You are on page 1of 21

ရင်ခုန်သံတွေ ကြွေတဲ့ည….

ကြယ်စင်မင်း(ပြတိုက်)

21.4.2010(we)

masterkhan3000@gmail.com www.onlinepyadaik.ning.com
အလင်းရိပ်

လွင့်ထွက်လာတဲ့ ပုံရိပ်တွေကူးယူ
အတွေးတွေကို ရိပ်သိမ်းပစ်လိုက်
အကြောင်းမဆိုင်တဲ့ ကိစ္စတွေ
အချိန်ကုန်ခံ မပြောတော့ဘူး
ငါတို့ရဲ့ အိပ်မက်တွေက
အလင်းနှစ်တွေကို ဖြတ်သန်း
အနာဂါတ်ကို ပြောပြတယ်
မင်းမေ့ထား ခဲ့တဲ့ အတိက်ကို
စွန်းထင်းမှု့တွေ နဲ့ ငါကောက်ရတယ်
မထင်မရှား အလင်းရိပ်တွေကို
ဘာသာပြန်ဖို့ ငါ့ကိုငါတောင်
ရူးသွပ်ခဲ့ရတယ်…
ဝိုင်ချိုတစ်ခွက် နှင့် ဒုက္ခအိမ်

အောင်မြင်ချင်းတွေ ရိုက်ချိုး
မနက်ဖြန်ထိ ပေးဆပ်ချင်းတွေနဲ့
ကျရှုံးနေတဲ့ အဖေ…
အမေ့ မျက်ဝန်းက မျက်ရည်တွေ
စီးဆင်းနေတာ တိက်တိက်ဆိက်ဆိက်
ငြိမ်သက်လို့…
ချစ်သောဆွေမျိုးများ ပွဲလန့်တုန်းဖျာဝင်ခင်း
ဇွဲကောင်းနေပုံများ နေတောင်မ၀င်ဘူး…
မိတ်ဆွေကောင်းဆိုသူတွေလဲ မြူတိမ်လိုကွယ်ပျောက်
ကျေးဇူးဆိုတာ သက်သေမမြောက်ဘူးတဲ့…
ငါ ငိုနေတာလား?
ပင်လယ်ကြီးတောင် လက်မှိုင်ချလို့
မညီးရဲလောက်အောင်ပဲ…
အဆုံးသက်မှာတော့ ငါကိုယ်တိုင်
ပျော်ဝင်နေတဲ့ “၀ိုင်”…
2003 အမှတ်တရ

အချစ်အကြောင်းလဲ မသိခဲ့ဘူး
အချစ်သီချင်းလဲ မဆိုခဲ့ဘူး
အချစ်ကဗျာတွေလဲ မရေးတက်ခဲ့ဘူး
ဒီလိုနဲ့ တစ်ချိန်မှာ…
အချစ်ဆိုတဲ့ အရာနဲ့ ၀င်တိုက်မိခဲ့တယ်
အမှတ်တမဲ့ ပါပဲ…
ဒါပေ့မယ့် ငါဟာ…
ဒဏ်ရာတွေနဲ့ ကျန်နေရစ်ခဲ့တယ်လေ…
ကဗျာ

ကဗျာဆရာ အကြည့်တစ်ချက်
နှလုံးသားထဲကိုဝင်
ရင်ကိုဖောက်ထွင်းတဲ့
အဆိပ်မျှားတစ်စင်း...
ကဗျာအဆိပ်တက်
ပြာနှမ်းခဲ့သော်လဲ
အပြုံးမပျက် သူ့ရဲ့ရင်ခွင်
မှေးစက်ခဲ့သည်
အကြိမ်ပေါင်းမနည်း
အလိမ်ခံရသော်လဲ
မင်းကို ယုံကြည်နေဆဲပါ
မနက်ဖြန် အတွက်
မျှော်လင့်ချက်လေး
ရှိပါရစေ...
ကာရန်မဲ့

သံယောဇဉ်လက်ကျန် ရှိနေခဲ့လို့
မမေ့ပျောက်နိုင်တာ ထာဝရပါ...
မိုးနဲ့ရောခဲ့ မျက်ရည်တွေ
မမေ့ခဲ့ပါ ရင်ထဲမှာ...
ရေးခဲ့တဲ့ ကဗျာတွေ
ခံစားချက် ရောထွေးခဲ့...
အခိုးအငွေ့တွေလို
မင်းဟာ လွင့်ပျောက်ခဲ့ပေါ့...
ငါ့ရဲ့ မျှော်လင့်ချက် အမှန်တရားကို
ဖျောက်ဖျက်ခဲ့လဲ
သက်သေက ရှိနေမှာ...
ပြဇတ်တစ်ပုဒ်

အခုအချိန် မင်းလာကြည့်လှည့်ပါ
မင်းနဲ့ အတူထိုင်ပြီး ကဗျာတွေ
ရေးခဲ့တဲ့ နေရာလေးလဲ ငါ ရှိနေတယ်
မင်းနဲ့ အတူစားခဲ့ဖူးတဲ့ ရေခဲမုန့်လဲ
ငါ တစ်ယောက်ထဲ စားနေတယ်
မင်းနဲ့ အတူသောက်ခဲ့တဲ့ ကော်ဖီခါးခါးလဲ
ငါ သောက်နေဆဲပါပဲ ချစ်သူ
စကားပြောရင် ပေရှည်တဲ့ တရုတ်ကားနဲ့
ဘာမှ နားမလည်တဲ့ မြန်မာ ဗွီဒီယို ကားတွေလဲ
မင်းကြိုက်တယ်ဆိုလို့ ငါတစ်ယောက်ထဲ
ပျင်းခြောက်ခြောက်နဲ့ ထိုင်ကြည့်နေတာ
မင်းသိနိုင်အုံးမလား ချစ်သူ
28.7.06 ကနေစပြီး မင်းပြောင်းလဲ
သွားပေမယ့် ငါမပြောင်းလဲခဲ့ပါ
ဒီနေ့အထိ မင်းပြန်လာမလားလို့
မင်းနဲ့တွေ့ခဲ့တဲ့ မိုးရေထဲမှာ
ထိုင်စောင့်နေတယ်
ငါ သေလွန်တဲ့ အချိန်ထိပေါ့
ပုံပြင်

တိုးတိုးတိတ်တိတ် အသံတွေနဲ့
အိပ်မက်ဆိုးတွေ မက်ခဲ့တာ
ညပေါင်းတစ်ရာ မကပါ...
အိပ်ပျက်ညတွေကို ရေတွက်ရင်း
ကျိန်စာတွေ သင့်ခဲ့တယ်...
ပျက်စီးနေတဲ့ နားလည်မှု့တွေ
ပြန်လည်တည်ဆောက်ဖို့
အနာဂါတ်ကို ကျောခိုင်းရင်း
အတိက်ကို ပြန်လှည့်ကြည့်မယ်...
တစ်ချိန်က ငါ့ရဲ့အမှားတစ်ခုကို
ထောက်ပြပေးပါ ချစ်သူ...
ကျိန်စာသင့်တဲ့ အိပ်ပျက်ညတွေကို
ဖြတ်သန်းရင်း မင်းကိုမျှော်နေတာ
အေးစက်စက် ကော်ဖီတစ်ခွက်နဲ့
အတူပေါ့ ချစ်သူ...
မိုး

စသိခဲ့တာ မိုးရေထဲမှာ
ချစ်ခွင့်တောင်းတာ မိုးရေထဲမှာ
ငါ့ကို ထားခဲ့တာ မိုးရေထဲမှာ
မိုးစက်တွေ အောက်မှာ ချစ်ခဲ့ကြပြီး
မိုးစက်တွေ အောက်မှာပဲ လမ်းခွဲကြရတယ်
ဒီလိုနဲ့ မိုးကိုမုန်းမိတယ်...
မိုးအတွက် ကဗျာ

အဝေးကြီး ဝေးနေလဲ
တမ်းတမိနေတယ်...
တစ်ချိန်က တစ်ခါတစ်ရံ
အခုတွေးနေလဲ ရောက်မလာခဲ့...
လေနှင်ရာ လွင့်တဲ့ တိမ်တွေလိုပဲ
ပျောက်ပျက်ခဲ့ပြီလား...
အချစ်တွေကို ကဗျာသီကုံးခဲ့တဲ့
ညတွေလဲ ကြယ်ရောင်ပျောက်ခဲ့တယ်...
မင်းနဲ့ စတွေ့ခဲ့တဲ့ မိုးရာသီကိုပဲ
ပြန်ရောက်မလားလို့ မိုးရေထဲမှာ
မျှော်ရင်းငိုနေတာ အဖြေမသိလေပြေ
ရင်ကိုအေးစေမယ့် အချိန်အထိပေါ့
ချစ်သူ...
ချင်သန်ချင်း ရဲ့ မနက်ဖြန်

အရာရာတိုင်းဟာ
တစ်ခါတစ်လေမှာ
အိပ်မက်တွေလိုပဲ
လှည့်စားတက်ကြတယ်...
အကောင်းမြင်ဖို့ တွေးလိုက်တိုင်း
စိတ်တွေက အဝေးလွင့်သွားတာ
ငါ့ကို ငါတောင် အပြစ်မတင်မိဘူး...
အချိန်နဲ့နေရာတွေ ပြောင်းလဲသွားလဲ
မင်း ကိုယ်တိုင်ပြောင်းလဲ သွားလိမ့်မယ်ဆိုတာ
ငါ မယုံကြည်ခဲ့ဘူး...
ပုံပြင်တွေနဲ့ ငါ့ကိုထားခဲ့မယ်လို့
သိလိုက်ရတဲ့ အချိန်မှာတော့
ငါ့ရဲ့ မျှော်လင့်ချက်တွေက
အပိုင်းပိုင်း အစစ ပေါ့...
မင်း ငါ့ရင်ထဲကို ၀င်ကြည့်ဖို့
ပြန်တောင်းပန်ခဲ့ရင်လဲ
အရာရာ မှန်သမျှ
နောက်ကျခဲ့ပြီ ချစ်သူ...
သူငယ်ချင်း

အဖြူရောင် သံယောဇဉ်နဲ့ ကာရန်တွေမပါပဲ


ခင်တွယ်ခဲ့တယ်...
နယ်မြေသစ်ကို တွေ့ရှိသူလို ခံစားမိတယ်
ဒီနေ့တွေ့တယ် မနက်ဖြန်လမ်းခွဲမယ်
ပြောခဲ့သူရယ် ပျော်ရွှင်ပါစေ
ဆုတောင်းမိတယ်...
သူငယ်ချင်း(၂)

မနက်ဖြန်များစွာမှာ မင်းနဲ့ငါ ခင်စဲပါ


အရာရာဟာ မနေ့ကလို
ရှိနေခဲ့တယ်လို့ မင်းပြောလဲ
ခံစားရတာ ငါတစ်ယောက်ထဲပါ
မင်းနဲ့ငါ ပိုင်တဲ့ ကြိုးတစ်စဟာ
အဖြူရောင်သက်သက်ပါ
မနာလိုသူတွေ သွေထိုးလဲ မယိုင်လဲခဲ့
ဘယ်လိုဝေဖန်ချက်တွေ ငါတို့ကို တားစည်းထားမလဲ
သံသယရှိလဲ ဖွင့်ဟပါ အတွေးတွေနဲ့ ဆွေးမနေနဲ့
မင်းဘက်က ရပ်တည်မယ့် ငါရှိနေမယ်...
အိပ်မက်ဆိုး

ဖြစ်သမျှ အကြောင်းအကောင်းပဲပေါ့
ဘာတက်နိုင်သေးလဲ?
လောကဓံ ကို ရင်ဆိုင်အံတု
ခံစစ်နဲ့သာ တုန့်ပြန်နေလို့တော့
ရင်ဘက်တွေသာ ကျိုးကြေသွားမယ်
ဒဏ်ရာတွေသာ ပိုပိုနက်လာမယ်
အမှောင်ထုက ပိုပို သည်းလာတယ်
ကံကြံမ္မာက မျက်နှာသာမပေးလို့ ဆိုတဲ့
အကြောင်းပြချက်တွေနဲ့
ဆဲဆိုနေလို့ ဘာမှာထူးမလာဘူး မိတ်ဆွေ
ကိုယ့်ဇတ် ကိုယ်ကဖို့ အတွက် အချိန်ပေါ့
နည်းနည်းလေးတော့ စောင့်ကြည့်ကြစို့
ကိုယ့်စိတ်ကိုယ် ပြန်လည်ပြုပြင်ရင်းနဲ့ပေါ့
အိပ်မက် နတ်သမီး

နေ့စဉ်ရက်တိုင်း ရူးသွပ်မှု့ တွေ နဲ့


အိမ်မက်တွေထဲမှာ အခန်းဆက်
ရောက်တက်ရာရာတွေ ပြောရင်း
လွင့်ထွက်သွားတဲ့ နှလုံးသားကို
နတ်သမီး ဆီမှာပြန်တွေ့လိုက်တယ်
မာယာတွေနဲ့ နတ်ဆိုးအလား
ပြင်းထန်တဲ့ ရန်ငြိုးတွေကြားက
နိုးပါရစေတော့ကွယ်…
အိပ်မက်သစ်ပင်

အချစ်သီချင်းတွေ ညည်းဆိုရင်း
အလွမ်းရေစီးကြောင်းထဲ စီးဆင်းခဲ့တယ်…
အချစ်ဆိုတာ ချစ်ပြီးရင်မုန်း ဒီလိုပဲလား
ဘယ်လိုလဲ မရေရာဘူး
အနာဂါတ်က လမ်းပျောက်တယ်…
ကြင်နာသူ လက်ကမ်းကြိုမလား
စောင့်မျှော်မိတယ် (မသေချာဘူး)…
အိမ်မက်တိုင်းမှာ ကာရန်တွေနဲ့
ကဗျာတွေရေးစပ်ခဲ့တယ်…
ဒီလိုနဲ့ ညအမှောင်မှာ
ငါ့ စိတ်ကိုလင်းစေခဲ့တယ်…
လာ…လိုက်ခဲ့တော့ ချစ်သူ
မနက်ဖြန်တိုင်းမှာ မင်းပြောခဲ့သလို
ပျော်ရွှင်မှုတွေနဲ့ မိုးလင်းကြမယ်…
တွေ့ဆုံကြုံကွဲ

သူငယ်ချင်းတို့ရေ
ငါတို့ တစ်နေရာဆီဝေးနေကြတယ်
ငါတို့တွေက တိုက်တိုက်ဆိုင်ဆိုင်
အတူတူ ဆုံကြတယ်…
ဖြစ်ချင်တော့လဲ တစ်နေရာဆီ
ကွဲသွားကြပြန်တယ်…
ကံကိုသာ ယိုးမယ်ဖွဲ့ အပြစ်တင်
ပြန်ဆုံကြမယ့်နေ့ကို မျှော်လင့်လျက်ပါ…
မှော်ဘီမြို့လေးက မင်းရဲကျော်စွာလမ်းလေးလဲ
ခုချိန်ဆို ငါတို့ကို လွမ်းနေလောက်ပြီ…
ငါတို့တွေ သီချင်းအတူတူအော်ဆိုခဲ့ကြတဲ့
လမ်းထိပ်က အုတ်ခုံလေးမှာရော
ငါတို့ ပုံရိပ်တွေ ပျောက်ပျက်သွားမယ်
မထင်ပါဘူးကွာ…
ကောင်းစားလဲအတူ ဆိုးလဲအတူပေါ့လို့
သစ္စာပြုထားခဲ့ဖူးကြတယ်
အခုတော့ကောင်းမှန်း ဆိုးမှန်းလဲ မသိအောင်
ဝေးနေကြပြီပဲလေ…
ပြန်ဆုံမယ့်နေ့ကို မျှော်လင့်ရင်း
ဒီကဗျာလေးကို ငါရေးလိုက်တယ်
မင်းတို့မြင်နိုင်ပါစေလို့…
ဒဏ်ရာ

အက်ကြောင်းထပ် ကဗျာတွေနဲ့
လွမ်းနေလဲ ထူးမလာခဲ့...
နေ့သစ်မှာ အတွေးသစ်နဲ့
မင်းက လှည့်ကြည့်ခဲ့ပါ...
မင်းအတွက် ကဗျာတွေ
ရေးခဲ့တာ အကြိမ်ကြိမ်...
စာနာစိတ်နဲ့ တစ်ခါပြန်ခဲ့ပါ
မိန်းကလေးရယ်....
အိပ်ဖန်စောင့်

သူမသိတဲ့ တစ်ဖက်သက်အချစ်ကို

ရင်မှာမျိုသိပ် ကျိတ်မှိတ်ကာ

သိမ်းဆည်းထားလဲ…

သစ်ပင်အိုလို သက်တမ်းက ပိုမိုရင့်ခဲ့

ဘာတွေဖြစ်ဖြစ် သူ့ရဲ့ဘေးနား

စောင့်ရှောက်လို့ အမြဲရှိချင်တာ

ထာဝရ သူငယ်ချင်း အဖြစ်နဲ့

အိပ်ဖန်စောင့် ဘ၀ပေါ့….
ရင်ခုန်သံ တမ်းချင်း

ချစ်ခြင်း လင်္ကာ

ကဗျာ သီဖွဲ့

ရင်မှာ မြတ်နိုး

တိတ်တခိုးမို့

နေ့ ည မပျက်

ကာရန်တွေစပ်

ဆောင်းည သံစဉ်

အရိပ်ထင်၍

နွေဦးသံသာ

အကြင်နာ အား

မိုးမှာ ရေးဆို

အလွမ်းပိုကာ

ရင်တွင်း ဖြစ်တည်

ကဗျာ တစ်ပုဒ်

ချစ်ဦး သူဆီ

အပ်ပါရစေ…..
သူငယ်ချင်း ချစ်သူ

သဘာဝအတိုင်း စိမ်းစိုလန်းဆန်းနေသော သစ်ပင်ကြီး တစ်ပင်အောက်တွင်

သူမ ရပ်နေသည်……..

လေပြေလေးတွေ တိုက်လိုက်တိုင်း သူမ၏ ဆံနွယ်ရှည်လေးများ

လေပြေ နှင့် အပြိုင်မျှောလွင့်လျက်ရှိနေသည်……….

သူမ သည် တစ်ခြားသူ မဟုတ် ကျွန်တော်ချစ်သော သူမ ဖြစ်သည်……

လေပြေတိုက်ခတ်ရာ ဘက်သို့ မျက်နှာမူလျက် လက်နှစ်ဖက်ကို ဆန့်တန်းကာ

ကလေးငယ် တစ်ယောက်ကဲ့သို့ ခေါင်းလေးကို မော့ထားကာ တိုက်ခတ်လာသော

လေပြေကို ရူရှိုက်လျက်ရှိ၏………

ဘေးနားကနေ သူမ အားငေးကြည့်နေခဲ့သော ကျွန်တော့်အား ရှိလေသည် ဟုပင်

ထင်မှတ်ထားမည်မဟုတ်ချေ………..

ခေါင်းမော့ထားသော အခါ မြင်ရသည့် သူမ၏ လည်တိုင်ဖြူဖြူလေးမှာရှိသော

မှဲ့နက်ကလေးအား ကျွန်တော် ချစ်သည်…….

အပြစ်ကင်းစင်သော သူမ၏ ဟန်ပန်အမူအရာအား ကျွန်တော် ချစ်သည်…..

ရင်ကိုအေးစေသော သူမ၏ အသံလေး အား ချစ်သည်…..

သို့သော်လဲ သူမ အတွက် ကျွန်တော်သည်

အရာရာကို သည်းခံနားလည်ပေးနိုင်စွမ်းရှိသော

သူငယ်ချင်းကောင်း တစ်ယောက်ထက်တော့

ပိုလိမ့်မည် မဟုတ်ပေ…..

ကဗျာချစ်သူများကို အစဉ်လေးစားလျက်
ကြယ်စင်မင်း(ပြတိုက်)
masterkhan3000@gmail.com
www.onlinepyadaik.ning.com

You might also like