You are on page 1of 35

Uncensored Burma - Daily News ( 2011 Apr 5)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

စက်မှု ၁ ဝင်းမှ ဆိုင်များ ဖယ်ရှားရန် ကြိုးစားမှု မအောင်မြင်


သဲသဲ | အင်္ဂါနေ့၊ ဧပြီလ ၀၅ မဇ္ဈိမ) ။

နှစ်ခြမ်းကွဲတာမဟုတ်ဟု ဦးခင်မောင်ဆွေပြော
မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၀၅ မဇ္ဈိမ) ။

NDF အမတ်တချို့ ခွဲထွက်


By ကျော်ကျော်သိန်း အင်္ဂါ, 05 ဧပြီ VOA

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အမတ်အချို့ ခွဲထွက်


2011-04-05 RFA
RFA

ဂျပန် ငလျင်အတွက် ဝမ်းနည်းခြင်း အခမ်းအနားကျင်းပ


2011-04-05 RFA
RFA

အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရစစ်တပ်များတိုက်ပွဲ ကျယ်ပြန့်


2011-04-05 RFA
RFA

မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသား တရာကျော် ထွက်ပြေး


2011-04-05 RFA
RFA

လူငယ် လုပ်ငန်းများအတွက် မန္တလေးနှင့် စစ်ကိုင်းတိုင်းမှာ ဆွေးနွေး


2011-04-05 RFA
RFA

ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် ၁၅ နိုင်ငံမှာ ပြသ


2011-04-05 RFA
RFA

တရုတ်နယ်စပ် လဂျားယန်ဂိတ်ကို မြန်မာဘက်က ပိတ်


By နူးပန် အင်္ဂါ, 05 ဧပြီ VOA
VOA

ဒေါ်အောင်ဆန်းစုကြည်သား သင်္ကြန်တွင်း ရဟန်းခံမည်


ဝင့်နဒီ Tuesday, 05 April ဧရာဝတီ

ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်များအကြား မကျေနပ်မှုများရှိ
ဧရာဝတီ Tuesday, 05 April 2011 14:56

ဗိုလ်ချုပ်မှူးကြီးမိသားစုပိုင် ဓာတ်ဆီဆိုင်များ အခွင့်အရေးပိုရ


လင်းသန့် Wednesday, 06 April ဧရာဝတီ

သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် ကပ်ဘေးများကြုံနိုင်


အောင်သက်ဝိုင်း Tuesday, 05 April 2011 14:36 ဧရာဝတီ

အင်တာနက် ဆိုင်များ ရှောင်တခင်စစ်ဆေးခံရ


နရီလင်းလက် Tuesday, 05 April ဧရာဝတီ

အစိုးရသစ် နယ်စပ်အရေး ကိုင်တွယ်ရန် တရုတ်မျှော်လင့်


ဧရာဝတီ Tuesday, 05 April ဧရာဝတီ

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)


ကွယ်လွန်ခြင်း ၃ နှစ်ပတ်လည်
နယူးယောက်မှာ ကျင်းပ
မိုးမခအထောက်တော် နယူးယောက်
ဧပြီ ၅၊ ၂၀၁၁မိ
မိုးမခ

ရခိုင်သဟာရအသင်းကြီး
မှတ်စုမှတ်တမ်း
ဧပြီ ၅ ၂၀၁၁မိ
မိုးမခ

မြန်မာပြည်ဖွား CIA သေနတ်သမား ချင်းမိုင်တွင် သေဆုံး


မိုးမခအထောက်တော် အမှတ် ၀၀၄
ဧပြီ ၅၊ ၂၀၁၁မိ
မိုးမခ

ကြက်ဖ၊ ကြက်မ သရော်စာ


ဧပြီ ၅၊ ၂၀၁၁မိ
မိုးမခ

လူကြီး သင်ပုန်းကြီး
အရှင်ဉာဏိက
ဧပြီ ၅၊ ၂၀၁၁မိ
မိုးမခ
စက်မှု ၁ ဝင်းမှ ဆိုင်များ ဖယ်ရှားရန် ကြိုးစားမှု မအောင်မြင်
သဲသဲ | အင်္ဂါနေ့၊ ဧပြီလ ၀၅

နယူးဒေလီ (မဇ္စ
မဇ္ဈိမ) ။ ။ စက်မှု ၁ ပိုင်မြေကို ငှားရမ်းကာ ဆောက်လုပ်ရောင်းချခဲ့သော ဈေးဆိုင် ၄၁ ဆိုင်အား
စက်ရုံမှူးက အင်အားသုံး ဖယ်ရှားရန် ကြိုးစားရာ အရပ်သားများက ဝိုင်းအော်သည့်အတွက် မအောင်မြင်ဘဲ
ပြန်သွားရမှု ပြည်မြို့နယ်တွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည်။

ပဲခူးတိုင်း ပြည်မြို့နယ် သံတချောင်းလမ်းပေါ်ရှိ တက္ကသိုလ်ရှေ့၌ စက်မှု ၁ ပိုင် မြေပေါ်တွင်


ဆောက်လုပ်ထားသည့် မြစန္ဒာရေခဲစက်ရုံ တိုက်တန်းမှ ဆိုင်ပစ္စည်းများအား စက်ရုံမှူး ဗိုလ်ကြီးဟောင်း
ဦးတင့်လွင်က ဝန်ကြီးဌာန အမိန့်ဟုဆိုကာ ပြင်ပ အလုပ်သမားများဖြင့် ဧပြီလ ၃ ရက်နေ့တွင် ဆွဲထုတ်ရာ
ဈေးဆိုင်ပိုင်ရှင်များက “မတရားပါဘူး” ဟု ဝိုင်းအော်သဖြင့် အစီအစဉ် ပျက်သွားသည်။

စက်ရုံဝင်း လစဉ်မြေငှားခကို ပိုမိုတောင်းရာက ဈေးသည်များနှင့် သဘောတူညီမှု မရသည့် နောက်ပိုင်း


စက်ရုံမှုးက ဆိုင်ဖျက်ရန် ကြိုးစားခြင်းဖြစ်သည်။

“အမိန့်ဆိုပြီး လက်မှတ်မပါတဲ့ မိတ္တူစာရွက်ပဲ ပါတယ်။ နေ့စားအလုပ်သမားတွေကို ချောဆွဲခေါ်လာပြီး၊


ပစ္စည်းတွေ ဆွဲထုတ်ပြီး လမ်းမှာ ပုံခိုင်းတယ်။ မတရားဘူးဆိုပြီး ကျမတို့က အော်တော့ လူတွေဝိုင်းလာပြီး
အကုန်လုံး ဝိုင်းအော်တာနဲ့ ပြန်သွားတာ” ဟု ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်တွေ့ရှိခဲ့သူ မြို့ခံတဦးကလည်း “ကား ၃ စီးနဲ့ အလုပ်သမားတွေ ခေါ်လာတာ။


ဆိုင်ထဲက ပစ္စည်းတွေ ဆွဲချတဲ့အချိန် လူတွေက ဝိုင်းလာပြီး အကုန်လုံးက မတရားပါဘူး အော်ကြတော့တာ။
လမ်းမကြီးမှာ လူတွေ အပြည့်ပဲ” ဟု ဆိုသည်။

လွန်ခဲ့သည့် ၇ နှစ်ကျော်ကပင် ရေခဲစက်ရုံပိုင်မြေကို ငှားရမ်းကာ ကိုယ်ပိုင်ငွေဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ခဲ့ခြင်း


ဖြစ်သည်ဟု ဆိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းမှာ ထပ်ခိုးပါ ၂ ထပ် အဆောက်အဦးဖြစ်ပြီး တခန်းလျှင် ၁ဝ ပေ X ၂၅ ပေ ကျယ်ဝန်းကာ၊ ကာလတန်ဖိုး


ကျပ် သိန်း ၅ဝ မှ သိန်း ၈ဝ အထိ ကုန်ကျခဲ့ပြီး မြေငှားခမှာ တလလျှင် ကျပ် ၅၅ဝဝ ပေးသွင်းနေကြသည်ဟု
ဆိုသည်။

ဆိုင်ခန်းများ ဖယ်ရှားခိုင်းရာတွင် အစိုးရပိုင် အဆောက်အအုံ ဥပဒေဖြင့် စက်ရုံအာဏာပိုင်က လွန်ခဲ့သည့်


တနှစ်ခန့်ကတည်းက Notice စာများ မကြာခဏ ပေးပို့နေခဲ့သည်။ သို့သော် ဆိုင်ရှင်များကမူ ၎င်းတို့
ပိုင်ဆိုင်သည့် အဆောက်အအုံဟုဆိုကာ ပြောင်းရွှေ့ရန် ငြင်းဆန်လာခဲ့ပြီး၊ ဆိုင်များကို
ဆက်လက်ဖွင့်လှစ်နေသည်။

မြစန္ဒာ ရေခဲစက်ရုံမြေအား ပြီးခဲ့သည့်နှစ် နှစ်ဦးပိုင်းတွင် ပုဂ္ဂလိကသို့ လေလံတင်ခဲ့ရာ AA ဆေးဝါးကုမ္ပဏီက


ကျပ်သိန်း ၅၈ဝဝ ဖြင့် လေလံအောင်ခဲ့ကြောင်း မြို့ခံများက ပြောဆိုကြသည်။

ဆောက်လုပ်စဉ်က စာချုပ်ချုပ်ရာ နှစ်အကန့်အသတ် မပါဝင်သည်ကို အခွင့်ကောင်းယူ၍ လေလံပစ်ရာတွင်


ဆိုင်ခန်းများကိုပါ ထည့်ရောင်းခဲ့ကြောင်း ဆိုင်ရှင်များကလည်း ပြောပြသည်။
၎င်းတို့ငွေဖြင့် ဆောက်ထားသည့် ဆိုင်များဖြစ်သဖြင့် မရွှေ့ပြောင်းရေးအတွက် ဆိုင်ရှင်များက နေပြည်တော်
တရားရုံးချုပ်သို့ ယခုနှစ်ဆန်းပိုင်းတွင် လျှောက်ထားကာ၊ သမ္မတထံသို့ပါ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း
အသနားခံစာ ပေးပို့ခဲ့ကြသေးသည်။

အခြေမပျက် ဆက်လက်နေရန် ဆိုင်ခန်းမြေကို ဆက်လက်ငှားရမ်းခြင်း (သို့မဟုတ်) ရောင်းချပေးရန်


ညှိနှိုင်းလိုသည်ဟု ဆိုင်ရှင်များက ဆိုသည်။

“ရေအိုင်တွေကို မြေဖို့ပြီး ဆောက်ခဲ့ရတာ။ ၁ ကနေ စထားတဲ့ နေရာဆိုတော့ လျော်ကြေးရဖို့ထက် ဒီမှာပဲ


အခြေမပျက် နေချင်တယ်၊ ပြောင်းရရွှေ့ရဆို ဘဝပျက်မယ့် မိသားစုတွေ ဒီမှာ အများကြီး” ဟု အခြား
ဆိုင်ရှင်တဦးက ပြောသည်။

စက်ရုံမှူး ဦးတင့်လွင်ထံ ဆက်သွယ်မေးမြန်းရာ ၎င်းတွင် စာရွက်စာတမ်း အထောက်အထားများ ရှိသည်ဟုသာ


ပြောဆိုပြီး၊ အသေးစိတ်ကို တယ်လီဖုန်းဖြင့် မပြောလိုဟု ဆိုသည်။

ပြည်တွင် အစိုးရဌာနများက ဝန်ထမ်း သက်သာချောင်ချိရေး ခေါင်းစဉ်ဖြင့် ဌာနပိုင် မြေလွတ်များ၌ ဆိုင်ခန်းများကို


နှစ်ကန့်သတ်ချက် သို့မဟုတ် ကန့်သတ်ချက်မပါဘဲ ဆောက်လုပ်ဖွင့်လှစ်ခွင့် ပြုလေ့ရှိသည်။

ဆေးရုံဟောင်းအနီးရှိ အမှတ် ၁ ရဲတိုက်တန်းတွင်လည်း ငှားရမ်းထားသည့် ရဲဌာနမြေပေါ်ရှိ ဆိုင်ခန်းများအား


ဖယ်ရှားခိုင်းသဖြင့် ဆိုင်ရှင်များက အဆောက်အအုံများ ဖြိုချကာ ဖယ်ရှားပေးခဲ့ရသေးသည်။

အလားတူ အမှတ် ၁ ၊ ၂ ရဲတိုက်တန်း၊ ဗဟိုမီးသတ်တိုက်တန်း၊ ပြန်ကြားရေးတိုက်တန်း၊ ဆောက်လုပ်ရေး


တိုက်တန်းတို့မှာ မြို့အချက်အခြာ နေရာများတွင် တည်ရှိသည်။

နှစ်ခြမ်းကွဲတာမဟုတ်ဟု ဦးခင်မောင်ဆွေပြော
မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၀၅

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအားစုမှ သင်္ကန်းကျွန်းလွှတ်တော်အမတ် ဦးသိန်းညွန့်


ဦးဆောင်သော အင်အားစုအချို့ ပဲ့ထွက်သွားခြင်းသာဖြစ်၍ NDF နှစ်ခြမ်းကွဲသည် ဆိုခြင်းအပေါ်
မဆီလျော်ကြောင်း ဗဟိုဦးစီးကော်မတီဝင် ဦးခင်မောင်ဆွေက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

“နှစ်ခြမ်းကွဲတယ်ဆိုတာ မျှတူညီတူ ကွဲရမယ်၊ ဗဟိုဦးစီး ကော်မတီအဖွဲ့ထဲမှာ ၂ဝ ရှိရင် ဟိုဘက်ဒီဘက် ၁ဝ စီ


ရှိရမယ်လေ၊ ဟိုဘက် ၁၅ ယောက် ဒီဘက် ၁ဝ ယောက် အဲဒီလို ကွဲမှသာလျှင် ကွဲတယ်ခေါ်တာကိုးဗျ၊ သူ့ဟာသူ
ကွဲတယ်လို့ ပြောတဲ့ဟာက အဓိပ္ပာယ်မရှိပါဘူး၊ ကျနော်တို့နဲ့ ကွဲစရာအကြောင်းလဲ မရှိပါဘူး၊ အဲဒီတော့ NDF
နှစ်ခြမ်းကွဲတယ်ဆိုတာ မဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုဝင် ၈ ထောင်ကျော်နှင့် ဗဟိုကော်မတီဝင် ၆၁ ဦးအနက် ပါတီဝင် ၁ဝဝ ခန့်


ပဲ့ထွက်သွားသည်ဟု ယုံကြည်ရသည်။ သို့သော် ခွဲထွက်အဖွဲ့က အင်အားကို ပြောရန် ငြင်းဆိုသည်။
တိုင်း ၇ ခုနှင့် ပြည်နယ် ၄ ခုရှိ မြို့နယ်များတွင် NDF ပါတီရုံးခွမ
ျဲားဖွင့်လှစ်ထားသည့်အနက်
သင်္ကန်းကျွန်းအင်အားစုက ဦးသိန်းညွန့်ဘက် ပါသွားသည်။
“NDF အခြေအနေက ဆွေငြိမ်း (ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း) ခေါင်းဆောင်တဲ့ အုပ်စုကတစု
သင်္ကန်းကျွန်းအခြေစိုက်တဲ့ ကျနော်ဦးဆောင်တဲ့အစုကတစု နှစ်စု ဖြစ်သွားပြီ၊ ဆွေငြိမ်းအုပ်စုနဲ့
သင်္ကန်းကျွန်းအုပ်စု မတူတော့ဘူးပေါ့၊ နှစ်ခြမ်းကွဲတယ်ပဲပြောပြော နှစ်အုပ်စုပဲပြောပြော ကြိုက်သလို
ဘာသာပြန်လို့ရတယ်” ဟု ဦးသိန်းညွန့်ကပြောသည်။

ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော်အမတ် ဦးဘုန်းမြင့်အောင်၊ သင်္ကန်းကျွန်းမဲဆန္ဒနယ်


၁ မှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အမတ် ဦးကျော်၊ သင်္ကန်းကျွန်း မဲဆန္ဒနယ် ၃ မှ ဒေါ်စန်းစန်းမြင့် နှင့်
သင်္ကန်းကျွန်း NDF ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ လသာ ပြည်သူ့လွှတ်တော်အမတ် ဦးကြည်မြင့် တို့လည်း
သင်္ကန်းကျွန်းဦးဆောင်မှုအဖွဲ့တွင် ပါဝင်သည်။

သင်္ကန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီအင်အားစုဟု ပါတီနာမည်အသစ်ကို သုံးရန် ခွဲထွက်သူများက


စီစဉ်ထားသည်။

NDF ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးသိန်းညွန့်မှာ ၂ဝ၁ဝ နိုဝင်ဘာ ၁၇ ရက်ကတည်းက ပါတီမှ


ထုတ်ပယ်ခံရပြီးဖြစ်သည်။
ပါတီတွင်းကိစ္စများကို မီဒီယာသို့ တာဝန်မဲ့ပြောဆိုခြင်း၊ ပါတီဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ ပြောဆိုသည့်
စွပ်စွဲချက်များဖြင့် ထုတ်ခံရသည်။

ဦးသိန်းညွှန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည်ပူးပေါင်းလိုကြောင်း လေသံပစ်ထားသော်လည်း


ရွေးကောက်ပွဲဝင်ဖို့လိုသည်ဟု ဆိုသည်။

“NLD ထဲက ရွေးကောက်ပွဲ လမ်းကြောင်းကို ပြန်ဝင်မယ့် ရဲဘော်တွေ၊ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲမှာ


ပါဝင်မယ့် ရဲဘော်တွေ အားလုံးကို ကျနော် ပူပေါင်းကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်။ ရွေးကောက်ပွဲ
လမ်းကြောင်းကို ရွေးလာမယ်ဆိုရင်လဲ ကျနော့်မှာရှိတဲ့အင်အားတွေကို ဘာလုပ်ရမယ်ဆိုတာ
ပြင်ဆင်ထားပြီးပါပြီ” ဟု သူက ပြောသည်။

ရွေးကောက်ပွဲဝင်ရေး မဝင်ရေး သဘောကွဲပြီးနောက် ပါတီခွဲထောင်သွားကြသော NDF ခေါင်းဆောင်


ဦးခင်မောင်ဆွေကတော့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည်ပေါင်းစည်းရေး လောလောဆယ် အနေအထားတွင်
ဝေးနေသေးသည်ဟု ဆိုသည်။

“ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်မှာတော့ တူသော်လဲပဲ သွားပုံ သွားနည်းမှာ


နည်းနည်းကွာနေတယ်၊ သူတို့က တိုက်ရိုက်သွားတယ်ဗျ၊ ကျနော်တို့က တိုက်ရိုက်မသွားဘူး၊
လူတိုင်းလူတိုင်းဟာ ဆင်းရဲမွဲတေမှု ပညာမတတ်မှု၊ အလုပ်အကိုင်မရှိမှု ဆိုတဲ့ လူမှုရေး နာကျင်မှုတွေကို
ဖြည့်စည်းပြီးတော့မှ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ရောက်မယ်လို့ ကျနော်တို့ ယူဆတဲ့အတွက်ကြောင့်
အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ မူဝါကို ချထားတာဖြစ်တယ်၊ NLD က တန်းပြီးတော့ သွားတာဖြစ်တယ်။
ကျနော်တို့က တထောက်နားပြီးတော့မှ သွားတာဖြစ်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ညီညွတ်မှုအားနည်းသည်ဟု အပြစ်တင်ခံနေရသော NDF ပါတီတွင် မတ်လ လွှတ်တော်တွင်း


ဆွေးနွေးမှုများအတွင်း ပါတီတူ အမတ်အချင်းအချင်း အဆိုပြုချက်များကို ပြန်လည် ကန့်ကွက်မှုများ
ဖြစ်ပေါ်ခဲ့သေးသည်။
NDF အမတ်တချို့ ခွဲထွက်
By ကျော်ကျော်သိန်း အင်္ဂါ, 05 ဧပြီ VOA

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီထဲက ပြည်ထောင်စုလွှတ်တော် အမတ် ၄ ယောက်နဲ့ ပါတီက


အထုတ်ခံထားရတဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်တို့က NDF ပါတီ ဆက်လက်ရပ်တည်မှုအပေါ်
ရွေးကောက်ပွဲ ကော်မရှင်ကနေ စိန်ခေါ်ဖို့ စီစဉ်နေကြပါတယ်။ ရွေးကောက်ပွဲမှာ စုစုပေါင်း အမတ်နေရာ ၁၆
နေရာ အနိုင်ရထားတဲ့ NDF ပါတီကနေ သူတို့က NDF ပါတီ သင်္ဃန်းကျွန်းမြို့နယ် အခြေစိုက် အဖွဲ့အဖြစ်
ရပ်တည်ဖို့ ခွဲထွက်လိုက်ကြတာ ဖြစ်ပါတယ်။ လက်ရှိ NDF ခေါင်းဆောင် တဦးကတော့ ဒါဟာ NDF ပါတီ
ကွဲတာမဟုတ်ဘူးလို့ အခိုင်အမာ ငြင်းပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက
သတင်းပေးပို့ထားပါတယ်။

NDF ပါတီကနေ သင်္ဃန်းကျွန်းမြို့နယ် အခြေစိုက် အဖွဲ့အဖြစ် ခွထ


ွဲက်သူတွေကို ဦးဆောင်တာကတော့
သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဖြစ်ပါတယ်။
လွှတ်တော်အစည်းအဝေးတွေ မစခင်ကတည်းက NDF ပါတီ ခေါင်းဆောင်တွေအကြား မပြေမလည်ဖြစ်တဲ့
သတင်းတွေ ထွက်နေခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ တရားဝင် ခွဲထက
ွ်လိုက်ကြတာပါ။ ဧပြီလ ၂ ရက်နေ့က
မဲဆန္ဒရှင် လူထုနဲ့ တွေ့ဆုံစဉ်မှာ ဒီကိစ္စကို ကြေညာခဲ့တာဖြစ်ပြီး NDF ပါတီ နှစ်ခြမ်းကွဲသွားပြီလို့ ဦးသိန်းညွန့်က
သုံးနှုန်း ပြောဆိုခဲ့ပါတယ်။

“အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကို ဆွေငြိမ်းဦးဆောင်တဲ့ ဂိုဏ်းသားတွေနဲ့ ကျနော်ဦးဆောင်တဲ့


အမျိုးသား ဒီမိုကရေစီ အင်အားစု သင်္ဃန်းကျွန်း အခြေစိုက် အဖွဲ့ပေါ့၊ နှစ်ခြမ်းကွဲသွားပြီဆိုတာ ကျနော်
အဲဒီနေ့ကတည်းက ကြေညာခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့ ကော်မရှင်ကို သူတို့ရဲ့ တရားမ၀င်မှု၊ ဖွဲ့စည်းထားမှု
အခြေအနေတွေ၊ နောက် ကျနော် မနှစ် နိုဝင်ဘာ ကတည်းက တင်ထားတဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပုဒ်မ
၂၄(ခ) အရ ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေကို ကော်မရှင်ကို ကျနော် ဆက်လက် တင်ပြပါမယ်။”

ဦးသိန်းညွန့်ဟာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့နဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ


ခွဲထွက်ပြီး NDF ပါတီကို စတင် တည်ထောင်ခဲ့သူတွေထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေ
မတိုင်ခင်မှာ ပါတီရန်ပုံငွေဆိုင်ရာ ကိစ္စတွေအပေါ် ဦးသိန်းညွန့်က မကျေမလည်ဖြစ်ပြီး ပြောဆိုတာတွေ
ရှိခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာ သူ့ကို ပါတီကနေ ထုတ်ပယ်ပစ်ခဲ့ပါတယ်။

အခုလို ပါတီက ထုတ်ထားတဲ့ လူတယောက်က ဦးဆောင်ပြီး အမတ်တချို့ ခွဲထွက်တဲ့အပေါ် သူတို့အနေနဲ့


ပြောစရာ သိပ်မရှိတော့ဘဲ ပါတီနှစ်ခြမ်းကွဲတာ မဟုတ်ဘူးလို့ NDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက
အခိုင်အမာ ပြောခဲ့သလို ကွဲပြီလို့ ပြောကြတာတွေကိုလည်း အပြစ်တင်ခဲ့ပါတယ်။

“ဒီဟာကို ကျနော် ရှင်းစရာ မရှိတော့ပါဘူး။ NDF နှစ်ခြမ်းကွဲစရာ အကြောင်းလည်း မရှိဘူး။ ထုတ်ထားတဲ့


ဦးသိန်းညွန့်က သူ့ဟာသူ လုပ်ချင်ရာ လုပ်တာကို NDF နှစ်ခြမ်းကွဲတယ် ပြောလို့ရှိရင် မှန်သလားဆိုတာ
စဉ်းစားဖို့ လိုပါတယ်။ NLD က ထွက်လာတုန်းကတော့ အစအနလေးတွေ ထွက်သွားပါတယ်၊ အပဲ့အရွဲ့လေးတွေ
ကျသွားပါတယ် ပြောတယ်။ အခုကျတော့ ထုတ်ထားတဲ့သူက ခေါင်းဆောင်တဲ့ ၅ ယောက်
ထွက်သွားတာကိုတော့ NDF နှစ်ခြမ်းကွဲပြီဆိုတာ နိုင်ငံရေးယုတ္တိ မကျပါဘူး။ မီဒီယာတွေက
ဖွနေသလားလို့တောင် ကျနော်က သံသယရှိနေပြီလို့ ပြောချင်ပါတယ်။”

ဦးသိန်းညွန့် ဦးဆောင်ပြီး ခွဲထွက်သွားတဲ့အထဲမှာ ပါတဲ့ တခြား လွှတ်တော်ကိုယ်စားလှယ်တွေကတော့


ဦးဖုန်းမြင့်အောင်၊ ဦးကျော်၊ ဒေါ်စန်းစန်းမြင့်နဲ့ ဦးကြည်မြင့်တို့ ဖြစ်ကြပါတယ်။
NDF ပါတီကို သင်္ဃန်းကျွန်းမြို့နယ် အခြေစိုက်ပြီး ဆောင်ရွက်နေတဲ့အကြောင်း၊ လာမယ့် သီတင်းပတ်အတွင်း
ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားမှာ ဖြစ်ပြီးတော့ ကော်မရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်ထဲက အဆုံးအဖြတ်
ပေးရမှာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ဆိုပါတယ်။

“နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ၂၄(ခ) အရ ကော်မရှင်က ဒီပါတီနဲ့ ပတ်သက်ပြီးတော့ လိုအပ်သလို စုံစမ်း


စစ်ဆေးပြီးတော့ သူ့ကို ဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးနိုင်ပါတယ်။ ကော်မရှင်က
အဲဒီလုပ်ပိုင်ခွင့်တွေ ကျင့်သုံးလာဖို့ အတွက်လည်း ကျနော် အခုလို NDF ပါတီကို နှစ်ခြမ်းခွဲပစ်ရခြင်း
ဖြစ်ပါတယ်။”

အခုလိုမျိုး ပင်မပါတီကနေ ခွဲထွက်ပြီး မြို့နယ်အခြေစိုက် အဖွဲ့တခုအဖြစ် ရပ်တည်တာဟာ ကော်မရှင် ဥပဒေနဲ့


မကိုက်ညီဘူးလို့ ဦးခင်မောင်ဆွေက ဆိုပြီး အခုကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ဖြစ်သွားပြီလို့
သူကလည်း ပြောပါတယ်။

“ပါတီတွေမှာ အဲဒီလို အဆင်မပြေတာတွေ ရှိတော့ ရှိတတ်ပါတယ်။ သို့သော်လည်း ကော်မရှင်ကနေ ဒါကို


ဘယ်လို အရေးယူ ဆောင်ရွက်မလဲ၊ ဒါ ကော်မရှင်ရဲ့အပိုင်း ဖြစ်သွားပြီဗျ။ ဦးသိန်းညွန့်တို့ လုပ်နေတာက မြို့နယ်
ပါတီအဖြစ် ထောင်တယ်ဆိုတဲ့ အခါကျတော့ ဒါ ကော်မရှင် ဥပဒေနဲ့လည်း မကိုက်ညီဘူး ဖြစ်နေတော့
ကော်မရှင်ကို မေးတာပဲ ပိုကောင်းပါလိမ့်မယ်။ ကျနော်တို့ အဖြစ်ကတော့ ဝေဖန်စရာ မရှိပါဘူး။ ဦးသိန်းညွန့်က
သူလုပ်ချင်ရာ လုပ်နေတာ ခင်ဗျားတို့အားလုံး အသိပဲလေ။ ကျနော်က ဒီအပေါ်မှာ လိုက်ပြီးတော့
မရှင်းချင်တော့ပါဘူးဗျာ။”

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ဖို့ ထူထောင်ခဲ့ကြတဲ့ ပါတီတွေထဲမှာ NDF ပါတီဟာ NLD ခွဲထွက်ခေါင်းဆောင်


တချို့ ထူထောင်တဲ့ပါတီ ဖြစ်တာကြောင့် လူအများ စိတ်ဝင်စားမှု အရဆုံးပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်
ရွေးကောက်ပွဲမှာ နေရာအသီးသီး အမတ်အရေအတွက် စုစုပေါင်း ၁၆ နေရာ အနိုင်ရခဲ့ပြီး အဲဒီထဲကနေ အခု ၅
ဦး ခွဲထွက်သွားတာ ဖြစ်ပါတယ်။

NLD ကသာ နိုင်ငံရေးပါတီ တခုအဖြစ် မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် NLD နဲ့ ပြန်ပူးပေါင်းမယ်လို့
ဦးသိန်းညွန့်က ပြောပါတယ်။

NLD အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း NDF ပါတီနဲ့ ပတ်သက်လို့


ကြားရတဲ့ သတင်းတွေအပေါ် စိတ်ဝင်တစား ရှိနေပြီး သူတို့ နောက်ဆုံး တွေ့ဆုံခဲ့ကြချိန်မှာ မေးမြန်းခဲ့တာတွေ
ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောခဲ့ဖူးပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အမတ်အချို့ ခွဲထွက်


2011-04-05 RFA
RFA

ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုအဖွဲ့(NDF) နဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း


တို့ ဦးဆောင်တဲ့ (NDF) တို့ လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့်
ပြန်လည် ပူးပေါင်းမယ်လို့ ဦးသိန်းညွန့်က ပြောဆိုလိုက်ပါတယ်.

သူ့ကို အစိုးရက NDF ကိုယ်စားလှယ်လို့ အသိအမှတ်ပြုထားတဲ့အတွက် NDF ကို ဆက်လက် ဦးဆောင်မယ်လို့


ဦးသိန်းညွန့်က ပြောပါတယ်။
“သင်္ဃန်းကျွန်း NDF ရဲဘော်တွေရဲ့ တောင်းဆိုချက်အရကော၊ နောက် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆန္ဒအရရော၊
ကျွန်တော်က NDF ကို ဒုတိယခေါင်းဆောင်အဖြစ် ဒီ ကော်မရှင်က ခန့်အပ်ထားတဲ့ တာဝန်ကို ကျွန်တော်
ဆက်ယူမယ်။ ဒါပေမဲ့ ကျွန်တော်က ဒီ ဆွေ-ငြိမ်းဂိုဏ်းနဲ့ ကျွန်တော်တို့ သင်္ဃန်းကျွန်း ကျွန်တော်တို့
အဖွဲ့ဝင်အားလုံးက ဆွေ-ငြိမ်းဂိုဏ်းကို အဆက်ဖြတ်လိုက်ပြီ။ တခြား NDF တပြည်လုံးက အဖွဲ့ဝင်တွေက
ကျွန်တော်တို့နဲ့ လာပြီးတော့ ပူးပေါင်းမယ်ဆိုရင်လည်း ကျွန်တော်တို့ ကြိုဆိုတယ်။ ကျွန်တော်တို့ကတော့
စည်းရုံးရေးအရကော ပုဂ္ဂိုလ်ရေးအရကော သူတို့နဲ့ လက်တွဲစရာ အကြောင်းမရှိတော့ဘူး။ ကျွန်တော်တို့က
နှစ်ခြမ်းခွဲပစ်လိုက်တာပါ၊ နုတ်ထွက်သွားတာ မဟုတ်ပါဘူး။”

သူတို့ NDFအဖွဲ့ကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်၊ အမျိုးသား


လွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၊ ဒေါ်စန်းစန်းမြင့်နဲ့ ဦးဝင်းဖေ၊ ဦးကြည်မြင့်တို့ ပူးပေါင်းပြီး
ဆောင်ရွက်ကြမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့်က ပြည်ပနိုင်ငံများမှ အထောက်အပံ့ ရယူခဲ့တဲ့ အဖွဲ့အစည်းတွေဆီက


အကူအညီ ငွေကြေးများ လက်ခံခဲ့ပေမယ့်၊ မိမိတို့အနေနှင့် မည်သူ့ အကူအညီမျှ ယူမည်မဟုတ်ပဲ နိုင်ငံရေး
ဆက်လုပ်သွားမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

အခုလို NDF ပါတီမှာ အဖွဲ့တွေ ကွဲသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်နဲ့ RFA မှ ဦးခင်မောင်စိုးက
ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးသိန်းညွန့်နှင့် ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

အခုလို အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ နှစ်ခြမ်းကွဲသွားပြီလို့ ဦးသိန်းညွန့်က ပြောခဲ့တာတွေနဲ့


ပတ်သက်ပြီး NDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကိုလည်း ဦးခင်မောင်စိုးက ဆက်လက်ပြီး
မေးမြန်းခဲ့ပါတယ်။
ဦးခင်မောင်ဆွေ့နှင့် ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရစစ်တပ်များတိုက်ပွဲ ကျယ်ပြန့်


2011-04-05 RFA
RFA

SSPP/SSA ရှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ မြောက်ပိုင်းတပ်တွေနဲ့ မြန်မာစစ်တပ်တွေ ဟာ အရင်က


ရှမ်းပြည်အလယ်ပိုင်း၊ အက်စ်အက်စ်အေ မြောက်ပိုင်း ဌာနချုပ်ရှိရာ ဝမ့်ဟိုင်းဒေသအနီးမှာ
တိုက်ပွဲတွေဖြစ်နေရာက အခုအခါ လားရှိုး၊ သီပေါနယ်အထိ ပျံ့နှံ့လာတယ်လို့ ရှမ်းတပ်နဲ့ နီးစပ်သူတွေက
ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကလည်း အခုလို


ပြောပါတယ်။
“အစကတော့ လေးငါးမြို့နယ်ပေါ့ ဥပမာ မိန်းမော၊ မိန်းရိုင်၊ တန့်ယန်း၊ မိုင်းရှူး၊ မိန်းနောင်ပေါ့၊ အခုဟာက ၁၀
မြို့နယ် ၁၁ မြို့နယ်အထိ ပြန့်သွားပြီလို့ ပြောနိုင်တယ် ဥပမာ လားရှိုးမြို့နယ် သီပေါမြို့နယ်ပါတယ် အခု
နမ့်ဆန်မြို့နယ်လည်း ဖြစ်နေပြီ တပ်မဟာ ၃ လှုပ်ရှားတဲ့နယ်မြေတွေကို သူတို့တပ်တွေ ဖြန့်ကျက်
လှုပ်ရှားနေတယ်။ အဲဒါကြောင့် နအဖ တပ်က အက်စ်အက်စ်အေ ထိမ်းချုပ်နယ်မြေထဲကို လာပြီးတော့ ကျူးကျော်
တိုက်ခိုက်တယ်။ စစ်ဆင်ရေးလုပ်တယ်။ ၃ ရက်နေ့က မန္တလေးဖက်က ကျောက်မဲ၊ လားရှိုးအထိ အစီးပေါင်း ၇၀၊
၈၀၊ နအဖ တပ်တွေ အသစ်တွေ ဗမာပြည်ကနေ ဖြည့်တင်းနေတယ်။”

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့အနီးမှာလည်း လွန်ခဲ့တဲ့ လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲတွေ


အားလုံးမှာ ရှမ်းတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ ပြန်လည် တိုက်ခိုက်တာကြောင့် မြန်မာအစိုးရတပ်ဖက်က
ထိခိုက်ကျဆုံးတာ ပိုများတယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။

“နမ့်ဆန်မြို့ရဲ့ အရှေ့တောင်ဖက်လောက်မှာ ကျမယ်။ အဲဒါ ၂၈ရက် ၂၉ ရက်နေ့တုံးက ဖြစ်တယ် နအဖဖက်က


တော်တော် အသေအပျောက်များတယ်။ အရပ်သတင်းအရတော့ နအဖဖက်က အနည်းဆုံး ၁၀
ယောက်ကျော်ကျော် ကျတယ် ။ အက်စ်အက်စ်အေ ဖက်ကလည်း ၂ယောက် ၃ ယောက်ကျတယ်။ အဲဒါ
တကယ့်ကို တိုက်ပွဲကြီးပဲ။ လေးငါးနာရီလောက် ကြာတယ်ပြောတယ်။ နအဖ ဖက်က အကျအဆုံး
များတယ်ဆိုတာ မတ်လ ၁၃ ရက်နေ့ကနေ မနေ့က ဧပြီလ ၄ ရက်နေ့အထိ အားလုံးခြုံကြည့်လိုက်ရင်
အနည်းဆုံး ၅၀ လောက်တော့ ကျဆုံး သေကျေနိုင်တယ်လို့ သုံးသပ်နိုင်တယ် နအဖ ဖက်ကပေါ့လေ။”

အခုအခါ အက်စ်အက်စ်အေ မြောက်ပိုင်း ဝမ်ဟိုင်းဌာနချုပ်ရဲ့ အနောက်ဖက်ကျေးသီးမြို့၊ တောင်ဖက်


ရှိမိန်းနောင်မြို့၊ အရှေ့တောင်ဖက်ရှိ မိုင်းရှူးနဲ့ မြောက်ဖက်က မိန်းရိုင် လာရှိုးဖက်ကနေ ဌာနချုပ်ကို တိုက်ခိုက်ဖို့
မြန်မာစစ်အစိုးရတပ်တွေ အလုံးအရင်းနဲ့ အင်အား ဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

ဂျပန် ငလျင်အတွက် ဝမ်းနည်းခြင်း အခမ်းအနားကျင်းပ


2011-04-05 RFA
RFA

ဂျပန်နိုင်ငံက ငလျင်ဒဏ်ခံ ဒုက္ခသည်တွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနဲ့ ကူညီရေး


လုပ်ငန်းစဉ်တွေကို ဒီကနေ့ ဧပြီ ၅ ရက် မွန်းလွဲပိုင်းက NLD ပါတီဌာနချုပ်မှာ ပြုလုပ်သွားပါတယ်။

အခမ်းအနားမှာ ငလျင်ဒဏ်ခံ ဒုက္ခသည်တွေ အတွက် ကဗျာစာအုပ် တအုပ် ထုတ်ဝေပြီး ကဗျာ ရွတ်ဆိုပွဲပါ


ပြုလုပ်ခဲ့ပါတယ်။ ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ ကဗျာဆရာတွေက ကိုယ်တိုင် ရွတ်တဲ့လူလည်း ရှိတယ်၊ နောက် အဖွဲ့ချုပ် လူငယ်ကလည်း


အမျိုးသမီး၊ အမျိုးသားလေးတွေကနေပြီးတော့ ကိုယ်စား ရွတ်ပေးတာလည်း ရှိတယ်။ ကဗျာစာအုပ်ပါ
ကဗျာတွေကို ရွတ်ကြတာပဲ။ ကဗျာစာအုပ်ကတော့ ဒီနေ့ ထုတ်ဝေတာ။ ကဗျာစာအုပ်က ဂျပန်ကိုလည်းပဲ
ကာလာနဲ့ ဒီက ပရင့်လုပ်ထားတဲ့အတိုင်း ပို့မယ်ပေါ့ဗျာ။ ပို့ပြီးတော့ စာအုပ် ပြန်ထုတ်မယ်။ ထုတ်ပြီး အဲဒီက ရတဲ့
ရန်ပုံငွေကိုလည်း ဂျပန်မှာ ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကျွန်တော်တို့က
အလှူငွေ အဖြစ်နဲ့ ထည့်ပါလို့ အဲလို ညွှန်ကြားထားပါတယ်။”

အခမ်းအနားကို တက်ရောက်သူ ၁၀၀ လောက်ရှိပြီး ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က ဝမ်းနည်းခြင်း အထိမ်းအမှတ်


စကားပြောကြပါတယ်။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူ
လူတသောင်းခွဲကျော် ရှိပြီး အပျက်အစီး အဆုံးအရှုံး အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီပြီး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး RFA မှ ဦးနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသား တရာကျော် ထွက်ပြေး


2011-04-05 RFA
RFA

မလေးရှားနိင်ငံ ကွာလာလမ်ပူမြို့တော်နဲ့ မိုင် ၅၀ လောက်မှာ ရှိတဲ့ လူဝင်မှု ထိန်းသိမ်းရေး လင်းခေးစခန်း မှာ ဧပြီ
၎ ရက် မနေ့က မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းက မြန်မာအပါအဝင် တရားမဝင် ပြောင်းရွှေ့နေထိုင်သူ
ထိန်းသိမ်းထားသူ ၁၀၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ နိင်ငံတကာ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မလေးရှားမှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign Malaysia အဖွဲ့က


ကိုထွန်းထွန်းကလည်း RFA ကို အခုလို ပြောပြပါတယ်။

“တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ မီးလောင်မှု ဖြစ်ပွားပြီးတော့ ရုန်းရင်းဆန်ခတ်တွေ


ဖြစ်ပွားပြီးတော့ မြန်မာနိုင်ငံသား တရာနဲ့ ကိုးဦး လွတ်မြောက်သွားတယ်၊ အဲဒီထဲကမှ လူ ၃၀ ကို သူတို့
ပြန်ဖမ်းမိတယ်ဆိုပြီးတော့ သတင်းတွေမှာ ဖော်ပြနေတယ်။ အဓိက ကျွန်တော်တို့ သိရသလောက်ကတော့ အဲဒီ
စခန်းမှာ ရှိတဲ့ စခန်းတွင်း အခြေအနေတွေက အင်မတန် ဆိုးဝါးတယ်၊ အစားအသောက် အခြေအနေနဲ့
ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေက အင်မတန် ဆိုးဝါးတယ်၊ အဲဒါကို မကျေနပ်ပြီးတော့ ခုလို
လုပ်ကြတယ် ဆိုပြီးတော့ သတင်းတွေ ထွက်ထားတယ်။ ကျွန်တော်တို့ အနေနဲ့ အဲလောက်ပဲ ပြောနိုင်တယ်။”

အခုလို အစားအသောက် အနေအထိုင် အင်မတန် ဆင်းရဲတဲ့ အဲဒီ ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသွားသူတွေ


ပြန်လည် ဖမ်းဆီးနိင်ဖို့အတွက် စေတနာ့ဝန်ထမ်းလုံခြုံရေး Rela အဖွဲ့ဝင်တွေကို မလေးရှား ပြည်ထဲရေးဝန်ကြီးက
တာဝန်ပေးလိုက်တယ်လို့ ကိုထွန်းထွန်းက ပြောပါတယ်။

“အဲဒီအခါကျတော့ ကျွန်တော့အနေနဲ့ ဘာမြင်လဲဆိုလို့ရှိရင် ထွက်ပြေးသွားတာက လူ တရာနဲ့မှ ကိုးဦး၊


သို့သော်ငြားလည်း အဲဒီ တရာနဲ့ ကိုးဦး ထွက်ပြေးသွားတဲ့အတွက် အပြင်မှာ ရှိနေတဲ့ တရားမဝင်
နိုင်ငံခြားသားတွေအတွက် ဒါဟာ အင်မတန် အန္တရာယ် ကြီးပါတယ်၊ ဒီရက်ပိုင်းမှာ ဆိုလို့ရှိရင်။ အဲဒီအခါကျတော့
၁၀၉ ဦးကတော့ လွတ်သွားတယ်၊ ဒါပေမဲ့ ဒီအမှုနဲ့ နွယ်ပြီးတော့ နောက်ထပ် ဘယ်နှစ်ယောက်
ဒုက္ခရောက်ဦးမလဲ ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။”

လင်းခေး လဝက ထိန်းသိမ်းရေးစခန်းမှာ တရားမဝင် နိုင်ငံခြားသား တထောင်ကျော်ရှိရာမှာ ၄၀၀ လောက်ဟာ


မြန်မာတွေ ဖြစ်တယ်လို့ ကိုထွန်းထွန်းက ပြောသွားပါတယ်။

လူငယ် လုပ်ငန်းများအတွက် မန္တလေးနှင့် စစ်ကိုင်းတိုင်းမှာ ဆွေးနွေး


2011-04-05 RFA
RFA

လူငယ်လုပ်ငန်းတွေ ပိုပြီး ဆောင်ရွက်နိုင်ဖို့ NLD ပါတီရုံးချုပ်က လူငယ်တွေနဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ပါတီ


စည်းရုံးရေး ကော်မတီဝင်တွေက လူငယ်အဖွဲ့ဝင်တွေ ဧပြီ ၄ ရက် မနေ့က ညှိနိုင်း ဆွေးနွေးတယ်လို့ စုံစမ်း
သိရှိရပါတယ်။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ရန်ကုန်က လာရောက်တဲ့ လူငယ်အဖွဲ့ဝင်တွေ ဟာ နှစ်ဖွဲ့ဖြစ်ပါတယ်။
ညှိနှိုင်းဆွေးနွေးတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ်။

“မြို့နယ် လူငယ် လုပ်ငန်းအဖွဲ့တွေ ပြန်ဖော်ဖို့အတွက် မှာကြားချက်ပေါ့။ အဲဒီအလုပ်ကို တိုင်းအကူအညီပေးရေး


အဖွဲ့တွေရော ပူးပေါင်းပြီး ဆောင်ရွက်ဖို့၊ နောက် မြို့နယ် စည်းရုံးရေး အဖွဲ့တွေမှာ ညှိနှိုင်း ဆောင်ရွက်ဖို့ ဆိုပြီး
အဲဒီ မှာကြားချက်ကို သူတို့ လူငယ်တွေက ရှင်းပြတာပေါ့နော်။ နောက်တခုက လူငယ်ကွန်ရက်ဆိုတာက
ရှိတယ်ပေါ့။ အဲဒါ ကိုတိုးကျော်လှိုင်တို့ တာဝန်ယူပြီး လုပ်ထားတဲ့အဖွဲ့ပေါ့။ သူတို့ကတော့ NLD
မဟုတ်တဲ့ဟာတွေရော၊ NLD အဖွဲ့တွေရောပေါ့နော်၊ အားလုံး သူတို့ ပြန်ပြီးတော့ ကွန်ရက်သဘော
ဆန်တဲ့အလုပ်တွေ၊ နောက်တခုက လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နောက် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို
ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့ ဟာလေးတွေ သူတို့ အစီအစဉ်လေးတွေ လာပြောတာပါ။”

လာရောက် ဆွေးနွေးတဲ့ အဖွဲ့မှာ ဗဟို လူငယ်ဖော်ဆောင်ရေးက ကိုမြင့်ဌေး ဦးဆောင်တာ ဖြစ်ပြီး


လူငယ်ကွန်ရက် ဖွဲ့စည်းရေးအတွက် ကိုတိုးကျော်လှိုင်က ဦးဆောင်လာတာ ဖြစ်ပါတယ်။ လူငယ်
ဖော်ဆောင်ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ဆုံဖြတ်ချက်တွေကို
အကောင်အထည်ဖော်ဖို့ ခုလိုဆောင်ရွက်တာဖြစ်ပါတယ်။
ရန်ကုန်က သွားရောက်တဲ့ အဖွဲ့ဝင်တွေဟာ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ လူငယ်
အစည်းအဝေးတရပ်ကို ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်း စည်းအဖွဲ့ဝင်တွေနဲ့လည်း စစ်ကိုင်းမှာ သီးခြား
တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် ၁၅ နိုင်ငံမှာ ပြသ


2011-04-05 RFA
RFA

နိုင်ငံရေးအကျဉ်းသား ဦးသူရခေါ် ဟာသအနုပညာရှင် ဇာဂနာအကြောင်း ရိုက်ကူးထားတဲ့ ‘This Prison Where


I Live (ကျွန်တော်နေတဲ့ ဒီအကျဉ်းထောင်)’ မှတ်တမ်းတင် ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု
အင်ဒီယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ် IPFW ခန်းမမှာ ဧပြီ ၄ ရက် တနင်္လာနေ့က ပြသပါတယ်။

ဒီဇာတ်ကားကို အမေရိကန် အပါအဝင် ကမ္ဘာတဝန်းက ၁၅ နိုင်ငံမှာ ပြသနေပြီး စိတ်ဝင်တစား ကြည့်ရှုသူတွေ


အများအပြား ရှိတယ်လို့ ဒါရိုက်တာ Rex Bloomstein က ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားနဲ့ ပတ်သက်လို့ အားရစရာ တုံ့ပြန်ချက်တွေ ရရှိထားပါပြီ၊ ကျနော့်အနေနဲ့


အမေရိကန်တခွင်မှာ ဆက်လက် ပြသသွားမှာပါလို့ ရုပ်ရှင်ဒါရိုက်တာ ပြောသွားပါတယ်။ ဒါရိုက်တာ Bloomstein
ဟာ ဇာဂနာ မှတ်တမ်းရုပ်ရှင်ကားနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲတရပ်ကို တနင်္လာနေ့ မနက်ပိုင်းက
အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒါရိုက်တာ Rex Bloomstein ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
တရုတ်နယ်စပ် လဂျားယန်ဂိတ်ကို မြန်မာဘက်က ပိတ်
By နူးပန် အင်္ဂါ, 05 ဧပြီ VOA
VOA

မြန်မာနိုင်ငံ အစိုးရသစ် တက်လာတဲ့ပြီး မကြာခင်ပဲ ကချင်ပြည်နယ်ထဲကို တရုတ်ကုန်စည်တွေ အလွယ်တကူ


တင်သွင်းနေတဲ့ တရုတ်နယ်စပ်အ၀င် လဂျားယန်ဂိတ်ကို မြန်မာအစိုးရက အကန့်အသတ်မရှိ တားမြစ်
ပိတ်ပင်လိုက်ပါတယ်။ ဈေးသက်သာပြီး အလွယ်တကူ ရနိုင်တဲ့ တရုတ် လူသုံးကုန်တွေကို ရာနှုန်းပြည့်နီးပါး
အားထားနေရတဲ့ ကချင်ပြည်နယ်မှာ အခုလို ဂိတ်ကို ပိတ်ပင်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ ထိုးတက်လာပြီး
ဒေသခံတွေ အခက်တွေ့နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က
တင်ပြပေးထားပါတယ်။

အစိုးရသစ်တက်ပြီး နောက်တရက်မှာ တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်


လိုင်ဇာဘက်ကနေ မြစ်ကြီးနားနဲ့ ဗန်းမော် ကုန်အ၀င်အထွက် ဂိတ်ဖြစ်တဲ့ လဂျားယန်ဂိတ်ကို ပိတ်လိုက်တာ
ဖြစ်တယ်လို့ လဂျားယန် ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဘာမှ ကုန်တင်တာ မရှိတော့ဘူး၊ ဂိတ်တွေလည်း ဘာမှ မရှိတော့ဘူး။ ဘာမှ ဘယ်သူမှ အရင်တုန်းကလို


ကားရပ်နားပြီးတော့လည်း မလိုတော့ဘူး။”

အခုလို ပိတ်ထားတဲ့အတွက် မြစ်ကြီးနားမြို့တွင်း တရုတ်ကုန်ပစ္စည်း ရှားပါးမှုတွေကြောင့် ဈေးနှုန်းမြင့်တက်မှုတွေ


ဖြစ်နေပြီး ကုန်စုံဆိုင် ပိုင်ရှင်တွေလည်း ကျန်နေတဲ့ ကုန်တွေကိုပဲ ဈေးနှုန်းမြှင့်တင် ရောင်းချနေတယ်လို့
ဝိုင်းမော်မြို့ ကုန်စုံဆိုင်စာရေးက အခုလို ပြောပါတယ်။

“မတတ်နိုင်ဘူးလေ။ လမ်းပိတ်ထားတယ် ဆိုတော့၊ များသောအားဖြင့်တော့ ကုန်ဈေးနှုန်းကတော့


အရင်ဈေးတော့ မဟုတ်ဘူးပေါ့။ ပျမ်းမျှအားဖြင့်တော့ အကုန်လုံးက တက်တယ်လို့ ပြောရမှာပေါ့။ ကျမတို့က
နယ်စပ်လည်း ဖြစ်နေတယ်ဆိုတော့၊ ပစ္စည်းတွေ အကုန်လုံးနီးပါးက တရုတ်ပစ္စည်းတွေပဲ ဖြစ်နေတယ်
ဆိုတော့လေ။ ဒီပစ္စည်းတွေ မ၀င်ဘူး ဆိုရင်တော့ နည်းနည်း အခက်အခဲတော့ ရှိမှာပေါ့။”

ဒီ လဂျားယန်ဂိတ်မှာ အခုလို မပိတ်ခင်က မြန်မာအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့၊ မူးယစ်နဲ့ လူကုန်ကူးမှု၊


အကောက်ခွန်ဌာနတွေကို ချထားပြီး တနေ့ အနည်းဆုံး ဖြတ်လာတဲ့ ကုန်ကားအစီး ၁၀၀ ကျော်ဆီကနေ
စစ်ဆေးပြီး အခွန်ကောက်ခံနေတာ ဖြစ်တယ်လို့ လဂျားယန် ဒေသခံတွေက ပြောပါတယ်။

လဂျားယန်ဂိတ်ဟာ KIO ဌာနချုပ် လိုင်ဇာ တရုတ်နယ်စပ်နဲ့ ၇ မိုင်မှာရှိပြီး လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက


ပိတ်ပင်မှုတွေ ရှိခဲ့ပေမဲ့ မှောင်ခိုတင်သွင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့လည်း လိုင်ဇာဒေသခံ တယောက်က
အခုလို ပြောပါတယ်။

“အခု ကုန်သည်အကြီးစားတွေရော အသေးစား ကုန်သည်ပေါင်းစုံပေါ့နော်၊ တချို့ကုန်သည်


တော်တော်များများက နယ်စပ်က ၀င်လာတဲ့ ကုန်တွေကို မြစ်ကြီးနားဘက်ကို တင်သွင်းတဲ့ အခါမှာ စစ်တပ်က
ပိတ်လိုက်တယ်၊ တင်ခွင့်မရှိတော့ဘူး ဆိုတော့ ကုန်သည်တွေ တချို့က မသိဘဲနဲ့ တင်သွားတယ်။
သူတို့ရောက်တဲ့အခါကျမှ ပြန်ခေါက်လာပြီးမှ နဂိုနေရာမှာ ပြန်ချထားတယ်။ အခုဆိုရင် တော်တော်လေး
နှောင့်နှေးတာတို့ ရှိတာပေါ့နော်၊ အဆင်မပြေဘူးပေါ့။ ဒေသခံ တော်တော်များများက
ကုန်သည်လုပ်စားတာပေါ့ဗျာ။ ကုန်တွေပိတ်ခံရတဲ့ အခါကျတော့ စီးပွားရေး အဆင်မပြေတာတွေ
ဖြစ်တာပေါ့နော်၊ အများကြီး ထိခိုက်စေတာပေါ့။”
ကချင်ပြည်နယ်တွင်း စားသောက်ကုန်ကနေ စက်ပစ္စည်း၊ လူသုံးကုန် မျိုးစုံကို တရုတ်ထုတ်တွေပဲ
အသုံးပြုနေတာဖြစ်ပြီး အခုလို ပစ္စည်းပြတ်လပ်မှုကြောင့် အခြေခံ စားသောက်ကုန်ကအစ
မြင့်တက်နေတဲ့အတွက် အခက်တွေ့နေတယ်လို့ မြစ်ကြီးနား ဒေသခံ အမျိုးသမီးက ပြောပါတယ်။

“အခုတလောပိုင်းကျတော့ ဓာတ်ဆီဈေးတော့ နည်းနည်းတက်လာတယ်။ လိုင်ဇာကနေ ၀ယ်တာ ဟုတ်တယ်၊


၎,၈၀၀ ပေါ့၊ အခုဆို ၅,၀၀၀၊ နောက် ၅,၀၀၀ ကျော်တောင် ဖြစ်မယ်ထင်တယ်။ တက်တက် မတက်တက်
သုံးရမယ်ဆိုတော့ လူတွေက ၀ယ်ကြတာပါပဲ။”

ကချင်ပြည်နယ်ကို တရုတ်ကုန် တင်သွင်းနေတဲ့ လိုင်ဇာလမ်းနဲ့ လွယ်ဂျေလမ်းကို တရားမ၀င် ဂိတ်အဖြစ်


ပိတ်ပင်ထားတာဖြစ်ပြီး ၀ိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းကို တရားဝင်လမ်းအဖြစ် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ကုန်သည်တွေက ကန်ပိုင်တီလမ်းဘက်ကို ခရီးဝေးလံပြီး တံတားတွေ ခိုင်မာမှု လုံခြုံစိတ်ချလို့


မရတဲ့အတွက် အစိုးရကို ပြန်လည်ထည့်သွင်း စဉ်းစားပေးဖို့ ယခင်က တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့
လိုင်ဇာဒေသခံက ဆိုပါတယ်။

“အရင်တုန်းကကျတော့ ကုန်တွေကို ပိတ်ဖူးတယ်ဗျ။ ဒါပေမဲ့ ရက်အကြာကြီး မပိတ်ဘူး သူတို့။ ပိတ်တဲ့အခါမှာ


ဂိတ်ကြေးဆိုတဲ့ သဘောမျိုးကို လာဘ်ထိုးတာပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်။ ပိုက်ဆံတွေကို အဲမှာ
ဂိတ်တာဝန်ခံတွေ၊ ဂိတ်စာရေးတွေ၊ ဂိတ်မှာစောင့်တဲ့ လူတွေကို ပိုက်ဆံများများ ပေးလိုက်တဲ့ အခါကျရင်
သူတို့က ဒီတခါပဲနော်၊ ဒီတခါပဲရမယ် ဆိုပြီးတော့ လွှတ်လွှတ်ပေးလိုက်တယ်။ ပြီးတော့ ပိုက်ဆံများများပေးရင်
လွှတ်ပေးတယ်။ အဲလို ဂိတ်ပိတ်တဲ့ ရက်တွေလည်း မကြာဘူး၊ အဲဒီတုန်းက။ ဆိုတော့ အခု ဒီတခါက ကြာမလား၊
မကြာဘူးလား ဆိုတာကတော့ ကျနော်တို့ မပြောတတ်ပါဘူး။”

မြန်မာအစိုးရသစ်ရဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲကြောင့် အခုလို ပိတ်ပင်တယ်လို့ ဆိုပေမဲ့ ဒေသခံတွေက


ဂိတ်ပြန်ဖွင့်ဖို့ရက်ကို မျှော်နေကြတယ်လို့လည်း နယ်စပ်ဂိတ် အနီးတ၀ိုက် ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်ထွက် ကျောက်စိမ်းနဲ့ သစ်တွေ၊ ဒေသထွက် စားသောက်ကုန်တွေကိုလည်း ဒီလမ်းကနေ
တင်သွင်းနေတာ ဖြစ်ပါတယ်။

အခုချိန် ဒီလမ်းကနေ မြန်မာဂိတ်တွေလည်း မရှိတော့ဘဲ ခရီးသည်တွေသာ ခပ်ကြဲကြဲ သွားလာနေတာ


တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သား သင်္ကြန်တွင်း ရဟန်းခံမည်


ဝင့်နဒီ Tuesday, 05 April ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim


Aris) သည် ယခုသင်္ကြန် ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဒုလ္လဘ ရဟန်းခံမည်ဖြစ်ကြောင်း
သိရှိရသည်။

ကိုထိန်လင်းသည် ဧပြီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့များ၌ မြန်မာနိုင်ငံသို့ ရောက်လာဖွယ်ရှိကြောင်း နှင့် သင်္ကြန်


ရက်များအတွင်း ရန်ကုန်မြို့ NLD ရုံးချုပ်မှ အဖွဲ့ဝင်များအား ဒေါ်အောင်ဆန်းစုကြည်က မဲနှိုက်ခိုင်း၍ မဲပေါက်သူ
၅ ဦးကိုလည်း ဗဟန်းမြို့နယ်ရှိ ပဏ္ဍိတာရာမ ကျောင်းတိုက် ၌ သင်္ကန်း စီးပေးမည်ဖြစ်ကြောင်း NLD က
ပြောသည်။
ကိုထိန်လင်းသည် ယမန်နှစ်က မိခင်ထံ လာရောက်တွေ့ဆုံခွင့်ရချိန်အတွင်း NLD ရုံးချုပ်၌ ကျင်းပသော
ဒီဇင်ဘာ ၁ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ပွဲတွင် ပင်နီ တိုက်ပုံနှင့် လည်ကတုံး
အင်္ကျီဝတ်ဆင်ပြီး စီးပွားရေးပညာရှင် ဦးမြင့်နှင့် အဖွဲ့၏ တီးခတ်မှုဖြင့် Blowing in the Wind သီချင်းကို
သီဆိုကာ ဝေဒနာရှင်များကို အားပေး ဖျော်ဖြေမှု ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည်မှာ ၁၀ နှစ်ခန့် ရှိရာမှ ကိုထိန်လင်းသည် ယမန်နှစ် နိုဝင်ဘာလ ၂၃


ရက်နေ့က ပထမ အကြိမ် မြန်မာနိုင်ငံသို့ လာရောက်၍ မိခင်ဖြစ်သူနှင့် စတင်တွေ့ခွင့်ရရှိပြီး ယခု ဒုတိယ အကြိမ်
လာရောက်မည်ဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မည်ဟူသော


သတင်းများပေါ်ထွက်ခဲ့ပြီးနောက် အသက် ၃၃ နှစ်အရွယ်ရှိ သားငယ် ကိုထိန်လင်းသည် ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ပြည်ဝင်ခွင့် ဗီဇာရရန် လျှောက် ထား၍ မြန်မာနိုင်ငံသို့
လာရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသည့် နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ဝင်ခွင့်မရခဲ့ဘဲ


နိုဝင်ဘာ ၂၂ ရက် နေ့တွင်မှ ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၁ နှစ်အတွင်း နေအိမ်အကျယ်ချုပ် ၁၅ နှစ်ခန့် နေခဲ့ရပြီး


ခင်ပွန်းနှင့် သား ၂ ဦးဖြစ်သော ကိုမြင့်ဆန်းအောင် နှင့် ကိုထိန်လင်းတို့ကိုလည်း ၁၀ နှစ်ကျော်ကြာ တွေ့ဆုံခွင့်
မရခဲ့ပေ။

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ္စသည် ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီက


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ပြည်ဝင်ခွင့်ဗီဇာ တောင်းခံခဲ့သော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ပေ။

၂၀၀၃ ခုနှစ် မေလ အတွင်းက စစ်ကိုင်းတိုင်း ဒီပဲယင်း လုပ်ကြံမှုပြီးနောက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသော


ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခါနီး၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းတွင် အမေရိကန်နိုင်ငံသား
မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ခြံ ၀င်း အတွင်း ရေကူးဝင်ရောက်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့ရာ ၇ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။

ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်များအကြား မကျေနပ်မှုများရှိ
ဧရာဝတီ Tuesday, 05 April 2011 14:56

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ထိပ်ပိုင်း ခေါင်းဆောင်များ အကြားတွင် လုပ်ပိုင်ခွင့်


အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယင်း အာဏာခွဲဝေမှု ပြဿနာတွင် ယခင်ဝန်ကြီးဖြစ်ခဲ့သော ကြံ့ဖွံ့ပါတီခေါင်းဆောင်များသည် အစိုးရသစ်တွင်


ဝန်ကြီးနေရာပြန် လည်မရရှိခြင်းလည်း ပါဝင်သည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းနှင့် လွှတ်တော်အမတ်များက
ပြောဆိုကြသည်။
ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော်အမတ် တဦးက“အရင် ၀န်ကြီးဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက
လက်ရှိအခြေအနေကို သိပ်ပြီးကြိုက်ပုံမရဘူး။ သူတို့ကပါတီမှာပဲ ကျန်ခဲ့တာလေ။ မတ် ၃၀ ရက် အာဏာလွှဲတဲ့
နေ့ကဆိုရင် အစိုးရသစ်မှာ မပါတဲ့ ၀န်ကြီးတွေအကုန်လုံး မျက်စိပျက်၊ မျက်နှာပျက်နဲ့
လွှတ်တော်တက်ခဲ့ကြတယ်။ သူတို့ပုံစံတွေကြည့်တာနဲ့ကို သိ သာ ပါတယ်”ဟု ပြောသည်။

ကြံ့ဖွံ့ပါတီတွင် ကျန်ခဲ့သော အစိုးရ၀န်ကြီးဟောင်းများသည် ပါတီ၏ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို


ဦးစီးရမည်ဖြစ်သော် လည်း လက်ရှိ ရင်ဆိုင်နေရသော အခြေအနေကို မရောင့်ရဲ မကျေနပ်နိုင်ဘဲဖြစ်နေကြောင်း
မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် နီးစပ်သည့် ကြံ့ဖွံ့ပါတီ မြို့နယ် ဥက္ကဋ္ဌ တဦးက ပြောဆိုသည်။

“အစိုးရ၀န်ကြီးဘ၀က အဆောင်အယောင်နဲ့ နိုင်ငံတော်ကားစီးခဲ့ရတဲ့ နေရာကနေ ကိုယ်ပိုင်ကားစီးရပြီဆိုတော့


အနည်းနဲ့အများစိတ် ထိခိုက်တယ်။ ပုံမှန်ရုံးတက်နေတဲ့ဘ၀ကနေ အရပ်သားဘ၀ကို ပြန်ရောက်တော့
ဘာလုပ်ရမှန်းမသိဖြစ်ကုန်တယ်။ အမိန့်ကို မလွန်ဆန်နိုင်လို့သာ၊ ပြုတ်သွားတဲ့ဝန်ကြီးတွေက
ကျေနပ်ပုံမရဘူး”ဟု ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့သည်


ရန်ကုန်မြို့တွင် လူမှုရေး ဆိုင်ရာ အခမ်း အနားများ တက်ရောက်နေကြပြီး ဧပြီလ၂ ရက်နေ့က မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသော ဖျာပုံမြို့မှ ရေလုပ်သားများ အတွက် အလှူငွေပေးအပ်ပွဲ
အခမ်းအနားတက်ရောက်ကာ အလှူငွေပေးအပ်ခဲ့ကြောင်း၊ ယင်းသို့ အခမ်းအနား အတူ
တက်ရောက်ခဲ့သော်လည်း ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ နှစ်ဦးမှာ စကားပြောဆိုခြင်း မရှိကြောင်း
သိရသည်။

ထို့အပြင် နေပြည်တော်၌ လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်တွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်များသည်


မိမိတို့ တင်ပြ လိုသော အဆိုများ၊ မေးခွန်းများ၊ ဥပဒေများကို လွှတ်တော်တွင် တင်ပြခွင့်မရကြဘဲ ပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသာ ချထားပေးသည့် မေးခွန်းနှင့်အဆိုများကို မေးမြန်းတင်သွင်းရခြင်း၊ ပါတီ
ဗဟိုဦးစီးအဖွဲ့မှ ခွင့်ပြုချက်ယူရခြင်းများပြုလုပ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီမှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

“လွှတ်တော်တက်တာလည်း ရက်ကြာလာတော့ ကြံ့ခိုင်ရေးက အမတ်တွေနဲ့ ရင်းနှီးလာတယ်။ အဲဒီတော့


ကျနော်က မေးကြည့် တယ်။ ကြံ့ခိုင်းရေးအမတ်တွေက အဆိုတွေ၊ မေးခွန်းတွေ မတင်ဘူးလားဆိုတော့ သူက
ပြန်ဖြေတယ်။ ကြံ့ခိုင်ရေးမှာက ဗဟိုဦးစီး စနစ်ကျင့်သုံးတယ်။ အဆိုတွေ၊ မေးခွန်းတွေ
တင်ချင်တိုင်းတင်လို့မရဘူး။ ဗဟိုက ချပေးတာကိုတင်ချင်တင်၊ ကိုယ်တင်ချင်တာ ဆိုရင် ဗဟိုက
ခွင့်ပြုချက်ယူရမယ် ပြောတယ်”ဟု အထက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်အများစုသည် လွှတ်တော်တွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရခြင်းနှင့် ပါတီတွင်း


ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်မှုများအပေါ် လွန်စွာစိတ်ပျက်လျက်ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

“ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်ဆိုပေမယ့် တချို့ကစီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆရာဝန်ကြီးတွေ၊


ပါမောက္ခတွေ၊ ဗိုလ်မှူးကြီး
ဟောင်းတွေပါတယ်။ တက္ကသိုလ်က ပါမောက္ခဟောင်းတွေလည်း ပါတယ်။ သူတို့ကတော့လွှတ်တော်မှာ ဘာမှ
လုပ်ခွင့်မရတာ စိတ်ပျက်တယ်လို့ ညည်းတယ်။ ပါတီက အရင် မဆလ ပါတီလို ပုံစံမျိုးဖြစ်နေတယ်လို့
ပြောတယ်။ သူတို့က အဲဒီစနစ်ကို သဘော မတူ၊ မကြိုက်ဘူး”ဟု တိုင်းရင်းသား လွှတ်တော်အမတ် တဦးက
ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမိသားစုပိုင် ဓာတ်ဆီဆိုင်များ အခွင့်အရေးပိုရ
လင်းသန့် Wednesday, 06 April ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မိသားစုဝင်များသည် ပုဂ္ဂလိက ဓာတ်ဆီဆိုင် လုပ်ငန်းများပါ လုပ်ဆောင်နေကြပြီး


တခြားသော ဓာတ်ဆီဆိုင်များထက် အခွင့်အရေးပိုမို ရရှိနေကြောင်း သိရသည်။

“ဓာတ်ဆီဆိုင်တွေက ခွဲတမ်းက တဆိုင်နဲ့တဆိုင်က သိသိသာသာကွာခြားတယ်၊ အင်းစိန်က ဓာတ်ဆီဆိုင်က


ထွန်းနိုင် ရွှေရဲ့ဆိုင်ဆိုတော့ စာအုပ်မလုပ်ခင်တုန်းက ကားတစီးကို တနေ့ ၆ ဂါလန်၊ အခုကားတန်းက များတော့
တနေ့ ၄ ဂါလန် ရတယ်”ဟု ရန်ကုန်သားတဦးက ဧရာတီကို ပြောသည်။

ဦးထွန်းနိုင်ရွှေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သားတဦးဖြစ်ပြီး တခြားသော ပုဂ္ဂလိက ဓာတ်ဆီဆိုင်များထက်


ခွဲတမ်း ပိုရ ကြောင်း၊ ရန်ကုန်မြို့နှင့် အနီးတ၀ိုက် ဓာတ်ဆီဆိုင်များမှာလည်း ၄င်း၏ မိသားစုဝင်များ
လုပ်ကိုင်နေကြကြောင်း၊ တခြား ဓာတ်ဆီဆိုင်များတွင် တနေ့လျှင် ကားတစီးအတွက်၂ ဂါလန်၊ ၃ ဂါလန်သာ
ရကြကြောင်း ကားသမားတဦးက ပြောသည်။

“ဓာတ်ဆီဆိုင် လုပ်ငန်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပေးလိုက်တာက တကယ်ပေးတာ


မဟုတ်ဘူး၊ သူတို့အသိုင်းအ၀ိုင်းပဲရတာ၊ သူတို့ရာထူးပေါ်မူတည်ပြီး ခွဲတမ်းကလည်း မတူဘူးလေ”ဟု
အငှားယာဉ်မောင်း တဦး ကပြောသည်။

ပုဂ္ဂလိကဓာတ်ဆီဆိုင် လုပ်ငန်းများကို ဗိုလ်ချုပ်မှူးကြီး မိသားစုအပါအ၀င် ယခင်စစ်အစိုးရ


ထိပ်ပိုင်းခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများက လုပ်ပိုင်ခွင့်များရရှိနေကြပြီး
ဆီခွဲတမ်းပိုမိုရရှိရေးအတွက် အပြိုင်အဆိုင်ကြိုးစားနေကြသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက
ပြောသည်။

“ဆိုင်က ရောင်းတာက တဂါလန်၂၅၀၀ ကျပ်၊ ဓာတ်ဆီမှောင်ခိုဈေးကွက်မှာက အခု ၅၀၀၀ ကျော်နေပြီ၊ နယ်မှာ


၇၀၀၀ အထိ ရှိတယ်၊ အခုဟာက သင်္ကြန်ကြောင့်လည်း ပါတယ်၊ ခွဲတမ်း မတူတာတွေကြောင့်လည်း ပါတယ်၊
တရုတ်ပြည် ဘက်ကိုလည်း ပို့နေတာတွေကြောင့်ပါတယ်၊ သူတို့တွေပဲပို့ကြတာလေ”ဟု ဓာတ်ဆီလုပ်ငန်း
လုပ်နေသူ တဦးက ပြော သည်။

မြန်မာနိုင်ငံတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရပြီး ပြည်တွင်းတွင် လုံလောက်မှု


မရှိသော
ကြောင့်ဖြစ်ကြောင်း၊ သို့သော် ယခုအခါ တရုတ်ပြည်သို့ မြန်မာဘက်မှဘတရားမ၀င် နယ်စပ်ဖြတ်ကျော်
တင်ပို့မှုရှိနေ သည်ဟု အမည်မဖော်လိုသူ တရုတ်နယ်စပ်ရှိ အကောက်ခွန်ဋ္ဌာန အရာရှိတဦးက ပြောသည်။

ထို့အပြင် ဓာတ်ဆီမှောင်ခိုဈေးမြင့်တက်လာမှုများကြောင့် ဓာတ်ဆီတန်းစီကာ ပြန်လည်ရောင်းစားနေကြသည်မှာ


တွင် ကျယ်လာနေပြီး အထူးသဖြင့် အချိန်ပေးနိုင်သူ ပင်စင်စားများက အများစုဟု သိရသည်။

“ပင်စင်စားဆိုတော့ အချိန်ရှိတယ်၊ ဒါကြောင့် အခု တန်းစီနေတာ၊ အိမ်က မနက် ၃ နာရီ မတိုင်ခင် ကတည်းက
ထွက် လာတာ ဒီဆိုင်က ခွဲတမ်းပိုရတာတကြောင်း၊ ကိုယ့်စာအုပ်နယ်ဖြစ်နေတော့ ကံ ကောင်းတယ်ပြောရမလား၊
ဓာတ်ဆီ ပို ရတယ်၊ ပြန်ရောင်းစားတယ်၊ တဂါလန် ၄၆၀၀ ကျပ် ရတယ်”ဟု အငြိမ်းစားအရာရှိ တဦးက
ပြောသည်။
ဓာတ်ဆီတန်းစီရာတွင်လည်း အခက်အခဲ ဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်နေကြရကြောင်း၊ ကားတန်းများမှာ
ရှည်လျားလွန်း

သဖြင့် ညဥ့်နက်ပိုင်းကတည်းက လာရောက်တန်းစီနေရကြောင်း ရန်ကုန်မြို့ခံများက ပြောကြသည်။

“အခု မနက်၂ နာရီကတည်းက လာတန်းစီတာ၊ ဒါတောင် ကိုယ့်ရှေ့မှာ ကားတွေက ၁၀၀ လောက်ရှိနေပြီ၊


အနီးမှာလဲ ဆီး၊ ၀မ်း သွားဖို့နေရာကလည်း ဝေးတော့ ကျန်းမာရေးတောင် ထိခိုက်တယ်ဗျာ”ဟု အငြိမ်းစား အစိုးရ
ဝန်ထမ်းတဦး က ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ထိပ်ပိုင်းခေါင်းဆောင်များသည်


ပုဂ္ဂလိကပိုင်စီးပွား ရေးလုပ်ငန်းများစွာတွင် ယခုအချိန်ထိ အခွင့်ထူးများ ခံယူ၍ လုပ်ကိုင်နေကြသည်မှာ
အာဏာဆက်လက် ကိုင်စွဲထား

ခြင်းသာ ဖြစ်သည်ဟု စစ်တပ် အသိုင်းအ၀ိုင်းအတွင်း ပြောဆိုနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီကို ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာနမှ နှစ်စဉ် ဆီဂါလန် သန်း


၂၀၀ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဋ္ဌာနမှ တင်သွင်းခွင့်ရရှိခဲ့သည်ဟု
အဆိုပါ ၀န်ကြီး ဋ္ဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုအစိုးရသစ်လက်ထက်တွင် စွမ်းအင် ၀န်ကြီးဋ္ဌာနမှ ဆက်လက်လုပ်ကိုင် ခွင့်ရ၊ မရ မသိရသေးချေ။


သို့အတွက်လဲ အစိုးရသစ်ဝန်ကြီးများအတွင်း လောင်စာဆီတင်သွင်းခွင့်ရရေး
အကြိတ်အနယ်ကြိုးစားနေကြသည်။ သို့သော် ဗိုလ်ချုပ် မှူးကြီးထံမှ မည်သူ့ကိုခင
ွ့်ပြုမည်ကို
စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း နေပြည်တော်နှင့်နီးစပ်သောအသိုင်း အ၀ိုင်းမှ သိရ သည်။

“ဗိုလ်ချုပ်မှူးကြီးဆီက အမိန့်ကို အခုအစိုးရသစ်က စောင့်နေရတယ်ဆိုကတည်းက အခုထိသူက


အာဏာအရှိဆုံးဖြစ် နေတယ်ဆိုတာက လက်တွေ့နိုင်ငံရေးပဲ၊ အရှိတရားပဲ၊ သူ့မိသားစုအတွက်
သူကနောက်ဆုံးအချိန်ထိဆက်ရှိနေ လိမ့် မယ်”ဟု ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ တဦးကပြောဆိုသည်။

သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် ကပ်ဘေးများကြုံနိုင်


အောင်သက်ဝိုင်း Tuesday, 05 April 2011 14:36 ဧရာဝတီ

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ဒဏ်ကို တနှစ်ထက်တနှစ် ဆိုးဝါးစွာ တွေ့ကြုံနေရပြီး


မုန်တိုင်းနှင့် ငလျင်ခြိမ်းခြောက်မှု အန္တရာယ် မြင့်မားစွာ ရင်ဆိုင်နေရကာ နိုင်ငံ၏ စိုက်ပျိုးရေး၊ စီးပွားရေးနှင့်
လူမှုရေးကို အကြီးအကျယ် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ကြောင်း မြန်မာပညာရှင်များက ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က မြန်မာနိုင်ငံအနေနှင့် ၁၉၇၈ ခုနှစ်မှစတင်ပြီး


အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှု ၃ မျိုးကို အကြီးအကျယ်ခံစားနေရကြောင်း၊ ပထမ ပြောင်းလဲမှုမှာ ၁၉၇၈
ခုနှစ်မှ စတင်ပြီး မုတ်သုံဝင်ထွက်မှု ပြောင်းလဲလာခြင်း၊ ဒုတိယ ပြောင်းလဲမှုမှာ ၂၀၀၆ ခုနှစ်မှ စတင်ပြီး
မိုးတိမ်တောင်များ ဖြစ်ထွန်းလာခြင်း၊ တတိယပြောင်းလဲမှုမှာ အယ်လ်နီညိုနှင့် လာနီညာရာသီဥတုများ နှစ်စဉ်ကြုံ
တွေ့လာရခြင်းတို့ဖြစ်ကြောင်း ရှင်းပြသည်။
ဒေါက်တာ ထွန်းလွင်က “မြန်မာနိုင်ငံအနေနဲ့ တနှစ်ထက်တနှစ် ပိုပြီးပူလာတယ်။ မိုးရေချိန်တွေ လျော့လာတယ်။
အဆိုးဆုံးကတော့ ၂၀၀၆ ခုနှစ်ကစပြီး မုန်တိုင်းတွေ နှစ်စဉ်ဝင်နေတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို
တော်တော်ခံနေရတယ်” ဟု ပြောသည်။

၁၉၇၈ ခုနှစ် ရှေ့ပိုင်းကာလက မိုးရာသီစုစုပေါင်း ၁၇၄ ရက်ရှိခဲ့သော်လည်း ၁၉၇၈ နောက်ပိုင်းကာလမှ


ယခုအချိန်အထိ မိုးရာသီစုစုပေါင်း ၁၀၇ ရက်သာရှိတော့ပြီး မိုးရာသီကာလ တိုတောင်းလာကြောင်း၊ မုတ်သုံမိုး
အ၀င်နောက်ကျခြင်း၊ အထွက်စောခြင်းများရှိလာကြောင်း၊ မိုးကြို၊ မိုးနှောင်းကာလများတွင် မုန်တိုင်းများ
ဆက်တိုက်ဝင်လာကြောင်း သိရသည်။

“မုတ်သုံအ၀င် မမှန်တဲ့အတွက် မိုးရွာသွန်းမှုက စိုက်ပျိုးရေးအထောက်အကူပြုတဲ့ မိုးမဟုတ်တော့ဘူး။


ရွာရမယ့်အချိန်မှာ မရွာဘူး။ မရွာရမယ့်အချိန်မှာ ရွာတယ်။ ရွာပြန်တော့လည်း သည်းသည်းမည်းမည်းရွာတာ။
နေရာကွက်ပြီး ရွာတော့ သီးနှံတွေပျက်တာ၊ ရေတွေကြီးတာတွေ ဖြစ်တယ်” ဟု ဒေါက်တာ ထွန်းလွင်က
ပြောသည်။

၁၉၇၈ ခုနှစ်မတိုင်မီက တနှစ်လျှင် ပျမ်းမျှ မုန်တိုင်း ၁၀ ခု ၀င်လေ့ရှိပြီး မုန်တိုင်းအားလုံးမှာ မိုးရာသီကာလ


ဖြစ်သော ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာများတွင် ဖြစ်ပေါ်ကာ အားလုံးသည် အင်အား ပြင်းထန်လေ့မရှိကြောင်း၊
၁၉၇၈ နောက်ပိုင်းကာလတွင်မူ တနှစ်လျှင် မုန်တိုင်း ၆ ခု ပျှမ်းမျှ ၀င်လေ့ရှိပြီး မုန်တိုင်းအားလုံးမှာ
အလွန်အင်အား ပြင်းထန်သော မုန်တိုင်းများဖြစ်လာကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှစတင်ပြီး မိုးတိမ်တောင်များ ပိုမိုဖြစ်ထွန်းလာပြီး လေဆင်နှာမောင်းများ တိုက်ခတ်ခြင်း၊


မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာခြင်းသည်လည်း မြန်မာ့ရာသီဥတု ပြောင်းလဲမှုအတွက် ထူးခြားမှုများဖြစ်သည်ဟု
ဒေါက်တာ ထွန်းလွင်က ပြောသည်။

၎င်းက “၁၉၅၇ ခုနှစ်က ရန်ကုန်မှာ လေဆင်နှာမောင်း တိုက်ခဲ့ဖူးတယ်။ အဲဒီအတည်းက လေဆင်နှာမောင်း


မတိုက်ခဲ့တာ ၂၀၀၆ ခုနှစ်အထိ နှစ်ပေါင်း ၅၀ တိတိကြာတယ်” ဟု ဆိုသည်။

၂၀၀၆ ခုနှစ်တွင် လေဆင်နှာမောင်း ၁၆ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၁၀၀ ကျော်၊ ၂၀၀၇ ခုနှစ်တွင်
လေဆင်နှာမောင်း ၁၁ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၆၀ ကျော်၊ ၂၀၀၈ ခုနှစ်တွင် လေဆင်နှာမောင်း ၈ ကြိမ်၊
မိုးကြိုးပစ်၍ သေဆုံးသူ ၈၀ ကျော်၊ ၂၀၀၉ ခုနှစ်တွင် လေဆင်နှာမောင်း ၁၆ ကြိမ်၊ မိုကြိုးပစ်၍ သေဆုံးသူ ၁၀၀
ကျော်၊ ၂၀၁၀ ခုနှစ်တွင် လေဆင်နှာမောင်း ၁၈ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၄၀ ကျော်၊ ယခု ၂၀၁၁ ခုနှစ်
မတ်လအထိ လေဆင်နှာမောင်း ၂ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၃ ဦးကြောင်း သိရသည်။

၁၉၆၈ ခုနှစ်တွင် စစ်တွေမြို့သို့ ၀င်ရောက်ခဲ့သော မုန်တိုင်းကြီးကြောင့် လူပေါင်း ၁၀၃၁ ယောက် သေဆုံးခဲ့ပြီး


မြန်မာနိုင်ငံတွင် ယခင်က လူအသေအပျောက်အများဆုံး မုန်တိုင်းဖြစ်ခဲ့ကြောင်း၊ သို့သော် ၂၀၀၈ ခုနှစ်တွင်
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ဧရာဝတီတိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့သောအခါတွင်မူ လူပေါင်း ၁ သိန်း ၎
သောင်းနီးပါး သေဆုံးခဲ့ပြီး ကမ္ဘာပေါ်တွင် နံပတ် (၈) အဆင့် လူအသေအပျောက်အများဆုံးသော
မုန်တိုင်းစာရင်းဝင်သွားမှုကလည်း မြန်မာ့ရာသီဥတု ဆိုးရွားလာမှုကို ပေါ်လွင်စေကြောင်း ဒေါက်တာထွန်းလွင်က
ပြောသည်။

၁၉၇၈ ခုနှစ်မတိုင်မီကာလများက အယလ်နီညို၊ လာနီညာရာသီဥတုကို ၇ နှစ် (သို့မဟုတ်) ၅ နှစ်လျှင် ၁


ကြိမ်သာ ခံစားရသော်လည်း ယခုအခါတွင်မူ နှစ်စဉ်ဆက်တိုက် (သို့မဟုတ်) ၂ နှစ် ၁ ကြိမ် ခံစားလာရကြောင်း၊
ယမန်နှစ်က အယ်လ်နီညို ရာသီဥတုကြောင့် အလွန်ပူပြင်းပြီး မြင်းမူမြို့တွင် အပူချိန် ၄၇.၂ ဒီဂရီစင်တီဂရိတ်
ရောက်ရှိပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော အပူချိန်စံချိန်သစ် တင်ခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် တွေ့ကြုံလာရသော အစွန်းရောက် ရာသီဥတုပြောင်းလဲမှုများကြောင့်


ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသည် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှု အနည်းဆုံးသောဒေသတခု ဖြစ်လာကြောင်း
ပြည်တွင်းမှ ပညာရှင်များက ဆိုသည်။

ထို့အပြင် စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်တွင် တည်ရှိသော မြို့တော်ကြီးများသည် ငလျင်အန္တရာယ် အထူးဂရုစိုက်ရန်


လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ပညာရှင်တဦးက စစ်ကိုင်းပြတ်ရွေ့တလျှောက်တွင် မြေနုချပ် ၂ ခုရွေ့နေပြီး


အနောက်ဘက်ခြမ်းတွင် မြန်မာမြေနုချပ်၊ အရှေ့ဘက်ခြမ်းတွင် ဥရောပအာရှမြေနုချပ်တို့
ပြတ်ရွေ့ကြောင်းတလျှောက် ရွေ့လျားနေကြပြီး တိုင်းတာချက်များအရ ၁ နှစ်လျှင် ၁၈ မီလီမီတာ
ရွေ့လျားနေကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ တလျှောက်တွင် တည်ရှိသော မြို့တော်များဖြစ်သည့် မန္တလေး၊
နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ ပုဂံ၊ တောင်တွင်းကြီး၊ ပဲခူးအပါအ၀င် လူနေထူထပ်သော မြို့ကြီးများစွာ
ငလျင်အန္တရာယ် ကြုံတွေ့နိုင်ကြောင်း ပြောသည်။

“လူဦးရေထူထပ်တဲ့ မန္တလေးနားက စစ်ကိုင်းပြတ်ရွေ့က ဖြတ်သွားတယ်။ မန္တလေးက အောက်ခံမြေသား


ပျော့တယ်။ နုန်းတင်မြေနုဖြစ်တယ်။ နောက်ပြီး မန္တလေးက တိုက်တွေက စံချိန်စံညွှန်း မရှိဘူး။ ဖောင်ဒေးရှင်းဘ
သေသေချာချာမလုပ်ဘဲ အပေါ်အမြင်ပိုင်းလှအောင် ဆောက်ကြတာများတယ်။ ငလျင်
အန္တရာယ်အစိုးရိမ်ရဆုံးနေရာတွေပဲ။ နေပြည်တော်ကလည်း ငလျင်ကြောပေါ်မှာရှိတယ်” ဟု
ဘူမိဗေဒပညာရှင်တဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်နိုင်သော ငလျင်ကြောများစွာရှိပြီး ရခိုင်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့၊ ရှမ်းပြည်နယ်


မေမြို့အနီးရှိ ကျောက်ကြမ်းပြတ်ရွေ့၊ ပဲခူးရိုးမအနောက်ဘက်ခြမ်းပြတ်ရွေ့၊ သံတွဲ၊ ဗန်းမော်နှင့်
အနောက်မြောက်ဘက်ရှိ အမည်မပေးရသေးသော ပြတ်ရွေ့များစွာရှိကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ
နယ်စပ်အနီးသည် ငလျင်အလှုပ်ဆုံးသော နေရာတခုဖြစ်ပြီး ရွှေလီပြတ်ရွေ့တည်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်
အပြင်းဆုံး လှုပ်ခတ်ခဲ့သော ငလျင်မှာ ၁၉၁၂ ခုနှစ်က မေမြို့အနီး ကျောက်ကြမ်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့်
ဖြစ်ပေါ်သော အင်းအား ၈ ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်ကြီးဖြစ်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့တလျှောက်တွင်မူ
လှုပ်ခတ်ခဲ့သော ငလျင်များတွင် ၇.၅ အဆင့်ရှိ ငလျင်ကသာ အပြင်းထန်ဆုံးဖြစ်ကြောင်း ထိုပညာရှင်က
ပြောသည်။

၎င်းက ဆက်လက်၍ “၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး ပြီးကတည်းက ငလျင်ကြီးတွေ မလှုပ်တော့တာ ခုဆိုရင်


နှစ်ပေါင်း ၈၀ ကြာပြီးဆိုတော့ ငလျင်အန္တရာယ်ကတော့ သတိပြုရမယ့်အဆင့် ရောက်နေတယ်။ ငလျင်က
မုန်တိုင်းလိုမျိုး ကြိုပြီးတော့လည်း မသိနိုင်တော့ သတိထားတာက မမှားဘူး” ဟု ပြောသည်။

ယခုနှစ် မတ်လ ၂၄ ရက်က ရှမ်းပြည်အရှေ့ပိုင်းတွင် ရစ်ခ်ျစတာ စကေး ၇ ရှိ လှုပ်ခတ်သည့် ငလျင်ဒဏ်ကြောင့်


တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် လူ ၃၀၀
ကျော်သေဆုံးပြီး အိမ်ခြေ၊ ရုံးနှင့် သာသနိက အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် အစိုးရက အလေးထား အာရုံစိုက်ခြင်း မရှိသည့်အတွက်


နောင်အနာဂတ် မျိုးဆက်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများကို
ခါးစည်းခံစားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ပြတ်လပ်ခြင်းစသည့်
ကပ်ဘေးများ ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ပြည်တွင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက
သုံးသပ်ကြသည်။

အင်တာနက် ဆိုင်များ ရှောင်တခင်စစ်ဆေးခံရ


နရီလင်းလက် Tuesday, 05 April ဧရာဝတီ

ပိတ်ပင်ထားသည့် အင်တာနက် အသုံးပြု၍ တယ်လီဖုန်းခေါ်ဆိုမှုများ ဆက်လက် သံုး စွဲမှု ရှိမရှိကို ရန်ကုန်မြို့


တွင်းရှိ အင်တာနက် ဆိုင်များသို့ ယမန်နေ့တွင် အာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုများပြုလုပ်သွားသည်ဟု
သိရသည်။

ရန်ကုန်မြို့တွင်းရှိ ဆူးလေ ၊ ပန်းဆိုးတန်း ၊ လှည်းတန်း ၊ တာမွေ ၊ ကျောက်မြောင်း စသည့် နေရာများအပါအ၀င်


မြောက်ဥက္ကလာ မြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်များကို ယခု ရက်ပိုင်းအတွင်း
အထူးစုံစမ်းစစ်ဆေးရေး(စစစ) မှ တာဝန်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့သည်ဟု အင်တာနက်ဆိုင်ဝန်ဆောင်မှု
လုပ်ကိုင်သူများက ပြောသည်။

ပြည်ပသို့ ခေါ်ဆိုရာတွင် အများပြည်သူသုံး Public Access Center (PAC) နှင့် ဆိုက်ဘာကဖေးများမှ အများဆုံး
အသုံးပြု နေ သည့် Skype, G-talk, Pfingo, VZO စသည့် VOIP အသုံးပြုခေါ်ဆိုနေမှုသည် နိုင်ငံခြားခေါ်ဆိုမှုမှ
ရရှိသည့်ဝင်ငွေ ကျဆင်း စေသောကြောင့် ဆက်လက်အသုံးပြုမခေါ်ဆိုရန် ယခင်လက
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။

“မနေ့က အရပ်ဝတ်တွေနဲ့ ဆိုင်ထဲဝင်လာပြီး အင်တာနက်သုံး ဖုန်းမခေါ်ဖို့ ၊ ခေါ်နေတာတွေ့ရင် တရားဥပဒေအရ


အရေး ယူ မယ် ဆိုပြီး ပြောတယ်။ သူတို့ ပါးစပ်ကနေပြောတဲ့ ဥပဒေဆိုတာပဲ သိရတယ်။ ဘယ်လို ဥပဒေနဲ့
ငြိတယ်ဆိုပြီး မပြောသလို ဘာဥပဒေမှန်းလဲ မသိရဘူး”ဟု ဆူးလေဘုရားအနီး ဖွင့်လှစ်ထားသည့်
အင်တာနက်ဆိုင်မှ တာဝန်ရှိသူတဦးက ဧရာဝတီကို
ပြောပြသည်။

သူက ဆက်၍ “Gtalk တို့ ၊ VZO တို့ ဆိုတာ အလကားခေါ်ပြီး သုံးနေတဲ့ ၀န်ဆောင်မှု၊ သူတို့ ဘယ်လို ပိတ်ပိတ်၊
သုံးလို့ ဖမ်းမ ယ်ဆို အကုန်ပါမှာပဲ။ Pfingo ကတော့ ပိုက်ဆံပေးခေါ်ရတာ၊ ဆက်သွယ်ရေးအနေနဲ့ ဒီလို
အင်တာနက်ကနေ အများစု ခေါ်နေ တော့ နိုင်ငံခြားခေါ်ဆိုမှုကရတဲ့ ၀င်ငွေကျတယ်ဆိုပြီး
မခေါ်ရဘူးလုပ်လိုက်တာ ၊ ဆိုင်အများစုက ဒီဝန်ဆောင်မှုပေးပြီး ရပ် တည်နေတာ ဆိုတော့ ထုတ်ချင်တာထုတ်
ခိုးပြီး ခေါ်ပေးနေတာတွေ ရှိတယ်။ ဒါကို သူတို့က သိတော့ ကွန်ပျုတာတွေ ၀င်စစ် တဲ့ သဘောပါပဲ”ဟုလည်း
ပြောသည်။

အင်တာနက်ဖုန်းခေါ်ဆိုမှု မပြုလုပ်ရန် ပိတ်ပင်လိုက်ပြီးနောက် အင်တာနက်ဆိုင်များရှေ့တွင် ခေါ်ဆိုနိုင်သည့်


နိုင်ငံနှင့် ကျသင့် ငွေ ပမာဏများ ပါဝင်သည့် ကြော်ငြာများ၊ ဆိုင်တင
ွ်း နိုင်ငံခြားခေါ်ဆိုနိုင်သည်ဟု ကပ်ထားသည့်
စာရွက်များကို ဖြုတ်ချလိုက်ရ သည်ဟု သိရသည်။

“CCTV တွေ အင်တာနက်ဆိုင်တိုင်းမှာ တပ်ရမယ်တုန်းကလည်း အပြလောက်ပဲ တပ်ကြတာ။ သုံးစွဲသူတွေ


စိတ်အနှောင့် အယှက်ဖြစ်တော့ ကိုယ့်ဆိုင်မလာတော့ရင် စီးပွားပျက်ပြီလေ။ သူတို့ တခုပြီး တခု
စိတ်ကူးပေါက်ရာ လျှောက်လုပ်တာကို ခံရ တာ သုံးစွဲသူနဲ့ ဆိုင်ရှင်ပဲ။ သုံးစွဲသူတွေရှိမှ ဆိုင်က ရပ်တည်လို့ ရမှာ။
လောလောဆယ်တော့ Pfingo တွေကို ဒတ်စတော့ ပေါ်မှာ မတင်ဘဲ ခဏ ဖြုတ်ချထားတယ်”ဟု
မြောက်ဥက္ကလာပမြို့နယ်ရှိ အင်တာနက်ဆိုင် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်းရှိ အင်တာနက်ဆိုင် အများစုတွင် ဖုန်းခေါ်ဆိုမှုကို အဓိက ၀န်ဆောင်မှုပေး ရပ်တည်နေသည့်ဆိုင်နှင့်


ပုံမှန် အင်တာ နက် သုံးစွဲမှုအတွက် အဓိက ၀န်ဆောင်မှုပေးသည့်ဆိုင် ဟူ၍ ၂ မျိုး ခွဲနိုင်ကြောင်း သိရသည်။

အဆိုပါ အင်တာနက်ဆိုင် ၀န်ထမ်းက ဆက်၍ “Pfingo နဲ့ Skype ကတော့ အဆင်ပြေသလို အခြေအနေကြည့်ပြီး
ခေါ်ပေး နေတယ်။ ဖုန်းလိုင်းကနေ နိုင်ငံခြားကို ဖုန်းခေါ်ရင် ဈေးဒီလောက်ကြီးတာ မွဲသွားမှာပေါ့။ ပြည်ပမှာ
အလုပ်သွားလုပ်နေတဲ့ သူနဲ့ ပြည်တွင်းက ဆက်သွယ်ဖို့ဆိုတာ အလွယ်ကူဆုံး ၊ အသက်သာဆုံးက
အင်တာနက်က ခေါ်တာပဲ။ ဒီထက် အတင်းအကျပ် လုပ်လာရင်တော့ လုံးဝခေါ်မရတော့တဲ့ အခြေအနေဆိုရင်
ပြဿနာတွေ အများကြီးရှိလာနိုင်တယ်”ဟု ပြောသည်။

အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြု ခေါ်ဆိုခမှာ စင်ကာပူ၊ မလေးရှားနှင့် အာရှနိုင်ငံများသို့ ၁


မိနစ်လျှင် ၅၀ ကျပ်၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၂၀၀ ကျပ်၊ တောင်အာဖရိကနိုင်ငံသို့ ၁ မိနစ်လျှင် ၄၀၀
ကျပ်နှုန်း ရှိသည်ဟု သိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းလိုင်း အသုံးပြုခေါ်ဆိုပါက စင်္ကာပူနိုင်ငံသို့ ၁ မိနစ်လျှင်


အမေရိကန် ဒေါ်လာ ၁.၇၅ ဒေါ်လာ(၁၆၀၀ ကျပ်ခန့်)၊ ထိုင်းနိုင်ငံသို့ ၁ မိနစ်လျှင် ၁.၄ ဒေါ်လာ(၁၀၀၀ ကျပ်ခန့်)၊
အမေရိကန်သို့ ၁ မိနစ်လျှင် ၄.၅ ဒေါ်လာ(၃၂၀၀ ကျပ်ခန့်) သတ်မှတ်ထားသည်။

မြန်မာအင်ဖိုတက်ခ်နှင့်နီးစပ်သူတဦးက“လက်ရှိ ဥပမာ ပြရရင် ပြည်တွင်းကနေ အခု Facebook ၀င်ဖို့ကျော်ပြီး


ဝင်နေရတယ်။ Gtalk ကိုလည်း နောင် ဒီလို ဖြစ်အောင် လုပ်သွားမယ့် အလားအလာရှိနေတယ်။
အင်တာနက်လိုင်း နှေးအောင်လုပ်ပြီး သုံး မရအောင် ၊ အလွယ်တကူ ၀င်မရအောင် လုပ်တာမျိုးတွေပေါ့”ဟု
ပြောသည်။

“စနစ်တွေက အခုတမျိုး တော်ကြာတမျိုးဆိုတော့ လူတွေက သူတို့ကို မီအောင်လိုက်နိုင်ဖို့


တော်တော်မလွယ်ဘူး။ ဒီလို ခဏ ခဏ ပြောင်းလို့ လဲ ဘာမှ ဖြစ်မလာတာ။ တခု ပြောင်းလို့ အထိုင်
မကျသေးဘူး။ နောက် နည်းစနစ် တခု ပြောင်း။ အရင် က (PAC) လိုင်စင်ထုတ်ပေးတာနဲ့ ပတ်သက်ပြီး
မြန်မာအင်ဖိုတက်ခ်ကို လုပ်ခွင့်ပေးထားတာကနေ အကျိုးအမြတ် အများကြီးရနိုင်တယ်ဆိုတာ သိတော့
ဆက်သွယ်ရေးက သူတို့ပဲ လိုင်စင်ချပေးတာ လုပ်တော့မယ်ဆိုပြီး ပြန်ယူသွားပြန်ပြီ”ဟု ၎င်းက ဆက် ၍
ပြောသည်။

မြန်မာအင်ဖိုတက်ခ်မှ ဆောင်ရွက်လျက် ရှိနေသည့် အများသုံး အင်တာနက် ၀န်ဆောင်မှုလုပ်ငန်း(PAC)


လိုင်စင်များနှင့် သက် ဆိုင်သော ကိစ္စရပ်များကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယခုလဆန်းမှ စတင်၍
လွှဲပြောင်း ရယူခဲ့ကြောင်း သတင်းရ ရှိသည်။

မြန်မာအင်ဖိုတက်ခ်နှင့်နီးစပ်သူ နည်းပညာရှင်တဦး က“ဆက်သွယ်ရေးက လွှဲယူလိုက်တယ်ဆိုပေမယ့် မြန်မာ


အင်ဖိုတက်ခ် က လက်ခံထားတဲ့ လိုင်စင် တချို့ကို လက်စ သတ်လုပ်ပေးနေတယ်။ အစိုးရသစ်တက်လာပြီး
မူဝါဒအပြောင်းအလဲ ရှိနေတော့ ဆက်လုပ်ခွင့်ပေးသွားမလား မပေးဘူးလား ဆိုတာ မသေချာဘူး”ဟု
ပြောသည်။
“သေချာတာတခုကတော့ အင်ဖိုတက်ခ်မှာ ရှယ်ယာဝင်ထားတဲ့ လုပ်ငန်းရှင်တွေက သိပ်မကျေနပ်ကြဘူး။
ဒီနှစ်အတွက် ရှယ် ယာဝင်ထားတဲ့ ပိုက်ဆံတွေ အကျိုးအမြတ်ရလို့ ထုတ်တဲ့အချိန်လည်းဖြစ်တော့ နောက်နှစ်
သူတို့ကို လုပ်ခွင့်မပေးတော့ဘူး ဆို ရှယ်ယာတွေ ပြန်ထုတ်ပြီး တခြားလုပ်ငန်းပြောင်းလုပ်ရတော့မယ်”ဟုလည်း
သူက ပြောသည်။

ယခင်က မြန်မာအင်ဖိုတက်ခ် ကော်ပိုရေးရှင်း လီမိတက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် PAC


လိုင်စင်ထုတ် ပေးသည့် ၀န်ဆောင်မှုကို တဦးတည်းလုပ်ကိုင်ခွင့်ရရှိထားပြီး နည်းပညာနယ်ပယ်တွင်
ပထမဆုံးသော အများပိုင်ကုမ္ပဏီ ဖြစ်ပြီး နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခွင့်
ရနေသည်။

ယမန်နှစ် မတ်လက မြန်မာအင်ဖိုတက်ခ်၏ နှစ်ပတ်လည် အစီရင်ခံစာအရ ကုမ္ပဏီ၏ ဝင်ငွေ ကျပ်သိန်း ၈၀၀၀


ကျော်ရရှိခဲ့ကြောင်း၊ PAC များမှရရှိသည့် ၀င်ငွေသည် ကျပ်သိန်း ၃၅၀၀ ၀န်းကျင်ဖြင့် အများဆုံးရကြောင်း
သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ထိ မြန်မာအင်ဖိုတက်ခ်၌ မှတ်ပုံတင်ထားသော PAC စင်တာအရေ


အတွက်မှာ စုစုပေါင်း ၈၀၂ ခုရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်း၌ ၅၅၇ ခု၊ ရန်ကုန်စည်ပင်သာယာ
နယ်နိမိတ်ပြင်ပ၌ ၂၇ ခု၊ မန္တလေးမြို့ ၌ ၂၁ ခုနှင့် အခြားသော မြို့များ၌ ၁၉၇ ခု အစရှိသဖြင့် စုစုပေါင်း ၈၀၂
ခုရှိသည်။

အစိုးရသစ် နယ်စပ်အရေး ကိုင်တွယ်ရန် တရုတ်မျှော်လင့်


ဧရာဝတီ Tuesday, 05 April ဧရာဝတီ

မကြာသေးမီက ကျမ်းသစ္စာ ကျိန်ဆိုပြီးသော သမ္မတသစ် ဦးသိန်းစိန်ကို ပထမဆုံးသော


ပြည်ပကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင် နံပတ် ၄ အဆင့်ရှိ မစ္စတာ ကျာ ချင်းလင်က
ယမန့်နေ့တွင် လာရောက်တွေ့ဆုံသည်။

ဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို


အမြဲတမ်းကော်မတီဝင်နှင့် တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရင့် ၁၁ ကြိမ်မြောက် အမျိုးသားကော်မတီ
ဥက္ကဋ္ဌ မစ္စတာ ကျာ ချင်းလင် သည် ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ အဆင့်မြင့်
ဆက်ဆံရေး တိုးမြှင့်သွားရေး၊ တရုတ်-မြန်မာ နယ်စပ်ကိစ္စနှင့် စီးပွားရေးဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးကြောင်း
ဆင်ဟွာသတင်းဌာနက ရေးသားသည်။

“မြန်မာအစိုးရသစ်အနေနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် တည်ငြိမ်တဲ့


ပတ်ဝန်းကျင် ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မစ္စတာ ကျာ ချင်းလင်က ထုတ်ဖော်ပြောဆိုကြောင်း
ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြသည်။

မြန်မာအစိုးရသစ် တက်လာသော်လည်း တရုတ်အပေါ် မြန်မာနိုင်ငံ၏ မူဝါဒများ ပြောင်းလဲခြင်းမရှိဟု မြန်မာ


သမ္မတသစ်က အတည်ပြုကြောင်း၊ အဓိကကျသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်
အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း တရုတ်မီဒီယာများက ရေးသားကြသည်။
သို့သော် အစိုးရထိန်းချုပ်သော မြန်မာ သတင်းစာများကမူ “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့်
တိုးတက်ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်မှန်သမျှ တရုတ်နိုင်ငံက ဆန့်ကျင်” မည်ဟု
ပြောကြောင်း အသားပေးဖော်ပြထားသည်။

တရုတ်နှင့် မြန်မာသည် နိုင်ငံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရက


ွ်နေကြသည့်
အိမ်နီးချင်းနိုင်ငံများဖြစ်သော်လည်း နှစ်နိုင်ငံနယ်စပ်ရှိ မြန်မာ တိုင်းရင်းသားလူမျိုးစုများ အရေးနှင့် ပတ်သက်၍
မတူသော အမြင်များရှိနေကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော်မှ အဆင့်မြင့်အရာရှိတဦးက တရုတ်-မြန်မာ နယ်စပ်ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်


(UWSA) စသည့် တိုင်းရင်းသားတပ်ဖွဲ့များအရေးနှင့် ပတ်သက်၍ “ဟုတ်ပါတယ်၊ နယ်စပ်ပြဿနာဟာ
တရုတ်အတွက် ခေါင်းခဲစရာဖြစ်ပါတယ်။ ဒီနယ်စပ် တိုင်းရင်းသားအရေးကို ကိုင်တွယ်ဖို့
တရုတ်ရဲ့အကူအညီလိုပေမယ့် တရုတ်က မပေးချင်ဘူး။ တရုတ်က မြန်မာအစိုးရကို ကိုယ့်ဟာကိုယ်
ပြေလည်အောင် ဖြေရှင်းစေချင်နေတယ်” ဟု ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်အဖွဲ့ (ခေါ်) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ


မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ကို နအဖစစ်အစိုးရက ထိုးစစ်ဆင်ခဲ့ရာတွင် ဒေသခံ တရုန်-
ကိုးကန့် ၃ သောင်း ၇ ထောင်ကျော် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့သည်။

ထိုသို့ ထိုးစစ်ဆင်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကိုးကန့်အဖွဲ့နှင့် တခြားသော


တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် နအဖစစ်အစိုးရက ကမ်းလှမ်းထားသော အပစ်အခတ်ရပ်စဲရေးနှင့်
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးတို့ကို ငြင်းပယ်ခဲ့သည်။

တရုတ်အဆင့်မြင့် ကိုယ်စားလှယ် မစ္စတာ ကျာ ချင်းလင်ကို သမ္မတ ဦးသိန်းစိန်အပါအဝင် ဒု သမ္မတနှင့်


ကုန်သွယ်ရေးမူဝါဒကောင်စီ ဥက္ကဋ္ဌ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် စသူတို့က လက်ခံတွေ့ဆုံခဲ့သည်။ မစ္စတာ ကျာ ချင်းလင်သည်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။

တရုတ်ကိုယ်စားလှယ် အဖွဲ့သည် ယင်းတို့၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရသစ်နှင့် စီးပွားရေးဆိုင်ရာ


သဘောတူညီချက် စာချုပ် ၅ ခုချုပ်ဆိုသည်။ ယင်းတို့အထဲတွင် တရုတ်နိုင်ငံက မြန်မာသို့ တရုတ် ယွန်ငွေ
ဘီလီယံ ၃၀ ချေးငွေအောက်မှ ပထမအသုတ် ချေးငွေ သဘောတူစာချုပ်၊ စီးပွားရေးနှင့် နည်းပညာ
ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ
သဘောတူညီချက်များပါဝင်သည်။

မစ္စတာ ကျာ ချင်းလင်သည် သူရ ဦးရွှေမန်း၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး မြန်မာခရီးစဉ်ပြီးလျှင်


သြစတြေးလျနှင့် ဆာမိုအာ နိုင်ငံများသို့ ခရီးဆက်မည်ဖြစ်သည်။

ဂျပန်ပြည်က ငလျင်နှင့် ဆူနာမိသင့်ပြည်သူများအတွက် အင်န်အယ်ဒီပါတီက ဆုတောင်းပွဲ ကျင်းပ


မိုးမခဓာတ်ပုံသတင်း
မတ် ၆၊ ၂၀၁၁
ယမန်နေ့က အင်န်အယ်ဒီပါတီရုံးချူပ်မှာ ပါတီဝင်များ၊ လူငယ်များ၊ ကဗျာဆရာနဲ့ အနုပညာရှင်များ စုပေါင်းတဲ့
ကဗျာရွတ်ဆိုခြင်းနဲ့ အမှတ်တရလက်ကမ်းစာအုပ် ဖြန့်ချိပြီးတော့ မတ်လ ၁၁ ရက်နေ့က ငလျင်နဲ့ ဆူနာမိသင့်
ဂျပန်ပြည်သူတွေအတွက် ၀မ်းနည်းတဲ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲသည်ကဗျာစာအုပ်က
စာမျက်နှာ အချို့ကို သည်မှာ ကြည့်နိုင်ပါတယ်။

ဦးဝင်းတင်၏ ကဗျာ

ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ
Posted by MoeMaKa at 3:04 PM 0 comments

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)


ကွယ်လွန်ခြင်း ၃ နှစ်ပတ်လည်
နယူးယောက်မှာ ကျင်းပ
မိုးမခအထောက်တော် နယူးယောက်
ဧပြီ ၅၊ ၂၀၁၁မိ
မိုးမခ

ဧပြီလ ၃ ရက်၊ တနင်္ဂနွေနေ့က နယူးယောက်မြို့တော်၊ ၀ုဒ်ဆိုက်ဒ်၊ မဟာအောင်မြေဘုန်းကြီးကျောင်း ခန်းမမှာ


အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ပရိသတ် စာပေချစ်သူ ၅၀ ဦးကျော် တက်ရောက်ပါတယ်။
ကျောင်းတိုက်ဆရာတော် ဦးဝေလာသ ကို ဆွမ်းကပ်ပြီး တရားနာကြားပါတယ်။ ဦးသောင်းရဲ့ မိတ်ဆွ
ဦးခင်မောင်ကြီး (စာရေးဆရာ စိုင်းသီဟ)၊
ဦးဝင်းအောင် (စာရေးဆရာ မောင်အောင်မွန်) နဲ့

ဦးဝင်းဖေ (ကဗျာဆရာ မောင်စွမ်းရည်) တို့က အမှတ်တရ စကားများ ပြောကြားကြပါတယ်။


နယူးယောက်မြို့တော်ရဲ့ မြန်မာစာစောင်ဖြစ်တဲ့ ပြည်သူ့အမြင်အဖွဲ့က ကြေးမုံဦးသောင်း ၃ နှစ်ပတ်လည်
အမှတ်တရ လက်ကမ်းစာစောင် ရိုက်နှိပ် ဖြန့်ချိခဲ့ပါတယ်။
သည်နေရာမှာ ဒေါင်းလုပ်ရယူပါ။ http://moemaka.net/displayimage.php?pid=2217
သတင်းပေးပို့သူ စာရေးဆရာ ရွှေပြည်စိုးနဲ့ ဓာတ်ပုံဆရာ K Hein တို့ကို ကျေးဇူးတင်ပါကြောင်း။

ရခိုင်သဟာရအသင်းကြီး
မှတ်စုမှတ်တမ်း
ဧပြီ ၅ ၂၀၁၁မိ
မိုးမခ

(ရခိုင်သဟာရအသင်းအကြောင်းကို အသင်းတွင် အမှုဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးထွန်းဝင်း


(နယူးယောက်ပြည်နယ်) ထံက မေးမြန်းပြီး စုစည်းတင်ပြပါသည်)
အသင်း၏ မြစ်ဖျားခံရာ - ဗြိတိသျှလက်ထက်၊ ကိုလိုနီခေတ်ကတည်းက Arakan Social Club ဆိုပြီးတော့
စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အိုင်စီအက်စ် ဦးစိန်ညိုထွန်း၊ ဘီလူးဦးကျော်မင်း၊ ဦးအောင်သာထွန်းဆိုတဲ့
ရှေးက ရခိုင်လူကြီးများ ပါဝင်ခဲ့တယ်လို့ မှတ်မိပါတယ်။ အသင်းတည်နေရာက ဗိုလ်အောင်ကျော်လမ်းနဲ့
ဗိုလ်ချူပ်လမ်း ထောင့်မှာ ဖြစ်ပါတယ်။ ရှေးက ကုန်သည်ကြီးတွေ၊ ပညာတတ်ကြီးတွေ၊ အရာရှိကြီးတွေ၊
ရှေ့နေကြီးတွေနဲ့ စုစည်းပြီး အသင်းဖြစ်ပေါ်လာတယ် လို့ ဆိုပါတယ်။

ရခိုင်သဟာရအသင်း စတင်ခဲ့ပုံ - ၁၉၆၁ ခုနှစ်မှာ ဒေါက်တာ ဦစောမြအောင်က ဥက္ကဋ္ဌအဖြစ် စတင်ပြီး


ရခိုင်သဟာရအသင်း အမည်ဖြင့် စတင်ထူထောင်လိုက်တာဖြစ်ပါတယ်။ ရခိုင်သဟာရအသင်းမှာ
မြို့နယ်ပေါင်းစုံက လူကြီးများ၊ မြို့မိ မြို့ဖများ ပါဝင်နိုင်အောင် ဖိတ်ခေါ် ဆောင်ရက
ွ်ခဲ့ပါတယ်။ ရခိုင်ဆိုတာက
အမျိုးကို အစွဲပြုပြီး ခေါ်ဝေါ်တာ၊ သဟာရဆိုတာက အတူတကွ ပေါင်းသင်းဆက်ဆံရေးလို့ ဆိုလိုပါတယ်။
အသင်း၏ ဖွဲ့စည်းပုံ - ဆောင်ပုဒ်ကတော့ “ကိုယ်ကျိုးမပါ၊ အများကောင်းကျိုးရှာ” လို့ ခေါ်တွင်ပါတယ်။

အသင်းအမှတ်တံဆိပ်ကတော့ လူ ၂ ဦး လက်ချင်းယှက်နေပုံကို ယူပါတယ်။ အဓိက အသင်းလုပ်ငန်းစဉ်ကတော့


ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ဒေသခံကျောင်းသားလူငယ်များကို ပညာသင်ကြေး ထောက်ပံ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။
စတိုင်ပင်ကော်မီတီလို့ ခေါ်ပါတယ်။ တက္ကသိုလ် အဆင့်မြင့်ပညာများ တက်ရောက်သင်ကြားနိုင်ဖို့ ကူညီကြတာ
ဖြစ်ပါတယ်။ အစဦးကာလမှာ အသင်းဝင်များ ဖိတ်ခေါ်ပြီး ရန်ပုံငွေ စုဆောင်းရာမှာ အသင်းဝင်ကြေး ၅ ကျပ်နဲ့
ရာသက်ပန်ကြေး ၁၀၀ ကျပ်မျှ တောင်းခံခဲ့တယ်လို့ အမှတ်ရပါတယ်။

အခြားလုပ်ငန်းစဉ်များ - ရခိုင်ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ပေါ်ထွန်းရေးအတွက် သက်ကြီးပူဇော်ပွဲများ၊


ရခိုင်သင်္ကြန်ပွဲတော်များ၊ ရခိုင် ကျင်ပွဲများ ကျင်းပပါတယ်။ ရခိုင် စာပေများကို ဖော်ထုတ်ဖို့အတွက်ကတော့
စာပေမဂ္ဂဇင်းများ ထုတ်ဝေပါတယ်။ စာအုပ်စာတမ်းများလည်း စုဆောင်း သိမ်းဆည်းကြပါတယ်။

ရန်ပုံငွေသုံးစွဲပုံ စည်းကမ်း - အသင်းရန်ပုံငွေမှာ လုပ်ငန်းစဉ်တခုစီအတွက် ရန်ပုံငွေတွေကို


သီးသန့်ထားရှိပါတယ်။ အလုပ်တခုအတွက် အခြားအလုပ်က ရန်ပုံငွေကို မထိရပါဘူး။ အသင်းလူကြီးတွေက
အသင်းမှာ လဘက်ရည်သောက်ချင်ရင်တောင် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး သုံးစွဲရပါတယ်။ ပထမဆုံး
အသင်းစတင်တုန်းက အသင်းငွေ ကျပ် ၁ သိန်းကို ဘဏ်မှာ စာရင်းဖွင့် အပ်နှံပြီး ထူထောင်ခ့တ
ဲာ ဖြစ်ပါတယ်။
အသင်းအမှုဆောင်လူကြီးများ ရွေးချယ်ပုံ - အသင်းဝင်တွေနဲ့ နှစ်စဉ် အသင်းလူကြီးရွေးချယ်ကြပါတယ်။
အမှုဆောင်လူကြီးများကို ရခိုင်ပြည်နယ်က မြို့နယ်စုံက လူကြီးတွေ အားလုံး ပါဝင်နိုင်အောင်၊ အလှည့်ကျ
ဦးဆောင်မှုပေးနိုင်အောင် ရွေးချယ်ကြတာ ဖြစ်ပါတယ်။

အသင်းတည်နေရာ - ၁၉၈၈ အရေးအခင်းမဖြစ်ခင်က ဆိပ်ကမ်းသာလမ်း (ဘားလမ်း) မှာ အသင်းရုံးခန်းတခု


ရှိခဲ့ဖူးပါတယ်။ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီမှာ အသင်းရုံးခမ်းကို အဲသည်ကနေ
ရွှေတိဂုံဘုရားအနီးက ရခိုင်ဓမ္မာရုံကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲသည်တုန်းက အသင်းရုံးခန်းရွှေ့ပြောင်းရတော့
အခန်းကနေ ပြောင်းရွှေ့ရတဲ့ အလှူငွေ ကျပ် ၆ သောင်း ရတယ်လို့ မှတ်သားရပါတယ်။ ရခိုင်ဓမ္မာရုံဆိုတာက
ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နဲ့ မြောက်ဖက်မုဒ်ကြားမှာ တည်ရှိပါတယ်။ နောက်တော့ ဓည၀တီ
သာသနာပြုကျောင်းတိုက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲသည် ကျောင်းတိုက်ကတော့ ရေတာရှည်လမ်းသစ်၊ ပုလဲ
ပိဋိကတ်တိုက်အနီးမှာ တည်ရှိပါတယ်။

လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ကြပုံ - ရခိုင်သဟာရအသင်းကြီးနဲ့အတူ ရခိုင်ဒေသက မြို့နယ်များစွာရဲ့


အသင်းအဖွဲ့တွေကိုပါ လက်တွဲ စည်းရုံးပြီးတော့ ကိုယ်စားလှယ်တွေအဆင့်ဆင့် တိုင်ပင်ပြီး
ရခိုင်တိုင်းရင်းသားများနဲ့ ဒေသဆိုင်ရာ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စအ၀၀ကို တိုင်ပင် ဆောင်ရွက်လျက်
ရှိပါတယ်။
ရွှေတိဂုံ ဘုရားဝန်းကျင်က စာသင်တိုင်းပေါင်း ၂၀ ကျော်ကို လှည့်လည်ပြီး သင်္ကြန်ရေသပ္ပါယ်တဲ့
ဘာသာရေးပွဲတော်ကို သီးခြား ရန်ပုံငွေ၊ သီးခြားအလှူခံပြီး ဆောင်ရက
ွ်လျက်ရှိပါတယ်။ အလှူခံရရှိငွေ ဥပမာ
ငွေ ၂ သိန်းရလျင် တကျောင်းကို ငွေ ၁ သောင်းစီ ပဒေသာပင်အဖြစ် လှူဒါန်းပါတယ်။

ရခိုင်မိသားစုများ၊ မိတ်ဆွေများအတွက် နှစ်စဉ် ပျော်ပွဲစား နေ့ချင်းပြန် သဘောင်္ခရီးစဉ်ကိုလည်း စီစဉ်ပေးပါတယ်။


ဧရာဝတီမြစ်ဝကျွန်းပေါ် ဖျာပုံ၊ ကျိုက်လတ်ဒေသများထံ အပျော်ခရီးထွက်ကြပါတယ်။ ရန်ပုံငွေ
အလှူခံကြပါတယ်။ ယဉ်ကျေးမှုဆပ်ကော်မီတီက ဥာဏ်စမ်းပဟေဠိများ၊ ဟောပြောပွဲများ၊ ကစားခုန်စားပွဲများကို
အသင်းသားများ၊ မိသားစုများ၊ မိတ်ဆွေများ ချစ်ခင် ရင်းနှီး စည်းရုံးမှုများ တိုးပွားစေရန် စီစဉ်ပေးပါတယ်။
လက်ရှိ ထူးခြားသော စီမံကိန်း လူမှုရေးအလုပ်များ - ရခိုင်ပြည်ဟာ နှစ်စဉ် သဘာဝဘေးဒဏ်ခံနေရတော့
ဒေသခံများအတွက် နှစ်စဉ် ကယ်ဆယ်ရေး၊ ကူညီရေး လုပ်ငန်းတွေအတွက် သီးခြား ရန်ပုံငွေ ကောက်ခံပြီး
လှူဒါန်းခြင်း ကူညီခြင်းတို့ကို ဆောင်ရွက်နေရပါတယ်။

ယခင်နှစ် ၂၀၁၀ ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများမှာ စားဝတ်နေရေးလုပ်ငန်းများ


နလံမထူနိုင်အောင် ထိခိုက်ခဲ့ပါတယ်။ သောက်ရေ သုံးရေ အခက်အခဲများပါ ရင်ဆိုင်နေရပါတယ်။
ကျေးရွာများမှာ ပြန်လည် ထူထောင်ရေးအလုပ်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် အသင်းကြီးက
ရန်ပုံငွေသီးသန့်ထူထောင်ပြီး စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေရပါတယ်။ ဥပမာ - သောက်သုံးရေ စီမံကိန်း၊
နေအိမ်ထူထောင်ရေး စီမံကိန်း၊ ကျန်းမာရေး ပညာပေးနဲ့ စောင့်ရှောက်မှု စီမံကိန်း၊ ပညာရေး တည်ဆောက်မှုနဲ့
ထောက်ပံ့ရေး စီမံကိန်းများ ဆိုပြီး ဆောင်ရွက်နေပါတယ်။

စီမံကိန်းများ ဆောင်ရွက်ပုံ - ဆောင်ရွက်တဲ့အခါ ပြည်တွင်း ပြည်ပက ပညာရှင်များ၊ စေတနာရှင်များ၊


အလှူရှင်များ၊ လူကြီး လူငယ်များက ၀ိုင်းဝန်း လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ယခင်က စတိုင်ပင်
ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာတတ်ကြီးတွေ၊ လူကြီးတွေ ဖြစ်လာသူ ရခိုင်လူငယ်မျိုးဆက်တွေက
လက်ဆင့်ကမ်း ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။

ပညာသင်စီမံကိန်း - သီးခြား ပညာရေးထောက်ပံ့မှုစီမံကိန်းကတော့ ရခိုင်ပြည် ၁၇ မြို့နယ်က ပညာရေးမှူးများ၊


လူကြီးများနဲ့ ဆက်သွယ် အကြံတောင်းခံပြီးတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်
ပညာသင်ထောက်ပံ့မှုတွေကိုပါ တိုးချဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေးအဖြစ် ပျမ်းမျှ
တနှစ်စာ ကျပ်ငွေ ၂ သိန်း ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ အမေရိကန်၊ ဂျပန်က ရခိုင်အသင်းဝင်တွေနဲ့
ဆက်သွယ်ပြီး ကူညီနိုင်တယ်လို့ ဆိုပါတယ်။

ထင်ရှားတဲ့ ရခိုင်အသင်းလူကြီးများ မှတ်မိသမျှ - ဒေါက်တာဦးအေး (ကျောက်ဖြူ)၊ ဦးစံအေး (သံတွဲ)၊


ဦးကျော်ဇံလှ၊ ဒေါက်တာကျော်သိန်း၊ ဦးမင်းကြည် (ကျောက်ဖြူ)၊ ဦးအေးဖေ၊ ဦးခင်မောင်စိုး (လက်ရှိဥက္ကဋ္ဌ)၊
ဒေါက်တာ ဒေါ်နန်းဦး၊ ဦးစံဦးခိုင်၊ ဦးစောလှဖြူ၊ ဦးရွှေဇံအောင်၊ ဒေါက်တာဒေါ်စံကျော့ဖြူ၊ ဦးရွှေသိန်းကျော်၊
ဒေါက်တာအေးထွန်း၊ သူရဦးစောဖြူ၊ ဦးသာကျော်၊ ဦးသန်းစိန်၊ ဓည၀တီကျောင်းတိုက် ဆရာတော် အစရှိတဲ့
လူကြီးလူကောင်းများ၊ ပညာရှိများက ရခိုင်သဟာရအသင်းကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စေတနာရှေ့ထားပြီး
ဆောင်ရွက်ခဲ့ကြပါတယ်။ သည့်ပြင်အမည်များ ပုဂ္ဂိုလ်များကိုလည်း ဆက်လက်ကောက်ယူ စုဆောင်းပြီး
တင်ပြပါဦးမယ်။

မြန်မာပြည်ဖွား CIA သေနတ်သမား ချင်းမိုင်တွင် သေဆုံး


မိုးမခအထောက်တော် အမှတ် ၀၀၄
ဧပြီ ၅၊ ၂၀၁၁မိ
မိုးမခ

CIA အရာရှိဟောင်းတဦးသည် ယမန်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ နေအိမ်တွင် သေဆုံးသွားသည်။ ဦးခေါင်းတွင်


သေနတ်ဒဏ်ရာဖြင့်သေဆုံးခြင်း ဖြစ်ပြီး လက်တဘက်တွင် ခြောက်လုံးပူး၊ တဘက်တွင် လက်ဝါးကပ်တိုင်
ကိုင်ထားသည်ဟု လန်ဒန်အခြေစိုက် The First Post အွန်လိုင်းမဂ္ဂဇင်းက ဆိုသည်။

အမည်မှာ Mr. Bill Young ဖြစ်ပြီး အသက် ၇၆ နှစ် ရှိပြီဟု သိရသည်။


အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ၏ သေနတ်သမားအဖြစ် တာဝန်ယူခဲ့သူ Mr. Bill Young သည်
စကားတိုးတိုးပြောသူ၊ အရပ်ရှည်ရှည် လူတယောက်ဖြစ်ပြီး သူ၏ ဗြိတိသျှ မိတ်ဆွေများက
အငြိမ်းစားဂျိမ်းစ်ဘွန်းဟု တင်စားခံရသူ ဖြစ်သည်။

စိတ်ဓာတ်ကျပြီး သေဆုံးခြင်း ဖြစ်သည်ဟု တချို့က သုံးသပ်ကြသည်။

“တချိန်တုန်းက သူ ကျင်လည် ကျက်စားခဲ့သလိုပေါ့၊ သူ အခု အကြမ်းပတမ်းနည်းနဲ့ ဆုံးသွားရှာတာပဲ” ဟု သူ၏


မိတ်ဆွေတဦး၏ ပြောကြားချက်ကို The First Post တွင် တွေ့ရသည်။

ချင်းမိုင် အမေရိကန် ကောင်စစ်ဝန်ရုံး ၀က်ဆိုက်ရှိ နာရေးကြော်ငြာတွင် “ထူးခြားသည့်ဘ၀ကို ဖြတ်သန်းခဲ့သူ


ပုဂ္ဂိုလ်ထူးဖြစ်သည်” ဟု ဆိုသည်။

အငြိမ်းစားယူပြီးနောက် ချင်းမိုင်မြို့ပြင်ရှိအိမ်တွင် နေထိုင်စဉ် နှစ်ပေါင်းအတန်ကြာက ရခဲ့သော ရွှေတြိဂံဒေသ


အဆက်အသွယ်များကို အသုံးပြုပြီး အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့အတွက် အလုပ်လုပ်ပေးခဲ့သည်ဟု
ဆိုသည်။

Mr. Bill Young သည် မြန်မာပြည်တွင် မွေးဖွားခဲ့ပြီး တောင်ပေါ်တိုင်းရင်းသား ကျေးရွာများတွင် ကြီးပြင်းခဲ့သည်။


အနည်းဆုံး ဒေသခံစကား ၅ မျိုး အသုံးပြုခဲ့သည်ဟု ဆိုသည်။ ထိုဒေသမှ ရခ့ေ
ဲ သာ အဆက်အသွယ်များက
နောက်ပိုင်း သူကျင်လည်ရာ အန္တရာယ်ကြီးသော ထောက်လှမ်းရေးလုပ်ငန်းတွင် အသုံးတည့်ခဲ့သည်။

အဘိုးဖြစ်သူသည် သာသနာပြုတဦးဖြစ်ပြီး ၁၉ ရာစုနှစ်က မြန်မာပြည်ရှိ လားဟူ တိုင်းရင်းသားများကို


ခရစ်ယာန်ဘာသာဝင်များဖြစ်အောင် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဖခင်ကလည်း သာသနာပြုတဦးဖြစ်သည်၊ ထို့ပြင် မော်စီတုန်း အာဏာရအပြီး တရုတ်နိုင်ငံ တောင်ပိုင်းတွင် CIA


၏ ထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

ဖခင်ဖြစ်သူကြောင့် သူလည်း CIA တွင် ၀န်ထမ်းတဦး ဖြစ်လာသည်။ သူ အကျွမ်းတ၀င် ရှိခဲ့သည့်


လားဟူတို့သည် ထိုင်း နှင့် လောနိုင်ငံတို့တွင်လည်း ပျံ့နှံ့ နေထိုင်လျက် ရှိရာ CIA တွင် တာဝန်ယူပြီးနောက်
လောနိုင်ငံရှိ လားဟူသူပုန်များထံသို့ ရောက်သွားသည်။ ဗီယက်နမ်စစ်ပွဲအတွင်း ကွန်မြူနစ်တို့၏
ထောက်ပံ့ရေးလမ်းကြောင်းကို အနှောင့်အယှက်ပေးရေးကို ဆောင်ရွက်ခဲ့သည်။

တိုင်းရင်းသားဒေသများတွင် သက်စွန့်ဆံဖျား ကျင်လည်စဉ် “လုပ်ငန်းသဘောအရ လူတွေ သတ်ရတယ်” ဟု


သူက The First Post မှ သတင်းစာဆရာကို ပြောပြခဲ့ဖူးသည်။

အင်တာနက်စာမျက်နှာများတွင် တွေ့ရသော သူ၏ ငယ်ဘ၀ အဖြူအမည်း ပုံမှာ လောနိုင်ငံတွင် လှုပ်ရှားစဉ်က


ဖြစ်သည်။ ချင်းမိုင်ရှိနေအိမ်တွင် ထိုပုံကို သတင်းသမားတဦးက ဓာတ်ပုံရိုက်ကူးခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ချင်းမိုင်ရှိ လားဟူတို့၏ ခရစ်ယာန်ဘုရားကျောင်းတခုတွင် သူ့အတွက် ၀တ်ပြုဆုတောင်းပွဲ


ပြုလုပ်ကြသည်။

ဗုဒ္ဓဟူးနေ့တွင် သူ့ကို ချင်းမိုင်တွင် သဂြိုင်္ဟ်မည်။ သူ့အဆက်အသွယ် တိုင်းရင်းသားလူမျိုးများလည်း သူ၏


နောက်ဆုံးခရီးကို ပို့ဆောင်ဖွယ် ရှိသည်ဟု သိရသည်။
သူ၏ ဘ၀ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ရန် ဟောလိဝုဒ်မှ ကုမ္ပဏီတခုက သူ့ကို ဒေါ်လာ တသိန်း ပေးအပ်ခဲ့သည်။
သူ့အကြောင်း ရိုက်ကူးသည့်ဇာတ်ကား ပိတ်ကားထက်မရောက်မီ သူ ကွယ်လွန်သွားခြင်း ဖြစ်သည်။

ကိုးကား -
ချင်းမိုင် အမေရိကန် ကောင်စစ်ဝန်ရုံး ၀က်ဆိုက်
http://chiangmai.usconsulate.gov/consul_general/consul-generals-corner/april-4-2011.html

The First Post အွန်လိုင်းမဂ္ဂဇင်း


http://www.thefirstpost.co.uk/77251,people,news,cia-hitman-bill-william-young-found-dead-at-
his-chiang-mai-home-air-america

ကြက်ဖ၊ ကြက်မ သရော်စာ


ဧပြီ ၅၊ ၂၀၁၁မိ
မိုးမခ

ကားကြိတ်ခံရသည့် ကြက်အကြောင်း ဆွဲဆန့် ရေးသားချက်များ ဖြစ်သည်။ ဟာသ စာရေးဆရာ


အကြည်တော်က ဖြစ်စဉ် ၃ ခု ခွဲပြီး လူ့စရိုက်ကို ပုံဖော် သရော်သည်။ သူ၏ ရေးသားချက်များကို ပြီးခဲ့သည့်နှစ်က
အစပြုပြီး FaceBook, Gmail နှင့် ဘလော့စာမျက်နှာများမှတဆင့် အကြိမ်ကြိမ် ဖြန့်ဝေသဖြင့် ယခုအခါ
အင်တာနက်တွင် ပျံ့နှံ့နေသည်။

တချို့က အနည်းငယ် ဖြည့်စွက်ရေးသားပြီးမှ ဖြန့်သည်ကို တွေ့ရလေသည်။

ပြောင်မြောက်သော သရော်ချက်များဖြစ်သောကြောင့် မိုးမခ ပရိသတ်များ ဖတ်ရှုနိုင်ရန် သို့မဟုတ်


ထပ်မံဖတ်ရှုနိုင်ရန် ကူးယူ ဖော်ပြလိုက်သည်။

အတွေး ၁)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက်သွားသည်။

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား … ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် … … ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။


လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင်
လမ်းပေါ်မှာရှာ၊ တစ်လ ပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ်သက်လုံး ပျော်ချင်
လူပျိုကြီးပဲလုပ် … တဲ့။ အင်း … ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။

------------------

အတွေး ၂)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် လိုက်နေသော ကြက်ဖကို ကားတစ်စီး ဖြတ်တိုက်သွားသည်။

အပျိုလေးအတွေး – အင်း- ကြက်မကို လိုက်ဖို့ ကြက်ဖတစ်ကောင်တော့ ထပ်ရှာရဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မကြည့်၊ နောက်မကြည့် လိုက်တာကိုး။ သေတာတောင် နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ … ဟို ကြက်မတော့ ကြက်ဖ မရှိရင် တစ်သက်လုံး နေရခက်ပြီ။

------------------

အတွေး ၃)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော နှစ် ကောင်လုံးကို ကားက ဖြတ်တိုက်သွားသည်။

အပျိုလေးအတွေး – အစကတည်းက ကြက်ဖ မီအောင် လိုက်သင့်တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ် မဟုတ်ဘူး၊ ကြက်ဖ အပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန် လျှော့သင့်တယ်။


လူပျိုကြီးအတွေး – ဟီဟိ … အေးရော၊ ဟင်းစားတော့ရပြီ။

------------------

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှသာ ရှိသော်လည်း လူတွေက မျိုးစုံတွေး၊ မျိုးစုံ ပြောနေကြလေသည်။

အကြည်တော်

--------------------------------------------------------------------

ဖြည့်စွက်ချက် ၁)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက်သွားသည်။

ဗိုလ်ချုပ်မှူးကြီးအတွေး – ကြက်ဖက ကြက်မ သေအောင် စနစ်တကျ မဟာဗျူဟာခင်း လုပ်သွားတာ။


ကားသမားလည်း ငါ့လာတိုက်ဖို့ ကြံစည် လေ့ကျင့်နေတာဖြစ်နိုင်တယ်။ အစည်းအဝေး ခေါ်ပြီး ကာကွယ်တဲ့
နည်းလမ်း ရှာဦးမှ။

ပြည်ခိုင်ဖြိုးအတွေး – ကြက်မရဲ့ အသည်းအမြစ်နဲ့ ရင်အုပ်သား အထက်ကို ပေးပြီး ပေါင်သား အိမ်သယ်မှ။


ခြေရိုး၂ချောင်းတော့ လမ်းထိပ်က စွမ်းအားရှင်ကို ပေးမယ်၊ ကြက်ဖကိုပါ သတ်ခိုင်းလိုက်မယ်။ ပြီးရင် ဟိုကောင်
သတ်တယ် ပြောလိုက်မယ်။

ဒီမိုကရက်အတွေး – တိုက်သွားတဲ့ ကားဒရိုင်ဘာက ကြံ့ဖွတ်ဖြစ်မှာပဲ။ ကြက်မကို ကောင်းကောင်းမွန်မွန်


သဂြိုလ်ပေးမှ။ တောက် … သဂြိုင်္ဟ်ခကလည်း အစိုးရ သောက်သုံး မကျတာနဲ့ မတရားတောင်းမှာ
သေချာတယ်…။ ကြက်ဖကိုလည်း ဟိုကောင်တွေ သတ်စားဦးမယ်။ ငါ ကယ်တင်ဦးမှဖြစ်မှာပါ…။

ဘုန်းကြီးတပါးအတွေး – ကြက်တွေမှာ တိရိစ္ဆာ န်ဖြစ်လို့ အသိဉာဏ် မရှိကြဘူး။ ကိလေသာမီးတွေ


လောင်မြိုက်ပြီး ဖြစ်နေကြတော့ အသက်ပါ ပါသွားတယ်။ ရှေ့ဘ၀က အကုသိုလ်ကြောင့် ဖြစ်မှာပဲ။ ၀ဋ်ပေါ့။
ကားဆရာလည်း နောင်ဘ၀ ၀ဋ်လည်တော့မှာပဲ။ သြော်… ကားတွေရှိနေသ၍ သတ္တ၀ါတွေ သေကြဦးမှာပဲ…။
အနိစ္စ … ဒုက္ခ … အနတ္တ……။

Steven Yean

-------------------------------------------------------------------

ဖြည့်စွက်ချက် ၂)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်၂ကောင်လုံးကို ချိုင့်ရှောင်လာသော ကားတစ်စီး ဖြတ်တိုက်သွားသည်။

ရုရှားပညာသင်ဗိုလ်ပေါက်စအတွေး- ဒီကြက်တွေ သေတာကော၊ ကားသမားဝင်တိုက်မိတာကော


ဒေါ်လာစားတွေကြောင့် ဖြစ်မယ်၊ ဒီအကြောင်း သာသာထိုးထိုးလေး Blog မှာ တက်ရေးဦးမှ။ အဘတွေ
ကြိုက်ရင် ရာထူးပါ တိုးသွားနိုင်တယ်။

ပြည်သူများအတွေး- တောက် … အစိုးရသာ လမ်းတွေကောင်းအောင် ဖောက်ထားပြီး သူ့အလုပ် သူလုပ်ရင်


ဒီကြက်တွေ မသေဘူး၊ ကားသမားလဲ စိတ်ဆင်းမရဲရဘူး…

အစိုးရအတွေး- အကွက်တော့ တွေ့ပြီ။ ကောင်မလေးဆီ လူတွေ အာရုံစိုက်နေတာကို ကြက်တွေ


သေတဲ့အကြောင်း ပုံကြီးချဲ့၊ ကားသမားကို ထိုးကျွေးပြီး အာရုံ ပြောင်းရမယ်။ ဖားမင်းဆွေကိုခေါ်၊
ဆောင်းပါးရေးခိုင်းပြီး နက်ဖြန်သတင်းစာထဲ ထည့်မှဘဲ။

သောကြာကောင်ကောင်

---------------------------------------------------

ဖြည့်စွက်ချက် ၃)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။


ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာသော ကြက်ဖကို ကားတိုက်သွား သည်။

ဦးသန်းရွှေ။ ။ထောင်ချထားရင် ဒီကောင် ဒီလိုသေမှာ မဟုတ်ဘူး။


ဒေါ်အောင်ဆန်းစုကြည်။ ။ KFC ကိုကျော်ခိုင်းပီ ၂၁ ရာစု ပင်လုံညီလာခံမှာ ဧည့်ခံရမယ်။

ဘန်ကီမွန်း။ ။ ငါသာ ကြားဝင် ညှိနိုင်းပေးရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။

အိုဘားမား။ ။ ကြိုးစားရင်းသေတာမို့ သူရဲကောင်းဆုတံဆိပ် အပ်နှင်းရမယ်။

ပြည်ပအတိုက်အခံများအတွေး။ ။ ဒီအကြောင်း မြန်မာသံရုံးရှေ့ သွားအော်ပီး ဆန္ဒပြမယ်။

ပြည်တွင်းအတိုက်အခံများ။ ။ ဒါဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ကွက်ပဲ။ ကားသမားကို အချိန်ကိုက်


သတ်ခိုင်းလိုက်တာ။

မြေအောက်လှုပ်ရှားသူများ။ ။ ဟဟ … စစ်အစိုးရမကောင်းလို့ ဆိုပီး လက်ကမ်းစာစောင် ဖြန့်ရမယ်။

ကျော်သူ။ ။ ဒီကောင့်ကို သဂြိုင်္ဟ်ပေးလိုက်ရင် ဖေ့ဘွတ်မှာ တပုဒ်ရေးလို့ရပြီ။

အော်ပီကျယ်။ ။ ဒါဟာ ကာတွန့်တကွက်ပဲ။ ဖေ့ဘွတ်မှာ ဖွရမယ်။

ဘလော်ဂါ။ ။ ဒီသတင်းကို သူများထက် ဦးအောင် တင်မယ်။

ငါမင်းဆွေ။ ။ ဒီကြက်ဖ ဘာလဲ၊ ဘယ်လဲ။

BDC ။ ။ BBC မှာ အင်တာဗျူးဖို့ အကြောင်းတခု ရပီ။ ပီးရင်၊ ဖေ့ဘတ


ွ်မှာ တင်ရမယ်။

လက်နက်ကိုင်များ။ ။ ဒါ တွဲရေးထက်စာရင် ပိုကောင်းတဲ့ ခွဲရေးပဲ။

စွမ်းအားရှင်များ။ ။ ကားပေါ် ဆွဲတင်ကွာ။

ကြံ.ဖွတ်။ ။ ကြိုတင်မဲ မပေးလို့သေတာ။ နေပစေ။

ရဲသူရိန်မင်း

http://www.dawnmanhon.com/ မှ ကူးယူသည်။
နောက်ဆုံး

လူကြီး သင်ပုန်းကြီး
အရှင်ဉာဏိက
ဧပြီ ၅၊ ၂၀၁၁မိ
မိးမခ
ုးမခ

ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ စလုံးစခုဖြစ်ပြီး ကျန်ရစ်ပါ


တယ်။သူ့မိဘ သူ့အဘိုးအဘွားတို့ဟာ ဗုဒ္ဓဘာသာတွေပါ။ ဘုရားနဲ့၊ တရားနဲ့၊သံဃာကိုလည်း ကိုးကွယ်
နေကြသူတွေပါ။ နို့ပေမယ့် အသက် ၂ဝ လောက်ရှိနေပြီဖြစ်တဲ့ ဒီကလေးမလေးနဲ့ သူ့အစ်ကိုများခေတ် မှာ
ဘုန်းကြီးနဲ့ စကား မပြောတတ်ဘူးလို့ ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး
အလှမ်းကွာဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိပါတယ်။ (လူထုဒေါ်အမာ)

မိတ်ဆွေတစ်ပါးရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကား။ အမျိုးဘာသာကို ချစ်ခင်တဲ့


စိတ်ထားနဲ့ ပူပန်မှုကြီးစွာ ပြောကြားခဲ့တဲ့ မေတ္တာစကားပါ။ မျိုးဆက်သစ်လူငယ်တွေ အမျိုးဘာသာ ချစ်တတ်ဖို့
အရေး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘိုးဘွား အမွေအနှစ်တွေကို ထိန်းသိမ်းတတ်စေဖို့၊ မြတ်နိုးတန်ဖိုးထားတတ်စေဖို့
အရေး၊ အသက်ဆုံးသည်အထိ မနေမနား ရေးသားသွားခဲ့တဲ့ စာပေမိခင်၊ နိုင်ငံရဲ့မိခင်ကြီးတစ်ဦးရဲ့ မေတ္တာစကား
ပါ။

ဆရာမကြီး လူထုဒေါ်အမာစကားကို ဖတ်ရတော့ သူ့နည်းတူပဲ စိတ်မကောင်းဖြစ်ရပါတယ်။ မပြောတတ်လို့


မပြောကြရုံတင်မက ဘုန်းတော်ကြီးတွေဆို အဝေးကနေ ရှောင်ကြမှာမျိုး၊ ဘုန်းကြီးစကားဆိုရင် နားမထောင်ရ
မယ့် အရာမျိုးရယ်လို့ ထင်မှတ်သွားမှာအထိ တွေးပြီးစိုးရိမ်မိတာကြောင့်လည်း ကိုယ့်စိတ်မကောင်းမှုက အမေ
လူထု ဒေါ်အမာထက်ပင် သာကောင်း သာလေမလားရယ်လို့ပင် ပိုပိုသာသာ တွေးမိပါတယ်။

ရုပ်ဝတ္ထု အခြေခံ ထင်လွယ်မြင်လွယ်တဲ့ အကျိုးရလဒ်မှသာလျင် တကယ့်အကျိုးရလဒ်လို့ ယူဆတဲ့ခေတ်မှာ သူ


တို့ လိုအပ်ချက်ပြည့်ဝစေဖို့ ထင်သာမြင်သာ တိုက်ရိုက်အကူအညီ မပေးသလိုဖြစ်နေတဲ့ ဘာသာရေးအဆုံးအမ
က လူငယ်များအကြား ရေပန်းမစားနိုင် ဖြစ်နေတတ်တာ အဆန်းတော့လည်း မဟုတ်ပါဘူး။ အသိဉာဏ်ရင့်ကျက်
ရွယ်ရယ်လို့ ယူဆနိုင်တဲ့ အသက်အတန် ရလာသူအချို့ကြားမှာပင်လျင် ဘာသာရေးဆိုတာကို ယောင်ဝါးဝါးသာ
နားလည် နေတတ်ကြတာမို့လည်း လူငယ်တွေကြားမှာ ဘာသာရေးကပေးတဲ့ အသိဉာဏ်တွေ ရေပန်းမစားဖြစ်
နေတာ အဆန်းဆိုနိုင်မယ် မဟုတ်ပါဘူး။

ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူး-ဆိုတဲ့စကားက အရှင်ဘုရား။ တပည့်တော်။ တပည့်တော်မ-စတဲ့ သာသနာ


တော်နဲ့စပ်တဲ့ အသုံးအနှုန်းများသုံးပြီး မပြောတတ်ဘူးလို့ ဆိုချင်တာဖြစ်မှာပါ။ မိဘဆရာသမားများကလည်း
ဘုန်းတော်ကြီးများနဲ့ စကားပြောရင် တပည့်တော်၊ အရှင်ဘုရား စသဖြင့် … ပြောရမယ်။ အဲဒီလိုမှ မပြောရင် ငရဲ
ကြီးတတ်တယ်။ အပြစ်ဖြစ်တတ်တယ်ရယ်လို့ သင်ကြားထားလေတော့ အပြစ်ဖြစ်မှာ ကြောက်ရွံ့တာလည်း ပါမယ်
ထင်ပါတယ်။

နောက်ပြီး အဲဒီလို သာသနာ့အသုံးအနှုန်းများကို ဆီလျော်အောင် မသုံးတတ်သူတွေကိုလည်း


မယဉ်ကျေးသူလေးတွေ။ ရိုင်းစိုင်းသူလေးလေးတွေရယ်လို့ အထင်အမြင်သေးတတ်၊ ကဲ့ရဲ့တတ်တာကြောင့်လည်း
ပြောဖို့ ဝန်လေးသွားတတ်ကြတာလည်း ပါမယ်ထင်ပါတယ်။
ဘယ်နေရာမှာပဲဖြစ်ဖြစ် အကြောက်တရားနဲ့ ခြောက် လှန့်စည်းရုံးတတ်တာတွေကို ကြားသိရတဲ့အခါတိုင်း
ဒေါသော အတ္ထံ နဇာနာတိ-အကြောက်တရားအခြေခံမှုက နေ အမှန်တရား ရလဒ်ကောင်း ထွက်မလာနိုင်ဘူး-
ဆိုတဲ့စကားကို သတိရမိတတ်တယ်။

တကယ်တော့ တစ်နှစ်တခါ၊ ၂ နှစ် ၃ နှစ်နေလို့မှ တစ်ခါမှ ရဟန်းသံဃာတော်များနဲ့ ဆုံဖို့ကြုံဖို့ မလွယ်ကူတဲ့ လူ


ငယ်တွေအနေနဲ့ သာသနာနဲ့ စပ်ဆိုင်တဲ့ အသုံးအနှုန်းများကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ဆိုတာက လွယ်မယ်
တော့ မထင်ပါဘူး။ အတွေ့အကြုံအရတော့ သံဃာတော်များနဲ့ တဖြေးဖြေးရင်းနှီးလာတဲ့အခါမှာ အလေ့အကျင့်
ရလာပြီး မှန်မှန်ကန်ကန် သုံးစွဲလာတတ်တာကို တွေ့ရပါတယ်။

ဒါကြောင့် တွေ့တွေ့ချင်းအချိန်များမှာ ကျနော်ပဲ သုံးသုံး၊ ကျမပဲပြောပြော နားလည်ခွင့်လွှတ်ပေးပြီး တဖြေးဖြေးနဲ့


သင်ပြသွားဖို့လိုမယ်လို့ ယူဆပါတယ်။ ဒါကြောင့် အသုံးအနှုန်းမှားတဲ့ လူငယ်များကို ဆရာမိဘများက
ငရဲကြီးမယ်၊ ရိုင်းစိုင်းတယ်လို့ ခြောက်လှန့်မှု၊ ပြစ်တင်ရှုတ်ချ မှု မပြုပဲ စာနာနားလည်စွာနဲ့ တဖြေးဖြေး
ရင်းနှီးအောင် ဖန်တီးပေးပြီး သင်ပြသွားဖို့လိုပါလိမ့်မယ်။

ကိုယ်တွေ့ဖြစ်ရပ်ပါ။ တခါက ပေါက်ဖော်ဒကာမကြီးက တယ်လီဖုန်းနဲ့ ဆွမ်းစားလှန်းပင့်ပါတယ်။ ဖုန်းကိုင်ကိုင်ခြင်း


သူက မေးပါတယ်။ “နင်က ဘုန်းကြီးလား …” တဲ့။ ဟုတ်ပါတယ် ဆိုတော့ “ဝက ...မြို့ကပါ။ နင်တို့ကို
ထမင်းစားဖိတ်ချင် လို့။ အဲဒါ အိမ်က ကောင်မတွေက ဘုန်းကြီးနဲ့ စကားမပြောတတ်ကြလို့ ဝက ပြောပေးတာ။
အိမ်ကို လာနိုင်မလား …” လို့ ပြောပါတယ်။

အိမ်ကကောင်မတွေက ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ ဝက ပြောပေးတာဆိုတော့ စိတ်ထဲက အနည်းငယ်


တော့ ပြုံးမိပါတယ်။ ဒါပေမယ့် အလားတူအတွေ့အကြုံမျိုးက ကိုယ့်အတွက် အဆန်းမဟုတ်လို့ ဒါဟာ ကဲ့ရဲ့စရာ
တစ်ခုလို့တော့ မမြင်ပါဘူး။ နောက်ပြီး ရိုင်းစိုင်းတဲ့ အသုံးအနှုန်းလို့လည်း မထင်ခဲ့ပါဘူး။ ဒူးနေရာဒူး၊ တော်နေရာ
တော်၊ လျှော်စွာသုံးစွဲတတ်ခြင်းဆိုတာ လိုအပ်တဲ့အရာလို့ လက်ခံပေမယ့် မလျှော်စွာ မသုံးတတ်တာကြောင့်
လည်း အပြစ်တစ်ခုဖြစ်လေတယ်လို့ မထင်မိပါဘူး။

(မအပ်စပ်တဲ့ ဝေါဟာရစကားနဲ့ ပင့်ဖိတ်တဲ့ဆွမ်းကို ရဟန်းတော်များ မဘုန်းပေး မသုံးဆောင်ကောင်းဘူးဆိုတဲ့


ဝိနည်းပညတ်တော်ကို မသိနားမလည်လို့ ဖြစ်မှာပေါ့လို့ စွပ်စွဲမယ် မထင်ပါဘူး၊ အဏုမတ္တဝဇ္ဇေသု ဘယဒဿာဝီ-
အဏုမြူပမာဏမျှ သေးသေးငယ်ငယ် အပြစ်ကလေးကိုပင် ဘေးအန္တရာယ်လို့ ရှုမြင်ရမယ်လို့ ဟောထားတယ်
မဟုတ်လားလို့လည်း မေးခွန်းထုတ်ချင်မယ် မထင်ပါဘူး)။

တကယ်တော့ ကိုယ့်ကိုယ် ဆွမ်းစားပင့်တဲ့ ပေါက်ဖော်မကြီးဆိုရင် မြန်မာပြည်မှာနေစဉ်က ဘုန်းတော်ကြီး


ကျောင်းတွေကို တစ်ခေါက်မှ မရောက်ဖူးခဲ့သူပါ။ ပြည်ပရောက်ခါမှသာ ဘုန်းတော်ကြီးများနဲ့ ရင်းနှီးပြီး ခုလို နင်
တစ်ခွန်း၊ ငါတစ်လှည့် ဆက်ဆံရင်း ဘုန်းတော်ကြီးကျောင်းများကို ဝင်ထွက်သွားလာကျင့် ရလာတာပါ။
ခုဆို သူ့မြေးတွေတောင် ကျောင်းတွေကို သွားလာဝင်ထွက်နေလို့ ဘုန်းတော်ကြီးများနဲ့ ရင်းနှီးကျွမ်းဝင်နေပါပြီ။
အဖွား တိုက်တွန်းမှုနဲ့ ယဉ်ကျေးမှုသင်တန်းတွေလည်း တက်ရောက်ကြလို့ ခုဆို သူတို့အဖွားကိုပင်လျင် အဖွား
ဘုန်း ဘုန်းနဲ့ဆို ဒီလိုပြောရတယ်လို့ သူတို့ကပင် အဖွားကို ပြန်လည်သင်ကြားပေးနေတတ်ကြပြီ။

ကိုယ်ကတော့ မြန်မာစကားကို လေလုံးကွဲအောင် မပြောတတ်တဲ့သူတွေနဲ့ တွေ့တိုင်း ပြောတတ်သလို ပြောပါ၊


ကိုယ့်နားမှာ စကားပြန်စက် တပ်ထားတယ်။ နင်ပဲပြောပြော၊ ငါပဲဆိုဆို၊ အရှင်ဘုရား၊ တပည့်တော်လို့ပဲ ပြန်ပြီး
ကြားပေးတယ်လို့ ပြောထားလိုက်တယ်။ ဒီလိုမှ မပြောရင် သူတို့အနေနဲ့ ဘာမှ မပြောဖို့ပဲရှိတော့တယ်လေ။
တစ်လုံးစ နှစ်လုံးစ မြန်မာစကားလေးကို ကြိုးစားပြီး ပြောနေရတဲ့သူတွေကို ဟိုလိုပြောရမယ်၊ ဒီလိုပြောရမယ်လို့
ညွှန်ကြားနေရင် ဘယ်မှာ ခရီးက ရောက်နိုင်ပါတော့မလဲ။
ဒီလိုပြောတာ ပြည်ပနိုင်ငံများမှာတော့ ဟုတ်တာပေါ့။ ပြည်တွင်းမှာတော့ မှန်မှန်ကန်ကန် ပြောရမှာပေါ့လို့ ဆို
ကောင်းဆိုနိုင်စရာ ရှိပါတယ်။ သို့ပေမယ့် ပြည်တွင်းမှာရော လူငယ်တွေကို သံဃာတော်များနဲ့ အကြိမ်ဘယ်
လောက်များများ တွေ့ခွင့်ရအောင် ဆုံနိုင်တဲ့အခွင့်အရေး ဖန်တီးပေးထားသလဲဆိုတာ ပြန်မေးကြည့်ဖို့ လိုပါလိမ့်
မယ်။

နောက်ပြီး ဘာသာရေးနဲ့လူငယ်တွေ ဝေးစေတဲ့အကြောင်းထဲမှာ အခြားအကြောင်းများလည်း ပါလေမလားလို့


စဉ်းစားမိပါတယ်။

ဒေါသမထားဖို့ ပြောနေကြသူတွေကြားမှာ ဒေါသတွေ ပွားနေတတ်တာ၊ လောဘပါးဖို့ ပြောနေ


တတ်သူတွေကြားမှာ လောဘတွေ များနေတတ်တာကလည်း လွဲမှားမှုတစ်ခုပါပဲ။ ဒီလိုလွဲမားနေမှုတွေကို တွေ့
မြင်နေရတတ်တဲ့ အခြေအနေမျိုးမှာ ဘာသာရေးဆိုတာ မေတ္တာတရားတွေ တိုးပွားအောင်
သင်ကြားပေးတတ်တာ။ မျှဝေတတ်အောင် လမ်းညွှန်ပေးတတ်တာရယ်လို့ ပြောရင် နားဝင်စရာ ဖြစ်ပါ့မလား။
ဘဝနေထိုင်မှုအတွက် အထောက်အပံ့ကောင်းတစ်ခုရယ်လို့ လက်ခံဖို့ရော လွယ်ကူပါ့မလား။ ကြားသိရမှုနဲ့
လက်တွေ့က ခြားနားကောင်း ခြားနားနေပေမပေါ့။

ဘုန်းကြီးဖြစ်နေပြီးကွာ။ အမေကလည်း တရားတွေ ဒီလောက်နာပြီး၊ အဖေကလည်း တရားတွေ ဒီလောက်ထိုင်


ပြီး-စသဖြင့် လူငယ်တွေရဲ့ အလိုမကျဟန် စကားတွေဟာ လူငယ်တွေကြားမှာ ဘာသာရေးနဲ့စပ်ပြီး ဘဝင်မကျ
နိုင်မှုကနေ ထွက်အံလာတဲ့ တုန့်ပြန်စကားမျိုးပါ။

ဒီစကားမျိုးကြားရပြီဆိုရင်တော့ ဒါဟာကိုယ့်ဆီမှာ တစ်ခုခုမှား နေပြီဆိုတာ သူရောကိုယ်ပါ နားလည်ကြဖို့နဲ့


ပြုပြင်ကြဖို့ လိုနေပြီရယ်လို့ သိဖို့လိုပါလိမ့်မယ်။

ဒီလိုအပြောခံရဖွယ် အနေအထားမျိုးတွေ ကိုယ့်ဖက်က မပြုပြင်ပဲနဲ့တော့ ဘာသာရေး အဆုံးအမများဟာ


ဘယ်လိုကောင်းတယ်၊ ဘယ်လောက်တောင် တန်ဖိုးရှိတယ်ရယ်လို့ ဘယ်လိုပင် စည်းရုံးလမ်းပြ လုပ်လုပ်၊
လူငယ်တွေအနေနဲ့ လက်သင့် ခံနားထောင်ပေးဖို့နဲ့ ယုံကြည်စွာ လိုက်နာဖို့ အဆင်သင့်ဖြစ်နိုင်မယ် မဟုတ်ပေဘူး။
အနှစ်နှစ်ဆယ်လောက် အသက်ကွာခြားသူတွေကြားမှာ (Generation Gap) မျိုးဆက်ကွာခြားမှုကြောင့် တွေး
ခေါ်ယူဆပုံ၊ လက်ခံယုံကြည်ပုံလည်း ကွဲပြားတတ်တယ်လို့ ပညာရှင်အများက ယူဆခဲ့ကြပါတယ်။ နည်းပညာ
တွေတိုးတက်လာမှုကြောင့် ခုနောက်ပိုင်းမှာဆိုလျင် မျိုးဆက်ကွားခြားမှုက ဒီထက်ပင်လျင် ပိုမိုမြန်ဆန်၊ ကွဲပြားမှု
တွေကလည်း ပိုမိုများလာတယ်လို့လည်း ပြောကြပါတယ်။

ဘာသာရေးအပေါ်၊ ဘာသာရေးကို ဦးဆောင် ဦးရွက် ပြုနေသူတွေအပေါ် အသက်အရွယ်ကြီးရင့်သူတွေနဲ့


ငယ်ရွယ်သူတွေ မြင်တဲ့အမြင်ခြင်း ကွာခြားတတ်တာကို သတိထားမိပါတယ်။

အစဉ်အလာတွေကို စွဲစွဲမြဲမြဲ တန်ဖိုး ထားတတ်သူတွေရဲ့ အချို့အမြင်ဟာ ခေတ်သစ်လူငယ်တွေအမြင်မှာ


အသုံးမဝင်တဲ့ အရာတွေသာရယ်လို့ မြင်တာမျိုးလည်း ရှိတတ်ပါတယ်။ အပြန်အလှန်အားဖြင့်
ဘာသာရေးနဲ့ပတ်သက်ပြီး လူငယ်တွေရဲ့ အချို့မျှော်လင့်ချက်တွေဟာ အစဉ်အလာကို
လွန်စွာတန်ဖိုးထားလွန်းသူတွေအတွက် လက်သင့်ခံဖို့ ခက်တာမျိုးလည်း ရှိတတ်ပါတယ်။
ဒီတော့ အကောင်းဆိုပြီး ပေးတိုင်း အကောင်းချည်း မဖြစ်နိုင်တာကို သတိပြုမိစေဖို့ လိုအပ်သလို ကိုယ့်ရဲ့ရှေးရိုး
အစွဲ အမြင်အရ မသင့်လျော်ဘူးထင်တဲ့အရာကပေမယ့် ခေတ်သစ်လူသားတွေအတွက် အသုံးကျတတ်တာမျိုး ရှိ
နိုင်ကြောင်းကိုလည်း လက်ခံနားလည်ပေးဖို့ လိုပေလိမ့်မယ်။ ။
ပြီးဘီ The End

You might also like