Professional Documents
Culture Documents
Ba Ka Tha
Ba Ka Tha
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဘယ်လိုပေါ်လာသလဲဆိုလျှင် သမိုင်းလိုအပ်ချက်ကြောင့် ပေါ်လာသည်ဟုသာ ဆိုရပေမည်။ ဗမာပြည်နိုင်ငံရေးသမိုင်းသည် ၁၉၆၂ ခုနှစ်မှစ၍ ဖိနှိပ်သူ စစ်အာဏာရှင်တို့နှင့် အဖိနှိပ်ခံ ပြည်သူတို့၏ တိုက်ပွဲသမိုင်း ဖြစ်လာခဲ့သည်။ စစ်အာဏာရှင်စနစ် ကျောင်းသား ဆန့်ကျင်ရေးတွင် တိုင်းရင်းသားလူမျိုးများနှင့် တိုက်ပွဲများက အလုပ်သမား၊ မှတ်တမ်းများစွာ လယ်သမား၊ တင်ခဲ့ပြီးပြီ။
စသဖြင့်
လူထုအလွှာအသီးသီး၏
စစ်အာဏာရှင်တို့ဘက်ကလည်း တိုက်ပွဲတိုင်းတွင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့အပေါ် ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့သည်သာ။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ သွေးပေါင်း များစွာ လူထုဘက်က ပေးဆပ်ခဲ့ကြရသည်။ သို့သော် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးတိုက်ပွဲကား ယနေ့အထိ ရပ်တန့်သွားသည် မရှိ၊ ဆင်နွှဲနေဆဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး တိုက်ပွဲသမိုင်းတွင် နိုင်ငံရေးအရှိန်အဟုန်ကို အမြင့်ဆုံးဖေါ်ပြခဲ့ သည့် တိုက်ပွဲကား ၈ ရက် ၈ လ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးပင် ဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးသည် ပြည်သူတို့၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး စိတ်ဓါတ်တို့ကို အမြင့်မားဆုံးဖေါ်ပြခဲ့သည့် လူထုအရေးတော်ပုံကြီးအဖြစ် ကမ္ဘာ့သမိုင်း တွင်ပင် မော်ကွန်းထိုးနိုင်ခဲ့သည်။ ဗမာပြည်သူတို့ ဆိုသည်မှာ မတရားမှုကို ခေါင်းငုံ့မခံသူတွေ။ “ဖိရင် ကြွမည်၊ ထိရင် ချမည်။” ထို့ကြောင့်ပင် ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည်။ ထိုသည်ပင် ရှစ်လေးလုံးစိတ်ဓါတ် ဖြစ်တော့သည်။ ။ နိုင်ငံခြားရေးရာကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
စစ်အာဏာရှင်စနစ်လက်အောက်၊ နှစ်ပေါင်း ( ၅၀ ) အတွင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားလှုပ် ရှားမှုပေါင်း များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကျောင်းသားလှုပ်ရှားမှုများထဲမှ ထင်ရှား သည့် ကျောင်းသားလှုပ်ရှားမှု ( ၂၀ ) ကို အောက်တွင် ဖေါ်ပြထားပါသည်။ (၁) ဇူလိုင် (၇) ကျောင်းသားအရေးတော်ပုံ၊ ဇူလိုင်(၇) ရက် ၁၉၆၂ ခုနှစ်။ (၂) ငြိမ်းချမ်းရေးဆန္ဒပြပွဲ၊ နိုဝင်ဘာလ၊ ၁၉၆၃ ခုနှစ်။ (၃) ကျွန်းဆွယ်အရေးအခင်း၊ ၁၉၆၉ ခုနှစ်။ (၄) ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်၊ ၁၉၇၀ ခုနှစ်။ (၅) ဦးသန့်အရေးအခင်း၊ ၁၉၇၄ ခုနှစ်။ (၆) ရွှေတိဂုံအရေးအခင်း၊ အလုပ်သမား+ကျောင်းသား အရေးအခင်း တနှစ်ပြည့်၊ ၁၉၇၅ ခုနှစ်။ (၇) မှိုင်းရာပြည့်၊ မတ်လ(၂၃) ရက် ၁၉၇၆ ခုနှစ်။ (၈) ခွန်လေးလုံး လှုပ်ရှားမှု၊ ၁၉၇၇ ခုနှစ်။
(၉) ရန်ကုန်စက်မှုတက္ကသိုလ် ဇူလိုင် (၇) ရက်လှုပ်ရှားမှု၊ ဇူလိုင်လ (၃)ရက် ၁၉၇၈ ခုနှစ်။ (၁၀) ၈၅-၈၆ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း (၇၅-၇၆ လှုပ်ရှားမှု၁၀နှစ်ပြည့်အထိမ်းအမှတ်) (၁၁) ငွေစက္ကူအရေးအခင်း၊ စက်တင်ဘာလ (၅) ရက်၊ ၁၉၈၇ ခုနှစ်။ (၁၂) ဖုန်းမော်အရေးအခင်း၊ မတ်လ(၁၃-၁၈) ၁၉၈၈ ခုနှစ်။ (တံတားနီ မတ်လ ၁၆။) (၁၃) ဖုန်းမော် (၃) လပြည့်အရေးအခင်း၊ မတ်လ ( ၁၃ -၂၁ ) ၁၉၈၈ ခုနှစ်။ (၁၄) မြေနီကုန်းအရေးအခင်း၊ ဇွန်လ (၂၁) ရက်နေ့၊ ၁၉၈၈ ခုနှစ်။ (၁၅) ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၊ သြဂုတ်လ (၈) ရက်နေ့ ၁၉၈၈ ခုနှစ်။ (မတ်လကျောင်းသားအရေးအခင်းမှစ၍ သည်။) (၁၆) နိုဘယ်လ်ဆုအရေးအခင်း၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ ၁၉၉၁ ခုနှစ်။ (၁၇) စော်ဘွားကြီးကုန်းအရေးအခင်း၊ အောက်တိုဘာလ၊ ၁၉၉၆ ခုနှစ်။ (၁၈) ဒီဇင်ဘာအရေးအခင်း၊ ၁၉၉၆ ခုနှစ်။ (၁၉) လွှတ်တော်ခေါ်ပေးရေးလှုပ်ရှားမှု၊ သြဂုတ် - စက်တင်ဘာ ၁၉၉၈ ခုနှစ်။ (၂၀) ရွှေဝါရောင် သံဃာလှုပ်ရှားမှု၊ သြဂုတ် - စက်တင်ဘာ ၂၀၀၇ ခုနှစ်။ (ကျောင်းသားများက ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သည်။) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့ခြင်း ဖြစ်
ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ )
၁၉၈၈
ခုနှစ်
မတ်လ
(၁၃)
ရက်နေ့
ဖုန်းမော်အရေးအခင်းမှ
အစပြုခဲ့သော ၁၉၈၈
ကျောင်းသားလှုပ်ရှားမှုသည် အုပ်စိုးသူ မဆလ စစ်အစိုးရ၏ ပြင်းထန်သည့် ဖိနှိပ်မှု၊ တိုင်းပြည်၏ အထွေထွေအကြပ်အတည်း၊ လူထု၏ နိုင်ငံရေးနိုးကြားမှု စသည့် အခြေအနေများပေါင်းစုံကာ ဖြစ်ခဲ့သည်။ ထို ရှစ်လေးလုံး အထွေထွေသပိတ်တိုက်ပွဲကြီးတွင် ပါဝင်လှုပ်ရှားနေကြသော ကျောင်းသူ၊ ကျောင်းသား များသည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီး၏ နိုင်ငံရေးတာဝန်များကို ဆက်လက် ထမ်းဆောင်ရန် နိုင်ငံရေး လမ်းကြောင်း (၃) ခုကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ထို နိုင်ငံရေးလမ်းကြောင်း (၃) ခုမှာ မြို့ပေါ်တွင် မြေအောက်ပုံစံဖြင့်လှုပ်ရှားရန်၊ မြေပေါ် ပုံစံဖြင့် ဗြောင် ရပ်တည် လှုပ်ရှားရန်နှင့် လက်နက်ကိုင် တော်လှန်ရေး လုပ်ရန်တို့ ဖြစ်သည်။ ခုနှစ် သြဂုတ်လ (၈)ရက်နေ့ တွင် တနိုင်ငံလုံးအတိုင်းအတာနှင့် အထွေထွေ သပိတ်ကြီးအထိ
မြို့ပေါ်တွင်
မြေအောက်ပုံစံဖြင့်
နိုင်ငံရေးလုပ်ငန်းများကို
ဆက်လက်
လုပ်ဆောင်ရန်အတွက်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ၁၉၃၆ ခုနှစ်တွင် စတင်တည်ထောင်ကာ ၁၉၈၈ ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့နှင့် ၂၀၀၇ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တို့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။
မြေပေါ်ပုံစံဖြင့်ဗြောင် ရပ်တည် လှုပ်ရှားရန် အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။
လက်နက်ကိုင် တော်လှန်ရေး လုပ်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး [ကျောင်းသား တပ်မတော် (အေဘီအက်စ်ဒီအက်ဖ်)] ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့အစည်း (၃) ခုက ၁၉၈၈ နိုင်ငံရေးလမ်းကြောင်း (၃) ခုကို အသီးသီး တာဝန်ယူခဲ့ကြပါသည်။ ယနေ့အထိ လူငယ်၊ ကျောင်းသားများကို အခြေခံခဲ့ သည့် ထိုအဖွဲ့အစည်း(၃)ခုသည် ဗမာပြည်နိုင်ငံရေး ဖြစ်စဉ်တွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြဆဲ ဖြစ်သည်။ ။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ) မှထုတ်ဝေဖြန့်ချိသည်