You are on page 1of 1

" သွေး ခေတ် ထဲ မှာ "

ကိုငြိမ်းချမ်း
Generation Wave
"ခင်ဗျားက GW လို့ပြောရင်
ကျွန်တော်က လူငယ်လို့ပြောမယ်
ခင်ဗျားက ဒီမိုကရေစီလို့ပြောရင်
ကျွန်တော်က ပြည်သူလူထုလွတ်မြောက်ရေး"
ဒီစကားလုံးတွေနားထဲမှာမမေ့ဘူး
သူပြောခဲ့တာ စူးနေတယ်။

ငြိမ်းချမ်းရေးအတွက်
ငြိမ်းချမ်းဟာ သမိုင်းကိုရေးတယ်။
မျိုးဆက်သစ်တွေအတွက်
မျိုးဆက်လှိုင်းတွေဟာ တံတိုင်းကိုရိုက်ချိုးတယ်
ဒါဟာ မျိုးဆက်လှိုင်းတွေဖြစ်တယ်။

ငါတို့ဟာ မျိုးဆက်ရဲ့လှိုင်းတွေဖြစ်တယ်
သွေးခတ်ထဲမှာ ငါတို့ဆွေးညစ်မနေခဲ့ဘူး
သွေးခေတ်ထဲမှာ ငါတို့ဘေးလည်းမလစ်ခဲ့ဘူး
သွေးခေတ်ထဲမှာ ငါတို့ခွေးဖြစ်မခံနိုင်ဘူး။
အဝေးထိကြည့်မြင်တဲ့
အတွေးသစ်ရှိတယ်။

ဆတ် ခနဲမေးရင် ဒက် ခနဲဖြေမယ်


ကောက် ခနဲမေးရင် ဒေါက် ခနဲဖြေမယ်
တရေးနိုးထယောင်တောင် ငါတို့သိတယ်
ခု…ငါတို့ ပေးဆပ်ပြနေတာက
အနာဂတ်သစ်အတွက် အရင်းအနှီးတွေ……

GW မွေးနေ့မှာ အဖမ်းဆီးခံလိုက်ရတဲ့ ကိုငြိမ်းချမ်းနှင့်သူငယ်ချင်းများအတွက် ဂုဏ်ပြုသည်။

မိုဃ်းသွေး
Generation Wave

You might also like