You are on page 1of 3

မေဒေးမှာ မလေးရှားက အမျှဝေသံ

တစ်ကယ်ဆို ဒီ ဧပရယ်မှာ တို့တွေ စိတ်နှလုံးသား ကြည်နူးမှု ပီတိတွေ လွှမ်းခြုံနေခဲ့ကြတာ ...

ဧပရယ် ရဲ့ ၁၀ ရက်နေ့မှာ ကိုယ်စားမိဘများအတွက် ရဟန်းဒကာ၊ ဒကာမတွေ အဖြစ် ရောက်ရှိစေဖို့


အဖွဲ့ဝင်များက က္ကတ္ထိမ သားများအဖြစ် ဒုလ္လဘတ် ရဟန်းဝတ်ကာ ရဟန်းခံအလှူပွဲကြီးနဲ့ သက်ကြီး
ပူဇော်ပွဲကြီးကို အသင်းရဲ့ ၁၆ ကြိမ်မြောက် ပရဟိတ အလှူအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြတာ
ပြည်တွင်းပြည်ပ အဖွဲ့ဝင်များ ကြည်နူး အားရ ရှိနေကြတယ်.....

ဧပရယ်ရဲ့ ၁၇ ရက် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မှာက ရွှေတိဂုံ စေတီတော် မြတ် မုဒဝ
် က စောင့်ကြိုလို့
ရပ်ဝေးရပ်နီး လာသမျှ ဘုရားဖူးတွေ အတွက် အအေး အလှူ တဲ့ ကြည်နူးဖွယ် အတိနဲ့ ပြီးမြောက်
ခဲ့ပြန်တယ်။
စင်္ကာပူမှာ စတုဒီသာ အလှူကို အသင်းသူ အသင်းသားတွေ အားထုတ်ကာ အလှူလုပ်တဲ့အပြင်
အသင်းဂုဏ်ရောင် တောက်ပြောင်စေတဲ့ သားသမီးတွေ မိဘအပေါ် သိတက်စေဖို့တဲ့ ပညာပေး
ပြဇာတ်လေး ခင်းကျင်း ပြသနိုင်ခဲ့တာလည်း အားလုံးဘဲ ကြည်နူးနေတုန်းပါဘဲ....

မလေးရှားက အဖွဲ့ဝင်တွေ အားခဲထားသမျှ နွှဲပျော်စွာ ဆင်နွှဲကြတာ ဒီဧပရယ်ရဲ့ ၁၇ ရက် မြန်မာ နှစ်ဆန်း


တစ်ရက်နေ့ မှာ ပါဘဲ ရိုးရာ သက်ကြီးပူဇော်ပွဲနဲ့အတူ ဇီဝိတ ဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ ဒါ့အပြင် HIV
ရောဂါသည် များ အတွက် လည်း တစ်ဖက်တလမ်းက ကုသလ
ိုဒါန ပြုခဲ့ကြတယ်...

ဒီလိုနဲ့ ဒို့တစ်တွေ အလှူပွဲတွေ ပြီးသွားပေမယ့် အချင်းချင်း လူချင်းမတွေ့တောင် အွန်လိုင်းမှာ စားမြုံ့ပြန်၊


တွေ့ပြန်တော့လည်း ပြီးခဲ့တဲ့အလှူတွေ တစ်ကယ် အားရစရာပါကွာ နောက်လတွေမှာလည်း ဒို့ဘယ်လို
လှူကြရအောင် အလှူငွေ ဘယ်လိုရှာစို့ ... အသင်းလေး ကြီးပွားဖို့ ကို မမောတမ်း ပြောကြတယ်လေ...

ဒါပေမယ့် တစ်နေ့ ဧပရယ်ရဲ့ ၂၅ ရက်နေ့မှာပေါ့ အသင်းရဲ့ နံပါတ်တစ် အဖိုး .. အဖိုး ဦးသိန်း


ကွယ်လွန်ပြီတဲ့ .... ဒီသတင်းဆိုးက ဒို့တွေ အီးမေးထဲကို ရောက်လာခဲ့တယ်.. ၀မ်းနည်းမှုတွေကို
အစားထိုးဖို့ အကောင်းဆုံး ဆက်လုပ်ကြမယ် ဆိုပြီး ဒို့အားလုံး အသင်းဝင်တွေ ပြုခဲ့သမျှ အလှူဒါန
တွေနဲ့အတူ အလှူငွေတွေစု ကုသိုလ်ပြု အမျှဝေကြမယ်လို့ ကြံစည်ကာ အထမြောက်ဖို့ စီစဉ်နေကြတုန်း

ဧပရယ်ရဲ့ ၃၀ ရက် မထင်မှတ်ဘဲ ကြားလိုက်ရပြန်တာ နံပါတ်ခြောက်အဖိုး .. အဖိုး ဦးကျော်သိန်း


ကွယ်လွန်ပြီတ.ဲ့ .. ဘယ်လို ဖြစ်တာလဲ ဧပရယ်ရယ် ကျီစယ်နေတာလားလို့တောင် တွေးမိတယ်..
ဒါပေမယ့်လည်း မီးစာကုန် ဆီမခန်းခင် ရဟန်းဒကာများ ဖြစ်သွားရှာတဲ့ အတွက် ဒီအဖိုး ၂ ယောက်
ကောင်းရာ ရောက်မှာပါလို့ ဖြေတွေးတွေးကာ ဒို့တွေဆက်လုပ်ဖို့ရာက သားသမီးတို့ရဲ့ နောက်ဆုံး
ဝတ္တရား “လှူမျှဝေ၍’’ ဆိုတာလေးကို အကောင်အထည်ဖေါ်ကြဖို့ ကြိုးစားရင်း..
ဒီနေ့.. မေလ (၁) ရက် နေ့ မှာ ကုန်သွားတဲ့ ဧပရယ်က ဆုံးသွားတဲ့ အဖိုး (၂) ယောက်အတွက် ရည်စူး
အလှူ အဖြစ် မလေးရှားနေ အသင်းဝင် မောင်နှမ တစ်စု က မလေးရှားနိုင်ငံ ပူချုန်းမြို့ဓမ္မရောင်ခြည်
ဘုန်းတော်ကြီးကျောင်းတွင် သင်္ကန်းပရိက္ခရာ၊ ဆွမ်း၊ ဆေး၊ ကျောင်း အစရှိသည်တို့အတွက် အလှူပြု၊
ငါးပါးသီလ ခံယူ၊ မမြဲခြင်း အနိစ္စသဘောနှလုံးသွင်းတဲ့ ဘာဝနာ အစရှိတဲ့ ကုသိုလ် အစုစုနဲ့အတူ ပြုပြီးသမျှ
ကုသိုလ်အမှု အစုစုတို့အား အဖိုး (၂)ယောက်အား အဓိက ထားကာ (၃၁)ဘုံ တည်နေကုန်သော ရှိရှိသမျှ
ဝေနေယျ အပေါင်းတို့အား အမျှပေးဝေ ခဲ့ကြပါတယ်။

ဒီလိုနဲ့ ၂၀၁၁ ရဲ့ မေဒေးနေ့မှာ မလေးရှားနိုင်င၊ံ ပူချုန်းမြို့က ဓမ္မရောင်ခြည် ဘုန်းတော်ကြီးကျောင်းရဲ့


ဘုရားခန်းထဲမှာ အမျှဝေသံတွေ မြိုင်ဆိုင် သွားခဲ့ရပါတော့တယ်။
အော်…. ဒါနဲ့ မပြီးသေးဘူး ဘုန်းဘုန်းမှ အသင်းအတွက် ရေရှည်တည်တံ့စေလိုခြင်း အကျိုးငှာ
ဂရုဏာတော်ထားပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော်များမှ အသင်းအတွက်
အကျိုးဖြစ်ထွန်းစေမည့် ဆုံးမ တရားတော်လေးအား ပြန်လည် ဟောကြားဆုံးမတော်မူပါတယ်။ ထို့ပြင်
တရားတော် အနှစ်ချုပ်ကို ထုတ်နှုတ်ကာ အသင်းအတွက် မှတ်ရလွယ်အောင် ကိုယ်တော်တိုင်
ကဗျာလေးစပ်ပြီး နှုတ်တိုက်ချ ရွတ်ဆိုစေခဲ့တာက

၁) လစဉ်စည်းဝေး မနှေးတက်ပါ

၂) ညီညာ ဆုံးဖြတ် လုပ်တက်မှန်တာ

၃) ဥပဒေပြဌာန်း စည်းကမ်းလိုက်နာ

၎) သက်ကြီးစကား ထင်ရှားစေတာ

၅) အိမ်ထောင်ရှုပ်ထွေး ဝေးဝေးရှောင်ပါ

၆) ဘာသာကွဲပြား လေးစားသဟာ

၇) ရဟန်းကြွ မှန်စွ ဖူးမြင်ပါ

ဟူ၍ ဖြစ်ပြီး ဒီအချက်တွေကို လိုက်နာ ဆောင်ရွက်နေသမျှ ဒီအသင်းကြီး ဘယ်တော့မှ မပျက်စီးစေနိုင်ပါဟု


မိန့် ကြား ဆုံးမတော်မူပါကြောင်းကို အခွင့်မသာ၍ မလိုက်ရရှာသော မလေးရှားအဖွဲ့ဝင် မောင်နှမများနှင့်
ပြည်တွင်းပြည်ပ အသင်းသူ အသင်းသားများအတွက် ပြန်လည် မျှဝေရင်း ကျန်သေးတဲ့ ကိုယ်စား
မိဘတွေနဲ့အတူ နောက်ထပ်ရလ
ှိာမည့် ကိုယ်စားမိဘတွေနဲ့အတူ အသင်းကြီး ကြီးပွားတိုးတက် လို့
ရေရှည် တည်တံ့ ခိုင်မြဲပါစေလို့ ဆန္ဒပြု ဆုတောင်းလိုကရ
် ပါတော့တယ်။

ကျေးဇူးတင်ခြင်း….

အသင်းကြီးပွားတိုးတက်ဖို့ ရည်ရွယ်ကာ ဆုံးမ တော်မူယုံမက လိုက်နာဖွယ်ရာ အချက်များကို မှတ်ရ


လွယ်အောင် ကဗျာပြုလုပ် နှုတ်တိုက်ချပေးသော ဓမ္မရောင်ခြည် ဆရာတော် ဘုန်းဘုန်း ကို ကြည်ညိုသဒ္ဒါ
ပွားစွာ ကျေးဇူးတင်ပါတယ်ဘုရား…

မိမိတို့၏ အားလပ်ရက်လေးကို အဖိုးတို့အတွက် ပေးဆပ် အမျှဝေရန် တက်ရောက်လာသော အသင်းဝင်


မောင်နှမ များအားလုံးကို လေးစားစွာ ကျေးဇူးတင်ပါကြောင်း

ဒီနေ့တက်ရောက်လာသော အသင်းဝင် မောင်နှမ ၂၀ ကျော်ခန့်အား နေ့လည်စာကျွေးမွေးသော အကို


ကိုဇော်သီဟ အားလည်း ကျေးဇူးတင်ပါကြောင်း.. လေးစားစွာ ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်။

You might also like