Professional Documents
Culture Documents
Bud Dish History
Bud Dish History
ဖွားမြင်ခြင်းနှင့်တောထွက်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ
ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။
ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က
လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။
မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု
ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က ပေါ်ပေါက်ခဲ့သူဖြစ်
သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလ၀တ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့်
အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလ၀တ်ပြည့ရ
ှ်င် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော်
မဟာမာယာဂေါတမီဒေ၀ီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။
အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ
အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင်
ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလ၀တ်ထီးနန်းကိုဆက်ခံကာ
ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။
အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကြို မင်ခဲ့သည်။
ယင်းနိမိတ်လေးပါးမှာ-
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအ)ို
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း) ဟူ သောနိမိတ်ကြီးလေးပါး
ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။
ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊
အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအ၀တ်ကဝ
ို တ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊
ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို
ရှာဖွေခဲ့သည်။
တရားရှာခြင်း
သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊
(မုတ္တော မောစေယျံ)-ဟု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ
ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊
(၁) အာရုံအများကို ၀င်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင်
တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ)် အာရုံတစ်ခုတည်းမှာစွဲမြဲစေသော
ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည်
ကာမချမ်းသာ ထက် ပို၍ပို၍ အလှိုင်းကြီးချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး
ရနိုင်မည့်တရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပအ
်ာရုံ
များကိုပယ်ဖျက်ခြင်း(ရူပ၀ိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ
အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊
ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း
လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ဤရူပဈာန်၊
အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း
လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း
သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း
တစ်နည်းအားဖြင့် ဘဝ
ညှိုးနွမ်းခြောက်ခန်းစေသောအကျင်(့ အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊
ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။
သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
ထိ့ေ
ု နာက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘ၀က၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ်
အထိန်းတော်များသည် မိမိကိုသပြေပင်ရိပ်၌သိပ်ခါ နို့ချို မတိုက်၊
ရေမတိုက်ဘဲနံနက်မှသည်ညနေစောင်းသည်ထိအထီးတည်းထားခဲ့သော် လည်း၊ မိမိ၌စိတ်ဆိုး၊ စိတ်ဆာမှုမရှိဘဲ
ငြိမ်းချမ်းစွာကြည်ကြည်လင်လင် နေထိုင် သောကြောင့် ဖခင်ဘုရင်ကြီး၏ ဂရုဂါရ၀ပြုခံရမှု၏
အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော
လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍
အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊
ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။ ထို့ကြောင့် ဘုရားဘ၀တွင် အကျင့် သုံးပိုင်းရှိခဲ့သည်-
(၁) ကပိလ၀တ် ထီးနန်းစည်းစိမ်၌ အသက်၂၉နှစ်ထိနေထိုင်သောကာလ တစ်ပိုင်း၊ (ယင်းကို
ကာမသုခလိကာနုယောဂ ဟုဆိုရသည်)။
(၂) ရူပဈာန်၊ အရူပဈာန် ၆နှစ်ကြာ ကျင့်ကြံသောကာလ တစ်ပိုင်း၊(ယင်းကို အတ္တ ကိလမထာနုယောဂဟု
ဆိုရသည်)။
(၃) ဘုရားဖြစ်၍ တရားဖြင့် ၄၅နှစ်ကြာ နေသောကာလတစ်ပိုင်း ဖြစ်သည်။
စိရံတိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မော- မွေးသေလွတ်သောသူတော်ကောင်းတရားသည်၊
စိရ-ံ ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု- တည်ပါစေသတည်း။
မဂ္ဂင်ရှစ်ပါး
အမှန်မြင်ခြင်း
သမ္မာဒိဋ္ဌိ (သမ္မာ- မှန်ကန်စွာ၊ ဒိဋ္ဌ-ိ မြင်ခြင်း ၊ အယူရှိခြင်း) ဖြစ်ပါသည်။ အမှန်ဆုံး သော အမြင်ကတော့
သစ္စာလေးပါးမြင်ခြင်းကို ဆိုလိုပါသည်။ ခန္ဓာနှင့်နိဗ္ဗာန် အလွန်ဝေးကွာစွာရှိနေသည် မဟုတ်ပါပေ။ နိဗ္ဗာန်နှင့်
ခန္ဓာတို့သည် တစ်ဆက် တည်းရှိသည်ဟု မြတ်ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ အဘယ့်ကြောင့် ဝေးသည်ဟု
ထင်နေရသနည်း။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာရေအလျှင်တို့ ဖုံးလွှမ်းနေခြင်းကြောင့်
ဝေးနေရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ နိဗ္ဗာန်သည် တစ်ဘက်ကမ်း၊ ခန္ဓာကို ကျန်တစ်ဘက်ကမ်းဟုဆိုလျှင်
ကြား၌ရှိသော ရေအလျှင် တို့ ဖုံးလွှမ်းထားခြင်းကြောင့် ကမ်းနှစ်ခု တစ်ဆက်တည်းရှိနေမှန်း မသိရလောက်
အောင် ဝေးကွာသည်ဟု ထင်နေရခြင်းပင်ဖြစ်၏။ ထိုရေတို့ကို ဖယ်ထုတ်လိုက် လျှင် တစ်ဆက်တည်းရှိမှန်း
မြင်နိုင်မည်ဖြစ်ပါသည်။
အမှန်တွေးခြင်း
အမှန်ပြောခြင်း
အမှန်အသက်မွေးခြင်း
အမှန်အားထုတ်ခြင်း
အမှန်သတိရှိခြင်း
သမ္မာ- မှန်သော၊ သတိ- အမှတ်ရခြင်း၊ သတိရှိခြင်းဟု အနက်ရှိ၏။ အကုသိုလ်နှင့် ယှဉ်သော တရားတို့အပေါ်၌
အမှတ်ရခြင်း၊ သတိဖြစ်နေခြင်းမှာ မှားသောသတိဖြစ်၏။ ကုသိုလ်တရား၊ နိဗ္ဗာန်ရောက်ကြောင်းတရားကို
အမှတ်ရခြင်းမှာ မှန်သောသတိဖြစ်၏။ သတိသည် အလုံးစုံသော တရားတို့၏ အချုပ်လည်းဖြစ်၏။
ကုသိုယ်တရားတို့၌ အမြဲမွေ့လျော်နိုင်ရန် သတိတရားသည် လွန်စွာအရေးကြီးလှပေသည်။
အမှန်တည်ကြည်ခြင်း
ထိုသို့ “တဏှာမကင်းသူတို့၏ မျက်စိအစထား၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော တံခါး ခြောက်စင်းကား
သံသရာကိုချဲ့သော ဒိဋ္ဌိ၊ တဏှာ၊ မာန၊ တို့၏ ကစားကွင်းများချည်း ဖြစ်ကြလေ ရာ အာရုံပုံရိပ် ဂုဏ်ဟိတ်ခတ်၍
အထပ်ထပ် ကြည့်၊ ကြား၊ စား၊ နမ်း၊ ထိတွေ့ခန်း လမ်းဖွင့်ပေး သော် တိုးကြည့်လေ တစ်မျိုးထိလေ၊ ဦးကြည့်လေ
တိုးငြိလေဖြင့် စိတ်ကူးရင်း ခန္ဓာကိုယ် နားခွင့် မရ၊ ကြာသော် အစွဲနာကျ၍ ဒုက္ခလှလှကြီး
ရောက်ရတတ်ပေသည်။”
သာသနာကွယ်ကြောင်းတရားကြီးများ
အဂုတ္တိုရ်ပါဠိတော်၊ပဉ္စကနိပါတ်၊သဒ္ဓမဝ
္မ ဂ်၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်တော်တွင် ဗုဒ္ဓမြတ် စွာဘုရားရှင်သည်
သာသနာကွယ်စေနိုင်သော တရားကြီးများကို ဟောကြား တော်မူခဲ့ပါသည်။
၁။ တရားမနာခြင်း၊
မြတ်စွာဘုရားရှင်၏တရားဒေသနာတော်များကိုနာယူခြင်းမရှိခြင်းသည် သာ သနာကွယ်စေခြင်းအကြောင်း
အစပဌမပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် တရားမနာယူသည့်အတွက် .....
က) မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်းမှ ကင်းဝေးသွားပါသည်။
ခ) ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်နိုင်ရန် လည်းမဖြစ်နိုင်တော့ပါ ၊
ဂ) ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်းမရှိသည့်ပြင် ပို၍ပင်တိုးလာနိုင်ပါသည်၊
ဃ) အယူမှန်သမ္မာဒိဋ္ဌိကိုမည်သို့မှမရနိုင်တော့ပါ ၊
င) သဒ္ဓါပညာမရှိတော့၍ စိတ်ကြည်လင်နင
ိုခြင်းမရရှိတော့ပါ ။
ကာလေနဓမ္မသာဝနမင်္ဂလာ ဟုဆိုသည့် အခါအားလျော်စွာ တရားနာခြင်း ကင်းစိတ်နေသူများသည်
သာသနာတော်ကိုဖျက်ဆီးနေခြင်းမဟုတ်သော်လည်း
ပျက်စီးစေနိုင်ပါသည်။ အကြောင်းမှာ အယူမမှန်သော သံသယများစွာထုံလွမ်း နေသောသူများက
သယ်ဆောင်လာမည့်သာသနာအတွက် မတွေးဝံ့စရာပင် ။ ထို့ကြောင့်
နေ့စဉ်တရားနာခြင်းအမူအားပြုလုပ်ခြင်းဖြင့် သာသနာတော်အား စောင့်ရှောက်သူများဖြစ်နိုင်ကြပါစေ။
၂။ စာပေမသင်ခြင်း၊
မြတ်စွာဘုရားရှင်၏ ပိဋကတ်စာပေများကိုသင်ကြားမူမရှိခြင်းသည်လည်း
သာသနာတော်ကိုပျက်စီးစေနိုင်ပါသည်။
၃။ နှုတ်တွင်မဆောင်ထားခြင်း၊
သင်အံကျက်မှတ်ထားသော စာပေများကို နှုတ်တတ်အာဂုံဆောင်ထားခြင်းမ ရှိပါကလည်း
အလွဲလွဲအမှားမှားဖြစ်ခြင်းကြောင့်လည်းသာသနာတော်ပျက်စီးစေ နိုင်ပါသည်။
၎။ သိအောင်မမှတ်ခြင်း၊
သင်အံကျက်မှတ်ထားသည်များကိုမှတ်မှတ်သားသားမထားရှိသဖြင့် နှောင်း
လူတို့လေ့လာခြင်းငှာမစွမ်းသာခြင်းသည်လည်းသာသနာတော်ကယ
ွ်စေကြောင်း
တစ်ခုပင်ဖြစ်သည်။
၅။ ပဋိပတ်ကင်းကွာခြင်း၊
ဆောင်ထားအပ်သောတရားသဘောတို့၏ အနက်အဓိပ္ပါယ်ကို ရိုသေစွာ ဥာဏ်ဖြင့်မစူးစမ်းမဆင်ခြင်ကုန်။
အနက်သဘောကိုသိ၍ ၊ တရားသဘောကိုသိ ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကို
ရိုသေစွာမကျင့်ကုန်။ ထိုသို့သော မပြုသင့်မပြုကျင်အ
့ ပ်သည်များကို ကျင့်နေခြင်းဖြင့်သာသနာကွယ်
စေနိုင်ပါသည်ဟု မြတ်စွာဘုရားရှင်သည် အဂုတ္တိုရ်ပါဠိတော် ၊ သဒ္ဓမဝ
္မ ဂ်၌ အ ထင်အရှားမိန့်မှာတော်မူခဲ့ပါသည်။