You are on page 1of 3

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊

ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနီတီ၏ သတင်းထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၁၁ခုနှစ်၊ ဧပြီလ(၃၀)ရက် ။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူတို့၏ လက်မှတ်ထိုး ပန်ကြားလွှာတွင် ပူးပေါင်းလက်တွဲကြမည်

ဧပြီလ ၁၇၊ ၂၀၁၁ မြန်မာနှစ်ဆန်းတရက်နေ့တွင် မြန်မာပြည်သူလူထုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ


အစိုးရသစ်၏ သမ္မတကြီး ဦးသိန်းစိန်ထံ လက်မှတ်ထိုး ပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။ ထိုပန်ကြားလွှာတွင်
အများပြည်သူလူထု၏ ဆန္ဒဖြစ်သော

(၁) အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာရန်။

(၂) နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်။

(၃) ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသော နိုင်ငံရေးဒုက္ခသည်များအားလုံး မြန်မာပြည်သို့ လုံခြုံအေးချမ်းစွာ


ပြန်လာခွင့် ရှိရန်။

(၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ချက်ခြင်းရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို


ဖော်ဆောင်ကြပါရန် စသည်တို့ကို နိုင်ငံတော်သမ္မတကြီးက အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန်
အများဆန္ဒအဖြစ် လက်မှတ်ထိုး မေတ္တာရပ်ခံကြခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း “ဒီပန်ကြားလွှာကို ပြည်သူတွေ ဝိုင်းဝန်း ထောက်ခံလက်မှတ်ထိုးရေး


လှုပ်ရှားမှုမှာ NLD က တက်တက်ကြွကြွ ပါဝင်နေကြောင်း၊ မိမိကိုယ်တိုင်လည်း လက်မှတ်ထိုး ပြီးပြီဖြစ်ကြောင်း”
ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာပြည်အရေးလှုပ်ရှားသူ


အဖွဲ့အစည်းများ၊ မြန်မာတိုင်းရင်းသားများ၊ မိသားစုများကလည်း ထို လက်မှတ်ထိုးပန်ကြားလွှာ လှုပ်ရှားမှုတွင်
မြန်မာပြည်သူတို့နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးပေါင်း လက်တွဲပြီး ဆန္̔ဒထုတ်ဖော်ကြရန် တညီတညွတ်တည်း
ရှိပါကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ လက်ခံရရှိသော အဆိုပါပန်ကြားလွှာနှင့် လက်မှတ်ထိုးရန် ဖောင်များကို မိမိတို့မြို့နယ်အတွင်းရှိ


မြန်မာများဆုံစည်းရာ အောက်ပါ နေရာနှင့် အချိန်တို့တွင် ကိုယ်တိုင်ကိုယ်ကျ စုဝေးပြီး လက်မှတ်ထိုးကြရန်၊ လက်မှတ်များ
စုစည်းကြရန် အခမ်းအနားအနေဖြင့် ကျင်းပကြမည် ဖြစ်ပါသည်။

(၁) နေ့စွဲ။ ။ Saturday, April 30, 2011 (10:00am - 4:00pm)

နေရာ။ ။ ဥက္ကလံမြို့၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်။

Cesar E. Chavez Education Center, 2825 International Boulevard = (E 14 St.), Oakland, CA.

ဆက်သွယ်ရန်။ ။ ကိုအောင်ဇာနည်(၆၆၁ ၃၄၅ ၇၉၃၅)၊ မခင်သီရီန္ဒာစိုး(၆၅၀ ၇၅၈ ၁၂၉၀)။


(၂) နေ့စွဲ။ ။Sunday, May 1, 2011 (3:00pm- 6:00pm)

နေရာ။ ။ မြန်မာပြည်ကို ကူညီကြစို့(Project Help Burma) စေတနာရှင်နှင့် လုပ်အားပေးသူများ တွေ့ဆုံပွဲ။

540, 23rd Street, Oakland, CA 94612.

ဆက်သွယ်ရန်။ ။ မအေးရီဌေး(၅၁၀ ၇၁၂ ၄၉၄၆)၊ ဦးမောင်မောင်လတ်(၅၁၀ ၅၃၃ ၆၄၂၄)။

ထို့အပြင် အထက်ပါ အခမ်းအနားများသို့ ကိုယ်တိုင်မလာရောက်နိုင်သူများကလည်း ဖုံး၊ အင်တာနက်၊


အီးမေးတို့ကတဆင့် မိမိတို့ လုပ်အားပေးတို့ထံ ဆက်သွယ်ပြီး ဆန္ဒပေးခြင်း၊ လက်မှတ်ထိုးခြင်း ပြုလုပ်နိုင်ရန် အောက်ပါ
အင်တာနက်လိပ်စာနှင့် မိတ်ဆွေတို့ထံ ဆက်သွယ်နိုင်ပါသည်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာ အခြေစိုက် မိုးမခမီဒီယာ၏
အွန်လိုင်းဖောင်က တဆင့်လည်း မိမိတို့ ဆန္ဒများကို ထုတ်ဖော်မှတ်တမ်းတင်နိုင်ပါသည်။

ဆက်သွယ်ရန် မိတ်ဆွေများ -

ကိုတိုးလွင်၊ ဖုံး ၄၁၅ ၄၂၄ ၅၈၁၁၊ အင်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ၊ ယူအက်စ်အေ)

ကိုမိုးကျော်၊ ဖုံး ၆၅၀ ၈၃၄ ၀၁၈၄၊ သုံးရောင်ခြယ် (ယူအက်စ်အေ)

ကိုအောင်ဇာနည်၊ ဖုံး ၆၆၁ ၃၄၅ ၇၉၃၅၊ မြန်မာ့ကျောင်းသားများ အစည်းအရုံး(San Francisco Bay Area,USA)

ကိုစိန်ထွန်း၊ ဖုံး ၆၅၀ ၃၈၇ ၆၈၉၄၊ မြန်မာအမေရိကန် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (BADA)

ကိုညွန့်သန်း၊ ဖုံး ၅၁၀ ၂၂၀ ၁၃၂၃၊ မြန်မာအမေရိကန် ဒီမိုကရေစီ မဟာမိတ်အဖွ(ဲ့ BADA)

မမေဘယ်ထွန်း၊ ဖုံး ၆၅၀ ၃၈၇ ၆၆၁၈၊ မြန်မာအမေရိကန် အမျိုးသမီး မဟာမိတ်အဖွဲ့ (BAWA)

မအေးရီဋ္ဌေး၊ ဖုံး ၅၁၀ ၇၁၂ ၄၉၄၆၊ အင်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ၊ ယူအက်စ်အေ၊ ဆန်ဖရန်စစ္စကို)

မခင်သီရီန္ဒာစိုး၊ ဖုံး ၆၅၀ ၇၅၈ ၁၂၉၀၊ Human Rights Human Light (City College of San Francisco)

ကိုမောင်ရစ်၊ ဖုံး ၅၁၀ ၈၅၄ ၆၅၀၁၊ မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ။

အမေရိကန်ပြည်ထောင်စု အတွင်းသာမက နိုင်ငံတကာရှိ မြန်မာပြည် ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးလိုလားသူ


မြန်မာကွန်မြူနီတီများနှင့်အတူ မိမိတို့ တစိတ်တ၀မ်းတည်း လက်တွဲပြီး ကျယ်ကျယ်ပြန့်ပြန့် ၀ိုင်းဝန်းဆောင်ရွက် သွားမည်
ြ ဖစ်ပါသည်။

လက်ခံရရှိသော အများပြည်သူ၏ လက်မှတ်ထိုးပန်ကြားလွှာများကို အပတ်စဉ်တိုင်း မြန်မာပြည်တွင်းရှိ


အင်န်အယ်ဒီပါတီ ရုံးချူပ်သို့ မှတ်တမ်းအဖြစ် ပေးပို့ခြင်း၊ အများပြည်သူတို့ သိရှိရန် အသိပေးခြင်းတို့ကို ဆောင်ရွက်ကြမည်
ဖြစ်ပါသည်။ လာမည့် မေလ ၃၀ ရက်နေ့ အထိ နောက်ဆုံးထားပြီး ပန်ကြားလွှာ လက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုကို
ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူတို့နှင့် အတူ မိမိတို့က တထပ်တည်း တသဘောတည်း ရပ်တည်ကြောင်း
ပြသရန် ယခု လက်မှတ်ထိုးပန်ကြားလွှာတွင် လက်တွဲကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၁) အင်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ၊ ယူအက်စ်အေ)(NLD-LA-USA)

(၂) မြန်မာ့ကျောင်းသားများ အစည်းအရုံး(San Francisco Bay Area,USA)

(၃) မြန်မာအမေရိကန် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (BADA)

(၄) မြန်မာအမေရိကန် အမျိုးသမီး မဟာမိတ်အဖွဲ့ (BAWA)

(၅) သုံးရောင်ခြယ် (ယူအက်စ်အေ)

(၆) မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ။

(၇) Human Rights Human Light (City College of San Francisco)

မှတ်ချက်။ ။ အောက်ဖော်ပြပါနေရာတွင် ဧပြီလ(၁၇)၊ ၂၀၁၁ ပထမဦးဆုံးအကြိမ် စုဆောင်းရရှိ တင်သွင်းခဲ့ပြီးဖြစ်သော


ပြည်သူတို့၏ လက်မှတ်ထိုး ပြန်ကြားလွှာမိတ္တူများကို ရယူကြည့်ရှုနိုင်ပါသည်။

http://moemaka.net/albums/userpics/10001/BurmaSignatureCampaign2011.pdf

ဤနေရာမှာ မိမိတို့ ရောက်ရှိရာ နိုင်ငံ၊ မြို့နယ်အတွင်း လက်မှတ်ထိုးရန် ဖောင်များ ပုံနှိပ်ထုတ်ယူရန် ပုံစံကို ရယူနိုင်ပါသည်။

http://moemaka.net/albums/userpics/10001/Pages_from_Signature_Campaign.pdf

အောက်ဖော်ပြပါ နေရာကတဆင့် အွန်လိုင်းလက်မှတ် ထိုးနိုင်ပါသည်။

https://spreadsheets.google.com/spreadsheet/viewform?formkey=dDFSblM2aVB5Y0lMbkwwc05BM
2Z1Mmc6MQ&ifq

You might also like