You are on page 1of 16

နေဟမိ

ခေါင်းစဉ်
ဤစာအုပ်သည် အခြားသော ဓမ္မဟောင်းကျမ်းမှ စာအုပ်များနည်းတူ အဓိက
ပါဝင်လုပ်ဆောင်သောသူ၏ အမည်ကို ရယူထားကြောင်းတွေ့ရပါသည်။ ဟီဘရူးဘာသာ
စကားတွင်လည်း ထိုအမည်ကိုပင် ရယူထားကြောင်းတွေ့ရပါသည်။
ကျွန်ုပ်တို့သည် ဧဇရမှတ်စာကို လေ့လာသောအခါ ဧဇရနှင့် နေဟမိတို့သည်
အတူတကွလက်တွဲ
လိမ့်မည်။

ဧဇရ

လုပ်ဆောင်ခဲ့ပြီး
မှတ်စာကို

ဂျူးလူမျိုးများကို

လေ့လာကြည့်ပါက

ထိန်းသိမ်းခဲ့ကြောင်း
ဗိမ္မာန်တော်

တွေ့ရပါ

တည်ဆောက်ရေး

လုပ်ငန်းပိုင်းကို အားပြုလုပ်ဆောင်ခဲ့ပြီး နေဟမိမှာမူ ယေရုရှလင်မြို့တည်ဆောက်ရေး လုပ်
ငန်းကိုသာ အဓိကဆောင်ရွက်ခဲ့ကြောင်းတွေ့နိုင်ပါသည်။
ရေးသားသော အချိန်ကာလ
ပထမပုဂ္ဂိုလ်ဖြစ်သေ ရေးသားသူ နေဟမိကို ယုဒနယ်မြေ၏ ပါရှန်းအုပ်ချုပ်မှုတွင်
ရှိနေကြောင်း ဖော်ပြထားပါသည်။ (၁း၁ - ၂း၂၀၊ ၁၃း၎-၃၁)။ သူ့နာမည်၏ အမည်
အဓိပ္ပါယ်မှာ ''နှစ်သိမ့်မှုကို ပေးသောအရှင်'' ဟု ဆိုပါသည်။ ဤစာအုပ်ကို ဒါရိမင်းကြီး
စတင်အုပ်စိုးသောအချိန်ကာလတွင် ရေးသားထားသည်ဟု ကျမ်းတတ်ဆရာ များက ဖော်ပြ
ကြသည်။ ဒုတိယမြောက် ဒါရိမင်းကြီးမှာ ၄၂၃ ဘီစီမှ ၄၀၄ ဘီစီအထိ အုပ်စိုးခဲ့သူဖြစ်သည်။
နေဟမိစာအုပ်ကို စတင်ဖွင့်လှစ်သောအခါ အာတေတရဇ် မင်းကြီးထံတွင် အမှုထမ်းနေ
ကြောင်းဖော်ပြထားသည်။ သူသည် အသက် ၄၀/၄၁ နှစ်ခန့််တွင် ယေရုရှလင်မြို့တွင်
ရောက်ရှိ ခဲ့သည်ဆိုပါက ထိုအချိန်မှာ ၄၄၄ ဘီစီခန့် ရှိနေပြီဖြစ်သည်။ သူ၏အသက် ၆၂
နှစ်ခန့် ရှိချိန် ဘီစီ ၄၂၃ တွင် စတင်ရေးသား သည်ဟု ခန့်မှန်းပြောဆိုကြသည်။
ဤစာအုပ်ပါ

အဖြစ်အပျက်မှာ

ဘီစီ

၄၄၅

မှစတင်ပြီး

၄၃၁

ဘီစီအချိန်

ကာလအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ် အပျက် ဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ၄၄၅
ဘီစီဆိုသည်မှာ ၁း၁ တွင်ဖော်ပြထားသော အာတေတရဇ်မင်းကြီး နန်စံ (၂၀) ဟု
ရေးသားထားသောကြောင့်

ထိုအချိန်ကာလကို

ပြန်လည်တွက်ယူထားခြင်းဖြစ်ပါသည်။

သူသည် ရှင်ဘုရင်ထံမှ ခွင့်ပြု မိန့်နှင့် လိုအပ်သောအရာများကို တောင်းယူပြီး ယုဒနိုင်ငံသို့

ကိုယ်စားပြု ဆုတောင်းခြင်း ၁။ ဘုရားသခင်ထံ ကိုယ်စားပြုဆုတောင်းခြင်း (၁း၎-၁၁) ၂။ ရှင်ဘုရင်ထံ အသနားခံ ကိုယ်စားပြုဆုတောင်းခြင်း(၂း ၁-၈) C. စိတ်ပျက်အားလျော့စေခြင်းဖြင့် ဆန့်ကျင်ကြခြင်း (၄း၁၀-၂၃) .၇း၇၃) A.၆း၁၄) 1. မြို့ရိုးကို ပြန်လည်တည်ဆောက်ခြင်း (၃း၁ . ခြိမ်းခြောက်တိုက်ခိုက်မှုဖြင့် ဆန့်ကျင်ကြခြင်း (၄း၇-၉) 3. ယေရုရှလင်မြို့သို့ နေဟမိရောက်ရှိခြင်း (၂း၉-၁၁) D. မြို့ရိုးကို ပြန်လည်တည်ဆောက်ရန် ပြင်ဆင်ခြင်း A. တည်ဆောက်သူတို့၏မှတ်တမ်း (၃း၁-၃၂) B. လှောင်ပြောင်သရော်မှုဖြင့် ဆန့်ကျင်ကြခြင်း (၄း၁-၆) 2.ပြန်လာခဲ့သည် (၂း၅)။ ထို့နောက် မြို့ရိုးကို (၅၂) ရက်အတွင်း အပြီးတည်ဆောက် ခဲ့လေသည်။ ထို့နောက် (၁၂) အကြာ ဘီစီ ၄၃၂ တွင် ဗာဗုလုန်ရှင်ဘုရင် အာတေတရဇ်ထံသို့ ပြန်လာခဲ့ကြောင်း တွေ့ရပါ သည်။ ထို့နောက် ရှင်ဘုရင်ထံတွင် ခေတ္တခဏ နေပြီးနောက် ထပ်မံခွင့်တောင်းပြီး လုပ်လက်စအလုပ်များကို ရက်သတ္တ ပတ် အနည်းငယ် (သို့)မဟုတ် လအနည်းငယ်အတွင် ထပ်မံအချိန်ယူကာ လုပ်ငန်းများကို အပြီးသတ်ခဲ့ဟန် တူပါသည်။ နေဟမိမှတ်စာ အကျဉ်းချုပ် Outline မြို့ရိုးကို ပြန်လည်တည်ဆောက်ခြင်း (အပိုင်း ၁) I. မြို့ရိုးပြန်လည်တည်ဆောက်ရန် ပြင်ဆင်ခြင်း (၂း၁၂-၂၀) ၁။ ပြိုပျက်နေသောအရာများကို ကြည်ရှုစစ်ဆေးခြင်း (၂း၁၂-၁၆) ၂။ နေဟမိ လူများကို နိုးဆော်ခြင်း (၂း၁၇-၁၈) ၃။ နေဟမိ ရန်သူများကို တုန့်ပြန်ခြင်း (၂း၁၉-၂၀) II. ပြန်လည်တည်ဆောက်ခြင်းကို ဆန့်ကျင်မှုများ (၄း၁ . ယေရုရှလင်မြို့ရိုး ပြိုပျက်ကြောင်းသတင်းကြားရခြင်း (၁း၁-၃) B.

တည်ဆောက်မှုကို အပြီးသတ်ခြင်း (၆း၁၅-၁၉) D. ကျမ်းစာအကို အနက်ဘာသာပြန်ဖြင့် သိရှိစေခြင်း (၈း၁-၁၈) 1. ယေရုရှလင်မြို့ကို သေချာစွာဖွဲ့စည်းခြင်း (၇း၁-၄) E. နေဟမိ၏ အတ္တကင်းသောစံပြ အသက်တာ (၅း၁၄-၁၉) 6. စားဝတ်နေရေး ပြသနာအားဖြင့် ဆန့်ကျင်ကြခြင်း (၅း၁-၁၃) 5. သစ္စာဖောက်များကို သုံး၍ ဆန့်ကျင်ကြခြင်း (၆း၁၀-၁၄) C. ကျန်ကြွင်းသောလူများအစု (၇း၇-၆၀) a) ခေါင်းဆောင်များ (၇း၇) b) ဣသရေလလူများ (၇း၈-၃၈) c) ယဇ်ပရောဟိတ်များ (၇း၃၉-၄၂) d) လေ၀ိ လူများ (၇း၄၃-၄၅) e) ကျွန်များ (၇း၄၆-၆၀) 3. စုစုပေါင်းအရေအတွက် (၇း၆၆-၆၉) 5. အစီအမံများပြုလုပ်ခြင်း (၇း၅-၆) 2. ပဋိညာဉ်ကို အသစ်ပြန်လည်ခံစားစေခြင်း (၈း၁ . မြို့သူ/သားများကို သေချာစွာ စစ်တမ်းကောက်မှတ်တမ်းတင်ခြင်း (၇း၅-၇၃) 1. ဗိမ္မာန်တော်အတွက် ပေးလှူမှုစာရင်း (၇း၇၀-၇၃) မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်း (အပိုင်း ၂) I.၁၀း၃၉) A. အသရေဖျက်ခြင်းဖြင့် ဆန့်ကျင်ကြခြင်း (၆း၅-၉) 8. ဖတ်ကြားမှုကို တုန့်ပြန်ခြင်း (၈း၉-၁၈) a) ပညတ်တော်ကို နားလည်လာကြခြင်း (၈း၉-၁၂) .4. ပညတ်တော်ကို ဖတ်ကြားခြင်း (၈း၁-၈) 2. အပေးအယူပြုလုပ်ခြင်းဖြင့် ဆန့်ကျင်ကြခြင်း (၆း၁-၄) 7. ဆင်းသက်မှု မျိုးရိုးမသိသူများ (၇း၆၁-၆၅) a) ဣသရေလလူများ (၇း၆၁-၆၂) b) ယဇ်ပရောဟိတ်များ (၇း၆၃-၆၅) 4.

ပဋိညာဉ်ကို ကျန်ဆိုကတိပြုကြသူများ (၁၀း၁-၂၇) 5. တပါးအမျိုးသားများကို ခွဲခြားခြင်း (၁၃း၁-၉) 2. လူတို့ကို ပြန်လည်၍ ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း စီမံခြင်း (၁၃း၁-၃၁) 1. နိဂုံး (၁၃း၃၀-၃၁) .၁၃း၃၁) A. ပဋိညာဉ်ကို လိုက်လျှောက်အသုံးပြုကြခြင်း (၁၁း၁ . ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုခြင်း (၁၂း၂၇-၄၇) D. ယေရုရှလင်မြို့ပြင်ပတွင် အခြေချခွင့်ရသူများ (၁၁း၂၅-၃၆) B. တစ်ပါးအမျိုးသားနှင့် စုံဘက်သူတို့ကို ဆုံးမခြင်း (၁၃း၂၃-၂၉) 5. ဥပုဒ်နေ့ကို တန်ဘိုးထားတတ်စေခြင်း (၁၃း၁၅-၂၂) 4. ပြန်လည်နေရာချထားရန် အစီအမံပြုခြင်း (၁၁း၁-၂) 2.၁၀း၃၉) 1. ပဋိညာဉ် သတ်မှတ်ချက်များ (၁၀း၂၇-၃၉) II.b) ပညတ်တော်ကို နာခံလာကြခြင်း (၈း၁၃-၁၈) B. လေ၀ိအမှုတော်ဆောင်များကို ပံ့ပိုးပေးခြင်း (၁၃း၁၀-၁၄) 3. ယေရုရှလင်မြို့တွင် အခြေချခွင့်ရသူများ (၁၁း၃-၂၄) 3. ယဇ်ပရောဟိတ်နှင့် လေ၀ိလူများကို မှတ်တမ်းယူထားခြင်း (၁၂း၁၂၆) C. လူများကို ပြန်လည်နေရာချထားခြင်း (၁၁း၁-၃၆) 1. ပဋိညာဉ် အသစ်ပြန်လည် ပြုကြခြင်း (၉း၃၂-၃၈) 4. ၀ိညာဉ်ရေးရာအတွက် ပြင်ဆင်ကြခြင်း (၉း၁-၃) 2. လုပ်ဆောင်ပေးသောအရာများကို ပြန်လည်ရေတွက်ကြခြင်း (၉း၎-၃၁) a) ကြီးမားသော မစမှုကြီးများကို ပြန်လည်ဆင်ခြင်ကြခြင်း (၉း၎-၁၅) b) ဣသရေလ လူမျိုးများ၏ ကြီးမားသော အပြစ်များ (၉း၁၆၃၁) 3. ပဋိညာဉ်ကို ပြန်လည်စောင့်ထိန်းကြခြင်း (၉း၁ .

က။ နေဟမိ အုပ်စိုးမှုလက်အောက်အခြေအနေများ ၁။ ယေရုရှလင်မြို့နှင့် ပတ်သတ်သောသတင်းစကား (၁း၁-၄) အခန်းကြီး (၁) အစပြုချိန်တွင် အာတေတရဇ် နန်းစံ (၂၀) အချိန်ကာလ ဖြစ်ကြောင်း အစပြုထားပါသည်။ ထိုအချိန် ကာလသည် ဘီစီ ၄၄၄ ပတ်ဝန်ကျင်ဖြစ် ပါသည်။ နေဟမိနှင့် သွေးသားတော်စပ်သော ညီအကိုတစ်ချို့ ရောက် ရှိလာဟန် ရှိပါသည်။ နေဟမိက မိမိတန်ဘိုးထားသော ယေရုရှလင်မြို့တော်ကြီးနှင့် ပတ်သတ်ပြီး မေးမြန်းခဲ့ရာ သတင်းအကြောင်းအရာအချို့ သိရှိလာခဲ့ပါသည်။ သူကြားသိရသော သတင်း စကားမှာ လွန်စွာ ယေရုရှလင်မြို့ရိုးကြီး ပြိုပျက်လျက်၊ မီးလောင် လျက်ရှိနေပြီဟူသော သတင်းစကားပင် ဖြစ်ပေသည်။ ထိုအချိန်က နေဟမိသည် ရှုရှန်နန်တော် ကြီးတွင် တာဝန်ထမ်းဆောင် နေရသောအချိန်ဖြစ်သည်။ ရှုရှန်နန်းတော်ဆိုသည်မှာ ပါရှားအင်ပါယာ ကြီး၏ အဓိက မြို့ တော်ကြီးဖြစ်ပါသည်။ ဓမ္မဟောင်းကာလမှာ အထွဋ်အမြတ်နေရာ ယေရုရှလင်မြို့သည် ဖြစ်သည်။ ဒံယေလသည် ယုဒလူမျိုးတို့၏ ယေရုရှလင်မြို့သို့ တန်ဘိုးထားရာ လှည့်၍ နေ့စဉ် ဆုတောင်းခဲ့သည်။ အကြောင်းမှာ ယေရုရှလင်မြို့တွင် ဘုရားသခင် ရှိသည် ဟူသော အယူအဆကြောင့် ဖြစ်သည်။ ဘုရားသခင် တန်ဘိုးထားသောအရာမှာ လူတို့၏ ၀ိညာဉ် ဖြစ်သည်။ ထိုဝိညာဉ်များကို သင်ပြန်လည်တည်ဆောက်ရန် သင်သည် စိတ်အားထက် သန်မှု ရှိပါသလား။ ထိုအရာအတွက် ငိုကြွေးသော နှလုံးသား ရှိပြီလား။ ခေါင်းဆောင်ဖြစ်မည့်သူတစ်ဦးသည် တစ်စုံတစ်ခုအတွက် စွဲလမ်းသော နှလုံးသား ရှိသည်။ အထူးသဖြင့် အောင်မြင်သော ခေါင်းဆောင်များတွင် တန်ဘိုးထားသော စွဲလမ်းမှု ပိုမိုကြီးမားသောအရာများ ရှိသည်။ မြို့ရိုးနှင့် ပတ်သတ်သော စွဲလမ်းမှုမှာ နေဟမိကို ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်စေသည်။ ၂။ နေဟမိ၏တုန့်ပြန်မှု (၄-၁၁) ကြားရသည့် သတင်းစကားကို အလေးထားပြီး ခံစား တုန့်ပြန်သည်။ ချက်ခြင်း ဆုတောင်းခြင်းအမှုကို ပြုသည် (၄၊ ၁၁၊ ၂း၁)။ ဒံယေလသည်လည်း အရာရှိကြီး တစ်ဦး ဖြစ်ကာ သူသည် ဆုတောင်းခြင်းကို အားပြုခဲ့သူလည်းဖြစ်သည်။ .

နေဟမိသည် ထိုသတင်းစကားအတွက် ကြီးစွာသော ၀မ်းနည်းကြေကွဲမှု အပေါ် တွင် ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ လူမျိုးတော်အပေါ်တွင် ကြီးမားသော ချစ်ခြင်းမေတ္တာ တို့ကို ချီးမွမ်းကာ ဆုတောင်းခြင်းဖြင့် အစပြုခဲ့ပါသည်။ ဧဇရက ပြောခဲ့သော ပြသနာ၏ အရင်းအမြစ်မှာ ဘုရားသခင်၏လူမျိုးတော်က အပြစ်ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုမှုကို သဘောတူခဲ့ဟန် ရှိသည် (ဧဇရ ၉း၆-၇)။ မောရှည်၏ ပညတ်တရားများကို ချိုးဖောက်ခဲ့သည် (အငယ် ၇)။ ဣသရေလ လူမျိုးတို့ နောင်တရပါက ရရှိခံစားရမည့် ကတိတော်ကို ပြန်လည်ဆွဲကိုင်ကာ အော်ဟစ်ခဲ့သည် (အငယ် ၈-၉ နှင့် တရား ၃၀း၁-၅) ကိုယှဉ်ကြည့်ပါ)။ ဣသရေလ လူမျိုးများသည် အဲဂုတ္တုပြည်မှ ဘုရားသခင်က အထူးရွေးနှုတ်ကယ်တင်ခဲ့ကြောင်း ဖော်ပြထားသည်ကို မှတ်သားမိ ပါသည်။ သူသည် ဘုရင်ရှေ့တွင် ၀င်ရောက်သောအခါ ထူးခြားမှုကို ခံစားနိုင်ရန် ကြိုတင်ဆုတောင်းထား ကြောင်း ဖော်ပြထားကာ နိဂုံးချုပ်ထားသည် (အငယ် ၁၁) သင်ကိုယ်တိုင်လည်း မိမိခံစားရသော (သိ့မု ဟုတ်) အလေးထားသော ပြသနာ အခြေအနေတစ်ရပ်ရပ်အတွက် ဆုတောင်းခြင်းအမှုကို ပြုကြပြီလား။ ထိုပြဿနာကို အခြေ ပြုပြီး ဘုရားသခင်က တစ်စုံတစ်ခုကို လုပ်ရန် မျှော်လင့်တတ်ဘို့ အရေးကြီးပါသည်။ ကျမ်းစာထဲမှ အဖြစ်အပျက်အများစုသည် ပြဿနာကို အခြေခံအစပြုကာ ဘုရားသခင်နှင့် ထိတွေ့ခွင့်ကို ခံစား ရရှိခဲ့ကြသည်။ အချို့သည် ထိုပြဿနာကို အခြေခံပြီး ဘုရားသခင်၏ အသုံးတော်ခံများဖြစ်လာသည်။ အချို့သည် ခေါင်းဆောင်ကြီးများဖြစ်လာကြသည်။ နေဟမိ သည် အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး ဘုရားသခင်ထံ၌ အော်ဟစ်ကာ လူများရှေ့တွင် မျက်နှာရရှိနိုင်ရန် အော်ဟစ်ခဲ့သည်။ အငယ် ၁၁ တွင် ဖော်ပြသော ''`ဤလူ" ဆိုသည်မှာ မည်သူကို ပြောလိုပါသနည်း။ ဘုရားသခင်ကို ယုံကြည် ကိုးစားသော နေဟမိသည် အာတေတရဇ်မင်းကို လူထဲက လူတစ်ယောက်အဖြစ်သာ ရှုမြင်ခဲ့သည်။ ဆုံးဖြတ်ချက်ကို ချနေသော သူမှာ ထိုရှင်ဘုရင်မ ဟုတ်။ ဘုရားသခင်ဖြစ်ကြောင်းသူကိုယ်တိုင် ခံစားသိရှိနေခဲ့သည်။ နေဟမိသည် အမှုတော်ဆောင်တစ်ဦး မဟုတ်။ ၀န်ထမ်းတစ်ဦးမျှသာ ဖြစ်သော် လည်း ကြီးမြတ်သော ပရောဖတ်ကြီးတစ်ဦးကဲ့သို့ သူ့လူများအတွက် ကိုယ်စားပြုဆုတောင်း .

ပေးခဲ့သည်။ သိနာတောင်တွင် ရရှိသော ပဋိညာဉ်တရားတော်ကို သစ္စာရှိကြရန် လူမျိုး တော်ကို ခေါ် ဖိတ်ခဲ့သည်။ ဖလားတော်ကိုင်ဟူသော ရာထူးကို တွေ့ရပါသည်။ ထိုရာထူးသည် ရှင်ဘုရင်က ယုံကြည်စိတ်ချ၍ ပေးထားသော ရာထူးဖြစ်သည်။ သစ္စာတရားကို လက်ကိုင်ပြု အသက် ရှင်သောသူတို့ ရရှိတတ်ကြသည်။ နေဟမိသည် ဘုရင်၏ စည်းစိမ်ဥစ္စာများကို ထိန်းသိမ်း ရသော အိမ်တော်ထိန်း တစ်ဦးဖြစ်သည်သာမက ရှင်ဘုရင်ကို မည်သူမျှ အဆိပ်မခတ်စေ ရန် ဘုရင်၏အစားအသောက် များကို မြည်စမ်းရသောသူလည်း ဖြစ်သည်။ ထိုသူတို့သည် သေသေချာချာ သင်တန်းပေးထားသူများဖြစ်သည် (ဒံ ၁း၎-၅)။ ရုပ်ရည်အားဖြင့်လည်း ချောမောသူများဖြစ်ကြသည် (ဒံ ၁း၎၊ ၁၃၊ ၁၅)။ သူတို့သည် ရှင်ဘုရင်နှင့် ရင်းနှီးဖော်ရွေစွာ ပေါင်းဖော်ခွင့် ရသူများဖြစ်ပြီး ရှင်ဘုရင်၏ ယုံကြည်စိတ်ချမှုများရရှိထားသော သူများဖြစ်ကြ သည်။ ၃။ နေဟမိ တောင်းလျှောက်သောအရာများ (လိုအပ်ချက်များကို တောင်းလျောက်ခြင်း) ဤနေရာတွင် ခိသလုလ (၁း၁) နှင့် နိသန်လ (၂း၁) ကိုတွေ့ရပါသည်။ ခိသလုလ ဆိုသည်မှာ ဂျူးလူမျိုးတို့၏ တတိယလဖြစ်ပြီး နိသန်လ ဆိုသည်မှာ သတ္တမလ ဖြစ်ပါသည်။ ဆိုလိုသည်မှာ နေဟမိသည် ဆိုသောသတင်းစကားကို ကြားပြီး (၄) လအကြာတွင် ဖြစ်ပျက်သော အဖြစ်အပျက် ဖြစ်ပါသည်။ နေဟမိ ဆုတောင်းချက်သည် လွယ်လွယ်နှင့် မရခဲ့ဘဲ ဆုတောင်းပြီး (၄) လအကြာတွင် ရရှိခဲ့ပါသည်။ နေဟမိသည် ဘုရင်ရှေ့တွင် အလွန်ကြောက်ရွံ့နေခဲ့သည် (၂း၃)။ အဘယ် ကြောင့်ဆိုသော် နေဟမိ၏ မရွှင်ပြသော မျက်နှာသည် ရှင်ဘုရင်ကို မကျေနပ်သော အသွင်သဏ္ဍာန် ပေါ်လွင်နေမည်ကို စိုးရိမ်နေခဲ့သည် (ဧသ ၄း၂)။ အမှန်တကယ် အနေအ ထားအရ အာတေတရဇ် ရှင်ဘုရင်ကြီး၏ ယေရုရှလင်မြို့အပေါ်ထားရှိသော သဘောထား မှာလည်း အခြေအနေ မကောင်းလှချေ (၁း၁၊ ဧဇ ၄း၂၁ ကိုကြည့်)။ ဤအကြောင်းအရာမှာ နေဟမိအတွက် စိုးရိမ်ဘွယ်ရာ အခြေအနေများပင် ဖြစ်တော့ သည်။ နေဟမိသည် ဘ၀တစ်လျှောက်တွင် ဘုရားသခင်နှင့်အတူလျှောက်လှမ်းခြင်း အသက်တာကြောင့် ဘုရားသခင်ကို စကားပြောခြင်း အလေ့အကျင့်ရှိနေသဖြင့် ရှင်ဘုရင် ကြီးကိုလည်း ကောင်းမွန်စွာ ပြောနိုင်လိမ့်မည်ဟု ယုံကြည်စိတ်ချနေခဲ့ဟန် ရှိပါသည်။ သူ့ .

ထံတွင်ရှိသော အလေ့အကျင့်တစ်ခုမှာ အလိုအလျောက် ဆုတောင်းတတ်သော သဘာဝ ကိုတွေ့ရပြီး ကျမ်းစာထဲတွင် အကောင်းဆုံးကျမ်းချက်တစ်ခု ဖြစ်သည်။ နေဟမိ၏ အကောင်းဆုံး စရိုက်လက္ခဏာတစ်ခုမှာ ဆုတောင်းခြင်း ဖြစ်သည် (၄း၎၊ ၉၊ ၅း၁၉၊ ၆း၉၊ ၁၄၊ ၁၃း၁၄)။ နေဟမိသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်အတွက် ဆုတောင်းခြင်းက သူ့အသက်တာကို ကောင်းကြီးမင်္ဂလာဖြစ်စေခဲ့သည်။ သူ၏ဆုတောင်ခြင်းကြောင့် ရှင်ဘုရင် က မည်သို့ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားစေကာမူ ပြောင်းလဲသွားလေ တော့သည်။ နေဟမိသည် ခေါင်းဆောင်ကောင်း တစ်ဦးအနေဖြင့် မိမိလုပ်ဆောင်ရမည့် လုပ်ငန်း အနေအထားကို သေချာစွာ တွက်ချက်ထားခဲ့သည်။ ဘာလုပ်ရမည်ကို ကြိုတင် စဉ်းစားပြင်ဆင်ပြီးသားဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းမှာ ကြိုတင်ပြင် ဆင် တွက်ချက်ထားခြင်းဖြစ်သည်။ ဖြစ်သလို ဖြေရှင်း၊ ဖြစ်သလို ပြုလုပ်တတ်သော သဘောသဘာဝ မရှိတတ်ချေ။ လုပ်ငန်းနှင့် ပတ်သတ်ပြီး ကြာမည့်အချိန်ကို မေးမြန်း သောအခါ ခန့်မှန်းတွက်ချက် ပြင်ဆင်ပြီးသားဖြစ်ပြီး အဖြေကို တစ်ခါတည်း ပေးနိုင်ခဲ့သည် (အငယ် ၆)။ ထို့အပြင် လိုအပ်ချက်များကိုလည်း တစ်ပါတည်း စဉ်းစားပြီး ထွက်ခွာခွင့်၊ အတားအဆီးများကိုပါး တစ်ပါတည်း စဉ်းစားပြီးသားဖြစ်နေသည်။ အချို့က လုပ်ချင်တာဘဲ သိသည်။ အခက်အခဲများကို ကြိုတင်စဉ်းစားထားခြင်း မရှိပါ။ ထိ့ေု နာက် လိုအပ်ချက်အဖြစ် သစ်ပါမစ်ကိုလည်း တစ်ပါတည်း တောင်းလျောက်ခဲ့သည်။ သစ်လိုအပ်ချက်ကိုလည်း တစ်ပါတည်း စဉ်းစားပြီးသား ဗိမ္မာန်တော်အတွက်၊ မြို့ရိုး၊ အိမ်၊ စသော အရာများအတွက် သေချာစဉ်းစားပြီး တောင်းလျောက်ခဲ့သည်။ တောင်းလျောက်သည့်အတိုင်း ဘုရားသခင်၏ တန်ခိုးကျေးဇူးတော်ကြောင့် ရရှိကြောင်း သက်သေခံထားလေသည်။ နေဟမိ တောင်းလျောက်သော အမိန့်တော်စာကြောင့် မြို့ဝန်က သူ့အတွက် လုံခြုံ ရေးကို အသေအချာ စီမံပေးအပ်လေ သည်။ နေဟမိနှင့်အတူ လုံခြုံရေး လိုက်ပါဆောင် ရွက်သောသူအများ ထည့်ပေးလိုက်သော်လည်း အရေအတွက်မည်မျှဆိုသည်ကို ဖော်ပြ ထားခြင်းမရှိပါ။ နေဟမိ ယေရုရှလင်မြို့သို့ ရောက်ရှိလာသည်ဟူသော သတင်းစကားကို မောဘ အနွယ် ရဟောနိလူမျိုး သမ္မာလတ်နှင့် သူ၏ကျွန် အမ္မုန် အမျိုးသား တောဘိတို့က ကြား သိခဲ့ကြသည်။ ခေါင်းဆောင်ဆိုသူတို့သည် ဘယ်သောအခါမှ လွယ်ကူသော လမ်းကို .

လျောက်ရသည်မဟုတ်ပါ။ သူတို့အတွက် ပိုမိုအောင်မြင်စေရန် ပံ့ပိုးပေးမည့်အရာများမှာ ပြဿနာများ၊ ဆန့်ကျင်ဘက် ပြုသူများသာ ဖြစ်သည်မဟုတ်ပါလား။ နေဟမိသည် ယေရုရှလင်မြို့သို့ရောက်သောအခါ သေချာစွာ လေ့လာ မှတ်သားမှု ပြုနေခဲ့သည်။ မည်သူကိုမျှ ထို အကြောင်းကို မပြောသေး။ ခေါင်းဆောင်တို့၏ သေချာသော သဘောကို တွေ့ရသည်။ အစီအစဉ်များကို သေချာစွာ ရေးဆွဲ ထားပြီး ဖြစ်သော်လည်း ဖြစ်နိုင်ချေ လုပ်ငန်းစဉ်များကို အပြန်ပြန်အလှန်လှန် သုံးသပ် ပြင်ဆင်ခဲ့သည်။ စတင်မည့် ပုံစံ၊ တွေ့ ကြုံနိုင်သည့် ပြဿနာ၊ လိုအပ်ချက်များ၊ လူအင်အား၊ ငွေအင်အား၊ စသည်တို့ကို သေချာစွာ သုံးသပ်နေသည်။ သူသည် ဘုရားသ ခင်ထံမှ ရရှိထားသော အကြံညဏ်ကို မည်သူ့ကိုမျှ မပြောသေးချေ။ သေချာစွာ စီမံခန့်ခွဲသောသူတို့သည် မသေချာ၊ မရေရာဘဲ မိမိလုပ်ကိုင်ချင်သောအရာများကို ပြောလေ့ပြောထမရှိပါ။ နေဟမိသည် ခေါင်းဆောင်မှု မရှိလျှင် မဖြစ်သော တိုက်တွန်းနိုးဆော်ခြင်း အ တတ်ပညာကို တတ်မြောက်ပြီး ဖြစ်လေ တော့သည်။ ထို့ကြောင့် သူသည် သေချာစွာ အစီအမံများကို သောအခါ ရေးစွဲပြီးနောက် အားလုံးက ယေရုရှလင်မြို့သားများကို တတ်ကြွစွာပါဝင်လာတော့သည် တိုက်တွန်းနိုးဆော်လိုက် (၂း၁၇-၁၈)။ ထိုအရာသည် ဘုရားသခင်ပေးသော ခေါင်းဆောင်မှုနှင့် ပတ်သတ်သော ညဏ်ပညာ ဖြစ်လေသည်။ မိမိ၏အောင်မြင်မှု ရရှိလာသောအခါ အတိုက်အခိုက်များလည်း ပိုမိုများပြားလာသည်။ မိမိကိုယ်တိုင် ဘာမျှ မလုပ်ချင်လောက်အောင် တိုက်ခိုက်သော်လည်း ခေါင်းဆောင်တစ်ဦး ၏ နှလုံးသားမှာ ဘယ်သောအခါမှ လွယ်လွယ်လက်မလျှော့တတ်ပါ။ ခေါင်းဆောင်းကောင်း တို့သည် ထိုကဲ့သို့ တိုက်ခိုက်မှုကို အမြဲတမ်းခံစားရနိုင်ပါသည်။ သင်ကိုယ်တိုင် အမြဲ သတိရှိပါ။ သူကိုယ်တိုင်က ဘုရားသခင်၏အမှုတော်မြတ်တွင် ခေါင်းဆောင်ကောင်းတို့၏ နှလုံးသားအတိုင်း အစေခံတတ်သော သဘောရှိသည်။ သူက ငါသည် ဘုရားသခင်၏ ကျွန် ဖြစ်ကြောင်း ကိုယ်တိုင်ခံယူဝါကြွားခဲ့သည်။ ဘုရားသခင် ၏အမှုတော်မြတ်တွင် ၀င်ရောက် စွတ်ဖက်အလုပ်ရှုတ်တတ်သောသူတို့ကို နေဟမိက အတိအကျပြောဆိုခဲ့သည်မှာ သင်တို့ သည် ဘာမှ မဆိုင်၊ မပိုင်၊ ဘာသက်သေမှမရှိဟု ဆိုခဲ့သည်။ (၂း၂၀) .

နေဟမိတွင် ရှိသော ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှု အရည်အသွေးများ ၁။ လက်တွေ့ကျ၍ ရယူနိုင်သော ပန်းတိုင်ကို တည်ဆောက်နိုင်ခြင်း ၂။ သူ့ထံတွင် လုပ်ဆောင်ချင်သော စိတ်အာရုံရှိနေခြင်း ၃။ သူသည် ပါဝင်လုပ်ဆောင်လိုသော ဆန္ဒပြင်းပြခြင်း ၄။ ပြီးမြောက်စေသည့် ပန်းတိုင်နှင့် ဦးစားပေးလုပ်ငန်းများကို စီမံခန့်ခွဲ နိုင်ခြင်း ၅။ ဘုရားသခင် ပေးသည့် အချိန်နာရီကို စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ခြင်း ၆။ အထက်လူကြီးကို ရိုသေလေးစားသော အသက်တာရှိခြင်း ၇။ အရေးကြီးချိန်များတွင် ဆုတောင်းလေ့ရှိခြင်း ၈။ လိမ္မာပါးနပ်မှုနှင့် သဘောထားကြီးမှုဖြင့် ပြုလုပ်လေ့ရှိခြင်း ၉။ သေချာစွာ အသေးစိတ်လေ့လာ၍ ကောင်းစွာပြင်ဆင်မှုရှိခြင်း ၁၀။ လုပ်ဆောင်စရာများကို စနစ်တကျ လုပ်ဆောင်လေ့ရှိခြင်း ၁၁။ အမြန်မလုပ်။ အချိန်ယူ နားနေ ဆုတောင်း စီမံကိန်းချ လုပ်ဆောင်တတ်ခြင်း ၁၂။ ပထမဦးစွာ အခြေအနေကို လေ့လာစုံစမ်းတတ်ခြင်း ၁၃။ ပြသနာ၏ အတိမ်အနက် အခြေအနေများကို အသိပေးပြောကြားတတ်ခြင်း။ ၁၄။ အခြားသူတစ်ယောက်နှင့် ပူပေါင်းပြီး တိကျမှုကို ရှာဖွေသည်။ ၁၅။ မိမိ၏ စီမံကိန်းများတွင် ဘုရားပါဝင်မှု ရှိမရှိကို သုံးသပ်လေ့လာခြင်း ၁၆။ အတားအဆီးများကို ကျော်လွှားရန် ယုံကြည်မှုအပြည့်ရှိကြောင်းဖေါ်ပြခြင်း။ ၁၇။ အတားအဆီးများတွေ့ကြုံစဉ် ဘုရားကို ယုံကြည်မှုရှိကြောင်း ဖော်ပြခြင်း။ ၁၈။ မိမိ၏ ယှဉ်ပြိုင်ဘက်ကို ဘယ်သောအခါမှ ဆန့်ကျင်ဘက်မပြုခြင်း ၁၉။ ဆန့်ကျင်မှုများကို ဘယ်သောအခါမှ စိတ်ပျက်အားငယ်မှု မရှိခြင်း ၂၀။ သူဟာ မိမိရရှိသော ရာထူနှင့်အခွင့်အာဏာကို ရဲဝန့်စွာ အသုံးပြုခြင်း။ .

ခ။ မြို့ရိုးကို ပြန်လည်တည်ဆောက်ကြခြင်း (၃း၁-၇း၎) ပထမဦးစွာ ပြင်သော တံခါးမှာ သိုးတံခါးဖြစ်ပြီး အရှေ့မြောက်အရပ်မှ အစပြုခဲ့ သည်။ သူတို့သည် စတင်ဆောက် လုပ်သောအခါ သန့်ရှင်းသောအသက်တာ၊ ဘုရားသခင် အလိုတော်ရှိသောအသက်တာဖြင့် လုပ်ဆောင်ခဲကြမည်မှာ သေချာပါသည် (ဟေရှာ ၅၂း၁၁-၁၂ ကိုကြည့်ပါ) ၁။ အလုပ်သမားများနှင့် သူတို့၏အလုပ်များ (၃း၁-၃၂) ဆောက်လုပ်ရေး လုပ်ငန်းမှာ ဘုရားသခင်က ဘိသိတ်ပေးထားသောကြောင့် ဘုရားသခင်၏အမှုတော် လုပ်ငန်းအဖြစ် လုပ်ဆောင်ခဲ့ကြသည်။ ယခု အခန်းကြီး ၃ တစ် ခန်းလုံးသည် အမှုတော်မြတ်တွင် လုပ်ဆောင်ကြသူများနှင့် လုပ်ဆောင်သည့်အလုပ် များ ကို မှတ်တမ်းတင်ထားသည်။ မည်သူက မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ကို ခေါင်းဆောင်တစ်ဦးအနေဖြင့် သေချာစွာ မှတ်တမ်းယူထားသည်။ ပြီးလျှင် ပြီးရောဆိုသည့် ဆောင်ရွက်ချက် မျိုးမဟုတ်။ ခေါင်းဆောင်တို့သည် မိမိ၏ လက်အောက်ငယ်သားက ပြော ဆိုသည့်အတိုင်း ပြီးစီးသွားတာမျိုးမဟုတ်ဘဲ သေချာစွာ လုပ်ကိုင်မှတ်တမ်း တင်ထား သည်ကို တွေ့ရှိရသည်။ ၂။ အလုပ်လုပ်သူတို့နှင့် ဆန့်ကျင်သူများ ဘုရားသခင်၏ အကြံအစည်တော် ပြည့်စုံစေရန် ကြိုးစားအားထုပ်မှုတိုင်းတွင် ဆန့် ကျင်မှုများကို ဘုရားသခင်၏ ရန်သူ များက လုပ်ဆောင်လေ့ရှိသည်။ ခေါင်းဆောင်တစ်ဦးကို စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းတို့တွင် သူမည်ကဲ့သို့ ဆန့်ကျင် မှုနှင့် ပြသနာများကို စီမံကျော်လွှား ကြောင်းကို သုံးသပ် ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ဤ အခန်းကြီးတွင် နေဟမိသည် သူ့ကို ဆန့်ကျင်မှုနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုများကို ကျော်လွှားခဲ့သည်ကို ဖော်ပြထားသည်။ က) လှောင်ပြောင်မှုဖြင့် ဆန့်ကျင်ခြင်း ရန်သူတော်များက ဂျူးလူမျိုးများကို လှောင်ပြောင်သရော်မှုဖြင့် တိုက်ခိုက်ခဲ့ကြ သည်။ ဤနေရာတွင် နေဟမိအတွက် အတော်ခက်ခဲနိုင်ပါသည်။ မိမိအနေဖြင့် သည်းခံ စိတ်မွေးမြူနိုင်သော်လည်း သူ၏တပည့်သားခြင်းများက ထိုလှောင်ပြောင်မှုကို မည်သို့မျှ .

သည်းခံနိုင်လိမ့်မည်မဟုတ်။ သူ့အတွက်အတော် ထိန်းသိမ်းခဲ့ရပေမည်။ စိတ်တိုတတ်သော တပည့်သားခြင်းများကို ထိန်းသိမ်းရသော အမှုမှာ အလွန်ခက်ခဲပေသည်။ သို့သော် ခေါင်း ဆောင်ကြီး နေဟမိမှာ ထိုအရာကို အေးဆေးစွာပင် ကျော်လွှား နိုင်ခဲ့သည်။ ထိုသူတို့ကို ပြန်လည်တုန့်ပြန်ခြင်းမပြုဘဲ ဘုရားသခင်ကိုသာ ပြန်လည်တင်ပြခဲ့သည် (အငယ် ၄-၅)။ သူသည် အာဗြဟံခံစားရသော သင့်ကို ကောင်းကြီးပေးသူကို ငါကောင်းကြီးပေးမည်။ သင့် ကို ကျိန်ဆဲသူကို ငါကျိန်ဆဲမည်ဟူသော ကျမ်းတော်မြတ်ကို အကြွင်းမဲ့ ယုံကြည်စိတ်ချ ထားသည်။ (ကမ္ဘာ ၁၂း၁-၃)။ ခ) ခြိမ်းခြောက်မှုဖြင့် ဆန့်ကျင်ခြင်း ရန်သူတို့သည် လှောင်ပြောင်သရော်မှုဖြင့် သူတို့ထင်သလို ဖြစ်မလာသည် သာမ က မြို့ရိုးကလည်း ပိုမို ကောင်းမွန်မြင့် မားလာသည်။ ထို့ကြောင့် သူတို့သည် ထပ်မံ၍ ခြိမ်း ခြောက်ပြောဆိုခဲ့လေသည်။ သူတို့ ခြိမ်းခြောက်သော စကားကို ယုံကြည်မိပါက အသက် ရှင်သော ဘုရားသခင်ကို မယုံကြည်ရာ ရောက်ပေတော့မည်။ သိ့ေု သ်ာလည်း နေဟမိနှင့် အပေါင်းအပါများက ဘုရားသခင်ကို ယုံကြည်စိတ်အားကြီးသည်ဖြစ်၍ သူတို့၏ ခြိမ်းခြောက် မှုသည် အရာမရောက်ဖြစ်ခဲ့ရလေသည်။ ဘုရားသခင်၏ အမှုတော်မြတ်တွင် ကြိုးစားပါဝင် သူများသည် ခြိမ်းခြောက်မှုများကို ခံစားရသည်မှာ ခေတ်အဆက်ဆက်ပင်ဖြစ်သည်။ စာ တန်သည် ထိုနည်းလမ်းကို မရိုးနိုင်သော နည်းလမ်းအဖြစ် ဆက်လက်ကျင့်သုံး နေခဲ့သည်။ နေဟမိမှာ ခြိမ်းခြောက်သော စကားကို အမှုမထားသော်လည်း ကြိုတင်ပြင် ဆင်မှုတော့ ရှိခဲ့သည်။ သူတို့သည် ညစဉ် ကင်စောင့်များကို ထားရှိကာ သတိနှင့် နေခဲ့ကြ သည်။ ယနေ့ ခေါင်းဆောင်ကောင်းဆိုသည်မှာ အဘက်ဘက်က ကြိုတင် ပြင်ဆင် ထားနိုင် ရပေမည်။ မည်သည့် ပြသနာ အခက်အခဲ ရှိမည်ဆိုသည်မှာ မည်သူမျှ အတတ်မပြော နိုင်သောကြောင့် ခေါင်းဆောင်တို့၏ စီမံခန့်ခွဲမှုထဲတွင် ကြိုတင်ပြင်ဆင်မှုလည်း အရေးကြီး အရည်အချင်းတစ်ရပ် အဖြစ်ရှိနေပါသည်။ ဂ) စိတ်ပျက်အားလျော့စေခြင်ဖြင့် ဆန့်ကျင်ခြင်း ခေါင်းဆောင်တစ်ဦးအနေဖြင့် စိတ်ပျက်အားလျော့သွားမည်ဆိုပါက ဆိုးရွားသော အကျိုးဆက်များ ဆက်တိုက် သက်ရောက်နိုင်ပါသည်။ ပင်ပန်းနွမ်းနယ်မှု၊ သူတို့၏ ကြီး မားများမြောင်လှသော တာဝန်ဝတ္တရားများနှင့် ရန်သူတို့၏ ခြိမ်းခြောက်မှုများအ ကြားတွင် .

စိတ်ပျက်အားလျော့သွားနိုင်ပါသည်။ နေဟမိသည် ထိုပြသနာကို လုံခြုံရေး ပိုမိုဂရုစိုက်ခြင်း၊ ဘုရားသခင်အပေါ်တွင် ပိုမို ဆုတောင်းခြင်း၊ မိမိလူတို့၏ မိသားစုများ၊ ပိုင်ဆိုင်မှုများနှင့် တာဝန်ဝတ္တရားများကို ပိုမိုဂရုစိုက်ခြင်းဖြင့် တုန့်ပြန်ခဲ့ပါသည်။ ဂျူလူမျိုးတို့သည် ပိုမိုအားစိုက်ခြင်း၊ ဆပ်ကပ်ခြင်း၊ အဆင်မပြေမှု များကို ပိုမိုသီးခံခြင်းဖြင့် လုပ်နေသည့် အလုပ်ကို ပိုမိုကြိုးစားအားထုပ်ခဲ့ကြပါသည် (၁၇-၂၃)။ ဤအခြေအနေမှာ ကျွန်တော်တို့အားလုံးကိုလည်း အမှုတော်မြတ်တွင် အဆင်မ ပြေစဉ်အခါ မည်သို့မည်ပုံ ပိုမိုကြိုးစားအားထုပ်ရမည်ကိုလည်း သင်ကြားပေးလျက် ရှိနေပါသည်။ ဃ) စားဝတ်နေရေး အဆင်မပြေမှုအားဖြင့် ဆန့်ကျင်ခြင်း (၅း၁-၁၃) အခန်းကြီး ၅ ဆောက်လုပ်ရေး လုပ်ငန်း ၅၂ ရက်ကာလအတွင်း အခြေအနေကို ခံစားနိုင်ပါသည်။ လုပ်ငန်းတွင် ပါဝင် သူအားလုံး၏ ကျပ်တည်းခက်ခဲမှုက ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေရန် အတားအဆီးသဖွယ် ဖြစ်နေခဲ့သည်။ ယခုအချိန်အထိ နေဟမိ တွေ့ကြုံနေရသော စိန်ခေါ်မှုများမှာ ယုဒလူမျိုးတို့၏ အပြင်ဘက်မှသာ ဖြစ်သည်။ သိ့ေု သာ် နောက်ဆုံးတွင် မြို့ရိုးကြီး တည်ဆောက်ပြီးစီး သွားခဲ့ သည်။ သူတွေ့ကြုံရသော ကြီးစွာသောအခက်အခဲပြသနာတို့မှာ ၀ိညဉ်ရေးရာ ခေါင်း ဆောင်များ တွေ့ကြုံရလေ့ရှိသော အမှုအရာများသာ ဖြစ်လေသည်။ ယခု ဤနေရာတွင် အမျိုးသားချင်းဖြစ်ကြသော ပြဿနာများကို မြင်တွေ့နိုင်ပါ သည်။ ဘုရားသခင်ကို ဦးစားပေးရမည့် အစား ကိုယ့်ဆန္ဒကိုယ့်အလိုကို ဦးစားပေးပြီး ကိုယ့် အချင်းချင်းကို ပြန်၍ ဒုက္ခပေးခြင်း ဖြစ်ပါသည်။ ထိုအခါ နေဟမိ၏ သြဇာ အာဏာ ကြီးမားပုံကို မြင်တွေ့နိုင်သည်။ ဘုရားသခင်နှင့် ပတ်သတ်ပြီး အကောင်းဆုံးသွန်သင် ပေးမှု အပေါ်တွင် နောက်လိုက်များက နာခံခဲ့ကြသည်။ မိမိ၏ လူများအပေါ်တွင် သြဇာအာဏာ သက်ရောက်သည်မှာ ခေါင်းဆောင်တို့အတွက် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။ နောက်လိုက်များသည် နေဟမိသွန်သင်သည့်အတိုင်း ကောင်းစွာ ပြုခဲ့ကြသည် (၅း၈-၁၂)။ င) နေဟမိအတွက် အတ္တကင်းသော စံပြအသက်တာ (၅း၁၄-၁၉) နေဟမိသည် ကိုယ်ကျိုးအတ္တကို မကြည့်ဘဲ အမှုတော်မြတ် ပြီးစီးရေးနှင့် အောင် မြင်မှုကိုသာ အဓိကထားပြီး ဆောင်ရွက်သည်။ မိမိ၏လူမျိုးအတွက် ကောင်းကျိုးသက် .

ရောက်စေရန်အတွက် ပေးဆပ်နိုင်သမျှ ပေးဆပ်သည်။ ရှင်ဘုရင်ထံမှ မြို့ဝန်လစာ ကိုလည်းမယူ။ အမှုတော်လုပ်ငန်းပြီးစီးရေးကိုသာ အာရုံပြု ဂရုစိုက်ကာ ဆောင်ရွက်ခဲ့သည်။ စ) အပေးအယူလုပ်ခြင်းဖြင့် ဆန့်ကျင်ခြင်း (၆း၁-၄) စာတန်၏ မရိုးနိုင်သော နည်းလမ်းဖြစ်သည်။ ယေရှုခရစ်တော်ကိုလည်း အပေး အယူ လုပ်ရန် ကြိုးစားခဲ့သည် (မ ၄း၁-၁၁)။ သမ္မာလတ်က နေဟမိကို အပေးအယူလုပ်ရန် ချိန်းဆိုလိုက်သော်လည်း ၂၅ မိုင်ခန့် ကွာဝေးသော နေရာသို့ သွားရောက် ခြင်းဖြင့် မိမိ၏ လုပ်ငန်းကို နှောင့်နှေးကြန့်ကြာမည်ကို နေဟမိ မလိုလားခဲ့ပေ။ သမ္မာလတ်နှင့် အဖွဲ့၏ တိုက်ခိုက်မှုကိုလည်း ခေါင်း ထဲတွင် ထည့်ထားခဲ့ဟန် မတူပါချေ။ ဤသည်မှာလည်း ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းကို တွေ့ရသည်။ တစ်ခါတစ်ရံ ခေါင်းဆောင်တို့သည် မလိုအပ်သောအရာများကို အကျယ်ချဲ့ လုပ်ဆောင်နေခြင်းအားဖြင့် မိမိတို့၏ တိုးတက်မှုနှင့် အောင်မြင်မှုကို အတားအဆီးဖြစ်စေခဲ့သည်။ ဆ) အသရေဖျက်ခြင်းဖြင့် ဆန့်ကျင်ခြင်း (၆း၅-၉) အမျိုးမျိုးသော ဆန့်ကျင်ဘက်ပြုသော်လည်း မည်သို့မျှ ထူးခြားမှု မရှိသောအခါ နေဟမိကို အသရေဖျက် ပြောဆိုခြင်း အားဖြင့် အနီးအနားတွင် ရှိနေသောသူများက နေဟမိကို အထင်အမြင်လွဲမှားသွားနိုင်သည်။ နိုင်ငံတော်ကို ပုန်ကန်ခြင်းအခြေအ နေကို ဖော်ပြောလိုက်ခြင်းအားဖြင့် ရှင်ဘုရင်၏ ၀န်ထမ်းဖြစ်သော နေဟမိသည် လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း နေဟမိသည်ခေါင်းဆောင်တစ်ဦးတွင် ရှိသည့် အချက်ဖြစ်သော မိမိထားရှိသော ရူပါရုံနှင့် လုပ်ငန်းကို ဘယ်သေအခါမှ ပျက်စီး ဆုံးရှုံးစေရန် ဘယ်သောအခါမှ မလုပ်ဆောင်ခဲ့ချေ။ ကျွန်တော်တို့သည် ထားရှိသော ရူပါရုံနှင့် လုပ်ငန်းကို မပျက်စေရန် ဆင်ခြင်ဆောင်ရွက်သင့်ပေသည်။ ဇ) သစ္စာဖောက်များအားဖြင့် ဆန့်ကျင်ခြင်း (၆း၁၀-၁၄) ယုဒရှကာရုတ်သည် သခင်ယေရှုခရစ်တော်ကို သူ့လူ ကိုယ့်ဘက်သား ပုံစံဖြင့် ရန်သူလက်သို့ အပ်နှံခဲ့သည်။ သိ့ေု သာ် စာတန်မှာ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံ ခြင်းကို ခံ၍ ကားတိုင်၌ အသေခံရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းကို နားလည်ခဲ့ဟန် မရှိပါ။ ဘုရားသခင်သည် လိုအပ်ပါက သစ္စာဖောက်များကို အသုံးပြုကောင်း အသုံးပြုပါလိမ့်မည်။ သို့သော် ယခု ဤနေရာတွင် နေဟမိသည် သစ္စာဖောက်များ အနီးအနားတွင် သူလူကိုယ့် .

ဘက်သား အဖြစ် ရှိနေကာ လုပ်ငန်းများကို ရပ်တန့် သွားစေရန် ဆောင်ရွက်ခဲ့သော်လည်း မည်သို့မျှ အသုံးမ၀င်ခဲ့ဘဲ ထိုသူတို့သာလျှင် ရှုံးနိမ့်သွားခဲ့သည်။ ခေါင်းဆောင်ကောင်း တစ်ဦး၏ အရည်အချင်းပြည့်ဝသော နေဟမိမှာ သစ္စာဖောက်များနှင့်ပတ်သတ်ပြီး သိရှိနေ ပြီး မည်သို့ မည်ပုံ တုန့်ပြန်ရမည်ကို ကောင်းစွာ သိရှိနေပြီး ဖြစ်လေသည်။ ၃။ မြို့ရိုးကို အပြီးသတ်တည်ဆောက်ခြင်း (၆း၁၅-၁၉) လုပ်ငန်းစတင်သည့်အချိန်မှစ၍ ၅၂ ရက် အကြာတွင် မြို့ရိုးတည်ဆောက်မှု လုပ်ငန်းများ အပြီးသတ်ခဲ့ပါသည်။ ထိုလုပ်ငန်းမှာ ဘုရားသခင်က အတူပါရှိ၍ ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သက်သေဖြစ်ခဲ့ကြောင်း ရန်သူတို့လည်း သိနားလည်သွား ခဲ့သည်။ (အငယ် ၁၆)။ ၄။ မြို့ကို စနစ်တကျ တည်ဆောက်ခြင်း (၇း၁-၄) ထိုကာလတွင် ယေရုရှလင်မြို့တွင် လူများစွာ မနေကြသော်လည်း ရှိသမျှလေးနှင့် အကောင်းဆုံးဖြစ်အောင် လုံခြုံရေးမှ စကာ ဗိမ္မာန်တော်တွင် သီဆိုချီးမွမ်းခြင်းနှင့် ၀တ်ပြု ကိုးကွယ်ခြင်းများကို ဦးဆောင်ရန် ရှေးက အခြားသော ဘုရင်များ လုပ်ဆောင် ခဲ့သည့် အတိုင်း စနစ်တကျ ပြင်ဆင်ထားခဲ့သည်။ တံခါးစောင့်များ၊ ကင်းစောင့်များကိုလည်း သေ ချာစွာ ခန့်ထားသည်။ ၅။ သန်းကောင်းစာရင်းကောက်ယူခြင်း (၇း၅-၇၃) နောက်ဆုံးကတော့ မြို့ရွာတွင် လူဦးရေစာရင်းကို အတိအကျ ကောက်ယူခဲ့သည်။ ယဇ်ပရောဟိတ် ဦးရေ၊ လေ၀ိဦးရေ၊ လူမျိုးအလိုက် လူဦးရေ စသည်တို့ကို စနစ်တကျ မှတ်တမ်းတင်ခဲ့သည်။ ခေါင်းဆောင်တစ်ဦးသည် သေချာခြင်း၊ စနစ်ကျခြင်း၊ မှတ်တမ်း မှတ်ရာများကို သေချာသိမ်းဆည်းခြင်းတို့ ပြုလုပ်ရန် အရေးကြီးပါသည်။ နေ ဟမိသည် သူ့ဦးဆောင်စဉ်ကာလအတွင် ဆောင်ကြောင်းတွေ့ရပါသည်။ စနစ်ကျသော မှတ်တမ်းမှတ်ရာများကို ကောင်းစွာလုပ် .