You are on page 1of 15

၂၀၁၀ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာ၊ ဆောင်းပါးရှင် ဥပဒေ ဘက်တော်သားတစ်ဦး ၏ ဆောင်းပါး

နောင်သမိုင်းကြောင်း မှောင်မိုက်မသွားရအောင် (၁)

၂ဝ၁ဝ ပြည့်နှစ် အတွင်းမှာ ကျင်းပမယ့် ပါတီစုံ ဒီမိုရေစီ အထွေထွေ ရွေးကောက်ပအ


ွဲ တွက် ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်
ပြည်နယ်လွှတ်တော် ရွေးကောက်ပဥ
ွဲ ပဒေတွေနဲ့ သက်ဆိုင်ရာ နည်းဥပဒေတွေကို ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး
ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန်ပြဋ္ဌာန်းပြီး နောက်မှာ ဒီဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး
ရှုထောင့်အဖုံဖုံ အမျိုးစုံအောင် ဝေဖန်သုံးသပ် နေကြတာတွေ ကြားသိနေရပါတယ်။

တကယ်တော့ နိုင်ငံအသီးသီးရဲ့ လွှတ်တော်တွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ အရေးကိစ္စတွေကို ဆွေးနွေး


ဆုံးဖြတ်ကြတဲ့၊ အဓိကအရေးကြီးတဲ့ အဖွဲ့ အစည်းတွေ ဖြစ်ကြပါတယ်။ နိုင်ငံအလိုက် နိုင်ငံအဆင့် လွှတ်တော်
များရှိသလို ပြည်နယ်အဆင့် လွှတ်တော်များလည်း ရှိကြပါတယ်။ နိုင်ငံရဲ့ ကံကြမ္မာ၊ ပြည်သူရဲ့ ကံကြမ္မာကို
အဆုံးအဖြတ်ပေးနိုင်တဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ အစည်းတွေ ဖြစ်တဲ့အတွက် နိုင်ငတု
ံတိင
ုး၊ ပြည်သူတိုင်းက
အလေးထား ကြရပါတယ်။ ဒါကြောင့် ဒီလို လွှတ်တော်များနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ကိုယ့်နိုင်ငံ၊
ကိုယ့်ပြည်သူရဲ့ ပကတိအရှိတရားနဲ့ ကိုက်ညီပြီး ရေရှည်အကျိုးစီးပွား ဖြစ်ထန
ွ်းနိုင်အောင် စနစ် တကျ
အဘက်ဘက်က ချဉ်းကပ် သုံးသပ်စဉ်းစားပြီး ရေးဆွဲ ပြုစု၊ ပြဋ္ဌာန်းလေ့ရှိကြတာ အမှန်ပါ။ ယခု မြန်မာနိုင်ငံရဲ့
ရွေးကောက်ပွဲနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေတွေဟာလည်း နိုင်ငံတကာ တွေးခေါ်သုံးသပ် ချဉ်းကပ်မှုတွေ၊
နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ ပြုစုပြဋ္ဌာန်းထားခြင်း ဖြစ်တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။

ဦးစွာ ပထမ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ကို တင်ပြလိုပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ရဲ့ ပုဒ်မ
၄၄၃မှာ ''ဤဖွဲ့ စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့ စည်းပုံအခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့်
လုပ်ငန်းရပ်များသည် ဤဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်'' လို့ ပြဋ္ဌာန်းထား
ပါတယ်။ ဒီပုဒ်မအရ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အာဏာမတည်သေးမီ ကာလအတွင်း အဲဒီအခြေခံဥပဒေနဲ့အညီ
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သလို အကောင်အထည်ဖော်
ဆောင်ရွက်နိုင်အောင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို လုပ်ပိုင်ခင
ွ့်အာဏာ
အပ်နှင်းထားပြီးဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီဟာ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ တရားဝင် အစိုးရတစ်ရပ်
ဖြစ်ပါတယ်။ ဒါကြောင့် တရားဝင် အစိုးရတစ်ရပ် အနေနဲ့ အခြေခံဥပဒေပုဒ်မ ၄၄၃က အပ်နှင်းထားတဲ့
အခွင့်အာဏာကို အသုံးပြုပြီး အခုလို ရွေးကောက်ပွဲနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ထုတ်ပြန်
ပြဋ္ဌာန်းလိုက်ခြင်းဟာ ပြည်တွင်း ဥပဒေတွေနဲ့ရော နိုင်ငံတကာ စံနှုန်းတွေနဲ့ပါ ပြည့်စုံညီညွတ်တယ်ဆိုတာ
တွေ့ရှိရပါတယ်။

ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ နိဒါန်းမှာ ''လွှတ်တော်များသို့ ရွေးကောက်


တင်မြှောက်ခင
ွ့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခင
ွ်ကို ကျင့်သုံးကြရာတွင် ကြီးကြပ်ပေးရန်နှင့် နိုင်ငံရေး ပါတီ
များကိုလည်း ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်ကို ဖွဲ့ စည်းနိုင်ရေး အတွက်
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ
အခြေခံဥပဒေပုဒ်မ ၄၄၃နှင့်အညီ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်'' လို့ ရှင်းလင်းတိကျ ပြည့်စုံစွာ
ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။
တစ်ဆက်တည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(
ဥပဒေ(၂ဝဝ၈
ဝဝ၈) အခန်း(၁ဝ) နိုင်ငံရေးပါတီများ အခန်းပါ နိုင်ငံရေးပါတီများ
ဖွဲ့ စည်းခြင်းနဲ့ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခင
ွ့် မရှိခြင်း ပြဋ္ဌာန်းချက်တွေကို လေ့လာကြည်မယ်
့မယ်
ဆိုရင် ပုဒ်မ ၄ဝ၅ (ဂ)မှာ ''နိ
''နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့ စည်းမှတ်ပုံတင်
ထားရမည်''လိ
''''လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပြီး လေးစား လိုက်နာတဲ့
ပါတီတိုင်းဟာ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ဖွဲ့ စည်း မှတ်
တပ်ုံတင်ကြရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အခန်း(၃) တာဝန်နှင့် လုပ်ပိုင်ခင


ွ့်များ
အခန်းရဲ့ ပုဒ်မ ၈(ဋ)မှာ ''နိုင်ငံရေး ပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်
စေခြင်းနှင့် လမ်းညွှန်ခြင်း''ဆိုပြီး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခင
ွ့်အဖြစ် ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ နိုင်ငံရေး
ပါတီတွေကို မတရားသဖြင့် ကန့်သတ် ချုပ်ချယ်နိုင်ဖို့ ရည်ရွယ် ပြဋ္ဌာန်းထားတာ မဟုတ်ဘဲ ဥပဒေနဲ့ အညီ
စနစ်တကျ ဖြစ်စေရန် ရည်ရွယ်ရင်းသာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာလည်း ရွေးကောက်ပွဲ ကော်မရှင် တုင
ိးဟာ
ရွေးကောက်ပဝ
ွဲ င်မယ့် နိုင်ငံရေး ပါတီတွေရဲ့ လုပ်ဆောင်မှုကို ကြီးကြပ်ရတာ ထုံးစံပါပဲ။ အလားတူ နိုင်ငံရေး
ပါတီတွေ အနေနဲ့ ဥပဒေပါ အချက်တွေကို ဖောက်ဖျက်လာပါက လိုအပ်သလို အရေးယူနိုင်ဖို့ အတွက်
တာဝန်နဲ့ လုပ်ပိုင်ခင
ွ့်တွေ ပေးအပ်ထားရတာလည်း ထုံးစံပါပဲ။ အင်ဒိုနီးရှား နိုင်ငံမှာဆိုရင် နိုင်ငံရေး ပါတီတွေကို
ကြီးကြပ်ဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင်အပြင် တရားရေးဝန်ကြီးဌာန၊ ပြည်ထေ
ဲ ရး ဝန်ကြီးဌာနတို့ကိုပါ
တာဝန်ပေး ဆောင်ရွက်စေတာ တွေ့ရပါတယ်။

တကယ်တော့ ဒီမိုကရေစီဆိုတာ ကိုယ့်စိတ်တိုင်းကျ စည်းမဲ့ကမ်းမဲ့ လုပ်ချင်ရာ လုပ်ခင


ွ့်ပေးထားတာမျို
ပးထားတာမျိုး
မဟုတ်ပါဘူး။ စည်းကမ်းရှိမှု၊ တာဝန်သိမှုနဲ့ လွတ်လပ်မှုကို ပူးတွဲကျင့်သုံးရတဲ့ ကျင့်စဉ်မျိုးသား ဖြစ်ပါတယ်။
ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို အထူးတလည် လေးစားလိုက်နာ ဆောင်ရွက်ရတဲ့ ဥပဒေနဲ့ စပ်ယှဉ်သော
ကျင့်စဉ်မျိုးသား ဖြစ်ပါတယ်။ ပတ်သက်ပြီးတော့ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်
ဆောင်ရွက်နိုင်ဖို့၊ ပြဋ္ဌာန်းထားတဲ့
ဥပဒေများနဲ့အညီဖြစ်အောင် ကြပ်မတ်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလို ထိုက်သင့်တဲ့ တာဝန်နဲ့
လုပ်ပိုင်ခင
ွ့်တွေ အပ်နှင်းရတာဟာ နိုင်ငံတကာစံနှုန်း အတိုင်းသာ ဖြစ်ပါတယ်။ ယခု ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥပဒေ ပုဒ်မ ၈ မှာ ပေးအပ်ထားတဲ့ ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခင
ွ့်များဟာ ဒီမိုကရေစီရဲ့
အနှစ်သာရကို ထိခိုက်စေခြင်းမရှိဘဲ ဒီမိုကရေစီ ကျင့်စဉ်တွေကို စနစ်တကျ မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ
ကျင့်သုံးနိုင်ဖို့အတွက်သာ ဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိရပါတယ်။

နောက်ပြီး အဲဒီကော်မရှင်ဥပဒေ ပုဒ်မ(၁၄)မှာ ''ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး


ကော်မရှင် ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁/၈၈)ကို ဤဥပဒေဖြင့်
ရုပ်သိမ်းလိုက်သည်''လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကလည်း ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ပုဒ်မ ၄၄၃အရ
အပ်နှင်းထားတဲ့ အခွင့်အာဏာနဲ့အညီ ရှေ့လာမယ့် ရွေးကောက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ အတွက်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအသစ်ကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်တဲ့အတွက် ယခင်ကရှိနေတဲ့
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအဟောင်းဟာ ဆက်လက် တည်မြဲနေဖို့ မလိုအပ်တော့ပါဘူး။ တည်ဆောက်
ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁/၈၈ နဲ့ ပြဋ္ဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး
ကော်မရှင် ဥပဒေကို ရုပ်သိမ်း ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါတယ်။ အလားတူ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ
ဥပဒေ ပုဒ်မ၉၁(က)မှာလည်း ''ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁၄/၈၉)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်''ဆိုပြီး ဥပဒေ အဟောင်း ကို
နည်းလမ်းတကျ ရုပ်သိမ်းပယ်ဖျက်ခဲ့ပါတယ်။ ဒါကြောင့် ဥပဒေအဟောင်းတွေကို ဒီလိုရုပ်သိမ်းပယ်ဖျက်ခြင်း ဟာ
နိုင်ငံတော် အစိုးရအနေနဲ့ မလွဲမသွေ ဆောင်ရွက်ရမယ့် လုပ်ငန်းတစ်ရပ်ကို စနစ်တကျ စီမံဆောင်ရွက်
ခဲ့ခြင်းသာဖြစ်ကြောင်း သုံးသပ် တွေ့ရှိနိုင်ပါတယ်။
ဆက်လက်ပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အရေးကြီးတဲ့ အချက်တွေကို ကောက်နုတ်တင်ပြ
လိုပါသေးတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄(င)မှာ ပါတီတည်ထောင်လိုသူများဟာ
ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဘူးဆိုပြီး ထည့်သင
ွ်း ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် ပုဒ်မ၁ဝ(င)မှာလည်း
ပါတီဝင်များ စည်းရုံးရာမှာ ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူ ပြည်သူ့
လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁ဝ(က) အရလည်း ထောင်ဒဏ်ကျခံနေရသူများဟာ ရွေးကောက်
တင်မြှောက်ခံပိုင်ခင
ွ့် မရှိပါဘူး။ ဒါကလည်း နိုင်ငံနဲ့ပြည်သူရဲ့ ရေရှည်အကျိုးစီးပွားအတွက် မျှော်ကိုးပြီး
ပြဋ္ဌာန်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဘာကြောင့်လဆ
ဲိုတော့ နိုင်ငံရေး ပါတီတွေဟာ နိုင်ငံနဲ့ ပြည်သူရဲ့ အကျိုးကို
သယ်ပိုး ထမ်းဆောင်ဖို့ သန္နိဋ္ဌာန်ချပြီး ဖွဲ့စည်းကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်သလို လွှတ်တော်တွေဟာလည်း
နိုင်ငံတော်နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေကို ဦးဆောင်ဦးရွက် ပြုသွားကြမယ့်
အမြင့်ဆုံး အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် အဲဒီလို အဖွဲ့အစည်းတွေမှာ အများပြည်သူ ကြည်ညိုလေးစား
ခံရသူတွေ၊ လူကောင်းလူတော်တွေ၊ သိက္ခာသမာဓိရှိသူတွေနဲ့ ဖွဲ့ စည်းမှသာ အရာရာအတွက် အကောင်းဆုံး
ဖြစ်မှာပါ။ အဲဒီအစား ထောင်ဒဏ် ကျခံရသူတွေ၊ အကျင့်ပျက်တွေ၊ မသမာသူတွေ ပါဝင်လာမယ်ဆိုရင်
ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သွားနိုင်တယ်ဆိုတာ ဆင်ခြင်
တွက်ဆနိုင်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ အခြေခံဥပဒေတွေနဲ့ ရွေးကောက်ပဆ


ွဲိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်တွေမှာ အဲဒီလို
ပါတီနဲ့ လွှတ်တော် အဖွဲ့ အစည်းတွေမှာ အကျင့်ပျက်သူတွေ၊ နိုင်ငံတော်ကို နှောင့်ယှက်မယ့်သူတွေ၊ တိုင်းတစ်ပါး
သြဇာခံတွေ၊ ထောင်ဒဏ်ကျခံဆ၊ဲ ကျခံပြီးသူတွေကို ပါဝင်ခင
ွ့် ကန့်သတ် ပြဋ္ဌာန်းလေ့ရှိကြတာ လေ့လာတွေ့ရှိ
နိုင်ပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် ထောင်ဒဏ်က လွတ်မြောက်ပြီး နောက်ထပ် ငါးနှစ် ခြောက်နှစ်
သတ်မှတ်ကာလ တစ်ခုအထိ ကန့်သတ်ထားတာကိုတောင် တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့
ရွေးကောက်ပဆ
ွဲိုင်ရာ ဥပဒေတွေမှာ ထောင်ဒဏ် ကျခံသူတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်ဟာ တရားမဲ့
တစ်ဖက်သတ် ပြဋ္ဌာန်းထားတာမျိုး မဟုတ်ဘဲ နိုင်ငံတကာ စံနှုန်းနဲ့အညီ ဖြစ်တယ်ဆိုတာကို လေ့လာ
တွေ့ရှိရပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၃ မှာ ‘‘ကော်မရှင်သည် ပါတီများကို တည်ဆဥ


ဲ ပဒေ၊
နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်
စေရန် ကြီးကြပ်နိုင်သည်။ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်အား ကော်မရှင်ကိုယ်စား ကြီးကြပ်ရန်က ကော်မရှင်သို့
တင်ပြတိုင်ကြားလာပါက ကော်မရှင်သည် စုံစမ်းစစ်ဆေး၍ လိုအပ်လျှင် နိုင်ငံတော်၏ အကျိုးငှာ ထိုပါတီ အား
လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်ကာလ သတ်မှတ်၍ ညွှန်ကြားနိုင်သည်'' ဆိုပြီးပြဋ္ဌာန်းထား
ပါတယ်။ ဒါကလည်း နိုင်ငံရေးပါတီတစ်ခုရဲ့ လုပ်ပိုင်ခင
ွ့်တွေကို လွန်ကဲစွာ ဝင်ရောက်စွက်ဖက်နေတာမျိုး
မဟုတ်ဘဲ နိုင်ငံတကာ ဥပဒေစံနှုန်းများနဲ့အညီသာ ချမှတ်ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။

နိုင်ငံတိုင်းရဲ့ ရွေးကောက်ပဆ
ွဲိုင်ရာ ဥပဒေများမှာ အကျိုးသင့် အကြောင်းသင့် ကန့်သတ်ရတာ၊ ကြီးကြပ်ရတာ၊
ညွှန်ကြားရတာတွေ ရှိနေတာပါပဲ။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ နိုင်ငံနဲ့ပြည်သူ ရေရှည်အကျိုးအတွက်
မျှော်ကိုးပြီး သက်ဆိုင်ရာဥပဒေတွေ ချမှတ်ပြဋ္ဌာန်းကြရတာပါပဲ။ ပါတီအစုအဖွဲ့ တစ်ဖွဲ့ အတွက်
ရည်ရွယ်ပြဋ္ဌာန်းတာမျိုးမဟုတ်ဘဲ အားလုံးအတွက် တစ်ပြေးညီပြဋ္ဌာန်းရတာဖြစ်တဲ့အတွက် သာတာနာတာ၊
ကြိုက်တာ မကြိုက်တာ အနည်းနဲ့အများ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကိုကိုယ်ကမကြိုက်ရင်၊ ကိုယ့်လိုလားချက်နဲ့
မကိုက်ညရ
ီ င်တောင် ဥပဒေကို အပြစ်တင်ဖို့ မရှိပါဘူး။ ဖြစ်သင့်တာက ပါတီများအနေနဲ့ ပါတီစည်းရုံးရေး
လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ အညီ ဆောင်ရွက်ကြဖို့ပါပဲ။ ဒီလိုလိုက်နာဆောင် ရွက်ခြင်းမရှိလို့
ပါတီဝင်တွေထဲက တိုင်ကြားမှုတွေရှိလာရင် ကော်မရှင်ကဝင်ပြီး စုံစမ်းစစ်ဆေးကြီးကြပ် ညွှန်ကြားတာကို
နာခံကြရမှာပါပဲ။ ဥပဒေကို ဆန့်ကျင်ဖို့မစဉ်းစားဘဲ လိုက်နာဖို့ စဉ်းစားရင် ဥပဒေရဲ့ ထောက်ကူမှုကို
ရယူနိုင်ပါလိမ့်မယ်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပဥ
ွဲ ပဒေပါ အရေးကြီးတဲ့ အချက်တွေနဲ့စပ်လျဉ်းပြီး ဆွေးနွေးပါ့
မယ်။ ပြည်သူ့ လွှတ်တော်ရွေးကောက်ပဥ
ွဲ ပဒေပုဒ်မ ၁၁(ဃ)မှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်
တင်မြှောက်ခံရပြီးနောက် တည်ဆဥ
ဲ ပဒေ တစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရမယ်ဆိုရင် လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခင
ွ့် မရှိဘူးလို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ အမျိုးသား
လွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေအတွက်လည်း အလားတူပဲ ဖြစ်ပါတယ်။
လေ့လာမိသလောက် ဒါကလည်း နိုင်ငံတကာ ဥပဒေစံနှုန်းများအတိုင်းသာဖြစ်ပြီး နိုင်ငံအများစုရဲ့ ရွေးကောက်ပွဲ
ဥပဒေတွေမှာ ထောင်ဒဏ်ကျခံရသူကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခင
ွ့်
ပေးမထားတာကို တွေ့ရှိနိုင်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ၁၉၈၁ ခုနှစ် ပြည်သူများကို ကိုယ်စား ပြုခြင်းအက်ဥပဒေ(The Representation of the People


Act, 1981 ) အရ ဗြိတိန်နိုင်ငံအတွင်းမှာ ဖြစ်စေ၊ အခြားတစ်နေရာရာမှာ ဖြစ်စေ ပြစ်မှုထင်ရှာစီရင်ခံရပြီး
ထောင်ဒဏ်(သို့မဟုတ်) ထိန်းသိမ်းထားရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူတွေဟာ အောက်လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံပိုင်ခင
ွ့်မရှိသလို ရွေးချယ်ခံ ထားရပြီးဖြစ်ရင်လည်း အရည်အချင်းပျက်ယင
ွ်းပြီး
အဲဒီကိုယ်စားလှယ်နေရာကို လစ်လပ်သွားစေရမယ်လို့ ပြဋ္ဌာန်းထားတာတွေ့ ရှိရပါတယ်။ အလားတူ
အိန္ဒိယနိုင်ငံရဲ့ ၁၉၅၁ ခုနှစ် ပြည်သူများအား ကိုယ်စားပြုခြင်းအက်ဥပဒေ (The Representation of the People
Act, 1951) မှာလည်း ပြစ်မှုတစ်ခုခုအရ ပြစ်ဒဏ်စီရင်ခြင်း ခံရသူတွေဟာ လွှတ်တော် ကိုယ်စားလှယ်အဖြစ်
အရွေးချယ်ခံဖို့ အရည်အချင်းပျက်ယင
ွ်းကြောင်း၊ အချို့သောပြစ်မှုတွေကို ကျူးလွန်ခဲ့ရင် ငွေဒဏ်ချမှတ် ခံရပါက
ချမှတ်ခံရတဲ့နေ့ကနေ ခြောက်နှစ်အထိလည်းကောင်း၊ ထောင်ဒဏ်ချမှတ်ခံရပါက
ထောင်ဒဏ်လွတ်မြောက်တဲ့နေ့ကနေ ခြောက်နှစ်အထိလည်းကောင်း လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံခင
ွ့်
မပြုကြောင်း ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ အလားတူ ပါကစ္စတန်၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့မှာလည်း
ထောင်ဒဏ်ကျခံရသူတွေဟာ ပါလီမန်အမတ်အဖြစ် အရွေးချယ်ခံဖို့ အရည်အချင်း ပျက်ယင
ွ်းကြောင်း
ပြဋ္ဌာန်းထားတာ တွေ့နိုင်ပါတယ်။

၂၀၁၀ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆) မှ ဆောင်းပါးရှင် ဥပဒေ
ဘက်တော်သားတစ်ဦး၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
၂၀၁၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာ၊ ဆောင်းပါးရှင် ဥပဒေ ဘက်တော်သားတစ်ဦး၏ ဆောင်းပါး

နောင်သမိုင်းကြောင်း မှောင်မိုက်မသွားရလေအောင် (၂)

မြန်မာနိုင်ငံရဲ့ ဥပဒေတွေမှာလည်း အလားတူပြဌာန်


ပြဌာန်းချက်တွေ ပါရှိခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေပုဒ်မ ၇၄ မှာ နှစ်နှစ်အောက်မနည်းသော ထောင်ဒဏ် ကျခံနေရသူနဲ့ ပြစ်ဒဏ်ကျခံပြီးနောက်
ငါးနှစ်ကာလ အပိုင်းအခြားအထိ အကျုံးဝင်သူတွေဟာ လွှတ်တော်အမတ် ရွေးချယ်ခံပိုင်ခင
ွ့်မရှိသလို
ရွေးချယ်ခံရပြီးရင်လည်
လည်း လွှတ်တော်အမတ်အဖြစ် တည်မြဲဖို့ ခွင့်မပြုထားတာကို တွေ့နိုင်ပါတယ်။ ၁၉၄၈ ခုနှစ်
ပါလီမန် ရွေးကောက်ပွဲ အက်ဥပဒေမှာလည်း လွှတ်တော်အမတ်အဖြစ် တည်မြဲဖို့ ခွင့်မပြုထားတာကို
တွေ့နိုင်ပါတယ်။ ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲ အက်ဥပဒေမှာလည်း တရားရုံးရဲ့ အမိန့်အရ
ထောင်ဒဏ်ကျခံ
ျခံရသူဟာ အမတ်အဖြစ် သာမက မဲပေးခွင့်အတွက်ပါ အရည်အချင်း ပျက်ယင
ွ်းစေရမယ့်လို့
ပြဌာန်းခဲ့တာ တွေ့နိုင်ပါတယ်။ အလားတူ ၁၉၇၃ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ
အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ မှာ ပြစ်မှုတစ်ခုခုကြောင့် ထောင်ဒဏ်
ကျခံနေရသူတွေဟာ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခင
ွ့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။
ဒါတွေကိုကြည့်ရင် အဲဒီပုဒ်မ ၁၁ (ဃ) ပါ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခင
ွ့် မရှိစေရလို့
သတ်မှတ်ထားတဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ယခင်က ပြဌာန်းခဲ့ဖးတဲ
ူးတဲ့ ဥပဒေစံနှုန်းများနဲ့ လည်းကောင်း၊
နိုင်ငံတကာ စံနှုန်းများနဲ့လည်းကောင်း ညီညွတ်ပြီး ကျိုးကြောင်းဆီလျော် ခိုင်လုံကြောင်း သုံးသပ်တွေ့ရှိ
နိုင်ပါတယ်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၂ မှာ ကော်မရှင် အဖွဲ့ ခွဲ အဆင့်ဆင့်အပါအဝင် ရွေးကောက်ပွဲနဲ့


သက်ဆိုင်တဲ့ တာဝန်ဝတ္တရားများကို ထမ်းဆောင်သူများ လိုက်နာဆောင်ရွက်ရမယ့် အချက်များကို
ပြဌာန်းထားပါတယ်။ ဆက်လက်ပြီး ပုဒ်မ ၈၇ မှာတော့ “တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခင
ွ့်အရ
ဥပဒေနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ကော်မရှင် နှင့် ကော်မရှင်
အဖွဲ့ ဝင်များ၊ ကော်မရှင်အဖွဲ့ ခွဲ အဆင့်ဆင့်နှင့် ယင်းတို့၏ အဖွဲ့ဝင်များ၊ ရွေးကောက်ပခ
ွဲုံအဖွဲ့ နှင့် ရွေးကောက်ပခ
ွဲုံ
အဖွဲ့ ဝင်များ၊ မဲရုံးမှူးအပါအဝင် မဲရုံအဖွဲ့ ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊
ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဆ
ဲိုခြင်းမခံထိုက်စေရ” ဆိုပြီး ပြဌာန်းထားပါတယ်။ ဒါဟာ အစိုးရအနေနဲ့
ကော်မရှင်အဖွဲ့ ခွဲ အဆင့်ဆင့်နဲ့ ရွေးကောက်ပဆ
ွဲိုင်ရာ အခြားအဖွဲ့ အသီးသီးမှာ တာဝန်ပေးခံထားရတဲ့
အဖွဲ့ ဝင်များ အနေနဲ့ မလုပ်ရဲ မကိုင်ရဲ မဖြစ်အောင်၊ ထိထိရောက်ရောက် ဆောင်ရွက်ရေ
ဲ အာင်
ပြဌာန်းပေးထားတာ ဖြစ်ပါတယ်။ မရိုးမသား မမှန်မကန် လုပ်ချင်သလိုလုပ်နိုင်အောင် အကာအကွယ်
ပေးထားတာ မဟုတ်ပါ။

ဘာကြောင့်လဆ
ဲိုရင် အဲဒီရွေးကောက်ပွဲ ဥပေဒ အခန်း ၁၃ ရွေးကောက်ပဆ
ွဲိုင်ရာ ပြစ်မှုများနဲ့
ပြစ်ဒဏ်များအပိုင်းမှာ မည်သူမဆို ကျူးလွန်ဖောက်ဖျက်ရင် အပြစ်ပေးခံရမယ့် ပြုလုပ်မှုတွေကို ပုဒ်မ ၅၇၊ ၅၈၊
၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅ တို့မှာ အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။ မည်သူမဆို ဆိုတဲ့အထဲမှာ
ကော်မရှင်အဖွဲ့ ဝင်တွေ၊ မဲရုံမှူးတွေလည်း အကျုံးဝင်ပါတယ်။ ဒါကြောင့် ကော်မရှင်အဖွဲ့ ဝင်တွေ၊
မဲရုံမှူးတွေလည်း ရွေးကောက်ပဆ
ွဲိုင်ရာ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်မယ်ဆိုရင် အဲဒီဥပေဒပါ
ပြစ်ဒဏ်များကို ကျခံရမှာ ဖြစ်ပါတယ်။ “ တရားဝင် အပ်နှင်းထားသော လုပ်ပိုင်ခင
ွ့်အရ ဥပဒေနှင့်အညီ
မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော” ဆိုတဲ့ စာသားပါရှိထားပြီး ဖြစ်တာကို
သတိပြုကြရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ပိုင်ခင
ွ့်အရ ဥပဒေနဲ့ အညီ သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ
စွမ်းဆောင်တဲ့ ကော်မရှင်အဖွဲ့ ဝင်တွေ၊ မဲရုံမှူးတွေကိုတော့ ဥပဒေအရ အကာအကွယ်ပေးတယ်ဆိုတာ
သင့်မြတ်လျော်ကန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ပြည်သူများက အတည်ပြုခဲ့ပြီးဖြစ်တဲ့ အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို


ဆက်လက်တည်ဆောက် ကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီ အခြေခံ ဥပဒေနဲ့
လိုက်လျောညီထွေဖြစ်အောင် ဥပဒေပြဌာန်းရတာတွေကလည်း ရှိပါတယ်။ ဥပမာဆိုရင် ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၉၁(
၉၁(ခ)မှာ “ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် ဥပဒေအရ ကျင်းပခဲ့သော ပါတီစုံ
ဒီမိုကရေစီ အထွေထွေရွေးကောက်
ကောက်ပသ
ွဲ ည် ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် လိုက်လျောညီထွေမရှိတော့သည့်အတွက်
ယင်းရွေးကောက်ပွဲ ရလဒ်များသည် အလိုအလျောက် ပျက်ပြယ်သည်ဟု မှတ်ယူရမည်” ဆိုပြီး ပြဌာန်းထားတာ
တွေ့ရပါတယ်။ ဘကြောင့် ဒီလိုပြဌာန်းရတယ် ဆိုတာကို လေ့လာကြည့်ရင် ယခုဖွဲ့ စည်းပုံ အခြေခံဥပဒေသစ်အရ
နိုင်ငတော်
ံတော်ရဲ့ ဥပဒေပြုအဖွဲ့ မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ အဲဒီ လွှတ်တော်နှစ်ရပ်ကို
ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ဆိုရှိပြီး ရှိတဲ့အပြင် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ်
ပြည်နယ်လွှတ်တော်များလည်း ရှိလာမှာ ဖြစ်ပါတယ်။ ယခင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ
ဥပေဒအဟောင်
ဥပေဒအဟောင်းအရ ၁၉၉၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွှတ်တော်တစ်ရပ်အတွက်သာ
ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရွေးကောက်ပွဲ ရလဒ်ဟာ အခြေခံ ဥပဒေအသစ်နဲ့
လိုက်လျောညီထွေမဖြစ်တော့ဘူးဆိုတာ ထင်ရှားပါတယ်။

နောက်တစ်ချက်ကလည်း အဲဒီ ၁၉၉၀ ရွေးကောက်ပွဲဟာ ယခုအချိန်မှာ နှစ်ပေါင်း ၂၀ ကွာခြားခဲ့ပါပြီ။


အဲဒီတုန်းက မဲပေးပိုင်ခင
ွ့်မရှိသေးတဲ့ ၁၈ နှစ်အောက် လူငယ်လူရွယ်တွေဟာ အခုအချိန်မှာ အသက် ၃၀ ကျော်၊
၄၀ အရွယ် လူလတ်တွေ ဖြစ်ကုန်ကြပါပြီ။ အဲဒီတုန်းက မမွေးသေးတဲ့ ကလေးတွေတောင် အခုအချိန်မှာ
တချို့ဆိုရင် ၁၈ နှစ်ကျော် အရွယ်ရောက်ကုန်ကြပါပြီ။ အဲဒီတုန်းက မဲပေးခဲ့တဲ့ လူကြီးတွေ အပါအဝင် မဲဆန္ဒရှင်
အချို့လည်း မလွန်ဆန်နိုင်တဲ့ အနိစ္စတရားကြောင့် မရှိရှာတော့ပါဘူး။ ဒါကြောင့် မဲဆန္ဒရှင် အရေအတွက်ရော၊
မဲဆန္ဒရှင် ပုဂ္ဂိုလ်တွေပါ မတူကွဲပြား ပြောင်းလဲကုန်ကြပါပြီ။ အဲဒီလိုပဲ မဲဆန္ဒရှင် ပြည်သူတွေရဲ့ အတွေးအခေါ်၊
အသိအမြင်၊ ခံယူချက်၊ သဘောထား တွေလည်း နှစ်ပေါင်း ၂၀ ကျော်ကာလနဲ့ လိုက်လျောညီထွေ အမျိုးမျိုး
အဖုံဖုံ အပြောင်းလဲကြီး ပြောင်းလဲလာခဲ့ပါပြီ။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ က ရလဒ်က အချိန်နဲ့ အမျှ
ပြောင်းလဲနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ ကာလ၊ ဒေသ၊ ပယောဂအရ လက်ရှိ အခြေအနေနဲ့ ဘယ်လိုမှ သဟဇာတ
မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဥပဒေသဘောအရ ဥပဒေသစ်ပြဌာန်းပြီး ဥပဒေအဟောင်းကို ပယ်ဖျက်ရတာ
ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီဥပဒေအဟောင်းတွေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်များဟာ
အလိုအလျောက် ပျက်ပြယ်သွားပြီး ဖြစ်ပါတယ်။

ဒီအချက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် ယခုထုတ်ပြန် ပြဌာန်းလိုက်တဲ့ ရွေးကောက်ပဆ


ွဲိုင်ရာ ဥပဒေတွေ၊
နည်းဥပဒေတွေ အားလုံးဟာ တရားဝင် တည်ဆအ
ဲ စိုးရ တစ်ရပ်အနေနဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃
အပါအဝင် တည်ဆဥ
ဲ ပဒေများနဲ့ အညီတရားမျှတစွာ ထုတ်ပြန်ပြဌာန်းထားခြင်းသာ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှား
နေပါတယ်။ ဒါ့အပြင် ယခုဥပဒေ၊ နည်းဥပဒေများ အားလုံးဟာ နိုင်ငံတကာစံနှုန်းများနဲ့ ချိန်ထိုးကြည့်ရင်လည်း
ပေမီဒေါက်မီ စံချိန်မီတာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ချက်ပြောချင်တာက နိုင်ငံတကာမှာ အခြေခံ ဥပဒေပြဌာန်းဖို့နဲ့ အရေးကြီးတဲ့


အခြေခံဥပဒေပြင်ဆင်ချက်များ ပြုလုပ်ဖို့အတွက်သာ ပြည်သူ့ဆန္ဒခံယူပြီး အတည်
အတည်ပြုတဲ့ ထုံးစံရှိပါတယ်။
ကျန်တဲ့ဥပဒေတွေကို လွှတ်တော်အတွင်းမှာပဲ ဆွေးနွေးပြီး မဲခအ
ွဲ တည်ပြုလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့
လွှတ်တော်မရှိသေးဘဲ တပ်မတော်အစိုးရက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနဲ့ အုပ်ချုပ်နေတာဖြစ်တဲ့
အတွက် တရားဝင် အစိုးရ တစ်ရပ်အနေနဲ့ ပြဌာန်းသင့်တဲ့ ဥပဒေတွေကို တရားဝင်ပြဌာန်းခြင်းသာ ဖြစ်ပါတယ်။
ပြောရရင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဥပဒေတွေကို ပြဌာန်းစဉ်ကလည်း ပြည်သူကို ချပြရှင်းလင်းခြင်း၊
ပြည်သူ့ဆီက အကြံပြုချက် သဘောထားဆန္ဒ တောင်းခံခြင်းမရှိခဲ့တာကို တွေ့ရှိနိုင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံအနေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ ကဏ္ဍတိုင်းမှာ လုပ်ထုံးလုပ်နည်းတွေ


ပြဌာန်းထားရှိပြီး ဖြစ်ပါတယ်။ တာဝန်ရှိသူ ဝန်ထမ်းများဟာ အဲဒီလုပ်ထုံးလုပ်နည်းများနဲ့အညီ
ဆောင်ရွက်လျက်ရှိနေကြပါတယ်။ တရားရေးကဏ္ဍမှာ ကြည့်မယ်ဆိုရင်လည်း အမှုများ စိစစ်လက်ခံခြင်းနဲ့
အဆိုလွှာ၊ လျှောက်လွှာများ ပြန်ပေးခြင်းဆိုင်ရာ ကျင့်ထုံးနည်းလမ်းတွေရှိပြီး ဖြစ်ပါတယ်။ အဲဒီ
ကျင့်ထုံးနည်းလမ်းတွေကို လေ့လာကြည့်တဲ့အခါ တရားရုံးချုပ်ကို တင်သင
ွ်းထားတဲ့ အမှုများနဲ့ ပတ်သက်ပြီး
လိုအပ်ချက်များ ပြည့်စုံမှုရှိမရှိကို အမှုလက်ခံတဲ့ တရားရေး အရာရှိတွေက စိစစ်ရပါတယ်။ စိစစ်ချက်အရ
ပြည်စုံမှုရှိမယ်ဆိုရင် အမှုကို မှတ်ပုံတင်စာရင်းရေးသွင်းပြီး အမှုနံပါတ်ပေးရပါတယ်။ အဲဒီနောက်
ရုံးတော်ကိုလာရမယ့် ရုံးချိန်းကိုလည်း သတ်မှတ်ပေးရပါတယ်။ တင်သင
ွ်းလာတဲ့ အဆိုလွှာ၊ လျှောက်လွှာတွေမှာ
မှားယွင်းမှု၊ ချို့ယွင်းမှုရှိကြောင်း စိစစ်တွေ့ရှိရမယ် ဆိုရင်တော့ အဲဒီအဆိုလွှာ၊ လျှောက်လွှာများကို
ပြန်ပေးနိုင်ပါတယ်။ ဒါကြောင့် အမှုအတွက် တင်သင
ွ်းလာတဲ့ အဆိုလွှာ၊ လျှောက်လွှာတွေကို ပြဌာန်းချက်အရ
မှားယွင်းမှု၊ ချို့ယွင်းမှုရှိရင် အမှုလက်ခံစိစစ်တဲ့ တရားရေး အရာရှိက ပြန်ပေးနိုင်တဲ့ အခွင့်အာဏာရှိပြီးသား
ဖြစ်ပါတယ်။

မှားယွင်းမှု၊ ချို့ယွင်းမှုဆိုရာမှာ လိုအပ်တဲ့ စာရွက်စာတမ်း၊ တံဆိပ်ခေါင်း၊ လိပ်စာမပြည့်စုံမှုတွေအပြင်


ရုံးမှားပြီးစွဆ
ဲိုမှု၊ စီရင်ပိုင်ခင
ွ့် မရှိဘဲ စွဆ
ဲိုမှုများလည်း ပါဝင်ပါတယ်။ ဒါကြောင့် အမှုသည် သို့မဟုတ်
ရှေ့နေတွေက အမှုစဆ
ွဲိုတင်သင
ွ်းလာတိုင်း အမှုလက်ခံစိစစ်တဲ့ တရားရေးအရာရှိက လက်ခံမှာ မဟုတ်ဘူး၊
လျှောက်လွှာဟာ မပြည့်စုံရင်၊ မှားယွင်းနေရင် လက်မခံဘဲ ပြန်ပေးပိုင်ခင
ွ့် ရှိပါတယ်။

ဥပမာ - နိုင်ငံတော် ဥပဒေပြု အာဏာပိုင်အဖွဲ့ က ပြဌာန်းထားတဲ့ ဥပဒေကို ပြင်ဆင်ပေးဖို့နဲ့


အကျိုးသက်ရောက်မှု မရှိကြောင်း တားမြစ်မိန့် ထုတ်ပြန်ပေးဖို့ စွဆ
ဲိုတဲ့ အမှုမျိုးဖြစ်နေရင် အဲဒီအမိန့် တွေကို
တရားရုံးတွေက ထုတ်ပိုင်ခင
ွ့် မရှိပါဘူး။ ဒါဟာ ဥပဒေပြု အာဏာပိုင် အဖွဲ့ ကသာ လုပ်ဆောင်နိုင်မယ့် အချက်
ဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့ စည်းပုံအခြေခံ ဥပဒေရေးရာ ကိစ္စများ ပါဝင်နေရင်လည်း တရားရုံးက
ဝင်ရောက်ဆောင်ရွက်ပိုင်ခင
ွ့် မရှိပါဘူး။ တရားရုံးမှာ ဆောင်ရွက်ပိုင်ခင
ွ့် မရှိခြင်းဟာ စီရင်ပိုင်ခင
ွ့် မရှိခြင်းသာ
ဖြစ်တဲ့အတွက် တရားရုံးကျင့်ထုံး နည်းလမ်းများအရ တရားစွဆ
ဲိုမှုကို လက်မခံဘဲ ငြင်းပယ်ပိုင်ခင
ွ့် ရှိကြောင်း
လေ့လာတွေ့ရှိရပါတယ်။

ဒီနေရာမှာ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ တရားရေးကျင့်ထုံး နည်းလမ်းအချို့ကို ပြည်သူအများ


သိထားသင့်ပါတယ်။ တရားစွဆ
ဲိုတဲ့ ကိစ္စတွေမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ စွခ
ျဲက်တွေ
ပါဝင်လာမယ်ဆိုရင် ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ဒါကို တရားရုံးက ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ ဒါ့အပြင်
အခြေခံဥပဒေနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေရယ်၊ အခြားဥပဒေကိစ္စရပ်တွေရယ် ပူးတွဲပြီး စွဆ
ဲိုလာတဲ့အမှု
ကိစ္စတွေမှာလည်း အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်ကို ဦးစွာဖြေရှင်းပြီးမှ ကျန်ဥပဒေရေးရာ ကိစ္စရပ်တွေကို
ဖြေရှင်းဆောင်ရွက် ရပါတယ်။ ဒါတွေဟာ တရားရုံး လုပ်ထုံးလုပ်နည်းတွေပါပဲ။

ဒီနေ့ အခြေအနေဟာ ဒီမိုကရေစီ အခွင့်အလမ်းတွေ ပွင့်လန်းဝေဆာနေတဲ့ အခါသမယ ဖြစ်ပါတယ်။


ဆန့်ကျင်ဘက် အုပ်စုတွေ ပြောနေသလို ဒီမိုကရေစီ အမှောင်ကျနေတဲ့ အနေအထား မဟုတ်ပါဘူး။ ၂၀၁၀
ပြည့်နှစ် ရွေးကောက်ပွဲနဲ့ အတူ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် မလွဲမသွေ ပေါ်ထွန်းလာမှာပါ။ ဒီမိုကရေစီ
နိုင်ငံတော်လည်း မလွဲမသွေ ပေါ်ထွန်းလာမှာပါ။ သို့သော် ဒီမိုကရေစီကို ဖော်ဆောင်ရာမှာ ဆန္ဒစောလို့
မဖြစ်သလို စိတ်ကူးယဉ် ဖော်ဆောင်လို့ လည်း မရနိုင်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူရဲ့ ပကတိ အရှိတရားနဲ့
ကင်းကွာပြီး ပုံတူကူးချ ဒီမိုကရေစီမျိုးလည်း ရှင်သန်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပကတိအရှိတရားကို
အခြေခံပြီး တစ်ဆင့်ပြီးတစ်ဆင့် ရင့်ကျက်သည်ထက် ရင့်ကျက်လာအောင်
ာအောင်၊ ပွင့်လင်းသည်ထက်
ပွင့်လင်းလာအောင် စိတ်ရှည်လက်ရှည် ပျိုးထောင်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ တကယ်တမ်းသာ နိုင်ငံနဲ့ ပြည်သူရဲ့ အကျိုးစီးပွားကိုယှဉ်ပြီး


စဉ်းစားမယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်မှုမှာ ဆန္ဒမစောဖို့နဲ့ ပကတိ အရှိတရားနဲ့ မကင်းကွာဖို့ သတိပြုရမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်က ကိုယ့်ပါတီ ရှင်သန်ရပ်တည်မှုအတွက် စဉ်းစားတိုင်း အခြားတစ်ဖက်ကလည်း
နိုင်ငံနဲ့ ပြည်သူရဲ့ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် အမျိုးသား အကျိုးစီးပွားကို အလေးအနက်ထား
ယှဉ်တွဲစဉ်းစားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာ အခြေအနေကို ပြန်ကြည့်ရင် ဆန္ဒစောခဲ့လို့ ပြည်ထောင်စု ပြိုကွသ


ွဲားခဲ့ရတဲ့ နိုင်ငံတွေ၊ စနစ်တကျ
တစ်ဆင်ပြီး တစ်ဆင့် ရင့်ကျအောင် ပျိုးထောင် ကူးပြောင်းနိုင်ခဲ့လို့ ဒီနေ့အအုပ်အစည်းမပျက်
တိုးတက်အောင်မြင် ဖြစ်ထွန်းနေတဲ့ နိုင်ငံတွေစသဖြင့် သာဓကယူစရာ အများကြီးပါပဲ။ ဒီတော့ကိုယ့်နိုင်ငံ
ကိုယ့်ပြည်သူအတွက် ကောင်းတဲ့အမွေကို ချန်ရစ်အပ်နှင်းပြီး သမိုင်းမော်ကွန်း တင်မှာလား၊
ပြိုကွဆ
ဲုံးရှုံးပျက်စီးပြီးမှ အမှားအားလုံးအတွက် သမိုင်းတရားခံအဖြစ် နှောင်းလူတွေ လက်ညှိုးထိုး ခံရအောင်
လုပ်သွားမှာလား၊ အားလုံးစဉ်းစားကြ စေချင်ပါတယ်။ သမိုင်းဆိုတာ ဒီနေ့လုပ်ဆောင်ချက်တွေရဲ့
မှတ်တမ်းတွေပါပဲ။ ဒီနေ့လုပ်တာမှန်ရင် နောင်သမိုင်းကြောင်း ကောင်းမှာ ဖြစ်သလို ဒီနေ့လုပ်တာမှားရင်
နောင်သမိုင်းကြောင်း မှောင်မိုက်သွား နိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒီနေ့အချိန်မှာ အမှားသံသရာ
လည်နေမယ် ဆိုရင်တော့ နောင်သမိုင်းကြောင်း မှောင်မိုက်နေမှာ အမှန်ပါပဲ။

ခြုံပြီးပြောရရင် ဒီနေ့ထုတ်ပြန် ပြဌာန်းထားတဲ့ ရွေးကောက်ပဆ


ွဲိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေဟာ ပြည်တင
ွ်း
ဥပဒေအရရော၊ နိုင်ငံတကာဥပဒေအရပါ တရားမျှတမှုရှိတယ်၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီညွတ်တယ်ဆိုတာ
ထင်ရှားလှပါတယ်။ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ အရည်အချင်း သတ်မှတ်ခြင်း၊
အရည်အချင်းပျက်ယင
ွ်းမှု သတ်မှတ်ပြဌာန်းခြင်းတို့ဟာ နိုင်ငံတကာက လက်ခံကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ
သတ်မှတ် ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း အထင်အရှား လေ့လာတွေ့ရှိနိုင်ပါတယ်။

ယနေ့ နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ရည်မှန်းချက်ပန်းတိ


းတိုင်ဟာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့
ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျင့်သိက္ခာ ပြည့်စုံပြီး
အရည်အချင်း မြင့်မားတဲ့ လွှတ်တော် ကိုယ်စားလှယ်များကသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့
နိုင်ငံတော်သစ်ကြီးဖြစ်လာအောင် ဦးဆောင်လမ်းပြသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ လွှတ်တော်တွေမှာ
အကျင့်ပျက်ပြားသူတွေ၊ ဥပဒေအရ အပြစ်ကျခံနေရသူတွေ ပါဝင်နေမယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်ရဲ့
ဂုဏ်သိက္ခာကို ထိခိုက်စေမှာ ဖြစ်သလို နိုင်ငံနဲ့ ပြည်သူရဲ့ အနာဂတ်အတွက်လည်း မှေးမှိန်စေမှာ မုချပါပဲ။
ဒါကြောင့် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး စနစ်တကျ
ချမှတ်ပြဌာန်းထားတဲ့ ဥပဒေများနဲ့အညီ စနစ်တကျ လိုက်နာကျင့်သုံးရင်း ပါတီတစ်ခုရဲ့ ရှင်သန်ရပ်တည်မှုနဲ့
ဂုဏ်သိက္ခာကို တည်ဆောက်ယူသင့်ကြပါတယ်။

ယခုပြဌာန်းလိုက်တဲ့ ဥပဒေ၊ နည်းဥပဒေများနဲ


ဥပဒေများနဲ့အညီ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ဒီနှစ်ထဲမှာ
မပျက်မကွက် အောင်မြင်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်များနဲ့
ဖွဲ့ စည်းထားတဲ့ လွှတ်တော်များလည်း တစ်ဆက်တည်း ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်
ပြည်သများအနေနဲ
ူများအနေနဲ့ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမေ
ဲ ပး
ရွေးချယ်ကြရာမှာ လူရွေးမမှားကြဖို့ အရေးကြီးပါတယ်။ မိမိတို့ လူရွေးမှားခဲ့ရင် အဲဒီအမှားရဲ့ဒဏ်ကို မိမိသာမက
အားလုံးသော ပြည်သူများနဲ့ နိုင်ငံတော်ကပါ ခံစားကြရမှာ ဖြစ်ကြောင်း၊ အထူးသတိပြုကြရပါမယ်။ မိမိတို့က
အသိတရားနှင့်ယှဉ်၊ သတိတရားနဲ့ ပေါင်းစပ်ပြီး မှန်ကန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကို
ရွေးချယ်တင်မြှောက်ပေးခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ
တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရာ ရောက်တယ်ဆတာကိ
ိုတာကို သိမြင်နာလည်း ခံယူကြရမှာ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက် ရပါတယ်။

၂၀၁၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၈) မှ ဆောင်းပါးရှင် ဥပဒေ
ဘက်တော်သားတစ်ဦး၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
THE NEW LIGHT OF MYANMAR Saturday, 27 March, 2010

Not to leave an evil legacy behind (1)


Now, Pyithu Hluttaw Election Law, Amyotha Hluttaw Election Law, Region Hluttaw or
State Hluttaw Election Law, and related rules have been promulgated for the multiparty
democracy general election due to be held in 2010. Those laws and rules are attracting a
widespread criticism.

In fact, in a nation, a hluttaw (parliament) is the main body to make important decisions.
Every country has their central hluttaws and state level hluttaws. Hluttaws are the organs
of highest authority, to which every country and every citizen have to give special
consideration. So, laws and rules on hluttaws are written and promulgated in a systematic
way in line with the objective conditions for long-term interest of the nation and the
people. The laws on elections and hluttaws in Myanmar meet international norms.

Article 443 of the State Constitution (2008) says, "The preparatory work done by
the State Peace and Development Council, before this Constitution comes into
operation, to bring the Constitution into operation, shall be deemed to have been
carried out in accordance with this Constitution." According to this article, power
has been bestowed upon the State Peace and Development Council to take measures
as necessary to hold multiparty democracy general elections in accordance with the
constitution before this Constitution comes into operation. The State Peace and
Development Council is a legal government and it has won the recognition of the
global community including the United Nations. Therefore, the government's
promulgation of the laws and rules on elections and hluttaws wielding the power
bestowed in accordance with Article (443) conforms with both internal laws and
international norms.

So, the preamble of Union Election Committee Law says, "The State Peace and
Development Council hereby promulgates the following law in accordance with Article
(443) of the State Constitution of the Union of Myanmar to form a Union Election
Commission to supervise the exercise of election and standing for election to hluttaws, as
well as political parties." Article 405 (c) of Chapter (X) "Political Parties" of the State
Constitution says, "A political party shall form and register as a political party in accord
with the law." Therefore, every political party that honours the constitution shall form
and register in accordance with the promulgated laws.

Article 8 (k) of Chapter (III) "Duties and Rights" of Union Election Commission Law
says, "To supervise, make political parties supervise and guide the rules to make sure that
political parties act in accordance with the law" in order to entrust duties and rights upon
the commission. That is designed to conform with the law, not to unfairly restrict the
political parties. In every country, an election commission has to supervise the activities
of the political parties that will stand for election. Similarly, duties and rights are
bestowed on the commission to take action as necessary if political parties breach
provisions of the law. In Indonesia, for instance, duties are entrusted not only to the
election commission but also to the ministry of legal affairs and the ministry of home
affairs to supervise activities of the political parties.

In fact, democracy is a practice of self discipline, sense of duty, and freedom in


combination, not the right to act at will and indiscriminately. In other words, it is an
exercise to seriously honour the promulgated laws. Therefore, in conformity with
international norms, due duties and rights are bestowed on the election commission
to make sure that political parties act in a democratic way, and honour promulgated
laws. The duties and rights bestowed on the commission in accordance with Article
(8) of the Union Election Commission are intended to practice democratic principles
systematically without any adverse effects on democracy.

Article (14) of the Commission Law says, "The Multiparty Democracy General Election
Commission Law (Law 1/88 of the State Law and Order Restoration Council) is
prorogued with this law." In this regard, the old election commission law is no longer
needed because a new Union Election Commission Law has been enacted for successful
completion of the elections in accordance with the power bestowed according to Article
(443) of the State Constitution (2008). Therefore, the Multiparty Democracy General
Election Commission promulgated according to State Law and Order Restoration Council
Law 1/88 was revoked. In like manner, Article (90) (a) of Pyithu Hluttaw Election Law
says, "Pyithu Hluttaw Election Law (State Law and Order Restoration Council Law
14/89) is revoked with this law." So, the government's revocation of old laws was just a
routine to carry out a compulsory task. Here, I would like to extract important points of
the Political Parties Registration Law.

Article 4 (e) of the law states those wishing to set up a political party shall not be a
convict. Article 10 (e) also states convicts shall not be organized as party members.
Article 10 (a) of the Pyithu Hluttaw Election Law states those servicing prison terms
shall have no right to be elected. Actually, these provisions are for the long-term
interest of the nation and the people.

Because political parties are organizations formed with the resolve to serve the interest of
the nation and the people. Hluttaws are the highest organizations to lead the nation or a
Region or a State. So, the best thing is to form these organizations with respectable, able
and noble persons. Inclusion of convicts, corrupt persons and dishonest persons may lead
to eruption of problems in the whole organization.

In this regard, international laws and election laws stipulate restrictions as regard
the participation of corrupt persons, persons who will disturb to the State, persons
under foreign influence, persons who are serving prison terms or completed their
terms in parties and parliaments. Some countries even fix a period of five- or six-
year restriction beginning from the date an inmate is released from prison.
Inclusion of restrictions in connection with persons serving jail terms in election
laws is in accord with the international norms and not an unlawful or bias act.
The Article 23 of the Political Parties Registration Law states that the Commission shall
supervise the parties in accord with laws, rules, regulations, notifications, orders and
instructions and shall assign the said duties to commissions at different levels to
supervise on its behalf. The Article 24 (b) states that if a member of a party files a
complaint to the Commission matters relating to intra party affairs, the Commission
shall make an inquiry into the matter and if necessary shall give instructions to be
followed by the said party for a specific period. Hence, the provisions are in accord
with the international norms and not an extreme interference in the rights of a
political party.

Election laws of all countries have their own reasonable restrictions, supervisions and
directives. A government has to enact laws in the long-term interest of its own nation and
people. More or less there can be some advantages or disadvantages for every party in a
provision or provisions as these laws are not meant for any single party, but for all in an
equal manner. Even if a party does not agree with a certain provision there is nothing
to blame on the law. The parties should carry out organization campaigns in accord
with the laws. If there is any complaint about the failure to observe the said laws, the
party concerned must accept the inquiry and supervision made by the Commission. The
law will be helpful to the party if it accepts the inquiry and supervision.

Now, I will discuss the important points of the Pyithu Hluttaw Election Law. The Article
11 (d) of the law states that if an elected MP is sentenced to imprisonment under a certain
law the person shall have no right to continue as MP anymore. The same applies to
Amyotha Hluttaw and Region or Sate Hluttaw. This practice is also in accord with the
international norms. The election laws of most of the countries never permit persons who
have served prison terms as an MP anymore.

The Representation of the People Act 1981 of Britain states that a person sentenced to
imprisonment or detention in Britain or any other place has no right to run in an election
for a member of House of Commons and if the said person is an elected member of the
House his seat shall be vacant for he is disqualified. Likewise, the Representation of the
People Act 1951 of India also states that a person shall be disqualified to run as an MP if
he is convicted for a crime; that he shall be barred from standing in election for up to six
years from the date he is fined for his crime or six years from the date he is released from
prison for committing a crime. Pakistan, Thailand and Indonesia also have laws stating
that convicts are disqualified from standing for MP post.

(To be continued)
(Translation: MS+TMT)
THE NEW LIGHT OF MYANMAR Saturday, 28 March, 2010

Not to leave an evil legacy behind (2)


Article 74 of the 1947 Constitution stated that a person serving prison terms of not less
than two years or a person during the period of five years from the date he is released
shall not have the right to stand for election as an MP or to continue as an M.P. The 1948
Parliamentary Election Act stated that convicts are disqualified from MP as well as from
voting.

Article 13 of the First Pyithu Hluttaw and People’s Councils at different levels Election
Law 1973 stated that a person serving prison term for a certain criminal case shall have
no right to stand for election as a Pyithu Hluttaw representative. So, we can draw a
conclusion that the Article 11 (d) is reasonable and in accord with the past laws of
Myanmar and international norms.

Article 82 of the Pyithu Hluttaw Election Law prescribes the instructions for
election staff including all levels of sub-commissions. Article 87 states that the
Commission its members and subcommissions at all levels and their members, the
election tribunal and its members and returning officers and staff as long as they
are sincerely discharging duties in accord with law under the entrusted rights shall
not be liable to legal charges under civil law or criminal code. The article is
stipulated for the said members and staff not to have any hesitation in discharging
duties. These laws will not protect them if they do misconducts.

Articles 57, 58, 59, 60, 61, 62, 63, 64 and 65 of Chapter XIII clearly state the
punishments for every one including the said members and staff for committing any
electoral crime. Here we all should note the expression saying “as long as they are
sincerely discharging duties in accord with law under the entrusted rights”. It is a proper
act to provide legal protection for those mem- bers and staff as long as they are sincerely
discharging duties in accord with law under the entrusted rights.

The nation-building task will be in accord with the public approved Constitution in our
country. In some cases, laws have been enacted to be in conformity with the Constitution.
For example Article 91 (b) of the Pyithu Hluttaw Election Law states that the multiparty
democracy general election held in accord with the law revoked by this law shall
automatically be null and void as it is no more in accord with the Constitution. According
to the present Constitution the legislative body of the Union will have hluttaws of the
Regions and States in addition to the Pyidaungsu Hluttaw which is a combination of
Pyithu Hluttaw and Amyotha Hluttaw. In accord with the previous Pyithu Hluttaw
Election Law, the 1990 election is just for one parliament. Hence the result of the election
is not in accord with the present Constitution.

Another factor is that the 1990 election was held 20 years ago. Under-18s during
that time have now become people in their 30s and 40s. Even the persons who were
not born then have already reached 18. Some persons including elder persons who
cast votes then are no more at present. Hence the number of votes and voters has
already changed. During the over 20 years, the knowledge, stance and conviction of
the public including voters have also changed a lot. The results 20 years ago cannot
be in conformity with the present situation which has already seen a lot of global
changes in various sectors and aspects. Accordingly the new laws have been enacted
to revoke the old ones. The election held in accord with the old laws is automatically
null and void.

Hence, it is crystal clear that the election laws and rules have been enacted by the
government in accord with the existing laws including the Article 443 of the Constitution.
Moreover the said laws and rules meet the international standard. The international
practice is that referendum is held only to ratify the constitution and important
constitutional amendments. Other laws are approved in the parliaments under voting
system. Myanmar does not have any parliament yet. The Tatmadaw government is
administering the nation with ordinance. As a legitimate government it is enacting
necessary laws. There were no explanations about the 1990 Election Laws and public
wish and suggestions were never collected in enacting those laws.

Our country has promulgated procedures in every sector such as the executive and
judicial sectors. Responsible personnel carry out tasks in conformity with those
procedures. As to the judicial sector, there have been rulings and procedures on
scrutinization of cases and return of proposals and applications. In view of those
procedures, law officers have to scrutinize the submitted cases to the Supreme Court to
make sure that the cases meet the requirements. Qualified cases are then registered for
serial numbers. They also have to make appointments for court appearance. Law officers
can return such proposals and applications that carry mistakes and shortcomings.
Therefore, law officers have the right to return such disqualified cases. Here, mistakes
and shortcomings comprise wrong courts, and lawsuits filed without power to judge
along with missing necessary documents and stamps and incomplete addresses. So, law
officers do not accept all the cases filed by clients or lawyers.

For instance, no courts have power to take action in such cases filed to make some
amendments to laws enacted by State legislative body and to issue orders to declare such
laws ineffective. Only the legislative body has exclusive power to take action in that
regard. In addition, any court does not have power to take action in such cases associated
with the constitution. No right to take action at a court is no right to hand down a
sentence. Therefore, power is bestowed upon law officers to dismiss the cases field
according to the court procedures. The people should have knowledge of some court
procedures on the constitution. In a case that is filed with charges in connection with the
constitution, any courts do not have power to make a decision, according to the
constitution. And in a case that is field with matters associated with the constitution and
other legal matters in combination, legal matters are heard only after hearing of the
matters associated with the constitution. They are some court procedures.

Today, there is a boom in democratic rights in the nation, unlike anti-government groups
have said that the people are in the dark about democracy. Without doubt, there will be
a democratic government and a democratic country, following 2010 elections.
However, we must have patience and pragmatic approaches in the process. A copied
democracy that does not comply with the objective conditions of the nation and the
people cannot flourish. Therefore, we have to show great patience and take only one
step after another based on reality to become more mature and transparent. A
political party should not be impatient and should not disregard the objective
conditions in the democratization if it puts the public interest in the fore. Any
political parties should take into consideration their interest and public interest or
national interest in combination.

Today's world history reveals that there are many countries, some of which have
collapsed whereas some have achieved success in democratization without any adverse
effect on national unity. Which way should a political party take: to make history by
handing down good legacy to younger generations in the national interest, or to leave evil
legacy after everything is destroyed. History is the records of today's activities. A notable
point is that one will gain good reputation in the nation's history if one works right today,
and one will gain notoriety in the history if one works wrong today. Surely, one will
remain abysmally stupid in the history, if one sticks to evil policy.

Overall, today's promulgated election laws and rules are fair according to local and
international laws and they meet international norms. In particular, provisions for
designation of qualifications and disqualifications for a delegate were promulgated
in line with the international norms.

Today, the ultimate goal of the entire people is to build a modern, developed discipline-
flourishing democratic nation. Except highly qualified delegates with moral conducts, no
one cannot guide the people towards the goal. If members of parliament include those
without moral conducts and those serving their terms, that will tarnish the image of the
parliament concerned, and the future of the nation and the people will be uncertain.
Therefore, political parties should honour the systematically-promulgated laws and
enhance their dignity in the long-term interest of the nation and the people.

Multiparty democracy elections will be held successfully in accordance with the


promulgated laws and rules this year. So, there will be elected hluttaws formed with
elected representatives. It is required of the electorates to elect correct candidates in the
national interest. Otherwise, the people and the nation in addition to they themselves will
come under evil consequences. So, the people should be convinced that they can do their
bit in building a modern, developed democratic nation by choosing responsible
candidates.

Translation: TMT+MS

You might also like