You are on page 1of 3

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၈) ပျားကို ပုံပြု။ ။ စီးပွားကို တရားသဖြင့် စုဆောင်းရာ၌ လုံးခနဲ ခဲခနဲ တစ်ခါတည်း စုပုံ၍ ရဖို့ရာ မလွယ်ကူပါ။ ရှေးဦးစွာ

ပျားတို့၏ ပျားရည်စုပုံကို စဉ်းစားပါ။ ပျားတို့သည် ပန်းပွင့်ပေါင်းများစွာမှ ဝတ်ရည်ကို စုပ်ယုကြ၏။ ထိုသို့ စုပ်ယူသည့်အတွက် ပန်းပွင့်တို့သည် ညှိုးနွမ်း ခြောက်သွေ့၍ မနေရစ်၊ လန်းမြဲလန်း၊ လှမြဲလှ၊ မွှေးမြဲမွှေးနေရစ်၏။ သို့သော် ပျားတို့၌ကား ပျားရည်တွေ များစွာ စုမိလေသည်။ ထို့အတူ အရောင်းအဝယ်လုပ်ရာ၌လည်းကောင်း အလုပ်ရှင် အလုပ်သမားဖြစ်ရာ၌လည်းကောင်း မိမိနှင့် စီးပွားဘက်ဖြစ်ကြသူတကို့ ဆင်းရဲမနေရစ်စေဘဲ သူတို့အထံမှ ထိုက်တန်သော ရစရာများကို နည်းနည်းစီ (သိမု့ ဟုတ်) နေ့စဉ်ရအောင် ယူသောအားဖြင့် မိမိမှာ စီးပွားစုမိအောင် တရားသဖြင့် စုရပါသည်။ ခြကို တု။ ။ “ခြ”ဟု ခေါ်အပ်သော သတ္တဝါကလေးတို့သည် မြေမှုနက့် လေးများကို အနည်းငယ်စီ သယ်ယူကြ၏။ ထိုသို့ သယ်ယူပုံကို ကြည့်ရလျှင် တောင်ပြို့ ကီး ဖြစ်လိမ့်မည်ဟု ထင်နိုင်စရာ မရှိ။ သို့သော် ထိုခြကလေးများသည် လုံ့လဝီရိယ အလွန်ကောင်းရကား မကြာမီပင် သူတို့နေဖိ့ရုာ တောင်ပြို့ ကီး ဖြစ်လာလေသည်။ ထို့အတူ တစ်နေ့ တစ်နေ့လျှင် တစ်မူး တစ်မတ်မျှလောက် စုနိုင်ရုံဖြင့် ဥစ္စာကြွယ်ဝသူ ဖြစ်နိုင်မည်ဟု မထင်နိုင်ပါ။ သို့ရာတွင် မှန်မှန်စုလိုက်သောအခါ အတော်ကြာလျှင် ဥစ္စာအထုပ်ကလေးကို မြင်ရ၍ ထိုအထုပ်ကလေးမှ အထုပ်ကြီးဖြစ်ကာ ဥစ္စာရှင် ဖြစ်လာနိုင်ပါသည်။ လေးပုံခွဲ၍ သုံးစွဲပါ။ ။ တော်တော်စု၍ ဥစ္စာအထုပ်ကလေး ဖြစ်လာသောအခါ ထိုဥစ္စာကို လေးပုံခွဲ၍ သုံးစွဲရသည်။ ၁။ ဝတ်ဖို့ စားဖို့ သုံးစွဖဲို့ တစ်ပုံ။ ၂။ အရောင်းအဝယ် လုပ်ဖို့ နှစ်ပုံ။ ၃။ ဘေးရန်ပေါ်လာသောအခါ အသုံးချဖို့ရန် မြှပ်နှံသိမ်းထားရ၊ ဘဏ်၌ အပ်ထားရသော တစ်ပုံ။ ဤသို့ လေးပုံခွဲ၍ သုံးစွဲရမည်ဟု သိဂါင်္ လောဝါဒသုတ်၌ ဟောတော်မူပါသည်။ (ဤနည်းကား လက်လုပ်လက်စား မစုမိသေးသူများအတွက်လည်းကောင်း

အလွန်ပေါသူများအတွက်လည်းကောင်း ရည်ရွယ်တော်မူဟန် မတူ၊ အလယ်အလတ် လူများအတွက် ရည်ရွယ်တော်မူဟန် တူပါသည်။) သုံးစရာထဲမှ စွနြ့် ကဲပါ။ ။ ဤပြခဲ့သော လေးပုံတွင် စွနြ့် ကဲပေးကမ်း လှူဒါန်းဖို့ရာ သီးခြားမပါ၊ သုံးစွဲဖို့ရန် သတ်မှတ်ထားသော တစ်ပုံထမှဲပင် ရသေ့ ရဟန်းတို့အားလည်း စားဦးစားဖျားကို လှူဒါန်းရ၏၊ တောင်းရမ်းစားသောက်သူတကို့လည်း စားကြွင်းစားကျန်ကို စွနြ့် ကဲ ပေးကမ်းရသည်။ မှတ်ချက်။ ။ ဘုရားရှင်သည် မိမိမှာ မရှိဘဲ ကြွေယူ၍ အလှူပေးဖုကို့ မဆိုထားဘိ၊ ကြွေးမယူရဘဲ ရှိရင်းပစ္စည်းထဲကသော်မှ အရောင်းအဝယ် အရင်းအနှီးလုပ်နေသော ပစ္စည်းကို လှူဒါန်းဖို့ရန် ညွှန်ပြတော် မမူပါ။ မိမိနေ့စဉ် စားသုံးသော ပစ္စည်းထဲကသာ အနည်းငယ် စွနြ့် ကဲပေးကမ်း လှူဒါန်းဖို့ ညွှန်ပြပါသည်။ မမွဲနိုင်သော အလှူ။ ။ အခါတစ်ပါး၌ ဘုရားရှင်သည် အစားအသောက် ဒုဗ္ဘိက္ခဖြစ်နေသော နာဠန္ဒာမြို့ဝယ် ရဟန်းငါးရာနှင့်အတူ ရောက်လာတော်မူ၏။ ထိုအခါ နိဂဏ္ဍ၏ ဒါယကာတစ်ယောက်ဖြစ်သော ဂါမဏိ(မြို့လူကြီး)သည် ဘုရားအထံတော်သို့ လာ၍ “မြတ်စွာဘုရားသည် သတ္တဝါတုကို့ သနားသည်ဟု ဆိုပါလျှက် ယခုလို ဒုဗ္ဘိက္ခအခါဝယ် ရဟန်းများစွာနှင့်အတူ လှည့်လည်တော်မူလာသည်မှာ လူတိုက့ို နှိပ်စက်ရာ မရောက်ပါလော”ဟု အပြစ်တင်စကားကို လျှောက်လေသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာ သည် ရှေးရှေးက ဖြစ်ပျက်ပုံကို ခဏမျှ ဆင်ခြင်တော်မူလေရာ (၉၁)ကမ္ဘာအတွင်းကို မြင်တော်မူ၍ မိန့်တော်မူသည်မှာ- ဂါမဏိ… စားဖို့ချက်အပ်သော ထမင်းအိုး ဟင်းအိုးမှ ခူခပ်၍ စားဦးစားဖျား စာကြွင်းစားကျန်ကို လှူဒါန်းပေးကမ်းသည့်အတွက် မွဲသွားသောအမျိုးကို တစ်ဦးတလေမျှ (၉၁)ကမ္ဘာအတွင်းဝယ် မြင်တော်မမူ၊ စင်စစ်မှာ ကြွယ်ဝချမ်းသာသော အမျိုးဟူသမျှသည် ဒါနကြောင့်လည်း ဖြစ်ကြရ၊ သစ္စာ(မှန်မှန်ကန်ကန် ပြောဆို ပြုလုပ်ရောင်းဝယ်မှု)ကြောင့်လည်း ဖြစ်ကြရ၊ ကိုယ်နှုတ်စောင့်စည်းမှုဟူသော သီလကြောင့်လည်း ဖြစ်ကြရသည်။ ဤသို့ မိန့်တော်မူ၍ မွဲခြင်း၏ အကြောင်းများကို ဆက်လက် မိန့်တော်မူသည်။ မွဲခြင်း၏ အကြောင်း။ ။ ဂါမဏိ… မတရားသော အစိုးရ၏ သိမ်းယူခြင်းကြောင့်သော်လည်းကောင်း၊ ဓားပြ သူခိုး လူဆိုးများကြောင့်သော်လည်းကောင်း၊ မီးလောင်ခြင်းကြောင့်သော်လည်းကောင်း၊ ရေလွှမ်းခြင်းကြောင့်သော်လည်းကောင်း၊ မြှုပ်နှံထားသော ရွှေအိုး ငွေအိုး၏ နေရာရွေ့သွားခြင်းကြောင့်သော်လည်းကောင်း (ကံမကောင်းသောအခါ မြှုပ်ထားသော ဥစ္စာများသည် နတ်စသည်တို့၏ ရွေ့မှုကြောင့် နေရာရွေ့သွားတတ်သည်။) မိမိ မကျွမ်းကျင်သော အလုပ် (လယ်ယာ အရောင်းအဝယ် အလုပ်စသည်ကို) လုပ်မိခြင်းကြောင့်သော်လည်းကောင်း၊ အမျိုးထဲ၌ စည်းစိမ်ဥစ္စာကို ဖြုန်းတီးမည့် အညွနတ့်ုံးသော လူမ့ီးသွေးခဲ လူမည်းလူမိုက် ပေါ်လာခြင်းကြောင့်သော်လည်းကောင်း၊ အနိစ္စသဘောကြောင့်သော်လည်းကောင်း ဤ(၈)ပါးတွင် တစ်မျိုးမျိုးကြောင့် ဥစ္စာစည်းစိမ် ပြိုကွဲ၍ မွဲတတ်လေသည်။ (သဠာယတနသံယုတ်၊ ဂါမဏိဝဂ်) တိုက်တွန်းချက်။ ။ ယခုခေတ် လူအချို့က “ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အကုန်အကျများ၍ လောကအကျိုးမများ”ဟု စွပ်စလွဲိုကြသည်။ ဤတရားတော်သည် ထိုစွပ်စွဲချက်ကို ချေပပြီးဖြစ်ရကား ဗုဒ္ဓသာသနာတော်ကို ကြာရှည်စွာ တည်စေလိုပါလျှင် ဤတရားတော်ကို လေးလေးနက်နက်

စဉ်းစားကြစေလိုပါသည်။ နောက်သံသရာ ချမ်းသာရေးအတွက် ညွှန်ပြတော်မူအပ်သော သဒ္ဓါ သီလ စာဂ ပညာ ဤလေးဖြာတွင် ဒါန(စာဂ)အတွက် ဗုဒ္ဓမြတ်စွာ ညွှန်ပြချက်၌ မွဲစရာ အကြောင်းမရှိပါ။ ထြို့ ပင် ဒါန(စာဂ)တစ်ခုကိုသာ အားမကိုးဘဲ သဒ္ဓါ သီလ ပညာကိုလည်း အားကိုးကာ ငါးပါးသီလလုံခြုံအောင် စောင့်ထိန်းကြစေလိုပါသည်။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ။ မိမိတို့သည် ရှေးရှေးဘဝကလည်း သတ္တဝါတစ်ယောက်အနေဖြင့် ဖြစ်ခဲ့ကြ၏။ ရဟန္တာမဖြစ်သေးသမျှ နောက်နောက်ဘဝ အဆက်ဆက်၌လည်း ဖြစ်ကြရဦးမည်။ ထိုသို့ ဖြစ်ရာ၌ အကုသိုလ်ဒုစရိုက်တွေ အကျိုးပေးခွင့် ကြုံလာသောအခါ ငရဲ ပြိတ္တာ တိရစ္ဆာန်နှင့် လူနုံ လူမွဲ လူဆင်းရဲ ဖြစ်ကြရ၏။ ကုသိုလ်သုစရိုက်တို့ အကျိုးပေးခွင့်ရသောအခါ လူချမ်းသာ နတ်ဗြဟ္မာ ဖြစ်ရ၏။ ထို့ကြောင့် “ကံမကောင်းလည်း ငါ၊ ကံကောင်းလည်း ငါ”ဟု သိပြီးလျှင် မိမိကိုယ်ကို ချစ်ခင်သူသည် ယခုဘဝကစ၍ မကောင်း မဖြစ်ရအောင် ကောင်းသော သုစရိုက်ကုသိုလ်များကိုသာ သတိထား၍ ကြိုးစားပါ။ ထိုသို့ ကုသိုလ်ဘက်၌ အားတက်သရော ပြုသူသာလျှင် မိမိကိုယ်ကို ချစ်ရာရောက်ပါသည်။ ကုသိုလ်ကို မကြိုးစားဘဲ မိမိစိတ်အလိုသို့ လိုက်၍ ဒုစရိုက် မကောင်းမှုများကို များစွာ ပြုနေသူကား မိမိကိုယ်ကို ချစ်ရာမရောက်ဘဲ ငရဲအထိ နစ်မြှုပ်အောင် နှစ်ရာရောက်နေပါသည်။ “အကုသလ ကုသလ၏ ကမ္မဿကာ လက္ခဏာကို ကောင်းစွာဝမ်းတွင်း နှလုံးသွင်းကာ မပျင်းကုသိုလ် ထိုပုဂ္ဂိုလ်ကား ကိုယ့်ကိုချစ်သူ မည်သောဟူ၏” (မဃဒေဝ) ဝတ္တရားကျေမှ ချစ်ရာရောက်။ ။ “မိမိကိုယ်ကို ချစ်ရမည်”ဟု ဆိုသောကြောင့် မည်သည့်ကိစ္စ၌မဆို မိမိအကျိုးကိုသာ ကြည့်ရမည်ဟု မဆိုလိုပါ။ မိမိနှင့် ဆက်သွယ်သူများ၏ တာဝန်ဝတ္တရားကို ကျေပွန်အောင် ပြုစုရပါသည်။ မိမိက ဝတ္တရားကျေသောကြောင့် သူတကို့ မိမိကိုပြန်၍ ချမ်းသာအောင်ပြုခြင်း နောင်ဘဝ ချမ်းသာဖို့ရန် ကောင်းမှုကုသိုလ် ပြုရာရောက်ခြင်းကြောင့် “ဝတ္တရားကျေမှုကိုလည်း မိမိကိုယ်ကို ချစ်ရာရောက်သည်”ဟု ဆိုလိုသည်။ ထိုကြောင့် ဘုရားရှင်သည် သိင်္ဂါလသတို့သားအား မိဘဝတ် သားသမီးဝတ်စသော ဝတ္တရားများကို ဟောတော်မူ၏။ ထိုဝတ္တရားတိုတ့ွင် မိဘနှင့် သားသမီးဝတ်ကိုသာ ဤအခန်း၌ ပြ၍ ဆရာရဟန်းဝတ် ဒါယကာဝတ်ကို နောက်အခန်းကျမှ ပြပါမည်။ (ဆရာတော်သည် ဆက်စပ်လျှက်ရှိသော မိဘဝတ် သားသမီးဝတ် တိုက့ို ဆဋ္ဌမတန်း၌ပြ၍ ဆရာရဟန်းဝတ် ဒါယကာဝတ်တကို့ သတ္တမတန်း၌ ပြတော်မူခဲ့ပါသည်။ ထိုဝတ္တရားများကိုလည်း ဤနာမည်ဖြင့်ပင် ဆက်လက်၍ ပြသွားပါဦးမည်။) ပြန်လည်တင်ပြသူ။

You might also like