You are on page 1of 14

လောကရဲ့ ကဗျာဓါတ်

လောကဓါတ်ရဲ့ ကဗျာ

ကြက်သွန်၊ မိုးလှိုင်ည၊ မောင်ဖုန်းမြင့်၊ တေလေ၊

လင်းနီညို၊ လင်းရမ္မာ၊ သိုးထိန်း(အန္တိမ)

တစ်စင်ထောင်ခြင်းလည်းမဟုတ်၊

တစ်ဦးတစ်ယောက်၏ သြဇာခံရန်လည်းမဟုတ်၊

ဂဠုန်ဆားချက်ခြင်းလည်းမဟုတ်၊

ကိုယ့်ထမင်း ကိုယ်စား၍…

အနုပညာကို ကျောင်းကြည့်ကြခြင်းမျှသာ။
Limited Collection of Myanmar Online Poetry

အယ်ရာ ကုတ်ဒ် 2010 မြွေကိုက်ပါတယ်ဆိုမှ


အပေါက်လေးနဲ့လား လာလာမေးနေတယ်
အဲဒီမှာစတွေ့တာပဲ
ခံတွင်းပျက်နေတဲ့ အပ်တစ်စင်းနဲ့
တောင်ပံကျိုးနေတဲ့ အပ်တစ်စင်း မြွေပဲ
အဖြစ်အပျက်က အလင်းရဲ့အလျင်အတိုင်းမြန်ဆန်လွန်းတော့လည်း အိပ်မက်က ဘယ်ဖက်ကိုပဲစောင်းအိပ်အိပ်လှမလာဘူး
ရှောင်လည်းထိမယ် နေ့ရော ညရော ခံနေရတဲ့ပုဂ္ဂိုလ်
မရှောင်လည်းထိမယ် ဇာတ်ညွှန်းထဲမှာကိုက ကိုယ့်အတွက်မင်းသမီးပါမလာဘူး
အကြောထဲကို ထိုးသွင်းလိုက်တယ် တချို့ကပြောတယ် အဖော်ဆောင်ထားဖို့
အကြောကြီးနဲ့ ထိုးသွင်းလိုက်တယ် ကိုယ်ကလည်းအဲဒီလိုမျိုး ကြွက်သားရောင်ရမ်းနေတာမဟုတ်တော့
အကြောကို ထိုးသွင်းလိုက်တယ် ဘယ်လိုဆူးပင်နဲ့မှ မငြိခင်ကတည်းက
အကြော ပူနွေးလာမှုကသိသိသာသာဖြစ်နေရင်လည်း ကိုယ့်ကိုယ်ကိုဖောက်ခွဲထားလိုက်တာပါပဲ
အတိတ်မေ့သလိုလို ရွှေထုပ်ကောက်ရသလိုလိုပဲ အဆင်ပြေတယ်မဟုတ်လားဆိုတော့လည်း
နေလိုက်ရင်နေလိုက် နေသားကျနေပါပြီပြောရမလိုပဲ
ဒါမှမဟုတ်ရင် တစ်ခုခုနဲ့အာရုံပြောင်း / အာသာဖြေ နေရင်းထိုင်ရင်း အသားတွေပဲ့ပဲ့ကျနေတာ
ဖလာဆိုတာတွေကို ဖလားလုသလိုလုရင်း အသွေးတွေပဲ့ပဲ့ကျနေတာ ဘယ်သူမှမသိဘူး
ဗိုင်းရပ်စ်မကိုက်ဖို့ သတိထား တကယ်ပြောနေတာ
(သစ်စိမ်းကျိုးကျိုးသလို) မကျိုးဖို့သတိထားထားပြီး ကျုပ်နောက်နေတာမဟုတ်ဘူး။
တစ်နေ့တစ်မျိုး မရိုးရလေအောင်
အလှည့်ကျစနစ်နဲ့ လှည့်လည်ဖော်ပြ (မသိမသာ) -/ ကြက်သွန်/-
မိတ်ဟောင်းဆွေဟောင်းတွေ တွေ့တော့လည်း
ရူးချင်ယောင်ဆောင်နေလိုက်ကြတာ တကယ့်အရူးများအတိုင်း ….။ ။

-/ ကြက်သွန်/-

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

အကြမ်းဖက်သမားဆိုတာ…ငါပဲ။

တစ်ကမ္ဘာလုံး လုံခြုံရေးတွေ ငါ့နာမည်တစ်လုံးနဲ့ အုတ်ဂူဟာ


အုံးအုံးကျွတ်ကျွတ်နဲ့ သုဘရာဇာတွေအရက်သောက်ဖို့
အကြမ်းဖက်သမားကိုလိုက်ရှာနေကြတယ် အကြမ်းဖက်ခံရတုန်းပဲ…
ငါလည်းအပြေးအလွှားစဉ်းစားတာပေါ့
အကြမ်းဖက်သမားဆိုတာ … ဘယ်သူလဲ
ငါယုံလို့ ရေးခဲ့တာကော
ငါကြုံလို့ရေးခဲ့တာကော
အဲဒီအချိန်မှာပဲ
ဟောဒီ ကလောင်တစ်ချောင်း
ငါ့အိတ်ကပ်ထဲက ငွေကြေးက
ငါ့စာတွေဖတ်မိတဲ့ လူတွေကို
ငါ့ကိုပြန်ပေးဆွဲတယ်…
ချောင်းမြောင်းလုပ်ကြံဖို့ကြိုစားဦးမှာ
ငါပတ်ထားတဲ့နာရီက ငါ့ကို
ငါ့ မှာငါတွေထပ်ပြီး…
အကျဉ်းချတယ်….
ငါ့ကိုယ်ငါကော အခြားအရာတွေကို
အကြမ်းဖက်ခဲ့တယ်
ငါလွယ်ထားတဲ့အိတ်က ငါ့ကို ငါ…ဆိုတာ အကြမ်းဖက်သမားပဲ….။
ပြန်ထည့်သယ်သွားတယ်…

-/ မိုးလှိုင်ည/-

ငါစီးထားတဲ့ဖိနပ်က
ငါ့ခရီးတွေကိုသတ်ပစ်တယ်…

အဲဒီလိုနဲ့
ငါသေသွားပြီဆိုပါစို့

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်

သမ္မတနစ်ဆင်ဟာ ကိုယ်ကိုယ်တိုင်လဲပြိုမတတ်ဆိုပေမယ့်
သူ့ရန်သူတော်စာရင်းမှာ သူ့နာမည် ပထမဆုံးရေးခြစ်ခဲ့ရသလို အားနည်းတဲ့ဘက်က ရပ်တည်ချင်ခဲ့တာလည်းငါပဲ
ဒီနေ့မှာ ငါ့ကိုယ်ငါမုန်းတဲ့အကြောင်းတွေရေးခြစ်ခဲ့ရပြီ။ အင်အားနည်းလွန်းလို့ ငါဖေးကူချင်တဲ့သူတွေက
ငါ့ကိုပြန်ထူပြီး ဟားတော့ အရှက်ရခဲ့တဲ့အတွက်လည်း
ပထမဆုံး… ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းမိတယ်
ငါဟာအလွန်အမင်းမာနကြီးတတ်တာပဲ
တချို့အချိန်တွေမှာ အဲဒီမာနကသိပ်အသုံးကျပြီး အမှန်တရားအတွက် ဓားတစ်လက်ဆိုပြီး
တချို့အချိန်တွေမှာ မိုက်မဲလွန်းရာကျတယ်.. တစ်ခါတစ်ရံ တရားပျက်ခဲ့တာလည်းငါပဲ
အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ် ငါ…
ငါ…
ထင်ပေါ်ကျော်ကြားလိုတဲ့ငါဟာ ငါ…ငါ…
တစ်ခါတစ်ခါ လူရာမဝင်ချင်ပြန်ဘူး အဲဒီငါတွေအထပ်ထပ်ကလည်း ငါ့ကိုယ်ငါမုန်းတဲ့အချက်ပဲ…
အဲဒီ ဒုတိယအချက်အတွက်လည်းငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်
ငါကပုထုဇဉ်စစ်စစ်ပါ
မသေချာတဲ့ စိတ်ကူးတွေနဲ့ အဲဒီအတွက်ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းပြီး
ငါ့လောင်းကစားလုပ်ပစ်ခဲ့တဲ့ဘဝကြောင့် ကျန်တစ်ဝက်က ငါ့ကိုယ်ငါချစ်တတ်သေးတယ်
ငါ့မိခင်ရဲ့မျှော်လင့်ချက်တချို့ကြေပျက်ခဲ့ရတယ် အထက်ပါစကားလုံးတွေက
အဲဒီအတွက်လည်း ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းမိတဲ့အကြောင်းများဆိုပါတော့..။

ကမ္ဘာကြီးကို ချစ်မြတ်နိုးစွာအလုပ်အကျွေးပြုလိုပြီး -/ မိုးလှိုင်ည/-


ဆာလောင်နေတဲ့ ခွေးအတစ်ကောင်လို
ကမ္ဘာကြီးကို ဆူဆူညံညံ မာန်မဲခဲ့တာလည်းငါပဲ
အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

ကဗျာဝပ်ကျင်းထဲကနေ ခေါင်းထောင်မကြည့်လိုက်နဲ့လေ...
ငါ့သမီးလေးကဗျာအိမ်ကိုပြန်မရောက်တော့ဘူး
သူတို့လက်ထဲမှာ ကဗျာ အသွေးအသားတွေ
ကဗျာအရိုးတခြား ၊ ကဗျာအသားတခြား ဖြစ်သွားလိမ့်မယ် . . .
ဟိုမှာ ..မြင်လား..
ကဗျာအော့ဇ်ဝက်ငရဲခန်းမှာ
စကားလုံးမိုင်းကွင်းတွေ
ကဗျာချွေးတပ်သား ထောင်ပေါင်းများစွာရှိနေတယ်
သတိသမ္ပဇဉ်ကို ဉာဏ်စဉ်မှာကပ်
အယူအဆမတူတဲ့ ကဗျာ၆ သန်းကျော်ကို
ကဗျာခြေပြတ် ၊ လက်ပြတ်မဖြစ်ခင်လေး ၊ ကဗျာအသက်မထွက်ခင်လေး
သူတို့ဟာ အဆိပ်ငွေ့ပေးသတ်လိုက်ကြပြီ
ရဲရဲကြီးဖြတ်လိုက်
ကဗျာဝတ်လစ်စလစ်တွေနဲ့
အဲ့ဒီကအကျော်မှာ ကဗျာသတ်ကွင်းထဲဝင်
ကဗျာရုပ်အလောင်းတွေကို ကျင်းတကျင်းထဲမှာ စုမြုပ်လိုက်ကြတယ်
ကဗျာဘက်နက်တွေတပ်ကြ ၊ ကဗျာလှံစွယ်တွေဖွေးဖွေးထ
ကဗျာခေတ်ကြီးမကောင်းတော့
'ဒါနဲ့ စကားမစပ် ကဗျာ မဟာမိတ်တွေ နော်မန်ဒီ ကမ်းခြေကို
ကဗျာလေးလက်ဝန်ရှိလာရင်တောင်
တက်လာနေပြီလား'
ကဗျာမီးရှုးသန့်စင်ဘို့ အဆင်မပြေဘူး..
ငါ့ . . .ကဗျာတပ်သားလေးယန် ကို ကယ်တင်ပါဦး မောင့်ဘက်တန်
ကဗျာလက်မှတ်ရဆရာဝန်တွေ တယောက်မှ မရှိကြတော့ဘူးလား...
ကဗျာ ဂတ်စတာပိုလ်တွေ ၊ ကဗျာဖက်ဆစ်တွေ လက်ထဲမှာ
ကဗျာ ဂလက်ဒီယေတာတွေကို ခေါ်ပေးပါ..
ကဗျာနိုင်ငံတော်ဟာ အတုန်းအရုန်းလဲကျ
ကဗျာချေမှုန်းရေးတပ်ဖွဲ့လွှတ်ပြီး
ကဗျာမြို့ကြီးမီးလောင်နေပြီ
ငါ့ကဗျာ တပ်စုလေးကိုအမြန်ကယ်ထုတ်ပါ
ကဗျာအလံတော်ကို သူတို့ဖိနပ်ကြီးတွေနဲ့နင်းချေကြ
ကဗျာရာဇဝတ်ကောင်တွေကို ကဗျာခုံရုံးတင်ပါ
ကဗျာအမျိုးကောင်းသားသမီးတွေကို ကဗျာနဲ့ပဲဖျက်လိုဖျက်ဆီးလုပ်ကြ
ငါ့ သမီးလေး ကဗျာအိမ်ကိုပြန်မရောက်တော့ဘူး...
အသဲကွဲသမား ကဗျာလေးတွေနဲ့ ၊ ကဗျာကလေးသူငယ်တွေ
ကဗျာအမေအိုကြီး သူ့သားလေးကဗျာကိုပို့လိုက်တဲ့စာ
မျက်ရည်ချောင်းစီးငိုကြွေးကြ
လမ်းမှာပျောက်သွားတယ်
သွေးပျက်ဖွယ်ရာကဗျာပါပဲ . . .
ငါ့သမီးလေးကဗျာ အိမ်ကိုပြန်မရောက်တော့ဘူး
"တိတ်တိတ်နေ" . . .
ငါ့ကဗျာရှေ့တန်းက ပြန်လာရင်
"အသံတစက်မှမထွက်စေနဲ့" . . .
နှင်းဆီပန်းတွေနဲ့ကြိုပါ . . . စကားလက်အိုဟာရာ ။ ။
"သူတို့ကင်းလှည့်လာနေတယ် "
"သူတို့မှာ အနံခံကောင်းတဲ့ ခွေးတွေပါတယ်"
-/ မောင်ဖုန်းမြင့် /-
ကဗျာဗုံးကြဲလေယဉ်တွေ က ကောင်းကင်မှာအပြည့်ပဲ

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

ဒီကဗျာ ခင်ဗျား ဘယ်က ရလာတာလဲ


( အပါယ်လေးဘုံသား ကဗျာ )

ဒီမှာ. . . ဒီကဗျာမှာ မျက်ရည်စတွေ စွန်းထင်းပေကျံဘူးလား


ဒီကဗျာကို ခင်ဗျား ဘယ်ကရလဲ ဒီကဗျာ ရဲ့ သောကြာဂြိုဟ်ခုံ အရမ်းမို့မောက်လွန်းနေလား
ခင်ဗျား က မသင်္ကာ မျက်လုံးတွေနဲ့ ကြည့်နေပြန်ပြီ ဒီကဗျာနဲ့ရော လိင်ဆက်ဆံခဲ့ဘူးလား
ဒီ ကဗျာထဲမှာ ဘာတွေ ပါဝင် ပက်သက်မှုရှိလဲ ဒီကဗျာရဲ့ ထုတ်လုပ်ရာ အရပ်ကဘယ်ကလဲ
ခင်ဗျား ခြေရာ လက်ရာတွေ ဒီကဗျာ မှာ ကျန်နေခဲ့သေးလား ( တချို့ကတော့ ရင်ဘတ်ကြီးပါလို့ ခဏခဏပြောကြတယ် ဆရာ )
ဒီ ကဗျာရဲ့ အမျိုးအစား က ဘာလို့ခေါ်လဲ ဒီကဗျာရဲ့ သက်တမ်း ဘယ်လောက်ကျန်နေသေးလဲ
ဘယ်နှစ်ခုနှစ် ဖွားလဲ .. မွေးသက္ကရဇ် မလွဲအောင် ဖြေပါ အစားထိုးစရာ အစိတ်အပိုင်းရော အလွယ်တကူ ရှာကြံဝယ်လို့ရလား
ဒီကဗျာ ရဲ့ . . အိုင်ဒီ နံပါတ်ကိုပြော ဒီကဗျာ က ကလျာဏမိတ်ကောင်း၊ဆွေကောင်းလား
ဒီကဗျာ ရဲ့ ပုံပန်းသဏ္ဍန်ကို အကြမ်းပြောပြ ဒီကဗျာရဲ့လားရာဂတိ ဘယ်လဲ အထက်ဘုံလား / အောက်ဘုံလား
လိင်=ကျား/မ ဒီကဗျာ နေ့စဉ်မှီဝဲသုံးစွဲနေရတဲ့ဆေးတွေရော သူနဲ့အတူ ပါသွားသေးလား
ပညာအရည်အချင်း ဒီကဗျာရဲ့ အကြိုက်ဆုံးသီချင်း၊ ရုပ်ရှင်ကား ၊ကော်ဖီအမျိုးအစား ၊
အိမ်ထောင် ရှိ/မရှိ စာအုပ်တွေက ဘာလဲ
အရပ် (ရှည်/ပု/သင့်) အသား အရည် ( ဖြူ/ ညို/ မဲ) ဒီကဗျာနဲ့ နောက်ဆုံးတွေ့ခဲ့တာ ဘယ်အချိန်လဲ
ဆံပင် အရောင် ၊ မျက် လုံး အရောင် ဒီကဗျာရဲ့ နောက်ဆုံးစကားကဘာလဲ
ကိုးကွယ်သည့် ဘာသာ ၊ ပညာ အရည်အချင်း နောက်ဆုံးမေးခွန်းတခုမေးမယ်ဒီကဗျာက ခင်ဗျားရင်အုံတည့်တည့်ကို
သူအကြိုက်ဆုံး အရောင်က ဘာလဲ . . ဓါးနဲ့ထိုးစိုက်ခဲ့တာလား
ထင်ရှားသည့်အမှတ်အသား ဘာရှိလဲ ခင်ဗျားနဲ့ရော ရန်ငြိုးရန်စ ရှိခဲ့ကြလား . . .
ဘာကို စွဲစွဲ မြဲမြဲ ကြိုက်နှစ်သက်လေ့ရှိလဲ . . . “အခု ဒီကဗျာသေဆုံးသွားရမှု မှာ ဘယ်သူ တာဝန် အရှိဆုံးလဲ”
ဒီကဗျာမှာ ရည်ရွယ်ချက် ရည်မှန်း ချက်ဆိုတာ ရှိလား
သူကြီးပြင်းရင် ဘာဖြစ်ချင်တယ်လို့ပြောခဲ့ဘူးလား -/ မောင်ဖုန်းမြင့် /-
ဒီကဗျာ ကို စောင့်ကြည့်ခြင်းအားဖြင့် မျှော်လင့်ချက်ဆိုတာရှိလား

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

လူသားတွေက သဘာဝပတ်ဝန်းကျင်ညစ်ငြမ်းမှုနဲ့
ရုပ်ရှင်ကြည့်ပြီးသောအခါ
စစ်ပွဲတွေကို ဖြစ်ပွားစေတယ် "
ဖြတ်စထည်များ (သို့) ဖြတ်ထည်စများ
"ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် လုပ်နိင်တာ

"မာကီ အိမ်ပြန်ရောက်ပြီလား၊ ပျော်ခဲ့ရဲ့လား" ပိုမိုကောင်းမွန်အောင် လုပ်ရမှာ ငါတို့လူသားတွေလေ "

"အင်း၊ ပြီးခဲ့တဲ့ ငါးရက်လုံး ပျော်ခဲ့ရပါတယ်' (ဒီဇာတ်ကားထဲက လူကြမ်းမင်းသမီးပြောတဲ့စကားကို ဘ၀တစ်ခုလုံး


သဘောကျခဲ့တာ မင်းသားရဲ့စကား ကြားတော့ ဟုတ်တယ်ဆိုပြီး

"နောက်နေ့တွေမှာလည်း ပျော်အောင်နေနော်" ထောက်ခံမိတယ်)

(ဟာ ဒီစကားဟာ ငါကိုင်ထားတဲ့ စက်ရုပ်အသံ မဟုတ်ဘူးပဲ... ---------------------------------------------------------------------------------

ကိုကြီး...ကိုကြီးရဲ့အသံ...ဟုတ်တယ် ဒါကိုကြီးရဲ့အသံ)
"၀ါတာရီ၊ ဖြစ်နိုင်မယ်ဆို ဟောဒီကမ္ဘာထဲမှာ ကျွန်တော်နည်းနည်းလောက်

"ကိုကြီးလည်းပျော်အောင်နေနော်" အသက်ရှင်နေချင်ပါသေးတယ်"

"ငါက နှစ်ရက်ပဲနေရတော့မှာလေ" -/ တေလေ /-

(ဟာ...ဒီစကားက ဒီဇာတ်ကားထဲက ဇာတ်ကောင်ကိုကြီးအသံ


မဟုတ်ဘူးပဲ... ပရိသတ်... ပရိသတ်ရဲ့အသံ... ဟုတ်တယ် ဒါ
ပရိတ်သတ်ရဲ့အသံ)

---------------------------------------------------------------------------------

"လူသားတွေ မျိုးတုံးမှ ဖြစ်မယ်၊


ငါလိုချင်တာ အဲဒါပဲ၊ ကမ္ဘာကြီးကိုကယ်တင်ဖို့

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

တစ်ကားလုံးကို ဖြိုးဖြိုးဖျက်ဖျက်တောက်လို. တောက်လို.


စလစ်ပါ နဲ့ စ လစ်ပါ
ဘာနဲ.တူလည်းဆို...သံမဏိတွေနဲ. ချွတ်စွပ်..
ဒီနားကိုရောက်ရင် ကားကိုသတိထား မောင်းရတယ်
ခင်ဗျားဆီ ရောက်ခဲ့တယ် တစ်ခုမှ မဖတ်ခဲ့ဘူး။
ဘာလို.လည်းဆိုတော့
ခင်ဗျားပို.စ် ဖတ်ခဲ့တယ် တစ်ခုမှ မရောက်ခဲ့ဘူး။
ဒီက ကလေးတွေက ကိုယ်ဝန်ဆောင်မွေးထားတာ မဟုတ်ဘူး
ယောက်ယက်(ပ်)ခတ် ဖြ(ဖျ)တ် မရခဲ့ဘူး။
စက်နဲ.မွေးထားတာ...
သားရယ်(ရဲ့) အဖေကို ဖက်/ယ် ထားပါနော်....
(စက်>စဉ်ဆက်မပြတ်မွေးဖွားသည်>စက်မပျက်သောကြောင့် အစဉ်လိုက်
သူ.ကိုသားလေ သိပ်ချစ်တာပဲဗျာ
မွေးသည်။)
အဖေရေ...ဖေဖေရေ....ဖေကြီးရေ...အဖေချွေးမ မွေးပြီတဲ့ဗျ
ဒို.နှစ်ယောက်ရှိမယ့် ကမ္ဘာ (Wanted)
သားရေ...သားသားရေ...သားလေးရေ...သားမိန်းမ ဘယ်မှာလည်းဟင်
Jesus မရှိမယ့် ကမ္ဘာ…
သူ မီးတွင်းထဲမှာပါ အဖေ
ဒီကိစ္စဟာ အဓိပ္ပါယ်ကို မရှိဘူး…
သားကို သူလေ မချစ်ဘူးဗျာ
ခင်ဗျားဟာ အဓိပ္ပါယ်ကို မရှိဘူး…
မီးတွင်းထဲက အဖေချွေးမကို လက်ထပ်ခွင့်ပြုပါနော်
အဓိပ္ပါယ် မရှိတာ ခင်ဗျား…
ခင်ဗျားကိုယ် ခင်ဗျား လွှင့်တင်ဖို.ဆို စပေ့စ်တစ်ခုတော့ လိုတာပေါ့ဗျာ
ခင်ဗျားမှာ မရှိတာဆိုလို. အဓိပ္ပါယ်ပဲ
ဖရီးစပေ့စ်ဆိုရင်တော့ ခင်ဗျားကိုယ်ခင်ဗျား မပိုင်ဘူးပေါ့ဗျာ
ခင်ဗျား sense ကောင်းတယ်တဲ့…အရင်တုန်းကပေါ့
ဖရီးတွေက ပိုင်တာပေါ့ဗျာ
အခုတော့ ကျုပ်မှာ ဆန်မရှိတော့ဘူး
စပေ့စ် ၀ယ်သုံးမယ်ဆိုရင်တော့ ခင်ဗျားကိုယ် ခင်ဗျားပိုင်ပြီ၊ အပိုင်ပေါ့ဗျာ
ဆန်မရှိ စောက်စားကြီးဆိုတာ ကြားဖူးတယ်
အော...ပြည်တွင်းကနေတော့ ဘယ်ရမလည်း
(ကြားဖူးနားဝ>နားဝတွင်ကြားဖူးပြီး နှလုံးသားထဲ မရောက်သော
ဒါပေမယ့်လည်း ဒါပေမယ့်ဟာ ဒါပေမယ့်ကြောင့် ဒါပေမယ့်ပေါ့ဗျာ
စကားလုံးများ (စကားတုံးများ)>စကားလုံး အတုံးအပွ
အဆင်ပြေသွားမှာပါ။
ပျက်ဆီးယိုယွင်းနေသော နှတ်ထွက်များ)
ဇာတ်လမ်းပြောရုံတွေ
ကလေးတွေဘယ်ရောက်သွားလဲ…
ဇာတ်လမ်းပြောယုံနဲ.တော့ ဇာတ်လမ်း(လှမ်း)ကြောင်းဟာ
ကျွန်တော်နဲ. လက်ထပ်မယ့် အဖေချွေးမလေး (ကလေးလေး) ရောပေါ့…။
ဟာ...ဟာကွက်တွေကြီးပါပဲလားနော်...
ဈေးပေါပေါတွေ လာမပြောနဲ. တော်ရာတန်ရုံပြော -/ တေလေ /-
အဲဒါ သံဇာတ်ကားတွေပေါ့

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

မိုးရွာနေစဉ် ခင်ဗျားရဲ့ ဧရာမ ကြီးကို


လွှတ်လွှတ်မပေးနဲ့

လမ်းကလည်း (ခင်ဗျားတို့) သိတဲ့ ကော်လာ့ဂ်ျ လုပ်ထားသလို၊ မျက်စိရှေ့


ရိုးရိုးအီအီ အမေရိကန် ထိတ်လန့်ဖွယ် မြင်ကွင်းများ ကို ည ၁နာရီခွဲ ၂ နာရီမှာ
ဖြစ်တန်စွမ်း ထဲ လုပ်ဇာတ်ဟန်နဲ့ ((မင်းသိလား၊ အဲဒီတုန်းက ပွဲလိုပဲ။ လင်းထိန်နေတာ၊
ထည့်မြောက်မလား၊ ထည့်စားမလား၊ ၀ါကျအဆုံး သာ ငါ့အဖေ မဟုတ်ခဲ့ဘူးဆိုရင် . . . ပေါ့ကွာ))
အထူးစုံထောက်ဟာ တစ်လှမ်းခြင်း လှမ်းနေခဲ့တယ်။ တစ်သက်လုံး၊ ဖုန်းလာသည်၊ အစ္စရေး နဲ့ တရုတ် စစ်သားတွေ
ရေခံ၊ မြေခံ၊ တက်ကြိတ်ခံ၊ အစအဆုံး ပြေးဝင်လာ။
ထိသမျှ ဟာ လက် တွေချည်း၊ ပြောကြပါရန်၊ အဓိပ္ပါယ် အသေးဆုံးယူနစ် တွေ ဟာ အသေးသုံး တွေ ဖြစ်သွားပြီ။
အလင်းပေါက်၊ အလင်းမှုန်၊ အလင်းပိတ်၊ မီးစုန်းတောက်ခြင်း၊ စက်မှု၊ လက်မှု တွေ ဂိတ်ဝင်ကြေး ပေးကြပါ ခင်ဗျာ။
အရောင် အယောင်ပေးပြီး မီးပိတ်လိုက်လျှင်၊ နှာခေါင်းပတ်ပတ်လည်၊
ကျောက်စိမ်း နှင့် နီးဖရိုက် ကျောက်တုံးများ၊ သမုဒ္ဓရာ ရေပြင်ကြီး မြေပြင်ထဲကို ဗြောင်ကြီး စိမ့်ဝင်သွား၊
ပုံသေ ကားချ ကို လှမ်းပြီး မြုပ် လိုက် ပေါ် လိုက်၊ မဟုတ်ဘူး၊
ဘော်ဒီတိုက်ချလိုက်သတဲ့။ နီကိုတင်း လိုပေါ့၊ သတဲ့။ အလွမ်း ဝေဒနာသည်။
သော့ချက်တွေ ချောက်ခနဲ၊ အဘယ်နည်း။
အိမ်ပြတင်းမှာ စက်သေနတ်တွေ အသေထိုင်ထား၊ ဖြစ်ပုံက ဥပမာ သူတို့ သံသယ ဆိုဒ်။
အားလုံးကလွဲလို့ ဖုန်တွေ သာ အများကြီး တက် သွား၊ လိပ်ပြာ ဆိုတာ နိမိတ်ပုံ မဟုတ်ကြောင်း ပိတ်ငြင်းပြီး
အချစ်စာအုပ်ထူထူ ရဲ့ ဆံပင်တွေကို ပွေ့ဖက်ထား၊ ကာ မှ
ရွှေဥာဏ်တော် စူးပြီးရောက်တဲ့ မျက်မှန်နဲ့ ဘယ် သီဝရီ နောက်က ချောင်းရိုက်လိုက်ပါသလဲ။
ပြည်လမ်းမကြီး တစ်ခြမ်းပိတ်သွား၊ ကြားခံ အဓိက ။ ။ ။
နောက် အခြမ်းအားလုံး ပါးစပ် ပိတ်သွား၊
ကဲ . . အ၀ိုင်းတွေနဲ့တွေ့ရင် အရှိန်လျော့ -/ လင်းနီညို /-
အထိန်းအမှတ်

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

ကြား

ငါတို့ရဲ့ မနှစ်က ဇာတ်လမ်း သေသေချာချာပြောရရင်


သူတို့ မနေ့ က ရုံတင် လိုက်ပြီ။ အောက်မှာ မြေဖြူနဲ့ဆွဲထားတဲ့ သက်သေတွေတော့ရှိမယ်။
(ဖြောင်း . . . ဖြောင်း . . . ဖြောင်း . . . ဟိုဟာ က ဟိုဟာ၊ ဒီဟာက ဒီဟာ ၊ ပြောချင်တာက
အခြားအသံများ . . . အခြားအသံများ . . . အခြားအသံများ . . .) အမှီအခို ကင်းတယ်။
(ဟေ့ . . . ) ဒီမှာ . . . ၊ ဒီမှာ . . . အဲဒီ လတာပြင် ပေါ် မှာ လူတွေ ဘေးတစ်စောင်း အိပ်နေမယ်။
မူလတန်းကျောင်းတွေလည်းရှိမယ်၊ ပုစ္ဆာပဲ ၊ ပြဿနာပဲ၊ လေယူရာ မတိမ်းတဲ့ အဖြေဆိုတာ ရှိလို့လား၊
အတု အစစ် ခွဲခြားတဲ့ စက် တွေလည်း . . . ရှိ . . . မယ်၊ သွယ်လျ ဖြူဝင်း ခြင်းတွေ စို့ တက်လာ၊
ဖြစ်ချင်တာတွေ ချွတ်ထားလိုက်၊ အယူအဆ ဆန်မှု တွေ စို့တက်လာ၊
(နေ ရော စောင်း ပြီ ဟု ယူဆချင် ယူဆ နိုင်သည်) တိုးတက်မှု မရှိသော အကွာအဝေးတွေ စို့တက်လာ၊
အဝေးထိန်း ရီမုတ် ကြီး ကို ခေါင်းပေါ်တင်ထားတဲ့ အဘီဆီနီယားကို မူဆိုလီနီ ဘာလို့ သွားတိုက်တာလဲ၊
ဖိုက်တာ တွေ၊ တစ် ပြည်ဝင် တစ်ပြည်ထွက်၊ လူအဖွဲ့အစည်းဟာ သူ့ကိုယ်သူ မိတ်ကပ်တွေ ဘာတွေ ပြန်ဖို့
ငါတို့မှာလည်း မော့ကြည့်ရမလိုလို၊ ငုံထားရမလိုလို၊ ပြီး ထွက်လာတယ်
သူ လိုလို၊ ငါ လိုလို၊ အချစ်ဆုံး လိုလို ၊ နေ့တိုင်းလိုလို၊ ငွေ လိုလို ။ ( (Post Capitalist) ဟာ အနော်ရထာကို
. . . နေတော့ကွယ်။ ချိုနဲ့ခွေ့မသတ် ခဲ့ဘူးဆိုတဲ့ သက်သေပြချက်တွေ
ဝှီး ခနဲ လက်ဖ၀ါး ပေါ်ကနေ မှုတ်လိုက်တော့ ဘာတွေ လက်မှာ ကိုင်ထားလို့)
ကြွေကြွေကျသွားတာ၊ ဒီတစ်ခါလည်း ၊ အပြည့်ပါပဲ ။ ။ ။ ဇာတ်တူ သားစား တာနဲ့ ဇာတ်မတူသား စား တာ နဲ့
သူ့ နှုတ်ခမ်းမှာလည်း ကိုယ့် နှုတ်ခမ်းတွေနဲ့ (ဒီလိုနဲ့ ပြန်စ) ဘယ်ဟာ က တရား လဲ၊
စွမ်းအင် စက်ဝိုင်းကြီး တြိဂံပုံ (လုံးလုံး) ဖြစ်သွား၊ အားလုံး ဂျလန်းတွေ ချည်း၊ ဒါနဲ့၊
ဆေးလိပ်မီးပွားတွေ ဟိုက်ဝေး လမ်းမကြီး အပြည့်၊ ရက်ပေါင်းများစွာ၊ ကြွေကြွေကျသွားတာ၊ ဒီတစ်ခါလည်း ၊
ဒီအတိုင်း၊ အပြည့်ပါပဲ ။ ။ ။
လက်ညှိုး ထိပ်ကလေး ပေါက်သွား၊ သွေးတွေ စို့ တက်လာ၊
မျဉ်းကြီး စို့ တက်လာ၊ -/ လင်းနီညို /-

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

နာမ်စကား၊ ရုပ်စကား / Numskull, Rude skull

လော လော ဆယ် ဆယ် နေသည့် ခွေးတို့၏ တာဝန် နှင့် ၀တ္တရား သိတတ်မှုဖြင့်
စွန့် ထုတ် ချင် သော မသိသေးသော မည်သည့် နေ့ကိုလည်း မလိုချင်ဘူး။
ရိုး အီ လာ ပြီး အခွံ တစ်ခု ကို(ယ်)/က နေရာအနှံ့ ၀င်သာ ထွက်သာ ပျံ့နှံ့သာ၊
ပြန် လည် သုံး စွဲ နာမ်ချည်း သက်သက်သက်မျှ၊
ဗ ဟို ချက် မ အသစ် အသစ် သော...၊
အဲ အချိုးတွေ မလိုချင်တော့ဘူး နောက်ဘ၀ အခွံ တစ်ခု ဖြစ်ဖြစ်မျှ၊ ကြိုးကို လက်ဖြင့်ကိုင်၍ ဆွဲချသွား သော...၊
ဂလိုဘယ် ကာလ်ချာတွေ လိုကယ်တွေ ထဲ ယုံကြည်မှု နဲ့ အဟောင်း မပါဝင်သော...၊
တည်ဆောက်ထားသမျှ၊ ရုပ်ချည်း သက်သက်မျှ၊ ။ ။
အဲ သည် တွေထက် ခပ်မာမာ ရှဲလ်တစ်ခုမျှ၊
ကစဥ့်ကလျား ဖြစ်အင်တွေ အတွက် -/ လင်းရမ္မာ /-
အစီအစဉ်ကျနမှု မလိုတော့ဘူး၊ အပြန်ပြန် အလှန်လှန် စွပ်သာရုံမျှ၊
ဘ၀ (ဘုံ=ကူး)
တို့စီးရဖို့ တန်ဖိုးအနည်းငယ် ဆိုရုံမျှ၊
လူအချင်းချင်းဟု သတ္တ၀ါတွေ ဆင်ခြင် ခေါ်မိရုံမျှ၊
ဝမ်းစာအတွက် အူတကျုတ်ကျုတ် အူသံ ဆူညံနေတာတော့ ဤမျှ..
တဘက် နှင့် တဘက် သေချာသည်က တဘက် နှစ်လုံး နှင့် တစ်လုံးမျှ၊
ငါ့ နာ မင်း
ရေး
မင်း နဲ့ ငါ့
ကြား -စောင့်ဖတ်စရာ မနက်ခင်း နှင့် လက်ဖက်ထမင်း နှင့် ငါ မသေသေး
သရွေ့ ရောင်းစားနေရဖို့ ကျန်သေးတာတွေ မလိုချင်ဘူး။
-မည်သည့်နေ့ ပေးမည် မသိသေးသော မလိုချင်တော့ ပါ

10

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

ခေါင်း မ စဉ် ပါ

ကိုယ့်အကြိုက် နဲ့ သူဖြစ်ချင်တာ လမ်းမများဘူး လမ်းပျောက်နေတယ် လမ်းမကောင်းဘူး


လိုချင်တာတွေ ထက် လိုချင်သူတွေက ပိုများလာတာ လမ်းလျှောက်နေတယ်
ပုံသဏ္ဍာန်မကျတော့တဲ့ နေ့စဉ်လည်ပတ်မှုတွေလို ဘယ်သူက လမ်းသူခိုးလဲ လမ်းခိုးကြရင် လက်တို့ပါ ဆိုသူက များနေတယ်
ငါ က ဘယ်သူ့အတွက် ရယ် မှန်း မသိတော့ဘူး ပိတ်ရပ်မယ့်အစား ငါ့ကိုတိုက်သွားလိုက်စမ်းပါ
ရှိသလားမေးတော့ ပြန်ထူးဖို့တောင် နှုတ်ဆိတ်နေရတယ် ငါ့ ဖိနပ်တွေညစ်ပေနေခဲ့ ပြီပဲ
အဖြစ်အပျက်တွေ အတွက် ခင်းကျင်းရတာက ပုံမှန် လိုလို ကြိုက်ရာရွေး ဆိုပြီး ပုံသေတန်ဖိုးတစ်ခု ငါ့လည်ပတ်မှုမှာ မရှိဘူး
‘၀မ်းတီး’ ဆိုရင် အိုခေ ပါပြီ… ရိုးရိုးပါပဲ အပြင်မှာပူနေပြီ သက် ရောက် မှု တော့ရှိကောင်း ရှိရမယ်
နွေးထွေးမှု ဆိုတာ ထက်လွန်ကဲ လာပြီထင်တာပါ မရှိရင်ကောင်းတာတော့ ခင်ဗျားလည်းသိတယ်ဟုတ်?
နောက်ဆုံးသိလိုက်ရတဲ့ အချိန်အထိ ယုံကြည်ပေးရမလား ရန်သူမျိုး နွယ်စုတွေ ဇာတ်ကားထဲ (မော်နီတာထဲ) လုပ်ဇာတ်ဆင်နေတယ်
တွေဝေမှုကို မုန်းတီးရမလား လောကကြီး… အဲဒါတွေ စတော့ ပါ
ဘယ်လို နားလည်ရမှန်းတောင် မသိတော့ သူက ဟိုလို ဆွဲတွေးတော့… ငါက ဟိုလိုလို ဒီလိုလို…
ပိတ်နေတဲ့ လမ်းထဲ ဇွတ်တိုးဝင်တယ် ထင်ကြမယ် ခင်ဗျား ဒရွတ်တိုက်ကြီးတော့ ပါမသွားပါစေနဲ့
ငါရယ် ဆိုတာ အချက်ပြစနစ် တစ်ခုတောင် သိသူမှမဟုတ်ပဲ အပိုတွေ ၊ အလိုတွေ ၊ ညှိကြ နှိုင်းကြ ။ ။
တစ်ခုတော့ ရှိတယ်
အဖြစ်လောက် ရှိတယ် -/ လင်းရမ္မာ /-
အဖြစ်မရှိဘူး
တကယ်ဆို မြို့ကြီးပြကြီးမှာ မီးတိုင်ထွန်းရတာလဲ အဆန်းသားပဲ မဟုတ်လား
ထင်ချင်လည်း ထင်၊ မထင်ရင်လည်း ယူပြီးပစ္စည်း ပြန်မလဲရပဲ မဟုတ်လား
ဖြစ်ချင်တာ ဖြစ်ရပါစေ့မယ်
အဲဒီစကားတွေဟာ ရေဒီယိုတွင်ကျယ်စဉ်ကတည်းက သုံးခဲ့တာပါပဲ
ချိန်ကိုက် ဖမ်းယူ၍ ရကောင်းမှန်း သိပါရဲ့
အသိဉာဏ်ကတော့ အဟုတ်ထင်ရလောက်အောင် ကင်းမဲ့နေတယ်

11

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

Excelမှာ ဇယားတွေ ဝေစု


ဝမ်းဘိုင်ဝမ်း ကလစ်လုပ်သွားသလို…
ခွေးကလေး၊ ကြောင်ကလေးများ
ခရီးသွားဟန်လွဲ ပခုံးချင်းဝင်တိုက် Nick & # တောင်းယူ၍ ကိုယ့်ဒဏ်ရာကိုယ်လျက်ရင်း မိုက်တွင်းနက်လာသလို
ရင်းနှီးကြီးကျယ်… ကိုယ့်ပြည်ကိုယ်မျိုသူ သားတော်အဇာတသတ်
လက်ထဲခွက်များဆီသို့ Cut & Paste ဖြစ်လာသူ အကြွေစေ့ကလေးများအတိုင်း ပွန်းလေ ပြောင်လေ
ပရင်းရောင်++ မှာ နေပူသလိုလို မိုးရွာသလိုလို နှင်းဖွဲဖွဲလမ်းကလေးအထဲ
ပြန်ပြန်လှန်လှန် ရိပ်ဖမ်းသံဖမ်း PrtScn, Ctrl+V, Ctrl+S လုပ်သွားပုံ သွေးချင်းသားချင်း ထိစပ်မှုနယ်နိမိတ်မျဉ်းကွန်တိုဘာရိုမီတာ
ပြန်ပြန်လှန်လှန် ဘီအာဘီတွေနဲ့ Alt+Tab ခေါက် ကြိုးရှည်ရှည်လှန်သွားပုံ မိတ်ဆွေအချင်းချင်း၊ ရန်သူအချင်းချင်း
Buffer Overrun မဖြစ်သရွေ့ F1ကို မေ့လျော့တိတ်ဆိတ်လို့ အပေါင်းများသင်းလိုက်၊ အနှုတ်များကွပ်လိုက်
SSL လို/မလို ချိန်ညှိ အမှန်ကိုပြောင်းပြတဲ့ မှန်ပြောင်းသဖွယ်
Insert, အပေါ်မြှား၊ အောက်မြှား နီးသောအခါ ဝေးသွားလိုက်၊ ဝေးသောအခါ နီးသွားလိုက်
ပရောဂရက်စ်ဘားကလေး လှိုက်ဖိုမှိတ်တုတ်တုတ်မှာ မှန်ရှေ့မှာရပ်ပြီး ငါဓါတ်တွေခမ်းနေတဲ့အခိုက်တန့်များ
F5 ခဏခဏလုပ်ပြီးနောက် မိသားစုထဲမှာ အထီးကျန် ကမ္ဘာကြီးတဖြစ်လဲ…။
FYL လက်ဆွဲနှုတ်ဆက် ဖုတ်ဖက်ခါ လှည့်ထွက်
မျက်စိအောက်ကပျောက်တာနဲ့ ဦးနှောက်က Shift+Del
-/ သိုးထိန်း (အန္တိမ) /-
ဘီးစအလိမ့်မှာ နားထဲဝင်လာတဲ့ S.M.B.U (prodigy)ကို
စိတ်က Alt+F4 မဖြစ်ခင်အထိ…repeat…repeat…repeat…

-/ သိုးထိန်း (အန္တိမ) /-

12

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။


Limited Collection of Myanmar Online Poetry

ငြင်းဆိုဝန်ခံအသိပေးချက်။ ။
ဤကဗျာစာအုပ်ငယ်သည် အင်တာနက်ပေါ်မှ မြန်မာကဗျာဆရာများနှင့် ၄င်းတို့၏ ကဗျာများ အားလုံးကို ကိုယ်စားပြု(ရန်ကြိုးစား)ခြင်း မဟုတ်ပါ။ လက်လှမ်းမီရာ
ရောင်းရင်းညီကိုများမှ ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အတွက် ရှောင်တခင် စီစဉ်လိုက်ခြင်းမျှသာဖြစ်ပါသည်။ နဲနဲနဲ့ကျဲကျဲဆိုသလို ကိုယ့်အထွာနဲ့ကိုယ် ကဗျာကို
စာလုံးပေါင်းကြည့်ကြခြင်းလည်းဖြစ်ပါသည်။ ကျန်းမာရေး ကောင်း၊ မကောင်းကတော့ အဆစ်မတောင်းပဲ အစစ်တောင်းမည့် ပရိသတ်က ဆုံးဖြတ်သည့်အတိုင်း
ဖြစ်ပါစေ။ သေချာတာတစ်ခုက ကဗျာဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်ယောက်ဝါဒကိုတစ်ယောက် အကြောက်အကန်ငြင်းဆန်ဖို့ ကျွန်တော်တို့ ရောက်ရှိလာခြင်း
မဟုတ်ခဲ့ပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ကျွန်တော်တို့ ညီခဲ့ကြပါသည်။ ဖွင့်ထားသောစိတ်ဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှာ ကြက်ခြေခတ်ခြင်း ကင်းကြပါစေ။

13

၂ဝ၁ဝ ခုနှစ် မတ်လ(၂၁)ရက် ယူနက်စကို ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပါသည်။

You might also like