ကျောင်းစာထက် ပိုပြီးတော့ ဖတ်ခဲ့ပါတယ်။
အဲ့ဒေ
ီ တာ့ က်မ မွတ္မသ
ိ လောက်ပေါ့၊ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အများကြီးပါပဲ။ စာရေးဆရာကြီး တက္ကသုလ
ိဘန
ုးနိုင်၊
စာရေးဆရာကြီး ဓူဝံ၊ ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သူတို့ စာအုပ်တွေကို ကျမ ဖတ်ပါတယ်။ အဲ့ဒီမှာ ကျမဘ၀မှာ
ပထမဦးဆုံး ဖတ်ဖူးတဲ့ စာအုပ်တအုပက
ို အခုထိ မှတမ
ိပါတယ်။ ဒါဟာ ကျမအတွက် ပထမဦးဆုံး ၀တ္ထုပါ။ အဲ့ဒါကတော့
စာရေးဆရာကြီးဓူဝံရဲ့ 'မာလာ' လို့ အမည်ရတဲ့ ၀တ္ထု ဖြစ်ပါတယ်။ 'မာလာ' ဟာ လက်သုးံ လုံးလောက် ထူတဲ့ စာအုပ်ကြီးတအုပပ
်ါ။ သူ့
အဲ့ဒစ
ီာအုပက
ို ကျမရဲ့ ကျမကိုယ်ပိုင်အမြင်နဲ့ ဖတ်ခဲ့တာတော့ မဟုတပ
်ါဘူး။ အဲ့ဒအ
ီ ချိန်တန
ုးက ကျမက ကာတွန်းတွေပဲ ဖတ်ပါတယ်။
ကာတွန်းတောင်မှ ထူရင် မဖတ်ပါဘူး ။ ခပ်ပါးပါးပဲ ဖတ်ပါတယ်။ တရက်ကျတော့ ကျမ စတုတ္ထတန်း စာမေးပွဲအပြီး ကျောင်းအားတဲ့
အချိန်မှာ ကျမ မေမေက စာအုပတ
် အုပ် ယူလာပေးပါတယ်။

"သမီး ဒီဝတ္ထုကို ဖတ်စမ်း " လို့ ကျမကို ပြောပါတယ်။ အဲ့ဒဝ


ီ တ္ထုက 'မာလာ' ၀တ္ထုပါ။ ကျမက စာအုပြ် ကီးကို ကြည့်ပြီးတော့ လန့်သွားတယ်။
"အား စာအုပ်ကြီးက အထူကြီးပါလားမေမေ" လို့ ပြောတော့ "အေး ထူတော့ ထူတယ်၊ ဒါပေမယ့် သမီး စိတဝ
် င်စားမှာပါ" တဲ့။ သမီးတို့
မောင်နှမတွေဟာ စကားပြောရင် အင်မတန် ရိုင်းတယ်တဲ့။ ကိုကိုရယ်၊ ညီမလေးရယ် ဘယ်တော့မှ စကားမပြောဘူး၊ မောင်နှမအချင်းချင်း
အကြီးနဲ့အငယ်ကို နင်, ငါ သုံးတယ်တဲ့။ အဲ့ဒါ မကောင်း ဘူးတဲ့၊ ဒီတော့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဖတ်ပြီး သွားရင် သမီး
ယဉ်ကျေးသိမ်မွေ့လာလိမ့်မယ်။ ဒီစာအုပ်ထမ
ှဲာ လူတွေဟာ စကားပြောရင် သိပ်ယဉ်ကျေးတာပဲတဲ့။ ဖတ်ကြည့်ပါတဲ့။ အဲ့ဒေ
ီ တာ့ က်မကလဲ
မေမေက ဖတ်ခိုင်းတယ်ဆိုရင် ငါဖတ်ဖို့ သင့်တာပေါ့။ ကိုယ့်ဖာသာကိုယ် တွေး ပြီးတော့ မေ့မေ့ရှေ့မှာ ပဲ အဲ့ဒီစာအုပက
ို ကျမ ဖွင့်ဖတ်
လိုက်ပါတယ်။ စ ဖွင့်ဖင
ွ့်ချင်းပဲ အဲ့ဒစ
ီာအုပ်ကို ကျမ စိတဝ
် င်စားသွားတယ်။ သူက အခန်း (၁) အဖွင့်မှာ အကျဥ်း ထောင်တခုရဲ့ မြင်ကင
ွ်းနဲ့
စထားပါတယ်။ အဲ့ဒီ အကျဉ်းထောင်ထဲမှာ၊ အချုပ်ခန်းထဲမှာ၊ သံတိုင်တွေနောက်မှာ အကျဉ်းသား ၁၀ ယောက် အကျဥ်း ကျ နေပါတယ်။
သူတို့ကတော့ တိုင်း ပြည်ကို တော်လှန်ပုန်ကန်လို့ ချုပ်ထားတဲ့ အကျဉ်းသား တွေပါ။ တယောက်က ခေါင်းဆောင်၊
အဲ့ဒေ
ီ ခါင်းဆောင်နာမည်က ဗိုလ်နန္ဒလို့ ခေါ်ပါတယ်။ သူ့ရဲ့ နောက်ပါက ၉ ယောက် ရှိပါတယ်။ သူတို့ ၁၀ ယောက်ကို ဒီကနေ့ ညနေ
နေကွယ်လို့ ရှိရင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊ မသေမချင်း ကြိုးပေးသတ်ခံရဖို့ ဘုရင်က အမိန့် ချပြီးသားပါ။ ဒီတော့ သူတို့ အားလုံး ဟာ
ဒီကနေ့ ညနေမှာ သေမယ်ဆုတ
ိာ သေချာနေတော့ တော်တော် ကြောက်ရံ့တ
ွုန်လပ
ှုနေပါတယ်။ တပည့်တွေဟာ ငိုတဲ့သက
ူ ငိုနေကြတယ်။
နံရံကို လက်သီး နဲ့ထိုး ပြီး အော်တဲ့သူက အော်နေကြတယ်။ နောက် ဒေါသတကြီး စကားပြောတဲ့သူက ပြောနေကြတယ်။ အဲ့ဒါတွေကို
ကြည့်ပြီးတော့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်နန္ဒက တော်တော်စိတမ
် ကောင်း ဖြစ်တယ်။ "သူတု့ခ
ိ မျာ ငါ့ရဲ့ ခေါင်းဆောင်မက
ှို လိုကခ
်ဲ့တ့အ
ဲ တွက်
သူတို့ဟာ ကြိုးပေးပြီး အသတ်ခံရတော့မှာပါလား၊ သူတို့တွေ အသေဖြောင့်အောင်၊ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်
အောင် ငါ ကဗျာလင်္ကာတပုဒ် ရွတြ် ပမှ ဖြစ်မယ်" လို့ သူ့ဖာသာသူ တွေး ပြီးတော့ သူ ကဗျာလင်္ကာတပုဒ် ရွတ်ပြပါတယ်။ အဲ့ဒီကဗျာကတော့
အနန္ဒသရ
ိုယ အမတ်ကြီး ရေးစပ်ခဲ့တဲ့ အမျက်ဖြေ အလင်္ကာလို့ အမည်ရတဲ့ ကဗျာလေးတပုဒပ
်ါ။ "သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊
သူတယောက်မှာ ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" အဲ့ဒီကဗျာပါ။ သူက အဲ့ဒီကဗျာကို ရွတ်တ့အ
ဲ ခါမှာ စာရေးဆရာက
ဘယ်လိုဖွဲ့ထားသလဲဆိုတော့ ဗိုလ်နန္ဒသည် သူ၏ အောင်မြင်လေ
ှ သာ အသံဝါကြီးနဲ့ထိုကဗျာကို ရွတ်ဆို၏တဲ့။ အဲ့ဒမ
ှီာ ကျမက နည်းနည်း
ကလေး နားမလည်ဘူး ဖြစ်သွားတယ်။ ဗိုလ်နန္ဒကို ကျမသိတာက သူပုန်ဗိုလလ
ို့ ကျမသိပါတယ်။ သူပုန်ဗိုလ် တယောက်ကို ဘာဖြစ်လို့
အဲ့ဒလ
ီို ဖွဲ့သလဲ အောင်မြင်လှသော အသံဝါကြီးဆိုတာ သူပန
ုဗုလ
ိကို ဖွဲ့ရမယ့် စကားမဟုတ်ပါဘူး။ ဒါဟာ သူရဲကောင်းတွေ
ဟီးရိုးတွေကုသ
ိာ သုံးရမယ့် စကားပါ။ ဒီတော့ ကျမအမြင်မှာ သူပုန်ဗိုလ်ဆုတ
ိာ လူဆိုးပဲ၊ လူဆိုးတယောက်ကို အောင်မြင်လေ
ှ သာ
အသံဝါကြီးနဲ့လို့ ဖွဲ့တာဟာ နည်းလမ်း မကျဘူးလို့ ကျမရဲ့ စတုတတ
္ထ န်း အမြင်နဲ့ တွေးပါတယ်။ အဲ့ဒါနဲ့ မေမေ့ကို မေးမိတယ်။ မေမေလို့
ဗိုလ်နန္ဒဟာ ဘာလဲလု့၊ိ အဲ့ဒီလို မေးတော့ မေမေက ဇာတ်လိုက်တ့၊ဲ (ရီသံများ) ကျမပိုပြီးတော့ နားမလည်ဘူး ဖြစ်သွားတယ်။ (ရီသံများ)
သူပုန်ဗိုလလ
ို့လဲ ပြောသေးတယ်၊ ဇာတ်လုက
ိ လ
ို့လဲ ပြောသေးတယ်၊ ကျမ အဲ့ဒမ
ှီာ အဲ့ဒန
ှီစ်ခုကို ယှဉ်ပြီး နားမလည်ဘူး ပေါ့။ ကျမ အပြင်မှာ
သူခိုးတွေ၊ ဓါးပြတွေ၊ သူပုန်တွေ၊ ခါးပိုက်နှိုက်တွေ၊ အဲ့ဒါတွေ အကုန်လုးံ က လူဆိုးတွေ စာရင်းထဲမှာ ပါတယ်။ ဒီတော့ ဒီလူဆိုး တယောက်က
ဘာဖြစ်လို့ ဇာတ်လိုကြ် ဖစ်သလဲ ကျမက မေမေ့ကို ပြန်မေးတယ်။ မေမေလို့ မေမေ့ဥစ္စာက ဖြစ်နိုင်ပါ့မလား၊ သူပုန်က ဘယ်လိုလပ
ုပြီးတော့
ဇာတ်လုက
ိ ဖြစ်မလဲ၊ မဖြစ်နိုင်ဘူး ထင်တယ်လို့ ကျမကပြောတော့ မေမေက ဖြစ်နိုင်တာပေါ့ သမီးရယ်တ့၊ဲ တခါတခါကျတော့ တိုင်းပြည်ကို
အုပခ
်ျုပ်မင်းလုပ်တဲ့ ရှင်ဘုရင်က ဆိုးနေရင်၊ ယုတမ
်ာနေရင်၊ ကောက်ကျစ်နေရင် သူပုန်ဆိုတာလဲ ဇာတ်လိုက် ဖြစ်တတ်ပါတယ်တ့။ဲ
(ရီသံများ၊ လက်ခပ
ုသမ
ျာံး)

အဲ့ဒေ
ီ တာ့မှ ကျမ ရေးရေးလေး သဘောပေါက်သွားပါတယ်။ ကျမ ဒီဝတ္ထုကို တော်တော် စိတ်ဝင်စားသွားပြီ၊ ဒါပေမယ့် ထပ်ပြီးတော့
မေးသေးတယ်၊ ဟုတ်ပါပြီလို့ အဲ့ဒါဆိုလ့ရ
ိုရ
ှ င် ဒီသူပန
ုဗုလ
ိက ဇာတ်လုက
ိြ် ဖစ်နေရတာ သူက ဘာဖြစ်လို့ သူပုန်ဘ၀ကို ဘာဖြစ်လို့
ရောက်သလဲ မေမေလို့ ကျမက ပြန်မေးတယ်။ ပြန်မေးတော့ မေမေကလည်း သူ့သမီးကို စာဖတ်စေချင်တော့ ရှင်းပြတယ်၊ သူ့ဘ၀တဲ့၊
သူကတော့ သူပန
ုဘယ်ဟတ
ုမလဲ သမီးရယ်တ့၊ဲ သူက ဘုရင့်သားတော် တပါးပါ၊ သူတက္ကသိုလ်ပြည်မှာ ပညာသွားသင်နေတုန်းက
သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို သူ့အဖေလက်အောက်က စစ်သူကြီးတပါးက တိုကခ
်ုက
ိပြီးတော့ သိမ်းယူထားတဲ့အတွက် သူဟာ
ပြန်လာတဲ့အခါကျတော့ သူပုန်ဘ၀ကို ရောက်ရတာပါတဲ့။ (လက်ခုပြ် သဘာသံများ) အဲ့ဒလ
ီို ပြောပါတယ်။ (လက်ခုပသ
်ံများ) အဲ့ဒေ
ီ တာ့
ကျမက ပိုပြီး စိတဝ
် င်စားသွားပါတယ်၊။ ဟုတ်ပါပြီမေမေ အဲ့ဒါဆိုရင် သမီး ဒီဝတ္ထုကို ဖတ်ပါတော့မယ်။ ဒါပေမယ့် သမီး
ဒီဇာတ်လမ်းအဆုံးကို သိပသ
ိချင်တာလို့၊ အဲ့ဒီ ဇာတ်လမ်းအဆုံးကိုတော့ သမီးကို ကြိုပြီးတော့ ပြောပါအုန်းလို့။ သူက သူ့အဖေရဲ့
ထီးနန်းစည်းစိမ်ကို ပြန်ရရဲ့လားလို့ ကျမ မေးလိုက်တယ်။ ကျမမေးလိုက်တော့ မေမေက ရတယ် သမီးတဲ့။ နောက်ဆုံးကျတော့ သူရသင့်တဲ့
သူ့အဖေရဲ့ စည်းစိမ်ကို သူပြန်ရသွားပါတယ်တဲ့။ အဲ့ဒလ
ီို ကျမကို ပြောပါတယ်။ (ရီသမ
ျာံး၊ လက်ခုပသ
်ံများ) အဲ့ဒါနဲ့ပဲ ကျမ ဒီဇာတ်လမ်းကို
ကြိုက်လို့ ဒီဝတ္ထုကို ဖတ်ပါတယ်။ တကယ်လဲ မေမေပြောသလိုပဲ သူပုန်ဗိုလန
် န္ဒဟာ သူရသင့်ရထိုက်တဲ့ သူ့အဖေရဲ့ ဒီနန်းစည်းစိမ်ကို
ပြန်ရသွားပါတယ်။ ဘယ်လိုနည်းနဲ့ သူထီး နန်းစည်းစိမ်ကို ပြန်ရသွားလဲ၊ အဲ့ဒါကို သိချင်ရင်တော့ ဓူဝံရဲ့ 'မာလာ' စာအုပ်ကို ဖတ်ကြည့်ပါ။
(လက်ခပ
ုသမ
ျာံး) အဲ့ဒါ ကျမရဲ့ စာရေးဆရာ ဖြစ်ချင်တ့စ
ဲိတအ
် စပါပဲ။

ကျမဟာ လူတွေကို စရိုကအ


် မျိုးမျိုး ရေးဖွဲ့ချင်တယ်။ လူဆိုးဆိုလဲ လူဆိုးစရိုက်၊ လူကောင်းဆိုရင်လဲ လူကောင်းစရိုက် အဲ့ဒလ
ီို ရေးဖွဲ့တော့
ဇာတ်လမ်းတွေ ဆင်ချင်တယ်။ အမှန်တရားဟာ ရှေ့မှာ ရောက်သင့်တဲ့ အချိန်မှာ ရှေ့မှာ ရောက်ဖို့ ကျမက ထည့်ချင်တယ်။ အဲ့ဒလ
ီို
စိတ်လေးတွေဟာ ၀တ္ထုတွေ ဖတ်ရင်း ဖတ်ရင်းကနေပြီး ကျမကို ပိုပို ပိုပို တွန်းအားပေးလာတော့ ကျမဟာ စာရေးဆရာ ဖြစ်ချင်တဲ့
စိတ်တခုထဲနဲ့ ကျမဟာ ကြီးပြင်းခဲ့ ပါတယ်။ ဒါပေမယ့် ကျမ ဆယ်တန်းအောင်တ့အ
ဲ ခါ ခြေချော် လက်ချော်နဲ့ ဂုဏထ
်ူး ၅ ခု ရသွားပါတယ်။
အဲ့ဒေ
ီ တာ့ အဲဒဂ
ီ ုဏထ
်ူး ၅ ခုလေးကို ကျမက နှမျောပြီးတော့ ဆေးတက္ကသုလ
ိကို လိုကပ
်ါတယ်။ (ရီသမ
ျာံး) ကျမတို့ ခေတ်တုန်းက ဂုဏထ
်ူး
၆ ခုတွေ၊ ၅ ခုတွေ၊ ၄ ခုတွေ အများကြီးပါပဲ။ သူတို့တွေ အားလုံးဟာ ဆေးတက္ကသုလ
ိ က
ိုဝင်ဖု့ပ
ိဲ အာရုံရြှိ ကပါတယ်။ ရူပဗေဒ၊
ဓါတုဗေဒတွေကို မ၀င်ကြပါဘူး။ မိဘတွေ ကိုယတ
်ုင
ိကလည်း ဆေးတက္ကသိုလ်ကို ၀င်စေချင်တယ်။ ကျမကိုယ်တိုင်ကလဲ ကျမရဲ့
မိဘတွေက ဆေးတက္ကသိုလက
ို လိုကဖ
ို့ ပြောလို့ ကျမကလဲ ဂုဏထ
်ူး လေးကို အားနာလို့ ဆေးတက္ကသုလ
ိကို ၀င်ခဲ့ပါတယ်။ ၀င္ခ့ေ
ဲ တာ့
ကျမဟာ ဆရာဝန်ဘ၀ကို လုံး၀၀ါသနာ မပါပဲ ရောက်ခ့တ
ဲာဆိုတော့ အတန်းထဲမှာ ဆေးပညာကလွဲရင် အားလုံးကို စိတဝ
် င်စားပါတယ်။
(ရီသံများ)

ကျမ တနေ့တနေ့ ဖတ်တဲ့ စာတွေဟာ ဆေးပညာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျမတို့ ရေနံချောင်းမှာ စာကြည့်တုက
ိ ကောင်းကောင်း မရှိဘူး၊
ဆေးကျောင်း ရောက်တော့ မန္တလေးဆေးတက္ကသုလ
ိ မ
ှ်ာ အင်မတန် ကြီးမားတဲ့ စာကြည့်တုက
ိကြီးတခု ကျမသွားတွေ့တယ်။ အဲ့ဒီ
စာကြည့်တုက
ိြ် ကီးထဲမှာ ကျမ မဖတ်ဖူး တဲ့ စာအုပ်တွေ၊ ကြားဖူး ပြီးတော့ မဖတ်ဖူးတာ၊ ကြားတောင် မကြားဖူးတာ၊ မြန်မာလို အင်္ဂလိပ်လို
အစုံပါပဲ။ အဲ့ဒါကြီးကို ကျမ မြင်ပြီးတော့ ငါတော့ ဒီ ဆေးတက္ကသိုလ် ၇ နှစ် အတွင်း ဒီစာအုပေ
် တွ ပြီးအောင်ဖတ်မှ ဖြစ်မယ်လို့
ဆုံးဖြတ်ပါတယ်။ အဲ့ဒီလုန
ိဲ့ ကျမ အပြင်စာတွေ ဖတ်ခ့တ
ဲ ယ်။ အတန်းထဲမှာ စာသင်တ့အ
ဲ ခါမှာ ကျမက နောက်ဆုးံ ကနေ
မတ်တတ်ရပ်ပါတယ်။ ဆရာ စာမေးလွတေ
် အာင်လု့ပ
ိါ။ ရှေ့မှာ ရပ်လု့ရ
ှိရင် ဆရာက လှမ်း လှမ်း ပြီး စာမေးလို့ပါ။ စာသင်ရတဲ့အခါမှာ လဲ ကျမ
အားကျစိတ် လုံးဝမပေါ်ပါဘူး ။ ကျမတို့ ကျောင်းမှာ ရောဂါနံမည်တွေ၊ ကုထုံးနာမည်တွေ အဲ့ဒါတွေ အားလုံးဟာ လူနံမည်တွေနဲ့ ချည်းပါပ။ဲ
ဥပမာ ရောဂါတခုခုကို တယောက်ယောက်က ရှာတွေ့သွားပြီဆိုရင် အဲ့ဒလ
ီ ရ
ဲူ့ နာမည်ကို ရှေ့မှာ တပ်ပြီးတော့ နံမည်နဲ့ ရောဂါနံမည်
ပေးပါတယ်။ ဥပမာ ကော့ ဆိုတ့သ
ဲ က
ူ ရောဂါတခုကို ရှာဖွေတွေ့ခဲ့တယ်။ အဲ့ဒီ ကော့ ရှာတွေ့ခဲ့တဲ့ အဆုပ်ရောဂါကို ကော့ Lung
ကော့ဒစိပေါ့။ ကော့ရဲ့ရောဂါလို့ နံမည် တပ်ပါတယ်။ နောက်ပြီး ပဲလော့ လို့ခေါ်တဲ့ ပြင်သစ်သမားတော်ကြီး တယောက်က ရှာတွေ့ခ့တ
ဲ့
ရောဂါ၊ မွေးရာပါ နှလုံးရောဂါ၊ အဲ့ဒါဆိုလို့ ရှိရင် ပဲလော့တက်ထွာ လော်ဂျီလို့ သူတု့က
ိ နံမည်ပေးပါတယ်။ ပဲလော့ ရှာတွေ့ခဲ့သော ရောဂါ၊
အဲ့ဒလ
ီိုမျိုးတွေ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ နေ့စဉ် ကျမတို့ စာကျက်ရပါတယ်။ အဲ့ဒီလို ကျက်နေတဲ့အခါမှာ ဒီနံမည်တွေကို
ကျက်ပြီးတော့ ငါသူတို့ ဘ၀ကို အားကျလိုက်တာ ဆိုတဲ့စတ
ိ မ
်ျား ၀င်ခဲ့မသ
ိ လားလို့ အခုနေ ကျမပြန်တွေး ကြည့်တော့ ကျမ နည်းနည်းမှ
အားကျစိတ် မ၀င်ခဲ့ပါဘူး။ တခါတခါ သူတု့က
ို ငြိုတောင်ငြိုငြင် မိပါတယ်။ သူတို့ဟယ် ရှာလိုက် ဖွေလုက
ိြ် ကတာ၊ တွေ့ပဲ တွေ့နိုင်လန
ွ်း တယ်၊
သူတို့ ရှာပြီး တော့ တွေ့တော့ ငါတို့မှာ စာတွေ ကျက်လို့ကို မပြီးနိုင်တော့ဘူး ။ (ရီသံများ၊ လက်ခပ
ုသံများ) အဲ့ဒီလောက်ထိအောင် ကျမ
မေတ္တာပို့ခဲ့ ပါတယ်။ ဒါ ကျမ ဆေးကျောင်းသူဘ၀ ညံ့ဖျင်းမှုတွေပါ။

ဒီလိုနဲ့ တနှစြ် ပီး တနှစ် ယက်ကန်ယက်ကန်နဲ့ စာမေးပွဲတွေ နီးတော့ စာလေးကျက်လုက


ိ၊ အောင်လုက
ိ ၊် တခါတလေ တခါတည်းနဲ့
မအောင်လို့ နှစခ
်ါပြန် ဖြေရပါတယ်။ ကျမတို့ ကျောင်းမှာတော့ ဆပ်ပလီမန်ထရီဆိုတာ ရှိပါတယ်။ ဆပ်ပလီမန်ထရီက စာမေးပွဲ ကျပြီးတော့
ကျတဲ့ဘာသာကိုပဲ ပြန်ဖြေရတာပါ။ တော်ပါသေးရဲ့ ဆပ်ပလီမန်ထရီသာ မရှိခဲ့ရင် ကျမ တတန်းနှစန
ှ်စ် လောက် နေရဖို့
အကြောင်းရှိပါတယ်။ အဲ့ဒလ
ီိုနဲ့ ကျမ ဆရာဝန် ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်လာတော့ ဒီလို ခပ်ည့ည
ံ့ံ ဆေးကျောင်းသူတယောက်က
ဘယ်လိုဆရာဝန်မျိုးဖြစ်မလဲ။ တွေးကြည့်ရင်တော့ သဘောပေါက်နိုင်စရာ အကြောင်းရှိပါတယ်။

ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘ၀ကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊ ကျောင်း သူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ
ကာတွန်းလေးတပုဒန
်ဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒက
ီာတွန်းလေးကို ရေးဆွဲတ့သ
ဲူ ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး ။
ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။ ကျမက ဆရာအော်ပက
ျီယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ
သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။ ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ
အခုချိန်ထိ နှစေ
် ပါင်းများစွာ စွဲတင်ကျန်ရစ်ခ့ပ
ဲါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း ၊ အဲ့ဒီ ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက
တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆ ခုလောက်ပါတယ်။ အခု
ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။ သူက ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး
စန့်စန့်ကြီး အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့ အမျိုးသမီးလေးက တယောက်၊ သူက
ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပေ
ူ နတဲ့ မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတု့န
ိ ွစေ
် ယာက်ရဲ့ ဘေးနားမှာတော့
ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒဆ
ီ ရာဝန်က လူနာကို နားကြပ်ကလေး နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ
ပထမဦးဆုံးအကွက။် ဒုတိယအကွကက
် တော့ အဲဒဆ
ီ ရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့ မျက်လုးံ တွေကို
အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့ အူကြောင်ကြောင် မျက်လုးံ မျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့
ခေါင်းပေါ်မှာလဲ ကွကရ
ှ်င်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ ရှုပ်နေတဲ့ သပွတ်အလ
ို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့်
သူတော်တော်ဦး ဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တ့ပ
ဲ ရိသတ် သိအောင် ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက
ဒုတိယအကွက။် နောက် တတိယအကွကေ
် ရာက်တော့ ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက
မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက
ကွကရ
် င
ှ်မတ်တွေ၊ သပွတအ
်ူတွေ မရှိတော့ပန
ဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။ ဖန်သီးလေးဘေးမှာ
အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။ နောက်
စတုတက
္ထ က
ွ်မှာ ရောက်တော့ ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတြ် ပီး လူနာရှင် အမျိုးသမီးဘက်ကို လှည့်ပြီးတော့
စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ၀မ်းနည်းပါတယ်၊ လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒလ
ီို ပြောလိုက်ပါတယ်။
အဲ့ဒါက စတုတ္ထအကွက်ပေါ့။ နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောတုန်းက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမပ
်ူပန်တဲ့
မျက်နှာလေးနဲ့ သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုး ပြီးတော့ 'ရှင်
ဆရာဝန်ထက် ပိုပြီးတော့ မသိချင်နဲ့' အဲ့ဒလ
ီို ပြောလိုကပ
်ါတယ်။ (ရီသမ
ျာံး၊ လက်ခုပ်သမ
ျာံး)

အဲ့ဒေ
ီ တာ့ ကာတွန်းထဲက ဆရာဝန်လို ကျမဟာ၊ ကာတွန်းထဲက လူနာရှင်မိန်းမလို အများကြီး ကြုံတွေ့တဲ့အခါ ကျမရဲ့ဆေးခန်းဟာ
လူနာတော်တော်များပါတယ်။ ရေနံချောင်းမြို့မှာ ဒေါက်တာ တင်တင်ဝင်း ဆိုတာ နံမည် တော်တော်ကြီးပါတယ်။ စောစောက ဒေါကတ
်ာ
တင်မောင်သန်းပြောသွားတဲ့ ပူဖောင်းလေးတွေလဲ ပါတာပေါ့။ အဲ့ဒေ
ီ တာ့ ဒါဟာ ကျမရဲ့ ဆရာဝန်ဘ၀ သရုပေ
် ပ်ါအောင် ကာတွန်းလေးနဲ့
ဥပမာ ပေးတာပါ။ ကျမရဲ့ ဆရာဝန်ဘ၀ကို ကျမ ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခု ကျမပြောပြရင် ပိုပြီးတော့ သဘောပေါက်
သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ ကျမလို ခပ်ညံ့ည့ဆ
ံ ရာဝန်တွေသာကြုံရမယ့် အချက်ပါ။ တော်တဲ့ ဆရာဝန်တွေ ဒါမျိုး လုံးဝ ကြုံရမှာ
မဟုတဘ
်ူး ။ ဒါဟာ သေချာပါတယ်။ ကျမဟာ ဆရာဝန်ဖြစ်ပြီးတော့ ၃ လ လောက်အချိန်မှာ ကြုံရတဲ့ အဖြစ်ကလေးပါ။ ၃ လ ဆိုတော့
ဘာအတွေ့အကြုံ မှ မရှိသေးပါဘူး။ စမ်းတ၀ါးဝါး ဆေးကုနေဆဲ၊ ကျောင်းစာနဲ့ ပြင်ပလောကနဲ့ကို ထင်ဟပ်ကြည့်နေဆဲ အချိန်ပါ။ အဲ့ဒအ
ီ ချိန်
တညနေ ကျမ ဆေးခန်းဖွင့်တဲ့အချိန်မှာ ကျမရဲ့ ဆေးခန်း ထဲ လူနာနှစေ
် ယာက် ရှိပါတယ်။ တယောက်က ကျမ ကုလက်စ၊ တယောက်က
သူ့အလှည့ေ
် ရာက်ဖို့ ထိုင်စောင့်နေတယ်။ အဲ့ဒီအချိန်မှာ အပြင်ဘက်ကနေ အမျိုးသမီးတယောက် ခပ်သုတသ
် တ
ု ဆေးခန်းထဲ
ဝင်လာပါတယ်။ ဆရာမ ဆရာမ လူနာအရေးကြီးနေလို့ အိမ်ပင့်ချင်လို့ပါတဲ့။ အဲဒီလို ပြောပါတယ်။ ကျမက လူနာတယောက်ကို
ဆေးကုလက်စဆိုတော့ ခဏစောင့်ပါဦး၊ ဒီက လူနာပြီးရင် လိုက်ခ့ပ
ဲါ့မယ်ပြောတော့၊ ဟာ ဘယ်စောင်လို့ ဖြစ်မလဲဆရာမတဲ့၊ ဟိုမှာက
အရေးကြီး တယ်တ့။ဲ လူမမာက သတိ လစ်နေတာပါတဲ့။ သတိလစ္တယ္ဆုေ
ိ တာ့ အရေးကြီးပြီပေါ့၊ ကျမက ကုလက်စလူနာကို ဆေးတွေ
ဘာတွေ ပေးပြီးတော့ စောင့်နေတဲ့ လူနာကို စောင့်များစောင့်နိုင်မလားလို့ ကျမအရေးကြီး တဲ့ လူနာနောက်ကို လိုကခ
်ျင်လု့ပ
ိါလို့
ခွင့်တောင်းပါတယ်။ အဲ့ဒီ လူနာကလဲ သဘောကောင်းပါတယ်၊ လိုက်သွားပါဆရာမ ကျမ စောင့်ပါမယ်တ့။ဲ

အဲ့ဒါနဲ့ ကျမ ဆေးအိတက


ို ပေးပြီး တော့ လူနာရှင် အမျိုးသမီးနောက် လိုကသ
်ွားပါတယ်။ အဲ့ဒအ
ီ ချိန်မှာ ကျမတို့ နွေရာသီပါ။ နွေရာသီမှာ
ရေနံချောင်းမြို့မှာ တော်တော် ပူပါတယ်၊ ဘယ်လောက်ထိ ပူသလဲဆုရ
ိ င် နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီကြားမှာ ရေလုံးဝ
မချိုးရဘူးလို့ အာဏာပိုင်တွေက တားမြစ်ထားတဲ့အထိ ကျမတို့ ရေနံချောင်းက ပူပါတယ်။ ရေချိုးပြီးတော့ ဗြုန်းကနဲ လဲကျပြီး
သေဆုံးသူတွေ အများကြီးပါပဲ။ အဲ့ဒါကြောင့် အာဏာနဲ့ တားမြစ်ထားတဲ့ အချိန်ပါ။ စေတနာနဲ့ အာဏာသုံးတာပါ။ တခါတခါ အာဏာဟာ
စေတနာနဲ့လဲ သုံးတတ်ပါတယ်။ (ရီသမ
ျာံး၊ လက်ခုပသ
်ံများ)
အဲ့ဒေ
ီ တာ့ က်မက လူနာအိမ္ကို လိုကသ
်ွားပါတယ်။ လမ်းမှာလဲ ကျမ စဉ်းစားနေတာပေါ့။ ရေချိုးရင် အန္တရာယ်ရှိတဲ့ အချိန်ပဲ။
မေးကြည့်တယ် ဘာဖြစ်တာလဲပြော ဆိုတော့၊ ကျမ အမကြီး ပါတဲ့၊ ဈေးကနေ မကြာသေးခင်က ပြန်လာပါတယ်တ့။ဲ ပူပူအုက
ိအုက
ိနဲ့ ဈေးက
ပြန်ပြန်ချင်း ရေတန်းချိုးလိုက်ပါတယ်။ ရေချိုးပြီး ကတည်းက သတိလစ်သွားတာ အခုချိန်ထိ သတိပြန်လည် မလာပါဘူးတဲ့။ အဲ့ဒေ
ီ တာ့
ဒါဟာ ရေချိုးမှားလို့ အပူရှပတ
် ယ်ပေါ့။ ဒါဆိုရင် သာမိုမီတာ တိုင်းရမယ်။ စိတ်ထဲမှာ စွဲသွားတယ်။ လူနာအိမ်ရောက်တော့ လူနာက
အမျိုးသမီးပါ။ ခပ်၀၀၊ ထွားထွား၊ အဲ့ဒီအမျိုးသမီးကို ကျမက ဘေးကနေ ကြည့်လိုက်တော့ သူ့ပုစ
ံက မလှုပ်မရှက် ပုံစပ
ါံ။ အဲ့ဒါနဲ့ ကျမ
သာမိုမတ
ီာလေးကို ယူပြီးတော့ သူ့ပါးစပ်ကို တိုင်းဖို့ သူ့ပါးစပ်ကို ဖွင့်ပါတယ်။ သူ့ပါးစပ်က ဖွင့်လို့ မရဘူး။ သွားစိနေတယ်။ ကျမကလဲ
ဘယ်ရမလဲ သွားစိနေတော့ သူ့ချိုင်းထဲ တိုင်းလိုက်တာပေါ့။ သာမိုမတ
ီာနဲ့ ချိုင်းထဲတိုင်းတော့ အဖျား ရှိ မရှိပေါ့။ ကျမထင်သလောက်
မဖျားဘူး။ ဒါနဲ့ ကျမက သွေးပေါင်ချိန် တွေ ဘာတွေ တိုင်းကြည့်သေးတယ်။ သွေးဖိအားက သိတြ် ပီတော့ များဘူး ။ နောက်အဆုတ်ကို
နားထောင်ကြည့် တော့ အဆုပ်မှာ အသက်ရှူသံ လုံးဝ မကြားရပါဘူး။ အဲ့ဒါလဲ ကျမက အားမလျှော့သေးဘူး။ နှလုံးကို ထောက်စမ်း ကြည့်
ပါတယ်။ နှလုးံ ကလဲ တချက်မှ မခုန်ပါဘူး။ အဲ့ဒီတော့ နားကြပ်လေးကိုချ လူမမာရှင်ဘက် လှည့်ပြီးတော့ ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့
ပြောတော့မလို့ မပြောရသေးဘူး၊ ပြောမလို့ ရှိသေးတယ်။ ကျမရဲ့ ခေါင်းထဲမှာ အတွေးတချက် ၀င်လာပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့
ကျမတို့ရဲ့ ဆရာ့ဆရာကြီးတွေက ကျမတို့ကို သင်ထားတာ ရှိပါတယ်။ လူမမာတယောက်ကို စမ်း သပ်ပြီးတဲ့အခါ သူသေပြီလို့ မပြောမီ
နောက်ဆုံး စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ရမယ်။ အဲဒီ နောက်ဆုံးနည်းတွေနဲ့ စမ်းသပ်ပြီးမှ လူနာသေပြီလို့ ခိုင်လုံမှသာ လူနာရှင်ကို
အတည်ပြုပေးရမယ်လို့ ပြောတော့၊ ဟုတ်ပြီ အဲ့ဒါဆိုရင် လူနာတယောက် အသက်မရှူရုံ၊ နှလုံးမခုန်ရုံနဲ့၊ သေပြီလို့ ပြောလို့ မဖြစ်သေးဘူး။
နောက်ဆုံး စမ်းသပ်နည်းနဲ့ စမ်းသပ်ရဦးမယ်၊ အဲ့ဒန
ီ ည်းကို ရှာပါတယ်။ ဖြစ်ချင်တော့ နောက်ဆုံးစမ်းသပ်နည်းဟာ ဘာလဲလို့ ကျမ
မမှတ်မိတော့ပါဘူး။ ကျမစဉ်းစားတယ်။ ငါ့ကို ဆရာကြီးတွေက သင်ပေးလိုက်တယ်၊ ဘာလဲ မသိဘူး ၊ နောက်ဆုံးနည်း ရှိတယ်တ့။ဲ
စဉ်းစားတာ တော်တော်ကြာတယ်။ ဘေးကလူတွေကလဲ ကျမကို ငေးကြည့်လို့၊ ကျမလဲ စဉ်းစားရင်း စဉ်းစားရင်း အဖြေမပေါ်တော့
လူနာဆေးထိုးဖို့ လာချတဲ့ ရေနွေးဇလုံထက
ဲို ကျမ အပ်တွေထည့်၊ ပိုကေ
် တွထည့် ပိုက်ကလေးကို ရေနွေးစုပလ
ိုက် ပြန်ထတ
ုလုက
ိ ၊် စုပလ
ိုက်
ပြန်ထတ
ုလိုက်နဲ့ ခေါင်းထဲကတော့ သပွတအ
်ေ
ူ တွ တော်တော်များနေပြီ။ ငါဘာလုပမ
် လဲလု့။ိ ကံကောင်းချင်တော့ ကျမ သတိရသွားပါတယ်။
ဇဝေဇ၀ါ မျက်လုးံ တွေ အကုန်ဖျောက်ပြီး မျက်နှာထား ခပ်တည်တည်နဲ့ အဲ့ဒအ
ီ မျိုးသမီး ဆီကနေ ကျမကို လက်နှိပဓ
်ါတ်မီး တခုပေးပါလို့
တောင်းလိုကပ
်ါတယ်။

ကဗျာကယာပဲ လက်နှိပဓ
်ါတ်မီး ထိုးပေးတယ်။ သူ့ဆီက လက်နှိပ်ဓါတ်မီးကို ယူပြီးတော့ လူမမာရဲ့ မျက်လုးံ ကို ဖွင့်ပြီးတော့ ကျမ
မီးထိုးကြည့်ပါတယ်။ သာမန်လူတွေဟာ မျက်လုံး ကို မီးရောင်နဲ့ လျှပ်တပြက် ထိုးလိုကလ
ို့ ရှိရင် အဲ့ဒီ မျက်လုံးသူငယ်အမ
ိက မီးရောင်ကို
တုံ့ပြန်တဲ့အနေနဲ့ သူငယ်အမ
ိ ကျယ်ရာကနေ ကျဉ်း သွားရပါတယ်။ ကျုံ့ဝင်သွားရပါတယ်။ အခု ကျမရဲ့ လူနာက လက်နှီပ်ဓါတမ
်ီးနဲ့
ထိုးလိုက်ပေမယ့် မျက်လုးံ သူငယ်အမ
ိ ကျယ်မြဲကျယ်လျက်ပါ။ အဲ့ဒီတော့ ဒီတဖက် မသေချာသေးဘူး၊ နောက်တဖက်
ထပ်ထိုး ကြည့်ပါတယ်။ ထပ်ထိုးကြည့်တော့ နောက်တဖက်ကလဲ ကျယ်မြဲ ကျယ်လျက် နည်းနည်းမှကို မလှုပ်ပါဘူး။ သေချာပြီ ဆိုတော့မှ
ကျမက လက်နှိပ်ဓါတ်မီးကို ချ၊ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ လူမမာနားတော့ မနေရဲဘူး ၊ ၀ုန်းဆို ထထိုင်ပြီး ဖက်လုက
ိမှာစိုးလို့၊
လူနာရှင်ဘက်ကို ကပ်သွားပြီးတော့ ကျမ ပြောလိုကပ
်ါတယ်။ အမကြီးလို့ ပြောရမှာတော့ ကျမ ၀မ်းနည်းပါတယ်၊ အမကြီးရဲ့ လူမမာက
အသက်မရှိတော့ ပါဘူးလို့၊ ကျမ ပြောလိုက်ပါတယ်။ အဲ့ဒေ
ီ တာ့ လူနာရှင် မိန်းမက ကျမ ထင်သားပဲ ဆရာမတဲ့။ အဲ့ဒလ
ီို ပြောပါတယ်။ ကျမ
တော်တော် ရှက်သွားတယ်။ ငါ့မှာတော့ ဒီလူနာ သေ မသေ စဉ်းစားလိုကရ
် တာ၊ သူကတော့ ကြိုပြီးတော့ သိနေခဲ့ပါလား။ အဲ့ဒီအချိန်မှာ
ကျမဟာ ထိုင်ရာကနေ ထပြီးတော့ ထွကေ
် ပြးသွားချင်လောက်အောင် ရှက်ပါတယ်။ ရှက်တာနဲ့အမျှ ဒေါသလဲထက
ွ်။ ငါ့ကို ဒီလူနာ သေမှန်း
သိလျက်နဲ့ သေနေတယ်လို့ ထင်နေလျက်သားနဲ့၊ ငါ့ဆေးခန်း ကို ပိတ်ပြီး လာခဲ့ရအောင် ငါ့ကို ခေါ်တယ်။ ကျမဟာ ဒေါသနဲ့
ဟောက်ထည့်လုက
ိတယ်။ လူနာသေတယ်လို့ ထင်လျက်သားနဲ့ ကျမကို ဘာဖြစ်လို့ လာခေါ်တာလဲ၊ ကျမမှာဖြင့် ဆေးခန်း လူနာတွေ
ပစ်ထားခဲ့ရတာ၊ ရှင်အဓိပ္ပါယ်မရှိဘူး ။ ဘာလို့ လာပင့်တာလဲ ဟောက်လုက
ိတော့၊ လူနာရှင်အမျိုးသမီးက မျက်နှာလေး ချပြီး ပြောပါတယ်။
ဆရာမရယ် သေတယ်လု့ေ
ိ တာ့ ထင်ပါတယ်၊ ဒါပေမယ့် ဆရာမဆီက အတည်ပြုချက်လေး ယူချင်လု့ပ
ိါတဲ့။ (ရီသမ
ျာံး) အဲ့ဒါ ကျမဘ၀ရဲ့
အင်မတန် ထူး ခြားတဲ့ အဖြစ်အပျက်ကလေးတခုပါ။ ဒီတော့ ကျမဟာ ဆရာဝန်ဘ၀မှာလဲ ညံ့ဖျင်းတဲ့ ဆရာဝန်ပါ။

ဘယ်လောက် ညံ့ဖျင်းသလဲဆိုရင် ကျမ လူမမာတွေ အိမ်တွေ လိုက်သွားတယ်၊ ခလေးမွေးပေးရတယ်၊ ညှပ်နဲ့ ဆွဲမွေးပေးရတယ် ဆိုရင်ပဲ
ကျမဟာ သားဖွါးမီးယပ်ပညာရှင်တွေလို ခံစားရပါတယ်။ ဘ၀င်မြင့်ခ့ပ
ဲါတယ်။ အလုံး အကြိတ်လေးတွေ၊ အဆီလုံးလေးတွေ
ခွဲစတ
ိရတာကိုပဲ ကျမဟာ ခွဲစတ
ိကုဆရာဝန်ကြီးလို ကျမ ဘ၀င်မြင့်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နိုင်ငံရဲ့ ပြင်ဘက်မှာ ဆေးပညာနဲ့
ပါတ်သက်ပြီး ဘာတွေ တွေးထင်နေသလဲ၊ ဘာတွေ စီစဉ်နေကြသလဲ ကျမ မသိပါဘူး။
ဒိထက်ပိုည့တ
ာံတခုက ကျမတို့ ဆရာဝန် ဖြစ်တော့နောက်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။
ပြည်သ့ေ
ူ ဆးရုံ တွေမှာ တာဝန်ထမ်းဆောင်ဖု့က
ိ ဘွဲ့ရရုံနဲ့ မဖြစ်ပါဘူး။ ကျမတို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ချင်တဲ့စိတ်ရှိရင်
တိုင်း ပြည်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရအောင် စာမေးပွဲတွေ ဖြေရပါတယ်။ အဲ့ဒီက စာမေးပွဲတွေကတော့
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျင်းပပေးတဲ့ စာမေးပွဲတွေပါ။ အဲ့ဒီ စာမေးပွဲတွေက ဖြေပြီးအောင်မသ
ှာ ကျမတို့ဟာ
တိုင်း ပြည်တာဝန်ကို ထမ်းဆောင်ခင
ွ့် ရှိပါတယ်။ ကျမဟာ ဘွဲ့ရရခြင်း တိုင်းပြည်ကို အင်မတန် အကျိုးပြုချင်ပါတယ်။ တိုင်းပြည်တာဝန်ကိုလဲ
အင်မတန် ထမ်းဆောင်ချင်ပါတယ်။ အဲ့ဒါနဲ့ပဲ ကျမ စာမေးပွဲတွေ ဖြေပါတယ်။ ဖြေတိုင်း ဖြေတိုင်း ကျပါတယ်။ နောက်ဆုးံ တကြိမ်မှာ တော့
ရေးဖြေစာမေးပွဲ အောင်သွားတယ်။ အောင်သွားတော့ ကျမတို့ ကျက်ရတဲ့ စာတွေကလဲ နိုင်ငံရေးသိပံ္ပ ပါပါတယ်။ မြန်မာစာ ပါပါတယ်။
ဗဟုသတ
ု ပါပါတယ်။ ဆေးပညာတော့ မပါပါဘူး။ (ရီသံမ်ား) အဲ့ဒေ
ီ တာ့ ကျမတို့ ရေးဖြေအောင်သွားတဲ့အခါ ကျမ ရန်ကုန်ကို လာပြီး
နှုတ်ဖြေ ဖြေရပါတယ်။ နှုတ်ဖြေဖြေတော့ ကျမတို့ သူငယ်ချင်း သုံးလေးယောက် စုပြီး တအိမ်မှာ တည်းတယ်။ တည်း ပြီးတော့
နောက်ဆုံးပေါ် ဂျာနယ်တွေ၊ ဆေးပညာနဲ့ ပတ်သက်တာတွေ ကျမတို့ အကုန်ဖတ်ပါတယ်။ အဲ့ဒီအချိန်တုန်း က (အိတ်စ)် ရောဂါ ကမ္ဘာမှာ
လူသိခါစ၊ ရော့ဟဒ်ဆန်ကြောင့် အဲ့ဒီရောဂါကို လူတော်တော်များများက သိကုန်ကြပါပြီ။ ကျမတို့ ကျောင်းတုန်းက ဒီရောဂါဟာ
မထင်ရှားသေးတဲ့အတွက် ကျမတို့ သိပ်စာမကျက်ရပါဘူး ။ အဲ့ဒီအခ်ိန္မွာ အိတ္စေ
် ရာဂါနဲ့ပတ်သက်တဲ့ နောက်ဆုးံ ပေါ်နည်းတွေ၊ ဖြစ်ပွါးတဲ့
အကြောင်းရင်းတွေ၊ ဆက်သွယမ
ှ်ုတွေ အားလုံးကို ကျမတို့ တညလုံး ဖတ်ရတယ်။ ဖတ်ပြီးတော့ နောက်တနေ့ ကျမတို့ အဆင်သင့်ပေ
ဲ ပါ့။
ဆေးပညာနဲ့ ပတ်သက်လို့ ဘာမေးမေး အားလုံးရပြီလို့ ဆိုပြီး ရင်ကော့ပြီး စာမေးပွဲခန်းထဲ ၀င်သွားပါတယ်။ ၀င်သွားတော့ ကျမတို့ကို
မေးလိုကတ
့်ဲ မေးခွန်းတွေက ကျမထင်ထားတဲ့ မေးခွန်းတွေ ဘာတခုမှ မမေးပါဘူး ။ ကျမ မထင်မတ
ှ်တဲ့ မေးခွန်းတွေပဲ မေးပါတယ်။ အဲ့ဒီ
မေးခွန်းတွေဟာလဲ ကျမတခါမှ မကြားဘူးတဲ့ မေးခွန်းတွေပါ။ ဘာမေးခွန်းတွေလဲ ဆိုတာတော့ ကျမ မပြောတော့ပါဘူး။ မမှတ်မလ
ို့ပါ။
အဲ့ဒေ
ီ မးခွန်းတွေကို မေးပြီးတော့ ကျမကလဲ မဖြေနိုင်ပါဘူး။ ကျမကို ဆေးပညာနဲ့ ပတ်သက်တဲ့တာ မေးပါ။ ကျမ အကုန်ရပါတယ်
ပြောတော့ အဲ့ဒါတွေ မမေးဘူးတဲ့၊ ငါတို့ မေးတဲ့ မေးခွန်းကိုပဲ ဖြေရမယ်တဲ့။ ကျမ စာမေးပွဲ ကျခဲ့ပါတယ်။ ကျမ အင်မတန် ထမ်းဆောင်ချင်တဲ့
တိုင်း ပြည်တာဝန်ကို မထမ်းဆောင်ခဲ့ရပါ။ အဲ့ဒါ ကျမတို့ ဘွဲ့ရခါစ လွန်ခ့တ
ဲ့ဲ (၁၀) နှစက
် ပေါ့။ အခုအချိန်မှာ တော့ အခြေအနေ
တမျိုးပြောင်းသွားပါပြီ။

တိုင်း ပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတေ


် ခ်ါလျက် ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ
လိုနေပါတယ်တ့။ဲ အရင်တန
ုးက တနှစ်တနှစ် အောင်ခ့တ
ဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက် ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅၀
လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ် ဘယ်လောက်အောင်သလဲတော့ မသိဘူး ။ ခေါ်တဲ့သူတွေက အများကြီးပဲ။ ဖြေတဲ့သူတုင
ိးကို
အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး နည်းသွားပါတယ်။ ကျမကိုယတ
ိုင် အရင်တုန်းက တိုင်းပြည်
တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင် အောင်မယ်ဆုတ
ိာ ကျမ သိပါတယ်။ အခုတော့ ကျမ
တိုင်း ပြည်တာဝန် ထမ်းဆောင်ချင်တ့စ
ဲိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။ စိတမ
် ၀င်စားတော့ဘူး ။ အခုတော့
ကျမဟာ ခပ်ည့ည
ံ့ံ ပြင်ပဆေးကု ဆရာဝန်ဘ၀နဲ့ပဲ ဆက်ပြီးတော့ နေထိုင်လျက် ရှိပါတယ်။ အဲ့ဒါက ကျမရဲ့ ဆရာဝန်ဘ၀ ညံ့ဖျင်းမှုတွေပါ။

ဆရာဝန်ဘ၀ ပြောပြီး တော့ စာရေးဆရာဘ၀ ညံ့ဖျင်းမှုတွေကို ၀န်ခံလုပ


ိါတယ်။ ကျမ စာရေးဆရာအဖြစ် ဘာတွေည့သ
ံ လဲ ဆိုတာကတော့
ကျမရဲ့ ၀တ္ထုဆောင်းပါးတွေကို ဖတ်တဲ့ ပရိသတ်တွေအနေနဲ့ ထူးပြီးတော့ ၀န်ခစ
ံ ရာ မလိုလောက်အောင် သဘောပေါက်ပြီးသားလို့ ကျမ
ယူဆပါတယ်။ ဒီတော့ ကျမစာရေးတာနဲ့ ပတ်သက်လို့ ကျမရဲ့ အရေးအသားတွေ၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ အတွေးအခေါ်တွေ
ညံ့ဖျင်းတာကိုတော့ ကျမ မပြောတော့ပါဘူး ။ ဒါပေမယ့် ရည်ရယ
ွ ခ
်ျက်နဲ့ ပတ်သက်ပြီးတော့ ညံ့ဖျင်းတာကိုတော့ ကျမ ပြောလိုပါတယ်။
ကျမဟာ စာရေးဆရာ ဖြစ်လို့သာ ဖြစ်လာရတယ်၊ ဘာရည်ရယ
ွ်ချက်မှ မရှိပါဘူး။ စာရေးဆရာ ဘာ့ကြောင့် ဖြစ်ချင်သလဲလို့
တယောက်ယောက်က မေးလိုက်တဲ့အခါမှာ ကျမ အိုးနင်းခွက်နင်း အမြဲဖြစ်တတ်ပါတယ်။ ဘာဖြေလို့ ဖြေရမှန်း မသိပါဘူး ။ အဲ့ဒါဟာ ကျမရဲ့
ညံ့ဖျင်းမှုပါ။ အခုအချိန်ကျမှ ပြန်စဉ်းစားကြည့်ရတယ်။ အရင်တန
ုးက ကျမ မသိပါဘူး။ အခုအချိန်လဲ ကျမ ဘာဖြစ်လို့
ပြန်စဉ်းစားမိသလဲဆိုတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရလို့ပါ။ ဒေါ်ခင်မျိုးချစ်ကို အားလုံးသိကြမှာပါ။
အဲ့ဒဆ
ီ ရာမကြီးက စာရေးတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖူးပါတယ်။ သူက ဘာကို ဥပမာပြသလဲဆုေ
ိ တာ့
ဖိလစ်ပိုင်အမျိုးသား အာဇာနည်ခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီဇော်နဲ့ ဥပမာ ပြပါတယ်။ ဒေါက်တာ ရီဇော်ဟာ သူစာရေးတဲ့
အချိန်တုန်းက သူနိုင်ငံဟာ ကိုလိုနီနိုင်ငံပါ။ သူ့တိုင်းပြည် လွတ်လပ်ရေး မရသေးပါဘူး။ အဲဒေ
ီ တာ့ သူဟာ သူ့တိုင်းပြည်လွတ်လပ်ရေးရဖို့
ကျနော် စာ(၃)အုပ် ရေးပါမယ်တဲ့။ အဲ့ဒစ
ီာ (၃) အုပ်ရေးပြီးတဲ့ အထိ ကျနော့်တုင
ိးပြည်ဟာ လွတလ
် ပ်ရေး မရသေးဘူးဆိုရင် ကျနော်
ကိုယ့်ကိုယ်ကို သတ်သေ ပစ်လုက
ိ မ
် ယ်တဲ့။ အဲ့ဒီ ရည်ရွယခ
်ျက်နဲ့ ကျေညာပြီး စာရေးတဲ့ သူတယောက်ပါ။ တကယ်လဲ သူစာအုပ်
ရေးခဲ့ပါတယ်။ စာအုပ်နှစ်အပ
ု ရေးပြီးတဲ့အခါမှာပဲ သူ့တုင
ိး ပြည်ဟာ လွတ်လပ်ရေး ရသွားပါတယ်။ သူကုယ
ိတိုင်ကတော့ နယ်ချဲ့အစိုးရက
သူပုန်ဆိုပြီး သတ်မှတြ် ပီးတော့ သေနတ်နဲ့ ပစ်သတ်ကွပမ
်ျက်တာကို ခံခဲ့ရပါတယ်။ သူဟာ သူရဲကောင်း ပီသစွာ ကျဆုံးသွားပါတယ်။ အဲဒီ
ဒေါက်တာရီဇော်ရဲ့ ရည်ရွယ်ချက်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးပြလိုက်တ့အ
ဲ ခါ ကျမ ကိုယ့်ကုယ
ိ က
ို သိပ်ရက
ှ်သွားပါတယ်။ ငါ
ဘာရည်ရွယခ
်ျက်နဲ့ စာရေးတာလဲ။ သူများတွေများ ရည်ရယ
ွ်ချက်က မွန်မြတ်လိုက်တာ။ မြင့်မြတ်လိုက်တာ၊ ငါ့မှာတော့ ဘာရည်ရယ
ွ်ချက်မှ
မရှိပါလား၊ ကျမရေးခဲ့တဲ့ ၀တ္ထုတွေ လေးငါးပုဒ်၊ လုံးချင်းစာအုပန
်ဲ့ ၀တ္ထုတွေ ၃၀ ကျော်၊ ငါဘာကို ရေးတာလဲ၊ အဲ့ဒီတခါ ကျမ
နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျမဟာ ရည်ရယ
ွ်ချက်တော့ ရှိခဲ့ဟန် တူပါတယ်။ ဘာရည်ရယ
ွ်ချက် လဲ တွေးကြည့်တော့
ကျမ၀တ္ထုတွေထက
ဲ ကျမ ပြန်ပြီးတော့ လေ့လာကြည့်ရသလောက်တော့ ကျမဟာ အမျိုးသမီးတယောက် ဖြစ်တာနဲ့အမျှ အမျိုးသမီးများရဲ့
ဂုဏသ
ိက္ခာ မြင့်မားရေး၊ တိုးတက်အောင်မြင်ရေး၊ ကိုယက
်ျင့်တရား မြင့်မြတ်ရေး အဲ့ဒါတွေကို ကျမ ဦးတည်ခ့ပ
ဲုံရပါတယ်။ ကိုယ့ဖ
်ာသာကိုယ်
ပြန်ပြီးတော့ ဆင်ခြင်မသ
ိ လောက် ပြောရရင် ဒါတွေကြောင့် ရေးမိခ့တ
ဲ ယ်နဲ့ တူပါတယ်။ ဒါတောင် အခုချိန်ထိ မသေချာသေးပါဘူး။ ဇဝေဇ၀ါ
ဖြစ်တန
ုးပါပဲ။ ဟုတ်မဟ
ှ တ
ုရဲ့လားလို့ ကျမကိုယ်ကျမ မသေချာသေးဘူး။ ဒါပေမယ့် ဒါ ထင်မြင်ချက်တခုပါ။ ကျမ အဲ့ဒလ
ီို ရည်ရွယခ
်ျက်နဲ့
ရေးခဲ့မတ
ိ ယ်လို့ ကျမ ကိုယ့ဖ
်ာသာကိုယပ
်ဲ ကောက်ချက်ချရပါတယ်။

ဒါက ရည်ရယ
ွ်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ညံ့တာ၊ နောက်တခုက ကျမတို့ဟာ ၀တ္ထုတပုဒ် ကဗျာတပုဒ် ရေးတဲ့အခါ ကိုယ့ရ
်ဲ့စာကို
စာဖတ်ပရိသတ် ဖတ်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စာဖတ်ပရိသတ်ဆက
ီို ပို့ချင်တဲ့ ဆန္ဒလေးတွေ အမြဲရိပ
ှါတယ်။ ဒါ့ကြောင့် ကျမတို့
စာတွေ ရေးပါတယ်။ ကိုယ့က
်ုယ
ိကို ဖတ်ဖို့ ရေးတာထက် သူတပါးဖတ်ဖို့ ရေးတာက ပိုပြီးတော့ များပါတယ်။ အဲ့ဒေ
ီ တာ့ က်မဟာ
ပရိသတ်အတွက် ရည်ရွယ်ပြီးတော့ ၀တ္ထုတွေ အများကြီး ရေးတယ်။ ဒါပေမယ့် ပရိသတ်ဆီကို ရည်ရယ
ြ ေ
် သ်ာလည်း ပရိသတ်ဆီကို
မရောက်ပဲ မမျှော်လင့်ပဲ ရေမြောင်းထဲကို ရောက်သွားခဲ့ရတဲ့ ၀တ္ထုလေးတွေ၊ ကဗျာလေးတွေ ရှိပါတယ်။ အယ်ဒီတာစာပွဲက ဆုတြ် ဖဲပြီးတော့
ရောက်တာ မဟုတပ
်ါဘူး ။ အယ်ဒတ
ီာ စာပွဲကနေ ကျော်သွားပြီးမှ အကြောင်းကြောင်းကြောင့် ကျမရဲ့ ၀တ္ထုလေးတွေ ကဗျာလေးတွေ
ရေမြောင်းထဲကို ရောက်သွားတာ ကျမ ခဏခဏ ကြုံရပါတယ်။ ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေထမ
ှဲာ ပါပါတယ်။ တကယ်တော့ ကျမတို့ဟာ
စာဖတ်ပရိသတ်တွေဆက
ီို ပို့တ့အ
ဲ ခါမှာ ပရိသတ်ဆီရောက်အောင် ကျမတို့ ရေးနိုင်ရပါမယ်။ ဘယ်လို အတားအဆီးပဲရိရ
ှိ ဘယ်လို
အဖြတ်အတောက်ပဲ ရှိရှိ ဒါကို လှည့ပ
် တ်ပြီး ပို့နိုင်ရပါမယ်။ အရေးကြီးတာက ပန်းတိုင်ရောက်ဖို့ပ။ဲ ဒါပေမယ့် ကျမတို့က အဲ့ဒီလို
မပို့တတ်ဘူး။ ကျမက ပိုပြီးတော့ မပို့တတ်ဘူး ။ အဲ့ဒီတော့ ကျမက ရည်ရယ
ွ်ချက်နဲ့ ပရိသတ်ဆီကို ရောက်အောင် ပို့ပေးလိုကေ
် ပမယ့်
တခါတခါကျတော့ ကံအကြောင်း မသင့်လို့ ပရိသတ်ဆက
ီို မရောက်တော့ပဲ ရေမြောင်းထဲကို ရောက်သွားတာ ကြုံရပါတယ်။ အဲ့ဒါဟာ
ကျမရဲ့ ညံ့ဖျင်းမှုပါ။ ရေမြောင်းထဲကို ရောက်သွားတဲ့ ၀တ္ထုလေးတွေ အများကြီး ရှိပါတယ်။ ကဗျာလေးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထက

ကျမ ကဗျာတပုဒအ
် ကြောင်း ပြောပြချင်ပါတယ်။ ကဗျာလေးက တိုတိုလေးပါ။

ကဗျာလေးခေါင်းစဉ်က 'လေလွင့်သရ
ဲူ့တမ
ိ' လို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ (၈) နှစေ
် လာက်က ရေးထားတာပါ။ ကျမ အဲ့ဒက
ီ ဗျာကို
ပရိသတ်ဆီပို့ဖို့ အခုအချိန်ထိ ၃ ကြိမ်တတ
ိ ပို့ပြီးပါပြီ။ ၃ ကြိမလ
်ုံးလုံး ရေမြောင်းထဲပဲ ရောက်သွားပါတယ်။ ဒီတော့ အဲဒီကဗျာလေး
ဘာကြောင့် ရေမြောင်းထဲကို ရောက်သလဲဆုတ
ိာ ၀ိုင်းပြီးတော့ ဆန်းစစ်ပေးပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမ အဲ့ဒက
ီ ဗျာလေးကို
ရွတ်ပြပါမယ်။ နဲနဲကြာပြီဆိုတော့ အလွတမ
် ရလို့ စာရွက်ကို ကြည့်ပြီးတော့ ရွတ်ပါမယ်။

မုန်းတီးသူများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

မုန်းတီးမှုတွေ စားရတယ်ဆိုတာ တခြား စားစရာ မရှိလို့ စားရတာပါ။ ကျမမှာက နေ့စဉ်နှင့်အမျှ မုန်းတီးမှုကို စားရပါတယ်။ တချို့ တချို့သော
သူတွေ၊ ကံကောင်းတဲ့သူတွေကတော့ စားစရာတွေ အများကြီး ရှိမှာပေါ့။ အဟာရရှိတဲ့ အစားအစာတွေ အများကြီး စားတဲ့အခါမှာ သူတု့ရ
ိဲ့
ဗိုက်တွေကလဲ တဖြေးဖြေးနဲ့ ပိုပိုပြီး ပူလာပါတယ်။ (ရီသံ၊ လက်ခပ
ုသမ
ျာံး) အဲ့ဒီတော့ ဒီပရိသတ်ထဲမှာ ဗိုက်ပသ
ူ ရှိရင် (ရီသံများ)
တချို့ကျတော့ ဘီယာသောက်လို့ ဗိုကပ
်ူတတ်ပါတယ်။ အဲ့ဒါတွေက တမျိုးပေါ့။ ကျမမှာတော့ သူများလို စားစရာ အဟာရလဲ သိတ်မရှိ၊
လူပုံကို ကြည့်လုက
ိပါ၊ လူပုက
ံ လဲ ပိန်ပိန် ပုပု သေးသေးလေး၊ ဒါ အဟာရ မရှိလောက်ဖူး ဆိုတာ သိလောက်ပါတယ်နော်။ ကျမတို့မှာ က
ဆန်စပါး။ ၀၀လင်လင် မစားရ။ တချို့တော့ ဆန်စပါးတင်မကဘူး၊ ဘိလပ်မြေတွေ ဘာတွေလဲ စားတတ်ကြတယ်လို့ ပြောပါတယ်။
(ရီသံများ) အဲ့ဒီတော့ ကျမက စားစရာ မရှိတော့ နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ မုန်းတီးမှုကို ကိုယ့်အမုန်းတွေကို ပြန်ပြီး စားရင်း ကိုယ့က
ိုယ်ကို
ခွန်အားဖြစ်အောင် နေခဲ့ရပါတယ်။ အဲ့ဒအ
ီ ဓိပ္ပါယ်နဲ့ ကျမဟာ ကဗျာလေးကို အဲ့ဒီလို ရေးဖွဲ့ခ့ပ
ဲါတယ်။

မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစသ
်ုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုကစ
်ားလို့ ငြိမ်း ခဲ့ပြီ။

အဲ့ဒါကလဲ အဲ့ဒီကဗျာရေးတော့ ကျမက အသက် ၃၀ မို့လို့ နှစ် ၃၀ ကြာတဲ့ မီးလျှံများလို့ ရေးတာပါ။ (ရီသံများ)

လွဲချော်သွားတဲ့ နာရီများအတွက်


အိပမ
် က်တွေကို ရှကတ
ိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်ခဲ့ရပြ။ီ

နာရီလွဲတာ၊ အချိန်လွဲတာတွေ လူ့ဘ၀မှာ အများကြီးပါပဲ။ ကျမတို့ မှန်းထားတာက တခြား၊ ဖြစ်သွားတာက တခြား၊ မှန်းထားတဲ့
အချိန်ကတခြား၊ ဖြစ်သွားတဲ့ အချိန်က တခြား၊ အဲ့ဒါတွေ အများကြီး ကြုံရပါတယ်။ အဲ့ဒေ
ီ တာ့ က်မက အဲ့ဒလ
ီို ရေးပါတယ်။ 'ဘုရားတရင်း
စိမေ
် ခ်ါခဲ့ရပြီ' ဆိုတာလဲ ကျမတို့က စိမ်ခေါ်တာတောင်မှ ရဲရဲတင်းတင်း စိမ်မခေါ်ရဲပါဘူး။ ဘုရားကို အာရုံပြုပြီးမှ စိမေ
် ခ်ါရတာပါ
(လက်ခပ
ုသမ
ျာံး) နောက်တပိုဒ် ကျမ ဆက်ရေးပါတယ်။

ဂုဏသ
ိက္ခာ တွေ ကြွေမြွ ပီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။
(လက်ခပ
ုသမ
ျာံး) ဂုဏသ
ိက္ခာလဲ မရှိဘူး၊ ကိုယစ
်ီးတဲ့ ဖိနပ်အောက် အမှန်တရားကို မှောက်ကျပစ်လိုက် တဲ့အခါ၊ မှောက်ချပစ်လိုက်တဲ့အခါ
ဘ၀ဆိုတာ ကောလဟလ တခုထက် မပိုပါဘူး ။ ဒီလိုဘ၀မျိုးကဖြင့် အားကျစရာ မရှိပါဘူး။ ဒီလိုဘ၀မျိုးကို မက်မောစရာ မရှိပါဘူး။ ကျမက
အဲဒလ
ီို ရေးပါတယ်။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသမ
ျူား
အားလုံးရဲ့နောက်မှာ
ငါ....
လေဆာရောင်ခြည်သေနတ်နဲ့ လူသတ်ချင်တယ်။

You might also like