You are on page 1of 3

သို့…

ဒီ…ဒေါက်တာ ဦးရွှီလူမောင် ကိစ္စ အပြန်အလှန်ရေးကြတာကို ကျွန်တော် WAO ၀က်ဆိုဒ်မှာ ဖတ်လိုက်ရပါတယ်။ ဒေါက်တာရွှီလူမောင်


အကြောင်းကို ကြားဖူးတာတော့ ကြာပါပြီ။ ဒီကို ကျွန်တော်ရောက်ပြီး လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က သူနဲ့ အီးမဲအပြန်အလှန်ရေးဖူးပါတယ်။
ဘာရယ်လို့တော့ မဟုတ်ပါ။ အချင်းချင်း မိတ်ဆက်တာပါ။ ဒေါက်တာဦးရွှီလူမောင် အကြောင်းကို ကျွန်တော်ငယ်ငယ်ကတည်းကတော့
ကြားဖူးပါတယ်။ သူက ကျွန်တော့်ကိုယ် မွေးခဲ့တဲ့ မင်းပြားမြို့ မှာကြီးခဲ့တာကြောင့် သူ့ အကြောင်းကို တော်တော်များများ စုံစုံလင်လင်
ကျွန်တော့်အဖေဆီက သိခဲ့ရတယ်။ တချို့ကတော့ ပြောကြတာပေါ့လေ၊ သူ့ ကို …သစ္စာဖောက်…ဘာညာ။ ဒါကတော့ ဘာမှဆန်းတဲ့
ကိစ္စမဟုတ်လောက်ဘူး တော့ကျွန်တော်ထင်တ ယ်။ သူက ရခိုင်ဖြစ်ပြီးတော့ မူဆလင်အမျိုးသမီးကို ယူတယ်၊ ဘာသာလဲ ပြောင်းသွားတယ်၊
ပြီးတော့ ကုလားနဲ့ ရခိုင်ပေါင်းပြီး နိုင်ငံထူထောင်ဖို့ပြောတယ်…ဗုဒ္ဓဘာသာကို မကြိုက်လို့ ဘာသာပြောင်းသွားတယ်လဲ ပြောသေးတယ်၊
မဟာမြတ်မုနိဘုရားကို ပြန်ရဖို့လဲ တောင်းတယ်။ သူ့ စာအုပ်မှာတောင်းတာတင်မဟုတ်ဘူး …Youtube မှာပါ လူသိချင်ကြား ပြောလာတယ်။
ဆိုတော့ အင်လိုင်းနဲ့ အဆက်အသွယ် မပြတ်ကြဘူးဆိုရင် ဒီကိစ္စဟာဖြစ်နေတာ တော်တော်လေးကြာပြီ ဆိုတာ လူတိုင်း သတိထားမိပါလိမ့်မယ်။
ဆိုတော့ အဲဒါတွေကို ကြားရ၊ ဖတ်ရ၊ မြင်ရပြီးတော့ ကျွန်တော် ကိုယ့်ဟာကိုယ်လဲ မေးမိခဲ့တယ်။ ကိုယ့် အပေါင်းအပါ တချို့ နဲ့လဲ ဒီကိစ္စကို
လေးလေးနက်နက်ထားပြီး ဆွေး နွေးခဲ့ပါတယ်။ ကိုယ့်ဟာကိုယ် မေးမိတာက So What ဆိုတဲ့ အမေးဘဲ။ သူဘာသာပြောင်းတော့ဘာဖြစ်သလဲ။ သူ
့ဟာသူ ကုလားမကို ယူတော့ဘာဖြစ်သလဲ။ ကျွန်တော့်အမြင်တော့ ဘာမှ မဖြစ်ဘူးထင်တာဘဲ။ ဒါဟာသူ့ ရဲ့လွတ်လပ်ခွင့်ဘဲ။ ကျွန်တော့်ကို သူ့ ရဲ့
လုပ်ရပ်ကို ကြိုက်သလားမေးရင် မကြိုက်ဘူးလို့တော့ ပြောမှာဘဲ။ ဒါပယ်မယ့် ဘာမှတော့ပြောမှာမဟုတ်ဘူး။ တခုတော့ ရှိတာပေါ့လေ။
သူရခိုင်သမ္မတ ဖြစ်ပြီးတော့ ကုလားမကို သွားယူတယ်ဆိုရင်တော့ Publicily ကျွန်တော်တို့တော့ ကန့်ကွက်ရလိမ့်မယ်။ နောက်တ ခုက သူက ရခိုင့်
Identity ဖြစ်တဲ့ အမျိုးကိုလဲ မစောင့်ရှောက်ဘူး၊ သီလ (ဘာသာ)ကိုလဲ မစောင့်ရှောက်ဘူး ၊ ပြီးတော့ မဟာမုနိ ဘုရားကို ပြန်တောင်းတယ်ဆိုတော့
ကျွန်တော်တို့ ရခိုင်များ ဒေါသထွက်တာတော့ မဆန်းပါဘူး။

ဒါပယ်မယ့်… ကျွန်တော်တခု တွေးတာတော့ ရှိပါတယ်။ ဘာသာတရားနဲ့ ပတ်သ က်လို့ပါ။ သူ ဘာသာမပြောင်းဘဲ နေခဲ့ရင်ဘဲ


ထားပါအုံး…ဗုဒ္ဓဘာသာရဲ့ အဆီအနှစ် (တနည်း..ဗုဒ္ဓဘာသာစစ်စစ်) တစ်ယောက်လဲ ဖြစ်ချင်မှ ဖြစ်နေမှာ။ ဗုဒ္ဓဘာသာမှာ ဆိုထားတဲ့ အတိုင်း
အနည်းဆုံး ဗုဒ္ဓဘာသာ အစစ်တစ်ယောက်ဖြစ်ဖို နာမရူပ ပရိစေတ္တ ဥာဏ်ရဖို့လိုတယ်လို့ ပြောကြတယ်လေ။ ကျန်တာတွေက နာမည်ခံတွေဘဲပေါ့။
အခု ရခိုင်တွေထဲမှာ ဘာသာကွဲကို ယူတယ်ဘဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်ဘာသာပြောင်းသွားတယ်ဘဲ ဖြစ်ဖြစ် ဘယ်သူမှ မကြိုက်ချင်ကြဘူး။ သူတို့
မကြိုက်ရတာဟာ သူတို့တွေက ကိုယ့်ဘာသာဝင် (အထက်က ပြောခဲ့သလို) စစ်စစ်ဟုတ်လို့လား ဆိုတော့လဲ မဟုတ်ပြန်ကြဘူး။ ကိုယ်စီးနေတဲ့
မြင်း အထီးအမမှန်းမသိတဲ့ လူတွေက တော်တော်များတယ်။ ရခိုင်လိုပြောရရင်တော့ (စားရာစားရေ နှပျောသီးမှန်း ကျလာမှန်းမသိ) ပေါ့။ ဆိုတော့
လိုရင်းကို ပြောရရင် လူတွေဟာ ကိုယ့်ဘာသာကို ဘယ်လို ပုံစံနဲ့ဘဲ ကိုးကွယ်ကွယ် ကိုယ့်ဘာသာဝင်တ စ်ယောက် တခြားဘာသာကို ပြောင်းရင်
မကြိုက်ကြဘူးလို့ ပြောလို့ရမယ်ထင်ပါတယ်။ ဆိုတော့ ဒေါက်တာကြီးတယောက်ဖြစ်တဲ့ ဦးရွှီလူမောင်က ရခိုင်တွေ အင်မတန် မုန်းတီးလှတဲ့
မူဆလင်ကို ၀င်သွားတော့ ကိုယ်ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာအကြောင်းကိုတောင် သေခြာ မသိတဲ့ ရခိုင်တွေက မကြိုက်တာလဲ မဆန်းပါဘူး။
ဒါပယ်မယ့် တခုရှိတယ်။ သူဝင်သွားရောဘာဖြစ်သ လဲ။ ဘာမှမဖြစ်ဘူး။ သူမူဆလင်ဖြစ်သွားတာနဲ့ ရခိုင်တွေအကုန်လုံး မူဆလင်
ဖြစ်သွားရောတဲ့လား။ အထက်က ပြောခဲ့သလို သူက ရခိုင်တွေကို ကိုယ်စားပြုနေတဲ့ လူတစ်ယောက်ယောက်ဆိုရင်တော့လဲ ရခိုင်လက်ရှိ
လူမှုအသိုင်းအ၀ိုင်းလက်ခထ
ာံးတဲ့ စံအရတော့ တခုခုပြောသင့်တာပေါ့။ ခုသူက ရခိုင်အသိုင်းအ၀ိုင်းက သင်းကွဲပြီးသားလူ။ သူ့ ကို
ရခိုင်အသိုင်းအ၀ို င်းက ကျည်ဖယ်ခဲ့တာကြာလှပေါ့။ ဒါကို လူတိုင်းသိပါတယ်။ အဲဒီကိစ္စ မှားတယ်၊ မှန်တယ်ဆိုတာကို ကျွန်တော် မဝေဖန်လိုဘူး။
နောက်ပြီး သူက မဟာမြတ်မုနိ ဘုရားကို ပြန်တောင်းတယ်။ သူတောင်းတောရော…မဟာမြတ်မုနိဘုရား ရခိုင်ကို ရောက်လာမှာတဲ့လား။ သူ
့ကိုထားလိုက်၊ ခုလက်ရှိ ရခိုင်နိုင်ငံရေးလောကမှာ ရခိုင်တွေက တရားဝင် (ဘာဘဲဆိုဆို) မဲပေးထားတဲ့ ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီက
တောင်းတော့ရော မဟာမြတ်မုနိဘုရား ရခိုင်ကို ပြန်ရောက်လာမှာတဲ့လား။ ဒါမှမဟုတ် ရခိုင်တွေတော်တော်များများ လေးစားရတဲ့ စီအာပီပီ
အတွင်းရေးမှူး ဦးအေးသာအောင် တောင်းတောရော မဟာမြတ်မုနိ ရခိုင်ပြည်ကို ပြန်ရောက်လာမှာတဲ့လား။ သေခြာတာတခုက တော့
ဦးရွှီလူမောင်ဟာ သူ ပြောထားတဲ့ ရက္ခပူရီယံ တစ်ယောက်အနေနဲ့ ဒီစကားကို ပြောပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကို သွားပြီး
တိုက်ခိုက်တာဟာ အရမ်း ပုဂ္ဂိုလ်ရေးဆန်တယ်လို့ မြင်ပါတယ်။ နောက်တခုရှိသေးတယ်။ မဟာမြတ်မုနိဘုရားကို ရခိုင်တွေ ပြန်လိုချင်နေကြတဲ့
ကိစ္စ။ တချို့ကတော့ အဲဒီဘုရား ကျွန်တော်တို့ ဆီက ပါသွားတာလို့ ပြောကြတယ်။ တချိုက
့ တော့ မဟုတ်ဘူးလို့ ပြောကြတယ်။ ထားလိုက်ပါ။
ဒါပယ်မယ့် ဘယ်လိုဘဲဆိုဆို စဉ်းစားရမှာတခုက အဲဒီဘုရား ရခိုင်ပြည်ပြန်ရောက်လာရင်ရော ရခိုင်တွေ အကုန်လုံး အရင်ကလို
ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေခဲ့တဲ့ အနေအထားကို ပြန်ရောက်မှာတဲ့လား။ မြန်မာတွေက … ရခိုင်တွေကို အဲဒီဘုရားကိုတော့ ပြန်ပေးပါပြီတဲ့၊
ရခိုင်တွေဘ ၀က ခုလိုအခြေအနေကနေ မတက်ဘူးဆိုရင် …ဘာသွားလုပ်မှာလဲ။ ဆိုတော့ ကျွန်တော်တို့ လိုချင်နေကြတာ အဲဒီဘုရားလား၊ ရခိုင်တွေ
ကိုယ်ကြံမ္မာကိုယ်ဖန်တီးခွင့်လား၊ ဒါမှမဟုတ် နှစ်ခုစလုံးလား။ အဲ… တခုတော့ရှိတယ်။ အဲဒီ ဆင်းထုတော်ဟာ အစစ်ဘဲ ဖြစ်ဖြစ်၊ အစစ်
မဟုတ်သည်ဘဲ ဖြစ်ဖြစ်…ရခို်င်တွေကို motivation တခု ပေးနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်တို့လိုချင်တဲ့ ပန်းတိုင်တခုကို ရောက်ဖို့ motivation တခုခု
ရှိအောင်လုပ်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ ပြန်တောင်းသင့်တယ်။ တလောက ဒေါက်တာအေးချမ်းက ဘုရားရခိုင်ပြည်ကို မရောက်ပါဘူးလို့
အတိအလင်းပြောထားတဲ့ အသံဖိုင်တခုကို မြန်မာတွေဆီကနေတဆင့် နားထောင်လိုက်ရတယ်။ ဘုရားရခိုင်ကို မရောက်ခဲ့ဘူးဆိုတဲ့ သူ့ သီအိုရီ
မှန်တယ်ဆိုရင် အဲဒီမဟာမြတ်မုနိရုပ်ပွားတော်ကို ဘုရားရင်ငွေ့ ပေးပြီးသွန်းလုပ်ခဲ့တယ် ဆိုတဲ့ သမိုင်းလဲ မှားသွားပြီ။ ဒါဆိုရင် တောင်းလို့ရော
ဘာထူးအုံးမှာတုန်း။ လူထု ကို လှည့်စားပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တ ယ်ဆိုရင် လုပ်လို့ရတယ်။ လုပ်သင့်တယ်လို့လဲ မြင်ပါတယ်။
(နိုင်ငံရေးအမြတ်ထုတ်မယ်ဆိုတာ နိုင်ငံရေးလုပ်စားမယ်လို့ ပြောတာမဟုတ်ပါ။) ဒေါက်တာ ဦးအေးချမ်းပြောခဲ့သလို
ဘုရားရခိုင်ပြည်ကိုမရောက်ခဲ့ဘူးဆိုတာ ရခိုင်တွေ မသိပါစေနဲ့။ ရောက်ခဲ့တ ယ်လို့ဘဲလုပ်ပါ။ ပြီးတော့ အဲဒီဘုရားကို ရခိုင်တွေ လိုတယ်ဆိုတာကို
ပြောပြကြပါ။ ဒါဆိုရင်တော့ မဆိုးဘူး။ ဒါပယ်မယ့် အဲဒီဘုရားကို ပြန်တောင်းတဲ့ နေရာမှာ ဒေါက်တာ ဦးရွှီလူမောင်မှ မဟုတ်ဘူး။ ရခိုင်အကျိုးကို
လိုလားတဲ့ ဘယ်သူမဆို တောင်း ပိုင်ခွင့်ရှိတယ်လို့ မြင်တယ်။ ကောင်းပါပြီ။ ခုကျွန်တော် ကုလားကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းဆက်ပြောချင်တယ်။
ရခိုင်တွေလို့ နာမည်ခံကြတဲ့ ဘယ်သူမဆု…
ိ ကလေးကအစ ဒုတ်ထောက်အထိ ကုလားကို မုန်းကြတယ်။ ကျွန်တော်လဲ မုန်းတယ်။ မုန်းတယ်ဆိုတာ
ရိုးရိုးမုန်းတာမဟုတ်ဘူး။ အရိုးထိစွဲပြီးမုန်းကြတာ။ ဒါက ပြင်ရတာ တော်တော်ခက်တယ်။ ဘင်္ဂလားပင်လယ်အော်ထဲကို ကုလားတွေကို ရခိုင်တွေက
ကန်ချရင်ချ၊ မချရင် ကုလားတွေက ရခိုင်တွေကိုကန်ချတဲ့ အခြေအနေလောက်ြ ဖစ်ပြီးမှ ဒီကိစ္စက ကျေအေးသွားမယ့်အ နေအထားရှိနေတယ်။
လက်ရှိမှာက ကျွန်တော်တွေ့ ရသလောက် ကုလားဟာ ဘာမဟုတ်ပါဘူး ၊ ညာမဟုတ်ပါဘူး လို့ဘဲ ပြောနေကြတာတွေကို တွေ့ ရပြီး …အနာဂတ်
မြန်မာပြည် (၀ါ) ရခိုင်ပြည်ကို ထူထောင်ရင် ကုလားကိစ္စကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ကိစ္စကျတော့ မပြောတတ်ကြဘူး။ တခုခုကို
ဦးဆောင်ဆွေး နွေး၊ တင်ပြတဲ့ လူတွေဟာ ကျွန်တော်သိသလောက် အမြင် (vision) ကိုရော…အဲဒီ အမြင်ကိုဘယ်လိုရအောင်ယူမလဲ
ဆိုတဲ့နည်းလမ်း (mission) ကိုရော ပေးနိုင်ရတယ်လို့ မြင်တယ်။ ဒီမိုကရေစီရရင် စကားဝိုင်းမှာဆွေး နွေးကြတာပေါ့၊ အဲဒီအချိန်ကျရင်
စဉ်းစားကြတာပေါ့ ဆိုတဲ့ မတင်မကျ စကားတွေက အဖြေမဟုတ်ဘူး။ အဲသလို ဘဲ စဉ်းစားတတ်ကြရင် ခုချိန်ကတည်းက ဘာမှ မလုပ်ဘဲ
နေတာပိုကောင်းတယ်။ နိုင်ငံတ ခုတည်ဆောက်ရင် ခုအချိန်မှာ ဘယ်နိုင်ငံကမှ လူမျိုးတမျိုးတည်းနဲ့ တည်ဆောက်လို့ မရတာလူတိုင်းသိတယ်။
လူတွေ အစုံကတော့ ပါမှာဘဲ။ အဲဒီလူတွေကို ဘယ်လိုပုံစံ၊ ဘယ်လိုနည်းနန့် ကိုင်တွယ်မလဲ၊ ဖြေရှင်းမလဲ ကိုဘဲ စဉ်းစားကြရမှာ။ အဲဒါကို
ဦးဆောင်ဆွေး နွေးတဲ့ လူတွေက ချပြရမယ်။ ပညာရေးတိုင်းဟာ နိုင်ငံရေးသဘောသက်ရောက်တာဘဲ။ အဲဒါကြောင့် နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့
အကြောင်းအရာတွေမှာ ကြားနေလို့ မရဘူး။ ဘက်လိုက်ရမှာဘဲ။ ဘယ်ဘက်ကိုဘဲ လိုက်လိုက် မတိကျရင်တောင် အနီးစပ်ဆုံး အဖြေတခုတော့
ကျွန်တော်လို့ ပေးကြရမှာဘဲ။ ကုလားအကြောင်းကို ဆက်ပြောရရင် ဗမာအကြောင်းလဲ ပါရမှာဘဲ။ ရခိုင်သမိုင်းကို နည်းနည်းပါးပါး
ဖတ်ဖူးတဲ့လူတွေ… (Primary sources) တွေမဟုတ်ရင်တောင် ဖြစ်ကတတ်ဆ န်းရေးထားခဲ့တဲ့ ရာဇ၀င်ကျမ်းတွေ အရဆိုရင်တောင်
ရခိုင်ပြည်အ ချုပ်အချာ အာဏာကျဆုံးအောင် အကျိုးပြုခဲ့တာ ကုလားမဟုတ်ဘူး…ဗမာဘဲ။ ဒါကိုလူတိုင်းသိတယ်။ ဖြစ်ခဲတာတွေက
ပြီးပါပြီ..သင်ပုန်းချေပြီး ရှေးဆက်သွားမယ်ဆိုတာ…လှည့်စားခြင်းတမျိုးဘဲ။ သမိုင်းကို ဖတ်ပြီး သမိုင်းမှာချောင်ပိတ်ပြီး တော့ သမိုင်းနာကျနေတာကို
ကျွန်တော်လဲ မကြိုက်ဘူး။ သမိုင်းဆိုတာ လက်ရှိကိုယ်တို့ ဖြစ်နေတဲ့ အမှန်တရားနဲ့ ဆက်စပ်ကရတယ်။ ပြီးတော့ လက်ရအ
ှိ မှန်တ ရားကို
နားလည်အောင် ကြိုးစားပြီး၊ နားလည်လာတဲ့ အချိန်မှာ ပြောင်း လဲဖို့အတွက် လုပ်ကြရတယ်။ သင်ပုန်းတော့ ခြေပေးနိုင်ပါတယ်… ဒါပယ်မယ်.့ .။
အဲဒီတာ့ “ဒါပယ်မယ့်” ဆိုတဲ့ စကားကို စဉ်းစားသင့်တယ်။ သမိုင်းကို နားလည်ပြီး ဒါပယ်မယ့် ဆိုတဲ့ မေးခွန်းကို မေးနိုင်မှ ကိုယ်တို့ အတွက်
သင့်တင့်တဲ့ ပန်းတိုင်တ ခုကို ရွေးနိုင်ကြမယ်လို့ ကျွန်တော်ထင်တယ်။ လိုရင်းတိုချင်းပြောရရင် ရခိုင်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာ ကုလားရယ်မှ
မဟုတ်ဘူး။ ဗမာလဲ ဒီအတိုင်းဘဲ။ ဗမာက ဘာသာတူလို့ ၊ ယဉ်ကျေးမှုတူလို့ ရခိုင်တွေကို ချမ်းသာပေးမယ်ဆိုတဲ့ အယူအဆကို
ကျွန်တော်လက်မခံဘူး။ နိုင်ငံရေးမှာ အကုန်လုံး ဘယ်သူသေသေ ငတေမာရင်ပြီးရောဘဲ။ မြန်မာပြည် ဒီမိုကရေစီရရင် ဒီထက်ပိုဆိုးသွားမယ်လို့
ကျွန်တော်မြင်တယ်။ အောင်ဆန်း စုကြည်ရဲ့ liberalism ကိုဘယ်လိုမှလက်ခံလို့မရဘူး။ ဒါကြောင့် ရခိုင်တွေဟာ realists တွေဖြစ်သင့်တယ်။
ဘာကိုမှမကြည့်ကြပါနဲ့။ တလောက ရထားလမ်းနဲ့ပတ်သက်ပြီး မြောက်ဦးမှာဖြစ်သွားတဲ့ ကိစ္စကို ဘဲ ကြည့်ပါ။ ဗုဒ္ဓဘာသာအချင်းချင်း
ညှာရဲ့လားဆိုတာကို။ နောက်ပြီး ရခိုင်တွေက ကုလားတွေကို … ရခိုင်အမျိုးပျောက်အောင်လုပ်နေတယ်လို့ ပြောကြတယ်။ မောင်တောဘက်မှာ
ဗမာပြည်က လူတွေကို ရွာတည်ပြီး အင်္ဂလိပ်ဘုရင်က အိုင်ယာလန်မြောက်ဘက်မှာလုပ်ခဲ့တဲ့ (human plantation) လုပ်နေတာကရော
အမျိုးပျောက်အောင် လုပ်နေတာမဟုတ်ဘူးလား။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော် ရခိုင်မှာရှိခဲ့တုန်းက မြောက်ဦးကို သွားရင် ကျွန်တော်နဲ့ တွေ
့ခဲ့တဲ့  လူအားလုံး ရခိုင်လိုပြောတယ်။ တလောက ကျွန်တော့ အစ်မ မြောက်ဦး ကို သွားလည်ရော ဈေးသည်တွေက ရခိုင်စကားပြောရင် ဗမာလို
သုံးပုံတပုံပါတယ်လို့ပြောတယ်။ သူ ဗီဒီယို ရိုက်ပြီးယူလာပြတယ်။ ဆိုတော့ အပြင်ရန်သူကို ကာကွယ်ဖို့ စိတ်အားထက်သန်နေကြတဲံ အချိန်မှာ
အတွင်းက ခြ လှိုက်စားတာနဲ့ဘဲ ကြာရင် ကျွန်တော်တို့ Identity ဘာမှကျန်တော့မှာမဟုတ်ဘူး။
အဲဒီကိစ္စတွေကိုတော့..ကိစ္စမရှိပါဘူး …အဆင်ပြေပါတယ်…လို့သတ်မှတ်ရင်… ဘာဖြစ်လို့ ကုလားတွေကိုမှ ရွေးပြီးတိုက်ခိုက်တော့မှာတုန်း။
မဟုတ်လဲ လူမျိုးပျောက်မဲ့အတူတူ အေးအေးဆေးဆေး နေလိုက်တာကောင်းတယ်။ ဒါမှမဟုတ်…ရခိုင်တွေက … ကုလားနဲ့ မရောရရင် ပြီး ရော
ကျန်တဲ့ လူတွေနဲ့ ဆိုဟုတ်တုတ်တုတ် ရှိသေးတယ်ဆိုတဲ့ သဘောလား။ တချို့ကတော့ ပြောကြတယ် ကုလားနဲ့ပေါင်းပြီး ဗမာကို
တိုက်ရမယ်…ဗမာနဲ့ ပေါင်းပြီး ကုလားကို တိုက်ရမယ်တဲ့။ တချို့ ကတော့ ပြောကြတယ်။ ကိုယ်တို့ အစွမ်းအစ မရှိလို့ ဒီလိုဖြစ်နေတာ။ အစွမ်းအစ
ရှိအောင်လုပ်သ င့်တယ်ပေါ့။ ကျွန်တော်ကတော့ ခွဲထွက်ရေးသမားဘဲ။ မဖြစ်နိုင်လဲ ဆက်ပြီး အိပ်မက်မက်ပါမယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက
ရခိုင်ပညာတတ်တွေ ပြည်ထောင်စုဆိုတဲ့ ခေါင်း စဉ်အောက်က နေ လွတ်လပ်ရေးတောင်းကြတော့ တချို့  ကအပြစ်တင်ကြတယ်။ ဆိုတော့ တချို့က
နိုင်ငံရေးရေစီး ကြောင်းမို့ပါတဲ့။ ဆိုတော့ ခုလဲ အဲဒီ ပြည်ထောင်စုဆိုတဲ့ ပုပ်သိုးပျို နေတဲ့ ဥခွံထဲကနေ ကျွန်တော်တို့တွေမလွတ်နိုင်ကြသေးဘူးလား။
ခုလဲ နိုင်ငံရေးရေစီးကြောင်း ထဲကဘဲ အောင်ဆန်းစုကြည်နောက်ကို လိုက်နေကြတော့မှာတဲ့လား။

နိဂုံးချုပ်အနေနဲ့ ပြောရင်။ ရခိုင်တွေဟာ သူများနိုင်ငံတွေလို ဂုဏ်သိက္ခာရှိတဲ့၊ အဆန်းအတန်းရှိတဲ့၊ သူနဂိုမူလ ပိုင်ဆိုင်ခဲ့တဲ့ အချုပ်အချာအာဏာပိုင်


နိုင်ငံတခုတ ည်ဆောက်ဖို့ လမ်းစပွင့်သ င့်ပါပြီ။ လက်တွေ့ နဲ့ စိတ်ကူးမှာ …စိတ်ကူးက အယင်လာပါတယ်။ (The end of the history and the last
man) စာအုပ်ထဲက ဖူကူယားမားပြောခဲ့သလို ဒီမိုကရက်တ စ်တွေ မရှိဘဲ ဒီမိုက ရေစီကို တည်ထောင်လို့ မရသလို … ကျွန်တော်တို့မှာလဲ ကိုယ်ပိုင်
သီးခြားနိုင်ငံတ ည်ထောင်ချင်တဲ့လူမရှိဘဲ မလွတ်လပ်နိုင်ပါ။ အဲဒါကြောင့်… ရခိုင်မျိုးဆက်သစ်တွေကို လွပ်လပ်ရေးအတွက်
အထောက်အကူဖြစ်စေမယ့် အမျိုးသားရေးဝါဒတွေ ကိန်းအောင်းလာအောင် လူကြီးတွေက မစ ပေးစေချင်ပါတယ်။ ပြည်ထောင်စု
အခေါင်းထဲမှာနေကြတာ ငြိမ်းငွေ့ လှပါပြီ။ ရခိုင်ပြည်လွတ်မြောက်ရေးနဲ့များဆိုင်တဲ့ အတွေးအခေါ်တွေ…စိတ်ကူးတွေရှိရင်
မျိုးဆက်သစ်တွေကိုလက်ဆင့်က မ်းပေးကြပါ။ ကျွန်တော်တို့က မျိုးဆက်တွေ တခုလုံး စိတ်သစ်အမြင်သစ်ဖြစ်အောင် ပြောင်းလဲသင့်ပါတယ်။

လေးစားစွာဖြင့်

မောင်လွင်ပိုင်

University of Edinburgh, UK

(မှတ်ချက် - ဒီစာကို ခုပေးပို့လိုက်တဲ့ သူတွေကိုသာ ယုံကြည်စွာဖြင့် ပေးပို့ခြင်းဖြစ်ပါတယ်။ ကျေးဇူးပြု ဘယ်သူ့ ကိုမှ Forward မလုပ်ကြပါနဲ့)

You might also like