You are on page 1of 2

=============================================================

မြန်မာနူင
ိ င
်ံ လူထလ
ု ပ
ှု ရ
ှ်ားမှု အင်အားစုများ၏ အထူးသဘောထား ထုတြ် ပန်ကြေညာချက်

စာအမှတ်။ ။မ.လ.အ အဖဝ ၁၉ ၂၀၁၁


နေ့စွဲ ။ ။၁၁. ၀၄. ၂၀၁၁

ရာစုနှစ်ထက်ဝက်နီးပါး လူမှု ဒုက္ခအ၀၀ကို ခံစားနေရကြသော ပြည်သူများနှင့် တပ်မတော်သားများ၏


ဘဝများစွာတို့အား ကယ်တင်ရန်အလို့ဌါ............တပ်မတော်သားကောင်းများ ဖြစ်ကြသော တိုင်းမှူး၊ တပ်မမှူး၊
တပ်ရင်းမှူးများ၏ ဦးစီးဦးဆောင်မှု အခန်းကဏ္ဍသည် လွန်စွာမှ အရေးပါသော အချိန်ကာလတခုသို့
ရောက်ရှိနေသည်ဟု ကျွန်ူပ်တို့ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများမှ လေးနက်စွာ အခိုင်အမာ
ယုံကြည်သည်။

ပြည်သူ့တပ်မတော်သားကောင်းများ ဖြစ်ကြသည့် ကြည်းရေလေ တပ်မတော်အတွင်းမှ တိုင်းမှူး၊ တပ်မမှူး၊


တပ်ရင်းမှူးများနှင့် အရာရှိ၊ အရာခံ၊ အကြပ်တပ်သား အပေါင်းတို့ခင်ဗျား......

ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ် အာဏာရှင်တို့သည် နိုင်ငံ့အရေးများဖြစ်ကြသည့် စီးပွားရေး၊ ပညာရေး၊


ကျန်းမာရေး၊ လူမှုရေး စသည့်တိုးတက်မှုများကို ဥပေက္ခာပြုကာ၊ ယင်းတို့ အသိုင်းဝိုင်း ဘဝ လုံခြုံရေးနှင့်
ကြီးပွါးရေးကိုသာ ရှေးရှုသည့် ဆိုးရွားသောနိုင်ငံရေးစနစ်ကို တည်ဆောက်နေသည်မှာ နှစ်ပေါင်းများစွာ
ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းသို့ ဆိုး ရွားသော အာဏာရှင်စနစ်ကြီး ချုပ်ငြိမ်းသွားစေရန် ကြည်း၊ ရေ၊ လေ တပ်မတော်အတွင်းရှိ တိုင်းမှူး၊၊


တပ်မမှူး၊ တပ်ရင်းမှူးးများ၏ ဦးစီးဦးဆောင်မှု အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးသော ကာလသို့
ရောက်ရှိနေပြီဖြစ်သည်။ တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ၏ ပြည်သူ့ဘက်တွင်
ရပ်တည်ကြမည့် အခန်းကဏ္ဍသည်လည်း အလွန်အရေးပါလှသည်။

သို့ပါ၍ တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများမှ အကာအကွယ်ပေးနေသမျှ ကာလပတ်လုံး


အာဏာရှင်စနစ်ဆိးု ကြီး သက်ဆိုးရှည်နေမည်ရာ၊ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ခံယူထားကြသည့်
တပ်မတော်သားကောင်းများသည် ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်တည်လာပါက ပြည်သူများလိုချင်သည့်
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေး စသည်တို့ကို
တည်ဆောက်နိုင်မည်ဟု ကျွန်ူပ်တို့မှ လေးနက်စွာယုံကြည်သည်။
သို့ဖြစ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ မှော်ဘီအခြေစိုက် ခြေလျင်တပ်ရင်းအမှတ် (၉၁)၊ အမှတ်
(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ (၄)- ဖူးကြီး) လက်အောက်ခံ၊ တိုက်ကြီး အခြေစိုက် ခမရ(၇၀၉)၊ (၇၁၀)
တပ်ရင်းများနှင့် ရန်ကုန်တိုင်း ရွှေပြည်သာ အမှတ် (၆) ရဲတပ်ရင်းတို့၏ တောင်းဆိုချက်များနှင့်အတူ နိုင်ငံတ၀ှမ်းရှိ
တိုင်း၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရဲတပ်ရင်းများတို့မှ ညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင် တောင်းဆို
ဆန္ဒမှုများပြုလုပ်ကြရန် ကျွန်ုပ်တို့ (မလအ) မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်သည်။ ယင်းလှုပ်ရှားမှု
များအား ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ အင်အားစုများမှ
ဝိုင်းဝန်းကြိုဆို ထောက်ခံမှုဖြင့် အားပေးဝန်းရံကြရန် အလေးနက်တိုက်တွန်းနိုး ဆော်လိုက်သည်။

(မတရားသော အမိန့အ
်ာဏာဟူသမျှ ဖီဆန်မှ လူသားထုတရပ်လုးံ နှင့် နိင
ူ င
်ံတော်အေးချမ်းသာယာမည်)

မြန်မာနိုင်ငံ လူထုလှုပ်ရှားမှုအင်အားစုများ

(၁) ဒိန်းမတ်
(၂) နော်ဝေး
(၃) နယ်သာလန်
(၄) အင်္ဂလန်
(၅) ၾသစေၾတးလ်
(၆) ကေနဒါ
(ရ) အမေရိကန်
(၈) မလေးရှား
(၉) Finland

You might also like