You are on page 1of 1

နေ့စွဲ။ ။ အောက်တိုဘာလ ၁၁ ရက် ၂၀၀၈ခုနှစ်

သတင်းထုတ်ပြန်ကြေငြာချက်

လူငယ် ၈ဦးဖမ်းဆီးခံရခြင်း

မြန်မာနိုင်ငံတ၀ှမ်းလုံးရှိတိုင်းရင်းသာပြည်သူများနှင့်အနယ်နယ်အရပ်ရပ်ရှိတော်လှန်ရေးမောင်နှမများခင်ဗျား

ကျွန်ုပ်တို့Generation wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှအဖွဲ့ဝင်၎ဦးအပါအ၀င်နှင့်လူငယ်၈ဦးကိုနအဖအာဏာပိုင်
များက အောက်တိုဘာလ ၉ရက် ညနေ ၄နာရီနှင့် ၁၀ ရက်နေ့နံနက် ၁၁နာရီခန့်တွင် ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်တွင်းရှိနေအိမ်
တအိမ်မှဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။

ဖမ်းဆီးခံခဲ့ရသည့်အဖွဲ့ဝင်များမှာ ကိုခိုင်ကိုမွန်(ခ)ကိုငြိမ်းချမ်း၊ ရဲသူကို(ခ)ညီညီ၊ ဇင်မင်းအောင်နှင့် အောင်ပိုင်တို့ဖြစ်ပြီးအိမ်သား


အားလုံးနှင့် အလည်အပတ်ရောက်ရှိနေသောဧည့်သည်များပါမကျန်ဖမ်းဆီးသွားခြင်းဖြစ်ပါသည်။အဆိုပါအဖွဲ့ဝင်များအနက်မှကိုခိုင်ကိုမွန်
(ခ)ကိုငြိမ်းချမ်း၏ ဖခင်ဖြစ်သူ ဦးလှရွှေမှာလည်း နိုင်ငံရေးမှုဖြင့်လက်ရှိအကျဉ်းကျနေဆဲဖြစ်ပါသည်။

အာဏာပိုင်များအနေဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အခြေခံမှုများ ဖြစ်သည့်


အပိုဒ် ( ၁၉ ) လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုစည်းရုံးလှုပ်ရှားခွင့်
အပိုဒ် ( ၂၀ ) လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ အဖွဲ့အစည်းများအတွင်ပါဝင်ခွင့်တို့နှင့်
ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနာလာရောက်စဉ် အမျိုးသားညီလာခံကျင်းပရေးကော်မရှင်မှထုတ်ဖော် ပြောကြား
ခဲ့သည့်အတိုင်း၎င်းတို့ကိုယ်တိုင်ရေးဆွဲအတည်ပြုထားသည့် အခြေခံဥပဒေသစ် အခန်း (၁)နှင့် (၈)တို့တွင်ပါဝင်သည့် လွတ်လပ်စွာထုတ်ဖော်
ပြောဆိုခွင့်၊တွေးတောကြံဆခွင့်နှင့်ငြိမ်းချမ်းစွာစုရုံးဖွဲ့စည်းခွင့်စသည့်အခွင့်အရေးများကို ကိုယ်တိုင်လေးစားလိုက်နာသောအားဖြင့် ယခုကဲ့သို့
တရား ဥပဒေမဲ့ဖမ်းဆီးခြင်းများကိုချက်ချင်းရပ်တန့်ပေးရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသောတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားများ
ကိုလည်းခြွင်းချက်မရှိလွှတ်ပေးရန် ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အနေဖြင့်အလေးအနက်တိုက်တွန်း
လိုက်သည်။
ယခုကဲ့သို့ဖမ်းဆီးခံရခြင်းကြောင့် ကျွန်ုပ်တို့ Generation Wave အနေဖြင့် အကြမ်းမဖက် လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ပဲ၊
စစ်အာဏာရှင်စနစ်အားဆက်လက်၍ အရှိန်တိုးမြှင့်တော်လှန်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။၎င်းအပြင်အာဏာပိုင်များ
အနေဖြင့် နိုင်ငံ၏ပဋိပက္ခများကိုအကြမ်းမဖက်ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ၀ိုင်းဝန်းဖြေရှင်းရန် ကြိုးပမ်းနေသောမျိုးဆက်သစ်ကျောင်းသား
လူငယ်များအားယခုကဲ့သို့မတရားဖမ်းဆီးနေခြင်းများဆက်လက်ပြုလုပ်နေမည့်အစားနိုင်ငံရေးပြသနာများကိုလူကြီးလူကောင်းဆန်စွာတွေ့ဆုံ
ဆွေးနွေးဖြေရှင်းပေးရန်လည်း ကျွန်ုပ်တို့Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ အလေးအနက်တောင်းဆိုလိုက်သည်။

For more information, please kindly contact to following addresses,


e-mail; generationwave@gmail.com , web url; http://www.generationwave.co.cc/

You might also like