You are on page 1of 1

အထူးထုတ်ပြန်ကြေငြာချက်

နေ့စွ။ဲ ။ စက်တင်ဘာလ ၃ရက်၊ ၂၀၀၈ခုနှစ်


ဗုဒ္ဓဟူးနေ့

မြန်မာနိုင်ငံတ၀ှမ်းလုံးရှိတိုင်းရင်းသာပြည်သူများနှင့်အနယ်နယ်အရပ်ရပ်ရှိတော်လှန်ရေးမောင်နှမများခင်ဗျား

ကျွန်ုပ်တို့Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှအဖွဲ့ ၀င်တဦးအား နအဖ အာဏာပိုင်များမှ


စက်တင်ဘာလ၃ရက်၂၀၀၈ ယနေ့နံနက် ရနာရီခွဲခန့်တွင်ဖမ်းဆီးခေါ်ဆောင်သွားပါသည်။

Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ဖမ်းဆီးခံရသည့် အဖွဲ့ ၀င်မှာ အင်းစိန်မြို့နယ်တွင်


နေထိုင်သူ ကိုတင်မျိုးထွတ်(ခ)ကိုကျော်ဦး အသက်၃၂နှစ်ဖြစ်ပြီး၊ သူငယ်ချင်း တယောက်နှင့်တွေ့ဆုံရန်အတွက်
ချိန်းဆိုထားသော ဘုရင့်နောင်လမ်းဆုံအနီးရှိ အမေ့ရွာလက်ဖက်ရည်ဆိုင်သို့ သွားရောက်စဉ် ရုတ်တရက်
ဖမ်းဆီးခံရခြင်းဖြစ်ပါသည်။

ကိုကျော်ဦးသည် ၈၈အရေးတော်ပုံကာလကတည်းက ဒီမိုကရေစီတော်လှန်ရေးအတွင်း အထက်တန်းကျောင်းသား


ဘ၀ဖြင့်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင်ဖမ်းဆီးခံခဲ့ရ၍ အင်းစိန်ထောင်တွင်း ၅ နှစ်တာ
မတရားအကျဉ်းချခံခဲ့ရဖူးသူတဦးလည်းဖြစ်ပါသည်။

ထိုသို့ ဖမ်းဆီးခံရခြင်းကြောင့် ကျွန်ုပ်တို့ Generation Wave အနေဖြင့် အကြမ်းမဖက် လှုပ်ရှားမှုများ


ရပ်တန့်သွားမည်မဟုတ်၊ စစ်အာဏာရှင်စနစ်အားဆက်လက်၍ အရှိန်တိုးမြှင့်တော်လှန်ဆန့်ကျင်
သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ၄င်းအပြင် နအဖအနေဖြင့် နိုင်ငံ၏ပဋိပက္ခများကို
အကြမ်းမဖက်ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ၀ိုင်းဝန်းဖြေရှင်းရန် ကြိုးပမ်းနေသော
မျိုးဆက်သစ်ကျောင်းသားလူငယ်များအားယခုကဲ့သို့မတရားဖမ်းဆီးနေခြင်းများကိုရပ်တန့်ရန်နှင့်
ယခင်ဖမ်းဆီးထားသူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးပြီးနိုင်ငံရေးပြသနာများကို လူကြီးလူကောင်းဆန်စွာ
တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန်လည်း ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ
အလေးအနက်တောင်းဆို လိုက်ပါသည်။

e-mail; gwminyanaing@gmail.com, moethway@gmail.com, generationwave@gmail.com


blog; http://www.generationwave.co.cc/

You might also like